• Today is: Tuesday, April 16, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 63 , October 6, 2020)

၁။ KIO “နာမည္” အသုံးခ်ၿပီး ၿပိဳင္ဖက္ KSPP ကို အပုပ္ခ် မဲဆြယ္မႈ NLD ေတာင္းပန္

၂။ SNLD ပါတီ ဥကၠ႒ အျဖစ္ ဆက္လက္ ရွိေပးရန္ ပါတီ၏ ေမတၱာရပ္ခံမႈအေပၚ လက္ခံေၾကာင္းႏွင့္ အခ်ိန္ကာလ တစ္ခု အထိ ပါတီကို ဦးေဆာင္ေပးမည္ျဖစ္ေၾကာင္း ဦးခြန္ထြန္းဦး အေၾကာင္းျပန္

၃။ ကြတ္ခိုင္ရွိ တပ္ရင္းတခုႏွင့္ ျပည္သူ႔စစ္ဌာန႐ုံးတခု လက္နက္ႀကီးျဖင့္ တိုက္ခိုက္ခံရ

၄။ ပါတီမိန႔္ခြန္းပါ အခ်က္အခ်ိဳ႕ ေကာ္မရွင္၏ ပယ္ဖ်က္ခံရမႈအေပၚ ရႈတ္ခ်ေၾကာင္းႏွင့္ ႏိုင္ငံပိုင္ ႐ုပ္သံတြင္ ေဟာေျပာ ထုတ္လႊင့္ မည့္ အစီအစဥ္တြင္ မပါဝင္ေတာ့ေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ထုတ္ျပန္

၅။ တပ္မေတာ္ႏွင့္ RCSS တိုက္ပြဲ ၊ ၁ ဦး ဒဏ္ရာရ ေဒသခံ ၈၀၀ ေက်ာ္ ထြက္ေျပး

၆။ ထိန္းခ်ဳပ္နယ္ေျမအတြင္းရွိ ႐ြာသားမ်ားအား ေ႐ြးေကာက္ပြဲအမီ မွတ္ပုံတင္ကတ္ျပားျပဳလုပ္ေပးရန္ မြန္ျပည္သစ္ပါတီ လိုလား

၇။ ေနရပ္ျပန္မည့္ေက်း႐ြာ ၁၄ ႐ြာအတြက္ ေနအိမ္မ်ားစတင္ေဆာက္လုပ္ေတာ့မည္

၈။ AA ႏွင့္ တပ္မေတာ္ ရေသ့ေတာင္ႏွင့္ မင္းျပားတြင္ တိုက္ပြဲျပင္းထန္၊ တပ္ရဟတ္ ယာဥ္ ၂ စီးျဖင့္ တိုက္ခိုက္

၉။ တပ္မေတာ္သား ႏွစ္ဦး ပစ္သတ္ခံရမႈျဖစ္စဥ္၏ သက္ေသထြက္ဆိုခ်က္အေပၚ KNLA ျငင္းဆို

၁၀။ တိုင္းရင္းသားပါတီမ်ားမွလြဲ၍ မြန္ညီၫြတ္ေရးပါတီ မဟာမိတ္ဖြဲ႕စည္းထားျခင္းမရွိဟုဆို

၁၁။ လားရႈိးခ႐ိုင္တြင္ မဲ႐ုံမွဴးႏွင့္ မဲ႐ုံဝန္ထမ္း ၅၀၀ ခန႔္ ထပ္တိုးေခၚ

၁၂။ ဖမ္းဆီးထားသူ ေလးဦး AA အမာခံဟု တပ္မေတာ္ စြပ္စြဲ

၁၃။ ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ပယ္ဖ်က္ခံရသျဖင့္ ေမာင္ေတာခ႐ိုင္ေကာ္မရွင္ႏွင့္ လဝကကို တရားစြဲမည္

၁၄။ ရိကၡာျပတ္ေနတဲ့ ပလက္ဝကို ဆန္အေရာက္ပို႔ႏိုင္ဖို႔ ႀကိဳးစားေန

၁၅။ UDP ပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ႏွင့္ ပတ္သက္ျခင္း မရွိဟု ဦးဇခုန္တိန႔္ယိန္း ဆို

၁၆။ ဦးအယ္လ္ေဖာင္းရႈိကို စစ္ေဆးဖို႔ အဂတိေကာ္မရွင္ ျငင္းပယ္

၁၇။ စည္း႐ုံးေရးဆင္းရာမွာ အေႏွာင့္အယွက္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီေျပာ

၁၈။ တီးတိန္၊တြန္းဇံႏွင့္ပလက္ဝၿမိဳ႕တို႔ ၂၀၂၂ ခုႏွစ္တြင္ မဟာဓာတ္အားလိုင္း ရရွိမည္

၁၉။ ကုန္စည္စီးဆင္းမႈရပ္မတန႔္ေစရန္ ကားသမားမ်ားကို က်န္းမာေရး စစ္ေဆးမႈ ျပဳလုပ္မည္

၂၀။ UEC ပြင့္လင္းျမင္သာမႈမရွိသျဖင့္ သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္ ၂ ဦးႏုတ္ထြက္ဟုဆို

၂၁။ ဘားအံၿမိဳ႕၌ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ားကို ကိုဗစ္-၁၉ ေရာဂါပိုးရွိ မရွိ စစ္ေဆး

၂၂။ ဆလိုင္းေအာင္စိုးအား အျမန္ဆုံးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႕ေတာင္းဆို

၂၃။ က်ိဳကၡမီၿမိဳ႕မွ ၁၀ ႏွစ္အ႐ြယ္ကေလးတစ္ဦး ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံရသျဖင့္ အတူကစားေဖာ္ကေလးငယ္မ်ားကို Quarantine ထားရွိ

၂၄။ တိုက္ပြဲျပင္းထန္တဲ့ ရေသ့ေတာင္မွာ ဒုကၡသည္စခန္း လက္နက္ႀကီးထိ

၂၅။ ေက်ာက္ေတာ္ၿမိဳ႕နယ္ မင္းသားေတာင္႐ြာထဲ လက္နက္ႀကီးက်ည္က်ၿပီးေနာက္ အဘြားတစ္ဦး လန႔္ျဖတ္ ေသဆုံး

၂၆။ ဖားကန႔္ၿမိဳ႕ကို Stay at Home သတ္မွတ္ေပးရန္ ေတာင္းဆို

၂၇။ မတူပီဘက္မွပို႔သည့္ မဲ႐ုံသုံးပစၥည္းမ်ား ပလက္ဝတြင္ေရာက္ၿပီျဖစ္ေသာ္လည္း စစ္ေတြဘက္မွပို႔သည့္ပစၥည္းမ်ား မေရာက္ရွိေသ

၂၈။ ကေလာၿမိဳ႕နယ္ က်န္းမာေရး စစ္ေဆးေရးဂိတ္တြင္ ကိုဗစ္-၂ဦး ေတြ႕ရွိ

၂၉။ ေမာင္ေတာၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာ ၃၃ ဦး ထပ္မံေတြ႕ရွိ

*************

၁။ KIO “နာမည္” အသုံးခ်ၿပီး ၿပိဳင္ဖက္ KSPP ကို အပုပ္ခ် မဲဆြယ္မႈ NLD ေတာင္းပန္
5 October 2020

လက္ရွိ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ၎၏ၿပိဳင္ဖက္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ KSPP ကို ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIO “အမည္”အသုံးခ်ၿပီး မဲဆြယ္စည္း႐ုံးေနသည္ဟု မမွန္မကန္ အပုပ္ခ်ေျပာဆိုခဲ့မႈအေပၚ တရား၀င္ ျပန္လည္ေတာင္းပန္ခဲ့ေၾကာင္း သိရသည္။ လာမည့္ ေ႐ြးေကာက္ပြဲတြင္ KIO အဖြဲ႕၀င္မ်ားအေနျဖင့္ တစုံတရာ ေထာက္ခံပါ၀င္ ပတ္သက္ျခင္း မျပဳလုပ္ရန္’ဟူေသာ အေၾကာင္းၾကားစာသည္ လူမႈကြန္ရက္ facebook ေပၚတြင္ စက္တင္ဘာလ လယ္ပိုင္းက သတိေပး ထုတ္ျပန္ထား သည္ကိုေတြ႕ရသည္။ KIO အဖြဲ႕၏ တံဆိပ္မပါဘဲ ထုတ္ျပန္ေသာ အဆိုပါစာကို မခ်မ္းေဘာ့ၿမိဳ႕နယ္ NLD ပါတီလူႀကီးမ်ားက အသုံးခ်ၿပီး “KSPP ကို KIO ေတာင္မွ မေထာက္ခံဘူး”ဆိုကာ မဟုတ္မမွန္ မဲဆြယ္ စည္း႐ုံးခဲ့ျခင္းေပၚ ေတာင္းပန္ျခင္း ျဖစ္သည္ဟု သိရသည္။

“ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွာ ျပႆနာညႇိႏႈိင္းေရးေကာ္မတီ ရွိပါတယ္။ အဲဒီမွာ ျပႆနာ သြားေျဖရွင္းၾကေတာ့၊ သူတို႔ (NLD) ဖက္ကေန သူတို႔ လုပ္ေဆာင္မႈ မွားသြားေၾကာင္း၊ ဒိကိစၥအတြက္ သူတို႔ တာဝန္ယူေၾကာင္း၊ လူထု ရွင္းလင္းမႈကိုပါ သူတို႔ ျပဳလုပ္သြားမယ္ ဆိုၿပီး ေတာင္းပန္ေတာ့ အဲဒီလိုနဲ႔ ေက်ေအးခဲ့တာပါ”ဟု KSPP ဒုဥကၠဌ၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဒူဝါ ကြမ္ေဂါင္ေအာင္ခမ္း က ကခ်င္သတင္းဌာန KNG ကို ေျပာသည္။ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးသို႔ KSPP ၏ တိုင္ၾကားခ်က္ေပၚ NLD ေဒသ လူႀကီးမ်ားက စက္တင္ဘာ (၂၇)တြင္ မခ်မ္းေဘာ့ ၿမိဳ႕နယ္ ႏွင့္ စက္တင္ဘာ (၂၉)တြင္ ပူတာအိုၿမိဳ႕နယ္ စသည့္ ႏွစ္ေနရာမွ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမ်ားတြင္ ေတာင္းပန္ခဲ့ ေၾကာင္း KSPP မွ သိရသည္။ “NLD မဲ ေအာင္ႏိုင္ေရးစည္း႐ုံးသူေတြက အဲဒီ KIO ေတာင္ပိုင္းတိုင္းမွ ထုတ္ျပန္တဲ့ စာကို စာအိပ္ထဲထည့္ၿပီး လိုင္ဇာ (KIO ဗဟိုဌာနခ်ဳပ္) လက္ေဆာင္ဆိုၿပီး မိမိတို႔ KSPP ပါတီ လူႀကီးေတြကိုပါ လာေပးၾကတယ္၊ စာအိပ္ဖြင့္ၾကည့္ေတာ့ ဘာလက္ ေဆာင္မွ မပါဘူး၊ ျပန္ေမးေတာ့ လက္ေဆာင္ ေနာက္မွေပးမယ္လို႔ လိမ္ညာ ျပန္တယ္”ဟု အမည္ မေဖာ္လိုသူ မခ်မ္းေဘာ့ ၿမိဳ႕နယ္ KSPP မဲ ေအာင္ႏိုင္ေရးစည္း႐ုံးေရးမႈး တစ္ဦးက ကခ်င္သတင္းဌာန KNG ကို ေျပာသည္။

ယင္း ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး KIO ဗဟိုဌာနခ်ဳပ္ က ၎တို႔ မသိေၾကာင္း၊ မျမင္ေၾကာင္း ျငင္းဆိုသည္။ “ကြၽန္ေတာ္တို႔ က အဲဒီစာကို ျမင္လည္း မျမင္၊ သိလည္း မသိေသးဘူး။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္တို႔ KIO က ဘာမွ ပါ၀င္ ပတ္သက္မႈ မလုပ္ပါဘူး။ ျပည္သူေတြက သူတို႔နယ္ေျမ ေဒသေတြမွာ သူတို႔ယုံၾကည္တဲ့ ပါတီေတြကို မဲ ေပးဖို႔က သူတို႔ တာ၀န္ပဲ ျဖစ္တယ္။ ကြၽန္ေတာ္တို႔ဖက္က မဲ ဒီမွာထည့္ပါ ဟိုမွာထည့္ပါ ဆိုၿပီး ၫႊန္ၾကားတာ ဘာမွ မရွိဘူး”ဟု လိုင္ဇာ ဗဟိုဌာနခ်ဳပ္ KIO သတင္းႏွင့္ျပန္ၾကားေရးဌာန တာ၀န္ခံ ဗိုလ္မွဴးႀကီး အင္ဖန္ ေနာ္ဘို ကခ်င္သတင္းဌာန KNG ကို ရွင္းလင္းေျပာဆိုသည္။https://burmese.kachinnews.com/2020/10/05/kio%e1%80%94%e1%80%ac%e1%80

*************

၂။ SNLD ပါတီ ဥကၠ႒ အျဖစ္ ဆက္လက္ ရွိေပးရန္ ပါတီ၏ ေမတၱာရပ္ခံမႈအေပၚ လက္ခံေၾကာင္းႏွင့္ အခ်ိန္ကာလ တစ္ခု အထိ ပါတီကို ဦးေဆာင္ေပးမည္ျဖစ္ေၾကာင္း ဦးခြန္ထြန္းဦး အေၾကာင္းျပန္
3 October 2020

ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီဥကၠ႒ အျဖစ္ ဆက္လက္ရွိေပးရန္ ပါတီဗဟို အလုပ္အမႈေဆာင္ အဖြဲ႕ႏွင့္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္မ်ား၏ ေမတၱာရပ္ခံမႈအေပၚ လက္ခံေၾကာင္းႏွင့္ ပါတီကို အခ်ိန္ကာလတစ္ခုအထိ ဆက္လက္ ဦးေဆာင္ေပးမည္ျဖစ္ေၾကာင္း ဦးခြန္ထြန္းဦးက ယေန႔ (ေအာက္တိုဘာ ၃ ရက္) တြင္ အေၾကာင္းျပန္လာသည္ ဟု SNLD ပါတီ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္က The Daily Eleven သတင္းစာကို ေျပာၾကားသည္။ SNLD ပါတီ ဥကၠ႒ တာဝန္ ဆက္လက္ထမ္းေဆာင္ေပးရန္ ေအာက္တိုဘာ ၁ ရက္တြင္ ေပးပို႔သည့္ ပန္ၾကားစာႏွင့္ ပတ္သက္၍ ပါတီ ဥကၠ႒ ဦးခြန္ထြန္းဦး၏ သေဘာထားကို SNLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ တစ္ဦးက ေအာက္တိုဘာ ၃ ရက္ နံနက္တြင္ ဖုန္းဆက္ ေမးျမန္းရာ ဦးခြန္ထြန္းဦးက ပါတီကို ဆက္လက္ ဦးေဆာင္ေပးမည္ဟု ျပန္လည္ ေျပာၾကားျခင္းျဖစ္ေၾကာင္း ဦးစိုင္းလိတ္က ရွင္းျပသည္။

“သေဘာကေတာ့ ကြၽန္ေတာ္တို႔ တင္ျပထားတာကို လက္ခံတယ္။ ကြၽန္ေတာ္တို႔က အၿမဲတမ္း ဥကၠ႒ ဘာညာအဲလိုေျပာ တာေတာ့ သူသိပ္ၿပီး သေဘာ မက်ဘူးေပါ့ေနာ္။ အခ်ိန္အတိုင္းအတာတစ္ခုအထိ သူဆက္ၿပီး လက္ခံေပးလို႔ရပါတယ္ ေပါ့။ ဆိုလိုတာကေတာ့ CEC နဲ႔ CC အစည္းအေဝး မက်င္းပႏိုင္ခင္ ကာလအထိကေတာ့ သူ႔အေနနဲ႔ ဥကၠ႒ ေနရာမွာ ဆက္ေန သြားေပးမဲ့ အေျခ အေနမ်ိဳးပါခင္ဗ်”ဟု ဦး စိုင္းလိတ္က ေျပာၾကားသည္။ SNLD ပါတီ ဥကၠ႒ အျဖစ္မွ ႏုတ္ထြက္ေၾကာင္း ဦးခြန္ထြန္းဦးက စက္တင္ဘာ ၂၇ ရက္ထုတ္ ျပည္တြင္းေန႔စဥ္ထုတ္ သတင္း စာတစ္ေစာင္တြင္ ထည့္သြင္းေၾကညာခဲ့သည္။ ပါတီမွ ႏုတ္ထြက္မႈအေပၚ ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕မ်ားက လက္ခံရန္ အသင့္ မျဖစ္ေသး၍ ပါတီ ဥကၠ႒ အေနျဖင့္ ဆက္လက္ ဦးေဆာင္ေပးရန္ ဦးခြန္ထြန္းဦးကို SNLD ပါတီက ေအာက္တိုဘာ ၁ ရက္ တြင္ ပန္ၾကားစာ ေပးပို႔ခဲ့သည္။

SNLD ပါတီ စတင္တည္ေထာင္သည့္ ၁၉၈၈ ခုႏွစ္တည္းက ပါတီေခါင္းေဆာင္အျဖစ္ တာဝန္ယူေဆာင္႐ြက္လာသည့္ ဦးခြန္ထြန္းဦးသည္ ပါတီ ဥကၠ႒ တာဝန္မွ ႏုတ္ထြက္ရန္ ယခင္က ႏွစ္ႀကိမ္ခန႔္ ႀကိဳးပမ္းခဲ့ၿပီး ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ႏွင့္ ပါတီဝင္မ်ား၏ ေတာင္းဆိုမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ ဇြန္ တြင္ က်င္းပသည့္ ပါတီ ညီလာခံတြင္ ဥကၠ႒ အျဖစ္ ျပန္လည္ ေ႐ြးခ်ယ္ခံခဲ့သည္။ ဦးခြန္ထြန္ဦးသည္ ၂၀၁၈ ခုႏွစ္ ဇြန္လအတြင္းက ပါတီ ဥကၠ႒ အျဖစ္ ႏုတ္ထြက္ေၾကာင္း ပါတီထံ စာ တင္မႈရွိခဲ့သလို ယခုႏွစ္ ဇြန္လတြင္ ထပ္မံ၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ပါတီ ဥကၠ႒ တာဝန္မွ အနားယူ ေၾကာင္း စာတင္မႈရွိခဲ့သည္။ https://news-eleven.com/article/194641

***************

၃။ ကြတ္ခိုင္ရွိ တပ္ရင္းတခုႏွင့္ ျပည္သူ႔စစ္ဌာန႐ုံးတခု လက္နက္ႀကီးျဖင့္ တိုက္ခိုက္ခံရ
5 October 2020

ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕ ရွိ တပ္မေတာ္ တပ္ရင္းတခုႏွင့္ ျပည္သူ႔စစ္ဌာနခ်ဳပ္တခု ေအာက္တိုဘာလ ၃ ရက္ေန႔က လက္ နက္ႀကီးႏွင့္ ပစ္ခတ္တိုက္ခိုက္ခံရသျဖင့္ ပ်က္စီးဆုံးရႈံးမႈ တခ်ိဳ႕ ရွိခဲ့ေၾကာင္း သတင္း ရရွိသည္။ လာေရာက္တိုက္ခိုက္သူမွာ တအန္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) မွ ျဖစ္ၿပီး ကြတ္ခိုင္ရွိ တပ္ဌာနခ်ဳပ္မွာ လက္နက္ႀကီး ႏွင့္ ၂ ခ်က္ အပစ္ခံရၿပီး တာမိုးညဲရွိ ျပည္သူ႔စစ္႐ုံးခန္းမွာ RPG ႏွင့္ အပစ္ခံခဲ့ရေၾကာင္း တပ္မေတာ္မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။“အရင္တုန္းကလို ဌာနခ်ဳပ္ေတြ၊ တပ္ေတြရဲ႕ ေနရာေတြကို လာမပစ္တာ ၾကာၿပီ။ အခု ရက္ပိုင္းအတြင္းမွာ ျပန္ျဖစ္လာတယ္။ TNLA က လုပ္တယ္ဆိုတာ ကြန္ဖန္းလုပ္လို႔ ရတယ္”ဟု ၎က ေျပာသည္။

ေအာက္တိုဘာလ ၃ ရက္ေန႔ ညေန ၄ နာရီမွ ၄ နာရီ ၁၀ မိနစ္အထိ ကြတ္ခိုင္ၿမိဳ႕တြင္ တည္ရွိသည့္ တပ္ဌာနခ်ဳပ္ တခုကို ကြတ္ခိုင္၏ အေနာက္ဖက္ မီတာ ၂၀၀၀ ခန႔ိအကြာ နမ့္ခိုင္ေက်း႐ြာဘက္မွ TNLA က လက္နက္ႀကီးနဲ႔ ၂ လုံး ပစ္ခတ္ခဲ့ ေၾကာင္း၊ ယင္းေန႔ည ၁၁ နာရီခန႔္တြင္ တာမိုးညဲရွိ ျပည္သူ႔စစ္႐ုံးခန္းကို TNLA/MNDAA ပူးေပါင္း အဖြဲ႕က RPG တလုံးနဲ႔ အေဝးက ပစ္ခတ္သျဖင့္ ႐ုံးအေဆာက္အဦကို တိုက္႐ိုက္ ထိမွန္ခဲ့ေၾကာင္း သိရသည္။

TNLA ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ႀကီး မိုင္းအိုက္ေက်ာ္ကလည္း ၎တို႔ အဖြဲ႕ အေနျဖင့္ ယင္းေနရာမ်ားသို႔ အေၾကာင္းမဲ့ သြားေရာက္ တိုက္ခိုက္ျခင္း မရွိဘဲ ေအာက္တိုဘာလ ၂ ရက္ေန႔မွ၍ ၄ ရက္ေန႔အထိ ကြတ္ခိုင္ၿမိဳ႕နယ္ မန္ဘုံေတာင္ေၾကာ ဘက္သို႔ တပ္မေတာ္က ထိုးစစ္ဆင္လာသျဖင့္ ယခုလို တုန႔္ျပန္ရျခင္း ျဖစ္ေၾကာင္း ေျပာသည္။“သူတို႔က ၃ ရက္ဆက္တိုင္ က်ေနာ္တို႔ တပ္ရွိေနတဲ့ ေနရာကို လာေရာက္ ထိုးစစ္ဆင္ တိုက္ခိုက္တာ။ အဲဒီမွာ ဒီလထဲမွာ တိုက္ပြဲက အားလုံးေပါင္း ၈ ႀကိမ္ေလာက္ ရွိတယ္။ သူတို႔ဘက္က ထိုးစစ္ဆင္လို႔ က်ေနာ္တို႔ဘက္က စစ္ေရးအရ လက္နက္ႀကီးနဲ႔ တာမိုးညဲတပ္နဲ႔ ကြတ္ခိုင္ ၄၅ တပ္ကို ျပန္ပစ္ရတာ။ စစ္ေရးအရ ျပန္ပစ္ခတ္သတိေပးတဲ့ သေဘာပဲ”ဟု ဗိုလ္ႀကီး မိုင္းအိုက္ေက်ာ္က ေျပာသည္။“စက္တင္ဘာလထဲမွာေတာ့ အားလုံးေပါင္း ၅ ႀကိမ္ေလာက္ ထိေတြ႕မႈ ျဖစ္တယ္။ ဒီေအာက္တိုဘာလမွာ ဒီလ ထဲ ဝင္တာနဲ႔ သူတို႔ အပစ္ရပ္ေၾကညာၿပီး ေနာက္ပိုင္းေပါ့ေနာ္။ ၂ ရက္ေန႔၊ ၃ ရက္ေန႔ ၂ ရက္ဆက္တိုက္၊ မေန႔က တႀကိမ္ ေပါ့ေနာ္။ အဲဒီ ေနရာနားမွာပဲ တိုက္ပြဲေတြ ျဖစ္ေနတာ”ဟု ဗိုလ္ႀကီး မိုင္းအိုက္ေက်ာ္က ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕ မွ စစ္ေရွာင္ဒုကၡသည္မ်ား ကူညီေနသူ ဘာသာေရးဆရာ ဆိုင္းတူးက ေအာက္တိုဘာလ ၃ ရက္ေန႔က ကြတ္ ခိုင္ၿမိဳ႕ေပၚတြင္ လက္နက္ႀကီး ပစ္ခတ္သံမ်ား ၾကားရၿပီး ညေန ၃ နာရီခြဲခန႔္တြင္ ၿမိဳ႕ေပၚရွိ တပ္မေတာ္ အမွတ္ ၄၅ ဗ်ဴဟာက လက္နက္ႀကီးျဖင့္ ျပန္လည္ ပစ္ခတ္ခဲ့ေၾကာင္း ေျပာသည္။ ပေလာင္ (တအန္း) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ရကၡိဳင့္စစ္တပ္(AA)၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA) တို႔ ပါဝင္ေသာ ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕သည္ စစ္ေရးအရ မဟာမိတ္ဖြဲ႕ထားၾကသည္။ https://burma.irrawaddy.com/news/2020/ 10/05/231029.ht

****************

၄။ ပါတီမိန႔္ခြန္းပါ အခ်က္အခ်ိဳ႕ ေကာ္မရွင္၏ ပယ္ဖ်က္ခံရမႈအေပၚ ရႈတ္ခ်ေၾကာင္းႏွင့္ ႏိုင္ငံပိုင္ ႐ုပ္သံတြင္ ေဟာေျပာ ထုတ္လႊင့္ မည့္ အစီအစဥ္တြင္ မပါဝင္ေတာ့ေၾကာင္း ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) ထုတ္ျပန္
3 October 2020

ႏိုင္ငံပိုင္႐ုပ္သံတြင္ ေဟာေျပာမည့္ ပါတီမူဝါဒ၊ သေဘာထားႏွင့္ လုပ္ငန္းစဥ္ပါ အခ်က္အခ်ိဳ႕အား ေ႐ြးေကာက္ပြဲေကာ္မရွင္က ပယ္ဖ်က္ခဲ့သျဖင့္ ယင္းအစီအစဥ္တြင္ မပါဝင္ေတာ့ေၾကာင္းႏွင့္ ယင္းသို႔ ျပင္ဆင္တည္းျဖတ္မႈကို ရႈတ္ခ်ေၾကာင္း ခ်င္းအမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (CNLD) က ေအာက္တိုဘာ ၃ ရက္တြင္ ထုတ္ျပန္သည္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ပါတီ၏မူဝါဒမ်ားကို ႏိုင္ငံပိုင္႐ုပ္သံမွတစ္ဆင့္ ျပည္သူကို တင္ျပမည့္ အစီအစဥ္ တြင္ ေျပာၾကားမည့္ ပါတီမိန႔္ခြန္းပါ စာပိုဒ္ ၇ ၏ အပိုဒ္ ၁၊ ၂၊ ၃၊ ၄ တို႔ကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က ပယ္ဖ်က္ ခဲ့သည္ဟု CNLD ပါတီက ထုတ္ျပန္သည္။ ေကာ္မရွင္ ပယ္ဖ်က္ခဲ့သည့္ ပထမစာပိုဒ္မွာ အမ်ိဳးသားလႊတ္ေတာ္တြင္ လူ အမ်ားစုက လူအနည္းစုကို အႏိုင္က်င့္သည့္ ပုံစံမျဖစ္ေစရန္ တိုင္းရင္းသားတစ္မ်ိဳးျဖစ္သည့္ ဗမာႏွင့္ အျခားတိုင္းရင္းသား မ်ား အေရအတြက္ အတူတူျဖစ္ရမည္ဆိုသည့္ အခ်က္ျဖစ္ေၾကာင္း CNLD ပါတီ၏ မိန႔္ခြန္းကို ဖတ္ၾကားေဟာေျပာမည့္ ပါတီ အတြင္းေရးမွဴး အဖြဲ႕ဝင္ ဆလိုင္းေအာင္လိန႔္က ေျပာၾကားသည္။“ ဒါကြၽန္ေတာ္တို႔ မူဝါဒ ျဖစ္တယ္။ သူ (UEC) ႀကိဳက္ ႀကိဳက္မႀကိဳက္ႀကိဳက္ေလ ဒါပါတီရဲ႕ မူဝါဒေလ” ဟု ဆလိုင္းေအာင္လိန႔္က ေျပာၾကားသည္။

ပင္လုံစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးခ်ိန္တြင္ ၀ိေသသတိုင္းအျဖစ္သာေပး၍ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ့္ၾကမၼာကိုယ္ ဖန္တီးခြင့္မ်ား ဆုံးရႈံး ခဲ့ေၾကာင္း၊ ဖက္ဒရယ္ လိုခ်င္ေၾကာင္းႏွင့္ ဖက္ဒရယ္ရရွိလွ်င္ ကိုယ့္ျပည္နယ္ကိုယ္ တည္ေဆာက္ႏိုင္မည္ဆိုေသာ အခ်က္ လည္း ဒုတိယအခ်က္အေနျဖင့္ ေကာ္မရွင္၏ျဖတ္ေတာက္မႈ ခံရေၾကာင္း ဆလိုင္းေအာင္လိန႔္က ေျပာၾကားသည္။“ လႊမ္းမိုး ခ်ယ္လွယ္တယ္လို႔ မေျပာဘူး။ လႊမ္းမိုးျခယ္လွယ္တယ္လို႔ ခံစားရတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ေျပာတာ။ အဲဒါဘာေၾကာင့္ လဲဆိုရင္ ပင္လုံစာခ်ဳပ္အတိုင္း မျဖစ္တဲ့အတြက္ေၾကာင့္ဆိုၿပီး ေအာက္မွာရွင္းျပတာ။ ဒါအကုန္လုံး ခံစားရတဲ့ခံစားခ်က္။ မယုံရင္ တိုင္းရင္းသားလက္နက္ကိုင္ေတြ သြားေမးေလ။ ဟုတ္တာ မဟုတ္တာ သပ္သပ္၊ ခံစားခ်က္ကို ေျပာတာ။ အဲဒီ အခ်က္ကိုလည္း ဖ်က္ပါတယ္” ဟု ဆလိုင္းေအာင္လိန႔္က ေျပာၾကားသည္။

CNLD ပါတီ၏ မိန႔္ခြန္းပါ အခ်က္အခ်ိဳ႕ကို ပယ္ဖ်က္မႈအေပၚ ေကာ္မရွင္က အဆိုပါစာပိုဒ္ ၇ အပိုဒ္ ၁၊ ၂၊ ၃၊ ၄ ပါ ေရးသား ေဖာ္ျပခ်က္မ်ားသည္ ေရဒီယိုႏွင့္ ႐ုပ္ျမင္သံၾကားတြင္ ထုတ္လႊင့္မည့္ ပါတီ၏မူဝါဒ၊ သေဘာထား၊ လုပ္ငန္းစဥ္တို႔ႏွင့္ ဆီေလ်ာ္ ညီၫြတ္ျခင္း မရွိေၾကာင္း ေတြ႕ရွိရသည္ဟု အေၾကာင္းျပေၾကာင္း ပါတီထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီနည္းတူ ရခိုင့္ဦးေဆာင္ပါတီႏွင့္ ဓႏုအမ်ိဳးသားမ်ားအဖြဲ႕ခ်ဳပ္ပါတီ စသည့္ တိုင္းရင္းသား ပါတီမ်ား အပါအဝင္ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ၊ ျပည္သူ႔ပါတီႏွင့္ ညီၫြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဒီမိုကေရစီပါတီ တို႔မွာ ပါတီမိန႔္ခြန္း ျဖတ္ေတာက္ခံရမႈေၾကာင့္ ႏိုင္ငံပိုင္႐ုပ္သံတြင္ ေဟာေျပာမႈ မျပဳလုပ္ခဲ့ၾကေပ။ ထို႔အတူ ရခိုင္အမ်ိဳးသား ပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ကရင္အမ်ိဳးသားပါတီႏွင့္ ထားဝယ္တိုင္း ရင္းသားမ်ာပါတီတို႔၏ ပါတီမိန႔္ခြန္းမ်ားလည္း ေကာ္မရွင္၏ ျပင္ဆင္၊ ျဖတ္ေတာက္မႈခံခဲ့ရသည္။ https://news-eleven.co m/article/194677

***************

၅။ တပ္မေတာ္ႏွင့္ RCSS တိုက္ပြဲ ၊ ၁ ဦး ဒဏ္ရာရ ေဒသခံ ၈၀၀ ေက်ာ္ ထြက္ေျပး
5 October 2020

အပစ္ရပ္ထားေသာ္လည္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ ေရး ေကာင္စီ(RCSS)တို႔ တိုက္ပြဲ ျဖစ္သျဖင့္ အမ်ိဳးသား ၁ ဦး လက္နက္ႀကီး က်ည္စ ထိမွန္ဒဏ္ရာရကာ ေဒသခံ ၈၀၀ ေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရသည္ ဟု သတင္း ရရွိသည္။ ေဒသခံမ်ားမွာ ေအာက္တိုဘာ ၃ ရက္မွစ၍ ထြက္ေျပးလာ ၾကျခင္းျဖစ္ၿပီး၊ က်ည္ထိမွန္သည့္ အမ်ိဳးသားမွာ ေအာက္တိုဘာ ၄ ရက္က ေက်ာက္မဲၿမိဳ႕နယ္ ခန႔္ခဲေက်း႐ြာရွိ ေနအိမ္တြင္းရွိ ေနစဥ္ လက္နက္ႀကီး က်ည္စ ထိမွန္ျခင္း ျဖစ္သည္။

ေက်ာက္မဲၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္းက “လူဦးေရက ပုံဟိုးမွာ၂၀၀ ေက်ာ္၊ ခန႔္ခဲ ဘုန္း ႀကီးေက်ာင္းမွာ လူဦးေရ ၁၀၀ ေက်ာ္၊ ေတာင္ထိပ္မွာက ၅၀၀ ေက်ာ္ ရွိေနပါတယ္။ စားဝတ္ေနေရးက ပုံဟိုးက Camp မွာ က အေျခအေန ေကာင္းပါတယ္။ ေတာင္ထိပ္မွာက က်ေနာ္တို႔ ပရဟိတေရာ ဘယ္လိုမွ သြားလို႔ မရဘူး။ ခန႔္ခဲ ေက်ာင္းမွာ လည္း အခက္အခဲ ရွိေနပါတယ္”ဟု ေျပာသည္။ “က်ေနာ္တို႔ ျပည္သူအေနနဲ႔က ဘယ္လက္နက္ကိုင္ကိုမဆို ျဖတ္သန္းသြား လာရင္ မႀကိဳဆိုလို႔ မရဘူး။ ျပည္သူေလ။ တဖက္က လာရင္ အဲဒီလိုပဲ ေျပာေနရမွာပဲ။ တပ္မေတာ္ဘက္က လာရင္လည္း လက္ခံရတာပဲ။ ေနာက္ဆုံး ခံရတာက က်ေနာ္တို႔ ျပည္သူကပဲ ခံေနရတယ္”စစ္ေဘးေရွာင္ ဒုကၡသည္ ၅၀၀ ေက်ာ္ ရွိေန သည့္ ေတာင္ထိပ္ ဘုန္းႀကီးေက်ာင္းသို႔ စားနပ္ရိကၡာပို႔ရန္ စီစဥ္ေသာ္လည္း စစ္ေရး အေျခအေန မတည္ၿငိမ္ေသးသျဖင့္ ယေန႔ လွည့္ျပန္လာရသည္ ဟု ဦးစိုင္းထြန္းဝင္းက ဆိုသည္။

စစ္ေဘးေရွာင္ ဒုကၡသည္မ်ားကို စားနပ္ရိကၡာ ကူညီေပးေနသည့္ နမ့္ခုံးရွမ္းမ်ား ပရဟိတအသင္းမွ ေဒၚနန္းေမြဆိုင္က တပ္မေတာ္ စစ္ေၾကာင္းမ်ား ပုံဟိုးေတာင္ေျခအနီးရွိ ေက်း႐ြာမ်ားသို႔ ဝင္လာသည့္အခ်ိန္၊ တိုက္ပြဲ မျဖစ္ခင္ကတည္းက ေဒသခံအခ်ိဳ႕မွာ နီးစပ္ရာ ေဆြမ်ိဳးအိမ္မ်ားသို႔ စတင္ ထြက္ေျပးေနၾကၿပီး တိုက္ပြဲျဖစ္ရာတြင္ ႐ြာလုံးကြၽတ္နီးပါး ေျပးလာ ၾကျခင္း ျဖစ္သည္ဟု ေျပာသည္။ ေဒၚနန္းေမြဆိုင္က “ကိုဗစ္ေၾကာင့္လည္း တမ်ိဳး၊ ဒီအခ်ိန္က ေတာင္ယာမွာ ေျပာင္းယူရမယ့္ စပါးရိတ္သိမ္းရမယ့္ အခ်ိန္ ေရာက္ၿပီ။ စစ္ေၾကာင္း ဝင္ေတာ့ ႐ြာက လူေတြအတြက္စီးပြားေရး အခက္အခဲေတြ ပိုျဖစ္တယ္။ ေျပာင္းေတြ ရက္လြန္ရင္ ရိတ္သိမ္းရမယ့္ အခ်ိန္ မရိတ္ရရင္ တႏွစ္စာ စားနပ္ရိကၡာအတြက္ မဖူလုံေတာ့ဘူး။ ဒီမွာက ေက်ာက္မဲတင္ မကဘူး။ ကြတ္ခိုင္၊ နမ့္ခမ္းဘက္ေတြေရာ ျဖစ္ေနတာ” ဟု ဆိုသည္။

တိုက္ပြဲ ျဖစ္ပြားရျခင္းမွာ RCSS က စတင္ ပစ္ခတ္သည့္အျပင္ အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ ခ်ဳပ္ဆိုထားသည့္ အပစ္ရပ္ စာ ခ်ဳပ္မ်ားပါ တပ္ေနရာ အတည္ျပဳထားသည္ကိုလည္း ေဖာက္ဖ်က္ၿပီး နယ္ေျမေက်ာ္လြန္ ေနထိုင္သျဖင့္ တိုက္ပြဲ ျဖစ္ရျခင္း ျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ျမန္မာႏိုင္ငံတြင္း ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ေရးႏွင့္ ကုသ ေရး တို႔တြင္ အေထာက္အကူ ျပဳေစရန္ ေအာက္တိုဘာ ၃၁ ရက္အထိ အပစ္ရပ္ သက္တမ္း ထပ္တိုးေပးထားရာ ရွမ္း ျပည္နယ္ ေျမာက္ပိုင္းသည္လည္း အပစ္ရပ္ထားသည့္ နယ္ေျမတြင္ အက်ဳံး ဝင္သည္။ တပ္မေတာ္ႏွင့္ တိုက္ပြဲ ျဖစ္သည့္ RCSS သည္ ပဏာမ အပစ္ရပ္စာခ်ဳပ္မ်ားအျပင္၂၀၁၅ ခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္တြင္ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ (NCA)ကို လက္မွတ္ ေရးထိုးထားသည္။ ေက်ာက္မဲတြင္ တိုက္ပြဲ ျဖစ္ပြားရျခင္း အေၾကာင္းႏွင့္ ပတ္သက္၍ ေမးျမန္းရန္ ဧရာဝတီမွ RCSS ၏ သတင္းႏွင့္ ျပန္ၾကား ေရး တာဝန္ခံကို ဖုန္းျဖင့္ အႀကိမ္ႀကိမ္ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရပါ။ https://burma.irrawaddy.com/n ews/2020/10/05/231070.html

***************

၆။ ထိန္းခ်ဳပ္နယ္ေျမအတြင္းရွိ ႐ြာသားမ်ားအား ေ႐ြးေကာက္ပြဲအမီ မွတ္ပုံတင္ကတ္ျပားျပဳလုပ္ေပးရန္ မြန္ျပည္သစ္ပါတီ လိုလား
October 2, 2020

မြန္ျပည္သစ္ ထိန္းခ်ဳပ္နယ္ေျမ အတြင္း အရပ္သားမ်ားေနထိုင္လွ်က္ရွိၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပား (မွတ္ပုံတင္) မရွိသူ ႐ြာသားမ်ားကို မြန္ျပည္နယ္ အစိုးရအေနျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲအမီ ကူညီျပဳလုပ္ေပးရန္ လိုလားသည္ဟု မြန္ျပည္သစ္ပါတီ ျပည္တြင္းေရးရာ တာဝန္ခံ ႏိုင္ဗညားလယ္က ေျပာသည္။ မြန္အရပ္ဘက္အဖြဲ႕အစည္းမ်ားက လြန္ခဲ့သည့္ မတ္လ ကတည္းက မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမအတြင္း ႏိုင္ငံသားစိစစ္ေရးကဒ္ျပား (မွတ္ပုံတင္) မရွိသူ လူဦးေရ ၂ ေထာင္ဝန္းက်င္ခန႔္ကို စာရင္းေကာက္ခံရရွိထားၿပီး မြန္ျပည္သစ္ပါတီက မြန္ျပည္နယ္ အစိုးရအဖြဲ႕ထံ တင္ျပထားသည္ဟု ၎ကဆိုသည္။

“မရွင္းတာက ကြၽန္ေတာ္တို႔နဲ႔ ဆက္စပ္တဲ့ ကရင္႐ြာေတြလည္း ရွိတာေပါ့ေနာ္ ကရင္တိုင္းရင္းသားေရးရာ ဝန္ႀကီးက ၿမိဳ႕နယ္ လ.ဝ.က နဲ႔ ညႇိႏႈိင္းပူးေပါင္းၿပီးေတာ့ မွတ္ပုံတင္ လုပ္ထားၿပီးၿပီး ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္နယ္ေျမက်ေတာ့ ဘာလို႔ NRPC အထိကို တင္ရတာလဲေပါ့ မြန္ျပည္နယ္ အတြင္းကျပည္သူေတြပဲ ဆိုေတာ့ ဝန္ႀကီးခ်ဳပ္က ကူညီလုပ္ေပးရင္ လုပ္လို႔ရ မယ္လို႔ ထင္တယ္”ဟု ႏိုင္ဗညားလယ္က ဆိုသည္။ အဆိုပါ မွတ္ပုံတင္မရွိသူမ်ားစာရင္းကို မြန္ျပည္နယ္ အစိုးရက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန ( NRPC) တင္ထံျပထားသလို NRPC ကလည္း မြန္ျပည္သစ္ ပါတီထံ စာရင္းျပန္လည္ေတာင္းခံထားသည္ဟု ႏိုင္ဗညားလယ္က ဆိုသည္။

လတ္တေလာ မြန္ျပည္နယ္တြင္ လူဦးေရ ၅ ေသာင္းေက်ာ္ မွတ္ပုံတင္မရွိသူျဖစ္ေနၿပီး Covid 19 ေၾကာင့္ ေ႐ြးေကာက္ပြဲအမီ မွတ္ပုံတင္ ျပဳလုပ္ရန္ အခ်ိန္မမီေတာ့ေၾကာင္း၊ ေ႐ြးေကာက္ပြဲ မဲထည့္ႏိုင္ရန္အတြက္ ေထာက္ခံစာ ျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ (မြန္ျပည္နယ္) ထံ တရားဝင္ စာပို႔ထားသည္ဟု မြန္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရး ဦးစီးဌာန ျပည္နယ္ ဦးစီးမွဴး ဦးတင္ခ်ယ္က ေျပာသည္။

“မွတ္ပုံတင္ကဒ္ လုပ္ေပးဖို႔ မမွီေတာ့ဘူးဆိုေတာ့ Covid နဲ႔ဘာညာနဲ႔ဆိုေတာ့ ေထာက္ခံ စာပဲေပးဖို႔ ေကာ္မရွင္ကို တရားဝင္ စာပို႔ထားတယ္ တစ္ဦးခ်င္းနာမည္နဲ႔ ပို႔ထားတယ္ သူတို႔အဆက္အသြယ္ လုပ္မွာေပါ့ ခုလည္း လုပ္ေတာ့ လုပ္ေပးေနတယ္ ဒါေပမဲ့ ၅ ေသာင္းက မမွီႏိုင္ေတာ့ဘူး”ဟု ၎က ဆိုသည္။ မြန္ျပည္သစ္ ပါတီ ထိန္းခ်ဳပ္နယ္ေျမအတြင္း ေက်း႐ြာ ၄၀ ခန႔္၊ အိမ္ေျခ ၅၀၀၀ ေက်ာ္ႏွင့္ လူဦးေရ ၂ ေသာင္းေက်ာ္ရွိေနၿပီး မြန္ျပည္နယ္ လဝက စာရင္းအရ မွတ္ပုံတင္ မရွိသူ လူဦးေရ ၅ ေသာင္းတြင္ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမမွ ျပည္သူမ်ား ပါဝင္ရွိ /မရွိကို ေျပာဆိုျခင္း မရွိေပ။ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္နယ္ေျမအတြင္း မဲ႐ုံဖြင့္လွစ္ခြင့္မျပဳေသာ္လည္း ေဒသခံျပည္သူမ်ားအား သတ္မွတ္မဲ႐ုံသို႔ သြားေရာက္ၿပီး လြတ္လပ္ စြာ မဲေပးခြင့္ျပဳထားေၾကာင္း သိရသည္။ http://burmese.monnews.org/2020/10/02/%e1%80%91%e1%80%a d%e1%80%94%e1%80%ba%e1%

***************

၇။ ေနရပ္ျပန္မည့္ေက်း႐ြာ ၁၄ ႐ြာအတြက္ ေနအိမ္မ်ားစတင္ေဆာက္လုပ္ေတာ့မည္
2 October 2020

ကခ်င္စစ္ေရွာင္မ်ားေနရပ္ျပန္ေရးအတြက္ ေနအိမ္ေဆာက္လုပ္မႈမ်ားကို မၾကာခင္လုပ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ကခ်င္ လူသားခ်င္းစာနာေထာက္ထားမႈအဖြဲ႕ KHCC မွ ဦးခါးလီ က ယခုလိုေျပာဆိုသည္။“အခုက အစိုးရနဲ႔ညိႏႈိင္းေဆာင္႐ြက္တဲ့ အပိုင္းက အားလုံးၿပီးၿပီ။ အဲ့ေၾကာင့္ ဒီေအာက္တိုဘာ ၉ရက္ေန႔က စၿပီး ေနရပ္ျပန္မယ့္ ေက်း႐ြာအားလုံးေနရာမွာ အေဆာက္ အဦး ေတြလုပ္ဖို႔ျပင္ဆင္ထားတယ္။ အဓိကေတာ့ အေဆာက္ အဦးၿပီးတဲ့ အခ်ိန္က်ရင္အားလုံးျပန္ႏိုင္ပါၿပီ။ ေမွ်ာ္မွန္းထား တာက ဒီဇင္ဘာေလာက္မွာေတာ့ ၿပီးမယ္ထင္တယ္။ အဲ့ေတာ့ ေႏြရာသီမွာေတာ့ အားလုံးျပန္ႏိုင္တယ္လို႔ထင္တယ္ ” ဟု ေျပာဆိုသည္။

ေနအိမ္ေဆာက္လုပ္မႈမ်ားကို ဒီဇင္ဘာလအတြင္အၿပီးသတ္လုပ္ေဆာင္မွာျဖစ္ၿပီး ၂၀၂၁ ေႏြရာသီတြင္ ေနရပ္ျပန္ႏိုင္ေရး စီစဥ္ထားသည္ဟု ဆိုသည္။ လက္ရွိေနရပ္ျပန္မည့္အစီစဥ္အတြက္ ေက်း႐ြာေပါင္း ၁၄႐ြာတြင္ ကြင္းဆင္းထားၿပီး ခ်ီေဖြၿမိဳ႕ နယ္အတြင္း ၆ ႐ြာ ၊ မံစီၿမိဳ႕နယ္အတြင္း ၁႐ြာ၊ မိုးေမာက္ၿမိဳ႕နယ္တြင္ ၆႐ြာ၊ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ၃႐ြာႏွင့္ ပူတာအိုၿမိဳနယ္က ၁ ႐ြာျဖစ္ေၾကာင္း သိရသည္။ ကိုဗစ္-၁၉ ေရာဂါကူးစက္ပ်ံ႕မႈ ရာခိုင္ႏႈန္းပိုမိုမ်ားျပားလာသည့္အျပင္ တစ္ခ်ိဳ႕ေနရာမ်ားတြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနေသာေၾကာင့္ ေနရပ္ျပန္ဖို႔ သတ္မွတ္ထားသည့္ အခ်ိန္ကာလေႏွာင့္ေႏွးလာမည္ကိုလည္း စိုးရိမ္ေန သည္ ဟု ေနရပ္ျပန္မည့္ ဂ်န္မိုင္ေကာင့္ စစ္ေရွာင္စခန္းမွ တာဝန္ခံ တစ္ဦးျဖစ္သည့္ ဦးထြယ္ေအာင္က ေျပာဆိုသည္။

“စစ္ေရွာင္ေတြေနရပ္ျပန္ဖို႔ စိုးရိမ္ေနတာေတြရွိပါတယ္။ ျပန္လည္ထူေထာင္ေရးအတြက္ အေဆာက္အဦးေတြ စတင္ေနလုပ္ ေဆာင္ေတာ့မယ္ ဆိုတာလည္းၾကားသိရတယ္။ ဒါေပမယ့္ေရာဂါကူစက္မႈအရမ္းမ်ားလာရင္ ျပန္ၿပီးရပ္နားလိုက္မွာကိုလည္း စိုးရိမ္ရတယ္။ ေနာက္ၿပီး ပိုၿပီးစိုးရိမ္ရတာက တိုက္ပြဲေတြျပန္ျဖစ္လာမွာကို အလြန္ဘဲစိုးရိမ္ရတယ္။ အခုေနျပန္ပို႔ေပးမယ့္ KHCC ကိုယ္တိုင္လည္း လုံၿခဳံေရးအတြက္ တာဝန္မယူဘူးလို႔ေျပာတယ္။ စစ္ေရွာင္ေတြက ေနရပ္မျပန္လို႔မရတဲ့ အေျခအေန ျဖစ္ေနၿပီ။ ေဒသမွာက လယ္ယာေျမေတြဆုံးရႈံးမႈေတြအရမ္းမ်ားလာေတာ့ ျပန္ဖို႔ဆုံးျဖတ္လိုက္ၾကတာပါ။ အဲ့ေၾကာင့္ ဒီအခ်က္ ၂ ခုနဲ႔ ေနရပ္ျပန္ဖို႔ ၾကန႔္ၾကာသြားမွာကို စိုးရိမ္တယ္”ဟု ေျပာဆိုသည္။ https://burmese.kachinnews.com/2020/10/ 02/%e1%80%94%e1%80%b1%e 1%80%9b%e1%80%95%e1

***************

၈။ AA ႏွင့္ တပ္မေတာ္ ရေသ့ေတာင္ႏွင့္ မင္းျပားတြင္ တိုက္ပြဲျပင္းထန္၊ တပ္ရဟတ္ ယာဥ္ ၂ စီးျဖင့္ တိုက္ခိုက္
October 5, 2020

ရခိုင္ျပည္နယ္အတြင္းရွိ ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔တြင္ ယေန႔ ေအာက္တိုဘာလ ၃ ရက္ေန႔တြင္ တပ္မေတာ္ႏွင့္ AA တို႔ၾကားတိုက္ပြဲျပင္းထန္စြာျဖစ္ပြားၿပီး ရဟတ္ယာဥ္မ်ားျဖင့္ မိနစ္ပိုင္းၾကာ ဗုံးႀကဲတိုက္ခိုက္မႈမ်ားရွိေၾကာင္း သက္ဆိုင္ရာလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေဒသခံျပည္သူမ်ားကေျပာဆိုသည္။

“ မနက္ ၉နာရီခြဲေက်ာ္ေလာက္က အဲဒီေနရာမွာ အရင္ကလည္း ၃ပြဲ ၊ ၄ပြဲျဖစ္ၿပီးၿပီ။ ဒီ ၄လေလာက္အတြင္းမွာေလ ဒီတစ္ခါ ပိုျပင္းထန္တယ္။ ေနာက္ေန႔လယ္ပိုင္းျဖစ္တယ္။ ဟိုတုန္းကေတာ့ ညပိုင္းေတြျဖစ္တာမ်ားတယ္။ အခု ေန႔လယ္ပိုင္းေပါ့။ ႏွစ္ဖက္စလုံးက လက္နက္ႀကီးေတြပစ္တယ္။ လက္နက္ငယ္ေတြနဲ႔လည္း ပစ္တယ္။ အဲဒီေနရာေတြမွာ ႐ြာသားေတြမရွိဘူး။ ျဖစ္တဲ့ေနရာမွာက ႐ြာသားေတြမရွိဘူး။ ထီးစြဲ႐ြာနဲ႔ ေက်ာက္တန္း႐ြာၾကားက ေအာင္သာစည္႐ြာနားမွာ ေန႔လယ္ ၂ နာရီေက်ာ ေလာက္မွာ ရဟတ္ယာဥ္ ၂စီးနဲ႔ပစ္တယ္။ ဗုံးႀကဲတိုက္ခိုက္တယ္။ မိနစ္ ၂ဝေလာက္ပစ္တယ္လို႔ေတာ့သိရတယ္”ဟု ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာဆိုသည္။ ရေသ့ေတာင္ၿမိဳ႕နယ္ တြင္ ျဖစ္ပြားေသာတိုက္ပြဲအေျခအေနမွာ လက္ရွိခ်ိန္ထိ ပစ္ခတ္သံမ်ားၾကားေနရေၾကာင္း၊ ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္ၿပီးခ်ိန္ တြင္ တိုက္ပြဲျဖစ္ပြားမႈေလွ်ာ့က်သြားေၾကာင္း ၎ကဆက္လက္ေျပာဆိုသည္။

ထို႔ျပင္ မင္းျပားၿမိဳ႕နယ္အတြင္းရွိ ေမလြမ္းေက်း႐ြာႏွင့္ ဖာၿပိဳေက်း႐ြာၾကားရွိ ေဇာင္ေခ်ာင္းတြင္ ယေန႔နံနက္ပိုင္း ၇နာရီခန႔္က စတင္ကာ ည ၇နာရီ ဝန္းက်င္ထိတိုက္ပြဲျဖစ္ပြားခဲ့ၿပီး ရဟတ္ယာဥ္မ်ားျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားရွိသည္ဟု ေမလြမ္းေက်း႐ြာရွိ Youth Network အဖြဲ႕ဝင္မ်ား ေျပာၾကားခ်က္အရ သိရေၾကာင္း မင္းျပားၿမိဳ႕နယ္ Youth Networkအဖြဲ႕မွ ကိုေနမ်ိဳးထြန္း ကေျပာဆိုသည္။ “ တိုက္ပြဲျဖစ္ေနတာက မနက္ကေန ေတာက္ေလ်ာက္ျဖစ္ေနတာလို႔ေျပာတယ္။ ဒီေန႔ မနက္ကေန ေတာက္ေလွ်ာက္ျဖစ္ေန တာလို႔ေျပာတယ္။ ၅ နာရီ ဝန္းက်င္ေလာက္မွာေတာ့ ပိုၿပီးေတာ့ ျပင္းထန္လာတယ္လို႔ေျပာတယ္။ ၿပီးရင္ ၅ နာရီဝန္းက်င္ ေလာက္မွာပဲ ရဟတ္ယာဥ္ ၂စီးေရာက္လာတယ္ေျပာတယ္။ ရဟတ္ယာဥ္ ၂ စီးနဲ႔ ဗုံးႀကဲတယ္လို႔ေျပာ တယ္။ အဲဒါကေတာ့ မ်က္ျမင္ေတာ့မဟုတ္ဘူး။ ျမင္တဲ့သူေတြက တစ္ဆင့္ေျပာတာေပါ့။ ေနရာကေတာ့ ဖားၿပိဳနဲ႔ ေမလြမ္း ၾကားထဲက ေဇာင္ေခ်ာင္း နားမွာျဖစ္တာ လက္နက္ႀကီး ပစ္တာကေတာ့ ေတာက္ေလွ်ာက္ပစ္ တယ္လို႔ေျပာတယ္။ တစ္ေန႔ လုံး ေတာက္ေလွ်ာက္ပစ္ေန တာလို႔ေျပာတယ္။ ၅နာရီေလာက္မွာ ပိုၿပီးေတာ့ပစ္လာ တယ္။ အခုေတာ့ အသံေတြ ၿငိမ္သြားၿပီ လို႔ေျပာတယ္။ မၾကားရဘူး ေတာ့ဘူးလို႔ေျပာတယ္။ မနက္ ၇နာရီခန႔္ကေန ညေန ၇နာရီဝန္းက်င္ေလာက္ထိျဖစ္ပြားခဲ့တယ္ လို႔ အဲဒီေမလြမ္းေက်း႐ြာ မွာရွိတဲ့ ကြၽန္ေတာ့္အဖြဲ႕ဝင္ေတြေျပာၾကားခ်က္အရသိတယ္”ဟု ၎ကေျပာဆိုသည္။ https://w ww.khitthitnews.com/2020/10/aa%e1%8 0%94%e1%80%be%e1%80%84%e1%80%b7%e1%8

**************

၉။ တပ္မေတာ္သား ႏွစ္ဦး ပစ္သတ္ခံရမႈျဖစ္စဥ္၏ သက္ေသထြက္ဆိုခ်က္အေပၚ KNLA ျငင္းဆို
October 5, 2020

ျမဝတီ-ေကာ့ကရိတ္ လမ္းေဟာင္းတြင္ ၾသဂုတ္လက ျဖစ္ပြားခဲ့သည့္ တပ္မေတာ္သားႏွစ္ဦး ပစ္သတ္ခံရမႈ ျဖစ္စဥ္တြင္ပါဝင္ ခဲ့သူ ၂ ဦး ဖမ္းဆီးခံရၿပီးေနာက္ ေျဖာင့္ခ်က္ေပးရာ၌ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) တပ္ရင္း (၁၀၁)မွတာဝန္ရွိသူတစ္ဦးက ေစခိုင္းခဲ့ျခင္းျဖစ္ေၾကာင္းထြက္ဆိုခ်က္အေပၚ တပ္ရင္း(၁၀၁)ဘက္က ယေန႔( ေအာက္တုိဘာ ၅ ရက္) ျငင္းဆိုလုိက္သည္။ အဆိုပါ ဖမ္းဆီးခံခဲ့ရသူ ႏွစ္ဦးကို ခိုင္းေစခဲ့သူ (၁၀၁) တပ္ရင္း၊ တပ္ခြဲ (၃)မွ တပ္စုမႉးဆိုသူမွာ ၎တို႔ တပ္ရင္းတြင္ မရွိေၾကာင္းႏွင့္ ထုိေျဖာင့္ခ်က္ေပးသူ ႏွစ္ဦးမွာလည္း ၎တို႔ တပ္ရင္း၌ တာဝန္ထမ္းေဆာင္ခဲ့ဖူးျခင္း မရွိေၾကာင္း (၁၀၁) တပ္ရင္း႐ုံးမွ ေျပာေရးဆုိခြင့္ရွိသူ တပ္မွဴတစ္ဦးက ေကအုိင္စီသုိ႔ ယခုလုိ ေျပာဆုိခဲ့ျခင္းျဖစ္သည္။

“အဲ့ႏွစ္ေယာက္က က်ေနာ္တို႔ လူမဟုတ္ဘူးဗ်။ စစ္တပ္ဘက္က သတင္းထုတ္လိုက္တဲ့ ႐ုပ္သံဖိုင္ထဲကလို သူတို႔ေျပာတဲ့ တပ္ရင္းရဲ႕တပ္ခြဲ(၃) တပ္စုမွဴးရဲ႕ နာမည္နဲ႔လူ က်ေနာ္တို႔တပ္ရင္းမွာ တခါမွ မရွိဘူး။ ေနာက္ၿပီး အဲ့ထဲက တစ္ေယာက္ ေျပာ တဲ့ က်ေနာ္တို႔ တပ္ရင္းမွာ ၉ ႏွစ္ ေနဖူးတယ္ဆိုတာလည္း မဟုတ္ဘူး။ တပ္သားဆိုတာက စစ္သင္တန္းတက္ၿပီးလို႔ တာဝန္ထမ္းေဆာင္ၿပီးဆိုရင္ ကိုယ္ပိုင္နံပါတ္ေတြ ေပးတာပဲ။ အခုက ကိုယ္ပိုင္နံပါတ္ လည္းမရွိဘူး။”ဟု ၎တာဝန္ရွိသူက ေျပာသည္။ ႐ုပ္သံဖိုင္အရ ဖမ္းဆီးခံရသူ ႏွစ္ဦးမွာ အသက္ (၂၂)ႏွစ္အရြယ္ ေစာေက်ာ္ဝါးေဖာဆိုသူ ႏွင့္ အသက္ (၁၆)ႏွစ္ အရြယ္ ေစာဝိဖေလာေထာတို႔ ႏွစ္ဦးျဖစ္ၿပီး ႐ိုးရြာတြင္ ေနထိုင္ၾကသူမ်ားျဖစ္ေၾကာင္း၊ ၎ပစ္ခတ္မႈကို က်ဴးလြန္ခဲ့ ေၾကာင္း ႏွင့္ KNLA တပ္မဟာ (၇) လက္ေအာက္ခံ တပ္ရင္း (၁၀၁) တပ္ခြဲ(၃)မွ တပ္စုမွဴး အဆင့္ရွိ သူ ေစာေကာ္လူး ဆိုသူမွ ခိုင္ေစခဲ့ ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့သည္။ ယင္းျဖစ္စဥ္တြင္ က်ဴးလြန္ခဲ့သူမွာ ၃ ဦး ျဖစ္ၿပီး KNLA တပ္ဖြဲ႔ဝင္ ေစာနံျပားဆိုသူ မွာ ထြက္ေျပး လြတ္ေျမာက္ေန ဆဲျဖစ္ကာ ၎ျဖစ္စဥ္၏ထြက္ဆိုခ်က္မ်ားကို ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC)မွတဆင့္ KNLA သို႔ ေပးပို႔သြားမည္ျဖစ္ေၾကာင္း၊ ဖမ္းဆီးရမိသူမ်ား ကို ဥပေဒအရ အေရးယူေဆာင္ ရြက္ႏိုင္ရန္ႏွင့္ ဆက္စပ္ပါဝင္သူမ်ားကို ဆက္လက္ ဖမ္းဆီးရမိေရး ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း တပ္မေတာ္ သတင္း မွန္ ျပန္ၾကားေရးအဖြဲ႔က ဆိုထားသည္။

ထုိကိစၥရပ္အေပၚ KNLA ဗဟိုဌာနခ်ဳပ္ဘက္မွ တစ္စုံတစ္ရာ တရားဝင္ ျပန္လည္တုံ႔ျပန္ေျပာဆိုျခင္းမ်ဳိး မရွိေသးေသာ္လည္း ဘဲ ကရင္အမ်ဳိးသားအစည္းအ႐ုံး(KNU)မွ ၎ကိစၥရပ္အေပၚ ျပန္လည္ကန္႔ကြက္သြားမည္ျဖစ္ေၾကာင္း ေအာက္တိုဘာလ ၁ ရက္ေန႔က ေျပာဆိုထားသည္။ KNLA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီကလည္း “က်ေနာ္တို႔ဆီကို ဘာမွ တရားဝင္ စာမေရာက္ေသးဘူး။ ဒီကိစၥ အေပၚမွာလည္း က်ေနာ္အေနနဲ႔ ဘာမွလည္းမသိထားဘူး။ က်ေနာ္တို႔ လူလည္း မဟုတ္တဲ့ အတြက္ ျပန္လည္တုံ႔ျပန္စရာလည္း အေၾကာင္းမရွိဘူး”ဟု ေကအိုင္စီသို႔ ယေန႔တြင္ ေျပာသည္။ http://kicnews.or g/2020/10/%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%

**************

၁၀။ တိုင္းရင္းသားပါတီမ်ားမွလြဲ၍ မြန္ညီၫြတ္ေရးပါတီ မဟာမိတ္ဖြဲ႕စည္းထားျခင္းမရွိဟုဆို
October 6, 2020

မြန္ညီၫြတ္ေရးပါတီ MUP အေနျဖင့္ စည္းလုံးညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္ UNA, ညီေနာင္တိုင္းရင္း သားပါတီမ်ားဖက္ဒေရးရွင္း NBF ႏွင့္ ကခ်င္၊ ခ်င္း၊ ကရင္၊ ကယား လူမ်ိဳးတူေပါင္းစည္းထားေသာ တိုင္းရင္းသားပါတီမ်ားမွ လြဲ၍ အျခားႏိုင္ငံေရးပါတီအဖြဲ႕အစည္းမ်ားႏွင့္ မဟာမိတ္ဖြဲ႕စည္းထားျခင္းမရွိေၾကာင္း သိရသည္။

MUP တြဲဖက္အတြင္းေရးမႉး(၁) ႏိုင္လယိတမက “က်ေနာ္တို႔ မြန္ညီၫြတ္ေရးပါတီက UNA, NBF နဲ႔ မိတ္ဖက္ဆက္ဆံေရးရွိ တယ္ လူမ်ိဳးတူေပါင္းစည္းထားတဲ့ တိုင္းရင္းသား ၅ ပါတီနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရွိတယ္ ဒါကလြဲရင္ဘယ္အဖြဲ႕အစည္း ဘယ္ ပါတီနဲ႔မွ မဟာမိတ္ဖြဲ႕ထားတာတို႔ ပူးေပါင္းေဆာင္႐ြက္မႈတို႔ ဘာမွမရွိပါဘူး”ဟု မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။ NLD ႏွင့္ USDP စည္း႐ုံးေရးအင္အား အေကာင္းဆုံးျဖစ္ေသာ ေရးၿမိဳ႕နယ္ အစင္ႏွင့္ ဇီးျဖဴေသာင္ေက်း႐ြာတို႔တြင္ ေအာက္တိုဘာ ၅ ရက္ေန႔က မြန္ညီၫြတ္ေရးပါတီ မဲဆြယ္စည္း႐ုံးေရးေဟာေျပာပြဲက်င္းပခဲ့ရာတြင္ ေဒသခံ ျပည္ေထာင္စု ႀကံခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳး ေရးပါတီ USDP ပါတီဝင္တခ်ိဳ႕ တက္ေရာက္ဝန္းရံခဲ့ၾကသျဖင့္ တမဟုတ္ျခင္းေဝဖန္မႈျမင့္တက္လာၿပီး ေနာက္ နာဲလယိတမ က ယင္းသို႔ တုံ႔ျပန္ေခ်ပျခင္း ျဖစ္သည္။“ဒီလိုေ႐ြးေကာက္ပြဲနီးကပ္လာတဲ့အခ်ိန္ မဲဆြယ္စည္း႐ုံးေရးဆင္းေနတဲ့အခ်ိန္မွာ တခ်ိဳ႕ေသာၿပိဳင္ဘက္ပါတီေတြက တိုက္ခိုက္တဲ့သေဘာနဲ႔ က်ေနာ္တို႔ပါတီကို ဟိုပါတီနဲ႔ေပါင္းထားသေယာင္ေယာင္ ဘယ္ အဖြဲ႔အစည္းနဲ႔ ေပါင္းထားသလိုလို အဲဒီလိုတိုက္ခိုက္လာေနတယ္၊ အဲဒါကို က်ေနာ္တို႔လက္မခံဘူး လုံးဝပယ္ခ်တယ္”ဟု ႏိုင္လယိတမ က ဆိုသည္။

လတ္တေလာ မြန္ညီၫြတ္ေရးပါတီ ေဝဖန္ခံေနရသကဲ့သို႔ပင္ အလားတူ လူမႈကြန္ယက္ Facebook ေပၚတြင္ မြန္ဘာသာျဖင့္ တိုင္းရင္းသားပါတီမ်ား ေ႐ြးေကာက္ပြဲႏိုင္လည္း အစိုးရမဖြဲ႕ႏိုင္သျဖင့္ မဲအႏိုင္ရလည္း မထူးေၾကာင္း၊ NLD အစိုးရမဖြဲ႕ႏိုင္ပါက စစ္ဖိနပ္ေအာက္ျပန္လည္ေရာက္သြားမည္ျဖစ္ေၾကာင္း အမုန္းစကားမ်ားအျပန္အလွန္စြပ္စြဲေျပာဆိုေနၾကၿပီး NLD ပါတီကို ေထာက္ခံေသာ မြန္တိုင္းရင္းသားမ်ားအား အေမေက်ာ္ေဒြးေတာ္လြမ္းသည့္ မြန္ပုဆိန္႐ိုးအျဖစ္လည္းေကာင္း ေဝဖန္ ပုတ္ခတ္ေျပာဆိုမႈမ်ား ျမင့္တက္လာေနသည္။ လာမည့္ ႏိုဝင္ဘာလ ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္အသီးသီးအတြက္ မြန္ျပည္နယ္က မဲဆႏၵနယ္ေျမ ၄၅ ေနရာရွိရာ အဓိကၿပိဳင္ဘက္ပါတီျဖစ္ၾကေသာ NLD ႏွင့္ ျပည္ခိုင္ၿဖိဳးပါတီက မဲဆႏၵနယ္ေျမ အားလုံးႏွင့္ မြန္လူဦးေရမ်ားျပားေသာၿမိဳ႕နယ္မ်ားတြင္ မြန္ညီၫြတ္ေရးပါတီက ၃၁ ေနရာဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ သည္။ http://burmese.monnews.org/2020/10/06/%e1%80% 90%e1%80%ad%e1%80%af%e1%80%84%

*************

၁၁။ လားရႈိးခ႐ိုင္တြင္ မဲ႐ုံမွဴးႏွင့္ မဲ႐ုံဝန္ထမ္း ၅၀၀ ခန႔္ ထပ္တိုးေခၚ
5 October 2020

ရွမ္းျပည္နယ္၊ လားရႈိးခ႐ိူင္မွာ မဲ႐ုံ ၄၀၃ ႐ုံ အတြက္ မဲ႐ုံမွဴးနဲ႔ မဲ႐ုံဝန္ထမ္းေတြကို မူလက ၂၀၀၀ ေလာက္ထားရွိဖို႔ ရည္မွန္း ထားရာက အခု ၅၀၀ ေလာက္ ထပ္တိုးေခၚရမယ္လို႔ လားရႈိးခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးတင္ေမာင္ေ႐ႊက ေျပာပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ မဲ႐ုံေတြကို ပိုမိုက်ယ္ဝန္းတဲ့ ေနရာ ေ႐ြးရတာ ေၾကာင့္ မဲ႐ုံဝန္ထမ္းအင္တား ထပ္တိုးဖို႔လိုအပ္ေနတာ ျဖစ္ပါတယ္။ လားရႈိး၊ သိႏၷီ၊ ကြမ္လုံ၊ တန္႔ယန္း နဲ႔ မိုင္းရယ္ ၅ ၿမိဳ႕နယ္ အတြက္ မဲ႐ုံမွဴးနဲ႔ မဲ႐ုံဝန္ထမ္း ၂၀၀၀ ေက်ာ္ကို သင္တန္းေပးဖို႔လည္း အစီအစဥ္ရွိေနၿပီး ကိုဗစ္-၁၉ အေျခအေန ေၾကာင့္ လူ ၅၀ ထက္မေက်ာ္တဲ့ သင္တန္းနဲ႔ ေနရာေတြခြဲၿပီး လုပ္ရမလား အြန္လိုင္းနဲ႔ပဲ သင္ရမလား စဥ္းစားရခက္ေနတဲ့ အေနအထား ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

လားရႈိးခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးတင္ေမာင္႐ႊက “ကိုဗစ္-၁၉ လမ္းၫႊန္ခ်က္နဲ႔အညီ မဲေပးႏိုင္ဖို႔ မဲဆႏၵရွင္ တစ္ေယာက္ခ်င္းစီကို Mask တခုစီေပးဖို႔၊ မဲလက္မွတ္၊ မဲပုံးေတြ၊ မဲေပးနည္းစာေစာင္ေတြ ပိုစတာေတြ ၅ ၿမိဳ႕နယ္ စာ ေရာက္ လာၿပီဆိုေတာ့ အသီးသီး သူ႔ၿမိဳ႕နယ္ေတြဆီ ပို႔ေနပါၿပီ။ အရက္ပ်ံပါတဲ့ မင္ဘူးေတြ အားလုံးကေတာ့ ဗဟိုကေနပို႔ လာလိမ့္ မယ္”လို႔ေျပာပါတယ္။ လားရႈိးခ႐ိုင္အတြင္း ၅ ၿမိဳ႕နယ္ ရွိၿပီးလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ လားရႈိးၿမိဳ႕မွာ မဲဆႏၵရွင္ အေရအတြက္စုစုေပါင္း ၂၁၇၇၀၀ ဦး ၊ သိႏၷီၿမိဳ႕ မွာ ၃၉၀၈၀ ဦး၊ တန္႔ယန္းၿမိဳ႕ မွာ ၁၁၉၄၆၀ ဦး၊ မိုင္းရယ္ၿမိဳ႕ မွာ ၄၈၅၀၀ ဦးနဲ႔ ကြမ္လုံၿမိဳ႕မွာ ၃၆၇၀၀ ဦး ရွိတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/414629

**************

၁၂။ ဖမ္းဆီးထားသူ ေလးဦး AA အမာခံဟု တပ္မေတာ္ စြပ္စြဲ
4 October 2020

ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴၚတစ္ဦးအပါအဝင္ ရခိုင္ေဒသခံ ငါးဦးကို ဖမ္းဆီးထားၿပီး ယင္းအထဲမွ ၄ ဦးသည္ ရခိုင့္တပ္ေအေအ၏ အမာခံမ်ားျဖစ္ေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေအာက္တိုဘာလ ၄ ရက္ေန႔ နံနက္ပိုင္းက ထုတ္ျပန္ လာသည္။ စစ္ေတြၿမိဳ႕နယ္ ေတာကန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းေက်ာ္လႈိင္၊ ေတာင္ကုတ္ၿမိဳ႕နယ္ ပဒါးမေက်း႐ြာ မွ ဦးညီေမာင္ေခ်၊ ေမာင္ညီေခ်(ခ) မဲခ်မ္းမြန္၊သိန္းေက်း႐ြာသားမ်ားျဖစ္သည့္ ဦးဝင္းေဌးႏွင့္ ဦးဦးေက်ာ္ေမာင္တို႔ ကို ေအာက္တို ဘာ ၁ ရက္ေန႔တြင္ ဖမ္းဆီးထားသည္။ ဦးထြန္းေက်ာ္လႈိင္ႏွင့္ ပတ္သတ္၍မူ တပ္မေတာ္က တစ္စုံတစ္ရာ ထုတ္ျပန္ျခင္း မရွိေသးေပ။ သိန္းတန္ေက်း႐ြာသားႏွစ္ဦးကို စစ္ေတြၿမိဳ႕ လက္ဝဲသလုံးေတာ္အနီးရွိ ခမရ (၅၃၄) မွ တပ္ရင္းက ဖမ္းဆီးသြား

ျခင္းျဖစ္သည္ဟု သိရေသာ္လည္း က်န္ သုံးဦးကို မည္သည့္တပ္ရင္းက ဖမ္းဆီးၿပီး မည့္သည့္ေနရာ တြင္ ထိန္းသိမ္းထား သည္ကို မသိရေသးပါ။

သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္ထဲတြင္ ၎တို႔ ေလးဦးသည္ ဆက္ေၾကးႏွင့္ ရိကၡာမ်ားေကာက္ခံ၍ ေအေအ အဖြဲ႔ထံသို႔ ပို႔ေဆာင္ေပးေနေၾကာင္း သတင္းရျဖင့္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ ဖမ္းဆီးခဲ့ျခင္းဟု စြပ္စြဲထားသည္။ ဖမ္းဆီးခံထားရသူ ဦးဝင္းေဌး၏ ညီမျဖစ္သူ ေဒၚသန္းေဌးက “ ၁ ရက္ေန႔မြန္းတည့္ ၁ နာရီတည္းက ဖမ္းသြားတာ။ စိတ္ပူတာ မွာ ေျပာမျပ တတ္ေအာင္ပါပဲ။ က်မတို႔ မိသားစုေတြလည္း မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနၾကၿပီ။ လႊတ္ေပးဖို႔ ေတာင္းဆိုခ်င္ပါ တယ္။ ဘာသက္ေသမွ ရွိ တာလည္း မဟုတ္ဘူး။ ႐ြာမွာ ေကာင္းေကာင္းမြန္မြန္လုပ္ ကိုင္စားေသာက္ေနၾကတာ။ ဘယ္အဖြဲ႕ အစည္းနဲ႔မွလည္း သူတို႔ကပတ္သတ္ ေနၾကတာ မဟုတ္ဘူး။”ဟု ေျပာသည္။

ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က တပ္မေတာ္က သံသယျဖင့္ ဖမ္းဆီးလွ်င္ ဥပေဒ လုပ္ထုံးလုပ္နည္းအရ ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းၿပီး တရား႐ုံးတြင္ ေျဖရွင္းဖို႔လိုအပ္ေၾကာင္း ေျပာဆို ထားသည္။ ေအာက္တို ဘာလ ၂ ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္ သာစည္ေက်း႐ြာမွ အသက္ႀကီးပိုင္း အမ်ိဳးသား သုံးဦးကို တပ္မေတာ္ စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးသြားေသာ္လည္း ေအာက္တိုဘာ ၃ ရက္ေန႔ညေနပိုင္းတြင္ ျပန္လည္ လႊတ္ေပးခဲ့သည္။ http:/ /www.mizzimaburmese.com/article/74156

**************

၁၃။ ကိုယ္စားလွယ္ေလာင္းအျဖစ္မွ ပယ္ဖ်က္ခံရသျဖင့္ ေမာင္ေတာခ႐ိုင္ေကာ္မရွင္ႏွင့္ လဝကကို တရားစြဲမည္
5 October 2020

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ကေန ပယ္ဖ်က္ခံရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေမာင္ေတာခ႐ိုင္ေ႐ြးေကာက္ပြဲ ေကာ္မ ရွင္နဲ႔ ခ႐ိုင္လူဝင္မႈႀကီးၾကပ္ေရးဌာနတို႔ကို တရားစြဲမယ္လို႔ ပယ္ဖ်က္ခံရသူက ေျပာပါတယ္။ ရခိုင္ျပည္နယ္ ေမာင္ေတာ ၿမိဳ႕မွာ ေနထိုင္တဲ့ ဒိုစ္မူဟာမတ္(ခ)ဦးေအးဝင္းဟာ ဒီမိုကေရစီႏွင့္လူ႔အခြင့္အေရးပါတီကို ကိုယ္စားျပဳၿပီး ၂၀၂၀ ေ႐ြးေကာက္ ပြဲ မွာ ဝင္ေရာက္ယွဥ္ ၿပိဳင္ ေ႐ြးေကာက္တင္ေျမႇာက္ခံဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ဦးေအးဝင္းကို ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ေလာင္းအျဖစ္ ေ႐ြးေကာက္ပြဲေကာ္မရွင္က အသိအမွတ္ျပဳ လက္မွတ္ထုတ္ေပး ၿပီးကာမွ ေအာက္တိုဘာ ၂ ရက္ေန႔က ျပန္လည္စိစစ္ၿပီး ပယ္ခ်ခဲ့ေၾကာင္း ေမာင္ေတာခ႐ိုင္ ေ႐ြးေကာက္ ပြဲေကာ္မရွင္႐ုံးက အသိေပးအေၾကာင္းၾကားလာတာ ျဖစ္ပါတယ္။ ကိုယ္စားလွယ္ေလာင္းအျဖစ္ကေန ခုလို ျပန္လည္ပယ္ ဖ်က္ခံရတဲ့ အတြက္ နစ္နာမႈအတြက္ ေအာက္တိုဘာ ၅ ရက္ေန႔မွာ တရားစြဲဖို႔ လုပ္ေဆာင္သြားမယ္လို႔ ပယ္ခ်ခံရသူ ဦးေအးဝင္း က ေျပာပါတယ္။ အမတ္ေလာင္းလက္မွတ္ထုတ္ေပးၿပီး အခုလို မဲဆြယ္ကာလေရာက္ၿပီးမွ ျပန္လည္စိစစ္ထုတ္ ပယ္ တယ္ဆိုတာလုံးဝ တရားမွ်တမႈ မရွိဘူးလို႔လည္း ဦးေအးဝင္းက ေျပာတယ္။

အဆိုပါကိစၥနဲ႔ပတ္သတ္ၿပီး ေမာင္ေတာခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး တာဝန္ရွိသူ တစ္ဦးက “ပထမ စစ္ေဆးတာ ခ႐ိုင္ လဝက မွားတယ္ဆိုရမွာေပါ့ဗ်ာ၊ ပထမစစ္ေဆးၿပီး အမတ္ေလာင္းအျဖစ္ အသိအမွတ္ျပဳခဲ့တယ္။ ေနာက္ထပ္မံစစ္ေဆးတဲ့ အခါ သူေမြးဖြားတဲ့ အခ်ိန္မွာ သူ႔အေဖနဲ႔အေမက ႏိုင္ငံသားမွတ္ပုံတင္ မရေသးတာေတြ႕ရတယ္။ (ႏိုင္)မရေသးဘူး။ သုံး ေခါက္ခ်ိဳး “အမထ”ဘဲ ရေသးတာျဖစ္တယ္။ ဒါေၾကာင့္ ပယ္လိုက္ရတာျဖစ္တယ္”လို႔ ေျပာပါတယ္။ ဒီမိုကေရစီႏွင့္ လူ႔ အခြင့္အေရးပါတီဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ တစ္ႏိုင္ငံလုံးမွာ ၈ ေနရာဝင္ၿပိဳင္ဖို႔ ေလွ်ာက္ထားခဲ့ရာမွာ ေမာင္ေတာ ၿမိဳ႕နယ္မွာ ျပည္သူ႔လႊတ္ေတာ္ ၁ ေနရာသာ ဝင္ၿပိဳင္ခြင့္ရရွိခဲ့တာျဖစ္ၿပီး အခု ရရွိထားတဲ့ တစ္ေနရာလည္း ထပ္မံ ပယ္ဖ်က္ ခံခဲ့ရတာ ျဖစ္ပါတယ္။ http://burmese.dvb.no/archives/414666

***************

၁၄။ ရိကၡာျပတ္ေနတဲ့ ပလက္ဝကို ဆန္အေရာက္ပို႔ႏိုင္ဖို႔ ႀကိဳးစားေန
October 3, 2020

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာ ဆန္ရိကၡာ လုံးဝျပတ္လပ္သြားတာမို႔ အလွဴရွင္ေတြလွဴဒါန္းထားတဲ့ ဆန္ေတြကို တစ္ပတ္ အတြင္း ေရာက္ေအာင္ပို႔ေပးႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ခ်င္းစစ္ေဘးေရွာင္ အေရးေပၚကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCCI) ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မိုင္နန္းေဝက ေျပာပါတယ္။ အလွဴရွင္ေတြရဲ႕စုေပါင္းလွဴဒါန္းမႈနဲ႔ ကေလးၿမိဳ႕မွာ ဝယ္ယူထားတဲ့ ဆန္အိတ္ ၈၀၀ ကို မတူပီလမ္းကေန ဒီအပတ္အတြင္း အျမန္ဆုံးပို႔ႏိုင္ေအာင္ စီစဥ္ေနသလို ဆမီးၿမိဳ႕မွာရွိတဲ့ ဆန္အိတ္ ၈၅၀ ကိုလည္း တပ္မေတာ္ရဲ႕ လုံၿခဳံေရးကိုယူၿပီး ပို႔ႏိုင္ေအာင္ ႀကိဳးစားေနတယ္လို႔ မိုင္နန္းေဝက ဆိုပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ရဲ႕ တိုက္ပြဲေတြေၾကာင့္ ၿမိဳ႕ေပၚေတြမသြားႏိုင္ဘဲ ပိတ္မိေနၾကတဲ့ ပလက္ဝၿမိဳ႕နယ္ ထဲက ေက်း႐ြာ ၂၀၀ ေက်ာ္ေလာက္မွာလည္း ဆန္ျပတ္လပ္သြားပါၿပီ။ ပလက္ဝၿမိဳ႕အပါအဝင္ ၿမိဳ႕နဲ႔ အနီးဆုံး႐ြာေတြမွာလည္း ဆန္မရွိေတာ့ေၾကာင္း ႐ြာေတြထံက ဖုန္းအဆက္သြယ္ေတြရတယ္လို႔ မိုင္နန္းေဝက ေျပာပါတယ္။ အလွဴေငြပို႔ေပးမယ္ဆို လည္း အဲဒီေဒသမွာ ဆန္ေရာင္းသူ မရွိတဲ့အတြက္ ပခုကၠဴ၊ ဂန႔္ေဂါနဲ႔ ေက်ာက္ထု ၿမိဳ႕နယ္ ေတြကေန ဆန္ေတြဝယ္ယူၿပီး ပို႔ေပး ႏိုင္ေအာင္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ပလက္ဝၿမိဳ႕နယ္ထဲမွာ တိုက္ပြဲေတြေၾကာင့္ ေက်း႐ြာေတြမွာပဲ ပိတ္မိေနတဲ့ ခ်င္းတိုင္းရင္းသား စစ္ေဘးဒုကၡသည္ ႏွစ္ေသာင္း ကေန ေျခာက္ေသာင္းၾကားရွိၿပီး ၿမိဳ႕ေပၚ စစ္ေဘးေရွာင္စခန္းေတြမွာ ေရာက္ရွိေနတာက တစ္ေသာင္း ရွစ္ေထာင္ေက်ာ္ရွိ တယ္လို႔ ခ်င္းစစ္ေဘးေရွာင္ အေရးေပၚကူညီေရးနဲ႔ ျပန္လည္ထူေထာင္ေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ဒီႏွစ္ထဲထုတ္ျပန္တဲ့ မွတ္တမ္းအရ အိႏၵိယ၊ ဘဂၤလားေဒ့ရ္ွတို႔နဲ႔ နယ္ခ်င္း ထိစပ္ေနတဲ့ ပလက္ဝ ၿမိဳ႕နယ္ထဲမွာ လူဦးေရ တစ္သိန္းတစ္ေသာင္းနီးပါး ရွိပါတယ္။ ေက်း႐ြာေပါင္း ၃၈၈ ႐ြာရွိမွာ လူဦးေရ ကိုးေသာင္းေက်ာ္က ေက်းလက္ေဒသမွာ ေနထိုင္ၿပီး ပလက္ဝ ၿမိဳ႕ေပၚမွာေတာ့ တစ္ေသာင္းေက်ာ္ ေနထိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ https:/ /www.rfa.org/burmese/news/rice-shortage-in-chin-state-10032020042822.html

**************

၁၅။ UDP ပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ႏွင့္ ပတ္သက္ျခင္း မရွိဟု ဦးဇခုန္တိန႔္ယိန္း ဆို
1 October 2020

ေထာင္ေျပးမႈျဖင့္ ဖမ္းဆီးခံထားရသည့္ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ ေခၚ ႏွင္းဆီပါတီ (UDP) ၏ ဥကၠ႒ ဦးေက်ာ္ျမင့္ ႏွင့္ ပတ္သက္ျခင္း မရွိသည့္အျပင္ ႏွင္းဆီပါတီႏွင့္လည္း ကင္းကင္းရွင္းရွင္း ေနလိုသည္ဟု ဒီမိုကေရစီပါတီသစ္(ကခ်င္) (NDP-K) ၏ နာယက ဦးဇခုန္တိန႔္ယိန္းက ေျပာသည္။ ဦးဇခုန္တိန႔္ယိန္းသည္ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ဝိုင္းေမာ္၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္ တို႔တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ဒီမိုကေရစီပါတီသစ္ (ကခ်င္) ၏ နာယက တဦး ျဖစ္ၿပီး ၁၉၈၉ ခုႏွစ္က စစ္အစိုးရႏွင့္ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည့္ ဒီမိုကေရစီသစ္ တပ္မေတာ္ (ကခ်င္) ၏ ေခါင္းေဆာင္တဦးလည္း ျဖစ္သည္။
ဦးဇခုန္တိန႔္ယိန္းက ၎နာယကအျဖစ္ ဦးေဆာင္ေနသည့္ ဒီမိုကေရစီပါတီသစ္ (ကခ်င္) က ပါတီအခ်င္းခ်င္း ညီၫြတ္မႈကို လိုအပ္ေသာ္လည္း ဦးေက်ာ္ျမင့္၏ ႏွင္းဆီပါတီႏွင့္ ကင္းကင္းရွင္းရွင္းသာ ရွိလိုပါသည္ဟုလည္း စာထဲတြင္ ထည့္သြင္း ေရးသားထားျခင္း ျဖစ္သည္။ ဦးေက်ာ္ျမင့္၏ ေနာက္ေၾကာင္းႏွင့္ ပတ္သက္၍ ဗကပ တပ္တြင္းသို႔ ၁၉၇၃-၇၄ ခုႏွစ္တြင္ စတင္ဝင္ေရာက္လာစဥ္က မစၥတာဟူဟြာဟုသာသိခဲ့ၿပီး မစၥတာဟူဟြာသည္ ဗကပစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ေဇာ္မိုင္၏ သမီးႏွင့္ လက္ထပ္ခဲ့သည္ဟု ဦးဇခုန္တိန႔္ယိန္းက ေရးသားထားသည္။

မိုက္ကယ္ ေက်ာ္ျမင့္သည္ ကခ်င္ တိုင္းရင္းသား မဟုတ္ဘဲ တ႐ုတ္-ျမန္မာ စီးပြားေရးသမား တေယာက္သာ ျဖစ္ေၾကာင္း၊ ဗမာျပည္ ကြန္ျမဴနစ္ ပါတီ (ဗကပ) တပ္တြင္လည္း မည္သည့္အခါမွ တပ္ဖြဲ႕ဝင္ မဟုတ္ခဲ့သလို ၁၉၈၉ ခုႏွစ္ ဗကပ တပ္တြင္း ပုန္ကန္မႈႏွင့္ အစိုးရႏွင့္ ေနာက္ဆက္တြဲ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားတြင္လည္း မိုက္ကယ္ေက်ာ္ျမင့္ ပါဝင္မႈ မရွိခဲ့ေၾကာင္း ျမန္မာ့အေရး ေလ့လာသူ ဆြီဒင္ သတင္းစာဆရာ ဘာေတးလင့္တနာ က ေျပာသည္။ ဒီမိုကေရစီပါတီသစ္ (ကခ်င္)၏ ဥကၠ႒ ဦးတိန႔္ေဆာင္က “ဦးဇခုန္တိန႔္ယိန္းတို႔နဲ႔ ပတ္သက္မႈ မရွိခဲ့ဘူး။ ဇခုန္နာမည္ကေတာ့ ဘယ္ကဘယ္သူ ဘယ္အခ်ိန္က ဘယ္သူနဲ႔ ႏြယ္ၿပီး ယူခဲ့လဲေတာ့ မသိဘူး။ ဦးဇခုန္တိန႔္ယိန္းတို႔ မိသားစု၊ ေဆြမ်ိဳး ေတြ နားကေတာ့ မသိဘူး။ မရွိဘူး။ ဘယ္ က ဇခုန္ကို ယူခဲ့လဲေတာ့ မသိၾကဘူးေပါ့။ အရင္တုန္းက ၿငိမ္းခ်မ္းေရး မယူခင္ ဗကပ လက္ထက္မွာလည္း ဦးေက်ာ္ျမင့္တို႔နဲ႔ ပတ္သက္ခဲ့တာ မရွိခဲ့ဘူးလို႔ သိရပါတယ္” ဟုလည္း ေျပာသည္။ https://burm a.irrawaddy.com/news/2020/10/01/

**************

၁၆။ ဦးအယ္လ္ေဖာင္းရႈိကို စစ္ေဆးဖို႔ အဂတိေကာ္မရွင္ ျငင္းပယ္
October 2, 2020

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္ေဖာင္းရႈိအမႈဟာ လက္ရွိတည္ဆဲဥပေဒနဲ႔ မညီတာေၾကာင့္ စုံစမ္းစစ္ေဆးဖို႔ တိုင္ၾကားခ်က္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ပယ္ခ်လိုက္ပါတယ္။ အဂတိလိုက္စားမႈရွိခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျဖဳတ္ခ်ခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕အမႈကို စုံစမ္းစစ္ေဆးေပးဖို႔ တိုင္ၾကားခ်က္အေပၚ ေကာ္မရွင္က ဒီတစ္ပတ္ ထဲမွာပဲ တုံ႔ျပန္ခဲ့တာပါ။ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးအယ္လ္ေဖာင္းရႈိကို အဂတိလိုက္စားမႈနဲ႔ စုံစမ္းေဖာ္ထုတ္ အေရးယူေပးဖို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသဲရယ္ က စက္တင္ဘာလ ၈ ရက္ေန႔မွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကို တိုင္ၾကားခဲ့တာပါ။

ဒီတိုင္ၾကားခ်က္ကို ေကာ္မရွင္ကေန စက္တင္ဘာ ၃ဝ ရက္ ဗုဒၶဟူးေန႔မွာ ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ဒါဟာ ဥပေဒအတိုင္း ေဆာင္႐ြက္ခဲ့တာလို႔ ေကာ္မရွင္ေျပာခြင့္ရသူ ဦးေက်ာ္စိုး က RFA ကို ေျပာပါတယ္။“ေကာ္မရွင္သည္ ဥပေဒနဲ႔အညီ ဖြဲ႕စည္း ထားတဲ့ အဖြဲ႕အစည္းျဖစ္တဲ့အတြက္ေၾကာင့္ ျပ႒ာန္းထားတဲ့ ဥပေဒနဲ႔အညီ လုပ္ရပါတယ္။ ဥပေဒကိုေက်ာ္ၿပီး ေဆာင္႐ြက္လို႔ မရပါဘူး။ ဒါေၾကာင့္မို႔လို႔ ေပးပို႔တဲ့ တိုင္ၾကားစာမွာပါရွိတဲ့ အခ်က္ေတြကိုျပန္ၿပီး စိစစ္တဲ့အခ်ိန္မွာ သူတို႔က ၂ဝ၁၈ မွာ စတုတၳ အႀကိမ္ ျပ႒ာန္းထားတဲ့ ဥပေဒ မတိုင္ခင္က ျဖစ္တဲ့ကိစၥျဖစ္ပါတယ္ခင္ဗ်”ေကာ္မရွင္ရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ လက္ရွိ အာဏာရပါတီ NLD ေရာ၊ ေကာ္မရွင္ကပါ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕လုပ္ရပ္ေတြကို ေထာက္ခံရာေရာက္ေနတယ္လို႔ တိုင္ၾကားခဲ့ သူ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသဲရယ္က တုံ႔ျပန္ပါတယ္။

ကယားျပည္နယ္ စာရင္းစစ္ခ်ဳပ္႐ုံး အစီရင္ခံစာမွာေတာ့ ဦးအယ္လ္ေဖာင္းရႈိအေနနဲ႔ ဝန္ႀကီးခ်ဳပ္ တာဝန္ယူခဲ့ခ်ိန္က ျပည္နယ္ အစိုးရရဲ႕ စက္ယႏၲရား ဝယ္ယူတာ၊ ငွားရမ္းတာ၊ ျပင္ဆင္တာေတြနဲ႔ ပတ္သက္တဲ့ အသုံးစရိတ္ထဲမွာ ကိုယ္ေရးကိုယ္တာနဲ႔ ပါတီအတြက္ သုံးထားတဲ့ သိန္း ၄ဝဝ နီးပါးကို ထည့္သြင္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ အျခားအသုံးစရိတ္ ဆိုတဲ့ ေခါင္းစဥ္နဲ႔ လွဴဒါန္း၊ ေထာက္ပံ့ေငြဆိုၿပီး သိန္း ၃၆ဝဝ ေက်ာ္ အသုံးျပဳထားတာကိုလည္း စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ပထမတခ်က္က တာဝန္က ရပ္စဲၿပီးျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းတစ္ဦးကို ခုံ႐ုံးတင္ခြင့္ ရွိ၊ မရွိ၊ ဒုတိယ တခ်က္က ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲသူ ငါးေယာက္ထဲက တစ္ေယာက္ ႏုတ္ထြက္ခဲ့တဲ့အတြက္ ကိုယ္စားလွယ္ ေလးပုံ တစ္ပုံ မျပည့္တဲ့အေျခအေနမွာ စြပ္စြဲခ်က္ကို ဆက္လက္စစ္ေဆးခြင့္ ရွိ၊ မရွိ၊ တတိယတခ်က္က ျပည္နယ္လႊတ္ေတာ္ က ဖြဲ႕စည္း ထားတဲ့ စုံစမ္းစစ္ေဆးေရးအဖြဲ႕ထဲမွာ ဝန္ႀကီးခ်ဳပ္ေဟာင္းကို စြပ္စြဲထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ သုံးဦး ထည့္သြင္းခြင့္ ရွိ၊ မရွိ၊ ဒီ ၃ ခ်က္ကို ဥပေဒခုံ႐ုံးက ၾကားနာစစ္ေဆးမွာျဖစ္ပါတယ္။
ျပည္နယ္စာရင္းစစ္ခ်ဳပ္ ဦးေအာင္ေမာင္းကေတာ့ အစိုးရအဖြဲ႕က တစ္စုံတစ္ရာ ေျပာၾကားျခင္း မရွိတဲ့အတြက္ စစ္ေဆးလို႔မရ ေသးေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။ https://www.rfa.org/burmese/news/kayah-pm-10022020070634.html

***************

၁၇။ စည္း႐ုံးေရးဆင္းရာမွာ အေႏွာင့္အယွက္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီေျပာ
October 5, 2020

ေ႐ြးေကာက္ပြဲအတြက္ စည္း႐ုံးေရးဆင္းတဲ့အခ်ိန္မွာ ပါတီျခားအမာခံလူထုေတြရဲ႕ ေႏွာင့္ယွက္မႈေတြကို ရင္ဆိုင္ေနရတယ္လို႔ ကယားျပည္နယ္ ဒီမိုကရက္တီပါတီ KySDP မွ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁)မွ ကိုယ္စားလွယ္ေလာင္း ဦးစတီဗင္ထြန္းထြန္းက ေျပာပါတယ္။“ ၁ ရက္ေန႔က က်ေနာ္တို႔ ငွားသြားတဲ့ကားကို မူးယစ္ေဆးေရာင္းတယ္ဆိုၿပီးေတာ့ သတင္းမွားေပးျပန္ေရာ သတင္းမွားေပးတာကို ရဲကေရာက္လာတာပါ။ ရဲကစစ္လိုက္လို႔ ဘာမွမေတြ႕တဲ့ခါက်ေတာ့ တဆက္ တည္းမွာပဲ ေဆြးေႏြးပြဲက လုပ္ေနတဲ့ခါက်ေတာ့ ဘယ္သူက ဦးေဆာင္တာလဲ ဘယ္နေယာက္လဲ စသျဖင့္ ေမးေတာ့ က်ေနာ္ တို႔လည္း ျပန္ရွင္းလိုက္ေတာ့ ဒီအတိုင္းပဲ ျပန္သြားၾကတယ္။ ျဖစ္တဲ့ေနရာကေတာ့ ဝမ့္ကုန္းမွာ။”လို႔ စတီဗင္ထြန္းထြန္း က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၁ ရက္ေန႔မွာလည္း မူးယစ္ေဆးေရာင္းေနေၾကာင္း သတင္းရရွိတယ္လို႔ ဆိုကာ ဝမ့္ကုန္းမွာ ဒုတိယ အႀကိမ္ လြိဳင္လင္ေလး ရဲစခန္းကေန တာဝန္ရွိသူေတြက လာေရာက္စစ္ေဆး ေမးျမန္းသြားတယ္လို႔ ဦးစတီဗင္ထြန္းထြန္းက ေျပာပါတယ္။

ပါတီႀကီးေတြ စည္း႐ုံးေရးဆင္းတဲ့အခါမွာ တဖက္ပါတီေတြကို ထိုးႏွက္ေျပာဆိုတာမ်ိဳး မျဖစ္ေစခ်င္ပဲ ႏိုင္ငံေရးအားျဖင့္သာ ေျပာဆိုစည္း႐ုံးေစခ်င္တယ္လို႔ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုင္းႏိုင္ႏိုင္ေထြးက ေျပာပါ တယ္။“ႏိုင္ငံေရးအားျဖင့္ ေျပာဆိုတဲ့ ပါတီပဲ ျဖစ္ေစခ်င္တယ္။ တစ္ဖက္ကို ေျပာဆိုထိုးႏွက္ၿပီးမွ ႏိုင္ငံေရးအရ အားသာ ခ်က္ယူတယ္ဆိုရင္ေတာ့ ဒါေတြဟာ မဲဆြယ္စည္း႐ုံးတဲ့ ကမ္ပိန္း သေဘာသဘာဝမ်ိဳးနဲ႔ လုံးဝမျဖစ္သင့္တဲ့ ကိစၥရပ္ပါ။ ဆိုေတာ့ ႏိုင္ငံေရးအားျဖင့္ ေျပာဆိုစည္း႐ုံးတဲ့ ပါတီေတြပဲ ျဖစ္ေစခ်င္ပါတယ္။” လို႔ ဦးစိုင္းႏိုင္ႏိုင္ေထြးက ဆက္ေျပာပါတယ္။

လြိဳင္ေကာ္ၿမိဳ႕နယ္ထဲက အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁၁) ေမာ္မာရီထြန္းရဲ႕ မဲဆႏၵနယ္ ျဖစ္တဲ့ လြိဳင္လင္ေလး မွာလည္း ေဘာလုံးပြဲ က်င္းပဖို႔ စီစဥ္ေနတဲ့အခ်ိန္မွာ ေလာင္းကစားလုပ္ေနတယ္လို႔ဆိုၿပီး ရဲေတြက လာေရာက္ေမးျမန္း စစ္ေဆးခဲ့တာလည္း ႀကဳံခဲ့ရတယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တိုင္ၾကားထားျခင္း မရွိေပမဲ့ သက္ေသရလာတဲ့အခါမွာ တိုင္ၾကားသြားမယ္လို႔ စတီဗင္ထြန္းထြန္းက ေျပာပါတယ္။ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးကာလမွာ ကြင္းဆင္းမဲ့ေနရာေတြကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို တင္ျပထားၿပီးျဖစ္တဲ့အတြက္ အခုလို လုပ္ေဆာင္ေနျခင္းကို ေဖာ္ထုတ္ဖို႔လိုတယ္လို႔ ဦးစတီဗင္ထြန္းထြန္းက ေျပာပါတယ္။ https://www.bnionline.net/mm/news-75980

****************

၁၈။ တီးတိန္၊တြန္းဇံႏွင့္ပလက္ဝၿမိဳ႕တို႔ ၂၀၂၂ ခုႏွစ္တြင္ မဟာဓာတ္အားလိုင္း ရရွိမည္
October 2, 2020

တီးတိန္၊တြန္းဇံႏွင့္ ပလက္ဝၿမိဳ႕တို႔၂၀၂၁-၂၂ ခုႏွစ္အတြင္း မဟာဓာတ္အားလိုင္း ရရွိေတာ့မည္ဟု ခ်င္းျပည္နယ္ အစိုးရ အဖြဲ႕ေျပာေရးဆိုခြင့္ရွိ စည္ပင္ဝန္ႀကီးဦးစိုးထက္က ေျပာပါသည္။

စည္ပင္ဝန္ႀကီး ဦးစိုးထက္က ‘ပစၥည္းတင္ဒါေခၚ တီးတိန္၊တြန္းဇံ၊ ပလက္ဝတို႔ကို မဟာဓာတ္အားလိုင္းက ဂ်ပန္အကူညီနဲ႔ လုပ္ဖို႔ လုပ္ထားတယ္ စီမံစီးပြား ဝန္ႀကီးဌာနနဲ႔ စာခ်ဳပ္လုပ္ၿပီးၿပီ ကြင္းဆင္းစစ္ေဆးမႈေတြ လုပ္ၿပီးရင္ တင္ဒါေခၚမယ္ တင္ဒါေခၚၿပီးရင္ လုပ္ငန္းက စလို႔ရၿပီ ၂၀၂၁ ခုႏွစ္ေလာက္မွာ လုပ္ငန္း စတင္ အေကာင္ထည္ေဖာ္ၿပီးေတာ့ ၂၀၂၂ ေလာက္ မွာ ၿပီးမယ္လို႔ သိထားတယ္ လက္ရွိ ပစၥည္းတင္ဒါ ေခၚေနတယ္ ၂၀၂၁ ေလာက္မွ လုပ္ငန္းစတင္မယ္လို႔ သိရတယ္’ ဟုေျပာသည္။ MY-P30 ျဖင့္ေဆာင္႐ြက္မည့္ ကေလး-သိုင္းငင္း-တီးတိန္ကို ၆၆ ေကဗၺီ Double Circuit လိုင္း(၃၂၁) မိုင္ တည္ေဆာက္ရန္ ၆၆ ေကဗၺီလိုင္း တာဝါတိုင္ႏွင့္ ဆက္စပ္ ပစၥည္းမ်ား ဝယ္ယူရန္ အိတ္ဖြင့္တင္ဒါ ေခၚယူထားေၾကာင္းလည္း သိရသည္။

လက္ရွိခ်င္းျပည္နယ္အတြင္း မဟာဓာတ္အားလိုင္း မရရွိေသးသည့္ ၿမိဳ႕မ်ား ရွိေနၿပီး အခ်ိဳ႕ၿမိဳ႕နယ္မ်ားမွာ ေလာင္စာဆီႏွင့္ ေရအားလွ်ပ္စစ္ အေသးစားမ်ားျဖင့္ လွ်ပ္စစ္ဓာတ္အား အသုံးျပဳေနလွ်က္ ရွိေၾကာင္း သိရသည္။ခ်င္းျပည္နယ္တြင္မဟာ ဓာတ္အားလိုင္းရရွိၿပီးေသာၿမိဳ႕မ်ားမွာ ဟားခါး၊ဖလမ္း၊ထန္တလန္၊ခိုင္ကမ္း၊မင္းတပ္၊ကန္ပက္လက္၊မတူပီၿမိဳ႕မ်ားျဖစ္သည္။ https://www.chinworld.org/2020/10/02/%e1%80%90%e1%80%ae%e1%80%b8% e1%80%90%e1%80

***************

၁၉။ ကုန္စည္စီးဆင္းမႈရပ္မတန႔္ေစရန္ ကားသမားမ်ားကို က်န္းမာေရး စစ္ေဆးမႈ ျပဳလုပ္မည္
October 2, 2020

သွ်မ္းျပည္တြင္းရွိ ကုန္စည္စီးဆင္းမႈ ရပ္တန႔္မသြားေစရန္အတြက္ ကုန္တင္ယာဥ္ေမာင္းႏွင့္ ေနာက္လိုက္မ်ားကို က်န္းမာေရး စစ္ေဆးမႈမ်ား ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း သွ်မ္းျပည္အစိုးရထံမွ စုံစမ္းသိရွိရသည္။ သွ်မ္းျပည္အတြင္းမွ ကုန္တင္ယာဥ္မ်ား အျခားတိုင္းေဒသႀကီး/ျပည္နယ္ မ်ားသို႔ ထြက္ခြာခြင့္ကို ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔မွ ၁၄ ရက္ထိ ေခတၱ ရပ္နားထားမည္ျဖစ္ေၾကာင္း သွ်မ္းျပည္အစိုးရက ထုတ္ျပန္ခဲ့သည္။ ယင္းကိစၥႏွင့္ ပတ္သက္ၿပီး ယေန႔ စက္တင္ဘာ (၂) ရက္ ေန႔တြင္ သွ်မ္းျပည္တြင္းရွိ မိတၱီလာ-ေတာင္ႀကီး ျပည္ေထာင္စု လမ္းမေပၚတြင္ ဝင္လာမည့္ ကုန္တင္ကား ၁၀၀ ေက်ာ္ ပိတ္မိေနေၾကာင္း စုံစမ္းသိရွိရသည္။

ထိုျပႆနာႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စု ဝန္ႀကီး ကို တင္ျပခဲ့ၿပီး ဝန္ႀကီး၏ ၫႊန္ၾကားခ်က္ အရ ကုန္တင္ကား ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ား၏ က်န္းမာေရး စစ္ေဆးမႈကို ကိုးရီးယား ႏိုင္ငံထုတ္ MoHS အသိအမွတ္ျပဳ rapid test kits မ်ားႏွင့္ စ္စေဆးၿပီး ကုန္စည္ စီဆင္းမႈ ရပ္တန႔္မသြားေအာင္ ေဆာင္႐ြက္သြားမည္ ဟု သွ်မ္းျပည္ အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ျပည္နယ္ စီမံကိန္း ႏွင့္ ဘ႑ေရး ဝန္ႀကီး ဦးစိုးၫႊန႔္လြင္ က ၎၏ လူမႈကြန္ရက္မွာ ေရးသားခဲ့သည္။“ Test kit ကို ေအာက္တိုဘာ (၁) ရက္မွာ ေပးပို႔လာၿပီ” ဟု ဦးစိုးၫႊန႔္လြင္ က ေရးသားထားသည္။ စက္တင္ဘာ ၂၉ ရက္ေန႔က မူဆယ္ (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္တြင္ ကုန္တင္ကား သမားတစ္ဦးထံ ကိုဗစ္-၁၉ ေတြ႕ရွိၿပီးေနာက္ ယခုကဲ့သို႔ တင္းၾကပ္လိုက္ ျခင္း ျဖစ္ေၾကာင္း သိရသည္။ https://burmese.shanne ws.org/archives /18750

***************

၂၀။ UEC ပြင့္လင္းျမင္သာမႈမရွိသျဖင့္ သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္ ၂ ဦးႏုတ္ထြက္ဟုဆို
October 5, 2020

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ UEC ပြင္လင္းျမင္သာမႈမရွိသျဖင့္ ႏႈတ္ထြက္ရျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္ သထုံ ခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ေဟာင္း ဦးေမာင္ဦးက ေျပာသည္။

မြန္ျပည္နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ အတြင္းေရးမွဴးက ေကာ္မရွင္သုံး ပစၥည္းဝယ္ယူမႈတြင္ မသမာမႈရွိခဲ့ၿပီး ျပည္ေထာင္စု ေ႐ြးေကာက္ေကာ္မရွင္၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ႏွင့္ ႏိုင္ငံေတာ္ သမၼတတို႔ထံ ၿပီးခဲ့သည့္ မတ္လက ဥကၠ႒ေဟာင္းတိုင္ၾကားခဲ့ေသာ္လည္း ထူးျခားမႈမရွိဟု ဆိုသည္။“တစ္ရက္ပဲ လာစစ္သြားတာ စာရင္းဇယားကို ၾကည့္သြားတာလည္း မဟုတ္ဘူး တင္ျပခ်က္ကိုလည္း လာနားေထာင္သြားတာ သူတို႔ဟာ သူတို႔ လုပ္တယ္ဗ်ာ ကြၽန္ေတာ္ တို႔ကို ဘာမွလည္း အေၾကာင္းမၾကားဘူး တိုင္တာက ကြၽန္ေတာ္တို႔ေလ ဘယ္လိုစစ္တယ္ ဘယ္လိုအေရးယူတာလည္း မသိရဘူး ဒီလို အေရးမစိုက္ေတာ့ ခြဲျခားဆက္ဆံသလို ခံစားရတယ္” ဟု ၎ကဆိုသည္။ ယင္းသို႔ တိုင္ၾကားထားသည့္ ကိစၥရပ္အေပၚတြင္ အေရးယူေဆာင္႐ြက္ျခင္း မရွိျခင္းသည္ ေကာ္မရွင္တြင္ တာဝန္ထမ္း ေဆာင္ေနသည့္ ေစတနာ့ဝန္ထမ္းႏွင့္ အစိုးရဝန္ထမ္းတို႔ကို ေကာ္မရွင္က ခြဲျခားဆက္ဆံျခင္း ျဖစ္ေၾကာင္း ႏုတ္ထြက္သြား

သည့္ သထုံခ႐ိုင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ အဖြဲ႔ဝင္ေဟာင္း ေဒၚမိုးမိုးခိုင္ က ေျပာသည္။“လုပ္ရပ္ေတြ ကြာေနတာ ဆိုတာ ေတြ႕လာရတာေပါ့ အဲမွာလည္း သူကျပန္လည္ေဆာင္႐ြက္ေပးျခင္းမရွိဘူး ကြၽန္မတို႔ကလည္း အမ်ားယုံၾကည္ ေလးစားရတဲ့ ပုဂၢိဳလ္အေနနဲ႔ ေစတနာ့ ဝန္ထမ္းဝင္လုပ္တာ၊ အစိုးရ ဝန္ထမ္းက ဒီလိုမသမာမႈေတြ လုပ္ေနတာကို ကြၽန္မတို႔ လို ပုဂၢိဳလ္ေတြက တင္ျပတာကို UEC က ဘာမွအေရးယူေဆာင္႐ြက္တာမလုပ္ေပးဘူး သူတို႔ရဲ႕ ပင္မဝန္ထမ္းနဲ႔ ကြၽန္မတို႔ ေစတနာ့ ဝန္ထမ္းေတြ ခြဲျခားဆက္ဆံသလို ခံစားရတယ္” ဟု ၎ကဆိုသည္။

လက္ရွိ ဦးလွသိန္း ေခါင္းေဆာင္သည့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အေပၚ အယုံအၾကည္ မရွိေၾကာင္းႏွင့္ ဘက္ လိုက္မႈမ်ား ရွိေနၿပီး အားလုံးက တစ္အုပ္စုတည္းျဖစ္ေနသည့္အတြက္ တိုင္တန္း စရာမရွိေတာ့ေၾကာင္း ႏိုင္ငံေရးပါတီ ၃၄ ပါတီက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ တင္ျပခဲ့ေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပခဲ့သည္။ တဖက္တြင္လည္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲမ်ားတြင္ လုပ္ငန္း တာဝန္ထမ္းေဆာင္ေနသူမ်ားအေနျဖင့္ ေကာ္မရွင္တာဝန္မ်ား မေဆာင္ ႐ြက္ႏိုင္ပါက ၂၀၁၉ ဇြန္လ ေနာက္ဆုံးထား ႏုတ္ထြက္ ေပးရန္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးလွသိန္းက ႀကိဳတင္အသိေပး ေျပာၾကားခဲ့ဖူးသည္။ http://burmese.monnews.org/2020/10/05/uec-%e1%80%95%e1%80% bd%e1%80%84%e1%80%

***************

၂၁။ ဘားအံၿမိဳ႕၌ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ားကို ကိုဗစ္-၁၉ ေရာဂါပိုးရွိ မရွိ စစ္ေဆး
5 October 2020

ကိုဗစ္-၁၉ ကပ္ေဘးကာလအတြင္း ကုန္စည္စီးဆင္းမႈ ျမန္ဆန္ေစဖို႔နဲ႔ ကုန္စည္ပို႔ေဆာင္ရာမွာ အခက္အခဲမရွိေစဖို႔ ကုန္စည္ပို႔ေဆာင္ေနတဲ့ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ေတြကို Antigen (RDT) Test နဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ မရွိ စစ္ေဆးခဲ့ပါတယ္။ ေအာက္တိုဘာ ၄ ရက္က ကရင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ ျပည္နယ္ က်န္းမာေရးဦးစီး ဌာနက ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္ ၇၇ ဦးကို စစ္ေဆးခဲ့ရာ ေရာဂါပိုး မေတြ႕ရွိခဲ့တဲ့အတြက္ ကိုဗစ္-၁၉ ေရာဂါကင္းရွင္း ေၾကာင္း က်န္းမာေရးေထာက္ခံစာေတြ ထုတ္ေပးခဲ့တာပါ။ ကုန္စည္စီးဆင္းမႈျမန္ဆန္ၿပီး ျပတ္ေတာက္မႈမရွိေစဖို႔ အစိုးရအဖြဲ႕ ၫႊန္ၾကားခ်က္နဲ႔ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ မရွိကို မိနစ္ပိုင္းအတြင္း သိရွိႏိုင္တဲ့ Antigen(RDT)Test စစ္ေဆးေပးခဲ့တယ္လို႔ တာဝန္ရွိသူက ဆိုပါတယ္။

ကရင္ျပည္နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာ ေက်ာ္စြာျမင့္က “ေရာဂါကာကြယ္ေရး အေနနဲ႔ စစ္ဖို႔က ပုံမွန္စစ္တဲ့စနစ္ ေတြက အရမ္းၾကာတယ္။ အခုက အဲဒီ Test ရလာတဲ့ အခါက်ေတာ့ အစိုးရအဖြဲ႕က ၫႊန္ၾကားတဲ့အတိုင္း ကားဆရာေတြကို စစ္ေပးပါဆိုေတာ့ စစ္ေပးတာ”လို႔ ဆိုပါတယ္။ ကိုဗစ္ကာလ ကုန္စည္ပို႔ေဆာင္တဲ့လမ္းခရီးေတြမွာ က်န္းမာေရးစစ္ေဆး တာေတြ ခံယူေနရ တဲ့အတြက္ ၾကန္႔ၾကာမႈေတြရွိေနလို႔ အခုလို က်န္းမာေရးစစ္ေဆးေပးတာဟာ ကုန္စည္ပို႔ေဆာင္တဲ့ေနရာ မွာ ပိုမိုအဆင္ေျပေစတယ္လို႔ တာဝန္ရွိသူက ဆိုပါတယ္။

ဘားအံၿမိဳ႕နယ္ ေမာ္ေတာ္ယာဥ္ စည္းကမ္း ထိန္သိမ္း‌ေရးေကာ္မတီ၊ ဥကၠ႒ ဦးသိန္းႏိုင္က “ကုန္စည္ပို႔ေဆာင္ေနတဲ့ ယာဥ္ေမာင္း နဲ႔ ယာဥ္ေနာက္လိုင္းေတြအတြက္ ဒီလူေတြအားလုံး က်န္းမာေၾကာင္း ေထာက္ခံခ်က္လိုခ်င္ၾကတယ္။ အခုလို စစ္ၿပီးသြားရင္ ေရွာေရွာရႉရႉ သြားလို႔ရမယ္” လို႔ ေျပာပါတယ္။ က်န္းမာေရး ေထာက္ခံခ်က္မရွိတဲ့အတြက္ ကုန္စည္ပို႔ေဆာင္ ရာမွာ အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရသလို က်န္းမာေရးေထာက္ခံစာရရွိခဲ့ရင္ ကုန္စည္ပို႔ေဆာင္ေရးနဲ႔ မိသားစုစားဝတ္ေနေရး အတြက္ပါ အဆင္ေျပေစမယ္လို႔ ကုန္တင္ယာဥ္ေမာင္းတစ္ဦးက ဆိုပါတယ္။ ဘားအံၿမိဳ႕ အေဝးေျပးကားဝန္းအတြင္း ဘားအံ -ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ၿမိဳ႕ေတြကို ေျပးဆြဲေနတဲ့ ေမာ္ေတာ္ယာဥ္လိုင္း ၁၀ လိုင္းရွိၿပီး ကုန္တင္ယာဥ္ႀကီး ၅၀ ခန္႔ ရွိပါတယ္။ http://burmese.dvb.no/arch ives/414736

**************

၂၂။ ဆလိုင္းေအာင္စိုးအား အျမန္ဆုံးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႕ေတာင္းဆို
October 06, 2020

ရကၡိဳင့္တပ္ေတာ္ (AA) တပ္ဖြဲ႕က ဖမ္းဆီးထားသည့္ ခ်င္းလူငယ္တစ္ဦး ဆလိုင္းေအာင္စိုးအား အျမန္ဆုံးျပန္လႊတ္ေပးရန္ ဗဟိုခ်င္းလူငယ္အဖြဲ႕အစည္း (Central Chin Youth Organization) က ေအာက္တိုဘာလ (၃) ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္ တစ္ေစာင္ထုတ္ျပန္ၿပီး ေတာင္းဆိုလိုက္သည္။

ခ်င္းလူမ်ိဳးမ်ားႏွင့္ ခ်င္းလူငယ္မ်ားအား မတရားဖမ္းဆီးျခင္း၊ ညႇင္းပန္းႏွိပ္စက္ျခင္း၊ သတ္ျဖတ္ျခင္းမ်ားကို က်ဳးလြန္သည့္ မည္ သည့္လက္နက္ကိုင္အဖြဲ႕အစည္း၏ လုပ္ရပ္ဟူသမွ် ဗဟိုခ်င္းလူငယ္အဖြဲ႕အစည္းမွ အျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ၿပီး AA တပ္ဖြဲ႕အေနျဖင့္လည္း ဆလိုင္းေအာင္စိုးကို အျမန္ဆုံးျပန္လႊတ္ေပးရန္ ေတာင္းဆိုသည္ဟု ဗဟိုခ်င္းလူငယ္အဖြဲ႕အစည္း ဥကၠဌ ဆလိုင္းႏိုဘိခ္ထန္ကေျပာသည္။“က်ေနာ္တို႔ ခ်င္းလူငယ္တစ္ဦးျဖစ္တဲ့ ဆလိုင္းေအာင္စိုးကို အျမန္ဆုံးျပန္လႊတ္ေပး ဖို႔နဲ႔ ဘယ္လက္နက္ကိုင္အဖြဲ႕အစည္းေတြကမွ ခ်င္းလူမ်ိဴး၊ ခ်င္းလူငယ္ေတြကို ေနာက္ထပ္ဖမ္းဆီးတာမ်ိဴး မလုပ္ဖို႔ ဒီကေန ေလးေလးနက္နက္ေတာင္းဆိုပါတယ္’’ဟု ဆလိုင္းႏိုဘိခ္ထန္ကေျပာသည္။

ဆလိုင္းေအာင္စိုးအပါအဝင္ ခ်င္းလူငယ္ (၄) ဦးတို႔သည္ ၿပီးခဲ့သည့္ဇူလိုင္လ (၂၉) ရက္ေန႔က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ ၿမိဳ႕မွ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္သို႔အျပန္ ငသ႐ိုင္းေက်း႐ြာအနီးတြင္ AA တပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။ ၎တို႔ (၄) ဦးအနက္ (၃) ဦးကို ၾသဂုတ္လ (၂၅) ရက္ေန႔က ျပန္လႊတ္ေတာ္ေပးခဲ့ေသာ္လည္း ဆလိုင္းေအာင္စိုးသည္ ယေန႔ခ်ိန္ထိ ျပန္လည္လႊတ္ေျမာက္လာျခင္းမရွိေသးေပ။ https://www.bnionline.net/mm/news-76002

**************

၂၃။ က်ိဳကၡမီၿမိဳ႕မွ ၁၀ ႏွစ္အ႐ြယ္ကေလးတစ္ဦး ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံရသျဖင့္ အတူကစားေဖာ္ကေလးငယ္မ်ားကို Quarantine ထားရွိ
October 2, 2020

မြန္ျပည္နယ္တြင္ ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံရသူမ်ားတြင္ က်ိဳကၡမီၿမိဳ႕မွ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေရာဂါပိုးကူးစက္ခံရသျဖင့္ အတူကစားေဖာ္ ကေလးငယ္ ၁၁ ဦးကိုလည္း ေအာက္တိုဘာလ ၁ ရက္ေန႔က Quarantine စင္တာတြင္ အသြားလာကန႔္သတ္ထားေၾကာင္း သိရသည္။ လက္ရွိတြင္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ေနထိုင္သည့္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးႏွင့္ က်ိဳကၡမီၿမိဳ႕မွ ၁၀ ႏွစ္အ႐ြယ္ကေလး ငယ္တစ္ဦး တို႔အား ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

“က်ိဳကၡမီ ၁၀ ႏွစ္အ႐ြယ္ကေလးက သူကေရာဂါပိုးမေတြ႕ခင္ လိုက္ကစားထားတယ္ေပါ့ေနာ္ သူရဲ႕ကစားေဖာ္ေတြ အကုန္ လုံးက ထိေတြ႕မိထားေတာ့ စုၿပီးေတာ့ Quarantine ဝင္ရတယ္ေပါ့ လာပို႔သြားတယ္အုပ္ထိန္းသူမပါ လာတဲ့အခါက်ေတာ့ အခန္းထဲမွာပဲေနဖို႔သူတို႔ကိုအခန္းကပ္ရပ္ထားေပးထားတယ္” ဟု ေမာ္လၿမိဳင္လူမႈကယ္ ဆယ္ေရးအဖြဲ႕ ကိုဇင္မိုး မွေျပာ သည္။ ထို Quarantine ဝင္ရမည့္ကေလးငယ္မ်ားကို ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ ေမာ္လၿမိဳင္တကၠသိုလ္ Quarantine စင္တာကို သံျဖဴဇရပ္ၿမိဳ႕နယ္လူမႈကယ္ဆယ္ေရးအဖြဲ႕မွ လာေရာက္ပို႔ေဆာင္ေပးျခင္း ျဖစ္ေၾကာင္း ၎ထံမွသိရသည္။

အဆိုပါ က်ိဳကၡမီၿမိဳ႕တြင္ ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ေသာ ေအာင္သုခရပ္ကြက္၊ သီရီၿမိဳင္ေျမာက္ ၄ လမ္း၊ ၅ လမ္းတို႔ကို ေအာက္တိုဘာလ ၁ ရက္ေန႔မွစတင္ၿပီး မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ အသြားအလာကန႔္သတ္ ေနရာအျဖစ္ အမိန႔္အမွတ္ ၁၆/၂၀၂၀ ျဖင့္ထုတ္ျပန္လိုက္သည္။ အဆိုပါက်ိဳကၡမီၿမိဳ႕မွာ သြားလာကန႔္သတ္ထားသည့္ ေအာင္သုခရပ္ကြက္ တြင္ အိမ္ေျခ ၁၁၅ လုံးရွိၿပီး လူဦးေရ ၅၀၀ ဦးခန႔္ရွိေၾကာင္း သိရသည္။ http://burmese.monne ws.org/202 0/10/02 /%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%

**************

၂၄။ တိုက္ပြဲျပင္းထန္တဲ့ ရေသ့ေတာင္မွာ ဒုကၡသည္စခန္း လက္နက္ႀကီးထိ
October 5, 2020

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္(ေျမာက္ပိုင္း) ေအာင္သာစည္႐ြာဘက္က ေတာင္ကုန္းေတာင္တန္းေတြမွာ ရကၡိဳင့္တပ္ ေတာ္ AA နဲ႔ တပ္မေတာ္တို႔အၾကား တိုက္ပြဲေတြျပင္းထန္ေနၿပီး ဒီေန႔မနက္မွာေတာ့ ကံျပင္ေက်း႐ြာက အသက္ ၇၃ ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦး လက္နက္ႀကီးအစထိမွန္ၿပီး အျပင္းအထန္ဒဏ္ရာရရွိသြားပါတယ္။ ရခိုင္ျပည္နယ္ ရေသ့ေတာင္ ၿမိဳ႕နယ္ ေျမာက္ပိုင္း ေအာင္သာစည္ေက်း႐ြာဘက္မွာ AA နဲ႔ တပ္မေတာ္တို႔အၾကား ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္ ေလာက္ကေနစၿပီး တိုက္ပြဲေတြ ေန႔စဥ္ျဖစ္ေနတာပါ။ ဒီေန႔မနက္ ၁၀ နာရီေက်ာ္အခ်ိန္ေလာက္မွာလည္း တိုက္ပြဲျဖစ္တဲ့ေဒသ ဘက္ကို ေမယုျမစ္ေၾကာင္းအတိုင္း ဆန္တက္လာတဲ့ တပ္မေတာ္ ေရယာဥ္ေတြကေန ကုန္းေပၚမွာရွိတဲ့ ေနရာတခ်ိဳ႕ကို လက္နက္ႀကီးေတြနဲ႔ အခ်ိန္ ၂ နာရီေလာက္ၾကာေအာင္ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္နက္ႀကီးက်ည္တစ္လုံးဟာ ကံျပင္ေက်း႐ြာက စစ္ေဘးဒုကၡသည္စခန္းကို က်ေရာက္ေပါက္ကြဲခဲ့လို႔ အသက္ ၇၃ ႏွစ္ အ႐ြယ္ ဦးသၾကၤန္ႏုဆိုတဲ့ အမ်ိဳးသားတစ္ဦး က်ည္စေတြ ထိမွန္ခဲ့တယ္လို႔ ကံျပင္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္သိန္းက RFA ကိုေျပာပါတယ္။ က်ည္စဟာ ယာဘက္တင္ပါးကို ေဖာက္ဝင္သြားတာျဖစ္ၿပီး ေန႔လယ္ပိုင္းမွာ ေစတီျပင္တိုက္နယ္ ေဆး႐ုံကေနတဆင့္ စစ္ေတြေဆး႐ုံႀကီးကို ဆက္လက္ပို႔ေဆာင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါ တယ္။ ကံျပင္ေက်း႐ြာမွာ အနီးအနား႐ြာေတြက ထြက္ေျပးခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ တစ္ရာခန႔္ရွိၿပီး လက္နက္ႀကီး ဟာ စခန္းထဲကိုက်ေရာက္ ေပါက္ကြဲခဲ့တာလို႔ ဆိုပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ေအာက္တိုဘာ ၄ ရက္ေန႔ မေန႔က ညေနပိုင္း ထုတ္ျပန္ခ်က္မွာေတာ့ ရေသ့ ေတာင္ၿမိဳ႕နယ္ ထီးစြဲေက်း႐ြာအနီး ေအေအ အဖြဲ႕ အခိုင္အမာ ေနရာယူထားတဲ့ စိုးမိုးေတာင္ကုန္းေတြကို မနက္ ၂ နာရီ ေလာက္မွာ သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီျဖစ္စဥ္ေတြမွာ ေအေအအဖြဲ႕ရဲ႕အေလာင္း၊ လက္နက္နဲ႔ ဆက္စပ္ပစၥည္းအခ်ိဳ႕ သိမ္းဆည္းရရွိခဲ့ၿပီး တပ္မေတာ္ဘက္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕ က်ဆုံး၊ ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္ လို႔လည္း ပါရွိပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေရးအေျခအေနေတြကို ေလ့လာေစာင့္ၾကည့္ေနတဲ့ လုံၿခဳံေရးအရ အမည္ မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက တပ္မေတာ္က သိမ္းပိုက္ခဲ့တဲ့ ေတာင္ကုန္းေတြကို မေန႔ညက ေအေအအဖြဲ႕က ျပန္လည္ သိမ္း ပိုက္ခဲ့တယ္လို႔ ဆိုပါတယ္။ ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ အပါအဝင္ မင္းျပားနဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ဆက္ရွိေနၿပီး ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး(REC)ရဲ႕ စာရင္းေတြအရ အိုးအိမ္စြန႔္ခြာ ထြက္ေျပး ရတဲ့ ဒုကၡသည္ ေတြကလည္း ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ ရက္ေန႔အထိ လူေပါင္း ႏွစ္သိန္းႏွစ္ေသာင္းေက်ာ္ ရွိေနပါတယ္။ https://www.rfa.org/burmese/news/rathedaung-idp-camp-weapon-10052020063735.html

**************

၂၅။ ေက်ာက္ေတာ္ၿမိဳ႕နယ္ မင္းသားေတာင္႐ြာထဲ လက္နက္ႀကီးက်ည္က်ၿပီးေနာက္ အဘြားတစ္ဦး လန႔္ျဖတ္ ေသဆုံး
October 06, 2020

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မင္းသားေတာင္ေက်း႐ြာထဲသို႔ လြန္ခဲ့သည့္ ညဥ့္အခ်ိန္ ၁၂ နာရီခန႔္က လက္နက္ႀကီး က်ည္ႏွစ္လုံးက်ေရာက္ေပါက္ကြဲၿပီးေနာက္ အသက္ (၉ဝ)ေက်ာ္အ႐ြယ္ရွိ အဘြားအို တစ္ဦး လန႔္ျဖတ္ ေသဆုံးသြားခဲ့သည္ ဟု ေက်း႐ြာသားမ်ားက ေျပာသည္။ ေသဆုံးသြားသည့္အဘြားအိုမွာ အသက္ ၉၄ ႏွစ္အ႐ြယ္ ေဒၚေႏွာင္းထြီးျဖဴျဖစ္သည္။ မင္းသားေတာင္ ႐ြာလယ္ပိုင္းတြင္ရွိသည့္ သူ၏အိမ္တြင္ ၿပီးခဲ့သည့္ညဥ့္အခ်ိန္က မိသားစုႏွင့္အတူအိပ္ေနစဥ္ ႐ြာထဲသို႔ လက္ နက္ႀကီး က်ည္ႏွစ္လုံးက်ေရာက္ေပါက္ကြဲၿပီးေနာက္ လန႔္ျဖတ္ၿပီး ေသဆုံးသြားျခင္းျဖစ္သည္ဟု ႐ြာသားမ်ားကေျပာသည္။
ရပ္မိရပ္ဖတစ္ဦးျဖစ္သူ ဦးေမာင္ျမဟိန္းက “အဲဒီအဘြားက ေရာဂါေထြေထြထူးထူးလည္း မရွိဘူး။ က်န္းမာေရးလည္း အရမ္း ေကာင္းတယ္။ ဒါေပမယ့္ ညဥ့္အခ်ိန္မွာ လက္နက္ႀကီးေတြက်ေရာက္ၿပီးလို႔ တစ္နာရီေလာက္အၾကာမွာ လူေတြက ေၾကာက္

လန႔္ၿပီးေတာ့ အိမ္အေပၚမွာ မေနရဲၾကဘူး။ ေနာက္လည္း ဆက္ပစ္မလားမသိဘူးဆိုၿပီးေတာ့ အိမ္ေအာက္ကို ဆင္းၾကဖို႔ အဲဒီအဘြားကိုေခၚေတာ့ အဲဒီမွာ ေသေနၿပီ။ ေၾကာက္လန႔္ၿပီးေသဆုံးသြားတာေပါ့။”ဟု နိရၪၥရာသတင္းဌာနကို ေျပာသည္။ မင္းသားေတာင္ေက်း႐ြာအတြင္း ေအာက္တိုဘာလ ၄ ရက္ေန႔ ညဥ့္ ၁၂ နာရီအခ်ိန္က ႐ြာ၏အေနာက္ဘက္ရွိ ေသာက္သုံး ေရကန္ႏွင့္ ႐ြာထြက္ဝလမ္းတို႔တြင္ လက္နက္ႀကီး က်ည္ႏွစ္လုံး က်ေရာက္ေပါက္ကြဲခဲ့ၿပီး တစ္လုံးႏွင့္တစ္လုံး သည္ (၈)မိနစ္ ခန႔္ၾကာသည္ဟု ႐ြာသားမ်ားက ေျပာသည္။ ေသဆုံးသြားသည့္အဘြား၏႐ုပ္အေလာင္းအား ေအာက္တိုဘာ လ ၄ ရက္ေန႔ ညေန ၂ နာရီခန႔္တြင္ သၿဂႋဳလ္ခဲ့ၾကသည္ဟုလည္း သိရသည္။

ေက်ာက္ေတာ္ၿမိဳ႕နယ္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းကို ဆက္သြယ္ေမးျမန္းရာ သူက “က်ေနာ္လည္း မနက္လင္းမွ ၾကားမိတယ္။ ႐ြာသားေတြနဲ႔ေတာ့ တိုက္႐ိုက္အဆက္အသြယ္မရဘူး။ က်ေနာ္လည္း ခရီးနည္း နည္းသြားေနတာနဲ႔ သူတို႔နဲ႔ contact မလုပ္ျဖစ္ဘူး။”ဟု ေျပာသည္။ ညေန ၆ နာရီခန႔္ကလည္း ေက်း႐ြာအနီး လက္နက္ ငယ္ပစ္သံမ်ားကို ၾကားလိုက္ရၿပီး လာမည့္ညဥ့္အခ်ိန္တြင္လည္း ေက်း႐ြာတြင္းသို႔ လက္နက္ႀကီး၊ လက္နက္ငယ္မ်ား က်ေရာက္လာမည္ကို ႐ြာသားမ်ား စိုးရိမ္ေၾကာက္လန႔္ေနၾကသည္ဟု သိရသည္။ https://www.bnionline.net/mm/new

*************

၂၆။ ဖားကန႔္ၿမိဳ႕ကို Stay at Home သတ္မွတ္ေပးရန္ ေတာင္းဆို
4 October 2020

ဖားကန႔္ၿမိဳ႕အား Stay at Home သတ္မွတ္ေပးရန္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ျပည္နယ္က်န္းမာေရးဦးစီးဌာန သို႔ ေတာင္းဆိုထားေၾကာင္း ဖားကန႔္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုးထံမွ သိရသည္။ ကခ်င္ျပည္နယ္အစိုးရ၏ စက္တင္ဘာလ ၂၂ ရက္ေန႔ထုတ္ျပန္ခ်က္တြင္ ကခ်င္ျပည္နယ္ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲအျပင္မထြက္ရန္ႏွင့္ အိမ္ထဲ တြင္သာေနထိုင္ရန္ ၫြန္ၾကားထားေသာ္လည္း စားဝတ္ေနေရးေၾကာင့္ ဖားကန႔္တြင္ ေရမေဆးေက်ာက္ရွာမႈမ်ားႏွင့္ အျခား လုပ္ငန္းလုပ္ကိုင္မႈမ်ား ရွိေနေသာေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

“ဒီဖားကန႔္ကို Stay at Home လုပ္ေပးဖို႔ေတာင္းဆိုရတဲ့အေၾကာင္းရင္းကေတာ့ အုပ္ခ်ဳပ္ေရးအပိုင္းမွာ ေတာ္ေတာ္ေလး ခက္ခဲျဖစ္တယ္။ ခုက်ေနာ္တို႔ကဒ္ေတြထုတ္ေပးထားတယ္၊ အဲကဒ္က ဘာလုပ္ဖို႔လဲဆိုရင္ အစားအစာဝယ္ဖို႔နဲ႔ က်န္းမာေရး အတြက္ဘဲျဖစ္တယ္။ အမွန္ဆိုလို႔ရွိရင္ ကိုယ့္ရဲ႕နယ္ေျမအပိုင္းအျခားကလြဲၿပီး တစ္ျခားကို ထြက္ခြင့္မရွိပါဘူး။ Stay at Home ဆိုတာက အိမ္မွာဘဲေနၿပီးေတာ့ လုပ္ရမယ္ဆိုေပမယ့္ ခုကဘာလဲဆိုေတာ့ လူေတြကစားဝတ္ေနေရး မေျပလည္တာ ေရာ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေတာ့မွ ေရမေဆးသြားရွာတဲ့သူေတြလည္းရွိေနတယ္။ ေက်ာက္ပြဲသြားတိုက္တဲသူလည္းရွိ တယ္။ ဒီလိုမ်ိဳးဆက္ဆံမူေတြရွိေနတဲ့ခ်ိန္က်ေတာ့ သက္ဆိုင္ရာ ဂိတ္မွာေစာင့္ေနေပးၾကတဲ့ ေစတနာ့ဝန္ထမ္းေတြက တိတိက်က်ေဆာင္႐ြက္ဖို႔ ခက္ခဲေနတဲ့အပိုင္းရွိတယ္။ အဲေၾကာင့္မို႔ ေတာင္းဆိုလိုက္တာျဖစ္တယ္။” ဟု ဖားကန႔္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးတင့္စိုးက ေျပာဆိုခဲ့သည္။ ေတာင္းဆိုမူတြင္ ဖားကန႔္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး အပါအဝင္ ဖားကန႔္ၿမိဳ႕ရပ္မိရပ္ဖမ်ား၏ သေဘာထားမ်ားလည္း ပါဝင္ကာ စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

“လြန္ခဲ့တဲ့ ၁၀ ရက္ေလာက္ကတည္းက တစ္အိမ္ကို ကဒ္တစ္ကဒ္ထုတ္ေပးထားၾကတယ္။ အဲကဒ္ထုတ္ေပးတဲ့ခ်ိန္မွာေတာ့ အုပ္ခ်ဳပ္ေရးဘက္ကေသခ်ာေျပာၿပီး ထုတ္ေပးၾကတယ္။ အနည္းဆုံး ၂ပတ္ေလာက္ေတာ့ အိမ္မွာဘဲေနေပးၾကပါ၊ အျပင္မ ထြက္ေပးဖို႔ ေျပာၾကပါတယ္။ သက္ဆိုင္ရာေတြကလည္း က်န္းမာေရးအရမို႔ ခုလိုလုပ္တာနားလည္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ဆို ရမ္းခက္ခဲၾကတယ္။ စားစရာဆန္ေတာင္မရွိၾကေတာ့တဲ့သူေတြလည္းရွိေတာ့ ၾကာလာရင္ ဒီေရာဂါနဲ႔မေသဘဲ ငတ္ ေဘးနဲ႔ေသႏိုင္တယ္။”ဟု ဖားကန႔္ေဒသခံတစ္ဦးျဖစ္သူ ေဒၚခင္စန္းတင့္က ေျပာသည္။ ကခ်င္ျပည္နယ္တြင္ ေအာက္တို ဘာလ ၄ ရက္ေန႔ထိ ပိုးေတြ႕လူနာစုစုေပါင္း ၄၉ ဦးရွိၿပီး ကုသမႈ ခံယူေနဆဲ စုစုေပါင္း ၂၃ ဦးရွိေနသည္ဟု ျပည္နယ္ က်န္းမာေရးဌာန၏ ထုတ္ျပန္ခ်က္မွ သိရသည္။

အဆိုပါ ပိုးေတြ႕လူနာမ်ားအနက္ ဖားကန႔္ၿမိဳ႕နယ္မွ ၃၅ ဦးပါဝင္ေန သည့္အတြက္ ကခ်င္ျပည္နယ္တြင္ ပိုးေတြ႕လူနာအမ်ား ဆုံးသည္ ဖားကန႔္ၿမိဳ႕နယ္မွျဖစ္သည္။ https://burmese.kachinnews.com/2020/10/04/%e1%80%96%e1%80 %ac%e1%80%b8%e1%80%80%e1

**************

၂၇။ မတူပီဘက္မွပို႔သည့္ မဲ႐ုံသုံးပစၥည္းမ်ား ပလက္ဝတြင္ေရာက္ၿပီျဖစ္ေသာ္လည္း စစ္ေတြဘက္မွပို႔သည့္ပစၥည္းမ်ား မေရာက္ရွိေသ
October 3, 2020

ပလက္ဝၿမိဳ႕နယ္တြင္ အသုံးျပဳမည့္မဲ႐ုံသုံးပစၥည္းမ်ား မတူပီဘက္မွပို႔သည့္ မဲ႐ုံသုံးပစၥည္း (၄)မ်ိဳးေရာက္ရွိၿပီျဖစ္ေသာ္လည္း စစ္ေတြဘက္မွ ပို႔သည့္ ပစၥည္းမ်ားယခုခ်ိန္ထိမေရာက္ရွိႏိုင္ေသးဟု ခ်င္းျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္း ေရးမွဴး ဦးလင္းေက်ာ္ထံမွ သိရသည္။

“ပလက္ဝမွာေတာ့ မဲ႐ုံသုံးပစၥည္း၄မ်ိဳးကေတာ့ ပလက္ဝရယ္ ဆမီးရယ္ ေနာက္မတူပီနဲ႔ နီးတဲ့ေနရာေတြ မတူပီနဲ႔နီးတဲ့အုပ္စု ေတြကေတာ့ မတူပီမွာေရာက္ၿပီ၊နဂိုေ႐ြးေကာက္ပြဲတုန္းကေတာ့ ပလက္ဝမွာ အားလုံးပုံတယ္ေလ အခုကေတာ့ အေျခေန တစ္ခုအရ မတူပီနဲ႔နီးတဲ့ ပလက္ဝၿမိဳ႕နယ္ထဲက အုပ္စုေတြအတြက္ဆိုရင္ မတူပီမွာထားတယ္၊ ဆမီးရဲ႕ေအာက္ျခမ္းမွာရွိတဲ့ ေက်း႐ြာအုပ္စုေတြအတြက္ဆိုရင္ ဆမီးမွာထားတယ္၊ ပလက္ဝနဲ႔ ပလက္ဝပတ္ဝန္းက်င္နဲ႔အထက္ေပါ့ အဲကအုပ္စုေတြ အတြက္ဆိုရင္ ပလက္ဝကိုပို႔တယ္၊အဲတာကေတာ့ ပစၥည္း(၄)မ်ိဳးကေတာ့ ေရာက္ၿပီေပါ့၊ က်န္တဲ့ပစၥည္းေတြကေတာ့ စစ္ေတြ မွာပဲရွိေနပါေသးတယ္၊”ဟု ခ်င္းျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမွဴး ဦးလင္းေက်ာ္မွေျပာသည္။

လက္ရွိခ်င္းျပည္နယ္တြင္ ပလက္ဝၿမိဳ႕နယ္သည္ မဲဆႏၵနယ္အမ်ားဆုံးၿမိဳ႕နယ္ျဖစ္ၿပီး လူဦးေရအမ်ားဆုံးႏွင့္ ေဒသအက်ယ္ အဝန္းသည္လည္း ခ်င္းျပည္နယ္တြင္ အက်ယ္ျပန႔္ဆုံးျဖစ္သည္။ https://www.chinworld.org/2020/10/03/%e1%8 0%99%e1%80%90%e1%80%b0%e1%80%95%e1%80

***************

၂၈။ ကေလာၿမိဳ႕နယ္ က်န္းမာေရး စစ္ေဆးေရးဂိတ္တြင္ ကိုဗစ္-၂ဦး ေတြ႕ရွိ
October 3, 2020

သွ်မ္းျပည္ေတာင္ပိုင္း ကေလာၿမိဳ႕နယ္ ေရယားေက်း႐ြာရွိ က်န္းမာေရး စစ္ေဆးေရးဂိတ္မွာ ကားသမားမ်ားကို ယေန႔ (ေအာက္တိုဘာ ၃)ရက္တြင္ test kits ျဖင့္ စစ္ေဆးရာမွာ ကိုဗစ္-၁၉ အတည္ျပဳ လူနာ ၂ ဦး ေတြ႕ရွိေၾကာင္း စုံစမ္း သိရွိရသည္။ ေအာက္တိုဘာ ၃ ရက္ မနက္ ၆ နာရီ မွ ညေန ၄ နာရီထိ ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ား (၃၉၉) ဦး စစ္ေဆးရာမွာ ကိုဗစ္ -၁၉ အတည္ျပဳ လူနာ ၂ ဦးေတြ႕ရွိခဲ့ေၾကာင္း သွ်မ္းျပည္နယ္ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာဇဝနကို ထံမွ စုံစမ္းသိရွိရသည္။“ခုေလာေလာဆယ္ မနက္ ၆ နာရီမွ ၉ နာရီထိ စစ္ေဆးေပးသြားပါတယ္။ ညေန ၄ နာရီထိ ၃၉၉ ေယာက္ စစ္ေဆးထားၿပီးျဖစ္ပါတယ္။ ပိုးေတြ႕ရွိမႈကို ျပည္နယ္ က်န္းမာေရး Page ကေန ေဖာ္ျပသြားပါမယ္” ေဒါက္တာ ဇဝနကို ကေျပာသည္။
ကိုဗစ္-၁၉ အတည္ျပဳလူနာ တဦးမွာ ေတာင္ႀကီး-ရန္ကုန္ အေဝးေျပးယာဥ္လိုင္းမွ ယာဥ္ေနာက္လိုက္တဦးျဖစ္ၿပီး၊ က်န္တဦး မွာ ၁၂ ဘီး ကုန္တင္ယာဥ္ေမာင္း တဦးျဖစ္ၿပီး ထို ၂ဦး ႏွင့္ ထိေတြ႕ ဆက္စပ္သည့္ သူမ်ားကို လိုက္လံေမးျမန္းထားေၾကာင္း သိရသည္။ စက္တင္ဘာ ၂၉ ရက္တြင္ မူဆယ္(၁၀၅)မိုင္ ကုန္သြယ္ေရးဇုန္တြင္ ကုန္တင္ယာဥ္ေမာင္းတဦး ကိုဗစ္-၁၉ စတင္ေတြ႕ရွိခဲ့ၿပီးေနာက္ သွ်မ္းျပည္အတြင္းသို႔ ကုန္တင္ယာဥ္ ဝင္ေရာက္မႈကို သက္ဆိုင္ရာက တင္းၾကပ္လိုက္ေၾကာင္း သိရသည္။ သွ်မ္းျပည္တြင္း ကိုဗစ္-၁၉ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ကုန္တင္ယာဥ္ ႏွင့္ ယာဥ္ေနာက္လိုက္မ်ားကို test kit အခုေရ (၃၀၀၀) အသုံးျပဳၿပီး သွ်မ္းျပည္ေတာင္ပိုင္း ႏွင့္ သွ်မ္းျပည္ေျမာက္ပိုင္း မွာ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေအာက္တိုဘာ ၁ ရက္ေန႔မွ စတင္ၿပီး သွ်မ္းျပည္တြင္းသို႔ အျခားတိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ကုန္တင္ယာဥ္မ်ား ျဖတ္ သန္းဝင္ေရာက္ပါက ကုန္တင္ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ားတြင္ က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာန င (၂) ပတ္အတြင္း ထုတ္ျပန္ေပးထားသည့္ ကိုဗစ္-၁၉ ေရာဂါ ကင္းရွင္းေၾကာင္း ( Negative) ေထာက္ခံခ်က္ ပါရွိမွသာ ဝင္ေရာက္ျဖတ္သန္းခြင့္ျပဳ မည္ျဖစ္ေၾကာင္း သွ်မ္းျပည္အစိုးရ က ထုတ္ျပန္ထားသည္။ Rapid test kit သည္ ကိုဗစ္-၁၉ ပိုး ရွိ/မရွိ စစ္ေဆးမႈကို လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းမွာ စတင္အသုံးျပဳ ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း နာရီ ဝက္အတြင္း အေျဖရရွိႏိုင္သည္ဟု သိရသည္။ https://burmese.shannews.org/archives/18762

*************

၂၉။ ေမာင္ေတာၿမိဳ႕တြင္ ကိုဗစ္-၁၉ လူနာ ၃၃ ဦး ထပ္မံေတြ႕ရွိ
6 October 2020

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွာ ကိုဗစ္-၁၉ လူနာ ၃၃ ဦးအထိ ထပ္မံေတြ႕ရွိရလို႔ ျပည္သူေတြအေနနဲ႔ ေရာဂါႀကိဳတင္ ကာကြယ္ေရးစည္းကမ္းေတြကို အထူးလိုက္နာဖို႔ လိုအပ္ေနတယ္လို႔ ေမာင္ေတာခ႐ိုင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမွဴး ေဒါက္တာႏုေကသီစံက ေျပာပါတယ္။“ေရာဂါပိုးက ၿမိဳ႕မွာပ်ံ႕ႏွံ႔ေနၿပီလို႔ ယူဆႏိုင္တယ္။ ဒါေၾကာင့္ ပိုးေတြ႕လူနာျမင့္တက္လာတာ ျဖစ္တယ္။ က်မတို႔ က်န္းမာေရးဌာနက ဘယ္ေလာက္မဆို ျပည္စုံစြာ ျပင္ဆင္မႈ ေတြလုပ္ထားပါေစ ျပည္သူေတြ မိမိကိုယ္မိမိကာကြယ္မႈမျပဳရင္ ဒီထက္ပိုၿပီးေရာဂါပိုးေတြ႕ရွိမႈ မ်ားလာႏိုင္တယ္။”

ေမာင္ေတာၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕လူနာသစ္ ၃၃ ဦးကို ေအာက္တိုဘာ ၃ ရက္နဲ႔ ၄ ရက္ေန႔ေတြမွာ ဓာတ္ခြဲနမူနာ စစ္ေဆးသူ ၁၀၀ ေက်ာ္မွာ ၃၃ ဦးပိုးေတြ႕ရွိခဲ့တာလို႔ ေဒါက္တာႏုေကသီစံက ေျပာပါတယ္။ လက္ရွိ ေမာင္ေတာၿမိဳ႕ကို Stay at Home အျဖစ္ ေန႔တစ္ဝက္သတ္မွတ္ထားၿပီး ၿမိဳ႕အဝင္ကို အေထာက္အထားမရွိဘဲ ဝင္ေရာက္တာေတြ ကန္႔သတ္ထား ကာ သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြကို လိုက္နာမႈမရွိပါက သဘာဝေဘးအႏၲရယ္ ဆိုင္ရာဥပေဒနဲ႔ ဖမ္းဆီးအမႈဖြင့္ အေရးယူေနပါတယ္။

ေမာင္ေတာျပည္သူ႔ေဆး႐ုံမွာ လူနာ ၂၅ ဦးသာထားရွိႏိုင္တဲ့အတြက္ ယာယီျပင္ဆင္ထားတဲ့ သီရိမဂၤလာခန္းမမွာပါ လူနာ ေတြကိုခြဲထားရပါတယ္။ လက္ရွိ ေဆး႐ုံႀကီးမွာ ၂၇ ဦး ေဆးကုမႈခံယူေနၿပီး ယာယီေဆး႐ုံအျဖစ္သတ္မွတ္ထားတဲ့ သီရိမဂၤလာခမ္းမမွာ ၁၉ ဦး စုစုေပါင္း ၄၆ ဦး ေဆးကုသမႈခံယူေနၾကပါတယ္။ http://burmese.dvb.no/archives/414787

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 63 , October 6, 2020)

၁။ KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်

၂။ SNLD ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိပေးရန် ပါတီ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် အချိန်ကာလ တစ်ခု အထိ ပါတီကို ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦး အကြောင်းပြန်

၃။ ကွတ်ခိုင်ရှိ တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနရုံးတခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ

၄။ ပါတီမိန့်ခွန်းပါ အချက်အချို့ ကော်မရှင်၏ ပယ်ဖျက်ခံရမှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံပိုင် ရုပ်သံတွင် ဟောပြော ထုတ်လွှင့် မည့် အစီအစဉ်တွင် မပါဝင်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ထုတ်ပြန်

၅။ တပ်မတော်နှင့် RCSS တိုက်ပွဲ ၊ ၁ ဦး ဒဏ်ရာရ ဒေသခံ ၈၀၀ ကျော် ထွက်ပြေး

၆။ ထိန်းချုပ်နယ်မြေအတွင်းရှိ ရွာသားများအား ရွေးကောက်ပွဲအမီ မှတ်ပုံတင်ကတ်ပြားပြုလုပ်ပေးရန် မွန်ပြည်သစ်ပါတီ လိုလား

၇။ နေရပ်ပြန်မည့်ကျေးရွာ ၁၄ ရွာအတွက် နေအိမ်များစတင်ဆောက်လုပ်တော့မည်

၈။ AA နှင့် တပ်မတော် ရသေ့တောင်နှင့် မင်းပြားတွင် တိုက်ပွဲပြင်းထန်၊ တပ်ရဟတ် ယာဉ် ၂ စီးဖြင့် တိုက်ခိုက်

၉။ တပ်မတော်သား နှစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်၏ သက်သေထွက်ဆိုချက်အပေါ် KNLA ငြင်းဆို

၁၀။ တိုင်းရင်းသားပါတီများမှလွဲ၍ မွန်ညီညွတ်ရေးပါတီ မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိဟုဆို

၁၁။ လားရှိုးခရိုင်တွင် မဲရုံမှူးနှင့် မဲရုံဝန်ထမ်း ၅၀၀ ခန့် ထပ်တိုးခေါ်

၁၂။ ဖမ်းဆီးထားသူ လေးဦး AA အမာခံဟု တပ်မတော် စွပ်စွဲ

၁၃။ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသဖြင့် မောင်တောခရိုင်ကော်မရှင်နှင့် လဝကကို တရားစွဲမည်

၁၄။ ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အရောက်ပို့နိုင်ဖို့ ကြိုးစားနေ

၁၅။ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်း မရှိဟု ဦးဇခုန်တိန့်ယိန်း ဆို

၁၆။ ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးဖို့ အဂတိကော်မရှင် ငြင်းပယ်

၁၇။ စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော

၁၈။ တီးတိန်၊တွန်းဇံနှင့်ပလက်ဝမြို့တို့ ၂၀၂၂ ခုနှစ်တွင် မဟာဓာတ်အားလိုင်း ရရှိမည်

၁၉။ ကုန်စည်စီးဆင်းမှုရပ်မတန့်စေရန် ကားသမားများကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်

၂၀။ UEC ပွင့်လင်းမြင်သာမှုမရှိသဖြင့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦးနုတ်ထွက်ဟုဆို

၂၁။ ဘားအံမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေး

၂၂။ ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို

၂၃။ ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ
၂၄။ တိုက်ပွဲပြင်းထန်တဲ့ ရသေ့တောင်မှာ ဒုက္ခသည်စခန်း လက်နက်ကြီးထိ

၂၅။ ကျောက်တော်မြို့နယ် မင်းသားတောင်ရွာထဲ လက်နက်ကြီးကျည်ကျပြီးနောက် အဘွားတစ်ဦး လန့်ဖြတ် သေဆုံး

၂၆။ ဖားကန့်မြို့ကို Stay at Home သတ်မှတ်ပေးရန် တောင်းဆို

၂၇။ မတူပီဘက်မှပို့သည့် မဲရုံသုံးပစ္စည်းများ ပလက်ဝတွင်ရောက်ပြီဖြစ်သော်လည်း စစ်တွေဘက်မှပို့သည့်ပစ္စည်းများ မရောက်ရှိသေ

၂၈။ ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ

၂၉။ မောင်တောမြို့တွင် ကိုဗစ်-၁၉ လူနာ ၃၃ ဦး ထပ်မံတွေ့ရှိ

*************

၁။ KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်
5 October 2020

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်”အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရားဝင် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ လာမည့် ရွေးကောက်ပွဲတွင် KIO အဖွဲ့ဝင်များအနေဖြင့် တစုံတရာ ထောက်ခံပါဝင် ပတ်သက်ခြင်း မပြုလုပ်ရန်’ဟူသော အကြောင်းကြားစာသည် လူမှုကွန်ရက် facebook ပေါ်တွင် စက်တင်ဘာလ လယ်ပိုင်းက သတိပေး ထုတ်ပြန်ထား သည်ကိုတွေ့ရသည်။ KIO အဖွဲ့၏ တံဆိပ်မပါဘဲ ထုတ်ပြန်သော အဆိုပါစာကို မချမ်းဘော့မြို့နယ် NLD ပါတီလူကြီးများက အသုံးချပြီး “KSPP ကို KIO တောင်မှ မထောက်ခံဘူး”ဆိုကာ မဟုတ်မမှန် မဲဆွယ် စည်းရုံးခဲ့ခြင်းပေါ် တောင်းပန်ခြင်း ဖြစ်သည်ဟု သိရသည်။

“ရွေးကောက်ပွဲ ကော်မရှင်မှာ ပြဿနာညှိနှိုင်းရေးကော်မတီ ရှိပါတယ်။ အဲဒီမှာ ပြဿနာ သွားဖြေရှင်းကြတော့၊ သူတို့ (NLD) ဖက်ကနေ သူတို့ လုပ်ဆောင်မှု မှားသွားကြောင်း၊ ဒိကိစ္စအတွက် သူတို့ တာဝန်ယူကြောင်း၊ လူထု ရှင်းလင်းမှုကိုပါ သူတို့ ပြုလုပ်သွားမယ် ဆိုပြီး တောင်းပန်တော့ အဲဒီလိုနဲ့ ကျေအေးခဲ့တာပါ”ဟု KSPP ဒုဥက္ကဌ၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒူဝါ ကွမ်ဂေါင်အောင်ခမ်း က ကချင်သတင်းဌာန KNG ကို ပြောသည်။ ရွေးကောက်ပွဲကော်မရှင်ရုံးသို့ KSPP ၏ တိုင်ကြားချက်ပေါ် NLD ဒေသ လူကြီးများက စက်တင်ဘာ (၂၇)တွင် မချမ်းဘော့ မြို့နယ် နှင့် စက်တင်ဘာ (၂၉)တွင် ပူတာအိုမြို့နယ် စသည့် နှစ်နေရာမှ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် တောင်းပန်ခဲ့ ကြောင်း KSPP မှ သိရသည်။ “NLD မဲ အောင်နိုင်ရေးစည်းရုံးသူတွေက အဲဒီ KIO တောင်ပိုင်းတိုင်းမှ ထုတ်ပြန်တဲ့ စာကို စာအိပ်ထဲထည့်ပြီး လိုင်ဇာ (KIO ဗဟိုဌာနချုပ်) လက်ဆောင်ဆိုပြီး မိမိတို့ KSPP ပါတီ လူကြီးတွေကိုပါ လာပေးကြတယ်၊ စာအိပ်ဖွင့်ကြည့်တော့ ဘာလက် ဆောင်မှ မပါဘူး၊ ပြန်မေးတော့ လက်ဆောင် နောက်မှပေးမယ်လို့ လိမ်ညာ ပြန်တယ်”ဟု အမည် မဖော်လိုသူ မချမ်းဘော့ မြို့နယ် KSPP မဲ အောင်နိုင်ရေးစည်းရုံးရေးမှုး တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် က ၎င်းတို့ မသိကြောင်း၊ မမြင်ကြောင်း ငြင်းဆိုသည်။ “ကျွန်တော်တို့ က အဲဒီစာကို မြင်လည်း မမြင်၊ သိလည်း မသိသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ KIO က ဘာမှ ပါဝင် ပတ်သက်မှု မလုပ်ပါဘူး။ ပြည်သူတွေက သူတို့နယ်မြေ ဒေသတွေမှာ သူတို့ယုံကြည်တဲ့ ပါတီတွေကို မဲ ပေးဖို့က သူတို့ တာဝန်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ဖက်က မဲ ဒီမှာထည့်ပါ ဟိုမှာထည့်ပါ ဆိုပြီး ညွှန်ကြားတာ ဘာမှ မရှိဘူး”ဟု လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘို ကချင်သတင်းဌာန KNG ကို ရှင်းလင်းပြောဆိုသည်။https://burmese.kachinnews.com/2020/10 /05/kio%e1%80%94%e1%80%ac%e1%80

*************

၂။ SNLD ပါတီ ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရှိပေးရန် ပါတီ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် အချိန်ကာလ တစ်ခု အထိ ပါတီကို ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦး အကြောင်းပြန်
3 October 2020

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ အဖြစ် ဆက်လက်ရှိပေးရန် ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် မြို့နယ်အလုပ်အမှုဆောင်များ၏ မေတ္တာရပ်ခံမှုအပေါ် လက်ခံကြောင်းနှင့် ပါတီကို အချိန်ကာလတစ်ခုအထိ ဆက်လက် ဦးဆောင်ပေးမည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ယနေ့ (အောက်တိုဘာ ၃ ရက်) တွင် အကြောင်းပြန်လာသည် ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က The Daily Eleven သတင်းစာကို ပြောကြားသည်။ SNLD ပါတီ ဥက္ကဋ္ဌ တာဝန် ဆက်လက်ထမ်းဆောင်ပေးရန် အောက်တိုဘာ ၁ ရက်တွင် ပေးပို့သည့် ပန်ကြားစာနှင့် ပတ်သက်၍ ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၏ သဘောထားကို SNLD ပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးက အောက်တိုဘာ ၃ ရက် နံနက်တွင် ဖုန်းဆက် မေးမြန်းရာ ဦးခွန်ထွန်းဦးက ပါတီကို ဆက်လက် ဦးဆောင်ပေးမည်ဟု ပြန်လည် ပြောကြားခြင်းဖြစ်ကြောင်း ဦးစိုင်းလိတ်က ရှင်းပြသည်။

“သဘောကတော့ ကျွန်တော်တို့ တင်ပြထားတာကို လက်ခံတယ်။ ကျွန်တော်တို့က အမြဲတမ်း ဥက္ကဋ္ဌ ဘာညာအဲလိုပြော တာတော့ သူသိပ်ပြီး သဘော မကျဘူးပေါ့နော်။ အချိန်အတိုင်းအတာတစ်ခုအထိ သူဆက်ပြီး လက်ခံပေးလို့ရပါတယ် ပေါ့။ ဆိုလိုတာကတော့ CEC နဲ့ CC အစည်းအဝေး မကျင်းပနိုင်ခင် ကာလအထိကတော့ သူ့အနေနဲ့ ဥက္ကဋ္ဌ နေရာမှာ ဆက်နေ သွားပေးမဲ့ အခြေ အနေမျိုးပါခင်ဗျ”ဟု ဦး စိုင်းလိတ်က ပြောကြားသည်။ SNLD ပါတီ ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ကြောင်း ဦးခွန်ထွန်းဦးက စက်တင်ဘာ ၂၇ ရက်ထုတ် ပြည်တွင်းနေ့စဉ်ထုတ် သတင်း စာတစ်စောင်တွင် ထည့်သွင်းကြေညာခဲ့သည်။ ပါတီမှ နုတ်ထွက်မှုအပေါ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက လက်ခံရန် အသင့် မဖြစ်သေး၍ ပါတီ ဥက္ကဋ္ဌ အနေဖြင့် ဆက်လက် ဦးဆောင်ပေးရန် ဦးခွန်ထွန်းဦးကို SNLD ပါတီက အောက်တိုဘာ ၁ ရက် တွင် ပန်ကြားစာ ပေးပို့ခဲ့သည်။

SNLD ပါတီ စတင်တည်ထောင်သည့် ၁၉၈၈ ခုနှစ်တည်းက ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်လာသည့် ဦးခွန်ထွန်းဦးသည် ပါတီ ဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ရန် ယခင်က နှစ်ကြိမ်ခန့် ကြိုးပမ်းခဲ့ပြီး ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီဝင်များ၏ တောင်းဆိုမှုကြောင့် ၂၀၁၉ ခုနှစ် ဇွန် တွင် ကျင်းပသည့် ပါတီ ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့သည်။ ဦးခွန်ထွန်ဦးသည် ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ပါတီ ဥက္ကဋ္ဌ အဖြစ် နုတ်ထွက်ကြောင်း ပါတီထံ စာ တင်မှုရှိခဲ့သလို ယခုနှစ် ဇွန်လတွင် ထပ်မံ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီ ဥက္ကဋ္ဌ တာဝန်မှ အနားယူ ကြောင်း စာတင်မှုရှိခဲ့သည်။ https://news-eleven.com/article/194641

***************

၃။ ကွတ်ခိုင်ရှိ တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနရုံးတခု လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
5 October 2020

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ ရှိ တပ်မတော် တပ်ရင်းတခုနှင့် ပြည်သူ့စစ်ဌာနချုပ်တခု အောက်တိုဘာလ ၃ ရက်နေ့က လက် နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ပျက်စီးဆုံးရှုံးမှု တချို့ ရှိခဲ့ကြောင်း သတင်း ရရှိသည်။ လာရောက်တိုက်ခိုက်သူမှာ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဖြစ်ပြီး ကွတ်ခိုင်ရှိ တပ်ဌာနချုပ်မှာ လက်နက်ကြီး နှင့် ၂ ချက် အပစ်ခံရပြီး တာမိုးညဲရှိ ပြည်သူ့စစ်ရုံးခန်းမှာ RPG နှင့် အပစ်ခံခဲ့ရကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။“အရင်တုန်းကလို ဌာနချုပ်တွေ၊ တပ်တွေရဲ့ နေရာတွေကို လာမပစ်တာ ကြာပြီ။ အခု ရက်ပိုင်းအတွင်းမှာ ပြန်ဖြစ်လာတယ်။ TNLA က လုပ်တယ်ဆိုတာ ကွန်ဖန်းလုပ်လို့ ရတယ်”ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၄ နာရီမှ ၄ နာရီ ၁၀ မိနစ်အထိ ကွတ်ခိုင်မြို့တွင် တည်ရှိသည့် တပ်ဌာနချုပ် တခုကို ကွတ်ခိုင်၏ အနောက်ဖက် မီတာ ၂၀၀၀ ခန့ိအကွာ နမ့်ခိုင်ကျေးရွာဘက်မှ TNLA က လက်နက်ကြီးနဲ့ ၂ လုံး ပစ်ခတ်ခဲ့ ကြောင်း၊ ယင်းနေ့ည ၁၁ နာရီခန့်တွင် တာမိုးညဲရှိ ပြည်သူ့စစ်ရုံးခန်းကို TNLA/MNDAA ပူးပေါင်း အဖွဲ့က RPG တလုံးနဲ့ အဝေးက ပစ်ခတ်သဖြင့် ရုံးအဆောက်အဦကို တိုက်ရိုက် ထိမှန်ခဲ့ကြောင်း သိရသည်။

TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး မိုင်းအိုက်ကျော်ကလည်း ၎င်းတို့ အဖွဲ့ အနေဖြင့် ယင်းနေရာများသို့ အကြောင်းမဲ့ သွားရောက် တိုက်ခိုက်ခြင်း မရှိဘဲ အောက်တိုဘာလ ၂ ရက်နေ့မှ၍ ၄ ရက်နေ့အထိ ကွတ်ခိုင်မြို့နယ် မန်ဘုံတောင်ကြော ဘက်သို့ တပ်မတော်က ထိုးစစ်ဆင်လာသဖြင့် ယခုလို တုန့်ပြန်ရခြင်း ဖြစ်ကြောင်း ပြောသည်။“သူတို့က ၃ ရက်ဆက်တိုင် ကျနော်တို့ တပ်ရှိနေတဲ့ နေရာကို လာရောက် ထိုးစစ်ဆင် တိုက်ခိုက်တာ။ အဲဒီမှာ ဒီလထဲမှာ တိုက်ပွဲက အားလုံးပေါင်း ၈ ကြိမ်လောက် ရှိတယ်။ သူတို့ဘက်က ထိုးစစ်ဆင်လို့ ကျနော်တို့ဘက်က စစ်ရေးအရ လက်နက်ကြီးနဲ့ တာမိုးညဲတပ်နဲ့ ကွတ်ခိုင် ၄၅ တပ်ကို ပြန်ပစ်ရတာ။ စစ်ရေးအရ ပြန်ပစ်ခတ်သတိပေးတဲ့ သဘောပဲ”ဟု ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောသည်။“စက်တင်ဘာလထဲမှာတော့ အားလုံးပေါင်း ၅ ကြိမ်လောက် ထိတွေ့မှု ဖြစ်တယ်။ ဒီအောက်တိုဘာလမှာ ဒီလ ထဲ ဝင်တာနဲ့ သူတို့ အပစ်ရပ်ကြေညာပြီး နောက်ပိုင်းပေါ့နော်။ ၂ ရက်နေ့၊ ၃ ရက်နေ့ ၂ ရက်ဆက်တိုက်၊ မနေ့က တကြိမ် ပေါ့နော်။ အဲဒီ နေရာနားမှာပဲ တိုက်ပွဲတွေ ဖြစ်နေတာ”ဟု ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောသည်။

ကွတ်ခိုင်မြို့ မှ စစ်ရှောင်ဒုက္ခသည်များ ကူညီနေသူ ဘာသာရေးဆရာ ဆိုင်းတူးက အောက်တိုဘာလ ၃ ရက်နေ့က ကွတ် ခိုင်မြို့ပေါ်တွင် လက်နက်ကြီး ပစ်ခတ်သံများ ကြားရပြီး ညနေ ၃ နာရီခွဲခန့်တွင် မြို့ပေါ်ရှိ တပ်မတော် အမှတ် ၄၅ ဗျူဟာက လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်စစ်တပ်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် စစ်ရေးအရ မဟာမိတ်ဖွဲ့ထားကြသည်။ https://burma.irrawadd y.com/news/2020/ 10/05/231029.html

****************

၄။ ပါတီမိန့်ခွန်းပါ အချက်အချို့ ကော်မရှင်၏ ပယ်ဖျက်ခံရမှုအပေါ် ရှုတ်ချကြောင်းနှင့် နိုင်ငံပိုင် ရုပ်သံတွင် ဟောပြော ထုတ်လွှင့် မည့် အစီအစဉ်တွင် မပါဝင်တော့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) ထုတ်ပြန်
3 October 2020

နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမည့် ပါတီမူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်ပါ အချက်အချို့အား ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သဖြင့် ယင်းအစီအစဉ်တွင် မပါဝင်တော့ကြောင်းနှင့် ယင်းသို့ ပြင်ဆင်တည်းဖြတ်မှုကို ရှုတ်ချကြောင်း ချင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD) က အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီ၏မူဝါဒများကို နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြည်သူကို တင်ပြမည့် အစီအစဉ် တွင် ပြောကြားမည့် ပါတီမိန့်ခွန်းပါ စာပိုဒ် ၇ ၏ အပိုဒ် ၁၊ ၂၊ ၃၊ ၄ တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက် ခဲ့သည်ဟု CNLD ပါတီက ထုတ်ပြန်သည်။ ကော်မရှင် ပယ်ဖျက်ခဲ့သည့် ပထမစာပိုဒ်မှာ အမျိုးသားလွှတ်တော်တွင် လူ အများစုက လူအနည်းစုကို အနိုင်ကျင့်သည့် ပုံစံမဖြစ်စေရန် တိုင်းရင်းသားတစ်မျိုးဖြစ်သည့် ဗမာနှင့် အခြားတိုင်းရင်းသား များ အရေအတွက် အတူတူဖြစ်ရမည်ဆိုသည့် အချက်ဖြစ်ကြောင်း CNLD ပါတီ၏ မိန့်ခွန်းကို ဖတ်ကြားဟောပြောမည့် ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဆလိုင်းအောင်လိန့်က ပြောကြားသည်။“ ဒါကျွန်တော်တို့ မူဝါဒ ဖြစ်တယ်။ သူ (UEC) ကြိုက် ကြိုက်မကြိုက်ကြိုက်လေ ဒါပါတီရဲ့ မူဝါဒလေ” ဟု ဆလိုင်းအောင်လိန့်က ပြောကြားသည်။

ပင်လုံစာချုပ် ချုပ်ဆိုပြီးချိန်တွင် ဝိသေသတိုင်းအဖြစ်သာပေး၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်များ ဆုံးရှုံး ခဲ့ကြောင်း၊ ဖက်ဒရယ် လိုချင်ကြောင်းနှင့် ဖက်ဒရယ်ရရှိလျှင် ကိုယ့်ပြည်နယ်ကိုယ် တည်ဆောက်နိုင်မည်ဆိုသော အချက် လည်း ဒုတိယအချက်အနေဖြင့် ကော်မရှင်၏ဖြတ်တောက်မှု ခံရကြောင်း ဆလိုင်းအောင်လိန့်က ပြောကြားသည်။“ လွှမ်းမိုး ချယ်လှယ်တယ်လို့ မပြောဘူး။ လွှမ်းမိုးခြယ်လှယ်တယ်လို့ ခံစားရတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ပြောတာ။ အဲဒါဘာကြောင့် လဲဆိုရင် ပင်လုံစာချုပ်အတိုင်း မဖြစ်တဲ့အတွက်ကြောင့်ဆိုပြီး အောက်မှာရှင်းပြတာ။ ဒါအကုန်လုံး ခံစားရတဲ့ခံစားချက်။ မယုံရင် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားမေးလေ။ ဟုတ်တာ မဟုတ်တာ သပ်သပ်၊ ခံစားချက်ကို ပြောတာ။ အဲဒီ အချက်ကိုလည်း ဖျက်ပါတယ်” ဟု ဆလိုင်းအောင်လိန့်က ပြောကြားသည်။

CNLD ပါတီ၏ မိန့်ခွန်းပါ အချက်အချို့ကို ပယ်ဖျက်မှုအပေါ် ကော်မရှင်က အဆိုပါစာပိုဒ် ၇ အပိုဒ် ၁၊ ၂၊ ၃၊ ၄ ပါ ရေးသား ဖော်ပြချက်များသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မည့် ပါတီ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်တို့နှင့် ဆီလျော် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု အကြောင်းပြကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနည်းတူ ရခိုင့်ဦးဆောင်ပါတီနှင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ စသည့် တိုင်းရင်းသား ပါတီများ အပါအဝင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ တို့မှာ ပါတီမိန့်ခွန်း ဖြတ်တောက်ခံရမှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောမှု မပြုလုပ်ခဲ့ကြပေ။ ထို့အတူ ရခိုင်အမျိုးသား ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားပါတီနှင့် ထားဝယ်တိုင်း ရင်းသားမျာပါတီတို့၏ ပါတီမိန့်ခွန်းများလည်း ကော်မရှင်၏ ပြင်ဆင်၊ ဖြတ်တောက်မှုခံခဲ့ရသည်။ https://news-eleven.com/article/194677

***************

၅။ တပ်မတော်နှင့် RCSS တိုက်ပွဲ ၊ ၁ ဦး ဒဏ်ရာရ ဒေသခံ ၈၀၀ ကျော် ထွက်ပြေး
5 October 2020

အပစ်ရပ်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည် ထူထောင် ရေး ကောင်စီ(RCSS)တို့ တိုက်ပွဲ ဖြစ်သဖြင့် အမျိုးသား ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရကာ ဒေသခံ ၈၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည် ဟု သတင်း ရရှိသည်။ ဒေသခံများမှာ အောက်တိုဘာ ၃ ရက်မှစ၍ ထွက်ပြေးလာ ကြခြင်းဖြစ်ပြီး၊ ကျည်ထိမှန်သည့် အမျိုးသားမှာ အောက်တိုဘာ ၄ ရက်က ကျောက်မဲမြို့နယ် ခန့်ခဲကျေးရွာရှိ နေအိမ်တွင်းရှိ နေစဉ် လက်နက်ကြီး ကျည်စ ထိမှန်ခြင်း ဖြစ်သည်။

ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက “လူဦးရေက ပုံဟိုးမှာ၂၀၀ ကျော်၊ ခန့်ခဲ ဘုန်း ကြီးကျောင်းမှာ လူဦးရေ ၁၀၀ ကျော်၊ တောင်ထိပ်မှာက ၅၀၀ ကျော် ရှိနေပါတယ်။ စားဝတ်နေရေးက ပုံဟိုးက Camp မှာ က အခြေအနေ ကောင်းပါတယ်။ တောင်ထိပ်မှာက ကျနော်တို့ ပရဟိတရော ဘယ်လိုမှ သွားလို့ မရဘူး။ ခန့်ခဲ ကျောင်းမှာ လည်း အခက်အခဲ ရှိနေပါတယ်”ဟု ပြောသည်။ “ကျနော်တို့ ပြည်သူအနေနဲ့က ဘယ်လက်နက်ကိုင်ကိုမဆို ဖြတ်သန်းသွား လာရင် မကြိုဆိုလို့ မရဘူး။ ပြည်သူလေ။ တဖက်က လာရင် အဲဒီလိုပဲ ပြောနေရမှာပဲ။ တပ်မတော်ဘက်က လာရင်လည်း လက်ခံရတာပဲ။ နောက်ဆုံး ခံရတာက ကျနော်တို့ ပြည်သူကပဲ ခံနေရတယ်”စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀ ကျော် ရှိနေ သည့် တောင်ထိပ် ဘုန်းကြီးကျောင်းသို့ စားနပ်ရိက္ခာပို့ရန် စီစဉ်သော်လည်း စစ်ရေး အခြေအနေ မတည်ငြိမ်သေးသဖြင့် ယနေ့ လှည့်ပြန်လာရသည် ဟု ဦးစိုင်းထွန်းဝင်းက ဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို စားနပ်ရိက္ခာ ကူညီပေးနေသည့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းမှ ဒေါ်နန်းမွေဆိုင်က တပ်မတော် စစ်ကြောင်းများ ပုံဟိုးတောင်ခြေအနီးရှိ ကျေးရွာများသို့ ဝင်လာသည့်အချိန်၊ တိုက်ပွဲ မဖြစ်ခင်ကတည်းက ဒေသခံအချို့မှာ နီးစပ်ရာ ဆွေမျိုးအိမ်များသို့ စတင် ထွက်ပြေးနေကြပြီး တိုက်ပွဲဖြစ်ရာတွင် ရွာလုံးကျွတ်နီးပါး ပြေးလာ ကြခြင်း ဖြစ်သည်ဟု ပြောသည်။

ဒေါ်နန်းမွေဆိုင်က “ကိုဗစ်ကြောင့်လည်း တမျိုး၊ ဒီအချိန်က တောင်ယာမှာ ပြောင်းယူရမယ့် စပါးရိတ်သိမ်းရမယ့် အချိန် ရောက်ပြီ။ စစ်ကြောင်း ဝင်တော့ ရွာက လူတွေအတွက်စီးပွားရေး အခက်အခဲတွေ ပိုဖြစ်တယ်။ ပြောင်းတွေ ရက်လွန်ရင် ရိတ်သိမ်းရမယ့် အချိန် မရိတ်ရရင် တနှစ်စာ စားနပ်ရိက္ခာအတွက် မဖူလုံတော့ဘူး။ ဒီမှာက ကျောက်မဲတင် မကဘူး။ ကွတ်ခိုင်၊ နမ့်ခမ်းဘက်တွေရော ဖြစ်နေတာ” ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ RCSS က စတင် ပစ်ခတ်သည့်အပြင် အစိုးရ၊ တပ်မတော်တို့နှင့် ချုပ်ဆိုထားသည့် အပစ်ရပ် စာ ချုပ်များပါ တပ်နေရာ အတည်ပြုထားသည်ကိုလည်း ဖောက်ဖျက်ပြီး နယ်မြေကျော်လွန် နေထိုင်သဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရေးနှင့် ကုသ ရေး တို့တွင် အထောက်အကူ ပြုစေရန် အောက်တိုဘာ ၃၁ ရက်အထိ အပစ်ရပ် သက်တမ်း ထပ်တိုးပေးထားရာ ရှမ်း ပြည်နယ် မြောက်ပိုင်းသည်လည်း အပစ်ရပ်ထားသည့် နယ်မြေတွင် အကျုံး ဝင်သည်။ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်သည့် RCSS သည် ပဏာမ အပစ်ရပ်စာချုပ်များအပြင်၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည်။ ကျောက်မဲတွင် တိုက်ပွဲ ဖြစ်ပွားရခြင်း အကြောင်းနှင့် ပတ်သက်၍ မေးမြန်းရန် ဧရာဝတီမှ RCSS ၏ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။ https://burma.irrawaddy.com/n ews/2020/10/05/231070.html

***************

၆။ ထိန်းချုပ်နယ်မြေအတွင်းရှိ ရွာသားများအား ရွေးကောက်ပွဲအမီ မှတ်ပုံတင်ကတ်ပြားပြုလုပ်ပေးရန် မွန်ပြည်သစ်ပါတီ လိုလား
October 2, 2020

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ အတွင်း အရပ်သားများနေထိုင်လျှက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) မရှိသူ ရွာသားများကို မွန်ပြည်နယ် အစိုးရအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအမီ ကူညီပြုလုပ်ပေးရန် လိုလားသည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ မွန်အရပ်ဘက်အဖွဲ့အစည်းများက လွန်ခဲ့သည့် မတ်လ ကတည်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) မရှိသူ လူဦးရေ ၂ ထောင်ဝန်းကျင်ခန့်ကို စာရင်းကောက်ခံရရှိထားပြီး မွန်ပြည်သစ်ပါတီက မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားသည်ဟု ၎င်းကဆိုသည်။

“မရှင်းတာက ကျွန်တော်တို့နဲ့ ဆက်စပ်တဲ့ ကရင်ရွာတွေလည်း ရှိတာပေါ့နော် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးက မြို့နယ် လ.ဝ.က နဲ့ ညှိနှိုင်းပူးပေါင်းပြီးတော့ မှတ်ပုံတင် လုပ်ထားပြီးပြီး ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကျတော့ ဘာလို့ NRPC အထိကို တင်ရတာလဲပေါ့ မွန်ပြည်နယ် အတွင်းကပြည်သူတွေပဲ ဆိုတော့ ဝန်ကြီးချုပ်က ကူညီလုပ်ပေးရင် လုပ်လို့ရ မယ်လို့ ထင်တယ်”ဟု နိုင်ဗညားလယ်က ဆိုသည်။ အဆိုပါ မှတ်ပုံတင်မရှိသူများစာရင်းကို မွန်ပြည်နယ် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ( NRPC) တင်ထံပြထားသလို NRPC ကလည်း မွန်ပြည်သစ် ပါတီထံ စာရင်းပြန်လည်တောင်းခံထားသည်ဟု နိုင်ဗညားလယ်က ဆိုသည်။

လတ်တလော မွန်ပြည်နယ်တွင် လူဦးရေ ၅ သောင်းကျော် မှတ်ပုံတင်မရှိသူဖြစ်နေပြီး Covid 19 ကြောင့် ရွေးကောက်ပွဲအမီ မှတ်ပုံတင် ပြုလုပ်ရန် အချိန်မမီတော့ကြောင်း၊ ရွေးကောက်ပွဲ မဲထည့်နိုင်ရန်အတွက် ထောက်ခံစာ ပြုလုပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (မွန်ပြည်နယ်) ထံ တရားဝင် စာပို့ထားသည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။

“မှတ်ပုံတင်ကဒ် လုပ်ပေးဖို့ မမှီတော့ဘူးဆိုတော့ Covid နဲ့ဘာညာနဲ့ဆိုတော့ ထောက်ခံ စာပဲပေးဖို့ ကော်မရှင်ကို တရားဝင် စာပို့ထားတယ် တစ်ဦးချင်းနာမည်နဲ့ ပို့ထားတယ် သူတို့အဆက်အသွယ် လုပ်မှာပေါ့ ခုလည်း လုပ်တော့ လုပ်ပေးနေတယ် ဒါပေမဲ့ ၅ သောင်းက မမှီနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။ မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေအတွင်း ကျေးရွာ ၄၀ ခန့်၊ အိမ်ခြေ ၅၀၀၀ ကျော်နှင့် လူဦးရေ ၂ သောင်းကျော်ရှိနေပြီး မွန်ပြည်နယ် လဝက စာရင်းအရ မှတ်ပုံတင် မရှိသူ လူဦးရေ ၅ သောင်းတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှ ပြည်သူများ ပါဝင်ရှိ /မရှိကို ပြောဆိုခြင်း မရှိပေ။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း မဲရုံဖွင့်လှစ်ခွင့်မပြုသော်လည်း ဒေသခံပြည်သူများအား သတ်မှတ်မဲရုံသို့ သွားရောက်ပြီး လွတ်လပ် စွာ မဲပေးခွင့်ပြုထားကြောင်း သိရသည်။ http://burmese.monnews.org/2020/10/02/% e1%80%91 %e1%80%a d%e1%80%94%e1%80%ba%e1%

***************

၇။ နေရပ်ပြန်မည့်ကျေးရွာ ၁၄ ရွာအတွက် နေအိမ်များစတင်ဆောက်လုပ်တော့မည်
2 October 2020

ကချင်စစ်ရှောင်များနေရပ်ပြန်ရေးအတွက် နေအိမ်ဆောက်လုပ်မှုများကို မကြာခင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ကချင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC မှ ဦးခါးလီ က ယခုလိုပြောဆိုသည်။“အခုက အစိုးရနဲ့ညိနှိုင်းဆောင်ရွက်တဲ့ အပိုင်းက အားလုံးပြီးပြီ။ အဲ့ကြောင့် ဒီအောက်တိုဘာ ၉ရက်နေ့က စပြီး နေရပ်ပြန်မယ့် ကျေးရွာအားလုံးနေရာမှာ အဆောက် အဦး တွေလုပ်ဖို့ပြင်ဆင်ထားတယ်။ အဓိကတော့ အဆောက် အဦးပြီးတဲ့ အချိန်ကျရင်အားလုံးပြန်နိုင်ပါပြီ။ မျှော်မှန်းထား တာက ဒီဇင်ဘာလောက်မှာတော့ ပြီးမယ်ထင်တယ်။ အဲ့တော့ နွေရာသီမှာတော့ အားလုံးပြန်နိုင်တယ်လို့ထင်တယ် ” ဟု ပြောဆိုသည်။

နေအိမ်ဆောက်လုပ်မှုများကို ဒီဇင်ဘာလအတွင်အပြီးသတ်လုပ်ဆောင်မှာဖြစ်ပြီး ၂၀၂၁ နွေရာသီတွင် နေရပ်ပြန်နိုင်ရေး စီစဉ်ထားသည်ဟု ဆိုသည်။ လက်ရှိနေရပ်ပြန်မည့်အစီစဉ်အတွက် ကျေးရွာပေါင်း ၁၄ရွာတွင် ကွင်းဆင်းထားပြီး ချီဖွေမြို့ နယ်အတွင်း ၆ ရွာ ၊ မံစီမြို့နယ်အတွင်း ၁ရွာ၊ မိုးမောက်မြို့နယ်တွင် ၆ရွာ၊ မြစ်ကြီးနားမြို့နယ်တွင် ၃ရွာနှင့် ပူတာအိုမြိုနယ်က ၁ ရွာဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့မှု ရာခိုင်နှုန်းပိုမိုများပြားလာသည့်အပြင် တစ်ချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် နေရပ်ပြန်ဖို့ သတ်မှတ်ထားသည့် အချိန်ကာလနှောင့်နှေးလာမည်ကိုလည်း စိုးရိမ်နေ သည် ဟု နေရပ်ပြန်မည့် ဂျန်မိုင်ကောင့် စစ်ရှောင်စခန်းမှ တာဝန်ခံ တစ်ဦးဖြစ်သည့် ဦးထွယ်အောင်က ပြောဆိုသည်။

“စစ်ရှောင်တွေနေရပ်ပြန်ဖို့ စိုးရိမ်နေတာတွေရှိပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် အဆောက်အဦးတွေ စတင်နေလုပ် ဆောင်တော့မယ် ဆိုတာလည်းကြားသိရတယ်။ ဒါပေမယ့်ရောဂါကူစက်မှုအရမ်းများလာရင် ပြန်ပြီးရပ်နားလိုက်မှာကိုလည်း စိုးရိမ်ရတယ်။ နောက်ပြီး ပိုပြီးစိုးရိမ်ရတာက တိုက်ပွဲတွေပြန်ဖြစ်လာမှာကို အလွန်ဘဲစိုးရိမ်ရတယ်။ အခုနေပြန်ပို့ပေးမယ့် KHCC ကိုယ်တိုင်လည်း လုံခြုံရေးအတွက် တာဝန်မယူဘူးလို့ပြောတယ်။ စစ်ရှောင်တွေက နေရပ်မပြန်လို့မရတဲ့ အခြေအနေ ဖြစ်နေပြီ။ ဒေသမှာက လယ်ယာမြေတွေဆုံးရှုံးမှုတွေအရမ်းများလာတော့ ပြန်ဖို့ဆုံးဖြတ်လိုက်ကြတာပါ။ အဲ့ကြောင့် ဒီအချက် ၂ ခုနဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာသွားမှာကို စိုးရိမ်တယ်”ဟု ပြောဆိုသည်။ https://burmese.kachinnews.com/2020/10/ 02/%e1%80%94%e1%80%b1%e1%80%9b%e1%80%95%e1

***************

၈။ AA နှင့် တပ်မတော် ရသေ့တောင်နှင့် မင်းပြားတွင် တိုက်ပွဲပြင်းထန်၊ တပ်ရဟတ် ယာဉ် ၂ စီးဖြင့် တိုက်ခိုက်
October 5, 2020

ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် တပ်မတော်နှင့် AA တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး ရဟတ်ယာဉ်များဖြင့် မိနစ်ပိုင်းကြာ ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများကပြောဆိုသည်။

“ မနက် ၉နာရီခွဲကျော်လောက်က အဲဒီနေရာမှာ အရင်ကလည်း ၃ပွဲ ၊ ၄ပွဲဖြစ်ပြီးပြီ။ ဒီ ၄လလောက်အတွင်းမှာလေ ဒီတစ်ခါ ပိုပြင်းထန်တယ်။ နောက်နေ့လယ်ပိုင်းဖြစ်တယ်။ ဟိုတုန်းကတော့ ညပိုင်းတွေဖြစ်တာများတယ်။ အခု နေ့လယ်ပိုင်းပေါ့။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေပစ်တယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ အဲဒီနေရာတွေမှာ ရွာသားတွေမရှိဘူး။ ဖြစ်တဲ့နေရာမှာက ရွာသားတွေမရှိဘူး။ ထီးစွဲရွာနဲ့ ကျောက်တန်းရွာကြားက အောင်သာစည်ရွာနားမှာ နေ့လယ် ၂ နာရီကျော လောက်မှာ ရဟတ်ယာဉ် ၂စီးနဲ့ပစ်တယ်။ ဗုံးကြဲတိုက်ခိုက်တယ်။ မိနစ် ၂ဝလောက်ပစ်တယ်လို့တော့သိရတယ်”ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောဆိုသည်။ ရသေ့တောင်မြို့နယ် တွင် ဖြစ်ပွားသောတိုက်ပွဲအခြေအနေမှာ လက်ရှိချိန်ထိ ပစ်ခတ်သံများကြားနေရကြောင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးချိန် တွင် တိုက်ပွဲဖြစ်ပွားမှုလျှော့ကျသွားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ထို့ပြင် မင်းပြားမြို့နယ်အတွင်းရှိ မေလွမ်းကျေးရွာနှင့် ဖာပြိုကျေးရွာကြားရှိ ဇောင်ချောင်းတွင် ယနေ့နံနက်ပိုင်း ၇နာရီခန့်က စတင်ကာ ည ၇နာရီ ဝန်းကျင်ထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများရှိသည်ဟု မေလွမ်းကျေးရွာရှိ Youth Network အဖွဲ့ဝင်များ ပြောကြားချက်အရ သိရကြောင်း မင်းပြားမြို့နယ် Youth Networkအဖွဲ့မှ ကိုနေမျိုးထွန်း ကပြောဆိုသည်။ “ တိုက်ပွဲဖြစ်နေတာက မနက်ကနေ တောက်လျောက်ဖြစ်နေတာလို့ပြောတယ်။ ဒီနေ့ မနက်ကနေ တောက်လျှောက်ဖြစ်နေ တာလို့ပြောတယ်။ ၅ နာရီ ဝန်းကျင်လောက်မှာတော့ ပိုပြီးတော့ ပြင်းထန်လာတယ်လို့ပြောတယ်။ ပြီးရင် ၅ နာရီဝန်းကျင် လောက်မှာပဲ ရဟတ်ယာဉ် ၂စီးရောက်လာတယ်ပြောတယ်။ ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးကြဲတယ်လို့ပြော တယ်။ အဲဒါကတော့ မျက်မြင်တော့မဟုတ်ဘူး။ မြင်တဲ့သူတွေက တစ်ဆင့်ပြောတာပေါ့။ နေရာကတော့ ဖားပြိုနဲ့ မေလွမ်း ကြားထဲက ဇောင်ချောင်း နားမှာဖြစ်တာ လက်နက်ကြီး ပစ်တာကတော့ တောက်လျှောက်ပစ် တယ်လို့ပြောတယ်။ တစ်နေ့ လုံး တောက်လျှောက်ပစ်နေ တာလို့ပြောတယ်။ ၅နာရီလောက်မှာ ပိုပြီးတော့ပစ်လာ တယ်။ အခုတော့ အသံတွေ ငြိမ်သွားပြီ လို့ပြောတယ်။ မကြားရဘူး တော့ဘူးလို့ပြောတယ်။ မနက် ၇နာရီခန့်ကနေ ညနေ ၇နာရီဝန်းကျင်လောက်ထိဖြစ်ပွားခဲ့တယ် လို့ အဲဒီမေလွမ်းကျေးရွာ မှာရှိတဲ့ ကျွန်တော့်အဖွဲ့ဝင်တွေပြောကြားချက်အရသိတယ်”ဟု ၎င်းကပြောဆိုသည်။ https://w ww.khitthitnews.com/2020/10/aa%e1%80%94%e1%80%be%e1%80%84%e1%80 %b7%e1%8

**************

၉။ တပ်မတော်သား နှစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်၏ သက်သေထွက်ဆိုချက်အပေါ် KNLA ငြင်းဆို
October 5, 2020

မြဝတီ-ကော့ကရိတ် လမ်းဟောင်းတွင် သြဂုတ်လက ဖြစ်ပွားခဲ့သည့် တပ်မတော်သားနှစ်ဦး ပစ်သတ်ခံရမှု ဖြစ်စဉ်တွင်ပါဝင် ခဲ့သူ ၂ ဦး ဖမ်းဆီးခံရပြီးနောက် ဖြောင့်ချက်ပေးရာ၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၁၀၁)မှတာဝန်ရှိသူတစ်ဦးက စေခိုင်းခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုချက်အပေါ် တပ်ရင်း(၁၀၁)ဘက်က ယနေ့( အောက်တိုဘာ ၅ ရက်) ငြင်းဆိုလိုက်သည်။ အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးကို ခိုင်းစေခဲ့သူ (၁၀၁) တပ်ရင်း၊ တပ်ခွဲ (၃)မှ တပ်စုမှူးဆိုသူမှာ ၎င်းတို့ တပ်ရင်းတွင် မရှိကြောင်းနှင့် ထိုဖြောင့်ချက်ပေးသူ နှစ်ဦးမှာလည်း ၎င်းတို့ တပ်ရင်း၌ တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်း မရှိကြောင်း (၁၀၁) တပ်ရင်းရုံးမှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့နှစ်ယောက်က ကျနော်တို့ လူမဟုတ်ဘူးဗျ။ စစ်တပ်ဘက်က သတင်းထုတ်လိုက်တဲ့ ရုပ်သံဖိုင်ထဲကလို သူတို့ပြောတဲ့ တပ်ရင်းရဲ့တပ်ခွဲ(၃) တပ်စုမှူးရဲ့ နာမည်နဲ့လူ ကျနော်တို့တပ်ရင်းမှာ တခါမှ မရှိဘူး။ နောက်ပြီး အဲ့ထဲက တစ်ယောက် ပြော တဲ့ ကျနော်တို့ တပ်ရင်းမှာ ၉ နှစ် နေဖူးတယ်ဆိုတာလည်း မဟုတ်ဘူး။ တပ်သားဆိုတာက စစ်သင်တန်းတက်ပြီးလို့ တာဝန်ထမ်းဆောင်ပြီးဆိုရင် ကိုယ်ပိုင်နံပါတ်တွေ ပေးတာပဲ။ အခုက ကိုယ်ပိုင်နံပါတ် လည်းမရှိဘူး။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ ရုပ်သံဖိုင်အရ ဖမ်းဆီးခံရသူ နှစ်ဦးမှာ အသက် (၂၂)နှစ်အရွယ် စောကျော်ဝါးဖောဆိုသူ နှင့် အသက် (၁၆)နှစ် အရွယ် စောဝိဖလောထောတို့ နှစ်ဦးဖြစ်ပြီး ရိုးရွာတွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ ၎င်းပစ်ခတ်မှုကို ကျူးလွန်ခဲ့ ကြောင်း နှင့် KNLA တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း (၁၀၁) တပ်ခွဲ(၃)မှ တပ်စုမှူး အဆင့်ရှိ သူ စောကော်လူး ဆိုသူမှ ခိုင်စေခဲ့ ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူမှာ ၃ ဦး ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင် စောနံပြားဆိုသူ မှာ ထွက်ပြေး လွတ်မြောက်နေ ဆဲဖြစ်ကာ ၎င်းဖြစ်စဉ်၏ထွက်ဆိုချက်များကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)မှတဆင့် KNLA သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများ ကို ဥပဒေအရ အရေးယူဆောင် ရွက်နိုင်ရန်နှင့် ဆက်စပ်ပါဝင်သူများကို ဆက်လက် ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် သတင်း မှန် ပြန်ကြားရေးအဖွဲ့က ဆိုထားသည်။

ထိုကိစ္စရပ်အပေါ် KNLA ဗဟိုဌာနချုပ်ဘက်မှ တစ်စုံတစ်ရာ တရားဝင် ပြန်လည်တုံ့ပြန်ပြောဆိုခြင်းမျိုး မရှိသေးသော်လည်း ဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ၎င်းကိစ္စရပ်အပေါ် ပြန်လည်ကန့်ကွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁ ရက်နေ့က ပြောဆိုထားသည်။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီကလည်း “ကျနော်တို့ဆီကို ဘာမှ တရားဝင် စာမရောက်သေးဘူး။ ဒီကိစ္စ အပေါ်မှာလည်း ကျနော်အနေနဲ့ ဘာမှလည်းမသိထားဘူး။ ကျနော်တို့ လူလည်း မဟုတ်တဲ့ အတွက် ပြန်လည်တုံ့ပြန်စရာလည်း အကြောင်းမရှိဘူး”ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။ http://kicnews.or g/2020/10/%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%

**************

၁၀။ တိုင်းရင်းသားပါတီများမှလွဲ၍ မွန်ညီညွတ်ရေးပါတီ မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိဟုဆို
October 6, 2020

မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA, ညီနောင်တိုင်းရင်း သားပါတီများဖက်ဒရေးရှင်း NBF နှင့် ကချင်၊ ချင်း၊ ကရင်၊ ကယား လူမျိုးတူပေါင်းစည်းထားသော တိုင်းရင်းသားပါတီများမှ လွဲ၍ အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိကြောင်း သိရသည်။

MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ကျနော်တို့ မွန်ညီညွတ်ရေးပါတီက UNA, NBF နဲ့ မိတ်ဖက်ဆက်ဆံရေးရှိ တယ် လူမျိုးတူပေါင်းစည်းထားတဲ့ တိုင်းရင်းသား ၅ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ် ဒါကလွဲရင်ဘယ်အဖွဲ့အစည်း ဘယ် ပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာတို့ ပူးပေါင်းဆောင်ရွက်မှုတို့ ဘာမှမရှိပါဘူး”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ NLD နှင့် USDP စည်းရုံးရေးအင်အား အကောင်းဆုံးဖြစ်သော ရေးမြို့နယ် အစင်နှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် အောက်တိုဘာ ၅ ရက်နေ့က မွန်ညီညွတ်ရေးပါတီ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကျင်းပခဲ့ရာတွင် ဒေသခံ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီ USDP ပါတီဝင်တချို့ တက်ရောက်ဝန်းရံခဲ့ကြသဖြင့် တမဟုတ်ခြင်းဝေဖန်မှုမြင့်တက်လာပြီး နောက် နာဲလယိတမ က ယင်းသို့ တုံ့ပြန်ချေပခြင်း ဖြစ်သည်။“ဒီလိုရွေးကောက်ပွဲနီးကပ်လာတဲ့အချိန် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့အချိန်မှာ တချို့သောပြိုင်ဘက်ပါတီတွေက တိုက်ခိုက်တဲ့သဘောနဲ့ ကျနော်တို့ပါတီကို ဟိုပါတီနဲ့ပေါင်းထားသယောင်ယောင် ဘယ် အဖွဲ့အစည်းနဲ့ ပေါင်းထားသလိုလို အဲဒီလိုတိုက်ခိုက်လာနေတယ်၊ အဲဒါကို ကျနော်တို့လက်မခံဘူး လုံးဝပယ်ချတယ်”ဟု နိုင်လယိတမ က ဆိုသည်။

လတ်တလော မွန်ညီညွတ်ရေးပါတီ ဝေဖန်ခံနေရသကဲ့သို့ပင် အလားတူ လူမှုကွန်ယက် Facebook ပေါ်တွင် မွန်ဘာသာဖြင့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲနိုင်လည်း အစိုးရမဖွဲ့နိုင်သဖြင့် မဲအနိုင်ရလည်း မထူးကြောင်း၊ NLD အစိုးရမဖွဲ့နိုင်ပါက စစ်ဖိနပ်အောက်ပြန်လည်ရောက်သွားမည်ဖြစ်ကြောင်း အမုန်းစကားများအပြန်အလှန်စွပ်စွဲပြောဆိုနေကြပြီး NLD ပါတီကို ထောက်ခံသော မွန်တိုင်းရင်းသားများအား အမေကျော်ဒွေးတော်လွမ်းသည့် မွန်ပုဆိန်ရိုးအဖြစ်လည်းကောင်း ဝေဖန် ပုတ်ခတ်ပြောဆိုမှုများ မြင့်တက်လာနေသည်။ လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ်က မဲဆန္ဒနယ်မြေ ၄၅ နေရာရှိရာ အဓိကပြိုင်ဘက်ပါတီဖြစ်ကြသော NLD နှင့် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ်မြေ အားလုံးနှင့် မွန်လူဦးရေများပြားသောမြို့နယ်များတွင် မွန်ညီညွတ်ရေးပါတီက ၃၁ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် သည်။ http://burmese.monnews.org/2020/10/06/%e1%80%90%e1%80%ad%e1%80%af%e1%80%84%

*************

၁၁။ လားရှိုးခရိုင်တွင် မဲရုံမှူးနှင့် မဲရုံဝန်ထမ်း ၅၀၀ ခန့် ထပ်တိုးခေါ်
5 October 2020

ရှမ်းပြည်နယ်၊ လားရှိုးခရိူင်မှာ မဲရုံ ၄၀၃ ရုံ အတွက် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေကို မူလက ၂၀၀၀ လောက်ထားရှိဖို့ ရည်မှန်း ထားရာက အခု ၅၀၀ လောက် ထပ်တိုးခေါ်ရမယ်လို့ လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ရွှေက ပြောပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ မဲရုံတွေကို ပိုမိုကျယ်ဝန်းတဲ့ နေရာ ရွေးရတာ ကြောင့် မဲရုံဝန်ထမ်းအင်တား ထပ်တိုးဖို့လိုအပ်နေတာ ဖြစ်ပါတယ်။ လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ တန့်ယန်း နဲ့ မိုင်းရယ် ၅ မြို့နယ် အတွက် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်း ၂၀၀၀ ကျော်ကို သင်တန်းပေးဖို့လည်း အစီအစဉ်ရှိနေပြီး ကိုဗစ်-၁၉ အခြေအနေ ကြောင့် လူ ၅၀ ထက်မကျော်တဲ့ သင်တန်းနဲ့ နေရာတွေခွဲပြီး လုပ်ရမလား အွန်လိုင်းနဲ့ပဲ သင်ရမလား စဉ်းစားရခက်နေတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

လားရှိုးခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ရွှက “ကိုဗစ်-၁၉ လမ်းညွှန်ချက်နဲ့အညီ မဲပေးနိုင်ဖို့ မဲဆန္ဒရှင် တစ်ယောက်ချင်းစီကို Mask တခုစီပေးဖို့၊ မဲလက်မှတ်၊ မဲပုံးတွေ၊ မဲပေးနည်းစာစောင်တွေ ပိုစတာတွေ ၅ မြို့နယ် စာ ရောက် လာပြီဆိုတော့ အသီးသီး သူ့မြို့နယ်တွေဆီ ပို့နေပါပြီ။ အရက်ပျံပါတဲ့ မင်ဘူးတွေ အားလုံးကတော့ ဗဟိုကနေပို့ လာလိမ့် မယ်”လို့ပြောပါတယ်။ လားရှိုးခရိုင်အတွင်း ၅ မြို့နယ် ရှိပြီးလာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လားရှိုးမြို့မှာ မဲဆန္ဒရှင် အရေအတွက်စုစုပေါင်း ၂၁၇၇၀၀ ဦး ၊ သိန္နီမြို့ မှာ ၃၉၀၈၀ ဦး၊ တန့်ယန်းမြို့ မှာ ၁၁၉၄၆၀ ဦး၊ မိုင်းရယ်မြို့ မှာ ၄၈၅၀၀ ဦးနဲ့ ကွမ်လုံမြို့မှာ ၃၆၇၀၀ ဦး ရှိတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/414629

**************

၁၂။ ဖမ်းဆီးထားသူ လေးဦး AA အမာခံဟု တပ်မတော် စွပ်စွဲ
4 October 2020

ကျေးရွာအုပ်ချုပ်ရေးမှူါ်တစ်ဦးအပါအဝင် ရခိုင်ဒေသခံ ငါးဦးကို ဖမ်းဆီးထားပြီး ယင်းအထဲမှ ၄ ဦးသည် ရခိုင့်တပ်အေအေ၏ အမာခံများဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန် လာသည်။ စစ်တွေမြို့နယ် တောကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်လှိုင်၊ တောင်ကုတ်မြို့နယ် ပဒါးမကျေးရွာ မှ ဦးညီမောင်ချေ၊ မောင်ညီချေ(ခ) မဲချမ်းမွန်၊သိန်းကျေးရွာသားများဖြစ်သည့် ဦးဝင်းဌေးနှင့် ဦးဦးကျော်မောင်တို့ ကို အောက်တို ဘာ ၁ ရက်နေ့တွင် ဖမ်းဆီးထားသည်။ ဦးထွန်းကျော်လှိုင်နှင့် ပတ်သတ်၍မူ တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။ သိန်းတန်ကျေးရွာသားနှစ်ဦးကို စစ်တွေမြို့ လက်ဝဲသလုံးတော်အနီးရှိ ခမရ (၅၃၄) မှ တပ်ရင်းက ဖမ်းဆီးသွား ခြင်းဖြစ်သည်ဟု သိရသော်လည်း ကျန် သုံးဦးကို မည်သည့်တပ်ရင်းက ဖမ်းဆီးပြီး မည့်သည့်နေရာ တွင် ထိန်းသိမ်းထား သည်ကို မသိရသေးပါ။

သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ၎င်းတို့ လေးဦးသည် ဆက်ကြေးနှင့် ရိက္ခာများကောက်ခံ၍ အေအေ အဖွဲ့ထံသို့ ပို့ဆောင်ပေးနေကြောင်း သတင်းရဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဟု စွပ်စွဲထားသည်။ ဖမ်းဆီးခံထားရသူ ဦးဝင်းဌေး၏ ညီမဖြစ်သူ ဒေါ်သန်းဌေးက “ ၁ ရက်နေ့မွန်းတည့် ၁ နာရီတည်းက ဖမ်းသွားတာ။ စိတ်ပူတာ မှာ ပြောမပြ တတ်အောင်ပါပဲ။ ကျမတို့ မိသားစုတွေလည်း မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေကြပြီ။ လွှတ်ပေးဖို့ တောင်းဆိုချင်ပါ တယ်။ ဘာသက်သေမှ ရှိ တာလည်း မဟုတ်ဘူး။ ရွာမှာ ကောင်းကောင်းမွန်မွန်လုပ် ကိုင်စားသောက်နေကြတာ။ ဘယ်အဖွဲ့ အစည်းနဲ့မှလည်း သူတို့ကပတ်သတ် နေကြတာ မဟုတ်ဘူး။”ဟု ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တပ်မတော်က သံသယဖြင့် ဖမ်းဆီးလျှင် ဥပဒေ လုပ်ထုံးလုပ်နည်းအရ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပြီး တရားရုံးတွင် ဖြေရှင်းဖို့လိုအပ်ကြောင်း ပြောဆို ထားသည်။ အောက်တို ဘာလ ၂ ရက်နေ့က ကျောက်တော်မြို့နယ် သာစည်ကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသား သုံးဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားသော်လည်း အောက်တိုဘာ ၃ ရက်နေ့ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ http:/ /www.mizzimaburmese.com/article/74156

**************

၁၃။ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရသဖြင့် မောင်တောခရိုင်ကော်မရှင်နှင့် လဝကကို တရားစွဲမည်
5 October 2020

လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မောင်တောခရိုင်ရွေးကောက်ပွဲ ကော်မ ရှင်နဲ့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့ကို တရားစွဲမယ်လို့ ပယ်ဖျက်ခံရသူက ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တော မြို့မှာ နေထိုင်တဲ့ ဒိုစ်မူဟာမတ်(ခ)ဦးအေးဝင်းဟာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီကို ကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက် ပွဲ မှာ ဝင်ရောက်ယှဉ် ပြိုင် ရွေးကောက်တင်မြှောက်ခံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဦးအေးဝင်းကို မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြု လက်မှတ်ထုတ်ပေး ပြီးကာမှ အောက်တိုဘာ ၂ ရက်နေ့က ပြန်လည်စိစစ်ပြီး ပယ်ချခဲ့ကြောင်း မောင်တောခရိုင် ရွေးကောက် ပွဲကော်မရှင်ရုံးက အသိပေးအကြောင်းကြားလာတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ခုလို ပြန်လည်ပယ် ဖျက်ခံရတဲ့ အတွက် နစ်နာမှုအတွက် အောက်တိုဘာ ၅ ရက်နေ့မှာ တရားစွဲဖို့ လုပ်ဆောင်သွားမယ်လို့ ပယ်ချခံရသူ ဦးအေးဝင်း က ပြောပါတယ်။ အမတ်လောင်းလက်မှတ်ထုတ်ပေးပြီး အခုလို မဲဆွယ်ကာလရောက်ပြီးမှ ပြန်လည်စိစစ်ထုတ် ပယ် တယ်ဆိုတာလုံးဝ တရားမျှတမှု မရှိဘူးလို့လည်း ဦးအေးဝင်းက ပြောတယ်။

အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူ တစ်ဦးက “ပထမ စစ်ဆေးတာ ခရိုင် လဝက မှားတယ်ဆိုရမှာပေါ့ဗျာ၊ ပထမစစ်ဆေးပြီး အမတ်လောင်းအဖြစ် အသိအမှတ်ပြုခဲ့တယ်။ နောက်ထပ်မံစစ်ဆေးတဲ့ အခါ သူမွေးဖွားတဲ့ အချိန်မှာ သူ့အဖေနဲ့အမေက နိုင်ငံသားမှတ်ပုံတင် မရသေးတာတွေ့ရတယ်။ (နိုင်)မရသေးဘူး။ သုံး ခေါက်ချိုး “အမထ”ဘဲ ရသေးတာဖြစ်တယ်။ ဒါကြောင့် ပယ်လိုက်ရတာဖြစ်တယ်”လို့ ပြောပါတယ်။ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးမှာ ၈ နေရာဝင်ပြိုင်ဖို့ လျှောက်ထားခဲ့ရာမှာ မောင်တော မြို့နယ်မှာ ပြည်သူ့လွှတ်တော် ၁ နေရာသာ ဝင်ပြိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး အခု ရရှိထားတဲ့ တစ်နေရာလည်း ထပ်မံ ပယ်ဖျက် ခံခဲ့ရတာ ဖြစ်ပါတယ်။ http://burmese.dvb.no/archives/414666

**************

၁၄။ ရိက္ခာပြတ်နေတဲ့ ပလက်ဝကို ဆန်အရောက်ပို့နိုင်ဖို့ ကြိုးစားနေ
October 3, 2020

ချင်းပြည်နယ် ပလက်ဝမြို့မှာ ဆန်ရိက္ခာ လုံးဝပြတ်လပ်သွားတာမို့ အလှူရှင်တွေလှူဒါန်းထားတဲ့ ဆန်တွေကို တစ်ပတ် အတွင်း ရောက်အောင်ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောပါတယ်။ အလှူရှင်တွေရဲ့စုပေါင်းလှူဒါန်းမှုနဲ့ ကလေးမြို့မှာ ဝယ်ယူထားတဲ့ ဆန်အိတ် ၈၀၀ ကို မတူပီလမ်းကနေ ဒီအပတ်အတွင်း အမြန်ဆုံးပို့နိုင်အောင် စီစဉ်နေသလို ဆမီးမြို့မှာရှိတဲ့ ဆန်အိတ် ၈၅၀ ကိုလည်း တပ်မတော်ရဲ့ လုံခြုံရေးကိုယူပြီး ပို့နိုင်အောင် ကြိုးစားနေတယ်လို့ မိုင်နန်းဝေက ဆိုပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်တွေမသွားနိုင်ဘဲ ပိတ်မိနေကြတဲ့ ပလက်ဝမြို့နယ် ထဲက ကျေးရွာ ၂၀၀ ကျော်လောက်မှာလည်း ဆန်ပြတ်လပ်သွားပါပြီ။ ပလက်ဝမြို့အပါအဝင် မြို့နဲ့ အနီးဆုံးရွာတွေမှာလည်း ဆန်မရှိတော့ကြောင်း ရွာတွေထံက ဖုန်းအဆက်သွယ်တွေရတယ်လို့ မိုင်နန်းဝေက ပြောပါတယ်။ အလှူငွေပို့ပေးမယ်ဆို လည်း အဲဒီဒေသမှာ ဆန်ရောင်းသူ မရှိတဲ့အတွက် ပခုက္ကူ၊ ဂန့်ဂေါနဲ့ ကျောက်ထု မြို့နယ် တွေကနေ ဆန်တွေဝယ်ယူပြီး ပို့ပေး နိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာပဲ ပိတ်မိနေတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည် နှစ်သောင်း ကနေ ခြောက်သောင်းကြားရှိပြီး မြို့ပေါ် စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေတာက တစ်သောင်း ရှစ်ထောင်ကျော်ရှိ တယ်လို့ ချင်းစစ်ဘေးရှောင် အရေးပေါ်ကူညီရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒီနှစ်ထဲထုတ်ပြန်တဲ့ မှတ်တမ်းအရ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှတို့နဲ့ နယ်ချင်း ထိစပ်နေတဲ့ ပလက်ဝ မြို့နယ်ထဲမှာ လူဦးရေ တစ်သိန်းတစ်သောင်းနီးပါး ရှိပါတယ်။ ကျေးရွာပေါင်း ၃၈၈ ရွာရှိမှာ လူဦးရေ ကိုးသောင်းကျော်က ကျေးလက်ဒေသမှာ နေထိုင်ပြီး ပလက်ဝ မြို့ပေါ်မှာတော့ တစ်သောင်းကျော် နေထိုင်တယ်လို့ ဖော်ပြထားပါတယ်။ https:/ /www.rfa.org/burmese/news/rice-shortage-in-chin-state-10032020042822.html

**************

၁၅။ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်း မရှိဟု ဦးဇခုန်တိန့်ယိန်း ဆို
1 October 2020

ထောင်ပြေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီ (UDP) ၏ ဥက္ကဋ္ဌ ဦးကျော်မြင့် နှင့် ပတ်သက်ခြင်း မရှိသည့်အပြင် နှင်းဆီပါတီနှင့်လည်း ကင်းကင်းရှင်းရှင်း နေလိုသည်ဟု ဒီမိုကရေစီပါတီသစ်(ကချင်) (NDP-K) ၏ နာယက ဦးဇခုန်တိန့်ယိန်းက ပြောသည်။ ဦးဇခုန်တိန့်ယိန်းသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်မြို့နယ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဒီမိုကရေစီပါတီသစ် (ကချင်) ၏ နာယက တဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) ၏ ခေါင်းဆောင်တဦးလည်း ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်းက ၎င်းနာယကအဖြစ် ဦးဆောင်နေသည့် ဒီမိုကရေစီပါတီသစ် (ကချင်) က ပါတီအချင်းချင်း ညီညွတ်မှုကို လိုအပ်သော်လည်း ဦးကျော်မြင့်၏ နှင်းဆီပါတီနှင့် ကင်းကင်းရှင်းရှင်းသာ ရှိလိုပါသည်ဟုလည်း စာထဲတွင် ထည့်သွင်း ရေးသားထားခြင်း ဖြစ်သည်။ ဦးကျော်မြင့်၏ နောက်ကြောင်းနှင့် ပတ်သက်၍ ဗကပ တပ်တွင်းသို့ ၁၉၇၃-၇၄ ခုနှစ်တွင် စတင်ဝင်ရောက်လာစဉ်က မစ္စတာဟူဟွာဟုသာသိခဲ့ပြီး မစ္စတာဟူဟွာသည် ဗကပစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇော်မိုင်၏ သမီးနှင့် လက်ထပ်ခဲ့သည်ဟု ဦးဇခုန်တိန့်ယိန်းက ရေးသားထားသည်။

မိုက်ကယ် ကျော်မြင့်သည် ကချင် တိုင်းရင်းသား မဟုတ်ဘဲ တရုတ်-မြန်မာ စီးပွားရေးသမား တယောက်သာ ဖြစ်ကြောင်း၊ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တပ်တွင်လည်း မည်သည့်အခါမှ တပ်ဖွဲ့ဝင် မဟုတ်ခဲ့သလို ၁၉၈၉ ခုနှစ် ဗကပ တပ်တွင်း ပုန်ကန်မှုနှင့် အစိုးရနှင့် နောက်ဆက်တွဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း မိုက်ကယ်ကျော်မြင့် ပါဝင်မှု မရှိခဲ့ကြောင်း မြန်မာ့အရေး လေ့လာသူ ဆွီဒင် သတင်းစာဆရာ ဘာတေးလင့်တနာ က ပြောသည်။ ဒီမိုကရေစီပါတီသစ် (ကချင်)၏ ဥက္ကဋ္ဌ ဦးတိန့်ဆောင်က “ဦးဇခုန်တိန့်ယိန်းတို့နဲ့ ပတ်သက်မှု မရှိခဲ့ဘူး။ ဇခုန်နာမည်ကတော့ ဘယ်ကဘယ်သူ ဘယ်အချိန်က ဘယ်သူနဲ့ နွယ်ပြီး ယူခဲ့လဲတော့ မသိဘူး။ ဦးဇခုန်တိန့်ယိန်းတို့ မိသားစု၊ ဆွေမျိုး တွေ နားကတော့ မသိဘူး။ မရှိဘူး။ ဘယ် က ဇခုန်ကို ယူခဲ့လဲတော့ မသိကြဘူးပေါ့။ အရင်တုန်းက ငြိမ်းချမ်းရေး မယူခင် ဗကပ လက်ထက်မှာလည်း ဦးကျော်မြင့်တို့နဲ့ ပတ်သက်ခဲ့တာ မရှိခဲ့ဘူးလို့ သိရပါတယ်” ဟုလည်း ပြောသည်။ https://burma.irrawaddy.com/news/20 20/10/01/

**************

၁၆။ ဦးအယ်လ်ဖောင်းရှိုကို စစ်ဆေးဖို့ အဂတိကော်မရှင် ငြင်းပယ်
October 2, 2020

ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုအမှုဟာ လက်ရှိတည်ဆဲဥပဒေနဲ့ မညီတာကြောင့် စုံစမ်းစစ်ဆေးဖို့ တိုင်ကြားချက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပယ်ချလိုက်ပါတယ်။ အဂတိလိုက်စားမှုရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့အမှုကို စုံစမ်းစစ်ဆေးပေးဖို့ တိုင်ကြားချက်အပေါ် ကော်မရှင်က ဒီတစ်ပတ် ထဲမှာပဲ တုံ့ပြန်ခဲ့တာပါ။ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို အဂတိလိုက်စားမှုနဲ့ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က စက်တင်ဘာလ ၈ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာပါ။

ဒီတိုင်ကြားချက်ကို ကော်မရှင်ကနေ စက်တင်ဘာ ၃ဝ ရက် ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာလို့ ကော်မရှင်ပြောခွင့်ရသူ ဦးကျော်စိုး က RFA ကို ပြောပါတယ်။“ကော်မရှင်သည် ဥပဒေနဲ့အညီ ဖွဲ့စည်း ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ လုပ်ရပါတယ်။ ဥပဒေကိုကျော်ပြီး ဆောင်ရွက်လို့ မရပါဘူး။ ဒါကြောင့်မို့လို့ ပေးပို့တဲ့ တိုင်ကြားစာမှာပါရှိတဲ့ အချက်တွေကိုပြန်ပြီး စိစစ်တဲ့အချိန်မှာ သူတို့က ၂ဝ၁၈ မှာ စတုတ္ထ အကြိမ် ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတိုင်ခင်က ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်ခင်ဗျ”ကော်မရှင်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်ရှိ အာဏာရပါတီ NLD ရော၊ ကော်မရှင်ကပါ ဝန်ကြီးချုပ်ဟောင်းရဲ့လုပ်ရပ်တွေကို ထောက်ခံရာရောက်နေတယ်လို့ တိုင်ကြားခဲ့ သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တုံ့ပြန်ပါတယ်။

ကယားပြည်နယ် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာတော့ ဦးအယ်လ်ဖောင်းရှိုအနေနဲ့ ဝန်ကြီးချုပ် တာဝန်ယူခဲ့ချိန်က ပြည်နယ် အစိုးရရဲ့ စက်ယန္တရား ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြင်ဆင်တာတွေနဲ့ ပတ်သက်တဲ့ အသုံးစရိတ်ထဲမှာ ကိုယ်ရေးကိုယ်တာနဲ့ ပါတီအတွက် သုံးထားတဲ့ သိန်း ၄ဝဝ နီးပါးကို ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အခြားအသုံးစရိတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ လှူဒါန်း၊ ထောက်ပံ့ငွေဆိုပြီး သိန်း ၃၆ဝဝ ကျော် အသုံးပြုထားတာကိုလည်း စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပထမတချက်က တာဝန်က ရပ်စဲပြီးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ဦးကို ခုံရုံးတင်ခွင့် ရှိ၊ မရှိ၊ ဒုတိယ တချက်က ဝန်ကြီးချုပ်ကို စွပ်စွဲသူ ငါးယောက်ထဲက တစ်ယောက် နုတ်ထွက်ခဲ့တဲ့အတွက် ကိုယ်စားလှယ် လေးပုံ တစ်ပုံ မပြည့်တဲ့အခြေအနေမှာ စွပ်စွဲချက်ကို ဆက်လက်စစ်ဆေးခွင့် ရှိ၊ မရှိ၊ တတိယတချက်က ပြည်နယ်လွှတ်တော် က ဖွဲ့စည်း ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ ဝန်ကြီးချုပ်ဟောင်းကို စွပ်စွဲထားတဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးဦး ထည့်သွင်းခွင့် ရှိ၊ မရှိ၊ ဒီ ၃ ချက်ကို ဥပဒေခုံရုံးက ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

ပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းကတော့ အစိုးရအဖွဲ့က တစ်စုံတစ်ရာ ပြောကြားခြင်း မရှိတဲ့အတွက် စစ်ဆေးလို့မရ သေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။ https://www.rfa.org/burmese/news/kayah-pm-10022020070634.html

**************

၁၇။ စည်းရုံးရေးဆင်းရာမှာ အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီပြော
October 5, 2020

ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပါတီခြားအမာခံလူထုတွေရဲ့ နှောင့်ယှက်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ကယားပြည်နယ် ဒီမိုကရက်တီပါတီ KySDP မှ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။“ ၁ ရက်နေ့က ကျနော်တို့ ငှားသွားတဲ့ကားကို မူးယစ်ဆေးရောင်းတယ်ဆိုပြီးတော့ သတင်းမှားပေးပြန်ရော သတင်းမှားပေးတာကို ရဲကရောက်လာတာပါ။ ရဲကစစ်လိုက်လို့ ဘာမှမတွေ့တဲ့ခါကျတော့ တဆက် တည်းမှာပဲ ဆွေးနွေးပွဲက လုပ်နေတဲ့ခါကျတော့ ဘယ်သူက ဦးဆောင်တာလဲ ဘယ်နယောက်လဲ စသဖြင့် မေးတော့ ကျနော် တို့လည်း ပြန်ရှင်းလိုက်တော့ ဒီအတိုင်းပဲ ပြန်သွားကြတယ်။ ဖြစ်တဲ့နေရာကတော့ ဝမ့်ကုန်းမှာ။”လို့ စတီဗင်ထွန်းထွန်း က ပြောပါတယ်။ ပြီးခဲ့တဲ့ ၁ ရက်နေ့မှာလည်း မူးယစ်ဆေးရောင်းနေကြောင်း သတင်းရရှိတယ်လို့ ဆိုကာ ဝမ့်ကုန်းမှာ ဒုတိယ အကြိမ် လွိုင်လင်လေး ရဲစခန်းကနေ တာဝန်ရှိသူတွေက လာရောက်စစ်ဆေး မေးမြန်းသွားတယ်လို့ ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။

ပါတီကြီးတွေ စည်းရုံးရေးဆင်းတဲ့အခါမှာ တဖက်ပါတီတွေကို ထိုးနှက်ပြောဆိုတာမျိုး မဖြစ်စေချင်ပဲ နိုင်ငံရေးအားဖြင့်သာ ပြောဆိုစည်းရုံးစေချင်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းနိုင်နိုင်ထွေးက ပြောပါ တယ်။“နိုင်ငံရေးအားဖြင့် ပြောဆိုတဲ့ ပါတီပဲ ဖြစ်စေချင်တယ်။ တစ်ဖက်ကို ပြောဆိုထိုးနှက်ပြီးမှ နိုင်ငံရေးအရ အားသာ ချက်ယူတယ်ဆိုရင်တော့ ဒါတွေဟာ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်း သဘောသဘာဝမျိုးနဲ့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်ပါ။ ဆိုတော့ နိုင်ငံရေးအားဖြင့် ပြောဆိုစည်းရုံးတဲ့ ပါတီတွေပဲ ဖြစ်စေချင်ပါတယ်။” လို့ ဦးစိုင်းနိုင်နိုင်ထွေးက ဆက်ပြောပါတယ်။

လွိုင်ကော်မြို့နယ်ထဲက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) မော်မာရီထွန်းရဲ့ မဲဆန္ဒနယ် ဖြစ်တဲ့ လွိုင်လင်လေး မှာလည်း ဘောလုံးပွဲ ကျင်းပဖို့ စီစဉ်နေတဲ့အချိန်မှာ လောင်းကစားလုပ်နေတယ်လို့ဆိုပြီး ရဲတွေက လာရောက်မေးမြန်း စစ်ဆေးခဲ့တာလည်း ကြုံခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားခြင်း မရှိပေမဲ့ သက်သေရလာတဲ့အခါမှာ တိုင်ကြားသွားမယ်လို့ စတီဗင်ထွန်းထွန်းက ပြောပါတယ်။ ရွေးကောက်ပွဲစည်းရုံးရေးကာလမှာ ကွင်းဆင်းမဲ့နေရာတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပြီးဖြစ်တဲ့အတွက် အခုလို လုပ်ဆောင်နေခြင်းကို ဖော်ထုတ်ဖို့လိုတယ်လို့ ဦးစတီဗင်ထွန်းထွန်းက ပြောပါတယ်။ https://www.bnionline.ne t/mm/news-75980

****************

၁၈။ တီးတိန်၊တွန်းဇံနှင့်ပလက်ဝမြို့တို့ ၂၀၂၂ ခုနှစ်တွင် မဟာဓာတ်အားလိုင်း ရရှိမည်
October 2, 2020

တီးတိန်၊တွန်းဇံနှင့် ပလက်ဝမြို့တို့၂၀၂၁-၂၂ ခုနှစ်အတွင်း မဟာဓာတ်အားလိုင်း ရရှိတော့မည်ဟု ချင်းပြည်နယ် အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောပါသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က ‘ပစ္စည်းတင်ဒါခေါ် တီးတိန်၊တွန်းဇံ၊ ပလက်ဝတို့ကို မဟာဓာတ်အားလိုင်းက ဂျပန်အကူညီနဲ့ လုပ်ဖို့ လုပ်ထားတယ် စီမံစီးပွား ဝန်ကြီးဌာနနဲ့ စာချုပ်လုပ်ပြီးပြီ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ပြီးရင် တင်ဒါခေါ်မယ် တင်ဒါခေါ်ပြီးရင် လုပ်ငန်းက စလို့ရပြီ ၂၀၂၁ ခုနှစ်လောက်မှာ လုပ်ငန်း စတင် အကောင်ထည်ဖော်ပြီးတော့ ၂၀၂၂ လောက် မှာ ပြီးမယ်လို့ သိထားတယ် လက်ရှိ ပစ္စည်းတင်ဒါ ခေါ်နေတယ် ၂၀၂၁ လောက်မှ လုပ်ငန်းစတင်မယ်လို့ သိရတယ်’ ဟုပြောသည်။ MY-P30 ဖြင့်ဆောင်ရွက်မည့် ကလေး-သိုင်းငင်း-တီးတိန်ကို ၆၆ ကေဗ္ဗီ Double Circuit လိုင်း(၃၂၁) မိုင် တည်ဆောက်ရန် ၆၆ ကေဗ္ဗီလိုင်း တာဝါတိုင်နှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူထားကြောင်းလည်း သိရသည်။

လက်ရှိချင်းပြည်နယ်အတွင်း မဟာဓာတ်အားလိုင်း မရရှိသေးသည့် မြို့များ ရှိနေပြီး အချို့မြို့နယ်များမှာ လောင်စာဆီနှင့် ရေအားလျှပ်စစ် အသေးစားများဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုနေလျှက် ရှိကြောင်း သိရသည်။ချင်းပြည်နယ်တွင်မဟာ ဓာတ်အားလိုင်းရရှိပြီးသောမြို့များမှာ ဟားခါး၊ဖလမ်း၊ထန်တလန်၊ခိုင်ကမ်း၊မင်းတပ်၊ကန်ပက်လက်၊မတူပီမြို့များဖြစ်သည်။ https://www.chinworld.or g/2020/10/02/%e1%80%90%e1%80%ae%e1%80%b8%e1%80%90%e1%80

***************

၁၉။ ကုန်စည်စီးဆင်းမှုရပ်မတန့်စေရန် ကားသမားများကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်မည်
October 2, 2020

သျှမ်းပြည်တွင်းရှိ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားစေရန်အတွက် ကုန်တင်ယာဉ်မောင်းနှင့် နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရထံမှ စုံစမ်းသိရှိရသည်။ သျှမ်းပြည်အတွင်းမှ ကုန်တင်ယာဉ်များ အခြားတိုင်းဒေသကြီး/ပြည်နယ် များသို့ ထွက်ခွာခွင့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်ထိ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရက ထုတ်ပြန်ခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ (၂) ရက် နေ့တွင် သျှမ်းပြည်တွင်းရှိ မိတ္တီလာ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်တွင် ဝင်လာမည့် ကုန်တင်ကား ၁၀၀ ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီး ကို တင်ပြခဲ့ပြီး ဝန်ကြီး၏ ညွှန်ကြားချက် အရ ကုန်တင်ကား ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ၏ ကျန်းမာရေး စစ်ဆေးမှုကို ကိုးရီးယား နိုင်ငံထုတ် MoHS အသိအမှတ်ပြု rapid test kits များနှင့် စ်စဆေးပြီး ကုန်စည် စီဆင်းမှု ရပ်တန့်မသွားအောင် ဆောင်ရွက်သွားမည် ဟု သျှမ်းပြည် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍရေး ဝန်ကြီး ဦးစိုးညွှန့်လွင် က ၎င်း၏ လူမှုကွန်ရက်မှာ ရေးသားခဲ့သည်။“ Test kit ကို အောက်တိုဘာ (၁) ရက်မှာ ပေးပို့လာပြီ” ဟု ဦးစိုးညွှန့်လွင် က ရေးသားထားသည်။ စက်တင်ဘာ ၂၉ ရက်နေ့က မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကား သမားတစ်ဦးထံ ကိုဗစ်-၁၉ တွေ့ရှိပြီးနောက် ယခုကဲ့သို့ တင်းကြပ်လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/archives /18750

***************

၂၀။ UEC ပွင့်လင်းမြင်သာမှုမရှိသဖြင့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦးနုတ်ထွက်ဟုဆို
October 5, 2020

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ပွင်လင်းမြင်သာမှုမရှိသဖြင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် သထုံ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဟောင်း ဦးမောင်ဦးက ပြောသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ကော်မရှင်သုံး ပစ္စည်းဝယ်ယူမှုတွင် မသမာမှုရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် နိုင်ငံတော် သမ္မတတို့ထံ ပြီးခဲ့သည့် မတ်လက ဥက္ကဋ္ဌဟောင်းတိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိဟု ဆိုသည်။“တစ်ရက်ပဲ လာစစ်သွားတာ စာရင်းဇယားကို ကြည့်သွားတာလည်း မဟုတ်ဘူး တင်ပြချက်ကိုလည်း လာနားထောင်သွားတာ သူတို့ဟာ သူတို့ လုပ်တယ်ဗျာ ကျွန်တော် တို့ကို ဘာမှလည်း အကြောင်းမကြားဘူး တိုင်တာက ကျွန်တော်တို့လေ ဘယ်လိုစစ်တယ် ဘယ်လိုအရေးယူတာလည်း မသိရဘူး ဒီလို အရေးမစိုက်တော့ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။ ယင်းသို့ တိုင်ကြားထားသည့် ကိစ္စရပ်အပေါ်တွင် အရေးယူဆောင်ရွက်ခြင်း မရှိခြင်းသည် ကော်မရှင်တွင် တာဝန်ထမ်း ဆောင်နေသည့် စေတနာ့ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းတို့ကို ကော်မရှင်က ခွဲခြားဆက်ဆံခြင်း ဖြစ်ကြောင်း နုတ်ထွက်သွား

သည့် သထုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဟောင်း ဒေါ်မိုးမိုးခိုင် က ပြောသည်။“လုပ်ရပ်တွေ ကွာနေတာ ဆိုတာ တွေ့လာရတာပေါ့ အဲမှာလည်း သူကပြန်လည်ဆောင်ရွက်ပေးခြင်းမရှိဘူး ကျွန်မတို့ကလည်း အများယုံကြည် လေးစားရတဲ့ ပုဂ္ဂိုလ်အနေနဲ့ စေတနာ့ ဝန်ထမ်းဝင်လုပ်တာ၊ အစိုးရ ဝန်ထမ်းက ဒီလိုမသမာမှုတွေ လုပ်နေတာကို ကျွန်မတို့ လို ပုဂ္ဂိုလ်တွေက တင်ပြတာကို UEC က ဘာမှအရေးယူဆောင်ရွက်တာမလုပ်ပေးဘူး သူတို့ရဲ့ ပင်မဝန်ထမ်းနဲ့ ကျွန်မတို့ စေတနာ့ ဝန်ထမ်းတွေ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ဦးလှသိန်း ခေါင်းဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိကြောင်းနှင့် ဘက် လိုက်မှုများ ရှိနေပြီး အားလုံးက တစ်အုပ်စုတည်းဖြစ်နေသည့်အတွက် တိုင်တန်း စရာမရှိတော့ကြောင်း နိုင်ငံရေးပါတီ ၃၄ ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။ တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် လုပ်ငန်း တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ကော်မရှင်တာဝန်များ မဆောင် ရွက်နိုင်ပါက ၂၀၁၉ ဇွန်လ နောက်ဆုံးထား နုတ်ထွက် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြိုတင်အသိပေး ပြောကြားခဲ့ဖူးသည်။ http://burmese.monnews.org/2020/10/05/uec-%e1%80%95%e1%80% bd%e1%80%84%e1%80%

***************

၂၁။ ဘားအံမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေး
5 October 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ ကုန်စည်ပို့ဆောင်ရာမှာ အခက်အခဲမရှိစေဖို့ ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို Antigen (RDT) Test နဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးခဲ့ပါတယ်။ အောက်တိုဘာ ၄ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ ပြည်နယ် ကျန်းမာရေးဦးစီး ဌာနက ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၇၇ ဦးကို စစ်ဆေးခဲ့ရာ ရောဂါပိုး မတွေ့ရှိခဲ့တဲ့အတွက် ကိုဗစ်-၁၉ ရောဂါကင်းရှင်း ကြောင်း ကျန်းမာရေးထောက်ခံစာတွေ ထုတ်ပေးခဲ့တာပါ။ ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ပြတ်တောက်မှုမရှိစေဖို့ အစိုးရအဖွဲ့ ညွှန်ကြားချက်နဲ့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိကို မိနစ်ပိုင်းအတွင်း သိရှိနိုင်တဲ့ Antigen(RDT)Test စစ်ဆေးပေးခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က “ရောဂါကာကွယ်ရေး အနေနဲ့ စစ်ဖို့က ပုံမှန်စစ်တဲ့စနစ် တွေက အရမ်းကြာတယ်။ အခုက အဲဒီ Test ရလာတဲ့ အခါကျတော့ အစိုးရအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ကားဆရာတွေကို စစ်ပေးပါဆိုတော့ စစ်ပေးတာ”လို့ ဆိုပါတယ်။ ကိုဗစ်ကာလ ကုန်စည်ပို့ဆောင်တဲ့လမ်းခရီးတွေမှာ ကျန်းမာရေးစစ်ဆေး တာတွေ ခံယူနေရ တဲ့အတွက် ကြန့်ကြာမှုတွေရှိနေလို့ အခုလို ကျန်းမာရေးစစ်ဆေးပေးတာဟာ ကုန်စည်ပို့ဆောင်တဲ့နေရာ မှာ ပိုမိုအဆင်ပြေစေတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

ဘားအံမြို့နယ် မော်တော်ယာဉ် စည်းကမ်း ထိန်သိမ်း‌ရေးကော်မတီ၊ ဥက္ကဋ္ဌ ဦးသိန်းနိုင်က “ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်း နဲ့ ယာဉ်နောက်လိုင်းတွေအတွက် ဒီလူတွေအားလုံး ကျန်းမာကြောင်း ထောက်ခံချက်လိုချင်ကြတယ်။ အခုလို စစ်ပြီးသွားရင် ရှောရှောရှူရှူ သွားလို့ရမယ်” လို့ ပြောပါတယ်။ ကျန်းမာရေး ထောက်ခံချက်မရှိတဲ့အတွက် ကုန်စည်ပို့ဆောင် ရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရသလို ကျန်းမာရေးထောက်ခံစာရရှိခဲ့ရင် ကုန်စည်ပို့ဆောင်ရေးနဲ့ မိသားစုစားဝတ်နေရေး အတွက်ပါ အဆင်ပြေစေမယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။ ဘားအံမြို့ အဝေးပြေးကားဝန်းအတွင်း ဘားအံ -ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ၁၀ လိုင်းရှိပြီး ကုန်တင်ယာဉ်ကြီး ၅၀ ခန့် ရှိပါတယ်။ http://burmese.dvb.no/archives/414736

***************

၂၂။ ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို
October 06, 2020

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦး ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ချင်းလူမျိုးများနှင့် ချင်းလူငယ်များအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျုးလွန်သည့် မည် သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး AA တပ်ဖွဲ့အနေဖြင့်လည်း ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဗဟိုချင်းလူငယ်အဖွဲ့အစည်း ဥက္ကဌ ဆလိုင်းနိုဘိခ်ထန်ကပြောသည်။“ကျနော်တို့ ချင်းလူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ချင်းလူမျိူး၊ ချင်းလူငယ်တွေကို နောက်ထပ်ဖမ်းဆီးတာမျိူး မလုပ်ဖို့ ဒီကနေ လေးလေးနက်နက်တောင်းဆိုပါတယ်’’ဟု ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော် မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ (၄) ဦးအနက် (၃) ဦးကို သြဂုတ်လ (၂၅) ရက်နေ့က ပြန်လွှတ်တော်ပေးခဲ့သော်လည်း ဆလိုင်းအောင်စိုးသည် ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပေ။ https://www.bnionline.net/mm/news-76002

***************

၂၃။ ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ
October 2, 2020

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် ကျိုက္ခမီမြို့မှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော် ကလေးငယ် ၁၁ ဦးကိုလည်း အောက်တိုဘာလ ၁ ရက်နေ့က Quarantine စင်တာတွင် အသွားလာကန့်သတ်ထားကြောင်း သိရသည်။ လက်ရှိတွင် မော်လမြိုင်မြို့တွင်နေထိုင်သည့် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေး ငယ်တစ်ဦး တို့အား ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ကျိုက္ခမီ ၁၀ နှစ်အရွယ်ကလေးက သူကရောဂါပိုးမတွေ့ခင် လိုက်ကစားထားတယ်ပေါ့နော် သူရဲ့ကစားဖော်တွေ အကုန် လုံးက ထိတွေ့မိထားတော့ စုပြီးတော့ Quarantine ဝင်ရတယ်ပေါ့ လာပို့သွားတယ်အုပ်ထိန်းသူမပါ လာတဲ့အခါကျတော့ အခန်းထဲမှာပဲနေဖို့သူတို့ကိုအခန်းကပ်ရပ်ထားပေးထားတယ်” ဟု မော်လမြိုင်လူမှုကယ် ဆယ်ရေးအဖွဲ့ ကိုဇင်မိုး မှပြော သည်။ ထို Quarantine ဝင်ရမည့်ကလေးငယ်များကို အောက်တိုဘာလ ၁ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် Quarantine စင်တာကို သံဖြူဇရပ်မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

အဆိုပါ ကျိုက္ခမီမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့သော အောင်သုခရပ်ကွက်၊ သီရီမြိုင်မြောက် ၄ လမ်း၊ ၅ လမ်းတို့ကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသွားအလာကန့်သတ် နေရာအဖြစ် အမိန့်အမှတ် ၁၆/၂၀၂၀ ဖြင့်ထုတ်ပြန်လိုက်သည်။ အဆိုပါကျိုက္ခမီမြို့မှာ သွားလာကန့်သတ်ထားသည့် အောင်သုခရပ်ကွက် တွင် အိမ်ခြေ ၁၁၅ လုံးရှိပြီး လူဦးရေ ၅၀၀ ဦးခန့်ရှိကြောင်း သိရသည်။ http://burmese.monnews.org/202 0/10/02 /%e1%80%80%e1%80%bb%e1%80%ad%e1%80%af%e1%

**************

၂၄။ တိုက်ပွဲပြင်းထန်တဲ့ ရသေ့တောင်မှာ ဒုက္ခသည်စခန်း လက်နက်ကြီးထိ
October 5, 2020

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်(မြောက်ပိုင်း) အောင်သာစည်ရွာဘက်က တောင်ကုန်းတောင်တန်းတွေမှာ ရက္ခိုင့်တပ် တော် AA နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့မနက်မှာတော့ ကံပြင်ကျေးရွာက အသက် ၇၃ နှစ် အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးအစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် မြောက်ပိုင်း အောင်သာစည်ကျေးရွာဘက်မှာ AA နဲ့ တပ်မတော်တို့အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက် လောက်ကနေစပြီး တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာပါ။ ဒီနေ့မနက် ၁၀ နာရီကျော်အချိန်လောက်မှာလည်း တိုက်ပွဲဖြစ်တဲ့ဒေသ ဘက်ကို မေယုမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ တပ်မတော် ရေယာဉ်တွေကနေ ကုန်းပေါ်မှာရှိတဲ့ နေရာတချို့ကို လက်နက်ကြီးတွေနဲ့ အချိန် ၂ နာရီလောက်ကြာအောင် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်တစ်လုံးဟာ ကံပြင်ကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၇၃ နှစ် အရွယ် ဦးသင်္ကြန်နုဆိုတဲ့ အမျိုးသားတစ်ဦး ကျည်စတွေ ထိမှန်ခဲ့တယ်လို့ ကံပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက RFA ကိုပြောပါတယ်။ ကျည်စဟာ ယာဘက်တင်ပါးကို ဖောက်ဝင်သွားတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ စေတီပြင်တိုက်နယ် ဆေးရုံကနေတဆင့် စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါ တယ်။ ကံပြင်ကျေးရွာမှာ အနီးအနားရွာတွေက ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာခန့်ရှိပြီး လက်နက်ကြီး ဟာ စခန်းထဲကိုကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အောက်တိုဘာ ၄ ရက်နေ့ မနေ့က ညနေပိုင်း ထုတ်ပြန်ချက်မှာတော့ ရသေ့ တောင်မြို့နယ် ထီးစွဲကျေးရွာအနီး အေအေ အဖွဲ့ အခိုင်အမာ နေရာယူထားတဲ့ စိုးမိုးတောင်ကုန်းတွေကို မနက် ၂ နာရီ လောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဖြစ်စဉ်တွေမှာ အေအေအဖွဲ့ရဲ့အလောင်း၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့လည်း ပါရှိပါတယ်။ ရသေ့တောင်မြို့နယ်က စစ်ရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ တောင်ကုန်းတွေကို မနေ့ညက အေအေအဖွဲ့က ပြန်လည် သိမ်း ပိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အပါအဝင် မင်းပြားနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)ရဲ့ စာရင်းတွေအရ အိုးအိမ်စွန့်ခွာ ထွက်ပြေး ရတဲ့ ဒုက္ခသည် တွေကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့အထိ လူပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရှိနေပါတယ်။ https://www.rfa.org/burmese/ne ws/rathedaung-idp-camp-weapon-10052020063735.html

***************

၂၅။ ကျောက်တော်မြို့နယ် မင်းသားတောင်ရွာထဲ လက်နက်ကြီးကျည်ကျပြီးနောက် အဘွားတစ်ဦး လန့်ဖြတ် သေဆုံး
October 06, 2020

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာထဲသို့ လွန်ခဲ့သည့် ညဉ့်အချိန် ၁၂ နာရီခန့်က လက်နက်ကြီး ကျည်နှစ်လုံးကျရောက်ပေါက်ကွဲပြီးနောက် အသက် (၉ဝ)ကျော်အရွယ်ရှိ အဘွားအို တစ်ဦး လန့်ဖြတ် သေဆုံးသွားခဲ့သည် ဟု ကျေးရွာသားများက ပြောသည်။ သေဆုံးသွားသည့်အဘွားအိုမှာ အသက် ၉၄ နှစ်အရွယ် ဒေါ်နှောင်းထွီးဖြူဖြစ်သည်။ မင်းသားတောင် ရွာလယ်ပိုင်းတွင်ရှိသည့် သူ၏အိမ်တွင် ပြီးခဲ့သည့်ညဉ့်အချိန်က မိသားစုနှင့်အတူအိပ်နေစဉ် ရွာထဲသို့ လက် နက်ကြီး ကျည်နှစ်လုံးကျရောက်ပေါက်ကွဲပြီးနောက် လန့်ဖြတ်ပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသားများကပြောသည်။

ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်မြဟိန်းက “အဲဒီအဘွားက ရောဂါထွေထွေထူးထူးလည်း မရှိဘူး။ ကျန်းမာရေးလည်း အရမ်း ကောင်းတယ်။ ဒါပေမယ့် ညဉ့်အချိန်မှာ လက်နက်ကြီးတွေကျရောက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေက ကြောက် လန့်ပြီးတော့ အိမ်အပေါ်မှာ မနေရဲကြဘူး။ နောက်လည်း ဆက်ပစ်မလားမသိဘူးဆိုပြီးတော့ အိမ်အောက်ကို ဆင်းကြဖို့ အဲဒီအဘွားကိုခေါ်တော့ အဲဒီမှာ သေနေပြီ။ ကြောက်လန့်ပြီးသေဆုံးသွားတာပေါ့။”ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။ မင်းသားတောင်ကျေးရွာအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညဉ့် ၁၂ နာရီအချိန်က ရွာ၏အနောက်ဘက်ရှိ သောက်သုံး ရေကန်နှင့် ရွာထွက်ဝလမ်းတို့တွင် လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးနှင့်တစ်လုံး သည် (၈)မိနစ် ခန့်ကြာသည်ဟု ရွာသားများက ပြောသည်။ သေဆုံးသွားသည့်အဘွား၏ရုပ်အလောင်းအား အောက်တိုဘာ လ ၄ ရက်နေ့ ညနေ ၂ နာရီခန့်တွင် သင်္ဂြိုလ်ခဲ့ကြသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကို ဆက်သွယ်မေးမြန်းရာ သူက “ကျနော်လည်း မနက်လင်းမှ ကြားမိတယ်။ ရွာသားတွေနဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရဘူး။ ကျနော်လည်း ခရီးနည်း နည်းသွားနေတာနဲ့ သူတို့နဲ့ contact မလုပ်ဖြစ်ဘူး။”ဟု ပြောသည်။ ညနေ ၆ နာရီခန့်ကလည်း ကျေးရွာအနီး လက်နက် ငယ်ပစ်သံများကို ကြားလိုက်ရပြီး လာမည့်ညဉ့်အချိန်တွင်လည်း ကျေးရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်လာမည်ကို ရွာသားများ စိုးရိမ်ကြောက်လန့်နေကြသည်ဟု သိရသည်။ https://www.bnionline.net/mm/new

**************

၂၆။ ဖားကန့်မြို့ကို Stay at Home သတ်မှတ်ပေးရန် တောင်းဆို
4 October 2020

ဖားကန့်မြို့အား Stay at Home သတ်မှတ်ပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန သို့ တောင်းဆိုထားကြောင်း ဖားကန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးထံမှ သိရသည်။ ကချင်ပြည်နယ်အစိုးရ၏ စက်တင်ဘာလ ၂၂ ရက်နေ့ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်မထွက်ရန်နှင့် အိမ်ထဲ တွင်သာနေထိုင်ရန် ညွန်ကြားထားသော်လည်း စားဝတ်နေရေးကြောင့် ဖားကန့်တွင် ရေမဆေးကျောက်ရှာမှုများနှင့် အခြား လုပ်ငန်းလုပ်ကိုင်မှုများ ရှိနေသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ဒီဖားကန့်ကို Stay at Home လုပ်ပေးဖို့တောင်းဆိုရတဲ့အကြောင်းရင်းကတော့ အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်လေး ခက်ခဲဖြစ်တယ်။ ခုကျနော်တို့ကဒ်တွေထုတ်ပေးထားတယ်၊ အဲကဒ်က ဘာလုပ်ဖို့လဲဆိုရင် အစားအစာဝယ်ဖို့နဲ့ ကျန်းမာရေး အတွက်ဘဲဖြစ်တယ်။ အမှန်ဆိုလို့ရှိရင် ကိုယ့်ရဲ့နယ်မြေအပိုင်းအခြားကလွဲပြီး တစ်ခြားကို ထွက်ခွင့်မရှိပါဘူး။ Stay at Home ဆိုတာက အိမ်မှာဘဲနေပြီးတော့ လုပ်ရမယ်ဆိုပေမယ့် ခုကဘာလဲဆိုတော့ လူတွေကစားဝတ်နေရေး မပြေလည်တာ ရော အကြောင်းအမျိုးမျိုးပြပြီးတော့မှ ရေမဆေးသွားရှာတဲ့သူတွေလည်းရှိနေတယ်။ ကျောက်ပွဲသွားတိုက်တဲသူလည်းရှိ တယ်။ ဒီလိုမျိုးဆက်ဆံမူတွေရှိနေတဲ့ချိန်ကျတော့ သက်ဆိုင်ရာ ဂိတ်မှာစောင့်နေပေးကြတဲ့ စေတနာ့ဝန်ထမ်းတွေက တိတိကျကျဆောင်ရွက်ဖို့ ခက်ခဲနေတဲ့အပိုင်းရှိတယ်။ အဲကြောင့်မို့ တောင်းဆိုလိုက်တာဖြစ်တယ်။” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင့်စိုးက ပြောဆိုခဲ့သည်။ တောင်းဆိုမူတွင် ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဖားကန့်မြို့ရပ်မိရပ်ဖများ၏ သဘောထားများလည်း ပါဝင်ကာ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက တစ်အိမ်ကို ကဒ်တစ်ကဒ်ထုတ်ပေးထားကြတယ်။ အဲကဒ်ထုတ်ပေးတဲ့ချိန်မှာတော့ အုပ်ချုပ်ရေးဘက်ကသေချာပြောပြီး ထုတ်ပေးကြတယ်။ အနည်းဆုံး ၂ပတ်လောက်တော့ အိမ်မှာဘဲနေပေးကြပါ၊ အပြင်မ ထွက်ပေးဖို့ ပြောကြပါတယ်။ သက်ဆိုင်ရာတွေကလည်း ကျန်းမာရေးအရမို့ ခုလိုလုပ်တာနားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့ဆို ရမ်းခက်ခဲကြတယ်။ စားစရာဆန်တောင်မရှိကြတော့တဲ့သူတွေလည်းရှိတော့ ကြာလာရင် ဒီရောဂါနဲ့မသေဘဲ ငတ် ဘေးနဲ့သေနိုင်တယ်။”ဟု ဖားကန့်ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ခင်စန်းတင့်က ပြောသည်။ ကချင်ပြည်နယ်တွင် အောက်တို ဘာလ ၄ ရက်နေ့ထိ ပိုးတွေ့လူနာစုစုပေါင်း ၄၉ ဦးရှိပြီး ကုသမှု ခံယူနေဆဲ စုစုပေါင်း ၂၃ ဦးရှိနေသည်ဟု ပြည်နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်မှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအနက် ဖားကန့်မြို့နယ်မှ ၃၅ ဦးပါဝင်နေ သည့်အတွက် ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာအများ ဆုံးသည် ဖားကန့်မြို့နယ်မှဖြစ်သည်။ https://burmese.kachinnews.com/2020/10/04/%e1%80%96%e1%80 %ac%e1%80%b8%e1%80%80%e1

**************

၂၇။ မတူပီဘက်မှပို့သည့် မဲရုံသုံးပစ္စည်းများ ပလက်ဝတွင်ရောက်ပြီဖြစ်သော်လည်း စစ်တွေဘက်မှပို့သည့်ပစ္စည်းများ မရောက်ရှိသေ
October 3, 2020

ပလက်ဝမြို့နယ်တွင် အသုံးပြုမည့်မဲရုံသုံးပစ္စည်းများ မတူပီဘက်မှပို့သည့် မဲရုံသုံးပစ္စည်း (၄)မျိုးရောက်ရှိပြီဖြစ်သော်လည်း စစ်တွေဘက်မှ ပို့သည့် ပစ္စည်းများယခုချိန်ထိမရောက်ရှိနိုင်သေးဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးလင်းကျော်ထံမှ သိရသည်။

“ပလက်ဝမှာတော့ မဲရုံသုံးပစ္စည်း၄မျိုးကတော့ ပလက်ဝရယ် ဆမီးရယ် နောက်မတူပီနဲ့ နီးတဲ့နေရာတွေ မတူပီနဲ့နီးတဲ့အုပ်စု တွေကတော့ မတူပီမှာရောက်ပြီ၊နဂိုရွေးကောက်ပွဲတုန်းကတော့ ပလက်ဝမှာ အားလုံးပုံတယ်လေ အခုကတော့ အခြေနေ တစ်ခုအရ မတူပီနဲ့နီးတဲ့ ပလက်ဝမြို့နယ်ထဲက အုပ်စုတွေအတွက်ဆိုရင် မတူပီမှာထားတယ်၊ ဆမီးရဲ့အောက်ခြမ်းမှာရှိတဲ့ ကျေးရွာအုပ်စုတွေအတွက်ဆိုရင် ဆမီးမှာထားတယ်၊ ပလက်ဝနဲ့ ပလက်ဝပတ်ဝန်းကျင်နဲ့အထက်ပေါ့ အဲကအုပ်စုတွေ အတွက်ဆိုရင် ပလက်ဝကိုပို့တယ်၊အဲတာကတော့ ပစ္စည်း(၄)မျိုးကတော့ ရောက်ပြီပေါ့၊ ကျန်တဲ့ပစ္စည်းတွေကတော့ စစ်တွေ မှာပဲရှိနေပါသေးတယ်၊”ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။

လက်ရှိချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် မဲဆန္ဒနယ်အများဆုံးမြို့နယ်ဖြစ်ပြီး လူဦးရေအများဆုံးနှင့် ဒေသအကျယ် အဝန်းသည်လည်း ချင်းပြည်နယ်တွင် အကျယ်ပြန့်ဆုံးဖြစ်သည်။ https://www.chinworld.org/2020/10/03/%e1%8 0%99%e1%80%90%e1%80%b0%e1% 80%95%e1%80

***************

၂၈။ ကလောမြို့နယ် ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၂ဦး တွေ့ရှိ
October 3, 2020

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားကျေးရွာရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ကားသမားများကို ယနေ့ (အောက်တိုဘာ ၃)ရက်တွင် test kits ဖြင့် စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ဦး တွေ့ရှိကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာ ၃ ရက် မနက် ၆ နာရီ မှ ညနေ ၄ နာရီထိ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ (၃၉၉) ဦး စစ်ဆေးရာမှာ ကိုဗစ် -၁၉ အတည်ပြု လူနာ ၂ ဦးတွေ့ရှိခဲ့ကြောင်း သျှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို ထံမှ စုံစမ်းသိရှိရသည်။“ခုလောလောဆယ် မနက် ၆ နာရီမှ ၉ နာရီထိ စစ်ဆေးပေးသွားပါတယ်။ ညနေ ၄ နာရီထိ ၃၉၉ ယောက် စစ်ဆေးထားပြီးဖြစ်ပါတယ်။ ပိုးတွေ့ရှိမှုကို ပြည်နယ် ကျန်းမာရေး Page ကနေ ဖော်ပြသွားပါမယ်” ဒေါက်တာ ဇဝနကို ကပြောသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာ တဦးမှာ တောင်ကြီး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တဦးဖြစ်ပြီး၊ ကျန်တဦး မှာ ၁၂ ဘီး ကုန်တင်ယာဉ်မောင်း တဦးဖြစ်ပြီး ထို ၂ဦး နှင့် ထိတွေ့ ဆက်စပ်သည့် သူများကို လိုက်လံမေးမြန်းထားကြောင်း သိရသည်။ စက်တင်ဘာ ၂၉ ရက်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ယာဉ်မောင်းတဦး ကိုဗစ်-၁၉ စတင်တွေ့ရှိခဲ့ပြီးနောက် သျှမ်းပြည်အတွင်းသို့ ကုန်တင်ယာဉ် ဝင်ရောက်မှုကို သက်ဆိုင်ရာက တင်းကြပ်လိုက်ကြောင်း သိရသည်။ သျှမ်းပြည်တွင်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရန်အတွက် ကုန်တင်ယာဉ် နှင့် ယာဉ်နောက်လိုက်များကို test kit အခုရေ (၃၀၀၀) အသုံးပြုပြီး သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်း မှာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး သျှမ်းပြည်တွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်တင်ယာဉ်များ ဖြတ် သန်းဝင်ရောက်ပါက ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန င (၂) ပတ်အတွင်း ထုတ်ပြန်ပေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ( Negative) ထောက်ခံချက် ပါရှိမှသာ ဝင်ရောက်ဖြတ်သန်းခွင့်ပြု မည်ဖြစ်ကြောင်း သျှမ်းပြည်အစိုးရ က ထုတ်ပြန်ထားသည်။ Rapid test kit သည် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ စစ်ဆေးမှုကို လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ စတင်အသုံးပြု ဆောင်ရွက်နေပြီဖြစ်ကြောင်း နာရီ ဝက်အတွင်း အဖြေရရှိနိုင်သည်ဟု သိရသည်။ https://burmese.shannews.org /archives/18762

************

၂၉။ မောင်တောမြို့တွင် ကိုဗစ်-၁၉ လူနာ ၃၃ ဦး ထပ်မံတွေ့ရှိ
6 October 2020

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ လူနာ ၃၃ ဦးအထိ ထပ်မံတွေ့ရှိရလို့ ပြည်သူတွေအနေနဲ့ ရောဂါကြိုတင် ကာကွယ်ရေးစည်းကမ်းတွေကို အထူးလိုက်နာဖို့ လိုအပ်နေတယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။“ရောဂါပိုးက မြို့မှာပျံ့နှံ့နေပြီလို့ ယူဆနိုင်တယ်။ ဒါကြောင့် ပိုးတွေ့လူနာမြင့်တက်လာတာ ဖြစ်တယ်။ ကျမတို့ ကျန်းမာရေးဌာနက ဘယ်လောက်မဆို ပြည်စုံစွာ ပြင်ဆင်မှု တွေလုပ်ထားပါစေ ပြည်သူတွေ မိမိကိုယ်မိမိကာကွယ်မှုမပြုရင် ဒီထက်ပိုပြီးရောဂါပိုးတွေ့ရှိမှု များလာနိုင်တယ်။”

မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃၃ ဦးကို အောက်တိုဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၁၀၀ ကျော်မှာ ၃၃ ဦးပိုးတွေ့ရှိခဲ့တာလို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။ လက်ရှိ မောင်တောမြို့ကို Stay at Home အဖြစ် နေ့တစ်ဝက်သတ်မှတ်ထားပြီး မြို့အဝင်ကို အထောက်အထားမရှိဘဲ ဝင်ရောက်တာတွေ ကန့်သတ်ထား ကာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရယ် ဆိုင်ရာဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့် အရေးယူနေပါတယ်။

မောင်တောပြည်သူ့ဆေးရုံမှာ လူနာ ၂၅ ဦးသာထားရှိနိုင်တဲ့အတွက် ယာယီပြင်ဆင်ထားတဲ့ သီရိမင်္ဂလာခန်းမမှာပါ လူနာ တွေကိုခွဲထားရပါတယ်။ လက်ရှိ ဆေးရုံကြီးမှာ ၂၇ ဦး ဆေးကုမှုခံယူနေပြီး ယာယီဆေးရုံအဖြစ်သတ်မှတ်ထားတဲ့ သီရိမင်္ဂလာခမ်းမမှာ ၁၉ ဦး စုစုပေါင်း ၄၆ ဦး ဆေးကုသမှုခံယူနေကြပါတယ်။ http://burmese.dvb.no/archives/414787

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **