• Today is: Tuesday, March 19, 2024

ရွေးကောက်ပွဲမကျင်းပနိုင်သည့် တိုင်းရင်းသားဒေသမဲဆန္ဒနယ်မြေများစာရင်း

Zawgyi



Unicode

၂၀၂၀-ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သည့်နယ်မြေများကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေအများစုမှာ တိုင်းရင်းသားပြည်နယ်ဒေသများဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် (၉) နေရာ၊ အမျိုးသားလွှတ်တော် (၈)နေရာ၊ ပြည်နယ်လွှတ်တော် (၂၀)နေရာ၊ ရှမ်းပြည်နယ်တွင် ပြည်သူ့လွှတ်တော် (၆)နေရာ၊ အမျိုးသားလွှတ်တော်(၃)နေရာ၊ ပြည်နယ်လွှတ်တော် (၁၂)နေရာ ရွေးကောက်ပွဲမပြုလုပ်နိုင်သောကြောင့် ကိုယ်စားလှယ်အမတ်နေရာ ဆုံးရှုံးပါသည်။

စုစုပေါင်း ပြည်သူ့လွှတ်တော် (၁၅)နေရာ၊ အမျိုးသားလွှတ်တော် (၁၁)နေရာ၊ ပြည်နယ်လွှတ်တော် (၃၂)နေရာ၊ စုစုပေါင်း ကိုယ်စားလှယ်နေရာ (၅၈)နေရာဆုံးရှုံးပါသည်။
ရွေးကောက်ပွဲမကျင်းပနိုင်သည့်တိုင်းရင်းသားနယ်မြေများ၏ ဆုံးရှုံးသွားသောမဲဆန္ဒနယ်မြေများကို စုစည်းတင်ပြလိုက်ပါသည်။