• Today is: Friday, April 19, 2024

ဗမာ လူငယ်များ လက်နက်ကိုင်ကြပါ— NUG PDF အင်အားနှင့် ပြင်ဆင်မှုလေ့လာခြင်း

photo: Internet

 

 

မင်းအောင်လှိုင် အာဏာသိမ်းမှုကို တော်လှန်ရန် အနုနည်းဖြင့် မဖြစ်နိုင်သည့်တော့အဆုံး ဗမာလူငယ် များအပါအဝင် နိုင်ငံတွင်းရှိ လူငယ်များအလုံးအရင်းဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြ သည်။ တိုင်းရင်းသားများအတွက် အထူးအဆန်းမဟုတ်သော်လည်း ဗမာလူငယ်များအတွက် အမှန် တတယ် အင်အားတောင့်တင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ တည်ထောင်ရေးသည် ရင်သက်ရှူမောဖွယ်ဖြစ် ပါသည်။

မကြာသေးခင်မှာ NUG အစိုးရက ဇူလိုင်လမကုန်ခင် PDF တပ်အင်အား တစ်သောင်း ပြည့်ရန်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ မနေ့တစ်နေ့မှာလည်း PDF အပတ်စဉ် (၇) သင်တန်းဆင်းပွဲ ပြုလုပ်သည်ကို သိရှိရသည်။ PDF ဖွဲ့စည်းမှု လေးလကြာ ကာလအတွင်း တပ်အင်အား တစ်သောင်းခန့်  တည်ဆောက် နိုင်လျှင် မဆိုးလှဟု ယူဆနိုင်ပါသည်။ သို့သော် ယခုအနေအထားအရဆိုလျှင် NUG အနေဖြင့် ၎င်းမျှော်မှန်းထားသည့် PDF စစ်အင်အား ၂၅၀၀၀ မှ ၃၀၀၀၀ အထိ တည်ဆောက်နိုင်ရေးမှာ မနည်း ကြိုးစားရပါလိမ့်မည်။

ဗမာပြည်မအတွက် စစ်အင်အား အခိုင်အမာ တည်ဆောက်နိုင်ရေး စိန်ခေါ်မှု မျိုးစုံရှိပါမည်။ အဓိက အချက်က ပထဝီဝင်အနေအထားဟု ဆိုရမည်။ စစ်ရေးကျွမ်းကျင်သူများ အဆိုအရ တောတောင်ထူး ထပ်သော ဒေသများတွင် လက်နက်ကိုင်အခြေချရန် ပိုမိုလွယ်ကူသည်။ ထို့ပြင် နိုင်ငံခြားနယ်နိမိတ်ရှိ ခြင်းကလည်း တောခိုရန် အထောက်အကူပြုသည်။ ထိုအချက်နှစ်ချက်မပိုင်ဆိုင်သော ဗမာပြည်မသည် လက်နက်ကိုင်အခြေစိုက်ရန် သဘာဝအရ ပိုမိုခက်ခဲသည်။ ထို့ကြောင့် ပြင်လျှင် ၁၉၅၀ ဝန်းကျင်က ဗမာပြည်ကွန်မြူနစ်သူပုန်(CPB)နှင့် ၁၉၉၀ ဝန်းကျင်က ဗမာကျောင်းသား လက်နက်ကိုင် (ABSDF) များသည် မိမိတို့ နယ်မြေ(ဗမာပြည်မ)တွင် အခြေမချနိုင်ဘဲ တိုင်းရင်းသားဒေသနှင့် တောင်တန်းဒေသ များမှာ ဖြန့်ကျက်နေထိုင်ရသည်။

နောက်ထပ် အခက်အခဲမှာ အချိန်နှင့် အရင်းအမြစ်ဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အများစု သည် အင်အားတည်ဆောက်ရန် ဆယ်စုနှစ် အချိန်ယူခဲ့ကြပါသည်။ တစ်နှစ်အတွင်း လက်နက်ကိုင် သောင်းဂဏန်း တည်ဆောက်နိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မရှိဖူးပေ။ ဒီဘက်ခေတ်မှာ အချိန်တိုတိုအတွင်း စစ်အင်အား သောင်းဂဏန်းတည်ဆောက်နိုင်သည်ဆိုသည့် RCSS, AA, TNLA တို့ပြင်လျှင် အနည်းဆုံး လေးငါးနှစ်အချိန်ယူ ကြသည်။ လက်နက်ဆိုလျှင်လည်း ယခုအချိန်မှာ ​ဝယ်လို အား အဆမတန် မြင့်မားသည့်အတွက် ဈေးနှုန်း သုံးဆထက်မနည်းတက်လာသည်။ AK အဟောင်းသည် ပြင် သိန်း ၅၀ ဝန်ကျင်းဖြင့် မနည်းရှာရသည့် အခြေအနေဖြစ်လာသည်။ ထို့ပြင် ဘဏ်များတွင် ငွေထုတ် မရဖြစ်ခြင်း၊ ကိုဗစ်-၁၉ လှိုင်းတက်လာခြင်းတို့ကြောင့် လက်နက်အတွက် ရန်ပုံငွေရှာဖွယ်မှု ခက်ခဲစေ သည်။

မည်သို့ပြင်ဆိုစေ ကျန်တော်တို့အနေဖြင့် ဤတစ်ကြိမ်သည် “နောက်ဆုံးတော်လှန်ရေး၊ နောက်ဆုံး ကျည်ဆံ”ဟု သတ်မှတ်ထားပြီး အနုနည်းဖြင့် စစ်ကောင်စီကို အနိုင်ယူလို့မရတော့ဟု လက်ခံပါက၊ လူငယ်များ လက်နက်ကိုင်ရန် နောက်ဆံမတင်းသင့်ပေ။ ကိုဗစ်ကြောင့် ကျန်တော်တို့ တော်လှန်းရေး ခဏဆိုင်းထားမည်ဆိုလျှင် ထိုအချိန်အတွင်း စစ်ကောင်စီက နိုင်ငံတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ အမှတ်ပြည့်ယူသွားမည်။ ထိုအချိန်မှာ ပြည်သူများ စိတ်ဓတ်ကျ သွေးအေးသွားပြီး နောက်ထပ် တော်လှန်ရေးလှိုင်းပြန်ထရန် မဖြစ်နိုင်သလောက် ခဲယင်းလာတော့မည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်တွင်းစစ် မီးဟုန်တောက်ဖို့(full scale of civil war)အတွက် အချိန်ကိုက်ဖြစ်ရန် လက်ရှိတွင် အားလုံးက ဗမာပြည်မဘက် PDF လှုပ်ရှားမှုကို စောင့်ဆိုင်းနေရပါသည်။ တိုင်းရင်းသားဒေသများတွင် ရာစုနှစ်ထက်ဝက်ကျော် ယနေ့အထိ ပြည်တွင်းစစ် ဆင်နွဲမြဲဖြစ်ပါသည်။ လူများစုနှင့် ပြင်မကျောရိုးဖြစ်သော ဗမာပြည်မဘက်က စစ်ရှိန် မြှင့်ဖို့သာ အရေးကြီးပါသည်။ တစ်နည်း အားဖြင့် NUG မှ ကတိပြုထားသော ‘စစ်ပွဲခေါ်သံ’ကို နားစွင့်နေကြပါသည်။ စောင့်ဆိုင်းနေရင်း ကြားကာလမှ ကောလဟာလများ (ဉပမာ- ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင် ဆွေးနွေးမှုရှိသည် စသည်ဖြင့်) မျိုးစုံ ထွက်ပေါ်လာသည့်အတွက် တိုင်းရင်းသား စိတ်ဓတ် ဇဝီဇဝါဖြစ်သွားမှာ စိုးရိမ်ရပါသည်။

ဗမာပြည်မရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် PDF မှ တိုက်ခိုက်နေမှုများတော့ ရှိပါသည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းနှင့်  မကွေးတိုင်းအတွင်းရှိ PDF ၏ တိုက်ပွဲအရှိန်သည် အားရစရာ အလွန်ကောင်းပါသည်။ သို့သော် ပြည်မ မြို့ကြီးများတွင် စစ်ပွဲ ဆင်နွဲဖို့ လိုအပ်ပါသေးသည်။

အစကတည်းကပြင် NUG အနေဖြင့် စစ်ပွဲကို သြဂုတ်လလောက်မှာ စတင်ဖို့ ပြင်ဆင်နေသည်ဟု ခန့်မှန်း ကြပါသည်။ စက်တင်ဘာလ ဒုတိယအပတ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပရန်ရှိသည့် အတွက် ယင်းမတိုင်ခင်မှာ အင်အားအပြည့်ဖြင့် မြေပြန့်(မြို့ပြ)မှာ NUG PDF က အစွမ်းပြဖို့လိုအပ်ပါ သည်။

တကယ်လည်း လက်ရှိတွင် NUG PDF ၏ စစ်အင်အားသည် စစ်ပွဲစတင်ဆင်နွဲရန် လုံလောက်မှုရှိပါပြီ။ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံးသည် စစ်အင်အား ထောင်ဂဏန်း မပြည့်ခင် ကတည်း က စစ်ပွဲကို စတင်ခဲ့ကြသည်ချဉ်းဖြစ်ပါသည်။ တပ်အင်အား သိန်းသောင်းရှိမှ စတင်ရန်မဟုတ်ပေ။ CNF ဆိုလျှင် တိုက်ပွဲကြောင့် တပ်အင်အား တိုးလာသည်ကို တွေ့ရမည်။ NUG လည်း တိုက်ပွဲ ဆင်နွေးမှ တပ်အင်အား တိုးလာမည်မှာ မုချဧည့်ကန်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူဉီးရေ သိန်း ၅၄၀ ရှိရာ ဗမာလူဉီးရေကို ၆၀ ရာခိုင်နှုန်းဖြင့်တွက်လျှင် သိန်း ၃၂၄ ရှိသည်။ Paung Sie Facility ၏ စာတမ်းအရ မြန်မာနိုင်ငံတွင် အသက် ၁၅ မှ ၃၅ ကြား လူဉီးရေသည် တိုင်းပြည် လူဉီးရေ၏ ၃၃ ရာခိုင်နှန်းခန့်ရှိသည်ဟု သိရသည်။ ယင်းအညွန်းကိန်းအရဆိုလျှင် ဗမာလူငယ် သည် သိန်း ၁၀၀ ထက်မနည်းရှိပြီး လူငယ် (ယောကျား) လူဉီးရေ သိန်း ၅၀ ခန့်ဟု ဆိုရမည်။ ဗမာလူငယ်(ကျား) တစ်သိန်းက လက်နက်ကိုင် (PDF ပူးပေါင်း)လျှင်ပြင် လူဉီးရေ၏ ၂ ရာခိုင်နှုန်းသာ ရှိပါမည်။

နှိုင်းယဉ်ချက်အရ ချင်းပြည်နယ်မှာ လူဉီးရေ ငါးသိန်းခွဲရှိသည်။ လူငယ် ၁၈၀,၀၀၀ ခန့်ရှိပါသည်။ လူငယ်(ယောကျား) ၈ သောင်းကျော် ဆိုပါစို့။ လက်ရှိ CNF နှင့် CDF အားလုံးပေါင်းသည် ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ရှိပါသည်။ ယင်းအညွန်းကိန်းအရဆိုလျှင် ချင်းပြည်နယ်မှာ လူငယ်(ကျား) ၁၀ ရာခိုင်နှုန်းနီးပါး CNF/CDF တွင် ပူးပေါင်းပါဝင်သည်ဟု ခန့်မှန်းရသည်။ ဝ(UWSA) ဆိုလျှင် ၅၀ ရာခိုင်နှုန်းခန့်ပြင် ရှိနိုင်သည်။

ဗမာလူငယ်(ကျား) ၁ ရာခိုင်နှုန်းက လက်နက်ကိုင်လျှင်ပြင် PDF အင်အား ၅ သောင်းရှိပါမည်။ ယခု PDF တစ်သောင်း ဆိုသည်မှာ ဗမာလူငယ်(ကျား)၏ သုညဒသမ မျှသာ ရှိပါသေးသည်။ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လက်နက်ကိုင်ကြသည် တိုင်းရင်းသားလူငယ်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါး သေးသည်။

လက်ရှိ အာဖကန်နစတန်နိုင်ငံ၏ တာလီဘန်သူပုန်သည် အင်အား ၇ သောင်းခန့်ရှိသည်။ အာဖကန် အစိုးရစစ်တပ်ထက် သုံးဆ နည်းပါသည်။ သို့သော် တာလီဘန်တပ်က နိုင်ငံတော်၏ ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာသည့်အပြင် ဤနှစ်မကုန်ခင် တာလီဘန်က တစ်ပြည်လုံး သိမ်းပိတ်နိုင်သည်ဟု ကျွမ်းကျင်သူတစ်ချို့က သုံးသပ်ထားပါသည်။

ဆိုလိုသည်မှာ ကျန်တော်တို့လည်း စစ်ကောင်စီကို အသာစီးရရန် အလားအလာ လုံးဝရှိပါသည်။ ကျန်တော်တို့က စစ်ကောင်စီတပ်အားလုံးကို နှိမ်နှင်းချေမှုန်းရန် မလိုအပ်ပါ။ စစ်ကောင်စီ၏ ယန္တာရား ရပ်တန့်သွားအောင် လုပ်ဖို့သာ လိုအပ်ပါသည်။ ယင်းအတွက် စစ်ကောင်စီတပ်ထက် လက်နက်လူသူ အင်အား ပိုများဖို့မလိုအပ်ပါ။ ပြည်သူသန်း ၅၀ ကျော်သည် ကျန်တော်တို့ကို ဝိုင်းရံမည့် ပြည်သူ့စစ် (Paramilitary) သို့မဟုတ် အရန်အင်အား ဖြစ်ပါသည်။

ထို့ကြောင့် ကိုဗစ်ကပ်ဘေး မည်ကဲ့သို့ပြင် ဆိုးရွားစေကာမူ နှစ်ပေါင်း ၅၀ ကျော် အနိုင်ကျင့်လာသည့် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ယခုသည် အကောင်းဆုံး အခွင့်အရေး (နောက်ထပ် မလာတော့မည့် အခွင့်အရေး) ဖြစ်သည်အတွက် လူငယ်များ သွေးမအေးခင် NUG/PDF က ပျောက်ကျားတိုက်ပွဲနှင့် မြို့ပြတိုက်ပွဲတို့ကို စတင် ဆင်နွေးသင့်ပါပြီ။ ယင်းတိုက်ပွဲခေါ်သံနှင့်အတူ ဗမာ လူငယ်များ PDF စစ်တပ် သို့ အလုံးအရင်းဖြင့် ဝင်ရောက်သင့်ပါပြီ။

 

ဆလိုင်းထောင်း