• Today is: Thursday, April 25, 2024

ဦးေႏွာက္ေဆးေၾကာျခင္း

Zawgyi

ဦးေခါင္းေတြဟာ အုန္းသီးတစ္လံုးထက္ပိုတယ္
အိပ္ေနတာေတာင္အျပင္ဘက္မွာ ရွင္သန္ေနတာမ်ိဳး
ဦးေခါင္းေတြဟာ အသားတစ္တံုးထက္လည္းပိုတယ္
ႏိုးတစ္ဝက္ျဖစ္ေနတဲ့ေခါင္းေတြကို ပန္းပြင့္လိုတိမ္ေတြေပၚမွာေတြ႕လိမ့္မယ္
ေနာက္ထက္လင္းေနတဲ့ မီးလံုးထက္လည္းပုိေသးတယ္
ပိတ္ထားတဲ့စာအုပ္ထဲမွာ ေခါင္းေတြဝင္ေရာက္ေနတဲ့ အခါမ်ိဳးေပါ့

ေခါင္းေတြထဲက ၾကြက္အေထြးလိုက္ႀကီးဟာျဖင့္ စပ်စ္ခိုင္ႀကီးလုိ
တြန္းတိုးေနၾကလို႔
အိမ္မက္ေတြကို လိေမၼာ္ေစ့ေတြလို စြန္႔ထုတ္လို႔
ဂြမ္းပြပြႀကီးေတြလို အေတြးေခၚေတြျပည့္ၾကပ္လို႔
ေခါင္းေတြထဲကၾကြက္ေတြဟာ တျခားေခါင္းေတြက ဒိန္ခဲေတြလို လွမ္းဟပ္လို႔
တျခားေခါင္းေတြဆီက လိေမၼာ္ေစ့ေတြကို လွမ္းအနံ႔ခံႏိုင္လို႔

ေခါင္းထဲမွာၾကြက္ေတြဟာ အျပင္ကပေလြသံကိုစၾကားလုိက္သူေတြပါ
မေပ်ာ္တဲ့ၾကြက္ေတြဆီ ပေလြသံဟာကူးစက္သြားတယ္
ေခါင္းထဲမွာၾကြက္ေတြဟာ အဝတ္ေလွ်ာ္စက္ထဲမွာလို လည္ေနေတာ့တယ္
ပေလြသံဟာ ေခါင္းထဲကိုဆက္ဝင္လာေတာ့
ေခါင္းထဲမွာ ဂြမ္းစေတြ ဖြာလံႀကဲပဲ
ပေလြသံဟာေခါင္းထဲမွာ က်ည္ခြံေတြခ်န္ထားခဲ့ၿပီး
က်ည္ဖူးေတြလုိ အျပင္ထြက္သြားတယ္
ေခါင္းေတြ ေခါင္းေတြထဲက ၾကြက္အေထြးလုိက္ႀကီးဟာလည္း
လိေမၼာ္ေစ့ေတြသာပစ္ထားခဲ့ၿပီး
က်ည္ဆံေနာက္ ခုန္ထြက္လိုက္ပါသြားၾကတယ္
ေခါင္းခြံေတြထဲမွာေတာ့ ေျပာင္လက္ေနတဲ့က်ည္ခြံေတြအျပည့္နဲ႔။

ေဇာ္လူစိမ္း

 

Unicode

ဦးခေါင်းတွေဟာ အုန်းသီးတစ်လုံးထက်ပိုတယ်
အိပ်နေတာတောင်အပြင်ဘက်မှာ ရှင်သန်နေတာမျိုး
ဦးခေါင်းတွေဟာ အသားတစ်တုံးထက်လည်းပိုတယ်
နိုးတစ်ဝက်ဖြစ်နေတဲ့ခေါင်းတွေကို ပန်းပွင့်လိုတိမ်တွေပေါ်မှာတွေ့လိမ့်မယ်
နောက်ထက်လင်းနေတဲ့ မီးလုံးထက်လည်းပိုသေးတယ်
ပိတ်ထားတဲ့စာအုပ်ထဲမှာ ခေါင်းတွေဝင်ရောက်နေတဲ့ အခါမျိုးပေါ့

ခေါင်းတွေထဲက ကြွက်အထွေးလိုက်ကြီးဟာဖြင့် စပျစ်ခိုင်ကြီးလို
တွန်းတိုးနေကြလို့
အိမ်မက်တွေကို လိမ္မော်စေ့တွေလို စွန့်ထုတ်လို့
ဂွမ်းပွပွကြီးတွေလို အတွေးခေါ်တွေပြည့်ကြပ်လို့
ခေါင်းတွေထဲကကြွက်တွေဟာ တခြားခေါင်းတွေက ဒိန်ခဲတွေလို လှမ်းဟပ်လို့
တခြားခေါင်းတွေဆီက လိမ္မော်စေ့တွေကို လှမ်းအနံ့ခံနိုင်လို့

ခေါင်းထဲမှာကြွက်တွေဟာ အပြင်ကပလွေသံကိုစကြားလိုက်သူတွေပါ
မပျော်တဲ့ကြွက်တွေဆီ ပလွေသံဟာကူးစက်သွားတယ်
ခေါင်းထဲမှာကြွက်တွေဟာ အဝတ်လျှော်စက်ထဲမှာလို လည်နေတော့တယ်
ပလွေသံဟာ ခေါင်းထဲကိုဆက်ဝင်လာတော့
ခေါင်းထဲမှာ ဂွမ်းစတွေ ဖွာလံကြဲပဲ
ပလွေသံဟာခေါင်းထဲမှာ ကျည်ခွံတွေချန်ထားခဲ့ပြီး
ကျည်ဖူးတွေလို အပြင်ထွက်သွားတယ်
ခေါင်းတွေ ခေါင်းတွေထဲက ကြွက်အထွေးလိုက်ကြီးဟာလည်း
လိမ္မော်စေ့တွေသာပစ်ထားခဲ့ပြီး
ကျည်ဆံနောက် ခုန်ထွက်လိုက်ပါသွားကြတယ်
ခေါင်းခွံတွေထဲမှာတော့ ပြောင်လက်နေတဲ့ကျည်ခွံတွေအပြည့်နဲ့။

ဇော်လူစိမ်း