• Today is: Friday, March 29, 2024

လူထုအရေးတော်ပုံ အောင်မြင်ရေးနှင့် ဖက်ဒရယ်တပ်မတော် တည်ထောင်ရေး

unicode

ဆလိုင်း ထောင်း

CRPH က စစ်ကောင်စီ(နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ)ကို အကြမ်းဖက် အကြမ်းဖက်အုပ်စု အဖြစ် မတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့သည်။ အလားတူ ၎င်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့ အဖြစ်မှဖြစ်စေ၊ မတရားသင်းအဖြစ်မှဖြစ်စေ ဖယ်ဖျက် ကြောင်း ကြေညာလိုက်သည်။ ထို့ပြင် သူက ‘ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်’ တည်ထောင်နိုင်ရေး တိုင်းရင်းသားများနှင့် ညှိနှိုင်းကြောင်း သိရသည်။ တဖန် CRPH/NLDက ဧပြီလဆန်း(သန်းဘက်ခါ)တွင် အမျိုးသားညီညွတ်ရေးအစိုးရခေါ် ကြားဖြတ်အစိုးရ(Interim Government) ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ယာယီခြေ-ဥသစ် ချာတာ(Charter)ဖြင့် အုပ်ချုပ်မှုစနစ်သစ်ကို အစားထိုးသွားမည်ဟု သိရသည်။

ဤနေရာမှာ ပြည်သူတစ်ရပ်လုံး စိတ်ဝင်စားသည်မှာ CRPH/NLD က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်က မည်သည့် တပ်မတော်ကို အသုံးပြုမည်နည်း ဆိုသည့်အချက်ဖြစ်ပါသည်။ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားမှုသည် လက်ရှိမြန်မာ့တပ်မတော်တစ်ခုလုံးကို လွှမ်းခြုံထား သလား။ မြန်မာ့တပ်မတော်တစ်ခုလုံးကို အကြမ်းဖက်ဟု ယူဆရပြီလော။ ဖက်ဒရယ်တပ်မတော်ကို မည်ကဲ့သို့ဖွဲ့စည်းမည်နည်း။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ပညာသင်ယူလျက်ရှိသော လက်ရှိဗမာလူငယ်များနှင့် စစ်ကောင်စီအောက်က တပ်ဖွဲ့များထဲက အရပ်သားအစိုးရထံ ပူးပေါင်းပါဝင် သူများနှင့် ပေါင်းစပ်ဖွဲ့စည်းမှာလော။

တိုင်းရင်းသားများ အစဥ်တစ်စိုက် တောင်းဆိုခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (Federal Union Army) ဆိုသည်မှာ အဘယ်နည်း။ CRPH ၏ လိုလားချက်ကရော အဘယ်နည်း။ ဖွဲ့စည်းလာမည့် ဖက်ဒရယ်တပ်မတော်က စစ်ကောင်စီတော်လှန်ဖို့နှင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအတွက် မည်ကဲ့သို့ အကျိုးပြုမည်နည်း၊ ယခုကဲ့သို့ တည်ထောင်လိုက်ခြင်း အားဖြင့် မည်သည့်အားသာချက်၊ အားနည်းချက်များ ရှိနိုင်မည်နည်း စသည်တို့ကို ဥာဏ်မှီသ‌လောက် မျှဝေသုံးသပ်ပါမည်။

တိုင်းရင်းသားများ တောင်းဆိုခဲ့သော ဖက်ဒရယ်တပ်မတော်(FUA)

တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်(Federal Union Army) ထူထောင်ရေးကို အစဥ်တစ်စိုက်တောင်းဆိုခဲ့ကြပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း များနှင့် တိုင်းရင်းသား အင်အားစုအများစု ပါဝင်သည့် FCDCC က ရေးဆွဲခဲ့ကြသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈) ပုဒ်မ- ၁၅၆ ပုဒ်မခွဲ(င)နှင့် ၁၅၉အရ ဖက်ဒရယ်တပ်မတော်ကို  “ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအားလုံးက အချိုးတူဖြင့် ဖွဲ့စည်းရန်” ပြဌန်းထားသည်။ တိုင်းရင်းသားလက်နက်ကိုင်များမှ ဖွဲ့စည်းခဲ့သည့် UNFC တပ်ပေါင်းစုက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၀၁၇)သို့ တင်ပြခဲ့သည့် စာတမ်းတွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် သည် “ပြည်ထောင်စုတပ်နှင့် ပြည်နယ်တပ်များဖြင့် ဖွဲ့စည်းရမည်”ဟု ပါရှိသည်။ ၎င်းပြည်ထောင်စုတပ်ကို “ပြည်နယ်များမှ အချိုးကျ စေလွှတ်တော်တပ်များ ဖြင့် ဖွဲ့စည်းမည်”ဟု ပြဌာန်းထားသည်။

FCDCC မူနှင့် UNFC မူတို့သည် ‌အခြေခံအားဖြင့် တူညီသည်ဟု ဆိုနိုင်ပါသည်။ ပြန်နယ်များက အချိုးကျဖြင့် စေလွှတ်သည့် ပြည်ထောင်စု(ဖက်ဒရယ်)တပ်မတော် ဖွဲ့စည်းသည့် ဖော်မြူလာ ဖြစ်ပါသည်။ ကွာခြားမှုတစ်ခုသည် UNFC မူတွင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို ပြည်နယ်အသီးသီးက ကိုယ်ပိုင်ဖွဲ့စည်းထားသည့် ပြည်နယ်တပ်များနှင့် ပြန်နယ်များက အချိုးကျစေလွှတ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ်ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး FCDCC မူတွင်ပြည်နယ်လုံခြုံရေးတပ်ဖွဲ့သည် FUA နှင့် ပေါင်းစပ်မှုမရှိဘဲ သီးခြားဖြစ်ပြီး မဖြစ်မနေဖွဲ့စည်းရမည့် တပ်အဖြစ် သတ်မှတ်ခြင်းမရှိခြေ။

CRPH ၏ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် စဥ်းစားချက်

CRPH က “မိမိကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် လုပ်ငန်းစဉ် (၁၂/၂၀၂၁)”ကို ကြေညာချက် အမှတ် (၁၂/၂၀၂၁)ဖြင့် ထုတ်ပြန်ရာတွင် “ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်ဖွဲ့စည်း နိုင်ရေးကို အထောက်အကူပြုနိုင်ရေး ရည်မှန်းလျက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်”ဟု ရှင်းလင်း ထားပါသည်။ တဖန် CRPH နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖက်ဒရယ်တပ်မတော် တည်ထောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးလျက်ရှိကြောင်း ပြောလာပါသည်။

CRPH တာဝန်ရှိသူများ၏ ရှင်းလင်းချက်အရ ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် “ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက် နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ် ကြောင်း” သိရှိရသည်။ လွန်ခဲ့သည့် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစု ပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့် မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် စသည်ဖြင့် ရှင်းလင်းထားပါသည်။

CRPH ဝန်ကြီးက ထိုအတွက် ၈၀ ရာခိုင်နှုန်း ညှိနှိုင်းပြီးပြီဟု ပြောဆိုသော်လည်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက ဖက်ဒရယ်တပ်မတော်ပိုင်း သိပ်မဆွေးနွေးသေးကြောင်း ပြန်ပြောလာ ကြသည်။ နောက်ပိုင်းတွင် CRPH ခေါင်းဆောင်များက ‘အနာဂတ် ဖက်ဒရယ် တပ်မ‌တော်’ ဟု အနာဂတ် ဆိုသည့်စကားလုံးကို ထည့်ပြောလာပါသည်။ ထို့ကြောင့် ဖက်ဒရယ်တပ်မတော်သည် လူထုမျှော်လင့် သကဲ့သို့ စစ်ကောင်စီ ဖြုတ်ချရေး အတွက် ချက်ချင်းဖွဲ့စည်းရမည့်အရာမဟုတ်ဘဲ အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေး၏ အစိတ်အပိုင်းကို ရည်ညွန်းနေသလော ဇဝီဇဝါ ဖြစ်လာပါသည်။ ထို့ကြောင့် KIA လက်အောက်က ဖွဲ့စည်းသည့် Legal Aid Network က လူထုကို ရှင်းရှင်းလင်းလင်း ချပြရန် CRPH ကို ကြေညာချက်ဖြင့် တောင်းဆိုခဲ့သည်။

ထို့ပြင် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သွေးထွက်သံယိုဖြစ်မည့် လက်နက်ကိုင် လမ်းစဉ်နှင့် နိုင်ငံရေးရလိုမှု တောင်းဆိုခြင်းကို လက်မခံ‌ကြောင်း အကြိမ်ကြိမ် ပြောဆို ထားတာကြောင့် “CRPH အနေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ကို ချိုးဖောက်ပြီး လက်နက်ကိုင် တိုက်ခိုက်မှုမှာ ဦးဆောင်လာမလား ဆိုတာကလည်း မရှင်းလင်းလှပါဘူး”ဟု ဧရာဝတီ သတင်းဌာနက ထောက်ပြခဲ့သည်။

မည်သို့ပြင်ဆိုစေ လူထု၏ တောင်းဆိုမှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ လူမဆန်စွာ အကြမ်းဖက် လာမှု ကြောင့် CRPH အနေဖြင့် ဖက်ဒရယ်တပ်မတော်နှင့်အတူ စစ်ကောင်စီကို အပြတ်ချေမှုန်းလို သည်မှာ သိသာထင်ရှား ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းမှုအောင်မြင်မလော၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် အကြမ်းမဖက်မူကို လွန်ဆန်နိုင်မလော ဆိုသည့်အချက်ကိုမူ စဉ် စားစရာဖြစ်လာသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ညှိနှိုင်းရာတွင်

CRPH က ဖက်ဒရယ်တပ်မတော်ကို စစ်ကောင်စီကျဆုံးရေး အတွက် ဆေးတစ်ခွက်ကဲ့သို့ အသုံးပြုလိုသည့် အချိန်မှာ တိုင်းရင်းသားများက ရေရှည်နိုင်ငံရေးနှင့်လုံခြုံရေး အာမခံချက်အတွက် ရည်ရွယ်ထားပါသည်။ သို့သော် ၎င်းမတူညီသော အကျိုးစီးပွားနှစ်ခုသည် ညှိလို့မရသော ကွဲလွဲမှုဟုတ်ဘဲ အပြန်အလှန် အကျိုးပြုသည့် အခင်းအကျင်း(win-win situation)ဖြစ်အောင် ဖန်တီးတည်ဆောက်လို့ရ ပါသည်။

ပထမချက်အနေဖြင့် ‘မူ’ပိုင်းကို ဦးစွာ ညှိနှိုင်းရပါလိမ့်မည်။ အထက်က တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုင်ရာ အချက်များ အပါအဝင် အကျေအလည် ညှိနှိုင်း သဘောတူညီမှု ရယူရပါလိမ့်မည်။ ဤနေရာမှာ တပ်မတော်ကဣ တစ်ခုတည်းမဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့ ဆိုင်ရာ အခြားအဖွဲ့များ ဖြစ်သည့် ရဲနှင့် ထောက်လှန်းရေးအဖွဲ့ စသည်တို့လည်း ပါဝင်ရမည်။

ဒုတိယအဆင့် သို့မဟုတ် အပြန်အလှန်အားဖြင့် စစ်ကောင်စီအဖွဲ့ ဆန့်ကျင်တော်လှန်ရေး အတွက် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအနေဖြင့် ဖက်ဒရေးတစ်တပ်ပေါင်းစု အသွင်ဖြင့် မည်ကဲ့သို့ပူးပေါင်း တိုက်ခိုက်မည် ဆိုသည့်အပိုင်းကို နည်းလမ်းရှာဖွယ်ရပါလိမ့်မည်။ ယင်းကို ကနဦး လက်တွေ့ အကောင်အထည် ဖော်ဆောင်ရမည့်အပိုင်းအဖြစ် သတ်မှတ်နိုင်ပါသည်။

အမှန် UNFC အနေဖြင့် ၂၀၁၄ ခုနှစ်ကတည်းက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA)ကို ကိုယ်စီလက်နက်ကိုင်တပ်ဖွဲ့များ အချိုးတစ်ခုစီဖြင့် ဖွဲ့စည်းတည်ထောင် ခဲ့ကြသေးရာ အသစ် အဆန်း မဟုတ် ဟုဆိုနိုင်ပါသည်။ အဆိုပါမိုဒဲလ်ကို ပြန်လည်အသက်သွင်းလည်းရပါသည်။ စစ်ဗျူဟာသည် အမျိုးစုံရှိလေရာ အရေးကြီးဆုံးအချက်မှာ ပူးပေါင်းတိုက်ခိုက်ခြင်း (coordinated attack) ဆိုသည့် အချက်ဖြစ်ပါသည်။

ပြတ်သားသည့် ကြားဖြတ်အစိုးရဖြစ်ဖို့လို

အထက်တွင် ဖော်ပြပြီးသည့်အတိုင်း မကြာခင် ပေါ်ပေါက်လာမည့် ကြားဖြတ်အစိုးရအနေဖြင့် တပ်မတော် တစ်ရပ် ထားရှိမလား သို့မဟုတ် ထားရှိဖို့ ကြိုးပမ်းမှာလား ဆိုသည်မှာ အင်မတန် အရေးကြီး လာပါသည်။ တပ်မတော် မထားရှိသည့် အစိုးရဖြစ်ပါက ရေရှည်မှာ ၁၉၉၀ တုန်းက ညွန့်ပေါင်းအစိုးရ (NCGUB) ကဲ့သို့ ဇတ်သိမ်း သွားနိုင်သည်ကိုလည်း သတိချက်သင့်ပါသည်။

ထို့ကြောင့် ပထမဆုံးအနေဖြင့် CRPH/NLD အစိုးရနေအဖြင့် စစ်ကောင်စီအောက်မှာရှိသော မြန်မာ့တပ်မတော်ကို သူဖွဲ့စည်းလာသည့် တရားဝင်ပြည်သူ့အစိုးရမှာ ပူးပေါင်းပါဝင်ရန် ချက်ချင်း အမိန့်ထုတ် ကြေညာသင့်သည်။ ထိုသို့မပူးပေါင်းဘဲ စစ်ကောင်စီအောက်မှာ ဆက်လက်  တာဝန်ထမ်း ဆောင်သူများကို စစ်ကောင်စီနှင့်အတူ အကြမ်းဖက်အဖွဲဝင်များအဖြစ် အလိုအလျောက် ပါဝင်မည်ဖြစ် ကြောင်းကိုလည်း အတိအလင်း ထည့်သွင်းကြေညာသင့်သည်။

တစ်ပြိုင်တည်းမှာပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်သည့် ဖက်ဒရယ်ပြည် ထောင်စု တပ်မတော်ကို ဖွဲ့စည်းတည်ထောင်ထားကြောင်းနှင့် ၎င်းကို အရပ်သားအစိုးရ၏ တရားဝင် တပ်မတော် ဖြစ်ကြောင်း ချက်ခြင်း ကြေညာသင့်သည်။ ထိုသို့မကြေညာထားပါက ဖွဲ့စည်းလာမည့် ဖက်ဒရယ်တပ်မတော်နှင့် စစ်ကောင်စီ ဦးဆောင်သော တပ်မတော်အကြား ပြစ်ခပ်တိုက်ခိုက်မှုရှိလာ သည့်အချိန်မှာ တရားဝင်မှုပိုင်းမှာ ရှုပ်ထွေးမှုရှိလာမှာ ဖြစ်သည်။

အဆိုပါ FUA ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူထားသော မူများဖြင့် ဖွဲ့စည်းပြီး ကြားဖြတ်အစိုးရနှင့်အတူ ပေါ်ပေါက်လာမည့် ခြေ-ဥ(Charter)ထဲမှာ ထည့်သွင်းအာမခံသင့် ပါသည်။

ဥပမာအားဖြင့် ဗမာပြည်မခွဲတမ်းအတွက် လက်ရှိ မြန်မာ့တပ်မတော်ဘက်က ချက်ချင်း တာဝန် ယူနိုင်ခြင်း မရှိသေးလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့မဟုတ် လတ်တလောတွင် ရေတိုစစ်သင်တန်း တက်ရောက်နေကြသော ဗမာလူငယ်များ သို့မဟုတ် သူတို့ ပေါင်းစပ် ဖွဲ့စည်းမှုဖြင့် တာဝန်ယူဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆပါသည်။

တစ်နည်းဆိုသော် ဖွဲ့စည်းလာလတ္တံ့သော အရပ်သား ပြည်ထောင်စု အစိုးရသည် တိုင်းပြည်ကို လက်နက်ဖြင့်ကာကွယ်ရန် တာဝန်ရှိသည့်အတွက် လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းခြင်းသည် တရားဝင် ဖြစ်ပြီး တွန့်ဆုတ်ဝန်လေးစရာ မလိုအပ်ပေ။ အထူးသဖြင့် ယင်းအစိုးရက အကြမ်းဖက်အဖြစ် သတ်မှတ် လိုက်သည့် အဖွဲ့များကို လိုအပ်လျှင် လက်နက်အင်အားဖြင့် တိုက်ခိုက်ရန် တာဝန်ရှိသည်။ ထိုသို့ မဟုတ် ဘဲ အကြမ်းမဖက် (non-violence) နည်းလမ်းတစ်ခုတည်းကိုပဲ ကျင့်သုံးရန် တရားသေမူ ဆက်လက် ကိုင်စွဲထားပါက နောက်ထပ် NCGUB ဖြစ်သွားနိုင်ခြေ များပါလိမ့်မည်။ ။ ။

zawgyi

လူထုအေရးေတာ္ပုံ ေအာင္ျမင္ေရးႏွင့္ ဖက္ဒရယ္တပ္မေတာ္ တည္ေထာင္ေရး

ဆလိုင္း ေထာင္း

CRPH က စစ္ေကာင္စီ(ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးေကာင္စီ)ကို အၾကမ္းဖက္ အၾကမ္းဖက္အုပ္စု အျဖစ္ မတ္လ ၁ ရက္ေန႔မွာ ေၾကညာခဲ့သည္။ အလားတူ ၎က တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အားလုံးကို အၾကမ္းဖက္အဖြဲ႕ အျဖစ္မွျဖစ္ေစ၊ မတရားသင္းအျဖစ္မွျဖစ္ေစ ဖယ္ဖ်က္ ေၾကာင္း ေၾကညာလိုက္သည္။ ထို႔ျပင္ သူက ‘ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္’ တည္ေထာင္ႏိုင္ေရး တိုင္းရင္းသားမ်ားႏွင့္ ညႇိႏႈိင္းေၾကာင္း သိရသည္။ တဖန္ CRPH/NLDက ဧၿပီလဆန္း(သန္းဘက္ခါ)တြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရေခၚ ၾကားျဖတ္အစိုးရ(Interim Government) ေၾကညာၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္း၍ ယာယီေျခ-ဥသစ္ ခ်ာတာ(Charter)ျဖင့္ အုပ္ခ်ဳပ္မႈစနစ္သစ္ကို အစားထိုးသြားမည္ဟု သိရသည္။

ဤေနရာမွာ ျပည္သူတစ္ရပ္လုံး စိတ္ဝင္စားသည္မွာ CRPH/NLD က ဦးေဆာင္ဖြဲ႕စည္းမည့္ အစိုးရသစ္က မည္သည့္ တပ္မေတာ္ကို အသုံးျပဳမည္နည္း ဆိုသည့္အခ်က္ျဖစ္ပါသည္။ စစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႕အျဖစ္ သတ္မွတ္ထားမႈသည္ လက္ရွိျမန္မာ့တပ္မေတာ္တစ္ခုလုံးကို လႊမ္းၿခဳံထား သလား။ ျမန္မာ့တပ္မေတာ္တစ္ခုလုံးကို အၾကမ္းဖက္ဟု ယူဆရၿပီေလာ။ ဖက္ဒရယ္တပ္မေတာ္ကို မည္ကဲ့သို႔ဖြဲ႕စည္းမည္နည္း။ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ စစ္ပညာသင္ယူလ်က္ရွိေသာ လက္ရွိဗမာလူငယ္မ်ားႏွင့္ စစ္ေကာင္စီေအာက္က တပ္ဖြဲ႕မ်ားထဲက အရပ္သားအစိုးရထံ ပူးေပါင္းပါဝင္ သူမ်ားႏွင့္ ေပါင္းစပ္ဖြဲ႕စည္းမွာေလာ။

တိုင္းရင္းသားမ်ား အစဥ္တစ္စိုက္ ေတာင္းဆိုခဲ့သည့္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ (Federal Union Army) ဆိုသည္မွာ အဘယ္နည္း။ CRPH ၏ လိုလားခ်က္ကေရာ အဘယ္နည္း။ ဖြဲ႕စည္းလာမည့္ ဖက္ဒရယ္တပ္မေတာ္က စစ္ေကာင္စီေတာ္လွန္ဖို႔ႏွင့္ အနာဂတ္ ဖက္ဒရယ္ျပည္ေထာင္စု ႏိုင္ငံေတာ္ တည္ေဆာက္ေရးအတြက္ မည္ကဲ့သို႔ အက်ိဳးျပဳမည္နည္း၊ ယခုကဲ့သို႔ တည္ေထာင္လိုက္ျခင္း အားျဖင့္ မည္သည့္အားသာခ်က္၊ အားနည္းခ်က္မ်ား ရွိႏိုင္မည္နည္း စသည္တို႔ကို ဥာဏ္မွီသ‌ေလာက္ မွ်ေဝသုံးသပ္ပါမည္။

တိုင္းရင္းသားမ်ား ေတာင္းဆိုခဲ့ေသာ ဖက္ဒရယ္တပ္မေတာ္(FUA)

တိုင္းရင္းသားႏိုင္ငံေရး အဖြဲ႕အစည္းမ်ားက ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္(Federal Union Army) ထူေထာင္ေရးကို အစဥ္တစ္စိုက္ေတာင္းဆိုခဲ့ၾကပါသည္။ လက္နက္ကိုင္အဖြဲ႕အစည္း မ်ားႏွင့္ တိုင္းရင္းသား အင္အားစုအမ်ားစု ပါဝင္သည့္ FCDCC က ေရးဆြဲခဲ့ၾကေသာ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ(၂၀၀၈) ပုဒ္မ- ၁၅၆ ပုဒ္မခြဲ(င)ႏွင့္ ၁၅၉အရ ဖက္ဒရယ္တပ္မေတာ္ကို “ျပည္ေထာင္စုအဖြဲ႕ဝင္ ျပည္နယ္မ်ားအားလုံးက အခ်ိဳးတူျဖင့္ ဖြဲ႕စည္းရန္” ျပဌန္းထားသည္။ တိုင္းရင္းသားလက္နက္ကိုင္မ်ားမွ ဖြဲ႕စည္းခဲ့သည့္ UNFC တပ္ေပါင္းစုက ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ(၂၀၁၇)သို႔ တင္ျပခဲ့သည့္ စာတမ္းတြင္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ သည္ “ျပည္ေထာင္စုတပ္ႏွင့္ ျပည္နယ္တပ္မ်ားျဖင့္ ဖြဲ႕စည္းရမည္”ဟု ပါရွိသည္။ ၎ျပည္ေထာင္စုတပ္ကို “ျပည္နယ္မ်ားမွ အခ်ိဳးက် ေစလႊတ္ေတာ္တပ္မ်ား ျဖင့္ ဖြဲ႕စည္းမည္”ဟု ျပဌာန္းထားသည္။

FCDCC မူႏွင့္ UNFC မူတို႔သည္ ‌အေျခခံအားျဖင့္ တူညီသည္ဟု ဆိုႏိုင္ပါသည္။ ျပန္နယ္မ်ားက အခ်ိဳးက်ျဖင့္ ေစလႊတ္သည့္ ျပည္ေထာင္စု(ဖက္ဒရယ္)တပ္မေတာ္ ဖြဲ႕စည္းသည့္ ေဖာ္ျမဴလာ ျဖစ္ပါသည္။ ကြာျခားမႈတစ္ခုသည္ UNFC မူတြင္ ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္ကို ျပည္နယ္အသီးသီးက ကိုယ္ပိုင္ဖြဲ႕စည္းထားသည့္ ျပည္နယ္တပ္မ်ားႏွင့္ ျပန္နယ္မ်ားက အခ်ိဳးက်ေစလႊတ္ဖြဲ႕စည္းထားသည့္ ျပည္ေထာင္စုတပ္ျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားၿပီး FCDCC မူတြင္ျပည္နယ္လုံၿခဳံေရးတပ္ဖြဲ႕သည္ FUA ႏွင့္ ေပါင္းစပ္မႈမရွိဘဲ သီးျခားျဖစ္ၿပီး မျဖစ္မေနဖြဲ႕စည္းရမည့္ တပ္အျဖစ္ သတ္မွတ္ျခင္းမရွိေျခ။

CRPH ၏ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ စဥ္းစားခ်က္

CRPH က “မိမိကိုယ္ကိုယ္ ကာကြယ္ခုခံပိုင္ခြင့္ လုပ္ငန္းစဥ္ (၁၂/၂၀၂၁)”ကို ေၾကညာခ်က္ အမွတ္ (၁၂/၂၀၂၁)ျဖင့္ ထုတ္ျပန္ရာတြင္ “ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ တည္ေထာင္ဖြဲ႕စည္း ႏိုင္ေရးကို အေထာက္အကူျပဳႏိုင္ေရး ရည္မွန္းလ်က္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္သြားရန္”ဟု ရွင္းလင္း ထားပါသည္။ တဖန္ CRPH ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးႏွင့္ ဖက္ဒရယ္တပ္မေတာ္ တည္ေထာင္ေရးအတြက္ တိုင္းရင္းသားလက္နက္ကိုင္မ်ား၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေဆြးေႏြးလ်က္ရွိေၾကာင္း ေျပာလာပါသည္။

CRPH တာဝန္ရွိသူမ်ား၏ ရွင္းလင္းခ်က္အရ ဖက္ဒရယ္တပ္မေတာ္ရန္ ႀကိဳးပမ္းျခင္းသည္ “ျပည္သူလူထုႏွင့္ တိုင္းျပည္ကို အကာအကြယ္ေပးမည့္ တပ္မေတာ္ကိုထူေထာင္ရန္ ေဆာင္႐ြက္ ေနျခင္းျဖစ္ၿပီး အၾကမ္းဖက္မႈမ်ားကို ဖန္တီးလာမည့္သူမ်ား၏ အႏၲရာယ္ကို သတိထားရန္ လိုအပ္ ေၾကာင္း” သိရွိရသည္။ လြန္ခဲ့သည့္ ၅ ႏွစ္က NLD အစိုးရလက္ထက္၌ က်င္းပခဲ့သည့္ ၂၁ ရာစု ပင္လုံတြင္မူ ဖက္ဒရယ္ႏွင့္ပတ္သက္၍ ကိစၥမ်ားသည္ စစ္တပ္၏ ကန႔္ကြက္မႈေၾကာင့္ ေဆြးေႏြးခြင့္ မရခဲ့ေၾကာင္း၊ လက္ရွိတြင္ ဖက္ဒရယ္ ဒီမိုကေရစီထူေထာင္ခ်ိန္တြင္ ဖက္ဒရယ္တပ္မေတာ္ကိုပါ တည္ေထာင္ရမည္ျဖစ္ေသာေၾကာင့္ စသည္ျဖင့္ ရွင္းလင္းထားပါသည္။

CRPH ဝန္ႀကီးက ထိုအတြက္ ၈၀ ရာခိုင္ႏႈန္း ညႇိႏႈိင္းၿပီးၿပီဟု ေျပာဆိုေသာ္လည္း တိုင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္မ်ားက ဖက္ဒရယ္တပ္မေတာ္ပိုင္း သိပ္မေဆြးေႏြးေသးေၾကာင္း ျပန္ေျပာလာ ၾကသည္။ ေနာက္ပိုင္းတြင္ CRPH ေခါင္းေဆာင္မ်ားက ‘အနာဂတ္ ဖက္ဒရယ္ တပ္မ‌ေတာ္’ ဟု အနာဂတ္ ဆိုသည့္စကားလုံးကို ထည့္ေျပာလာပါသည္။ ထို႔ေၾကာင့္ ဖက္ဒရယ္တပ္မေတာ္သည္ လူထုေမွ်ာ္လင့္ သကဲ့သို႔ စစ္ေကာင္စီ ျဖဳတ္ခ်ေရး အတြက္ ခ်က္ခ်င္းဖြဲ႕စည္းရမည့္အရာမဟုတ္ဘဲ အနာဂတ္ ဖက္ဒရယ္ တည္ေဆာက္ေရး၏ အစိတ္အပိုင္းကို ရည္ၫြန္းေနသေလာ ဇဝီဇဝါ ျဖစ္လာပါသည္။ ထို႔ေၾကာင့္ KIA လက္ေအာက္က ဖြဲ႕စည္းသည့္ Legal Aid Network က လူထုကို ရွင္းရွင္းလင္းလင္း ခ်ျပရန္ CRPH ကို ေၾကညာခ်က္ျဖင့္ ေတာင္းဆိုခဲ့သည္။

ထို႔ျပင္ NLD ပါတီဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က ေသြးထြက္သံယိုျဖစ္မည့္ လက္နက္ကိုင္ လမ္းစဥ္ႏွင့္ ႏိုင္ငံေရးရလိုမႈ ေတာင္းဆိုျခင္းကို လက္မခံ‌ေၾကာင္း အႀကိမ္ႀကိမ္ ေျပာဆို ထားတာေၾကာင့္ “CRPH အေနနဲ႔ေရာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လမ္းစဥ္ကို ခ်ိဳးေဖာက္ၿပီး လက္နက္ကိုင္ တိုက္ခိုက္မႈမွာ ဦးေဆာင္လာမလား ဆိုတာကလည္း မရွင္းလင္းလွပါဘူး”ဟု ဧရာဝတီ သတင္းဌာနက ေထာက္ျပခဲ့သည္။

မည္သို႔ျပင္ဆိုေစ လူထု၏ ေတာင္းဆိုမႈႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ား၏ လူမဆန္စြာ အၾကမ္းဖက္ လာမႈ ေၾကာင့္ CRPH အေနျဖင့္ ဖက္ဒရယ္တပ္မေတာ္ႏွင့္အတူ စစ္ေကာင္စီကို အျပတ္ေခ်မႈန္းလို သည္မွာ သိသာထင္ရွား ပါသည္။ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းမႈေအာင္ျမင္မေလာ၊ သို႔မဟုတ္ ေဒၚေအာင္ဆန္းစုၾကည္ အၾကမ္းမဖက္မူကို လြန္ဆန္ႏိုင္မေလာ ဆိုသည့္အခ်က္ကိုမူ စဥ္ စားစရာျဖစ္လာသည္။

တိုင္းရင္းသားလက္နက္ကိုင္မ်ားႏွင့္ ညႇိႏႈိင္းရာတြင္

CRPH က ဖက္ဒရယ္တပ္မေတာ္ကို စစ္ေကာင္စီက်ဆုံးေရး အတြက္ ေဆးတစ္ခြက္ကဲ့သို႔ အသုံးျပဳလိုသည့္ အခ်ိန္မွာ တိုင္းရင္းသားမ်ားက ေရရွည္ႏိုင္ငံေရးႏွင့္လုံၿခဳံေရး အာမခံခ်က္အတြက္ ရည္႐ြယ္ထားပါသည္။ သို႔ေသာ္ ၎မတူညီေသာ အက်ိဳးစီးပြားႏွစ္ခုသည္ ညႇိလို႔မရေသာ ကြဲလြဲမႈဟုတ္ဘဲ အျပန္အလွန္ အက်ိဳးျပဳသည့္ အခင္းအက်င္း(win-win situation)ျဖစ္ေအာင္ ဖန္တီးတည္ေဆာက္လို႔ရ ပါသည္။

ပထမခ်က္အေနျဖင့္ ‘မူ’ပိုင္းကို ဦးစြာ ညႇိႏႈိင္းရပါလိမ့္မည္။ အထက္က တိုင္းရင္းသားမ်ား လိုလားသည့္ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ဆိုင္ရာ အခ်က္မ်ား အပါအဝင္ အေက်အလည္ ညႇိႏႈိင္း သေဘာတူညီမႈ ရယူရပါလိမ့္မည္။ ဤေနရာမွာ တပ္မေတာ္ကဣ တစ္ခုတည္းမဟုတ္ဘဲ လုံၿခဳံေရးတပ္ဖြဲ႕ ဆိုင္ရာ အျခားအဖြဲ႕မ်ား ျဖစ္သည့္ ရဲႏွင့္ ေထာက္လွန္းေရးအဖြဲ႕ စသည္တို႔လည္း ပါဝင္ရမည္။

ဒုတိယအဆင့္ သို႔မဟုတ္ အျပန္အလွန္အားျဖင့္ စစ္ေကာင္စီအဖြဲ႕ ဆန႔္က်င္ေတာ္လွန္ေရး အတြက္ လက္ရွိ တိုင္းရင္းသားလက္နက္ကိုင္အုပ္စုမ်ားအေနျဖင့္ ဖက္ဒေရးတစ္တပ္ေပါင္းစု အသြင္ျဖင့္ မည္ကဲ့သို႔ပူးေပါင္း တိုက္ခိုက္မည္ ဆိုသည့္အပိုင္းကို နည္းလမ္းရွာဖြယ္ရပါလိမ့္မည္။ ယင္းကို ကနဦး လက္ေတြ႕ အေကာင္အထည္ ေဖာ္ေဆာင္ရမည့္အပိုင္းအျဖစ္ သတ္မွတ္ႏိုင္ပါသည္။

အမွန္ UNFC အေနျဖင့္ ၂၀၁၄ ခုႏွစ္ကတည္းက ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္(FUA)ကို ကိုယ္စီလက္နက္ကိုင္တပ္ဖြဲ႕မ်ား အခ်ိဳးတစ္ခုစီျဖင့္ ဖြဲ႕စည္းတည္ေထာင္ ခဲ့ၾကေသးရာ အသစ္ အဆန္း မဟုတ္ ဟုဆိုႏိုင္ပါသည္။ အဆိုပါမိုဒဲလ္ကို ျပန္လည္အသက္သြင္းလည္းရပါသည္။ စစ္ဗ်ဴဟာသည္ အမ်ိဳးစုံရွိေလရာ အေရးႀကီးဆုံးအခ်က္မွာ ပူးေပါင္းတိုက္ခိုက္ျခင္း (coordinated attack) ဆိုသည့္ အခ်က္ျဖစ္ပါသည္။

ျပတ္သားသည့္ ၾကားျဖတ္အစိုးရျဖစ္ဖို႔လို

အထက္တြင္ ေဖာ္ျပၿပီးသည့္အတိုင္း မၾကာခင္ ေပၚေပါက္လာမည့္ ၾကားျဖတ္အစိုးရအေနျဖင့္ တပ္မေတာ္ တစ္ရပ္ ထားရွိမလား သို႔မဟုတ္ ထားရွိဖို႔ ႀကိဳးပမ္းမွာလား ဆိုသည္မွာ အင္မတန္ အေရးႀကီး လာပါသည္။ တပ္မေတာ္ မထားရွိသည့္ အစိုးရျဖစ္ပါက ေရရွည္မွာ ၁၉၉၀ တုန္းက ၫြန႔္ေပါင္းအစိုးရ (NCGUB) ကဲ့သို႔ ဇတ္သိမ္း သြားႏိုင္သည္ကိုလည္း သတိခ်က္သင့္ပါသည္။

ထို႔ေၾကာင့္ ပထမဆုံးအေနျဖင့္ CRPH/NLD အစိုးရေနအျဖင့္ စစ္ေကာင္စီေအာက္မွာရွိေသာ ျမန္မာ့တပ္မေတာ္ကို သူဖြဲ႕စည္းလာသည့္ တရားဝင္ျပည္သူ႔အစိုးရမွာ ပူးေပါင္းပါဝင္ရန္ ခ်က္ခ်င္း အမိန႔္ထုတ္ ေၾကညာသင့္သည္။ ထိုသို႔မပူးေပါင္းဘဲ စစ္ေကာင္စီေအာက္မွာ ဆက္လက္ တာဝန္ထမ္း ေဆာင္သူမ်ားကို စစ္ေကာင္စီႏွင့္အတူ အၾကမ္းဖက္အဖြဲဝင္မ်ားအျဖစ္ အလိုအေလ်ာက္ ပါဝင္မည္ျဖစ္ ေၾကာင္းကိုလည္း အတိအလင္း ထည့္သြင္းေၾကညာသင့္သည္။

တစ္ၿပိဳင္တည္းမွာျပင္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ား ပါဝင္သည့္ ဖက္ဒရယ္ျပည္ ေထာင္စု တပ္မေတာ္ကို ဖြဲ႕စည္းတည္ေထာင္ထားေၾကာင္းႏွင့္ ၎ကို အရပ္သားအစိုးရ၏ တရားဝင္ တပ္မေတာ္ ျဖစ္ေၾကာင္း ခ်က္ျခင္း ေၾကညာသင့္သည္။ ထိုသို႔မေၾကညာထားပါက ဖြဲ႕စည္းလာမည့္ ဖက္ဒရယ္တပ္မေတာ္ႏွင့္ စစ္ေကာင္စီ ဦးေဆာင္ေသာ တပ္မေတာ္အၾကား ျပစ္ခပ္တိုက္ခိုက္မႈရွိလာ သည့္အခ်ိန္မွာ တရားဝင္မႈပိုင္းမွာ ရႈပ္ေထြးမႈရွိလာမွာ ျဖစ္သည္။

အဆိုပါ FUA ကို တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕မ်ားႏွင့္ သေဘာတူထားေသာ မူမ်ားျဖင့္ ဖြဲ႕စည္းၿပီး ၾကားျဖတ္အစိုးရႏွင့္အတူ ေပၚေပါက္လာမည့္ ေျခ-ဥ(Charter)ထဲမွာ ထည့္သြင္းအာမခံသင့္ ပါသည္။

ဥပမာအားျဖင့္ ဗမာျပည္မခြဲတမ္းအတြက္ လက္ရွိ ျမန္မာ့တပ္မေတာ္ဘက္က ခ်က္ခ်င္း တာဝန္ ယူႏိုင္ျခင္း မရွိေသးလွ်င္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္တပ္ဦး (ABSDF) သို႔မဟုတ္ လတ္တေလာတြင္ ေရတိုစစ္သင္တန္း တက္ေရာက္ေနၾကေသာ ဗမာလူငယ္မ်ား သို႔မဟုတ္ သူတို႔ ေပါင္းစပ္ ဖြဲ႕စည္းမႈျဖင့္ တာဝန္ယူေဆာင္႐ြက္ႏိုင္လိမ့္မည္ဟု ယူဆပါသည္။

တစ္နည္းဆိုေသာ္ ဖြဲ႕စည္းလာလတၱံ့ေသာ အရပ္သား ျပည္ေထာင္စု အစိုးရသည္ တိုင္းျပည္ကို လက္နက္ျဖင့္ကာကြယ္ရန္ တာဝန္ရွိသည့္အတြက္ လက္နက္ကိုင္ တပ္ဖြဲ႕ ဖြဲ႕စည္းျခင္းသည္ တရားဝင္ ျဖစ္ၿပီး တြန႔္ဆုတ္ဝန္ေလးစရာ မလိုအပ္ေပ။ အထူးသျဖင့္ ယင္းအစိုးရက အၾကမ္းဖက္အျဖစ္ သတ္မွတ္ လိုက္သည့္ အဖြဲ႕မ်ားကို လိုအပ္လွ်င္ လက္နက္အင္အားျဖင့္ တိုက္ခိုက္ရန္ တာဝန္ရွိသည္။ ထိုသို႔ မဟုတ္ ဘဲ အၾကမ္းမဖက္ (non-violence) နည္းလမ္းတစ္ခုတည္းကိုပဲ က်င့္သုံးရန္ တရားေသမူ ဆက္လက္ ကိုင္စြဲထားပါက ေနာက္ထပ္ NCGUB ျဖစ္သြားႏိုင္ေျခ မ်ားပါလိမ့္မည္။ ။ ။