• Today is: Friday, March 29, 2024

လမ်းဆုံးမှာရပ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးမရတဲ့နေရာဟာ နေပြည်တော်ကောင်စီနယ်မြေမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ ငြိမ်းချမ်းရေးမရသေး တဲ့နေရာဟာ တိုင်းရင်းသားတွေနေထိုင်တဲ့ ပြည်နယ်ဒေသတွပဲဖစ်ပါ တယ်။ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးညီလာခံမလုပ် ဘဲနဲ့ နေပြည်တော်မှာပဲ လုပ်နေတာ ဟာ ငြိမ်းချမ်း ရေးခရီးကို နှေင့်နှေးစေနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချို့နေရာတွေမှာ Peace Talk ငြိမ်း ချမ်းရေးစကားဝိုင်း လုပ်တာ (၇)ကြိမ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်တဲ့နေရာတွေလည်း သေနတ်သံတွေ၊ မြောက်သံ တွေဖုံးလွှမ်းတဲ့ ဒေသမဟုတ်ပါဘူး။ တိုင်ပွဲဖြစ်တဲ့ဒေသမှာ ငြိမ်း ချမ်းရေး စကားဝိုင်း မလုပ်ဘဲနဲ့ တိုက်ပွဲမဖြစ် တဲ့ဒေသမှာ ငြိမ်းချမ်းရေး စကားဝိုင်းပြုလုပ်နေတာဟာ လူနာမရှိ တဲ့အိမ်မှာ ဆရာဝန်ခေါ်လာတာနဲ့ အတူတူ ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “Peace Talk ဆိုတာကို တကယ်ရည်ရွယ်ပြီး လုပ်ချင်တယ်ဆိုရင် မငြိမ်းချမ်းတဲ့၊ စစ်ဘေးဒဏ် ခံရတဲ့ဒေသတွေ ရွေးချယ်ပြီးပြုလုပ်သင့် တာပေါ့ဗျာ” လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူအချို့က ငြိမ်းချမ်းရေးစကားဝိုင်းဆိုပေမဲ့ အမှန်တကယ်တော့ ငြိမ်းချမ်းရေး အကြောင်းကို ဗဟိုပြုပြီးဆွေးနွေး တာမျိုးမတွေ့ရဘူးလို့ ထောက်ပြပြောဆိုကြတယ်။ နိုင်ငံတော် အဆင့် ငြိမ်းချမ်းရေးညီလာခံကျင်းပတာဟာ ခမ်းနားထည်ဝါတဲ့ လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာပွဲ တစ်ခု ကျင်းပ တာနဲ့အတူတူပဲဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကျင်းပဖိ့ဆိုရင် သတို့သားနဲ့ သတို့ သမီးနှစ်ဦး ကြားမှာ ခိုင်မြဲတဲ့ သစ္စာ၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပေါင်းကူးတံတားတစ်ခု မဖြစ်မနေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အထင်ကြီးလေးစားမှုရရှိဖို့ တစ်ခုတည်းကို သာရည် ရွယ်ပြီး၊ မင်္ဂလာပွဲကို ကျင်းပမယ်ဆိုရင် သတို့သားနဲ့ သတို့သမီးနှစ် ဦးရဲ့ အနာဂတ်ကမ္ဘာဟာ ဘယ်သောအခါမှ သာယာပျော်ရွှင် နိုင်မှာမဟုတ်သလို၊ သူတို့နှစ်ဦးရဲ့အချစ်ခရီးဟာလည်း ဘယ်သောအခါမှ ဖြောင့်ဖြူးနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုပဲ နိုင်ငံတော်အဆင့် ပြည်ထေင်စုငြိမ်း ချမ်းရေးညီလာခံကို ကျင်းပချင်တယ်ဆိုရင် တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စား လှယ်များနဲ့ ပြည်ထောင်စုအစိုးရကြား ခိုင်မာတဲ့မေတ္တာ တံတား တစ်ခုတည်ဆောက်ပြီးမှသာ ကျင်းပ သင့်ပါတယ်။

နိုင်ငံတကာရဲ့ ယုံကြည်မှု၊ အထင်ကြီးလေးစားမှုရရှိဖို့ တစ်ခုတည်းကိုရည်ရွယ်ပြီး ညီလာခံကို ကျင်းပ မယ်ဆိုရင် စစ်ပြေးဒုက္ခသည် တွေနေရပ်ပြန်နိုင်မှာမဟုတ်သလို သေနတ်သံတွေလည်း ဆက်ပြီး ကြားနေရမှာဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ပေါ်ပေါက်လာ တာဟာ မြန်မာ့တပ်မတော်နဲ့ မြန်မာ အစိုးရကို အလိုမရှိလို့မဟုတ်ပါဘူး။ တစ်ချိန်တုန်းက တိုင်းရင်းသားလူမျိုးစုတွေဟာ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ရဲ့ အခွင့်အရေးအောက်မှာ ဂုဏ်သိက္ခာရှိရှိ လွတ်လပ်စွာနေလာခဲ့ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ အဲဒီ အခွင့်အရေးတွေ နောက်ထပ်ဆုံးရှုံးမှုမရှိဖို့ မဖြစ်မနေလက်နက်ကိုင်နေရတာပါ။ တစ်ချိန်တုန်းက ကရင်နီ ပြည်နယ်ဟာ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအောက်မှာမနေရဘဲ သီးခြားလွတ်လပ်စွာ တည်ရှိနေတဲ့ ပြည်နယ်တစ်ခုဖြစ်သလို၊ တစ်ချိန်တုန်းက ‘ဝ’ တိုင်းရင်းသား လူမျိုးစုတွေ ဟာလည်း ဘယ်လူမျိုးကွဲတွေနဲ့မှ ရောရောနှောနှောနေထိုင်ခဲ့ကြတာမျိုးမရှိဘဲ သီးခြား တစ်စုတစ်စည်း တည်းနေထိုင်ခဲ့ကြတဲ့ လူမျိုး စုဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ တစ်ချိန်က ဘဝ အခြေအနေမျိုး ပြန်လည် ရောက်ရှိနိုင်အောင် ကူညီလုပ် ဆောင်ပေးတာထက် ငြိမ်းချမ်းတာဘယ် အရာမှ မရှိပါဘူး။ တိုင်းရင်းသားတွေရဲ့ ရည်ရွယ်ချက်ပေါက် မြောက်ဖို့၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒပြည့်ဝဖို့တစ်ခု တည်းသော နည်းလမ်းကတော့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားတို့အကြား မေတ္တာပေါင်းကူးတံတား တည်ဆောက်ဖို့ပဲ ဖြစ်ပါတယ်။

၂၁- ရာစု ပင်လုံညီလာခံမှာ သဘောတူညီချက်တွေတော်တော်များများရရှိခဲ့ပေမဲ့ အဲ့ဒီသဘောတူ ညီချက်တွေကို ဘယ်နေ့၊ ဘယ်ရက်မှာ အကောင်အထည်ဖော်မယ်ဆိုတာ မပါရှိခဲ့ပြန်ပါဘူး။ သဘော တူညီချက်တွေကို အကောင်အထည်ဖော်မယ့် နေ့ရက်တွေ မသတ်မှတ်နိုင်တာကို ကြည့်လိုက်မယ် ဆိုရင် ညီလာခံဟာ ချစ်ခြင်းမေတ္တာကို အခြေခံမှုအားနည်းနေတယ်ဆိုတာ သိသာထင်ရှားနေပါ တယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍအပေါ် မြန်မာ့နိုင်ငံရေးလေ့လာ သူ အချို့ရဲ့ ဝေဖန်ပြောဆိုသံတွေ လည်း ထွက်ပေါ်လာတောကို ကြားသိရပါတယ်။

“တရုတ်ပြည်၏ အခန်းကဏ္ဍသည် ရိုးစင်းမှုမရှိသလို၊ အမြဲတမ်းလည်း တည်ကြည်မှုမရှိပေ”ဆိုပြီး ဆောင်းပါးရှင် ချစ်မြိုင်ရဲ့ “မြန်မာ့ စစ်ပွဲများနဲ့ တရုတ်ပြည်၏ ပါဝင်ပတ်သက်မှု”ဆောင်ပါးမှာ ရေးသား ဖော်ပြထားတာတွေ့ရပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြည်ထောင်စုအစိုးရကြား ချစ်ခင်ရင်းနှီးမှု ကို တည်ဆောက်နိုင်မှသာ မြန်မာငြိမ်းချမ်းရေးအပေါ် တရုတ်ပြည်ရဲ့ အခန်းကဏ္ဍဟာ ရိုးစင်းမှု ရှိလာ မှာဖြစ် သလို အမြဲတမ်းလည်း တည်ကြည်လာမှာဖြစ်ပါတယ်။

ဒီကနေ့ ဒီနေ့ဒီအချိန်အထိ ရခိုင်အရေးကို ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ အဓိက အကြောင်းအရင်း ကတော့ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်တိုင်းရင်းသားများအကြား ချစ်ကြည် ရင်းနှီးမှုကို မတည်ဆောက် နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အစကတည်းက ရခိုင်ပြည်နယ်အစိုးရနဲ့ ရခိုင်ဒေသခံ တိုင်းရင်းသားများ အကြား ခိုင်မြဲတဲ့ယုံကြည်မှုကို တည်ဆောက်မယ်ဆိုရင် ရခိုင်ပြည်နယ် ပြဿနာက ဒီလောက်ကြီးကြီးမား မားဖြစ်လာနိုင် စရာအကြောင်းမရှိပါဘူး။ ရခိုင်အရေးနဲ့ပတ်သက်လို့ ဒေသခံ တိုင်းရင်း သားတွေရဲ့ ဆန္ဒကို အလေးထားဦးစားပေးမှုအားနည်းနေသရွေ့ လက်ရှိအငြင်းပွားနေကြ တဲ့ကော် မရှင်ပြဿနာကို လည်း ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲနေဦးမှာပါ။ ကော်မရှင်ဖွဲ့စည်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာအစိုးရပေါ် နိုင်ငံတကာရဲ့ သံသယတွေ လျော့နည်းပပျောက်စေဖို့ပဲဖြစ် ပါတယ်။ နိုင်ငံ တကာရဲ့ သံသယတွေ လျော့နည်းပပျောက်သွားသည့်တိုင် ရခိုင်ပြဿနာကို ပြေလည် အောင် ဖြေရှင်းနိုင် မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာ ပုဂ္ဂိုလ်ထက် အရေး ကြီးတာက ရခိုင်ဒေသက ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။ မြန်မာအစိုးရအပေါ် ရခိုင်တိုင်းရင်းသားတွေရဲ့ သံသယတွေ လျော့နည်း ပပျောက်မှသာ ရခိုင်ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်မှာဖြစ်သလို ငြိမ်းချမ်းရေး တည်ဆောက် တဲ့အခါ များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးခရီးလမ်း တစ်လျှောက် မှာပါ ဝင်ပြီး ဦးဆောင်ဦးရွက်ပြုနေကြတဲ့ တာဝန်ရှိအဖွဲ့အစည်းများ၊ ခေါင်းဆောင်များလိုက်နာ ကျင့်သုံးနိုင် ပါစေကြောင်း အကျဉ်းချုပ်ဖော်ပြလိုက်ရပါတယ်။

ဘိုထီး(ငွေတောင်ပြည်)