• Today is: Friday, March 29, 2024

အပတ်စဉ်စုဆောင်း တိုင်းရင်းသားသတင်းလွှာ စုစည်းတင်ပြခြင်း

Zawgyi

အပတ္စဥ္ တိုင္းရင္းသတင္းမ်ားစုစည္းတင္ျပျခင္း
(No. 136, October 12, 2021)
၁။ အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕မည့္ အစီအစဥ္ပ်က္
၂။ ဖ႐ူဆိုတြင္ ၄ ရက္ဆက္တိုက္ပြဲျဖစ္၊ စစ္တပ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ပ်က္စီး
၃။ မြန္ညီၫြတ္ေရးပါတီ MUP ဥကၠဌ ႏိုင္တင္ေအာင္ (ေခၚ) ႏိုင္တလႏြန္ (အသက္ ၈၅ ႏွစ္) ကြယ္လြန္
၄။ ေကာ့ကရိတ္ၿမိဳ႕ ေကာ့ႏြဲ႕႐ြာအနီး ကရင္ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ပစ္ခတ္မႈ စစ္ေကာင္စီတပ္ ၂ ဦးေသဆုံး
၅။ ေက်ာက္မဲစစ္ေရွာင္မ်ား စားနပ္ရိကၡာ ျပတ္လပ္လုနီးပါး ျဖစ္ေန
၆။ စစ္တပ္က အပစ္ရပ္ေၾကညာထားေပမယ့္ ကရင္ျပည္နယ္မွာ တိုက္ပြဲေတြဆက္ျဖစ္ေန
၇။ ေနာင္မြန္ေဒသ စစ္တပ္ဆန႔္က်င္သူမ်ားကို ျပန္လည္ ဖမ္းဆီးမည္ဟု သတင္းမ်ားထြက္ေပၚေန
၈။ မင္းတပ္ရွိ စစ္ေရွာင္မ်ား လမ္းေၾကာင္းပိတ္ဆို႔ခံရ၍ စားနပ္ရိကၡာအခက္အခဲျဖစ္ေန အာဟာရခ်ိဳ႕တဲ့၍ေသဆုံးသူ အနည္းဆုံးသုံးဆယ္ခန႔္ရွိၿပီဟုဆို
၉။ မုံးကိုး မွာ စစ္ေကာင္စီနဲ႔ MNDAA တိုက္ပြဲဆက္လက္ျဖစ္ပြားေန
၁၀။ ဖမ္းဆီးခံရသည့္ ဟိုပုံးလူငယ္ (၈) ဦးကို စစ္ေကာင္စီမွ ေငြျဖင့္လာထုတ္ခိုင္း
၁၁။ နာဂေဒသတြင္ ေဆး႐ုံတခ်ိဳ႕ပိတ္ထားရေသာေၾကာင့္ သာမန္ေရာဂါျဖင့္ မေသသင့္ဘဲ အသက္ဆုံးရႈံးရမႈမ်ားရွိလာ
၁၂။ ထန္တလန္ေဒသခံမ်ား လိုအပ္သည့္ပစၥည္းမ်ား ျပန္လည္သယ္ယူခြင့္ႏွင့္ စပါးရိတ္သိမ္းခြင့္ျပဳရန္ေတာင္းဆိုမည္
၁၃။ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ထုတ္ျပန္
၁၄။ နမၼတူ စားဝတ္ေနေရးခက္ခဲမႈေၾကာင့္ လူငယ္မ်ား ခိုးမႈ၊ ဓားျပတိုက္မႈ ပိုမ်ားလာ
၁၅။ CDM ဝင္ၾကရန္ မြန္ျပည္နယ္ ရဲတပ္ဖြဲ႕အကူတပ္ခြဲကို MPDF က ဗုံးခြဲ သတိေပး
၁၆။ စစ္ေဘးေရွာင္ေနရတဲ့ ကိုယ္ဝန္သည္တစ္ဦး ေသဆုံး
၁၇။ ဖားကန႔္ၿမိဳ႕နယ္ လဝါးေက်း႐ြာအနီးတြင္ စစ္ေကာင္စီယာဥ္တန္းကို KIA အဖြဲ႕တိုက္ခိုက္
၁၈။ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း ကြမ္းၿခံေကြ႕အဆင္းတြင္ ေျမသည္ယာဥ္တစ္စီး တိမ္းေမွာက္ ၂၃ ဦး ဒဏ္ရာရမႈရွိခဲ့
၁၉။ အၾကမ္းဖက္မႈဥပေဒ ပုဒ္မ ၅ ခုျဖင့္ တရားစြဲခံထားရသည့္ ေက်ာက္ျဖဴေဒသခံ ၈ ဦးအမႈ ၃ လ ေက်ာ္ၾကာသည္ထိ ႐ုံးထုတ္စစ္ေဆးျခင္းမရွိ
၂၀။ (၁) လနီးပါး ထြက္ေျပးလာသည့္ စစ္ေရွာင္တစ္ခ်ိဳ႕ ေနရပ္သို႔ ျပန္သြား
၂၁။ ေရးၿမိဳ႕နယ္ အေျမာက္တပ္အနီး ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သား ၃ ဦးဒဏ္ရာရ
၂၂။ သူႏိုင္ကိုယ္ႏိုင္လမ္းေၾကာင္းမွာ ေဆြးေႏြးေရးလမ္းေၾကာင္းျဖစ္သည္ဟု ေဒၚေစာျမရာဇာလင္းဆို
၂၃။ ဆက္သြယ္ေရးလိုင္းပိတ္ထားစဥ္ စစ္ေကာင္စီတပ္ႏွင့္ BGF ပူးေပါင္းတပ္တို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္က်ဴးလြန္ေန
၂၄။ ေက်ာက္မဲၿမိဳ႕ Mytel တာဝါတိုင္ ေဖာက္ခြဲခံရၿပီးေနာက္ စစ္ေကာင္စီမွ လူငယ္ကိုပိုဖမ္းဆီးလာ
၂၅။ ေတာင္ယာလုပ္ကိုင္သူမ်ား ေျမၾသဇာဝယ္သုံးရန္ အခက္အခဲျဖစ္ေန
၂၆။ ေရးၿမိဳ႕နယ္တြင္ အန္အယ္လ္ဒီပါတီ ေထာက္ခံသည့္ ေနအိမ္ ၂ အိမ္ ခ်ိတ္ပိတ္ခံရ
၂၇။ ေက်ာက္မဲ အမႈိက္ျပႆနာ ေျဖရွင္းေပးရန္ ေဒသခံမ်ား ေမွ်ာ္လင့္
၂၈။ ေတာင္ကုတ္တြင္ ၁၆ ႏွစ္အ႐ြယ္ကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး
၂၉။ စစ္ေကာင္စီရဲ႕ ထုတ္ကုန္ေတြကို TNLA တပ္ဖြဲ႕က ဖ်က္ဆီးပစ္
၃၀။ ေလာင္းလုံးၿမိဳ႕နယ္တြင္ စစ္ေကာင္စီခန႔္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၁ ဦးပစ္သတ္ခံရ
၃၁။ ပန္ဆိုင္းၿမိဳ႕ ျမန္မာနယ္နမိတ္အတြင္း ၁၀ ေပေက်ာ္အထိ တ႐ုတ္ဘက္ စည္းေက်ာ္ လမ္းေဖာက္ေန

၁။ အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ ႏိုင္ငံေရးပါတီမ်ား ေတြ႕မည့္ အစီအစဥ္ပ်က္
October 12, 2021

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ မစၥတာ အီရိဝမ္ယူဆြတ္ႏွင့္ ႏိုင္ငံေရးပါတီ (၈)ပါတီမွ ကိုယ္စားလွယ္မ်ား ယေန႔ (ေအာက္တိုဘာ ၁၂ ရက္ေန႔)ေတြ႕ဆုံမည့္ အစီအစဥ္ပ်က္သြားၿပီး ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေတြ႕ဆုံေဆြးေႏြးမည့္ အစီအစဥ္တြင္ ဖိတ္ၾကားခံရသည့္ ပါတီတစ္ခုမွ တာဝန္ရွိသူတစ္ဦးက ေတြ႕ဆုံေရးအစီအစဥ္ပ်က္သြားေၾကာင္း ၾကားသိရေသာ္ လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)က တရားဝင္ အေၾကာင္းၾကားလာျခင္းမရွိေသးဘူးဟု ဆိုသည္။ ၎က “ဟုတ္တယ္ အစီအစဥ္ပ်က္သြားတယ္ၾကားတယ္။ ျမန္မာႏိုင္ငံခရီးစဥ္ကို မလာျဖစ္ေတာ့ဘူးတဲ့။ သူတို႔ ေတြ႕ဆုံခ်င္တဲ့ လူေတြ နဲ႔ေတြ႕ခြင့္မရလို႔လား ဘာလာေတာ့မသိဘူး။ က်ေနာ္တို႔ၾကားတာေတာ့ ပ်က္သြားတယ္တဲ့။ ဒါေပမယ့္ UEC က က်ေနာ္ တို႔ကို တရားဝင္ အေၾကာင္းမၾကားလာေသးဘူး။ ေနာက္က်မွအေၾကာင္းၾကားမယ္ထင္ပါတယ္”ဟု CNI သတင္းဌာနသို႔ ေျပာသည္။

အဆိုပါ ေတြ႕ဆုံ ေဆြးေႏြးမႈတြင္ ေနျပည္ေတာ္မွာ အေျခစိုက္သည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(US DP)၊ ျပည္ ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ(UBP)၊ အမ်ိဳးသားညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ(NUD)၊ အမ်ိဳးသားႏိုင္ငံေရး ဒီမိုက ရက္တစ္ပါတီ(DNP)တို႔ ပါဝင္ၾကမည္ျဖစ္သည္။ အလားတူ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ(SNDP)ႏွင့္ ေနာက္ ထပ္ ပါတီ ၃ ပါတီ အားလုံး စုစုေပါင္း ၈ ပါတီမွာ ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကမည္ျဖစ္သည္။ သို႔ေသာ္ လတ္တေလာ မွာေတာ့ ေတြ႕ဆုံေရး အစီအစဥ္ ပ်က္သြားေၾကာင္း သိရသည္။

*************
၂။ ဖ႐ူဆိုတြင္ ၄ ရက္ဆက္တိုက္ပြဲျဖစ္၊ စစ္တပ္ယာဥ္တစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရမႈေၾကာင့္ ပ်က္စီး
12 October, 2021

ကရင္နီ (ကယား) ျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ကရင္နီတပ္မေတာ္ (KA)၊ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ပူးေပါင္းတပ္တို႔အၾကား ၄ ရက္ဆက္တိုက္ တိုက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ ဒီကေန႔ ေအာက္တို ဘာ ၁၂ ရက္ေန႔ မနက္ ၇ နာရီခြဲက ဖ႐ူဆိုၿမိဳ႕နယ္ ထားလဲေက်း႐ြာဘက္ကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီယာဥ္တန္းကို ကရင္နီပူးေပါင္းတပ္တို႔က မိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့အတြက္ စစ္ေကာင္စီကား ၁ စီး ပ်က္စီးၿပီး ထိခိုက္မႈေတြရွိခဲ့တယ္လို႔ KNDF က သတင္းထုတ္ျပန္ပါတယ္။

ဒါ့အျပင္ မေန႔ ေအာက္တိုဘာ ၁၁ ရက္ေန႔ကလည္း ထားလဲေက်း႐ြာနီး စစ္ေကာင္စီတပ္နဲ႔ ကရင္နီပူးေပါင္းတပ္တို႔ ႏွစ္ဖက္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္က ထားလဲေက်း႐ြာအတြင္းဝင္ေရာက္ကာ ျပည္သူေတြရဲ႕ စပါးက်ီေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့သလို ကြၽဲႏြားတိရစာၦန္ေတြကို သတ္ျဖတ္တာေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဖ႐ူဆိုၿမိဳ႕နယ္အတြင္းမွာ ေအာက္တိုဘာ ၉ ရက္ေန႔ကစၿပီး စစ္ေကာင္စီနဲ႔ ကရင္နီပူးေပါင္းတပ္တို႔အၾကား တိုက္ပြဲျဖစ္ တိုက္ပြဲ ၈ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အေၾကာင္းအရင္းက စစ္ေကာင္စီဘက္က လဆန္းပိုင္းကတည္း ဖ႐ူဆိုနဲ႔ ေဘာလခဲၿမိဳ႕တို႔ကို ထိုးစစ္ဆင္တာ၊ ရိကၡာ အင္အား ျဖည့္တင္းတာေတြေၾကာင့္ ျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

 

 

ကရင္နီ(ကယား) ျပည္နယ္မွာ ေဖေဖာ္ဝါရီ ၁ ရက္အာဏာသိမ္းၿပီးေနာက္ ေသဆုံးသူ ၁၂၂ ဦး ရွိတယ္လို႔ တိုးတက္ေသာ ကရင္နီျပည္သူ႔အင္အားစု (PKPF) က ေအာက္တိုဘာ ၁၁ ရက္ေန႔က ထုတ္ျပန္ပါတယ္။ ေသဆုံးသူေတြထဲမွာ သပိတ္အတြင္း ေသဆုံးသူ ၂ ဦး၊ စစ္ေကာင္စီကအရပ္သားကို အေၾကာင္းမဲ့ သတ္ျဖတ္တာ ၈၂ ဦး၊ စစ္ေဘးေရွာင္စဥ္ ေသဆုံးသူ ၁၀ ဦး၊ KNDF နဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ကေသဆုံးသူ ၂၈ ဦးရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။ ဒါ့အျပင္ ေသဆုံးသူအမ်ားစုမွာ ဒီးေမာ့ဆိုၿမိဳ႕မွျဖစ္ၿပီး ၈၃ ဦး၊ လြိဳင္ေကာ္ၿမိဳ႕က ၂၁ ဦး၊ ဖယ္ခုံၿမိဳ႕က ၁၀ ဦး၊ မိုးၿဗဲၿမိဳ႕က ၅ ဦး၊ ေဘာလခဲၿမိဳ႕က ၂ ဦး၊ ဖ႐ူဆိုၿမိဳ႕ ၁ ဦးျဖစ္ၿပီး အမ်ိဳးသား ၁၀၆ ဦး၊ အမ်ိဳးသမီး ၁၁ ဦးနဲ႔ ကေလးငယ္ ၅ ဦး ပါဝင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ http://b rmese.dvb.no/archives/493452

************
၃။ မြန္ညီၫြတ္ေရးပါတီ MUP ဥကၠဌ ႏိုင္တင္ေအာင္ (ေခၚ) ႏိုင္တလႏြန္ (အသက္ ၈၅ ႏွစ္) ကြယ္လြန္
October 11, 2021

မြန္ညီၫြတ္ေရးပါတီ MUP ဥကၠဌ ႏိုင္တင္ေအာင္ (ေခၚ) ႏိုင္တလႏြန္ (အသက္ ၈၅ ႏွစ္) သည္ ေအာက္တိုဘာ ၁၀ ရက္ ည ၁၀ နာရီအခ်ိန္ခန႔္က သံျဖဴဇရပ္ၿမိဳ႕နယ္ ပငေက်း႐ြာေနအိမ္တြင္ ကြယ္လြန္အနိစၥေရာက္ရွိခဲ့ေၾကာင္း သတင္းရရွိသည္။ “မေန႔က ေမာ္လၿမိဳင္မွာ EC အစည္းအေဝးတက္ခဲ့တယ္ က်န္းမာေရးကပုံမွန္ပါပဲ၊ မိန႔္ခြန္းေတြေျပာတာ ေဆြးေႏြးတာ ေကာင္းေကာင္း ပါပဲ၊ ညေန ၃ နာရီေလာက္ ပငကိုျပန္သြားတယ္၊ ညေနစာစားတာကလည္း ေကာင္းေကာင္းမြန္မြန္ပါပဲ၊ ညက အိပ္ယာဝင္ ခ်ိန္ မွာပဲ ႏွလုံးခုန္ႏႈန္း႐ုတ္တရက္ျမန္လာၿပီး ေခ်ာင္းအဆက္မျပတ္ဆိုးလာတယ္၊ ဆရာဝန္လည္းေရာက္လာၿပီးေတာ့ ကြယ္လြန္ သြားပါတယ္၊” ဟု MUP တြဲဖက္အတြင္းေရးမႉး (၁) ႏိုင္လယိတမက ေျပာသည္။

ႏိုင္တင္ေအာင္သည္ အသက္ ၁၁ ႏွစ္အ႐ြယ္ကတည္းက မြန္ေတာ္လွန္ေရးအသိုင္းအဝန္းတြင္ ႀကီးျပင္းလာသူတစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ မြန္ေခါင္းေဆာင္ ႏိုင္ေအာင္ထြန္း၏ အေမြဆက္ခံႏိုင္သူ အမ်ားေဝဖန္ခံေနရသည့္ မြန္ေခါင္းေဆာင္တစ္ဦးျဖစ္ ေၾကာင္း ေတြ႕ရွိရသည္။ ယခင္ မြန္အမ်ိဳးသားပါတီ MNP ႏွင့္ မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီ AMDP တို႔ ၂၀၁၈ ခုႏွစ္ ဇူလိုင္လတြင္ ႏွစ္ပါတီေပါင္းစည္းေရးသေဘာတူညီမႈရရွိခဲ့ရာ ႏိုင္တင္ေအာင္အား “မြန္ညီၫြတ္ေရးပါတီ MUP” အမည္မေ႐ြး ခ်ယ္မီကတည္းကပင္ ဥကၠဌအျဖစ္ ႀကိဳတင္ေ႐ြးခ်ယ္တာဝန္ေပးအပ္ခဲ့ေၾကာင္း၊ ၂၀၁၂ ခုႏွစ္ မြန္ဒီမိုကေရစီပါတီ MDP စတင္ဖြဲ႕ စည္းခဲ့စဥ္က ဒုဥကၠဌ(၂) အျဖစ္လည္းေကာင္း၊ MDP ပါတီမွ မြန္အမ်ိဳးသားပါတီ MNP အျဖစ္နာမည္ ေျပာင္းလဲ ခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ေမလတြင္ ဒုဥကၠဌ (၁) အျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

မြန္ျပည္သစ္ပါတီတြင္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က ၁၉၉၄-၉၅ နဝတစစ္အစိုးရ SLORC ႏွင့္ အပစ္ရပ္စဲမႈေဆြးေႏြးခဲ့ရာတြင္ မြန္ျပည္သစ္ပါတီ NMSP အပစ္ရပ္ေဆြးေႏြးမႈေကာ္မတီ (ကရဒ) ဒုတိယေခါင္းေဆာင္အျဖစ္လည္ေကာင္း၊ ၂၀၀၂ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီမွအနားယူခဲ့ၿပီးေနာက္ပိုင္း ၂၀၁၂ ခုႏွစ္ သမၼတဦးသိန္းစိန္ အစိုးရႏွင့္ မြန္ျပည္သစ္ပါတီတို႔အၾကား ျပည္နယ္ အဆင့္အပစ္ရပ္ေဆြးေႏြးေရး Bilateral Agreement လက္မွတ္ေရးထိုးရာတြင္ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ ေဆာင္အျဖစ္ ေဆာင္႐ြက္ခဲ့သူျဖစ္သည္။ ယခုကြယ္လြန္ခ်ိန္တြင္ ပငေက်း႐ြာ၌ ဇနီး မိရင္စိန္၊ သားသမီး ၃ ဦး (အျခားသားသမီး ၂ ဦး ကြယ္လြန္) ႏွင့္အတူ ေျမမ်ားက်န္ရစ္လ်က္ရွိသည္။ https://burmese.monnews.org/2021/10/11/%e1%80%99%e1% 80%bd%e1%80%94%e1%80%ba%e1%80

*************

၄။ ေကာ့ကရိတ္ၿမိဳ႕ ေကာ့ႏြဲ႕႐ြာအနီး ကရင္ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ပစ္ခတ္မႈျဖစ္ပြား၍ စစ္ေကာင္စီတပ္ ၂ ဦးေသဆုံး
October 11, 2021

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕၏ ေတာင္ဘက္ ေကာ့ႏြဲ႐ြာအနီးတြင္ ေအာက္တိုဘာ ၁၁ ရက္ နံနက္ပိုင္းက ကရင္ပူးေပါင္း တပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕တို႔အၾကား နာရီဝက္ခန႔္အၾကာ ပစ္ခတ္မႈ ျဖစ္သြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ ၂ ဦးက်ဆုံးခဲ့ သည္ဟု သိရသည္။

ယေန႔နံနက္တြင္ ေကာ့ႏြဲ႕႐ြာမွ ၿမိဳ႕ေဟာင္းကို သြားမည့္ တပ္အင္အား ၇၀ ခန႔္ပါ စစ္ေကာင္စီတပ္ႏွင့္ နယ္ေျမခံ ကရင္ အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) တပ္မဟာ ၆၊ တပ္ရင္း ၁၈ ႏွင့္ ခြဲထြက္ DKBA ပူးေပါင္းတပ္ဖြဲ႕တို႔အၾကား ပစ္ခတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု KNLA ႏွင့္ နီးစပ္သူတစ္ဦးက ယခုလိုေျပာသည္။ ၎က ” ဒီေန႔ ၈ နာရီခြဲေလာက္မွာ ပစ္ၾကတယ္ေပါ့ေနာ္။ သူတို႔(စစ္ေကာင္စီ)က ေကာ့ႏြဲ႕ကေန ၿမိဳ႕ေဟာင္းကို သြားမွာကိုး။ နယ္ေျမေက်ာ္ေတာ့ ဟိုဘက္ကလည္း ပစ္တာေပါ့ေနာ္။ ေလာေလာဆယ္သိရသေလာက္ေတာ့ စစ္တပ္က ၂ ေယာက္ေသတယ္။ ထိခိုက္ဒဏ္ရာရတာေတာ့ မၾကားဘူး။ ” ဟု ေကအိုင္စီသို႔ ေျပာသည္။

ယေန႔နံနက္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရျခင္းမွာ ေကာ့ကရိတ္ၿမိဳ႕ ေတာင္ဘက္ ေကာ့ႏြဲ႕႐ြာဘက္တြင္ခြဲထြက္ DKBA အဖြဲ႕ ႏွင့္ PDF အဖြဲ႕မ်ား ေရာက္ရွိေနေၾကာင္း သတင္းအရ စစ္ေကာင္စီ အဖြဲ႕က နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္ရာမွ ပစ္ခတ္မႈမ်ား ျဖစ္သြား ခဲ့ျခင္းျဖစ္ၿပီး ထိခိုက္က်ဆုံးမႈအေျခအေနကို မသိရွိရေသးေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။ ထိုသို႔ ပစ္ခတ္ရာတြင္ စစ္ေကာင္တပ္ဖြဲ႕မွ ေျချမန္တပ္ရင္း (ခမရ ၅၅၆) တပ္ႏွင့္ နယ္ျခားေစာင့္တပ္ BGF တပ္ဖြဲ႕မ်ား ပါဝင္သလို ေကာ့ကရိတ္အေျခစိုက္ ေျခလ်င္တပ္ရင္း (ခလရ ၉၇ )တပ္မွ လက္နက္ႀကီးမ်ား ႏွင့္ ပစ္ကူေပးခဲ့သည္ဟု ၎စစ္ေကာင္စီ တပ္ႏွင့္နီးစပ္သူက ဆက္ေျပာသည္။ https://kicnews.org/2021/10/%e1%80%b1%e1%80%80%e1%80%ac%e1% 80%b7%e1%80%80%e1%80%9b%e1

***********
၅။ ေက်ာက္မဲစစ္ေရွာင္မ်ား စားနပ္ရိကၡာ ျပတ္လပ္လုနီးပါး ျဖစ္ေန
October 11, 2021

သွ်မ္းေျမာက္ ေက်ာက္မဲၿမိဳ႕နယ္တြင္ တိုင္းရင္းသားလက္နက္ကိုင္တိုက္ပြဲေၾကာင့္ ေရာက္ရွိခိုလႈံေနသည့္ စစ္ေဘးေရွာင္မ်ား စားနပ္ရိကၡာ ျပတ္လပ္ လုနီးပါး ျဖစ္ေနေၾကာင္း သတင္းရရွိသည္။ ေက်ာက္မဲၿမိဳ႕နယ္တြင္ ေနရပ္မျပန္ႏိုင္ေသးသည့္ စစ္ေရွာင္ ေထာင္ခ်ီရွိေနၿပီး တိုင္းရင္းသား လက္နက္ကိုင္အၾကား စစ္ေရးတင္းမာမႈရွိေနဆဲျဖစ္သည့္အတြက္ ေနရပ္မျပန္ရဲေသးေၾကာင္း၊ ထိုစစ္ေရွာင္မ်ား အတြက္ စားနပ္ရိကၡာမ်ား ျပတ္လပ္မည့္အေျခေနျဖစ္ေနေၾကာင္း စစ္ေရွာင္ကူညီသူမ်ား ထံမွ သိရသည္။

“စားနပ္ရိကၡာေတြ လိုအပ္ေနတာ၊ အဓိက က ဟင္းနဲ႔ ေဆးဝါးေတြလိုတယ္၊ ဆန္ရွိထားေပမယ့္ ဟင္းမရွိရင္လည္း မလြယ္ဘူး၊ ဟင္းေတြက ၾကာၾကာထားလို႔မရဘူးဆိုေတာ့ပိုခက္ခဲတယ္။ အလႉရွင္ေတြကနည္းပါးသြားေတာ့ ဟင္းေတြက မလုံေလာက္ ေတာ့ဘူး” ဟု စစ္ေရွာင္မ်ားကို ကူညီေပးေနသည့္ ေက်ာက္မဲ သွ်မ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း ဥကၠဌ လုင္းလ်န္းဟန္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ေက်ာက္မဲၿမိဳ႕နယ္တြင္ မန္ခါစစ္ေရွာင္စခန္း၊ မိုင္းတင္းေက်း႐ြာအုပ္စုအတြင္းရွိ မိုင္းတင္း၊ နမ့္ေဆာ့၊ နားမြန္းႏွင့္ ၿဗိန္းခါးစစ္ေရွာင္စခန္း၊ ဟူးဆြန္စစ္ေရွာင္စခန္း၊ ၾကဴေရွာ(ေျမာက္႐ြာ)ႏွင့္ မိုင္းေငါ့ၿမိဳ႕ရွိ စစ္ေရွာင္စခန္းတို႔ တြင္ စစ္ေရွာင္ခိုလႈံေနသူ ေထာင္ႏွင့္ခ်ီ ရွိေနေၾကာင္း သိရသည္။

 

ထို႔အျပင္ ေနာင္ပိန္ေက်း႐ြာ၊ ပုပၸါ႐ုံေက်ာင္းတိုက္အတြင္း ေရာက္ရွိခိုလႈံေနသည့္ ပန္စေလာ့ေက်း႐ြာမွ စစ္ေရွာင္ (၃၀)ေက်ာ္ လည္း စားနပ္ရိကၡာ အခက္ခဲျဖစ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ေက်ာက္မဲၿမိဳ႕ေပၚတြင္ တိုင္းရင္းသားလက္နက္ကိုင္ တိုက္ပြဲေၾကာင့္ လြန္ခဲ့သည့္ (၇)လဝန္းက်င္ ကတည္းက ေနရပ္မျပန္ရဲကာ ၿမိဳ႕ေပၚရပ္ကြက္တို႔တြင္ အိမ္ငွားေနထိုင္ၾကသည့္ စစ္ေရွာင္ (၁၇၀၀) ဝန္းက်င္ထိ ရွိေနေၾကာင္းသိရသည္။ https://burmese.shannews.org/archives/24859

***********
၆။ စစ္တပ္က အပစ္ရပ္ေၾကညာထားေပမယ့္ ကရင္ျပည္နယ္မွာ တိုက္ပြဲေတြဆက္ျဖစ္ေန
October 11, 2021

စစ္ေကာင္စီက ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ေရွ႕လာမယ့္ႏွစ္ ၂၀၂၂ ခုႏွစ္ ေဖာ္ေဖာ္ဝါရီလ ၂၈ ရက္ေန႔ အထိ ငါးလတာ အပစ္ရပ္ေရး သတ္မွတ္ခဲ့ေပမဲ့ ကရင္ျပည္နယ္ထဲမွာေတာ့ အပစ္အခတ္ရပ္စဲေရး စတင္ အသက္ဝင္တဲ့ ေအာက္တိုဘာ လဆန္း ပိုင္းကတည္းက တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။ အပစ္အခတ္ရပ္စဲေရးကို ေအာက္ေျခတပ္ေတြက မလိုက္နာဘဲ ကရင္ျပည္နယ္ထဲမွာ စစ္အင္အားတိုးခ်ဲ႕တာ၊ စစ္ေရးလႈပ္ရွားတာေတြနဲ႔ ေဒသခံျပည္သူလူထုအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္ မႈေတြ ဆက္ရွိေနတာေၾကာင့္ တိုက္ပြဲဆက္လက္ျဖစ္ပြားေနရတယ္လို႔ KNU ဗဟို တြဲဖက္အတြင္းေရးမႉး ၂ ပဒို ေစာလွထြန္းက KNU ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ထုတ္လႊင့္တဲ့ ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။ ကရင္ျပည္နယ္ ထဲက စစ္ေကာင္စီတပ္ေတြ ခ်ီတက္ရာလမ္းေၾကာင္းတေလွ်ာက္က ေက်း႐ြာေတြမွာ ႐ြာသူ ႐ြာသားေတြကို ေပၚတာဆြဲတာ၊ လမ္းျပ အျဖစ္ခိုင္းေစတာ၊ အရပ္သားေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြမွာ အကာကြယ္အျဖစ္ အသုံးအခ်တာ စတဲ့ လူ႔အခြင့္ အေရး ခ်ိဳးေဖာက္မႈေတြကို လုပ္ေနတာေတြလည္းရွိတယ္လို႔ သူက ဆိုပါတယ္။

ငါးလတာ အပစ္အခတ္ရပ္စဲေရးေၾကညာထားတဲ့ ေအာက္တိုဘာလ ၁ ရက္ေန႔ကေန ေအာက္တိုဘာ ၅ ရက္ အတြင္းမွာပဲ စစ္ေကာင္စီတပ္ေတြနဲ႔ KNU လက္ေအာက္ခံတပ္ေတြအၾကား တိုက္ပြဲ ၃၂ ႀကိမ္ထိျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္က ၃၂ ဦး ေသဆုံးၿပီး ၃၉ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ KNU က ထုတ္ျပန္ပါတယ္။ ေအာက္တိုဘာ ၅ ရက္ေန႔ ေနာက္ပိုင္းမွာလည္း တိုက္ပြဲေတြဆက္ျဖစ္ေနၿပီး စစ္ေကာင္စီက ပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္ဆံေတြေၾကာင့္ ေနအိမ္ေတြ ပ်က္စီးၿပီး၊ အရပ္သား ထိခိုက္တာေတြလည္းရွိေနတယ္လို႔ KNU က ထုတ္ပါတယ္။ စစ္ေကာင္စီက ေၾကညာထားတဲ့ ပစ္ခတ္တိုက္ခိုက္မႈ ၅ လတာ ရပ္စဲေရးထုတ္ျပန္ခ်က္ဟာ တကယ့္ ႏိုင္ငံေရးျပႆနာကို ေျဖရွင္းခ်င္လို႔ ေၾကညာတာ မဟုတ္ဘူးလို႔ ကရင္အမ်ိဳးသား လြတ္ ေျမာက္ေရးတပ္ (KNLA) တပ္မဟာ ၅ ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္ က ေျပာပါတယ္။

“ပစ္ခတ္ရပ္စဲေရးတိုးတယ္ဆိုတာကို ဘယ္လိုပဲတိုးတိုး သူတို႔က ႁခြင္းခ်က္အၿမဲခ်န္ထားတယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးႏွင့္ အုပ္ခ်ဳပ္ေရးကိစၥရပ္မ်ားအျပင္ဆိုတဲ့ စကားရပ္၊ သူျပန္ပစ္မယ္ဆိုရင္ အဲဒါကို အေၾကာင္း ျပတာပဲျဖစ္တယ္။ တကယ္တန္းက အပစ္ရပ္ရဲ႕ရည္႐ြယ္ခ်က္လည္း မပါဘူး။ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ ႏိုင္ေရး ဆိုတဲ့ဟာတစ္ခုေလာက္နဲ႔လည္း မျပည့္စုံဘူး။ တကယ္အပစ္ရပ္မယ္ဆိုရင္ ေၾကညာထားခဲ့တာ အရင္ကလည္း NCA စာခ်ဳပ္ကအစေပါ့။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေအာက္မွာပဲ ထိုးသြင္းတဲ့စာခ်ဳပ္ျဖစ္သလို ဒီအပစ္ရပ္ဆိုတာလည္း တကယ့္ႏိုင္ငံေရးျပႆနာေတြေျဖရွင္းတဲ့ အပစ္ရပ္ေၾကညာ တာ မဟုတ္ဘဲနဲ႔ သူတို႔ရဲ႕လုပ္႐ိုးလုပ္စဥ္ ဗ်ဳဟာအရထုတ္ျပန္တဲ့ အပစ္ရပ္ပဲျဖစ္တယ္” ဒါ့အျပင္ စစ္ေကာင္စီထုတ္ျပန္ခ်က္ရဲ႕ နံပါတ္ ၅ အခ်က္မွာလည္း ကိုယ့္လူမ်ိဳးတစ္စုထဲအတြက္ မဟုတ္ဘဲ We are Myanmar ဆိုၿပီး ျပည္ေထာင္စုစိတ္ဓာတ္ထားဖို႔ ေဖာ္ျပထားတာဟာ ျမန္မာလူမ်ိဳးႀကီးဝါဒကို ေဖာ္ျပရာ ေရာက္ေနတယ္လို႔ ပဒို မန္းမန္းက ေျပာပါတယ္။ https://www.rfa.or g/burmese/news/myanmar-military-announces-cease-fire-while-battle-in-karen-state-

**********

၇။ ေနာင္မြန္ေဒသ စစ္တပ္ဆန႔္က်င္သူမ်ားကို ျပန္လည္ ဖမ္းဆီးမည္ဟု သတင္းမ်ားထြက္ေပၚေန
11 October 2021

ပူတာအိုခ႐ိုင္ ေနာင္မြန္ေဒသ စစ္အာဏာရွင္စနစ္ဆန႔္က်င္လႈပ္ရွားမႈမ်ားတြင္ ယခင္က ပါဝင္ခဲ့သူမ်ားကို စစ္ေကာင္စီႏွင့္ ဌာေန ျပည္သူ႔စစ္အဖြဲ႕တို႔ ပူးေပါင္း ဖမ္းဆီးရန္ သတင္းမ်ားထြက္ေပၚေနသျဖင့္ ေနာင္မြန္ေဒသခံတစ္ခ်ိဳ႕ တိမ္းေရွာင္ေနရေၾကာင္း သိရသည္။ လက္ရွိ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္အဖြဲ႕မွပို႔ခ်ေနေသာ စစ္သင္တန္းမၾကာခင္ၿပီးေတာ့မွာ ျဖစ္ၿပီး ယခင္ ေ႐ြးေကာက္ပြဲစည္း႐ုံေရးတြင္ပါဝင္ခဲ့သူမ်ား၊ CDM ျပဳလုပ္ေနသည့္ ဝန္ထမ္းမ်ားႏွင့္ အာဏာရွင္ဖီဆန္ေရး လႈပ္ရွားမႈ တြင္ပါ ဝင္ခဲ့သူမ်ားကို ဖမ္းဆီးမည္ဟုေဒသတြင္းသတင္းထြက္ေပၚေနျခင္းေၾကာင့္ တိမ္းေရွာင္ေနၾကဟု ေဒသခံတစ္ဦးက KNG ကို ယခုလိုေျပာသည္။

“စစ္သင္တန္းၿပီးရင္ ျပန္ဖမ္းမယ္လို႔ၾကားလို႔ တစ္ခ်ိဳ႕က နီးစပ္ရာကို ျပန္တိမ္းေရွာင္ေနရတယ္။ အခုဆို ၂ ပတ္ေလာက္ရွိၿပီ။ ၿပီးခဲ့တဲ့ အပတ္ကေန ဟုတ္တယ္။ အခုျပန္ဖမ္းဖို႔က NLD ပါတီအဖြဲ႕ဝင္မ်ားနဲ႔ သူတို႔ကို မေကာင္းဘူလို႔ ဆန႔္က်င္တဲ့သူေတြ ဘဲဟုတ္တယ္။ သေဘာက ေဒသအတြင္းမွာ သူတို႔ကို ဆန႔္က်င္တဲ့သူေတြ မရွိေအာင္ ရွင္းထုတ္တဲ့ပုံစံဟုတ္တယ္” ဟု ေျပာ ဆိုသည္။ လက္ရွိ ထြက္ေျပးတိမ္းေရွာင္ေနရသူမ်ားမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အာဏာရွင္ဆန႔္က်င္မႈတြင္ ပါဝင္ခဲ့ ေသာသူမ်ားျဖစ္သည္ဟု သိရသည္။

ေနာင္မြန္ေဒသတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ ႏွင့္ ျပည္သူ႔စစ္အဖြဲ႕တို႔က ၎တို႔ မသကၤာသည့္ လူေနရပ္ကြက္ မ်ားႏွင့္ ေက်း႐ြာအတြင္းသို႔ ေစာင့္ၾကည့္ကာ ဝင္ေရာက္စစ္ေဆးမႈမ်ား ပုံမွန္ျပဳလုပ္ေနေၾကာင္း သိရသည္။ ထို႔အျပင္ ဌာေနျပည္သူ႔စစ္ အဖြဲ႕ ဦးေဆာင္ ၿပီးခဲ့ေသာ စစ္တင္ဘာလ ၂၁ ရက္ေန႔စၿပီး ေနာင္မြန္ၿမိဳ႕ႏွင့္ ၁၀ မိုင္ခန႔္ေဝးသည့္ မေဂြဇ ေက်း႐ြာတြင္ လူငယ္ ၉၀ ေက်ာ္ခန႔္ကို ဒုတိယအႀကိမ္ စစ္သင္တန္းပို႔ခ်ေပးေနသည္။ https://burmese.kachinnews.com/2021/10/11/oct-11-

**********
၈။ မင္းတပ္ရွိ စစ္ေရွာင္မ်ား လမ္းေၾကာင္းပိတ္ဆို႔ခံရ၍ စားနပ္ရိကၡာအခက္အခဲျဖစ္ေန အာဟာရခ်ိဳ႕တဲ့၍ေသဆုံးသူ အနည္းဆုံးသုံးဆယ္ခန႔္ရွိၿပီဟုဆို
October 11,2021

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္မ်ား ရိကၡာအဝင္လမ္းေၾကာင္း ပိတ္ခံထားရမႈမ်ားေၾကာင့္ စားနပ္ရိကၡာ ျပတ္ ေတာက္ သည့္အေနအထားႏွင့္ ရင္ဆိုင္ေနရေၾကာင္း စစ္ေရွာင္စခန္းတာဝန္ခံတစ္ဦးကေျပာသည္။ “အဓိကက ရိကၡာသယ္ယူ တဲ့လမ္းေၾကာင္းကို ပိတ္ဆို႔ေနရာယူထားေတာ့ ရိကၡာသယ္လို႔မရဘူး။ အဲဒါေၾကာင့္ ရိကၡာျပတ္လာတယ္။ ပိုက္ဆံရွိရင္ေတာင္ ဝယ္လို႔မရေတာ့ဘူး။ စုေဆာင္းထားတဲ့ ဆန္ေတြကလည္း ကုန္သေလာက္ျဖစ္ေနၿပီ။ လမ္းေၾကာင္းေတြပိတ္ထားေတာ့ ေယာနယ္ကေန ဆန္ေတြဝယ္ရတယ္။ ေယာနယ္မွာဆန္ေဈးေတြတက္ၿပီး ဝယ္မရျဖစ္သြားတယ္။ ပခုကၠဴကဝယ္တဲ့ ဆန္ေတြ လည္း ဖမ္းတယ္” ဟု ၎က စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္သို႔ေျပာသည္။

ေမလမွစ၍ ေအာက္တိုဘာလအထိ ငါးလအတြင္း စစ္ေဘးေရွာင္ရင္း အာဟာရခ်ိဳ႕တဲ့ၿပီးေသဆုံးသူ အနည္းဆုံးသုံးဆယ္ခန႔္ ရွိေနၿပီး အမ်ားစုမွာ ဆယ္ႏွစ္ေအာက္ကေလးမ်ားျဖစ္ေၾကာင္း စစ္ေရွာင္စခန္းတာဝန္ခံကဆိုသည္။ “အဓိကက အာဟာရခ်ိဳ႕တဲ့ တာေပါ့ေနာ္။ ကုန္ၾကမ္းက ဘာမွ ဝယ္လို႔မရဘူး။ ေတာင္ယာထဲမွာရွိတဲ့ သီးႏွံေတြပဲစားၾကတယ္။ စစ္ေရွာင္ေတြအမ်ားႀကီး ေရာက္လာတဲ့အခါၾကေတာ့ ဒါေတြက မလည္ပတ္ႏိုင္ေတာ့ဘူး။ အာဟာရေတြခ်ိဳ႕တဲ့လို႔ infection ေတြဝင္တယ္။ ကိုဗစ္က လည္း အရမ္းကိုပ်ံ႕ႏွံ႔ေနတယ္။ ေသဆုံးတာက အနည္းဆုံးအေယာက္သုံးဆယ္ေလာက္ရွိၿပီ။ နာတာရွည္ေရာဂါသမား ေတြရွိ တယ္။ ေမြးကင္းစ အသားဝါဝင္ၿပီးဆုံးသြားတာရွိတယ္”ဟု ၎က ဆက္လက္ေျပာသည္။

မင္းတပ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ေပၚမွတိုက္ပြဲေရွာင္ထြက္ေျပးလာသူ တစ္ေသာင္းေက်ာ္ႏွင့္ ေက်း႐ြာေနေဒသခံႏွစ္ေသာင္း ခြဲခန႔္ သည္ စစ္ေဘးေရွာင္ေနရၿပီး အင္တာနက္လိုင္းမ်ားျပတ္ေတာက္ေနသည္မွာလည္း တစ္လခန႔္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

***********
၉။ မုံးကိုး မွာ စစ္ေကာင္စီနဲ႔ MNDAA တိုက္ပြဲဆက္လက္ျဖစ္ပြားေန
11 October 2021

မုံးကိုးၿမိဳ႕နယ္ခြဲမွာ စစ္ေကာင္စီနဲ႔ ကိုးကန႔္ MNDAA တပ္ တို႔အၾကား ေနရာအမ်ားအျပားမွာ တိုက္ပြဲဆက္လက္ျဖစ္ပြားေန ေၾကာင္း သိရပါတယ္။ “ေန႔ေရာ ညပါ အဆက္မျပတ္ တိုက္ပြဲ ျဖစ္ေနတယ္။ ဒီေန႔ေတာ့ ေဖာင္းဆိုင္ဘက္ တိုက္ပြဲ ျပင္းထန္ေန တယ္” လို႔ ေဖာင္းဆိုင္ ေဒသခံ ၁ ဦး က ေျပာပါတယ္။

ေအာက္တိုဘာလ ၉၊ ၁၀၊ ၁၁ ရက္ေန႔‌ေတြမွာလည္း ေကာင္းလုံ ေအာက္ ေကာင္းဒပ္ အနီးတဝိုက္မွာ ေန႔တိုင္းနီးပါး လက္နက္ ႀကီးလက္နက္ငယ္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္ေနၾကတာေၾကာင့္ ေဒသခံေတြ ေကာက္ရိတ္သိမ္းခ်ိန္ မၾကာခဏ ထြက္ေျပး ေနရတယ္လို႔ ေဖာင္းဆိုင္ေဒသခံေတြက ေျပာပါတယ္။ ေအာက္တိုဘာလ ၉ ရက္ေန႔က မုံးကိုးမွာ စစ္ေကာင္စီတပ္ဖက္က MNDAA တပ္ဖြဲ႕ကို လက္နက္ႀကီးနဲ႔ အဆက္မျပတ္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး မုံးကိုးဘက္ကေန ပန္ေဆးဖက္ကို စစ္ေၾကာင္း ခ်ီတက္လာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ ကိုးကန႔္ MNDAA တပ္ဖြဲ႕တို႔ တိုက္ပြဲ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

စစ္ေကာင္စီနဲ႔ ကိုးကန႔္ MNDAA တို႔အၾကား တိုက္ပြဲေၾကာင့္ ပန္ဆိုင္း ၊ မုံးကိုး နဲ႔ ေဖာင္းဆိုင္းေဒသ တို႔မွာ စစ္ေျပးဒုကၡသည္ ၂၀၀၀ ေက်ာ္ ရွိေနၿပီး လက္နက္ႀကီးထိမွန္ ေသဆုံးသူ ၇ ဦး၊ ျပင္းထန္ ဒဏ္ရာရသူ ၁ ဦး၊ စစ္ေကာင္စီရဲ႕ မိုင္းနင္းမိ ေသဆုံးသူ ၃ ဦး နဲ႔ ျပင္းထန္ ဒဏ္ရာရသူ ၁ ဦး ရွိၿပီ ျဖစ္ပါတယ္။ https://burmese.kachinnews.com/2021/10/11/oct-11-bs-1/
***********
၁၀။ ဖမ္းဆီးခံရသည့္ ဟိုပုံးလူငယ္ (၈) ဦးကို စစ္ေကာင္စီမွ ေငြျဖင့္လာထုတ္ခိုင္း
October 11, 2021

သွ်မ္းျပည္ေတာင္ပိုင္း ဟိုပုံၿမိဳ႕တြင္ လူငယ္ (၈) ဦးကို ေနအိမ္တြင္ စစ္ေကာင္စီလက္ေအာက္ခံ ရဲတပ္ဖြဲ႕က လာေရာက္ဖမ္းဆီး သြားၿပီး ေငြျဖင့္ ျပန္လာထုတ္ခိုင္းေၾကာင္း ေဒသခံမ်ားသတင္းေပးပို႔ခ်က္အရ သတင္းရရွိသည္။ ထိုလူငယ္ (၈) ဦးကို ေအာက္ တိုဘာ (၈) ည ၁၂ နာရီဝန္းက်င္တြင္ မူးယစ္ေဆးသုံးသည္ဟုဆိုၿပီး လာေရာက္ဖမ္းဆီးေခၚေဆာင္သြားၿပီး ထိုသူ(၈)ဦး ၏ မိဘမ်ားကို ေငြျဖင့္လာညႇိႏႈိင္းခိုင္းၿပီး၊ ေငြေပးသည့္သူမ်ား ျပန္လႊတ္ေပးမည္ဟု ေဒသခံအမ်ိဳးသမီးတဦးက သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။
“ မူးယစ္ေဆးဝါးသုံးလို႔ ဆိုၿပီးေတာ့ (၈) ေယာက္ဖမ္းသြားတယ္။ ေနာက္ေန႔ေရာက္‌ေတာ့ သူတို႔ မိဘေတြကေန ပိုက္ဆံနဲ႔ လာညႇိခိုင္းၿပီး ျပန္လာထုတ္ခိုင္းတယ္။ ေထာင္မက်ေစခ်င္ရင္ လာညႇိလို႔ေျပာတယ္” ဟု ဟိုပုံးၿမိဳ႕ ေဒသခံအမ်ိဳးသမီးတဦးက ေျပာသည္။ ယခု ရက္ပိုင္းတြင္ ဟိုပုံးၿမိဳ႕ ညအခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ဧည့္စာရင္းစစ္မည္ဟုဆိုကာ လူငယ္ေတြ ကို လိုက္လံဖမ္းဆီးမႈမ်ား မၾကာခဏ ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။ “ သူတို႔ ဒီလို ည ဧည့္စာရင္းေတြ စစ္ေနၿပီးေတာ့ လိုက္လံဖမ္းေနတာ။ ၿပီးရင္ေငြေတာင္းတယ္။ ေငြနဲ႔ ျပန္သြား ထုတ္ခိုင္းတာ။ ဖမ္းခံရတာ (၁၀) ေယာက္ေလာက္ရွိေနၿပီး။ သြားထုတ္ေပးတာေတာ့ မရွိေသးသလိုပဲ။ သူတို႔ ဘယ္ေလာက္ေတာင္းလဲ မသိရဘူး” ဟု ဟိုပုံးၿမိဳ႕ ေဒသခံ တဦးက ေျပာသည္။ အလားတူ ဖမ္းခံထားရသည့္သူ (၈) ဦးကိုလည္း ယေန႔ထိတိုင္း ျပန္လႊတ္လာေပးျခင္း မရွိေၾကာင္း သိရသည္။ https://burme se.shannews.org/archives/24853

၁၁။ နာဂေဒသတြင္ ေဆး႐ုံတခ်ိဳ႕ပိတ္ထားရေသာေၾကာင့္ သာမန္ေရာဂါျဖင့္ မေသသင့္ဘဲ အသက္ဆုံးရႈံးရမႈမ်ားရွိလာ
October 11, 2021

ကိုယ္ကိုင္အုပ္ခ်ဳပ္ခြင့္ရ နာဂေဒသ၊ လဟယ္ၿမိဳ႕နယ္၊ ထန္ပါေခြၿမိဳ႕တြင္ က်န္းမာေရး ဝန္ထမ္းမ်ားမရွိသျဖင့္ ေဆး႐ုံပိတ္ထား ရကာ သာမန္အဖ်ားေရာဂါျဖင့္ပင္ ေသဆုံးရသူမ်ားရွိလာေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

” ေဆး႐ုံပိတ္ထားတာၾကာၿပီ။ ရပ္႐ြာက အဆုံးအရႈံးခံေနရတယ္ ႐ိုး႐ိုးေရာဂါ အမ်ားႀကီးျဖစ္တယ္။ လမ္းပန္းဆက္သြယ္ေရး ကလဲခက္ဆိုေတာ့ အသက္ႀကီးပိုင္းေတြက ဘယ္လိုမွ ကယ္လို႔မရေတာ့ဘူးျဖစ္ေနတယ္။ ေရာဂါျဖစ္ၿပီးမွ ေသတာက ေျခာက္ ေယာက္ ရွိၿပီ။ မိုးတြင္းက်ေတာ့ အဆုတ္နဲ႔ ပတ္သက္ၿပီး ေခ်ာင္းဆိုးလိုက္ အန္လိုက္နဲ႔ ဖ်ား ၿပီးေတာ့ ငွက္ဖ်ားနဲ႔ေရာပါတယ္၊။ ေဆးကလည္းမရွိ ” ဟု ထန္ပါေခြ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးပါၾကဴး က ေျပာသည္။ လဟယ္ၿမိဳ႕တြင္ ၿမိဳ႕နယ္ေဆး႐ုံႏွင့္ တိုက္နယ္ေဆး႐ုံ ႏွစ္႐ုံရွိရာ ဆရာဝန္မ်ားမရွိေၾကာင္း၊ ထန္ပါေခြၿမိဳ႕ရွိ ေဆး႐ုံကိုမူ ပိတ္ထားရေၾကာင္း လဟယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ ေရးမႉး ဦးဇာနည္ဝင္းကေျပာသည္။ “ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာက ေဆး႐ုံသုံး႐ုံးရွိတယ္။ ဆရာဝန္ေတြ အကုန္လုံးက CDM လုပ္သြားၾကတယ္။ ဒါေၾကာင့္ တပ္က ေဆးမႉးကို အကူအညီေတာင္းလုပ္ေနရတယ္။ ထန္ပါေခြက တိုက္နယ္ေဆး႐ုံ ဆိုရင္ ပိတ္ထားရတယ္ “ဟု ၎ကဆိုသည္။

ထန္ပါေခြၿမိဳ႕ရွိေဆး႐ုံသည္ တိုက္နယ္ေဆး႐ုံျဖစ္ၿပီး လမ္းပန္းဆက္သြယ္ေရးခက္ခဲေသာေဒသျဖစ္၍ အျခားၿမိဳ႕သို႔ ေဆးကုသြား ရန္ မလြယ္ကူလွေၾကာင္း၊ ဖ်ားနာပါက ေဆးဝယ္ေသာက္ရန္ ေဆးဆိုင္ပင္မရွိေၾကာင္း သိရသည္။ ကိုဗစ္ကူးစက္မႈ မရွိဟုဆို ေသာ္လည္း စစ္ေဆးမႈမ်ားမရွိခဲ့ေသာေၾကာင့္ ကူးစက္မႈ ရွိ၊ မရွိကို ေသခ်ာမသိရေၾကာင္း အုပ္ခ်ဳပ္ေရးမႉး ဉီးပါၾကဴး က ဆက္ ေျပာသည္။ http://sdtimedaily.com/2021/10/11/zm03-331/
**********
၁၂။ ထန္တလန္ေဒသခံမ်ား လိုအပ္သည့္ပစၥည္းမ်ား ျပန္လည္သယ္ယူခြင့္ႏွင့္ စပါးရိတ္သိမ္းခြင့္ျပဳရန္ေတာင္းဆိုမည္
October 11, 2021

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၌ တိုက္ပြဲျဖစ္ပြားၿပီး ရက္ေပါင္း ၂၀ ေက်ာ္အၾကာတြင္ ေဒသခံမ်ားအေနျဖင့္ လိုအပ္သည့္ ပစၥည္း မ်ား ျပန္လည္သယ္ယူခြင့္ရရန္ႏွင့္ စပါးရိတ္သိမ္းခြင့္ျပဳရန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံကာကြယ္ေရးအဖြဲ႕မ်ားထံ ေတာင္း ဆိုသြားမည္ဟု ေဒသခံတစ္ဦးကေျပာသည္။

“ၿမိဳ႕ကိုဘယ္သူမွ ျပန္မလာရဲၾကဘူး။ ၿမိဳ႕လုံးကြၽတ္စစ္ေဘးေရွာင္ၿပီး ေဘးနားက ၿမိဳ႕နယ္ေတြ၊ ႐ြာေတြမွာေရွာင္ေနရတာ။ ဟားခါးၿမိဳ႕ေပၚ စစ္ေဘးေရွာင္ေနရတဲ့ လူေတြကေတာ့ သိပ္အခက္အခဲမရွိဘူး။ ထန္တလန္နဲ႔နီးတဲ့႐ြာေတြကေတာ့ အခက္အခဲ ရွိတယ္။ စစ္ျဖစ္ေတာ့ ဘာဆိုင္မွကိုမရွိေတာ့ဘူး။ အခုေက်း႐ြာေတြမွာ အိမ္ေျခ ၅၀၊ ၇၀ ေလာက္ရွိတယ္။ သူတို႔က အကုန္ မေထာက္ပံ့ႏိုင္ဘူး။ ဆန္ကေတာ့ အသင့္တင့္ရွိတယ္။ ဟင္းသီးဟင္း႐ြက္ေတြက ၾကာလာေတာ့ သိပ္မလုံေလာက္ေတာ့ဘူး။ ႏြားေနာက္တို႔၊ ကြၽဲတို႔၊ ႏြားတို႔လည္း မရွိေတာ့ဘူး။ တစ္လေလာက္ဆိုေတာ့ ရွားပါးလာၿပီ။ လူေတြက ထန္တလန္ျပန္လာၿပီး သူတို႔ပစၥည္းေတြ သိမ္းခ်င္ၾကတယ္။ ဒါေပမယ့္ မလာရဲၾကဘူး။ မထင္ရင္မထင္သလို ပစ္ခတ္တာေတြက အေဝးကေန လွမ္းပစ္ လိုက္၊ အနီးကပစ္လိုက္နဲ႔မို႔ လူေတြကမသြားရဲဘူး”ဟု ၎ကေျပာသည္။ ထန္တလန္ၿမိဳ႕၌ စိုက္ပ်ိဳးထားသည့္ လယ္ဧက ေလးရာခန႔္ရွိၿပီး လာမည့္ ေအာက္တိုဘာလကုန္တြင္ စပါးရိတ္သိမ္းရန္ အခ်ိန္ ကိုေရာက္ရွိေတာ့မည္ျဖစ္ေၾကာင္း အဆိုပါ ေဒသခံက ဆက္လက္ေျပာဆိုသည္။ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕၌ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၈ ရက္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ ေနအိမ္ ၁၉ လုံးခန႔္မီးေလာင္ ပ်က္ဆီး ကာ မီးျငႇိမ္းရန္ ႀကိဳးစားသူ ဓမၼအမႈေတာ္ေဆာင္အသတ္ခံခဲ့ရကာ ယခုကဲ့သို႔ ေနရပ္စြန႔္ခြာခဲ့ၾကျခင္းျဖစ္သည္။

၁၃။ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ပုဒ္မ ၁၄၄ ညမထြက္ရအမိန႔္ထုတ္ျပန္
12 October, 2021

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္မွာ ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ ၁၄၄ အရ ညမထြက္ဖို႔နဲ႔ လူ ၅ ေယာက္ထက္ ပိုၿပီး မစု ေဝးၾကဖို႔ အာဏာသိမ္းစစ္ေကာင္စီလက္ခံ ၿမိဳ႕နယ္ေထြအုပ္႐ုံးက ေအာက္တိုဘာ ၁၁ ရက္ေန႔မွာ အမိန႔္ထုတ္ျပန္ထားပါ တယ္။ ျမစ္ႀကီးနားၿမိဳ႕အတြင္း အမ်ားျပည္သူရဲ႕လုံၿခဳံေရးနဲ႔ တရားဥပေဒစိုးမိုးေရးကိုထိခိုက္လာတာ ေတြ႕ရွိရေၾကာင္း ဒါဟာ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ အမ်ားျပည္သူတို႔ရဲ႕ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ ရပ္႐ြာေအးခ်မ္း သာယာေရးကို ထိခိုက္ေစတဲ့ အျပင္ ႐ုန္းရင္းဆန္ခတ္မႈေတြ ျဖစ္ႏိုင္တဲ့အတြက္ ခုလို အမိန႔္ထုတ္တာလို႔ ဆိုပါတယ္။

ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္းမွာ လူစုေဝးတာ၊ ေဟာေျပာတာ၊ ယာဥ္တမ်ိဳးမ်ိဳးကိုအသုံးျပဳလို႔ျဖစ္ေစ ၊ လူကိုယ္တိုင္ျဖစ္ေစ စီတန္း လွည့္လည္တာ၊ လႈံ႕ေဆာ္ဆႏၵျပတာ၊ ဖ်က္ဆီးတာ၊ ႐ုန္းရင္းဆန္ခတ္ေတြ မျပဳလုပ္ဖို႔ တားျမစ္ထားပါတယ္။ ဒါ့အျပင္ လမ္းေတြ နဲ႔ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာေတြမွာ လူ ၅ ဦးထက္ပိုၿပီး စုေဝးျခင္းမျပဳလုပ္ဖို႔နဲ႔ ည ၁၀ နာရီမွ မနက္ ၄ နာရီအတြင္း ညမထြက္ရ အမိန႔္ကိုလည္း ထုတ္ျပန္ေၾကညာထားပါတယ္။ အၾကမ္းဖက္စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကို တရားမဝင္ သိမ္းယူၿပီးေနာက္ ျမစ္ႀကီးနားၿမိဳ႕မွ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္တဲ့ လႈပ္ရွားမႈေတြနဲ႔ ဗုံးေပါက္ကြဲမႈေတြ မၾကာခဏ ရွိတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/493366

**********
၁၄။ နမၼတူ စားဝတ္ေနေရးခက္ခဲမႈေၾကာင့္ လူငယ္မ်ား ခိုးမႈ၊ ဓားျပတိုက္မႈ ပိုမ်ားလာ
October 11, 2021

သွ်မ္းေျမာက္ နမၼတူၿမိဳ႕နယ္တြင္ စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ပိုင္း စားဝတ္ေနေရးခက္ခဲမႈမ်ားေၾကာင့္ ေဒသခံ လူငယ္ မ်ား ခိုးမႈ၊ ဓားျပတိုက္မႈ က်ဴးလြန္တာ ပိုမ်ားလာေၾကာင္း သတင္းရရွိသည္။ နမၼတူတြင္ အလုပ္အကိုင္ရွားပါးျခင္း၊ ကုန္ေဈးႏႈန္း ျမင့္တက္ျခင္း၊ စားဝတ္ေနေရးခက္ခဲျခင္းေတြအျပင္ မူးယစ္ ေဆးဝါးပ်ံ႕ႏွံ႔ေနျခင္းတို႔ေၾကာင့္ ခိုးမႈ၊ ဓားျပတိုက္မႈ ပိုမိုမ်ားလာ ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

“အဓိကေတာ့ စားဝတ္ေနေရးခက္ခဲတာေပါ့၊ ကိုဗစ္ေၾကာင့္လည္း ပါတယ္၊ ကုန္ေဈးႏႈန္းလည္းတက္ေတာ့ ရွာေဖြစားေသာက္ရ တာ မလြယ္ေတာ့ဘူး၊ ဓါးေထာက္ၿပီး ဆိုင္ကယ္လုသြားတဲ့ လူငယ္ေတြဆို ဒီၿမိဳ႕က ေဒသခံေတြပဲ၊ အသက္လည္း ငယ္ေသး တယ္၊ (၂၀)ဝန္းက်င္ပဲ ရွိတယ္” ဟု နမၼတူ ေဒသခံ အမ်ိဳးသားတစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ နမၼတူတြင္ ယခုႏွစ္ အတြင္း ဓားျပတိုက္လုယက္မႈ (၃)ႀကိမ္ထက္မနည္း ျဖစ္ခဲ့ၿပီး ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ဆိုင္ကယ္ႏွင့္ ဖုန္း ဓားျပတိုက္မႈ၊ ၿမိဳ႕တြင္းမွာ ဖုန္းလုယူထြက္ေျပးမႈလည္း ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ၿပီးခဲ့သည့္ ေအာက္တိုဘာ (၇)ရက္ ေန႔က အဆိုပါ ဓားျပတိုက္လုယက္မႈ ျပဳလုပ္ေနသည့္ လူငယ္အဖြဲ႕ထဲမွ (၅)ဦးကို ဖမ္းမိထားၿပီး (၃)ဦးခန႔္ လြတ္ေျမာက္ ေနဆဲ ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

ထိုလူငယ္အမ်ားစုမွာ အသက္ ၁၆၊ ၁၇၊ ၁၈ ႏွစ္ ဝန္းက်င္သာျဖစ္ၿပီး ဓားျပတိုက္ယူထားသည့္ ဆိုင္ကယ္အား ၿမိဳ႕တြင္း တစ္ေန ရာတြင္ သြားေပါင္ထားေၾကာင္း၊ ထို႔ေနာက္ ဖုန္းဆိုင္တစ္ဆိုင္တြင္ ဖုန္း Lock သြားဖြင့္ရာမွ ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း သိရ သည္။ https://burmese.shannews.org/archives/24843

**********

၁၅။ CDM ဝင္ၾကရန္ မြန္ျပည္နယ္ ရဲတပ္ဖြဲ႕အကူတပ္ခြဲကို MPDF က ဗုံးခြဲ သတိေပး
12 October, 2021

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕၊ ၿမိဳင္သာယာရပ္ကြက္၊ ဟသၤာအဝိုင္းအနီးက မြန္ျပည္နယ္ ရဲတပ္ဖြဲ႕အကူတပ္ခြဲမွာ ေအာက္တို ဘာ ၁၁ ရက္ ညဦးပိုင္းက ဗုံးေပါက္ကြဲခဲ့တယ္လို႔ ေဒသခံေတြက ဒီဗြီဘီကို ေျပာပါတယ္။ အဲဒီဗုံးေပါက္ကြဲမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ေတြ ထိခိုက္ဒဏ္ရာရတာ မရွိသလို အေဆာက္အအုံ ပ်က္စီးတာလည္း မရွိဘူးလို႔ ဆိုပါတယ္။ မြန္ျပည္နယ္ေႏြဦး ေတာ္လွန္ေရး တပ္ဦးနဲ႔ ေမာ္လၿမိဳင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ပူးေပါင္းၿပီး ျပည္နယ္ ရဲတပ္ဖြဲ႕အကူတပ္ခြဲကို သတိေပးတဲ့အေနနဲ႔ ဗုံးေဖာက္ခြဲ ခဲ့တာ ျဖစ္တယ္လို႔ MPDF က ထုတ္ျပန္ပါတယ္။

ဗုံးေဖာက္ခြဲရတာဟာ ရဲတပ္ဖြဲ႕ဝင္ေတြ CDM ဝင္ၾကဖို႔ ဖိတ္ေခၚတဲ့အေနနဲ႔ လုပ္ေဆာင္တာျဖစ္ၿပီး၊ စစ္ေကာင္စီအလိုက် ႀကိဳးဆြဲရာကေနတဲ့ အာဏာရွင္တစ္စုကို အခ်ိန္မေ႐ြး အသက္အႏၲရာယ္ထိခိုက္ႏိုင္ေၾကာင္း သတိေပးတာ ျဖစ္တယ္လို႔ PDF အဖြဲ႕က ဆိုပါတယ္။ မြန္ျပည္နယ္ရဲတပ္ဖြဲ႕အကူတပ္ခြဲ ဗုံးေပါက္ကြဲၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ပိတ္ဆို႔စစ္ေဆးတာ ေတြ လုပ္ေဆာင္ခဲ့သလို ညပိုင္းမွာ ရပ္ကြက္တခ်ိဳ႕မွာ ဧည့္စာရင္းစစ္ၿပီး ရွာေဖြတာေတြ လုပ္ေဆာင္ခဲ့ပါတယ္။ http://bu rmese.dvb.no/archives/493363

**********
၁၆။ စစ္ေဘးေရွာင္ေနရတဲ့ ကိုယ္ဝန္သည္တစ္ဦး ေသဆုံး
October 11, 2021

ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕အေနာက္ဖက္ျခမ္းရွိ စစ္ေဘးေရွာင္တစ္ေနရာမွာ ကိုယ္ဝန္ရင့္မာအမ်ိဳးသမီး စစ္ေဘးေရွာင္ရင္း ဗိုက္နာလာတဲ့အတြက္ လြိဳင္ေကာ္ေဆးခန္းတစ္ခုကို ပို႔ေဆာင္ခဲ့ေပမယ့္လည္း ေသဆုံးသြားတယ္လို႔ ကိုယ္ဝန္ေဆာင္ အမ်ိဳး သမီးရဲ႕ တူမေတာ္စပ္သူတစ္ဦးထံကေန သိရပါတယ္။ “ဘယ္လိုျဖစ္လဲဆိုေတာ့ စစကိုယ္ဝန္ေဆာင္ကတည္းက စစ္ေဘးေရွာင္ ေနတယ္ေကာ ပထမတစ္ေခါက္ကတည္းက။ အခုလည္း ထပ္ေရွာင္ရေတာ့ ဘယ္လိုျဖစ္လဲမသိဘူး ေတာထဲေတာင္ထဲေနရ လို႔လား ဘာလဲေတာ့မသိဘူး မေျပာတတ္ဘူး။ ကိုယ္ဝန္ရွိေတာ့ ခနခဏေမာတာေတြျဖစ္တယ္။ ေနမေကာင္းလည္းျဖစ္ေတာ့ အဲဒါ သူ႔ကို ႐ြာနားက အိမ္တစ္အိမ္မွာတည္းဖို႔ေပါ့။ အဲ့ဒါ ရွာေပးေတာ့ သူအဲ့မွာသြားတည္းတယ္။ ႏွစ္ရက္ သုံးရက္လား။ ဒီမနက္ ေတာ့ ဖုန္းလာတယ္ ဗိုက္နာတယ္ဆိုလား ျဖစ္တယ္ဆိုၿပီးေတာ့ သြားၾကည့္ၾကတာ သြားၾကည့္ေတာ့ တအားနာတယ္ဆိုလို႔ နာေရးကားနဲ႔အကူညီေတာင္းၿပီးေတာ့ လြိဳင္ေကာ္ကိုပို႔လိုက္တာ ေဆးခန္းကို။ အေဒၚေတြလိုက္ပို႔တာ သိပ္မၾကာဘူး ဖုန္းဆက္ လာတယ္ မရေတာ့ဘူးေပါ့ အဲ့လိုမ်ိဳးေျပာလာတာ။” လို႔ တူမေတာ္စပ္သူက ေျပာပါတယ္။

အဆိုပါ ေသဆုံးသြားတဲ့ အမ်ိဳးသမီးမွာ ဒီးေမာ့ဆိုၿမိဳ႕ ေဒါငံခါးရပ္ကြက္မွာ ေနထိုင္သူျဖစ္ၿပီး ကိုယ္ဝန္ ၉ လရွိကာ မၾကာခင္ ေမြးဖြားေတာ့မွာျဖစ္ၿပီး ေတာေတာင္ၾကားထဲ ဒုတိယအႀကိမ္ေျမာက္ စစ္ေဘးေရွာင္ေနရသလို က်န္းမာေရး လိုအပ္ခ်က္ အျပင္ လုံေလာက္တဲ့ အစာအာဟာရ စားသုံးရျခင္းမရွိဘူးလို႔ သိရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္မွာ တိုက္ပြဲမျဖစ္ခင္ကာလအတြင္း လြိဳင္ေကာ္ မွာ ေဆးခန္းျပခဲ့ၿပီး စစ္ေဘးေရွာင္ေနစဥ္ ေဆးခန္းမျပရေတာ့သလို အေအးမိတာ၊ စားဖို႔ေသာက္ဖို႔အဆင္မေျပ တာေတြနဲ႔ ေတြ႕ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။ ေသဆုံးသြားသူအမ်ိဳးသမီးမွာ အသက္ (၃၉) ႏွစ္အ႐ြယ္ရွိၿပီး အမ်ိဳးသားနဲ႔ ၁၃ ႏွစ္အ႐ြယ္ သားတစ္ေယာက္၊ ၆ ႏွစ္အ႐ြယ္သားတစ္ေယာက္ က်န္ရွိတယ္လို႔ သိရပါတယ္။ https://www.bnionline .net/mm/news-85203

***********

 

၁၇။ ဖားကန႔္ၿမိဳ႕နယ္ လဝါးေက်း႐ြာအနီးတြင္ စစ္ေကာင္စီယာဥ္တန္းကို KIA အဖြဲ႕တိုက္ခိုက္
October 11, 2021

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လဝါးေက်း႐ြာအနီးတြင္ မြန္းလြဲ ႏွစ္နာရီခန႔္က စစ္အင္အားတိုးခ်ဲ႕လာသည့္ စစ္ေကာင္စီ ယာဥ္တန္း အစီး ၄၀ ခန႔္ကို ကခ်င္လြတ္ေျမာက္ေရးတပ္(KIA)က ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား၏ ယာဥ္တန္းမိုင္းခြဲခံရၿပီးေနာက္ ႏွစ္ဖက္ ပစ္ခတ္မႈမ်ား ရွိခဲ့ေၾကာင္း လဝါးေဒသခံတစ္ဦးက The 74 Media ကိုေျပာသည္။ “ေန႔လည္က လဝါး ႐ြာထိပ္မွာ ပစ္ၾကတာေပါ့။ လဝါးအေက်ာ္နားမွာျဖစ္တာ ယာဥ္တန္းျဖတ္တဲ့ အခ်ိန္ ခဏဆို တာတဲ့ မိုင္းခြဲတာ။ ေတာ္ေတာ္ေလးၾကာေအာင္ပစ္ၾကတယ္။ စစ္ေကာင္စီက အထိနာေလာက္တယ္။ ခုလည္း စစ္ကားေတြအဲ့ နားမွာရွိေနေသးတယ္။ ဒီတစ္ေလာ ရိကၡာလာတင္တဲ့ ကားေတြပါ။ အစီးေရက ၄၀ေလာက္ရွိတယ္” ဟု သူကေျပာသည္။

မိုင္းခြဲခံရမႈေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ဒဏ္ရာရမႈမ်ားရွိေသာ္လည္း အေသးစိတ္မသိေသးေၾကာင္း ေနာက္ထပ္ ေဒသခံတစ္ဦးက ဆက္ေျပာသည္။ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ယေန႔ နံနက္ပိုင္းတြင္ ဒြမ္ဘြန္ေက်း႐ြာတြင္ တစ္ႀကိမ္၊ လဝါးေက်း႐ြာအနီးတြင္ တစ္ႀကိမ္ စုစုေပါင္း ႏွစ္ႀကိမ္ မိုင္းခြဲတိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။ စစ္ေကာင္စီတပ္က ကခ်င္ျပည္နယ္ သို႔ ေျခလ်င္တပ္မ်ားျဖင့္ စစ္အင္အားတိုးခ်ဲ႕မႈမ်ား ျပဳလုပ္ေနၿပီး တႏိုင္းၿမိဳ႕နယ္ႏွင့္ မိုးေကာင္းၿမိဳ႕နယ္ လီဒိုလမ္းမတစ္ေလွ်ာက္ ရွိ ေက်း႐ြာမ်ားတြင္ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA)ႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲ မၾကာခဏျဖစ္ပြားခဲ့သည္။

**********
၁၈။ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း ကြမ္းၿခံေကြ႕အဆင္းတြင္ ေျမသည္ယာဥ္တစ္စီး တိမ္းေမွာက္၊ ယာဥ္ေပၚပါသူ ၂၃ ဦး ဒဏ္ရာရမႈရွိခဲ့
October 11, 2021

ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း ကြမ္းၿခံေကြ႕ အဆင္းေနရာတြင္ ယေန႔ နံနက္ ၇ နာရီအခ်ိန္ခန႔္က ေျမသည္ယာဥ္တစ္စီး တိမ္း ေမွာက္မႈ ျဖစ္ပြားခဲ့ၿပီး ယာဥ္ေပၚပါသူ ၂၃ ဦး ထိခိုက္ဒဏ္ရာရမႈ ရွိခဲ့ေၾကာင္း သိရသည္။

ေကာ့ကရိတ္ဘက္ကေန ျမဝတီဘက္ကိုလာတဲ့ ေျမသည္ယာဥ္ အာရွလမ္း ကြမ္းၿခံေကြ႕ကုန္းဆင္းမွာ အရွိန္မထိန္းႏိုင္ဘဲ ေတာင္နံရံကို ဝင္တိုက္မိၿပီး တိမ္းေမွာက္မႈ ျဖစ္ခဲ့ရာ ယာဥ္ေပၚပါလာသူ ၂၃ ဦးခန႔္မွာ ထိခိုက္ဒဏ္ရာရမႈမ်ား ရွိခဲ့၍ ျမဝတီခ႐ိုင္ ျပည္သူ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သဃၤန္းညီေနာင္ လူမႈကယ္ဆယ္ေရး အဖြဲ႕က ေျပာသည္။

“ဒီေန႔ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း ေဒါနေတာင္ေပၚမွာ မိုးရိပ္ေတြနဲ႔ ရာသီဥတုက သိပ္မၾကည္လင္ဘူး။ ဒီလိုအေျခ အေနမွာ ယာဥ္မၾကာခဏ တိမ္းေမွာက္မႈမ်ား ျဖစ္ပြားေလ့ရွိတဲ့အတြက္ ယာဥ္ေမာင္းသူမ်ားအေနျဖင့္ အထူး သတိရွိၾကဖို႔ လိုအပ္တယ္” ဟု ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။ https://kicnews.org/2021/10/%e1%80%bb%e 1%80%99%e 1%80%9 d%e1%80%90%e1%80%ae

**********

 

 

 

၁၉။ အၾကမ္းဖက္မႈဥပေဒ ပုဒ္မ ၅ ခုျဖင့္ တရားစြဲခံထားရသည့္ ေက်ာက္ျဖဴေဒသခံ ၈ ဦးအမႈ ၃ လ ေက်ာ္ၾကာသည္ထိ ႐ုံးထုတ္စစ္ေဆးျခင္းမရွိ
October 11, 2021

ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ကပ္သေျပေက်း႐ြာမွ အၾကမ္းဖက္မႈ ဥပေဒပုဒ္မ ၅ ခုျဖင့္ တရားစြဲခံထားရသည့္ ကပ္သေျပ ေက်း႐ြာသား ၈ ဦးအမႈကို ႐ုံးထုတ္စစ္ေဆးျခင္းမရွိသည္မွာ ၃ လေက်ာ္ခန႔္ရွိၿပီျဖစ္ေၾကာင္း အမႈလိုက္ေရွ႕ေနမ်ား ကေျပာသည္။ ၎တို႔မွာ ေမာင္ေမာင္ငယ္၊ ဦးေမာင္လွျမင့္၊ ဦးေအာင္တင္ေ႐ႊ၊ ေမာင္စိုးလင္း၊ ဦးလွႏုေအာင္၊ ဦးစံလွေမာင္ ၊ ဦးလွေမာင္သန္း၊ ဦးေမာင္လွျမင့္ တို႔ျဖစ္ၿပီး ေအာက္တိုဘာ ၁၁ ရက္ေန႔တြင္ ႐ုံးခ်ိန္ထားေသာ္လည္း ႐ုံးထုတ္ျခင္းမရွိခဲ့ဟု သိရသည္။

အဆိုပါ ၈ ဦးကို ၿပီးခဲ့သည့္ ဇြန္လလယ္ခန႔္မွ ေနာက္ဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီးေနာက္ ကိုဗစ္ေရာဂါေၾကာင့္ ႐ုံးထုတ္ စစ္ေဆးမႈမျပဳလုပ္ႏိုင္ခဲ့ဟုဆိုသည္။ သို႔ေသာ္လည္း လက္ရွိတြင္ ကိုဗစ္ပိုးေတြ႕မႈက်ဆင္းသြားသည့္အတြက္ တခ်ိဳ႕ၿမိဳ႕နယ္မ်ားမွ တရား႐ုံးမ်ားတြင္ ႐ုံးထုတ္စစ္ေဆးေနၾကၿပီျဖစ္သည္။ ႐ုံးထုတ္စစ္ေဆးမႈမ်ားမျပဳလုပ္သည့္အတြက္ေၾကာင့္ အမႈသည္မ်ားမွာ နစ္နာမႈမ်ားရွိေနသည္ဟု မိသားစုဝင္မ်ားႏွင့္ ေရွ႕ေနမ်ားကေျပာသည္။ ဖမ္းဆီးၿပီးေနာက္ အခ်ဳပ္ေထာင္တြင္ေန၍ တရားရင္ ဆိုင္ေနရသည္မွာၾကာျမင့္လာၿပီျဖစ္သည့္အတြက္ တရား႐ုံးအေနျဖင့္ အျပစ္ရွိ/မရွိကို ႐ုံးထုတ္စစ္ေဆးရန္လိုအပ္ေၾကာင္း ဖမ္းဆီးတရားရင္ဆိုင္ေနရသည့္ ကိုေမာင္ငယ္၏ အစ္မျဖစ္သူ ေဒၚမဲမစိန္ကေျပာသည္။

“ အရင္ႏွစ္ကတည္းက ဖမ္းၿပီးတရားစြဲခံထားရတာ ၁ ႏွစ္ေက်ာ္ေနၿပီ။ ႐ုံးခ်ိန္းေတြမလုပ္တာလည္း ၃ လေက်ာ္ေလာက္ ရွိေန ၿပီ။ ကိုဗစ္နဲ႔ကတည္းက ႐ုံးမထုတ္တာလို႔ေျပာတယ္။ ဒီေန႔လည္း ႐ုံးခ်ိန္းရွိလို႔ မိသားစုဝင္ေတြသြားၾကတာ။ ႐ုံးမထုတ္ျပန္ဘူး တဲ့။ ႐ုံးမထုတ္ဘဲ ေထာင္မွာေနေနရေတာ့ သူတို႔အတြက္ နစ္နာတယ္။ အျပစ္မရွိဘူးဆိုလည္း အျမန္ျပန္လြတ္ေစခ်င္ တယ္””ဟုေျပာသည္။ ၎တို႔ ၈ ဦးကို စြဲဆိုထားသည့္ အၾကမ္းဖက္မႈဥပေဒပုဒ္မ ၅၀(က)၊ ၅၀(ည)၊ ၅၂ (က) အမႈတို႔မွာ စစ္တပ္ဖက္မွ တရားလိုက အမႈ႐ုတ္သိမ္းလႊာတင္ထားသည့္အတြက္ ႐ုံးထုတ္စစ္ေဆးမႈမ်ားကို ရပ္တန႔္ထားျခင္းျဖစ္သည္ဟု အမႈကို လိုက္ပါေဆာင္႐ြက္ေပးေနသည့္ေရွ႕ေနေဒၚသႏၲာဝင္းကေျပာသည္။ ကပ္သေျပေက်း႐ြာသား ၈ ဦးမွာ ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္၊ ဇြန္လ ၆ ရက္ေန႔က ရကၡိဳင့္တပ္ေတာ္ AA ႏွင့္ ဆက္စပ္သည္ ဟူေသာ စြပ္စြဲခ်က္ျဖင့္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ သစ္ပုတ္ ေတာင္ေက်း႐ြာအနီး ဓညဝတီေရတပ္စခန္းမွ ဖမ္းဆီးေခၚေဆာင္ခဲ့ၿပီးေနာက္ ဗိုလ္ႀကီးလင္းျမတ္ကတရားလိုလုပ္ကာ အၾကမ္း ဖက္မႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ၅၀ (က)၊ ၅၀(ည)၊ ၅၂ (က)တို႔ျဖင့္တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

**********
၂၀။ (၁) လနီးပါး ထြက္ေျပးလာသည့္ စစ္ေရွာင္တစ္ခ်ိဳ႕ ေနရပ္သို႔ ျပန္သြား
October 11, 2021

သွ်မ္းျပည္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္အတြင္းရွိ စစ္ေရွာင္မ်ားအခ်ိဳ႕ ေနရပ္သို႔ ျပန္သြားၿပီျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။ စက္တင္ဘာ (၁၄) ရက္ေန႔ကတည္းက သွ်မ္းတပ္ (၂) တပ္တိုက္ပြဲေၾကာင့္ ဟိုခဲေက်း႐ြာအုပ္စုရွိ ေဒသခံမ်ား ထြက္ေျပးတိမ္း ေရွာင္ခဲ့ရေၾကာင္း သိရွိရသည္။

“မေန႔ေတာ့ တစ္ေန႔လုံး လက္နက္သံေတြ မၾကားရေတာ့ဘူး။ ဒီေန႔ေတာ့ မေျပာတတ္ေသးဘူး။ ဟိုခဲေက်း႐ြာအုပ္စုထဲက ေက်း႐ြာေတြ အမ်ားႀကီး ျပန္သြားၾကၿပီ သူတို႔လာတာလဲ တစ္လ ရွိေတာ့မယ္ အဲ့ေၾကာင့္ သူတို႔လဲ ျပန္ခ်င္ေနၾကၿပီ” ဟု စစ္ေရွာင္မ်ားကို ကူညီေပးေနသည့္ ေကာ္မတီဝင္ တစ္ဦးကေျပာသည္။ လက္ရွိ မိုင္းကိုင္ၿမိဳ႕နယ္အတြင္း စစ္ေရွာင္မ်ား (၃၀၀၀) ေက်ာ္ က်န္ရွိေနၿပီး ၎တို႔သည္ ဟမ္းငိုင္းေက်း႐ြာအုပ္စုမွာ (၁၀၀၀) ခန႔္ ႏွင့္ ပန္ေကတု ေက်း႐ြာအုပ္စုမွာ (၂၁၀၀) ေက်ာ္ခန႔္ ရွိေနေသးေၾကာင္း စုံစမ္းသိရွိရသည္။

ေအာက္တိုဘာ (၉) ရက္ေန႔ကစၿပီး ဟိုခဲေက်း႐ြာအုပ္စုႏွင့္ ဟမ္းငိုင္းေက်း႐ြာအုပ္စုထဲအတြင္းရွိ ေက်း႐ြာတစ္ခ်ိဳ႕ စစ္ေဘးတိမ္း ေရွာင္လာသည့္ ေဒသခံမ်ား ေနရပ္ျပန္သြားၾကၿပီျဖစ္သည္။ “တိုက္ပြဲနဲ႔ မနီးတဲ့ ေက်း႐ြာတစ္ခ်ိဳ႕ေတြေတာ့ အိမ္အေျခေနကို ျပန္ ၾကည့္ၾကတယ္။ ဒီ ၂ ရက္ ၃ ရက္အတြင္းေတာ့ တိုက္ပြဲ ႀကီးႀကီးမားမားေတာ့ မရွိဘူး။ စစ္ေရးတင္းမာတာေတြေတာ့ရွိတယ္။ တိုက္ပြဲေတာ့ ၿငိမ္ေနေသးတယ္”ဟု RCSS ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မႉး ခမ္းစံ က သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။ သွ်မ္း တပ္(၂)တပ္ တိုက္ပြဲေၾကာင့္ မိုင္းကိုင္ၿမိဳ႕နယ္အတြင္းရွိ ဟိုခဲေက်း႐ြာအုပ္စု ဟမ္းငိုင္းေက်း႐ြာအုပ္စု ပန္ေကတု ေက်း႐ြာ အုပ္စုရွိ ေဒသခံမ်ား (၅၀၀၀)ေက်ာ္ ေနရပ္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။ https://burmese.shannews.org/archives/24837

**********
၂၁။ ေရးၿမိဳ႕နယ္ အေျမာက္တပ္အနီး ဗုံးခြဲတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီတပ္သား ၃ ဦးဒဏ္ရာရ
12 October, 2021

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ ေမာ္လၿမိဳင္-ထားဝယ္ကားလမ္း စစ္ေကာင္စီ လက္ေအာက္ခံ စကခ ၁၉ အေျမာက္တပ္အနီး ေအာက္တိုဘာ ၁၁ ရက္ေန႔က ဗုံးခြဲတိုက္ခိုက္ခဲ့တယ္လို႔ ေရးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (YPDF) က ထုတ္ျပန္ပါ တယ္။ လက္ပစ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ အေျမာက္တပ္အနီး ၿခံစည္း႐ိုးကာေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၃ ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးမႈ ရွိ၊ မရွိကိုေတာ့ မသိရေသးပါဘူး။

ဗုံးခြဲတိုက္ခိုက္ၿပီးေနာက္ ေရးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က ထိခိုက္ဒဏ္ရာရတာမရွိဘဲ ေအာင္ျမင္စြာ ဆုတ္ခြာႏိုင္ခဲ့ တယ္လို႔ ထုတ္ျပန္ပါတယ္။ ေရးၿမိဳ႕နယ္မွာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ၃ ဦးထက္မနည္း ပစ္သတ္ထားခံသလို ရဲတပ္ဖြဲ႕ ဝင္ တစ္ဦးလည္း အနီးကပ္ ဓားနဲ႔ ထိုးသတ္ထားရပါတယ္။ http://burmese.dvb.no/archives/493349

**********
၂၂။ သူႏိုင္ကိုယ္ႏိုင္လမ္းေၾကာင္းမွာ ေဆြးေႏြးေရးလမ္းေၾကာင္းျဖစ္သည္ဟု ေဒၚေစာျမရာဇာလင္းဆို
October 11, 2021

ျမန္မာႏိုင္ငံအတြင္း ႏွစ္ေပါင္း (၇၀) ေက်ာ္ ျဖစ္ေပၚေနသည့္ ျပည္တြင္းပဋိပကၡတြင္ တစ္ဖက္ႏွင့္တစ္ဖက္ အႏိုင္မတိုက္ခိုက္ ႏိုင္ဘဲ ႏွစ္ရွည္ၾကာေနၿပီး ယင္းအတြက္ေၾကာင့္ သူႏိုင္ကိုယ္ႏိုင္ လမ္းေၾကာင္းမွာ ေဆြးေႏြးေရးလမ္းေၾကာင္းျဖစ္သည္ဟု ရခိုင္ျပည္နယ္ လြတ္ေျမာက္ေရးပါတီ (ALP) မွ ေဒၚေစာျမရာဇာလင္းက ေျပာသည္။ “က်မအေနနဲ႔လည္း အင္မတန္ကို တိုက္ ဖို႔ ဝါသနာပါခဲ့တယ္။ က်မတို႔က လက္နက္ကိုင္နည္းလမ္းနဲ႔ပဲ အဓိက တိုက္ပြဲဝင္မယ္ဆိုၿပီးေတာ့ သံဌိဓါန္နဲ႔ပဲ ေတာ္လွန္ေရးမွာ ႀကိဳးပမ္းခဲ့ရတာ ျဖစ္တယ္။ ဒါေပမယ့္ တစ္ဖက္မွ မႏိုင္ဘူး။ အစိုးရလည္း မႏိုင္ဘူး။ ဒီတိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ ေရးအဖြဲ႕အစည္းေတြလည္း မႏိုင္ဘူး။ သံသရာပဲ ရွည္ေနတယ္။ သံသရာပဲ ရွည္ေနတယ္ဆိုေတာ့ ႏွစ္ဖက္စလုံးက သုံးသပ္ဖို႔ လိုတယ္။ ကိုယ္မႏိုင္၊ သူမႏိုင္မျဖစ္ပဲနဲ႔ ကိုယ္ႏိုင္ သူႏိုင္ျဖစ္ဖို႔လိုတယ္။ ကိုယ္လည္း ႏိုင္ရမယ္။ သူလည္း ႏိုင္ရမယ္ဆိုတဲ့ လမ္း ေၾကာင္းကေတာ့ ေဆြးေႏြးေရးလမ္းေၾကာင္းပဲ” ဟု ေဒၚေစာျမရာဇာလင္းက ေျပာသည္။

သူႏိုင္ကိုယ္ႏိုင္လမ္းေၾကာင္းကို ႏိုင္ငံေတာ္ကို အုပ္ခ်ဳပ္ေနသည့္ အစိုးရတိုင္း နားလည္ထားရန္ လိုအပ္သလို တိုက္ပြဲဝင္ေန ၾက သည့္ တိုင္ရင္းသား လက္နက္ကိုင္‌ေခါင္းေဆာင္မ်ားလည္း နားလည္ထားရန္ လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ လက္နက္ကိုင္ ပဋိပကၡကို ေျဖရွင္းႏိုင္ရန္ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ျဖစ္ေပၚလာရသည္ဟု ၄င္းကဆို သည္။ သို႔ရာတြင္ စစ္တပ္မွ အာဏာရယူၿပီးေနာက္ ႏိုင္ငံေရးအရ ေတြ႕ဆုံေဆြးေႏြးမႈမ်ားကို အခ်ိန္ကာလ ကန႔္သတ္ခ်က္မရွိ

ရပ္ဆိုင္းထားမည္ဟု အပစ္ရပ္ (၁၀) ဖြဲ႕၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) က ေဖေဖာ္ဝါရီ ၂၀ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

NCA မပ်က္ေသာ္လည္း NCA အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈမ်ား မလုပ္ေဆာင္ႏိုင္ေသးေၾကာင္း ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ/ရွမ္းျပည္တပ္မေတာ္ (RCSS/ SSA) မွ အတြင္းေရးမႉး-၂ ဗိုလ္မႉးႀကီး စိုင္းငင္းက ဆိုသည္။ “ဒီ NCA ကို လက္မွတ္ေရးထိုးထားတဲ့ တပ္မေတာ္ေရာ က်ေနာ္တို႔ EAO ေရာ ႏွစ္ဖက္စလုံးကပဲ ဒီ NCA ဟာ ဆက္လက္ရွိေန ပါေသးတယ္။ ဆက္လက္ဆုပ္ကိုင္ေနပါေသးတယ္ဆိုတဲ့ အတြက္ NCA မပ်က္ေသးဘူးလို႔ပဲ အဲလိုျမင္ပါတယ္။ ဒါေပမယ့္ ခုနေျပာသလိုေပ့ါ။ ဒီ NCA မပ်က္ဘူးဆိုေပမယ့္လည္း NCA အရ NCA အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရးေတြေတာ့ မလုပ္ႏိုင္ဘူး။ ေျပာမယ္ဆိုရင္ အခုအေနအထား အဲလို ျဖစ္ပါတယ္” ဟု ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာသည္။ “တစ္တိုင္း ျပည္လုံးရဲ႕ အနာဂတ္ ျပည္သူေတြမွာ ရွိေနတဲ့ အနာဂတ္ကို ၾကည့္မယ္ဆိုလို႔ရွိရင္ က်မတို႔ ျမန္မာႏိုင္ငံကို ဖက္ဒရယ္ႏိုင္ငံအစစ္ မထူေထာင္လို႔ မရေတာ့ဘူး။ က်မတို႔က ဘာေၾကာင့္ ျဖစ္ေနလဲဆိုလိုရွိရင္ ရပိုင္ခြင့္ေတြ ဆုံးရႈံးေနလို႔ျဖစ္တယ္။ ကိုယ့္ရဲ႕ ဘဝကို ကိုယ္တို႔ မဖန္တီးႏိုင္ဖို႔ ျဖစ္တယ္။ အဲတာေၾကာင့္ ဒါကိုေတာ့ အားလုံး နားလည္တယ္ဆိုလို႔ရွိရင္ ဒီျပႆနာကို မေျဖရွင္း ႏိုင္စရာမရွိဘူး။ အတၱကို ေလ်ာ့ဖို႔လိုတယ္” ဟု ေျပာသည္။ https://burmese.monnews.org/2021/10/11/%e1%80% 9e %e1%80%b0%e1%80%94%e1%80%ad%e1%80

**********
၂၃။ ဆက္သြယ္ေရးလိုင္းပိတ္ထားစဥ္ စစ္ေကာင္စီတပ္ႏွင့္ BGF ပူးေပါင္းတပ္တို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္က်ဴးလြန္ေန
October 9, 2021

ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး သထုံခ႐ိုင္၊ တပ္မဟာ (၁) ထိန္းခ်ဳပ္နယ္ေျမ၊ ေက်း႐ြာအမ်ားစုတြင္ ၿပီးခဲ့သည့္ စက္တင္ဘာလတစ္လလုံး ဖုန္းလိုင္း အပါအဝင္ ဆက္သြယ္ေရးလိုင္းမ်ားအားလုံး ျဖတ္ေတာက္ထားစဥ္ စစ္ေကာင္စီတပ္ႏွင့္ BGF ပူးေပါင္းတပ္တို႔သည္ ေဒသခံလူထုအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားစြာ က်ဴးလြန္ခဲ့ သည္ဟု ေဒသတြင္း သတင္း အရင္းအျမစ္မ်ားထံမွ သိရသည္။

စစ္ေကာင္စီတပ္ႏွင့္ BGF ပူးေပါင္းတပ္ဖြဲ႕သည္ ဆက္သြယ္ေရးလိုင္းမ်ားျဖတ္ေတာက္ထားသည့္ကာလတြင္ သထုံ၊ ဘီး လင္းၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီးမ်ား အေၾကာင္းမဲ့ပစ္ခတ္ျခင္း၊ လူထုကို စစ္ရိကၡာ အတင္းအ ဓမၼ သယ္ခိုင္းျခင္း၊ တပ္စခန္းေဆာက္ရန္ သစ္၊ ဝါးမ်ားပို႔ေဆာင္ခိုင္းျခင္း၊ ရိကၡာသယ္ယူပို႔ေဆာင္ခ်ိန္၊ တပ္အေျပာင္းအ လဲလုပ္ခ်ိန္ ႏွင့္ စစ္ေရးလႈပ္ရွားေနခ်ိန္မ်ားတြင္ ေက်း႐ြာလူထုမ်ားကိုေခၚယူကာ လူသားဒိုင္းအျဖစ္ အသုံးျပဳျခင္း စသည့္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို က်ဴးလြန္ခဲ့သည္ဟု ေဒသခံလူထုႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ေစာင့္ၾကည့္ေနၾကသည့္ ကရင္လူမႈအဖြဲ႕ အစည္းမ်ားကေျပာသည္။ ဘီးလင္းၿမိဳ႕နယ္မွ အမည္မေဖာ္လိုသူ အရပ္ဖက္အဖြဲ႕ဝင္တစ္ဦးက“ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ ေဒသ မွာ ေန႔၊ ည လူ႔ အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတယ္။ ၿပီးေတာ့ ဖုန္းလိုင္းေတြ ျဖတ္ထားေတာ့ ပိုဆိုးသြားတယ္။ အခ်ိန္မီ ဖုန္းဆက္၊ တင္ ျပ၊ ေျပာျပလို႔ မရဘူးေလ။”ဟု ေအာက္တိုဘာလ ၈ရက္ ယမန္ေန႔က ေကအိုင္စီသို႔ ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၈ရက္ေန႔က ဘီးလင္းၿမိဳ႕နယ္၊ ႀကိဳးဝိုင္းေက်း႐ြာတြင္ ေရာက္ရွိသည့္ စစ္ေကာင္စီတပ္ႏွင့္ BGF ပူးေပါင္းတပ္ဖြဲ႕တို႔သည္ ၾကေသာင္းဆိပ္ေက်း႐ြာတြင္ရွိေသာ BGF စခန္းသို႔သြားရန္ ႀကိဳးဝိုင္းႏွင့္ ပ်ဥ္းမပင္ဆိပ္ ေက်း႐ြာရွိ ျပည္သူအေယာက္ ၁၀၀ေက်ာ္ကိုေခၚေဆာင္ကာ တပ္ရိကၡာသယ္ခိုင္းသလို ထိုအထဲတြင္ အသက္ (၁၈)ႏွစ္ မျပည့္ေသးသည့္ ကေလးမ်ားလည္းပါဝင္ေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာသည္။ ထို႔အျပင္ ေလးေကေက်း႐ြာရွိ BGF တပ္စခန္းကို ျပန္လည္မြမ္းမံျပင္ဆင္ရန္ ေဒသခံမ်ားအား အစည္းအေဝးေခၚကာ တစ္အိမ္လွ်င္ သစ္ ၂ေခ်ာင္းႏွင့္ ဝါး ၁၀လုံး မျဖစ္မေန လာ ေရာက္ပို႔ေဆာင္ခိုင္းသည့္အျပင္ ျပည္သူလူထုမ်ား၏ ကားမ်ားကို ေခၚယူကာ တပ္ရိကၡာသယ္ေဆာင္ခိုင္းမႈမ်ား လုပ္ေဆာင္ခဲ့

သည္ဟုလည္း ေဒသခံမ်ားထံမွ သိရသည္။ သူက “က်ေနာ္တို႔ တိုင္းရင္းသားနယ္ေျမမွာ အရင္ကတည္းက လူ႔အခြင့္အေရးခ်ိဳး ေဖာက္တာကို ခံစားေနရတယ္။ အခု ခ်ိန္မွာ သူတို႔မွာ ၿငိမ္းခ်မ္းစြာ ေနထိုင္သင့္ၿပီ။ ဒါေပမယ့္ စစ္အာဏာသိမ္းၿပီးတဲ့ ေနာက္ ပိုင္းမွာ သူတို႔ေတြက အစတုန္းက လိုပဲ လူ႔အခြင့္အေရး ျပန္ခ်ိဳးေဖာက္ခံေနရတယ္။ အဲဒါေၾကာင့္ ျပည္သူလူထု ေထာက္ခံတဲ့ အစိုးရျပန္ရဖို႔ စစ္တပ္ကို ဖိအားေပးႏိုင္တဲ့ အာဏာရွိတဲ့လူေတြ၊ ႏိုင္ငံတကာေတြ က်ေနာ္တို႔ တိုက္တြန္းရမယ္။”ဟု ေကအိုင္စီ သို႔ ေျပာသည္။ https://kicnews.org/2021/10/%e1%80%86%e1%80%80%e1%80%b9%e1%80%9e%e1%80

**********
၂၄။ ေက်ာက္မဲၿမိဳ႕ Mytel တာဝါတိုင္ ေဖာက္ခြဲခံရၿပီးေနာက္ စစ္ေကာင္စီမွ လူငယ္ကိုပိုဖမ္းဆီးလာ
October 12, 2021

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ စစ္တပ္ပိုင္ Mytel ဖုန္းတာဝါတိုင္ ေဖာက္ခြဲခံရၿပီးေနာက္ပိုင္း စစ္ေကာင္စီ မွ လူငယ္မ်ား ကို ယခင္ထပ္ ပိုဖမ္းဆီးေနလ်က္ရွိေၾကာင္း စုံစမ္းသိရွိရသည္။ ေက်ာက္မဲၿမိဳ႕တြင္ ယခု ရက္ပိုင္း ညထြက္သြားလာသူမ်ားကို စစ္ေဆး႐ိုက္ႏွက္မႈမ်ား ျပဳလုပ္လာလ်က္ရွိၿပီး ယမန႔္ေန ေအာက္တိုဘာ (၁၁) ည ၁၀ နာရီဝန္းက်င္တြင္ ေသနတ္ပစ္ေဖာက္သံ မ်ားရွိေၾကာင္း သိရသည္။

“ မေန႔ကညကေတာ့ ေသနတ္သံ (၈) ခ်က္ေလာက္ၾကားရတယ္။ စစ္ေကာင္စီေတြက ညဆို ခုတေလာ ပိုၿပီးစစ္ေဆး ေနတယ္။ Mytel ဖုန္းတာဝါတိုင္း ေဖာက္ခြဲခံရၿပီးေနာက္ ပိုၿပီး စစ္ေဆးလာတယ္။ လူငယ္ေတြကိုလည္း ပိုဖမ္းလာတယ္” ဟု ေက်ာက္မဲ ၿမိဳ႕ ေဒသခံအမ်ိဳးသားတဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေကာင္စီတပ္သားမ်ားက အရပ္ဝတ္ျဖင့္ လူငယ္မ်ားကို တိတ္တဆိတ္ လိုက္လံ ဖမ္းဆီးရာတြင္ လူငယ္ (၂၀) ေက်ာ္ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။ ထိုဖမ္းဆီးခံ ထားရသည့္ သူမ်ားသည္ Mytel တာဝါတိုင္ ေဖာက္ခြဲခံရၿပီးေနာက္ဖမ္းဆီးခံရေၾကာင္း ၊ ၿမိဳ႕တြင္း PDF တပ္ဖြဲ႕မ်ား ေရာက္လာ မွာကို စိုးရိမ္ေသာေၾကာင့္ စစ္ေကာင္စီတပ္မ်ားက စိုးရိမ္ေနၾကရေၾကာင္းသိရသည္။

“ သူတို႔ အရပ္ဝတ္ေတြနဲ႔ ခိုးခိုးၿပီးဖမ္းသြားတာ။ က်ေနာ္တို႔ သိရသေလာက္ေတာ့ ၂၀ ေက်ာ္ရွိ ေနၿပီထင္တယ္။ သူတို႔ေတြက ၿမိဳ႕ထဲမွာ PDF ေတြ ေရာက္လာမွာကို စိုးရိမ္ေနၾကတာ။ အဲေၾကာင့္ ညညဆိုသူတို႔ အရမ္းကို လိုက္စစ္ေနတယ္” ဟု ေက်ာက္မဲ ၿမိဳ႕ အထက္ပါ လူက ေျပာသည္။ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေကာင္စီ တပ္သားမ်ား၏ လုပ္ရက္မႈေၾကာင့္ ျပည္သူမ်ားက စားဝတ္ ေနေရးအတြက္ ပါ စိတ္ပူေနၾကရေၾကာင္း၊ ည တခုခုေၾကာင့္ အေရးေပၚသြားစရာရွိလာပါက စိုးရိမ္ေနၾကရေၾကာင္း သိရ သည္။“ အရင္ကေတာ့ အဲေလာက္ထိ မစစ္ပါဘူး။ သြားလာတာရွိတယ္။ အခု ပိုစစ္လာတယ္ဆိုေတာ့ ည အေရေပၚ သြားစရာရွိ လာရင္ ဘယ္လိုလုပ္ရမလဲ ဆိုတာစိတ္ပူတယ္။ အခုက ကိုဗစ္ ကပ္ေရာဂါအခ်ိန္လည္းျဖစ္တယ္။ စားဝတ္ေနေရးအတြက္ လည္း ရွာစားရတာ ခက္ခဲလာတယ္။ အခုက အကုန္လုံးကို စိုးရိမ္ၿပီးေၾကာက္ေနရတာ” ဟု ေက်ာက္မဲၿမိဳ႕ အသက္ ၄၀ ေက်ာ္ အမ်ိဳးသမီး တဦး က သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။ https://burmese.shannews.org/archives/24870

**********
၂၅။ ေတာင္ယာလုပ္ကိုင္သူမ်ား ေျမၾသဇာဝယ္သုံးရန္ အခက္အခဲျဖစ္ေန
October 12, 2021

ေဒၚလာေစ်းမၿငိမ္သက္မႈမ်ားေၾကာင့္ ကုန္ေစ်းႏႈန္းမ်ား ျမင့္တက္လာေနသည့္အတြက္ ေတာင္ယာလုပ္ငန္းမ်ားျဖင့္ အသက္ေမြး ဝမ္းေက်ာင္းျပဳေနၾကသည့္ ရခိုင္ျပည္နယ္၊ ေလးၿမိဳ႕ေခ်ာင္းေဒသခံမ်ားမွာ ေျမၾသဇာဝယ္ယူမသုံးစြဲႏိုင္ေတာ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္မ်ားက သီးႏွံခင္းမ်ား၌သုံးသည့္ ပုလဲ(အျဖဴ၊အမဲ)ႏွင့္ စူပါအမ်ိဳးအစား ဓာတ္ေျမၾသဇာတစ္အိတ္လွ်င္ ေစ်းႏႈန္း (၄)

ေသာင္းက်ပ္သာရွိခဲ့ၿပီး ယခုႏွစ္တြင္ ကုန္ေစ်းႏႈန္းမ်ားျမင့္တက္ေနမႈေၾကာင့္ ယင္းဓာတ္ေျမၾသဇာအမ်ိဳးအစားတစ္အိတ္ကို (၅)ေသာင္းမွ (၆)ေသာင္းဝန္းက်င္အထိ ေစ်းျမင့္တက္လွ်က္ရွိသည္ဟု သီးႏွံစိုက္ပ်ိဳးေနသူမ်ားကေျပာသည္။

ကုန္းေခ်ာင္းေက်း႐ြာမွ ေတာင္ယာလုပ္ကိုင္ေနသူတစ္ဦးျဖစ္သည့္ ဦးဘခ်စ္က “ကုန္ေစ်းႏႈန္းက အကုန္လုံးတက္ေနေတာ့ ေျမၾသဇာေစ်းေတြလည္းတက္သြားတယ္။ က်ေနာ့္စိုက္ခင္းမွာေတာ့ တစ္ျခားအမ်ိဳးအစားေတြ သိပ္မသုံးျဖစ္ဘူး။ ပုလဲတစ္မ်ိဳး တည္းကိုပဲ အျဖဴ၊အမဲေရာၿပီးသုံးတယ္။ ေလာေလာဆယ္ေတာ့ ေစ်းတက္သြားလို႔မဝယ္ရေသးဘူး။ ဝယ္ႏိုင္ဖို႔ကလည္းမလြယ္ ဘူး။ တစ္ျခားလူေတြမွာလည္း အဲဒီအတိုင္းပဲ ေျမၾသဇာေစ်းေတြတက္ေနလို႔ မဝယ္ႏိုင္ၾကေသးတာမ်ားတယ္ ဟု ေျပာသည္။ ေလးၿမိဳ႕ေခ်ာင္းေဒသခံမ်ားမွာ ေျမၾသဇာမ်ားဝယ္ရန္အတြက္ ဆင္အိုးေက်း႐ြာအထိ စက္ေလွျဖင့္ ဆီ(၂)ဂါလံခန႔္ကုန္က်ခံကာ သြားၾကရၿပီး ယင္းမွတစ္ဆင့္ ေျမာက္ဦးၿမိဳ႕သို႔ သုံးဘီး၊ လိပ္ကုန္း၊ ကား စသည့္တို႔ျဖင့္ ငွားရမ္းသြားၾကရသည္။

သီးႏွံစိုက္ခင္းတစ္ဧကတြင္ ေျမၾသဇာတစ္အိတ္ႏႈန္းျဖင့္ ရက္ေပါင္း(၂၀)ျခားတစ္ခါ ပုံမွန္သုံးေပးရၿပီး ေျမၾသဇာပုံမွန္သုံးေပး ႏိုင္ခဲ့သည့္ႏွစ္မ်ားကပင္ စိုက္ခင္းမွရရွိသည့္ေငြမ်ားျဖင့္ မိသားစုစားဝတ္ေနေရးအတြက္ ဖူလုံမႈမရွိခဲ့သျဖင့္ ယခုႏွစ္တြင္ စားဝတ္ ေနေရး အခက္အခဲပိုျဖစ္လာႏိုင္သည္ဟုလည္း ကုန္းေခ်ာင္းေဒသခံ ဦးဘခ်စ္က ဆက္ေျပာသည္။ “ဒီလိုစု္ိက္ခင္းေတြက စပါးခင္း ေတြနဲ႔မတူဘူး။ ေျမၾသဇာအၿမဲသုံးေပးရတယ္။ က်ေနာ့္မွာေတာ့ စိုက္ခင္းက ၅ ဧကဆိုေတာ့ တစ္ခါႀကဲရင္ ငါးအိတ္ ကုန္တယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ ေျမၾသဇာကတစ္အိတ္ပဲရွိတယ္။ ထပ္သြားဝယ္ဖို႔ကလည္း စက္ေလွဆီစရိတ္နဲ႔ ကားစရိတ္ေတြနဲ႔မလြယ္ဘူး။ ပုံမွန္ေျမၾသဇာသုံးႏိုင္တဲ့ ႏွစ္ေတြကေတာင္ စိုက္ခင္းကရတဲ့ေငြနဲ႔ မိသားစုစားဝတ္ေနေရး လုံေလာက္မႈမရွိဘူး။ ဒီႏွစ္ေတာ့ ေျမၾသဇာမသုံးႏိုင္တာကတမ်ိဳး၊ ႂကြက္ေတြကလည္း တစ္အားေပါတယ္။ ဒီအတိုင္းဆိုရင္ေတာ့ ေတာင္သူေတြအတြက္အခက္အခဲပါပဲ”ဟု ၄င္းကေျပာသည္။

**********
၂၆။ ေရးၿမိဳ႕နယ္တြင္ အန္အယ္လ္ဒီပါတီ ေထာက္ခံသည့္ ေနအိမ္ ၂ အိမ္ ခ်ိတ္ပိတ္ခံရ
12 October, 2021

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ အစင္စံျပေက်း႐ြာက အန္အယ္လ္ဒီပါတီေထာက္ခံတဲ့ ေနအိမ္ ၂ အိမ္ကို ေအာက္တိုဘာ ၁၁ ရက္ မနက္က စစ္ေကာင္စီ တပ္ေတြက အရပ္ဝတ္နဲ႔လာၿပီး ေနအိမ္ကို ခ်ိတ္ပိတ္လိုက္တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။ ခ်ိတ္ ပိတ္ခံရတဲ့ေနအိမ္ေတြဟာ ဦးစိုးမိုးေအာင္နဲ႔ ဦးစိုးႏိုင္တို႔ရဲ႕ေနအိမ္ေတြျဖစ္ၾကၿပီး အိမ္ရွင္ႏွစ္ဦး လုံးဟာ အန္အယ္လ္ဒီ ေထာက္ခံ ၾကတဲ့သူေတြဆိုၿပီး စစ္ေကာင္စီတပ္ေတြက ဖမ္းဆီးလာခဲ့တာေၾကာင့္ ဒီေန႔အထိ မိသားစုလိုက္ ေရွာင္တိမ္းေနၾကတာပါ။

ဦးစိုးမိုးေအာင္ေရွာင္တိမ္းေနစဥ္ ကာလအတြင္းေနအိမ္မွာ လာေနေပးတဲ့ ဦးစိုးမိုးေအာင္ရဲ႕ တူမျဖစ္သူကိုလည္း စစ္ေကာင္စီက မေန႔က ဖမ္းဆီးသြားၿပီး ဒီမနက္ျပန္လႊတ္ေပးလိုက္တယ္လို႔ ေဒသခံက ေျပာပါတယ္။ အဆိုပါေနအိမ္ ၂ လုံးရဲ႕ အိမ္ရွင္ေတြကို စစ္ေကာင္စီက ဖမ္းဆီးဖို႔ အလိုရွိသူေတြျဖစ္ၾကၿပီး အိမ္ရွင္ေတြကလည္း မရွိေတာ့တဲ့အတြက္ အခုလို ေနအိမ္ ၂ လုံးကို ခ်ိတ္ပိတ္ခံထားရပါတယ္။ http://burmese.dvb.no/archives/493448

**********

 

 

 

၂၇။ ေက်ာက္မဲ အမႈိက္ျပႆနာ ေျဖရွင္းေပးရန္ ေဒသခံမ်ား ေမွ်ာ္လင့္
October 9, 2021

သွ်မ္းေျမာက္ ေက်ာက္မဲၿမိဳ႕တြင္းရွိ ရပ္ကြက္မ်ားတြင္ အမႈိက္သိမ္းယူမႈစနစ္ အားနည္းေနျခင္းေၾကာင့္ တာဝန္ရွိသူတို႔မွ ေျဖရွင္း ေပးရန္ ေဒသခံမ်ားက ေမွ်ာ္လင့္ေနၾကေၾကာင္း သတင္းရရွိသည္။ ေက်ာက္မဲၿမိဳ႕သည္ ခ႐ိုင္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္အျပင္ ႏွစ္စဥ္ လူဦးေရတိုးပြားလာၿပီး စည္းကမ္းမဲ့ အမႈိက္စြန႔္ပစ္ျခင္း၊ အမႈိက္သိမ္းယူမႈစနစ္ အားနည္းျခင္းတို႔ေၾကာင့္ ၿမိဳ႕ေပၚ ရပ္ကြက္မ်ား တြင္ အမႈိက္ျပႆနာ ႀကဳံေတြ႕ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“မိန္းလမ္းေပၚေတာ့ အမႈိက္သိမ္းတာေတြ႕တယ္၊ က်န္တဲ့ ရပ္ကြက္ေတြထဲမွာ သိမ္းေပးဖို႔လိုတာ၊ အမႈိက္သြားပစ္ရတဲ့ ေနရာက လည္းေဝးတယ္၊ ႀကဳံတဲ့ေနရာပစ္ေနတဲ့သူက ပိုမ်ားေတာ့အနံ႔ေတြလည္း မေကာင္းေတာ့ဘူး”ဟု ေက်ာက္မဲေဒသခံ အမ်ိဳးသား တစ္ဦးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ မိန္းလမ္းတစ္ေလွ်ာက္ႏွင့္ ေဈးအနီးတို႔တြင္ အမႈိက္သိမ္းယူမႈ မ်ားရွိေသာ္လည္း ရပ္ကြက္မ်ားအတြင္းထိ အမႈိက္သိမ္းယူမႈ မရွိေၾကာင္း၊ ထို႔အျပင္ ေဒသခံတခ်ိဳ႕ စည္းကမ္းမဲ့ အမႈိက္စြန႔္ပစ္ေနသည့္အတြက္ ရပ္ကြက္လမ္းမ်ားေပၚတြင္ အမႈိက္မ်ားပ်ံ႕က်ဲကာ အနံ႔အသက္ဆိုးမ်ားထြက္ေနတာျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ အလားတူေနအိမ္အတြင္း အမႈိက္မ်ားမီးရႈိ႕ပါက ပတ္ဝန္းက်င္မ်ားကို ထိခိုက္ေစေၾကာင္း၊ ထို႔ေၾကာင့္ အမႈိက္စြန႔္ပစ္ရန္ သတ္ မွတ္ထားသည့္ ေနရာအထိ သြားေရာက္စြန႔္ပစ္ေနရေၾကာင္း ရပ္ကြက္(၂) အတြင္း ေနထိုင္သည့္ ေဒသခံတစ္ဦးက ေျပာသည္။

“အမႈိက္ကို ကိုယ့္ဝိုင္းထဲ မီးရႈိ႕မယ္ဆိုရင္လည္း အနံ႔ေတြက မေကာင္းဘူး၊ ပတ္ဝန္းက်င္အတြက္လည္း အဆင္မေျပဘူး၊ အဲ့ေတာ့ အမႈိက္ကို စုၿပီး (၃/၄)ရက္တစ္ႀကိမ္ သွ်မ္းေက်ာင္းႀကီးေနာက္က အမႈိက္ပုံထိ သြားပစ္ရတယ္” ဟု အထက္ပါ ေဒသခံ က ဆိုသည္။ “အရင္ အစိုးရလက္ထက္တုန္းက အမႈိက္ကို စနစ္တက်သိမ္းဖို႔ ကုမၸဏီကို တာဝန္ေပးမယ္ဆိုၿပီး ေဆြးေႏြးတယ္ ဆိုၿပီး ၾကားဖူးတယ္၊ ဒါေပမယ့္ ဘယ္လိုျပႆနာေတြ ရွိခဲ့လဲေတာ့ ေသျခာမသိဘူး၊ ခုထိ အေကာင္အထည္ မေဖာ္ႏိုင္ေသးဘူး” ဟု အထက္ပါေဒသခံ က ေျပာသည္။ ထို႔အျပင္ ယခုႏွစ္အတြင္း တိုင္းရင္းသားလက္နက္ကိုင္တိုက္ပြဲ ျပင္းထန္ခဲ့မႈေၾကာင့္ ၿမိဳ႕ေပၚရပ္ကြက္သို႔ ေျပာင္းေ႐ႊ႕လာသည့္ စစ္ေဘးေရွာင္ (၁၇၀၀)ေက်ာ္ရွိေနေၾကာင္း စစ္ေရွာင္ကူညီသူမ်ားထံမွ သိရသည္။ https://burmese.shannews.org/archives/24833

**********
၂၈။ ေတာင္ကုတ္တြင္ ၁၆ ႏွစ္အ႐ြယ္ကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံး
October 11, 2021

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕တြင္ အသက္ ၁၆ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံးသြားေၾကာင္း သတင္းရရွိ သည္။ ေသဆုံးသြားေသာသူမွာ ေတာင္ကုတ္ၿမိဳ႕၊ သိမ္ေတာင္ရပ္ကြက္၊ ေအာင္ခ်မ္းသာအပိုင္မွ ေမာင္ခ်စ္ေအး (၁၆ ႏွစ္)ျဖစ္ၿပီး ဦးထြန္းေက်ာ္ႏွင့္ေဒၚမတုတ္ တို႔၏ သားျဖစ္ေၾကာင္း သိရသည္။

သူသည္ ေအာက္တိုဘာလ ၉ ရက္ ညေနက ေနအိမ္မွေပ်ာက္ဆုံးသြားၿပီး မိဘမ်ားကလိုက္လံရွာေဖြရာ ေအာက္တိုဘာ ၁၁ ေန႔လယ္ ၂ နာရီတြင္ သိမ္ေတာင္ရပ္ကြက္ႏွင့္ ၃ ဖာလုံအကြာတြင္ရွိေသာ ေတာင္ေပၚရွိ သီဟိုဠ္ပင္၌ ႀကိဳးဆြဲခ်ေသဆုံးလ်က္ ေတြ႕ရွိခဲ့ရသည္ဟု ေတာင္ကုတ္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက နိရၪၥရာကို ေျပာသည္။“ေပ်ာက္သြားတာ ၂ ရက္ေလာက္ရွိၿပီ။ သူ႔ကို ဒီေန႔မွ ေသဆုံးလ်က္ေတြ႕တယ္။ ျပင္ပထိခိုက္ထားတဲ့ဒဏ္ရာေတြလည္းမရွိဘူး။ ကေလးက က်ပ္လည္းသိပ္မျပည့္ဘူးလို႔ မိဘေတြက ေျပာတယ္”ဟု ေျပာသည္။ လက္ရွိတြင္ ေသဆုံးသြားသူ၏႐ုပ္အေလာင္းအား ေတာင္ကုတ္ေဆး႐ုံမွတဆင့္ယူ ေဆာင္ သြားၿပီး ယေန႔ညေနတြင္ သၿဂႋဳလ္မည္ဟု သိရသည္။

 

၂၉။ စစ္ေကာင္စီရဲ႕ ထုတ္ကုန္ေတြကို TNLA တပ္ဖြဲ႕က ဖ်က္ဆီးပစ္
October 12, 2021

တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ TNLA တပ္ဖြဲ႕က သူတိုထိန္းခ်ဳပ္နယ္ေျမမွာ စစ္ေကာင္စီထုတ္ကုန္ေတြကို ဝယ္ယူအားမေပးဖို႔နဲ႔ ဆိုင္မွာက်န္ရွိေနတဲ့ ထုတ္ကုန္ေဟာင္းေတြကိုလည္း ပ်က္ဆီးပစ္ခဲ့တာေတြ ျပဳလုပ္ခဲ့ပါတယ္။ ဆိုင္ရွင္ ေတြကိုလည္း ေနာက္တစ္ခါ ဝယ္ယူေရာင္းမခ်ဖို႔ ဝန္ခံကတိလက္မွတ္ ထိုးခိုင္းတာလည္း ရွိတယ္လို႔ သိရပါတယ္။ TNLA တပ္ဖြဲ႕က စစ္ေကာင္စီ အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း သူတို႔ရဲ႕ထုတ္ကုန္ေတြကို ဝယ္ယူအားမေပးဖို႔ ထုတ္ျပန္ခ်က္ေတြ လည္း ထုတ္ျပန္ထားၿပီး ကုန္စုံဆိုင္ေတြကို စာေတြပို႔ထားေပးတာ ရွိပါတယ္။

စစ္ေကာင္စီရဲ႕ထုတ္ကုန္ေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ ထိန္းခ်ဳပ္နယ္ေျမထဲသာမက ျမန္မာတစ္ႏိုင္ငံလုံးရွိေနတဲ့ ျပည္သူေတြကလည္း စစ္ေကာင္စီကို ကန္႔ကြက္တဲ့အေနနဲ႔ ဝယ္ယူအားမေပးၾကဖို႔ တိုက္တြန္းမႈေတြလည္း ရွိခဲ့ၿပီးျဖစ္ပါတယ္။

**********
၃၀။ ေလာင္းလုံးၿမိဳ႕နယ္တြင္ စစ္ေကာင္စီခန႔္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ၁ ဦးပစ္သတ္ခံရ
12 October, 2021

တနသၤာရီတိုင္း၊ ထားဝယ္ခ႐ိုင္၊ ေလာင္းလုံးၿမိဳ႕နယ္ ေမာင္းမကန္ေက်ာက္ဆင္ေက်း႐ြာမွာ ေအာက္တိုဘာ ၁၁ ရက္ ညေန ပိုင္း က ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတေယာက္ ေသနတ္နဲ႔ ၄ ခ်က္ ပစ္သတ္ခံခဲ့ရပါတယ္။ စစ္ေကာင္စီက ခန႔္အပ္ထားတဲ့ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ရီဦးဟာ ေနအိမ္ကို ဆိုင္ကယ္နဲ႔ ျပန္လာစဥ္ အိမ္အနီးနားမွာပဲ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတာလို႔ ေဒသခံေတြ ကေျပာပါတယ္။

“အရင္ အုပ္ခ်ဳပ္ေရးမႉးထြက္သြားေတာ့ သူ႔ကို အုပ္ခ်ဳပ္ေရးမႉးဆိုၿပီး စကစ က ခန႔္ထားတာ။ ညေန ၄ နာရီခြဲေလာက္ ဆိုင္ကယ္နဲ႔ အိမ္ျပန္လာတုန္း အေနာက္ကဆိုင္ကယ္နဲ႔လိုက္ၿပီး ေသနတ္နဲ႔ ၄ ခ်က္ပစ္သြားလို႔ ေသၿပီ” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။ အမည္မသိ ေသနတ္သမားက ပစ္သတ္ခဲ့လို႔ ေသဆုံးတဲ့ အုပ္ခ်ဳပ္ေရးမႉး ရီဦးဟာ ေက်း႐ြာမွာ ဒလန္ အျဖစ္ သတ္မွတ္ခံထားရသူတစ္ဦးျဖစ္ၿပီး ေက်း႐ြာအတြင္းက စစ္အာဏာရွင္ ဆန႔္က်င္သူေတြကို စစ္ေကာင္စီကို ေခၚဖမ္းခိုင္းခဲ့သူ တစ္ဦးလည္း ျဖစ္ပါတယ္။ စက္တင္ဘာ ၉ ရက္ေန႔ကလည္း သေဘာ့ဆိပ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ေဇာ္မ်ိဳးဦးကို အမည္မသိ အဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ေသဆုံးခဲ့ပါေသးတယ္။ http://burmese.dvb.no/archives/493441

**********
၃၁။ ပန္ဆိုင္းၿမိဳ႕ ျမန္မာနယ္နမိတ္အတြင္း ၁၀ ေပေက်ာ္အထိ တ႐ုတ္ဘက္ စည္းေက်ာ္ လမ္းေဖာက္ေန
12 October 2021

ရွမ္းျပည္နယ္ေျမာက္ပိုင္း ပန္ဆိုင္း(ၾကဴကုတ္) ၿမိဳ႕နယ္ခြဲ ရပ္ကြက္ ၁ မန႔္မိုင္မွာ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ သေဘာတူ သတ္မွတ္ ထားတဲ့ နယ္ျခားစည္းမ်ဥ္းထက္ ၁၀ ေပေက်ာ္လြန္ကာ တ႐ုတ္ဘက္က ေရလယ္မွာ ေက်ာက္ခ်လမ္းေဖာက္ေနေၾကာင္း ေဒသခံေတြဆီက သိရပါတယ္။ “ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံ တရားဝင္သတ္မွတ္ထားတဲ့ေနရာထက္ ေက်ာ္လြန္ၿပီး တ႐ုတ္ ဘက္က လမ္းေတြ လုပ္ေနတယ္။ ေရလယ္ ေက်ာက္ခ်ၿပီး လမ္းလုပ္ေနတယ္။ ေခ်ာင္းထဲ ၁၅ ေပေလာက္ဝင္လာတယ္။ အရင္က ေခ်ာင္း ေပ ၂၀ ေလာက္ရွိတယ္။ ပန္ဆိုင္း ၿမိဳ႕ ရပ္ကြက္ ၁၊ မန႔္မိုင္ရပ္မွာ။ ဒီ ေခ်ာင္းအလယ္ထိ ေရာက္ေနတယ္ သူတို႔ ေက်ာက္ေတြ။ အစကေတာ့ ေခ်ာင္းက အုတ္တံတိုင္းထိ က်ယ္တယ္။ ပတ္ ကင္းလမ္းေဖာက္တာေနမယ္။ မုံးကိုးထိ ကာမ

 

လားမသိဘူး။ ေရႀကီးလာလို႔ လယ္ဘက္ တိုက္စားလာလို႔ ဝါး႐ုံနား စည္း႐ိုးလာလုပ္ရင္ေတာင္မွ သူတို႔ ေသနတ္နဲ႔ ေရာက္ လာတယ္။” လို႔ ေဒသခံ တစ္ဦးက ေအာက္တိုဘာလ ၁၁ ရက္ေန႔ ညေနပိုင္းမွာ ေျပာပါတယ္။

ႏွစ္ႏိုင္ငံ နယ္ျခားစည္းမ်ဥ္းရဲ႕ ၁၀ မီတာ အကြာအတြင္း ဘာမွ မလုပ္ရဘူးလို႔ သတ္မွတ္ခ်က္ရွိထားေပမယ့္ တ႐ုတ္ဘက္က ခ်ိဳးေဖာက္ၿပီး ျမန္မာဘက္ျခမ္း ၁၀ မီတာအတြင္းေခ်ာင္းအလယ္ထိ ေက်ာက္၊ ေျမ ဖို႔ကာ နယ္ျခားစည္းမ်ဥ္းတေလ်ာက္ တံတိုင္းကာတဲ့အျပင္ ကင္းပတ္လမ္းပါ ျမန္မာဘက္ျခမ္းအထိ ေဖာက္လုပ္ေနတာျဖစ္ပါတယ္။ တ႐ုတ္ဘက္က အဲဒီလိုလုပ္ ေဆာင္ေနတာေၾကာင့္ ျမန္မာ ေဒသခံေတြ ပိုင္ဆိုင္တဲ့ လယ္ယာေျမေတြ ထိခိုက္လာမွာ စိုးရိမ္ေနၾကပါတယ္။

“သူတို႔ ဒီေခ်ာင္းမွာ ဒီလိုလုပ္လာလို႔ ပန္ဆိုင္းဘက္ျခမ္းက လယ္ေတြထဲ ေရေတြ ေရာက္ကုန္တယ္။ မိုး႐ြာရင္ ပိုဆိုးမွာ။ ေခ်ာင္း က ဒီ ျမန္မာဘက္ျခမ္း ေရာက္သြားမွာ။ လယ္ေတာ အလယ္ေလာက္ ေရာက္သြားလိမ့္မယ္။ အခုေတာင္ ေခ်ာင္းက ျမန္မာႏိုင္ငံ ဘက္ျခမ္းလွည့္လာၿပီ။ သူတို႔လုပ္တဲ့ ပုံစံက။ ဒီေနရာက ပန္ဆိုင္း ရပ္ကြက္ ၁ မွာပါတယ္။ အရင္တုန္းက မန႔္မိုင္ရပ္ လို႔ေခၚ တယ္။ တကယ္ဆိုရင္ သူတို႔ ဒီ ေခ်ာင္းထဲကို အဲလို လုပ္လို႔မရဘူး။ ၁၀ ေပေက်ာ္ေတာင္ ဝင္လာတယ္။ ညေရာ ေန႔ည မနား မေနလုပ္ေနတယ္။ ၁၀ မီတာအတြင္းမွာ ဘာမွ လုပ္လို႔ မရဘူးဆိုေပမယ့္ သူတို႔က ၁၀ မီတာ အထဲ ေရာက္ေနၿပီ။ နဂို ေနရာက သံပုရာပင္ စိုက္ထားတဲ့ေနရာထိေရာက္တယ္ ေခ်ာင္းက။” လို႔ လယ္ပိုင္ရွင္ ၁ ဦးက ရွင္းျပပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္လ ဆန္း ပိုင္းကစတင္ၿပီး တ႐ုတ္ဘက္က အဲဒီလိုလုပ္ေဆာင္ေနမႈကို ျမန္မာဘက္က တာဝန္ရွိသူေတြ သြားေရာက္ညႇိႏႈိင္းခဲ့စဥ္မွာ ေခတၱ ရပ္နားထားခဲ့ေပမယ့္ အခုအပတ္အတြင္းမွာပဲ ျပန္လည္လုပ္ေဆာင္လာတာျဖစ္ပါတယ္။ https://burmese.kachi nnews. com/2021/10/12/oct-12-bs-1/

 

 

မွတ္ခ်က္။ သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္းျဖစ္ပါသည္။

** ၿပီး **

 

Unicode

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း
(No. 136, October 12, 2021)
၁။ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့မည့် အစီအစဉ်ပျက်
၂။ ဖရူဆိုတွင် ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီး
၃။ မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) ကွယ်လွန်
၄။ ကော့ကရိတ်မြို့ ကော့နွဲ့ရွာအနီး ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ပစ်ခတ်မှု စစ်ကောင်စီတပ် ၂ ဦးသေဆုံး
၅။ ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေ
၆။ စစ်တပ်က အပစ်ရပ်ကြေညာထားပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ
၇။ နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည် ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ
၈။ မင်းတပ်ရှိ စစ်ရှောင်များ လမ်းကြောင်းပိတ်ဆို့ခံရ၍ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ အာဟာရချို့တဲ့၍သေဆုံးသူ အနည်းဆုံးသုံးဆယ်ခန့်ရှိပြီဟုဆို
၉။ မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
၁၀။ ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း
၁၁။ နာဂဒေသတွင် ဆေးရုံတချို့ပိတ်ထားရသောကြောင့် သာမန်ရောဂါဖြင့် မသေသင့်ဘဲ အသက်ဆုံးရှုံးရမှုများရှိလာ
၁၂။ ထန်တလန်ဒေသခံများ လိုအပ်သည့်ပစ္စည်းများ ပြန်လည်သယ်ယူခွင့်နှင့် စပါးရိတ်သိမ်းခွင့်ပြုရန်တောင်းဆိုမည်
၁၃။ မြစ်ကြီးနားမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်
၁၄။ နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ
၁၅။ CDM ဝင်ကြရန် မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲကို MPDF က ဗုံးခွဲ သတိပေး
၁၆။ စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦး သေဆုံး
၁၇။ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို KIA အဖွဲ့တိုက်ခိုက်
၁၈။ မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်းတွင် မြေသည်ယာဉ်တစ်စီး တိမ်းမှောက် ၂၃ ဦး ဒဏ်ရာရမှုရှိခဲ့
၁၉။ အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးအမှု ၃ လ ကျော်ကြာသည်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိ
၂၀။ (၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား
၂၁။ ရေးမြို့နယ် အမြောက်တပ်အနီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ
၂၂။ သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို
၂၃။ ဆက်သွယ်ရေးလိုင်းပိတ်ထားစဉ် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေ
၂၄။ ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ
၂၅။ တောင်ယာလုပ်ကိုင်သူများ မြေသြဇာဝယ်သုံးရန် အခက်အခဲဖြစ်နေ
၂၆။ ရေးမြို့နယ်တွင် အန်အယ်လ်ဒီပါတီ ထောက်ခံသည့် နေအိမ် ၂ အိမ် ချိတ်ပိတ်ခံရ
၂၇။ ကျောက်မဲ အမှိုက်ပြဿနာ ဖြေရှင်းပေးရန် ဒေသခံများ မျှော်လင့်
၂၈။ တောင်ကုတ်တွင် ၁၆ နှစ်အရွယ်ကလေးတစ်ဦး ကြိုးဆွဲချသေဆုံး
၂၉။ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို TNLA တပ်ဖွဲ့က ဖျက်ဆီးပစ်
၃၀။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ
၃၁။ ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ

၁။ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ တွေ့မည့် အစီအစဉ်ပျက်
October 12, 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အီရိဝမ်ယူဆွတ်နှင့် နိုင်ငံရေးပါတီ (၈)ပါတီမှ ကိုယ်စားလှယ်များ ယနေ့ (အောက်တိုဘာ ၁၂ ရက်နေ့)တွေ့ဆုံမည့် အစီအစဉ်ပျက်သွားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်တွင် ဖိတ်ကြားခံရသည့် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက တွေ့ဆုံရေးအစီအစဉ်ပျက်သွားကြောင်း ကြားသိရသော် လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က တရားဝင် အကြောင်းကြားလာခြင်းမရှိသေးဘူးဟု ဆိုသည်။ ၎င်းက “ဟုတ်တယ် အစီအစဉ်ပျက်သွားတယ်ကြားတယ်။ မြန်မာနိုင်ငံခရီးစဉ်ကို မလာဖြစ်တော့ဘူးတဲ့။ သူတို့ တွေ့ဆုံချင်တဲ့ လူတွေ နဲ့တွေ့ခွင့်မရလို့လား ဘာလာတော့မသိဘူး။ ကျနော်တို့ကြားတာတော့ ပျက်သွားတယ်တဲ့။ ဒါပေမယ့် UEC က ကျနော် တို့ကို တရားဝင် အကြောင်းမကြားလာသေးဘူး။ နောက်ကျမှအကြောင်းကြားမယ်ထင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(US DP)၊ ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုက ရက်တစ်ပါတီ(DNP)တို့ ပါဝင်ကြမည်ဖြစ်သည်။ အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် နောက် ထပ် ပါတီ ၃ ပါတီ အားလုံး စုစုပေါင်း ၈ ပါတီမှာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်သည်။ သို့သော် လတ်တလော မှာတော့ တွေ့ဆုံရေး အစီအစဉ် ပျက်သွားကြောင်း သိရသည်။

*************
၂။ ဖရူဆိုတွင် ၄ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်တပ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီး
12 October, 2021

ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တို့အကြား ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီကနေ့ အောက်တို ဘာ ၁၂ ရက်နေ့ မနက် ၇ နာရီခွဲက ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီကား ၁ စီး ပျက်စီးပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနေ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထားလဲကျေးရွာနီး စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထားလဲကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ စပါးကျီတွေကို မီးရှို့ဖျက်ဆီးခဲ့သလို ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ် တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းက စစ်ကောင်စီဘက်က လဆန်းပိုင်းကတည်း ဖရူဆိုနဲ့ ဘောလခဲမြို့တို့ကို ထိုးစစ်ဆင်တာ၊ ရိက္ခာ အင်အား ဖြည့်တင်းတာတွေကြောင့် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

 

ကရင်နီ(ကယား) ပြည်နယ်မှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက် သေဆုံးသူ ၁၂၂ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေထဲမှာ သပိတ်အတွင်း သေဆုံးသူ ၂ ဦး၊ စစ်ကောင်စီကအရပ်သားကို အကြောင်းမဲ့ သတ်ဖြတ်တာ ၈၂ ဦး၊ စစ်ဘေးရှောင်စဉ် သေဆုံးသူ ၁၀ ဦး၊ KNDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ကသေဆုံးသူ ၂၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် သေဆုံးသူအများစုမှာ ဒီးမော့ဆိုမြို့မှဖြစ်ပြီး ၈၃ ဦး၊ လွိုင်ကော်မြို့က ၂၁ ဦး၊ ဖယ်ခုံမြို့က ၁၀ ဦး၊ မိုးဗြဲမြို့က ၅ ဦး၊ ဘောလခဲမြို့က ၂ ဦး၊ ဖရူဆိုမြို့ ၁ ဦးဖြစ်ပြီး အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၁၁ ဦးနဲ့ ကလေးငယ် ၅ ဦး ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ http://b rmese.dvb.no/archives/493452

************
၃။ မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) ကွယ်လွန်
October 11, 2021

မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) သည် အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ “မနေ့က မော်လမြိုင်မှာ EC အစည်းအဝေးတက်ခဲ့တယ် ကျန်းမာရေးကပုံမှန်ပါပဲ၊ မိန့်ခွန်းတွေပြောတာ ဆွေးနွေးတာ ကောင်းကောင်း ပါပဲ၊ ညနေ ၃ နာရီလောက် ပငကိုပြန်သွားတယ်၊ ညနေစာစားတာကလည်း ကောင်းကောင်းမွန်မွန်ပါပဲ၊ ညက အိပ်ယာဝင် ချိန် မှာပဲ နှလုံးခုန်နှုန်းရုတ်တရက်မြန်လာပြီး ချောင်းအဆက်မပြတ်ဆိုးလာတယ်၊ ဆရာဝန်လည်းရောက်လာပြီးတော့ ကွယ်လွန် သွားပါတယ်၊” ဟု MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

နိုင်တင်အောင်သည် အသက် ၁၁ နှစ်အရွယ်ကတည်းက မွန်တော်လှန်ရေးအသိုင်းအဝန်းတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း၏ အမွေဆက်ခံနိုင်သူ အများဝေဖန်ခံနေရသည့် မွန်ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း တွေ့ရှိရသည်။ ယခင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ရာ နိုင်တင်အောင်အား “မွန်ညီညွတ်ရေးပါတီ MUP” အမည်မရွေး ချယ်မီကတည်းကပင် ဥက္ကဌအဖြစ် ကြိုတင်ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မွန်ဒီမိုကရေစီပါတီ MDP စတင်ဖွဲ့ စည်းခဲ့စဉ်က ဒုဥက္ကဌ(၂) အဖြစ်လည်းကောင်း၊ MDP ပါတီမှ မွန်အမျိုးသားပါတီ MNP အဖြစ်နာမည် ပြောင်းလဲ ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလတွင် ဒုဥက္ကဌ (၁) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၉၄-၉၅ နဝတစစ်အစိုးရ SLORC နှင့် အပစ်ရပ်စဲမှုဆွေးနွေးခဲ့ရာတွင် မွန်ပြည်သစ်ပါတီ NMSP အပစ်ရပ်ဆွေးနွေးမှုကော်မတီ (ကရဒ) ဒုတိယခေါင်းဆောင်အဖြစ်လည်ကောင်း၊ ၂၀၀၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှအနားယူခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အကြား ပြည်နယ် အဆင့်အပစ်ရပ်ဆွေးနွေးရေး Bilateral Agreement လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ယခုကွယ်လွန်ချိန်တွင် ပငကျေးရွာ၌ ဇနီး မိရင်စိန်၊ သားသမီး ၃ ဦး (အခြားသားသမီး ၂ ဦး ကွယ်လွန်) နှင့်အတူ မြေများကျန်ရစ်လျက်ရှိသည်။ https://burmese.monnews.org/2021/10/11/%e1%80%99%e1% 80%bd%e1%80%94%e1%80%ba%e1%80

*************

၄။ ကော့ကရိတ်မြို့ ကော့နွဲ့ရွာအနီး ကရင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ် ၂ ဦးသေဆုံး
October 11, 2021

ကရင်ပြည်နယ် ကော့ကရိတ်မြို့၏ တောင်ဘက် ကော့နွဲရွာအနီးတွင် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကရင်ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား နာရီဝက်ခန့်အကြာ ပစ်ခတ်မှု ဖြစ်သွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦးကျဆုံးခဲ့ သည်ဟု သိရသည်။

ယနေ့နံနက်တွင် ကော့နွဲ့ရွာမှ မြို့ဟောင်းကို သွားမည့် တပ်အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆၊ တပ်ရင်း ၁၈ နှင့် ခွဲထွက် DKBA ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNLA နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။ ၎င်းက ” ဒီနေ့ ၈ နာရီခွဲလောက်မှာ ပစ်ကြတယ်ပေါ့နော်။ သူတို့(စစ်ကောင်စီ)က ကော့နွဲ့ကနေ မြို့ဟောင်းကို သွားမှာကိုး။ နယ်မြေကျော်တော့ ဟိုဘက်ကလည်း ပစ်တာပေါ့နော်။ လောလောဆယ်သိရသလောက်တော့ စစ်တပ်က ၂ ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မကြားဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့နံနက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်းမှာ ကော့ကရိတ်မြို့ တောင်ဘက် ကော့နွဲ့ရွာဘက်တွင်ခွဲထွက် DKBA အဖွဲ့ နှင့် PDF အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ စစ်ကောင်စီ အဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှ ပစ်ခတ်မှုများ ဖြစ်သွား ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်ရာတွင် စစ်ကောင်တပ်ဖွဲ့မှ ခြေမြန်တပ်ရင်း (ခမရ ၅၅၆) တပ်နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များ ပါဝင်သလို ကော့ကရိတ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ ၉၇ )တပ်မှ လက်နက်ကြီးများ နှင့် ပစ်ကူပေးခဲ့သည်ဟု ၎င်းစစ်ကောင်စီ တပ်နှင့်နီးစပ်သူက ဆက်ပြောသည်။ https://kicnews.org/2021/10/%e1%80%b1%e1%80%80%e1%80%ac%e1% 80%b7%e1%80%80%e1%80%9b%e1

***********
၅။ ကျောက်မဲစစ်ရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါး ဖြစ်နေ
October 11, 2021

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲကြောင့် ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ် လုနီးပါး ဖြစ်နေကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင် ထောင်ချီရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အကြား စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်သည့်အတွက် နေရပ်မပြန်ရဲသေးကြောင်း၊ ထိုစစ်ရှောင်များ အတွက် စားနပ်ရိက္ခာများ ပြတ်လပ်မည့်အခြေနေဖြစ်နေကြောင်း စစ်ရှောင်ကူညီသူများ ထံမှ သိရသည်။

“စားနပ်ရိက္ခာတွေ လိုအပ်နေတာ၊ အဓိက က ဟင်းနဲ့ ဆေးဝါးတွေလိုတယ်၊ ဆန်ရှိထားပေမယ့် ဟင်းမရှိရင်လည်း မလွယ်ဘူး၊ ဟင်းတွေက ကြာကြာထားလို့မရဘူးဆိုတော့ပိုခက်ခဲတယ်။ အလှူရှင်တွေကနည်းပါးသွားတော့ ဟင်းတွေက မလုံလောက် တော့ဘူး” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကျောက်မဲ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ လုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့နယ်တွင် မန်ခါစစ်ရှောင်စခန်း၊ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ မိုင်းတင်း၊ နမ့်ဆော့၊ နားမွန်းနှင့် ဗြိန်းခါးစစ်ရှောင်စခန်း၊ ဟူးဆွန်စစ်ရှောင်စခန်း၊ ကြူရှော(မြောက်ရွာ)နှင့် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းတို့ တွင် စစ်ရှောင်ခိုလှုံနေသူ ထောင်နှင့်ချီ ရှိနေကြောင်း သိရသည်။

 

ထို့အပြင် နောင်ပိန်ကျေးရွာ၊ ပုပ္ပါရုံကျောင်းတိုက်အတွင်း ရောက်ရှိခိုလှုံနေသည့် ပန်စလော့ကျေးရွာမှ စစ်ရှောင် (၃၀)ကျော် လည်း စားနပ်ရိက္ခာ အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကျောက်မဲမြို့ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြောင့် လွန်ခဲ့သည့် (၇)လဝန်းကျင် ကတည်းက နေရပ်မပြန်ရဲကာ မြို့ပေါ်ရပ်ကွက်တို့တွင် အိမ်ငှားနေထိုင်ကြသည့် စစ်ရှောင် (၁၇၀၀) ဝန်းကျင်ထိ ရှိနေကြောင်းသိရသည်။ https://burmese.shannews.org/archives/24859

***********
၆။ စစ်တပ်က အပစ်ရပ်ကြေညာထားပေမယ့် ကရင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေ
October 11, 2021

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကနေ ရှေ့လာမယ့်နှစ် ၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ငါးလတာ အပစ်ရပ်ရေး သတ်မှတ်ခဲ့ပေမဲ့ ကရင်ပြည်နယ်ထဲမှာတော့ အပစ်အခတ်ရပ်စဲရေး စတင် အသက်ဝင်တဲ့ အောက်တိုဘာ လဆန်း ပိုင်းကတည်းက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးကို အောက်ခြေတပ်တွေက မလိုက်နာဘဲ ကရင်ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားတာတွေနဲ့ ဒေသခံပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက် မှုတွေ ဆက်ရှိနေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေရတယ်လို့ KNU ဗဟို တွဲဖက်အတွင်းရေးမှူး ၂ ပဒို စောလှထွန်းက KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ထုတ်လွှင့်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ ကရင်ပြည်နယ် ထဲက စစ်ကောင်စီတပ်တွေ ချီတက်ရာလမ်းကြောင်းတလျှောက်က ကျေးရွာတွေမှာ ရွာသူ ရွာသားတွေကို ပေါ်တာဆွဲတာ၊ လမ်းပြ အဖြစ်ခိုင်းစေတာ၊ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေမှာ အကာကွယ်အဖြစ် အသုံးအချတာ စတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို လုပ်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ငါးလတာ အပစ်အခတ်ရပ်စဲရေးကြေညာထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာ ၅ ရက် အတွင်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေအကြား တိုက်ပွဲ ၃၂ ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၂ ဦး သေဆုံးပြီး ၃၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆံတွေကြောင့် နေအိမ်တွေ ပျက်စီးပြီး၊ အရပ်သား ထိခိုက်တာတွေလည်းရှိနေတယ်လို့ KNU က ထုတ်ပါတယ်။ စစ်ကောင်စီက ကြေညာထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ လတာ ရပ်စဲရေးထုတ်ပြန်ချက်ဟာ တကယ့် နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လို့ ကြေညာတာ မဟုတ်ဘူးလို့ ကရင်အမျိုးသား လွတ် မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန် က ပြောပါတယ်။

“ပစ်ခတ်ရပ်စဲရေးတိုးတယ်ဆိုတာကို ဘယ်လိုပဲတိုးတိုး သူတို့က ခြွင်းချက်အမြဲချန်ထားတယ်။ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များအပြင်ဆိုတဲ့ စကားရပ်၊ သူပြန်ပစ်မယ်ဆိုရင် အဲဒါကို အကြောင်း ပြတာပဲဖြစ်တယ်။ တကယ်တန်းက အပစ်ရပ်ရဲ့ရည်ရွယ်ချက်လည်း မပါဘူး။ ကိုဗစ်ကာကွယ်ထိန်းချုပ် နိုင်ရေး ဆိုတဲ့ဟာတစ်ခုလောက်နဲ့လည်း မပြည့်စုံဘူး။ တကယ်အပစ်ရပ်မယ်ဆိုရင် ကြေညာထားခဲ့တာ အရင်ကလည်း NCA စာချုပ်ကအစပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်မှာပဲ ထိုးသွင်းတဲ့စာချုပ်ဖြစ်သလို ဒီအပစ်ရပ်ဆိုတာလည်း တကယ့်နိုင်ငံရေးပြဿနာတွေဖြေရှင်းတဲ့ အပစ်ရပ်ကြေညာ တာ မဟုတ်ဘဲနဲ့ သူတို့ရဲ့လုပ်ရိုးလုပ်စဉ် ဗျုဟာအရထုတ်ပြန်တဲ့ အပစ်ရပ်ပဲဖြစ်တယ်” ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်ချက်ရဲ့ နံပါတ် ၅ အချက်မှာလည်း ကိုယ့်လူမျိုးတစ်စုထဲအတွက် မဟုတ်ဘဲ We are Myanmar ဆိုပြီး ပြည်ထောင်စုစိတ်ဓာတ်ထားဖို့ ဖော်ပြထားတာဟာ မြန်မာလူမျိုးကြီးဝါဒကို ဖော်ပြရာ ရောက်နေတယ်လို့ ပဒို မန်းမန်းက ပြောပါတယ်။ https://www.rfa.or g/burmese/news/myanmar-military-announces-cease-fire-while-battle-in-karen-state-

**********

၇။ နောင်မွန်ဒေသ စစ်တပ်ဆန့်ကျင်သူများကို ပြန်လည် ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေ
11 October 2021

ပူတာအိုခရိုင် နောင်မွန်ဒေသ စစ်အာဏာရှင်စနစ်ဆန့်ကျင်လှုပ်ရှားမှုများတွင် ယခင်က ပါဝင်ခဲ့သူများကို စစ်ကောင်စီနှင့် ဌာနေ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်း ဖမ်းဆီးရန် သတင်းများထွက်ပေါ်နေသဖြင့် နောင်မွန်ဒေသခံတစ်ချို့ တိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှပို့ချနေသော စစ်သင်တန်းမကြာခင်ပြီးတော့မှာ ဖြစ်ပြီး ယခင် ရွေးကောက်ပွဲစည်းရုံရေးတွင်ပါဝင်ခဲ့သူများ၊ CDM ပြုလုပ်နေသည့် ဝန်ထမ်းများနှင့် အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှု တွင်ပါ ဝင်ခဲ့သူများကို ဖမ်းဆီးမည်ဟုဒေသတွင်းသတင်းထွက်ပေါ်နေခြင်းကြောင့် တိမ်းရှောင်နေကြဟု ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

“စစ်သင်တန်းပြီးရင် ပြန်ဖမ်းမယ်လို့ကြားလို့ တစ်ချို့က နီးစပ်ရာကို ပြန်တိမ်းရှောင်နေရတယ်။ အခုဆို ၂ ပတ်လောက်ရှိပြီ။ ပြီးခဲ့တဲ့ အပတ်ကနေ ဟုတ်တယ်။ အခုပြန်ဖမ်းဖို့က NLD ပါတီအဖွဲ့ဝင်များနဲ့ သူတို့ကို မကောင်းဘူလို့ ဆန့်ကျင်တဲ့သူတွေ ဘဲဟုတ်တယ်။ သဘောက ဒေသအတွင်းမှာ သူတို့ကို ဆန့်ကျင်တဲ့သူတွေ မရှိအောင် ရှင်းထုတ်တဲ့ပုံစံဟုတ်တယ်” ဟု ပြော ဆိုသည်။ လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသူများမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်မှုတွင် ပါဝင်ခဲ့ သောသူများဖြစ်သည်ဟု သိရသည်။

နောင်မွန်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့က ၎င်းတို့ မသင်္ကာသည့် လူနေရပ်ကွက် များနှင့် ကျေးရွာအတွင်းသို့ စောင့်ကြည့်ကာ ဝင်ရောက်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် ဌာနေပြည်သူ့စစ် အဖွဲ့ ဦးဆောင် ပြီးခဲ့သော စစ်တင်ဘာလ ၂၁ ရက်နေ့စပြီး နောင်မွန်မြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် မဂွေဇ ကျေးရွာတွင် လူငယ် ၉၀ ကျော်ခန့်ကို ဒုတိယအကြိမ် စစ်သင်တန်းပို့ချပေးနေသည်။ https://burmese.kachinnews.com/2021/10/11/oct-11-

**********
၈။ မင်းတပ်ရှိ စစ်ရှောင်များ လမ်းကြောင်းပိတ်ဆို့ခံရ၍ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ အာဟာရချို့တဲ့၍သေဆုံးသူ အနည်းဆုံးသုံးဆယ်ခန့်ရှိပြီဟုဆို
October 11,2021

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်များ ရိက္ခာအဝင်လမ်းကြောင်း ပိတ်ခံထားရမှုများကြောင့် စားနပ်ရိက္ခာ ပြတ် တောက် သည့်အနေအထားနှင့် ရင်ဆိုင်နေရကြောင်း စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးကပြောသည်။ “အဓိကက ရိက္ခာသယ်ယူ တဲ့လမ်းကြောင်းကို ပိတ်ဆို့နေရာယူထားတော့ ရိက္ခာသယ်လို့မရဘူး။ အဲဒါကြောင့် ရိက္ခာပြတ်လာတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး။ စုဆောင်းထားတဲ့ ဆန်တွေကလည်း ကုန်သလောက်ဖြစ်နေပြီ။ လမ်းကြောင်းတွေပိတ်ထားတော့ ယောနယ်ကနေ ဆန်တွေဝယ်ရတယ်။ ယောနယ်မှာဆန်ဈေးတွေတက်ပြီး ဝယ်မရဖြစ်သွားတယ်။ ပခုက္ကူကဝယ်တဲ့ ဆန်တွေ လည်း ဖမ်းတယ်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

မေလမှစ၍ အောက်တိုဘာလအထိ ငါးလအတွင်း စစ်ဘေးရှောင်ရင်း အာဟာရချို့တဲ့ပြီးသေဆုံးသူ အနည်းဆုံးသုံးဆယ်ခန့် ရှိနေပြီး အများစုမှာ ဆယ်နှစ်အောက်ကလေးများဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံကဆိုသည်။ “အဓိကက အာဟာရချို့တဲ့ တာပေါ့နော်။ ကုန်ကြမ်းက ဘာမှ ဝယ်လို့မရဘူး။ တောင်ယာထဲမှာရှိတဲ့ သီးနှံတွေပဲစားကြတယ်။ စစ်ရှောင်တွေအများကြီး ရောက်လာတဲ့အခါကြတော့ ဒါတွေက မလည်ပတ်နိုင်တော့ဘူး။ အာဟာရတွေချို့တဲ့လို့ infection တွေဝင်တယ်။ ကိုဗစ်က လည်း အရမ်းကိုပျံ့နှံ့နေတယ်။ သေဆုံးတာက အနည်းဆုံးအယောက်သုံးဆယ်လောက်ရှိပြီ။ နာတာရှည်ရောဂါသမား တွေရှိ တယ်။ မွေးကင်းစ အသားဝါဝင်ပြီးဆုံးသွားတာရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မင်းတပ်မြို့နယ်အတွင်း မြို့ပေါ်မှတိုက်ပွဲရှောင်ထွက်ပြေးလာသူ တစ်သောင်းကျော်နှင့် ကျေးရွာနေဒေသခံနှစ်သောင်း ခွဲခန့် သည် စစ်ဘေးရှောင်နေရပြီး အင်တာနက်လိုင်းများပြတ်တောက်နေသည်မှာလည်း တစ်လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

***********
၉။ မုံးကိုး မှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
11 October 2021

မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ် တို့အကြား နေရာအများအပြားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်း သိရပါတယ်။ “နေ့ရော ညပါ အဆက်မပြတ် တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့တော့ ဖောင်းဆိုင်ဘက် တိုက်ပွဲ ပြင်းထန်နေ တယ်” လို့ ဖောင်းဆိုင် ဒေသခံ ၁ ဦး က ပြောပါတယ်။

အောက်တိုဘာလ ၉၊ ၁၀၊ ၁၁ ရက်နေ့‌တွေမှာလည်း ကောင်းလုံ အောက် ကောင်းဒပ် အနီးတဝိုက်မှာ နေ့တိုင်းနီးပါး လက်နက် ကြီးလက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်နေကြတာကြောင့် ဒေသခံတွေ ကောက်ရိတ်သိမ်းချိန် မကြာခဏ ထွက်ပြေး နေရတယ်လို့ ဖောင်းဆိုင်ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့က မုံးကိုးမှာ စစ်ကောင်စီတပ်ဖက်က MNDAA တပ်ဖွဲ့ကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မုံးကိုးဘက်ကနေ ပန်ဆေးဖက်ကို စစ်ကြောင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း ၊ မုံးကိုး နဲ့ ဖောင်းဆိုင်းဒေသ တို့မှာ စစ်ပြေးဒုက္ခသည် ၂၀၀၀ ကျော် ရှိနေပြီး လက်နက်ကြီးထိမှန် သေဆုံးသူ ၇ ဦး၊ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး၊ စစ်ကောင်စီရဲ့ မိုင်းနင်းမိ သေဆုံးသူ ၃ ဦး နဲ့ ပြင်းထန် ဒဏ်ရာရသူ ၁ ဦး ရှိပြီ ဖြစ်ပါတယ်။ https://burmese.kachinnews.com/2021/10/11/oct-11-bs-1/
***********
၁၀။ ဖမ်းဆီးခံရသည့် ဟိုပုံးလူငယ် (၈) ဦးကို စစ်ကောင်စီမှ ငွေဖြင့်လာထုတ်ခိုင်း
October 11, 2021

သျှမ်းပြည်တောင်ပိုင်း ဟိုပုံမြို့တွင် လူငယ် (၈) ဦးကို နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး သွားပြီး ငွေဖြင့် ပြန်လာထုတ်ခိုင်းကြောင်း ဒေသခံများသတင်းပေးပို့ချက်အရ သတင်းရရှိသည်။ ထိုလူငယ် (၈) ဦးကို အောက် တိုဘာ (၈) ည ၁၂ နာရီဝန်းကျင်တွင် မူးယစ်ဆေးသုံးသည်ဟုဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုသူ(၈)ဦး ၏ မိဘများကို ငွေဖြင့်လာညှိနှိုင်းခိုင်းပြီး၊ ငွေပေးသည့်သူများ ပြန်လွှတ်ပေးမည်ဟု ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ မူးယစ်ဆေးဝါးသုံးလို့ ဆိုပြီးတော့ (၈) ယောက်ဖမ်းသွားတယ်။ နောက်နေ့ရောက်‌တော့ သူတို့ မိဘတွေကနေ ပိုက်ဆံနဲ့ လာညှိခိုင်းပြီး ပြန်လာထုတ်ခိုင်းတယ်။ ထောင်မကျစေချင်ရင် လာညှိလို့ပြောတယ်” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။ ယခု ရက်ပိုင်းတွင် ဟိုပုံးမြို့ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်မည်ဟုဆိုကာ လူငယ်တွေ ကို လိုက်လံဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။ “ သူတို့ ဒီလို ည ဧည့်စာရင်းတွေ စစ်နေပြီးတော့ လိုက်လံဖမ်းနေတာ။ ပြီးရင်ငွေတောင်းတယ်။ ငွေနဲ့ ပြန်သွား ထုတ်ခိုင်းတာ။ ဖမ်းခံရတာ (၁၀) ယောက်လောက်ရှိနေပြီး။ သွားထုတ်ပေးတာတော့ မရှိသေးသလိုပဲ။ သူတို့ ဘယ်လောက်တောင်းလဲ မသိရဘူး” ဟု ဟိုပုံးမြို့ ဒေသခံ တဦးက ပြောသည်။ အလားတူ ဖမ်းခံထားရသည့်သူ (၈) ဦးကိုလည်း ယနေ့ထိတိုင်း ပြန်လွှတ်လာပေးခြင်း မရှိကြောင်း သိရသည်။ https://burme se.shannews.org/archives/24853

၁၁။ နာဂဒေသတွင် ဆေးရုံတချို့ပိတ်ထားရသောကြောင့် သာမန်ရောဂါဖြင့် မသေသင့်ဘဲ အသက်ဆုံးရှုံးရမှုများရှိလာ
October 11, 2021

ကိုယ်ကိုင်အုပ်ချုပ်ခွင့်ရ နာဂဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့တွင် ကျန်းမာရေး ဝန်ထမ်းများမရှိသဖြင့် ဆေးရုံပိတ်ထား ရကာ သာမန်အဖျားရောဂါဖြင့်ပင် သေဆုံးရသူများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

” ဆေးရုံပိတ်ထားတာကြာပြီ။ ရပ်ရွာက အဆုံးအရှုံးခံနေရတယ် ရိုးရိုးရောဂါ အများကြီးဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး ကလဲခက်ဆိုတော့ အသက်ကြီးပိုင်းတွေက ဘယ်လိုမှ ကယ်လို့မရတော့ဘူးဖြစ်နေတယ်။ ရောဂါဖြစ်ပြီးမှ သေတာက ခြောက် ယောက် ရှိပြီ။ မိုးတွင်းကျတော့ အဆုတ်နဲ့ ပတ်သက်ပြီး ချောင်းဆိုးလိုက် အန်လိုက်နဲ့ ဖျား ပြီးတော့ ငှက်ဖျားနဲ့ရောပါတယ်၊။ ဆေးကလည်းမရှိ ” ဟု ထန်ပါခွေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပါကြူး က ပြောသည်။ လဟယ်မြို့တွင် မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံ နှစ်ရုံရှိရာ ဆရာဝန်များမရှိကြောင်း၊ ထန်ပါခွေမြို့ရှိ ဆေးရုံကိုမူ ပိတ်ထားရကြောင်း လဟယ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇာနည်ဝင်းကပြောသည်။ “ကျွန်တော်တို့ မြို့နယ်မှာက ဆေးရုံသုံးရုံးရှိတယ်။ ဆရာဝန်တွေ အကုန်လုံးက CDM လုပ်သွားကြတယ်။ ဒါကြောင့် တပ်က ဆေးမှူးကို အကူအညီတောင်းလုပ်နေရတယ်။ ထန်ပါခွေက တိုက်နယ်ဆေးရုံ ဆိုရင် ပိတ်ထားရတယ် “ဟု ၎င်းကဆိုသည်။

ထန်ပါခွေမြို့ရှိဆေးရုံသည် တိုက်နယ်ဆေးရုံဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောဒေသဖြစ်၍ အခြားမြို့သို့ ဆေးကုသွား ရန် မလွယ်ကူလှကြောင်း၊ ဖျားနာပါက ဆေးဝယ်သောက်ရန် ဆေးဆိုင်ပင်မရှိကြောင်း သိရသည်။ ကိုဗစ်ကူးစက်မှု မရှိဟုဆို သော်လည်း စစ်ဆေးမှုများမရှိခဲ့သောကြောင့် ကူးစက်မှု ရှိ၊ မရှိကို သေချာမသိရကြောင်း အုပ်ချုပ်ရေးမှူး ဉီးပါကြူး က ဆက် ပြောသည်။ http://sdtimedaily.com/2021/10/11/zm03-331/
**********
၁၂။ ထန်တလန်ဒေသခံများ လိုအပ်သည့်ပစ္စည်းများ ပြန်လည်သယ်ယူခွင့်နှင့် စပါးရိတ်သိမ်းခွင့်ပြုရန်တောင်းဆိုမည်
October 11, 2021

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ တိုက်ပွဲဖြစ်ပွားပြီး ရက်ပေါင်း ၂၀ ကျော်အကြာတွင် ဒေသခံများအနေဖြင့် လိုအပ်သည့် ပစ္စည်း များ ပြန်လည်သယ်ယူခွင့်ရရန်နှင့် စပါးရိတ်သိမ်းခွင့်ပြုရန်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့များထံ တောင်း ဆိုသွားမည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မြို့ကိုဘယ်သူမှ ပြန်မလာရဲကြဘူး။ မြို့လုံးကျွတ်စစ်ဘေးရှောင်ပြီး ဘေးနားက မြို့နယ်တွေ၊ ရွာတွေမှာရှောင်နေရတာ။ ဟားခါးမြို့ပေါ် စစ်ဘေးရှောင်နေရတဲ့ လူတွေကတော့ သိပ်အခက်အခဲမရှိဘူး။ ထန်တလန်နဲ့နီးတဲ့ရွာတွေကတော့ အခက်အခဲ ရှိတယ်။ စစ်ဖြစ်တော့ ဘာဆိုင်မှကိုမရှိတော့ဘူး။ အခုကျေးရွာတွေမှာ အိမ်ခြေ ၅၀၊ ၇၀ လောက်ရှိတယ်။ သူတို့က အကုန် မထောက်ပံ့နိုင်ဘူး။ ဆန်ကတော့ အသင့်တင့်ရှိတယ်။ ဟင်းသီးဟင်းရွက်တွေက ကြာလာတော့ သိပ်မလုံလောက်တော့ဘူး။ နွားနောက်တို့၊ ကျွဲတို့၊ နွားတို့လည်း မရှိတော့ဘူး။ တစ်လလောက်ဆိုတော့ ရှားပါးလာပြီ။ လူတွေက ထန်တလန်ပြန်လာပြီး သူတို့ပစ္စည်းတွေ သိမ်းချင်ကြတယ်။ ဒါပေမယ့် မလာရဲကြဘူး။ မထင်ရင်မထင်သလို ပစ်ခတ်တာတွေက အဝေးကနေ လှမ်းပစ် လိုက်၊ အနီးကပစ်လိုက်နဲ့မို့ လူတွေကမသွားရဲဘူး”ဟု ၎င်းကပြောသည်။ ထန်တလန်မြို့၌ စိုက်ပျိုးထားသည့် လယ်ဧက လေးရာခန့်ရှိပြီး လာမည့် အောက်တိုဘာလကုန်တွင် စပါးရိတ်သိမ်းရန် အချိန် ကိုရောက်ရှိတော့မည်ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်ပြောဆိုသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ် ၁၉ လုံးခန့်မီးလောင် ပျက်ဆီး ကာ မီးငြှိမ်းရန် ကြိုးစားသူ ဓမ္မအမှုတော်ဆောင်အသတ်ခံခဲ့ရကာ ယခုကဲ့သို့ နေရပ်စွန့်ခွာခဲ့ကြခြင်းဖြစ်သည်။

၁၃။ မြစ်ကြီးနားမြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်
12 October, 2021

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ အရ ညမထွက်ဖို့နဲ့ လူ ၅ ယောက်ထက် ပိုပြီး မစု ဝေးကြဖို့ အာဏာသိမ်းစစ်ကောင်စီလက်ခံ မြို့နယ်ထွေအုပ်ရုံးက အောက်တိုဘာ ၁၁ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားပါ တယ်။ မြစ်ကြီးနားမြို့အတွင်း အများပြည်သူရဲ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုထိခိုက်လာတာ တွေ့ရှိရကြောင်း ဒါဟာ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်စေတဲ့ အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်နိုင်တဲ့အတွက် ခုလို အမိန့်ထုတ်တာလို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာ လူစုဝေးတာ၊ ဟောပြောတာ၊ ယာဉ်တမျိုးမျိုးကိုအသုံးပြုလို့ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်တာ၊ လှုံ့ဆော်ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်တွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် လမ်းတွေ နဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူ ၅ ဦးထက်ပိုပြီး စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ကြေညာထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် မြစ်ကြီးနားမြို့မှ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ရှိတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/493366

**********
၁၄။ နမ္မတူ စားဝတ်နေရေးခက်ခဲမှုကြောင့် လူငယ်များ ခိုးမှု၊ ဓားပြတိုက်မှု ပိုများလာ
October 11, 2021

သျှမ်းမြောက် နမ္မတူမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးခက်ခဲမှုများကြောင့် ဒေသခံ လူငယ် များ ခိုးမှု၊ ဓားပြတိုက်မှု ကျူးလွန်တာ ပိုများလာကြောင်း သတင်းရရှိသည်။ နမ္မတူတွင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းတွေအပြင် မူးယစ် ဆေးဝါးပျံ့နှံ့နေခြင်းတို့ကြောင့် ခိုးမှု၊ ဓားပြတိုက်မှု ပိုမိုများလာ ကြောင်း ဒေသခံများက ပြောသည်။

“အဓိကတော့ စားဝတ်နေရေးခက်ခဲတာပေါ့၊ ကိုဗစ်ကြောင့်လည်း ပါတယ်၊ ကုန်ဈေးနှုန်းလည်းတက်တော့ ရှာဖွေစားသောက်ရ တာ မလွယ်တော့ဘူး၊ ဓါးထောက်ပြီး ဆိုင်ကယ်လုသွားတဲ့ လူငယ်တွေဆို ဒီမြို့က ဒေသခံတွေပဲ၊ အသက်လည်း ငယ်သေး တယ်၊ (၂၀)ဝန်းကျင်ပဲ ရှိတယ်” ဟု နမ္မတူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ နမ္မတူတွင် ယခုနှစ် အတွင်း ဓားပြတိုက်လုယက်မှု (၃)ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆိုင်ကယ်နှင့် ဖုန်း ဓားပြတိုက်မှု၊ မြို့တွင်းမှာ ဖုန်းလုယူထွက်ပြေးမှုလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၇)ရက် နေ့က အဆိုပါ ဓားပြတိုက်လုယက်မှု ပြုလုပ်နေသည့် လူငယ်အဖွဲ့ထဲမှ (၅)ဦးကို ဖမ်းမိထားပြီး (၃)ဦးခန့် လွတ်မြောက် နေဆဲ ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထိုလူငယ်အများစုမှာ အသက် ၁၆၊ ၁၇၊ ၁၈ နှစ် ဝန်းကျင်သာဖြစ်ပြီး ဓားပြတိုက်ယူထားသည့် ဆိုင်ကယ်အား မြို့တွင်း တစ်နေ ရာတွင် သွားပေါင်ထားကြောင်း၊ ထို့နောက် ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း Lock သွားဖွင့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း သိရ သည်။ https://burmese.shannews.org/archives/24843

**********

၁၅။ CDM ဝင်ကြရန် မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲကို MPDF က ဗုံးခွဲ သတိပေး
12 October, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဟင်္သာအဝိုင်းအနီးက မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲမှာ အောက်တို ဘာ ၁၁ ရက် ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် တွေ ထိခိုက်ဒဏ်ရာရတာ မရှိသလို အဆောက်အအုံ ပျက်စီးတာလည်း မရှိဘူးလို့ ဆိုပါတယ်။ မွန်ပြည်နယ်နွေဦး တော်လှန်ရေး တပ်ဦးနဲ့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းပြီး ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲကို သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲ ခဲ့တာ ဖြစ်တယ်လို့ MPDF က ထုတ်ပြန်ပါတယ်။

ဗုံးဖောက်ခွဲရတာဟာ ရဲတပ်ဖွဲ့ဝင်တွေ CDM ဝင်ကြဖို့ ဖိတ်ခေါ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး၊ စစ်ကောင်စီအလိုကျ ကြိုးဆွဲရာကနေတဲ့ အာဏာရှင်တစ်စုကို အချိန်မရွေး အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း သတိပေးတာ ဖြစ်တယ်လို့ PDF အဖွဲ့က ဆိုပါတယ်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့အကူတပ်ခွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးတာ တွေ လုပ်ဆောင်ခဲ့သလို ညပိုင်းမှာ ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ http://bu rmese.dvb.no/archives/493363

**********
၁၆။ စစ်ဘေးရှောင်နေရတဲ့ ကိုယ်ဝန်သည်တစ်ဦး သေဆုံး
October 11, 2021

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်တစ်နေရာမှာ ကိုယ်ဝန်ရင့်မာအမျိုးသမီး စစ်ဘေးရှောင်ရင်း ဗိုက်နာလာတဲ့အတွက် လွိုင်ကော်ဆေးခန်းတစ်ခုကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ ကိုယ်ဝန်ဆောင် အမျိုး သမီးရဲ့ တူမတော်စပ်သူတစ်ဦးထံကနေ သိရပါတယ်။ “ဘယ်လိုဖြစ်လဲဆိုတော့ စစကိုယ်ဝန်ဆောင်ကတည်းက စစ်ဘေးရှောင် နေတယ်ကော ပထမတစ်ခေါက်ကတည်းက။ အခုလည်း ထပ်ရှောင်ရတော့ ဘယ်လိုဖြစ်လဲမသိဘူး တောထဲတောင်ထဲနေရ လို့လား ဘာလဲတော့မသိဘူး မပြောတတ်ဘူး။ ကိုယ်ဝန်ရှိတော့ ခနခဏမောတာတွေဖြစ်တယ်။ နေမကောင်းလည်းဖြစ်တော့ အဲဒါ သူ့ကို ရွာနားက အိမ်တစ်အိမ်မှာတည်းဖို့ပေါ့။ အဲ့ဒါ ရှာပေးတော့ သူအဲ့မှာသွားတည်းတယ်။ နှစ်ရက် သုံးရက်လား။ ဒီမနက် တော့ ဖုန်းလာတယ် ဗိုက်နာတယ်ဆိုလား ဖြစ်တယ်ဆိုပြီးတော့ သွားကြည့်ကြတာ သွားကြည့်တော့ တအားနာတယ်ဆိုလို့ နာရေးကားနဲ့အကူညီတောင်းပြီးတော့ လွိုင်ကော်ကိုပို့လိုက်တာ ဆေးခန်းကို။ အဒေါ်တွေလိုက်ပို့တာ သိပ်မကြာဘူး ဖုန်းဆက် လာတယ် မရတော့ဘူးပေါ့ အဲ့လိုမျိုးပြောလာတာ။” လို့ တူမတော်စပ်သူက ပြောပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး ကိုယ်ဝန် ၉ လရှိကာ မကြာခင် မွေးဖွားတော့မှာဖြစ်ပြီး တောတောင်ကြားထဲ ဒုတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရသလို ကျန်းမာရေး လိုအပ်ချက် အပြင် လုံလောက်တဲ့ အစာအာဟာရ စားသုံးရခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲမဖြစ်ခင်ကာလအတွင်း လွိုင်ကော် မှာ ဆေးခန်းပြခဲ့ပြီး စစ်ဘေးရှောင်နေစဉ် ဆေးခန်းမပြရတော့သလို အအေးမိတာ၊ စားဖို့သောက်ဖို့အဆင်မပြေ တာတွေနဲ့ တွေ့ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသွားသူအမျိုးသမီးမှာ အသက် (၃၉) နှစ်အရွယ်ရှိပြီး အမျိုးသားနဲ့ ၁၃ နှစ်အရွယ် သားတစ်ယောက်၊ ၆ နှစ်အရွယ်သားတစ်ယောက် ကျန်ရှိတယ်လို့ သိရပါတယ်။ https://www.bnionline .net/mm/news-85203

***********

 

၁၇။ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို KIA အဖွဲ့တိုက်ခိုက်
October 11, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် မွန်းလွဲ နှစ်နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ ယာဉ်တန်း အစီး ၄၀ ခန့်ကို ကချင်လွတ်မြောက်ရေးတပ်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းမိုင်းခွဲခံရပြီးနောက် နှစ်ဖက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း လဝါးဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။ “နေ့လည်က လဝါး ရွာထိပ်မှာ ပစ်ကြတာပေါ့။ လဝါးအကျော်နားမှာဖြစ်တာ ယာဉ်တန်းဖြတ်တဲ့ အချိန် ခဏဆို တာတဲ့ မိုင်းခွဲတာ။ တော်တော်လေးကြာအောင်ပစ်ကြတယ်။ စစ်ကောင်စီက အထိနာလောက်တယ်။ ခုလည်း စစ်ကားတွေအဲ့ နားမှာရှိနေသေးတယ်။ ဒီတစ်လော ရိက္ခာလာတင်တဲ့ ကားတွေပါ။ အစီးရေက ၄၀လောက်ရှိတယ်” ဟု သူကပြောသည်။

မိုင်းခွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အသေးစိတ်မသိသေးကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ဆက်ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းတွင် ဒွမ်ဘွန်ကျေးရွာတွင် တစ်ကြိမ်၊ လဝါးကျေးရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က ကချင်ပြည်နယ် သို့ ခြေလျင်တပ်များဖြင့် စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေပြီး တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက် ရှိ ကျေးရွာများတွင် ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့သည်။

**********
၁၈။ မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့အဆင်းတွင် မြေသည်ယာဉ်တစ်စီး တိမ်းမှောက်၊ ယာဉ်ပေါ်ပါသူ ၂၃ ဦး ဒဏ်ရာရမှုရှိခဲ့
October 11, 2021

မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ အဆင်းနေရာတွင် ယနေ့ နံနက် ၇ နာရီအချိန်ခန့်က မြေသည်ယာဉ်တစ်စီး တိမ်း မှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ ၂၃ ဦး ထိခိုက်ဒဏ်ရာရမှု ရှိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ဘက်ကနေ မြဝတီဘက်ကိုလာတဲ့ မြေသည်ယာဉ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကို ဝင်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ခဲ့ရာ ယာဉ်ပေါ်ပါလာသူ ၂၃ ဦးခန့်မှာ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့၍ မြဝတီခရိုင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောသည်။

“ဒီနေ့ မြဝတီ-ကော့ကရိတ် အာရှလမ်း ဒေါနတောင်ပေါ်မှာ မိုးရိပ်တွေနဲ့ ရာသီဥတုက သိပ်မကြည်လင်ဘူး။ ဒီလိုအခြေ အနေမှာ ယာဉ်မကြာခဏ တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိတဲ့အတွက် ယာဉ်မောင်းသူများအနေဖြင့် အထူး သတိရှိကြဖို့ လိုအပ်တယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။ https://kicnews.org/2021/10/%e1%80%bb%e 1%80%99%e 1%80%9 d%e1%80%90%e1%80%ae

**********

 

 

 

၁၉။ အကြမ်းဖက်မှုဥပဒေ ပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးအမှု ၃ လ ကျော်ကြာသည်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိ
October 11, 2021

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကပ်သပြေ ကျေးရွာသား ၈ ဦးအမှုကို ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၃ လကျော်ခန့်ရှိပြီဖြစ်ကြောင်း အမှုလိုက်ရှေ့နေများ ကပြောသည်။ ၎င်းတို့မှာ မောင်မောင်ငယ်၊ ဦးမောင်လှမြင့်၊ ဦးအောင်တင်ရွှေ၊ မောင်စိုးလင်း၊ ဦးလှနုအောင်၊ ဦးစံလှမောင် ၊ ဦးလှမောင်သန်း၊ ဦးမောင်လှမြင့် တို့ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ရုံးချိန်ထားသော်လည်း ရုံးထုတ်ခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါ ၈ ဦးကို ပြီးခဲ့သည့် ဇွန်လလယ်ခန့်မှ နောက်ဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ကိုဗစ်ရောဂါကြောင့် ရုံးထုတ် စစ်ဆေးမှုမပြုလုပ်နိုင်ခဲ့ဟုဆိုသည်။ သို့သော်လည်း လက်ရှိတွင် ကိုဗစ်ပိုးတွေ့မှုကျဆင်းသွားသည့်အတွက် တချို့မြို့နယ်များမှ တရားရုံးများတွင် ရုံးထုတ်စစ်ဆေးနေကြပြီဖြစ်သည်။ ရုံးထုတ်စစ်ဆေးမှုများမပြုလုပ်သည့်အတွက်ကြောင့် အမှုသည်များမှာ နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များနှင့် ရှေ့နေများကပြောသည်။ ဖမ်းဆီးပြီးနောက် အချုပ်ထောင်တွင်နေ၍ တရားရင် ဆိုင်နေရသည်မှာကြာမြင့်လာပြီဖြစ်သည့်အတွက် တရားရုံးအနေဖြင့် အပြစ်ရှိ/မရှိကို ရုံးထုတ်စစ်ဆေးရန်လိုအပ်ကြောင်း ဖမ်းဆီးတရားရင်ဆိုင်နေရသည့် ကိုမောင်ငယ်၏ အစ်မဖြစ်သူ ဒေါ်မဲမစိန်ကပြောသည်။

“ အရင်နှစ်ကတည်းက ဖမ်းပြီးတရားစွဲခံထားရတာ ၁ နှစ်ကျော်နေပြီ။ ရုံးချိန်းတွေမလုပ်တာလည်း ၃ လကျော်လောက် ရှိနေ ပြီ။ ကိုဗစ်နဲ့ကတည်းက ရုံးမထုတ်တာလို့ပြောတယ်။ ဒီနေ့လည်း ရုံးချိန်းရှိလို့ မိသားစုဝင်တွေသွားကြတာ။ ရုံးမထုတ်ပြန်ဘူး တဲ့။ ရုံးမထုတ်ဘဲ ထောင်မှာနေနေရတော့ သူတို့အတွက် နစ်နာတယ်။ အပြစ်မရှိဘူးဆိုလည်း အမြန်ပြန်လွတ်စေချင် တယ်””ဟုပြောသည်။ ၎င်းတို့ ၈ ဦးကို စွဲဆိုထားသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၂ (က) အမှုတို့မှာ စစ်တပ်ဖက်မှ တရားလိုက အမှုရုတ်သိမ်းလွှာတင်ထားသည့်အတွက် ရုံးထုတ်စစ်ဆေးမှုများကို ရပ်တန့်ထားခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဒေါ်သန္တာဝင်းကပြောသည်။ ကပ်သပြေကျေးရွာသား ၈ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည် ဟူသော စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ် တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဗိုလ်ကြီးလင်းမြတ်ကတရားလိုလုပ်ကာ အကြမ်း ဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀ (က)၊ ၅၀(ည)၊ ၅၂ (က)တို့ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

**********
၂၀။ (၁) လနီးပါး ထွက်ပြေးလာသည့် စစ်ရှောင်တစ်ချို့ နေရပ်သို့ ပြန်သွား
October 11, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်များအချို့ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁၄) ရက်နေ့ကတည်းက သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် ဟိုခဲကျေးရွာအုပ်စုရှိ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရှိရသည်။

“မနေ့တော့ တစ်နေ့လုံး လက်နက်သံတွေ မကြားရတော့ဘူး။ ဒီနေ့တော့ မပြောတတ်သေးဘူး။ ဟိုခဲကျေးရွာအုပ်စုထဲက ကျေးရွာတွေ အများကြီး ပြန်သွားကြပြီ သူတို့လာတာလဲ တစ်လ ရှိတော့မယ် အဲ့ကြောင့် သူတို့လဲ ပြန်ချင်နေကြပြီ” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ကော်မတီဝင် တစ်ဦးကပြောသည်။ လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၃၀၀၀) ကျော် ကျန်ရှိနေပြီး ၎င်းတို့သည် ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၀၀၀) ခန့် နှင့် ပန်ကေတု ကျေးရွာအုပ်စုမှာ (၂၁၀၀) ကျော်ခန့် ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၉) ရက်နေ့ကစပြီး ဟိုခဲကျေးရွာအုပ်စုနှင့် ဟမ်းငိုင်းကျေးရွာအုပ်စုထဲအတွင်းရှိ ကျေးရွာတစ်ချို့ စစ်ဘေးတိမ်း ရှောင်လာသည့် ဒေသခံများ နေရပ်ပြန်သွားကြပြီဖြစ်သည်။ “တိုက်ပွဲနဲ့ မနီးတဲ့ ကျေးရွာတစ်ချို့တွေတော့ အိမ်အခြေနေကို ပြန် ကြည့်ကြတယ်။ ဒီ ၂ ရက် ၃ ရက်အတွင်းတော့ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိဘူး။ စစ်ရေးတင်းမာတာတွေတော့ရှိတယ်။ တိုက်ပွဲတော့ ငြိမ်နေသေးတယ်”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကိုပြောသည်။ သျှမ်း တပ်(၂)တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်အတွင်းရှိ ဟိုခဲကျေးရွာအုပ်စု ဟမ်းငိုင်းကျေးရွာအုပ်စု ပန်ကေတု ကျေးရွာ အုပ်စုရှိ ဒေသခံများ (၅၀၀၀)ကျော် နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ https://burmese.shannews.org/archives/24837

**********
၂၁။ ရေးမြို့နယ် အမြောက်တပ်အနီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးဒဏ်ရာရ
12 October, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်-ထားဝယ်ကားလမ်း စစ်ကောင်စီ လက်အောက်ခံ စကခ ၁၉ အမြောက်တပ်အနီး အောက်တိုဘာ ၁၁ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ထုတ်ပြန်ပါ တယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမြောက်တပ်အနီး ခြံစည်းရိုးကာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

ဗုံးခွဲတိုက်ခိုက်ပြီးနောက် ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရတာမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ တယ်လို့ ထုတ်ပြန်ပါတယ်။ ရေးမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃ ဦးထက်မနည်း ပစ်သတ်ထားခံသလို ရဲတပ်ဖွဲ့ ဝင် တစ်ဦးလည်း အနီးကပ် ဓားနဲ့ ထိုးသတ်ထားရပါတယ်။ http://burmese.dvb.no/archives/493349

**********
၂၂။ သူနိုင်ကိုယ်နိုင်လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ဒေါ်စောမြရာဇာလင်းဆို
October 11, 2021

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်မတိုက်ခိုက် နိုင်ဘဲ နှစ်ရှည်ကြာနေပြီး ယင်းအတွက်ကြောင့် သူနိုင်ကိုယ်နိုင် လမ်းကြောင်းမှာ ဆွေးနွေးရေးလမ်းကြောင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက ပြောသည်။ “ကျမအနေနဲ့လည်း အင်မတန်ကို တိုက် ဖို့ ဝါသနာပါခဲ့တယ်။ ကျမတို့က လက်နက်ကိုင်နည်းလမ်းနဲ့ပဲ အဓိက တိုက်ပွဲဝင်မယ်ဆိုပြီးတော့ သံဌိဓါန်နဲ့ပဲ တော်လှန်ရေးမှာ ကြိုးပမ်းခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် တစ်ဖက်မှ မနိုင်ဘူး။ အစိုးရလည်း မနိုင်ဘူး။ ဒီတိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းတွေလည်း မနိုင်ဘူး။ သံသရာပဲ ရှည်နေတယ်။ သံသရာပဲ ရှည်နေတယ်ဆိုတော့ နှစ်ဖက်စလုံးက သုံးသပ်ဖို့ လိုတယ်။ ကိုယ်မနိုင်၊ သူမနိုင်မဖြစ်ပဲနဲ့ ကိုယ်နိုင် သူနိုင်ဖြစ်ဖို့လိုတယ်။ ကိုယ်လည်း နိုင်ရမယ်။ သူလည်း နိုင်ရမယ်ဆိုတဲ့ လမ်း ကြောင်းကတော့ ဆွေးနွေးရေးလမ်းကြောင်းပဲ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။

သူနိုင်ကိုယ်နိုင်လမ်းကြောင်းကို နိုင်ငံတော်ကို အုပ်ချုပ်နေသည့် အစိုးရတိုင်း နားလည်ထားရန် လိုအပ်သလို တိုက်ပွဲဝင်နေ ကြ သည့် တိုင်ရင်းသား လက်နက်ကိုင်‌ခေါင်းဆောင်များလည်း နားလည်ထားရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရသည်ဟု ၄င်းကဆို သည်။ သို့ရာတွင် စစ်တပ်မှ အာဏာရယူပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို အချိန်ကာလ ကန့်သတ်ချက်မရှိ

ရပ်ဆိုင်းထားမည်ဟု အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

NCA မပျက်သော်လည်း NCA အကောင်အထည်ဖော်ဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သေးကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) မှ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။ “ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တပ်မတော်ရော ကျနော်တို့ EAO ရော နှစ်ဖက်စလုံးကပဲ ဒီ NCA ဟာ ဆက်လက်ရှိနေ ပါသေးတယ်။ ဆက်လက်ဆုပ်ကိုင်နေပါသေးတယ်ဆိုတဲ့ အတွက် NCA မပျက်သေးဘူးလို့ပဲ အဲလိုမြင်ပါတယ်။ ဒါပေမယ့် ခုနပြောသလိုပေ့ါ။ ဒီ NCA မပျက်ဘူးဆိုပေမယ့်လည်း NCA အရ NCA အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေတော့ မလုပ်နိုင်ဘူး။ ပြောမယ်ဆိုရင် အခုအနေအထား အဲလို ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ “တစ်တိုင်း ပြည်လုံးရဲ့ အနာဂတ် ပြည်သူတွေမှာ ရှိနေတဲ့ အနာဂတ်ကို ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မာနိုင်ငံကို ဖက်ဒရယ်နိုင်ငံအစစ် မထူထောင်လို့ မရတော့ဘူး။ ကျမတို့က ဘာကြောင့် ဖြစ်နေလဲဆိုလိုရှိရင် ရပိုင်ခွင့်တွေ ဆုံးရှုံးနေလို့ဖြစ်တယ်။ ကိုယ့်ရဲ့ ဘဝကို ကိုယ်တို့ မဖန်တီးနိုင်ဖို့ ဖြစ်တယ်။ အဲတာကြောင့် ဒါကိုတော့ အားလုံး နားလည်တယ်ဆိုလို့ရှိရင် ဒီပြဿနာကို မဖြေရှင်း နိုင်စရာမရှိဘူး။ အတ္တကို လျော့ဖို့လိုတယ်” ဟု ပြောသည်။ https://burmese.monnews.org/2021/10/11/%e1%80% 9e %e1%80%b0%e1%80%94%e1%80%ad%e1%80

**********
၂၃။ ဆက်သွယ်ရေးလိုင်းပိတ်ထားစဉ် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်နေ
October 9, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ကျေးရွာအများစုတွင် ပြီးခဲ့သည့် စက်တင်ဘာလတစ်လလုံး ဖုန်းလိုင်း အပါအဝင် ဆက်သွယ်ရေးလိုင်းများအားလုံး ဖြတ်တောက်ထားစဉ် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်တို့သည် ဒေသခံလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့ သည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည့်ကာလတွင် သထုံ၊ ဘီး လင်းမြို့နယ်များရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခြင်း၊ လူထုကို စစ်ရိက္ခာ အတင်းအ ဓမ္မ သယ်ခိုင်းခြင်း၊ တပ်စခန်းဆောက်ရန် သစ်၊ ဝါးများပို့ဆောင်ခိုင်းခြင်း၊ ရိက္ခာသယ်ယူပို့ဆောင်ချိန်၊ တပ်အပြောင်းအ လဲလုပ်ချိန် နှင့် စစ်ရေးလှုပ်ရှားနေချိန်များတွင် ကျေးရွာလူထုများကိုခေါ်ယူကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဒေသခံလူထုနှင့် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်နေကြသည့် ကရင်လူမှုအဖွဲ့ အစည်းများကပြောသည်။ ဘီးလင်းမြို့နယ်မှ အမည်မဖော်လိုသူ အရပ်ဖက်အဖွဲ့ဝင်တစ်ဦးက“ပြောရမယ်ဆိုရင် ကျနော်တို့ ဒေသ မှာ နေ့၊ ည လူ့ အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ပြီးတော့ ဖုန်းလိုင်းတွေ ဖြတ်ထားတော့ ပိုဆိုးသွားတယ်။ အချိန်မီ ဖုန်းဆက်၊ တင် ပြ၊ ပြောပြလို့ မရဘူးလေ။”ဟု အောက်တိုဘာလ ၈ရက် ယမန်နေ့က ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်နေ့က ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာတွင် ရောက်ရှိသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့တို့သည် ကြသောင်းဆိပ်ကျေးရွာတွင်ရှိသော BGF စခန်းသို့သွားရန် ကြိုးဝိုင်းနှင့် ပျဉ်းမပင်ဆိပ် ကျေးရွာရှိ ပြည်သူအယောက် ၁၀၀ကျော်ကိုခေါ်ဆောင်ကာ တပ်ရိက္ခာသယ်ခိုင်းသလို ထိုအထဲတွင် အသက် (၁၈)နှစ် မပြည့်သေးသည့် ကလေးများလည်းပါဝင်ကြောင်း ဒေသခံပြည်သူများက ပြောသည်။ ထို့အပြင် လေးကေကျေးရွာရှိ BGF တပ်စခန်းကို ပြန်လည်မွမ်းမံပြင်ဆင်ရန် ဒေသခံများအား အစည်းအဝေးခေါ်ကာ တစ်အိမ်လျှင် သစ် ၂ချောင်းနှင့် ဝါး ၁၀လုံး မဖြစ်မနေ လာ ရောက်ပို့ဆောင်ခိုင်းသည့်အပြင် ပြည်သူလူထုများ၏ ကားများကို ခေါ်ယူကာ တပ်ရိက္ခာသယ်ဆောင်ခိုင်းမှုများ လုပ်ဆောင်ခဲ့

သည်ဟုလည်း ဒေသခံများထံမှ သိရသည်။ သူက “ကျနော်တို့ တိုင်းရင်းသားနယ်မြေမှာ အရင်ကတည်းက လူ့အခွင့်အရေးချိုး ဖောက်တာကို ခံစားနေရတယ်။ အခု ချိန်မှာ သူတို့မှာ ငြိမ်းချမ်းစွာ နေထိုင်သင့်ပြီ။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးတဲ့ နောက် ပိုင်းမှာ သူတို့တွေက အစတုန်းက လိုပဲ လူ့အခွင့်အရေး ပြန်ချိုးဖောက်ခံနေရတယ်။ အဲဒါကြောင့် ပြည်သူလူထု ထောက်ခံတဲ့ အစိုးရပြန်ရဖို့ စစ်တပ်ကို ဖိအားပေးနိုင်တဲ့ အာဏာရှိတဲ့လူတွေ၊ နိုင်ငံတကာတွေ ကျနော်တို့ တိုက်တွန်းရမယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။ https://kicnews.org/2021/10/%e1%80%86%e1%80%80%e1%80%b9%e1%80%9e%e1%80

**********
၂၄။ ကျောက်မဲမြို့ Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီမှ လူငယ်ကိုပိုဖမ်းဆီးလာ
October 12, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ပိုင်း စစ်ကောင်စီ မှ လူငယ်များ ကို ယခင်ထပ် ပိုဖမ်းဆီးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ကျောက်မဲမြို့တွင် ယခု ရက်ပိုင်း ညထွက်သွားလာသူများကို စစ်ဆေးရိုက်နှက်မှုများ ပြုလုပ်လာလျက်ရှိပြီး ယမန့်နေ အောက်တိုဘာ (၁၁) ည ၁၀ နာရီဝန်းကျင်တွင် သေနတ်ပစ်ဖောက်သံ များရှိကြောင်း သိရသည်။

“ မနေ့ကညကတော့ သေနတ်သံ (၈) ချက်လောက်ကြားရတယ်။ စစ်ကောင်စီတွေက ညဆို ခုတလော ပိုပြီးစစ်ဆေး နေတယ်။ Mytel ဖုန်းတာဝါတိုင်း ဖောက်ခွဲခံရပြီးနောက် ပိုပြီး စစ်ဆေးလာတယ်။ လူငယ်တွေကိုလည်း ပိုဖမ်းလာတယ်” ဟု ကျောက်မဲ မြို့ ဒေသခံအမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်ဖြင့် လူငယ်များကို တိတ်တဆိတ် လိုက်လံ ဖမ်းဆီးရာတွင် လူငယ် (၂၀) ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။ ထိုဖမ်းဆီးခံ ထားရသည့် သူများသည် Mytel တာဝါတိုင် ဖောက်ခွဲခံရပြီးနောက်ဖမ်းဆီးခံရကြောင်း ၊ မြို့တွင်း PDF တပ်ဖွဲ့များ ရောက်လာ မှာကို စိုးရိမ်သောကြောင့် စစ်ကောင်စီတပ်များက စိုးရိမ်နေကြရကြောင်းသိရသည်။

“ သူတို့ အရပ်ဝတ်တွေနဲ့ ခိုးခိုးပြီးဖမ်းသွားတာ။ ကျနော်တို့ သိရသလောက်တော့ ၂၀ ကျော်ရှိ နေပြီထင်တယ်။ သူတို့တွေက မြို့ထဲမှာ PDF တွေ ရောက်လာမှာကို စိုးရိမ်နေကြတာ။ အဲကြောင့် ညညဆိုသူတို့ အရမ်းကို လိုက်စစ်နေတယ်” ဟု ကျောက်မဲ မြို့ အထက်ပါ လူက ပြောသည်။ ကျောက်မဲမြို့တွင် စစ်ကောင်စီ တပ်သားများ၏ လုပ်ရက်မှုကြောင့် ပြည်သူများက စားဝတ် နေရေးအတွက် ပါ စိတ်ပူနေကြရကြောင်း၊ ည တခုခုကြောင့် အရေးပေါ်သွားစရာရှိလာပါက စိုးရိမ်နေကြရကြောင်း သိရ သည်။“ အရင်ကတော့ အဲလောက်ထိ မစစ်ပါဘူး။ သွားလာတာရှိတယ်။ အခု ပိုစစ်လာတယ်ဆိုတော့ ည အရေပေါ် သွားစရာရှိ လာရင် ဘယ်လိုလုပ်ရမလဲ ဆိုတာစိတ်ပူတယ်။ အခုက ကိုဗစ် ကပ်ရောဂါအချိန်လည်းဖြစ်တယ်။ စားဝတ်နေရေးအတွက် လည်း ရှာစားရတာ ခက်ခဲလာတယ်။ အခုက အကုန်လုံးကို စိုးရိမ်ပြီးကြောက်နေရတာ” ဟု ကျောက်မဲမြို့ အသက် ၄၀ ကျော် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ https://burmese.shannews.org/archives/24870

**********
၂၅။ တောင်ယာလုပ်ကိုင်သူများ မြေသြဇာဝယ်သုံးရန် အခက်အခဲဖြစ်နေ
October 12, 2021

ဒေါ်လာစျေးမငြိမ်သက်မှုများကြောင့် ကုန်စျေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်များက သီးနှံခင်းများ၌သုံးသည့် ပုလဲ(အဖြူ၊အမဲ)နှင့် စူပါအမျိုးအစား ဓာတ်မြေသြဇာတစ်အိတ်လျှင် စျေးနှုန်း (၄)

သောင်းကျပ်သာရှိခဲ့ပြီး ယခုနှစ်တွင် ကုန်စျေးနှုန်းများမြင့်တက်နေမှုကြောင့် ယင်းဓာတ်မြေသြဇာအမျိုးအစားတစ်အိတ်ကို (၅)သောင်းမှ (၆)သောင်းဝန်းကျင်အထိ စျေးမြင့်တက်လျှက်ရှိသည်ဟု သီးနှံစိုက်ပျိုးနေသူများကပြောသည်။

ကုန်းချောင်းကျေးရွာမှ တောင်ယာလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးဘချစ်က “ကုန်စျေးနှုန်းက အကုန်လုံးတက်နေတော့ မြေသြဇာစျေးတွေလည်းတက်သွားတယ်။ ကျနော့်စိုက်ခင်းမှာတော့ တစ်ခြားအမျိုးအစားတွေ သိပ်မသုံးဖြစ်ဘူး။ ပုလဲတစ်မျိုး တည်းကိုပဲ အဖြူ၊အမဲရောပြီးသုံးတယ်။ လောလောဆယ်တော့ စျေးတက်သွားလို့မဝယ်ရသေးဘူး။ ဝယ်နိုင်ဖို့ကလည်းမလွယ် ဘူး။ တစ်ခြားလူတွေမှာလည်း အဲဒီအတိုင်းပဲ မြေသြဇာစျေးတွေတက်နေလို့ မဝယ်နိုင်ကြသေးတာများတယ် ဟု ပြောသည်။ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာများဝယ်ရန်အတွက် ဆင်အိုးကျေးရွာအထိ စက်လှေဖြင့် ဆီ(၂)ဂါလံခန့်ကုန်ကျခံကာ သွားကြရပြီး ယင်းမှတစ်ဆင့် မြောက်ဦးမြို့သို့ သုံးဘီး၊ လိပ်ကုန်း၊ ကား စသည့်တို့ဖြင့် ငှားရမ်းသွားကြရသည်။

သီးနှံစိုက်ခင်းတစ်ဧကတွင် မြေသြဇာတစ်အိတ်နှုန်းဖြင့် ရက်ပေါင်း(၂၀)ခြားတစ်ခါ ပုံမှန်သုံးပေးရပြီး မြေသြဇာပုံမှန်သုံးပေး နိုင်ခဲ့သည့်နှစ်များကပင် စိုက်ခင်းမှရရှိသည့်ငွေများဖြင့် မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုမရှိခဲ့သဖြင့် ယခုနှစ်တွင် စားဝတ် နေရေး အခက်အခဲပိုဖြစ်လာနိုင်သည်ဟုလည်း ကုန်းချောင်းဒေသခံ ဦးဘချစ်က ဆက်ပြောသည်။ “ဒီလိုစု်ိက်ခင်းတွေက စပါးခင်း တွေနဲ့မတူဘူး။ မြေသြဇာအမြဲသုံးပေးရတယ်။ ကျနော့်မှာတော့ စိုက်ခင်းက ၅ ဧကဆိုတော့ တစ်ခါကြဲရင် ငါးအိတ် ကုန်တယ်။ ဒါပေမယ့် လောလောဆယ်တော့ မြေသြဇာကတစ်အိတ်ပဲရှိတယ်။ ထပ်သွားဝယ်ဖို့ကလည်း စက်လှေဆီစရိတ်နဲ့ ကားစရိတ်တွေနဲ့မလွယ်ဘူး။ ပုံမှန်မြေသြဇာသုံးနိုင်တဲ့ နှစ်တွေကတောင် စိုက်ခင်းကရတဲ့ငွေနဲ့ မိသားစုစားဝတ်နေရေး လုံလောက်မှုမရှိဘူး။ ဒီနှစ်တော့ မြေသြဇာမသုံးနိုင်တာကတမျိုး၊ ကြွက်တွေကလည်း တစ်အားပေါတယ်။ ဒီအတိုင်းဆိုရင်တော့ တောင်သူတွေအတွက်အခက်အခဲပါပဲ”ဟု ၄င်းကပြောသည်။

**********
၂၆။ ရေးမြို့နယ်တွင် အန်အယ်လ်ဒီပါတီ ထောက်ခံသည့် နေအိမ် ၂ အိမ် ချိတ်ပိတ်ခံရ
12 October, 2021

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံတဲ့ နေအိမ် ၂ အိမ်ကို အောက်တိုဘာ ၁၁ ရက် မနက်က စစ်ကောင်စီ တပ်တွေက အရပ်ဝတ်နဲ့လာပြီး နေအိမ်ကို ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ချိတ် ပိတ်ခံရတဲ့နေအိမ်တွေဟာ ဦးစိုးမိုးအောင်နဲ့ ဦးစိုးနိုင်တို့ရဲ့နေအိမ်တွေဖြစ်ကြပြီး အိမ်ရှင်နှစ်ဦး လုံးဟာ အန်အယ်လ်ဒီ ထောက်ခံ ကြတဲ့သူတွေဆိုပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးလာခဲ့တာကြောင့် ဒီနေ့အထိ မိသားစုလိုက် ရှောင်တိမ်းနေကြတာပါ။

ဦးစိုးမိုးအောင်ရှောင်တိမ်းနေစဉ် ကာလအတွင်းနေအိမ်မှာ လာနေပေးတဲ့ ဦးစိုးမိုးအောင်ရဲ့ တူမဖြစ်သူကိုလည်း စစ်ကောင်စီက မနေ့က ဖမ်းဆီးသွားပြီး ဒီမနက်ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။ အဆိုပါနေအိမ် ၂ လုံးရဲ့ အိမ်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီးဖို့ အလိုရှိသူတွေဖြစ်ကြပြီး အိမ်ရှင်တွေကလည်း မရှိတော့တဲ့အတွက် အခုလို နေအိမ် ၂ လုံးကို ချိတ်ပိတ်ခံထားရပါတယ်။ http://burmese.dvb.no/archives/493448

**********

 

 

 

၂၇။ ကျောက်မဲ အမှိုက်ပြဿနာ ဖြေရှင်းပေးရန် ဒေသခံများ မျှော်လင့်
October 9, 2021

သျှမ်းမြောက် ကျောက်မဲမြို့တွင်းရှိ ရပ်ကွက်များတွင် အမှိုက်သိမ်းယူမှုစနစ် အားနည်းနေခြင်းကြောင့် တာဝန်ရှိသူတို့မှ ဖြေရှင်း ပေးရန် ဒေသခံများက မျှော်လင့်နေကြကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့သည် ခရိုင်မြို့တစ်မြို့ဖြစ်သည့်အပြင် နှစ်စဉ် လူဦးရေတိုးပွားလာပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ အမှိုက်သိမ်းယူမှုစနစ် အားနည်းခြင်းတို့ကြောင့် မြို့ပေါ် ရပ်ကွက်များ တွင် အမှိုက်ပြဿနာ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

“မိန်းလမ်းပေါ်တော့ အမှိုက်သိမ်းတာတွေ့တယ်၊ ကျန်တဲ့ ရပ်ကွက်တွေထဲမှာ သိမ်းပေးဖို့လိုတာ၊ အမှိုက်သွားပစ်ရတဲ့ နေရာက လည်းဝေးတယ်၊ ကြုံတဲ့နေရာပစ်နေတဲ့သူက ပိုများတော့အနံ့တွေလည်း မကောင်းတော့ဘူး”ဟု ကျောက်မဲဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိန်းလမ်းတစ်လျှောက်နှင့် ဈေးအနီးတို့တွင် အမှိုက်သိမ်းယူမှု များရှိသော်လည်း ရပ်ကွက်များအတွင်းထိ အမှိုက်သိမ်းယူမှု မရှိကြောင်း၊ ထို့အပြင် ဒေသခံတချို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်နေသည့်အတွက် ရပ်ကွက်လမ်းများပေါ်တွင် အမှိုက်များပျံ့ကျဲကာ အနံ့အသက်ဆိုးများထွက်နေတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူနေအိမ်အတွင်း အမှိုက်များမီးရှို့ပါက ပတ်ဝန်းကျင်များကို ထိခိုက်စေကြောင်း၊ ထို့ကြောင့် အမှိုက်စွန့်ပစ်ရန် သတ် မှတ်ထားသည့် နေရာအထိ သွားရောက်စွန့်ပစ်နေရကြောင်း ရပ်ကွက်(၂) အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“အမှိုက်ကို ကိုယ့်ဝိုင်းထဲ မီးရှို့မယ်ဆိုရင်လည်း အနံ့တွေက မကောင်းဘူး၊ ပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဘူး၊ အဲ့တော့ အမှိုက်ကို စုပြီး (၃/၄)ရက်တစ်ကြိမ် သျှမ်းကျောင်းကြီးနောက်က အမှိုက်ပုံထိ သွားပစ်ရတယ်” ဟု အထက်ပါ ဒေသခံ က ဆိုသည်။ “အရင် အစိုးရလက်ထက်တုန်းက အမှိုက်ကို စနစ်တကျသိမ်းဖို့ ကုမ္ပဏီကို တာဝန်ပေးမယ်ဆိုပြီး ဆွေးနွေးတယ် ဆိုပြီး ကြားဖူးတယ်၊ ဒါပေမယ့် ဘယ်လိုပြဿနာတွေ ရှိခဲ့လဲတော့ သေခြာမသိဘူး၊ ခုထိ အကောင်အထည် မဖော်နိုင်သေးဘူး” ဟု အထက်ပါဒေသခံ က ပြောသည်။ ထို့အပြင် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲ ပြင်းထန်ခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်သို့ ပြောင်းရွှေ့လာသည့် စစ်ဘေးရှောင် (၁၇၀၀)ကျော်ရှိနေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။ https://burmese.shannews.org/archives/24833

**********
၂၈။ တောင်ကုတ်တွင် ၁၆ နှစ်အရွယ်ကလေးတစ်ဦး ကြိုးဆွဲချသေဆုံး
October 11, 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အသက် ၁၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သတင်းရရှိ သည်။ သေဆုံးသွားသောသူမှာ တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ အောင်ချမ်းသာအပိုင်မှ မောင်ချစ်အေး (၁၆ နှစ်)ဖြစ်ပြီး ဦးထွန်းကျော်နှင့်ဒေါ်မတုတ် တို့၏ သားဖြစ်ကြောင်း သိရသည်။

သူသည် အောက်တိုဘာလ ၉ ရက် ညနေက နေအိမ်မှပျောက်ဆုံးသွားပြီး မိဘများကလိုက်လံရှာဖွေရာ အောက်တိုဘာ ၁၁ နေ့လယ် ၂ နာရီတွင် သိမ်တောင်ရပ်ကွက်နှင့် ၃ ဖာလုံအကွာတွင်ရှိသော တောင်ပေါ်ရှိ သီဟိုဠ်ပင်၌ ကြိုးဆွဲချသေဆုံးလျက် တွေ့ရှိခဲ့ရသည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။“ပျောက်သွားတာ ၂ ရက်လောက်ရှိပြီ။ သူ့ကို ဒီနေ့မှ သေဆုံးလျက်တွေ့တယ်။ ပြင်ပထိခိုက်ထားတဲ့ဒဏ်ရာတွေလည်းမရှိဘူး။ ကလေးက ကျပ်လည်းသိပ်မပြည့်ဘူးလို့ မိဘတွေက ပြောတယ်”ဟု ပြောသည်။ လက်ရှိတွင် သေဆုံးသွားသူ၏ရုပ်အလောင်းအား တောင်ကုတ်ဆေးရုံမှတဆင့်ယူ ဆောင် သွားပြီး ယနေ့ညနေတွင် သင်္ဂြိုလ်မည်ဟု သိရသည်။

 

၂၉။ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေကို TNLA တပ်ဖွဲ့က ဖျက်ဆီးပစ်
October 12, 2021

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က သူတိုထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့နဲ့ ဆိုင်မှာကျန်ရှိနေတဲ့ ထုတ်ကုန်ဟောင်းတွေကိုလည်း ပျက်ဆီးပစ်ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ရှင် တွေကိုလည်း နောက်တစ်ခါ ဝယ်ယူရောင်းမချဖို့ ဝန်ခံကတိလက်မှတ် ထိုးခိုင်းတာလည်း ရှိတယ်လို့ သိရပါတယ်။ TNLA တပ်ဖွဲ့က စစ်ကောင်စီ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သူတို့ရဲ့ထုတ်ကုန်တွေကို ဝယ်ယူအားမပေးဖို့ ထုတ်ပြန်ချက်တွေ လည်း ထုတ်ပြန်ထားပြီး ကုန်စုံဆိုင်တွေကို စာတွေပို့ထားပေးတာ ရှိပါတယ်။

စစ်ကောင်စီရဲ့ထုတ်ကုန်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေထဲသာမက မြန်မာတစ်နိုင်ငံလုံးရှိနေတဲ့ ပြည်သူတွေကလည်း စစ်ကောင်စီကို ကန့်ကွက်တဲ့အနေနဲ့ ဝယ်ယူအားမပေးကြဖို့ တိုက်တွန်းမှုတွေလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။

**********
၃၀။ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးပစ်သတ်ခံရ
12 October, 2021

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မောင်းမကန်ကျောက်ဆင်ကျေးရွာမှာ အောက်တိုဘာ ၁၁ ရက် ညနေ ပိုင်း က ကျေးရွာ အုပ်ချုပ်ရေးမှူးတယောက် သေနတ်နဲ့ ၄ ချက် ပစ်သတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ရီဦးဟာ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာစဉ် အိမ်အနီးနားမှာပဲ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေ ကပြောပါတယ်။

“အရင် အုပ်ချုပ်ရေးမှူးထွက်သွားတော့ သူ့ကို အုပ်ချုပ်ရေးမှူးဆိုပြီး စကစ က ခန့်ထားတာ။ ညနေ ၄ နာရီခွဲလောက် ဆိုင်ကယ်နဲ့ အိမ်ပြန်လာတုန်း အနောက်ကဆိုင်ကယ်နဲ့လိုက်ပြီး သေနတ်နဲ့ ၄ ချက်ပစ်သွားလို့ သေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အမည်မသိ သေနတ်သမားက ပစ်သတ်ခဲ့လို့ သေဆုံးတဲ့ အုပ်ချုပ်ရေးမှူး ရီဦးဟာ ကျေးရွာမှာ ဒလန် အဖြစ် သတ်မှတ်ခံထားရသူတစ်ဦးဖြစ်ပြီး ကျေးရွာအတွင်းက စစ်အာဏာရှင် ဆန့်ကျင်သူတွေကို စစ်ကောင်စီကို ခေါ်ဖမ်းခိုင်းခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ကလည်း သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဇော်မျိုးဦးကို အမည်မသိ အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။ http://burmese.dvb.no/archives/493441

**********
၃၁။ ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ
12 October 2021

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရပ်ကွက် ၁ မန့်မိုင်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ် ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ ပေကျော်လွန်ကာ တရုတ်ဘက်က ရေလယ်မှာ ကျောက်ချလမ်းဖောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင်သတ်မှတ်ထားတဲ့နေရာထက် ကျော်လွန်ပြီး တရုတ် ဘက်က လမ်းတွေ လုပ်နေတယ်။ ရေလယ် ကျောက်ချပြီး လမ်းလုပ်နေတယ်။ ချောင်းထဲ ၁၅ ပေလောက်ဝင်လာတယ်။ အရင်က ချောင်း ပေ ၂၀ လောက်ရှိတယ်။ ပန်ဆိုင်း မြို့ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ် ကင်းလမ်းဖောက်တာနေမယ်။ မုံးကိုးထိ ကာမ

 

လားမသိဘူး။ ရေကြီးလာလို့ လယ်ဘက် တိုက်စားလာလို့ ဝါးရုံနား စည်းရိုးလာလုပ်ရင်တောင်မှ သူတို့ သေနတ်နဲ့ ရောက် လာတယ်။” လို့ ဒေသခံ တစ်ဦးက အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြောပါတယ်။

နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းရဲ့ ၁၀ မီတာ အကွာအတွင်း ဘာမှ မလုပ်ရဘူးလို့ သတ်မှတ်ချက်ရှိထားပေမယ့် တရုတ်ဘက်က ချိုးဖောက်ပြီး မြန်မာဘက်ခြမ်း ၁၀ မီတာအတွင်းချောင်းအလယ်ထိ ကျောက်၊ မြေ ဖို့ကာ နယ်ခြားစည်းမျဉ်းတလျောက် တံတိုင်းကာတဲ့အပြင် ကင်းပတ်လမ်းပါ မြန်မာဘက်ခြမ်းအထိ ဖောက်လုပ်နေတာဖြစ်ပါတယ်။ တရုတ်ဘက်က အဲဒီလိုလုပ် ဆောင်နေတာကြောင့် မြန်မာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။

“သူတို့ ဒီချောင်းမှာ ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်း က ဒီ မြန်မာဘက်ခြမ်း ရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။ အခုတောင် ချောင်းက မြန်မာနိုင်ငံ ဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။ ဒီနေရာက ပန်ဆိုင်း ရပ်ကွက် ၁ မှာပါတယ်။ အရင်တုန်းက မန့်မိုင်ရပ် လို့ခေါ် တယ်။ တကယ်ဆိုရင် သူတို့ ဒီ ချောင်းထဲကို အဲလို လုပ်လို့မရဘူး။ ၁၀ ပေကျော်တောင် ဝင်လာတယ်။ ညရော နေ့ည မနား မနေလုပ်နေတယ်။ ၁၀ မီတာအတွင်းမှာ ဘာမှ လုပ်လို့ မရဘူးဆိုပေမယ့် သူတို့က ၁၀ မီတာ အထဲ ရောက်နေပြီ။ နဂို နေရာက သံပုရာပင် စိုက်ထားတဲ့နေရာထိရောက်တယ် ချောင်းက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ဆန်း ပိုင်းကစတင်ပြီး တရုတ်ဘက်က အဲဒီလိုလုပ်ဆောင်နေမှုကို မြန်မာဘက်က တာဝန်ရှိသူတွေ သွားရောက်ညှိနှိုင်းခဲ့စဉ်မှာ ခေတ္တ ရပ်နားထားခဲ့ပေမယ့် အခုအပတ်အတွင်းမှာပဲ ပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။ https://burmese.kachi nnews. com/2021/10/12/oct-12-bs-1/

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **