• Today is: Friday, April 26, 2024

ကုိယ္ပုိင္ျပဌာန္းခြင့္ ၊အမ်ဳိးသားတန္းတူေရး ရွိလာေစဖုိ႔ ဗဟုိခ်ဳပ္ကုိင္မွုေလ်ာ့ခ်ျခင္း

ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုဆုိတာ သီအုိရီသေဘာတရားအရ ဗဟုိနဲ႕ျပည္နယ္အစုိးရေတြၾကား အာဏာခြဲေ၀က်င့္သုံးျခင္း၊ Power Sharing နဲ႔အတူ Taxes Sharing ၊ Resource Sharing ေတြကုိ အညီအမွ် ခြဲေ၀သုံးစြဲၾကျခင္း ျဖစ္ပါတယ္။  ဒါေၾကာင့္ တုိင္းရင္းသားေတြ ေမွ်ာ္မွန္းထားၾကတ့ဲ ကုိယ့္ကံၾကမၼာ ကုိယ္ဖန္တီးခြင့္၊ ကုိယ္ပုိင္ျပဌာန္းခြင့္ဆုိတာ ဒီမုိကေရစီအရ ေရြးေကာက္တင္ေျမာက္ထားတ့ဲ တုိင္းရင္းသား ေခါင္းေဆာင္ေတြက ကုိယ့္ေဒသမွာ အုပ္ခ်ဳပ္ေရးအာဏာရွိလာဖုိ႔ ျဖစ္ပါတယ္။ ရွမ္းဆုိရင္လည္း ရွမ္အေလွ်ာက္၊ ရခုိင္ဆုိရင္လည္း ရခုိင္အေလွ်ာက္ တုိင္းရင္းသားေခါင္းေဆာင္ေတြက   (Resource) သယံဇာတေတြကုိ ခြဲေ၀သုံးစြဲနဳိင္ေအာင္ ဗဟုိအစုိးရ နဲ႕ ျပည္နယ္အစုိးရေတြအၾကား လုပ္ပုိင္ခြင့္ေတြ အတိအက် သတ္မွတ္ထားဖုိ႔ကုိ တုိင္းရင္းသားေတြက လုိလားေနၾကျခင္း ျဖစ္ပါတယ္။

တုိင္းရင္းသားေတြ ထင္မွတ္ေနၾကတာက အရင္ကလည္း ဗဟုိကခ်ဳပ္ကုိင္တယ္။ အခုလည္း ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဗဟုိကခ်ဳပ္ကုိင္ထားေတာ့  ကုိယ့္ေဒသကထြက္တ့ဲ သယံဇာတ နဲ႕ ကုိယ့္စာေပယဥ္ေက်းမွုကုိ စီမံခန္႔ခြဲဖုိ႔ တုိင္းရင္းသားေတြက ဒီမုိကေရစီဖက္ဒရယ္အိမ္မက္ကုိ မက္လာ ၾကတယ္။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲတုန္းက ရခုိင္နဲ႕ ရွမ္းေဒသေတြမွာ ျပည္နယ္ ၀န္ၾကီးခ်ဳပ္ေတြကုိ ဗဟုိအစုိးရက တုိက္ရုိက္ခန္႔ထားခ့ဲၾကေတာ့  တုိင္းရင္းသားေတြက Power Charing ကုိ ဗဟုိအစုိးရ နဲ႕ ျပည္နယ္အစုိးရအဖြဲ႔တုိ႔အၾကား သေဘာတူညီမွု ရရွိမွုအတြက္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံအတုိင္းသြားဖုိ႔ လုိလား ေနၾကျခင္း ျဖစ္ပါတယ္။ ဖက္ဒေရဒီမုိကေရစီ နဳိင္ငံေရးစနစ္ကုိ အေထာက္အကူျပဳေပးနဳိင္ဖုိ႔ အမ်ဳိးသား တန္းတူေရးနဲ႕ ကုိယ္ပုိင္ျပဌာန္းခြင့္ ရွိေနရပါမွာျဖစ္သလုိ ဒီမုိကေရစီဖက္ဒရယ္စနစ္ထြန္းကားဖုိ႔ ၂၀၀၈ ဖြဲ႔စည္းပုံအေျခံခံဥပေဒကုိ မျဖစ္မေန ျပင္ကုိျပင္ရပါမယ္။

အခုခ်ိန္မွာ တုိင္းရင္းသားေတြ ေတာင္းဆုိလာၾကတာက ဖက္ဒရယ္စနစ္ရဲ႕ အနွစ္သာရျဖစ္တ့ဲ ဗဟုိအစုိးရ ခ်ဳပ္ကုိင္မွုအာဏာကုိေလ်ာ့ခ်ျပီး ျပည္နယ္နဲ႕တုိင္းေဒသၾကီးေတြက သံယံဇာတမ်ားအေပၚ စီမံခန္႔ခြဲပုိင္ခြင့္ အျပည့္အ၀အာဏာခြဲေ၀မွု ထူေထာင္နဳိင္ဖုိ႔ ျဖစ္ပါတယ္။ ဗဟုိအစုိးရနဲ႕ ေဒသႏၱရအစုိးရအၾကား အာဏာ ခြဲေ၀ေရးကုိ တုိင္းရင္းသားေတြက လုိခ်င္ေနၾကလုိ႔ ဖက္ဒရယ္ ဒီမုိကေရစီစနစ္ကုိ လုိခ်င္လာၾကျခင္း ျဖစ္ပါတယ္။ ဒီမုိကေရစီလူ႔အဖြဲ႔အစည္းတြင္ ဖက္ဒရယ္စနစ္ယဥ္ေက်းမွုထြန္းကားလာဖုိ႔ သည္းခံမွုက အဓိက အခ်က္ျဖစ္ျပီး ဗုိလ္က်မစုိးမုိးေရးကလည္း အေျခခံအေၾကာင္းရင္းတစ္ခု ျဖစ္ေနပါတယ္။

တစ္ေန႔ စာေရးသူရဲ႕သမီးေလးမွ ‘’ ဆရာေတာ္ဦးဥတၱမ ရခုိင္လူမ်ဳိးျဖစ္ရက္သားနဲ႕ ဦးဥတၱမေန႔မွာ ဆရာေတာ္ကုိပူေဇာ္ခြင့္ရဖုိ႔ ေက်ာင္းေတြဘာေၾကာင့္ မပိတ္တာလဲ  ေဖၾကီး’’ ဆုိျပီး ၂၀၁၉- ခုႏွစ္ (၈၀) ျပည့္ ဆရာေတာ္ ဦးဥတၱမေန႔က ေလးတန္း (Grade-5) ေက်ာင္းတက္ေနတ့ဲ သမီးေလး ေမးဖူးပါတယ္။ ဆရာေတာ္ဟာ လူမ်ဳိးစြဲ ၊ေဒသစြဲမရွိဘဲ နက္ရွဳိင္းေသာ ျပည္ေထာင္စုစိတ္ဓာတ္ျဖင့္ လြတ္လပ္ေရး ၾကဳိးပမ္းခ့ဲသူျဖစ္ျပီး ျမန္မာနဳိင္ငံအႏွံ ေက်းရြာမ်ားအထိ နဳိင္ငံေရးမ်က္စိဖြင့္ေပးခ့ဲသူ ျဖစ္ပါတယ္။ ဆရာေတာ္ ေက်းဇူးေၾကာင့္ ဒုိ႔ဗမာအစည္းအရုံးေတြ ေပၚေပါက္လာခ့ဲရလုိ႔ ဦးဥတၱမေန႔မွာ ျမန္မာတစ္နဳိင္လုံး ေက်ာင္းမပိတ္ေတာင္မွ သမီးငယ္တုိ႔လုိ ရခုိင္မ်ဳိးဆက္သစ္လူငယ္ေတြ ဆရာေတာ္ရဲ႕ ေက်းဇူးတရား သိတတ္လာေစဖုိ႔ ပူေဇာ္လုိ႔ရနဳိင္ေအာင္ ရခုိင္ျပည္နယ္မွာ အေျခခံပညာေက်ာင္းေတြ ပိတ္သင့္ပါတယ္။ အခုက သည္လုိမဟုတ္ စစ္ေတြျမဳိ႕ ဆရာေတာ္ပန္းျခံရွိ ဦးဥတၱမခန္းမမွာ ဦးဥတၱမေန႔ ျပဳလုပ္က်င္းပဖုိ႔ ပြဲဦးေဆာင္က်င္းပသူေတြက ျငိမ္းစုစီ တင္ခ့ဲၾကရေၾကာင္း ၾကားသိခ့ဲရပါတယ္။

()

ေစာဘဦးၾကီးအမွတ္တရ ကရင္အာဇာနည္ေန႔ကုိ က်င္းပခြင့္ပိတ္ပင္ျခင္း၊ ကရင္အာဇာနည္ ေစာဘဦးၾကီး ရုပ္တုကုိ စုိက္ထုခြင့္မရခ့ဲၾကတာေတြ၊ လြိဳင္ေကာ္ျမဳိ႕မွာ ကယားျပည္သူေတြ မလုိခ်င္ခ့ဲဘဲ ဗုိလ္ခ်ဳပ္ရုပ္တု စုိက္ထူဖုိ႔ ၾကဳိးစားခ့ဲတာေတြနဲ႕ ကခ်င္လူမ်ဳိးေတြရဲ႕ ဒ႑ရီေတြမ်ားစြာရွိေနတ့ဲ ျမစ္ဆုံစီမံကိန္း ကုိ အေကာင္အထည္ ေဖာ္ေဆာင္ဖုိ႔ ၾကဳိးစာေနျခင္းက  လူမ်ဳိးၾကီး၀ါဒကုိ အခုခ်ိန္အထိ စြဲကုိင္ေနၾကတုန္းလုိ႔ တုိင္းရင္းသားေတြက ထင္မွတ္ေနၾကျပီး သူတုိ႔ရဲ႕ခံစားခ်က္ေတြကုိေတာ့ လ်စ္လ်ဳရွဴျခင္း ျဖစ္တယ္လုိ႔ ထင္ျမင္ေနၾကပါတယ္။ တုိင္းရင္းသားေတြရဲ႕ အႏၱိမရည္မွန္းခ်က္က အနာဂတ္မွာ  ျဖစ္ထြန္းလာမယ့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဟာ တုိင္းရင္းသား အားလုံးရဲ႕ လုိလားခ်က္၊ ေမွ်ာ္လင့္ခ်က္ ျဖစ္ပါတယ္။ ေနာက္တစ္ခုက ေခတ္အဆက္ဆက္အုပ္ခ်ဳပ္ခ့ဲၾကတ့ဲ အစုိးရအေနျဖင့္ ပင္လုံကတိက၀တ္ကုိ အေကာင္အထည္ ေဖာ္ေဆာင္နဳိင္ခ့ဲျခင္းမရွိခ့ဲၾကလုိ႕ တုိင္းရင္းသားေတြက ဖက္ဒရယ္ျပည္ေထာင္စုကုိ လုိလားလာၾကျခင္း ျဖစ္ပါတယ္။

ဗဟုိခ်ဳပ္ကုိင္မွုလြမ္းမုိးထားတ့ဲ ျမန္မာ့နဳိ္င္ငံေရးမွာ တုိင္းနဲ႔ျပည္နယ္ေတြရဲ႕ ဆုံးျဖတ္ခ်က္က ဗဟုိမွာပဲ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးလုပ္ငန္းစဥ္ျဖစ္တ့ဲ အမ်ဳိးသား တန္းတူေရးနန္႔ ကုိယ္ကံၾကမၼာဖန္တီးနဳိင္ဖုိ႔ လက္နက္ကုိင္လမ္းစဥ္သာ အမွန္ဆုံးျဖစ္တယ္လုိ႔ တုိင္းရင္းသား ေတြက ယုံၾကည္ခ်က္ထားလာေနၾကျခင္း ျဖစ္ပါတယ္။

ျပည္ေထာင္စု ျမန္မာနဳိင္ငံသားအားလုံး တန္းတူအခြင့္အေရးရရွိေရးအတြက္ တုိင္းရင္းသားေတြက ဖက္ဒရယ္စနစ္သည္သာ အေျခခံအက်ဆုံးလုိ႔ ရွဳျမင္ထားၾကသလုိ တစ္ဖက္ကလည္း ဖက္ဒရယ္ဆုိတာ တုိင္းျပည္ျပဳိကြဲေရးစကားလုံးအျဖစ္ မွတ္ယူထားျပီး  လူမ်ဳိးၾကီး၀ါဒကုိ အေသဆုပ္ကုိင္ထားလုိ႔ ကမၻာ့ေပၚမွာ အၾကာဆုံး  ႏွစ္ ၇၀ ေက်ာ္ ျပည္တြင္းစစ္ ရွိလာေနရျခင္းျဖစ္တယ္။

အခုခ်ိန္မွာ လက္ရွိ NLD အစုိးရအေနျဖင့္ အစုိးရတုိင္းရင္းသားေဒသေတြမွာ ဗုိလ္ခ်ဳပ္ရုပ္တု စုိက္ထူဖုိ႔ ၾကဳိးစားေနတာထက္ အမ်ဳိးသားတန္းတူေရး၊ ကုိယ္ပုိင္ျပဌာန္းခြင့္ကုိ အေျခခံတ့ဲ ဖက္ဒရယ္ျပည္ေထာင္စု ေပၚေပါက္ေရးကုိသာ အျမန္ဆုံးအေကာင္အထည္ ေဖာ္ေဆာင္သင့္ပါတယ္။ ဖက္ဒရယ္စနစ္တုိင္းမွာ သက္ဆုိင္ရာျပည္နယ္မွာ ဥပေဒျပဳျခင္း၊ ျမဳိ႕ေတာ္၀န္နဲ႕ ျပည္နယ္၀န္ၾကီးခ်ဳပ္ ေရြးခ်ယ္ခန္႔အပ္ျခင္းကုိ ျပည္နယ္အစုိးရမ်ားက လုပ္ေဆာင္ၾကပါတယ္။ တူညီေသာတန္းတူအခြင့္အေရးမ်ားကုိ အာမခံတ့ဲ ဗဟုိခ်ဳပ္ကုိင္မွု ေလ်ာ့ခ်ျပီး ျပည္နယ္အစုိးရမ်ား အုပ္ခ်ဳပ္ေရးအာဏာ ပုိမုိပုိင္ဆုိင္နဳိင္ဖုိ႔ တုိင္းရင္းသားေတြ လုိခ်င္ေနၾကတ့ဲ ဖက္ဒရယ္စနစ္ကုိ အေကာင္အထည္ေဖာ္ေဆာင္ရမွာ ျဖစ္ပါတယ္။

အခုခ်ိန္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး လုပ္ေဆာင္ေနခ်ိန္ကာလမွာ ဗုိလ္ခ်ဳပ္ရုပ္တုေတြ စုိက္ထုဖုိ႔ ၾကဳိးစားေနျခင္းဟာ အက်ဳိးထက္အျပစ္သာမ်ားနဳိင္သလုိ အျခားတုိင္းရင္းသားေတြနဲ႕ ဗမာ တုိင္းရင္းသားမ်ားအၾကား မလုိလားအပ္တ့ဲ လူမ်ဳိးေရးဆန္တ့ဲ အမုန္းပြားမွဳေတြသာ ျဖစ္လာနဳိင္ပါတယ္။ ဒါေၾကာင့္ တုိင္းရင္းသားေတြက အမ်ဳိးသားတန္းတူေရး နဲ႕ကုိယ္ပုိင္ျပဌာန္းခြင့္ရဖုိ႔ လက္နက္ကုိင္လမ္းစဥ္ကုိ စြဲကုိင္ခ့ဲၾကရာမွ ကမၻာ့မွာအရွည္ဆုံး ျမန္မာ့ျပည္တြင္းစစ္အျဖစ္ နာမည္ၾကီးလာရျခင္း ျဖစ္ပါတယ္။ နုိင္ငံေတာ္ရဲ႕အာဏာကုိ ဗဟုိကခ်ဳပ္ကုိင္ထားျပီး တုိင္းရင္းသာေဒသေတြမွာ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ ၊ ကုိယ္ပုိင္ျပဌာန္းခြင့္ မရွိတာလည္း ျပည္တြင္းစစ္ျဖစ္ေနရျခင္းရဲ႕ အဓိကအေၾကာင္းရင္းတစ္ခု ျဖစ္ေနပါတယ္။

 

()

ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စုျဖစ္လာဖုိ႔ ျငိမ္းခ်မ္းေရးလမ္းစဥ္ အျမန္ဆုံးအေကာင္အထည္ ေဖာ္ေဆာင္ၾကရပါမယ္။  ေက်ာင္းသုံးျပဌာန္းခ်က္စာအုပ္ေတြမွာ ေအဒီ ၁၀၄၄- ခုႏွစ္ ပုဂံသမုိင္းထဲက အေနာ္ရထာ၊ က်န္စစ္သားမင္းအေၾကာင္းေတြ  သင္ၾကားေနသလုိ  ေဒဒီ- ၁၄၃၀ ခုႏွစ္မွာ ေျမာက္ဦးျမဳိ႕ကုိ  စတင္တည္ေထာင္ခ့ဲတ့ဲ ေျမာက္ဦးေခတ္က ရခုိင္ဘုရင္ မင္းေစာမြန္၊ မင္းဗာဘုရင္ အေၾကာင္း နဲ႕ မြန္ဘုရင္ မဟာနဳမင္း အေၾကာင္းေတြကုိလည္း ေက်ာင္းသုံးျပဌာန္းခ်က္ စာအုပ္ေတြမွာ ေက်ာင္းသား၊ေက်ာင္းသူေတြ သင္ၾကားနဳိင္ဖုိ႔ ျပဌာန္းေပးထားသင့္ပါတယ္။ ဒါမွလည္း ဒီမုိကေရစီ ၊ အမ်ဳိးသားေရးတန္းတူေရးႏွင့္ ကုိယ္ပုိင္ျပဌာန္းခြင့္ အာမခံခ်က္အျပည့္အ၀ရွိျပီး ဒီမုိကေရစီ ႏွင့္ ဖက္ဒရယ္ စနစ္ကုိအေျခခံသည့္ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု  ျဖစ္ပါလိမ့္မယ္။ တုိင္းရင္းသားေတြရဲ႕ အတိတ္သမုိင္းကုိမလုိခ်င္သေရြ႕ ဗမာတုိင္းရင္းသားေတြနဲ႕  အျခားတုိင္းရင္းသားေတြအၾကားမွာ  မုန္းတီးမွုေတြ ဆက္ရွိေနဦးမွာျဖစ္လုိ႔ ဒီမုိကေရစီေဘာင္က်ဥ္းလာရင္ စစ္ေဘာင္က ဆက္လက္က်ယ္ေနဦးမွာပါ။

ျမန္မာနဳိင္ငံမွာ ျပည္ေထာင္စုဆုိတ့ဲစကားလုံးကုိ အဓိပၸာယ္ေဖာ္ေဆာင္ေနၾကရာ၌ မတူၾကဘူး ျဖစ္ေနၾကတယ္။ လက္နက္စြဲကုိင္ေနၾကတ့ဲ တုိ္င္းရင္းသားေတြက နယ္ခ်ဲ႕၊ ဖက္ဆစ္ရန္ကုိ တုိင္းရင္းသား ေပါင္းစုံက တုိက္ယူခ့ဲလုိ႔ လြတ္လပ္ေရးရျပီးမွ ငါတုိ႔အားလုံးပါ၀င္ျပီး ျပည္ေထာင္စု ျဖစ္လာတယ္လုိ႔ ယုံၾကည္ေနၾကေပမယ့္ ဗမာတုိ္င္းရင္းသားေတြက ျမန္မာနဳိင္ငံဆုိတာ ပုဂံေခတ္ ကတည္းက ရွိေနတယ္လုိ႔ ယုံၾကည္ထားတယ္။ ဒါကေလ့ ျပည္တြင္းစစ္ ျဖစ္ေနရျခင္း အေၾကာင္းရင္းတစ္ခုပါ။ တုိင္းရင္းသားေတြ မက္ခ့ဲၾကတ့ဲေမွ်ာ္မွန္းခ့ဲတ့ဲ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုအိမ္မက္ကုိ အေကာင္အထည္ ေဖာ္ေဆာင္နဳိင္ဖုိ႔    ပုဂံေခတ္ ကုိ လုိအပ္သည္ထက္ အမြန္းမတင္သင့္။

ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စုကုိ ေဖာ္ေဆာင္ဖုိ႔ ၾကန္႔ၾကာေနခ့ဲလုိ႔ ဘယ္သူမွအနဳိင္မရွဳံးမရွိ မဆုံးနဳိင္တ့ဲ ပဋိပကၡသံသရာမွာ က်င္လည္ေနၾကရတာကုိ အရွည္လ်ားဆုံး ျမန္မာျပည္တြင္းစစ္ တုိက္ပြဲေတြက သက္ေသျပလ်က္ ရွိေနပါတယ္။ နဳိင္ငံလြတ္လပ္ေရးႏွင့္အတူ ေပၚေပါက္လာေသာ ျပည္တြင္း သေဘာထား ကြဲလြဲမွုေတြကုိ နဳိင္ငံေရးစားပြဲ၀ုိင္းေပၚမွာ ေတြ႔ဆုံေဆြးေႏြး အေျဖရွာၾကျခင္းျဖင့္ ႏွစ္ဘက္ေျပလည္မွုေတြ ရွိလာနဳိင္ပါတယ္။ ျငိမ္းခ်မ္းေရးအတြက္ ေရွ႕ဆက္ေဆာင္ရြက္ရမယ့္လုပ္ငန္းစဥ္္ေတြ ေခ်ာ့ေမြ႔ လာရမည္ျဖစ္ရာ ျပည္ေထာင္စုအက်ဳိး၊ တုိင္းရင္းသား ျပည္သူေတြအက်ဳိးျဖစ္မယ့္ ဘုံသေဘာထား ကုိ ခံယူထားၾကရမွာလည္း ျဖစ္တယ္။နဳိင္ငံေရးျပႆနာကုိ စစ္ေရးျဖင့္မေျဖရွင္းၾကဘဲ နဳိင္ငံေရးနည္းျဖင့္ ေျဖရွင္းရမယ့္ နဳိင္ငံေရးယဥ္ေက်းမွုအသစ္ကုိ တည္ေဆာက္နဳိင္ၾကမွသာ တန္းတူရည္တူ အခြင့္အေရး ရရွိၾကမယ့္ ဖက္ဒရယ္ ဒီမုိကေရစီျပည္ေထာင္စုတစ္ခုကုိ တည္ေဆာက္နဳိင္ၾကမွာ ျဖစ္ပါတယ္။

NCA လက္မွတ္ထုိးျပီး အပစ္ခတ္ရပ္စဲရုံနဲ႕လည္း ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္မလာနဳိင္ေသးပါ။ တရားမွ်တမွုက အေျခခံေနသလုိ ကုိယ္ပုိင္ျပဌာန္းခြင့္ကလည္း အေျခခံေနပါတယ္။ ဒါေၾကာင့္တရားမွ်တမွု ၊ တန္းတူအခြင့္အေရးဆုိတာ ဖက္ဒရယ္ျဖစ္လုိ႔ ထာ၀ရျငိမ္းခ်မ္းေရးကုိ တုိင္းရင္းသားေတြက မ်ားစြာ လုိခ်င္ေနၾကျခင္းျဖစ္ပါတယ္။ တုိင္းရင္းသားေတြ လုိခ်င္ေနၾကတ့ဲ ဖက္ဒရယ္ဒီမုိကေရစီကုိ မသိက်ဳိးကၽြံ ျပဳထားသမွ် ကာလပတ္လုံး ျပည္တြင္းစစ္ဘယ္ေတာ့မွ ခ်ဳပ္ျငိမ္းမွာ မဟုတ္ပါဘူး။

 

 

()

ျမန္မာနုိင္ငံမွာ အခုလိုိ ျပည္္တြင္းစစ္ဘာေၾကာင့္ ၾကန္႔ၾကာေနရလဲဆုိရရင္ တုိင္းရင္းသားေတြရဲ႕ ဖက္ဒရယ္ျပည္ေထာင္စု အိမ္မက္ဆႏၵကုိ အုပ္ခ်ဳပ္ခ့ဲတ့ဲ အစုိးရအဆက္ဆက္ ျဖည့္ဆည္းေပးနဳိင္မွု မ်ားစြာ အားနည္းေနခ့ဲလုိ႔ပဲ ဆုိရပါမယ္။ လႊတ္ေတာ္က ဖြဲ႕စည္းထားတ့ဲ ဖြဲ႕စည္းပုံျပင္ဆင္ေရး ၄၅ ဦးေကာ္မတီမွာ ရခုိင္င္က လႊတ္ေတာ္အမတ္ေတြ နွုတ္ထြက္လုိက္ၾကျခင္းနဲ႕ ပတ္သက္ျပီး ရခုိင္အမ်ဳိးသားပါတီက ’’ စစ္မွန္ေသာ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအခန္းက႑မွာ ပီျပင္စြာ ပါ၀င္နဳိင္ရန္ အေျခအေနမရွိေတာ့တ့ဲအျပင္ ဗဟုိခ်ဳပ္ကုိင္မွုစနစ္ က်င့္သုံးျပီး လက္ရွိအာဏာရပါတီရဲ႕ အာဏာ တည္ျမဲေရးကုိသာ ရည္ရြယ္ေနေၾကာင္းေတြ႔ျမင္ေနရလုိ႔ ‘’ ဆုိျပီး ထည့္သြင္းေဖာ္ျပထားတာကုိ ဖတ္လုိက္ ရပါေသးတယ္။ ဒါေပမယ့္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကုိ ျပင္ဆင္ဖုိ႔ ၾကဳိးစားလာေနၾကျခင္းဟာ အဆုိးထဲက အေကာင္းတစ္ခုလုိ႔ ဆုိရပါမယ္။

ကမၻာၾကီးရြာတစ္ရြာျဖစ္လာေနခ်ိန္ တုိင္းရင္းသားေတြက ေခတ္ကုိလုိက္ျပီးေျပာင္းခ်င္လာၾကပါတယ္။ ရခုိင္လူမ်ဳိးေတြရဲ႕အျမင္မွာ ၁၈၈၅ ခုႏွစ္ကတည္းက သူ႕ကၽြန္ျဖစ္ခ့ဲရတာ ဗဟုိခ်ဳပ္ကုိင္မွစနစ္က ရွိေနေသးလုိ႔ အခုခ်ိန္အထိ ငါတုိ႔တန္းတူအခြင့္အေရးမရေသး ကၽြန္နဲ႔မျခား ၊ ဒါေၾကာင့္ ငါတုိ႔ လက္နက္စြဲကုိင္မွ ရေတာ့မယ္ဆုိျပီး ရခုိင္လူငယ္ေတြ ေသနတ္ကုိင္တာကုိ ခုံမင္လာေနၾကျခင္း ျဖစ္ပါတယ္။

တုိင္းရင္းသားေတြအေနျဖင့္ ဖက္ဒရယ္နဲ႕ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ကုိ အစဥ္တစုိက္ ေဆာင္းဆုိလာခ့ဲၾကတာ ေတြ႕ျမင္ေနရပါတယ္။ အမ်ဳိးသားတန္းတူေရးနဲ႕ တန္းတူညီမွ် ကုိယ္ပုိင္ျပဌာန္းခြင့္ရွိလာဖုိ႕ AA မွ စစ္ဦးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္နဳိင္က ‘’၀’’ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသထက္ မညံ့ထက္  ကြန္ဖက္ဒေရးရွင္း ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ကုိ လုိခ်င္တယ္လုိ႔  ဧရာ၀တီသတင္းဌာနနဲ႕ အင္တာဗ်ဴးလုပ္ခ်ိန္မွာ ေျဖၾကားသြားတာ ေတြ႔လုိက္ရပါေသးတယ္။

အယင္ကလည္း ရခုိင္ျပည္နယ္မွာ  ေခတ္အဆက္ဆက္ ရခုိင့္ေတာ္လွန္ေရးေခါင္းေဆာင္မ်ား ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ကုိ ေတာင္းဆုိခ့ဲၾကတာ ေတြ႕ျမင္ခ့ဲရပါတယ္။ ၁၉၆၃- ခုႏွစ္ ျပည္ေထာင္စုျမန္မာနဳိင္ငံ ေတာ္လွန္ေရးေကာင္စီ က ျပည္တြင္းျငိမ္းခ်မ္းေရး ျပည္လည္တည္ေဆာက္နဳိင္ဖုိ႔ ေတာတြင္းလက္နက္ကုိင္ အဖြဲ႕အစည္းျဖစ္တ့ဲ ရခုိင္ျပည္နယ္ကြန္ျမဴနစ္ပါတီနဲ႕ေဆြးေႏြးခ့ဲရာ ရဲနီေက်ာ္ဇံရႊီက ကုိယ္ပုိင္ အုပ္ခ်ဳပ္ခြင့္ ေတာင္းဆုိခ့ဲတာကုိ ၾကားသိရပါတယ္။ ရွမ္းမွုမေပၚခင္ ဦးထြန္းျမင့္ရဲ႕စာတမ္းမွာလည္း ခြဲထြက္လုိက ခြဲထြက္ခြင့္ ဆုိတ့ဲ အခ်က္တစ္ခ်က္ ပါရွိေနတာကုိ သတိျပဳမိပါတယ္။

အမွန္က တုိင္းရင္းသားေတြလုိခ်င္ေနၾကတ့ဲ ဖက္ဒရယ္ဒီမုိကေရစီျပည္ေထာင္စုဆုိတာ ခြဲထြက္ေရး မဟုတ္။ ဗဟုိခ်ဳပ္ကုိင္မွုစနစ္ ေလ်ာ့ခ်ေရးသာ ျဖစ္ပါတယ္။ ဖက္ဒရယ္ဒီမုိကေရစီရဲ႕ အနွစ္သာရပါတ့ဲ စကားလုံးေတြနဲ႕ ျပည္တြင္းျငိမ္းခ်မ္းေရးမေဆြးေႏြးနုိင္သမွ် TNLA မွ ဗုိလ္မွဴးခ်ဳပ္တာဘုန္းေက်ာ္ေျပာသလုိ  ‘’ ျမန္မာ့ျပည္တြင္းစစ္ ႏွစ္တစ္ရာမက မျပီးဆုံးေသာ သံသရာ’’ ျဖစ္သြားနဳိင္ပါတယ္။

အခ်ဴပ္အားျဖင့္ ေျပာရပါလွ်င္ ျပည္တြင္းစစ္ခ်ဳပ္ျငိမ္းသြားဖုိ႔ တုိင္းရင္းသားေတြ အစဥ္တစုိက္ ေတာင္းဆုိလာၾကတ့ဲ ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စုစနစ္ကုိ ဦးတည္ျပီး ခုိင္ခုိင္မာမာ အေကာင္ အထည္ေဖာ္ၾကဖုိ႔ လုိအပ္ေနသလုိ တုိင္းရင္းသားေတြရဲ႕ သမုိင္းအေၾကာင္းအျဖစ္ပ်က္ကုိ အသိအမွတ္ျပဳ တန္ဖုိးထားေပးရပါမယ္။ ျငိမ္းခ်မ္းေရးအတြက္ နုိင္ငံေရးေဆြးေႏြးပြဲ စားပြဲ၀ုိင္းကတစ္ဆင့္ အမ်ဳိးသား တန္းတူေရး၊ ကုိယ္ပုိင္ျပဌာန္းခြင့္နဲ႕ အာဏာ ခြဲေ၀မွုအတြက္ ဗဟုိခ်ဳပ္ကုိင္မွု

()

ေလ်ာ့ခ်နဳိင္မွသာ ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထာင္စုျဖစ္ေအာင္ ထူေထာင္မယ္ဆုိရင္ ဖြဲ႔စည္းပုံကုိ မျပင္မျဖစ္ ၾကဳိးစားၾကရပါမယ္။  ၂၀၀၈ ဖြဲ႕စည္းပုံထဲမွာ ျပင္ဆင္မယ့္ ပုဒ္မေတြကလည္း တုိင္းရင္းသား အာလုံး လက္ခံနဳိင္မယ့္ပုဒ္မေတြ ထည့္သြင္းလာနဳိင္ပါေစလုိ႔ ေမွ်ာ္လင့္ရင္း—

 

ေအာင္ၾကည္မုိး(စစ္ေတြ)

unicode

ကိုယ်ပိုင်ပြဌာန်းခွင့် ၊အမျိုးသားတန်းတူရေး ရှိလာစေဖို့ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သီအိုရီသဘောတရားအရ ဗဟိုနဲ့ပြည်နယ်အစိုးရတွေကြား အာဏာခွဲဝေကျင့်သုံးခြင်း၊ Power Sharing နဲ့အတူ Taxes Sharing ၊ Resource Sharing တွေကို အညီအမျှ ခွဲဝေသုံးစွဲကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းထားကြတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ ဒီမိုကရေစီအရ ရွေးကောက်တင်မြောက်ထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ကိုယ့်ဒေသမှာ အုပ်ချုပ်ရေးအာဏာရှိလာဖို့ ဖြစ်ပါတယ်။ ရှမ်းဆိုရင်လည်း ရှမ်အလျှောက်၊ ရခိုင်ဆိုရင်လည်း ရခိုင်အလျှောက် တိုင်းရင်းသားခေါင်းဆောင်တွေက (Resource) သယံဇာတတွေကို ခွဲဝေသုံးစွဲနိုင်အောင် ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရတွေအကြား လုပ်ပိုင်ခွင့်တွေ အတိအကျ သတ်မှတ်ထားဖို့ကို တိုင်းရင်းသားတွေက လိုလားနေကြခြင်း ဖြစ်ပါတယ်။
တိုင်းရင်းသားတွေ ထင်မှတ်နေကြတာက အရင်ကလည်း ဗဟိုကချုပ်ကိုင်တယ်။ အခုလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဗဟိုကချုပ်ကိုင်ထားတော့ ကိုယ့်ဒေသကထွက်တဲ့ သယံဇာတ နဲ့ ကိုယ့်စာပေယဉ်ကျေးမှုကို စီမံခန့်ခွဲဖို့ တိုင်းရင်းသားတွေက ဒီမိုကရေစီဖက်ဒရယ်အိမ်မက်ကို မက်လာ ကြတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ရခိုင်နဲ့ ရှမ်းဒေသတွေမှာ ပြည်နယ် ဝန်ကြီးချုပ်တွေကို ဗဟိုအစိုးရက တိုက်ရိုက်ခန့်ထားခဲ့ကြတော့ တိုင်းရင်းသားတွေက Power Charing ကို ဗဟိုအစိုးရ နဲ့ ပြည်နယ်အစိုးရအဖွဲ့တို့အကြား သဘောတူညီမှု ရရှိမှုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအတိုင်းသွားဖို့ လိုလား နေကြခြင်း ဖြစ်ပါတယ်။ ဖက်ဒရေဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အထောက်အကူပြုပေးနိုင်ဖို့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိနေရပါမှာဖြစ်သလို ဒီမိုကရေစီဖက်ဒရယ်စနစ်ထွန်းကားဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေံခံဥပဒေကို မဖြစ်မနေ ပြင်ကိုပြင်ရပါမယ်။
အခုချိန်မှာ တိုင်းရင်းသားတွေ တောင်းဆိုလာကြတာက ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဗဟိုအစိုးရ ချုပ်ကိုင်မှုအာဏာကိုလျော့ချပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက သံယံဇာတများအပေါ် စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝအာဏာခွဲဝေမှု ထူထောင်နိုင်ဖို့ ဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရအကြား အာဏာ ခွဲဝေရေးကို တိုင်းရင်းသားတွေက လိုချင်နေကြလို့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လိုချင်လာကြခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် ဖက်ဒရယ်စနစ်ယဉ်ကျေးမှုထွန်းကားလာဖို့ သည်းခံမှုက အဓိက အချက်ဖြစ်ပြီး ဗိုလ်ကျမစိုးမိုးရေးကလည်း အခြေခံအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
တစ်နေ့ စာရေးသူရဲ့သမီးလေးမှ ‘’ ဆရာတော်ဦးဥတ္တမ ရခိုင်လူမျိုးဖြစ်ရက်သားနဲ့ ဦးဥတ္တမနေ့မှာ ဆရာတော်ကိုပူဇော်ခွင့်ရဖို့ ကျောင်းတွေဘာကြောင့် မပိတ်တာလဲ ဖေကြီး’’ ဆိုပြီး ၂၀၁၉- ခုနှစ် (၈၀) ပြည့် ဆရာတော် ဦးဥတ္တမနေ့က လေးတန်း (Grade-5) ကျောင်းတက်နေတဲ့ သမီးလေး မေးဖူးပါတယ်။ ဆရာတော်ဟာ လူမျိုးစွဲ ၊ဒေသစွဲမရှိဘဲ နက်ရှိုင်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေး ကြိုးပမ်းခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအနှံ ကျေးရွာများအထိ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။ ဆရာတော် ကျေးဇူးကြောင့် ဒို့ဗမာအစည်းအရုံးတွေ ပေါ်ပေါက်လာခဲ့ရလို့ ဦးဥတ္တမနေ့မှာ မြန်မာတစ်နိုင်လုံး ကျောင်းမပိတ်တောင်မှ သမီးငယ်တို့လို ရခိုင်မျိုးဆက်သစ်လူငယ်တွေ ဆရာတော်ရဲ့ ကျေးဇူးတရား သိတတ်လာစေဖို့ ပူဇော်လို့ရနိုင်အောင် ရခိုင်ပြည်နယ်မှာ အခြေခံပညာကျောင်းတွေ ပိတ်သင့်ပါတယ်။ အခုက သည်လိုမဟုတ် စစ်တွေမြို့ ဆရာတော်ပန်းခြံရှိ ဦးဥတ္တမခန်းမမှာ ဦးဥတ္တမနေ့ ပြုလုပ်ကျင်းပဖို့ ပွဲဦးဆောင်ကျင်းပသူတွေက ငြိမ်းစုစီ တင်ခဲ့ကြရကြောင်း ကြားသိခဲ့ရပါတယ်။
(၂)
စောဘဦးကြီးအမှတ်တရ ကရင်အာဇာနည်နေ့ကို ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကရင်အာဇာနည် စောဘဦးကြီး ရုပ်တုကို စိုက်ထုခွင့်မရခဲ့ကြတာတွေ၊ လွိုင်ကော်မြို့မှာ ကယားပြည်သူတွေ မလိုချင်ခဲ့ဘဲ ဗိုလ်ချုပ်ရုပ်တု စိုက်ထူဖို့ ကြိုးစားခဲ့တာတွေနဲ့ ကချင်လူမျိုးတွေရဲ့ ဒဏ္ဍရီတွေများစွာရှိနေတဲ့ မြစ်ဆုံစီမံကိန်း ကို အကောင်အထည် ဖော်ဆောင်ဖို့ ကြိုးစာနေခြင်းက လူမျိုးကြီးဝါဒကို အခုချိန်အထိ စွဲကိုင်နေကြတုန်းလို့ တိုင်းရင်းသားတွေက ထင်မှတ်နေကြပြီး သူတို့ရဲ့ခံစားချက်တွေကိုတော့ လျစ်လျုရှူခြင်း ဖြစ်တယ်လို့ ထင်မြင်နေကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အန္တိမရည်မှန်းချက်က အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ တိုင်းရင်းသား အားလုံးရဲ့ လိုလားချက်၊ မျှော်လင့်ချက် ဖြစ်ပါတယ်။ နောက်တစ်ခုက ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ကြတဲ့ အစိုးရအနေဖြင့် ပင်လုံကတိကဝတ်ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ကြလို့ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စုကို လိုလားလာကြခြင်း ဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုလွမ်းမိုးထားတဲ့ မြန်မာ့နို်င်ငံရေးမှာ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဆုံးဖြတ်ချက်က ဗဟိုမှာပဲ ရှိနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အမျိုးသား တန်းတူရေးနန့် ကိုယ်ကံကြမ္မာဖန်တီးနိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်သာ အမှန်ဆုံးဖြစ်တယ်လို့ တိုင်းရင်းသား တွေက ယုံကြည်ချက်ထားလာနေကြခြင်း ဖြစ်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရရှိရေးအတွက် တိုင်းရင်းသားတွေက ဖက်ဒရယ်စနစ်သည်သာ အခြေခံအကျဆုံးလို့ ရှုမြင်ထားကြသလို တစ်ဖက်ကလည်း ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးစကားလုံးအဖြစ် မှတ်ယူထားပြီး လူမျိုးကြီးဝါဒကို အသေဆုပ်ကိုင်ထားလို့ ကမ္ဘာ့ပေါ်မှာ အကြာဆုံး နှစ် ၇၀ ကျော် ပြည်တွင်းစစ် ရှိလာနေရခြင်းဖြစ်တယ်။
အခုချိန်မှာ လက်ရှိ NLD အစိုးရအနေဖြင့် အစိုးရတိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်ရုပ်တု စိုက်ထူဖို့ ကြိုးစားနေတာထက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးကိုသာ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်သင့်ပါတယ်။ ဖက်ဒရယ်စနစ်တိုင်းမှာ သက်ဆိုင်ရာပြည်နယ်မှာ ဥပဒေပြုခြင်း၊ မြို့တော်ဝန်နဲ့ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်ခြင်းကို ပြည်နယ်အစိုးရများက လုပ်ဆောင်ကြပါတယ်။ တူညီသောတန်းတူအခွင့်အရေးများကို အာမခံတဲ့ ဗဟိုချုပ်ကိုင်မှု လျော့ချပြီး ပြည်နယ်အစိုးရများ အုပ်ချုပ်ရေးအာဏာ ပိုမိုပိုင်ဆိုင်နိုင်ဖို့ တိုင်းရင်းသားတွေ လိုချင်နေကြတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။
အခုချိန် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေချိန်ကာလမှာ ဗိုလ်ချုပ်ရုပ်တုတွေ စိုက်ထုဖို့ ကြိုးစားနေခြင်းဟာ အကျိုးထက်အပြစ်သာများနိုင်သလို အခြားတိုင်းရင်းသားတွေနဲ့ ဗမာ တိုင်းရင်းသားများအကြား မလိုလားအပ်တဲ့ လူမျိုးရေးဆန်တဲ့ အမုန်းပွားမှုတွေသာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေက အမျိုးသားတန်းတူရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်ခဲ့ကြရာမှ ကမ္ဘာ့မှာအရှည်ဆုံး မြန်မာ့ပြည်တွင်းစစ်အဖြစ် နာမည်ကြီးလာရခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အာဏာကို ဗဟိုကချုပ်ကိုင်ထားပြီး တိုင်းရင်းသာဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတာလည်း ပြည်တွင်းစစ်ဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။

(၃)
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်လာဖို့ ငြိမ်းချမ်းရေးလမ်းစဉ် အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ကြရပါမယ်။ ကျောင်းသုံးပြဌာန်းချက်စာအုပ်တွေမှာ အေဒီ ၁၀၄၄- ခုနှစ် ပုဂံသမိုင်းထဲက အနော်ရထာ၊ ကျန်စစ်သားမင်းအကြောင်းတွေ သင်ကြားနေသလို ဒေဒီ- ၁၄၃၀ ခုနှစ်မှာ မြောက်ဦးမြို့ကို စတင်တည်ထောင်ခဲ့တဲ့ မြောက်ဦးခေတ်က ရခိုင်ဘုရင် မင်းစောမွန်၊ မင်းဗာဘုရင် အကြောင်း နဲ့ မွန်ဘုရင် မဟာနုမင်း အကြောင်းတွေကိုလည်း ကျောင်းသုံးပြဌာန်းချက် စာအုပ်တွေမှာ ကျောင်းသား၊ကျောင်းသူတွေ သင်ကြားနိုင်ဖို့ ပြဌာန်းပေးထားသင့်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ ၊ အမျိုးသားရေးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်အပြည့်အဝရှိပြီး ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါလိမ့်မယ်။ တိုင်းရင်းသားတွေရဲ့ အတိတ်သမိုင်းကိုမလိုချင်သရွေ့ ဗမာတိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားတွေအကြားမှာ မုန်းတီးမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ ဒီမိုကရေစီဘောင်ကျဉ်းလာရင် စစ်ဘောင်က ဆက်လက်ကျယ်နေဦးမှာပါ။
မြန်မာနိုင်ငံမှာ ပြည်ထောင်စုဆိုတဲ့စကားလုံးကို အဓိပ္ပာယ်ဖော်ဆောင်နေကြရာ၌ မတူကြဘူး ဖြစ်နေကြတယ်။ လက်နက်စွဲကိုင်နေကြတဲ့ တို်င်းရင်းသားတွေက နယ်ချဲ့၊ ဖက်ဆစ်ရန်ကို တိုင်းရင်းသား ပေါင်းစုံက တိုက်ယူခဲ့လို့ လွတ်လပ်ရေးရပြီးမှ ငါတို့အားလုံးပါဝင်ပြီး ပြည်ထောင်စု ဖြစ်လာတယ်လို့ ယုံကြည်နေကြပေမယ့် ဗမာတို်င်းရင်းသားတွေက မြန်မာနိုင်ငံဆိုတာ ပုဂံခေတ် ကတည်းက ရှိနေတယ်လို့ ယုံကြည်ထားတယ်။ ဒါကလေ့ ပြည်တွင်းစစ် ဖြစ်နေရခြင်း အကြောင်းရင်းတစ်ခုပါ။ တိုင်းရင်းသားတွေ မက်ခဲ့ကြတဲ့မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအိမ်မက်ကို အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ပုဂံခေတ် ကို လိုအပ်သည်ထက် အမွန်းမတင်သင့်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ ကြန့်ကြာနေခဲ့လို့ ဘယ်သူမှအနိုင်မရှုံးမရှိ မဆုံးနိုင်တဲ့ ပဋိပက္ခသံသရာမှာ ကျင်လည်နေကြရတာကို အရှည်လျားဆုံး မြန်မာပြည်တွင်းစစ် တိုက်ပွဲတွေက သက်သေပြလျက် ရှိနေပါတယ်။ နိုင်ငံလွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်း သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးစားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာကြခြင်းဖြင့် နှစ်ဘက်ပြေလည်မှုတွေ ရှိလာနိုင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ််တွေ ချော့မွေ့ လာရမည်ဖြစ်ရာ ပြည်ထောင်စုအကျိုး၊ တိုင်းရင်းသား ပြည်သူတွေအကျိုးဖြစ်မယ့် ဘုံသဘောထား ကို ခံယူထားကြရမှာလည်း ဖြစ်တယ်။နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့်မဖြေရှင်းကြဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမယ့် နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို တည်ဆောက်နိုင်ကြမှသာ တန်းတူရည်တူ အခွင့်အရေး ရရှိကြမယ့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးပြီး အပစ်ခတ်ရပ်စဲရုံနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာနိုင်သေးပါ။ တရားမျှတမှုက အခြေခံနေသလို ကိုယ်ပိုင်ပြဌာန်းခွင့်ကလည်း အခြေခံနေပါတယ်။ ဒါကြောင့်တရားမျှတမှု ၊ တန်းတူအခွင့်အရေးဆိုတာ ဖက်ဒရယ်ဖြစ်လို့ ထာဝရငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေက များစွာ လိုချင်နေကြခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လိုချင်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို မသိကျိုးကျွံ ပြုထားသမျှ ကာလပတ်လုံး ပြည်တွင်းစစ်ဘယ်တော့မှ ချုပ်ငြိမ်းမှာ မဟုတ်ပါဘူး။

(၄)
မြန်မာနိုင်ငံမှာ အခုလိို ပြည််တွင်းစစ်ဘာကြောင့် ကြန့်ကြာနေရလဲဆိုရရင် တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စု အိမ်မက်ဆန္ဒကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက် ဖြည့်ဆည်းပေးနိုင်မှု များစွာ အားနည်းနေခဲ့လို့ပဲ ဆိုရပါမယ်။ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီမှာ ရခိုင်င်က လွှတ်တော်အမတ်တွေ နှုတ်ထွက်လိုက်ကြခြင်းနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီက ’’ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအခန်းကဏ္ဍမှာ ပီပြင်စွာ ပါဝင်နိုင်ရန် အခြေအနေမရှိတော့တဲ့အပြင် ဗဟိုချုပ်ကိုင်မှုစနစ် ကျင့်သုံးပြီး လက်ရှိအာဏာရပါတီရဲ့ အာဏာ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်းတွေ့မြင်နေရလို့ ‘’ ဆိုပြီး ထည့်သွင်းဖော်ပြထားတာကို ဖတ်လိုက် ရပါသေးတယ်။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားလာနေကြခြင်းဟာ အဆိုးထဲက အကောင်းတစ်ခုလို့ ဆိုရပါမယ်။
ကမ္ဘာကြီးရွာတစ်ရွာဖြစ်လာနေချိန် တိုင်းရင်းသားတွေက ခေတ်ကိုလိုက်ပြီးပြောင်းချင်လာကြပါတယ်။ ရခိုင်လူမျိုးတွေရဲ့အမြင်မှာ ၁၈၈၅ ခုနှစ်ကတည်းက သူ့ကျွန်ဖြစ်ခဲ့ရတာ ဗဟိုချုပ်ကိုင်မှစနစ်က ရှိနေသေးလို့ အခုချိန်အထိ ငါတို့တန်းတူအခွင့်အရေးမရသေး ကျွန်နဲ့မခြား ၊ ဒါကြောင့် ငါတို့ လက်နက်စွဲကိုင်မှ ရတော့မယ်ဆိုပြီး ရခိုင်လူငယ်တွေ သေနတ်ကိုင်တာကို ခုံမင်လာနေကြခြင်း ဖြစ်ပါတယ်။
တိုင်းရင်းသားတွေအနေဖြင့် ဖက်ဒရယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစဉ်တစိုက် ဆောင်းဆိုလာခဲ့ကြတာ တွေ့မြင်နေရပါတယ်။ အမျိုးသားတန်းတူရေးနဲ့ တန်းတူညီမျှ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိလာဖို့ AA မှ စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ‘’၀’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထက် မညံ့ထက် ကွန်ဖက်ဒရေးရှင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို လိုချင်တယ်လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးလုပ်ချိန်မှာ ဖြေကြားသွားတာ တွေ့လိုက်ရပါသေးတယ်။
အယင်ကလည်း ရခိုင်ပြည်နယ်မှာ ခေတ်အဆက်ဆက် ရခိုင့်တော်လှန်ရေးခေါင်းဆောင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုခဲ့ကြတာ တွေ့မြင်ခဲ့ရပါတယ်။ ၁၉၆၃- ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ က ပြည်တွင်းငြိမ်းချမ်းရေး ပြည်လည်တည်ဆောက်နိုင်ဖို့ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ရခိုင်ပြည်နယ်ကွန်မြူနစ်ပါတီနဲ့ဆွေးနွေးခဲ့ရာ ရဲနီကျော်ဇံရွှီက ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုခဲ့တာကို ကြားသိရပါတယ်။ ရှမ်းမှုမပေါ်ခင် ဦးထွန်းမြင့်ရဲ့စာတမ်းမှာလည်း ခွဲထွက်လိုက ခွဲထွက်ခွင့် ဆိုတဲ့ အချက်တစ်ချက် ပါရှိနေတာကို သတိပြုမိပါတယ်။
အမှန်က တိုင်းရင်းသားတွေလိုချင်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာ ခွဲထွက်ရေး မဟုတ်။ ဗဟိုချုပ်ကိုင်မှုစနစ် လျော့ချရေးသာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အနှစ်သာရပါတဲ့ စကားလုံးတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမဆွေးနွေးနိုင်သမျှ TNLA မှ ဗိုလ်မှူးချုပ်တာဘုန်းကျော်ပြောသလို ‘’ မြန်မာ့ပြည်တွင်းစစ် နှစ်တစ်ရာမက မပြီးဆုံးသော သံသရာ’’ ဖြစ်သွားနိုင်ပါတယ်။
အချူပ်အားဖြင့် ပြောရပါလျှင် ပြည်တွင်းစစ်ချုပ်ငြိမ်းသွားဖို့ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုလာကြတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင် အထည်ဖော်ကြဖို့ လိုအပ်နေသလို တိုင်းရင်းသားတွေရဲ့ သမိုင်းအကြောင်းအဖြစ်ပျက်ကို အသိအမှတ်ပြု တန်ဖိုးထားပေးရပါမယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းကတစ်ဆင့် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အာဏာ ခွဲဝေမှုအတွက် ဗဟိုချုပ်ကိုင်မှု
(၅)
လျော့ချနိုင်မှသာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်အောင် ထူထောင်မယ်ဆိုရင် ဖွဲ့စည်းပုံကို မပြင်မဖြစ် ကြိုးစားကြရပါမယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပြင်ဆင်မယ့် ပုဒ်မတွေကလည်း တိုင်းရင်းသား အာလုံး လက်ခံနိုင်မယ့်ပုဒ်မတွေ ထည့်သွင်းလာနိုင်ပါစေလို့ မျှော်လင့်ရင်း—

အောင်ကြည်မိုး(စစ်တွေ)