• Today is: Friday, March 29, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 62 , October 2, 2020)

၁။ ေကာ့ကရိတ္လမ္းေဟာင္း တပ္မေတာ္သားပစ္သတ္ခံရမႈကိစၥ စြပ္စြဲေျပာဆိုမႈ အေျခအျမစ္မရွိေၾကာင္း KNU တုံ႔ျပန္

၂။ လူႏွစ္ဦးကို သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ လူတစ္စုကို ေကာ္သူးေလတရားေရးအရ အေရးယူႏိုင္ရန္ စီစဥ္

၃။ မြန္ညီၫြတ္ေရးပါတီ၏ မြန္တိုင္းရင္းသားလူမ်ိဳးစုကိုယ္စားလွယ္ေလာင္း မြန္ျပည္သစ္နယ္ေျမတြင္ မဲဆြယ္မရျဖစ္ေန

၄။ KIO ထိန္းခ်ဳပ္နယ္ေျမ အဝင္အထြက္အားလုံး ပိတ္

၅။ ေက်ာက္မဲၿမိဳ႕နယ္အတြင္း RCSS/SSA လႈပ္ရွားရာ ေတာပိုင္းသို႔ အစိုးရတပ္ပစ္ခတ္

၆။ ခ်င္းျပည္နယ္ ဒုတိယအႀကိမ္ မဲစာရင္းပထမအႀကိမ္ မဲစာရင္းထက္ ၁ ေသာင္းေက်ာ္ေလ်ာ့နည္း

၇။ ကယားဝန္ႀကီးခ်ဳပ္ေဟာင္းကို စြပ္စြဲျပစ္တင္မႈ အေျခခံဥပေဒဆိုင္ရာ ခုံ႐ုံး ၾကားနာမည္

၈။ မဲဆြယ္္မိန႔္ခြန္း ဆင္ဆာ ျဖတ္သည့္ကိစၥ ထားဝယ္တိုင္းရင္းသားမ်ားပါတီ ေၾကညာခ်က္ ထုတ္ျပန္

၉။ မူးယစ္ေဆးဝါးအႏၲရယ္ကာကြယ္တားဆီးေရး လႊတ္ေတာ္အသီးသီးသို႔တင္ျပသြားရန္ မြန္ညီၫြတ္ေရးပါတီက မူဝါဒ ခ်မွတ္ထား

၁၀။ ျမစ္ဆုံစီမံကိန္းကို လာမည့္အစိုးရလက္ထက္တြင္လည္း ဆက္လက္ကန႔္ကြက္သြားမည္ဟု ေဒသခံမ်ားေျပာ

၁၁။ ခ်င္းပါတီ CNLD ကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္ကြန္ယက္ေတာင္းဆို

၁၂။ ဧရာ၀တီ ကရင္လူငယ္ေကာ္မတီမွ ကရင္ပါတီ မဲဆြယ္စည္းရံုးေရးမ်ားအတြက္ ကူညီမႈမ်ားစတင္

၁၃။ နမၼတူၿမိဳ႕နယ္ အတြင္း ဆယ္ေက်ာ္သက္ အမ်ိဳးသမီးတဦး မီးရႈိ႕ခံရသည့္ အေလာင္းေတြ႕

၁၄။ မိုးညႇင္းခ႐ိုင္တြင္ ပုံစံ (၃-က) မဲထည့္ရန္ေလ်ာက္ထားေသာ တပ္ နဲ႔ ရဲ အင္အား ၁ ေထာင္ေက်ာ္ရွိ

၁၅။ သထုံၿမိဳ႕နယ္အတြင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီႏွင့္ ကရင္ျပည္သူ႔ပါတီ (KPP) တို႔ ပူးေပါင္းကာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္စိုက္ထူျခင္းမ်ား ျပဳလုပ္

၁၆။ ဖလမ္းဆူရ္ဘုန္ေလယာဥ္ကြင္းဖြင့္ပြဲ ယခုလ ေအာက္တိုဘာလထဲတြင္က်င္းပမည္

၁၇။ လူသတ္တရားခံ တပ္မေတာ္သားေတြ ျပန္လႊတ္ေပးတဲ့အျဖစ္မ်ိဳး ေနာင္မျဖစ္ဖို႔ ကုလမွာ ျမန္မာကတိေပး

၁၈။ ရခိုင့္ဦးေဆာင္ပါတီက ႐ုပ္ျမင္သံၾကားတြင္ မဲဆြယ္စည္း႐ုံးေရးအတြက္ ႐ိုက္ကူးေရး မျပဳလုပ္ေတာ့ဟုဆို

၁၉။ ေျမာင္းျမၿမိဳ႕နယ္ ငါးျမင္းေခ်ာင္းေက်း႐ြာတြင္ ကရင္အမ်ိဳးသားပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ပြဲ ျပဳလုပ္

၂၀။ ေငြေပ်ာ္စံျပေက်း႐ြာတြင္ မူးယစ္ေဆးဝါး ေရာင္းသူႏွင့္ သုံးစြဲသူမ်ားလာ

၂၁။ မင္းျပားတြင္ ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြား

၂၂။ COVID ကာလ Stay at Home အစီအစဥ္ေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဖားကန႔္ေဒသရွိ သိန္းႏွင့္ ခ်ီေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား မဲေပးခြင့္ဆုံးရႈံးႏိုင္ဖြယ္ရွိေန

၂၃။ ရခိုင္ရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ဖ်ားနာသူမ်ားျပားလာေန၍ က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ လိုအပ္ေန

၂၄။ တီးတိန္ၿမိဳ႕နယ္ သစ္ေတာနယ္ေျမက ေနအိမ္ေတြကို ဖယ္ရွားခိုင္း

၂၅။ အမ္းတြင္ ေနာက္ျပန္လက္ျပန္ႀကိဳးခ်ည္ ထားေသာ ပုတ္ပြအေလာင္း ၂ေလာင္းေတြ႕ရွိရၿပီး ပိုင္ရွင္ မသိရေသး

၂၆။ ဒီဇယ္ဆီျပတ္လပ္မႈေၾကာင့္ ပလက္ဝၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးႏိုင္ေတာ့မည္မဟုတ္

၂၇။ ေစာင့္ၾကည့္ၾကပ္မတ္တဲ့ေနရာကေန ထြက္ေျပးဖို႔ႀကိဳးစားသူ အလုပ္ႏွင့္ေထာင္ဒဏ္ (၁)ႏွစ္ႏွင့္ (၆)လ ခ်မွတ္ခံရ

၂၈။ စစ္ေတြမွာ ဒုကၡသည္ ေထာက္ပံ့ေငြ ျဖတ္ေတာက္ခံေနရ

၂၉။ ကုန္တင္ယာဥ္ ႏွင့္ ခရီးသည္ယာဥ္ မ်ား ထြက္ခြာခြင့္ ၁၄ ရက္ ပိတ္မည္

၃၀။ ကိုဗစ္ေၾကာင့္ ကယားျပည္နယ္ အထင္ကရေနရာမ်ား လည္ပတ္ခြင့္ပိတ္

၃၁။ ျမဝတီၿမိဳ႕တြင္ ကိုဗစ္အတည္ျပဳလူနာ ၁ ဦး ေသဆံုး

၃၂။ စစ္ေတြဆိပ္ကမ္းကုိ ေရွ႕ႏွစ္ဆန္းပုိင္း စလည္ပတ္ႏုိင္ဖုိ႔ အိႏၵိယနဲ႔ျမန္မာ ေဆြးေႏြး

၃၃။ ျမဝတီခ႐ိုင္ျပည္သူ႔ေဆးရံုတြင္ Covid-19 အတည္ျပဳလူနာ ၃ ဦး ေဆးကုသမႈခံယူေန၊ ၎တို႔ႏွင့္ ထိေတြ႔ခဲ့သူ ၇၀ နီးပါး Quarantine ထား႐ွိ

***************

၁။ ေကာ့ကရိတ္လမ္းေဟာင္း တပ္မေတာ္သားပစ္သတ္ခံရမႈကိစၥ စြပ္စြဲေျပာဆိုမႈ အေျခအျမစ္မရွိေၾကာင္း KNU တုံ႔ျပန္
October 1, 2020 787

ျမဝတီ-ေကာ့ကရိတ္လမ္းေဟာင္းတြင္ ျဖစ္ပြားခဲ့သည့္ တပ္မေတာ္သားမ်ား၏ ပစ္သတ္ခံရမႈျဖစ္စဥ္တြင္ KNU -ကရင္ အမ်ဳိးသားအစည္းအ႐ုံး တပ္ဖြဲ႔ဝင္မ်ား၏ ပါဝင္ပတ္သက္မႈမ်ားရွိေၾကာင္း တပ္မေတာ္ဘက္မွ ေျပာဆိုမႈ အေပၚအေျခအျမစ္ မရွိသည့္ စြပ္စြဲခ်က္သာျဖစ္ေၾကာင္း KNU-ကရင္အမ်ဳိးသား အစည္းအ႐ုံးက ျပန္လည္တု႔ံျပန္ ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ ၃၀ ရက္ေန႔က ျမဝတီ-ေကာ့ကရိတ္ လမ္းေဟာင္းတြင္ ျဖစ္ပြားခဲ့သည့္ တပ္မေတာ္သား ၂ ဦး ပစ္သတ္ ခံရမႈႏွင့္ မိုင္းေထာင္မႈျဖစ္စဥ္တြင္ ပါဝင္သူမ်ားကို ဖမ္းဆီးရမိထားၿပီး စစ္ေဆးခ်က္အရ KNU တပ္ဖြဲ႔ဝင္မ်ားျဖစ္သည္ဟု တပ္မေတာ္ဘက္မွ ေျပာဆိုခဲ့ျခင္းအေပၚ KNU အေထြေထြအတြင္းေရးမွဴးခ်ဳပ္ ပဒိုေစာတာဒိုမူးက ယခုလို ေျပာဆိုခဲ့သည္။ ၎က “နံပါတ္တစ္က ဒီကိစၥက လုံးဝမဟုတ္ဘူးေပါ့ေနာ္။ သူတို႔(စစ္တပ္) စြပ္စြဲတဲ့ဟာေတြကလည္း က်ေနာ္တို႔ အတြက္ အေျခအျမစ္မရွိဘူး။ ဘာျဖစ္လဲဆိုေတာ့ တကယ္လို႔ KNU လူဆိုရင္ သူတို႔မွာ ကိုယ္ပိုင္နံပါတ္ေတြ အကုန္လုံးရွိတယ္ေလ။ ထုတ္ေျပာသည္ျဖစ္ေစ၊ မေျပာသည္ျဖစ္ေစ က်ေနာ္တို႔ မသိဘူးဒါကေတာ့ တပ္မေတာ္ဘက္ကထြက္လာတဲ့ သူေျပာတဲ့ပုံစံ အရေတာ့ ဟိုကထုတ္ေျပာလို႔ေပါ့ေနာ္။ ဒီလိုမ်ဳိးလူတစ္ေယာက္ေယာက္က သူ႔ပါသူေျပာတဲ့ကိစၥကို အေထာက္အထား မရွိဘဲ နဲ႔ က်ေနာ္တို႔ကို အဲ့လို စြပ္စြဲတဲ့ကိစၥမ်ဳိးက မျဖစ္သင့္ဘူး”ဟု ေကအိုင္စီသို႔ ေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူ ႏွစ္ဦးကို နယ္ျခားေစာင့္တပ္(BGF)ႏွင့္ တပ္မေတာ္တို႔မွ မသကၤာသည့္ ေနရာအခ်ဳိ႕ကို လုံၿခံဳေရးေဆာင္ရြက္ေနစဥ္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၇ရက္ေန႔က ဖမ္းဆီးရမိၿပီး ကနဦး စစ္ေဆးခ်က္မ်ားအရ KNU ၏ တပ္ဖြဲ႔ဝင္မ်ားျဖစ္သည္ဟု တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဧရာဝတီ သတင္းဌာနသို႔ ယမန္ေန႔ (စက္တင္ဘာ ၃၀) က ေျပာ ဆိုခဲ့ျခင္းျဖစ္သည္။ အဆိုပါ က်ဴးလြန္သူမ်ားမွာ ၃ ဦးျဖစ္ၿပီး ၂ ဦးကို ဖမ္းမိထားက က်န္တစ္ဦးမွာ ထြက္ေျပးလြတ္ေျမာက္ေနဆဲ ျဖစ္ ေၾကာင္း ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ KNU တပ္ဖြဲ႔ဝင္မ်ားျဖစ္ၿပီး အၿမဲတမ္းတပ္ဖြဲ႔ဝင္မ်ား မဟုတ္သလို ၎တို႔ကို မည္သူကခိုင္းေစေၾကာင္း ထုတ္ေဖာ္ေျပာဆို ႏိုင္ျခင္းမရွိေသးေၾကာင္းႏွင့္ KNU ၏ ေအာက္ေျခအဆင့္မွ ခိုင္းေစျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္ သြင္း ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ ယုံၾကည္မႈ တည္ေဆာက္ေနစဥ္ ကာလအတြင္း ထိုသို႔ အခ်က္အလက္ ခိုင္လုံ မႈမရွိဘဲ အျပန္အလွန္ စြပ္စြဲေျပာဆိုမႈမ်ားေၾကာင့္ လက္ရွိေဖာ္ေဆာင္သြားေနသည့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားအေပၚ ထိခိုက္မႈရွိလာႏိုင္ ေၾကာင္း ႏွင့္ ၎ေျပာဆိုမႈအေပၚ ကန္႔ကြက္သြားမည္ျဖစ္ေၾကာင္း KNU ဘက္က ဆိုသည္။ http://kicnews.org/2020/10 /%e1%80%b1%e1%80%80%e1% 80%ac %e1%80%b7%e1%80%80%e1%

**************

၂။ လူႏွစ္ဦးကို သတ္ျဖတ္မႈ က်ဴးလြန္ခဲ့သူ လူတစ္စုကို ေကာ္သူးေလတရားေရးအရ အေရးယူႏိုင္ရန္ စီစဥ္
September 29, 2020

ကရင္ျပည္နယ္၊ ဖားအံခ႐ိုင္ ၊ ပိုင္က်ဳံ(လႈိင္းဘြဲ)ၿမိဳ႕နယ္၊ ေသ့ေမာ္ကလူ႔ အုပ္စုတြင္ စက္တင္ဘာလ အေစာပိုင္း က ျဖစ္ပြား ခဲ့ေသာ လူႏွစ္ဦးအား သတ္ျဖတ္ခဲ့သည့္ လူတစ္စုကို ေကအဲန္ယူ-ကရင္အမ်ဳိးသားအစည္းအ႐ုံး၏ ေကာ္သူးေလ တရား ေရးအရ အေရးယူႏိုင္ရန္ စီစဥ္ေနေၾကာင္း KNU ဘက္က ေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁ ရက္ေန႔က ႏြားအငွားလာေရာက္ပို႔ေဆာင္ၾကသည့္ မယ္ပလာခီး ႐ြာသားႏွစ္ဦးအား ေဒသအ ေခၚ လယ့္ကေဆာေနရာအေရာက္တြင္ အဆိုပါ လူအုပ္စုက ဖမ္းဆီးခ်ဳပ္ေႏွာင္ၿပီး မေသမခ်င္း သတ္ျဖတ္ ခဲ့ျခင္းေၾကာင့္ က်ဴးလြန္သူအပါအဝင္ ၫႊန္ၾကားသူကိုပါ KNUမွ ဖမ္းဆီးခဲ့ၿပီး အေရးယူႏိုင္ရန္ ေဆာင္ ရြက္လ်က္ရွိသည္ဟု KNU အတြင္း ေရးမွဴး (၂) ပဒိုေစာလွထြန္းက ေျပာသည္။ “ ဒီကိစၥက ရာဇဝတ္မႈ ျဖစ္တဲ့အတြက္ သက္ဆိုင္ရာအမႈကိစၥေတြ အမွန္ျဖစ္ ေပၚေရးအတြက္ကေတာ့ KNPF (ကရင္အမ်ဳိးသားရဲတပ္ဖြဲ႔)ကို တာဝန္ေပးထားတာေပါ့။ ဖာအံခ႐ိုင္၊ တပ္မဟာ (၇) ဘက္က ျဖစ္တဲ့ အ တြက္ ခ႐ိုင္အုပ္ခ်ဳပ္ေရး ဘက္ကေကာ တပ္မဟာဘက္ကေကာ ဝိုင္းၿပီးေတာ့ တာဝန္ယူလုပ္ေဆာင္ေပးတာေပါ့။”ဟု ေကအိုင္စီသို႔ ေျပာသည္။ ကရင္လက္နက္ကိုင္အား လုံးပါဝင္သည့္ ခုံ႐ုံးဖြဲ႔စစ္ေဆးၿပီး ေကာ္သူးေလ တရားဥပေဒ အတိုင္း စီရင္မႈမ်ားျပဳလုပ္ရန္ သေဘာထားရွိခဲ့ေသာ္လည္း ယေန႔အခ်ိန္ထိ လုပ္ငန္းစဥ္၏ ေနာက္ဆုံးအေျခအေန တင္ျပမႈမွာ ဗဟိုသို႔ မေရာက္ရွိေသးေၾကာင္း ပဒိုေစာလွထြန္းက ဆက္ေျပာသည္။

အဆိုပါ လူသတ္မႈကို အဓိက က်ဴးလြန္သူမွာ သုံးဦးျဖစ္ၿပီး ပါဝင္ပတ္သက္သူမ်ားႏွင့္ အဓိက ၫြန္ၾကားသူ မွာ ေဒသ၏ ဖုိးရေသ့ေခၚ ဘာသာေရး ေခါင္းေဆာင္တစ္ဦး ခံယူထားသူျဖစ္ၿပီး အားလုံးစုစုေပါင္း (၁၆)ဦး ခန္႔ရွိ ေၾကာင္းႏွင့္ ၎တို႔ကို ခ႐ိုင္အဆင့္ ကရင္အမ်ဳးိသားရဲတပ္ဖြဲ႔-KNPF မွ စစ္ေဆးမႈအရ ျပစ္မႈက်ဴးလြန္မႈကို ဝန္ခံထားေၾကာင္း KNU တပ္မဟာ(၇) တာဝန္ရွိသူမ်ားထံမွ သိရသည္။ ၿပီးခဲ့သည့္ စက္တင္ဘာလ (၉)ရက္ေန႔က ေဖ့စ္ဘြတ္လူမႈကြန္ရက္ စာမ်က္ႏွာေပၚတြင္ ထြက္ေပၚလာသည့္ ႐ုပ္သံ မွတ္တမ္းတစ္ခုအရ လက္ထိတ္ျဖင့္ လက္ေနာက္ျပန္ခတ္ကာ ေမွာက္လ်က္သား အရပ္ဝတ္လူ ၂ ဦး အား လူအုပ္စုတစ္စုက ႐ိုက္ႏွက္၊ ကန္ေက်ာက္ၿပီး ဦးေခါင္း၊ လည္ပင္းႏွင့္ နံၾကားေနရာမ်ားကို ဓားေျမာင္ျဖင့္ အခါခါ ထိုးသြင္းမႈမ်ား လုပ္ေဆာင္ၾကသည္ကို ေတြ႕ျမင္ရသည္။ http://kicnews.org/category/article/

***************

၃။ မြန္ညီၫြတ္ေရးပါတီ၏ မြန္တိုင္းရင္းသားလူမ်ိဳးစုကိုယ္စားလွယ္ေလာင္း မြန္ျပည္သစ္နယ္ေျမတြင္ မဲဆြယ္မရျဖစ္ေန
September 30, 2020

လက္ရွိ ကိုဗစ္ေရာဂါပိုးကူးစက္မႈအရွိန္ ျမင့္မားေနသည့္ကာလ၌ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ မြန္ျပည္သစ္ပါတီ ေမာ္လၿမိဳင္ ခ႐ိုင္နယ္ေျမအတြင္း လူစိမ္းမ်ားဝင္ေရာက္ခြင့္မျပဳသျဖင့္ မြန္ညီၫြတ္ေရးပါတီ MUP ကရင္ျပည္နယ္လႊတ္ေတာ္ မြန္ တိုင္းရင္းသားလူမ်ိဳးစုကိုယ္စားလွယ္ေလာင္း ကိုယ္တိုင္လာေရာက္ မဲဆြယ္မရျဖစ္ေနေၾကာင္း မြန္သတင္း ေအဂ်င္စီသို႔ ေျပာ သည္။

“ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မြန္ျပည္သစ္ပါတီနယ္ေျမမွာ အျပင္လူစိမ္းေတြ လာခြင့္မရွိဘူး ကန႔္သတ္ထားတယ္၊ အဲဒီေနရာ ေတြကို မဲဆြယ္စည္း႐ုံးဖို႔ က်ေနာ္လည္း သြားျဖစ္ေတာ့မွာ မဟုတ္ပါဘူး၊ က်ေနာ့္ကို ႁခြင္းခ်က္အေနနဲ႔ ခြင့္ျပဳေပးသည့္တိုင္ ေအာင္ မသြားဖို႔ဆုံးျဖတ္ထားတယ္ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္အတြက္ေၾကာင့္ ေဒသခံေတြၿငိဳျငင္မႈမရွိေစရေအာင္ ကိုယ္ကေရာဂါပိုးမရွိေပမယ့္ သံသယအျဖစ္မခံခ်င္လို႔ပါ”ဟု MUP ကရင္ျပည္နယ္လႊတ္ေတာ္ မြန္တိုင္းရင္းသားလူမ်ိဳးစု ကိုယ္စားလွယ္ေလာင္း ႏိုင္ထြန္းလြင္က မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိတြင္ ကရင္ျပည္နယ္အတြင္း ေထာက္ခံခ်က္အမ်ိဳးမ်ိဳးျဖင့္ တစ္ေနရာမွတစ္ေနရာ ခရီးသြားလာေနရသည့္အတြက္ မြန္တိုင္းရင္းသားလူမ်ိဳးစု ကိုယ္စားလွယ္ ေလာင္း တစ္ဦးအေနျဖင့္ ျပည္နယ္တစ္ခုလုံးရွိ မြန္ေက်း႐ြာမ်ားသို႔ ကိုယ္တိုင္သြား ေရာက္ မဲဆြယ္ႏိုင္မည့္ အေနအထား မရွိႏိုင္သည္ကို မြန္တိုင္းရင္းသားမ်ား နားလည္ခြင့္လႊတ္ေစလိုေၾကာင္း ႏိုင္ထြန္းလြင္ က ဆက္ေျပာသည္။

“ၾကားအင္းဆိပ္ႀကီးၿမိဳ႕နယ္က က်ေနာ္တို႔မြန္ျပည္သစ္နယ္ေျမမွာဆိုရင္ ႏိုင္ငံေရးပါတီတိုင္းကို က်ေနာ္တို႔ သတ္မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း မဲဆြယ္စည္း႐ုံးခြင့္ျပဳထားပါတယ္ ဥပမာ ႏိုင္ငံေရးပါတီကိုယ္စားလွယ္ေတြဆိုရင္ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္အဆင့္ ဒီေဒသခံပါတီအဖြဲ႕ဝင္ေတြကိုပဲ လူထုနဲ႔ေတြ႕ဆုံစည္း႐ုံးဖို႔ ခြင့္ျပဳေပးထားပါတယ္ အျပင္လူေတြ လာေရာက္ စည္း႐ုံးခြင့္မျပဳပါဘူး”ဟု မြန္ျပည္သစ္ပါတီ Covid-19 ကာကြယ္တားဆီးေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ(ဗဟို) ဥကၠဌ ႏိုင္ဗညားလယ္က ေျပာသည္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကခ်င္၊ ကယား ႏွင့္ ကရင္ျပည္နယ္ ေအာင္ႏိုင္ေရးေကာ္မတီ ဥကၠ႒တို႔၏ စက္တင္ဘာ ၂၉ ရက္ေန႔ အြန္းလိုင္းစကားဝိုင္း၌ မြန္ျပည္သစ္ ပါတီနယ္ေျမတြင္ မြန္ႏွင့္ပတ္သက္သည့္ ပါတီမ်ားကိုသာ ဝင္ေရာက္ခြင့္ျပဳေၾကာင္း NLD ပါတီ ကရင္ျပည္နယ္ ေအာင္ႏိုင္ ေရးေကာ္မတီ ဥကၠ႒ ဦးသန္းႏိုင္က စြပ္စြဲေျပာဆိုခဲ့သည္။ http://burmese. monnews.org/2020/09/30/%e1%80% 99%e1%80%bd%e1%80%94%e1%80%ba%e1%

***************

၄။ KIO ထိန္းခ်ဳပ္နယ္ေျမ အဝင္အထြက္အားလုံး ပိတ္
1 October 2020

ျမန္မာျပည္တြင္ Covid-19 ကပ္ေရာဂါ ကူးစက္ခံရသူ ပိုမိုမ်ားျပားလာသည့္အတြက္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO ထိန္းခ်ဴပ္ရာေဒသသို႔ ဝင္ထြက္သြားလာမႈမ်ားအားလုံးကို ေအာက္တိုဘာ ၁ ရက္ေန႔မွစတင္ၿပီး ပိတ္လိုက္ၿပီျဖစ္ေၾကာင္း KIO Covid-19 ကာကြယ္တားဆီးေရးေကာ္မတီမွ ထုတ္ျပန္ထားသည္။

အစိုးရထိန္းခ်ဳပ္နယ္ေျမမွ ပိုးေတြ႕အတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့ေသာသူမ်ားသည္ KIO ထိန္းခ်ဴပ္ရာေဒသအတြင္းသို႔ ေရာက္လာေသာေၾကာင့္ ယခုလိုအဝင္အထြက္ပိတ္လိုက္ျခင္းျဖစ္သည္ဟု KIO Covid-19 ကာကြယ္တားဆီးေရး ေကာ္မတီ အတြင္းေရးမွဴး ဗိုလ္မွဴးႀကီး ဟိန္းေဝါမ္ က ယခုလိုေျပာသည္။ “ျမန္မာႏိုင္ငံအတြင္း ကူဗစ္ကူးစက္လူနာမ်ားျပားလာသည္ ႏွင့္အညီ ကိုဗစ္ကူးစက္ခံရတဲ့ လူနာမ်ားႏွင့္ထိေတြ႕ခဲ့တဲ့ ၿမိဳ႕ႀကီးေတြကေန KIO ထိန္းခ်ဳပ္ရာေဒသကို တစ္ေယာက္ ႏွစ္ ေယာက္ ဝင္လာတဲ့အတြက္ အခ်ိန္အတိုင္းအတာ တစ္ခုထိ ေရာဂါကူးစက္မႈေလ်ာ့က်တဲ့အထိ ပိတ္ပင္ဖို႔ ဆိုတဲ့ရည္႐ြယ္ခ်က္ လုပ္ေဆာင္ရျခင္းျဖစ္တယ္” ဟု ဗိုလ္မွဴးႀကီး ဟိန္းေဝါမ္ က ေျပာသည္။

အဆိုပါ ထုတ္ျပန္ခ်က္တြင္ မိုင္ဆတ္ပါ (Maisak Pa) ဂိတ္မွတဆင့္ KIO နယ္ေျမသို႔ ဝင္ေရာက္လာေသာ မည္သူတစ္ဦး တစ္ေယာက္ကိုမွ် ဝင္ေရာက္ခြင့္မျပဳေၾကာင္း၊ ကုန္ပစၥည္းသယ္ေဆာင္သည့္ မည္သည့္ယာဥ္ကိုမွ် ဝင္ခြင့္မျပဳေၾကာင္းႏွင့္ စားေသာက္ဆိုင္မ်ားတြင္ စုေပါင္းစားေသာက္ျခင္းမျပဳပဲ ပါဆယ္ထုတ္ စနစ္ျဖင့္သာေရာင္းခ်ရန္ ဟူသည့္ အခ်က္ (၃) ခ်က္ ပါရွိသည္။ ထုတ္ျပန္ခ်က္သည္ KIO ထိန္းခ်ဴပ္ရာေဒသ မိုင္ဆတ္ပါ ဝင္ေပါက္ သာမက မိုင္ဂ်ာယာန္ ႏွင့္ အျခားKIO ထိန္းခ်ဳပ္နယ္ေျမရွိ ဂိတ္မ်ား အားလုံးအက်ဴံးဝင္ ေၾကာင္း၎ကဆက္ေျပာသည္။ KIO ထိန္းခ်ဴပ္ရာေဒသရွိ လူဦးေရ အေယာက္ ၁၀၀ ေက်ာ္ကို တ႐ုတ္ႏိုင္ငံအကူအညီျဖင့္စစ္ေဆးခဲ့ၿပီး လက္ရွိအခ်ိန္တြင္လည္း ကြာရန္တင္းေနရာ ၄ ခုတြင္ လူဦးေရ ၂၀၀ ခန႔္ရွိေနေၾကာင္း သိရသည္။ https://burm ese.kachinnews.com/2020/10/01/kio-%e1%80%91%e 1%80%ad%e1%80%94%e1%80%ba%e1% 80%b8%e1%80%81% e1%80 %bb%

****************

၅။ ေက်ာက္မဲၿမိဳ႕နယ္အတြင္း RCSS/SSA လႈပ္ရွားရာေတာပိုင္းသို႔ အစိုးရတပ္ပစ္ခတ္
September 30, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္အတြင္း RCSS/SSA လႈပ္ရွားေနထိုင္ရာေတာပိုင္းက္သို႔ အစိုးရတပ္မေတာ္မွ စစ္ေၾကာင္း ၂ ေၾကာင္းထိုးကာ လက္နက္ႀကီးလက္နက္ငယ္မ်ားျဖင့္ အင္အားျဖင့္ ပစ္ခတ္ ခဲ့ေၾကာင္းသိရသည္။

စက္တင္ဘာလလ ၃၀ ရက္ေန႔ နံနက္ပိုင္းက အစိုးရတပ္မေတာ္စစ္ေၾကာင္းတစ္ေၾကာင္းကေက်ာက္မဲၿမိဳ႕ ကြၽဲကုန္းမွ ေနာင္ပိန္အြန္၊ ထိုမွတဆင့္ နားပိန္း-နားပုံသို႔လည္းေကာင္း၊ က်န္စစ္ေၾကာင္းတစ္ေၾကာင္းကလည္း ေကာင္းဟုန္းမွ နားပုံ-နားပိန္းဘက္သို႔လည္းေကာင္း တက္လာၾကၿပီး RCSS/SSA လႈပ္ရွားရာ ေက်ာက္မဲၿမိဳ႕ အေရွ႕ေျမာက္ဘက္ ၅ မိုင္ ၆ မိုင္အကြာရွိ ေတာပိုင္းသို႔လက္နက္ႀကီးငယ္ပစ္ခတ္ခဲ့ၾကေၾကာင္း ေနာင္ပိန္-ဂုတ္တြင္း ေဒသခံမ်ားကေျပာသည္။ ေနာင္ပိန္ ေဒသခံတဉီးက – “ဒီေန႔မနက္ ၇ နာရီေလာက္က အစိုးရစစ္ေၾကာင္းတစ္ေၾကာင္းကြၽဲကုန္းဘက္ကတက္လာတယ္။ ေနာက္ တေၾကာင္းက ေကာင္းဟုန္းဘက္ကတက္လာတယ္။ နားပုံ႐ြာကထြက္တာနဲ႔ လက္နက္ႀကီးငယ္နဲ႔ အရပ္မ်က္ႏွာအဘက္ ဘက္ကို ပစ္ခတ္တယ္။ RCSS/SSA ဘက္ကေတာ့ ျပန္ပစ္ခတ္တာမၾကားမိဘူး”- ဟုသွ်မ္းသံေတာ္ဆင့္အားေျပာသည္။

၄င္းႏွင့္ပတ္သက္ၿပီး RCSS/SSA ၏စစ္ေျမျပင္အတြင္း အရာရွိတဉီးက“သူတို႔ဘက္ကတဘက္တည္းပစ္ခတ္ေနတာ။ သစ္ပင္ ၿခဳံပုတ္ေတြထဲပစ္ခတ္တာ။ က်ေနာ္တို႔တပ္စခန္းကို တိုက္႐ိုက္မပစ္ခတ္လာလို႔ က်ေနာ္တို႔လည္းျပန္မပစ္ခတ္ခဲ့ပါဘူး”ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။ နားပုံ နားပိန္း႐ြာသားတဉီးကလည္း -” က်ေနာ္တို႔ေဒသမွာRCSS/SSA လႈပ္ရွား လာတာ ဟိုးအရင္ကတည္းကဘဲ။ ခုခ်ိန္ထိေတာ့ ထြက္ေျပးရမလားမထြက္ေျပးရမလား မသိေသးဘူး။ ေစာင့္ၾကည့္ေနေသးတယ္ အေျခအေန “- ဟု သွ်မ္းသံေတာ္ဆင့္အားေျပာျပသည္။ https://burmese.shannews.org/archives/18720

****************

၆။ ခ်င္းျပည္နယ္ ဒုတိယအႀကိမ္မဲစာရင္း ပထမအႀကိမ္ မဲစာရင္းထက္ ၁ေသာင္းေက်ာ္ေလ်ာ့နည္း
October 1, 2020

၂၀၂၀ ပါတီစုံေ႐ြးေကာက္ပြဲအတြက္ ခ်င္းျပည္နယ္အတြင္းမဲစာရင္းကို ခ်င္းျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေအာက္တိုဘာလ ၁ ရက္ေန႔မွစၿပီး ဒုတိယအႀကိမ္ ျပန္လည္ကပ္ထားၿပီး မဲထည့္မည့္ဦးေရ ၃၃၁၆၉၈ ဦး ရွိၿပီး ပထမအႀကိမ္ မဲစာရင္းထက္ ၁ ေသာင္းေက်ာ္ ေလ်ာ့နည္းသြားေၾကာင္း ခ်င္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးလင္းေက်ာ္ထံ မွ သိရသည္။

“ကြၽန္ေတာ္တို႔ စီစစ္ၿပီးေတာ့ ပုံစံ(၃)နဲ႔ေလွ်ာက္တဲ့သူျပန္ျဖည့္ရတဲ့ဟာရွိတယ္၊ပုံစံ(၄)နဲ႔ ကန႔္ကြက္တဲ့သူ ျပန္ျဖဳတ္ရတဲ့ သူရွိ တယ္၊ ၿပီးေတာ့ တစ္အိမ္တက္ဆင္း ျပန္လုပ္က်ေသးတယ္၊ ရပ္ကြက္ေကာ္မရွင္နဲ႔ ၿမိဳ႕နယ္ေကာ္မရွင္နဲ႔ အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ ေပါင္းၿပီးေတာ့ေပါ့၊ လုပ္တဲ့အခါမွာ မေတြ႕ေတာ့တဲ့လူေတြပါရွိတယ္၊ ျပန္ျဖဳတ္ရတဲ့ဟာေတြရွိတယ္၊ တစ္ခ်ိဳ႕ကေတာ့ ႐ူးသြပ္ တဲ့ လူေတြပါေနေတာ့ ကန႔္ကြက္တဲ့သူေတြလည္း မရွိပဲနဲ႔လည္း၊ အဲဒီလူေတြကိုကြၽန္ေတာ္တို႔ ျပန္ျဖဳတ္ရတယ္ေပါ့၊ door to door လုပ္ၿပီးေတာ့ စီစစ္တဲ့အခါမွာ မေလွ်ာက္ပဲနဲ႔ က်န္ေနေသးတဲ့ လူေတြကိုလည္းျပန္ထည့္တယ္၊ ပထမအႀကိမ္ မဲကပ္တဲ့ အခါမွာ ပုံစံ(၄)နဲ႔ ျပန္ျဖဳတ္တဲ့ဟာေတြလည္းရွိတယ္၊ ၿပီးေတာ့ေျမျပင္မွာျဖဳတ္သင့္တဲ့လူေတြကို ဥပေဒအရ ျပန္ၿပီးပယ္ဖ်က္ လိုက္တဲ့ဟာေတြရွိတယ္၊ အဲဒီႏွစ္ခုျခားနားလိုက္တဲ့အခါမွာ ေလ်ာ့သြားတယ္ေပါ့” ဟု ခ်င္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးလင္းေက်ာ္ထံမွ သိရသည္။

ပထမအႀကိမ္မဲစာရင္းကပ္ထားခ်ိန္တြင္ မဲစာရင္းတြင္ က်ား ၁၅၉၆၂၅ ဉီး မ ၁၇၂၀၇၃ ဦး စုစုေပါင္း ၃၄၂၁၃၇ ဦး ရွိၿပီး ၊ ယခု ဒုတိယအႀကိမ္ ကပ္ထားခ်ိန္တြင္ ၃၃၁၆၉၈ ဦး ရွိၿပီး မဲစာရင္းတြင္ပါရွိသူဦးေရ ၁ ေသာင္းေက်ာ္ ေလ်ာ့နည္းသြားေၾကာင္း သိရသည္။ ခ်င္းျပည္နယ္ တစ္ျပည္နယ္လုံးတြင္ မဲစာရင္းဒုတိယအႀကိမ္ျပန္လည္ ကပ္ထားေၾကညာၿပီး ယေန႔ ေအာက္တိုဘာလ (၁)ရက္ေန႔မွ (၁၄)ရက္ေန႔ထိ ကပ္ထားေၾကညာသြားမည္ျဖစ္ၿပီး နာမည္စာရင္းမပါပါက ပုံစံ(၃) ျဖင့္ ျပန္လည္ေလွ်ာက္ထားလို႔ ရေၾကာင္းလည္းသိရသည္။ https://www.chinworld.org/2020/10/01/%e1%80%81%e1 %80%bb%e1%80 %84%e 1%80%ba%e1%80

***************

၇။ ကယားဝန္ႀကီးခ်ဳပ္ေဟာင္းကို စြပ္စြဲျပစ္တင္မႈ အေျခခံဥပေဒဆိုင္ရာခုံ႐ုံး ၾကားနာမည္
1 October 2020

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းအယ္လ္ေဖာင္းရႈိကို ျပည္နယ္လႊတ္ေတာ္က စြပ္စြဲျပစ္တင္ခဲ့မႈနဲ႔ ပတ္သက္ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒနဲ႔ ညီမညီ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးက လာမယ့္ ေအာက္တိုဘာ ၆ ရက္မွာ e-Court စနစ္နဲ႔ ၾကားနာသြားဖို႔ရွိေနပါတယ္။ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေပၚ စြပ္စြဲျပစ္တင္ျခင္းနဲ႔ပတ္သက္ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပ‌ေဒ ပုဒ္မ ၂၆၃ ပုဒ္မခြဲ(ခ) နဲ႔ (ဂ) တို႔ကို အနက္အဓိပၸါယ္ဖြင့္ေပးဖို႔ တင္သြင္းထားတဲ့အေပၚ ၾကားနာမွာ ျဖစ္ပါတယ္။ အမႈၾကားနာမွာနဲ႔ ပတ္သက္ၿပီး လာမယ့္ ေအာက္တိုဘာ ၆ ရက္ မနက္ ၁၀ နာရီမွာ ယူက်ဳကေန တိုက္႐ိုက္ ထုတ္လႊင့္မယ္လို႔ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးက ေၾကညာပါတယ္။

ၾကားနာမယ့္အထဲမွာ အခ်က္ ၃ ခ်က္ပါရွိပါတယ္။ အဲဒီအခ်က္ေတြကေတာ့ ဦးအယ္လ္ေဖာင္းရႈိကို ႏိုင္ငံေတာ္သမၼတက စက္တင္ဘာ ၃ ရက္ေန႔ရက္စြဲပါ အမိန႔္အမွတ္ ၂၄/၂၀၂၀ နဲ႔ ဝန္ႀကီးခ်ဳပ္တာဝန္မွ ရပ္စဲၿပီးျဖစ္တဲ့အတြက္ သူဟာ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးသို႔တင္သြင္းလႊာတင္သြင္းခြင့္ ရွိသူဟုတ္မဟုတ္ ၾကားနာမွာျဖစ္ပါတယ္။ ဒါ့အျပင္ စြပ္စြဲ ျပစ္တင္သူ ၅ ဦး ထဲက ဦးသိန္းေအာင္ (ခ) ဦးစဲရယ္ ႏုတ္ထြက္သြားတဲ့အတြက္ လြတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္း ဦးေရ အနည္းဆုံး ေလးပုံတပုံ ျပည့္ျခင္းမရွိေတာ့တဲ့ အေျခအေနမွာ စြပ္စြဲခ်က္ကို ဆက္လက္စုံစမ္းစစ္ေဆးျခင္းနဲ႔ပတ္သက္ၿပီး ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ ၂၆၃ (ခ)ကို အနက္အဓိပၸါယ္ဖြင့္ဆိုဖို႔ လိုအပ္ျခင္း ရွိ/မရွိ ကို ၾကားနာမွာျဖစ္ပါတယ္။

ဦးအယ္ေဖာင္းရႈိအေပၚ စြပ္စြဲ ျပစ္တင္ခ်က္ကို စုံစမ္းစစ္ေဆးႏိုင္ဖို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းရာမွာ စြပ္စြဲျပစ္တင္ရာမွာ ပါဝင္တဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ ၃ ဦးကို ထည့္သြင္းဖြဲ႕စည္းထားတာဟာလည္း ပုဒ္မ ၂၆၃ (ဂ) အနက္အဓိပၸါယ္ဖြင့္ဆိုဖို႔ လိုအပ္ျခင္း ရွိမရွိ ၾကားနာသြားမွာျဖစ္ပါတယ္။ အမႈၾကားနာမႈအတြင္း ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ေဟာင္းဘက္က တရား လႊတ္ေတာ္ေရွ႕ေန ေဒၚမင္းမင္းစိုး လိုက္ပါေဆာင္႐ြက္မွာျဖစ္ေပမယ့္ ကယားျပည္နယ္လႊတ္ေတာ္ဥကၠ႒ကေတာ့ ၾကားနာမႈ အတြက္ ကိုယ္တိုင္ပါဝင္ဖို႔ စာရင္းေပးထားပါတယ္။ လႊတ္ေတာ္ရဲ႕ ဆုံးျဖတ္ခ်က္ကို သမၼတထံေပးပို႔ၿပီး သမၼတကလည္း ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိကို တာဝန္ကေန ရပ္စဲခဲ့ပါတယ္။ http://burmese.dvb.no/archives/413897

*****************

၈။ မဲဆြယ္္မိန႔္ခြန္း ဆင္ဆာ ျဖတ္သည့္ကိစၥ ထားဝယ္တိုင္းရင္းသားမ်ားပါတီ ေၾကညာခ်က္ ထုတ္ျပန္
September 29, 2020

ႏိုင္ငံပိုင္ မီဒီယာမ်ားျဖစ္သည့္ ေရဒီယို၊ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား (MRTV)တို႔က ထုတ္လႊင့္ေပးမည့္ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံး ေဟာေျပာခ်က္ မိန႔္ခြန္းစာသား ေလးပုံတစ္ပုံကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ – UEC က ျဖတ္ေတာက္လိုက္ျခင္းႏွင့္ပတ္သက္၍ ထားဝယ္တိုင္းရင္းသားမ်ားပါတီ (ဗဟို)က ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့သည္။

“ထားဝယ္တိုင္းရင္းသားမ်ားပါတီရဲ႕ ေဟာေျပာခ်က္ေတြထဲမွာ အေရးႀကီးတဲ့ အခ်က္ေတြကို ဆင္ဆာျဖတ္ေတာက္ခံရပါ တယ္။ မိန႔္ခြန္းပါ အပိုဒ္ ၃၂ ပိုဒ္အနက္ အေရးႀကီးတဲ့ ရွစ္ပိုဒ္ကို ဆင္ဆာျဖတ္ေတာက္ခံရပါတယ္။ မိန႔္ခြန္းအားလုံးရဲ႕ ေလးပုံ တစ္ပုံကို ျဖတ္ေတာက္လိုက္တဲ့ သေဘာ ျဖစ္ေနပါတယ္”ဟု ယင္း ပါတီ ဥကၠ႒ ဦးေအးမင္းက ေျပာသည္။ ယင္းသို႔ ျဖတ္ ေတာက္ျခင္းမွာ ေဒသခံမဲဆႏၵရွင္ျပည္သူမ်ား အမွန္တကယ္ ႀကဳံေတြ႕ခံစားေနရေသာ အေရးကိစၥမ်ားကို ထုတ္ေဖာ္ေျပာဆို ခြင့္အား ပိတ္ပင္ရာေရာက္ေၾကာင္း ပါတီက သုံးသပ္ေျပာဆိုသည္။ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းႏွင့္ ညီၫြတ္ေသာ လုပ္ရပ္မဟုတ္ ေၾကာင္းလည္း အဆိုပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။ ထို႔ျပင္ ပါတီ၏ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ မဲဆႏၵရွင္ ျပည္သူမ်ားႏွင့္ အမ်ားျပည္သူတို႔ လြတ္လပ္စြာ အစီရင္ခံပိုင္ခြင့္ကို ပိတ္ပင္ရာေရာက္ေၾကာင္း ပါတီဘက္က ယူဆသည္။

ျဖတ္ေတာက္ခံရသည့္ အခ်က္မ်ားမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲအႀကိဳ မဲဆြယ္ကာလက ခြင့္ျပဳခ်က္ရခဲ့ဖူးသည့္ အခ်က္မ်ား ျဖစ္ေၾကာင္း၊ ပါတီအေနျဖင့္ အဓိက ဦးစားေပး လုပ္ေဆာင္မည့္ အခ်က္မ်ားလည္း ျဖစ္ေနေၾကာင္း ပါတီ ဥကၠ႒ ဦးေအးမင္း က ဟသၤာမီဒီယာကို ေျပာသည္။“ဒီ အဓိကအခ်က္ေတြကိုပဲ သူ(ေ႐ြး/ေကာ္) က ျဖတ္လိုက္တဲ့အခါက်ေတာ့ ၂၀၁၅ တုန္း က ခြင့္ျပဳေပးထားခဲ့တာကို ဘာေၾကာင့္ခုမွ ဆင္ဆာလုပ္တာလဲ၊ ဆိုေတာ့ အံ့လည္း အံ့ဩတယ္။ တရားမွ်တၿပီး လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲကို က်င္းပေပးမယ္လို႔ ေကာ္မရွင္က ေျပာေနတယ္။ ေမးခြန္းေတြ ထုတ္စရာ အမ်ားႀကီး ရွိတာေပါ့ေနာ္”ဟု ပါတီ ဥကၠ႒က ဆိုသည္။ https://www.bnionline.net/mm/news-75822

***************

၉။ မူးယစ္ေဆးဝါးအႏၲရယ္ကာကြယ္တားဆီးေရး လႊတ္ေတာ္အသီးသီးသို႔တင္ျပသြားရန္ မြန္ညီၫြတ္ေရးပါတီက မူဝါဒခ်မွတ္ထား
September 30, 2020

ျပည္ေထာင္စုအစိုးရႏွင့္ သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္အစိုးရမ်ားအေနျဖင့္ မူးယစ္ေဆးဝါးအႏၲရယ္ ကာကြယ္တား ဆီးမႈျမႇင့္တင္ေစေရး အေလးေပးေဆာင္႐ြက္လာေစရန္ မြန္ညီၫြတ္ေရးပါတီ MUP ကိုယ္စားလွယ္ေလာင္းမ်ား လႊတ္ေတာ္ အသီးသီးသို႔ ေရာက္ရွိပါက တင္ျပေတာင္းဆိုသြားရန္ မူဝါဒခ်မွတ္ထားေၾကာင္း မြန္ညီၫြတ္ေရးပါတီမွ သိရသည္။

မြန္ျပည္နယ္တလႊား၌ လူငယ္အမ်ားအျပား မူးယစ္ေဆးစြဲသူမ်ားျပားလာသည့္အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္အားလုံး အထူးအာ႐ုံစိုက္၍ တိုက္ဖ်က္သြားရန္ အေရးႀကီးေၾကာင္း မြန္ညီၫြတ္ေရးပါတီ MUP တြဲဖက္အတြင္းေရးမွဴး (၁) ႏိုင္လယိတမက ေျပာသည္။“မူးယစ္ေဆးဝါးစြဲသူေတြကို ဖမ္းဆီးမိခဲ့ရင္ ျပစ္ဒဏ္တစ္ခုလို ခ်မွတ္ေတာ့မွာမဟုတ္ဘဲ စိတ္ပိုင္းနဲ႔ အက်င့္စာရိတၱ စ႐ိုက္ပိုင္း ဆိုင္ရာေတြကို ျပဳျပင္ႏိုင္ဖို႔အတြက္ ျပန္လည္တည္ေထာင္ ေရးစခန္ေတြ ထူေထာင္ႏိုင္ဖို႔ က်ေနာ္တို႔ႀကိဳးစားတိုက္တြန္း သြားမယ္”ဟု ၎က ဆိုသည္။ “မြန္ညီၫြတ္ေရးပါတီ ခ်မွတ္ ထားတဲ့ မူးယစ္ေဆးဝါးဆိုင္ရာ မူဝါဒထဲမွာ အခန္း (၂) ခန္း ပါဝင္တဲ့အတြက္ လူငယ္ တစ္ေယာက္အေနနဲ႔ ဝမ္းသာမိပါတယ္။ ဒီျပႆနာေတြက အေရးႀကီးတဲ့ကိစၥျဖစ္လို႔ က်န္းမာေရးအပိုင္းကိုပဲ ထည့္ထားတယ္လို႔ ျမင္တယ္။ ေနာက္ၿပီးေတာ့ လူငယ္ က႑ကိုလည္း ထည့္ထားတာေတြ႕လို႔ အရမ္းကိုဝမ္းသာမိပါတယ္လို႔္”တိုးတက္ေသာ မြန္လူငယ္မ်ားအစည္းအ႐ုံးမွ တြဲဖက္ အတြင္းေရးမွဴး ႏိုင္ဟံပ႐ိုက္က ဆိုသည္။

အစိုးရ၏ မူးယစ္ေဆးဝါးတားဆီးမည့္မူဝါဒမ်ားတြင္ပါရွိသည့္ ကုသျခင္း၊ ဖမ္းဆီးျခင္း၊ လူ႔အင္အား ေထာက္ပံ့ေပးျခင္း၊ ဘ႑ာေရး၊ ေဆး႐ုံႏွင့္ ျပန္လည္တည္ေထာင္ေရးစခန္း၊ ပစၥည္းကိရိယာမ်ား ပံ့ပိုးေပးျခင္း အစစအရာရာတြင္ အားနည္း ေနေသးသည္ဟု ၎ကဆိုသည္။ ထို႔အတူ မူးယစ္ေဆးစြဲကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးစခန္းအတြက္ ပညာေပးက႑ မ်ားတြင္ တိုးတက္ေသာ မြန္လူငယ္အဖြဲ႕အစည္း (MYPO)၊ မြန္လူငယ္ပညာေပးေရးအဖြဲ႕ (MYEO)၊ မြန္ျပည္လူ႔အခြင့္အေရး ေဖာင္ေဒးရွင္း HURFOM စသည့္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ားႏွင့္ မူးယစ္ေဆးဝါး ပညာေပးလုပ္ငန္း ေဆာင္႐ြက္ေနေသာ မြန္လူမႈအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။ http://burmese.monnews.org/20 20/09/30/%e1%80%99%e1%80%b0%e1%80%9a%e1%80%85%e1%

**************

၁၀။ ျမစ္ဆုံစီမံကိန္းကို လာမည့္အစိုးရလက္ထက္တြင္လည္း ဆက္လက္ကန႔္ကြက္သြားမည္ဟု ေဒသခံမ်ားေျပာ
1 October 2020

ျမစ္ဆုံစီမံကိန္း ထာဝရ ရပ္တန႔္ေစရန္ လာမည့္အစိုးရအဆက္ဆက္တြင္လည္း ဆက္လက္ကန႔္ကြက္သြားမည္ျဖစ္သည္ဟု စီမံကိန္းယာယီရပ္ဆိုင္းျခင္း ၉ႏွစ္ျပည့္ေန႔တြင္ ေဒသခံမ်ားက ေျပာဆိုခဲ့သည္။

လက္ရွိ NLD အစိုးရသည္၂၀၁၅ ေ႐ြးေကာက္ပြဲမဲဆြယ္ရာစဥ္က ျမစ္ဆုံစီမံကိန္းႏွင့္ပတ္သက္ၿပီး ကတိကဝတ္မ်ားေပးခဲ့ ေသာ္လည္း အစိုးရသက္တမ္း ၅ ႏွစ္ကုန္ဆုံးေတာ့မည့္ ကာလအတြင္းအထိ တစ္စုံတရာ ေျပာဆိုမႈမရွိခဲ့သည့္အတြက္ ေနာက္တက္လာမည့္အစိုးရကိုလည္း အယုံအၾကည္မရွိေၾကာင္း ျမစ္ဆုံေဒသခံတစ္ဦး ျဖစ္သည့္ ေဒၚလုရာက ယခုလို ေျပာ ဆိုသည္။“အေမစုကိုယ္တိုင္လည္း တစ္ဦးတစ္ေယာက္အတြက္ေျပာတာလား။ ပါတီကိုဦးတည္ၿပီး ေျပာခဲ့တာလား အခုခ်ိန္ ထိ မသဲကြဲေသးဘူး။ က်မတို႔အေနနဲ႔ အခုတက္လာမယ့္ အစိုးရကိုလည္း သိပ္ယုံလို႔မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အခု အစိုးရေတာင္ ကတိကဝတ္ေတြ အမ်ားႀကီးေပးၿပီး မဲဆြယ္ခဲ့တယ္။ မဲဆြယ္တဲ့ ပါတီတိုင္းက ျမစ္ဆုံအေရးကို မားမား မတ္မတ္ရပ္ေပးတဲ့သူ ထာဝရရပ္တန႔္ေအာင္ ေျပာေပးႏိုင္တဲ့သူ ေျပာခဲ့ၿပီး မဲထည့္ခဲ့ၾကတာဘဲ။ ေနာက္ဆုံးအစိုးရ ျဖစ္သြားတဲ့ အခါေတာ့ ပါတီမွာေျပာတဲ့ဟာနဲ႔ တစ္မ်ိဳးျပန္ျဖစ္သြားတာေပါ့။ ဒါေၾကာင့္ ေဒသခံေတြ မဲထည့္ဖို႔ တအားစိုးရိမ္ တယ္။ ဒါေပမယ့္ ဘယ္ပါတီရဲ႕အစိုးရဘဲတက္တက္ ျမစ္ဆုံစီမံကိန္း ရပ္တန႔္ဖို႔က ထာဝရႀကိဳးစားသြားမယ္”ဟု ေျပာဆိုသည္။

“ကိုယ့္ရဲ႕ေဒသမွာ အခုလို ျပန္ၿပီး ေနရာရွင္းလင္းေရးတြင္ ျပန္လုပ္ရေတာ့ အရင္ေနခဲ့တဲ့အခ်ိန္ေတြကို ျပန္သတိရ တယ္။ တဖက္မွာက စိုးရိမ္စိတ္ေတြအနည္းငယ္ေတာ့ရွိေနတယ္။ အဲ့ဒါကဘာလဲဆိုေတာ့ သက္ဆိုင္ရာ အာဏာပိုင္ အစိုးရေတြက နည္းမ်ိဳးစုံနဲ႔ ျပန္သိမ္းလာမလားဆိုၿပီး စိုးရိမ္ရတယ္။ တန္ဖရဲေက်း႐ြာက ျမစ္ဆုံးအနီးတဝိုက္ေနတဲ့ ျပည္သူေတြအတြက္က အင္မတန္မွ အဖိုးမျဖတ္ႏိုင္တဲ့ ေနရာေဒသတစ္ခုျဖစ္တယ္။ အရင္ကတည္းကေန ယခုအခ်ိန္ထိ ဒီေနရာမွာဘဲ စားဝတ္ ေနေရးအတြက္ အက်ိဳးျပဳတဲ့ေဒသျဖစ္တယ္။ ၿပီးရင္ ဒီေနရာက အားလုံးရဲ႕အသက္ေသြးေၾကာ ျဖစ္ေနတယ္။ ျမစ္ဆုံနဲ႔ တန္ဖရဲေက်း႐ြာကို ခြဲျခားထားလို႔မရဘူး။ သူက တစ္ခုတည္းျဖစ္သလို တစ္ေနရာမွာဘဲ။ ေဒသခံေတြရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ အေမြအႏွစ္ေတြလည္း အားလုံးဒီေနရာမွာဘဲရွိတယ္။ ဒါေၾကာင့္ ဒီေနရာက လုံးဝ ေပ်ာက္ကြယ္သြားလို႔မရတဲ့ေနရာ ျဖစ္ တယ္။ စီမံကိန္းရပ္တန႔္ဖို႔လည္း အၿမဲေဆာင္႐ြက္ေနတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ျမစ္ဆုံစီမံကိန္းေၾကာင့္ ေ႐ႊ႕ေျပာင္းခံခဲ့ရသည့္ ေက်း႐ြာ ၅ ခုခန႔္ရွိၿပီး ၎ေက်း႐ြာမ်ားမွာ တန္ဖရဲ၊ ေအာင္ဂ်ာယာန္၊ ေဒါင္ပန္၊ လဖ်ဲ႕ကေထာင္ႏွင့္ မလိဇြပ္ စေသာ ေက်း႐ြာမ်ားျဖစ္ၿပီး ၎တို႔ကို ေအာင္ျမင္သာေက်း႐ြာႏွင့္ မလိယန္ေက်း႐ြာသစ္တို႔တြင္ ေနရာခ်ခဲ့သည္။ https://burmese.kachinnews.c om/202010/01/%e1%80%99%e1%80%bc%e1%80%85%e

****************

၁၁။ ခ်င္းပါတီ CNLD ကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္ကြန္ယက္ေတာင္းဆို
October 01, 2020

ခ်င္းလူထုမ်ား၏နစ္နာမႈမ်ားႏွင့္ ႏိုင္ငံေရးရပိုင္ခြင့္မ်ားျပန္လည္ရယူေဖာ္ေဆာင္ႏိုင္ရန္အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ခ်င္း အမ်ိဴးသားဒီမိုကေရစီအဖြဲ႕ခ်ဴပ္ (CNLD) ပါတီကို မဲေပးေထာက္ခံၾကရန္ ခ်င္းလူငယ္မ်ားကြန္ယက္အဖြဲ႕က စက္တင္ဘာလ ၂၈ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ကာ ေတာင္းဆိုလိုက္သည္။ ခ်င္းလူငယ္မ်ားကြန္ယက္အဖြဲ႕မွ ဗဟိုေကာ္ မတီဝင္ Salai Mon Bio က မိမိတို႔လိုခ်င္သည့္ ကိုယ္ပိုင္ျပဌာန္းခြင့္ ခ်င္းကံၾကမၼာ ခ်င္းေတြကဖန္တီးခြင့္ကို CNLD ပါတီက သာ ကိုယ္စားျပဳေဖာ္ေဆာင္ေပးႏိုင္မည္ဟု ယုံၾကည္သည့္အတြက္ ယခုကဲ့သို႔ ေတာင္းဆို ရျခင္းျဖစ္သည္ဟု ခိုႏူမ္းသုန္ ကိုေျပာသည္။

“က်ေနာ္တို႔ ႏိုင္ငံေရးအေျပာင္းအလဲကာလမွာ အဓိက က်ေနာ္တို႔ ခ်င္းေတြအဓိကလိုခ်င္တဲ့ ႏိုင္ငံေရးအေႂကြးက အခုထိ ကို အေကာင္အထည္မေဖာ္ေဆာင္ႏိုင္ေသးဘူး။ က်ေနာ္တို႔လိုခ်င္တာက ပင္လုံစာခ်ဳပ္မွာပါတဲ့ ကတိကဝတ္ေတြကို အေကာင္အထည္ေဖာ္ဖို႔နဲ႔ ခ်င္းအပါအဝင္ တိုင္းရင္းသားမ်ားလိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကိုမတည္ေဆာက္ႏိုင္ဘူး။ အဲဒါကိုတည္ေဆာက္ဖို႔ရန္က က်ေနာ္တို႔ျပည္မအေျချပဳ ဗမာပါတီႀကီး ႏွစ္ခုျဖစ္တဲ့ USDP နဲ႔ NLD ကို မဲေပးလာခဲ့တယ္၊ သူတို႔သက္တမ္းတစ္ႀကိမ္စီယူခဲ့ၿပီၿပီ က်ေနာ္တို႔လိုခ်င္တာ သူတို႔အေကာင္အထည္မေဖာ္ႏိုင္ဘူးဆိုတာ က်ေနာ္တို႔ ျမင္ခဲ့ၿပီး ၿပီ။ အဲဒါေၾကာင့္ က်ေနာ္တို႔ရဲ႕ စစ္မွန္ေသာအခြင့္အေရး စစ္မွန္ေသာႏိုင္ငံေရးကို က်ေနာ္တို႔ခ်င္းပါတီ လက္ရွိသုံးပါတီေပါင္း လိုက္တဲ့ CNLD ကသာလုပ္ေပးႏိုင္မယ္ ယုံၾကည္ခ်က္နဲ႔ ျပည္သူေတြကို CNLD ကိုမဲေပးဖို႔ တိုက္တြန္းရျခင္းျဖစ္တယ္။ CNLD ကို က်ေနာ္တို႔ မဲေပးရျခင္းဟာ ခ်င္းေတြကိုကိုယ္စားျပဳႏိုင္တယ္။ ေနာက္တစ္ခု က်ေနာ္တို႔လိုခ်င္တဲ့ ကိုယ္ပိုင္ျပဌာန္းခြင့္ ခ်င္းကံၾကမၼာကို ခ်င္းေတြက ဖန္တီးခြင့္ကို CNLD ကသာ ကိုယ္စားျပဳေဖာ္ေဆာင္ေပးႏိုင္မယ္လို႔ယုံၾကည္တယ္ အဲဒါေၾကာင့္ ေတာင္းဆိုရ ျခင္းျဖစ္တယ္” ဟု Salai Mon Boi ကေျပာသည္။

ခ်င္းတိုင္းရင္းသားမ်ားအေနျဖင့္ ႏိုင္ငံေရးအေျပာင္းအလဲအတြက္ ျပည္မပါတီႀကီးမ်ားကို မဲေပးေထာက္ခံခဲ့ၾကေသာ္လည္း လူမ်ိဳးတမ်ိဳး ဘာသာတခုကိုသာ အခြင့္ထူးေပးထားေသာ မ်ိဳးေစာင့္ဥပေဒမ်ားျပဌာန္းျခင္း၊ ခ်င္းလူမ်ိဳးမ်ားႏွင့္ အျခား တိုင္းရင္း သားမ်ား၏ ႐ိုးရာဓေလ့ေျမယာပိုင္ဆိုင္မူမ်ားအား ဆန႔္က်င္သည့္ ေျမယာဥပေဒမ်ားကို တိုင္းရင္းသားမ်ားကန႔္ကြက္သည့္ ၾကားမွ ျပဌာန္းျခင္း၊ ခ်င္းလူမ်ိဳးမ်ားႏွင့္ အျခားတိုင္းရင္းသားတို႔၏ သေဘာထားမ်ား ဆန႔္က်င္ကန႔္ကြက္သည့္ၾကားမွ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းေၾကး႐ုပ္ထုမ်ားကို အတင္းအဓမၼ စိုက္ထူရန္ ႀကိဳးပမ္းလုပ္ေဆာင္ျခင္း၊ စစ္ေဘးေရွာင္ ျပည္သူမ်ားအတြက္ လုံေလာက္ေသာ အေထာက္အပံ့မ်ား မရွိေနျခင္းမ်ားအျပင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရျခင္းတို႔ကို ႀကဳံေတြ႕ ေနရဆဲျဖစ္ သည္ ခ်င္းလူငယ္မ်ားကြန္ယက္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ခ်င္းလူငယ္မ်ားကြန္ယက္သည္ ၂၀၁၂ ခုႏွစ္မွ စတင္ၿပီး ခ်င္းအမ်ိဴးသားေရး၊ ခ်င္းလူမ်ိဴးမ်ား၏ ရပိုင္ခြင့္မ်ား၊ ခ်င္းလူငယ္မ်ားအခြင့္အေရးတို႔ကို အေျခခံလႈပ္ရွားေဆာင္႐ြက္ ေနသည့္အဖြဲ႕ျဖစ္သည္။ https://www.bnionline.net/mm/news-75873

****************

၁၂။ ဧရာ၀တီ ကရင္လူငယ္ေကာ္မတီမွ ကရင္ပါတီ မဲဆြယ္စည္းရံုးေရးမ်ားအတြက္ ကူညီမႈမ်ားစတင္
September 30, 2020

ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ အေထြေထြေရြးေကာက္ပြဲအတြက္ ဧရာ၀တီတိုင္း ေဒသႀကီးအတြင္း ၀င္ေရာက္ ယွဥ္ၿပိဳင္ၾကမည့္ ကရင္ပါတီမ်ား၏ မဲဆြယ္စည္းရံုးေရးလုပ္ငန္းမ်ားတြင္ ဧရာ၀တီကရင္လူငယ္ယာယီ ေကာ္မတီမွ လူငယ္ မ်ားပါ၀င္ကာ ကူညီေဆာင္ရြက္မႈမ်ားျပဳ လုပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ကရင္ပါတီမ်ားအား ကူညီေပးမည့္အေရးကိစၥမ်ားႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္မ်ားအတြင္း က်င္းပခဲ့ ၾကသည့္ ဧရာ၀တီတိုင္းေဒသႀကီး ကရင္လူငယ္ႏွီး ေႏွာဖလွယ္ပြဲမ်ားမွ ရရွိလာသည့္ သေဘာထားဆံုးျဖတ္ခ်က္ မ်ားအတိုင္း ဧရာ၀တီ ကရင္လူငယ္ယာယီေကာ္မတီမွ ဆက္လက္အေကာင္အထည္ ေဖာ္လုပ္ေဆာင္ေနျခင္း ျဖစ္သည္ဟု ယင္းယာယီ ေကာ္မတီ မွ အဖြဲ႔၀င္တစ္ဦးျဖစ္သူ စထြဋ္ေ၀ေအာင္က ေျပာသည္။“ဒီ ၂၀၂၀ အတြင္းနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲအလြန္မွာ ကရင္ပါတီ ေတြနဲ႔အတူ ဧရာ၀တီိတိုင္းမွာရွိတဲ့ ကရင္လူငယ္ေတြအေနနဲ႔ ကရင့္အေရးအရာနဲ႕ကရင္အမ်ိဳးသားေရး၊ ႏိုင္ငံေရးကို ပိုမိုျမွင့္ တက္လာ ေအာင္ကူညီ မယ္ဆိုတဲ့ သေဘာထားဆံုးျဖတ္ခ်က္ခ်ထားတဲ့အတိုင္း ဒီအေနအထားကို ကူညီေပးတာျဖစ္ပါ တယ္”ဟု ေျပာသည္။

“ ခရိုင္အလိုက္ကူညီဖို႔ဖြဲ႔ထားလူငယ္ေတြအေနနဲ႔ သူတို႔နဲ႔သက္ဆိုင္တဲ့ခရိုင္မွာရွိတဲ့ ကရင္ပါတီကိုပဲ ကူညီျဖစ္ တဲ့ ပံုစံျဖစ္ ေတာ့ တဖက္ကက်န္တဲ့ကရင္ပါတီကိုကူညီရာမွာ အားနည္းတဲ့ပံုစံေလးေတာ့ျဖစ္သြားတယ္။ ကရင္ လူငယ္ေတြအေနနဲ႔ ႏွစ္ဖက္မွ်ၿပီးကူညီၾကဖို႔ေပါ့။ ေနာက္ၿပီး ကုိဗစ္ကာလျဖစ္တဲ့အတြက္ ေအာင္ျမင္သင့္သ ေလာက္မေအာင္ျမင္ဘူးေပါ့။ အဓိက ကေတာ့ ကိုဗစ္ေၾကာင့္လူငယ္ေတြ စုစည္းလို႔ မရတဲ့အခက္အခဲလည္း ပါတယ္”ဟု ေျမာင္းျမကရင္လူငယ္တစ္ဦးက ေျပာ ဆိုသည္။ လာမည့္ ႏို၀င္ဘာလ ၈ ရက္ေန႔ အေထြေထြ ေရြးေကာက္ပြဲတြင္ ကရင္ပါတီမ်ားျဖစ္သည့္ ကရင္ျပည္သူ႔ပါတီ -KPP ႏွင့္ ကရင္အမ်ိဳးသားပါတီ -KNP တို႔မွ ကိုယ္စားလွယ္ေလာင္းမ်ား၀င္ ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ၿပီး ဧရာ၀ တီတိုင္းေဒသႀကီး အတြင္း KPP မွ ၃၁ ဦးႏွင့္ KNP မွ ၈ ဦးတို႔ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္ဟု ကရင္ပါ တီမ်ား၏ ထုတ္ျပန္ထားမႈမ်ား အရ သိရသည္။ http://kicnews.org/2020/09/%e1%80%a7% e1%80%9b%e1%80%ac%e1%81%80%e1% 80%90%e1%

****************

၁၃။ နမၼတူၿမိဳ႕နယ္ အတြင္း ဆယ္ေက်ာ္သက္ အမ်ိဳးသမီးတဦး မီးရႈိ႕ခံရသည့္ အေလာင္းေတြ႕
October 1, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ အတြင္း ယေန႔(ေအာက္တိုဘာ ၁)ရက္တြင္ ဆယ္ေက်ာ္သက္ အမ်ိဳးသမီးတဦး မီးရႈိ႕ ခံရသည့္ အေလာင္း ေတြ႕ရွိေၾကာင္း သတင္းရရွိသည္။

အဆိုပါ မီးရႈိ႕ခံရသည့္ အမ်ိဳးသမီး ႐ုပ္အေလာင္းကို နမၼတူ-လားရႈိးသြားရာလမ္း၊ နမၼတူၿမိဳ႕မွ (၇)မိုင္ခန႔္ကြာေဝးသည့္ ပန္းသေျပ ေက်း႐ြာ အနီးတြင္ ေတြ႕ရွိေၾကာင္း ႐ုပ္အေလာင္းကို သြားေရာက္ သယ္သည့္ လူမႈ အဖြဲ႕အစည္းမွ ကိုခ်စ္ေမႊးက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။ “က်ေနာ္တို႔ လူမႈကူညီေရးအသင္းကို ရဲတပ္ဖြဲ႕က ေန႔လည္ ၁ နာရီ ခြဲမွာ ဖုန္းဆက္လာ လို႔ က်ေနာ္တို႔သြားသယ္တာ။ အမ်ိဳးသမီးအေလာင္းပါ။ အသက္ က ၁၅၊၁၆ ႏွစ္ပဲ ရွိမယ္”ဟု ကိုခ်စ္ေမႊး ကေျပာသည္။ လက္ရွိ အခ်ိန္ထိ မီးရႈိ႕ခံရသည့္ အမ်ိဳးသမီး၏ ေဆြးမ်ိဳးမ်ားကို မသိရွိေသးေၾကာင္း၊ အမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို နမၼတူ ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံတြင္ ပို႔ေဆာင္ထားေၾကာင္း ကိုခ်စ္ေမႊးက ဆိုသည္။

မီးရႈိ႕သတ္ခံရသည့္ အမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႕(နမၼတူ) ႏွင့္ ေမတၱာရွင္ နာေရး လူမႈကူညီေရးအသင္းမွ သြားေရာက္သယ္ေဆာင္ကာ နမၼတူ ေဆး႐ုံ ရင္ခြဲ႐ုံသို႔ေဆးစစ္ခ်က္ရယူရန္ သယ္ေဆာင္သြား ေၾကာင္း သိရသည္။ အမ်ိဳးသမီး တဦးကို သတ္ၿပီး မီးရႈိ႕သြားမည့္ တရားခံကို သက္ဆိုင္ရာမွစစ္ေဆးေနေၾကာင္းသိရသည္။ https://burmese.shannews.org/archives/18737

**************

၁၄။ မိုးညႇင္းခ႐ိုင္တြင္ ပုံစံ (၃-က) မဲထည့္ရန္ေလ်ာက္ထားေသာ တပ္ နဲ႔ ရဲ အင္အား ၁ ေထာင္ေက်ာ္ရွိ
1 October 2020

မိုးညႇင္းခ႐ိုင္တြင္ ပထမအႀကိမ္ မဲစာရင္းေၾကညာၿပီးေနာက္ ရက္ (၉၀) ေနထိုင္ေၾကာင္း ပုံစံ (၃-က) ျဖင့္အသစ္ လာေရာက္ေလ်ာက္ထားသည့္ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္ စုစုေပါင္း ၁၃၀၀ ဦးခန႔္ရွိၿပီျဖစ္ေၾကာင္း ခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးမွ သိရသည္။ မိုးညႇင္းခ႐ိုင္တစ္ခုလုံးတြင္ ပုံစံ (၃-က)ျဖင့္ လာေရာက္ေလ်ာက္ထားသူဦးေရ ၁၆၀၀၀ ေက်ာ္ အနက္ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ အင္အား ၁၃၀၀ ဦး ရွိေၾကာင္း ဆိုသည္။

“လက္ရွိ ၂၅ ရက္ေန႔ထိ စာရင္းခ်ဳပ္ထားတာက်ေတာ့ တပ္နဲ႔ရဲ ရက္ေပါင္း ၉၀ေက်ာ္ မဲဆႏၵနယ္ျပင္ပေရာက္ ေလွ်ာက္ ထားတဲ့စာရင္းက တပ္မေတာ္သားဆိုရင္ ၉၀၀ နီးပါးေလာက္ရွိတယ္။ ရဲတပ္ဖြဲ႕ဝင္ကလည္း ၄၀၀ နီးပါးေလာက္ ေတာင္းထား ၾကၿပီ။ လက္ရွိခ်ိန္ထိေတာ့ စာရင္းက မပိတ္ေသးတဲ့ခ်ိန္က်ေတာ့ အတိအက်ေတာ့ ေျပာလို႔မရေသးပါဘူး။ ေလာေလာဆယ္ ေတာ့ ၁၃၀၀ေလာက္ရွိေနၿပီ။” ဟု မိုးညႇင္း႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ အရာရွိဦးမ်ိဳးမင္းေအာင္ကေျပာသည္။ မိုးညႇင္းခ႐ိုင္ တစ္ခုလုံးရွိ တပ္မဲဆႏၵရွင္မ်ားစာရင္းကို သီးသန႔္ေကာက္ထားျခင္းမရွိသည့္အတြက္ လက္ရွိ ခ႐ိုင္တြင္ တပ္မဲဆႏၵရွင္ မည္မွ် ရွိၿပီကို မသိႏိုင္ေၾကာင္း ႏွင့္ ပုံစံ (၃-က) လာေရာက္ေလ်ာက္ထားသည့္ စာရင္းကိုသာ သိႏိုင္ေၾကာင္း ဆိုသည္။ လက္ရွိ အထိလည္း ပုံစံ (၃-က) ေလ်ာက္ေနဆဲကာလျဖစ္ေသာေၾကာင့္ ေနာက္ဆုံးစာရင္းကိုမူ ေ႐ြးေကာက္ပြဲေကာ္မရွင္က ျပန္လည္ထုတ္ျပန္သည့္အခ်ိန္မွ သိရမည္ျဖစ္သည္။

“တပ္မဲစာရင္းက က်ေနာ္တို႔ဆီမွာ သပ္သပ္ခြဲထားတာမရွိဘူးခင္ဗ်။ ဘာလို႔မရွိလဲဆိုရင္ မဲ႐ုံအလိုက္မွာ တပ္ကို မဲစာရင္းသီးသန႔္မသြားဘဲနဲ႔ သက္ဆိုင္ရာတပ္ေတြကလည္း ရပ္ကြက္၊ ေက်း႐ြာအုပ္စုမွာပါတယ္ေလ။ အဲရပ္ကြက္ ေက်း႐ြာမဲစာရင္းမွာဘဲ တစ္ခါတည္းေပါင္းထည့္တယ္။ သီးသန႔္စာရင္းလုပ္မထားပါဘူးခင္ဗ်။ မဲစာရင္းေၾကညာတဲ့ခ်ိန္လည္း ေက်း႐ြာမဲစာရင္းမွာဘဲ တစ္ခါတည္းေၾကညာေပးတယ္။ နာမည္ေတြကလည္း ဗိုလ္မႉး၊ဗိုလ္ႀကီးေတြမခြဲထားဘူး အားလုံးက ဦးဘယ္သူ ေဒၚဘယ္သူဆိုၿပီးေတာ့ဘဲ အကုန္ေပါင္းေပးထားတယ္။”ဟု မိုးညႇင္း ခ႐ိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ အရာရွိ ဦးမ်ိဳးမင္းဦးက ေျပာသည္။ လာမည့္ ၂၀၂၀ တြင္လည္း တပ္မဲ သီးသန႔္ေကာက္ထားျခင္းမရွိသည့္အျပင္ တပ္မဲ႐ုံလည္း သီးသန႔္ထားရွိခဲ့ျခင္းမရွိသည့္အတြက္ အရပ္သားမ်ားႏွင့္အတူသာ မဲေပးရန္စီစဥ္ထားၿပီး မိုးညႇင္းခ႐ိုင္တြင္ အဆို တပ္သားမ်ား မဲေပးရမည့္ မဲ႐ုံ ၁၂ ႐ုံရွိသည္။ https://burmese.kachinnews.com/2020/10/01/%e1%8 0%99%e1% 80%ad%e1%80%af%e1%80%b8%e1

**************

၁၅။ သထုံၿမိဳ႕နယ္အတြင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီႏွင့္ ကရင္ျပည္သူ႔ပါတီ (KPP) တို႔ ပူးေပါင္းကာ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္စိုက္ထူျခင္းမ်ား ျပဳလုပ္
2 October 2020

သထုံၿမိဳ႕နယ္အတြင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီႏွင့္ ကရင္ျပည္သူ႔ပါတီ (KPP) တို႔ ပူးေပါင္းကာ စက္တင္ဘာ ၃၀ ရက္က ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္စိုက္ထူျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ စက္တင္ဘာ ၃၀ ရက္တြင္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခံၾကမည့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္စိုက္ထူျခင္း ေဆာင္႐ြက္ရန္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲထံ တင္ျပထားသည့္အတြက္ သထုံၿမိဳ႕ ႏွင့္ သုဝဏၰဝတီၿမိဳ႕မ်ား တြင္ ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္မ်ား စိုက္ထူခဲ့ေၾကာင္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ (မြန္ျပည္နယ္) အတြင္းေရးမွဴး ခြန္ေတဇက ေျပာၾကားသည္။

၎က ဆက္လက္ၿပီး “ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ဆိုင္းဘုတ္မွာ ကြၽန္ေတာ္တို႔ မဟာမိတ္ပါတီႏွစ္ခုျဖစ္တဲ့ ပအိုဝ္းအမ်ိဳး သားအဖြဲ႕ခ်ဳပ္ (PNO) ပါတီနဲ႔ ကရင္ျပည္သူ႔ပါတီက ကိုယ္စားလွယ္ေလာင္းေတြျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္၊ သထုံၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ (၁) နဲ႔(၂) ၊ ေနာက္ ကရင္တိုင္းရင္းသားေရးရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအားလုံး ကိုယ္စား လွယ္ေလာင္း ေလးဦး ပါဝင္တဲ့ ေအာင္ႏိုင္ေရး ဆိုင္းဘုတ္ကို တင္ခဲ့ျဖစ္ပါတယ္။ အဲဒီအျပင္ကို ပန္းဖလက္ေတြမွာလည္း ဒီကိုယ္စားလွယ္ေလာင္း ေလးဦးရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို အတူတူ႐ိုက္ႏွိပ္ ေဖာ္ျပေပးထားပါတယ္။ အဲဒီ ပန္းဖလက္ေတြကိုပဲ မဲဆႏၵရွင္ ျပည္သူေတြဆီကို ျဖန႔္ေဝေပးသြားမွာ ျဖစ္ပါတယ္”ဟု ေျပာၾကားသည္။ တိုင္းရင္းသားမ်ား အားလုံး စည္းစည္းလုံးလုံးျဖင့္ ပူးေပါင္း ေဆာင္႐ြက္ၾကမည္ဆိုပါက ႏိုင္ငံေရးအေ႐ြ႕တစ္ခုကို ေရာက္ရွိႏိုင္မည္ဟု ယုံၾကည္ ေၾကာင္း၊ ထို႔ျပင္ မြန္ျပည္နယ္အတြင္းရွိ ပအိုဝ္းတိုင္းရင္းသားပါတီ၊ ကရင္တိုင္းရင္းသားပါတီႏွင့္ မြန္တိုင္းရင္းသားပါတီတို႔ ဆက္လက္တြဲ ေဆာင္႐ြက္ပါက ေအာင္ျမင္မႈ ရရွိႏိုင္မည္ဟု ယုံၾကည္ေၾကာင္း ခြန္ေတဇက ဆက္လက္ ေျပာၾကားသည္။

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ပါတီ (မြန္ျပည္နယ္) အေနျဖင့္ ပအိုဝ္းတိုင္းရင္းသားလူမ်ိဳးေရးရာ ကိုယ္စားလွယ္ေလာင္း ေနရာ၊ သထုံၿမိဳ႕နယ္တြင္ မဲဆႏၵနယ္ ႏွစ္ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္ အေ႐ြးခ်ယ္ခံသြားမည္ ျဖစ္ေၾကာင္းႏွင့္ မြန္ညီၫြတ္ေရး ပါတီ (MUP) အေနျဖင့္ မြန္ျပည္နယ္အျပင္ ကရင္ျပည္နယ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး ႏွင့္ တနသၤာရီ ေဒသႀကီးတို႔တြင္ မဲဆႏၵနယ္ ၆၇ ေနရာ ဝင္ေရာက္ ယွဥ္ၿပိဳင္အေ႐ြးခ်ယ္ခံသြားမည္ ျဖစ္ေၾကာင္း သိရသည္။ https://news-eleven.com/article/194517

***************

၁၆။ ဖလမ္းဆူရ္ဘုန္ေလယာဥ္ကြင္းဖြင့္ပြဲ ယခုလ ေအာက္တိုဘာလထဲတြင္က်င္းပမည္
October 1, 2020

ဖလမ္းၿမိဳ႕အနီးရွိ ဆူရ္ဘုန္ေလယာဥ္ကြင္းကို ယခုလေအာက္တိုဘာလအထဲတြင္ ဖြင့္ပြဲ က်င္းပမည္ဟု ခ်င္းျပည္နယ္၏ ေျပာေရးဆိုခြင့္ရွိ စည္ပင္ဝန္ႀကီး ဦးစိုးထက္ကေျပာပါသည္။ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဆူရ္ဘုန္ေလယာဥ္ကြင္းကို ေအာက္တိုဘာလထဲမွာ ဖြင့္ပြဲက်င္းပသြားမယ္ ရက္အတိအက်ေတာ့ မသိရေသးဘူး လူႀကီးေတြအားတဲ့အခ်ိန္ ေအာက္တိုဘာလ ထဲမွာ လုပ္သြားဖို႔ လ်ာထားတာေတာ့ ရွိတယ္ ၊လ်ာထားတာေတာ့ ေအာက္တိုဘာလ (၁) ရက္ေန႔မွာ ဆင္းၿပီးေတာ့ စမ္းသပ္ဖို႔ စီစဥ္ထားေပမဲ့ ရာသီဥတု အေျခေနေတြေၾကာင့္ ျဖစ္တယ္”ဟုေျပာသည္။

ယခုအခ်ိန္တြင္လက္ရွိေလယာဥ္ကြင္းမွာ ၉၈ ရာခိုင္ႏႈန္းၿပီးစီးေနၿပီျဖစ္ၿပီး မၾကာမီ ေလယာဥ္ေျပးဆင္းႏိုင္ေတာ့မည္ျဖစ္ ေၾကာင္းသိရသည္။ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ေလယာဥ္ကြင္းက ၉၈ ရာခိုင္ႏႈန္းၿပီးေန က်န္ေနတယ္ ေတာင္ ႏွစ္ဖက္လုံးကို နည္းနည္းၿဖိဳဖို႔ က်န္ေနတယ္ ၊ေတာ္ေတာ္ေလးေတာ့ ၿပီးေနၿပီ ဆင္းဖို႔ဘဲ က်န္ေတာ့တယ္။ ေလယာဥ္ကြင္း ရွိတဲ့ေနရာကလည္း သီးျခားေနရာမ်ိဳးျဖစ္ေနေတာ့ အခုလိုကာလမွာ လုပ္ငန္းေဆာင္႐ြက္မႈေတြကို မရပ္နားဘဲ လုပ္ေနၾက တယ္ က်န္းမာေရးက ထုတ္ျပန္တဲ့အတိုင္း ေျခာက္ေပအကြာအေဝး ေနၾကၿပီး လုပ္ငန္းဆက္လက္လုပ္ေဆာင္ေနၾကတယ္”ဟုေျပာသည္။

ဖလမ္း-ဆူရ္ဘုန္ေလယာဥ္ကြင္းကို ရံပုံေငြ က်ပ္ ဘီလီယံ ၁၄၀ အကုန္က်ခံ တည္ေဆာက္ထားၿပီး ေလယာဥ္ေျပးလမ္း အလ်ားေပ ၆ဝဝဝႏွင့္ အက်ယ္ေပ ၁၀၀ ရွိၿပီး ခရီးသည္ ရဝေက်ာ္ လိုက္ပါႏိုင္သည့္ (ATR-72) ေလယာဥ္မ်ား အဆင္းအတက္ ျပဳလုပ္ ရပ္နားႏိုင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ https://www.chinworld.org/2020/10/01/%e1 %80%96%e1%80%9c%e1%80%99%e1%80%ba%e1%80

****************

၁၇။ လူသတ္တရားခံ တပ္မေတာ္သားေတြ ျပန္လႊတ္ေပးတဲ့အျဖစ္မ်ိဳး ေနာင္မျဖစ္ဖို႔ ကုလမွာ ျမန္မာကတိေပး
September 30, 2020

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေမာင္ေတာၿမိဳ႕နယ္ရွိ အင္းဒင္နဲ႔ ဂူတာျပင္ေက်း႐ြာက မြတ္စလင္ေတြကို ဖမ္းဆီးသတ္ျဖတ္ခဲ့ တာေၾကာင့္ ေထာင္ခ်ခံခဲ့ရတဲ့ တရားခံတပ္မေတာ္သားေတြကို တစ္ႏွစ္အတြင္း လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လႊတ္ေပးလိုက္ တဲ့ ကိစၥလို ေနာင္မွာျဖစ္ပြားေတာ့မွာ မဟုတ္ဘူးလို႔ ယုံၾကည္ေၾကာင္း စက္တင္ဘာ ၂၉ ရက္ေန႔က က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာအစိုးရက ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ ႏွစ္စဥ္က်င္းပတဲ့ (၇၅) ႀကိမ္ေျမာက္ကုလအဖြဲ႕ဝင္ ႏိုင္ငံေခါင္းေဆာင္မ်ား မ်က္ႏွာစုံညီ အစည္းအေဝးအတြင္း မေန႔က အင္တာနက္ဗီဒီယိုကေနတဆင့္ ေျပာၾကားတဲ့ မိန႔္ခြန္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြက အခုလို ထည့္သြင္းေျပာလိုက္တာ ျဖစ္ပါတယ္။ ရာဇဝတ္မႈေတြအတြက္ တတိယေျမာက္ စက္ဘက္ ဆိုင္ရာ တရား႐ုံးကို မၾကာခင္ျမင္ေတြ႕ရေတာ့မယ္လို႔လည္း သူကေျပာခဲ့ပါတယ္။

အင္းဒင္ေက်း႐ြာလူသတ္မႈနဲ႔ ပတ္သက္ၿပီး အရာရွိေတြအပါအဝင္ တပ္မေတာ္သား ၇ ဦးကို စစ္တရား႐ုံးနဲ႔ စစ္ခဲ့ၿပီးတဲ့ေနာက္ ၂၀၁၈ ခုႏွစ္ မတ္လမွာ ေထာင္ဒဏ္ ၁၀ ႏွစ္ ခ်မွတ္ခဲ့တာပါ။ အဲ့ဒီေနာက္ပိုင္း (၂၀၁၈)ခုႏွစ္ ႏိုဝင္ဘာလ၊ တစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့ကာလအတြင္းမွာ တပ္မေတာ္သားေတြကို ျပန္လႊတ္ေပးခဲ့တာေၾကာင့္ ကုလသမဂၢ အရာရွိႀကီးေတြအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေဝဖန္ရႈတ္ခ်ခဲ့ၾကပါတယ္။ https://www.rfa.org/burmese/news /Myanmar-at-UNGA-meeting-inndin-case-09302020151209.html

**************

၁၈။ ရခိုင့္ဦးေဆာင္ပါတီက ႐ုပ္ျမင္သံၾကားတြင္ မဲဆြယ္စည္း႐ုံးေရးအတြက္ ႐ိုက္ကူးေရး မျပဳလုပ္ေတာ့ဟုဆို
30 September 2020

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ႏိုင္ငံေတာ္အစိုးရပိုင္ ႐ုပ္ျမင္သံၾကားႏွင့္ သတင္းစာတို႔တြင္ မဲဆြယ္စည္း႐ုံးေရး ႐ိုက္ကူးရန္အတြက္ ရခိုင့္ဦးေဆာင္ပါတီ – AFP အေနျဖင့္ ပါဝင္မည္ မဟုတ္ေတာ့ေၾကာင္း ယင္းပါတီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္ေဇာဦးက ေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ – UEC မွ ခ်မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာၿပီး မဲဆြယ္ စည္း႐ုံးေရးစာတမ္းကို ေရသားခဲ့ေသာ္လည္း အႏွစ္သာရမရွိေတာ့ေအာင္ ျဖတ္ေတာက္လိုက္သည့္ အတြက္ ယင္းအစီစဥ္ တြင္မပါဝင္ရန္ဆုံးျဖတ္လိုက္ ျခင္းျဖစ္ေၾကာင္းဆိုသည္။“က်င့္ဝတ္ေတြကို ေဖာက္ဖ်က္ေက်ာ္လြန္ျခင္းမရွိေအာင္ က်ေနာ္တို႔ အေသအခ်ာေရးၾကပါတယ္။ က်ေနာ္တို႔ ေရးၿပီးပို႔ထားတဲ့ စာၾကမ္းကို UEC က ေတာ္ေတာ္မ်ားမ်ား ျဖတ္ေတာက္ပလိုက္တဲ့ အတြက္ အႏွစ္သာရပိုင္းက မက်န္ေတာ့ဘူးေပါ့ေနာ္။ အဲဒီေၾကာင့္ MRTV နဲ႔ ႏိုင္ငံပိုင္ သတင္းစာေတြကတဆင့္ မဲဆြယ္ စည္း႐ုံးမယ့္ ဥစၥာမွာ မပါဝင္ေတာ့ဖို႔ ဆုံးျဖတ္တာပါ။”ဟု AFP ပါတီ၊ ဒုတိယဥကၠဌ ဦးေက်ာ္ေဇာဦးက ေျပာသည္။

ျဖတ္ေတာက္ခံထားရသည့္အထဲတြင္ ယင္းပါတီတည္ေထာင္သူ ေဒါက္တာေအးေမာင္၏အမည္၊ UEC မွ ယခင္က ခြင့္ျပဳ ထားၿပီးျဖစ္သည့္ ပါတီရည္႐ြယ္ခ်က္၊ ဖြဲစည္းပုံႏွင့္ အနာဂတ္တြင္လုပ္ေဆာင္မည့္ လုပ္ငန္းစဥ္မ်ား၊ လက္ရွိ စစ္ေရးပဋိပကၡ ေၾကာင့္ ဒုကၡေရာက္ေနၾကရသည့္ ရခိုင္ျပည္သူတို႔၏ အခက္ခဲမ်ား ပါဝင္ေၾကာင္း AFP ၏ စာတမ္းတြင္ေဖာ္ျပ ထားသည္။ ယခုကဲ့သို ျဖတ္ေတာက္ခံရျခင္းမွာ AFP တစ္ခုတည္းမဟုတ္ဘဲ ရခိုင္အမ်ိဳးသားပါတီ – ANP ႏွင့္ ရခိုင့္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ – ALD ပါတီတို႔ လည္းပါဝင္ေၾကာင္း အဆိုပါ ပါတီမ်ားမွ တာဝန္ရွိသူအခ်ိဳ႕က ေျပာသည္။ ယခုျဖစ္စဥ္သည္ UEC ႏွင့္ သက္ဆိုင္ရာပါတီတို႔အၾကား ျဖစ္ေပၚသည့္ ကိစၥသာျဖစ္ၿပီး ျပည္နယ္ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနႏွင့္ တစ္စုံတစ္ရာ ေျပာဆိုရန္ မရွိေၾကာင္း ရခိုင္ျပည္နယ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠဌ ေဒၚတင္လႈိင္က ေျပာသည္။ http://www .mizzimaburmese.com/article/74013

***************

၁၉။ ေျမာင္းျမၿမိဳ႕နယ္ ငါးျမင္းေခ်ာင္းေက်း႐ြာတြင္ ကရင္အမ်ိဳးသားပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ပြဲ ျပဳလုပ္
30 September 2020

ေျမာင္းျမၿမိဳ႕နယ္ ငါးျမင္းေခ်ာင္းေက်း႐ြာအုပ္စု ငါးျမင္းေခ်ာင္းေက်း႐ြာတြင္ ကရင္အမ်ိဳးသားပါတီက စက္တင္ဘာ ၂၉ ရက္ နံနက္ပိုင္းတြင္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္တင္ပြဲအား က်န္းမာေရးဌာန ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ျပဳလုပ္ခဲ့ေၾကာင္း သတင္း ရရွိသည္။

ကရင္အမ်ိဳးသားပါတီမွာ ေျမာင္းျမၿမိဳ႕နယ္တြင္ တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၂) ေနရာတစ္ခုတြင္သာ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ယေန႔အခ်ိန္ထိ က်န္းမာေရဌာန ၫႊန္ၾကားခ်က္မ်ားေၾကာင့္ လူစုလူေဝးျဖင့္ ေဟာေျပာျခင္းမ်ား မေဆာင္ ႐ြက္ႏိုင္ေသးေသာ္လည္း ပါတီေအာင္ႏိုင္ေရးဆိုင္းဘုတ္မ်ားကိုမူ လိုက္လံစိုက္ထူလ်က္ရွိေၾကာင္း၊ မဲဆြယ္စည္း႐ုံးရာတြင္ ကန႔္သတ္ခ်က္မ်ားျပားမႈေၾကာင့္ လက္ကမ္းစာေစာင္မ်ားေဝငွျခင္းမ်ားကိုပါ လုပ္ေဆာင္ရာတြင္ အခက္အခဲမ်ား ႀကဳံေတြ႕ေန ရေၾကာင္းသိရသည္။

ကြၽန္ေတာ္တို႔ပါတီကို တပ္ခ်ဳပ္နဲ႔ သြားေရာက္ေတြ႕ဆုံတဲ့ ၃၄ ပါတီထဲမွာ ပါဝင္တယ္ဆိုၿပီး ထင္ေယာင္ထင္မွားျဖစ္ေအာင္ တိုက္ခိုက္ခံရတာမ်ိဳးေတြလဲ ရွိေနတယ္။ ကြၽန္ေတာ္တို႔ကေတာ့ ပုံမွန္အတိုင္းပဲ ဆက္သြားေနပါတယ္။ အခုထိ လူစုလူေဝးနဲ႔ ေဟာေျပာစည္း႐ုံးမႈေတြ မလုပ္ေဆာင္ေသးဘူး။ လူ ၅၀ အထိ စည္း႐ုံးခြင့္ရွိတယ္ဆိုေပမဲ့ ျပည္သူေတြကို စိုးရိမ္ပူပန္မႈေတြ မရွိေစခ်င္လို႔ ကြၽန္ေတာ္တို႔ တစ္အိမ္တက္ တစ္အိမ္ဆင္း ပုံစံမ်ိဳးနဲ႔ပဲ စည္း႐ုံးမႈေတြ လုပ္ေဆာင္ေနပါတယ္”ဟု ေျမာင္းျမ ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကရင္အမ်ိဳးသားပါတီမွ ကိုယ္စားလွယ္ေလာင္း စစြဲမက္ က ေျပာၾကားသည္။ https://news-eleven.com/article/194354

***************

၂၀။ ေငြေပ်ာ္စံျပေက်း႐ြာတြင္ မူးယစ္ေဆးဝါး ေရာင္းသူႏွင့္ သုံးစြဲသူမ်ားလာ
2 October 2020

ကခ်င္ စစ္ေျပးဒုကၡသည္မ်ားကိုေနရာခ်ထားသည့္ ျမစ္ႀကီးနား ေငြေပ်ာ္စံျပေက်း႐ြာတြင္ မူးယစ္ေဆးဝါးေရာင္းခ်မႈႏွင့္ သုံးစြဲသူမ်ားလာေသာ္လည္း သက္ဆိုင္ရာက ထိေရာက္စြာ တာဝန္ယူေပးျခင္းမရွိသျဖင့္ လူငယ္မိဘမ်ားက စိုးရိမ္ေနၾက သည္။ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားလာေသာေၾကာင့္ ေက်း႐ြာအတြင္း ခိုးမႈ၊ လုယက္မႈမ်ားလာမည္ကိုလည္း စိုးရိမ္ေနၾက သည္။“မူးယစ္ေဆးဝါးေၾကာင့္ ကြၽန္ေတာ္တို႔႐ြာမွာရွိတဲ့ လူငယ္ေတြလည္း ပ်က္စီးကုန္ၿပီ အဖြဲ႕အစည္း အသင္းေတာ္ေတြမွာ ပါဝင္မႈလည္း မရွိၾကေတာ့ဘူး။ ဒါေၾကာင့္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္ၿပီး ဒီလိုဘဲျဖစ္ေနမယ္ဆိုရင္ ေရွ႕ဆက္ ေရာက္လာမဲ့ အခ်ိန္ေတြမွာ အိမ္ေထာင္တိုင္း ပဋိပကၡေတြႏွင့္ ကြဲတဲ့သူက ကြဲ၊ ႐ြာအတြင္းဆိုလည္း ခိုးမႈ၊ လုယက္မႈေတြႏွင့္ အရမ္းမ်ားလာ လိမ့္မယ္။” ဟု ေငြေပ်ာ္စံျပေက်း႐ြာေဒသခံ ဦးဇဟဲ ေခါင္ဇယ္ ကေျပာသည္။

လြန္ခဲ့သည့္ ၂ ႏွစ္ခန႔္မွစၿပီး မူးယစ္ေဆးဝါးစတင္ေဖာင္းပြလာျခင္းျဖစ္ၿပီး သက္ဆိုင္ရာ အစိုးရဘက္ကလည္း ထိေရာက္စြာ တာဝန္ယူေပးျခင္းမရွိေၾကာင္း ေဒသခံမ်ားေျပာသည္။ ေက်း႐ြာတြင္ မူးယစ္ေဆးဝါး ေဖာင္းပြလာေသာေၾကာင့္ မိဘမ်ားက ကေလးမ်ားကို ၿမိဳ႕ေပၚမွာသာ ထားရွိေၾကာင္း ေဒသခံ ေဒၚ႐ြယ္ေတာင္ က ေျပာသည္။“ဒီလို ေနရာမွာ မူးယစ္ေဆးဝါး ေဖာင္းပြေနတာကို အစိုးရက ဘာလို႔ ဘာမွတာဝန္မယူတာလဲ။ ဘယ္လိုတာဝန္ယူတယ္ ကြၽန္မတို႔မသိဘူး။ ဒါေပမဲ့ သုံးစြဲတဲ့ သူေတြ၊ ေရာင္းတဲ့သူေတြရွိေနတဲ့အတြက္ ကြၽန္မတို႔အေနနဲ႔ ထိထိမိမိတာဝန္ယူ လုပ္ေဆာင္ေနတယ္လို႔ မေတြ႕ရဘူး။ ဒါ ေၾကာင့္ မူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ (Pat Jasan) ဆိုရင္ေတာ့ ကြၽန္မတို႔ယုံတယ္။ အ႐ြယ္ ေရာက္လာတဲ့ ကေလးေတြအ တြက္စိုးရိမ္တယ္။ ကြၽန္မဆို ကြၽန္မကေလးေတြကို ၿမိဳ႕မွာဘဲ ထားထားတယ္။ ေၾကာက္လို႔မေခၚလာရဲဘူး။”ဟု ေျပာသည္။

“မူးယစ္ေဆးဝါးႏွင့္ပတ္သက္လာလို႔ရွိရင္ေတာ့ အရင္ကဒီ႐ြာေရာင္းတဲ့သူမရွိရင္ေတာင္မွ ၿမိဳ႕ထဲက လာေရာင္းၾကမွာဘဲ။ ရႉတဲ့သူရွိရင္ေတာ့ ေရာင္းတဲ့သူေတြက သူ႔အလိုလိုနည္းလမ္းေပါင္းစုံႏွင့္ ေရာက္လာမွာဘဲေလ။ အဲ့ေတာ့ ဘယ္မွာေရာင္း ေနတယ္ဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး။ ဘယ္သူသုံးစြဲေနတယ္ဆိုတာလည္း ကြၽန္ေတာ္တိတိက်က်ေတာ့ မသိဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ သတင္းတိက်မႈ၊ ကိုယ့္သားသမီး ေသာက္သုံးတယ္။ ေရာင္းဝယ္ေဖာက္ကားတယ္ဆိုရင္ မိဘ ေတြက အပ္ႏွံရဲတဲ့ သတၱိရွိရမွာ။ မရွိရင္ေတာ့ ဒီမူးယစ္ေဆးဝါးက ေပ်ာက္ပ်က္မွာမဟုတ္ဘူး။”ဟု ေငြေပ်ာ္စံျပေက်း႐ြာ အုပ္ခ်ဴပ္ေရးမွဴး ဦးေသာင္းဆာကေျပာသည္။ ပလန ကခ်င္လူထုမူးယစ္တိုက္ဖ်က္ေရးအဖြဲ႕ (Pat Jasan) ကလည္း ေငြေပ်ာ္ ေက်း႐ြာႏွင့္ လမ္းခရီးေဝးသျဖင့္ အခ်ိန္မွီ ခ်က္ခ်င္းသြားေရာက္ ဖမ္းဆီးႏိုင္ျခင္း မရွိေၾကာင္းတာဝန္ရွိသူမ်ားေျပာ သည္။ https://burmese.kachinnews.com/2020/10/02/%e1%80%84%e1%80%bd%e1% 80%b1%e1%80%95%e1

***************

၂၁။ မင္းျပားတြင္ ႏွစ္ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြား
October 1, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ေမလြမ္းေက်း႐ြာအနီး ယေန႔ ေန႔လည္ပိုင္းက တိုက္ပြဲျဖစ္ပြားလ်က္ရွိၿပီး ေက်း႐ြာအတြင္း က်ည္က်ေရာက္မႈမ်ားရွိကာ လက္နက္ႀကီး ပစ္ခတ္သံမ်ားၾကားရေၾကာင္း မင္းျပားၿမိဳ႕နယ္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးလွသိန္းေအာင္ကေျပာဆိုသည္။“နာရီပိုင္းေလာက္က ေမလြမ္း႐ြာနားမွာ တိုက္ပြဲျဖစ္တယ္ဆိုၿပီး အဲဒီဖက္က ေဒသခံတစ္ေယာက္က ဖုန္းနဲ႔ေျပာတာရွိတယ္။ တိုက္ပြဲျဖစ္ေနတယ္ဆိုၿပီးေတာ့ ဖုန္းနဲ႔ဆက္တာေတာ့ရွိတယ္။ ထိခိုက္ ဒဏ္ရာရရွိမႈအေျခအေနေတာ့ မသိရေသးဘူး။ ေမးလြမ္း႐ြာကိုေတာ့ က်ည္ေတြဘာေတြက်တာေတာ့ ရွိတယ္လို႔ၾကားတယ္” ဟု ၎ကေျပာဆိုသည္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) အတြင္းေရးမွဴး ျဖစ္သူ ကိုေဇာ္ေဇာ္ထြန္းကလည္း ေမလြမ္းေက်း႐ြာအနီး တိုက္ပြဲျဖစ္ပြားေနသည္ကို မင္းျပားရွိ REC အဖြဲ႕ဝင္တစ္ဦးေျပာဆိုခ်က္အရ သိရေသာ္လည္း အေသးစိတ္အေျခအေနမ်ားကို မသိရွိရေသးေၾကာင္း ေျပာဆိုသည္။

စက္တင္ဘာလ ၃၀ ရက္ေန႔ကလည္း မင္းျပားၿမိဳ႕နယ္ အတြင္း ေမလြမ္းေက်း႐ြာႏွင့္ ဖားၿပိဳေက်း႐ြာၾကား ေဇာက္ေခ်ာင္းတြင္ တိုက္ပြဲျဖစ္ပြားခဲ့ကာ ေအာက္တိုဘာလ ၁ရက္ေန႔ ယေန႔ နံနက္ပိုင္း ရာေမာင္တံတားအနီး ဆႏြင္းေတာင္တြင္လည္း တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။ https://ww w.khitthitnews.com/2020/10/%e1%80%99%e1 %80%84%e1%80%ba%e1%80%b8%e1%80

***************

၂၂။ COVID ကာလ Stay at Home အစီအစဥ္ေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဖားကန႔္ေဒသရွိ သိန္းႏွင့္ ခ်ီေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား မဲေပးခြင့္ဆုံးရႈံးႏိုင္ဖြယ္ရွိေန
29 September 2020

COVID ကာလ Stay at Home အစီအစဥ္ေၾကာင့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဖားကန႔္ေဒသရွိ သိန္းႏွင့္ခ်ီေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ မဲေပးခြင့္ဆုံးရႈံးႏိုင္ဖြယ္ရွိေနေၾကာင္း သတင္းရရွိသည္။ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ တြင္ ဆႏၵမဲေပးႏိုင္မည့္ အေျခခံမဲဆႏၵရွင္စာရင္းကို ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္ ၇ ရက္အထိ ရပ္ကြက္၊ ေက်း႐ြာအုပ္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားတြင္ ႏွစ္ပတ္တာ ေၾကညာခဲ့သည္။

ထိုသို႔ေၾကညာရာတြင္ မဲစာရင္းတြင္ အမည္စာရင္း မပါဝင္ပါက ပုံစံ (၃) ျဖင့္ မဲစာရင္းတြင္ အမည္ထည့္သြင္းေပးရန္ ေတာင္းဆိုႏိုင္ၿပီး မဲစာရင္းတြင္ မပါဝင္သင့္သူမ်ား ပါဝင္ေနလွ်င္ ပုံစံ (၄) ျဖင့္ ကန႔္ကြက္ရန္ႏွင့္ မဲစာရင္းပါအခ်က္အလက္မ်ား မွားယြင္းေနလွ်င္ ပုံစံ (၄-ဂ) ျဖင့္ ျပင္ဆင္လႊာ တင္သြင္းႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထား သည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ပထမအႀကိမ္ မဲစာရင္းေၾကညာခ်က္အရ ဖားကန႔္ၿမိဳ႕နယ္တြင္ မဲဆႏၵရွင္ ၁၆၃၀၀၀ ေက်ာ္ရွိ ေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ထံမွ သတင္းရရွိသည္။“ ဖားကန႔္ၿမိဳ႕နယ္မွာ အခုထိ မဲစာရင္းမွာ ေၾကျငာ ထားတဲ့စာရင္းဟာ မဲေပးမယ့္သူ ၁၆၃၀၀၀ ေက်ာ္ရွိပါတယ္။ ပုံစံ (၃-က) နဲ႔ ေလွ်ာက္ထားမယ့္ အေရအတြက္ ကေတာ့ မ်ားႏိုင္ပါတယ္။ ဒါေပမဲ့ ကာယကံရွင္ေတြက ေလွ်ာက္ထားမွသာ သိရမွာ ျဖစ္ပါတယ္။ ဖားကန႔္ၿမိဳ႕နယ္မွာေတာ့ (၃-က) နဲ႔ ေလွ်ာက္ထားတဲ့ အေရအတြက္ကေတာ့ အမ်ားဆုံးကေတာ့ ေရမေဆးေက်ာက္ရွာသူေတြ အမ်ားဆုံးပဲ။ ေနာက္ၿပီးေတာ့ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ ေစ်းေရာင္းတဲ့သူေတြ၊ ကုမၸဏီဝန္ထမ္းေတြနဲ႔ တာဝန္လာထမ္းေဆာင္ေနတဲ့ ဌာနဆိုင္ရာက ႏိုင္ငံေတာ္ဝန္ထမ္းေတြ၊ ေနာက္ၿပီးေတာ့ စစ္တပ္၊ ရဲ၊ တိုက္ခိုက္ေရး အထူးရဲတပ္ရင္းေတြကေန ၿပီးေတာ့ ေ႐ြးေကာက္ပြဲမွာ မဲေပးမယ္ဆိုရင္ ပုံစံ (၃-က) နဲ႔ လာေရာက္ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္”ဟု ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ေဒါက္တာသိန္းဟန္က ေျပာၾကားသည္။

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) အေနျဖင့္ ေျမျပင္ဆင္း၍ ကူညီေျဖရွင္းေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနခ်ိန္တြင္ အစိုးရ က ဖားကန႔္ၿမိဳ႕နယ္ကို Stay at Home ေၾကညာလိုက္သည့္အတြက္ လုပ္ေဆာင္ေပး၍ မရေတာ့ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ (KSPP) ဥကၠ႒ ဦးဘရန္ေရွာင္က ေျပာၾကားသည္။ ဖားကန႔္ၿမိဳ႕နယ္တြင္ ၿမိဳ႕ေပၚ ေျခာက္ရပ္ကြက္၊ ေက်း႐ြာ အုပ္စုေပါင္း ၂၁ အုပ္စုရွိၿပီး ေက်ာက္စိမ္းတူးေဖာ္ခြင့္သက္တမ္းရွိ ကုမၸဏီ ၇၇ ခုရွိကာ ျမန္မာႏိုင္ငံအရပ္ရပ္မွ လာေရာက္၍ ေရမေဆးေက်ာက္ရွာသူ သိန္းဂဏန္းအထိရွိသည့္အျပင္ ကုမၸဏီဝန္ထမ္းအမ်ားအျပား ရွိေနသည္။ https://news-eleve n.com/ar ticle/194369

**************

၂၃။ ရခိုင္ရွိ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ဖ်ားနာသူမ်ားျပားလာေန၍ က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္ လိုအပ္ေန
October 02, 2020

ျမန္မာႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါ ဒုတိယအမ်ားဆုံးျဖစ္ပြားေနသည့္ ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္စခန္းမ်ား၌ ဖ်ားနာသူ မ်ားျပားလာေနသျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈေပးရန္လိုအပ္ေနေၾကာင္း စစ္ေဘးေရွာင္မ်ားက ဆိုၾကသည္။

ဒုကၡသည္ဦးေရ ၃၃၂၁ ဦးရွိသည့္ တိန္ညိဳစစ္ေဘးေရွာင္စခန္းတြင္ ဖ်ားနာသူ ၃၀ ႏွင့္ ၅၀ ၾကားရွိလာကာ ၎တို႔မွာ မည္သည့္ေၾကာင့္ ဖ်ားနာေနျခင္းအား မသိရွိျဖစ္ေနၾကၿပီး ေဆးကုသမႈခံယူမည့္ေနရာမရွိသျဖင့္ ေဆးဆိုင္တို႔မွ ေဆးမ်ား ဝယ္ယူေသာက္သုံးေနရေၾကာင္း စခန္းတာဝန္ခံ ဦးေဝလွေအာင္ထံမွသိရသည္။“အရင္တုန္းကဆိုရင္ တိန္ညိဳေဆး႐ုံႀကီးကို သြားျပလိုက္လို႔ရတယ္။ ေဆးလည္း အခမဲ့ကုသေပးတာေပါ့ေနာ္၊ ဘာေရာဂါျဖစ္တယ္ဆိုတာလည္းသိရတယ္။ အခုက တိန္ညိဳမွာ ေဆးခန္းသြားျပစရာ ဆရာဝန္လည္းမရွိဘူး”ဟု ၎က ရွင္းျပသည္။ အလားတူ ဒုကၡသည္ဦးေရ ႏွစ္ေထာင္ ေက်ာ္ ရွိသည့္ ေျမာက္ဦးၿမိဳ႕နယ္၊ ပီပင္ရင္းစစ္ေဘးေရွာင္စခန္းတြင္လည္း ဖ်ားနာသူ ၆ ဦးႏွင့္ ခ႐ုေရာဂါျဖစ္ေနသည့္ အသက္ ၂ ႏွစ္အ႐ြယ္ကေလးအတြက္ ေဆးကုသရန္ အခက္အခဲ ျဖစ္ေနေၾကာင္း စခန္းတာဝန္ခံ ဦးေက်ာ္ျမသိန္းက ေျပာသည္။

ထိုစခန္းတြင္ စက္တင္ဘာလတတိယအပတ္က အသက္ (၇၃)ႏွစ္အ႐ြယ္ရွိ အစာအိမ္ေရာဂါအခံရွိသူ အဖြားတစ္ဦးမွာ တစ္လခန႔္ဖ်ားနာၿပီးေနာက္ ေသဆုံးသြားခဲ့သည္။ ရခိုင္ျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကား ေရးမွဴး ေဒါက္တာစိုးဝင္းပိုင္က“တိုက္ပြဲ ျဖစ္ေနတဲ့ေနရာေတြဆိုရင္ေတာ့ သြားႏိုင္မွာမဟုတ္ဘူး။ ပုံမွန္ဆိုရင္ေတာ့ အနည္းဆုံး တစ္လမွာ ႏွစ္ႀကိမ္ေလာက္ က်န္းမာေရးေစာက္ေရွာက္မႈလုပ္ေပးတယ္။ က်ေနာ္တို႔အေနနဲ႔ကိုဗစ္ကာလ ဖ်ားေနတဲ့ သူေတြ ကို Swab ယူေပးထားပါတယ္”ဟု ဆိုသည္။ https://www.bnionline.net/mm/news-75895

***************

၂၄။ တီးတိန္ၿမိဳ႕နယ္ သစ္ေတာနယ္ေျမက ေနအိမ္ေတြကို ဖယ္ရွားခိုင္း
September 30, 2002

တီးတိန္ၿမိဳ႕နယ္၊ ခိုင္ကမ္းၿမိဳ႕မွာ သစ္ေတာနယ္ေျမမွာ ေနထိုင္သူေတြကို က်ဴးေက်ာ္အျဖစ္သတ္မွတ္ၿပီး အိမ္ေတြဖယ္ရွား ေပးဖို႔ သစ္ေတာဌာနက အမိန႔္စာပို႔ အေၾကာင္းၾကားထားပါတယ္။ ခိုင္ကမ္းၿမိဳ႕နယ္၊ အမွတ္ ၄ ရက္ကြက္၊ ကြဲတံတားရဲ႕ ေအာက္ဘက္ျခမ္းမွာရွိတဲ့ ေနအိမ္ ၂၆ လုံးကို စက္တင္ဘာလ ၂၅ ရက္ေန႔က ေနာက္ဆုံးထား ဖယ္ရွားခိုင္းတာျဖစ္ၿပီး ေဒသခံေတြကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အႏၲရာယ္ရွိေနတဲ့ ကာလျဖစ္တာေၾကာင့္ ေျပာင္းေ႐ႊ႕ဖို႔ အခက္အခဲရွိေန တယ္လို႔ ေျပာပါတယ္။ ေဒသခံတခ်ိဳ႕ကေတာ့ ေနအိမ္ကို ေျပာင္းေ႐ႊ႕ဖို႔ အခက္အခဲေတြရွိတာေၾကာင့္ အတည္တက်ေနႏိုင္ဖို႔ ဆႏၵရွိေနတာလည္း ျဖစ္ပါတယ္။

စက္တင္ဘာ ၁၅ ရက္ေန႔က က်ဴးေက်ာ္ေနအိမ္ေတြက မိသားစုဝင္ေတြကို ကိုးမိုင္သစ္ေတာစခန္းမွာ လာေခၚခဲ့ၿပီး စစ္ေဆး ေမးျမန္းမႈေတြ ျပဳလုပ္ခံခဲ့ရတယ္လို႔ ဦးထန္လမ္မုန႔္က RFA ကို ေျပာပါတယ္။“ကြၽန္ေတာ္တို႔ကို သစ္ေတာကေန စစ္ေဆး ေမးျမန္းဖို႔ေခၚပါတယ္။ကြၽန္ေတာ္တို႔ စည္းစည္းလုံးလုံးနဲ႔ ရပ္ကြက္မွာရွိတဲ့ ဒုကၡသည္ေတြေပါ့ဗ်ာ၊ အဖြဲ႕အစည္းနဲ႔ အစိုးရ ကိုးမိုင္သစ္ေတာ႐ုံးကို ေရာက္ရွိခဲ့တယ္။ သူတို႔ စစ္ေဆးတဲ့အခါက်ေတာ့ မိဘအမည္တို႔၊ မွတ္ပုံတင္နံပါတ္တို႔၊ ခိုင္ကမ္းကို ဘယ္ႏွစ္ခုႏွစ္က စေရာက္သလဲ၊ က်ဴးေက်ာ္ဘဝကို ဘယ္ႏွခုႏွစ္ကေရာက္လဲ ဒါေတြေမးပါတယ္။ ၿပီးေတာ့ ေနာက္ဆုံး အခ်က္ကေတာ့ သစ္ေတာကေနၿပီးေတာ့ ဒီမွာက်ဴးေက်ာ္ေျမကို ဖယ္ရွားမယ္၊ ရွင္းလင္းမယ္ဆိုၿပီးမွ ေနာက္တစ္ႀကိမ္ တတိယအႀကိမ္ စာေပးခံရရင္ မင္းတို႔ ဘယ္လိုခံစားခ်က္ရွိပါသလဲဆိုၿပီး ေမးျမန္းပါတယ္။ အဲဒါက်ေတာ့ လူႀကီးမင္းတို႔ရယ္ ကြၽန္ေတာ္တို႔မွာ ခိုလႈံစရာလုံးဝမရွိတဲ့အခါက်ေတာ့ ဖယ္ေတာ့ ဖယ္ရွားခ်င္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေတာ္ကလည္း ေနရာခ်ထား ေပးတဲ့အထိ ခိုလႈံခြင့္ေပးပါဆိုၿပီးမွ ကြၽန္ေတာ္တို႔ အသနားခံခဲ့ပါတယ္”ကြဲေခ်ာင္းကူးတံတားရဲ႕ အေပၚဘက္က အိမ္ေတြက ေတာ့ သစ္ေတာေျမကိုက်ဴးတဲ့ ပုံစံျဖစ္ေပမယ့္ ဌာနဆိုင္ရာ အသီးသီးက တိုင္ပင္ၿပီး ေနရာခ်ထားေပးတာျဖစ္တဲ့အတြက္ သူတို႔ကို ဖယ္ရွားခိုင္းတာမ်ိဳးမရွိဘူးလို႔ ခ်င္းလူမႈေရး တက္ႂကြလႈပ္ရွားသူ ကိုဇမ္းထြမ္းက ေျပာပါတယ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ခိုင္ကမ္းၿမိဳ႕ သစ္ေတာဦးစီးဌာနကို RFA က ဆက္သြယ္ေမးျမန္းထားေပမယ့္ လက္ခံေျဖၾကားျခင္း မရွိပါဘူး။ တီးတိန္ၿမိဳ႕နယ္၊ ခိုင္ကမ္းၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးလွမ်ိဳးကေတာ့ ေနအိမ္ေတြ ဖယ္ရွားဖို႔ ကိစၥကို သစ္ေတာဌာနက ေဆာင္႐ြက္ေနတာျဖစ္ၿပီး ျပည္နယ္အစိုးရက ၫႊန္ၾကားခ်က္မရွိသးေၾကာင္း ေျပာပါတယ္။ https://www.rfa.org/bur mese/news/chin-slum-house-09302020055838.html

*************

၂၅။ အမ္းတြင္ ေနာက္ျပန္လက္ျပန္ႀကိဳးခ်ည္ ထားေသာ ပုတ္ပြအေလာင္း ၂ေလာင္းေတြ႕ရွိရၿပီး ပိုင္ရွင္ မသိရေသး
October 1, 2020 6

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ စက္တင္ဘာလ ၂၇၊ ၂၈ ရက္ေန႔တြင္ လက္ျပန္ႀကိဳးခ်ည္ထားေသာ အမည္မသိ ပိုင္ရွင္မရွိေသာ အေလာင္း ၂ေလာင္းေတြ႕ရွိခဲ့ေၾကာင္း အမ္းၿမိဳ႕နယ္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္းေရးရာ ေစာင့္ၾကည့္လႈပ္ရွား ေရးအဖြဲ႕ ဥကၠ႒ ကိုမ်ိဳးလြင္ေျပာဆိုသည္။ အဆိုပါ အေလာင္း ၂ ေလာင္းကို အမ္းၿမိဳ႕နယ္အအတြင္းရွိ အိုးပုံေက်း႐ြာ အနီး ေျမာက္ဦးေခ်ာင္းထဲတြင္ စက္တင္ဘာ ၂၇ ရက္ေန႔က အေလာင္း ၁ေလာင္းေတြ႕ရွိၿပီး စက္တင္ဘာ ၂၈ရက္ေန႔တြင္ အမ္းေခ်ာင္းဝ ေပသာေမာ္ေပါက္တြင္ အေလာင္း ၁ ေလာင္း ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ ဒီလ ၂၇ရက္ေန႔မွာ တစ္ေလာင္းေတြ႕တယ္ေပါ့။ အဲတာက အမ္းၿမိဳ႕နယ္ အိုးပုံေက်း႐ြာ အနီး ေျမာက္ဦးေခ်ာင္းထဲမွာ ပထမဦးဆုံးေတြ႕တဲ့အေလာင္းေပါ့။ လက္ကို ေနာက္ျပန္တုတ္ထားတဲ့ တစ္ေလာင္းေတြ႕တယ္ေပါ့။ ၂၈ ရက္ေန႔မွာေပါ့။ အမ္း ေခ်ာင္းဝေပါ့။ ေပသာေမာ္ေပါက္မွာ ဒုတိယတစ္ေလာင္းေတြ႕တယ္ေပါ့။ အဲဒီအေလာင္း ၂ ေလာင္းေတြ႕တာေတာ့ ရွိတယ္။ ၂၇ ရက္ေန႔က ေတြ႕တဲ့အေလာင္းကေတာ့ အမ္းရဲစခန္းကေနၿပီးေတာ့ တာဝန္ရွိတဲ့သူေတြက အေလာင္းကို သယ္ယူသြား တယ္ေပါ့။ ၂၈ ရက္ေန႔မွာ ေတြ႕တဲ့အေလာင္းကေတာ့ ၂၉ ရက္ေန႔မွာ ေဒသခံေတြက ေျမျမႇဳတ္လိုက္က်တယ္ေပါ့။ အဲဒီ အေလာင္းက အမ္းေခ်ာင္းထဲမွာ ေမ်ာေနတဲ့ အခါမွာ အဲဒီေခ်ာင္းကို မွီခိုေနရတဲ့ ေရလုပ္သားေတြရွိတယ္။ အဲဒီေရလမ္း ေၾကာင္းကို မွီခိုေနရတဲ့ ေဒသခံေတြ အဲဒီအေလာင္းကို ျမင္ေတြ႕တဲ့အခါ စိုးရိမ္စိတ္ေတြ ထိတ္လန႔္ေစမႈေတြ ျမင့္တက္ေနတဲ့ အေနအထားမွာရွိတဲ့အခါ အဲဒီအေလာင္းကို ေဒသခံေတြက ေျမျမႇဳပ္လိုက္တယ္ေပါ့။ အေလာင္း ၂ေလာင္းလုံးက လက္ကို ေနာက္ျပန္ႀကိဳးတုတ္ထားတယ္” ဟု ကိုမ်ိဳးလြင္က ေျပာဆိုသည္။

“ အေလာင္း ၂ ေလာင္းလုံးကို ခ်ည္ထားတဲ့ ႀကိဳးကလည္း ပုံစံတူေနတယ္ေပါ့။ ကြၽန္ေတာ္ သုံးသပ္မိသေလာက္ဆိုရင္ ဒီ အေလာင္း ၂ ေလာင္းက တစ္ေနရာထဲမွာ ျဖစ္တာလား။ ဒီအေလာင္း ၂ ေလာင္းက ဆက္စပ္မႈရွိႏိုင္တယ္လို႔ သုံးသပ္မိ တယ္။ ဒါေပမယ့္ အေလာင္း ၂ေလာင္းေတြ႕တဲ့ ေနရာေတြကေတာ့ တစ္ေနရာနဲ႔တစ္ေနရာေဝးတယ္။ ၁ဝမိုင္ေလာက္ေတာ့ ေဝးတယ္ေပါ့။ ဒါေပမယ့္ အေလာင္း ၂ေလာင္းေတြ႕တဲ့ ေခ်ာင္းကေတာ့ တဆက္တည္းပဲ ေျမာက္ဦးေခ်ာင္းက ထြက္တာနဲ႔ အမ္းေခ်ာင္းကိုေရာက္တယ္ေပါ့။ ေခ်ာင္းကေတာ့ တဆက္တည္းေပါ့”ဟု ကိုမ်ိဳးလြင္ကေျပာဆိုသည္။ အမ္းၿမိဳ႕နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကလည္း ယင္းျဖစ္စဥ္ကို အင္တာနက္ေပၚတြင္ေတြ႕ျမင္သည့္အတြက္ သိရွိ ထားေသာ္လည္း အေလာင္းပိုင္ရွင္မည္သူဆိုသည္ကို မသိရွိရေသးေၾကာင္း ဆက္လက္ စုံစမ္းေမးျမန္းေနေၾကာင္း ေျပာဆို သည္။ https://www.khitthitnews.com/2020/10/%e1%80%a1%e1%80%9 9%e1%80%ba%e1%80%b8%e1

**************

၂၆။ ဒီဇယ္ဆီျပတ္လပ္မႈေၾကာင့္ ပလက္ဝၿမိဳ႕တြင္ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးႏိုင္ေတာ့မည္မဟုတ္
October 2, 2020

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕တြင္ စက္သုံးဆီ (ဒီဇယ္) ျပတ္လပ္မႈေၾကာင့္ ေအာက္တိုဘာလ ၁ ရက္ေန႔ည မွစ၍ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမွဴးထံမွသိရသည္။

ပလက္ဝၿမိဳ႕လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးရာတြင္ အသုံးျပဳမည့္ ဒီဇယ္ ပီပါ (၁၂၀) လုံးသည္ ဆမီးၿမိဳ႕တြင္ေသာင္တင္ေနၿပီး နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္းေၾကာင့္ သယ္ယူရန္အခက္အခဲျဖစ္ေနၾကသည္ဟု ပလက္ဝၿမိဳ႕နယ္အုပ္ခ်ဴပ္ေရးမႉး ဦးေအာင္ေလာဟာ ကေျပာသည္။“လက္ရွိ က်ေနာ္တို႔ဆီမွာ ရွိတဲ့ဟာက ကုန္သြားတယ္၊ ဆမီးမွာ ပီပါ အလုံး ၁၂၀ ေတာ့ရွိ တယ္ ဒါေပမယ့္ လမ္းေၾကာင္း မေကာင္းေသးလို႔မသယ္ႏိုင္ေသးတာ၊ အဲဒီလမ္းေၾကာင္းေပၚမွာက ဟိုဘက္အဖြဲ႕အစည္း

ေတြရွိတယ္ေလ လမ္းေၾကာင္းရွင္းမွဘဲ တပ္ကခြင့္ျပဳတာကိုး တစ္ပတ္ေလာက္ရွိၿပီေစာင့္ေနတာကေတာ့’’ဟု ဦးေအာင္ေလာ ဟာ ကေျပာသည္။ မဟာဓာတ္အားလိုင္းမေရာက္ရွိႏိုင္ေသးသည့္အတြက္ ၿမိဳ႕နယ္လွ်ပ္စစ္ ဓာတ္အားျဖန႔္ျဖဴးေရးဦးစီးဌာနမွ ဒီဇယ္ဆီအသုံးေသာ မီးစက္ျဖင့္ ယခင္က တစ္ရက္လွ်င္ (၄) နာရီ လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေလ့ရွိသည္။

ပလက္ဝၿမိဳ႕နယ္သည္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ စစ္မက္ျဖစ္ပြားရာေဒသျဖစ္ၿပီး ရခိုင္ျပည္နယ္ႏွင့္ ဆမီးၿမိဳ႕တို႔မွ ဆက္သြယ္ေသာ လမ္းေၾကာင္းမ်ားျပတ္ေတာက္သည့္အတြက္ စက္သုံးဆီအျပင္ စားနပ္ရိကၡာမ်ားလည္း ျပတ္ ေတာက္ေနဆဲျဖစ္သည္။ ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၁ ရက္ေန႔ကလည္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈမရွိေသာေၾကာင့္ စက္သုံးဆီမ်ား သယ္ယူရန္ အခက္အခဲျဖစ္ေနသည့္အတြက္ ပလက္ဝၿမိဳ႕နယ္တြင္ ရက္အေတာ္ၾကာလွ်ပ္စစ္မီး ျပတ္ေတာက္ ခဲ့ၿပီးျဖစ္သည္။ https://www.bnionline.net/mm/news-75896

****************

၂၇။ ေစာင့္ၾကည့္ၾကပ္မတ္တဲ့ေနရာကေန ထြက္ေျပးဖို႔ႀကိဳးစားသူ အလုပ္ႏွင့္ေထာင္ဒဏ္ (၁)ႏွစ္ႏွင့္ (၆)လ ခ်မွတ္ခံရ
October 01, 2020

လြိဳင္ေကာ္တကၠသိုလ္ ေစာင့္ၾကည့္ၾကပ္မတ္တဲ့ေနရာကေန ထြက္ေျပးဖို႔ႀကိဳးစားခဲ့တဲ့သူကို အလုပ္ႏွင့္ေထာင္ဒဏ္ (၁)ႏွစ္ႏွင့္ (၆)လ ခ်မွတ္ခံရတယ္လို႔ စက္တင္ဘာလ ၂၉ ရက္ေန႔က ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံးက ထုတ္ျပန္ထားပါတယ္။ စက္တင္ဘာလ ၂၁ ရက္ေန႔မွာ ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕ကေန လြိဳင္ေကာ္ၿမိဳ႕ကို ျပန္လာတာတဲ့ လြိဳင္ေကာ္ၿမိဳ႕ ႏြားလဝိုး ေက်း႐ြာအုပ္စု၊ ထီးပေလာခူေက်း႐ြာမွာ ေနထိုင္သူ အမ်ိဳးသား တစ္ဦးျဖစ္ပါတယ္။

ထြက္ေျပးဖို႔ ျပဳလုပ္ေနတဲ့အတြက္ လုံၿခဳံေရးတာဝန္က် ရဲတပ္ဖြဲ႕နဲ႔ ဝန္ထမ္းေတြက တားျမစ္ေပမယ့္လည္း လုံၿခဳံေရးတာ ဝန္က် ရဲတပ္ဖြဲ႕ဝင္ကို ခိုက္ရန္ျပဳၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တဲ့အတြက္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၆/၂၉ အရ လြိဳင္ေကာၿမိဳ႕နယ္တရား႐ုံးကို တရားစြဲဆိုတင္ပို႔ခဲ့တာျဖစ္ပါတယ္။ ကယားျပည္နယ္မွာ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲေရးဥပေဒျဖင့္ အမႈဖြင့္ တရားစြဲဆိုခံရၿပီး ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ျဖစ္စဥ္ဟာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔ သိရပါတယ္။

ကယားျပည္နယ္ ၿမိဳ႕နယ္အသီးသီး ကို႐ိုနာဗိုင္းရပ္(စ္)ႀကိဳတင္ကာကြယ္ေရး ေစာင့္ၾကည့္ၾကပ္မတ္တဲ့ Community Based Facility Quarantine ေဆာင္႐ြက္ထားရွိမႈမွာ စက္တင္ဘာလ ၂၉ရက္ေန႔အထိ လူဦးေရ (၃၆၃)ဦးရွိၿပီး ေဆးစစ္ခ်က္အေျဖ ေစာင့္ဆိုင္းဆဲလူနာ (၃၆) ဦးရွိတယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႕လူမႈစာမ်က္ႏွာမွာေဖာ္ျပထားခ်က္အရ သိရပါတယ္။ https://www.bnionline.net/mm/news-75882

***************

၂၈။ စစ္ေတြမွာ ဒုကၡသည္ ေထာက္ပံ့ေငြ ျဖတ္ေတာက္ခံေနရ
October 1, 2020

ရခိုင္ေျမာက္ပိုင္းမွာ ကပ္ေဘးကာလအတြင္း အစိုးရ ေထာက္ပံ့ေငြကို အျပည့္အဝမရၾကဘူးလို႔ မြတ္စလင္ ဒုကၡသည္ေတြက ေျပာပါတယ္။ စစ္ေတြၿမိဳ႕ ေခါင္းဒုကၠာ အမွတ္(၂)ဒုကၡသည္စခန္းက အမည္မေဖာ္လိုတဲ့ ဒုကၡသည္တစ္ဦးက မေန႔က စခန္း စီမံခန႔္ခြဲေရး ေကာ္မတီကေနတဆင့္ ဒုကၡသည္ေတြကို ေထာက္ပံ့ေငြ ေပးအပ္တဲ့အခါ ေငြေလးေသာင္းက်ပ္ ကိုင္ေဆာင္ကာ ဓာတ္ပုံမွတ္တမ္း႐ိုက္ၾကၿပီးေနာက္ ေငြသုံးေထာင္ကိုျဖတ္ၿပီး က်န္တဲ့သုံးေသာင္းခုႏွစ္ေထာင္ကိုသာ ဒုကၡသည္ေတြကို ေပးခဲ့ ၾကတယ္လို႔ဆိုပါတယ္။

သကၠယ္ျပင္ဒုကၡသည္စခန္းနဲ႔ အုန္းေတာႀကီးေတာင္ စခန္းေတြက ဒုကၡသည္ေတြကလည္း အလားတူ ျဖတ္ေတာက္ခံရ ပါတယ္။ အုန္းေတာႀကီးေျမာက္ ဒုကၡသည္စခန္းမွာေတာ့ အခန္းေပါင္း ၂၇၀၀ ေက်ာ္အနက္ အိမ္ေထာင္စု ၂၁၅ စုဟာ ေထာက္ပံ့ေၾကး ေပးအပ္မယ့္ စာရင္းထဲမွာ မပါတာေၾကာင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ မေန႔ကတင္ျပလိုက္ၾကတယ္လို႔ စခန္း လူႀကီးတစ္ဦးက ေျပာပါတယ္။ အလားတူ တိုက္ပြဲေတြေၾကာင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဆင္ေသျပင္ေက်း႐ြာကေန ထိပ္ထူး ေပါက္ေက်း႐ြာကို ထြက္ေျပးခိုလႈံေနၾကရတဲ့ မြတ္စလင္ အိမ္ေထာင္စု ၇၁ စုအနက္ ၅၇ စုကို ေထာက္ပံ့ေငြ ေပးအပ္ရာ မွာလည္း တစ္အိမ္ ေထာင္ကို ခုနစ္ေထာင္က်ပ္စီ ျဖတ္ေတာက္ခံရတယ္လို႔ ႐ြာသားေတြက ေျပာပါတယ္။

အခုလိုျဖတ္ေတာက္ခံရတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးထံ ဒုကၡသည္ ငါးဦးက မေန႔က သြား ေရာက္တိုင္ၾကားခဲ့ရာမွာ ေျပလည္ေအာင္ေျဖရွင္းေပမယ္လို႔ အေၾကာင္းျပန္ခဲ့ေပမယ့္ ေက်း႐ြာကို ျပန္ေရာက္လာခ်ိန္မွာ ေတာ့ ေက်း႐ြာအာဏာပိုင္ေတြက ႐ြာကေန ႏွင္ထုတ္တာေၾကာင့္ ဒီေန႔မနက္မွာေတာ့ မူလေနရပ္ ဆင္ေသျပင္႐ြာကို ျပန္ေန ၾကရတယ္လို႔ ႐ြာကေန ႏွင္ထုတ္ခံရတဲ့ ဦးမာေမာက္ေခၚဘီက RFA ကို ေျပာပါတယ္။ ဒုကၡသည္ေတြအတြက္ ေထာက္ပံ့ ေၾကးေငြေတြကို ဘယ္သူေတြက ျဖတ္ေတာက္တယ္ ဆိုတာနဲ႔ပတ္သက္လို႔ RFA က ဆက္လက္ စုံစမ္းေနဆဲျဖစ္ပါတယ္။ https://www.rfa.org/burmese/news/refugees-in-sittwe-10012020032254.html

***************

၂၉။ ကုန္တင္ယာဥ္ ႏွင့္ ခရီးသည္ယာဥ္ မ်ား ထြက္ခြာခြင့္ ၁၄ ရက္ ပိတ္မည္
October 1, 2020

သွ်မ္းျပည္ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရး ႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ မွ ကုန္တင္ကား ႏွင့္ ခရီးသည္တင္ယာဥ္မ်ား ထြက္ခြာခြင့္ (၁၄) ရက္ ပိတ္လိုက္ေၾကာင္း စုံစမ္းသိရွိရသည္။ သွ်မ္းျပည္တြင္းသို႔ ကုန္တင္ကားႏွင့္ ခရီးသည္တင္ယာဥ္မ်ား ဝင္/ထြက္ သြားလာခြင့္ကို ေအာက္တိုဘာ ၁ မွ ၁၄ ရက္ထိ ယာယီပိတ္ထားလိုက္ေၾကာင္း သွ်မ္းျပည္အစိုးရအဖြဲ႕က စက္တင္ဘာ (၃၀) ရက္ တြင္ ျပဳလုပ္သည့္ သွ်မ္းျပည္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရး ႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ ၌ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

“ေထာက္ခံစာရွိရင္လာလို႔ရပါတယ္။ ဒါေပမယ့္ အဲ့ေထာက္ခံစားက ၂ပတ္အတြင္း ေရာဂါ ကင္းရွင္ေၾကာင္းေထာက္ခံခ်က္ ျဖစ္ရမယ္”ဟု မူဆယ္သစ္သီးပြဲ႐ုံပိုင္ရွင္ စိုင္းျမင့္ဘို က သွ်မ္းသံေတာ္ဆင့္ကိုေျပာသည္။ မူဆယ္ၿမိဳ႕သို႔လာမည့္ ကုန္တင္ ကား သမားမ်ားအေနျဖင့္ က်န္းမာေရး ေထာက္ခံစာပါရမည္ျဖစ္ေၾကာင္း၊ ေထာက္ခံစာပါမွသာလွ်င္ ဝင္ခြင့္ေပးမည္ ျဖစ္ ေၾကာင္းသိရသည္။ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္တြင္ ကားသမားတဦးထံ ကိုဗစ္-၁၉ ေတြ႕ရွိၿပီးေနာက္ ယခုကဲ့သို႔ တင္းၾကပ္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။

သွ်မ္းျပည္ အတြင္းသို႔ အျခားတိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ကုန္တင္ယာဥ္မ်ား ျဖတ္သန္းဝင္ေရာက္လာပါက ကုန္တင္ ယာဥ္ေမာင္းႏွင္သည့္ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ားတြင္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနက (၂) ပတ္ အတြင္း ထုတ္ေပးထားသည့္ Covid-19 ေရာဂါ ကင္းရွင္းေၾကာင္း (Negative) ေထာက္ခံခ်က္ ပါရွိမွသာ ဝင္ေရာက္ျဖတ္ သန္းခြင့္ျပဳ မည္ျဖစ္ေၾကာင္း သိရသည္။ သွ်မ္းျပည္ အတြင္းမွ ကုန္တင္ယာဥ္မ်ား အျခားတိုင္းေဒသႀကီး/ျပည္နယ္ မ်ားသို႔ ထြက္ခြာခြင့္ကို ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔မွ ၁၄ ရက္ထိ ေခတၱရပ္ထားနားမည္ျဖစ္ေၾကာင္း သိရသည္။ https ://burmese.shannews.org/archives/18730

***************

၃၀။ ကိုဗစ္ေၾကာင့္ ကယားျပည္နယ္ အထင္ကရေနရာမ်ား လည္ပတ္ခြင့္ပိတ္
30 September 2020

ကယားျပည္နယ္အတြင္း ကိုဗစ္-၁၉ ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးဆိုင္ရာ လုပ္ငန္းမ်ား ေအာင္ျမင္စြာ ေဖာ္ေဆာင္ ႏိုင္ေရးအတြက္ လူစုလူေဝး မျဖစ္ေပၚေစရန္ ျပည္နယ္အတြင္းရွိ ခရီးသြားလာမႈ၊ လည္ပတ္မႈမ်ားသည့္ အထင္ကရ ေနရာ မ်ားအား ယာယီပိတ္ထားလိုက္ၿပီျဖစ္ေၾကာင္း ကယားျပည္နယ္အစိုးရအဖြဲ႕က စက္တင္ဘာ ၂၉ ရက္တြင္ သတင္း ထုတ္ျပန္ သည္။ ထုတ္ျပန္ခ်က္အရ လြိဳင္ေကာ္ ထီးစဲခါးေရတံခြန္ႏွင့္ ၾကတ္ဂူ၊ ဒီးေမာ့ဆို ေငြေတာင္ဆည္၊ ထီးပြင့္ကန္၊ ကန္ခုနစ္ဆင့္၊ ပန္ ပက္ေက်း႐ြာ၊ တနီးလာလဲ၊ ကြိဳင္ငံႏွင့္ ေရျပာအိုင္(နန္းမယ္ခုံ)၊ ဖ႐ူဆို ထီးပ႐ူႏူဂူႏွင့္ ဆင္ျဖဴေတာင္မ်ားသို႔ လာေရာက္ လည္ ပတ္ခြင့္အား ေအာက္တိုဘာ ၁ ရက္မွ ေအာက္တိုဘာ ၃၁ ရက္ထိ ပိတ္ထားမည္ ျဖစ္သည္ဟု သိရသည္။

အဆိုပါ အထင္ကရ ေနရာမ်ားသည္ အထူးသျဖင့္ ျပည္နယ္ျပင္ပမွ လာေရာက္ၾကသူတိုင္း သြားေရာက္ လည္ပတ္ေလ့ရွိ သည့္ ေနရာမ်ား ျဖစ္ေၾကာင္း သိရသည္။ ျပည္နယ္အစိုးရအဖြဲ႕႐ုံး ၫႊန္ၾကားေရးမွဴး ဦးေက်ာ္သန္းလင္းက “က်ေနာ္တို႔ ျပည္နယ္အတြင္းမွာ ဒီေန႔ထိ ေရာဂါပိုး လုံးဝမေတြ႕ရွိေသးတာေၾကာင့္ ဒါကိုဆက္ထိန္းတဲ့ အေနနဲ႔ေရာ၊ လုံးဝ ျဖစ္ပြားမႈ မရွိေအာင္ ကာကြယ္တဲ့အေနနဲ႔ပါ ခဏပိတ္လိုက္ တာပါ” ဟု ဧရာဝတီသို႔ အတည္ျပဳ ေျပာဆိုသည္။

ျပည္နယ္အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေအာက္တိုဘာ ၁ လလုံး ကယားျပည္နယ္ရွိ ခရီးသည္ သယ္ယူပို႔ေဆာင္ေရး အေဝးေျပးယာဥ္လိုင္းမ်ား ေျပးဆြဲျခင္းကို ရပ္ဆိုင္းထားၿပီး ျပည္နယ္အတြင္း ေျပးဆြဲလ်က္ရွိေသာ ယဥ္လိုင္းမ်ားကိုမူ က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေျပးဆြဲခြင့္ျပဳသြားမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ကယားျပည္နယ္အတြင္းသို႔ ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ေရာက္ရွိလာသူ အားလုံးႏွင့္ ႏိုင္ငံတြင္း မည္သည့္ ေဒသမွမဆို ဝင္ ေရာက္လာသူအားလုံး Community Based Facility Quarantine (၁၄) ရက္ ေနထိုင္ေစၿပီး ဓာတ္ခြဲနမူနာ (၁) ႀကိမ္ ရယူ စစ္ေဆးသြားမည္ျဖစ္ကာ Home Quarantine (၇) ရက္ ထားရွိေဆာင္႐ြက္မည္ဟုလည္း သိရသည္။ https://burma. irrawaddy.com/news/2020/0 9/30/230798. html

***************

၃၁။ ျမဝတီၿမိဳ႕တြင္ ကိုဗစ္အတည္ျပဳလူနာ ၁ ဦး ေသဆံုး
October 1, 2020

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ အမွတ္(၅) ရပ္ကြက္၊ ၿမိဳ့ပတ္လမ္းေန အသက္ (၃၇)ႏွစ္ရြယ္ ကိုဗစ္အတည္ျပဳလူနာ အမ်ိဳးသား (၁)ဦး သည္ ကင္ဆာေရာဂါအခံျဖင့္ စက္တင္ဘာလ ၂၉ ရက္ေန႔က ျမဝတီခရိုင္ျပည္သူ႔ေဆးရံုတြင္ ေသဆုံးခဲ့ေၾကာင္း သိရွိရ သည္။ Hospital Quarantine ထားရွိကာ စက္တင္ဘာ ၂၈ရက္ေန႔တြင္ ၎အား ဓာတ္ခြဲနမူနာ အာေခါင္တုိ႔ဖတ္(swab) ယူ၍ ေပးပို႔စစ္ေဆးခဲ့ရာ စက္တင္ဘာလ(၃၀) ညပိုင္း ထုတ္ျပန္ ခ်က္တြင္ ပါဝင္လာျခင္းျဖစ္သည္။ ၎မွာ Stay at home ေၾကညာထားသည့္ ရန္ကုန္ၿမိဳ႕မွ ျပန္လာသူျဖစ္သည့္အတြက္ ၎အား ကိုင္တြယ္ကုသခဲ့သည့္ ျမဝတီခ႐ိုင္ေဆးရံု ဝန္ထမ္း အားလုံး Quarantine ဝင္ကာ Swab ယူ၍ စစ္ေဆးသြားမည္ဟုလည္း တာဝန္ရွိသူမ်ားက ေျပာသည္။

၎အျပင္ ကြယ္လြန္သူ၏ ဇနီးျဖစ္ေသာ လူနာေစာင့္အမ်ိဳးသမီးမွာ စစ္ေဆးခ်က္အရ Covid- 19 ပိုးမေတြ႔ရွိသလို Covid-19 ပိုးေတြ႔လူနာ ေသဆုံးသူႏွင့္ ဇနီးတို႔သည္ ရန္ကုန္မွေဆး႐ုံ ဆင္း ၿပီး ျမဝတီခရိုင္ေဆး႐ုံးႀကီးသို႔ တိုက္ရိုက္ Quarantine ဝင္ေရာက္ခဲ့ျခင္းျဖစ္ပါသျဖင့္ ယာဥ္ေမာင္းမွလြဲ၍ အျခားမည္သည့္ Contact Person မွ်မ႐ွိေၾကာင္း ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရး မွဴး ဦးေတဇာေအာင္က ေျပာသည္။

ျမဝတီၿမိဳ႕ အမွတ္(၂)ရပ္ကြက္ ခြန္ဆာဝင္းေန ထိုင္းျပန္ အသက္ ၂ ႏွစ္ က ေလးငယ္ (၁)ဦးမွာ ေရာဂါပိုးကင္းစင္၍ ေဆးရံုမွ ဆင္းခြင့္ရခဲ့ၿပီျဖစ္သည္။ ယခု ေနာက္ဆံုး ပိုးေတြ႔ အသက္ (၃၇)ႏွစ္အရြယ္ အမ်ိဳးသား(၁)ဦးမွာ ေသဆံုးခဲ့၍ လက္ရွိတြင္ ျမဝတီခ႐ိုင္ ျပည္သူ႔ေဆးရံု၌ covid-19 ပိုးေတြ႔ အတည္ျပဳလူနာ (၃)ဦးအား သီးသန္႔ေဆာင္တြင္ ေဆးဝါကု သမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။ http://kicnews.org/2020/10/%e1%80%bb%e1%80%99%e1%80%9d %e1% 80%90%e1%80%ae%e1%8

**************

၃၂။ စစ္ေတြဆိပ္ကမ္းကုိ ေရွ႕ႏွစ္ဆန္းပုိင္း စလည္ပတ္ႏုိင္ဖုိ႔ အိႏၵိယနဲ႔ျမန္မာ ေဆြးေႏြး
October 2, 2020

ရခိုင္ျပည္နယ္အတြင္း တည္ေဆာက္ေနတဲ့ စစ္ေတြဆိပ္ကမ္း ၂၀၂၁ ခုႏွစ္ ပထမ သုံးလပတ္အတြင္း လုပ္ငန္း စတင္ လည္ပတ္ႏိုင္ဖို႔ ျမန္မာနဲ႔ အိႏၵိယ ပူးတြဲ ႀကိဳးပမ္းေနတယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရး အတြင္းဝန္ Harsh Shringla က ေျပာပါ တယ္။ ၾကာပသေတးေန႔က ျပဳလုပ္တဲ့ အိႏၵိယ-ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနေတြ အၾကား ညႇိႏိႈင္းေဆြးေႏြးပြဲမွာ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အျမဲတမ္း အတြင္းဝန္ ဦးစိုးဟန္နဲ႔ ေဆြးေႏြးအၿပီး အိႏၵိယ ဘက္က အခုလို ေျပာၾကားလိုက္တာပါ။ အိႏၵိယကေန ျမန္မာႏိုင္ငံကို ျဖတ္ ေက်ာ္ၿပီး ထိုင္းႏိုင္ငံအထိ ဆက္သြယ္မယ့္ သုံးႏိုင္ငံ အေဝးေျပးလမ္းတည္ေဆာက္ရာမွာ ပါဝင္တဲ့ တံတား ၆၉ စင္းတည္ေဆာက္ေရး တင္ဒါ ေခၚယူေရး လုပ္ငန္းေတြကိုေတြလည္း မၾကာခင္ စတင္ေတာ့မယ္လို႔ Shringla က ေျပာပါတယ္။

စစ္ေတြဆိပ္ကမ္းတည္ေဆာက္ေရးက ကုလားတန္ျမစ္ ဘက္စုံ စီမံကိန္းရဲ့ တစိတ္တေဒသ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံရဲ႕ ကုန္းတြင္းပိတ္ အေရွ႕ေျမာက္ဘက္ ျပည္နယ္ေတြ မီဇိုရမ္ ျပည္နယ္ကတဆင့္ ပင္လယ္ထြက္ေပါက္ ရရွိေရးအတြက္ အေရးပါတဲဲ့ စီမံကိန္း ျဖစ္ပါတယ္။ ပုဂၢလိက ကုမၸဏီေတြနဲ႔ ဆိပ္ကမ္းလုပ္ငန္းေတြ စတင္ႏိုင္တဲ့အခါမွာ အိႏၵိယ ကုန္ပစၥည္း ေတြကို ကုလားတန္ျမစ္ကတဆင့္ စစ္ေတြဆိပ္ကမ္းအေရာက္ေပးပို႔ႏိုင္မွာ ျဖစ္ပါတယ္။ လုံျခဳံေရးဆိုင္ရာ ပူးေပါင္းေဆာင္ ရြက္မႈေတြ တိုးျမႇင့္နိုင္တဲ့အေၾကာင္းနဲ႔ ႏွစ္ႏိုင္ငံအၾကား တရားခံလႊဲေျပာင္းေပးေရး သေဘာတူညီခ်က္ ရႏိုင္ဖို႔ ျမန္မာႏိုင္ငံ ဘက္က အရွိန္ျမႇင့္ လုပ္ေဆာင္ေပးဖို႔ကိုလည္း အိႏၵိယ ႏိုင္ငံျခားေရး အတြင္းဝန္က ေတာင္းဆို ထားပါတယ္။

ရခိုင္အေရးကိစၥကိုလည္း ေဆြးေႏြးခဲ့ရာမွာ အိႏၵိယအေနနဲ႔ ျမန္မာနဲ႔ ဂ်ပန္ႏိုင္ငံနဲ႔အတူ ရခိုင္ျပည္နယ္အတြင္း သုံးႏိုင္ငံ ပူးေပါင္း ေဆာင္ရြက္ေရးလုပ္ငန္းေတြမွာ ပါဝင္လာခဲ့ၿပီျဖစ္ပါတယ္။ ျပည္တြင္းက အိုးအိမ္စြန္႔ခြာ ေရႊ႕ေျပာင္းေနထိုင္ရသူေတြ ေဘးရန္ကင္းကင္းနဲ႔ ေစာစီးစြာ ေနရပ္ျပန္နိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနတယ္လို႔လည္း အိႏၵိယ ႏိုင္ငံျခားေရး အတြင္းဝန္ Shringla က ေျပာပါ တယ္။ https://burmese.voanews.com/a/sittwe-india-myanmar-project-/5605 881.html

**************

၃၃။ ျမဝတီခ႐ိုင္ျပည္သူ႔ေဆးရံုတြင္ Covid-19 အတည္ျပဳလူနာ ၃ ဦး ေဆးကုသမႈခံယူေန၊ ၎တို႔ႏွင့္ ထိေတြ႔ခဲ့သူ ၇၀ နီးပါး Quarantine ထား႐ွိ
September 30, 2020

ျပည္တြင္း ကူးစက္မႈျမင့္မားလ်က္ရွိေသာ ရန္ကုန္တိုင္းေဒသႀကီးမွ ျမဝတီၿမိဳ႕သို႔ ေရာက္ရွိလာသူ (၃)ဦးထံမွ Covid-19 ေရာဂါပိုးေတြ႔ရွိ၍ ျမဝတီခ႐ိုင္ျပည္သူ႔ေဆးရံုတြင္ ေဆးကုသမႈ ေပးထားၿပီး ၎တို႔ႏွင့္ ထိေတြ႔ခဲ့သူ (၇၀) ဦးခန္႔အား Quarantine ထားရွိကာ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ဟု ျမဝတီခ႐ိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာသည္။

ရန္ကုန္ၿမိဳ႕မွ စက္တင္ဘာ ၁၆ ရက္ေန႔က ျပန္လာၿပီး ၂၃ ရက္ေန႔က ျမဝတီခ႐ိုင္ေဆးရံုတြင္ ပဏာမ စစ္ေဆး စဥ္ Covid-19 ေရာဂါပိုးေတြ႔႐ွိသူ ျမဝတီၿမိဳ႕ သဃၤန္းညီေနာင္ ၿမိဳ႕သစ္ ၇ လမ္းမွ အသက္ ၄၇ ႏွစ္အရြယ္ အမ်ိဳး သမီး (၁)ဦး၊ စက္တင္ဘာ လ ၁၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ေရာက္ရွိၿပီး ၂၀ ရက္ေန႔တြင္ ျမဝတီ အ ထက(၁) Quarantine Center တြင္ အသြားအလာကန္႔သတ္ထားသူ အသက္(၂၁)အရြယ္ အမ်ိဳးသား(၁)ဦး ႏွင့္ စက္တင္ဘာလ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ေရာက္ရွိၿပီး ဟိုတယ္တစ္ခုတြင္ တည္းခိုေနထိုင္ၿပီး စက္တင္ဘာလ ၂၂ ရက္ေန႔တြင္ ျမဝတီ အ.ထ.က(၁) Quarantine Center တြင္ အသြားအလာ ကန္႔သတ္ထားသူ အသက္ (၅၆)ႏွစ္ အရြယ္ အမ်ိဳးသား(၁)ဦး စုစုေပါင္း ကိုဗစ္ အတည္ျပဳလူနာ (၃)ဦးကို သီးသန္႔ထားရွိကာ ေဆးဝါးကုသမႈျပဳလုပ္ေနေၾကာင္း ဦးေတဇာေအာင္က ေျပာသည္။ ယင္းတို႔ ၃ ဦးႏွင့္ ထိေတြ႔ခဲ့သည့္ contact persons စုစုေပါင္း (၇၀)ဦးခန္႔အား ျမဝတီၿမိဳ႕ တိုးခ်ဲ႕ မဲကနယ္ Quarantine Center တြင္ သီးသန္႔ထားရွိကာ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္သြား မည္ဟု ျမဝတီခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆက္ေျပာ သည္။

“ရန္ကုန္တိုင္း ေဒသႀကီးအပါအဝင္ stay at home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြက ျပန္လာသူေတြကို ျမဝတီၿမိဳ႕အဝင္ သဃၤန္းညီေနာင္စစ္ေဆးေရးဂိတ္မွာ စက္တင္ဘာလ ၂၃ ရက္ေန႔မွ စၿပီး ပိုမိုတင္းၾကပ္ကာ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ျမဝတီ အ.ထ.က(၁) ေက်ာင္းမွာ ဖြင့္လွစ္ထားတဲ့ Quarantine စခန္းမွာ ထားရွိၿပီး လိုအပ္တဲ့ က်န္းမာေရးေစာင့္ၾကည့္မႈေတြ ျပဳလုပ္လ်က္႐ွိပါတယ္”ဟု ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာသည္။ http://kicnews.org /2020/09/%e1% 80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 62 , October 2, 2020)

၁။ ကော့ကရိတ်လမ်းဟောင်း တပ်မတော်သားပစ်သတ်ခံရမှုကိစ္စ စွပ်စွဲပြောဆိုမှု အခြေအမြစ်မရှိကြောင်း KNU တုံ့ပြန်

၂။ လူနှစ်ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ လူတစ်စုကို ကော်သူးလေတရားရေးအရ အရေးယူနိုင်ရန် စီစဉ်

၃။ မွန်ညီညွတ်ရေးပါတီ၏ မွန်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း မွန်ပြည်သစ်နယ်မြေတွင် မဲဆွယ်မရဖြစ်နေ

၄။ KIO ထိန်းချုပ်နယ်မြေ အဝင်အထွက်အားလုံး ပိတ်

၅။ ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာ တောပိုင်းသို့ အစိုးရတပ်ပစ်ခတ်

၆။ ချင်းပြည်နယ် ဒုတိယအကြိမ် မဲစာရင်းပထမအကြိမ် မဲစာရင်းထက် ၁ သောင်းကျော်လျော့နည်း

၇။ ကယားဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်မှု အခြေခံဥပဒေဆိုင်ရာ ခုံရုံး ကြားနာမည်

၈။ မဲဆွယ်မိန့်ခွန်း ဆင်ဆာ ဖြတ်သည့်ကိစ္စ ထားဝယ်တိုင်းရင်းသားများပါတီ ကြေညာချက် ထုတ်ပြန်

၉။ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေး လွှတ်တော်အသီးသီးသို့တင်ပြသွားရန် မွန်ညီညွတ်ရေးပါတီက မူဝါဒ ချမှတ်ထား

၁၀။ မြစ်ဆုံစီမံကိန်းကို လာမည့်အစိုးရလက်ထက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဒေသခံများပြော

၁၁။ ချင်းပါတီ CNLD ကို မဲပေးထောက်ခံကြရန် ချင်းလူငယ်ကွန်ယက်တောင်းဆို

၁၂။ ဧရာဝတီ ကရင်လူငယ်ကော်မတီမှ ကရင်ပါတီ မဲဆွယ်စည်းရုံးရေးများအတွက် ကူညီမှုများစတင်

၁၃။ နမ္မတူမြို့နယ် အတွင်း ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ခံရသည့် အလောင်းတွေ့

၁၄။ မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ

၁၅။ သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်

၁၆။ ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ ယခုလ အောက်တိုဘာလထဲတွင်ကျင်းပမည်

၁၇။ လူသတ်တရားခံ တပ်မတော်သားတွေ ပြန်လွှတ်ပေးတဲ့အဖြစ်မျိုး နောင်မဖြစ်ဖို့ ကုလမှာ မြန်မာကတိပေး

၁၈။ ရခိုင့်ဦးဆောင်ပါတီက ရုပ်မြင်သံကြားတွင် မဲဆွယ်စည်းရုံးရေးအတွက် ရိုက်ကူးရေး မပြုလုပ်တော့ဟုဆို

၁၉။ မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာတွင် ကရင်အမျိုးသားပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

၂၀။ ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းသူနှင့် သုံးစွဲသူများလာ

၂၁။ မင်းပြားတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

၂၂။ COVID ကာလ Stay at Home အစီအစဉ်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်ဒေသရှိ သိန်းနှင့် ချီသော ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေ

၂၃။ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဖျားနာသူများပြားလာနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ

၂၄။ တီးတိန်မြို့နယ် သစ်တောနယ်မြေက နေအိမ်တွေကို ဖယ်ရှားခိုင်း

၂၅။ အမ်းတွင် နောက်ပြန်လက်ပြန်ကြိုးချည် ထားသော ပုတ်ပွအလောင်း ၂လောင်းတွေ့ရှိရပြီး ပိုင်ရှင် မသိရသေး

၂၆။ ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်

၂၇။ စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားသူ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရ

၂၈။ စစ်တွေမှာ ဒုက္ခသည် ထောက်ပံ့ငွေ ဖြတ်တောက်ခံနေရ

၂၉။ ကုန်တင်ယာဉ် နှင့် ခရီးသည်ယာဉ် များ ထွက်ခွာခွင့် ၁၄ ရက် ပိတ်မည်

၃၀။ ကိုဗစ်ကြောင့် ကယားပြည်နယ် အထင်ကရနေရာများ လည်ပတ်ခွင့်ပိတ်

၃၁။ မြဝတီမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး သေဆုံး

၃၂။ စစ်တွေဆိပ်ကမ်းကို ရှေ့နှစ်ဆန်းပိုင်း စလည်ပတ်နိုင်ဖို့ အိန္ဒိယနဲ့မြန်မာ ဆွေးနွေး

၃၃။ မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ၃ ဦး ဆေးကုသမှုခံယူနေ၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၇၀ နီးပါး Quarantine ထားရှိ

***************

၁။ ကော့ကရိတ်လမ်းဟောင်း တပ်မတော်သားပစ်သတ်ခံရမှုကိစ္စ စွပ်စွဲပြောဆိုမှု အခြေအမြစ်မရှိကြောင်း KNU တုံ့ပြန်
October 1, 2020 787

မြဝတီ-ကော့ကရိတ်လမ်းဟောင်းတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သားများ၏ ပစ်သတ်ခံရမှုဖြစ်စဉ်တွင် KNU -ကရင် အမျိုးသားအစည်းအရုံး တပ်ဖွဲ့ဝင်များ၏ ပါဝင်ပတ်သက်မှုများရှိကြောင်း တပ်မတော်ဘက်မှ ပြောဆိုမှု အပေါ်အခြေအမြစ် မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးက ပြန်လည်တုံ့ပြန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့က မြဝတီ-ကော့ကရိတ် လမ်းဟောင်းတွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သား ၂ ဦး ပစ်သတ် ခံရမှုနှင့် မိုင်းထောင်မှုဖြစ်စဉ်တွင် ပါဝင်သူများကို ဖမ်းဆီးရမိထားပြီး စစ်ဆေးချက်အရ KNU တပ်ဖွဲ့ဝင်များဖြစ်သည်ဟု တပ်မတော်ဘက်မှ ပြောဆိုခဲ့ခြင်းအပေါ် KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ယခုလို ပြောဆိုခဲ့သည်။ ၎င်းက “နံပါတ်တစ်က ဒီကိစ္စက လုံးဝမဟုတ်ဘူးပေါ့နော်။ သူတို့(စစ်တပ်) စွပ်စွဲတဲ့ဟာတွေကလည်း ကျနော်တို့ အတွက် အခြေအမြစ်မရှိဘူး။ ဘာဖြစ်လဲဆိုတော့ တကယ်လို့ KNU လူဆိုရင် သူတို့မှာ ကိုယ်ပိုင်နံပါတ်တွေ အကုန်လုံးရှိတယ်လေ။ ထုတ်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကျနော်တို့ မသိဘူးဒါကတော့ တပ်မတော်ဘက်ကထွက်လာတဲ့ သူပြောတဲ့ပုံစံ အရတော့ ဟိုကထုတ်ပြောလို့ပေါ့နော်။ ဒီလိုမျိုးလူတစ်ယောက်ယောက်က သူ့ပါသူပြောတဲ့ကိစ္စကို အထောက်အထား မရှိဘဲ နဲ့ ကျနော်တို့ကို အဲ့လို စွပ်စွဲတဲ့ကိစ္စမျိုးက မဖြစ်သင့်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို နယ်ခြားစောင့်တပ်(BGF)နှင့် တပ်မတော်တို့မှ မသင်္ကာသည့် နေရာအချို့ကို လုံခြုံရေးဆောင်ရွက်နေစဉ် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်နေ့က ဖမ်းဆီးရမိပြီး ကနဦး စစ်ဆေးချက်များအရ KNU ၏ တပ်ဖွဲ့ဝင်များဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ ယမန်နေ့ (စက်တင်ဘာ ၃၀) က ပြော ဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကျူးလွန်သူများမှာ ၃ ဦးဖြစ်ပြီး ၂ ဦးကို ဖမ်းမိထားက ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ် ကြောင်း ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ KNU တပ်ဖွဲ့ဝင်များဖြစ်ပြီး အမြဲတမ်းတပ်ဖွဲ့ဝင်များ မဟုတ်သလို ၎င်းတို့ကို မည်သူကခိုင်းစေကြောင်း ထုတ်ဖော်ပြောဆို နိုင်ခြင်းမရှိသေးကြောင်းနှင့် KNU ၏ အောက်ခြေအဆင့်မှ ခိုင်းစေခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့် သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်နေစဉ် ကာလအတွင်း ထိုသို့ အချက်အလက် ခိုင်လုံ မှုမရှိဘဲ အပြန်အလှန် စွပ်စွဲပြောဆိုမှုများကြောင့် လက်ရှိဖော်ဆောင်သွားနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ထိခိုက်မှုရှိလာနိုင် ကြောင်း နှင့် ၎င်းပြောဆိုမှုအပေါ် ကန့်ကွက်သွားမည်ဖြစ်ကြောင်း KNU ဘက်က ဆိုသည်။ http://kicnews.org/2020/10 /%e1%80%b1%e1%80%80%e1% 80%ac %e1%80%b7%e1%80%80%e1%

***************

၂။ လူနှစ်ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ လူတစ်စုကို ကော်သူးလေတရားရေးအရ အရေးယူနိုင်ရန် စီစဉ်
September 29, 2020

ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ပိုင်ကျုံ(လှိုင်းဘွဲ)မြို့နယ်၊ သေ့မော်ကလူ့ အုပ်စုတွင် စက်တင်ဘာလ အစောပိုင်း က ဖြစ်ပွား ခဲ့သော လူနှစ်ဦးအား သတ်ဖြတ်ခဲ့သည့် လူတစ်စုကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကော်သူးလေ တရား ရေးအရ အရေးယူနိုင်ရန် စီစဉ်နေကြောင်း KNU ဘက်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က နွားအငှားလာရောက်ပို့ဆောင်ကြသည့် မယ်ပလာခီး ရွာသားနှစ်ဦးအား ဒေသအ ခေါ် လယ့်ကဆောနေရာအရောက်တွင် အဆိုပါ လူအုပ်စုက ဖမ်းဆီးချုပ်နှောင်ပြီး မသေမချင်း သတ်ဖြတ် ခဲ့ခြင်းကြောင့် ကျူးလွန်သူအပါအဝင် ညွှန်ကြားသူကိုပါ KNUမှ ဖမ်းဆီးခဲ့ပြီး အရေးယူနိုင်ရန် ဆောင် ရွက်လျက်ရှိသည်ဟု KNU အတွင်း ရေးမှူး (၂) ပဒိုစောလှထွန်းက ပြောသည်။ “ ဒီကိစ္စက ရာဇဝတ်မှု ဖြစ်တဲ့အတွက် သက်ဆိုင်ရာအမှုကိစ္စတွေ အမှန်ဖြစ် ပေါ်ရေးအတွက်ကတော့ KNPF (ကရင်အမျိုးသားရဲတပ်ဖွဲ့)ကို တာဝန်ပေးထားတာပေါ့။ ဖာအံခရိုင်၊ တပ်မဟာ (၇) ဘက်က ဖြစ်တဲ့ အ တွက် ခရိုင်အုပ်ချုပ်ရေး ဘက်ကကော တပ်မဟာဘက်ကကော ဝိုင်းပြီးတော့ တာဝန်ယူလုပ်ဆောင်ပေးတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။ ကရင်လက်နက်ကိုင်အား လုံးပါဝင်သည့် ခုံရုံးဖွဲ့စစ်ဆေးပြီး ကော်သူးလေ တရားဥပဒေ အတိုင်း စီရင်မှုများပြုလုပ်ရန် သဘောထားရှိခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ငန်းစဉ်၏ နောက်ဆုံးအခြေအနေ တင်ပြမှုမှာ ဗဟိုသို့ မရောက်ရှိသေးကြောင်း ပဒိုစောလှထွန်းက ဆက်ပြောသည်။

အဆိုပါ လူသတ်မှုကို အဓိက ကျူးလွန်သူမှာ သုံးဦးဖြစ်ပြီး ပါဝင်ပတ်သက်သူများနှင့် အဓိက ညွန်ကြားသူ မှာ ဒေသ၏ ဖိုးရသေ့ခေါ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ခံယူထားသူဖြစ်ပြီး အားလုံးစုစုပေါင်း (၁၆)ဦး ခန့်ရှိ ကြောင်းနှင့် ၎င်းတို့ကို ခရိုင်အဆင့် ကရင်အမျုးိသားရဲတပ်ဖွဲ့-KNPF မှ စစ်ဆေးမှုအရ ပြစ်မှုကျူးလွန်မှုကို ဝန်ခံထားကြောင်း KNU တပ်မဟာ(၇) တာဝန်ရှိသူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည့် ရုပ်သံ မှတ်တမ်းတစ်ခုအရ လက်ထိတ်ဖြင့် လက်နောက်ပြန်ခတ်ကာ မှောက်လျက်သား အရပ်ဝတ်လူ ၂ ဦး အား လူအုပ်စုတစ်စုက ရိုက်နှက်၊ ကန်ကျောက်ပြီး ဦးခေါင်း၊ လည်ပင်းနှင့် နံကြားနေရာများကို ဓားမြောင်ဖြင့် အခါခါ ထိုးသွင်းမှုများ လုပ်ဆောင်ကြသည်ကို တွေ့မြင်ရသည်။ http://kicnews.org/category/article/

***************

၃။ မွန်ညီညွတ်ရေးပါတီ၏ မွန်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း မွန်ပြည်သစ်နယ်မြေတွင် မဲဆွယ်မရဖြစ်နေ
September 30, 2020

လက်ရှိ ကိုဗစ်ရောဂါပိုးကူးစက်မှုအရှိန် မြင့်မားနေသည့်ကာလ၌ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင် ခရိုင်နယ်မြေအတွင်း လူစိမ်းများဝင်ရောက်ခွင့်မပြုသဖြင့် မွန်ညီညွတ်ရေးပါတီ MUP ကရင်ပြည်နယ်လွှတ်တော် မွန် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်လောင်း ကိုယ်တိုင်လာရောက် မဲဆွယ်မရဖြစ်နေကြောင်း မွန်သတင်း အေဂျင်စီသို့ ပြော သည်။

“ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်ပါတီနယ်မြေမှာ အပြင်လူစိမ်းတွေ လာခွင့်မရှိဘူး ကန့်သတ်ထားတယ်၊ အဲဒီနေရာ တွေကို မဲဆွယ်စည်းရုံးဖို့ ကျနော်လည်း သွားဖြစ်တော့မှာ မဟုတ်ပါဘူး၊ ကျနော့်ကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးသည့်တိုင် အောင် မသွားဖို့ဆုံးဖြတ်ထားတယ် ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွက်ကြောင့် ဒေသခံတွေငြိုငြင်မှုမရှိစေရအောင် ကိုယ်ကရောဂါပိုးမရှိပေမယ့် သံသယအဖြစ်မခံချင်လို့ပါ”ဟု MUP ကရင်ပြည်နယ်လွှတ်တော် မွန်တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်လောင်း နိုင်ထွန်းလွင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကရင်ပြည်နယ်အတွင်း ထောက်ခံချက်အမျိုးမျိုးဖြင့် တစ်နေရာမှတစ်နေရာ ခရီးသွားလာနေရသည့်အတွက် မွန်တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် လောင်း တစ်ဦးအနေဖြင့် ပြည်နယ်တစ်ခုလုံးရှိ မွန်ကျေးရွာများသို့ ကိုယ်တိုင်သွား ရောက် မဲဆွယ်နိုင်မည့် အနေအထား မရှိနိုင်သည်ကို မွန်တိုင်းရင်းသားများ နားလည်ခွင့်လွှတ်စေလိုကြောင်း နိုင်ထွန်းလွင် က ဆက်ပြောသည်။

“ကြားအင်းဆိပ်ကြီးမြို့နယ်က ကျနော်တို့မွန်ပြည်သစ်နယ်မြေမှာဆိုရင် နိုင်ငံရေးပါတီတိုင်းကို ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း မဲဆွယ်စည်းရုံးခွင့်ပြုထားပါတယ် ဥပမာ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေဆိုရင် ကြာအင်းဆိပ်ကြီး မြို့နယ်အဆင့် ဒီဒေသခံပါတီအဖွဲ့ဝင်တွေကိုပဲ လူထုနဲ့တွေ့ဆုံစည်းရုံးဖို့ ခွင့်ပြုပေးထားပါတယ် အပြင်လူတွေ လာရောက် စည်းရုံးခွင့်မပြုပါဘူး”ဟု မွန်ပြည်သစ်ပါတီ Covid-19 ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ(ဗဟို) ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်၊ ကယား နှင့် ကရင်ပြည်နယ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌတို့၏ စက်တင်ဘာ ၂၉ ရက်နေ့ အွန်းလိုင်းစကားဝိုင်း၌ မွန်ပြည်သစ် ပါတီနယ်မြေတွင် မွန်နှင့်ပတ်သက်သည့် ပါတီများကိုသာ ဝင်ရောက်ခွင့်ပြုကြောင်း NLD ပါတီ ကရင်ပြည်နယ် အောင်နိုင် ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က စွပ်စွဲပြောဆိုခဲ့သည်။ http://burmese.monnews.org/2020/09/30/%e1%80% 99%e1%80%bd %e1%80% 94%e1%80%ba%e1%

***************

၄။ KIO ထိန်းချုပ်နယ်မြေ အဝင်အထွက်အားလုံး ပိတ်
1 October 2020

မြန်မာပြည်တွင် Covid-19 ကပ်ရောဂါ ကူးစက်ခံရသူ ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ရာဒေသသို့ ဝင်ထွက်သွားလာမှုများအားလုံးကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း KIO Covid-19 ကာကွယ်တားဆီးရေးကော်မတီမှ ထုတ်ပြန်ထားသည်။

အစိုးရထိန်းချုပ်နယ်မြေမှ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သောသူများသည် KIO ထိန်းချူပ်ရာဒေသအတွင်းသို့ ရောက်လာသောကြောင့် ယခုလိုအဝင်အထွက်ပိတ်လိုက်ခြင်းဖြစ်သည်ဟု KIO Covid-19 ကာကွယ်တားဆီးရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်းဝေါမ် က ယခုလိုပြောသည်။ “မြန်မာနိုင်ငံအတွင်း ကူဗစ်ကူးစက်လူနာများပြားလာသည် နှင့်အညီ ကိုဗစ်ကူးစက်ခံရတဲ့ လူနာများနှင့်ထိတွေ့ခဲ့တဲ့ မြို့ကြီးတွေကနေ KIO ထိန်းချုပ်ရာဒေသကို တစ်ယောက် နှစ် ယောက် ဝင်လာတဲ့အတွက် အချိန်အတိုင်းအတာ တစ်ခုထိ ရောဂါကူးစက်မှုလျော့ကျတဲ့အထိ ပိတ်ပင်ဖို့ ဆိုတဲ့ရည်ရွယ်ချက် လုပ်ဆောင်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ဟိန်းဝေါမ် က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိုင်ဆတ်ပါ (Maisak Pa) ဂိတ်မှတဆင့် KIO နယ်မြေသို့ ဝင်ရောက်လာသော မည်သူတစ်ဦး တစ်ယောက်ကိုမျှ ဝင်ရောက်ခွင့်မပြုကြောင်း၊ ကုန်ပစ္စည်းသယ်ဆောင်သည့် မည်သည့်ယာဉ်ကိုမျှ ဝင်ခွင့်မပြုကြောင်းနှင့် စားသောက်ဆိုင်များတွင် စုပေါင်းစားသောက်ခြင်းမပြုပဲ ပါဆယ်ထုတ် စနစ်ဖြင့်သာရောင်းချရန် ဟူသည့် အချက် (၃) ချက် ပါရှိသည်။ ထုတ်ပြန်ချက်သည် KIO ထိန်းချူပ်ရာဒေသ မိုင်ဆတ်ပါ ဝင်ပေါက် သာမက မိုင်ဂျာယာန် နှင့် အခြားKIO ထိန်းချုပ်နယ်မြေရှိ ဂိတ်များ အားလုံးအကျူံးဝင် ကြောင်း၎င်းကဆက်ပြောသည်။ KIO ထိန်းချူပ်ရာဒေသရှိ လူဦးရေ အယောက် ၁၀၀ ကျော်ကို တရုတ်နိုင်ငံအကူအညီဖြင့်စစ်ဆေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ကွာရန်တင်းနေရာ ၄ ခုတွင် လူဦးရေ ၂၀၀ ခန့်ရှိနေကြောင်း သိရသည်။ https://burmese.kachinnews.com/2020/10/01/kio-%e1%80%91%e 1%80% ad%e1%80%94%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80

****************

၅။ ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားရာတောပိုင်းသို့ အစိုးရတပ်ပစ်ခတ်
September 30, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားနေထိုင်ရာတောပိုင်းက်သို့ အစိုးရတပ်မတော်မှ စစ်ကြောင်း ၂ ကြောင်းထိုးကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် အင်အားဖြင့် ပစ်ခတ် ခဲ့ကြောင်းသိရသည်။

စက်တင်ဘာလလ ၃၀ ရက်နေ့ နံနက်ပိုင်းက အစိုးရတပ်မတော်စစ်ကြောင်းတစ်ကြောင်းကကျောက်မဲမြို့ ကျွဲကုန်းမှ နောင်ပိန်အွန်၊ ထိုမှတဆင့် နားပိန်း-နားပုံသို့လည်းကောင်း၊ ကျန်စစ်ကြောင်းတစ်ကြောင်းကလည်း ကောင်းဟုန်းမှ နားပုံ-နားပိန်းဘက်သို့လည်းကောင်း တက်လာကြပြီး RCSS/SSA လှုပ်ရှားရာ ကျောက်မဲမြို့ အရှေ့မြောက်ဘက် ၅ မိုင် ၆ မိုင်အကွာရှိ တောပိုင်းသို့လက်နက်ကြီးငယ်ပစ်ခတ်ခဲ့ကြကြောင်း နောင်ပိန်-ဂုတ်တွင်း ဒေသခံများကပြောသည်။ နောင်ပိန် ဒေသခံတဉီးက – “ဒီနေ့မနက် ၇ နာရီလောက်က အစိုးရစစ်ကြောင်းတစ်ကြောင်းကျွဲကုန်းဘက်ကတက်လာတယ်။ နောက် တကြောင်းက ကောင်းဟုန်းဘက်ကတက်လာတယ်။ နားပုံရွာကထွက်တာနဲ့ လက်နက်ကြီးငယ်နဲ့ အရပ်မျက်နှာအဘက် ဘက်ကို ပစ်ခတ်တယ်။ RCSS/SSA ဘက်ကတော့ ပြန်ပစ်ခတ်တာမကြားမိဘူး”- ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

၎င်းနှင့်ပတ်သက်ပြီး RCSS/SSA ၏စစ်မြေပြင်အတွင်း အရာရှိတဉီးက“သူတို့ဘက်ကတဘက်တည်းပစ်ခတ်နေတာ။ သစ်ပင် ခြုံပုတ်တွေထဲပစ်ခတ်တာ။ ကျနော်တို့တပ်စခန်းကို တိုက်ရိုက်မပစ်ခတ်လာလို့ ကျနော်တို့လည်းပြန်မပစ်ခတ်ခဲ့ပါဘူး”ဟု သျှမ်းသံတော်ဆင့်အားပြောသည်။ နားပုံ နားပိန်းရွာသားတဉီးကလည်း -” ကျနော်တို့ဒေသမှာRCSS/SSA လှုပ်ရှား လာတာ ဟိုးအရင်ကတည်းကဘဲ။ ခုချိန်ထိတော့ ထွက်ပြေးရမလားမထွက်ပြေးရမလား မသိသေးဘူး။ စောင့်ကြည့်နေသေးတယ် အခြေအနေ “- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။ https://burmes .shannews.org/archives/18720

****************

၆။ ချင်းပြည်နယ် ဒုတိယအကြိမ်မဲစာရင်း ပထမအကြိမ် မဲစာရင်းထက် ၁သောင်းကျော်လျော့နည်း
October 1, 2020

၂၀၂၀ ပါတီစုံရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်းမဲစာရင်းကို ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ဒုတိယအကြိမ် ပြန်လည်ကပ်ထားပြီး မဲထည့်မည့်ဦးရေ ၃၃၁၆၉၈ ဦး ရှိပြီး ပထမအကြိမ် မဲစာရင်းထက် ၁ သောင်းကျော် လျော့နည်းသွားကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံ မှ သိရသည်။

“ကျွန်တော်တို့ စီစစ်ပြီးတော့ ပုံစံ(၃)နဲ့လျှောက်တဲ့သူပြန်ဖြည့်ရတဲ့ဟာရှိတယ်၊ပုံစံ(၄)နဲ့ ကန့်ကွက်တဲ့သူ ပြန်ဖြုတ်ရတဲ့ သူရှိ တယ်၊ ပြီးတော့ တစ်အိမ်တက်ဆင်း ပြန်လုပ်ကျသေးတယ်၊ ရပ်ကွက်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်နဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ ပေါင်းပြီးတော့ပေါ့၊ လုပ်တဲ့အခါမှာ မတွေ့တော့တဲ့လူတွေပါရှိတယ်၊ ပြန်ဖြုတ်ရတဲ့ဟာတွေရှိတယ်၊ တစ်ချို့ကတော့ ရူးသွပ် တဲ့ လူတွေပါနေတော့ ကန့်ကွက်တဲ့သူတွေလည်း မရှိပဲနဲ့လည်း၊ အဲဒီလူတွေကိုကျွန်တော်တို့ ပြန်ဖြုတ်ရတယ်ပေါ့၊ door to door လုပ်ပြီးတော့ စီစစ်တဲ့အခါမှာ မလျှောက်ပဲနဲ့ ကျန်နေသေးတဲ့ လူတွေကိုလည်းပြန်ထည့်တယ်၊ ပထမအကြိမ် မဲကပ်တဲ့ အခါမှာ ပုံစံ(၄)နဲ့ ပြန်ဖြုတ်တဲ့ဟာတွေလည်းရှိတယ်၊ ပြီးတော့မြေပြင်မှာဖြုတ်သင့်တဲ့လူတွေကို ဥပဒေအရ ပြန်ပြီးပယ်ဖျက် လိုက်တဲ့ဟာတွေရှိတယ်၊ အဲဒီနှစ်ခုခြားနားလိုက်တဲ့အခါမှာ လျော့သွားတယ်ပေါ့” ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။

ပထမအကြိမ်မဲစာရင်းကပ်ထားချိန်တွင် မဲစာရင်းတွင် ကျား ၁၅၉၆၂၅ ဉီး မ ၁၇၂၀၇၃ ဦး စုစုပေါင်း ၃၄၂၁၃၇ ဦး ရှိပြီး ၊ ယခု ဒုတိယအကြိမ် ကပ်ထားချိန်တွင် ၃၃၁၆၉၈ ဦး ရှိပြီး မဲစာရင်းတွင်ပါရှိသူဦးရေ ၁ သောင်းကျော် လျော့နည်းသွားကြောင်း သိရသည်။ ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲစာရင်းဒုတိယအကြိမ်ပြန်လည် ကပ်ထားကြေညာပြီး ယနေ့ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး နာမည်စာရင်းမပါပါက ပုံစံ(၃) ဖြင့် ပြန်လည်လျှောက်ထားလို့ ရကြောင်းလည်းသိရသည်။ https://www.chinworld.org/2020/10/01/%e1% 80%81%e1 %80%bb%e1%80%84%e1%80%ba%e1%80

***************

၇။ ကယားဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲပြစ်တင်မှု အခြေခံဥပဒေဆိုင်ရာခုံရုံး ကြားနာမည်
1 October 2020

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့မှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက လာမယ့် အောက်တိုဘာ ၆ ရက်မှာ e-Court စနစ်နဲ့ ကြားနာသွားဖို့ရှိနေပါတယ်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ(ခ) နဲ့ (ဂ) တို့ကို အနက်အဓိပ္ပါယ်ဖွင့်ပေးဖို့ တင်သွင်းထားတဲ့အပေါ် ကြားနာမှာ ဖြစ်ပါတယ်။ အမှုကြားနာမှာနဲ့ ပတ်သက်ပြီး လာမယ့် အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီမှာ ယူကျုကနေ တိုက်ရိုက် ထုတ်လွှင့်မယ်လို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက ကြေညာပါတယ်။

ကြားနာမယ့်အထဲမှာ အချက် ၃ ချက်ပါရှိပါတယ်။ အဲဒီအချက်တွေကတော့ ဦးအယ်လ်ဖောင်းရှိုကို နိုင်ငံတော်သမ္မတက စက်တင်ဘာ ၃ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၂၄/၂၀၂၀ နဲ့ ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲပြီးဖြစ်တဲ့အတွက် သူဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာတင်သွင်းခွင့် ရှိသူဟုတ်မဟုတ် ကြားနာမှာဖြစ်ပါတယ်။ ဒါ့အပြင် စွပ်စွဲ ပြစ်တင်သူ ၅ ဦး ထဲက ဦးသိန်းအောင် (ခ) ဦးစဲရယ် နုတ်ထွက်သွားတဲ့အတွက် လွတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ အနည်းဆုံး လေးပုံတပုံ ပြည့်ခြင်းမရှိတော့တဲ့ အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ခ)ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိ/မရှိ ကို ကြားနာမှာဖြစ်ပါတယ်။

ဦးအယ်ဖောင်းရှိုအပေါ် စွပ်စွဲ ပြစ်တင်ချက်ကို စုံစမ်းစစ်ဆေးနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာမှာ စွပ်စွဲပြစ်တင်ရာမှာ ပါဝင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦးကို ထည့်သွင်းဖွဲ့စည်းထားတာဟာလည်း ပုဒ်မ ၂၆၃ (ဂ) အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုအပ်ခြင်း ရှိမရှိ ကြားနာသွားမှာဖြစ်ပါတယ်။ အမှုကြားနာမှုအတွင်း ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဘက်က တရား လွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး လိုက်ပါဆောင်ရွက်မှာဖြစ်ပေမယ့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကတော့ ကြားနာမှု အတွက် ကိုယ်တိုင်ပါဝင်ဖို့ စာရင်းပေးထားပါတယ်။ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတထံပေးပို့ပြီး သမ္မတကလည်း ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။ http://burmese.dvb.no/archives/413897

*****************

၈။ မဲဆွယ်မိန့်ခွန်း ဆင်ဆာ ဖြတ်သည့်ကိစ္စ ထားဝယ်တိုင်းရင်းသားများပါတီ ကြေညာချက် ထုတ်ပြန်
September 29, 2020

နိုင်ငံပိုင် မီဒီယာများဖြစ်သည့် ရေဒီယို၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တို့က ထုတ်လွှင့်ပေးမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောချက် မိန့်ခွန်းစာသား လေးပုံတစ်ပုံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် – UEC က ဖြတ်တောက်လိုက်ခြင်းနှင့်ပတ်သက်၍ ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ဟောပြောချက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကို ဆင်ဆာဖြတ်တောက်ခံရပါ တယ်။ မိန့်ခွန်းပါ အပိုဒ် ၃၂ ပိုဒ်အနက် အရေးကြီးတဲ့ ရှစ်ပိုဒ်ကို ဆင်ဆာဖြတ်တောက်ခံရပါတယ်။ မိန့်ခွန်းအားလုံးရဲ့ လေးပုံ တစ်ပုံကို ဖြတ်တောက်လိုက်တဲ့ သဘော ဖြစ်နေပါတယ်”ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။ ယင်းသို့ ဖြတ် တောက်ခြင်းမှာ ဒေသခံမဲဆန္ဒရှင်ပြည်သူများ အမှန်တကယ် ကြုံတွေ့ခံစားနေရသော အရေးကိစ္စများကို ထုတ်ဖော်ပြောဆို ခွင့်အား ပိတ်ပင်ရာရောက်ကြောင်း ပါတီက သုံးသပ်ပြောဆိုသည်။ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ညီညွတ်သော လုပ်ရပ်မဟုတ် ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ပြင် ပါတီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မဲဆန္ဒရှင် ပြည်သူများနှင့် အများပြည်သူတို့ လွတ်လပ်စွာ အစီရင်ခံပိုင်ခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ပါတီဘက်က ယူဆသည်။

ဖြတ်တောက်ခံရသည့် အချက်များမှာ ၂၀၁၅ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလက ခွင့်ပြုချက်ရခဲ့ဖူးသည့် အချက်များ ဖြစ်ကြောင်း၊ ပါတီအနေဖြင့် အဓိက ဦးစားပေး လုပ်ဆောင်မည့် အချက်များလည်း ဖြစ်နေကြောင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်း က ဟင်္သာမီဒီယာကို ပြောသည်။“ဒီ အဓိကအချက်တွေကိုပဲ သူ(ရွေး/ကော်) က ဖြတ်လိုက်တဲ့အခါကျတော့ ၂၀၁၅ တုန်း က ခွင့်ပြုပေးထားခဲ့တာကို ဘာကြောင့်ခုမှ ဆင်ဆာလုပ်တာလဲ၊ ဆိုတော့ အံ့လည်း အံ့ဩတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကော်မရှင်က ပြောနေတယ်။ မေးခွန်းတွေ ထုတ်စရာ အများကြီး ရှိတာပေါ့နော်”ဟု ပါတီ ဥက္ကဋ္ဌက ဆိုသည်။ https://www.bnionline.net/mm/news-75822

***************

၉။ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေး လွှတ်တော်အသီးသီးသို့တင်ပြသွားရန် မွန်ညီညွတ်ရေးပါတီက မူဝါဒချမှတ်ထား
September 30, 2020

ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်တား ဆီးမှုမြှင့်တင်စေရေး အလေးပေးဆောင်ရွက်လာစေရန် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းများ လွှတ်တော် အသီးသီးသို့ ရောက်ရှိပါက တင်ပြတောင်းဆိုသွားရန် မူဝါဒချမှတ်ထားကြောင်း မွန်ညီညွတ်ရေးပါတီမှ သိရသည်။

မွန်ပြည်နယ်တလွှား၌ လူငယ်အများအပြား မူးယစ်ဆေးစွဲသူများပြားလာသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး အထူးအာရုံစိုက်၍ တိုက်ဖျက်သွားရန် အရေးကြီးကြောင်း မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။“မူးယစ်ဆေးဝါးစွဲသူတွေကို ဖမ်းဆီးမိခဲ့ရင် ပြစ်ဒဏ်တစ်ခုလို ချမှတ်တော့မှာမဟုတ်ဘဲ စိတ်ပိုင်းနဲ့ အကျင့်စာရိတ္တ စရိုက်ပိုင်း ဆိုင်ရာတွေကို ပြုပြင်နိုင်ဖို့အတွက် ပြန်လည်တည်ထောင် ရေးစခန်တွေ ထူထောင်နိုင်ဖို့ ကျနော်တို့ကြိုးစားတိုက်တွန်း သွားမယ်”ဟု ၎င်းက ဆိုသည်။ “မွန်ညီညွတ်ရေးပါတီ ချမှတ် ထားတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒထဲမှာ အခန်း (၂) ခန်း ပါဝင်တဲ့အတွက် လူငယ် တစ်ယောက်အနေနဲ့ ဝမ်းသာမိပါတယ်။ ဒီပြဿနာတွေက အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကျန်းမာရေးအပိုင်းကိုပဲ ထည့်ထားတယ်လို့ မြင်တယ်။ နောက်ပြီးတော့ လူငယ် ကဏ္ဍကိုလည်း ထည့်ထားတာတွေ့လို့ အရမ်းကိုဝမ်းသာမိပါတယ်လို့်”တိုးတက်သော မွန်လူငယ်များအစည်းအရုံးမှ တွဲဖက် အတွင်းရေးမှူး နိုင်ဟံပရိုက်က ဆိုသည်။

အစိုးရ၏ မူးယစ်ဆေးဝါးတားဆီးမည့်မူဝါဒများတွင်ပါရှိသည့် ကုသခြင်း၊ ဖမ်းဆီးခြင်း၊ လူ့အင်အား ထောက်ပံ့ပေးခြင်း၊ ဘဏ္ဍာရေး၊ ဆေးရုံနှင့် ပြန်လည်တည်ထောင်ရေးစခန်း၊ ပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်း အစစအရာရာတွင် အားနည်း နေသေးသည်ဟု ၎င်းကဆိုသည်။ ထို့အတူ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းအတွက် ပညာပေးကဏ္ဍ များတွင် တိုးတက်သော မွန်လူငယ်အဖွဲ့အစည်း (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO)၊ မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM စသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ပညာပေးလုပ်ငန်း ဆောင်ရွက်နေသော မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရှိရသည်။ http://burmese.monnews.org/2020/09/30 /%e1%80%99%e1 %80%b0%e1%80%9a %e1%80%85%e1%

**************

၁၀။ မြစ်ဆုံစီမံကိန်းကို လာမည့်အစိုးရလက်ထက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဒေသခံများပြော
1 October 2020

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်စေရန် လာမည့်အစိုးရအဆက်ဆက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်ဟု စီမံကိန်းယာယီရပ်ဆိုင်းခြင်း ၉နှစ်ပြည့်နေ့တွင် ဒေသခံများက ပြောဆိုခဲ့သည်။

လက်ရှိ NLD အစိုးရသည်၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ရာစဉ်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ကတိကဝတ်များပေးခဲ့ သော်လည်း အစိုးရသက်တမ်း ၅ နှစ်ကုန်ဆုံးတော့မည့် ကာလအတွင်းအထိ တစ်စုံတရာ ပြောဆိုမှုမရှိခဲ့သည့်အတွက် နောက်တက်လာမည့်အစိုးရကိုလည်း အယုံအကြည်မရှိကြောင်း မြစ်ဆုံဒေသခံတစ်ဦး ဖြစ်သည့် ဒေါ်လုရာက ယခုလို ပြော ဆိုသည်။“အမေစုကိုယ်တိုင်လည်း တစ်ဦးတစ်ယောက်အတွက်ပြောတာလား။ ပါတီကိုဦးတည်ပြီး ပြောခဲ့တာလား အခုချိန် ထိ မသဲကွဲသေးဘူး။ ကျမတို့အနေနဲ့ အခုတက်လာမယ့် အစိုးရကိုလည်း သိပ်ယုံလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အခု အစိုးရတောင် ကတိကဝတ်တွေ အများကြီးပေးပြီး မဲဆွယ်ခဲ့တယ်။ မဲဆွယ်တဲ့ ပါတီတိုင်းက မြစ်ဆုံအရေးကို မားမား မတ်မတ်ရပ်ပေးတဲ့သူ ထာဝရရပ်တန့်အောင် ပြောပေးနိုင်တဲ့သူ ပြောခဲ့ပြီး မဲထည့်ခဲ့ကြတာဘဲ။ နောက်ဆုံးအစိုးရ ဖြစ်သွားတဲ့ အခါတော့ ပါတီမှာပြောတဲ့ဟာနဲ့ တစ်မျိုးပြန်ဖြစ်သွားတာပေါ့။ ဒါကြောင့် ဒေသခံတွေ မဲထည့်ဖို့ တအားစိုးရိမ် တယ်။ ဒါပေမယ့် ဘယ်ပါတီရဲ့အစိုးရဘဲတက်တက် မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့က ထာဝရကြိုးစားသွားမယ်”ဟု ပြောဆိုသည်။

“ကိုယ့်ရဲ့ဒေသမှာ အခုလို ပြန်ပြီး နေရာရှင်းလင်းရေးတွင် ပြန်လုပ်ရတော့ အရင်နေခဲ့တဲ့အချိန်တွေကို ပြန်သတိရ တယ်။ တဖက်မှာက စိုးရိမ်စိတ်တွေအနည်းငယ်တော့ရှိနေတယ်။ အဲ့ဒါကဘာလဲဆိုတော့ သက်ဆိုင်ရာ အာဏာပိုင် အစိုးရတွေက နည်းမျိုးစုံနဲ့ ပြန်သိမ်းလာမလားဆိုပြီး စိုးရိမ်ရတယ်။ တန်ဖရဲကျေးရွာက မြစ်ဆုံးအနီးတဝိုက်နေတဲ့ ပြည်သူတွေအတွက်က အင်မတန်မှ အဖိုးမဖြတ်နိုင်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ အရင်ကတည်းကနေ ယခုအချိန်ထိ ဒီနေရာမှာဘဲ စားဝတ် နေရေးအတွက် အကျိုးပြုတဲ့ဒေသဖြစ်တယ်။ ပြီးရင် ဒီနေရာက အားလုံးရဲ့အသက်သွေးကြော ဖြစ်နေတယ်။ မြစ်ဆုံနဲ့ တန်ဖရဲကျေးရွာကို ခွဲခြားထားလို့မရဘူး။ သူက တစ်ခုတည်းဖြစ်သလို တစ်နေရာမှာဘဲ။ ဒေသခံတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေလည်း အားလုံးဒီနေရာမှာဘဲရှိတယ်။ ဒါကြောင့် ဒီနေရာက လုံးဝ ပျောက်ကွယ်သွားလို့မရတဲ့နေရာ ဖြစ် တယ်။ စီမံကိန်းရပ်တန့်ဖို့လည်း အမြဲဆောင်ရွက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ကျေးရွာ ၅ ခုခန့်ရှိပြီး ၎င်းကျေးရွာများမှာ တန်ဖရဲ၊ အောင်ဂျာယာန်၊ ဒေါင်ပန်၊ လဖျဲ့ကထောင်နှင့် မလိဇွပ် စသော ကျေးရွာများဖြစ်ပြီး ၎င်းတို့ကို အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသစ်တို့တွင် နေရာချခဲ့သည်။ https://burmese.kachinnews.com/2020/10/01/%e1%80%99%e1%80%bc%e1%80%85%e

****************

၁၁။ ချင်းပါတီ CNLD ကို မဲပေးထောက်ခံကြရန် ချင်းလူငယ်ကွန်ယက်တောင်းဆို
October 01, 2020

ချင်းလူထုများ၏နစ်နာမှုများနှင့် နိုင်ငံရေးရပိုင်ခွင့်များပြန်လည်ရယူဖော်ဆောင်နိုင်ရန်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်း အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီကို မဲပေးထောက်ခံကြရန် ချင်းလူငယ်များကွန်ယက်အဖွဲ့က စက်တင်ဘာလ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ ချင်းလူငယ်များကွန်ယက်အဖွဲ့မှ ဗဟိုကော် မတီဝင် Salai Mon Bio က မိမိတို့လိုချင်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာ ချင်းတွေကဖန်တီးခွင့်ကို CNLD ပါတီက သာ ကိုယ်စားပြုဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် ယခုကဲ့သို့ တောင်းဆို ရခြင်းဖြစ်သည်ဟု ခိုနူမ်းသုန် ကိုပြောသည်။

“ကျနော်တို့ နိုင်ငံရေးအပြောင်းအလဲကာလမှာ အဓိက ကျနော်တို့ ချင်းတွေအဓိကလိုချင်တဲ့ နိုင်ငံရေးအကြွေးက အခုထိ ကို အကောင်အထည်မဖော်ဆောင်နိုင်သေးဘူး။ ကျနော်တို့လိုချင်တာက ပင်လုံစာချုပ်မှာပါတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့နဲ့ ချင်းအပါအဝင် တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုမတည်ဆောက်နိုင်ဘူး။ အဲဒါကိုတည်ဆောက်ဖို့ရန်က ကျနော်တို့ပြည်မအခြေပြု ဗမာပါတီကြီး နှစ်ခုဖြစ်တဲ့ USDP နဲ့ NLD ကို မဲပေးလာခဲ့တယ်၊ သူတို့သက်တမ်းတစ်ကြိမ်စီယူခဲ့ပြီပြီ ကျနော်တို့လိုချင်တာ သူတို့အကောင်အထည်မဖော်နိုင်ဘူးဆိုတာ ကျနော်တို့ မြင်ခဲ့ပြီး ပြီ။ အဲဒါကြောင့် ကျနော်တို့ရဲ့ စစ်မှန်သောအခွင့်အရေး စစ်မှန်သောနိုင်ငံရေးကို ကျနော်တို့ချင်းပါတီ လက်ရှိသုံးပါတီပေါင်း လိုက်တဲ့ CNLD ကသာလုပ်ပေးနိုင်မယ် ယုံကြည်ချက်နဲ့ ပြည်သူတွေကို CNLD ကိုမဲပေးဖို့ တိုက်တွန်းရခြင်းဖြစ်တယ်။ CNLD ကို ကျနော်တို့ မဲပေးရခြင်းဟာ ချင်းတွေကိုကိုယ်စားပြုနိုင်တယ်။ နောက်တစ်ခု ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ချင်းကံကြမ္မာကို ချင်းတွေက ဖန်တီးခွင့်ကို CNLD ကသာ ကိုယ်စားပြုဖော်ဆောင်ပေးနိုင်မယ်လို့ယုံကြည်တယ် အဲဒါကြောင့် တောင်းဆိုရ ခြင်းဖြစ်တယ်” ဟု Salai Mon Boi ကပြောသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် နိုင်ငံရေးအပြောင်းအလဲအတွက် ပြည်မပါတီကြီးများကို မဲပေးထောက်ခံခဲ့ကြသော်လည်း လူမျိုးတမျိုး ဘာသာတခုကိုသာ အခွင့်ထူးပေးထားသော မျိုးစောင့်ဥပဒေများပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြား တိုင်းရင်း သားများ၏ ရိုးရာဓလေ့မြေယာပိုင်ဆိုင်မူများအား ဆန့်ကျင်သည့် မြေယာဥပဒေများကို တိုင်းရင်းသားများကန့်ကွက်သည့် ကြားမှ ပြဌာန်းခြင်း၊ ချင်းလူမျိုးများနှင့် အခြားတိုင်းရင်းသားတို့၏ သဘောထားများ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ထုများကို အတင်းအဓမ္မ စိုက်ထူရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊ စစ်ဘေးရှောင် ပြည်သူများအတွက် လုံလောက်သော အထောက်အပံ့များ မရှိနေခြင်းများအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို ကြုံတွေ့ နေရဆဲဖြစ် သည် ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းလူငယ်များကွန်ယက်သည် ၂၀၁၂ ခုနှစ်မှ စတင်ပြီး ချင်းအမျိူးသားရေး၊ ချင်းလူမျိူးများ၏ ရပိုင်ခွင့်များ၊ ချင်းလူငယ်များအခွင့်အရေးတို့ကို အခြေခံလှုပ်ရှားဆောင်ရွက် နေသည့်အဖွဲ့ဖြစ်သည်။ https://ww w.bnionline.net/mm/news-75873

****************

၁၂။ ဧရာဝတီ ကရင်လူငယ်ကော်မတီမှ ကရင်ပါတီ မဲဆွယ်စည်းရုံးရေးများအတွက် ကူညီမှုများစတင်
September 30, 2020

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကရင်ပါတီများ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ဧရာဝတီကရင်လူငယ်ယာယီ ကော်မတီမှ လူငယ် များပါဝင်ကာ ကူညီဆောင်ရွက်မှုများပြု လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပါတီများအား ကူညီပေးမည့်အရေးကိစ္စများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်များအတွင်း ကျင်းပခဲ့ ကြသည့် ဧရာဝတီတိုင်းဒေသကြီး ကရင်လူငယ်နှီး နှောဖလှယ်ပွဲများမှ ရရှိလာသည့် သဘောထားဆုံးဖြတ်ချက် များအတိုင်း ဧရာဝတီ ကရင်လူငယ်ယာယီကော်မတီမှ ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ယင်းယာယီ ကော်မတီ မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စထွဋ်ဝေအောင်က ပြောသည်။“ဒီ ၂၀၂၀ အတွင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ကရင်ပါတီ တွေနဲ့အတူ ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်လူငယ်တွေအနေနဲ့ ကရင့်အရေးအရာနဲ့ကရင်အမျိုးသားရေး၊ နိုင်ငံရေးကို ပိုမိုမြှင့် တက်လာ အောင်ကူညီ မယ်ဆိုတဲ့ သဘောထားဆုံးဖြတ်ချက်ချထားတဲ့အတိုင်း ဒီအနေအထားကို ကူညီပေးတာဖြစ်ပါ တယ်”ဟု ပြောသည်။

“ ခရိုင်အလိုက်ကူညီဖို့ဖွဲ့ထားလူငယ်တွေအနေနဲ့ သူတို့နဲ့သက်ဆိုင်တဲ့ခရိုင်မှာရှိတဲ့ ကရင်ပါတီကိုပဲ ကူညီဖြစ် တဲ့ ပုံစံဖြစ် တော့ တဖက်ကကျန်တဲ့ကရင်ပါတီကိုကူညီရာမှာ အားနည်းတဲ့ပုံစံလေးတော့ဖြစ်သွားတယ်။ ကရင် လူငယ်တွေအနေနဲ့ နှစ်ဖက်မျှပြီးကူညီကြဖို့ပေါ့။ နောက်ပြီး ကိုဗစ်ကာလဖြစ်တဲ့အတွက် အောင်မြင်သင့်သ လောက်မအောင်မြင်ဘူးပေါ့။ အဓိက ကတော့ ကိုဗစ်ကြောင့်လူငယ်တွေ စုစည်းလို့ မရတဲ့အခက်အခဲလည်း ပါတယ်”ဟု မြောင်းမြကရင်လူငယ်တစ်ဦးက ပြော ဆိုသည်။ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင် ကရင်ပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ -KPP နှင့် ကရင်အမျိုးသားပါတီ -KNP တို့မှ ကိုယ်စားလှယ်လောင်းများဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဧရာ၀ တီတိုင်းဒေသကြီး အတွင်း KPP မှ ၃၁ ဦးနှင့် KNP မှ ၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ကရင်ပါ တီများ၏ ထုတ်ပြန်ထားမှုများ အရ သိရသည်။ http://kicnews.org/2020/09/%e1%80%a7%e1%80%9b%e1%80%ac%e1%81%80%e1% 80%90%e1%

****************

၁၃။ နမ္မတူမြို့နယ် အတွင်း ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ခံရသည့် အလောင်းတွေ့
October 1, 2020

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း ယနေ့(အောက်တိုဘာ ၁)ရက်တွင် ဆယ်ကျော်သက် အမျိုးသမီးတဦး မီးရှို့ ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ မီးရှို့ခံရသည့် အမျိုးသမီး ရုပ်အလောင်းကို နမ္မတူ-လားရှိုးသွားရာလမ်း၊ နမ္မတူမြို့မှ (၇)မိုင်ခန့်ကွာဝေးသည့် ပန်းသပြေ ကျေးရွာ အနီးတွင် တွေ့ရှိကြောင်း ရုပ်အလောင်းကို သွားရောက် သယ်သည့် လူမှု အဖွဲ့အစည်းမှ ကိုချစ်မွှေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ လူမှုကူညီရေးအသင်းကို ရဲတပ်ဖွဲ့က နေ့လည် ၁ နာရီ ခွဲမှာ ဖုန်းဆက်လာ လို့ ကျနော်တို့သွားသယ်တာ။ အမျိုးသမီးအလောင်းပါ။ အသက် က ၁၅၊၁၆ နှစ်ပဲ ရှိမယ်”ဟု ကိုချစ်မွှေး ကပြောသည်။ လက်ရှိ အချိန်ထိ မီးရှို့ခံရသည့် အမျိုးသမီး၏ ဆွေးမျိုးများကို မသိရှိသေးကြောင်း၊ အမျိုးသမီး၏ ရုပ်အလောင်းကို နမ္မတူ ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ပို့ဆောင်ထားကြောင်း ကိုချစ်မွှေးက ဆိုသည်။

မီးရှို့သတ်ခံရသည့် အမျိုးသမီး၏ ရုပ်အလောင်းကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(နမ္မတူ) နှင့် မေတ္တာရှင် နာရေး လူမှုကူညီရေးအသင်းမှ သွားရောက်သယ်ဆောင်ကာ နမ္မတူ ဆေးရုံ ရင်ခွဲရုံသို့ဆေးစစ်ချက်ရယူရန် သယ်ဆောင်သွား ကြောင်း သိရသည်။ အမျိုးသမီး တဦးကို သတ်ပြီး မီးရှို့သွားမည့် တရားခံကို သက်ဆိုင်ရာမှစစ်ဆေးနေကြောင်းသိရသည်။ https://burmese.shan news.org/archives/18737

**************

၁၄။ မိုးညှင်းခရိုင်တွင် ပုံစံ (၃-က) မဲထည့်ရန်လျောက်ထားသော တပ် နဲ့ ရဲ အင်အား ၁ ထောင်ကျော်ရှိ
1 October 2020

မိုးညှင်းခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် ရက် (၉၀) နေထိုင်ကြောင်း ပုံစံ (၃-က) ဖြင့်အသစ် လာရောက်လျောက်ထားသည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။ မိုးညှင်းခရိုင်တစ်ခုလုံးတွင် ပုံစံ (၃-က)ဖြင့် လာရောက်လျောက်ထားသူဦးရေ ၁၆၀၀၀ ကျော် အနက် တပ်မတော်သား၊ ရဲတပ်ဖွဲ့ အင်အား ၁၃၀၀ ဦး ရှိကြောင်း ဆိုသည်။

“လက်ရှိ ၂၅ ရက်နေ့ထိ စာရင်းချုပ်ထားတာကျတော့ တပ်နဲ့ရဲ ရက်ပေါင်း ၉၀ကျော် မဲဆန္ဒနယ်ပြင်ပရောက် လျှောက် ထားတဲ့စာရင်းက တပ်မတော်သားဆိုရင် ၉၀၀ နီးပါးလောက်ရှိတယ်။ ရဲတပ်ဖွဲ့ဝင်ကလည်း ၄၀၀ နီးပါးလောက် တောင်းထား ကြပြီ။ လက်ရှိချိန်ထိတော့ စာရင်းက မပိတ်သေးတဲ့ချိန်ကျတော့ အတိအကျတော့ ပြောလို့မရသေးပါဘူး။ လောလောဆယ် တော့ ၁၃၀၀လောက်ရှိနေပြီ။” ဟု မိုးညှင်းရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိဦးမျိုးမင်းအောင်ကပြောသည်။ မိုးညှင်းခရိုင် တစ်ခုလုံးရှိ တပ်မဲဆန္ဒရှင်များစာရင်းကို သီးသန့်ကောက်ထားခြင်းမရှိသည့်အတွက် လက်ရှိ ခရိုင်တွင် တပ်မဲဆန္ဒရှင် မည်မျှ ရှိပြီကို မသိနိုင်ကြောင်း နှင့် ပုံစံ (၃-က) လာရောက်လျောက်ထားသည့် စာရင်းကိုသာ သိနိုင်ကြောင်း ဆိုသည်။ လက်ရှိ အထိလည်း ပုံစံ (၃-က) လျောက်နေဆဲကာလဖြစ်သောကြောင့် နောက်ဆုံးစာရင်းကိုမူ ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ထုတ်ပြန်သည့်အချိန်မှ သိရမည်ဖြစ်သည်။

“တပ်မဲစာရင်းက ကျနော်တို့ဆီမှာ သပ်သပ်ခွဲထားတာမရှိဘူးခင်ဗျ။ ဘာလို့မရှိလဲဆိုရင် မဲရုံအလိုက်မှာ တပ်ကို မဲစာရင်းသီးသန့်မသွားဘဲနဲ့ သက်ဆိုင်ရာတပ်တွေကလည်း ရပ်ကွက်၊ ကျေးရွာအုပ်စုမှာပါတယ်လေ။ အဲရပ်ကွက် ကျေးရွာမဲစာရင်းမှာဘဲ တစ်ခါတည်းပေါင်းထည့်တယ်။ သီးသန့်စာရင်းလုပ်မထားပါဘူးခင်ဗျ။ မဲစာရင်းကြေညာတဲ့ချိန်လည်း ကျေးရွာမဲစာရင်းမှာဘဲ တစ်ခါတည်းကြေညာပေးတယ်။ နာမည်တွေကလည်း ဗိုလ်မှူး၊ဗိုလ်ကြီးတွေမခွဲထားဘူး အားလုံးက ဦးဘယ်သူ ဒေါ်ဘယ်သူဆိုပြီးတော့ဘဲ အကုန်ပေါင်းပေးထားတယ်။”ဟု မိုးညှင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးမျိုးမင်းဦးက ပြောသည်။ လာမည့် ၂၀၂၀ တွင်လည်း တပ်မဲ သီးသန့်ကောက်ထားခြင်းမရှိသည့်အပြင် တပ်မဲရုံလည်း သီးသန့်ထားရှိခဲ့ခြင်းမရှိသည့်အတွက် အရပ်သားများနှင့်အတူသာ မဲပေးရန်စီစဉ်ထားပြီး မိုးညှင်းခရိုင်တွင် အဆို တပ်သားများ မဲပေးရမည့် မဲရုံ ၁၂ ရုံရှိသည်။ https://burmese.kachinnews.com/2020/10/01/%e1%80%99%e1% 80%ad%e1%8 0%af%e1%80%b8%e1

**************

၁၅။ သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်
2 October 2020

သထုံမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီနှင့် ကရင်ပြည်သူ့ပါတီ (KPP) တို့ ပူးပေါင်းကာ စက်တင်ဘာ ၃၀ ရက်က ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေး ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တင်ပြထားသည့်အတွက် သထုံမြို့ နှင့် သုဝဏ္ဏဝတီမြို့များ တွင် ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အတွင်းရေးမှူး ခွန်တေဇက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်မှာ ကျွန်တော်တို့ မဟာမိတ်ပါတီနှစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO) ပါတီနဲ့ ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ သထုံမြို့နယ် ပြည်နယ်လွှတ်တော် (၁) နဲ့(၂) ၊ နောက် ကရင်တိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ်လောင်းအားလုံး ကိုယ်စား လှယ်လောင်း လေးဦး ပါဝင်တဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်ကို တင်ခဲ့ဖြစ်ပါတယ်။ အဲဒီအပြင်ကို ပန်းဖလက်တွေမှာလည်း ဒီကိုယ်စားလှယ်လောင်း လေးဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတူတူရိုက်နှိပ် ဖော်ပြပေးထားပါတယ်။ အဲဒီ ပန်းဖလက်တွေကိုပဲ မဲဆန္ဒရှင် ပြည်သူတွေဆီကို ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ တိုင်းရင်းသားများ အားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံရေးအရွေ့တစ်ခုကို ရောက်ရှိနိုင်မည်ဟု ယုံကြည် ကြောင်း၊ ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားပါတီ၊ ကရင်တိုင်းရင်းသားပါတီနှင့် မွန်တိုင်းရင်းသားပါတီတို့ ဆက်လက်တွဲ ဆောင်ရွက်ပါက အောင်မြင်မှု ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ခွန်တေဇက ဆက်လက် ပြောကြားသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ (မွန်ပြည်နယ်) အနေဖြင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နေရာ၊ သထုံမြို့နယ်တွင် မဲဆန္ဒနယ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည် ဖြစ်ကြောင်းနှင့် မွန်ညီညွတ်ရေး ပါတီ (MUP) အနေဖြင့် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် တနင်္သာရီ ဒေသကြီးတို့တွင် မဲဆန္ဒနယ် ၆၇ နေရာ ဝင်ရောက် ယှဉ်ပြိုင်အရွေးချယ်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ https://news-eleven.com/article/194517

***************

၁၆။ ဖလမ်းဆူရ်ဘုန်လေယာဉ်ကွင်းဖွင့်ပွဲ ယခုလ အောက်တိုဘာလထဲတွင်ကျင်းပမည်
October 1, 2020

ဖလမ်းမြို့အနီးရှိ ဆူရ်ဘုန်လေယာဉ်ကွင်းကို ယခုလအောက်တိုဘာလအထဲတွင် ဖွင့်ပွဲ ကျင်းပမည်ဟု ချင်းပြည်နယ်၏ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆူရ်ဘုန်လေယာဉ်ကွင်းကို အောက်တိုဘာလထဲမှာ ဖွင့်ပွဲကျင်းပသွားမယ် ရက်အတိအကျတော့ မသိရသေးဘူး လူကြီးတွေအားတဲ့အချိန် အောက်တိုဘာလ ထဲမှာ လုပ်သွားဖို့ လျာထားတာတော့ ရှိတယ် ၊လျာထားတာတော့ အောက်တိုဘာလ (၁) ရက်နေ့မှာ ဆင်းပြီးတော့ စမ်းသပ်ဖို့ စီစဉ်ထားပေမဲ့ ရာသီဥတု အခြေနေတွေကြောင့် ဖြစ်တယ်”ဟုပြောသည်။

ယခုအချိန်တွင်လက်ရှိလေယာဉ်ကွင်းမှာ ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး မကြာမီ လေယာဉ်ပြေးဆင်းနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “လေယာဉ်ကွင်းက ၉၈ ရာခိုင်နှုန်းပြီးနေ ကျန်နေတယ် တောင် နှစ်ဖက်လုံးကို နည်းနည်းဖြိုဖို့ ကျန်နေတယ် ၊တော်တော်လေးတော့ ပြီးနေပြီ ဆင်းဖို့ဘဲ ကျန်တော့တယ်။ လေယာဉ်ကွင်း ရှိတဲ့နေရာကလည်း သီးခြားနေရာမျိုးဖြစ်နေတော့ အခုလိုကာလမှာ လုပ်ငန်းဆောင်ရွက်မှုတွေကို မရပ်နားဘဲ လုပ်နေကြ တယ် ကျန်းမာရေးက ထုတ်ပြန်တဲ့အတိုင်း ခြောက်ပေအကွာအဝေး နေကြပြီး လုပ်ငန်းဆက်လက်လုပ်ဆောင်နေကြတယ်”ဟုပြောသည်။

ဖလမ်း-ဆူရ်ဘုန်လေယာဉ်ကွင်းကို ရံပုံငွေ ကျပ် ဘီလီယံ ၁၄၀ အကုန်ကျခံ တည်ဆောက်ထားပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆ဝဝဝနှင့် အကျယ်ပေ ၁၀၀ ရှိပြီး ခရီးသည် ရဝကျော် လိုက်ပါနိုင်သည့် (ATR-72) လေယာဉ်များ အဆင်းအတက် ပြုလုပ် ရပ်နားနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ https://www.chinworld.org/2020/10/01/%e1 %80%96%e1%80%9c%e1%80%99%e1%80%ba%e1%80

****************

၁၇။ လူသတ်တရားခံ တပ်မတော်သားတွေ ပြန်လွှတ်ပေးတဲ့အဖြစ်မျိုး နောင်မဖြစ်ဖို့ ကုလမှာ မြန်မာကတိပေး
September 30, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်နဲ့ ဂူတာပြင်ကျေးရွာက မွတ်စလင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ တာကြောင့် ထောင်ချခံခဲ့ရတဲ့ တရားခံတပ်မတော်သားတွေကို တစ်နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက် တဲ့ ကိစ္စလို နောင်မှာဖြစ်ပွားတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ (၇၅) ကြိမ်မြောက်ကုလအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးအတွင်း မနေ့က အင်တာနက်ဗီဒီယိုကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက အခုလို ထည့်သွင်းပြောလိုက်တာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေအတွက် တတိယမြောက် စက်ဘက် ဆိုင်ရာ တရားရုံးကို မကြာခင်မြင်တွေ့ရတော့မယ်လို့လည်း သူကပြောခဲ့ပါတယ်။

အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ပတ်သက်ပြီး အရာရှိတွေအပါအဝင် တပ်မတော်သား ၇ ဦးကို စစ်တရားရုံးနဲ့ စစ်ခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် မတ်လမှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း (၂၀၁၈)ခုနှစ် နိုဝင်ဘာလ၊ တစ်နှစ်တောင် မပြည့်သေးတဲ့ကာလအတွင်းမှာ တပ်မတော်သားတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် ကုလသမဂ္ဂ အရာရှိကြီးတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ https://www.rfa.org/burmese/news/Myanmar-at-UNGA-meeting-inndin-case-09302020151209.html

**************

၁၈။ ရခိုင့်ဦးဆောင်ပါတီက ရုပ်မြင်သံကြားတွင် မဲဆွယ်စည်းရုံးရေးအတွက် ရိုက်ကူးရေး မပြုလုပ်တော့ဟုဆို
30 September 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်အစိုးရပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာတို့တွင် မဲဆွယ်စည်းရုံးရေး ရိုက်ကူးရန်အတွက် ရခိုင့်ဦးဆောင်ပါတီ – AFP အနေဖြင့် ပါဝင်မည် မဟုတ်တော့ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် – UEC မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပြီး မဲဆွယ် စည်းရုံးရေးစာတမ်းကို ရေသားခဲ့သော်လည်း အနှစ်သာရမရှိတော့အောင် ဖြတ်တောက်လိုက်သည့် အတွက် ယင်းအစီစဉ် တွင်မပါဝင်ရန်ဆုံးဖြတ်လိုက် ခြင်းဖြစ်ကြောင်းဆိုသည်။“ကျင့်ဝတ်တွေကို ဖောက်ဖျက်ကျော်လွန်ခြင်းမရှိအောင် ကျနော်တို့ အသေအချာရေးကြပါတယ်။ ကျနော်တို့ ရေးပြီးပို့ထားတဲ့ စာကြမ်းကို UEC က တော်တော်များများ ဖြတ်တောက်ပလိုက်တဲ့ အတွက် အနှစ်သာရပိုင်းက မကျန်တော့ဘူးပေါ့နော်။ အဲဒီကြောင့် MRTV နဲ့ နိုင်ငံပိုင် သတင်းစာတွေကတဆင့် မဲဆွယ် စည်းရုံးမယ့် ဥစ္စာမှာ မပါဝင်တော့ဖို့ ဆုံးဖြတ်တာပါ။”ဟု AFP ပါတီ၊ ဒုတိယဥက္ကဌ ဦးကျော်ဇောဦးက ပြောသည်။

ဖြတ်တောက်ခံထားရသည့်အထဲတွင် ယင်းပါတီတည်ထောင်သူ ဒေါက်တာအေးမောင်၏အမည်၊ UEC မှ ယခင်က ခွင့်ပြု ထားပြီးဖြစ်သည့် ပါတီရည်ရွယ်ချက်၊ ဖွဲစည်းပုံနှင့် အနာဂတ်တွင်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိ စစ်ရေးပဋိပက္ခ ကြောင့် ဒုက္ခရောက်နေကြရသည့် ရခိုင်ပြည်သူတို့၏ အခက်ခဲများ ပါဝင်ကြောင်း AFP ၏ စာတမ်းတွင်ဖော်ပြ ထားသည်။ ယခုကဲ့သို ဖြတ်တောက်ခံရခြင်းမှာ AFP တစ်ခုတည်းမဟုတ်ဘဲ ရခိုင်အမျိုးသားပါတီ – ANP နှင့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် – ALD ပါတီတို့ လည်းပါဝင်ကြောင်း အဆိုပါ ပါတီများမှ တာဝန်ရှိသူအချို့က ပြောသည်။ ယခုဖြစ်စဉ်သည် UEC နှင့် သက်ဆိုင်ရာပါတီတို့အကြား ဖြစ်ပေါ်သည့် ကိစ္စသာဖြစ်ပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အနေနှင့် တစ်စုံတစ်ရာ ပြောဆိုရန် မရှိကြောင်း ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါ်တင်လှိုင်က ပြောသည်။ http://www .mizzimaburmese.com/article/74013

***************

၁၉။ မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာတွင် ကရင်အမျိုးသားပါတီ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ ပြုလုပ်
30 September 2020

မြောင်းမြမြို့နယ် ငါးမြင်းချောင်းကျေးရွာအုပ်စု ငါးမြင်းချောင်းကျေးရွာတွင် ကရင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲအား ကျန်းမာရေးဌာန ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ကရင်အမျိုးသားပါတီမှာ မြောင်းမြမြို့နယ်တွင် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) နေရာတစ်ခုတွင်သာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျန်းမာရေဌာန ညွှန်ကြားချက်များကြောင့် လူစုလူဝေးဖြင့် ဟောပြောခြင်းများ မဆောင် ရွက်နိုင်သေးသော်လည်း ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကိုမူ လိုက်လံစိုက်ထူလျက်ရှိကြောင်း၊ မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်ချက်များပြားမှုကြောင့် လက်ကမ်းစာစောင်များဝေငှခြင်းများကိုပါ လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံတွေ့နေ ရကြောင်းသိရသည်။

ကျွန်တော်တို့ပါတီကို တပ်ချုပ်နဲ့ သွားရောက်တွေ့ဆုံတဲ့ ၃၄ ပါတီထဲမှာ ပါဝင်တယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်အောင် တိုက်ခိုက်ခံရတာမျိုးတွေလဲ ရှိနေတယ်။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ ဆက်သွားနေပါတယ်။ အခုထိ လူစုလူဝေးနဲ့ ဟောပြောစည်းရုံးမှုတွေ မလုပ်ဆောင်သေးဘူး။ လူ ၅၀ အထိ စည်းရုံးခွင့်ရှိတယ်ဆိုပေမဲ့ ပြည်သူတွေကို စိုးရိမ်ပူပန်မှုတွေ မရှိစေချင်လို့ ကျွန်တော်တို့ တစ်အိမ်တက် တစ်အိမ်ဆင်း ပုံစံမျိုးနဲ့ပဲ စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်”ဟု မြောင်းမြ မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း စစွဲမက် က ပြောကြားသည်။ https://news-eleven.com/article/194354

***************

၂၀။ ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါး ရောင်းသူနှင့် သုံးစွဲသူများလာ
2 October 2020

ကချင် စစ်ပြေးဒုက္ခသည်များကိုနေရာချထားသည့် မြစ်ကြီးနား ငွေပျော်စံပြကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းချမှုနှင့် သုံးစွဲသူများလာသော်လည်း သက်ဆိုင်ရာက ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိသဖြင့် လူငယ်မိဘများက စိုးရိမ်နေကြ သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများလာသောကြောင့် ကျေးရွာအတွင်း ခိုးမှု၊ လုယက်မှုများလာမည်ကိုလည်း စိုးရိမ်နေကြ သည်။“မူးယစ်ဆေးဝါးကြောင့် ကျွန်တော်တို့ရွာမှာရှိတဲ့ လူငယ်တွေလည်း ပျက်စီးကုန်ပြီ အဖွဲ့အစည်း အသင်းတော်တွေမှာ ပါဝင်မှုလည်း မရှိကြတော့ဘူး။ ဒါကြောင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဒီလိုဘဲဖြစ်နေမယ်ဆိုရင် ရှေ့ဆက် ရောက်လာမဲ့ အချိန်တွေမှာ အိမ်ထောင်တိုင်း ပဋိပက္ခတွေနှင့် ကွဲတဲ့သူက ကွဲ၊ ရွာအတွင်းဆိုလည်း ခိုးမှု၊ လုယက်မှုတွေနှင့် အရမ်းများလာ လိမ့်မယ်။” ဟု ငွေပျော်စံပြကျေးရွာဒေသခံ ဦးဇဟဲ ခေါင်ဇယ် ကပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစပြီး မူးယစ်ဆေးဝါးစတင်ဖောင်းပွလာခြင်းဖြစ်ပြီး သက်ဆိုင်ရာ အစိုးရဘက်ကလည်း ထိရောက်စွာ တာဝန်ယူပေးခြင်းမရှိကြောင်း ဒေသခံများပြောသည်။ ကျေးရွာတွင် မူးယစ်ဆေးဝါး ဖောင်းပွလာသောကြောင့် မိဘများက ကလေးများကို မြို့ပေါ်မှာသာ ထားရှိကြောင်း ဒေသခံ ဒေါ်ရွယ်တောင် က ပြောသည်။“ဒီလို နေရာမှာ မူးယစ်ဆေးဝါး ဖောင်းပွနေတာကို အစိုးရက ဘာလို့ ဘာမှတာဝန်မယူတာလဲ။ ဘယ်လိုတာဝန်ယူတယ် ကျွန်မတို့မသိဘူး။ ဒါပေမဲ့ သုံးစွဲတဲ့ သူတွေ၊ ရောင်းတဲ့သူတွေရှိနေတဲ့အတွက် ကျွန်မတို့အနေနဲ့ ထိထိမိမိတာဝန်ယူ လုပ်ဆောင်နေတယ်လို့ မတွေ့ရဘူး။ ဒါ ကြောင့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ဆိုရင်တော့ ကျွန်မတို့ယုံတယ်။ အရွယ် ရောက်လာတဲ့ ကလေးတွေအ တွက်စိုးရိမ်တယ်။ ကျွန်မဆို ကျွန်မကလေးတွေကို မြို့မှာဘဲ ထားထားတယ်။ ကြောက်လို့မခေါ်လာရဲဘူး။”ဟု ပြောသည်။

“မူးယစ်ဆေးဝါးနှင့်ပတ်သက်လာလို့ရှိရင်တော့ အရင်ကဒီရွာရောင်းတဲ့သူမရှိရင်တောင်မှ မြို့ထဲက လာရောင်းကြမှာဘဲ။ ရှူတဲ့သူရှိရင်တော့ ရောင်းတဲ့သူတွေက သူ့အလိုလိုနည်းလမ်းပေါင်းစုံနှင့် ရောက်လာမှာဘဲလေ။ အဲ့တော့ ဘယ်မှာရောင်း နေတယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဘယ်သူသုံးစွဲနေတယ်ဆိုတာလည်း ကျွန်တော်တိတိကျကျတော့ မသိဘူး။ ကျွန်တော်တို့အနေနဲ့တော့ သတင်းတိကျမှု၊ ကိုယ့်သားသမီး သောက်သုံးတယ်။ ရောင်းဝယ်ဖောက်ကားတယ်ဆိုရင် မိဘ တွေက အပ်နှံရဲတဲ့ သတ္တိရှိရမှာ။ မရှိရင်တော့ ဒီမူးယစ်ဆေးဝါးက ပျောက်ပျက်မှာမဟုတ်ဘူး။”ဟု ငွေပျော်စံပြကျေးရွာ အုပ်ချူပ်ရေးမှူး ဦးသောင်းဆာကပြောသည်။ ပလန ကချင်လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကလည်း ငွေပျော် ကျေးရွာနှင့် လမ်းခရီးဝေးသဖြင့် အချိန်မှီ ချက်ချင်းသွားရောက် ဖမ်းဆီးနိုင်ခြင်း မရှိကြောင်းတာဝန်ရှိသူများပြော သည်။ https://burmese.kachinnews.com/2020/10/02/%e1%80%84%e1%80 %bd%e 1%80% b1%e1%80%95%e1

***************

၂၁။ မင်းပြားတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
October 1, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီး ယနေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ကျေးရွာအတွင်း ကျည်ကျရောက်မှုများရှိကာ လက်နက်ကြီး ပစ်ခတ်သံများကြားရကြောင်း မင်းပြားမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းအောင်ကပြောဆိုသည်။“နာရီပိုင်းလောက်က မေလွမ်းရွာနားမှာ တိုက်ပွဲဖြစ်တယ်ဆိုပြီး အဲဒီဖက်က ဒေသခံတစ်ယောက်က ဖုန်းနဲ့ပြောတာရှိတယ်။ တိုက်ပွဲဖြစ်နေတယ်ဆိုပြီးတော့ ဖုန်းနဲ့ဆက်တာတော့ရှိတယ်။ ထိခိုက် ဒဏ်ရာရရှိမှုအခြေအနေတော့ မသိရသေးဘူး။ မေးလွမ်းရွာကိုတော့ ကျည်တွေဘာတွေကျတာတော့ ရှိတယ်လို့ကြားတယ်” ဟု ၎င်းကပြောဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဖြစ်သူ ကိုဇော်ဇော်ထွန်းကလည်း မေလွမ်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေသည်ကို မင်းပြားရှိ REC အဖွဲ့ဝင်တစ်ဦးပြောဆိုချက်အရ သိရသော်လည်း အသေးစိတ်အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် အတွင်း မေလွမ်းကျေးရွာနှင့် ဖားပြိုကျေးရွာကြား ဇောက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ အောက်တိုဘာလ ၁ရက်နေ့ ယနေ့ နံနက်ပိုင်း ရာမောင်တံတားအနီး ဆနွင်းတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ https://www.khitthitnews.com/2020/10/%e1%80%99%e1 %80%84%e1%80%ba%e1%80%b8%e1%80

***************

၂၂။ COVID ကာလ Stay at Home အစီအစဉ်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်ဒေသရှိ သိန်းနှင့် ချီသော ရွှေ့ ပြောင်းလုပ်သားများ မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေ
29 September 2020

COVID ကာလ Stay at Home အစီအစဉ်ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဖားကန့်ဒေသရှိ သိန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေကြောင်း သတင်းရရှိသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် နှစ်ပတ်တာ ကြေညာခဲ့သည်။

ထိုသို့ကြေညာရာတွင် မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေလျှင် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သည်။

ရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မဲစာရင်းကြေညာချက်အရ ဖားကန့်မြို့နယ်တွင် မဲဆန္ဒရှင် ၁၆၃၀၀၀ ကျော်ရှိ ကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံမှ သတင်းရရှိသည်။“ ဖားကန့်မြို့နယ်မှာ အခုထိ မဲစာရင်းမှာ ကြေငြာ ထားတဲ့စာရင်းဟာ မဲပေးမယ့်သူ ၁၆၃၀၀၀ ကျော်ရှိပါတယ်။ ပုံစံ (၃-က) နဲ့ လျှောက်ထားမယ့် အရေအတွက် ကတော့ များနိုင်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက လျှောက်ထားမှသာ သိရမှာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာတော့ (၃-က) နဲ့ လျှောက်ထားတဲ့ အရေအတွက်ကတော့ အများဆုံးကတော့ ရေမဆေးကျောက်ရှာသူတွေ အများဆုံးပဲ။ နောက်ပြီးတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ ဈေးရောင်းတဲ့သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ တာဝန်လာထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာက နိုင်ငံတော်ဝန်ထမ်းတွေ၊ နောက်ပြီးတော့ စစ်တပ်၊ ရဲ၊ တိုက်ခိုက်ရေး အထူးရဲတပ်ရင်းတွေကနေ ပြီးတော့ ရွေးကောက်ပွဲမှာ မဲပေးမယ်ဆိုရင် ပုံစံ (၃-က) နဲ့ လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အနေဖြင့် မြေပြင်ဆင်း၍ ကူညီဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေချိန်တွင် အစိုးရ က ဖားကန့်မြို့နယ်ကို Stay at Home ကြေညာလိုက်သည့်အတွက် လုပ်ဆောင်ပေး၍ မရတော့ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဦးဘရန်ရှောင်က ပြောကြားသည်။ ဖားကန့်မြို့နယ်တွင် မြို့ပေါ် ခြောက်ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၂၁ အုပ်စုရှိပြီး ကျောက်စိမ်းတူးဖော်ခွင့်သက်တမ်းရှိ ကုမ္ပဏီ ၇၇ ခုရှိကာ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက်၍ ရေမဆေးကျောက်ရှာသူ သိန်းဂဏန်းအထိရှိသည့်အပြင် ကုမ္ပဏီဝန်ထမ်းအများအပြား ရှိနေသည်။ https://news-eleve n.com/article/194369

**************

၂၃။ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဖျားနာသူများပြားလာနေ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေ
October 02, 2020

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယအများဆုံးဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းများ၌ ဖျားနာသူ များပြားလာနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

ဒုက္ခသည်ဦးရေ ၃၃၂၁ ဦးရှိသည့် တိန်ညိုစစ်ဘေးရှောင်စခန်းတွင် ဖျားနာသူ ၃၀ နှင့် ၅၀ ကြားရှိလာကာ ၎င်းတို့မှာ မည်သည့်ကြောင့် ဖျားနာနေခြင်းအား မသိရှိဖြစ်နေကြပြီး ဆေးကုသမှုခံယူမည့်နေရာမရှိသဖြင့် ဆေးဆိုင်တို့မှ ဆေးများ ဝယ်ယူသောက်သုံးနေရကြောင်း စခန်းတာဝန်ခံ ဦးဝေလှအောင်ထံမှသိရသည်။“အရင်တုန်းကဆိုရင် တိန်ညိုဆေးရုံကြီးကို သွားပြလိုက်လို့ရတယ်။ ဆေးလည်း အခမဲ့ကုသပေးတာပေါ့နော်၊ ဘာရောဂါဖြစ်တယ်ဆိုတာလည်းသိရတယ်။ အခုက တိန်ညိုမှာ ဆေးခန်းသွားပြစရာ ဆရာဝန်လည်းမရှိဘူး”ဟု ၎င်းက ရှင်းပြသည်။ အလားတူ ဒုက္ခသည်ဦးရေ နှစ်ထောင် ကျော် ရှိသည့် မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းတွင်လည်း ဖျားနာသူ ၆ ဦးနှင့် ခရုရောဂါဖြစ်နေသည့် အသက် ၂ နှစ်အရွယ်ကလေးအတွက် ဆေးကုသရန် အခက်အခဲ ဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးကျော်မြသိန်းက ပြောသည်။

ထိုစခန်းတွင် စက်တင်ဘာလတတိယအပတ်က အသက် (၇၃)နှစ်အရွယ်ရှိ အစာအိမ်ရောဂါအခံရှိသူ အဖွားတစ်ဦးမှာ တစ်လခန့်ဖျားနာပြီးနောက် သေဆုံးသွားခဲ့သည်။ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာစိုးဝင်းပိုင်က“တိုက်ပွဲ ဖြစ်နေတဲ့နေရာတွေဆိုရင်တော့ သွားနိုင်မှာမဟုတ်ဘူး။ ပုံမှန်ဆိုရင်တော့ အနည်းဆုံး တစ်လမှာ နှစ်ကြိမ်လောက် ကျန်းမာရေးစောက်ရှောက်မှုလုပ်ပေးတယ်။ ကျနော်တို့အနေနဲ့ကိုဗစ်ကာလ ဖျားနေတဲ့ သူတွေ ကို Swab ယူပေးထားပါတယ်”ဟု ဆိုသည်။ https://www.bnionline.net/mm/news-75895

***************

၂၄။ တီးတိန်မြို့နယ် သစ်တောနယ်မြေက နေအိမ်တွေကို ဖယ်ရှားခိုင်း
September 30, 2002

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှား ပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။ ခိုင်ကမ်းမြို့နယ်၊ အမှတ် ၄ ရက်ကွက်၊ ကွဲတံတားရဲ့ အောက်ဘက်ခြမ်းမှာရှိတဲ့ နေအိမ် ၂၆ လုံးကို စက်တင်ဘာလ ၂၅ ရက်နေ့က နောက်ဆုံးထား ဖယ်ရှားခိုင်းတာဖြစ်ပြီး ဒေသခံတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိနေတဲ့ ကာလဖြစ်တာကြောင့် ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေ တယ်လို့ ပြောပါတယ်။ ဒေသခံတချို့ကတော့ နေအိမ်ကို ပြောင်းရွှေ့ဖို့ အခက်အခဲတွေရှိတာကြောင့် အတည်တကျနေနိုင်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က ကျူးကျော်နေအိမ်တွေက မိသားစုဝင်တွေကို ကိုးမိုင်သစ်တောစခန်းမှာ လာခေါ်ခဲ့ပြီး စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်ခံခဲ့ရတယ်လို့ ဦးထန်လမ်မုန့်က RFA ကို ပြောပါတယ်။“ကျွန်တော်တို့ကို သစ်တောကနေ စစ်ဆေး မေးမြန်းဖို့ခေါ်ပါတယ်။ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ရပ်ကွက်မှာရှိတဲ့ ဒုက္ခသည်တွေပေါ့ဗျာ၊ အဖွဲ့အစည်းနဲ့ အစိုးရ ကိုးမိုင်သစ်တောရုံးကို ရောက်ရှိခဲ့တယ်။ သူတို့ စစ်ဆေးတဲ့အခါကျတော့ မိဘအမည်တို့၊ မှတ်ပုံတင်နံပါတ်တို့၊ ခိုင်ကမ်းကို ဘယ်နှစ်ခုနှစ်က စရောက်သလဲ၊ ကျူးကျော်ဘဝကို ဘယ်နှခုနှစ်ကရောက်လဲ ဒါတွေမေးပါတယ်။ ပြီးတော့ နောက်ဆုံး အချက်ကတော့ သစ်တောကနေပြီးတော့ ဒီမှာကျူးကျော်မြေကို ဖယ်ရှားမယ်၊ ရှင်းလင်းမယ်ဆိုပြီးမှ နောက်တစ်ကြိမ် တတိယအကြိမ် စာပေးခံရရင် မင်းတို့ ဘယ်လိုခံစားချက်ရှိပါသလဲဆိုပြီး မေးမြန်းပါတယ်။ အဲဒါကျတော့ လူကြီးမင်းတို့ရယ် ကျွန်တော်တို့မှာ ခိုလှုံစရာလုံးဝမရှိတဲ့အခါကျတော့ ဖယ်တော့ ဖယ်ရှားချင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ကလည်း နေရာချထား ပေးတဲ့အထိ ခိုလှုံခွင့်ပေးပါဆိုပြီးမှ ကျွန်တော်တို့ အသနားခံခဲ့ပါတယ်”ကွဲချောင်းကူးတံတားရဲ့ အပေါ်ဘက်က အိမ်တွေက တော့ သစ်တောမြေကိုကျူးတဲ့ ပုံစံဖြစ်ပေမယ့် ဌာနဆိုင်ရာ အသီးသီးက တိုင်ပင်ပြီး နေရာချထားပေးတာဖြစ်တဲ့အတွက် သူတို့ကို ဖယ်ရှားခိုင်းတာမျိုးမရှိဘူးလို့ ချင်းလူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇမ်းထွမ်းက ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်ကမ်းမြို့ သစ်တောဦးစီးဌာနကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှမျိုးကတော့ နေအိမ်တွေ ဖယ်ရှားဖို့ ကိစ္စကို သစ်တောဌာနက ဆောင်ရွက်နေတာဖြစ်ပြီး ပြည်နယ်အစိုးရက ညွှန်ကြားချက်မရှိသးကြောင်း ပြောပါတယ်။ https://www.rfa.org/bur mese/news/chin-slum-house-09302020055838.html

*************

၂၅။ အမ်းတွင် နောက်ပြန်လက်ပြန်ကြိုးချည် ထားသော ပုတ်ပွအလောင်း ၂လောင်းတွေ့ရှိရပြီး ပိုင်ရှင် မသိရသေး
October 1, 2020 6

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့တွင် လက်ပြန်ကြိုးချည်ထားသော အမည်မသိ ပိုင်ရှင်မရှိသော အလောင်း ၂လောင်းတွေ့ရှိခဲ့ကြောင်း အမ်းမြို့နယ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှား ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးလွင်ပြောဆိုသည်။ အဆိုပါ အလောင်း ၂ လောင်းကို အမ်းမြို့နယ်အအတွင်းရှိ အိုးပုံကျေးရွာ အနီး မြောက်ဦးချောင်းထဲတွင် စက်တင်ဘာ ၂၇ ရက်နေ့က အလောင်း ၁လောင်းတွေ့ရှိပြီး စက်တင်ဘာ ၂၈ရက်နေ့တွင် အမ်းချောင်းဝ ပေသာမော်ပေါက်တွင် အလောင်း ၁ လောင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီလ ၂၇ရက်နေ့မှာ တစ်လောင်းတွေ့တယ်ပေါ့။ အဲတာက အမ်းမြို့နယ် အိုးပုံကျေးရွာ အနီး မြောက်ဦးချောင်းထဲမှာ ပထမဦးဆုံးတွေ့တဲ့အလောင်းပေါ့။ လက်ကို နောက်ပြန်တုတ်ထားတဲ့ တစ်လောင်းတွေ့တယ်ပေါ့။ ၂၈ ရက်နေ့မှာပေါ့။ အမ်း ချောင်းဝပေါ့။ ပေသာမော်ပေါက်မှာ ဒုတိယတစ်လောင်းတွေ့တယ်ပေါ့။ အဲဒီအလောင်း ၂ လောင်းတွေ့တာတော့ ရှိတယ်။ ၂၇ ရက်နေ့က တွေ့တဲ့အလောင်းကတော့ အမ်းရဲစခန်းကနေပြီးတော့ တာဝန်ရှိတဲ့သူတွေက အလောင်းကို သယ်ယူသွား တယ်ပေါ့။ ၂၈ ရက်နေ့မှာ တွေ့တဲ့အလောင်းကတော့ ၂၉ ရက်နေ့မှာ ဒေသခံတွေက မြေမြှုတ်လိုက်ကျတယ်ပေါ့။ အဲဒီ အလောင်းက အမ်းချောင်းထဲမှာ မျောနေတဲ့ အခါမှာ အဲဒီချောင်းကို မှီခိုနေရတဲ့ ရေလုပ်သားတွေရှိတယ်။ အဲဒီရေလမ်း ကြောင်းကို မှီခိုနေရတဲ့ ဒေသခံတွေ အဲဒီအလောင်းကို မြင်တွေ့တဲ့အခါ စိုးရိမ်စိတ်တွေ ထိတ်လန့်စေမှုတွေ မြင့်တက်နေတဲ့ အနေအထားမှာရှိတဲ့အခါ အဲဒီအလောင်းကို ဒေသခံတွေက မြေမြှုပ်လိုက်တယ်ပေါ့။ အလောင်း ၂လောင်းလုံးက လက်ကို နောက်ပြန်ကြိုးတုတ်ထားတယ်” ဟု ကိုမျိုးလွင်က ပြောဆိုသည်။

“ အလောင်း ၂ လောင်းလုံးကို ချည်ထားတဲ့ ကြိုးကလည်း ပုံစံတူနေတယ်ပေါ့။ ကျွန်တော် သုံးသပ်မိသလောက်ဆိုရင် ဒီ အလောင်း ၂ လောင်းက တစ်နေရာထဲမှာ ဖြစ်တာလား။ ဒီအလောင်း ၂ လောင်းက ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်မိ တယ်။ ဒါပေမယ့် အလောင်း ၂လောင်းတွေ့တဲ့ နေရာတွေကတော့ တစ်နေရာနဲ့တစ်နေရာဝေးတယ်။ ၁ဝမိုင်လောက်တော့ ဝေးတယ်ပေါ့။ ဒါပေမယ့် အလောင်း ၂လောင်းတွေ့တဲ့ ချောင်းကတော့ တဆက်တည်းပဲ မြောက်ဦးချောင်းက ထွက်တာနဲ့ အမ်းချောင်းကိုရောက်တယ်ပေါ့။ ချောင်းကတော့ တဆက်တည်းပေါ့”ဟု ကိုမျိုးလွင်ကပြောဆိုသည်။ အမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ယင်းဖြစ်စဉ်ကို အင်တာနက်ပေါ်တွင်တွေ့မြင်သည့်အတွက် သိရှိ ထားသော်လည်း အလောင်းပိုင်ရှင်မည်သူဆိုသည်ကို မသိရှိရသေးကြောင်း ဆက်လက် စုံစမ်းမေးမြန်းနေကြောင်း ပြောဆို သည်။ https://www.khitthitnews.com/2020/10/%e1%80%a1%e1%80%99%e1%80%ba%e1%80%b8%e1

**************

၂၆။ ဒီဇယ်ဆီပြတ်လပ်မှုကြောင့် ပလက်ဝမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်တော့မည်မဟုတ်
October 2, 2020

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် စက်သုံးဆီ (ဒီဇယ်) ပြတ်လပ်မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့ည မှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးထံမှသိရသည်။

ပလက်ဝမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် အသုံးပြုမည့် ဒီဇယ် ပီပါ (၁၂၀) လုံးသည် ဆမီးမြို့တွင်သောင်တင်နေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် သယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာ ကပြောသည်။“လက်ရှိ ကျနော်တို့ဆီမှာ ရှိတဲ့ဟာက ကုန်သွားတယ်၊ ဆမီးမှာ ပီပါ အလုံး ၁၂၀ တော့ရှိ တယ် ဒါပေမယ့် လမ်းကြောင်း မကောင်းသေးလို့မသယ်နိုင်သေးတာ၊ အဲဒီလမ်းကြောင်းပေါ်မှာက ဟိုဘက်အဖွဲ့အစည်း

တွေရှိတယ်လေ လမ်းကြောင်းရှင်းမှဘဲ တပ်ကခွင့်ပြုတာကိုး တစ်ပတ်လောက်ရှိပြီစောင့်နေတာကတော့’’ဟု ဦးအောင်လော ဟာ ကပြောသည်။ မဟာဓာတ်အားလိုင်းမရောက်ရှိနိုင်သေးသည့်အတွက် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ဒီဇယ်ဆီအသုံးသော မီးစက်ဖြင့် ယခင်က တစ်ရက်လျှင် (၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလေ့ရှိသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဆမီးမြို့တို့မှ ဆက်သွယ်သော လမ်းကြောင်းများပြတ်တောက်သည့်အတွက် စက်သုံးဆီအပြင် စားနပ်ရိက္ခာများလည်း ပြတ် တောက်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသောကြောင့် စက်သုံးဆီများ သယ်ယူရန် အခက်အခဲဖြစ်နေသည့် အတွက် ပလက်ဝမြို့နယ်တွင် ရက်အတော်ကြာလျှပ်စစ်မီး ပြတ်တောက် ခဲ့ပြီးဖြစ်သည်။ https://www.bnionline.net/mm/news-75896

****************

၂၇။ စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားသူ အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရ
October 01, 2020

လွိုင်ကော်တက္ကသိုလ် စောင့်ကြည့်ကြပ်မတ်တဲ့နေရာကနေ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူကို အလုပ်နှင့်ထောင်ဒဏ် (၁)နှစ်နှင့် (၆)လ ချမှတ်ခံရတယ်လို့ စက်တင်ဘာလ ၂၉ ရက်နေ့က ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကနေ လွိုင်ကော်မြို့ကို ပြန်လာတာတဲ့ လွိုင်ကော်မြို့ နွားလဝိုး ကျေးရွာအုပ်စု၊ ထီးပလောခူကျေးရွာမှာ နေထိုင်သူ အမျိုးသား တစ်ဦးဖြစ်ပါတယ်။

ထွက်ပြေးဖို့ ပြုလုပ်နေတဲ့အတွက် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေက တားမြစ်ပေမယ့်လည်း လုံခြုံရေးတာ ဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ခိုက်ရန်ပြုပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆/၂၉ အရ လွိုင်ကောမြို့နယ်တရားရုံးကို တရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ် မြို့နယ်အသီးသီး ကိုရိုနာဗိုင်းရပ်(စ်)ကြိုတင်ကာကွယ်ရေး စောင့်ကြည့်ကြပ်မတ်တဲ့ Community Based Facility Quarantine ဆောင်ရွက်ထားရှိမှုမှာ စက်တင်ဘာလ ၂၉ရက်နေ့အထိ လူဦးရေ (၃၆၃)ဦးရှိပြီး ဆေးစစ်ချက်အဖြေ စောင့်ဆိုင်းဆဲလူနာ (၃၆) ဦးရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့လူမှုစာမျက်နှာမှာဖော်ပြထားချက်အရ သိရပါတယ်။ https://www.bnionline.net/m m/news-75882

***************

၂၈။ စစ်တွေမှာ ဒုက္ခသည် ထောက်ပံ့ငွေ ဖြတ်တောက်ခံနေရ
October 1, 2020

ရခိုင်မြောက်ပိုင်းမှာ ကပ်ဘေးကာလအတွင်း အစိုးရ ထောက်ပံ့ငွေကို အပြည့်အဝမရကြဘူးလို့ မွတ်စလင် ဒုက္ခသည်တွေက ပြောပါတယ်။ စစ်တွေမြို့ ခေါင်းဒုက္ကာ အမှတ်(၂)ဒုက္ခသည်စခန်းက အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးက မနေ့က စခန်း စီမံခန့်ခွဲရေး ကော်မတီကနေတဆင့် ဒုက္ခသည်တွေကို ထောက်ပံ့ငွေ ပေးအပ်တဲ့အခါ ငွေလေးသောင်းကျပ် ကိုင်ဆောင်ကာ ဓာတ်ပုံမှတ်တမ်းရိုက်ကြပြီးနောက် ငွေသုံးထောင်ကိုဖြတ်ပြီး ကျန်တဲ့သုံးသောင်းခုနှစ်ထောင်ကိုသာ ဒုက္ခသည်တွေကို ပေးခဲ့ ကြတယ်လို့ဆိုပါတယ်။

သက္ကယ်ပြင်ဒုက္ခသည်စခန်းနဲ့ အုန်းတောကြီးတောင် စခန်းတွေက ဒုက္ခသည်တွေကလည်း အလားတူ ဖြတ်တောက်ခံရ ပါတယ်။ အုန်းတောကြီးမြောက် ဒုက္ခသည်စခန်းမှာတော့ အခန်းပေါင်း ၂၇၀၀ ကျော်အနက် အိမ်ထောင်စု ၂၁၅ စုဟာ ထောက်ပံ့ကြေး ပေးအပ်မယ့် စာရင်းထဲမှာ မပါတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ မနေ့ကတင်ပြလိုက်ကြတယ်လို့ စခန်း လူကြီးတစ်ဦးက ပြောပါတယ်။ အလားတူ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာကနေ ထိပ်ထူး ပေါက်ကျေးရွာကို ထွက်ပြေးခိုလှုံနေကြရတဲ့ မွတ်စလင် အိမ်ထောင်စု ၇၁ စုအနက် ၅၇ စုကို ထောက်ပံ့ငွေ ပေးအပ်ရာ မှာလည်း တစ်အိမ် ထောင်ကို ခုနစ်ထောင်ကျပ်စီ ဖြတ်တောက်ခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။

အခုလိုဖြတ်တောက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဒုက္ခသည် ငါးဦးက မနေ့က သွား ရောက်တိုင်ကြားခဲ့ရာမှာ ပြေလည်အောင်ဖြေရှင်းပေမယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ကျေးရွာကို ပြန်ရောက်လာချိန်မှာ တော့ ကျေးရွာအာဏာပိုင်တွေက ရွာကနေ နှင်ထုတ်တာကြောင့် ဒီနေ့မနက်မှာတော့ မူလနေရပ် ဆင်သေပြင်ရွာကို ပြန်နေ ကြရတယ်လို့ ရွာကနေ နှင်ထုတ်ခံရတဲ့ ဦးမာမောက်ခေါ်ဘီက RFA ကို ပြောပါတယ်။ ဒုက္ခသည်တွေအတွက် ထောက်ပံ့ ကြေးငွေတွေကို ဘယ်သူတွေက ဖြတ်တောက်တယ် ဆိုတာနဲ့ပတ်သက်လို့ RFA က ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။ https://www.rfa.org/burmese/news/refugees-in-sittwe-10012020032254.html

***************

၂၉။ ကုန်တင်ယာဉ် နှင့် ခရီးသည်ယာဉ် များ ထွက်ခွာခွင့် ၁၄ ရက် ပိတ်မည်
October 1, 2020

သျှမ်းပြည်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကုန်တင်ကား နှင့် ခရီးသည်တင်ယာဉ်များ ထွက်ခွာခွင့် (၁၄) ရက် ပိတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တွင်းသို့ ကုန်တင်ကားနှင့် ခရီးသည်တင်ယာဉ်များ ဝင်/ထွက် သွားလာခွင့်ကို အောက်တိုဘာ ၁ မှ ၁၄ ရက်ထိ ယာယီပိတ်ထားလိုက်ကြောင်း သျှမ်းပြည်အစိုးရအဖွဲ့က စက်တင်ဘာ (၃၀) ရက် တွင် ပြုလုပ်သည့် သျှမ်းပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၌ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“ထောက်ခံစာရှိရင်လာလို့ရပါတယ်။ ဒါပေမယ့် အဲ့ထောက်ခံစားက ၂ပတ်အတွင်း ရောဂါ ကင်းရှင်ကြောင်းထောက်ခံချက် ဖြစ်ရမယ်”ဟု မူဆယ်သစ်သီးပွဲရုံပိုင်ရှင် စိုင်းမြင့်ဘို က သျှမ်းသံတော်ဆင့်ကိုပြောသည်။ မူဆယ်မြို့သို့လာမည့် ကုန်တင် ကား သမားများအနေဖြင့် ကျန်းမာရေး ထောက်ခံစာပါရမည်ဖြစ်ကြောင်း၊ ထောက်ခံစာပါမှသာလျှင် ဝင်ခွင့်ပေးမည် ဖြစ် ကြောင်းသိရသည်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကားသမားတဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် အတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ်သန်းဝင်ရောက်လာပါက ကုန်တင် ယာဉ်မောင်းနှင်သည့် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက (၂) ပတ် အတွင်း ထုတ်ပေးထားသည့် Covid-19 ရောဂါ ကင်းရှင်းကြောင်း (Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ် သန်းခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည် အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တရပ်ထားနားမည်ဖြစ်ကြောင်း သိရသည်။ https ://burmese.shannews.org/archives/18730

***************

၃၀။ ကိုဗစ်ကြောင့် ကယားပြည်နယ် အထင်ကရနေရာများ လည်ပတ်ခွင့်ပိတ်
30 September 2020

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ လုပ်ငန်းများ အောင်မြင်စွာ ဖော်ဆောင် နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် ပြည်နယ်အတွင်းရှိ ခရီးသွားလာမှု၊ လည်ပတ်မှုများသည့် အထင်ကရ နေရာ များအား ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်တွင် သတင်း ထုတ်ပြန် သည်။ ထုတ်ပြန်ချက်အရ လွိုင်ကော် ထီးစဲခါးရေတံခွန်နှင့် ကြတ်ဂူ၊ ဒီးမော့ဆို ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနစ်ဆင့်၊ ပန် ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံနှင့် ရေပြာအိုင်(နန်းမယ်ခုံ)၊ ဖရူဆို ထီးပရူနူဂူနှင့် ဆင်ဖြူတောင်များသို့ လာရောက် လည် ပတ်ခွင့်အား အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ပိတ်ထားမည် ဖြစ်သည်ဟု သိရသည်။

အဆိုပါ အထင်ကရ နေရာများသည် အထူးသဖြင့် ပြည်နယ်ပြင်ပမှ လာရောက်ကြသူတိုင်း သွားရောက် လည်ပတ်လေ့ရှိ သည့် နေရာများ ဖြစ်ကြောင်း သိရသည်။ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်းက “ကျနော်တို့ ပြည်နယ်အတွင်းမှာ ဒီနေ့ထိ ရောဂါပိုး လုံးဝမတွေ့ရှိသေးတာကြောင့် ဒါကိုဆက်ထိန်းတဲ့ အနေနဲ့ရော၊ လုံးဝ ဖြစ်ပွားမှု မရှိအောင် ကာကွယ်တဲ့အနေနဲ့ပါ ခဏပိတ်လိုက် တာပါ” ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် အောက်တိုဘာ ၁ လလုံး ကယားပြည်နယ်ရှိ ခရီးသည် သယ်ယူပို့ဆောင်ရေး အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ရပ်ဆိုင်းထားပြီး ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိသော ယဉ်လိုင်းများကိုမူ ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ ကယားပြည်နယ်အတွင်းသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူ အားလုံးနှင့် နိုင်ငံတွင်း မည်သည့် ဒေသမှမဆို ဝင် ရောက်လာသူအားလုံး Community Based Facility Quarantine (၁၄) ရက် နေထိုင်စေပြီး ဓာတ်ခွဲနမူနာ (၁) ကြိမ် ရယူ စစ်ဆေးသွားမည်ဖြစ်ကာ Home Quarantine (၇) ရက် ထားရှိဆောင်ရွက်မည်ဟုလည်း သိရသည်။ https://burma.irrawaddy.com/news/2020/09/30/230798.html

***************

၃၁။ မြဝတီမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး သေဆုံး
October 1, 2020

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်၊ မြို့ပတ်လမ်းနေ အသက် (၃၇)နှစ်ရွယ် ကိုဗစ်အတည်ပြုလူနာ အမျိုးသား (၁)ဦး သည် ကင်ဆာရောဂါအခံဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရှိရ သည်။ Hospital Quarantine ထားရှိကာ စက်တင်ဘာ ၂၈ရက်နေ့တွင် ၎င်းအား ဓာတ်ခွဲနမူနာ အာခေါင်တို့ဖတ်(swab) ယူ၍ ပေးပို့စစ်ဆေးခဲ့ရာ စက်တင်ဘာလ(၃၀) ညပိုင်း ထုတ်ပြန် ချက်တွင် ပါဝင်လာခြင်းဖြစ်သည်။ ၎င်းမှာ Stay at home ကြေညာထားသည့် ရန်ကုန်မြို့မှ ပြန်လာသူဖြစ်သည့်အတွက် ၎င်းအား ကိုင်တွယ်ကုသခဲ့သည့် မြဝတီခရိုင်ဆေးရုံ ဝန်ထမ်း အားလုံး Quarantine ဝင်ကာ Swab ယူ၍ စစ်ဆေးသွားမည်ဟုလည်း တာဝန်ရှိသူများက ပြောသည်။

င်းအပြင် ကွယ်လွန်သူ၏ ဇနီးဖြစ်သော လူနာစောင့်အမျိုးသမီးမှာ စစ်ဆေးချက်အရ Covid- 19 ပိုးမတွေ့ရှိသလို Covid-19 ပိုးတွေ့လူနာ သေဆုံးသူနှင့် ဇနီးတို့သည် ရန်ကုန်မှဆေးရုံ ဆင်း ပြီး မြဝတီခရိုင်ဆေးရုံးကြီးသို့ တိုက်ရိုက် Quarantine ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသဖြင့် ယာဉ်မောင်းမှလွဲ၍ အခြားမည်သည့် Contact Person မျှမရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေး မှူး ဦးတေဇာအောင်က ပြောသည်။

မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ခွန်ဆာဝင်းနေ ထိုင်းပြန် အသက် ၂ နှစ် က လေးငယ် (၁)ဦးမှာ ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်သည်။ ယခု နောက်ဆုံး ပိုးတွေ့ အသက် (၃၇)နှစ်အရွယ် အမျိုးသား(၁)ဦးမှာ သေဆုံးခဲ့၍ လက်ရှိတွင် မြဝတီခရိုင် ပြည်သူ့ဆေးရုံ၌ covid-19 ပိုးတွေ့ အတည်ပြုလူနာ (၃)ဦးအား သီးသန့်ဆောင်တွင် ဆေးဝါကု သမှု ခံယူလျက်ရှိကြောင်း သိရသည်။ http://kicne ws.org/2020/10/%e1%80%bb%e1%80%99%e1%80%9d%e1% 80%90%e1%80%ae%e1%8

**************

၃၂။ စစ်တွေဆိပ်ကမ်းကို ရှေ့နှစ်ဆန်းပိုင်း စလည်ပတ်နိုင်ဖို့ အိန္ဒိယနဲ့မြန်မာ ဆွေးနွေး
October 2, 2020

ရခိုင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ စစ်တွေဆိပ်ကမ်း ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း လုပ်ငန်း စတင် လည်ပတ်နိုင်ဖို့ မြန်မာနဲ့ အိန္ဒိယ ပူးတွဲ ကြိုးပမ်းနေတယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Harsh Shringla က ပြောပါ တယ်။ ကြာပသတေးနေ့က ပြုလုပ်တဲ့ အိန္ဒိယ-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ အကြား ညှိနှိုင်းဆွေးနွေးပွဲမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နဲ့ ဆွေးနွေးအပြီး အိန္ဒိယ ဘက်က အခုလို ပြောကြားလိုက်တာပါ။ အိန္ဒိယကနေ မြန်မာနိုင်ငံကို ဖြတ် ကျော်ပြီး ထိုင်းနိုင်ငံအထိ ဆက်သွယ်မယ့် သုံးနိုင်ငံ အဝေးပြေးလမ်းတည်ဆောက်ရာမှာ ပါဝင်တဲ့ တံတား ၆၉ စင်းတည်ဆောက်ရေး တင်ဒါ ခေါ်ယူရေး လုပ်ငန်းတွေကိုတွေလည်း မကြာခင် စတင်တော့မယ်လို့ Shringla က ပြောပါတယ်။စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးက ကုလားတန်မြစ် ဘက်စုံ စီမံကိန်းရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ် အရှေ့မြောက်ဘက် ပြည်နယ်တွေ မီဇိုရမ် ပြည်နယ်ကတဆင့် ပင်လယ်ထွက်ပေါက် ရရှိရေးအတွက် အရေးပါတဲ့ စီမံကိန်း ဖြစ်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ဆိပ်ကမ်းလုပ်ငန်းတွေ စတင်နိုင်တဲ့အခါမှာ အိန္ဒိယ ကုန်ပစ္စည်း တွေကို ကုလားတန်မြစ်ကတဆင့် စစ်တွေဆိပ်ကမ်းအရောက်ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးမြှင့်နိုင်တဲ့အကြောင်းနဲ့ နှစ်နိုင်ငံအကြား တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက် ရနိုင်ဖို့ မြန်မာနိုင်ငံ ဘက်က အရှိန်မြှင့် လုပ်ဆောင်ပေးဖို့ကိုလည်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က တောင်းဆို ထားပါတယ်။

ရခိုင်အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ရာမှာ အိန္ဒိယအနေနဲ့ မြန်မာနဲ့ ဂျပန်နိုင်ငံနဲ့အတူ ရခိုင်ပြည်နယ်အတွင်း သုံးနိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတွေမှာ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းက အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူတွေ ဘေးရန်ကင်းကင်းနဲ့ စောစီးစွာ နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Shringla က ပြောပါ တယ်။ https://burmese.voanews. com/a/sittwe-india-myanmar-project-/5605 881.html

**************

၃၃။ မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ၃ ဦး ဆေးကုသမှုခံယူနေ၊ ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၇၀ နီးပါး Quarantine ထားရှိ
September 30, 2020

ပြည်တွင်း ကူးစက်မှုမြင့်မားလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးမှ မြဝတီမြို့သို့ ရောက်ရှိလာသူ (၃)ဦးထံမှ Covid-19 ရောဂါပိုးတွေ့ရှိ၍ မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ပေးထားပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူ (၇၀) ဦးခန့်အား Quarantine ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ရန်ကုန်မြို့မှ စက်တင်ဘာ ၁၆ ရက်နေ့က ပြန်လာပြီး ၂၃ ရက်နေ့က မြဝတီခရိုင်ဆေးရုံတွင် ပဏာမ စစ်ဆေး စဉ် Covid-19 ရောဂါပိုးတွေ့ရှိသူ မြဝတီမြို့ သင်္ဃန်းညီနောင် မြို့သစ် ၇ လမ်းမှ အသက် ၄၇ နှစ်အရွယ် အမျိုး သမီး (၁)ဦး၊ စက်တင်ဘာ လ ၁၈ ရက်နေ့က ရန်ကုန်မြို့မှ မြဝတီမြို့သို့ရောက်ရှိပြီး ၂၀ ရက်နေ့တွင် မြဝတီ အ ထက(၁) Quarantine Center တွင် အသွားအလာကန့်သတ်ထားသူ အသက်(၂၁)အရွယ် အမျိုးသား(၁)ဦး နှင့် စက်တင်ဘာလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှ မြဝတီမြို့သို့ရောက်ရှိပြီး ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြဝတီ အ.ထ.က(၁) Quarantine Center တွင် အသွားအလာ ကန့်သတ်ထားသူ အသက် (၅၆)နှစ် အရွယ် အမျိုးသား(၁)ဦး စုစုပေါင်း ကိုဗစ် အတည်ပြုလူနာ (၃)ဦးကို သီးသန့်ထားရှိကာ ဆေးဝါးကုသမှုပြုလုပ်နေကြောင်း ဦးတေဇာအောင်က ပြောသည်။ ယင်းတို့ ၃ ဦးနှင့် ထိတွေ့ခဲ့သည့် contact persons စုစုပေါင်း (၇၀)ဦးခန့်အား မြဝတီမြို့ တိုးချဲ့ မဲကနယ် Quarantine Center တွင် သီးသန့်ထားရှိကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွား မည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဆက်ပြော သည်။

“ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လာသူတွေကို မြဝတီမြို့အဝင် သင်္ဃန်းညီနောင်စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့မှ စပြီး ပိုမိုတင်းကြပ်ကာ စစ်ဆေးမှုများပြုလုပ်ပြီး မြဝတီ အ.ထ.က(၁) ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Quarantine စခန်းမှာ ထားရှိပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ကြည့်မှုတွေ ပြုလုပ်လျက်ရှိပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။ http://kicnews.org/2020/09/%e1% 80%bb%e1%80%99%e1%80%9d%e1%80% 90%e1%80% ae%e1%

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **