• Today is: Friday, March 29, 2024

ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်အရေး ဘာလဲဘယ်လဲ

Zawgyi

၁၉၄၈ ခုႏွစ္ ျမန္မာႏိုင္ငံ လြတ္လပ္ေရးနဲ႔အတူ ျပည္တြင္းစစ္မီးကလည္း ဟုန္းခနဲ ေတာက္ေလာင္ခဲ့ပါတယ္။ ပါလီမန္ဒီမိုကေရစီ အစိုးရဟာ ျပည္တြင္းစစ္မီးကို ျငႇိမ္းသတ္ဖို႔ ႀကိဳးစားရင္းနဲ႔ပဲ ၁၉၆၂ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔မွာ တပ္မေတာ္က အာဏာသိမ္းျခင္းကို ခံခဲ့ရပါတယ္။ ထိုစဥ္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက ပါလီမန္ဒီမိုကေရစီစနစ္ကို ဖ်က္သိမ္းၿပီး အာဏာသိမ္းယူျခင္း အေၾကာင္းအရင္းမွာ ဖက္ဒရယ္မူေၾကာင့္ မလြဲမေရွာင္သာမို႔ အာဏာသိမ္းရတယ္လို႔ ဆိုပါတယ္။
အာဏာသိမ္းၿပီး တစ္ႏွစ္အၾကာမွာ အာဏာရ ေတာ္လွန္ေရးေကာင္စီက ၁၉၆၃ ခုႏွစ္၊ ဇြန္လ ၁၁ ရက္ေန႔ ေန႔စြဲနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေတာ္လွန္ေရးေကာင္စီ၏ ကမ္းလွမ္းခ်က္ဆိုတာကို ထုတ္ျပန္ေၾကညာပါတယ္။ “ေတာတြင္းလက္နက္ကိုင္ အဖြဲ႕အစည္း အားလုံးသို႔ ေတာ္လွန္ေရးေကာင္စီ၏ ကမ္းလွမ္းခ်က္”လို႔ ထိပ္စည္းတင္ၿပီး အခ်က္ ေျခာက္ ခ်က္ပါ ေၾကညာခ်က္ကို ေရဒီယိုက ထုတ္ျပန္ေၾကညာ ပါတယ္။ ေတာတြင္းလက္နက္ကိုင္အဖြဲ႕အစည္းမ်ား နဲ႔ ေတြ႕ဆုံေဆြးေႏြးရာမွာ ကိုယ္စားလွယ္မ်ား၏ အသြားအျပန္ ခရီးတစ္ေလွ်ာက္ လုံၿခဳံေရးကို တာဝန္ယူမယ့္အျပင္ ေဆြးေႏြးပြဲ မေအာင္ျမင္လို႔ ေတာတြင္းျပန္လိုၾကရင္ သြားလိုရာ ေဒသအထိ လိုက္ ပို႔ေပးေရးနဲ႔ သုံးရက္အတြင္း ဖမ္းဆီးတိုက္ခိုက္ျခင္း လုံးဝလုပ္မွာ မဟုတ္ေၾကာင္းကိုလည္း ေဖာ္ျပထားပါ တယ္။
ၿငိမ္းခ်မ္းေရးဆိုတဲ့ အသံၾကားရတဲ့ အတြက္ ျပည္သူလူထုက ဝမ္းသာသြားမိ ၾကသလို ႏိုင္ငံေရး အဖြဲ႕အစည္းအသီးသီး ကလည္း စိတ္ဝင္တစား ျဖစ္လာၾကပါ တယ္။ အနယ္နယ္အရပ္ရပ္က ျပည္သူ မ်ားရဲ႕ ေထာက္ခံၾကသံ၊ ဆႏၵထုတ္ေဖာ္သံ ေတြ ထြက္ေပၚလာ ခဲ့ပါတယ္။ ျပည္တြင္း စစ္ႀကီးအတြင္း ခါးစည္းခံခဲ့ၾကရတဲ့ ျပည္သူလူထုတစ္ရပ္လုံးရဲ႕ ျပည္တြင္း ၿငိမ္းခ်မ္းေရး ရရွိလိုမႈဆႏၵဟာ ေနရာစုံက ထြက္ေပၚလာပါတယ္။ ေတြ႕ဆုံေဆြးေႏြး ေရး ကမ္းလွမ္းခ်က္အေပၚ ေတာတြင္းလက္နက္ကိုင္ အဖြဲ႕အစည္းေတြကလည္း လိုလားတဲ့ တုံ႔ျပန္ေၾကညာ ခ်က္ေတြ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေတာတြင္းလက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲေတြကို ဇြန္၊ ဇူလိုင္၊ ဩဂုတ္၊ စက္ တင္ဘာလေတြမွာ အဖြဲ႕အစည္းတစ္ခုခ်င္းစီနဲ႔ ေတြ႕ဆုံ ေဆြးေႏြးပါတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းအမ်ားစု က ႏိုင္ငံေရးေဆြးေႏြးမႈ မစတင္မီ တစ္ႏိုင္ငံလုံး အပစ္ အခတ္ရပ္စဲေပးဖို႔ အစိုးရကို ေတာင္းဆိုပါတယ္။
ေတာ္လွန္ေရးေကာင္စီနဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့ ေတာတြင္းလက္နက္ကိုင္အဖြဲ႕အစည္းေတြထဲမွာ သခင္စိုးေခါင္းေဆာင္တဲ့ အလံနီကြန္ျမဴနစ္ပါတီ၊ မန္းဘဇံဦးေဆာင္တဲ့ KNU ကရင္ေတာ္လွန္ေရးအဖြဲ႕၊ ေစာဟန္သာေမႊးေခါင္းေဆာင္တဲ့ ကရင္ေတာ္လွန္ေရး ေကာင္စီ၊ ေစာဘထြန္းရဲ႕ KNDO မြန္ျပည္သစ္ပါတီ၊ သခင္သန္းထြန္းရဲ႕ ဗမာျပည္ကြန္ျမဴနစ္ပါတီ၊ ေဇာ္ဒန္ ဦးေဆာင္တဲ့ ကခ်င္လြတ္လပ္ေရးေကာင္စီ (KIC) ၊ ေစာေမာ္ရယ္ေခါင္းေဆာင္တဲ့ ကရင္နီ အမ်ိဳးသားတိုး တက္ေရးပါတီ စတဲ့ ထင္ ရွားတဲ့ လက္နက္ကိုင္အဖြဲ႕ အစည္းေတြ ပါဝင္ပါတယ္။
ေတာ္လွန္ေရးေကာင္စီနဲ႔ ေတာ တြင္းလက္နက္ကိုင္ အဖြဲ႕အစည္းေတြ ေတြ႕ဆုံေဆြးေႏြးေနစဥ္ ႏိုဝင္ဘာလ ဆန္းမွာ ျပည္သူ႔ေကာ္မတီက ဦးေဆာင္ က်င္းပတဲ့ ေျခာက္ခ႐ိုင္ ၿငိမ္းခ်မ္းေရး ဆႏၵျပပြဲႀကီး ထြက္ေပၚလာပါတယ္။ အနယ္နယ္အရပ္ရပ္က မိုင္ေပါင္းရာခ်ီ ခ်ီတက္ဆႏၵျပၾကတဲ့ လူထုႀကီးဟာ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ အတြင္း ေရာက္ရွိလာပါတယ္။ ရန္ကုန္ၿမိဳ႕ ေတာ္ခန္းမေရွ႕မွာ သိန္းနဲ႔ခ်ီတဲ့ လူထု ႀကီးရဲ႕ ၿငိမ္းခ်မ္းေရးေျြကးေၾကာ္သံဟာ ပဲ့တင္ထပ္ သြားခဲ့ပါတယ္။
ေတာ္လွန္ေရးစစ္ေကာင္စီအစိုးရဟာ ေျခာက္ ခ႐ိုင္ ၿငိမ္းခ်မ္းေရးဆႏၵျပပြဲႀကီးအေပၚ အျမင္မၾကည္ လင္ ျဖစ္ခဲ့ပါတယ္။ အစိုးရကို ႏိုင္ငံေရးအရ အက်ပ္ ကိုင္ဖို႔အတြက္ အတိုက္အခံမ်ားက ရည္႐ြယ္ခ်က္ရွိရွိ ေဖာ္ထုတ္လာတာလို႔ ျမင္သလို ဗကပနဲ႔ မဒညတတို႔က ေနာက္ကြယ္က ျပန္ၾကားေနတယ္လို႔လည္း သံသယ ရွိခဲ့ပါတယ္။ အစိုးရျပဳတ္က်ေရးကို ေႁမြကးေၾကာ္ဘဲ ၿငိမ္းခ်မ္းေရး၊ ျပည္တြင္းစစ္ရပ္စဲေရးေတြ ေႂကြးေၾကာ္ ေနၾကတာကိုေတာင္ လက္မခံႏိုင္ ျဖစ္ခဲ့ပါတယ္။
ေတာ္လွန္ေရးေကာင္စီလက္ထက္ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးပြဲမ်ားကို ၿခဳံငုံသုံးသပ္ၾကည့္မယ္ဆိုရင္ ေတာ္လွန္ေရးေကာင္စီနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ ေတာ တြင္းလက္နက္ကိုင္အဖြဲ႕အစည္းမ်ားဟာ စုံစုံညီညီ ရွိခဲ့ပါတယ္။ အဖြဲ႕အစည္းတိုင္းရဲ႕ ေတာင္းဆိုခ်က္၊ တင္ျပခ်က္၊ ရွင္းလင္းခ်က္၊ သေဘာထားထုတ္ျပန္ခ်က္ ေတြဟာ အာဏာရအစိုးရအဆက္ဆက္ရဲ႕ မတရား သျဖင့္ ႏွိပ္ကြပ္မႈ၊ တြန္းပို႔မႈ၊ မမွန္မကန္လုပ္ကိုင္ေဆာင္ ႐ြက္ခ်က္ေတြေၾကာင့္ ကိုယ့္ကိုယ္ကို ခုခံကာကြယ္တဲ့ ခုခံစစ္ကို ဆင္ႏႊဲရင္း၊ လက္နက္ကိုင္ေတာ္လွန္ေရးကို ေဆာင္႐ြက္ေနရတာျဖစ္ေၾကာင္း ေတြ႕ရပါတယ္။
ဗမာျပည္ကြန္ျမဴနစ္ပါတီ၊ အလံနီကြန္ျမဴနစ္ ပါတီတို႔ရဲ႕ ေရွ႕ရႈခ်က္ေတြဟာ ျပည္သူ႔ဒီမိုကေရစီ ေတာ္လွန္ေရးကို ဆင္ႏႊဲၿပီး ဆိုရွယ္လစ္ႏိုင္ငံ တည္ ေဆာက္ေရး ျဖစ္ပါတယ္။ နယ္ခ်ဲ႕ဆန႔္က်င္ေရး၊ ပေဒသရာဇ္ ဆန႔္က်င္ေရး အေျခခံမွတစ္ဆင့္ ျပည္ တြင္းစစ္ကိုရပ္၊ ျပည္သူလူထုတစ္ရပ္လုံးရဲ႕ ဒီမို ကေရစီအခြင့္အေရး ေတြကို အာမခံ၊ ႏိုင္ငံေရးပါတီ ေတြရဲ႕ တရားဝင္ရပ္ တည္လႈပ္ရွား ေဆာင္႐ြက္ခြင့္ ေတြကို အျပည့္အဝေပး ေရးတို႔ ျဖစ္ပါတယ္။
လူမ်ိဳးစုလက္နက္ကိုင္ပါတီေတြအပါအဝင္ လူမ်ိဳးစုံ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးရဲ႕ လိုလား ခ်က္၊ ေတာင္းဆိုခ်က္ေတြကေတာ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အပါအဝင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရွိတဲ့ တန္းတူရည္တူ ရွိတဲ့ စစ္မွန္တဲ့ ျပည္ေထာင္စုဖြဲ႕စည္းေရးပဲ ျဖစ္ပါတယ္။ KIC က လြတ္လပ္တဲ့ ကခ်င္သမၼတႏိုင္ငံ ထူေထာင္ ေရးအထိ ေတာင္းဆိုခဲ့တယ္ဆိုေပမယ့္ လူမ်ိဳးစုလက္ နက္ကိုင္အဖြဲ႕အစည္းတိုင္းလိုလိုရဲ႕ အဓိကရလိုယူလို ပိုင္ဆိုင္လိုတဲ့ ဆႏၵကေတာ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္အပါ အဝင္ သီးျခားလြတ္လပ္တဲ့ ျပည္နယ္မ်ားအဆင့္ရရွိ ေရးလို႔ ဆိုရမွာျဖစ္ပါတယ္။
ေတာ္လွန္ေရးေကာင္စီကေတာ့ ေတာတြင္း လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ေတာင္းဆိုခ်က္ ေတြအားလုံးကို ျငင္းပယ္ခဲ့ပါတယ္။ ဘာေၾကာင့္ျငင္း ပယ္ခဲ့သလဲအေျဖက ရွင္းပါတယ္။ ေတာ္လွန္ေရး ေကာင္စီဟာ လက္နက္ကိုင္နည္းနဲ႔ မေတာ္မတရား အာဏာသိမ္းၿပီး တက္လာခဲ့တဲ့ အစိုးရျဖစ္ပါတယ္။ ေတာ္လွန္ေရးေကာင္စီ စစ္အစိုးရဟာ တက္လာၿပီး ၿပီးခ်င္း ေလးလအၾကာမွာ ေက်ာင္းသားေတြကို အေသ သတ္၊ ေက်ာင္းသားသမဂၢအေဆာက္အဦႀကီးကို ဗုံးနဲ႔ ခြဲၿပီး လူထုၾကား မ်က္ႏွာပ်က္စရာ ျဖစ္ေနခ်ိန္မွာ လူထု ကို အာ႐ုံလႊဲဖို႔၊ ေသြးစြန္းလက္ကို ေဆးေၾကာဖို႔ လူထု အလိုလားဆုံးျဖစ္တဲ့ ၿငိမ္းခ်မ္းေရးအသံကို ထုတ္ၿပီး ႏိုင္ငံေရးအျမတ္ထုတ္ခဲ့တာ ျဖစ္ပါတယ္။
ေနာက္ဆုံးမွာေတာ့ “သူတို႔ျပန္ၾကေလၿပီ”ဆိုတဲ့ သတင္းစာေခါင္းႀကီးပိုင္းနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ပ်က္ျပားခဲ့ရပါတယ္။ ယခု ႏွစ္ေပါင္း ၆၀ ေက်ာ္ ၾကာခဲ့ ပါၿပီ။ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္အေရး ဘာလဲ ဘယ္လဲ ေမးခြန္းထုတ္ေနရဆဲပဲ ရွိၾကတုန္းပါ။

ဗညားလႈိင္ဦး

Unicode

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်မီးကလည်း ဟုန်းခနဲ တောက်လောင်ခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီ အစိုးရဟာ ပြည်တွင်းစစ်မီးကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်းနဲ့ပဲ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ တပ်မတော်က အာဏာသိမ်းခြင်းကို ခံခဲ့ရပါတယ်။ ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက ပါလီမန်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းယူခြင်း အကြောင်းအရင်းမှာ ဖက်ဒရယ်မူကြောင့် မလွဲမရှောင်သာမို့ အာဏာသိမ်းရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး တစ်နှစ်အကြာမှာ အာဏာရ တော်လှန်ရေးကောင်စီက ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နေ့စွဲနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်ဆိုတာကို ထုတ်ပြန်ကြေညာပါတယ်။ “တောတွင်းလက်နက်ကိုင် အဖွဲ့အစည်း အားလုံးသို့ တော်လှန်ရေးကောင်စီ၏ ကမ်းလှမ်းချက်”လို့ ထိပ်စည်းတင်ပြီး အချက် ခြောက် ချက်ပါ ကြေညာချက်ကို ရေဒီယိုက ထုတ်ပြန်ကြေညာ ပါတယ်။ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်စားလှယ်များ၏ အသွားအပြန် ခရီးတစ်လျှောက် လုံခြုံရေးကို တာဝန်ယူမယ့်အပြင် ဆွေးနွေးပွဲ မအောင်မြင်လို့ တောတွင်းပြန်လိုကြရင် သွားလိုရာ ဒေသအထိ လိုက် ပို့ပေးရေးနဲ့ သုံးရက်အတွင်း ဖမ်းဆီးတိုက်ခိုက်ခြင်း လုံးဝလုပ်မှာ မဟုတ်ကြောင်းကိုလည်း ဖော်ပြထားပါ တယ်။
ငြိမ်းချမ်းရေးဆိုတဲ့ အသံကြားရတဲ့ အတွက် ပြည်သူလူထုက ဝမ်းသာသွားမိ ကြသလို နိုင်ငံရေး အဖွဲ့အစည်းအသီးသီး ကလည်း စိတ်ဝင်တစား ဖြစ်လာကြပါ တယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူ များရဲ့ ထောက်ခံကြသံ၊ ဆန္ဒထုတ်ဖော်သံ တွေ ထွက်ပေါ်လာ ခဲ့ပါတယ်။ ပြည်တွင်း စစ်ကြီးအတွင်း ခါးစည်းခံခဲ့ကြရတဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိလိုမှုဆန္ဒဟာ နေရာစုံက ထွက်ပေါ်လာပါတယ်။ တွေ့ဆုံဆွေးနွေး ရေး ကမ်းလှမ်းချက်အပေါ် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း လိုလားတဲ့ တုံ့ပြန်ကြေညာ ချက်တွေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက် တင်ဘာလတွေမှာ အဖွဲ့အစည်းတစ်ခုချင်းစီနဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအများစု က နိုင်ငံရေးဆွေးနွေးမှု မစတင်မီ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။
တော်လှန်ရေးကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာ သခင်စိုးခေါင်းဆောင်တဲ့ အလံနီကွန်မြူနစ်ပါတီ၊ မန်းဘဇံဦးဆောင်တဲ့ KNU ကရင်တော်လှန်ရေးအဖွဲ့၊ စောဟန်သာမွှေးခေါင်းဆောင်တဲ့ ကရင်တော်လှန်ရေး ကောင်စီ၊ စောဘထွန်းရဲ့ KNDO မွန်ပြည်သစ်ပါတီ၊ သခင်သန်းထွန်းရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဇော်ဒန် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၊ စောမော်ရယ်ခေါင်းဆောင်တဲ့ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ စတဲ့ ထင် ရှားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေ ပါဝင်ပါတယ်။
တော်လှန်ရေးကောင်စီနဲ့ တော တွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးနေစဉ် နိုဝင်ဘာလ ဆန်းမှာ ပြည်သူ့ကော်မတီက ဦးဆောင် ကျင်းပတဲ့ ခြောက်ခရိုင် ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီး ထွက်ပေါ်လာပါတယ်။ အနယ်နယ်အရပ်ရပ်က မိုင်ပေါင်းရာချီ ချီတက်ဆန္ဒပြကြတဲ့ လူထုကြီးဟာ နိုဝင်ဘာလ ၉ ရက်နေ့မှာ ရန်ကုန်မြို့ အတွင်း ရောက်ရှိလာပါတယ်။ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ သိန်းနဲ့ချီတဲ့ လူထု ကြီးရဲ့ ငြိမ်းချမ်းရေးေြွကးကြော်သံဟာ ပဲ့တင်ထပ် သွားခဲ့ပါတယ်။
တော်လှန်ရေးစစ်ကောင်စီအစိုးရဟာ ခြောက် ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲကြီးအပေါ် အမြင်မကြည် လင် ဖြစ်ခဲ့ပါတယ်။ အစိုးရကို နိုင်ငံရေးအရ အကျပ် ကိုင်ဖို့အတွက် အတိုက်အခံများက ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်လာတာလို့ မြင်သလို ဗကပနဲ့ မဒညတတို့က နောက်ကွယ်က ပြန်ကြားနေတယ်လို့လည်း သံသယ ရှိခဲ့ပါတယ်။ အစိုးရပြုတ်ကျရေးကို မြွေကးကြော်ဘဲ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေးတွေ ကြွေးကြော် နေကြတာကိုတောင် လက်မခံနိုင် ဖြစ်ခဲ့ပါတယ်။
တော်လှန်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် တော်လှန်ရေးကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ တော တွင်းလက်နက်ကိုင်အဖွဲ့အစည်းများဟာ စုံစုံညီညီ ရှိခဲ့ပါတယ်။ အဖွဲ့အစည်းတိုင်းရဲ့ တောင်းဆိုချက်၊ တင်ပြချက်၊ ရှင်းလင်းချက်၊ သဘောထားထုတ်ပြန်ချက် တွေဟာ အာဏာရအစိုးရအဆက်ဆက်ရဲ့ မတရား သဖြင့် နှိပ်ကွပ်မှု၊ တွန်းပို့မှု၊ မမှန်မကန်လုပ်ကိုင်ဆောင် ရွက်ချက်တွေကြောင့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ ခုခံစစ်ကို ဆင်နွှဲရင်း၊ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်နေရတာဖြစ်ကြောင်း တွေ့ရပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ် ပါတီတို့ရဲ့ ရှေ့ရှုချက်တွေဟာ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးကို ဆင်နွှဲပြီး ဆိုရှယ်လစ်နိုင်ငံ တည် ဆောက်ရေး ဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ် ဆန့်ကျင်ရေး အခြေခံမှတစ်ဆင့် ပြည် တွင်းစစ်ကိုရပ်၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဒီမို ကရေစီအခွင့်အရေး တွေကို အာမခံ၊ နိုင်ငံရေးပါတီ တွေရဲ့ တရားဝင်ရပ် တည်လှုပ်ရှား ဆောင်ရွက်ခွင့် တွေကို အပြည့်အဝပေး ရေးတို့ ဖြစ်ပါတယ်။
လူမျိုးစုလက်နက်ကိုင်ပါတီတွေအပါအဝင် လူမျိုးစုံ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးရဲ့ လိုလား ချက်၊ တောင်းဆိုချက်တွေကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တန်းတူရည်တူ ရှိတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖွဲ့စည်းရေးပဲ ဖြစ်ပါတယ်။ KIC က လွတ်လပ်တဲ့ ကချင်သမ္မတနိုင်ငံ ထူထောင် ရေးအထိ တောင်းဆိုခဲ့တယ်ဆိုပေမယ့် လူမျိုးစုလက် နက်ကိုင်အဖွဲ့အစည်းတိုင်းလိုလိုရဲ့ အဓိကရလိုယူလို ပိုင်ဆိုင်လိုတဲ့ ဆန္ဒကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပါ အဝင် သီးခြားလွတ်လပ်တဲ့ ပြည်နယ်များအဆင့်ရရှိ ရေးလို့ ဆိုရမှာဖြစ်ပါတယ်။
တော်လှန်ရေးကောင်စီကတော့ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက် တွေအားလုံးကို ငြင်းပယ်ခဲ့ပါတယ်။ ဘာကြောင့်ငြင်း ပယ်ခဲ့သလဲအဖြေက ရှင်းပါတယ်။ တော်လှန်ရေး ကောင်စီဟာ လက်နက်ကိုင်နည်းနဲ့ မတော်မတရား အာဏာသိမ်းပြီး တက်လာခဲ့တဲ့ အစိုးရဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီ စစ်အစိုးရဟာ တက်လာပြီး ပြီးချင်း လေးလအကြာမှာ ကျောင်းသားတွေကို အသေ သတ်၊ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို ဗုံးနဲ့ ခွဲပြီး လူထုကြား မျက်နှာပျက်စရာ ဖြစ်နေချိန်မှာ လူထု ကို အာရုံလွှဲဖို့၊ သွေးစွန်းလက်ကို ဆေးကြောဖို့ လူထု အလိုလားဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးအသံကို ထုတ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ “သူတို့ပြန်ကြလေပြီ”ဆိုတဲ့ သတင်းစာခေါင်းကြီးပိုင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်ပြားခဲ့ရပါတယ်။ ယခု နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ ပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး ဘာလဲ ဘယ်လဲ မေးခွန်းထုတ်နေရဆဲပဲ ရှိကြတုန်းပါ။

ဗညားလှိုင်ဦး