• Today is: Friday, April 26, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 67 , October 20, 2020)

၁။ တိုင္းရင္းသားမ်ား မဲေပးခြင့္ မဆံုး႐ႈံးေစရန္ ေပါင္းစည္း တုိင္းရင္းသား ၅ ပါတီ သေဘာထားထုတ္ျပန္

၂။ NLD ကိုယ္စားလွယ္ေလာင္း သုံးဦးကို ဖမ္းဆီးထားေၾကာင္း AA ထုတ္ျပန္

၃။ မူဆယ္ SNLD ပါတီ စည္း႐ုံးေရး ကား ေ႐ႊလီျမစ္ထဲက် ၃ဦး ေသဆုံး၊ကေလးတဦးေပ်ာက္ဆုံးေနဆဲ

၄။ စစ္ေတြၿမိဳ႕၌ ျပဳလုပ္သည့္ဆႏၵျပပြဲတြင္ ဦးေဆာင္ေက်ာင္းသားအခ်ိဳ႕ ဖမ္းဆီးခံရ

၅။ KPP ၀န္းရံသူ ၂,၀၀၀ ခန္႔ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္အတြင္း လွည့္လည္အင္အားျပ

၆။ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး KBC ဥကၠဌ ျဖင့္ေတြ႕ဆုံေမးျမန္းျခင္း

၇။ ပလက္ဝၿမိဳ႕တြင္ ေဒသခံႏွစ္ဦးဖမ္းဆီးခံရ

၈။ ျပည္သူတို႔ကိုၿခိမ္းေျခာက္ေနေသာ လက္နက္ကိုင္ျပည္သူ႔စစ္အမည္ခံ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းတို႔ကို သက္ဆိုင္ရာမွ အျမန္ဆုံးကိုယ္တြယ္ေျဖရွင္းေပးသင့္ေၾကာင္း မြန္ျပည္သစ္ပါတီ ေၾကညာခ်က္ထုတ္

၉။ မြန္ျပည္သစ္ပါတီ အဖြဲ႕ဝင္တစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံး

၁၀။ နယ္ေျမတည္ၿငိမ္သည့္ မိုင္းကိုင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲက်င္းပခြင့္မျပဳ

၁၁။ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ေက်ာင္းဆရာ ၁ ဦး လက္နက္ႀကီး ထိမွန္ ေသဆုံး

၁၂။ လြတ္လပ္ခြင့္ဆိုင္ရာ ေ႐ြးေကာက္ပြဲကတိကဝတ္မ်ား

၁၃။ ေက်ာက္မဲၿမိဳ႕နယ္တြင္ တိုက္ပြဲေၾကာင့္ ပ်က္စီးခဲ့သည့္ေနအိမ္မ်ားကို ျပန္ျပင္ေပးမည္

၁၄။ ဧရာ၀တီတုိင္းအတြင္း ကရင္ေရးရာ မဲဆႏၵရွင္ ၁၀ သိန္းခန္႔ရွိ

၁၅။ ကခ်င္ျပည္နယ္က ေက်း႐ြာအုပ္စု ၁၉၂ စု ဘာေၾကာင့္ ေ႐ြးေကာက္ပြဲ မက်င္းပလဲ

၁၆။ ဒီးေမာ့ဆိုတြင္ ျပည္နယ္အေျခစိုက္ပါတီ ၂ ခု၏ ဆိုင္းဘုတ္ဖ်က္ဆီးခံရ

၁၇။ ဖားကန႔္ႏွင့္ မိုးညႇင္းတြင္ Stay at Home အမိန႔္ထုတ္ျပန္

၁၈။ ျမ၀တီၿမိဳ႕တြင္ KNDP ပါတီေအာင္နိုင္ေရးအတြက္ လူဦးေရေသာင္းခ်ီ၍ အင္အားျပလွည့္လည္

၁၉။ ေက်ာက္မဲၿမိဳ႕နယ္ လူထုေနအိမ္ဝင္းထဲ ဗုံး/မိုင္း (၁) လုံးထပ္မံ ေတြ႕ရွိ

၂၀။ တိုက္ပြဲမျဖစ္သည့္ၿမိဳ႕နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲမက်င္းပျခင္း လက္ခံႏိုင္စရာမရွိဟုဆို

၂၁။ ေျမာက္ဦးတြင္ လက္နက္ႀကီးက်ည္ထိမွန္၍ ကေလးငယ္ ၁ ဦးပြဲခ်င္းၿပီးေသဆုံးၿပီး ၂ ဦးဒဏ္ရာရ

၂၂။ တိုင္းရင္းသားပါတီ ေထာက္ခံသူေတြ အျပန္အလွန္ ဝန္းရံၿပီး မဲဆြယ္စည္း႐ုံး

၂၃။ Covid-19 ေၾကာင့္ ဖားကန႔္တြင္ မဲ႐ုံထပ္တိုးေပးရန္ ေတာင္းဆို

၂၄။ ပဋိပကၡမျဖစ္တဲ့ ရွမ္းျပည္နယ္က မဲဆႏၵနယ္တခ်ိဳ႕ကို မဲေပးခြင့္ျပဳဖို႔ ေတာင္းဆို

၂၅။ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ ေပး မေပး စဥ္းစားရာတြင္ ႏိုင္ငံေရးအရ စြက္ဖက္၍ မစဥ္းစားရန္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီ ဒုတိယဥကၠ႒ (၁) ေျပာၾကား

၂၆။ ျမဝတီနယ္စပ္ ျမန္မာ-ထိုင္း အမွတ္(၂)တံတား ယာယီပိတ္သြားရန္ စီစဥ္

၂၇။ ျမစ္ႀကီးနားတြင္ ဒီဇင္ဘာလအထိ ညမထြက္ရအမိန႔္ ထုတ္ျပန္

၂၈။ မင္းျပားေမလြမ္း႐ြာအနီးတိုက္ပြဲျဖစ္၊ ႐ြာအနီးက်ည္က်၍ ႐ြာသားမ်ားေၾကာက္လန႔္ထြက္ေျပး

၂၉။ မိုင္းခုတ္တြင္ က်ပ္သိန္း ၈၀၀၀ ခန႔္တန္ဖိုးရွိ မူးယစ္ေဆးမ်ား သယ္သူမမိဘဲ သိမ္းဆည္းရမိ

၃၀။ ပါတီဖ်က္သိမ္းခံရမႈ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ႏွင္းဆီပါတီ စာပို႔ကန႔္ကြက္မည္

၃၁။ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ANP ပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ဖ်က္ဆီးခံရမႈ ၈ ခုထိရွိလာ

**************

၁။ တိုင္းရင္းသားမ်ား မဲေပးခြင့္ မဆံုး႐ႈံးေစရန္ ေပါင္းစည္း တုိင္းရင္းသား ၅ ပါတီ သေဘာထားထုတ္ျပန္
October 19, 2020

ေရြးေကာက္ပြဲက်င္းပျပဳလုပ္ႏိုင္ေျခရွိသည့္ေဒသမွ တိုင္းရင္းသားျပည္သူမ်ား မဲေပးခြင့္ မဆံုး႐ႈံးေရးအတြက္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ (UEC) အေနျဖင့္ ျပန္လည္သံုးသပ္ ျပင္ဆင္ေပးရန္ ေပါင္းစည္းထားသည့္ တိုင္းရင္းသား ၅ ပါတီက ေအာက္တိုဘာ ၁၈ ရက္ေန႔တြင္ ပူးတြဲသေဘာထားထုတ္ျပန္လိုက္သည္။ UEC မွ ေအာက္တိုဘာ ၁၆ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ခဲ့ေသာ ၂၀၂၀ ေရြးေကာက္ပြဲက်င္းပျခင္းမျပဳမည့္ နယ္ေျမမ်ားစာရင္း ထုတ္ျပန္ေၾကျငာခဲ့အၿပီး ၎တို႔မွ ယခုလို သေဘာထားထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း ကရင္အမ်ိဳး သား ဒီမိုကရက္တစ္ပါတီ-KNDP ဥကၠ႒က ေျပာသည္။ KNDP ဥကၠ႒ မန္းေအာင္ျပည္စိုးက “ကရင္(ျပည္နယ္)မွာက ယခင္ပိတ္ထားတဲ့ မဲဆႏၵနယ္ကိုပဲ ထပ္ပိတ္လိုက္ ေတာ့ သိပ္ေျပာစရာမရွိဘူး။ ရခိုင္၊ ရွမ္းတို႔မွာ ပိုပိုၿပီး ပိတ္လာတဲ့အခါ မဲဆႏၵရွင္ေတြရဲ႕ မဲေပးခြင့္ ရရွိေရးအတြက္ သေဘာထားထုတ္ျပန္ရျခင္းျဖစ္တယ္။” ဟု ေအာက္တိုဘာ ၁၉ ရက္တြင္ ေကအိုင္စီသို႔ေျပာသည္။ သေဘာထား ထုတ္ျပန္ထားသည့္ ျပည္နယ္ ၅ ခုမွ ေပါင္းစည္း ပါတီမ်ားမွာ ကရင္ျပည္နယ္မွ KNDP၊ KSPP-က ခ်င္ျပည္နယ္ ျပည္သူ႔ပါတီ၊ KySDP-ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီ၊ CNLD-ခ်င္းအမ်ိဳးသားဒီမိုက ေရစီ အဖြဲ႔ခ်ဳပ္၊ MUP-မြန္ညီၫြတ္ ေရးပါတီတို႔ျဖစ္သည္။

KSPP ဒုဥကၠ႒ (၂) ကြမ္ဂေရာင္ေအာင္ခမ္းကလည္း “က်ေနာ္တို႔ ကခ်င္မွာ ေက်းရြာအုပ္စုေတြေလာက္ပဲ ဖ်က္သိမ္းတာျဖစ္ တယ္။ ရခိုင္မွာဆို ၉ ၿမိဳ႕နယ္ေတာင္ ဖ်က္သိမ္းေတာ့ ေနာက္ဆက္တြဲျပႆနာေတြအမ်ားႀကီး ျဖစ္ လာႏိုင္တယ္။ ဒါကို အျမန္ဆံုးျပည္လည္ျပင္ဆင္ၿပီးမွ ေရြးေကာက္ပြဲကို လုပ္ေစခ်င္ပါတယ္။” ဟုေျပာသည္။ UEC မွ ယခုလိုလုပ္လိုက္ျခင္းအား ျဖင့္ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ တရားမွ်တေရး၊ ဖက္ဒရယ္ႏိုင္ငံတည္ေဆာက္ေရး၊ အေျခခံဥပေဒ ျပင္ဆင္ေရးတို႔တြင္ ထိခိုက္လာႏိုင္ေၾကာင္းလည္း ကြမ္ဂေရာင္ေအာင္ခမ္းက ေျပာသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္(UEC)တာဝန္ရွိသူကို ေကအိုင္စီမွ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ေျဖၾကားရန္ မအားလပ္ေသးေၾကာင္း ျပန္လည္ ေျပာဆုိသည္။

ထို႔အျပင္ ႏိုင္ငံသားတိုင္းတန္းတူ အခြင့္အေရးရရွိၿပီး လႊတ္ေတာ္ႏိုင္ငံေရးတြင္ ပါဝင္ခြင့္ ရေစသည့္နည္းလမ္းျဖင့္ ႏိုင္ငံေရး ေဘာင္ကို ခ်ဲ႕ထြင္ရန္ မျဖစ္မေနလိုအပ္ေနသည့္ အေနအထားတြင္ UEC ၏ ထုတ္ျပန္ခ်က္သည္ ေရြး ေကာက္ပြဲ က်င္းပျခင္း မျပဳမည့္ နယ္ေျမမ်ားမွ တိုင္းရင္းသားမ်ားအား လႊတ္ေတာ္ျပင္ပႏိုင္ငံေရးနည္းလမ္းမ်ား ေရြးခ်ယ္လာေစရန္ တြန္းပို႔ရာေရာက္ သည္ကို ရႈျမင္ပါသည္ဟု ထပ္မံပါရွိသည္။ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ျပည္နယ္အတြင္းရွိ အေျခစိုက္ တိုင္းရင္သားပါတီ အမ်ားအျပား ရႈံးနိမ့္မႈမ်ား ျဖစ္ေပၚခဲ့ၿပီးေနာက္ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္ျပည္နယ္မ်ားရွိ ပါတီအမ်ားအျပားမွာ သက္ဆိုင္ရာျပည္နယ္၌ တစ္ ပါတီတည္းအျဖစ္ ျပန္လည္ပူးေပါင္းလိုက္သလို အဆိုပါ ေပါင္းစည္းပါတီ ၅ ပါတီမွာလည္း အတူတကြ လက္တြဲေဆာင္ရြက္ေနသည္ဟု သိရသည္။ http://kicnews.org/2020/10/%e1%80%90%e1%80%ad %e1%80%af%e1%80%84%e1%80%b9%e1%80

**************

၂။ NLD ကိုယ္စားလွယ္ေလာင္း သုံးဦးကို ဖမ္းဆီးထားေၾကာင္း AA ထုတ္ျပန္
October 19, 2020

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသုံးဦးကို ဖမ္းဆီးထားေၾကာင္း ရကၡိဳင့္တပ္ေတာ္ AA က ထုတ္ျပန္ ေျပာဆိုလိုက္ပါတယ္။ ဒီကိုယ္စားလွယ္ေလာင္းသုံးဦးကို ေအာက္တိုဘာ ၁၄ ရက္ေန႔မွာ အမည္မသိ လက္နက္ကိုင္လူတစ္စုက ႐ိုက္ႏွက္ ဖမ္းဆီး သြားခဲ့အၿပီး ငါးရက္အၾကာမွာ AA က အခုလို ဝန္ခံေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၁၉ ရက္ညပိုင္းက ထုတ္ျပန္တဲ့ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေၾကညာခ်က္မွာ… NLD အစိုးရ အေနနဲ႔ ဖမ္းဆီး ထားတဲ့ ႏိုင္ငံေရးသမားေတြ၊ အျပစ္မဲ့ျပည္သူေတြ၊ ေက်ာင္းသားေတြ ျပန္လႊတ္ေပးမယ္ဆိုရင္ ဒီအမတ္ေလာင္း သုံးေယာက္ ကိုလည္း ျပန္လႊတ္ေပးမယ္လို႔ AA က ဒီကေန႔ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားတာပါ။ AA အေနနဲ႔ စစ္သုံ႔ပန္း လဲ လွယ္ေရးမူကို ဆက္ၿပီးဆုပ္ကိုင္ထားတယ္လို႔လည္း ဆိုပါတယ္။ ဒီကိုယ္စားလွယ္ေလာင္းေတြကို ဖမ္းဆီးထားတာနဲ႔ ပတ္သက္ၿပီး AA အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခကို RFA က ဆက္သြယ္ေမးျမန္း ရာမွာ… NLD အစိုးရဟာ ရခိုင့္ တပ္ေတာ္ ကို အျမတ္ျဖတ္ေခ်မႈန္းဖို႔နဲ႔ ရခိုင္မွာ အစိုးရတပ္မေတာ္က စစ္ရာဇဝတ္မႈ က်ဴးလြန္ႏိုင္ေအာင္ အမိန႔္ေပးေန ေၾကာင္း၊ ႏိုင္ငံတကာက ျမန္မာ့တပ္မေတာ္အေပၚ အေရးမယူႏိုင္ေအာင္ NLD အစိုးရက အကာအကြယ္ ေပးေနေၾကာင္း၊ ကိုဗစ္ကာလမွာ ရခိုင္ျပည္နယ္အတြင္း ႏိုင္ငံေရးအျမတ္ထုတ္ဖို႔ NLD အစိုးရက လုပ္ေဆာင္ေနေၾကာင္း ဒါေၾကာင့္ ဒီကိုယ္ စားလွယ္ေတြကို ဖမ္းဆီး စစ္ေဆးေနဆဲျဖစ္ၿပီး လိုအပ္တဲ့ အေျခအေနတစ္ခုအထိ ထိန္းသိမ္းထားမွာျဖစ္ေၾကာင္း RFA ကို ေျပာပါတယ္။

AA အဖြဲ႕ရဲ႕ ေျပာဆိုခ်က္နဲ႔ပတ္သက္လို႔ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ဆက္သြယ္ေမးျမန္းရာမွာ ပါတီ ေျပာေရး ဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္က… ဒီလို စစ္သုံ႔ပန္း လဲလွယ္မယ္ဆိုတဲ့ ကမ္းလွမ္းခ်က္ကို လက္ခံဖို႔ ခက္ခဲသလို၊ တပ္မေတာ္ ကို NLD အစိုးရက အမိန႔္ေပး ေစခိုင္းေနတယ္ဆိုတဲ့ AA ရဲ႕စြပ္စြဲခ်က္ကို ျငင္းဆိုလိုက္ပါတယ္။ ရခိုင့္တပ္ေတာ္ AA ဘက္က ေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕တာဝန္ရွိသူေတြကို RFA က ဆက္သြယ္ ေမးျမန္း ေနေပမယ့္ အခုထိ ဆက္သြယ္လို႔ မရေသးပါဘူး။ အလားတူ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကို RFA က ေမးျမန္း ထားေပမယ့္ ျပန္လည္ေျဖဆိုတာ မရွိေသးပါဘူး။

ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ေဒၚနီနီေမျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ေဒၚခ်စ္ခ်စ္ေခ်ာနဲ႔ ျပည္နယ္လႊတ္ေတာ္အတြက္ ယွဥ္ၿပိဳင္မယ့္ ဦးမင္းေအာင္တို႔ သုံးဦး ေတာင္ကုတ္ ၿမိဳ႕နယ္ ေဖာင္းခါးေက်း႐ြာမွာ မဲဆြယ္စည္း႐ုံးေရးဆင္းေနခ်ိန္ ေအာက္တိုဘာလ (၁၄) ရက္ေန႔မွာ လက္နက္ကိုင္ထားတဲ့ AA တပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားၿပီးေနာက္ AA က ဒီကေန႔မွာ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။ https://www.rfa.org/burmese/news/aa-detains-toungup-nld-10192020090901.html

***************

၃။ မူဆယ္ SNLD ပါတီ စည္း႐ုံးေရး ကား ေ႐ႊလီျမစ္ထဲက် ၃ဦး ေသဆုံး၊ကေလးတဦးေပ်ာက္ဆုံးေနဆဲ
October 18, 2020

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ တြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD) မဲဆြယ္စည္း႐ုံးေရး ကားတစ္စီး ေ႐ႊလီျမစ္ထဲသို႔ ထိုးက်ၿပီး အမ်ိဳးသမီး ၃ ဦး ေသဆုံးကာ၊ ကေလးတဦး ေပ်ာက္ဆုံးေနဆဲဟု သိရသည္။ ျဖစ္စဥ္မွာ ယေန႔ (ေအာက္တိုဘာ ၁၈)ရက္ မနက္ ၉ နာရီ တြင္ မူဆယ္ၿမိဳ႕ ဖိုင္ေက်ာင္းေက်း႐ြာ ေနာင္ဟင္ေလွဆိပ္တြင္ ကားတစီး ေ႐ႊလီျမစ္ ထဲသို႔ ထိုးက်ကာ စည္း႐ုံးေရး ခရီးစဥ္ လိုက္ပါသြားသည့္ အမ်ိဳးသမီး (၃)ဦး ေသဆုံးခဲ့ၿပီး၊ ကေလးငယ္တဦး ယခုခ်ိန္ထိ ေပ်ာက္ဆုံးေနဆဲဟု SNLD မွ ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁) လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္း က သွ်မ္းသံေတာ္ ဆင့္ ကို ေျပာသည္။ အဆိုပါကားသည္ (SNLD) ႏွင့္ မဲဆြယ္စည္း႐ုံးေရးကို လိုက္ပါ အားျဖည့္ေပးသည့္ ကား ျဖစ္သည္။

ထိုကားေပၚတြင္ လူ(၇) ပါရွိကာ ၃ ဦး အသက္ရွင္ၿပီး၊ အမ်ိဳးသမီး ၃ ဦး ႐ုပ္အေလာင္းကို ျပန္လည္ ဆယ္ယူလာႏိုင္ခဲ့ၿပီး ကေလးကို ရွာေဖြမေတြ႕ရွိခဲ့ေၾကာင္း စိုင္းေက်ာ္သိန္း က ေျပာသည္။“ ျပဳတ္က်သြားတဲ့ခ်ိန္မွာ (၃) ေယာက္ကေတာ့ ထြက္ လာႏုိင္တယ္။ က်ေနာ္ဝိုင္းၿပီးေတာ့ ကယ္ၾကတယ္။ က်န္တာက (၃) ေယာက္ေသဆုံးသြားၿပီး ကေလးငယ္ တစ္ဦး ေပ်ာက္ ဆုံးေနတယ္”ဟု စိုင္းေက်ာ္သိန္းက ေျပာသည္။ လက္ရွိေပ်ာက္ဆုံးေနသည့္ ကေလးငယ္သည္ အသက္ (၅)ႏွစ္ အ႐ြယ္ သာ ရွိေသးေၾကာင္းသိရသည္။

ဆက္လက္ၿပီး စိုင္းေက်ာ္သိန္းက “ စက္ေလွက ဟိုဖက္မွာရွိေနတာ။ ဒီဖက္မွာ က်ေနာ္တို႔ ကား ၃ စီးကရပ္ထားတယ္။ စက္ေလွ ေစာင့္ေနတာ။ အဲဒါကို ဒီဖက္ကေနေက်ာ္တက္သြားၿပီးေတာ့ ေရထဲထိုးက်သြားတဲ့ သေဘာျဖစ္သြားတယ္” ဟု ေျပာျပသည္။ အမ်ိဳးသမီး (၃)ဦး၏ ႐ုပ္အေလာင္းကို မူဆယ္ၿမိဳ႕ျပည္သူေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ဂ႐ုဏာ လူမႈကူညီေရး အသင္းမွ ဦးေသာင္းထြန္းက သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ SNLD မဲဆြယ္စည္း႐ုံးေရးကား ပါ။ အရွိန္ ေၾကာင့္ ေရထဲ ထိုးက်သြားတယ္။ အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီး ၂ ဦးကေတာ့ အသက္ရွင္တယ္။ အမ်ိဳးသမီး ၃ ဦး ႐ုပ္ အေလာင္းကို ေတြ႕တယ္။ ကေလးကိုဆက္ရွာေနတယ္”ဟု ဦးေသာင္းထြန္း ကေျပာသည္။ https://burmese.shann ews.org/archives /18945

**************

၄။ စစ္ေတြၿမိဳ႕၌ ျပဳလုပ္သည့္ဆႏၵျပပြဲတြင္ ဦးေဆာင္ေက်ာင္းသားအခ်ိဳ႕ ဖမ္းဆီးခံရ
19 October 2020

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕တြင္ ေအာက္တိုဘာ ၁၉ ရက္က ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ဦးေဆာင္၍ ေတာင္းဆိုဆႏၵေဖာ္ ထုတ္သည့္အတြက္ ေက်ာင္းသားအခ်ိဳ႕ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။ မြန္းလြဲ ၁ နာရီခြဲတြင္ စစ္ေတြၿမိဳ႕ အတုလမာရဇိန္ ျပည္လုံးခ်မ္းသာဘုရားႀကီးေရွ႕မွ စတင္ကာ ၿမိဳ႕တြင္းရွိ လမ္းအခ်ိဳ႕တြင္ လွည့္လည္ခဲ့ၿပီး အင္းဝဘဏ္ေရွ႕နားတြင္ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႕မွ တြဲဘက္သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ ကိုဦးသန္းႏိုင္ က “ကြၽန္ေတာ္တို႔ ၉ လပိုင္း၊ ၉ ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့တာရွိတယ္။ ဒါေပမဲ့ ဆႏၵျပၿပီးရင္လည္း အစိုးရက ကြၽန္ေတာ္တို႔ကို ဖမ္းဆီးတယ္။ ဖမ္းဆီးတာကေတာ့ တစ္ပိုင္းေပါ့။ ထားလိုက္ေတာ့။ ေနာက္ၿပီးေတာ့ ျပည္သူေတြက ထပ္ၿပီးေတာ့ ေသေနတယ္။ လက္နက္ႀကီးက်လို႔ ေသေနတယ္။ ေန႔စဥ္နဲ႔အမွ်ေသေနတယ္။ ဒါေတြ ထပ္ျဖစ္ေနတဲ့အတြက္ ကြၽန္ေတာ္တို႔ အခုလိုမ်ိဳး ထပ္လုပ္ရတာျဖစ္တယ္။ အစိုးရက ကြၽန္ေတာ္တို႔ ေက်ာင္းသူေက်ာင္းသားေတြနဲ႔ ျပည္သူေတြရဲ႕ အသံကို နားမေထာင္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အခုလိုဆႏၵျပရတာျဖစ္ပါတယ္” ဟု မီဒီယာမ်ားကို ေျပာၾကားသည္။ အဆိုပါ ဆႏၵျပေတာင္းဆိုပြဲတြင္ ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢအဖြဲ႕ဝင္မ်ား အဓိက ပါဝင္ခဲ့ၿပီး ရဟန္းသံဃာေတာ္မ်ားႏွင့္ စစ္ေတြၿမိဳ႕မွ ျပည္သူအခ်ိဳ႕ကလည္း ပူးေပါင္းပါဝင္ခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ ဆႏၵထုတ္ေဖာ္သည့္ ေက်ာင္းသားမ်ားသည္ Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင္ သည္ ကြၽန္မဟုတ္ စသည့္အခ်က္မ်ားကို ေႂကြးေၾကာ္ေတာင္းဆိုၾကသကဲ့သို႔ ဆိုင္းဘုတ္၊ ပိုစတာမ်ားကိုလည္း ကိုင္ေဆာင္ ကာ စီတန္းလမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ရကၡိဳင္ျပည္ေက်ာင္းသားသမဂၢမွ ကိုဦးသန္းႏိုင္ (သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ)၊ ကိုျမတ္စိုးဝင္း (ေက်ာင္းသားမ်ားသမဂၢ-ေက်ာက္ျဖဴပညာေရးေကာလိပ္-တြဲဖက္အတြင္းေရးမွဴး)၊ ကိုေက်ာ္ႏိုင္ေဌး (သတင္းႏွင့္ ျပန္ၾကားေရးတာဝန္ခံ) ႏွင့္ကိုေကာင္းထြန္း (သမဂၢ-တကၠသိုလ္မ်ား ရန္ကုန္၊အဖြဲ႕ဝင္) တို႔ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း သိရသည္။ https://news-eleven.co m/article/195866

**************

၅။ KPP ၀န္းရံသူ ၂,၀၀၀ ခန္႔ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္အတြင္း လွည့္လည္အင္အားျပ
October 17, 2020

ဧရာ၀တီတိုင္းေဒသႀကီး ကန္ႀကီးေဒါင့္ၿမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁၄ ရက္ေန႔မွ ၁၆ ရက္ေန႔ အထိ ကရင္ ျပည္သူ႔ပါတီ -KPP ၀န္းရံသူ လူအင္အား ၂,၀၀၀ ခန္႔မွ ၿမိဳ႕တြင္းအပါအ၀င္ KPP ကို ေထာက္ခံသည့္ နယ္ေက်းရြာမ်ား အတြင္း အင္အားျပလွည့္လည္မႈမ်ားျပဳလုပ္ခဲ့ၾကသည္ဟု သိရသည္။ ႏို၀င္ဘာလ ၈ ရက္ေန႔က်င္းပမည့္ ေရြးေကာက္ပြဲတြင္ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ မဲဆႏၵနယ္မ်ားအတြက္ ကရင္ျပည္ သူ႔ပါတီ -KPP မွ ကိုယ္စားလွယ္ေလာင္းမ်ားသာ ၀င္ေရာက္ အေရြး ခ်ယ္ခံၾကမည္ျဖစ္ၿပီး အျခား ကရင္ပါတီတစ္ခုျဖစ္သည့္ ကရင္အမ်ိဳးသားပါတီ-KNP မွ ကိုယ္စားလွယ္ေလာင္းမ်ား ၀င္ ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိသည့္ မဲဆႏၵနယ္တစ္ခုလည္းျဖစ္သည္။

အင္အားျပလွည့္လည္မႈမ်ားအတြက္ စီစဥ္သူတစ္ဦးျဖစ္သည့္ စေလာင္းေလာင္းက“ ဒီကန္ႀကီးေဒါင့္ၿမိဳ႕နယ္ထဲ မွာရွိတဲ့ ကရင္ ေဒသခံတခ်ိဳ႕ဆို ကိုယ့္ကရင္ပါတီရွိတယ္ဆိုတာေတာင္ မသိၾကဘူး။ တခ်ိဳ႕လည္း ကရင္ပါတီရွိ တာကို သိေပမယ့္ ကိုယ့္ကရင္ပါတီအတြက္ မဲထည့္ဖို႔ကို မသိၾကတာမ်ိဳးလည္းရွိတယ္။ အဲဒီအတြက္ကို စီစဥ္ တာျဖစ္ပါတယ္။ သံုးရက္ေပါင္းရင္ ၀န္းရံသူပါ အပါ ႏွစ္ေထာင္ေလာက္ရွိမယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။ အဆိုပါ အင္အားျပလွည့္လည္မႈမ်ားကို ေအာက္တိုဘာလ ၁၄ ရက္ေန႔တြင္ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ အမွတ္(၁)မဲ ဆႏၵနယ္၊ ၁၅ ရက္ေန႔ ရန္ကုန္ပုသိမ္ကားလမ္းမႀကီး တစ္ေလွ်ာက္ ျမင္းခါးဆိပ္မွ ဒါးကႏွင့္ ၁၆ ရက္ေန႔တြင္ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္ေက်းရြာမ်ားအထိ ဆိုင္ကယ္၊ ကား၊ ေထာ္လာဂ်ီမ်ားျဖင့္ အင္ အားျပလွည့္လည္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္ဟု သိရသည္။

ထိုသို႔လွည့္လည္ရာတြင္လည္း လိုက္ပါသူမ်ားအား ဆိုင္ကယ္ ၁ စီးလွ်င္ ၂ ဦးႏႈန္းျဖင့္သာစီးႏွင္းရန္ သတ္မွတ္ ထားသည့္ အျပင္ အသက္ ၁၈ ႏွစ္မျပည့္ပါက အင္အားျပလွည့္လည္ရာတြင္ ပါ၀င္ခြင့္မေပးဘဲ က်န္းမာေရးဆိုင္ရာ သတ္မွတ္ခ်က္မ်ား ႏွင့္အညီ Mask (ႏွာေခါင္းစည္း) တပ္ဆင္ျခင္း၊ လက္သန္႔ေဆးရည္မ်ားေပးေ၀ျခင္း စည္း ကမ္းခ်က္မ်ားျဖင့္ လွည့္လည္ခဲ့ ျခင္းျဖစ္သည္ဟု စေလာင္းေလာင္းက ေျပာသည္။ ကန္ႀကီးေဒါင့္ၿမိဳ႕နယ္ မဲဆႏၵနယ္မ်ားအတြက္ လာမည့္ေရြးေကာက္ပြဲတြင္ ကရင္ျပည္သူ႔ပါတီ -KPP မွ မန္းစံ ထြန္းက ျပည္သူ႔လႊတ္ေတာ္၊ တိုင္းေဒသႀကီးလႊတ္ေတာ္တြင္ မန္းစံစီဖိုးက ကန္ႀကီးေဒါင့္ ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ ၁ ႏွင့္ မန္းေစာလင္းက ကန္ႀကီးေဒါင့္ မဲဆႏၵနယ္ အမွတ္ ၂ ေနရာမ်ားအတြက္ ၀င္ေရာက္ ယွဥ္ၿပိဳင္ၾက မည္ျဖစ္သည္။ http://kicnews.org /2020/10/kpp%e1%81%80%e1%80%94%e1%80%b9%e1%8 0%b8%e1%80%9b%e1

****************

၆။ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး KBC ဥကၠဌ ျဖင့္ေတြ႕ဆုံေမးျမန္းျခင္း
19 October 2020

ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္ၿပီး ျပည္သူမ်ား မဲေပးၾကရန္ တိုက္တြန္းေသာ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC ၏ ထုတ္ျပန္ခ်က္ႏွင့္ပတ္သက္ၿပီး KBC အသင္းခ်ဳပ္ ဥကၠဌ Rev.Dr. Hkalam Samson ကို ကခ်င္သတင္းဌာန KNG က ေမးျမန္းထားပါတယ္။

ေမး။ ။ KBC ကေန လာမည့္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္ထုတ္ထားတာေတြ႕ရတယ္။ ျပည္သူေတြအေနနဲ႔ မဲထည့္ဖို႔အတြက္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို ဆရာ့အျမင္ေလးေျပာျပေပးပါ။
ေျဖ။ ။ က်ေနာ္တို႔ အသင္းေတာ္ကလူေတြ ေ႐ြးေကာက္ပြဲနီးလာၿပီဆို ေမးခြန္းေမးလာတတ္ၾကတယ္။ က်ေနာ္တို႔ ဘာသာေရး ဦးေဆာင္သူေတြကိုလည္း ဘယ္ပါတီကို မဲထည့္ရင္ေကာင္းမလဲဆိုၿပီး ေမးတာရွိတယ္။ က်ေနာ္တို႔ KBC ကေနလည္း အားလုံးခံယူထားတဲ့အတိုင္း တူပါေစဆိုၿပီး ဒါေပမဲ့ တစ္ေယာက္ေယာက္ရဲ႕ လြတ္လပ္စြာေ႐ြးခ်ယ္ပိုင္ခြင့္ကေတာ့ သူဟာနဲ႔သူ ေတာ့ရွိပါေစေပါ့။ ဒါေပမဲ့က်ေနာ္တို႔က အားလုံးစုေပါင္းၿပီးေတာ့ ပညာေပးတဲ့လမ္းစဥ္အတိုင္းလုပ္ရေအာင္ဆိုၿပီး ၿပီးခဲ့တဲ့ ၂ ပတ္ခန႔္က က်ေနာ္တို႔ KBC ရဲ႕ EC ကေန အေရးေပၚအစီးအေဝးမွာ ဒါကိုထုတ္ျပန္လိုက္တာျဖစ္တယ္။ ဒါေပမဲ့ မိမိႀကိဳက္တာ ကိုေျပာတာေတာ့ ျပႆနာ မရွိဘူးေပါ့။

ေမး။ ။တိုင္းရင္းသားပါတီေတြအေနနဲ႔ ၫြန႔္ေပါင္းအစိုးရျဖစ္ႏိုင္ေအာင္ဆိုၿပီး ႀကိဳးစားမႈေတြရွိေနတဲ့အေပၚ ဆရာ့အေနနဲ႔ အျမင္ေလးသုံးသပ္ေပးပါ။

ေျဖ။ ။ NLD နဲ႔ က်ေနာ္ေျပာၾကည့္တဲ့အခ်ိန္မွာ NLD က ၫြန႔္ေပါင္းအစိုးရလုပ္ဖို႔အတြက္ အစီစဥ္မရွိဘူးလို႔ ေျပာၾကတယ္။ ဒါေပမဲ့ USDP ေတြကေတာ့ ျဖစ္ႏိုင္မဲ့အေျခအေနရွိတယ္။ အရင္သူတို႔လက္ထက္တုံးကလည္း တျခားတိုင္းရင္းသား ပါတီ ေတြနဲ႔လည္းသူတို႔လက္တြဲေခၚတယ္။ ဒါေၾကာင့္ ဒီမွာေတာ့ USDP ေတြအေနနဲ႔က အမွတ္ရေနတာေပါ့။ တိုင္းရင္းသားပါတီ ေတြနဲ႔ အတူလက္တြဲႏိုင္တာက ေကာင္းတယ္လို႔ ျမင္မိတယ္။ စစ္အာဏာရွင္နဲ႔ ဖြဲ႕စည္းပုံေတြကို ဦးေဆာင္ၿပီး NLD က လုပ္ရမဲ့ အဲ့တာဝန္ကို မလုပ္ေနဘူးလို႔ က်ေနာ္ကေတာ့ ရွင္းရွင္းလင္းလင္းျမင္မိတယ္။

ေမး။ ။ ႏိုဝင္ဘာ ၈ ရက္ေန႔မွာ ျပဳလုပ္မဲ့ေ႐ြးေကာက္ပြဲမွာ ပိုၿပီးေတာ့ ျပည္သူေတြရဲ႕ ရပ္တည္ရာနဲ႔ ေ႐ြးခ်ယ္စရာဆိုတာထက္ ျပည္သူေတြကို အသိေပးေျပာျပခ်င္တာရွိရင္ ျဖည့္စြက္ေျပာေပးပါ။
ေျဖ။ ။ ၂၀၁၅ ေ႐ြးေကာက္ပြဲက အေျဖမွာ က်ေနာ္တို႔က သင္ယူၿပီး ဒီေန႔က်ေနာ္တို႔ WMR အေနနဲ႔လည္း အျပင္က ဘာျဖစ္ လာမယ္ဆိုဒါကို မွန္းဆေျပာဆိုတတ္တဲ့ က်ေနာ္တို႔ ရပ္မိရပ္ဖေတြက ပညာမ်ားမ်ားယူၿပီး ကခ်င္ပါတီေတြ ေပါင္းစည္းၾကပါ ဆိုၿပီး အတူပူးေပါင္းလုပ္ေဆာင္ခဲ့ၿပီးၿပီ။ က်ေနာ္တို႔ ကခ်င္ပါတီေတြအားလုံး မစည္း႐ုံးႏိုင္ေသးဘူး။ ၿပီးေတာ့ လူမ်ိဳးစုပါတီေတြ လည္း မစုစည္းႏိုင္ေသးဘူး။ က်ေနာ္တို႔ WMR အေနနဲ႔ကေတာ့ KSPP ျဖစ္ဖို႔အတြက္ နာမည္သတ္မွတ္ေပးတယ္။ Logo ေတြ အလံေတြကို အတည္ျပဳေပးတာျဖစ္တယ္။ က်ေနာ္ကိုယ္တိုင္လည္း ပါတီေပါင္းစည္းေရး ျဖစ္ေျမာက္ေရးေကာ္မတီ ၁၇ ဦးမွာ ပါတယ္။ WMR အေနနဲ႔ စုစည္းလိုက္ရင္ ေကာင္းတယ္လို႔ အျမင္ေပးတယ္။ အေရးႀကီးဆုံးက ကိုယ္တိုင္ မဲကို ထည့္ ျဖစ္ ေအာင္ထည့္ပါ။ ဒီေန႔က်ေနာ္တို႔ တိုင္းရင္းသားေတြ ဒီမဲထည့္တဲ့ေနရာမွာ အရမ္းအာနည္းေနေသးတယ္။ မဲစာရင္းမွာ ကိုယ့္နာမည္ပါလား မပါလားေတာင္ သြားမၾကည့္ၾကဘူး။ ဒါေၾကာင့္ မဲထည့္ႏိုင္ေအာင္လုပ္ပါ။ https://burmese.k achinnews.com/2020/10/19/%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1

**************

၇။ ပလက္ဝၿမိဳ႕တြင္ ေဒသခံႏွစ္ဦးဖမ္းဆီးခံရ
October 20, 2020

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕၊ ပလုပ္ေတာင္ရပ္ကြက္မွ အမ်ိဳးသားႏွစ္ဦးကို တပ္မေတာ္သားမ်ားမွ ဖမ္းဆီးသြား ခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ဖမ္းဆီးခံရသူႏွစ္ဦးမွာ ဦးေက်ာ္မင္းေအာင္ (၃၂)ႏွင့္ ဦးေဌးလြင္ (၃၃)ႏွစ္တို႔ျဖစ္ၾကၿပီး ေအာက္တိုဘာ ၁၈ ရက္ေန႔ ညေန ၅ နာရီခန႔္တြင္ ေရတင္းခြန္ေက်း႐ြာမွ ပလက္ဝသို႔ ကုန္ပစၥည္းသယ္လာစဥ္ လမ္းတြင္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ပလက္ဝ ေဒသခံ ဦးေအာင္ေအာင္ကေျပာသည္။ “စားဝတ္ေနေရးအဆင္မေျပတဲ့အတြက္ ေရတင္းခြန္ကိုကုန္ပစၥည္းသယ္ဖို႔သြားၾက တာပါ။ အဲကပစၥည္းေတြ သယ္လာတဲ့လမ္းမွာ တပ္မေတာ္သားေတြက ဖမ္းဆီးလိုက္တာပါ။ အခုေတာ့ ရဲစခန္းမွာ ထိန္းသိမ္း ထားပါတယ္”ဟု ၎ကဆိုသည္။ ဖမ္းဆီးခံရသူႏွစ္ဦးမွာ ႀကဳံရာက်ဗန္းလုပ္ကိုင္စားေသာက္ေနသူမ်ားျဖစ္ၿပီး လက္ရွိတြင္ ၎တို႔ႏွစ္ဦးကို ပလက္ဝ ရဲစခန္းသို႔ လႊဲေျပာင္းထားသည္ဆိုေသာ္လည္း မိသားစုဝင္မ်ား ေတြ႕ခြင့္မရေသးေၾကာင္း ဖမ္းဆီးခံ ရသူ ဦးေက်ာ္မင္းေအာင္၏ ဇနီး ေဒၚျမရီသန္းကေျပာသည္။

အဆိုပါလမ္းတြင္သြားလာမည္ဆိုပါက တပ္ရင္း ၂၈၉ တြင္ ခြင့္ျပဳစာတင္ရေၾကာင္း၊ ယင္းသို႔ခြင့္ျပဳစာတင္ျပန္ ေငြေၾကးအခက္ အခဲရွိသျဖင့္ စာမတင္ဘဲသြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း ေဒၚျမရီသန္းက ဆက္ေျပာသည္။ ထိုသို႔ ဖမ္းဆီးခံရသူႏွစ္ဦးကို ပလက္ဝ ရဲစခန္းတြင္ ယာယီထိန္းသိမ္းထားခဲ့ျခင္းသာျဖစ္ၿပီး လက္ရွိမွာ တပ္မေတာ္သားအခ်ိဳ႕မွ ဖမ္းဆီးထားသူႏွစ္ဦးကို ျပန္လည္ေခၚေဆာင္သြားၿပီျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕နယ္ ရဲခစန္းမွ စခန္းမွဴး ဒုရဲမွဴးဝင္းလြင္က ေျပာသည္။“တပ္က ခဏလာအပ္ထားတာပါ။ အခုျပန္ေခၚသြားၿပီ။ ဖမ္းဆီးခံရတဲ့လူႏွစ္ေယာက္က အရက္ဆီေတြ သယ္လာ ၾကတယ္။ လမ္းမွာ ေတြ႕လို႔ သူတို႔ကိုေခၚသြားတာပါ။ ဖမ္းဆီးထားတဲ့သူႏွစ္ေယာက္ကို အမႈဖြင့္ တရားစြဲတာေတာ့ မရွိေသးပါဘူး” ဟု ၎က ဆိုသည္။

ထို႔ျပင္ စက္တင္ဘာလအတြင္းက ေက်ာက္ေတာ္ၿမိဳ႕နယ္ဘက္သို႔ ကုန္ပစၥည္းအငွားသယ္ယူပို႔ေဆာင္သူ ၄၁ ဦးအား တပ္မေတာ္ကဖမ္းဆီးကာ တပ္ရင္း(၂၈၉)သို႔ေခၚေဆာင္းသြားၿပီး တစ္ရက္ခန႔္ၾကာစစ္ေဆးခဲ့ၿပီးေနာက္ ျပန္လည္လႊတ္ေပးခဲ့ သည္။ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ တိုက္ပြဲျဖစ္ပြားမႈမ်ားရွိေနသည့္ ပလက္ဝၿမိဳ႕နယ္တြင္ ေဒသခံမ်ားမွ စားဝတ္ ေနေရးအခက္အခဲေၾကာင့္ ကုန္ပစၥည္းအငွားထမ္းရန္သြားစဥ္ မၾကာခဏဖမ္းဆီးစစ္ေဆးခံရမႈမ်ား ရွိေနသည္။ https://www .bnionline.net/mm/news-76367

***************

၈။ ျပည္သူတို႔ကိုၿခိမ္းေျခာက္ေနေသာ လက္နက္ကိုင္ျပည္သူ႔စစ္အမည္ခံ လူပုဂၢိဳလ္၊ အဖြဲ႕အစည္းတို႔ကို သက္ဆိုင္ရာမွ အျမန္ဆုံးကိုယ္တြယ္ေျဖရွင္းေပးသင့္ေၾကာင္း မြန္ျပည္သစ္ပါတီ ေၾကညာခ်က္ထုတ္
October 18, 2020

ျပည္သူ႔စစ္ဟုအမည္ခံကာ လက္နက္ကိုင္ေဆာင္၍ ျပည္သူတို႔၏အသက္အိုအိမ္စည္းစိမ္ လုံၿခဳံေရး၊ ေဒသႏၲရအုပ္ခ်ဳပ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔ကို ၿခိမ္းေျခာက္ေနသည့္ လူပုဂၢိဳလ္၊ အသင္းအဖြဲ႕မ်ားအား သက္ဆိုင္ရာမ်ားမွ အျမန္ဆုံးကိုင္တြယ္ ေျဖရွင္းေပးရန္ မြန္ျပည္သစ္ပါတီက ေၾကညာခ်က္ထုတ္ျပန္လိုက္သည္။

“လက္နက္ခ်အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရးအဖြဲ႕ ျပည္သူ႔စစ္အဖြဲ႕ မူးယစ္ေဆးဝါးအထူးႏွိမ္နင္းေရးအဖြဲ႕ဆိုၿပီး နာမည္အမ်ိဳးမ်ိဳး ေခၚၾကပါတယ္၊ အခုဟာက ႏိုင္ရာဇာတို႔ ျပည္သူ႔စစ္အဖြဲ႕၊ မလႊဲေတာင္ေပၚမွာ မႏွစ္ကနာမည္ႀကီးေနတဲ့ စိုးသန္းႏိုင္တို႔လို ၅ ေယာက္တစ္ဖြဲ႕ ၁၀ ေယာက္တစ္ဖြဲ႕ ၿငိမ္းခ်မ္းေရးေခါင္းစဥ္ေအာက္မွာ လက္နက္ခ်အလင္းဝင္ေတြကို ဂိတ္ဖြင့္ခြင့္ျပဳထားတာ တစ္ပုံႀကီးရွိေနတယ္၊ ရပ္႐ြာေတြမွာ ေသနတ္ေတြကို နားလည္မႈနဲ႔ ကိုင္ေဆာင္ခြင့္ျပဳထားတယ္၊ ခ်ဲဒိုင္ ေဘာလုံးဒိုင္လိုမ်ိဳး တရားမဝင္လုပ္ငန္းရွင္ေတြဆီက လစဥ္ေၾကးေတာင္းတယ္၊ သူတို႔ရံပုံေငြဆိုၿပီး ေလာင္းကစားပြဲေတြလုပ္ခြင့္ရတယ္၊ အေႂကြး ေတြကို ေသနတ္ျပၿပီး အငွားလိုက္ေတာင္းေပးတယ္၊ ရပ္ထဲ႐ြာထဲ အာဏာျပ ေသနတ္ျပၿခိမ္းေျခာက္ေနတာကို သူတို႔ ဆရာႀကီးေတြက မ်က္စိမွိတ္ေပးထားလို႔ရေပမယ့္ အခုလို လူသတ္တဲ့အဆင့္အထိ ရာဇဝတ္ျပစ္မႈက်ဴးလြန္လာရင္ေတာ့ ဥပေဒအတိုင္းအေရးယူခံရတာေပါ့”ဟု အမည္မေဖာ္ျပလိုေသာ ေရးၿမိဳ႕ေပၚမွ မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ေဟာင္း တစ္ဦးက ေျပာသည္။

အာယုေတာင္ေက်း႐ြာအုပ္စု စုံနံ႔သာေက်း႐ြာအနီး ခံသင္းတံတားအနီး အေျခစိုက္သည့္ မြန္ျပည္သူ႔စစ္အဖြဲ႕ေခါင္းေဆာင္ ႏိုင္ရာဇာ ဆိုသူက ေအာက္တိုဘာ ၁၅ ရက္ေန႔ ညပိုင္းတြင္ M-16 ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ခြင့္ျပန္လာသည့္ မြန္ျပည္သစ္ ပါတီ ခ႐ိုင္ေကာ္မတီဝင္ ဗဟိုသုေတသနဌာန ဒုတိယတာဝန္ခံ ႏိုင္ေဇာ္လတ္(ေခၚ) ႏိုင္ေဂးမေရာ့ ေသဆုံးခဲ့သည့္ျဖစ္စဥ္ အေပၚ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ ၁၆ ရက္ေန႔စြဲျဖင့္ မြန္ျပည္သစ္ပါတီက ေၾကညာခ်က္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ႏိုင္ေဇာ္လတ္ ႏွင့္ ႏိုင္ရာဇာတို႔အဖြဲ႕သည္ အခင္းျဖစ္ပြားသည့္ေနရာအနီးတဝိုက္တြင္ အေျခအတင္စကားမ်ားခဲ့ၾကသည့္ အသံမ်ား ၾကားခဲ့ေၾကာင္းႏွင့္ ယင္းေနာက္ ေသနတ္ပစ္ခတ္သံမ်ားၾကားခဲ့ရေၾကာင္း၊ ႏိုင္ရာဇာကိုင္ေဆာင္သည့္ M-16 အမ်ိဳး အစား ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ႐ုပ္အေလာင္းတြင္ က်န္ရစ္ခဲ့သည့္ က်ည္ဖူးမွတဆင့္ စစ္ေဆး အတည္ ျပဳႏိုင္ ခဲ့သည္ဟုဆိုသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မြန္ျပည္သစ္ပါတီ သထုံခ႐ိုင္အတြင္းေရးမွဴး ႏိုင္ခင္ေအး တရားလို ျပဳလုပ္၍ ေရးၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အမႈႀကီးအမွတ္စဥ္ (၂၆/၂၀၂၀) ျဖင့္ အမႈဖြင့္ၿပီး တရားခံ ႏိုင္ရာဇာအား ဖမ္းဆီးစစ္ေဆးလွ်က္ရွိေၾကာင္း ေရးၿမိဳ႕မရဲစခန္းမွ သိရသည္။

ယင္းသို႔ အခင္းျဖစ္ပြားရာေနရာတြင္ အေျခအတင္စကားမ်ားၿပီးေနာက္ ႏိုင္ရာဇာမွ ၎ကိုင္ေဆာင္ထားသည့္ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သည့္ ျဖစ္ရပ္မွန္ကို လီဆယ္၍ ယင္းအစား မိမိတို႔၏စခန္းအား လာေရာက္ပစ္ခတ္၍ ခုခံပစ္ခတ္ျခင္းျဖစ္ေၾကာင္း လက္ဦးမႈရယူကာ လိမ္လည္၍ သတင္းထုတ္ျပန္ေစခဲ့ေၾကာင္း၊ ယင္းျဖစ္စဥ္ကို ရာမညတိုင္း(မ္) သတင္းေအဂ်င္စီကို လီဆယ္၍ သတင္းျဖန႔္ေစခဲ့ေၾကာင္း မြန္ျပည္သစ္ပါတီက သုံးသပ္ထားသည္။“ရာဇာကို မေန႔က ရဲဖမ္းလိုက္ၿပီး သူတို႔ ျပည္သူ႔စစ္အဖြဲ႕လက္နက္ေတြကို စစ္တပ္က သိမ္းထားတယ္လို႔ၾကားတယ္၊ လူသတ္မိတယ္ဆိုတာနဲ႔ သတင္းဌာနေတြကို ဆက္သြယ္ၿပီး သူတို႔စခန္းကိုပဲ အဖြဲ႕အစည္းတစ္ခုခုက ဝင္ပစ္သြားသလို သတင္းလႊင့္လိုက္ေသးတယ္၊ ဒါေပမယ့္ အမႈမွန္ ေပၚသြားၿပီဆိုေတာ့ သူတို႔ျငင္းလို႔မရေတာ့ဘူး”ဟု အထက္ပါ မြန္ျပည္သစ္ပါတီ ဗဟိုေကာ္မတီဝင္ေဟာင္းက ဆက္ေျပာ သည္။ ျပည္သူ႔စစ္အမ်ားစုသည္ တိုင္းရင္းသား လက္နက္ကိုင္မ်ားျဖစ္ၾကၿပီး ရပ္႐ြာကာကြယ္ေရး ျပည္သူ႔စစ္၊ တိုင္းရင္းသား လက္ နက္ကိုင္အဖြဲ႕မွ အသြင္ေျပာင္း ျပည္သူ႔စစ္၊ နယ္ျခားေစာင့္တပ္ စသည့္ပုံစံမ်ိဳးစုံႏွင့္ ရပ္တည္ေနၾကေၾကာင္း သိရ သည္။ http://burmese.monnews.org/2020/10/17/%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%

**************

၉။ မြန္ျပည္သစ္ပါတီ အဖြဲ႕ဝင္တစ္ဦး ပစ္ခတ္ခံရၿပီး ေသဆုံး
October 18, 2020

၂၀၁၀ ျပည့္ႏွစ္ေနာက္ပိုင္းက လက္နက္ခ်ခဲ့တဲ့ မြန္ၿငိမ္းခ်မ္းကာကြယ္ေရး တပ္ဖြဲ႕ဝင္ေဟာင္း ဗိုလ္မႉး ႏိုင္ရာဇာအဖြဲ႕ဟာ မြန္ျပည္သူ႔စစ္အသြင္နဲ႔ ဂိတ္စခန္းခ်ထားတဲ့ ေမာ္လၿမိဳင္-ေရး ကားလမ္းအနီးနားမွာ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ အေျခအေနကို ေရးၿမိဳ႕နယ္ရဲတပ္ဖြဲ႕ ရဲမွဴး သိန္းေဇာ္က အခုလို ေျပာပါတယ္။

“သူတို႔ခ်င္း အခ်င္းခ်င္း ျဖစ္ၾကတာေတြ၊ ပစ္တာခတ္တာေတြျဖစ္ေတာ့ တစ္ေယာက္ ေသနတ္ထိမွန္ၿပီး ေသတယ္၊ မြန္ျပည္သစ္ပါတီက၊ အဲဒါေလးက တပ္ကလည္း ကြၽန္ေတာ္တို႔ဆီ မလႊဲေသးဘူး၊ ကြၽန္ေတာ္တို႔ဆီကို လာတိုင္ခ်က္ေလး ေတာ့ အၾကမ္းေကာက္ထားတယ္၊ ဥပေဒအရေတာ့ ဥပေဒနဲ႔အညီေတာ့ ေဆာင္႐ြက္ရမွာေပါ့၊ တစ္ဖက္ကေတာ့ မြန္အဖြဲ႔ ေတြပါပဲ။ သူတို႔က ျပည္သူ႔စစ္ပုံစံမ်ိဳးနဲ႔ မြန္ၿငိမ္းခ်မ္းကာကြယ္ေရးတပ္က လက္နက္ေတြ ထုတ္ေပးထားတာေပါ့၊ ဟိုဘက္က ေတာ့ သူတို႔မြန္ဘက္ကလည္း ေသနက္ပါတယ္ေလ၊ ပစၥတို၊ ပစ္တာကေတာ့ အဲေသဆုံးတဲ့သူအဖြဲ႕က ပစ္သြားတာ၊ ဒီဘက္ က ဗိုလ္မွဴး ႏိုင္ရာဇာအဖြဲ႕က မမွန္ဘူး။ မမွန္ေတာ့၊ ဒီဘက္က ပစ္လိုက္တာ မွန္သြားတာ ဒါပဲ”ေသဆုံးသူဟာ မြန္ျပည္သစ္ ပါတီ သုေတသနဌာနရဲ႕ ဒုတိယ တာဝန္ခံျဖစ္သလို ခ႐ိုင္ေကာ္မတီဝင္အဆင့္ တာဝန္ရွိသူ ႏိုင္ေဇာ္လတ္ ျဖစ္ပါတယ္။

ေသဆုံးသူဟာ ေရးၿမိဳ႕နယ္ထဲက သူ႔ဇာတိျဖစ္တဲ့ ေကာ့ဒြတ္ေက်း႐ြာျပန္ဖို႔ ေအာက္တိုဘာ လဆန္းပိုင္းက မြန္ျပည္သစ္ပါတီ မွာ ခြင့္ယူထားသူျဖစ္လို႔ သ့ူရဲ႕လႈပ္ရွားမႈကိုေတာ့ အတိအက် မသိရေသးေပမယ့္ ေသဆုံးသူရဲ႕ ခႏၶာကိုယ္ေပၚက ေသနတ္ ဒဏ္ရာအေပၚမွာ သံသယရွိမိတယ္လို႔ မြန္ျပည္သစ္ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ႏိုင္ေအာင္မေငးက RFA ကို ေျပာပါတယ္။ အခင္းျဖစ္ပြားတဲ့ညနဲ႔ ေနာက္ေန႔ ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ မြန္ျပည္သူ႔စစ္ဆိုသူ ဗိုလ္မွဴး ႏိုင္ရာဇာထံ RFA သတင္းဌာနက ဖုန္းဆက္သြယ္ရာမွာ ဖုန္းမကိုင္ခဲ့ပါဘူး။ ဗိုလ္မွဴး ႏိုင္ရာဇာကို မြန္ၿငိမ္းခ်မ္းကာကြယ္ေရးတပ္ဖြဲ႕ကေန ထုတ္ပယ္ေၾကာင္းနဲ႔ ႏိုင္ငံေတာ္ တည္ဆဲဥပေဒေတြကို ေဖာက္ဖ်က္က်ဴးလြန္ပါက သက္ဆိုင္ရာ ဌာနေတြအေနနဲ႔ လိုအပ္ သလို အေရးယူႏိုင္ေၾကာင္း မြန္ၿငိမ္းခ်မ္းကာကြယ္ေရးတပ္ဖြဲ႕က ေကာ့တုံ ဗဟိုစစ္ဌာနခ်ဳပ္ကေန ၂၀၁၉ ခုႏွစ္ မတ္လ ၁၁ ရက္ေန႔က ေၾကညာထားပါတယ္။ မြန္ျပည္သစ္ပါတီကေန ခြင့္နဲ႔ျပန္ခဲ့ၾကတဲ့ တပ္ဖြဲ႕ဝင္ေတြကို လက္နက္ကိုင္ေဆာင္ဖို႔ လုံးဝ ခြင့္မျပဳထားသလို ေသဆုံးသူအေလာင္းအနီးမွာ ထားရစ္ခဲ့တဲ့ 9 MM အမ်ိဳးအစား လက္နက္ငယ္ဟာလည္း မြန္ျပည္သစ္ ပါတီက လက္နက္မဟုတ္ဘူးလို႔ ေအာက္တိုဘာ ၁၆ ရက္မွာ မြန္ျပည္သစ္ပါတီက အသိေပးေၾကညာခဲ့ပါတယ္။

ေသဆုံးသူမွာ က်န္ရွိေနတဲ့ေသနတ္က မြန္ျပည္သစ္ပါတီက ေသနတ္မဟုတ္တဲ့အျပင္ ေသနတ္ေမာင္း မျဖဳတ္ထားသလို ေသနတ္က်ည္ဆံ ၁၄ လုံး အျပည့္ရွိေနတာနဲ႔ ေသနတ္ေျပာင္းမွာ ယမ္းေငြ႕မရွိဘူးလို႔ စုံစမ္းသိရွိထားတဲ့အေၾကာင္း ႏိုင္ေအာင္မေငး က ေျပာပါတယ္။ မြန္ျပည္သစ္ပါတီက ေရးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံမွာရွိတဲ့ ႏိုင္ေဇာ္လတ္ ႐ုပ္အေလာင္းကို ေအာက္တိုဘာ ၁၆ ရက္ေန႔ မြန္းလြဲပိုင္းမွာ မြန္ျပည္သစ္ပါတီ ဝယ္ဇဥ္တပ္စခန္းကို သယ္ေဆာင္သြားခဲ့ၿပီး ေနာက္တေန႔မွာ သၿဂႋဳဟ္ခဲ့ပါတယ္။ https://www.rfa.org/burmese/news/nmsp-member-shot-dead-10182020215014.html

**************

၁၀။ နယ္ေျမတည္ၿငိမ္သည့္ မိုင္းကိုင္ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲက်င္းပခြင့္မျပဳ
October 17, 2020

နယ္ေျမတည္ၿငိမ္ေအးခ်မ္းၿပီး တိုက္ပြဲမျဖစ္ပြားသည့္ သွ်မ္းျပည္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ တခုလုံးကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ေ႐ြးေကာက္ပြဲ က်င္းပခြင့္မျပဳေၾကာင္း ထုတ္ျပန္ခဲ့သည္။ သွ်မ္းျပည္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ တခုလုံး ေ႐ြးေကာက္ပြဲ က်င္းပခြင့္ မျပဳသည့္အေပၚ မျဖစ္သင့္ေၾကာင္း မိုင္းကိုင္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းဆိုင္မိုင္း ကေျပာသည္။“က်ေနာ္တို႔ မိုင္းကိုင္ၿမိဳ႕နယ္ထဲမွာ တိုက္ပြဲျဖစ္တာလည္း မဟုတ္ဘူး။ နယ္ေျမအေျခေနဆိုး ေနတာလည္းမဟုတ္ဘူး။ အဲ့တြက္ေၾကာင့္ ဒါကမျဖစ္သင့္ဘူး။မျဖစ္သင့္တဲ့ ကိစၥပါ” ဟု စိုင္းဆိုင္မိုင္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။“မျဖစ္သင့္တဲ့ ကိစၥ ႏိုင္ငံသား တစ္ေယာက္ရဲ႕ မဲေပးပိုင္ခြင့္ကို ဆုံးရႈံးေစ တယ္။ တကယ္လို႔သာ သူ႔တို႔သာ မဲေပးပိုင္ခြင့္ရွိတယ္ဆိုလို႔ရွိရင္ မဲေပးႏိုင္တဲ့ အေနအထား ဖန္တီးေပးရမယ္။ ေရွ႕ဆက္ က်ေနာ္တို႔ေတာ့ ညႇိႏႈိင္းေနပါတယ္။ တိုင္ပင္ေနပါတယ္” ဟု စိုင္းဆိုင္မိုင္း ကေျပာသည္။

လက္ရွိ မဲဆြယ္ကာလတြင္ RCSS/SSA မွ တအာင္းအမ်ိဳးသားပါတီ (TNP) ကို မိုင္းကိုင္ၿမိဳ႕နယ္ အတြင္း မဲဆြယ္စည္း႐ုံး မရ ေအာင္ အေႏွာက္အယွက္ ေပး ေနေၾကာင္း လည္း မိုင္းကိုင္ၿမိဳ႕နယ္ TNP ဥကၠဌ မိုင္းႏုမ္ဟန္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာ သည္။ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး မွ RCSS/SSA အေနျဖင့္ တားဆီးပိတ္ပင္ျခင္း မရွိေၾကာင္း ႏွင့္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္သည့္ ေနရာမွာ စည္းကမ္းခ်က္မ်ား အကန႔္အသတ္မ်ား စစ္ေဆးသည့္ ကိစၥမ်ားရွိေၾကာင္း ေျပာသည္။“မဲဆြယ္ စည္း႐ုံးေရး ကာလမွာ အဟန႔္အတားလုပ္တာ မရွိဘူး။ အဲ့ဒီ ေဒသမွာ အေျခေန ၿငိမ္သက္ေနတယ္”ဟု ဒုဗိုလ္မွဴးႀကီး အုမ္ေခး က ဆို သည္။ အရပ္သားအစိုးရ လက္တက္တြင္ သွ်မ္းျပည္အေပၚ လက္ရွိျပဳမူမႈသည္ အရပ္သားအစိုးရကို အယုံအၾကည္ ကင္းမဲ့ သည့္ အေနအထားျဖစ္သြားေၾကာင္း သွ်မ္းျပည္သူမ်ားက မွတ္ခ်က္ျပဳလိုက္သည္။

သွ်မ္းျပည္ အတြင္း ေ႐ြးေကာက္ပြဲ က်င္းပခြင့္မျပဳသည့္ ၿမိဳ႕နယ္မ်ားမွာ မိုင္းလားၿမိဳ႕နယ္၊ ပန္ဆန္းၿမိဳ႕နယ္၊ နားဖန္းၿမိဳ႕နယ္၊ မိုင္းေမာၿမိဳ႕နယ္ ၊ ပန္ဝိုင္ၿမိဳ႕နယ္ ၊ မိုင္းကိုင္ၿမိဳ႕နယ္ တို႔ မွ ၿမိဳ႕နယ္ တခုလုံးျဖစ္ေၾကာင္း ေအာက္တိုဘာ (၁၆)ရက္ တြင္ ျပည္ ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ က တရားဝင္ထုတ္ျပန္ခဲ့သည္။ ထို႔ျပင္ ေက်ာက္မဲၿမိဳ႕နယ္ ၊ ေနာင္ခ်ိဳၿမိဳ႕နယ္၊ နမ့္ဆန္ၿမိဳ႕ နယ္ ၊မန္တုံၿမိဳ႕နယ္၊ မိုင္းခတ္ၿမိဳ႕နယ္၊ မိုင္းယန္းၿမိဳ႕နယ္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ မူဆယ္ၿမိဳ႕ နယ္၊ မက္မန္းၿမိဳ႕နယ္၊ မိုင္းတုံၿမိဳ႕နယ္၊ တန႔္ယန္းၿမိဳ႕နယ္၊ လားရႈိးၿမိဳ႕နယ္၊ ကြမ္းလုံၿမိဳ႕နယ္ ကုန္ၾကမ္းၿမိဳ႕နယ္ ႏွင့္ ဟိုပန္ၿမိဳ႕ နယ္တို႔မွ ေက်း႐ြာအုပ္စုမ်ားစြာ က်င္းပခြင့္မျပဳေၾကာင္းလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က တရားဝင္ ထုတ္ျပန္ခဲ့ သည္။ https://burmese.shannew s.org/archives/18933

**************

၁၁။ ရေသ့ေတာင္ၿမိဳ႕နယ္တြင္ ေက်ာင္းဆရာ ၁ ဦး လက္နက္ႀကီး ထိမွန္ ေသဆုံး
19 October 2020

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ႐ြာသစ္ေက ေက်း႐ြာမွ မူလတန္းျပ ေက်ာင္းဆရာ ၁ ဦး သည္ ေအာက္တိုဘာလ ၁၉ ရက္ေန႔ မနက္ပိုင္းက လက္နက္ႀကီး ထိမွန္၍ ေသဆုံးသြားခဲ့ေၾကာင္း သတင္း ရရွိသည္။ အသက္ ၂၀ အ႐ြယ္ မူလတန္းျပ ေက်ာင္းဆရာ ကိုမ်ိဳးဆက္ႏိုင္ဦးသည္ ႐ြာအနီးရွိ လယ္ကြင္းတြင္ ႏြားေရတိုက္ရန္ သြားေရာက္စဥ္ လက္နက္ႀကီး က်ည္ဆန္ ထိမွန္ခဲ့ကာ ဝဲဘက္ မ်က္လုံး ေဖာက္ထြက္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး ဒဏ္ရာ ျပင္းထန္သည့္အတြက္ ရေသ့ေတာင္ ေဆး႐ုံမွ တဆင့္ စစ္ေတြေဆး႐ုံသို႔ စက္ေလွျဖင့္ ပို႔ေဆာင္စဥ္ မြန္းလြဲ ၂ နာရီ ဝန္းက်င္ အခ်ိန္၌ လမ္းတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ရေသ့ေတာင္ေဒသခံ ေက်ာင္းဆရာတဦးက “သူက ေက်ာင္းပိတ္ထားတယ္ဆိုေတာ့ မိဘ ကူတဲ့အေနနဲ႔ ႐ြာအနီး မွာ ႏြားေက်ာင္းရင္း၊ ႏြားေတြကို ေရသြားတိုက္တဲ့အခါမွာ လက္နက္ႀကီးလာက်တာ။

ဒဏ္ရာက ေတာ္ေတာ္ျပင္းေတာ့ စစ္ေတြေဆး႐ုံကို သယ္လာတဲ့အခ်ိန္ လမ္းမွာပဲ ဆုံးသြားတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။
ရေသ့ေတာင္မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က “က်ေနာ္ကို ႐ြာသားေတြ ေျပာျပ တာကေတာ့ တိုက္ပြဲလည္း မရွိဘူး။ လက္နက္ႀကီးက ရေသ့ေတာင္တပ္ရင္းက ပစ္တာလို႔ ေျပာတယ္။ လက္နက္ႀကီးမွန္တဲ့ ေက်ာင္းဆရာ ကေတာ့ မ်က္လုံးေဖာက္ထြက္ၿပီးေတာ့ ဦးေႏွာက္ထိသြားၿပီးေတာ့ လမ္းမွာ ဆုံးသြားရွာတယ္” ဟု ဧရာဝတီ သို႔ ေျပာသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဧရာဝတီမွ တပ္မေတာ္သတင္းျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းအား ဆက္သြယ္ ခဲ့ရာ ယေန႔ အဆိုပါ ရေသ့ေတာင္ၿမိဳ႕နယ္ အတြင္း တိုက္ပြဲျဖစ္ပြားျခင္းမ်ား မရွိသလို မည္သည့္ လက္နက္ႀကီး ပစ္ခတ္မႈမွလည္း မရွိေၾကာင္း ေျပာသည္။ ေသဆုံးသြားသူ ေက်ာင္းဆရာ ကိုမ်ိဳးဆက္ႏိုင္သည္ ေက်ာက္ျဖဴ ပညာေရး ေကာလိပ္ ေက်ာင္းဆင္းတဦးျဖစ္ၿပီး ၎ေသဆုံးရျခင္းႏွင့္ပတ္သက္ၿပီး ရခိုင္ျပည္ ေက်ာင္းသားသမဂၢမွ မိသားစုႏွင့္အတူ ဝမ္းနည္းေၾကာင္းႏွင့္ တပ္မေတာ္၏ လုပ္ရပ္မ်ားကို အားေပး အားေျမႇာက္လုပ္ေနေသာ အစိုးရအေပၚ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ေက်ာင္းသားသမဂၢ ေဖ့စ္ဘုတ္စာမ်က္ႏွာမွ ထုတ္ျပန္ထားသည္။

ကိုဗစ္ကာလအတြင္း တပ္မေတာ္ႏွင့္ AA တို႔၏ ႏွစ္ဖက္တိုက္ပြဲေၾကာင့္ ေက်ာက္ေတာ္၊ ရေသ့ေတာင္၊ ေျမာက္ဦးၿမိဳ႕နယ္ တို႔တြင္ စစ္ေရွာင္အေရအတြက္ ၃ ေသာင္းေက်ာ္ ထပ္မံ တိုးပြားလာကာ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ၿမိဳ႕နယ္မ်ားတြင္ စစ္ေရွာင္အေရအတြက္ ၂၂၀၀၀၀ ေက်ာ္ထိ မ်ားျပားလာေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္း အ႐ုံး (REC) က ေအာက္တိုဘာ ၁ ရက္ေန႔က ထုတ္ျပန္ထားသည္။ https://burma.irrawaddy.com/news/2020/10/ 19/231962.html

***************

၁၂။ လြတ္လပ္ခြင့္ဆိုင္ရာ ေ႐ြးေကာက္ပြဲကတိကဝတ္မ်ား
19 October 2020

၂၀၂၀ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေတြရဲ႕ ကတိကဝတ္ေတြကို ႏႈိင္းယွဥ္ရာမွာ လြတ္လပ္ခြင့္ေတြနဲ႔ပတ္သက္ၿပီး ျပည္သူ႔ပါတီနဲ႔ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္တို႔က အမ်ားဆုံး ကတိျပဳထားတယ္လို႔ ေလ့လာခ်က္ တခုက ဆိုပါ တယ္။ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုျခင္း ျမန္မာ (FEM) အဖြဲ႕က လုပ္ထားတဲ့ ေလ့လာခ်က္မွာ လက္ရွိအာဏာရပါတီ အန္အယ္လ္ဒီဟာ ေခါင္းစဥ္ ၇ ခုထဲက ၁ ခုမွာပဲ တျခားႏႈိင္းယွဥ္ပါတီေတြထက္ သာလြန္ၿပီး ၆ ခ်က္မွာေတာ့ သိသိသာသာ ကို ေလ်ာ့နည္းေနပါတယ္။ အေထြေထြေသာလူ႔အခြင့္အေရး၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၊ အမုန္းစကား၊ မီဒီယာ လြတ္လပ္ခြင့္၊ ဆႏၵထုတ္ေဖာ္ခြင့္၊ သတင္းအခ်က္အလက္ ရယူျဖန႔္ေဝႏိုင္ခြင့္နဲ႔ ဒစ္ဂ်စ္တယ္ အခြင့္အေရးဆိုတဲ့ လြတ္လပ္ခြင့္ ေခါင္းစဥ္ ၇ ခုအေၾကာင္း ေ႐ြးေကာက္ပြဲကတိကဝတ္ေတြမွာ ဘယ္လိုေဖာ္ျပထားလဲ ဆိုတာကို ေလ့လာထားတာပါ။ အန္ အယ္လ္ဒီဟာ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းမီဒီယာလြတ္လပ္ခြင့္၊ သတင္း အခ်က္အလက္ ရယူပိုင္ခြင့္တို႔ကို ဘာကတိမွာေပးမထားဘဲ အမုန္းစကားနဲ႔ ဆႏၵေဖာ္ထုတ္ခြင့္တို႔ အေပၚမွာေတာ့ အားအလြန္နည္းတဲ့ ကတိေပးထားပါတယ္။

ႀကံ့ခိုင္ေရးပါတီကေတာ့ လူ႔အခြင့္အေရး၊ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္၊ ဆႏၵထုတ္ေဖာ္ခြင့္တို႔ရဲ႕ တစိတ္တပိုင္းကိုပဲ ကတိျပဳထားၿပီး အမုန္းစကားနဲ႔ သတင္းမီဒီယာလြတ္လပ္ခြင့္ကို အားအလြန္နည္းတဲ့ ကတိ၊ သတင္းအခ်က္အလက္ရယူပိုင္ ခြင့္၊ ဒစ္ဂ်စ္တယ္အခြင့္အေရးတို႔ကို ဘာကတိမွာ မေပးထားပါဘူး။ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ဟာ လူ႔အခြင့္အေရးနဲ႔ လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္တို႔ကို ႏိုင္ငံတကာစံမီကတိေပးထားၿပီး သတင္းအခ်က္အလက္ရ ယူပိုင္ ခြင့္နဲ႔ အမုန္းစကားတို႔အေပၚ အသင့္အတင့္ခိုင္မာတဲ့ ကတိကဝတ္၊ ဆႏၵထုတ္ေဖာ္ခြင့္နဲ႔ သတင္းမီဒီယာလြတ္လပ္ခြင့္ကို အသင့္အတင့္အားနည္းတဲ့ကတိေပးထားပါတယ္။ တျခားတိုင္းရင္းသားပါတီေတာ္ေတာ္မ်ားမ်ားဟာ ဒီေခါင္းစဥ္ေတြအေပၚ မွာ ကတိေပးထားတာ မရွိၾကဘဲ ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္၊ မြန္ညီၫြတ္ေရးပါတီနဲ႔ လီဆူအမ်ိဳးသား ဖြဲ႕ၿဖိဳးတိုးတက္ေရးပါတီတို႔ကပဲ တခ်ိဳ႕ကို တစိတ္တပိုင္း ကတိျပဳထား တာေတြ႕ရပါတယ္။

FEM ရဲ႕ ဒါ႐ိုက္တာ ေဒၚယဥ္ရတနာသိန္းကလည္း “က်မတို႔ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ေပးထားတဲ့ ကတိကဝတ္ေတြအေၾကာင္း ျပည့္စုံတဲ့၊ အခ်က္အလက္တိုက္ဆိုင္စစ္ေဆးထားတဲ့၊ ကတိကဝတ္ ေတြကို ႏႈိင္းယွဥ္ျပေပးထားတဲ့ သတင္းအခ်က္အလက္ေတြ၊ ဒါမွမဟုတ္ရင္လည္း လူ႔အခြင့္အေရးနဲ႔ပတ္သတ္ၿပီး ကတိ ကဝတ္ ျပဳထားျခင္း မရွိတဲ့ သတင္းအခ်က္အလက္ေတြ ကို မဲဆႏၵရွင္ျပည္သူေတြထံ ေပးပို႔ဖို႔ပါပဲ။ ႏိုင္ငံေရး ပါတီေတြရဲ႕ မဲဆြယ္စည္း႐ုံးေရးေတြဟာ ရွင္းလင္းေသခ်ာတဲ့ ကတိကဝတ္ေတြကို ရရွိလိုတဲ့ မဲဆႏၵရွင္ေတြရဲ႕ ဆႏၵကို မျဖည့္ႏိုင္ဘဲ၊ ေဝေဝဝါးဝါး အာမခံခ်က္ေတြနဲ႔ ျပည့္ေနပါတယ္”လို႔ ေျပာပါတယ္။ http://burmese.dvb.no/archives/417960

**************

၁၃။ ေက်ာက္မဲၿမိဳ႕နယ္တြင္ တိုက္ပြဲေၾကာင့္ ပ်က္စီးခဲ့သည့္ေနအိမ္မ်ားကို ျပန္ျပင္ေပးမည္
19 October 2020

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္မဟင္႐ြာမွာ တိုက္ပြဲကာလအတြင္း ပ်က္စီးခဲ့တဲ့ေနအိမ္ေတြကို ျပန္လည္ ျပဳျပင္ေပးဖို႔ ရွိေနတယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး စီမံခန႔္ခြဲေရးေကာ္မတီက သိရပါတယ္။

အခု ေအာက္တိုဘာလအတြင္း ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်း႐ြာေတြထဲမွာ တပ္မေတာ္နဲ႔ RCSS-SSA ရွမ္းလက္နက္ကိုင္ အဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ၿပီး နမ့္မဟင္႐ြာမွာေတာ့ အိမ္ေျခေပါင္း ၃၅ အိမ္ရွိတဲ့ နမ့္မဟင္႐ြာမွာ အိမ္တိုင္းနီးပါး ပ်က္စီးေနတဲ့အျပင္ ေနအိမ္တြင္း ပစၥည္းေတြပါ ပ်က္စီး ေပ်ာက္ဆုံးတာေတြ ရွိခဲ့တာပါ။ ဒါ့အျပင္ ကြၽဲ၊ ႏြားေတြလည္း ေသဆုံး ခဲ့တာ ၾကက္၊ ဝက္ ေပ်ာက္ဆုံးတာေတြအားလုံး စာရင္းျပဳစုခိုင္းထားၿပီး ေဘးစီမံေကာ္မတီက အလုံးစုံမဟုတ္ေတာင္ အတတ္ ႏိုင္ဆုံး ျပန္လည္ျပဳျပင္ေပးကာ ျဖည့္ဆည္းေပးမွာျဖစ္တယ္လို႔ ၿမိဳ႕နယ္သဘာဝေဘး စီမံခန႔္ခြဲေရးေကာ္မတီဝင္ ကိုသားေဇာ္ က ေျပာပါတယ္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က စစ္ေဘးေရွာင္ျပည္သူေတြကို လႉဒါန္းဖို႔သြားရင္း နမ့္မဟင္႐ြာကို ဝင္ၾကည့္တဲ့အခါ တပ္မေတာ္က ရွိေနတာေၾကာင့္ ဝင္ခြင့္မသာခဲ့ပါဘူးလို႔လည္း သူက ဆိုပါတယ္။ လက္ရွိ တာဝန္က်လုံၿခဳံေရးတပ္ရင္းတပ္ဖြဲ႕ဟာ အခုမွ ေျပာင္းေ႐ႊ႕လာတဲ့သူေတြျဖစ္ၿပီး ေက်း႐ြာနစ္နာမႈအတြက္ သူတို႔အေနနဲ႔ က်ပ္ ၃ သိန္း ေထာက္ပံ့ခဲ့ၿပီးၿပီလို႔ ကိုသားေဇာ္က ဆိုပါတယ္။ တိုက္ပြဲအတြင္း လက္နက္ႀကီးထိမွန္ကာ ထိခိုက္ဒဏ္ရာရတဲ့လူနာေတြကိုလည္း ၾကည့္ရႈ ေစာင့္ေရွာက္ေပးေစ ခ်င္တယ္လို႔ ေက်ာက္မဲေဒသခံတဦးက ေျပာပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးတိုက္နယ္က ဘုန္းႀကီးေက်ာင္းေတြမွာ လက္က်န္စစ္ေဘးေရွာင္ ၁,၀၀၀ ေလာက္ခိုလႈံေနၾကပါတယ္။ http://burmese.dvb.no/archiv es/417861

***************

၁၄။ ဧရာ၀တီတုိင္းအတြင္း ကရင္ေရးရာ မဲဆႏၵရွင္ ၁၀ သိန္းခန္႔ရွိ
October 16, 2020

ဧရာ၀တီတိုင္း ေဒသႀကီး လႊတ္ေတာ္မဲဆႏၵနယ္ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာအတြက္ လာမည့္ ၂၀၂၀ အေထြေထြေရြး ေကာက္ပြဲ မဲေပးခြင့္ရွိသူ ကရင္မဲဆႏၵရွင္ဦးေရမွာ ေအာက္တိုဘာလ ၁ ရက္ေန႔စာရင္းအရ ၁၀ သိန္းခန္႔ရွိေၾကာင္းသိရသည္။

ဧရာ၀တီတိုင္းေဒသႀကီး ကရင္ေရးရာကိုယ္စားလွယ္ေလာင္းျဖစ္သူ ကရင္အမ်ိဳးသားပါတီ -KNPမွ မန္းမင္းရဲေထြးက “ တိုင္း ေကာ္မရွင္ကို ဒီေန႔ စံုစမ္းၾကည့္ေတာ့ အၾကမ္းဖ်င္းအေနနဲ႔ေအာက္တိုဘာလ ၁ ရက္ေန႔ စာရင္းအရ ကရင္ေရးရာ မဲဆႏၵရွင္ က စုစုေပါင္း (၉၉၉,၅၃၁) ဦးလို႔ သိရတယ္။ အခ်ဳပ္ကေတာ့ မလာေသးဘူး။ အတိုး အေလွ်ာ့ေတာ့ရွိမယ္။ အတိုးနည္းနည္း အဆုတ္နည္းနည္းပါပဲတဲ့။ ၁၀ သိန္းေလာက္ ေတာ့ျဖစ္ ေကာင္းျဖစ္ သြားႏိုင္တယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။ ထို႔အျပင္ ၎ ရရွိထားသည့္ ေအာက္တိုဘာလ ၁ ရက္ေန႔ စာရင္းမ်ားအရ ဧရာ၀တီတိုင္းေဒသႀကီး အတြင္း ကရင္လူမ်ိဳးအမ်ားစုေန ထိုင္ရာ ၿမိဳ႕နယ္မ်ားျဖစ္သည့္ ပန္းတေနာ္တြင္ ကရင္မဲဆႏၵရွင္ ၁ သိန္းေက်ာ္၊ ၀ါးခယ္မ ၉၂,၀၀၀ ေက်ာ္၊ ေျမာင္းျမ ၈၅,၀၀၀ ေထာင္ေက်ာ္၊ က်ံဳေပ်ာ္ ၈၁,၀၀၀ ေထာင္ေက်ာ္၊ အိမ္မဲ ၇၅,၀၀၀ ေက်ာ္၊ ေညာင္တုန္း ၆၇,၀၀၀ ေက်ာ္၊ ငပုေတာ ၆၅,၀၀၀ ေက်ာ္၊ ကန္ႀကီးေထာင့္ ၆၂,၀၀၀ ေက်ာ္ရွိသည္ဟု အၾကမ္း ဖ်င္း သိရွိရသည္။

ေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲဆႏၵရွင္စာရင္းမ်ားကို ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္လ ၁၄ ရက္ေန႔တြင္ ပထမအႀကိမ္အျဖစ္ ထုတ္ျပန္ခဲ့ၿပီျဖစ္ၿပီး ေအာက္တိုဘာလ ၁ ရက္မွ ၁၄ ရက္ေန႔အထိကို ေနာက္ဆံုး အႀကိမ္အျဖစ္ သတ္မွတ္ထားသည့္အတြက္ ၎ကာလအတြင္း မဲဆႏၵရွင္ဦးေရအေျပာင္းအလဲအနည္းငယ္ ရွိႏိုင္သည္ဟုလည္း ေရးရာကိုယ္စားလွယ္ေလာင္းမ်ားက သံုးသပ္ေျပာဆိုသည္။ ေအာက္တိုဘာလ ၁၃ ရက္ေန႔က ဧရာ၀တီတိုင္းေဒသႀကီး ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ အတြင္း ေရးမွဴး ဦးျမင့္ႏိုင္ထံ ဆက္သြယ္ေမးျမန္းခ်က္အရ ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္လ ၁၄ ရက္ေန႔အထိ ပထမအႀကိမ္ ကရင္ေရးရာ မဲဆႏၵရွင္ စုစုေပါင္းမွာ( ၉၈၆,၉၈၄ )ဦးရွိသည္ဟု သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္တြင္ ေကာက္ယူထားသည့္ ျပည္လံုးကြ်တ္သန္းေခါင္စာရင္းအရ ၿမိဳ႕နယ္ေပါင္း ၂၆ ၿမိဳ႕နယ္ရွိသည့္ ဧရာ၀တီတိုင္းေဒသႀကီးတြင္ ကရင္အပါအ၀င္ လူဦးေရ စုစုေပါင္း ၆,၁၈၄,၈၂၉ (ေျခာက္သန္း) ေက်ာ္ ဦးရွိသည္ဟု သိရၿပီး လာမည့္ ႏို၀င္ဘာလ ၈ ရက္ေန႔ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ကရင္ေရးရာ ကိုယ္စားလွယ္ေလာင္း ၆ ဦး၀င္ေရာက္ယွဥ္ၿပိဳင္ အေရြးခ်ယ္ခံမည္လည္း ျဖစ္သည္။ http://kicnews.org/2020/10/%e1%80%a7%e1%80 %9b%e1%80%ac%e1 %81%80%e1%80%90%e1%8

**************

၁၅။ ကခ်င္ျပည္နယ္က ေက်း႐ြာအုပ္စု ၁၉၂ စု ဘာေၾကာင့္ ေ႐ြးေကာက္ပြဲ မက်င္းပလဲ
17 October 2020

ကခ်င္ျပည္နယ္တြင္း ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္သည့္ ေနရာမ်ား သတ္မွတ္ျခင္းကို နယ္ေျမအုပ္ခ်ဳပ္ေရး၊ လုံၿခဳံေရးဆိုင္ရာ တပ္ဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းၿပီး လုံၿခဳံေရးအေပၚ မူတည္ကာ သတ္မွတ္ျခင္း ျဖစ္သည္ဟု ကခ်င္ျပည္နယ္၊ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံး၊ အတြင္းေရးမွဴး ဦးထြန္းေအာင္ခိုင္က ဧရာဝတီကို ေျပာသည္။

ဦးထြန္းေအာင္ခိုင္က “ဒီတိုင္း စိတ္ကူးနဲ႔ ထည့္ခ်င္ထည့္၊ မထည့္ခ်င္ မထည့္ဘူးဆိုၿပီး ဘလခ်ီးနန္းလုပ္ထားတာ မဟုတ္ဘူး။ ဘယ္ၿမိဳ႕နယ္၊ ဘယ္ေက်း႐ြာအုပ္စုလဲေျပာရင္ ဘာ့ေၾကာင့္ဆိုတာ ေျပာျပလို႔ရတယ္။ ေဝဖန္တာက သူတို႔အလုပ္ပဲ။ ထင္ေၾကး နဲ႔ ေလွ်ာက္ၿပီး ေဝဖန္ ေနတာ ထင္ရာျမင္ရာပဲ။ တိတိက်က်ေျပာဆို ထြက္မလာေတာ့ဘူး။ တို႔ လုပ္ထားတာက ေသခ်ာ စီစစ္ၿပီး လုပ္ထားတာ”ဟု ေျပာသည္။ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္သည့္ မဲဆႏၵနယ္ေျမမ်ား သတ္မွတ္ရာတြင္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) က အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန၊ ျပည္ထဲေရး ဝန္ႀကီးဌာန၊ ကာကြယ္ေရး ဝန္ႀကီးဌာနမ်ားႏွင့္ သက္ဆိုင္ရာ နယ္ေျမ အလိုက္ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္သည့္ စာရင္းမ်ားကို ေတာင္းၿပီး သုံးသပ္ကာ ေၾကျငာျခင္း ျဖစ္ပါ သည္ဟု ဦးထြန္းေအာင္ခိုင္က ဆိုသည္။

ကခ်င္ျပည္နယ္တြင္း ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္သည့္ ေနရာမ်ားမွာ အင္ဂ်န္းယန္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၆၁ စု၊ ဆြမ္ပရာ ဘြမ္ ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၃၁ စု၊ ဝိုင္းေမာ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁၃ စု၊ ေဆာ့ေလာ္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၈ စု၊ ခ်ီေဖြၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၉ စု၊ မခ်မ္းေဘာၿမိဳ႕နယ္မွေက်း႐ြာအုပ္စု ၁၅ စု၊ မိုးေမာက္ၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၂၁ စု၊ ေ႐ႊကူၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၉ အုပ္စု ၊ မံစီၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၂၂ စု၊ တႏိုင္းၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၂ စု ႏွင့္ ေခါန္လန္ဖူးၿမိဳ႕နယ္မွ ေက်း႐ြာအုပ္စု ၁ စု တို႔ျဖစ္သည္။ ဝိုင္းေမာ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္(၁) တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ တသီးပုဂၢလ ကိုယ္စားလွယ္ ဦးဂဲနက္စ္က “၁၃ ေနရာမွာ ၈ ေနရာ၊ ၉ ေနရာက ႐ြာပ်က္ေတြ လူမရွိတဲ့ ေနရာေတြလို႔ ေျပာလို႔ ရပါတယ္။ ၂၀၁၅ ပုံစံအတိုင္း သတ္မွတ္ၿပီး ဖ်က္ခ်သြားတာက ေအးခ်မ္းတည္ၿငိမ္ေနတဲ့ ေနရာေတြ ၃ ခု ၊ ၄ ခု ပါသြားေတာ့ ေနထိုင္တဲ့ လူဦးေရေတြ မဲေပးႏိုင္တဲ့ လူဦးေရက ရာဂဏန္းရွိပါတယ္။ က်ေနာ့္အေနနဲ႔ဆို ဇီးကြၽန္း၊ စန္ပိုင္ပါသြားပါတယ္။ မဲေပါင္း ၃၀၀ ေက်ာ္ နစ္နာသြားပါတယ္” ဟု ဆိုသည္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ၏ ဒုဥကၠ႒ တဦးျဖစ္ၿပီး ဆြမ္ပရာဘြမ္ ၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ဦးကြမ္ေဂါင္ေအာင္ခမ္းက UEC က ထုတ္ျပန္ေၾကျငာခဲ့သည့္ ေ႐ြးေကာက္ပြဲ မက်င္းပ ႏိုင္သည့္ နယ္ေျမမ်ားမွာ တိုင္းရင္းသားပါတီမ်ား အားေကာင္းၿပီး အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ (NLD) အား မေကာင္းသည့္ နယ္ေျမမ်ား ျဖစ္သည္ဟု ေဝဖန္သည္။ ဦးကြမ္ေဂါင္ေအာင္ခမ္း က “အခုလို ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္တာက အနာဂတ္အတြက္ ေ႐ြးေကာက္ပြဲ ၊ တရားမွ်တၿပီး ပြင့္လင္းတဲ့ ဂုဏ္ပုဒ္ကို တင္ဖို႔ကေတာ့ ခက္ခဲသြားပါၿပီ။ က်ေနာ္တို႔ အနာဂတ္ ျပန္လည္သင့္ျမတ္ေရး၊ ၿငိမ္းခ်မ္းေရး၊ ဖက္ဒရယ္ တည္ေဆာက္ဖို႔ကိုလည္း အလွမ္းေဝးေစတဲ့ အခ်က္ေတြ ပါပါလိမ့္မယ္။ ေ႐ြးေကာက္ပြဲက လြတ္လြတ္လပ္လပ္ မဲေပးပိုင္ခြင့္ ရွိရမယ္ဆိုတဲ့ အခ်က္ေပၚမွာ လုပ္ခဲ့တယ္။ အခု NLD က လုပ္တဲ့ပုံစံက က်ေနာ့္အတြက္ မႏွစ္ၿမိဳ႕စရာ ၊ ႏိုင္ငံတကာက ေထာက္ျပစရာလည္း ျဖစ္ပါလိမ့္မယ္” ဟု ေျပာ သည္။ https://burma.irrawaddy.com/news/2020/10/1 7/231847.html

***************

၁၆။ ဒီးေမာ့ဆိုတြင္ ျပည္နယ္အေျခစိုက္ပါတီ ၂ ခု၏ ဆိုင္းဘုတ္ဖ်က္ဆီးခံရ
19 October 2020

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္အေနာက္ျခမ္းက ကယန္းအမ်ိဳးသားပါတီနဲ႔ ကယားျပည္နယ္ဒီမိုကရက္တီပါတီ ကိုယ္စား လွယ္ေလာင္းေတြရဲ႕ မဲဆြယ္ဆိုင္းဘုတ္ ေအာက္တိုဘာ ၁၈ ရက္ေန႔က ဖ်က္ဆီးခံခဲ့ရပါတယ္။ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေနာက္ ျခမ္းက ေဆာင္ဒူ႐ြာက ဆိုင္းဘုတ္ ဖ်က္ဆီးခံခဲ့ရတာျဖစ္ၿပီး ဖ်က္ဆီးသူေတြဟာ ရပ္ေက်းအဆင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ေတြျဖစ္တယ္လို႔သိရေၾကာင္း ဒီေမာ့ဆိုၿမိဳ႕နယ္က ပါတီ႐ုံးအဖြဲ႕မွဴး ခြန္းေသာမတ္က ေျပာပါတယ္။“ဟုတ္တယ္သူ က ရပ္ေက်းက ေကာ္မရွင္အဖြဲ႕ဝင္လည္းဟုတ္သလို အန္အယ္ဒီပါတီရဲ႕ အမာအခံလည္းဟုတ္ေန တယ္ေပါ့ေလ။ က်ေနာ္တို႔ ပါတီကိုေထာက္ခံတဲ့လူေတြ၊ တခ်ိဳ႕႐ြာသားေတြရဲ႕ ေျပာစကားအရဆိုရင္ သူကိုယ္တိုင္ပဲလုပ္ေန တယ္ေပါ့ေလ။ က်ေနာ္တို႔ ဆီမွာေတာ့ အသံဖိုင္ေတြ၊ ဓာတ္ပုံေတြ သက္ေသအမ်ားႀကီးရွိတာေပါ့။ ”

အဆိုပါ ဆိုင္းဘုတ္မွာ ကယန္းအမ်ိဳးသားပါတီ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၂) ကိုယ္စားလွယ္ေလာင္း ခြန္းျမင့္ႏိုင္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚအယ္လ္မာနဲ႔ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီက ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေစာခူးတေလ (ခ) ပိုးရယ္တို႔ရဲ႕ ႐ုပ္ပုံနဲ႔ အေၾကာင္းေတြေရးထားတာျဖစ္ၿပီး အဲဒီဆိုင္း ဘုတ္ကို ေအာက္ေျခကေန ခုတ္လွဲထားတာလို႔ ေျပာပါတယ္။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ရပ္ေက်းေကာ္မရွင္အဖြဲ႕ကို အသိေပး ထားၿပီးျဖစ္ၿပီး ေနာက္ေနာင္ဒါမ်ိဳး ေတြမလုပ္မိေအာင္ တိတိက်က် သတိေပးဖို႔ ေျပာဆိုခဲ့ေၾကာင္းနဲ႔ ေကာ္မရွင္ဘက္လည္း ရဲအေရးပိုင္ အမႈျဖစ္တာေၾကာင္း ရဲကိုတိုင္ဖို႔ အေၾကာင္းျပန္ခဲ့တယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ ႐ြာသားခ်င္းျဖစ္တာမို႔ အမႈမဖြင့္ ဘူးလို႔ ေျပာပါတယ္။

ကယန္းအမ်ိဳးသားပါတီ ဥကၠ႒ ခြန္းဘီထူးက “ ေ႐ြးေကာက္ပြဲက ၿပိဳင္ေနတဲ့ဟာေတြ ျပင္းထန္လာတယ္။ က်ေနာ္တို႔နားလည္ သေလာက္ေျပာရရင္ က်ေနာ္တို႔တိုင္းရင္းသားပါတီေတြက အေျခအေနေတြေကာင္းလာတယ္။ အဲဒီလိုေနရာမ်ိဳးမွာ တျခား ပါတီဘက္က က်ေနာ္တို႔ကို ၿပိဳင္ဖို႔ အားနည္းသြားတဲ့အခ်ိန္မ်ိဳးမွာ က်ေနာ္တို႔ေပၚမွာ ဆိုင္းဘုတ္ဖ်က္တာတို႔၊ က်ေနာ္တို႔ရဲ႕ စီတန္းလွည့္လည္မႈမွာ ေႏွာင့္ယွက္တာတို႔၊ က်ေနာ္တို႔ကို တေလွ်ာက္လုံး ထိုးႏွက္မႈေတြမ်ားလာတယ္လို႔ က်ေနာ္တို႔ အတိ အက်ေတြ႕ထားတာေပါ့ေနာ္။ အဲေတာ့ အခုလိုမ်ိဳး ဆိုင္းဘုတ္ဖ်က္တဲ့ လုပ္ရပ္ေတြကေတာ့ အင္မတန္မွ ေအာက္တန္းက် တယ္။ ဒါမျဖစ္သင့္ဘူး။” ကယားျပည္နယ္နယ္အေျခစိုက္ပါတီေတြျဖစ္တဲ့ ကယားျပည္နယ္ဒီမိုကရက္တစ္ပါတီနဲ႔ ကယား အမ်ိဳးသားပါတီဟာ မဟာမိတ္ျပဳလုပ္ထားၿပီး ျပည္နယ္အတြင္း မဲဆႏၵနယ္အားလုံးမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ http://burmese.dvb.no/archives/417969

**************

၁၇။ ဖားကန႔္ႏွင့္ မိုးညႇင္းတြင္ Stay at Home အမိန႔္ထုတ္ျပန္
19 October 2020

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္နဲ႔ မိုးညႇင္းၿမိဳ႕နယ္ကို Stay at Home အစီအစဥ္မွာ အက်ဳံးဝင္တဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေအာက္တိုဘာ ၁၉ ရက္ေန႔စြဲနဲ႔ အမိန႔္ထုတ္ျပန္ပါတယ္။ ကခ်င္ျပည္နယ္အတြင္း ဓာတ္ခြဲ အတည္ျပဳလူနာေတြ ထပ္မံေတြ႕ရွိရမႈ၊ ခရီးသြားရာဇဝင္မရွိတဲ့အျပင္ အတည္ျပဳလူနာေတြနဲ႔လည္း ထိေတြ႕တာမရွိဘဲ အခ်ိန္ တိုအတြင္း လူနာေတြမ်ားလာတာေၾကာင့္ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အဆိုပါ ၿမိဳ႕နယ္ေတြမွာ ေနထိုင္တဲ့ ျပည္သူ ေတြ မိမိတို႔ရဲ႕ ေနအိမ္မွာ ေနထိုင္ဖို႔ လိုအပ္တယ္လို႔ လည္းဆိုပါတယ္။ Stay at Home အမိန႔္အရ အစိုးရဌာနက ႏိုင္ငံ့ ဝန္ထမ္းေတြ ၂ ပတ္႐ုံးတက္ ၂ ပတ္ အိမ္မွာေနၿပီး ႐ုံးလုပ္ငန္းေတြေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

ပုဂၢလိက လုပ္ငန္းေတြထဲမွာေတာ့ ဘဏ္နဲ႔ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းေတြ၊ စက္သုံးဆီအေရာင္းဆိုင္ေတြ၊ ေဆးဆိုင္ေတြ၊ ေရသန႔္နဲ႔ ေန႔စဥ္ တစ္ကိုယ္ေရသုံးပစၥည္းစက္႐ုံ ဝန္ထမ္းေတြ၊ စာတိုက္လုပ္ငန္း၊ အင္တာနက္ဝန္ေဆာင္မႈ၊ တာဝါတိုင္နဲ႔ ဖိုင္ဘာျပဳျပင္ ဝန္ေဆာင္မႈ လုပ္ငန္းေတြကလြဲၿပီး က်န္သူေတြ ေနအိမ္မွာ ေနထိုင္ရမွာပါ။ မျဖစ္မေန ေဈးဝယ္ထြက္ဖို႔အတြက္ တအိမ္တေယာက္ပဲ ထြက္ဖို႔၊ ေဆး႐ုံ ေဆးခန္းကို တစ္အိမ္ ႏွစ္ေယာက္ပဲသြားဖို႔၊ အျပင္ထြက္ရင္ ႏွာေခါင္းစည္းတပ္ၾကဖို႔ေတြ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ ၿပီးေတာ့ေဈးဝယ္ထြက္ရင္ ယာဥ္ေပၚမွာ ယာဥ္ေမာင္းနဲ႔ ေနာက္တေယာက္၊ ေဆး႐ုံေဆးခန္း သြားရင္ ယာဥ္ေပၚမွာ ယာဥ္ေမာင္းနဲ႔ ေနာက္ ႏွစ္ေယာက္ထက္ မပိုဖို႔ စတာေတြကို ၫႊန္ၾကားထားပါတယ္။ အဆိုပါ ၿမိဳ႕နယ္ ၂ ခုကေန ကုန္စည္စီးဆင္းမႈ အဆင္ေျပေခ်ာေမြ႕ေရးအတြက္ ကုန္တင္ယာဥ္ေတြ သြားလာမႈ စံသတ္မွတ္ခ်က္ ( SOP) အတိုင္းလိုက္နာေဆာင္႐ြက္ရမွာပါ။

တျခားအေရးေပၚကိစၥေတြနဲ႔ သြားလာဖို႔ရွိပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို သတင္းဖို႔ ခြင့္ျပဳခ်က္ယူဖို႔နဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕အေနနဲ႔ တာဝန္ထမ္းေဆာင္ဖို႔ သြားလာသူေတြကလြဲၿပီး ရပ္ကြက္ျပင္ပမွ လည္းေကာင္း ရပ္ကြက္ အတြင္းမွလည္းေကာင္း ဝင္ထြက္သြားလာတာေတြခြင့္မျပဳဖို႔လည္း ၫႊန္ၾကားထားပါတယ္။ မြန္ျပည္နယ္၊ မႏၲေလးတိုင္း၊ ပဲခူးတိုင္းနဲ႔ ဧရာဝတီတိုင္းေဒသႀကီးအတြင္းက ၁၁ ၿမိဳ႕နယ္ကို Stay at Home အစီအစဥ္မွာ အက်ဳံးဝင္တဲ့ အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ စက္တင္ဘာ ၂၅ ရက္ေန႔ စြဲနဲ႔ အမိန႔္ထုတ္ျပန္ထားပါတယ္။ http://burm ese.dvb.no/ar chives/418005

**************

၁၈။ ျမ၀တီၿမိဳ႕တြင္ KNDP ပါတီေအာင္နိုင္ေရးအတြက္ လူဦးေရေသာင္းခ်ီ၍ အင္အားျပလွည့္လည္
October 19, 2020

ကရင္ျပည္နယ္ ျမ၀တီၿမိဳ႕တြင္ လာမည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမည့္ ပါတီစံုအေထြေထြ ေရြးေကာက္ပြဲ၌ ကရင္ အမ်ိဳးသားဒီမိုကရက္တစ္ပါတီ -KNDP ပါတီေအာင္နိုင္ေရးအတြက္ ယေန႔ (ေအာက္တုိဘာ ၁၉ ) လူဦးေရေသာင္း ႏွင့္ခ်ီ၍ ၿမိဳ႕တြင္းႏွင့္ ၿမိဳ႕ျပင္ ေက်း႐ြာမ်ားတြင္ အင္အားျပလွည့္လည္မႈ ျပဳလုပ္ခဲ့ၾကသည္။

KNDP ပါတီကို အားေပးေထာက္ခံဝန္းရံသူမ်ားသည္ ယေန႔ နံနက္ပုိင္းက ျမဝတီၿမိဳ႕႐ွိ ကရင္ထာဝရႏွစ္ကူးကြင္း ၊ ေဝွ႔႐ွမ္း မဲ့ပလဲ့ရြာ အစ႐ွိသည့္ ေနရာအသီးသီးတြင္ စုရပ္ျပဳလုပ္၍ နံနက္ ၉နာရီခြဲခန႔္က စတင္၍ ေမာ္ေတာ္ ဆိုင္ကယ္၊ ေမာ္ေတာ္ ယာဥ္ ေျမာက္မ်ားစြာျဖင့္ ျမဝတီၿမိဳ႕ ဘုရင့္ေနာင္လမ္းမႀကီး တေလ်ွာက္ႏွင့္ ကရင္တိုင္းရင္း သားအမ်ားစုေနထိုင္ရာ ေက်းရြာ မ်ားတြင္ လွည့္လည္ခဲ့ၾကျခင္းျဖစ္သည္။ ထိုသို႔ လွည့္လည္ရာတြင္ ကရင္္အမ်ဳိးသားအလံေထာင္၍ ကရင့္အမ်ိဳးသားသီခ်င္း ႏွင့္ ပါတီမဲဆြယ္စည္းရံုးေရး သီခ်င္းမ်ား ဖြင့္လွစ္ကာ “တန္းတူညီမ်ွအခြင့္အေရးရ႐ွိဖို႔ KNDP ပါတီကို မဲေပးစို႔” စသည့္ စာတမ္းပါ ႐ွပ္အက်ႌမ်ား ဝတ္ဆင္၍ လွည့္လည္ခဲ့ၾကသည္။ KNDP ပါတီေအာင္ႏိုင္ေရးအတြက္ ဝန္းရံ လွည့္လည္သူမ်ား တြင္ပါဝင္သူ တစ္ဦးက “က်ေနာ္တို႔ တန္းတူညီမ်ွ အခြင့္အေရးရ႐ွိဖို႔က ကရင္လူမ်ိဳးမွန္ရင္ ကရင္ပါတီကို မျဖစ္မေန မဲေပးၾက ဖို႔ လိုအပ္ပါတယ္။ ဘာေျကာင့္လဲ ဆိုေတာ့ ကရင္တိုင္းရင္းသားအမ်ားစုကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဟာ လႊတ္ေတာ္ထဲ ေရာက္႐ွိမွသာ ကရင္ျပည္နယ္၏ ၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္ေရး စတဲ့လုပ္ငန္းစဥ္ေတြ ပိုမိုတိုးတက္ ေကာင္း မြန္လာမယ္လုိ႔ ယုံၾကည္ပါတယ္”ဟု ေျပာသည္။

“ဒီတုိင္းရင္းသားေတြဟာ လႊတ္ေတာ္ထဲ ေရာက္လာမယ္ဆုိရင္ ၿငိမ္းခ်မ္းေရးကေတာ့ ေတာ္ေတာ္ေလးကို အဆင္ေျပသြား မွာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ တုိင္းရင္းသားေတြရဲ႕ ခံစားခ်က္ကို အရင္းခံ နားလည္တဲ့ ကိုယ္စားလွယ္ေတြက လႊတ္ေတာ္ထဲ ေရာက္သြားရင္ ညွိႏႈိင္း ၾကမယ္၊ အေျဖရွာၾကမယ္ဆုိရင္ က်ေနာ္တုိ႔ ျမန္မာ ႏုိင္ငံရဲ႕ အနာဂတ္ဟာ ေမွ်ာ္လင့္ လုိ႔၊ မွန္းဆလုိ႔ ရပါတယ္လုိ႔”ဟု ကရင္ျပည္နယ္လႊတ္ေတာ္ ျမဝတီၿမိဳ႕ နယ္ မဲ ဆႏၵနယ္ အမွတ္(၁)တြင္ ဝင္ေရာက္ ေရြးခ်ယ္ခံ မည့္ KNDP မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုးေနာင္က ေျပာသည္။

လာမည့္ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစံုအေထြေထြေရြးေကာက္ပြဲ၌ ျမဝတီခ႐ုိင္တြင္ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ(KNDP)အျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD)ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးနွင့္ ဖြံ႔ျဖိဳးတိုးတက္ေရး ပါတီ (USDP) ၊ ျပည္သူ႕ေရွ႕ေဆာင္ပါတီ(PPP)၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ တုိင္း ရင္းသားစည္းလုံးညီညြတ္ေရး ပါတီ (တစည)၊ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ (NDF)တို႔မွ ကိုယ္စားလွယ္ ေလာင္းမ်ားႏွင့္ တသီးပုဂၢလ ကိုယ္စား လွယ္ ေလာင္းတို႔မွ အသီးသီး ဝင္ေရာက္ယွည္ၿပိဳင္ အေ႐ြးခ်ယ္ခံၾကမည္ ျဖစ္သည္။ http://kicnews.org/2020/10/%e1% 80%bb%e1%80%99%e1%81%80%e1%80%90%e1%80%ae%e1%8

***************

၁၉။ ေက်ာက္မဲၿမိဳ႕နယ္ လူထုေနအိမ္ဝင္းထဲ ဗုံး/မိုင္း (၁) လုံးထပ္မံ ေတြ႕ရွိ
October 17, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ပုံးဝိုးေက်း႐ြာ ယေန႔(ေအာက္တိုဘာ ၁၇)ရက္ မနက္ပိုင္းတြင္ အရပ္သား ေနအိမ္ၿခံဝင္းတြင္ လက္နက္ႀကီး တလုံးထပ္မံ ေတြ႕ရွိေၾကာင္း စုံးစမ္းသိရသည္။ အဆိုပါ လက္နက္ႀကီးထပ္မံေတြ႕ ရွိသည့္ ေနရာသည္ ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာ အတြင္းရွိ အရပ္သားေနအိမ္ၿခံထဲတြင္ လက္နက္ႀကီး တလုံးထပ္မံေတြ႕ရွိရၿပီး၊ ထိုလက္နက္ႀကီးေတြ႕ရွိသည့္ေနအိမ္ကို လြန္ခဲ့သည့္ရက္ပိုင္းတြင္ အစိုးရတပ္မေတာ္ မွ စစ္ေၾကာင္းဝင္နားခဲ့သည့္ ေနရာျဖစ္ေၾကာင္းလည္း ပုံဝိုးေက်း႐ြာတြင္ေနထိုင္သည့္ နန္းေအာင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ဟိုေန႔က ဗုံးေတြ႕တဲ့ အိမ္နဲ႔နီးတယ္။ ဗုံးကေတာ့ တပ္မေတာ္ေတြရဲ ဗုံး ဘဲျဖစ္မယ္ထင္တယ္။ အဲေနရာမွာ က တပ္မေတာ္ စစ္တပ္ေတြဘဲေနတာ ေလ။ တပ္မေတာ္က ႐ြာထဲမွာရွိေတာ့ သွ်မ္းတပ္မေတာ္ေတြက လာလိုမရဘူး” ဟု ေဒသခံ နန္းေအာင္ကေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ ပုံဝိုးေက်း႐ြာအနီးတဝွိက္တြင္ ေအာက္တိုဘာ ၂ရက္ မွစတင္ကာ ေအာက္တိုဘာ ၁၃ ရက္ထိ သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA)ႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲ ျပင္းထန္ခဲ့သည့္ ေနရာျဖစ္သည္။ ထိုတိုက္ပြဲအတြင္း အစိုးရတပ္မေတာ္ စစ္ေၾကာင္းမ်ားသည္ ပုံဝိုးေက်း႐ြာအတြင္းသို႔ တပ္စခန္းခ်ၿပီး ေနထိုင္ ၾကသကဲ့သို႔ စစ္ေၾကာင္းမ်ား ျဖတ္သန္းမႈ ျပဳလုပ္ခဲ့သည့္ေနရာတခုလည္းျဖစ္သည္။ ထို႔ေၾကာင့္ လြန္ခဲ့သည့္ ေအာက္တိုဘာ ၁၄ရက္တြင္လည္း ပုံဝိုးေက်း႐ြာ အတြင္း အရပ္သားေနအိမ္ၿခံဝင္း၌ မိုင္း၊ဗုံး ၂လုံးကို ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္ အရသိရသည္။“အခုခ်ိန္ထိ ဗုံးကို အဲ့ေနရာမွာပဲ ခ်ထားတယ္။ ဘယ္သူမွ သြားမထိရဲေသးဘူး”ဟု ပုံဝိုးေဒသခံ နန္းေအာင္ ကဆိုသည္။

ယေန႔အခ်ိန္မွာ RCSS/SSAႏွင့္ အစိုးရတပ္မေတာ္တို႔ တိုက္ပြဲသည္ ၿငိမ္သက္ေနသျဖင့္ ပုံဝိုးေက်း႐ြာတြင္ တိမ္ေရွာင္ ေနထိုင္ သည့္ စစ္ေရွာင္ ျပည္သူ ၇၀၀ ေက်ာ္သည္ မိမိေနရပ္ကို ျပန္ရန္ အတြက္ ျပင္ဆင္ေနသည္ ဟုလည္း သိရသည္။ သို႔ေသာ္ စစ္ေရွာင္မ်ား မိမိေနရပ္ကို ျပန္သည့္အခါ ေက်း႐ြာအတြင္း လက္နက္ႀကီးမ်ား၊ ဗုံးမ်ား ရွိေနမည္ကို စိုးရိမ္ေနၾကေၾကာင္းသိရ သည္။ စစ္ေရးျပင္းထန္ခဲ့ၿပီး စစ္ေရွာင္ ၃၅၀၀ေက်ာ္ရွိခဲ့သည့္ ေက်ာက္မဲၿမိဳ႕နယ္ ေက်း႐ြာအုပ္စု ၁၂ အုပ္စုကို လာမည့္ ႏိုဝင္ဘာ (၈)ရက္ တြင္ က်င္းပမည့္ ပါတီစုံ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲ က်င္းပခြင့္မျပဳေၾကာင္း ေအာက္တိုဘာ (၁၆)ရက္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ က ေၾကညာခ်က္ထုတ္လိုက္သည္။ https://burmese.shannews.org/archives /18938

***************

၂၀။ တိုက္ပြဲမျဖစ္သည့္ၿမိဳ႕နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲမက်င္းပျခင္း လက္ခံႏိုင္စရာမရွိဟုဆို
October 17, 2020

ရခိုင္ျပည္နယ္အတြင္း ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားတြင္ တိုက္ပြဲလုံးဝျဖစ္ပြားျခင္းမရွိေသာ ၿမိဳ႕နယ္မ်ား ပါဝင္ေနျခင္းအေပၚ ရခိုင္ႏိုင္ငံေရးပါတီမ်ားက ျပစ္တင္ေဝဖန္လိုက္သည္။ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိေသာ ၿမိဳ႕နယ္မ်ားကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ယမန္ေန႔ (ေအာက္တိုဘာ ၁၆) တြင္ ထုတ္ ျပန္ေၾကညာခဲ့ရာတြင္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၉ ခုႏွင့္ ၿမိဳ႕နယ္အခ်ိဳ႕ရွိ ေက်း႐ြာအုပ္စုမ်ား ပါဝင္ခဲ့သည္။ “ဒီလို ကြက္က်ား လုပ္တယ္ဆိုတာ ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ မွ်တမႈမရွိ။ ဒါဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုယ္တိုင္မွာ လြတ္လပ္စြာ လုပ္ပိုင္ခြင့္မရွိ၊ အစိုးရရဲ႕ဖိအားေပးမႈပါတယ္။ ႏိုင္ငံေရးပါတယ္လို႔ ကြၽန္ေတာ္တို႔ သုံးသပ္တယ္”ဟု ရခိုင္အမ်ိဳးသားပါတီ (ANP) အေထြေထြအတြင္းေရးမွဴး ဦးခိုင္ျပည္စိုးက ေျပာသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္မ်ားျဖစ္သည့္ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံႏွင့္ ေျမာက္ဦးၿမိဳ႕နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္း မရွိေပ။ ထို႔ျပင္ ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၅၄ အုပ္စု၊ အမ္းၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၃၂ အုပ္စု၊ စစ္ေတြၿမိဳ႕နယ္ရွိ ေက်း႐ြာအုပ္စု ၄ အုပ္စုႏွင့္ ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ရပ္ကြက္၊ ေက်း႐ြာအုပ္စု ၆၂ အုပ္စု တြင္ ‌ေ႐ြးေကာက္ပြဲက်င္းပႏိုင္မည္ မဟုတ္ေပ။ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားေနသည့္ ေဒသတြင္ ေနထိုင္ေသာ ျပည္သူမ်ား အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားလိုအပ္ၿပီး ယခုကဲ့သို႔ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ျခင္းက ၿငိမ္းခ်မ္းေရးႏွင့္ အလွမ္းေဝး ကြာေစႏိုင္ၿပီး မၿငိမ္မသက္မႈမ်ားျဖစ္ေပၚေစႏိုင္သည္ဟု ရခိုင့္ဦးေဆာင္ပါတီ(AFP) ဒုတိယဥကၠ႒ ဦးေက်ာ္ေဇာဦးက ေျပာ သည္။ ရခိုင္ႏိုင္ငံေရးပါတီမ်ား ႏိုင္ေျခရွိသည့္ ေနရာမ်ားကို ခ်န္လွပ္ကာ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီႏိုင္ေျခရွိ ေနရာမ်ားတြင္ ေ႐ြးေကာက္ပြဲေ႐ြးလုပ္သည့္ သေဘာမ်ိဳးျဖစ္ေနသည္ဟုလည္း ဦးေက်ာ္ေဇာဦးက ေျပာသည္။

ၿမိဳ႕နယ္ ၉ ခုႏွင့္ ၿမိဳ႕နယ္အခ်ိဳ႕ရွိ ေက်း႐ြာအုပ္စုမ်ားတြင္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မည္ မဟုတ္ေသာေၾကာင့္ ရခိုင္ျပည္နယ္ တြင္ ျပည္သူ႔လႊတ္ေတာ္ ၉ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၇ ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္ ၂၀ ေနရာ စုစုေပါင္း လႊတ္ေတာ္ ေနရာ ၃၆ ေနရာ လစ္လပ္မည္ျဖစ္သည္။ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္၌ ႏိုင္ငံေရးပါတီ ၁၈ ခုမွ ကိုယ္စားလွယ္ ၃၃၉ ဦးႏွင့္ တစ္သီးပုဂၢလကိုယ္စားလွယ္ ၄၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ကာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ NLD ႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီတို႔က ၆၄ ေနရာစီျဖင့္ အမ်ားဆုံးျဖစ္ၿပီး ANP ပါတီက ၆၂ ေနရာျဖင့္ ဒုတိယ အမ်ားဆုံး ဝင္ၿပိဳင္မည္ျဖစ္သည္။ ၂၀၁၄ သန္းေခါင္စာရင္းအရ ရခိုင္ျပည္နယ္တြင္ လူဦးေရ ၃ သန္းေက်ာ္ရွိၿပီး ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ၏ စာရင္းမ်ားအရ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၁,၆၄၈,၇၃၇ ဦးရွိသည္။ https://www.myanmar-now.org/mm/news/4740

**************

၂၁။ ေျမာက္ဦးတြင္ လက္နက္ႀကီးက်ည္ထိမွန္၍ ကေလးငယ္ ၁ ဦးပြဲခ်င္းၿပီးေသဆုံးၿပီး ၂ ဦးဒဏ္ရာရ
October 19, 2020

ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ထမၼရာဇ္ရပ္ကြက္အတြင္း ယေန႔ ညေန ၄နာရီခန႔္က လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့ျခင္း ေၾကာင့္ ကေလးငယ္တစ္ဦး ပြဲခ်င္းၿပီး ေသဆုံးသြားကာ ႏွစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္ ကေျပာဆိုသည္။“ထမၼရာဇ္ရပ္ကြက္မွာ လက္နက္ႀကီးက်ည္က်ၿပီးေတာ့ ကေလး တစ္ေယာက္ေသတယ္။ လူႀကီး ႏွစ္ေယာက္က ဒဏ္ရာရတယ္။ အခုေဆး႐ုံမွာ ညေန ၄နာရီေက်ာ္ေလာက္က ေသဆုံးသြား တဲ့ သူအမည္ေတာ့ ကြၽန္ေတာ္လည္းမသိရေသးဘူး။ ေဆး႐ုံကေန သိရတာပါ။ ဘယ္ကပစ္တယ္ဆိုတာလည္း ေသခ်ာမသိ ဘူး ” ၎ကေျပာဆိုသည္။

“ ဟုတ္တယ္။ လက္နက္ႀကီး တစ္လုံးက်တယ္။ ထမၼရာဇ္ရပ္ကြက္ကို ကေလးေလးတစ္ေယာက္ေသသြားတယ္။ အသက္ က ၈ ႏွစ္လို႔ေျပာတယ္။ ပြဲခ်င္းၿပီးေသသြားတာ ကေလးေလးက ကိုယ္ခႏၶာတစ္ခုလုံးကို ထိတယ္။ ေျခေထာက္ေတြလည္း တစ္စစီျဖစ္သြားတယ္။ သူ႔အေဖလည္း ထိသြားတယ္။ ေဆး႐ုံမွာရွိတယ္။ ေျမာက္ဦးေဆး႐ုံမွာ ေနာက္တစ္ေယာက္ကလည္း ေျမာက္ဦးေဆး႐ုံမွာရွိတယ္။ သူကေတာ့ အိမ္ေဘးနားကေပါ့။ ၿခံထဲကိုက်တာဆိုေတာ့ ေနာက္တစ္ေယာက္ ၿခံေဘးကဆို ေတာ့ ထိသြားတာ ကေလးေလးနဲ႔ သူ႔အေဖကေတာ့ ၿခံဝန္းထဲမွာေပါ့။ ေသဆုံးသြားတဲ့ ကေလးေလး အေဖကလည္း ဒဏ္ရာ အေျခအေနစိုးရိမ္ရတယ္။ သူ႔အေဖကေတာ့ လည္ပင္းနဲ႔ ေျခေထာက္ကိုထိသြားတယ္။ အိမ္ေဘးက အမ်ိဳးသမီးက ဘယ္နား မွာ ထိသြားလည္းေတာ့ ကြၽန္ေတာ္လည္း ေသခ်ာမေတြ႕လိုက္ရဘူး။ သူက ဒဏ္ရာအေျခအေနမစိုးရိမ္ရဘူး။ သူတို႔ ႏွစ္ဦးကို ေျမာက္ဦးေဆး႐ုံမွာ တင္ထားတယ္။ လက္နက္ႀကီးက်တဲ့ေနရာက ေျမာက္ဦးၿမိဳ႕ထဲက ရပ္ကြက္တစ္ခုပဲ ဘယ္က ပစ္မွန္း ကြၽန္ေတာ္တို႔လည္း မသိဘူး ” ဟု လက္နက္ႀကီးက်ည္ က်ေရာက္ခဲ့ေသာ ေနရာသို႔ ကိုယ္တိုင္သြားေရာက္ၾကည့္ရႈ႕ခဲ့သည့္ ေျမာက္ဦးၿမိဳ႕ ေဒသခံျပည္သူတစ္ဦးကေျပာဆိုသည္။

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ AA ၾကား အျပန္အလွန္တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး ထိုသို႔ မည္သည့္အဖြဲ႕အစည္းက ပစ္ခတ္သည္ကို မသိရွိရေသာ လက္နက္ႀကီးက်ည္မ်ား လူေနရပ္ကြက္ ေက်း႐ြာမ်ားအတြင္းသို႔ က်ေရာက္ျခင္းေၾကာင့္ အရပ္သားျပည္သူမ်ား ထိခိုက္ေသဆုံးမႈ ျဖစ္ပြားလ်က္ရွိသည္ဟု ေဒသခံမ်ားကေျပာဆိုသည္။ https://www.khitthitnews. com/2020/10/%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%

*************

၂၂။ တိုင္းရင္းသားပါတီ ေထာက္ခံသူေတြ အျပန္အလွန္ ဝန္းရံၿပီး မဲဆြယ္စည္း႐ုံး
October 20, 2020

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မြန္ျပည္နယ္အတြင္း ယွဥ္ၿပိဳင္မယ့္ တိုင္းရင္းသားပါတီ ေထာက္ခံသူေတြဟာ အျပန္ အလွန္ဝန္းရံၿပီး မဲဆြယ္စည္း႐ုံးေရးကို ေဆာင္႐ြက္ေနၾကပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ မြန္ ၊ ကရင္ ၊ ပအိုဝ္းတိုင္းရင္းသားပါတီ ဝန္းရံသူေတြက ေအာက္တိုဘာလ(၁၈)ရက္ေန႔က သထုံၿမိဳ႕မွာအင္းအားျပလွည့္လည္ခဲ့ၾကပါတယ္။ သထုံၿမိဳ႕နယ္မွာ မြန္ညီၫြတ္ေရးပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္တာ မရွိေပမယ့္ ပအိုဝ္းနဲ႔ကရင္ ပါတီဝန္းရံသူေတြ အင္အားျပ လွည့္လည္ရာမွာ မြန္ပါတီေထာက္ခံသူေတြကဝန္းရံခဲ့ၾကပါတယ္။

အခုလို မြန္တိုင္းရင္းသားပါတီကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိတဲ့ေနရာမွာ မြန္ျပည္သူလူထုအေနနဲ႔ ကရင္နဲ႔ ပအိုဝ္း တိုင္းရင္းသားကိုယ္စားျပဳပါတီေတြကို မဲထည့္ေပးျခင္းျဖင့္ တိုင္းရင္းသားအမတ္ေတြ လႊတ္ေတာ္ထဲေရာက္လာခဲ့ရင္ တိုင္းရင္းသားေတြရဲ႕ အခြင့္အေရးလိုလားခ်က္ေတြကို ရရွိလာမယ္လို႔ မြန္တိုင္းရင္းသားလူငယ္တစ္ဦးျဖစ္တဲ့ မင္းလႈိင္ေထာ က ေျပာပါတယ္။“သထုံနဲ႔ဘီးလင္းမွာ မြန္မၿပိဳင္ဘူး၊သို႔ေသာ္ျငားလည္း ကရင္နဲ႔ပအိုဝ္းၿပိဳင္တယ္၊ သထုံနဲ႔ ဘီးလင္းမွာ ရွိၾကတဲ့ မြန္ေတြ အဲဒီပါတီကို မဲေပးၾကဖို႔၊ ၂၀၁၅ ကေန ၂၀၂၀ အတြင္း ၅ ႏွစ္ကာလမွာ တိုင္းရင္းသားအသံေတြ ေျပာေန ေသာ္လည္း တစ္ပါတီစနစ္ျဖစ္ေနေတာ့ တိုင္းရင္းသားဘယ္ေလာက္ပဲေတာင္းဆို ပယ္ခ်ခံထိတယ္၊ တိုင္းရင္းသားအမတ္ ေတြ လႊတ္ေတာ္ထဲ မ်ားမ်ားေရာက္ရွိမွ ကြၽန္ေတာ္တို႔ တိုင္းရင္းသားေတြ လိုလားေနတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကို ရလာမယ္လို႔ျမင္တယ္”လို႔ ဆိုပါတယ္။ တိုင္းရင္းသားလူငယ္‌ေတြစုေပါင္းၿပီး တိုင္းရင္းသားကိုယ္စားျပဳပါတီေတြကို လာေရာက္ဝန္းရံတဲ့အခါမွာ တိုင္းရင္းသားအခ်င္းခ်င္း စည္းလုံးညီၫြတ္မႈကို ျပသရာေရာက္လို႔ အားရေက်နပ္မိတယ္လို႔ လည္း ဆိုပါတယ္။

မြန္ညီၫြတ္ေရးပါတီ မယွဥ္ၿပိဳင္တဲ့ မဲဆႏၵနယ္ေတြက မြန္တိုင္းရင္းသားေတြအေနနဲ႔ ကရင္နဲ႔ပအိုဝ္းပါတီကိုသာ မဲေပးဖို႔နဲ႔ ကရင္နဲ႔ ပအိုဝ္းပါတီ မယွဥ္ၿပိဳင္တဲ့ မဲဆႏၵနယ္ေတြမွာလည္း တိုင္းရင္းသားေတြအေနနဲ႔ မြန္ပါတီကိုသာ မဲေပးၾကဖို႔ လူငယ္ ကြန္ယက္ေတြက အျပန္အလွန္တိုက္တြန္းထားၾကပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ လက္ရွိအာဏာရပါတီကို တိုင္းရင္းသားအမ်ားစုက ဝန္းရံေပးခဲ့ေပမယ့္ တကယ့္လက္ေတြ႕မွာ တိုင္းရင္းသားေတြလိုလားေနတဲ့ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ားကို လ်စ္လ်ဴရႈခံခဲ့ရလို႔ တိုင္းရင္းသားပါတီေတြက ပိုမိုအားေကာင္းလာတာလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္ သူေတြက ဆိုပါတယ္။ https://www.bnionline.net/mm/news-76374

***************

၂၃။ Covid-19 ေၾကာင့္ ဖားကန႔္တြင္ မဲ႐ုံထပ္တိုးေပးရန္ ေတာင္းဆို
October 18, 2020

ကခ်င္ျပည္နယ္၊ ဖာကန႔္ၿမိဳ႕နယ္တြင္းရွိ ဗလခေက်း႐ြာမွ ေဒသခံမ်ားအား မဲ႐ုံသီးသန႔္ထားရွိေပးရန္ေတာင္းဆိုထားေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးခြဲမွ သိရသည္။

မဲ႐ုံအမွတ္ ၁၀၁ ျဖစ္ေသာ ဗလခေက်း႐ြာႏွင့္ေတာင္ၿပိဳေက်း႐ြာသည္ မဲ႐ုံတစ္႐ုံသာရွိၿပီး ဗလခေက်း႐ြာမွ ျပည္သူမ်ားသည္ လက္ရွိ ဖားကန႔္တြင္ Covid-19 ပိုးေတြ႕အမ်ားဆုံးျဖစ္ေသာ ေတာင္ၿပိဳအထိ မဲသြားေပးရန္အဆင္မေျပသည့္အတြက္ ေတာင္းဆိုထားၾကျခင္းျဖစ္ေၾကာင္း ဆိုသည္။“မဲ႐ုံ ၁၀၁မွာက်ေတာ့ ေတာင္ၿပိဳနဲ႔ဗလခေက်း႐ြာ ၂ ႐ြာက မဲ႐ုံတစ္႐ုံထဲမွာဘဲ မဲေပါင္းေပးရမွာျဖစ္။ ဒါေပမယ့္ ေတာင္ၿပိဳေက်း႐ြာကက်ေတာ့ ပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့အတြက္ Lockdown ခ်ထားတဲ့ ႐ြာျဖစ္တယ္။ ပိုးေတြ႕လူနာလည္း ၄၀ေက်ာ္ေတြ႕ခဲ့တဲ့႐ြာျဖစ္တဲ့အတြက္ ဗလခ ႐ြာသားေတြက မဲသြားေပးဖို႔ကို စိုးရိမ္တဲ့ အေျခေနရွိေနၾကတယ္။ ၿပီးေတာ့ ေရာဂါကူးစက္မူလည္းမျဖစ္ေအာင္ၿပီးေတာ့ လက္ရွိခ်ိန္ထိေတာင္ၿပိဳက ဝင္လို႔မရေသးတဲ့ အေျခေနျဖစ္ေနတဲ့တြက္ ဗလခ႐ြာက မဲရံတစ္႐ုံခြဲေပးပါဆိုၿပီးေတာာင္းဆိုလာၾကတယ္ အဲေၾကာင့္က်ေနာ္တို႔လည္း တင္ျပ ထားဆဲျဖစ္တယ္။” ဟု ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲအရာရွိ ဦးေအာင္ေက်ာ္သူကေျပာသည္။

လက္ရွိေတာင္ၿပိဳေက်း႐ြာသည္ မဲေပးပိုင္ခြင့္မဲဆႏၵရွင္ ၈၀၀ေက်ာ္ခန႔္ရွိၿပီး ဗလခေက်း႐ြာသည္ ၁၃၀၀ ခန႔္ရွိေၾကာင္း သက္ဆိုင္ရာမွ သိရသည္။ အဆိုပါ ကိစၥနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး(ခြဲ)သို႔ ေမးျမန္းရာတြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ ထပ္မံတင္ျပထားေၾကာင္း ေျပာသည္။“ဒီဗလခေက်း႐ြာက ေတာင္းဆိုခ်က္ကို က်ေနာ္တို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္ျပထားဆဲျဖစ္တယ္။ ခုေလာေလာဆယ္ေတာ့ ကခ်င္ျပည္နယ္မွာ မဲ႐ုံေပါင္း ၉၁၈ ႐ုံရွိတယ္။ အဲမဲ႐ုံထပ္တိုးလာရင္ေတာ့ ၉၂၀ ရွိမယ္။” ဟု ကခ်င္ျပည္ေ႐ြးေကာက္ပြဲေကာ္မရွင္မွ အရာရွိ ဦးထြန္းေအာင္ခိုင္ကေျပာသည္။

လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ Covid-19 ကပ္ေရာဂါေၾကာင့္ မဲဆႏၵရွင္ျပည္သူမ်ားအေနျဖင့္ မဲေပးရန္ စိုးရိမ္မူမ်ားစြာ ရွိေနၾကသည္။ ဖားကန႔္ၿမိဳ႕နယ္တြင္ မဲဆႏၵေပးပိုင္ခြင့္ရွိသူေပါင္း ၁သိန္း ၈ေသာင္းေက်ာ္ရွိကာ မဲ႐ုံေပါင္း ၁၀၄ ရွိၿပီး ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ပါတီေပါင္း ၆ ပါတီရွိေၾကာင္း ဖားကန႔္ၿမိဳ႕နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွ သိရသည္။ ကခ်င္ျပည္နယ္တြင္ လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ပါတီေပါင္း ၁၉ပါတီရွိကာ မဲဆႏၵရွင္ဦးေရ ၁၁သိန္းနီးပါးရွိၿပီး မဲ႐ုံ ၉၁၈ ႐ုံရွိသည္။ https://burmese.kachinnews.com/2020/10/18/l2-11/

**************

၂၄။ ပဋိပကၡမျဖစ္တဲ့ ရွမ္းျပည္နယ္က မဲဆႏၵနယ္တခ်ိဳ႕ကို မဲေပးခြင့္ျပဳဖို႔ ေတာင္းဆို
19 October 2020

လာမယ့္ေ႐ြးေကာက္ပြဲမွာ က်င္းပခြင့္ပိတ္ပင္ခံလိုက္ရတဲ့ မဲဆႏၵနယ္ေျမေတြထဲက စစ္ေရးပဋိပကၡ ျဖစ္ပြားမႈမရွိတဲ့ ၿမိဳ႕နယ္ႏွင့္ ေက်း႐ြာေတြကိုေတာ့ မဲေပးပိုင္ခြင့္မဆုံးရႈံးေအာင္ ျပန္လည္စိစစ္ေပးဖို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းအတြင္း ေ႐ြးေကာက္ပြဲ က်င္းပခြင့္ ပိတ္ပင္ခံခဲ့ရတဲ့ ေဒသခံေတြက လိုလားေနၾကပါတယ္။

ရွမ္းျပည္နယ္တခုလုံးတြင္ ပုံမွန္ပိတ္ပင္ခံေနရတဲ့ မဲဆႏၵနယ္ေျမေတြထက္ အခုလာမယ့္ေ႐ြးေကာက္ပြဲမွာ ေက်း႐ြာအုပ္စုေပါင္း (၁၀၀) ေက်ာ္ကို တိုးျမႇင့္ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။ အဲဒီတိုးျမႇင့္ျခင္းခံလိုက္ရတဲ့ ေက်း႐ြာအုပ္စုေတြဟာ စစ္ေရးပဋိပကၡ ျဖစ္ပြားေနၿပီး မၿငိမ္မသက္ျဖစ္ေနတဲ့ အနက္ေရာင္နယ္ေျမေတြ မဟုတ္ေပမဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ လႈပ္ရွားနယ္ေျမေတြျဖစ္ၿပီး လက္နက္ကိုင္ေတြ ဝင္ထြက္သြားလာေနၾကတဲ့ ေက်း႐ြာအုပ္စုေတြ ျဖစ္ၾကပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲက်င္းပခြင့္ပိတ္ပင္ခံခဲ့ရတဲ့ထဲမွာပါဝင္တဲ့ ရွမ္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္၊ ပန္ေလာ့ေက်း႐ြာအုပ္စုမွ အုပ္စုအုပ္ခ်ဳပ္ေရးမွဴး စိုင္းလွဝင္း က “ဒီမွာေ႐ြးေကာက္ပြဲ မက်င္းပေတာ့ဘူးဆိုေတာ့ မသိတဲ့အေဝးကသူေတြက ဦးေလးတို႔ ႐ြာကို အနက္ေရာင္နယ္ေျမႀကီးလို႔ ထင္သြားၾကမွာ။ တကယ္က အဲလိုမဟုတ္ဘူး။ အစိုးရဌာနဆိုင္ရာဝန္ထမ္းေတြလဲ အၿမဲဝင္ထြက္ရွိေနတာပဲေလ။ အဲေတာ့ ပါတီေတြအေနနဲ႔ျပန္လည္ေတာင္းဆိုေပးဖို႔ေတာ့ ေမွ်ာ္လင့္တယ္” လို႔ ဆိုပါတယ္။

RCSS အဖြဲ႕ လႊမ္းမိုးထားတဲ့ မိုင္းကိုင္ၿမိဳ႕နယ္မွာ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီကို ေထာက္ခံသူ ေတြမ်ားျပားၿပီး လက္ရွိအခ်ိန္မွာေတာ့ စစ္ေရးပဋိပကၡျဖစ္ပြားမႈ မရွိတဲ့ၿမိဳ႕နယ္တခုျဖစ္ပါတယ္။ အဲဒီမဲဆႏၵနယ္မွာ ပါတီ ၆ ခု ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ ၅ ပါတီက လြတ္လြတ္လပ္လပ္မဲဆြယ္ခြင့္ရွိခဲ့ေပမဲ့ RCSS အဖြဲ႕၏ ၿခိမ္းေျခာက္မႈေၾကာင့္ တအာင္း ပအမ်ိဳးသားပါတီ (TNP) ကေတာ့ မဲဆြယ္စည္း႐ုံးခြင့္ ဆုံးရံႈးခဲ့ရပါတယ္။ မိုင္းကိုင္ၿမိဳ႕နယ္၊ ဟမ္းငိုင္းေက်း႐ြာေဒသခံ စိုင္းပီး က “ဒီမွာက ဘာစစ္ပြဲမွ မရွိဘူး။ အဲဒါကို တၿမိဳ႕နယ္လုံး မဲမထည့္ရေတာ့ဘူးဆိုေတာ့ ဒါသက္သက္ညစ္တာလို႔ပဲ ယူဆတယ္။ ျပည္သူလူထုအခြင့္အေရးမဆုံးရႈံးေအာင္ ႏိုင္ငံ့အႀကီးအကဲေတြအေနနဲ႔ ငဲ့ညႇာေပးဖို႔ ေတာင္းဆိုခ်င္တယ္”လို႔ ေျပာပါတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက တိုက္ပြဲေတြျဖစ္ပြားေနတဲ့ မိုင္းရႉးၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေပမဲ့ ေနာင္မွာ သီးသန႔္ ျပန္လည္က်င္းပခြင့္ရခဲ့ပါတယ္။ အခု ၂၀၂၀ ပြဲမွာ မက်င္းပႏိုင္တဲ့ေနရာေတြမွာလည္း ေ႐ြးေကာက္ပြဲ ရလာဒ္အၿပီးမွာမွ ျပန္လည္က်င္းပခြင့္ေပးပါက အဲဒီမဲဆႏၵနယ္ေတြဟာ အေရးပါတဲ့ေနရာေတြ ျဖစ္လာႏိုင္တယ္လို႔ ျမန္မာ့ႏိုင္ငံေရးေလ့လာ ေစာင့္ၾကည့္သူေတြက သုံးသပ္လာၾကပါတယ္။ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးရဲထြန္း က “မက်င္းပႏိုင္တဲ့ နယ္ေျမေတြ မ်ားသြားတယ္ဆိုရင္ ႏိုင္ငံေတာ္သမၼတေ႐ြးတဲ့အခ်ိန္မွာ NLD အေနနဲ႔ မဲျပတ္ျပတ္သားသား မႏိုင္ဘူးဆိုရင္ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းတဲ့ေနရာေတြက အေရးပါတယ္လို႔ ေျပာရမယ္”လို႔ ဆိုပါတယ္။ https://burma.irrawaddy.com/news/2020/1 0/19/231946.html

***************

၂၅။ ေ႐ြးေကာက္ပြဲ က်င္းပခြင့္ ေပး မေပး စဥ္းစားရာတြင္ ႏိုင္ငံေရးအရ စြက္ဖက္၍ မစဥ္းစားရန္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (SNLD) ပါတီ ဒုတိယဥကၠ႒ (၁) ေျပာၾကား
19 October 2020

ေ႐ြးေကာက္ပြဲက်င္းပခြင့္ေပး မေပး စဥ္းစားရာတြင္ ႏိုင္ငံေရးအရစြက္ဖက္၍ မစဥ္းစားရန္ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD) ပါတီ ဒုတိယဥကၠ႒ ဦးစိုင္းၫြန႔္လြင္က ေျပာၾကားသည္။

ေအာက္တိုဘာ ၁၆ ရက္တြင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က လြတ္လပ္ေရး တရားမွ်တေသာေ႐ြးေကာက္ပြဲ က်င္းပႏိုင္ျခင္းမရွိဟုဆိုကာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ေျခာက္ခုရွိနယ္ေျမအခ်ိဳ႕တြင္ ေ႐ြးေကာက္ပြဲက်င္းပျခင္း မျပဳေတာ့ ေၾကာင္း ေၾကညာခဲ့ရာတြင္ ယင္းနယ္ေျမမ်ားအနက္ စစ္ေရးပဋိပကၡႏွင့္ က်န္းမာေရးဆိုင္ရာစိုးရိမ္ စရာမရွိသည့္ နယ္ေျမမ်ား ပါဝင္ခဲ့ျခင္းႏွင့္ ပတ္သက္ၿပီး ဦးစိုင္းၫြန႔္လြင္က ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။“ေ႐ြးေကာက္ပြဲက်င္းပခြင့္ကို ေပးတဲ့မေပး တဲ့ ကိစၥကိုစဥ္းစားတဲ့အခါမွာ တကယ့္ကို ဓမၼဓိ႒ာန္က်က် စဥ္းစားေစခ်င္ပါတယ္။ ႏိုင္ငံေရးအရ စြက္ဖက္ၿပီးစဥ္းစားမယ္ေဟ့ ဆိုရင္ေတာ့မွားပါလိမ့္မယ္။ ဒီအက်ိဳးသက္ေရာက္မႈက ၿပီးသြားမွာမဟုတ္ပဲ ျပန္ေျဖရွင္းရလည္း တစ္အားခက္တယ္။ ယုံၾကည္ မႈေတြ ေလ်ာ့က်သြားတယ္ဆိုရင္ ကြၽန္ေတာ္တို႔ ၂၀၂၁ မွာ ရင္ဆိုင္ရတဲ့ စီးပြားေရးကိစၥေတြရွိတယ္။ အခက္အခဲေတြက အမ်ားႀကီးရွိတယ္။ အဲဒီအခက္အခဲေတြအမ်ားႀကီးကို ရင္ဆိုင္ေက်ာ္လႊားဖို႔ ေျဖရွင္းဖို႔ဆိုတာ ကြၽန္ေတာ္တို႔ တစ္ေယာက္နဲ႔ တစ္ေယာက္ ယုံၾကည္မႈရွိရွိနဲ႔ လက္တြဲေဆာင္႐ြက္ႏိုင္မွ ေအာင္ျမင္မႈရႏိုင္မွာ တစ္ေယာက္နဲ႔ တစ္ေယာက္ မယုံၾကည္ ဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ညစ္ပတ္ တယ္လို႔ ထင္ရင္ ၂၀၂၁ မွာရင္ဆိုင္ရမွာေတြ က ပိုၿပီးအခက္အခဲႀကဳံလိမ့္မယ္လို႔ သတိေပး ခ်င္တယ္” ဟု ဦးစိုင္းၫြန႔္လြင္က ေျပာၾကား သည္။

“လုံၿခဳံမႈဆိုတာက စစ္ေရးပဋိပကၡရွိတဲ့ ေနရာမွာမလုံၿခဳံဘူးဆိုတာ တစ္မ်ိဳးေပါ့ေနာ္။ ရန္ကုန္ၿမိဳ႕လိုမ်ိဳး က်န္းမာေရးျပႆနာ ေတြ ရွိေနတဲ့အေျခအေနေပါ့ေနာ္။ က်န္းမာေရး ျပႆနာဆိုတာကလည္း COVID-19 လို ကူးစက္မႈႏႈန္းျမန္တဲ့ျပႆနာပါ။ ကူးစက္ခံရတဲ့ သူေတြလည္း ျပင္းထန္တဲ့ ေဝဒနာေတြ ခံစားရတဲ့ အေနအထားပါ။ ေနာက္ၿပီး အေသ အေပ်ာက္ေတြလည္း ရွိလာတဲ့ အေနအထားပါ။ ဆိုေတာ့ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး လုံၿခဳံမႈမရွိတဲ့ေနရာမွာက်ေတာ့ ေ႐ြးေကာက္ပြဲ က်င္းပၿပီး ေတာ့ လုံၿခဳံမႈရွိတဲ့ ေပါက္ေတာလို မ်ိဳး မိုင္းကိုင္လိုစစ္ေရးပဋိပကၡမရွိတဲ့ ေနရာ မ်ိဳးက်ေတာ့ ေ႐ြးေကာက္ပြဲမက်င္းပဘူးဆိုတာ UEC ကိုေမးခြန္းထုတ္စရာ ျဖစ္တာ ေပါ့”ဟု ဦးစိုင္းၫြန႔္လြင္က ေျပာၾကားသည္။ https://news-eleven.com/article/19 5854

**************

၂၆။ ျမဝတီနယ္စပ္ ျမန္မာ-ထိုင္း အမွတ္(၂)တံတား ယာယီပိတ္သြားရန္ စီစဥ္
October 17, 2020

ထိုင္း-ျမန္မာနယ္စပ္ ကုန္သြယ္မႈတြင္ အဓိက အသံုးျပဳေနသည့္ ျမဝတီ နယ္စပ္ ျမန္မာ-ထိုင္းအမွတ္(၂) ခ်စ္ၾကည္ေရး တံတားကို ရက္သတၱပတ္ (၁)ပတ္ခန္႔ ယာယီပိတ္သြားမည္ဟု ယေန႔ (ေအာက္တုိဘာ ၁၇) ထိုင္းႏုိင္ငံဘက္ျခမ္းမွ တာဝန္ရွိ သူမ်ားက အေရးေပၚအစည္းအေဝး ျပဳလုပ္ကာ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

ျပီးခဲ့သည့္ရက္ပိုင္း ထိုင္းဘက္ျခမ္း မဲေဆာက္ျမိဳ႕တြင္ Covid- 19 ေရာဂါပိုး ႐ွိ/မ႐ွိ စစ္ေဆးေပးရာတြင္ လာေရာက္ စစ္ေဆး မႈခံယူၾကသူမ်ားထဲမွ ျမန္မာႏိုင္ငံသား(၂) ဦးတြင္ ကိုဗစ္ပိုးေတြ႔ရွိခဲ့ၿပီး ယင္းတို႔ႏွင့္အိမ္နီးျခင္း (၉) ဦးအား ေခၚယူစစ္ေဆးရာ တြင္လည္း ေနာက္ထပ္ ၃ ဦးမွာ ကိုဗစ္ပိုးေတြ႔ရွိခဲ့သျဖင့္ ေရာဂါကူးစက္မႈကုိ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ထုိင္း-ျမန္မာခ်စ္ၾကည္ ေရးတံတားကို ယာယီပိတ္သိမ္းရန္ စီစဥ္ေနျခင္းျဖစ္သည္ဟု တာ့ခ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး Mr: Pongrat Piromrat က ယေန႔ နံနက္ပိုင္းတြင္ မဲေဆာက္ျမိဳ ့ပိုင္ရံုးခန္း၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ကာ ေျပာၾကားခဲ့သည္။“ ျမန္မာ-ထိုင္း နယ္စပ္ ကုန္သြယ္ေရးမွာ အဓိက အသံုးျပဳေနတဲ့ ျမန္မာ-ထိုင္း အမွတ္(၂) ခ်စ္ႀကည္ေရး တံတား ကို မနက္ျဖန္ ေအာက္တိုဘာလ ၁၈ ရက္ေန႔ ဒါမွမဟုတ္ ၁၉ ရက္ေန႔မွစ၍ အသံုးျပဳခြင့္ပိတ္သြားျပီး ေရာဂါထိန္းခ်ဳပ္ႏိုင္မႈ အေျခေနအေပၚမူတည္ၿပီး တံတား ဖြင့္မယ့္အခ်ိန္ကို ျပန္လည္သံုးသပ္ သြားမွာျဖစ္ပါတယ္”ဟု တာ့ခ္ခ ရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားခဲ့သည္။

ျမဝတီနယ္စပ္တြင္ ယခင္ ကိုဗစ္ကာလ မတိုင္မီက ထိုင္းႏိုင္ငံႏွင့္ တရားဝင္ကုန္သြယ္သြားလာမႈ၌ ထိုင္း-ျမန္မာ ခ်စ္ၾကည္ ေရး တံတား အမွတ္(၁) ႏွင့္ အမွတ္ (၂) ဟူ၍ တံတား ၂ စင္းရွိသလို ႏွစ္ႏိုင္ငံနယ္ျခား ေသာင္ရင္းျမစ္ ကမ္းတစ္ေလ်ွာက္ တရားမဝင္ ေလွဂိတ္ ၃၀ ေက်ာ္မွလည္း ကုန္သြယ္သြားလာမႈ ျပဳလုပ္ခဲ့ၾကသည္။ သို႔ေသာ္ Covid-19 ေရာဂါပိုးမွာ ကမၻာ့ ကပ္ေရာဂါအသြင္ျဖင့္ ကူးစက္ျပန္႔ပြားမႈ ျဖစ္ေပၚလာခ်ိန္ ၿပီးခဲ့သည့္ မတ္ ၂၃ ရက္ ႏွင့္ ဧၿပီလဆန္းပိုင္းခန္႔မွစ၍ အမွတ္(၁) တံတားႏွင့္ ေသာင္ရင္းျမစ္ကမ္းတေလ်ွာက္႐ွိ နယ္စပ္ဂိတ္မ်ား ကို ျဖတ္သန္းသြားလာခြင့္မျပဳေတာ့ဘဲ ထိုင္း-ျမန္မာအမွတ္ ၂ တံတားမွသာ ကုန္သြယ္မႈႏွင့္ ထိုင္းေရာက္ေနရပ္ ျပန္ ျမန္မာလုပ္သားမ်ားအတြက္သာ အသံုးျပဳခဲ့ၾကသည္။ ယေန႔ ထိုင္းဘက္ျခမ္း တာဝန္ရွိသူမ်ား၏ အစည္းအေဝးဆံုးျဖတ္ခ်က္အရ နံနက္ျဖန္ ေအာက္တိုဘာလ ၁၈ ရက္ေန႔မွစ၍ ျမဝတီ နယ္စပ္ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား အမွတ္(၂) ကို ယာယီပိတ္သြားမည္ဟု သိရသည္။ http://kicnews.org/202 0/10/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%

**************

၂၇။ ျမစ္ႀကီးနားတြင္ ဒီဇင္ဘာလအထိ ညမထြက္ရအမိန႔္ ထုတ္ျပန္
20 October 2020

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားသူ မ်ားျပားလာတဲ့အတြက္ေၾကာင့္ ေအာက္တိုဘာ ၁၉ ရက္မွ ဒီဇင္ဘာ ၁၈ ရက္အထိ ၂ လတိတိ ညမထြက္ရအမိန႔္ကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန သက္တမ္းတိုး ထုတ္ျပန္ပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ဌာနဆိုင္ရာ တာဝန္ရွိသူေတြ၊ က်န္းမာေရးနဲ႔ နာေရးကိစၥ ေဆာင္႐ြက္ သူေတြကလြဲၿပီး ည ၁၂ နာရီမွ မနက္ ၄ နာရီအတြင္း ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း ေနအိမ္ျပင္ပကို ထြက္ခြာတာ၊ စုေဝးတာေတြ မျပဳလုပ္ဖို႔ တားျမစ္ထားပါတယ္။

ပထမကို ဗစ္ကာလ ဧၿပီလကေန စက္တင္ဘာလအထိ ညမထြက္ရအမိန႔္ ေဖာက္ဖ်က္တဲ့သူ ၁၈၆ ေယာက္ကို အေရးယူ ထားၿပီး အခုစစ္ေဆးေတြ႕ရွိလို႔ စည္းကမ္း မလိုက္နာခဲ့ရင္လည္း အေရးယူသြားမွာျဖစ္ပါတယ္လို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲမွဴး ျမင့္မိုး က ေျပာပါတယ္။ http://burmese.dvb.no/archives/418035

*************

၂၈။ မင္းျပားေမလြမ္း႐ြာအနီးတိုက္ပြဲျဖစ္၊ ႐ြာအနီးက်ည္က်၍ ႐ြာသားမ်ားေၾကာက္လန႔္ထြက္ေျပး
October 19, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ေမလြမ္း႐ြာအနီးတြင္ ေအာက္တိုဘာ ၁၈ ရက္ေန႔လယ္ ၁ နာရီက တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီးက်ည္မ်ား ႐ြာအနီးက်ေရာက္သျဖင့္ ႐ြာသားမ်ား ေၾကာက္လန႔္ထြက္ေျပးေနၾကရသည္ဟု ႐ြာသားတစ္ဦးက ေျပာသည္။ ေမလြမ္း႐ြာသား တစ္ဦးက “ေပါက္ကြဲသံက ေန႔လယ္ ၁ နာရီေလာက္မွာ ေတာင္ပုတ္ေက႐ြာ အနီးက ေက်ာက္ႀကီး ေတာင္ဘက္က ၾကားရပါတယ္။ အဲဒီေနရာကို ေမလြမ္းကဆိုရင္ ၃ ဖာလုံေလာက္ ေဝးပါတယ္။ အဲဒီေနာက္ လက္နက္ႀကီးလက္နက္ငယ္ ပစ္သံၾကားရၿပီး ႐ြာအနီးမွာလည္း လာက်တဲ့ အတြက္ ႐ြာသားေတြလည္း ငိုသူငို ေျပးသူ ေျပးနဲ႔ ျမစ္တစ္ဖက္ကမ္းကို ထြက္ေျပးၾကပါတယ္” ဟု ေျပာၾကားသည္။ ၎႐ြာသား၏ အေျပာအရ တိုင္းဗဟို (၉) ဘက္မွလည္း လက္နက္ႀကီးျဖင့္ထုေၾကာင္း၊ ျမစ္ထဲတစ္လုံးက်၍ ငါးသေလာက္ပိုက္ေမ်ာေနသူမ်ား ေၾကာက္လန႔္ထြက္ေျပးၾကေၾကာင္း ၎က ေျပာၾကားသည္။

“ေမလြမ္း႐ြာဘက္ကို မင္းျပားဘက္ကေန ကားလမ္းအတိုင္း လာတဲ့ စစ္ေၾကာင္းနဲ႔ ျဖစ္ၾကတယ္လို႔ ေျပာပါတယ္။ ေအေအနဲ႔ ျဖစ္တာေနမွာပါ။ တိတိက်က်ေတာ့ က်ေနာ္ မေျပာတတ္ဘူး။ ေပါက္ကြဲသံေတြၾကားရၿပီး ေသနတ္သံေတြဆက္တိုက္ၾကား ရပါတယ္။ ေမလြမ္း႐ြာထဲမွာ သက္႐ြယ္ႀကီး႐ြယ္အို အနည္းငယ္က်န္ခဲ့ၿပီး က်န္တဲ့လူေတြ ထြက္ေျပးေနၾကရပါတယ္”ဟု ေျပာၾကားသည္။ ထိုသို႔ ပစ္ခတ္သံမ်ားကို ၁၅ မိနစ္ခန႔္ၾကားရၿပီး လက္နက္ႀကီးက်ည္မ်ား ႐ြာအနီး က်ေသာ္လည္း ႐ြာသား မ်ားအား ထိခိုက္မႈ မရွိေၾကာင္း ေျပာၾကားသည္။ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က “ ဟို ေမလြမ္း႐ြာနဲ႔ သိပ္မေဝးေတာ့တဲ့ ေတာင္ပုတ္ေက ႐ြာအနီးမွာ ျဖစ္ၾကတယ္လို႔ ေျပာတယ္။ ရာေမာင္းတံတားနဲ႔ ေမလြမ္း႐ြာၾကားျဖစ္ေပမယ့္ ေမလြမ္းဘက္ကို နီးသြားပါၿပီ။ ေမလြမ္း႐ြာထဲက အိမ္ေခါင္မိုးေတြကို က်ည္ဆံ လာထိတဲ့အတြက္ ႐ြာသားေတြက ေၾကာက္ၿပီး ထြက္ေျပးၾကရတယ္လို႔ေတာ့ ႐ြာသားေတြ အေၾကာင္းၾကားလာပါတယ္” ဟု ေျပာၾကားသည္။

အဆိုပါ မင္းျပားၿမိဳ႕နယ္ ေမလြမ္း႐ြာအနီးဝန္းက်င္တြင္ ေတာေတာင္မ်ား ထူထပ္ၿပီး ေတာင္ခ်ိဳင္မ်ားလည္း မ်ားသျဖင့္ အဆိုပါ ႐ြာေျမာက္ဘက္ ကားလမ္းေပၚတြင္ မၾကာခဏ တိုက္ပြဲမ်ား ျဖစ္ပြားေလ့ရွိသည္ဟု သိရွိရသည္။ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းသို႔ ယေန႔ ညေနပိုင္း ၆ နာရီ မိနစ္ ၄ဝ ဝန္းက်င္ခန႔္က ဖုန္းသုံးႀကိမ္ ေခၚဆိုေသာ္လည္း ဖုန္းလက္ခံ ေျဖဆိုျခင္း မရွိခဲ့ပါ။ https://www.bnionline.net/ mm/news-76347

***************

၂၉။ မိုင္းခုတ္တြင္ က်ပ္သိန္း ၈၀၀၀ ခန႔္တန္ဖိုးရွိ မူးယစ္ေဆးမ်ား သယ္သူမမိဘဲ သိမ္းဆည္းရမိ
19 October 2020

ရွမ္းျပည္နယ္ မိုင္းခုတ္ၿမိဳ႕မွာ မေန႔ ညေနပိုင္းက က်ပ္သိန္း ၈၀၀၀ ေလာက္ တန္ဖိုးရွိတဲ့ အိုက္စ္မူးယစ္ေဆးဝါးေတြကို သယ္လာသူမမိဘဲ သိမ္းဆည္းရမိခဲ့ပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ မေန႔ ညေနပိုင္းက မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းခုတ္ၿမိဳ႕၊ မိုင္းဆတ္-က်ိဳင္းတုံ ကားလမ္း မိုင္တိုင္အမွတ္ ၉၆ ကီလိုမီတာနားမွာ မသကၤာဖြယ္ ေမာ္ေတာ္ယာဥ္ကို စစ္ေဆးဖို႔ ရပ္တန႔္ခိုင္းတာမွာ ေမာ္ေတာ္ယာဥ္ဟာ လမ္းရဲ႕ ညာဘက္မွာရွိတဲ့ တံတားအုတ္ခုံကို ဝင္တိုက္မိၿပီး ရပ္တန႔္သြားတယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။

ကားေပၚမွာပါလာသူ ၂ ေယာက္ကေတာ့ လမ္းဘယ္ဘက္ လွ်ိဳထဲကို ထြက္ေျပးသြားတာေၾကာင့္ ကားေပၚကို ရွာေဖြရာမွာ ဆာလာအိတ္ေတြနဲ႔ ထည့္ထားတဲ့ ေငြက်ပ္သိန္း ၇၈၀၀ တန္ဖိုးရွိ အိုက္စ္ ၃၉ ကီလို သိမ္းဆည္းရမိခဲ့ၿပီး မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားတယ္လို႔ ဆိုပါတယ္။ http://burmese.dvb.n o/archives/417868

*************

၃၀။ ပါတီဖ်က္သိမ္းခံရမႈ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ထံ ႏွင္းဆီပါတီ စာပို႔ကန႔္ကြက္မည္
18 October 2020

ႏွင္းဆီပါတီဟု လူသိမ်ားၾကသည့္ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ (UDP) ဖ်က္သိမ္းခံရမႈႏွင့္ ပတ္သက္၍ တရားမွ်တမႈ မရွိျခင္းေၾကာင့္ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) ထံ စာပို႔ကန႔္ကြက္သြားမည္ဟု ပါတီ ဗဟိုတြဲဖက္အတြင္းေရး မွဴး ဦးသိုက္ထြဏ္းက မဇၩိမကို ေျပာသည္။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ေအာက္တိုဘာလ ၁၇ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ႏွင္းဆီပါတီကို ဖ်က္သိမ္းသည့္အျပင္ ကိုယ္စားလွယ္ေလာင္း ၁၁၃၁ ဦးကိုပါ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမွ ပယ္ဖ်က္ခဲ့သည္။

ႏွင္းဆီပါတီ ဥကၠ႒ ဦးေက်ာ္ျမင့္ ေထာင္ေျပးမႈျဖင့္ အဖမ္းခံရၿပီးေနာက္ပိုင္း ဘ႑ာေရးႏွင့္ ေငြေၾကးဆိုင္ရာ စစ္ေဆးမႈ မ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္ဆက္တြဲအျဖစ္ ပါတီ ဖ်က္သိမ္းေၾကာင္း ေၾကညာခံရျခင္း ျဖစ္သည္။ ႏွင္းဆီပါတီသည္ ႏိုင္ငံေရး ပါတီမ်ား မွတ္ပုံတင္ျခင္း ဥပေဒမ်ား၊ နည္းဥပေဒ ၁၅၊ နည္းဥပေဒခြဲ (ခ)၊ (ဂ)၊ (စ) တို႔ႏွင့္ ၿငိစြန္းေနျခင္းေၾကာင့္ ဖ်က္သိမ္း သည္ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာထားသည္။ ႏွင္းဆီပါတီအေနျဖင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေဖာ္ျပသည့္ အခ်က္မ်ားႏွင့္ မၿငိစြန္းေသာေၾကာင့္ စာပို႔ကန႔္ကြက္ တုံ႔ျပန္ရျခင္းျဖစ္ေၾကာင္း ဗဟိုတြဲဖက္အတြင္းေရးမွဴး ဦးသိုက္ထြဏ္းက ေျပာသည္။“ကြၽန္ေတာ္တို႔ကေတာ့ ေလာလာဆယ္ UEC ကို စာပို႔ပါမယ္။ သူတို႔ရဲ႕ တရားမွ်တမႈမရွိဘဲ လုပ္တာအေပၚမွာ ကြၽန္ေတာ္တို႔ လုံးဝ လက္မခံပါဘူးဆိုတဲ့ ေၾကညာစာတမ္း ျပန္ထုတ္ေပးပါမယ္။ ထုတ္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ လိုအပ္လို႔ရွိရင္ UEC ကို တစ္ႏိုင္ငံလုံးကေန တရားစြဲမွာပါ” ဟု ၎က ဆိုသည္။

သို႔ေသာ္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ဆုံးျဖတ္ခ်က္သာ အတည္ျဖစ္သျဖင့္ တရားျပန္စြဲ ရန္ မျဖစ္ႏိုင္ေၾကာင္း၊ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းေပးစဥ္က သြင္းေငြကိုသာ ျပန္ေတာင္းႏိုင္ေၾကာင္း တရားလႊတ္ ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ဆိုသည္။ “ေငြကိုျပန္ထုတ္ေပးပါ၊ ကြၽန္ေတာ္တို႔ေငြနဲ႔ ကြၽန္ေတာ္တို႔ သြင္းထားတာပါဆိုၿပီး UEC ေတာ့ သူတို႔ေျပာေပါ့။ အဲဒီလို မဟုတ္လို႔ တရား႐ုံးကေန တရားစြဲမယ္ဆိုရင္ေတာ့ ရာဇဝတ္မႈေတာ့ မစြဲႏိုင္ဘူး။ ေငြျပန္ရလိုမႈ တရား မေၾကာင္း အရပဲ ရမယ္လို႔ထင္တယ္” ဟု ၎က ေျပာသည္။

ပါတီကို ဖ်က္သိမ္းခဲ့ေသာ္လည္း ပါတီဆိုင္းဘုတ္မ်ား၊ ကိုယ္စားလွယ္ ဆိုင္းဘုတ္မ်ားကို လက္ရွိတြင္ ျဖဳတ္ခ်ဦးမည္ မဟုတ္ ဘဲ ေ႐ြးေကာက္ပြဲ ေကာ္မရွင္၏ ၫႊန္ၾကားခ်က္ကို ေစာင့္ေနေၾကာင္းလည္း ႏွင္းဆီပါတီက ေျပာ သည္။ လမ္းေပၚ ထြက္ ဆႏၵျပျခင္း၊ လူစုလူေဝး ျပဳလုပ္ျခင္းမ်ား မျပဳလုပ္ၾကရန္ ႏွင္းဆီပါတီဝင္ ေျခာက္ေသာင္းေက်ာ္ကို ေမတၱာရပ္ခံ ထားေၾကာင္း လည္း သိရသည္။ ႏွင္းဆီပါတီကို ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ စတင္ မွတ္ပုံတင္ ထူေထာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၀ ျပည့္ႏွစ္ႏွင့္ ၂၀၁၅ ခုႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲမ်ားတြင္ တစ္ေနရာမွ် အႏိုင္ရရွိျခင္း မရွိခဲ့ေပ။ သို႔ေသာ္ ၂၀၂၀ ေ႐ြးေကာက္ပြဲ အတြက္ ကိုယ္စားလွယ္ေလာင္း တစ္ေထာင္ေက်ာ္အထိ ရွိလာခဲ့သည္။ http://www.mizzimaburmese.com/articl e/74614

*************

၃၁။ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ANP ပါတီ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ဖ်က္ဆီးခံရမႈ ၈ ခုထိရွိလာ
October 19, 2020

မဲဆြယ္စည္း႐ုံးေရး ရက္ေပါင္း ၄၀ ကာလအတြင္း ရခိုင္ျပည္နယ္တြင္ရခိုင္အမ်ိဳးသားပါတီ (ANP)မွ စိုက္ထူထားသည့္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ၈ ခုထိ ဖ်က္ဆီးခံခဲ့ရေၾကာင္း ANP ဗဟိုေအာင္ႏိုင္ေရးေကာ္မတီမွ သိရသည္။ ANP ေအာင္ႏိုင္ေရး ဆိုင္းဘုတ္ ဖ်က္ဆီးခံရသည့္ ၿမိဳ႕နယ္မ်ားမွာ ေတာင္ကုတ္ၿမိဳ႕နယ္တြင္ ၄ ခု၊ အမ္းၿမိဳ႕နယ္တြင္ ၂ ခု၊ ရမ္းၿဗဲၿမိဳ႕နယ္ ရဲယု ေက်း႐ြာ တြင္ ၁ ခု၊ စစ္ေတြၿမိဳ႕ သံဖရာသီးခြဆုံတြင္ ၁ ခုတို႔ျဖစ္သည္။ ထို႔ေၾကာင့္ မဲဆြယ္စည္း႐ုံးေရး ကာလ ျဖစ္သည့္ စက္တင္ဘာလ ၈ ရက္ေန႔မွစၿပီး ေအာက္တိုဘာလ ၁၆ ရက္ေန႔အထိ ANP ပါတီေအာင္ ႏိုင္ေရးဆိုင္းဘုတ္ ၈ ခုထိ ဖ်က္ဆီးခံခဲ့ရျခင္းျဖစ္သည္။ ANP ဗဟိုေအာင္ႏိုင္ေရးေကာ္မတီ ျပန္ၾကားေရးတာဝန္ခံ ဦးေက်ာ္ဝင္းေခ်က “က်ေနာ္ တို႔က တကယ့္ကို ရည္႐ြယ္ခ်က္ရွိရွိ သက္သက္မဲ့ အတိုက္အခံပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ လမ္းသြားလမ္းလာျဖစ္ျဖစ္၊ လူတစ္ေယာက္ ခ်င္းရဲ႕ စိတ္ဆႏၵအရ ဖ်က္ဆီးသြားတဲ့အေပၚမွာေတာ့ အေရးယူသြားဖို႔ စဥ္းစားထားတာမရွိဘူး။ ဒါေပမယ့္ ပါတီတစ္ခုခုက ျဖစ္ျဖစ္၊ အဖြဲ႕အစည္းတစ္ခုခုက ျဖစ္ျဖစ္ လုပ္လာရင္ေတာ့ အေရးယူသြားဖို႔ စဥ္းစားထားတယ္” ဟု ေျပာသည္။ လက္ရွိတြင္ ANP ေအာင္ႏိုင္ေရးဆိုင္းဘုတ္ ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္ၿပီး ေတာင္ကုတ္ၿမိဳ႕နယ္တြင္ အမႈဖြင့္ အေရးယူရန္လုပ္ေဆာင္ေန ေၾကာင္း ဦးေက်ာ္ဝင္းေခ်က ဆိုသည္။

ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးဆိုင္းဘုတ္မ်ား ဖ်က္ဆီးျခင္းကို လက္ခံႏိုင္စရာအေၾကာင္းမရွိဟု ANP ပါတီ ကိုယ္စားျပဳအျဖစ္ စစ္ေတြၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးထြန္းေအာင္ေက်ာ္က ေျပာ သည္။“ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးဆိုင္းဘုတ္ေတြကို ဖ်က္ဆီးတာဟာ က်ေနာ္တို႔ လက္ခံႏိုင္စရာ အေၾကာင္းမရွိဘူး။ ဘာျဖစ္လို႔လဲဆိုရင္ ႏိုင္ငံေရးယဥ္ေက်းမႈ ျမင့္မားတဲ့လူေတြရဲ႕ စိတ္ဓာတ္ဟာ ဒီလိုဖ်က္ဆီးတဲ့ လုပ္ရပ္ေတြကို လုပ္မွာ မဟုတ္ ဘူး။ ႏိုင္ငံေရးယဥ္ေက်းမႈ ထြန္းကားတယ္ဆိုလို႔ရွိရင္ ႏိုင္ငံေရးအရပဲ ယွဥ္ၿပိဳင္ဖို႔လိုအပ္တယ္လို႔ ျမင္တယ္။ေနာက္တစ္ခုက အခြင့္အေရးလည္းရွိၿပီးသားျဖစ္တယ္၊ကိုယ့္မႀကိဳက္တာကို ဒီလိုဖ်က္ဆီးဖို႔မလိုဘဲ မဲ ေပးၿပီးေတာ့ ကိုယ့္မႀကိဳက္တဲ့သူကို မေ႐ြးခ်ယ္ႏိုင္တဲ့အခြင့္အေရးလည္း ႏိုင္ငံသားတိုင္းမွာရွိတယ္” ဟု သူကဆို သည္။

ယင္းအျပင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(NLD) မွ စိုက္ထူထားသည့္ ေအာင္ႏိုင္ေရးဆိုင္းဘုတ္မ်ား ဖ်က္ဆီးခံရမႈ ဆက္တိုက္ျဖစ္ပြားေနၿပီး ေတာင္ကုတ္၊ေျမပုံ၊မာန္ေအာင္၊စစ္ေတြ၊ဘူးသီးေတာင္ၿမိဳ႕နယ္တို႔တြင္ စိုက္ထူထားသည့္ ေအာင္ႏိုင္ ေရးဆိုင္းဘုတ္ အနည္းဆုံး ၁၅ ခုခန႔္ ဖ်က္ဆီးခံခဲ့ရသည္။ ႏိုဝင္ဘာလ ၈ ရက္ေန႔တြင္က်င္းပမည့္ ၂၀၂၀ ခုႏွစ္၊ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးခြင့္ ကာလကို စက္တင္ဘာလ ၈ ရက္ေန႔ နံနက္ ၆ နာရီမွ ႏိုဝင္ဘာလ ၆ ရက္ေန႔ ညေန ၁၂ နာရီအခ်ိန္ထိ ရက္ေပါင္း ၆၀ ခြင့္ျပဳေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္မွ ေၾကျငာထားသည္။ https://www.b nionline.net/mm/news-76344

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း
(No. 67 , October 20, 2020)

၁။ တိုင်းရင်းသားများ မဲပေးခွင့် မဆုံးရှုံးစေရန် ပေါင်းစည်း တိုင်းရင်းသား ၅ ပါတီ သဘောထားထုတ်ပြန်

၂။ NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်

၃။ မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ

၄။ စစ်တွေမြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် ဦးဆောင်ကျောင်းသားအချို့ ဖမ်းဆီးခံရ

၅။ KPP ဝန်းရံသူ ၂,၀၀၀ ခန့် ကန်ကြီးဒေါင့်မြို့နယ်အတွင်း လှည့်လည်အင်အားပြ

၆။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KBC ဥက္ကဌ ဖြင့်တွေ့ဆုံမေးမြန်းခြင်း

၇။ ပလက်ဝမြို့တွင် ဒေသခံနှစ်ဦးဖမ်းဆီးခံရ

၈။ ပြည်သူတို့ကိုခြိမ်းခြောက်နေသော လက်နက်ကိုင်ပြည်သူ့စစ်အမည်ခံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို သက်ဆိုင်ရာမှ အမြန်ဆုံးကိုယ်တွယ်ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီ ကြေညာချက်ထုတ်

၉။ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

၁၀။ နယ်မြေတည်ငြိမ်သည့် မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲကျင်းပခွင့်မပြု

၁၁။ ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံး

၁၂။ လွတ်လပ်ခွင့်ဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ

၁၃။ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့်နေအိမ်များကို ပြန်ပြင်ပေးမည်

၁၄။ ဧရာဝတီတိုင်းအတွင်း ကရင်ရေးရာ မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိ

၁၅။ ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ

၁၆။ ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီ ၂ ခု၏ ဆိုင်းဘုတ်ဖျက်ဆီးခံရ

၁၇။ ဖားကန့်နှင့် မိုးညှင်းတွင် Stay at Home အမိန့်ထုတ်ပြန်

၁၈။ မြဝတီမြို့တွင် KNDP ပါတီအောင်နိုင်ရေးအတွက် လူဦးရေသောင်းချီ၍ အင်အားပြလှည့်လည်

၁၉။ ကျောက်မဲမြို့နယ် လူထုနေအိမ်ဝင်းထဲ ဗုံး/မိုင်း (၁) လုံးထပ်မံ တွေ့ရှိ

၂၀။ တိုက်ပွဲမဖြစ်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပခြင်း လက်ခံနိုင်စရာမရှိဟုဆို

၂၁။ မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

၂၂။ တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး

၂၃။ Covid-19 ကြောင့် ဖားကန့်တွင် မဲရုံထပ်တိုးပေးရန် တောင်းဆို

၂၄။ ပဋိပက္ခမဖြစ်တဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်တချို့ကို မဲပေးခွင့်ပြုဖို့ တောင်းဆို

၂၅။ ရွေးကောက်ပွဲ ကျင်းပခွင့် ပေး မပေး စဉ်းစားရာတွင် နိုင်ငံရေးအရ စွက်ဖက်၍ မစဉ်းစားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား

၂၆။ မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ်(၂)တံတား ယာယီပိတ်သွားရန် စီစဉ်

၂၇။ မြစ်ကြီးနားတွင် ဒီဇင်ဘာလအထိ ညမထွက်ရအမိန့် ထုတ်ပြန်

၂၈။ မင်းပြားမေလွမ်းရွာအနီးတိုက်ပွဲဖြစ်၊ ရွာအနီးကျည်ကျ၍ ရွာသားများကြောက်လန့်ထွက်ပြေး

၂၉။ မိုင်းခုတ်တွင် ကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်သူမမိဘဲ သိမ်းဆည်းရမိ

၃၀။ ပါတီဖျက်သိမ်းခံရမှု ရွေးကောက်ပွဲ ကော်မရှင်ထံ နှင်းဆီပါတီ စာပို့ကန့်ကွက်မည်

၃၁။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ANP ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှု ၈ ခုထိရှိလာ

**************

၁။ တိုင်းရင်းသားများ မဲပေးခွင့် မဆုံးရှုံးစေရန် ပေါင်းစည်း တိုင်းရင်းသား ၅ ပါတီ သဘောထားထုတ်ပြန်
October 19, 2020

ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခြေရှိသည့်ဒေသမှ တိုင်းရင်းသားပြည်သူများ မဲပေးခွင့် မဆုံးရှုံးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် ပေါင်းစည်းထားသည့် တိုင်းရင်းသား ၅ ပါတီက အောက်တိုဘာ ၁၈ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။ UEC မှ အောက်တိုဘာ ၁၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေငြာခဲ့အပြီး ၎င်းတို့မှ ယခုလို သဘောထားထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီ-KNDP ဥက္ကဋ္ဌက ပြောသည်။ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကရင်(ပြည်နယ်)မှာက ယခင်ပိတ်ထားတဲ့ မဲဆန္ဒနယ်ကိုပဲ ထပ်ပိတ်လိုက် တော့ သိပ်ပြောစရာမရှိဘူး။ ရခိုင်၊ ရှမ်းတို့မှာ ပိုပိုပြီး ပိတ်လာတဲ့အခါ မဲဆန္ဒရှင်တွေရဲ့ မဲပေးခွင့် ရရှိရေးအတွက် သဘောထားထုတ်ပြန်ရခြင်းဖြစ်တယ်။” ဟု အောက်တိုဘာ ၁၉ ရက်တွင် ကေအိုင်စီသို့ပြောသည်။ သဘောထား ထုတ်ပြန်ထားသည့် ပြည်နယ် ၅ ခုမှ ပေါင်းစည်း ပါတီများမှာ ကရင်ပြည်နယ်မှ KNDP၊ KSPP-က ချင်ပြည်နယ် ပြည်သူ့ပါတီ၊ KySDP-ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ CNLD-ချင်းအမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်၊ MUP-မွန်ညီညွတ် ရေးပါတီတို့ဖြစ်သည်။

KSPP ဒုဥက္ကဋ္ဌ (၂) ကွမ်ဂရောင်အောင်ခမ်းကလည်း “ကျနော်တို့ ကချင်မှာ ကျေးရွာအုပ်စုတွေလောက်ပဲ ဖျက်သိမ်းတာဖြစ် တယ်။ ရခိုင်မှာဆို ၉ မြို့နယ်တောင် ဖျက်သိမ်းတော့ နောက်ဆက်တွဲပြဿနာတွေအများကြီး ဖြစ် လာနိုင်တယ်။ ဒါကို အမြန်ဆုံးပြည်လည်ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲကို လုပ်စေချင်ပါတယ်။” ဟုပြောသည်။ UEC မှ ယခုလိုလုပ်လိုက်ခြင်းအား ဖြင့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တရားမျှတရေး၊ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးတို့တွင် ထိခိုက်လာနိုင်ကြောင်းလည်း ကွမ်ဂရောင်အောင်ခမ်းက ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)တာဝန်ရှိသူကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် မအားလပ်သေးကြောင်း ပြန်လည် ပြောဆိုသည်။

ထို့အပြင် နိုင်ငံသားတိုင်းတန်းတူ အခွင့်အရေးရရှိပြီး လွှတ်တော်နိုင်ငံရေးတွင် ပါဝင်ခွင့် ရစေသည့်နည်းလမ်းဖြင့် နိုင်ငံရေး ဘောင်ကို ချဲ့ထွင်ရန် မဖြစ်မနေလိုအပ်နေသည့် အနေအထားတွင် UEC ၏ ထုတ်ပြန်ချက်သည် ရွေး ကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေများမှ တိုင်းရင်းသားများအား လွှတ်တော်ပြင်ပနိုင်ငံရေးနည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာရောက် သည်ကို ရှုမြင်ပါသည်ဟု ထပ်မံပါရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်အတွင်းရှိ အခြေစိုက် တိုင်းရင်သားပါတီ အများအပြား ရှုံးနိမ့်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်များရှိ ပါတီအများအပြားမှာ သက်ဆိုင်ရာပြည်နယ်၌ တစ် ပါတီတည်းအဖြစ် ပြန်လည်ပူးပေါင်းလိုက်သလို အဆိုပါ ပေါင်းစည်းပါတီ ၅ ပါတီမှာလည်း အတူတကွ လက်တွဲဆောင်ရွက်နေသည်ဟု သိရသည်။ http://kicnews.org/2020/10/%e1%80% 90%e1%80%ad %e1%80%af%e1%80%84%e1%80%b9%e1%80

**************

၂။ NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီးထားကြောင်း AA ထုတ်ပြန်
October 19, 2020

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ ဒီကိုယ်စားလှယ်လောင်းသုံးဦးကို အောက်တိုဘာ ၁၄ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင်လူတစ်စုက ရိုက်နှက် ဖမ်းဆီး သွားခဲ့အပြီး ငါးရက်အကြာမှာ AA က အခုလို ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၉ ရက်ညပိုင်းက ထုတ်ပြန်တဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ကြေညာချက်မှာ… NLD အစိုးရ အနေနဲ့ ဖမ်းဆီး ထားတဲ့ နိုင်ငံရေးသမားတွေ၊ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားတွေ ပြန်လွှတ်ပေးမယ်ဆိုရင် ဒီအမတ်လောင်း သုံးယောက် ကိုလည်း ပြန်လွှတ်ပေးမယ်လို့ AA က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။ AA အနေနဲ့ စစ်သုံ့ပန်း လဲ လှယ်ရေးမူကို ဆက်ပြီးဆုပ်ကိုင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒီကိုယ်စားလှယ်လောင်းတွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်း ရာမှာ… NLD အစိုးရဟာ ရခိုင့် တပ်တော် ကို အမြတ်ဖြတ်ချေမှုန်းဖို့နဲ့ ရခိုင်မှာ အစိုးရတပ်မတော်က စစ်ရာဇဝတ်မှု ကျူးလွန်နိုင်အောင် အမိန့်ပေးနေ ကြောင်း၊ နိုင်ငံတကာက မြန်မာ့တပ်မတော်အပေါ် အရေးမယူနိုင်အောင် NLD အစိုးရက အကာအကွယ် ပေးနေကြောင်း၊ ကိုဗစ်ကာလမှာ ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအမြတ်ထုတ်ဖို့ NLD အစိုးရက လုပ်ဆောင်နေကြောင်း ဒါကြောင့် ဒီကိုယ် စားလှယ်တွေကို ဖမ်းဆီး စစ်ဆေးနေဆဲဖြစ်ပြီး လိုအပ်တဲ့ အခြေအနေတစ်ခုအထိ ထိန်းသိမ်းထားမှာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

AA အဖွဲ့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆက်သွယ်မေးမြန်းရာမှာ ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က… ဒီလို စစ်သုံ့ပန်း လဲလှယ်မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ခက်ခဲသလို၊ တပ်မတော် ကို NLD အစိုးရက အမိန့်ပေး စေခိုင်းနေတယ်ဆိုတဲ့ AA ရဲ့စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။ ရခိုင့်တပ်တော် AA ဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတွေကို RFA က ဆက်သွယ် မေးမြန်း နေပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။ အလားတူ သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA က မေးမြန်း ထားပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်နီနီမေမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မယ့် ဦးမင်းအောင်တို့ သုံးဦး တောင်ကုတ် မြို့နယ် ဖောင်းခါးကျေးရွာမှာ မဲဆွယ်စည်းရုံးရေးဆင်းနေချိန် အောက်တိုဘာလ (၁၄) ရက်နေ့မှာ လက်နက်ကိုင်ထားတဲ့ AA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် AA က ဒီကနေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/aa-detains-toungup-nld-10192020090901.html

***************

၃။ မူဆယ် SNLD ပါတီ စည်းရုံးရေး ကား ရွှေလီမြစ်ထဲကျ ၃ဦး သေဆုံး၊ကလေးတဦးပျောက်ဆုံးနေဆဲ
October 18, 2020

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မဲဆွယ်စည်းရုံးရေး ကားတစ်စီး ရွှေလီမြစ်ထဲသို့ ထိုးကျပြီး အမျိုးသမီး ၃ ဦး သေဆုံးကာ၊ ကလေးတဦး ပျောက်ဆုံးနေဆဲဟု သိရသည်။ ဖြစ်စဉ်မှာ ယနေ့ (အောက်တိုဘာ ၁၈)ရက် မနက် ၉ နာရီ တွင် မူဆယ်မြို့ ဖိုင်ကျောင်းကျေးရွာ နောင်ဟင်လှေဆိပ်တွင် ကားတစီး ရွှေလီမြစ် ထဲသို့ ထိုးကျကာ စည်းရုံးရေး ခရီးစဉ် လိုက်ပါသွားသည့် အမျိုးသမီး (၃)ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ်တဦး ယခုချိန်ထိ ပျောက်ဆုံးနေဆဲဟု SNLD မှ ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော် ဆင့် ကို ပြောသည်။ အဆိုပါကားသည် (SNLD) နှင့် မဲဆွယ်စည်းရုံးရေးကို လိုက်ပါ အားဖြည့်ပေးသည့် ကား ဖြစ်သည်။

ထိုကားပေါ်တွင် လူ(၇) ပါရှိကာ ၃ ဦး အသက်ရှင်ပြီး၊ အမျိုးသမီး ၃ ဦး ရုပ်အလောင်းကို ပြန်လည် ဆယ်ယူလာနိုင်ခဲ့ပြီး ကလေးကို ရှာဖွေမတွေ့ရှိခဲ့ကြောင်း စိုင်းကျော်သိန်း က ပြောသည်။“ ပြုတ်ကျသွားတဲ့ချိန်မှာ (၃) ယောက်ကတော့ ထွက် လာနိုင်တယ်။ ကျနော်ဝိုင်းပြီးတော့ ကယ်ကြတယ်။ ကျန်တာက (၃) ယောက်သေဆုံးသွားပြီး ကလေးငယ် တစ်ဦး ပျောက် ဆုံးနေတယ်”ဟု စိုင်းကျော်သိန်းက ပြောသည်။ လက်ရှိပျောက်ဆုံးနေသည့် ကလေးငယ်သည် အသက် (၅)နှစ် အရွယ် သာ ရှိသေးကြောင်းသိရသည်။

ဆက်လက်ပြီး စိုင်းကျော်သိန်းက “ စက်လှေက ဟိုဖက်မှာရှိနေတာ။ ဒီဖက်မှာ ကျနော်တို့ ကား ၃ စီးကရပ်ထားတယ်။ စက်လှေ စောင့်နေတာ။ အဲဒါကို ဒီဖက်ကနေကျော်တက်သွားပြီးတော့ ရေထဲထိုးကျသွားတဲ့ သဘောဖြစ်သွားတယ်” ဟု ပြောပြသည်။ အမျိုးသမီး (၃)ဦး၏ ရုပ်အလောင်းကို မူဆယ်မြို့ပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ဂရုဏာ လူမှုကူညီရေး အသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ SNLD မဲဆွယ်စည်းရုံးရေးကား ပါ။ အရှိန် ကြောင့် ရေထဲ ထိုးကျသွားတယ်။ အမျိုးသားတဦးနဲ့ အမျိုးသမီး ၂ ဦးကတော့ အသက်ရှင်တယ်။ အမျိုးသမီး ၃ ဦး ရုပ် အလောင်းကို တွေ့တယ်။ ကလေးကိုဆက်ရှာနေတယ်”ဟု ဦးသောင်းထွန်း ကပြောသည်။ https://burmese.shann ews.org/archives /18945

**************

၄။ စစ်တွေမြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် ဦးဆောင်ကျောင်းသားအချို့ ဖမ်းဆီးခံရ
19 October 2020

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာ ၁၉ ရက်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ တောင်းဆိုဆန္ဒဖော် ထုတ်သည့်အတွက် ကျောင်းသားအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့မှ စတင်ကာ မြို့တွင်းရှိ လမ်းအချို့တွင် လှည့်လည်ခဲ့ပြီး အင်းဝဘဏ်ရှေ့နားတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင် က “ကျွန်တော်တို့ ၉ လပိုင်း၊ ၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့တာရှိတယ်။ ဒါပေမဲ့ ဆန္ဒပြပြီးရင်လည်း အစိုးရက ကျွန်တော်တို့ကို ဖမ်းဆီးတယ်။ ဖမ်းဆီးတာကတော့ တစ်ပိုင်းပေါ့။ ထားလိုက်တော့။ နောက်ပြီးတော့ ပြည်သူတွေက ထပ်ပြီးတော့ သေနေတယ်။ လက်နက်ကြီးကျလို့ သေနေတယ်။ နေ့စဉ်နဲ့အမျှသေနေတယ်။ ဒါတွေ ထပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ အခုလိုမျိုး ထပ်လုပ်ရတာဖြစ်တယ်။ အစိုးရက ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့ အသံကို နားမထောင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အခုလိုဆန္ဒပြရတာဖြစ်ပါတယ်” ဟု မီဒီယာများကို ပြောကြားသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုပွဲတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အဓိက ပါဝင်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် စစ်တွေမြို့မှ ပြည်သူအချို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်သည့် ကျောင်းသားများသည် Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင် သည် ကျွန်မဟုတ် စသည့်အချက်များကို ကြွေးကြော်တောင်းဆိုကြသကဲ့သို့ ဆိုင်းဘုတ်၊ ပိုစတာများကိုလည်း ကိုင်ဆောင် ကာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင် (သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုမြတ်စိုးဝင်း (ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်-တွဲဖက်အတွင်းရေးမှူး)၊ ကိုကျော်နိုင်ဌေး (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း (သမဂ္ဂ-တက္ကသိုလ်များ ရန်ကုန်၊အဖွဲ့ဝင်) တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ https://news-eleven.co m/article/195866

**************

၅။ KPP ဝန်းရံသူ ၂,၀၀၀ ခန့် ကန်ကြီးဒေါင့်မြို့နယ်အတွင်း လှည့်လည်အင်အားပြ
October 17, 2020

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးဒေါင့်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကရင် ပြည်သူ့ပါတီ -KPP ဝန်းရံသူ လူအင်အား ၂,၀၀၀ ခန့်မှ မြို့တွင်းအပါအဝင် KPP ကို ထောက်ခံသည့် နယ်ကျေးရွာများ အတွင်း အင်အားပြလှည့်လည်မှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲတွင် ကန်ကြီးဒေါင့်မြို့နယ် မဲဆန္ဒနယ်များအတွက် ကရင်ပြည် သူ့ပါတီ -KPP မှ ကိုယ်စားလှယ်လောင်းများသာ ဝင်ရောက် အရွေး ချယ်ခံကြမည်ဖြစ်ပြီး အခြား ကရင်ပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားပါတီ-KNP မှ ကိုယ်စားလှယ်လောင်းများ ဝင် ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တစ်ခုလည်းဖြစ်သည်။

အင်အားပြလှည့်လည်မှုများအတွက် စီစဉ်သူတစ်ဦးဖြစ်သည့် စလောင်းလောင်းက“ ဒီကန်ကြီးဒေါင့်မြို့နယ်ထဲ မှာရှိတဲ့ ကရင် ဒေသခံတချို့ဆို ကိုယ့်ကရင်ပါတီရှိတယ်ဆိုတာတောင် မသိကြဘူး။ တချို့လည်း ကရင်ပါတီရှိ တာကို သိပေမယ့် ကိုယ့်ကရင်ပါတီအတွက် မဲထည့်ဖို့ကို မသိကြတာမျိုးလည်းရှိတယ်။ အဲဒီအတွက်ကို စီစဉ် တာဖြစ်ပါတယ်။ သုံးရက်ပေါင်းရင် ဝန်းရံသူပါ အပါ နှစ်ထောင်လောက်ရှိမယ်”ဟု ကေအိုင်စီသို့ ပြောသည်။ အဆိုပါ အင်အားပြလှည့်လည်မှုများကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကန်ကြီးဒေါင့်မြို့နယ် အမှတ်(၁)မဲ ဆန္ဒနယ်၊ ၁၅ ရက်နေ့ ရန်ကုန်ပုသိမ်ကားလမ်းမကြီး တစ်လျှောက် မြင်းခါးဆိပ်မှ ဒါးကနှင့် ၁၆ ရက်နေ့တွင် ကန်ကြီးဒေါင့်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်ကျေးရွာများအထိ ဆိုင်ကယ်၊ ကား၊ ထော်လာဂျီများဖြင့် အင် အားပြလှည့်လည်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုသို့လှည့်လည်ရာတွင်လည်း လိုက်ပါသူများအား ဆိုင်ကယ် ၁ စီးလျှင် ၂ ဦးနှုန်းဖြင့်သာစီးနှင်းရန် သတ်မှတ် ထားသည့် အပြင် အသက် ၁၈ နှစ်မပြည့်ပါက အင်အားပြလှည့်လည်ရာတွင် ပါဝင်ခွင့်မပေးဘဲ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များ နှင့်အညီ Mask (နှာခေါင်းစည်း) တပ်ဆင်ခြင်း၊ လက်သန့်ဆေးရည်များပေးဝေခြင်း စည်း ကမ်းချက်များဖြင့် လှည့်လည်ခဲ့ ခြင်းဖြစ်သည်ဟု စလောင်းလောင်းက ပြောသည်။ ကန်ကြီးဒေါင့်မြို့နယ် မဲဆန္ဒနယ်များအတွက် လာမည့်ရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ -KPP မှ မန်းစံ ထွန်းက ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တွင် မန်းစံစီဖိုးက ကန်ကြီးဒေါင့် မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နှင့် မန်းစောလင်းက ကန်ကြီးဒေါင့် မဲဆန္ဒနယ် အမှတ် ၂ နေရာများအတွက် ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ http://kicnews.org/2020/10/kpp%e1% 81%80%e1%80%94%e1%80%b9%e1%8 0%b8%e1%80%9b%e1

****************

၆။ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး KBC ဥက္ကဌ ဖြင့်တွေ့ဆုံမေးမြန်းခြင်း
19 October 2020

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများ မဲပေးကြရန် တိုက်တွန်းသော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KBC အသင်းချုပ် ဥက္ကဌ Rev.Dr. Hkalam Samson ကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။

မေး။ ။ KBC ကနေ လာမည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ထားတာတွေ့ရတယ်။ ပြည်သူတွေအနေနဲ့ မဲထည့်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဆရာ့အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ကျနော်တို့ အသင်းတော်ကလူတွေ ရွေးကောက်ပွဲနီးလာပြီဆို မေးခွန်းမေးလာတတ်ကြတယ်။ ကျနော်တို့ ဘာသာရေး ဦးဆောင်သူတွေကိုလည်း ဘယ်ပါတီကို မဲထည့်ရင်ကောင်းမလဲဆိုပြီး မေးတာရှိတယ်။ ကျနော်တို့ KBC ကနေလည်း အားလုံးခံယူထားတဲ့အတိုင်း တူပါစေဆိုပြီး ဒါပေမဲ့ တစ်ယောက်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကတော့ သူဟာနဲ့သူ တော့ရှိပါစေပေါ့။ ဒါပေမဲ့ကျနော်တို့က အားလုံးစုပေါင်းပြီးတော့ ပညာပေးတဲ့လမ်းစဉ်အတိုင်းလုပ်ရအောင်ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်ခန့်က ကျနော်တို့ KBC ရဲ့ EC ကနေ အရေးပေါ်အစီးအဝေးမှာ ဒါကိုထုတ်ပြန်လိုက်တာဖြစ်တယ်။ ဒါပေမဲ့ မိမိကြိုက်တာ ကိုပြောတာတော့ ပြဿနာ မရှိဘူးပေါ့။

မေး။ ။တိုင်းရင်းသားပါတီတွေအနေနဲ့ ညွန့်ပေါင်းအစိုးရဖြစ်နိုင်အောင်ဆိုပြီး ကြိုးစားမှုတွေရှိနေတဲ့အပေါ် ဆရာ့အနေနဲ့ အမြင်လေးသုံးသပ်ပေးပါ။

ဖြေ။ ။ NLD နဲ့ ကျနော်ပြောကြည့်တဲ့အချိန်မှာ NLD က ညွန့်ပေါင်းအစိုးရလုပ်ဖို့အတွက် အစီစဉ်မရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ USDP တွေကတော့ ဖြစ်နိုင်မဲ့အခြေအနေရှိတယ်။ အရင်သူတို့လက်ထက်တုံးကလည်း တခြားတိုင်းရင်းသား ပါတီ တွေနဲ့လည်းသူတို့လက်တွဲခေါ်တယ်။ ဒါကြောင့် ဒီမှာတော့ USDP တွေအနေနဲ့က အမှတ်ရနေတာပေါ့။ တိုင်းရင်းသားပါတီ တွေနဲ့ အတူလက်တွဲနိုင်တာက ကောင်းတယ်လို့ မြင်မိတယ်။ စစ်အာဏာရှင်နဲ့ ဖွဲ့စည်းပုံတွေကို ဦးဆောင်ပြီး NLD က လုပ်ရမဲ့ အဲ့တာဝန်ကို မလုပ်နေဘူးလို့ ကျနော်ကတော့ ရှင်းရှင်းလင်းလင်းမြင်မိတယ်။

မေး။ ။ နိုဝင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပိုပြီးတော့ ပြည်သူတွေရဲ့ ရပ်တည်ရာနဲ့ ရွေးချယ်စရာဆိုတာထက် ပြည်သူတွေကို အသိပေးပြောပြချင်တာရှိရင် ဖြည့်စွက်ပြောပေးပါ။
ဖြေ။ ။ ၂၀၁၅ ရွေးကောက်ပွဲက အဖြေမှာ ကျနော်တို့က သင်ယူပြီး ဒီနေ့ကျနော်တို့ WMR အနေနဲ့လည်း အပြင်က ဘာဖြစ် လာမယ်ဆိုဒါကို မှန်းဆပြောဆိုတတ်တဲ့ ကျနော်တို့ ရပ်မိရပ်ဖတွေက ပညာများများယူပြီး ကချင်ပါတီတွေ ပေါင်းစည်းကြပါ ဆိုပြီး အတူပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပြီ။ ကျနော်တို့ ကချင်ပါတီတွေအားလုံး မစည်းရုံးနိုင်သေးဘူး။ ပြီးတော့ လူမျိုးစုပါတီတွေ လည်း မစုစည်းနိုင်သေးဘူး။ ကျနော်တို့ WMR အနေနဲ့ကတော့ KSPP ဖြစ်ဖို့အတွက် နာမည်သတ်မှတ်ပေးတယ်။ Logo တွေ အလံတွေကို အတည်ပြုပေးတာဖြစ်တယ်။ ကျနော်ကိုယ်တိုင်လည်း ပါတီပေါင်းစည်းရေး ဖြစ်မြောက်ရေးကော်မတီ ၁၇ ဦးမှာ ပါတယ်။ WMR အနေနဲ့ စုစည်းလိုက်ရင် ကောင်းတယ်လို့ အမြင်ပေးတယ်။ အရေးကြီးဆုံးက ကိုယ်တိုင် မဲကို ထည့် ဖြစ် အောင်ထည့်ပါ။ ဒီနေ့ကျနော်တို့ တိုင်းရင်းသားတွေ ဒီမဲထည့်တဲ့နေရာမှာ အရမ်းအာနည်းနေသေးတယ်။ မဲစာရင်းမှာ ကိုယ့်နာမည်ပါလား မပါလားတောင် သွားမကြည့်ကြဘူး။ ဒါကြောင့် မဲထည့်နိုင်အောင်လုပ်ပါ။ https://burmese.k achinnews.com/2020/10/19/%e1 %80%9b%e1%80%bd%e1%80%b1%e1%80%b8%e1

**************

၇။ ပလက်ဝမြို့တွင် ဒေသခံနှစ်ဦးဖမ်းဆီးခံရ
October 20, 2020

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်မှ အမျိုးသားနှစ်ဦးကို တပ်မတော်သားများမှ ဖမ်းဆီးသွား ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးကျော်မင်းအောင် (၃၂)နှင့် ဦးဌေးလွင် (၃၃)နှစ်တို့ဖြစ်ကြပြီး အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရေတင်းခွန်ကျေးရွာမှ ပလက်ဝသို့ ကုန်ပစ္စည်းသယ်လာစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပလက်ဝ ဒေသခံ ဦးအောင်အောင်ကပြောသည်။ “စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ရေတင်းခွန်ကိုကုန်ပစ္စည်းသယ်ဖို့သွားကြ တာပါ။ အဲကပစ္စည်းတွေ သယ်လာတဲ့လမ်းမှာ တပ်မတော်သားတွေက ဖမ်းဆီးလိုက်တာပါ။ အခုတော့ ရဲစခန်းမှာ ထိန်းသိမ်း ထားပါတယ်”ဟု ၎င်းကဆိုသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကြုံရာကျဗန်းလုပ်ကိုင်စားသောက်နေသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့နှစ်ဦးကို ပလက်ဝ ရဲစခန်းသို့ လွှဲပြောင်းထားသည်ဆိုသော်လည်း မိသားစုဝင်များ တွေ့ခွင့်မရသေးကြောင်း ဖမ်းဆီးခံ ရသူ ဦးကျော်မင်းအောင်၏ ဇနီး ဒေါ်မြရီသန်းကပြောသည်။

အဆိုပါလမ်းတွင်သွားလာမည်ဆိုပါက တပ်ရင်း ၂၈၉ တွင် ခွင့်ပြုစာတင်ရကြောင်း၊ ယင်းသို့ခွင့်ပြုစာတင်ပြန် ငွေကြေးအခက် အခဲရှိသဖြင့် စာမတင်ဘဲသွားခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါ်မြရီသန်းက ဆက်ပြောသည်။ ထိုသို့ ဖမ်းဆီးခံရသူနှစ်ဦးကို ပလက်ဝ ရဲစခန်းတွင် ယာယီထိန်းသိမ်းထားခဲ့ခြင်းသာဖြစ်ပြီး လက်ရှိမှာ တပ်မတော်သားအချို့မှ ဖမ်းဆီးထားသူနှစ်ဦးကို ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ပလက်ဝမြို့နယ် ရဲခစန်းမှ စခန်းမှူး ဒုရဲမှူးဝင်းလွင်က ပြောသည်။“တပ်က ခဏလာအပ်ထားတာပါ။ အခုပြန်ခေါ်သွားပြီ။ ဖမ်းဆီးခံရတဲ့လူနှစ်ယောက်က အရက်ဆီတွေ သယ်လာ ကြတယ်။ လမ်းမှာ တွေ့လို့ သူတို့ကိုခေါ်သွားတာပါ။ ဖမ်းဆီးထားတဲ့သူနှစ်ယောက်ကို အမှုဖွင့် တရားစွဲတာတော့ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စက်တင်ဘာလအတွင်းက ကျောက်တော်မြို့နယ်ဘက်သို့ ကုန်ပစ္စည်းအငှားသယ်ယူပို့ဆောင်သူ ၄၁ ဦးအား တပ်မတော်ကဖမ်းဆီးကာ တပ်ရင်း(၂၈၉)သို့ခေါ်ဆောင်းသွားပြီး တစ်ရက်ခန့်ကြာစစ်ဆေးခဲ့ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ပလက်ဝမြို့နယ်တွင် ဒေသခံများမှ စားဝတ် နေရေးအခက်အခဲကြောင့် ကုန်ပစ္စည်းအငှားထမ်းရန်သွားစဉ် မကြာခဏဖမ်းဆီးစစ်ဆေးခံရမှုများ ရှိနေသည်။ https://www .bnionline.net/mm/news-76367

***************

၈။ ပြည်သူတို့ကိုခြိမ်းခြောက်နေသော လက်နက်ကိုင်ပြည်သူ့စစ်အမည်ခံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို သက်ဆိုင်ရာမှ အမြန်ဆုံးကိုယ်တွယ်ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီ ကြေညာချက်ထုတ်
October 18, 2020

ပြည်သူ့စစ်ဟုအမည်ခံကာ လက်နက်ကိုင်ဆောင်၍ ပြည်သူတို့၏အသက်အိုအိမ်စည်းစိမ် လုံခြုံရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ခြိမ်းခြောက်နေသည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များအား သက်ဆိုင်ရာများမှ အမြန်ဆုံးကိုင်တွယ် ဖြေရှင်းပေးရန် မွန်ပြည်သစ်ပါတီက ကြေညာချက်ထုတ်ပြန်လိုက်သည်။

“လက်နက်ချအဖွဲ့တွေကို ငြိမ်းချမ်းရေးအဖွဲ့ ပြည်သူ့စစ်အဖွဲ့ မူးယစ်ဆေးဝါးအထူးနှိမ်နင်းရေးအဖွဲ့ဆိုပြီး နာမည်အမျိုးမျိုး ခေါ်ကြပါတယ်၊ အခုဟာက နိုင်ရာဇာတို့ ပြည်သူ့စစ်အဖွဲ့၊ မလွှဲတောင်ပေါ်မှာ မနှစ်ကနာမည်ကြီးနေတဲ့ စိုးသန်းနိုင်တို့လို ၅ ယောက်တစ်ဖွဲ့ ၁၀ ယောက်တစ်ဖွဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ လက်နက်ချအလင်းဝင်တွေကို ဂိတ်ဖွင့်ခွင့်ပြုထားတာ တစ်ပုံကြီးရှိနေတယ်၊ ရပ်ရွာတွေမှာ သေနတ်တွေကို နားလည်မှုနဲ့ ကိုင်ဆောင်ခွင့်ပြုထားတယ်၊ ချဲဒိုင် ဘောလုံးဒိုင်လိုမျိုး တရားမဝင်လုပ်ငန်းရှင်တွေဆီက လစဉ်ကြေးတောင်းတယ်၊ သူတို့ရံပုံငွေဆိုပြီး လောင်းကစားပွဲတွေလုပ်ခွင့်ရတယ်၊ အကြွေး တွေကို သေနတ်ပြပြီး အငှားလိုက်တောင်းပေးတယ်၊ ရပ်ထဲရွာထဲ အာဏာပြ သေနတ်ပြခြိမ်းခြောက်နေတာကို သူတို့ ဆရာကြီးတွေက မျက်စိမှိတ်ပေးထားလို့ရပေမယ့် အခုလို လူသတ်တဲ့အဆင့်အထိ ရာဇဝတ်ပြစ်မှုကျူးလွန်လာရင်တော့ ဥပဒေအတိုင်းအရေးယူခံရတာပေါ့”ဟု အမည်မဖော်ပြလိုသော ရေးမြို့ပေါ်မှ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်း တစ်ဦးက ပြောသည်။

အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာအနီး ခံသင်းတံတားအနီး အခြေစိုက်သည့် မွန်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် နိုင်ရာဇာ ဆိုသူက အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတွင် M-16 သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွင့်ပြန်လာသည့် မွန်ပြည်သစ် ပါတီ ခရိုင်ကော်မတီဝင် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ နိုင်ဇော်လတ်(ခေါ်) နိုင်ဂေးမရော့ သေဆုံးခဲ့သည့်ဖြစ်စဉ် အပေါ် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ဇော်လတ် နှင့် နိုင်ရာဇာတို့အဖွဲ့သည် အခင်းဖြစ်ပွားသည့်နေရာအနီးတဝိုက်တွင် အခြေအတင်စကားများခဲ့ကြသည့် အသံများ ကြားခဲ့ကြောင်းနှင့် ယင်းနောက် သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း၊ နိုင်ရာဇာကိုင်ဆောင်သည့် M-16 အမျိုး အစား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်အလောင်းတွင် ကျန်ရစ်ခဲ့သည့် ကျည်ဖူးမှတဆင့် စစ်ဆေး အတည် ပြုနိုင် ခဲ့သည်ဟုဆိုသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ခင်အေး တရားလို ပြုလုပ်၍ ရေးမြို့မရဲစခန်းသို့ တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုကြီးအမှတ်စဉ် (၂၆/၂၀၂၀) ဖြင့် အမှုဖွင့်ပြီး တရားခံ နိုင်ရာဇာအား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

ယင်းသို့ အခင်းဖြစ်ပွားရာနေရာတွင် အခြေအတင်စကားများပြီးနောက် နိုင်ရာဇာမှ ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်မှန်ကို လီဆယ်၍ ယင်းအစား မိမိတို့၏စခန်းအား လာရောက်ပစ်ခတ်၍ ခုခံပစ်ခတ်ခြင်းဖြစ်ကြောင်း လက်ဦးမှုရယူကာ လိမ်လည်၍ သတင်းထုတ်ပြန်စေခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရာမညတိုင်း(မ်) သတင်းအေဂျင်စီကို လီဆယ်၍ သတင်းဖြန့်စေခဲ့ကြောင်း မွန်ပြည်သစ်ပါတီက သုံးသပ်ထားသည်။“ရာဇာကို မနေ့က ရဲဖမ်းလိုက်ပြီး သူတို့ ပြည်သူ့စစ်အဖွဲ့လက်နက်တွေကို စစ်တပ်က သိမ်းထားတယ်လို့ကြားတယ်၊ လူသတ်မိတယ်ဆိုတာနဲ့ သတင်းဌာနတွေကို ဆက်သွယ်ပြီး သူတို့စခန်းကိုပဲ အဖွဲ့အစည်းတစ်ခုခုက ဝင်ပစ်သွားသလို သတင်းလွှင့်လိုက်သေးတယ်၊ ဒါပေမယ့် အမှုမှန် ပေါ်သွားပြီဆိုတော့ သူတို့ငြင်းလို့မရတော့ဘူး”ဟု အထက်ပါ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းက ဆက်ပြော သည်။ ပြည်သူ့စစ်အများစုသည် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြပြီး ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့မှ အသွင်ပြောင်း ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည့်ပုံစံမျိုးစုံနှင့် ရပ်တည်နေကြကြောင်း သိရ သည်။ http://burmese.monnews.org/2020/10/17/%e1%80%95%e 1%80%bc%e1%80%8a%e1%80%ba%

**************

၉။ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
October 18, 2020

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းက လက်နက်ချခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်မှူး နိုင်ရာဇာအဖွဲ့ဟာ မွန်ပြည်သူ့စစ်အသွင်နဲ့ ဂိတ်စခန်းချထားတဲ့ မော်လမြိုင်-ရေး ကားလမ်းအနီးနားမှာ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ အခြေအနေကို ရေးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သိန်းဇော်က အခုလို ပြောပါတယ်။

“သူတို့ချင်း အချင်းချင်း ဖြစ်ကြတာတွေ၊ ပစ်တာခတ်တာတွေဖြစ်တော့ တစ်ယောက် သေနတ်ထိမှန်ပြီး သေတယ်၊ မွန်ပြည်သစ်ပါတီက၊ အဲဒါလေးက တပ်ကလည်း ကျွန်တော်တို့ဆီ မလွှဲသေးဘူး၊ ကျွန်တော်တို့ဆီကို လာတိုင်ချက်လေး တော့ အကြမ်းကောက်ထားတယ်၊ ဥပဒေအရတော့ ဥပဒေနဲ့အညီတော့ ဆောင်ရွက်ရမှာပေါ့၊ တစ်ဖက်ကတော့ မွန်အဖွဲ့ တွေပါပဲ။ သူတို့က ပြည်သူ့စစ်ပုံစံမျိုးနဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်က လက်နက်တွေ ထုတ်ပေးထားတာပေါ့၊ ဟိုဘက်က တော့ သူတို့မွန်ဘက်ကလည်း သေနက်ပါတယ်လေ၊ ပစ္စတို၊ ပစ်တာကတော့ အဲသေဆုံးတဲ့သူအဖွဲ့က ပစ်သွားတာ၊ ဒီဘက် က ဗိုလ်မှူး နိုင်ရာဇာအဖွဲ့က မမှန်ဘူး။ မမှန်တော့၊ ဒီဘက်က ပစ်လိုက်တာ မှန်သွားတာ ဒါပဲ”သေဆုံးသူဟာ မွန်ပြည်သစ် ပါတီ သုတေသနဌာနရဲ့ ဒုတိယ တာဝန်ခံဖြစ်သလို ခရိုင်ကော်မတီဝင်အဆင့် တာဝန်ရှိသူ နိုင်ဇော်လတ် ဖြစ်ပါတယ်။

သေဆုံးသူဟာ ရေးမြို့နယ်ထဲက သူ့ဇာတိဖြစ်တဲ့ ကော့ဒွတ်ကျေးရွာပြန်ဖို့ အောက်တိုဘာ လဆန်းပိုင်းက မွန်ပြည်သစ်ပါတီ မှာ ခွင့်ယူထားသူဖြစ်လို့ သ့ူရဲ့လှုပ်ရှားမှုကိုတော့ အတိအကျ မသိရသေးပေမယ့် သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က သေနတ် ဒဏ်ရာအပေါ်မှာ သံသယရှိမိတယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုင်အောင်မငေးက RFA ကို ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ညနဲ့ နောက်နေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ မွန်ပြည်သူ့စစ်ဆိုသူ ဗိုလ်မှူး နိုင်ရာဇာထံ RFA သတင်းဌာနက ဖုန်းဆက်သွယ်ရာမှာ ဖုန်းမကိုင်ခဲ့ပါဘူး။ ဗိုလ်မှူး နိုင်ရာဇာကို မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကနေ ထုတ်ပယ်ကြောင်းနဲ့ နိုင်ငံတော် တည်ဆဲဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ဌာနတွေအနေနဲ့ လိုအပ် သလို အရေးယူနိုင်ကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကော့တုံ ဗဟိုစစ်ဌာနချုပ်ကနေ ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့က ကြေညာထားပါတယ်။ မွန်ပြည်သစ်ပါတီကနေ ခွင့်နဲ့ပြန်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေကို လက်နက်ကိုင်ဆောင်ဖို့ လုံးဝ ခွင့်မပြုထားသလို သေဆုံးသူအလောင်းအနီးမှာ ထားရစ်ခဲ့တဲ့ 9 MM အမျိုးအစား လက်နက်ငယ်ဟာလည်း မွန်ပြည်သစ် ပါတီက လက်နက်မဟုတ်ဘူးလို့ အောက်တိုဘာ ၁၆ ရက်မှာ မွန်ပြည်သစ်ပါတီက အသိပေးကြေညာခဲ့ပါတယ်။

သေဆုံးသူမှာ ကျန်ရှိနေတဲ့သေနတ်က မွန်ပြည်သစ်ပါတီက သေနတ်မဟုတ်တဲ့အပြင် သေနတ်မောင်း မဖြုတ်ထားသလို သေနတ်ကျည်ဆံ ၁၄ လုံး အပြည့်ရှိနေတာနဲ့ သေနတ်ပြောင်းမှာ ယမ်းငွေ့မရှိဘူးလို့ စုံစမ်းသိရှိထားတဲ့အကြောင်း နိုင်အောင်မငေး က ပြောပါတယ်။ မွန်ပြည်သစ်ပါတီက ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ နိုင်ဇော်လတ် ရုပ်အလောင်းကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှာ မွန်ပြည်သစ်ပါတီ ဝယ်ဇဉ်တပ်စခန်းကို သယ်ဆောင်သွားခဲ့ပြီး နောက်တနေ့မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ https://www.rfa.org/burmese/news/nmsp-member-shot-dead-10182020215014.html

**************

၁၀။ နယ်မြေတည်ငြိမ်သည့် မိုင်းကိုင်မြို့နယ် ရွေးကောက်ပွဲကျင်းပခွင့်မပြု
October 17, 2020

နယ်မြေတည်ငြိမ်အေးချမ်းပြီး တိုက်ပွဲမဖြစ်ပွားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တခုလုံး ရွေးကောက်ပွဲ ကျင်းပခွင့် မပြုသည့်အပေါ် မဖြစ်သင့်ကြောင်း မိုင်းကိုင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းဆိုင်မိုင်း ကပြောသည်။“ကျနော်တို့ မိုင်းကိုင်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ နယ်မြေအခြေနေဆိုး နေတာလည်းမဟုတ်ဘူး။ အဲ့တွက်ကြောင့် ဒါကမဖြစ်သင့်ဘူး။မဖြစ်သင့်တဲ့ ကိစ္စပါ” ဟု စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။“မဖြစ်သင့်တဲ့ ကိစ္စ နိုင်ငံသား တစ်ယောက်ရဲ့ မဲပေးပိုင်ခွင့်ကို ဆုံးရှုံးစေ တယ်။ တကယ်လို့သာ သူ့တို့သာ မဲပေးပိုင်ခွင့်ရှိတယ်ဆိုလို့ရှိရင် မဲပေးနိုင်တဲ့ အနေအထား ဖန်တီးပေးရမယ်။ ရှေ့ဆက် ကျနော်တို့တော့ ညှိနှိုင်းနေပါတယ်။ တိုင်ပင်နေပါတယ်” ဟု စိုင်းဆိုင်မိုင်း ကပြောသည်။

လက်ရှိ မဲဆွယ်ကာလတွင် RCSS/SSA မှ တအာင်းအမျိုးသားပါတီ (TNP) ကို မိုင်းကိုင်မြို့နယ် အတွင်း မဲဆွယ်စည်းရုံး မရ အောင် အနှောက်အယှက် ပေး နေကြောင်း လည်း မိုင်းကိုင်မြို့နယ် TNP ဥက္ကဌ မိုင်းနုမ်ဟန် က သျှမ်းသံတော်ဆင့်ကို ပြော သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး မှ RCSS/SSA အနေဖြင့် တားဆီးပိတ်ပင်ခြင်း မရှိကြောင်း နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့် နေရာမှာ စည်းကမ်းချက်များ အကန့်အသတ်များ စစ်ဆေးသည့် ကိစ္စများရှိကြောင်း ပြောသည်။“မဲဆွယ် စည်းရုံးရေး ကာလမှာ အဟန့်အတားလုပ်တာ မရှိဘူး။ အဲ့ဒီ ဒေသမှာ အခြေနေ ငြိမ်သက်နေတယ်”ဟု ဒုဗိုလ်မှူးကြီး အုမ်ခေး က ဆို သည်။ အရပ်သားအစိုးရ လက်တက်တွင် သျှမ်းပြည်အပေါ် လက်ရှိပြုမူမှုသည် အရပ်သားအစိုးရကို အယုံအကြည် ကင်းမဲ့ သည့် အနေအထားဖြစ်သွားကြောင်း သျှမ်းပြည်သူများက မှတ်ချက်ပြုလိုက်သည်။

သျှမ်းပြည် အတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်မပြုသည့် မြို့နယ်များမှာ မိုင်းလားမြို့နယ်၊ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မိုင်းမောမြို့နယ် ၊ ပန်ဝိုင်မြို့နယ် ၊ မိုင်းကိုင်မြို့နယ် တို့ မှ မြို့နယ် တခုလုံးဖြစ်ကြောင်း အောက်တိုဘာ (၁၆)ရက် တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကျောက်မဲမြို့နယ် ၊ နောင်ချိုမြို့နယ်၊ နမ့်ဆန်မြို့ နယ် ၊မန်တုံမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့ နယ်၊ မက်မန်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ လားရှိုးမြို့နယ်၊ ကွမ်းလုံမြို့နယ် ကုန်ကြမ်းမြို့နယ် နှင့် ဟိုပန်မြို့ နယ်တို့မှ ကျေးရွာအုပ်စုများစွာ ကျင်းပခွင့်မပြုကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန်ခဲ့ သည်။ https://burmese.shannews.org/archives/18933

**************

၁၁။ ရသေ့တောင်မြို့နယ်တွင် ကျောင်းဆရာ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံး
19 October 2020

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရွာသစ်ကေ ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာ ၁ ဦး သည် အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ထိမှန်၍ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။ အသက် ၂၀ အရွယ် မူလတန်းပြ ကျောင်းဆရာ ကိုမျိုးဆက်နိုင်ဦးသည် ရွာအနီးရှိ လယ်ကွင်းတွင် နွားရေတိုက်ရန် သွားရောက်စဉ် လက်နက်ကြီး ကျည်ဆန် ထိမှန်ခဲ့ကာ ဝဲဘက် မျက်လုံး ဖောက်ထွက်ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာ ပြင်းထန်သည့်အတွက် ရသေ့တောင် ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ စက်လှေဖြင့် ပို့ဆောင်စဉ် မွန်းလွဲ ၂ နာရီ ဝန်းကျင် အချိန်၌ လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ရသေ့တောင်ဒေသခံ ကျောင်းဆရာတဦးက “သူက ကျောင်းပိတ်ထားတယ်ဆိုတော့ မိဘ ကူတဲ့အနေနဲ့ ရွာအနီး မှာ နွားကျောင်းရင်း၊ နွားတွေကို ရေသွားတိုက်တဲ့အခါမှာ လက်နက်ကြီးလာကျတာ။

ဒဏ်ရာက တော်တော်ပြင်းတော့ စစ်တွေဆေးရုံကို သယ်လာတဲ့အချိန် လမ်းမှာပဲ ဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ကျနော်ကို ရွာသားတွေ ပြောပြ တာကတော့ တိုက်ပွဲလည်း မရှိဘူး။ လက်နက်ကြီးက ရသေ့တောင်တပ်ရင်းက ပစ်တာလို့ ပြောတယ်။ လက်နက်ကြီးမှန်တဲ့ ကျောင်းဆရာ ကတော့ မျက်လုံးဖောက်ထွက်ပြီးတော့ ဦးနှောက်ထိသွားပြီးတော့ လမ်းမှာ ဆုံးသွားရှာတယ်” ဟု ဧရာဝတီ သို့ ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းအား ဆက်သွယ် ခဲ့ရာ ယနေ့ အဆိုပါ ရသေ့တောင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်းများ မရှိသလို မည်သည့် လက်နက်ကြီး ပစ်ခတ်မှုမှလည်း မရှိကြောင်း ပြောသည်။ သေဆုံးသွားသူ ကျောင်းဆရာ ကိုမျိုးဆက်နိုင်သည် ကျောက်ဖြူ ပညာရေး ကောလိပ် ကျောင်းဆင်းတဦးဖြစ်ပြီး ၎င်းသေဆုံးရခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ မိသားစုနှင့်အတူ ဝမ်းနည်းကြောင်းနှင့် တပ်မတော်၏ လုပ်ရပ်များကို အားပေး အားမြှောက်လုပ်နေသော အစိုးရအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကျောင်းသားသမဂ္ဂ ဖေ့စ်ဘုတ်စာမျက်နှာမှ ထုတ်ပြန်ထားသည်။

ကိုဗစ်ကာလအတွင်း တပ်မတော်နှင့် AA တို့၏ နှစ်ဖက်တိုက်ပွဲကြောင့် ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦးမြို့နယ် တို့တွင် စစ်ရှောင်အရေအတွက် ၃ သောင်းကျော် ထပ်မံ တိုးပွားလာကာ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များတွင် စစ်ရှောင်အရေအတွက် ၂၂၀၀၀၀ ကျော်ထိ များပြားလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး (REC) က အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။ https://burma.irra waddy.com/news/2020/10/19/231962.html

***************

၁၂။ လွတ်လပ်ခွင့်ဆိုင်ရာ ရွေးကောက်ပွဲကတိကဝတ်များ
19 October 2020

၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေရဲ့ ကတိကဝတ်တွေကို နှိုင်းယှဉ်ရာမှာ လွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့က အများဆုံး ကတိပြုထားတယ်လို့ လေ့လာချက် တခုက ဆိုပါ တယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း မြန်မာ (FEM) အဖွဲ့က လုပ်ထားတဲ့ လေ့လာချက်မှာ လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီဟာ ခေါင်းစဉ် ၇ ခုထဲက ၁ ခုမှာပဲ တခြားနှိုင်းယှဉ်ပါတီတွေထက် သာလွန်ပြီး ၆ ချက်မှာတော့ သိသိသာသာ ကို လျော့နည်းနေပါတယ်။ အထွေထွေသောလူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အမုန်းစကား၊ မီဒီယာ လွတ်လပ်ခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ သတင်းအချက်အလက် ရယူဖြန့်ဝေနိုင်ခွင့်နဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးဆိုတဲ့ လွတ်လပ်ခွင့် ခေါင်းစဉ် ၇ ခုအကြောင်း ရွေးကောက်ပွဲကတိကဝတ်တွေမှာ ဘယ်လိုဖော်ပြထားလဲ ဆိုတာကို လေ့လာထားတာပါ။ အန် အယ်လ်ဒီဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်း အချက်အလက် ရယူပိုင်ခွင့်တို့ကို ဘာကတိမှာပေးမထားဘဲ အမုန်းစကားနဲ့ ဆန္ဒဖော်ထုတ်ခွင့်တို့ အပေါ်မှာတော့ အားအလွန်နည်းတဲ့ ကတိပေးထားပါတယ်။

ကြံ့ခိုင်ရေးပါတီကတော့ လူ့အခွင့်အရေး၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်တို့ရဲ့ တစိတ်တပိုင်းကိုပဲ ကတိပြုထားပြီး အမုန်းစကားနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အားအလွန်နည်းတဲ့ ကတိ၊ သတင်းအချက်အလက်ရယူပိုင် ခွင့်၊ ဒစ်ဂျစ်တယ်အခွင့်အရေးတို့ကို ဘာကတိမှာ မပေးထားပါဘူး။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဟာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့ကို နိုင်ငံတကာစံမီကတိပေးထားပြီး သတင်းအချက်အလက်ရ ယူပိုင် ခွင့်နဲ့ အမုန်းစကားတို့အပေါ် အသင့်အတင့်ခိုင်မာတဲ့ ကတိကဝတ်၊ ဆန္ဒထုတ်ဖော်ခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အသင့်အတင့်အားနည်းတဲ့ကတိပေးထားပါတယ်။ တခြားတိုင်းရင်းသားပါတီတော်တော်များများဟာ ဒီခေါင်းစဉ်တွေအပေါ် မှာ ကတိပေးထားတာ မရှိကြဘဲ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီနဲ့ လီဆူအမျိုးသား ဖွဲ့ဖြိုးတိုးတက်ရေးပါတီတို့ကပဲ တချို့ကို တစိတ်တပိုင်း ကတိပြုထား တာတွေ့ရပါတယ်။

FEM ရဲ့ ဒါရိုက်တာ ဒေါ်ယဉ်ရတနာသိန်းကလည်း “ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရေးပါတီတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ ကတိကဝတ်တွေအကြောင်း ပြည့်စုံတဲ့၊ အချက်အလက်တိုက်ဆိုင်စစ်ဆေးထားတဲ့၊ ကတိကဝတ် တွေကို နှိုင်းယှဉ်ပြပေးထားတဲ့ သတင်းအချက်အလက်တွေ၊ ဒါမှမဟုတ်ရင်လည်း လူ့အခွင့်အရေးနဲ့ပတ်သတ်ပြီး ကတိ ကဝတ် ပြုထားခြင်း မရှိတဲ့ သတင်းအချက်အလက်တွေ ကို မဲဆန္ဒရှင်ပြည်သူတွေထံ ပေးပို့ဖို့ပါပဲ။ နိုင်ငံရေး ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးတွေဟာ ရှင်းလင်းသေချာတဲ့ ကတိကဝတ်တွေကို ရရှိလိုတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို မဖြည့်နိုင်ဘဲ၊ ဝေဝေဝါးဝါး အာမခံချက်တွေနဲ့ ပြည့်နေပါတယ်”လို့ ပြောပါတယ်။ http://burmese.dvb.no/archi ves/417960

**************

၁၃။ ကျောက်မဲမြို့နယ်တွင် တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့်နေအိမ်များကို ပြန်ပြင်ပေးမည်
19 October 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်မဟင်ရွာမှာ တိုက်ပွဲကာလအတွင်း ပျက်စီးခဲ့တဲ့နေအိမ်တွေကို ပြန်လည် ပြုပြင်ပေးဖို့ ရှိနေတယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။

အခု အောက်တိုဘာလအတွင်း ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေထဲမှာ တပ်မတော်နဲ့ RCSS-SSA ရှမ်းလက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နမ့်မဟင်ရွာမှာတော့ အိမ်ခြေပေါင်း ၃၅ အိမ်ရှိတဲ့ နမ့်မဟင်ရွာမှာ အိမ်တိုင်းနီးပါး ပျက်စီးနေတဲ့အပြင် နေအိမ်တွင်း ပစ္စည်းတွေပါ ပျက်စီး ပျောက်ဆုံးတာတွေ ရှိခဲ့တာပါ။ ဒါ့အပြင် ကျွဲ၊ နွားတွေလည်း သေဆုံး ခဲ့တာ ကြက်၊ ဝက် ပျောက်ဆုံးတာတွေအားလုံး စာရင်းပြုစုခိုင်းထားပြီး ဘေးစီမံကော်မတီက အလုံးစုံမဟုတ်တောင် အတတ် နိုင်ဆုံး ပြန်လည်ပြုပြင်ပေးကာ ဖြည့်ဆည်းပေးမှာဖြစ်တယ်လို့ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီဝင် ကိုသားဇော် က ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းဖို့သွားရင်း နမ့်မဟင်ရွာကို ဝင်ကြည့်တဲ့အခါ တပ်မတော်က ရှိနေတာကြောင့် ဝင်ခွင့်မသာခဲ့ပါဘူးလို့လည်း သူက ဆိုပါတယ်။ လက်ရှိ တာဝန်ကျလုံခြုံရေးတပ်ရင်းတပ်ဖွဲ့ဟာ အခုမှ ပြောင်းရွှေ့လာတဲ့သူတွေဖြစ်ပြီး ကျေးရွာနစ်နာမှုအတွက် သူတို့အနေနဲ့ ကျပ် ၃ သိန်း ထောက်ပံ့ခဲ့ပြီးပြီလို့ ကိုသားဇော်က ဆိုပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်ကာ ထိခိုက်ဒဏ်ရာရတဲ့လူနာတွေကိုလည်း ကြည့်ရှု စောင့်ရှောက်ပေးစေ ချင်တယ်လို့ ကျောက်မဲဒေသခံတဦးက ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံဝိုးတိုက်နယ်က ဘုန်းကြီးကျောင်းတွေမှာ လက်ကျန်စစ်ဘေးရှောင် ၁,၀၀၀ လောက်ခိုလှုံနေကြပါတယ်။ http://burmese.dvb.no/archiv es/417861

***************

၁၄။ ဧရာဝတီတိုင်းအတွင်း ကရင်ရေးရာ မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိ
October 16, 2020

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာအတွက် လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲပေးခွင့်ရှိသူ ကရင်မဲဆန္ဒရှင်ဦးရေမှာ အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ ၁၀ သိန်းခန့်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကရင်ရေးရာကိုယ်စားလှယ်လောင်းဖြစ်သူ ကရင်အမျိုးသားပါတီ -KNPမှ မန်းမင်းရဲထွေးက “ တိုင်း ကော်မရှင်ကို ဒီနေ့ စုံစမ်းကြည့်တော့ အကြမ်းဖျင်းအနေနဲ့အောက်တိုဘာလ ၁ ရက်နေ့ စာရင်းအရ ကရင်ရေးရာ မဲဆန္ဒရှင် က စုစုပေါင်း (၉၉၉,၅၃၁) ဦးလို့ သိရတယ်။ အချုပ်ကတော့ မလာသေးဘူး။ အတိုး အလျှော့တော့ရှိမယ်။ အတိုးနည်းနည်း အဆုတ်နည်းနည်းပါပဲတဲ့။ ၁၀ သိန်းလောက် တော့ဖြစ် ကောင်းဖြစ် သွားနိုင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် ၎င်း ရရှိထားသည့် အောက်တိုဘာလ ၁ ရက်နေ့ စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီး အတွင်း ကရင်လူမျိုးအများစုနေ ထိုင်ရာ မြို့နယ်များဖြစ်သည့် ပန်းတနော်တွင် ကရင်မဲဆန္ဒရှင် ၁ သိန်းကျော်၊ ဝါးခယ်မ ၉၂,၀၀၀ ကျော်၊ မြောင်းမြ ၈၅,၀၀၀ ထောင်ကျော်၊ ကျုံပျော် ၈၁,၀၀၀ ထောင်ကျော်၊ အိမ်မဲ ၇၅,၀၀၀ ကျော်၊ ညောင်တုန်း ၆၇,၀၀၀ ကျော်၊ ငပုတော ၆၅,၀၀၀ ကျော်၊ ကန်ကြီးထောင့် ၆၂,၀၀၀ ကျော်ရှိသည်ဟု အကြမ်း ဖျင်း သိရှိရသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ပြီဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်နေ့အထိကို နောက်ဆုံး အကြိမ်အဖြစ် သတ်မှတ်ထားသည့်အတွက် ၎င်းကာလအတွင်း မဲဆန္ဒရှင်ဦးရေအပြောင်းအလဲအနည်းငယ် ရှိနိုင်သည်ဟုလည်း ရေးရာကိုယ်စားလှယ်လောင်းများက သုံးသပ်ပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်း ရေးမှူး ဦးမြင့်နိုင်ထံ ဆက်သွယ်မေးမြန်းချက်အရ ဇူလိုင် ၂၅ ရက်မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ပထမအကြိမ် ကရင်ရေးရာ မဲဆန္ဒရှင် စုစုပေါင်းမှာ( ၉၈၆,၉၈၄ )ဦးရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူထားသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် ကရင်အပါအဝင် လူဦးရေ စုစုပေါင်း ၆,၁၈၄,၈၂၉ (ခြောက်သန်း) ကျော် ဦးရှိသည်ဟု သိရပြီး လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကရင်ရေးရာ ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်လည်း ဖြစ်သည်။ http://kicnews.o rg/2020/10/%e1%80%a7%e1%80%9b%e1%80%ac%e1 %81%80%e1%80%90%e1%8

**************

၁၅။ ကချင်ပြည်နယ်က ကျေးရွာအုပ်စု ၁၉၂ စု ဘာကြောင့် ရွေးကောက်ပွဲ မကျင်းပလဲ
17 October 2020

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ သတ်မှတ်ခြင်းကို နယ်မြေအုပ်ချုပ်ရေး၊ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များနှင့် ညှိနှိုင်းပြီး လုံခြုံရေးအပေါ် မူတည်ကာ သတ်မှတ်ခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဧရာဝတီကို ပြောသည်။

ဦးထွန်းအောင်ခိုင်က “ဒီတိုင်း စိတ်ကူးနဲ့ ထည့်ချင်ထည့်၊ မထည့်ချင် မထည့်ဘူးဆိုပြီး ဘလချီးနန်းလုပ်ထားတာ မဟုတ်ဘူး။ ဘယ်မြို့နယ်၊ ဘယ်ကျေးရွာအုပ်စုလဲပြောရင် ဘာ့ကြောင့်ဆိုတာ ပြောပြလို့ရတယ်။ ဝေဖန်တာက သူတို့အလုပ်ပဲ။ ထင်ကြေး နဲ့ လျှောက်ပြီး ဝေဖန် နေတာ ထင်ရာမြင်ရာပဲ။ တိတိကျကျပြောဆို ထွက်မလာတော့ဘူး။ တို့ လုပ်ထားတာက သေချာ စီစစ်ပြီး လုပ်ထားတာ”ဟု ပြောသည်။ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ နယ်မြေ အလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် စာရင်းများကို တောင်းပြီး သုံးသပ်ကာ ကြေငြာခြင်း ဖြစ်ပါ သည်ဟု ဦးထွန်းအောင်ခိုင်က ဆိုသည်။

ကချင်ပြည်နယ်တွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများမှာ အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာအုပ်စု ၆၁ စု၊ ဆွမ်ပရာ ဘွမ် မြို့နယ်မှ ကျေးရွာအုပ်စု ၃၁ စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ၈ စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ မချမ်းဘောမြို့နယ်မှကျေးရွာအုပ်စု ၁၅ စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ၉ အုပ်စု ၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု ၂ စု နှင့် ခေါန်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု ၁ စု တို့ဖြစ်သည်။ ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးဂဲနက်စ်က “၁၃ နေရာမှာ ၈ နေရာ၊ ၉ နေရာက ရွာပျက်တွေ လူမရှိတဲ့ နေရာတွေလို့ ပြောလို့ ရပါတယ်။ ၂၀၁၅ ပုံစံအတိုင်း သတ်မှတ်ပြီး ဖျက်ချသွားတာက အေးချမ်းတည်ငြိမ်နေတဲ့ နေရာတွေ ၃ ခု ၊ ၄ ခု ပါသွားတော့ နေထိုင်တဲ့ လူဦးရေတွေ မဲပေးနိုင်တဲ့ လူဦးရေက ရာဂဏန်းရှိပါတယ်။ ကျနော့်အနေနဲ့ဆို ဇီးကျွန်း၊ စန်ပိုင်ပါသွားပါတယ်။ မဲပေါင်း ၃၀၀ ကျော် နစ်နာသွားပါတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ဒုဥက္ကဋ္ဌ တဦးဖြစ်ပြီး ဆွမ်ပရာဘွမ် မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးကွမ်ဂေါင်အောင်ခမ်းက UEC က ထုတ်ပြန်ကြေငြာခဲ့သည့် ရွေးကောက်ပွဲ မကျင်းပ နိုင်သည့် နယ်မြေများမှာ တိုင်းရင်းသားပါတီများ အားကောင်းပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အား မကောင်းသည့် နယ်မြေများ ဖြစ်သည်ဟု ဝေဖန်သည်။ ဦးကွမ်ဂေါင်အောင်ခမ်း က “အခုလို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တာက အနာဂတ်အတွက် ရွေးကောက်ပွဲ ၊ တရားမျှတပြီး ပွင့်လင်းတဲ့ ဂုဏ်ပုဒ်ကို တင်ဖို့ကတော့ ခက်ခဲသွားပါပြီ။ ကျနော်တို့ အနာဂတ် ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် တည်ဆောက်ဖို့ကိုလည်း အလှမ်းဝေးစေတဲ့ အချက်တွေ ပါပါလိမ့်မယ်။ ရွေးကောက်ပွဲက လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် ရှိရမယ်ဆိုတဲ့ အချက်ပေါ်မှာ လုပ်ခဲ့တယ်။ အခု NLD က လုပ်တဲ့ပုံစံက ကျနော့်အတွက် မနှစ်မြို့စရာ ၊ နိုင်ငံတကာက ထောက်ပြစရာလည်း ဖြစ်ပါလိမ့်မယ်” ဟု ပြော သည်။ https://burma.irrawaddy.com/n ews/2020/10/1 7/231847.html

***************

၁၆။ ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီ ၂ ခု၏ ဆိုင်းဘုတ်ဖျက်ဆီးခံရ
19 October 2020

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းက ကယန်းအမျိုးသားပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တီပါတီ ကိုယ်စား လှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ် အောက်တိုဘာ ၁၈ ရက်နေ့က ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက် ခြမ်းက ဆောင်ဒူရွာက ဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဖျက်ဆီးသူတွေဟာ ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရကြောင်း ဒီမော့ဆိုမြို့နယ်က ပါတီရုံးအဖွဲ့မှူး ခွန်းသောမတ်က ပြောပါတယ်။“ဟုတ်တယ်သူ က ရပ်ကျေးက ကော်မရှင်အဖွဲ့ဝင်လည်းဟုတ်သလို အန်အယ်ဒီပါတီရဲ့ အမာအခံလည်းဟုတ်နေ တယ်ပေါ့လေ။ ကျနော်တို့ ပါတီကိုထောက်ခံတဲ့လူတွေ၊ တချို့ရွာသားတွေရဲ့ ပြောစကားအရဆိုရင် သူကိုယ်တိုင်ပဲလုပ်နေ တယ်ပေါ့လေ။ ကျနော်တို့ ဆီမှာတော့ အသံဖိုင်တွေ၊ ဓာတ်ပုံတွေ သက်သေအများကြီးရှိတာပေါ့။ ”

အဆိုပါ ဆိုင်းဘုတ်မှာ ကယန်းအမျိုးသားပါတီ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်လောင်း ခွန်းမြင့်နိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အယ်လ်မာနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်လောင်း စောခူးတလေ (ခ) ပိုးရယ်တို့ရဲ့ ရုပ်ပုံနဲ့ အကြောင်းတွေရေးထားတာဖြစ်ပြီး အဲဒီဆိုင်း ဘုတ်ကို အောက်ခြေကနေ ခုတ်လှဲထားတာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရပ်ကျေးကော်မရှင်အဖွဲ့ကို အသိပေး ထားပြီးဖြစ်ပြီး နောက်နောင်ဒါမျိုး တွေမလုပ်မိအောင် တိတိကျကျ သတိပေးဖို့ ပြောဆိုခဲ့ကြောင်းနဲ့ ကော်မရှင်ဘက်လည်း ရဲအရေးပိုင် အမှုဖြစ်တာကြောင်း ရဲကိုတိုင်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ရွာသားချင်းဖြစ်တာမို့ အမှုမဖွင့် ဘူးလို့ ပြောပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက “ ရွေးကောက်ပွဲက ပြိုင်နေတဲ့ဟာတွေ ပြင်းထန်လာတယ်။ ကျနော်တို့နားလည် သလောက်ပြောရရင် ကျနော်တို့တိုင်းရင်းသားပါတီတွေက အခြေအနေတွေကောင်းလာတယ်။ အဲဒီလိုနေရာမျိုးမှာ တခြား ပါတီဘက်က ကျနော်တို့ကို ပြိုင်ဖို့ အားနည်းသွားတဲ့အချိန်မျိုးမှာ ကျနော်တို့ပေါ်မှာ ဆိုင်းဘုတ်ဖျက်တာတို့၊ ကျနော်တို့ရဲ့ စီတန်းလှည့်လည်မှုမှာ နှောင့်ယှက်တာတို့၊ ကျနော်တို့ကို တလျှောက်လုံး ထိုးနှက်မှုတွေများလာတယ်လို့ ကျနော်တို့ အတိ အကျတွေ့ထားတာပေါ့နော်။ အဲတော့ အခုလိုမျိုး ဆိုင်းဘုတ်ဖျက်တဲ့ လုပ်ရပ်တွေကတော့ အင်မတန်မှ အောက်တန်းကျ တယ်။ ဒါမဖြစ်သင့်ဘူး။” ကယားပြည်နယ်နယ်အခြေစိုက်ပါတီတွေဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနဲ့ ကယား အမျိုးသားပါတီဟာ မဟာမိတ်ပြုလုပ်ထားပြီး ပြည်နယ်အတွင်း မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ http://burmese.dvb.no/archives/417969

**************

၁၇။ ဖားကန့်နှင့် မိုးညှင်းတွင် Stay at Home အမိန့်ထုတ်ပြန်
19 October 2020

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာ ၁၉ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်အတွင်း ဓာတ်ခွဲ အတည်ပြုလူနာတွေ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိတဲ့အပြင် အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့တာမရှိဘဲ အချိန် တိုအတွင်း လူနာတွေများလာတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ အဆိုပါ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူ တွေ မိမိတို့ရဲ့ နေအိမ်မှာ နေထိုင်ဖို့ လိုအပ်တယ်လို့ လည်းဆိုပါတယ်။ Stay at Home အမိန့်အရ အစိုးရဌာနက နိုင်ငံ့ ဝန်ထမ်းတွေ ၂ ပတ်ရုံးတက် ၂ ပတ် အိမ်မှာနေပြီး ရုံးလုပ်ငန်းတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပုဂ္ဂလိက လုပ်ငန်းတွေထဲမှာတော့ ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ ဆေးဆိုင်တွေ၊ ရေသန့်နဲ့ နေ့စဉ် တစ်ကိုယ်ရေသုံးပစ္စည်းစက်ရုံ ဝန်ထမ်းတွေ၊ စာတိုက်လုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု၊ တာဝါတိုင်နဲ့ ဖိုင်ဘာပြုပြင် ဝန်ဆောင်မှု လုပ်ငန်းတွေကလွဲပြီး ကျန်သူတွေ နေအိမ်မှာ နေထိုင်ရမှာပါ။ မဖြစ်မနေ ဈေးဝယ်ထွက်ဖို့အတွက် တအိမ်တယောက်ပဲ ထွက်ဖို့၊ ဆေးရုံ ဆေးခန်းကို တစ်အိမ် နှစ်ယောက်ပဲသွားဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ကြဖို့တွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ပြီးတော့ဈေးဝယ်ထွက်ရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက်တယောက်၊ ဆေးရုံဆေးခန်း သွားရင် ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့ နောက် နှစ်ယောက်ထက် မပိုဖို့ စတာတွေကို ညွှန်ကြားထားပါတယ်။ အဆိုပါ မြို့နယ် ၂ ခုကနေ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ရေးအတွက် ကုန်တင်ယာဉ်တွေ သွားလာမှု စံသတ်မှတ်ချက် ( SOP) အတိုင်းလိုက်နာဆောင်ရွက်ရမှာပါ။

တခြားအရေးပေါ်ကိစ္စတွေနဲ့ သွားလာဖို့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဖို့ ခွင့်ပြုချက်ယူဖို့နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ သွားလာသူတွေကလွဲပြီး ရပ်ကွက်ပြင်ပမှ လည်းကောင်း ရပ်ကွက် အတွင်းမှလည်းကောင်း ဝင်ထွက်သွားလာတာတွေခွင့်မပြုဖို့လည်း ညွှန်ကြားထားပါတယ်။ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ၁၁ မြို့နယ်ကို Stay at Home အစီအစဉ်မှာ အကျုံးဝင်တဲ့ အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၅ ရက်နေ့ စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။ http://burm ese.dvb.no/archives/418005

**************

၁၈။ မြဝတီမြို့တွင် KNDP ပါတီအောင်နိုင်ရေးအတွက် လူဦးရေသောင်းချီ၍ အင်အားပြလှည့်လည်
October 19, 2020

ကရင်ပြည်နယ် မြဝတီမြို့တွင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ၌ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ -KNDP ပါတီအောင်နိုင်ရေးအတွက် ယနေ့ (အောက်တိုဘာ ၁၉ ) လူဦးရေသောင်း နှင့်ချီ၍ မြို့တွင်းနှင့် မြို့ပြင် ကျေးရွာများတွင် အင်အားပြလှည့်လည်မှု ပြုလုပ်ခဲ့ကြသည်။

KNDP ပါတီကို အားပေးထောက်ခံဝန်းရံသူများသည် ယနေ့ နံနက်ပိုင်းက မြဝတီမြို့ရှိ ကရင်ထာဝရနှစ်ကူးကွင်း ၊ ဝှေ့ရှမ်း မဲ့ပလဲ့ရွာ အစရှိသည့် နေရာအသီးသီးတွင် စုရပ်ပြုလုပ်၍ နံနက် ၉နာရီခွဲခန့်က စတင်၍ မော်တော် ဆိုင်ကယ်၊ မော်တော် ယာဉ် မြောက်များစွာဖြင့် မြဝတီမြို့ ဘုရင့်နောင်လမ်းမကြီး တလျှောက်နှင့် ကရင်တိုင်းရင်း သားအများစုနေထိုင်ရာ ကျေးရွာ များတွင် လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ လှည့်လည်ရာတွင် ကရင်အမျိုးသားအလံထောင်၍ ကရင့်အမျိုးသားသီချင်း နှင့် ပါတီမဲဆွယ်စည်းရုံးရေး သီချင်းများ ဖွင့်လှစ်ကာ “တန်းတူညီမျှအခွင့်အရေးရရှိဖို့ KNDP ပါတီကို မဲပေးစို့” စသည့် စာတမ်းပါ ရှပ်အင်္ကျီများ ဝတ်ဆင်၍ လှည့်လည်ခဲ့ကြသည်။ KNDP ပါတီအောင်နိုင်ရေးအတွက် ဝန်းရံ လှည့်လည်သူများ တွင်ပါဝင်သူ တစ်ဦးက “ကျနော်တို့ တန်းတူညီမျှ အခွင့်အရေးရရှိဖို့က ကရင်လူမျိုးမှန်ရင် ကရင်ပါတီကို မဖြစ်မနေ မဲပေးကြ ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကရင်တိုင်းရင်းသားအများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လွှတ်တော်ထဲ ရောက်ရှိမှသာ ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စတဲ့လုပ်ငန်းစဉ်တွေ ပိုမိုတိုးတက် ကောင်း မွန်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောသည်။

“ဒီတိုင်းရင်းသားတွေဟာ လွှတ်တော်ထဲ ရောက်လာမယ်ဆိုရင် ငြိမ်းချမ်းရေးကတော့ တော်တော်လေးကို အဆင်ပြေသွား မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို အရင်းခံ နားလည်တဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲ ရောက်သွားရင် ညှိနှိုင်း ကြမယ်၊ အဖြေရှာကြမယ်ဆိုရင် ကျနော်တို့ မြန်မာ နိုင်ငံရဲ့ အနာဂတ်ဟာ မျှော်လင့် လို့၊ မှန်းဆလို့ ရပါတယ်လို့”ဟု ကရင်ပြည်နယ်လွှတ်တော် မြဝတီမြို့ နယ် မဲ ဆန္ဒနယ် အမှတ်(၁)တွင် ဝင်ရောက် ရွေးချယ်ခံ မည့် KNDP မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးနောင်က ပြောသည်။

လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ မြဝတီခရိုင်တွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (USDP) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)တို့မှ ကိုယ်စားလှယ် လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ် လောင်းတို့မှ အသီးသီး ဝင်ရောက်ယှည်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်သည်။ http://kicnews.org/2020/10/%e1% 80%bb%e1%80%99%e1%81%80%e1%80%90%e1%80%ae%e1%8

***************

၁၉။ ကျောက်မဲမြို့နယ် လူထုနေအိမ်ဝင်းထဲ ဗုံး/မိုင်း (၁) လုံးထပ်မံ တွေ့ရှိ
October 17, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပုံးဝိုးကျေးရွာ ယနေ့(အောက်တိုဘာ ၁၇)ရက် မနက်ပိုင်းတွင် အရပ်သား နေအိမ်ခြံဝင်းတွင် လက်နက်ကြီး တလုံးထပ်မံ တွေ့ရှိကြောင်း စုံးစမ်းသိရသည်။ အဆိုပါ လက်နက်ကြီးထပ်မံတွေ့ ရှိသည့် နေရာသည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာ အတွင်းရှိ အရပ်သားနေအိမ်ခြံထဲတွင် လက်နက်ကြီး တလုံးထပ်မံတွေ့ရှိရပြီး၊ ထိုလက်နက်ကြီးတွေ့ရှိသည့်နေအိမ်ကို လွန်ခဲ့သည့်ရက်ပိုင်းတွင် အစိုးရတပ်မတော် မှ စစ်ကြောင်းဝင်နားခဲ့သည့် နေရာဖြစ် ကြောင်းလည်း ပုံဝိုးကျေးရွာတွင်နေထိုင်သည့် နန်းအောင် က သျှမ်းသံတော် ဆင့်ကို ပြောသည်။“ဟိုနေ့က ဗုံးတွေ့တဲ့ အိမ်နဲ့နီးတယ်။ ဗုံးကတော့ တပ်မတော်တွေရဲ ဗုံး ဘဲဖြစ်မယ်ထင်တယ်။ အဲနေရာမှာ က တပ်မတော် စစ်တပ်တွေဘဲနေတာ လေ။ တပ်မတော်က ရွာထဲမှာရှိတော့ သျှမ်းတပ်မတော်တွေက လာလိုမရဘူး” ဟု ဒေသခံ နန်းအောင်ကပြောသည်။

ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအနီးတဝှိက်တွင် အောက်တိုဘာ ၂ရက် မှစတင်ကာ အောက်တိုဘာ ၁၃ ရက်ထိ သျှမ်းပြည် ပြန်လည် ထူ ထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာဖြစ်သည်။ ထိုတိုက်ပွဲအတွင်း အစိုးရတပ်မတော် စစ်ကြောင်းများသည် ပုံဝိုးကျေးရွာအတွင်းသို့ တပ်စခန်းချပြီး နေထိုင် ကြသကဲ့သို့ စစ်ကြောင်းများ ဖြတ်သန်းမှု ပြုလုပ်ခဲ့သည့်နေရာတခုလည်းဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် အောက်တိုဘာ ၁၄ရက်တွင်လည်း ပုံဝိုးကျေးရွာ အတွင်း အရပ်သားနေအိမ်ခြံဝင်း၌ မိုင်း၊ဗုံး ၂လုံးကို တွေ့ရှိခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။“အခုချိန်ထိ ဗုံးကို အဲ့နေရာမှာပဲ ချထားတယ်။ ဘယ်သူမှ သွားမထိရဲသေးဘူး”ဟု ပုံဝိုးဒေသခံ နန်းအောင် ကဆိုသည်။

ယနေ့အချိန်မှာ RCSS/SSAနှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲသည် ငြိမ်သက်နေသဖြင့် ပုံဝိုးကျေးရွာတွင် တိမ်ရှောင် နေထိုင် သည့် စစ်ရှောင် ပြည်သူ ၇၀၀ ကျော်သည် မိမိနေရပ်ကို ပြန်ရန် အတွက် ပြင်ဆင်နေသည် ဟုလည်း သိရသည်။ သို့သော် စစ်ရှောင်များ မိမိနေရပ်ကို ပြန်သည့်အခါ ကျေးရွာအတွင်း လက်နက်ကြီးများ၊ ဗုံးများ ရှိနေမည်ကို စိုးရိမ်နေကြကြောင်းသိရ သည်။ စစ်ရေးပြင်းထန်ခဲ့ပြီး စစ်ရှောင် ၃၅၀၀ကျော်ရှိခဲ့သည့် ကျောက်မဲမြို့နယ် ကျေးရွာအုပ်စု ၁၂ အုပ်စုကို လာမည့် နိုဝင်ဘာ (၈)ရက် တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း အောက်တိုဘာ (၁၆)ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်ထုတ်လိုက်သည်။ https://burmese.shannews.org/archives /18938

***************

၂၀။ တိုက်ပွဲမဖြစ်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပခြင်း လက်ခံနိုင်စရာမရှိဟုဆို
October 17, 2020

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော မြို့နယ်များတွင် တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိသော မြို့နယ်များ ပါဝင်နေခြင်းအပေါ် ရခိုင်နိုင်ငံရေးပါတီများက ပြစ်တင်ဝေဖန်လိုက်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော မြို့နယ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့ (အောက်တိုဘာ ၁၆) တွင် ထုတ် ပြန်ကြေညာခဲ့ရာတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့ရှိ ကျေးရွာအုပ်စုများ ပါဝင်ခဲ့သည်။ “ဒီလို ကွက်ကျား လုပ်တယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မျှတမှုမရှိ။ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိ၊ အစိုးရရဲ့ဖိအားပေးမှုပါတယ်။ နိုင်ငံရေးပါတယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်”ဟု ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များဖြစ်သည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိပေ။ ထို့ပြင် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၅၄ အုပ်စု၊ အမ်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ စစ်တွေမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ အုပ်စုနှင့် တောင်ကုတ်မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၂ အုပ်စု တွင် ‌ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ပေ။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သော ပြည်သူများ အတွက် လွှတ်တော်ကိုယ်စားလှယ်များလိုအပ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းက ငြိမ်းချမ်းရေးနှင့် အလှမ်းဝေး ကွာစေနိုင်ပြီး မငြိမ်မသက်မှုများဖြစ်ပေါ်စေနိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP) ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးက ပြော သည်။ ရခိုင်နိုင်ငံရေးပါတီများ နိုင်ခြေရှိသည့် နေရာများကို ချန်လှပ်ကာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနိုင်ခြေရှိ နေရာများတွင် ရွေးကောက်ပွဲရွေးလုပ်သည့် သဘောမျိုးဖြစ်နေသည်ဟုလည်း ဦးကျော်ဇောဦးက ပြောသည်။

မြို့နယ် ၉ ခုနှင့် မြို့နယ်အချို့ရှိ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်သောကြောင့် ရခိုင်ပြည်နယ် တွင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် ပြည်နယ်လွှတ်တော် ၂၀ နေရာ စုစုပေါင်း လွှတ်တော် နေရာ ၃၆ နေရာ လစ်လပ်မည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ နိုင်ငံရေးပါတီ ၁၈ ခုမှ ကိုယ်စားလှယ် ၃၃၉ ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ၆၄ နေရာစီဖြင့် အများဆုံးဖြစ်ပြီး ANP ပါတီက ၆၂ နေရာဖြင့် ဒုတိယ အများဆုံး ဝင်ပြိုင်မည်ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်ရှိပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁,၆၄၈,၇၃၇ ဦးရှိသည်။ https://www.myanmar-now.org/mm/news/4740

**************

၂၁။ မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
October 19, 2020

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်အတွင်း ယနေ့ ညနေ ၄နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်း ကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦးမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကပြောဆိုသည်။“ထမ္မရာဇ်ရပ်ကွက်မှာ လက်နက်ကြီးကျည်ကျပြီးတော့ ကလေး တစ်ယောက်သေတယ်။ လူကြီး နှစ်ယောက်က ဒဏ်ရာရတယ်။ အခုဆေးရုံမှာ ညနေ ၄နာရီကျော်လောက်က သေဆုံးသွား တဲ့ သူအမည်တော့ ကျွန်တော်လည်းမသိရသေးဘူး။ ဆေးရုံကနေ သိရတာပါ။ ဘယ်ကပစ်တယ်ဆိုတာလည်း သေချာမသိ ဘူး ” ၎င်းကပြောဆိုသည်။

“ ဟုတ်တယ်။ လက်နက်ကြီး တစ်လုံးကျတယ်။ ထမ္မရာဇ်ရပ်ကွက်ကို ကလေးလေးတစ်ယောက်သေသွားတယ်။ အသက် က ၈ နှစ်လို့ပြောတယ်။ ပွဲချင်းပြီးသေသွားတာ ကလေးလေးက ကိုယ်ခန္ဓာတစ်ခုလုံးကို ထိတယ်။ ခြေထောက်တွေလည်း တစ်စစီဖြစ်သွားတယ်။ သူ့အဖေလည်း ထိသွားတယ်။ ဆေးရုံမှာရှိတယ်။ မြောက်ဦးဆေးရုံမှာ နောက်တစ်ယောက်ကလည်း မြောက်ဦးဆေးရုံမှာရှိတယ်။ သူကတော့ အိမ်ဘေးနားကပေါ့။ ခြံထဲကိုကျတာဆိုတော့ နောက်တစ်ယောက် ခြံဘေးကဆို တော့ ထိသွားတာ ကလေးလေးနဲ့ သူ့အဖေကတော့ ခြံဝန်းထဲမှာပေါ့။ သေဆုံးသွားတဲ့ ကလေးလေး အဖေကလည်း ဒဏ်ရာ အခြေအနေစိုးရိမ်ရတယ်။ သူ့အဖေကတော့ လည်ပင်းနဲ့ ခြေထောက်ကိုထိသွားတယ်။ အိမ်ဘေးက အမျိုးသမီးက ဘယ်နား မှာ ထိသွားလည်းတော့ ကျွန်တော်လည်း သေချာမတွေ့လိုက်ရဘူး။ သူက ဒဏ်ရာအခြေအနေမစိုးရိမ်ရဘူး။ သူတို့ နှစ်ဦးကို မြောက်ဦးဆေးရုံမှာ တင်ထားတယ်။ လက်နက်ကြီးကျတဲ့နေရာက မြောက်ဦးမြို့ထဲက ရပ်ကွက်တစ်ခုပဲ ဘယ်က ပစ်မှန်း ကျွန်တော်တို့လည်း မသိဘူး ” ဟု လက်နက်ကြီးကျည် ကျရောက်ခဲ့သော နေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့သည့် မြောက်ဦးမြို့ ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA ကြား အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားနေပြီး ထိုသို့ မည်သည့်အဖွဲ့အစည်းက ပစ်ခတ်သည်ကို မသိရှိရသော လက်နက်ကြီးကျည်များ လူနေရပ်ကွက် ကျေးရွာများအတွင်းသို့ ကျရောက်ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများကပြောဆိုသည်။ https://www.khitthitnews. com/2020/10/%e1%80%99%e1%80%bc%e1% 80%b1%e1%80%ac%e1%80%

*************

၂၂။ တိုင်းရင်းသားပါတီ ထောက်ခံသူတွေ အပြန်အလှန် ဝန်းရံပြီး မဲဆွယ်စည်းရုံး
October 20, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်း ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီ ထောက်ခံသူတွေဟာ အပြန် အလှန်ဝန်းရံပြီး မဲဆွယ်စည်းရုံးရေးကို ဆောင်ရွက်နေကြပါတယ်။ ထောင်နဲ့ချီတဲ့ မွန် ၊ ကရင် ၊ ပအိုဝ်းတိုင်းရင်းသားပါတီ ဝန်းရံသူတွေက အောက်တိုဘာလ(၁၈)ရက်နေ့က သထုံမြို့မှာအင်းအားပြလှည့်လည်ခဲ့ကြပါတယ်။ သထုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တာ မရှိပေမယ့် ပအိုဝ်းနဲ့ကရင် ပါတီဝန်းရံသူတွေ အင်အားပြ လှည့်လည်ရာမှာ မွန်ပါတီထောက်ခံသူတွေကဝန်းရံခဲ့ကြပါတယ်။

အခုလို မွန်တိုင်းရင်းသားပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့နေရာမှာ မွန်ပြည်သူလူထုအနေနဲ့ ကရင်နဲ့ ပအိုဝ်း တိုင်းရင်းသားကိုယ်စားပြုပါတီတွေကို မဲထည့်ပေးခြင်းဖြင့် တိုင်းရင်းသားအမတ်တွေ လွှတ်တော်ထဲရောက်လာခဲ့ရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးလိုလားချက်တွေကို ရရှိလာမယ်လို့ မွန်တိုင်းရင်းသားလူငယ်တစ်ဦးဖြစ်တဲ့ မင်းလှိုင်ထော က ပြောပါတယ်။“သထုံနဲ့ဘီးလင်းမှာ မွန်မပြိုင်ဘူး၊သို့သော်ငြားလည်း ကရင်နဲ့ပအိုဝ်းပြိုင်တယ်၊ သထုံနဲ့ ဘီးလင်းမှာ ရှိကြတဲ့ မွန်တွေ အဲဒီပါတီကို မဲပေးကြဖို့၊ ၂၀၁၅ ကနေ ၂၀၂၀ အတွင်း ၅ နှစ်ကာလမှာ တိုင်းရင်းသားအသံတွေ ပြောနေ သော်လည်း တစ်ပါတီစနစ်ဖြစ်နေတော့ တိုင်းရင်းသားဘယ်လောက်ပဲတောင်းဆို ပယ်ချခံထိတယ်၊ တိုင်းရင်းသားအမတ် တွေ လွှတ်တော်ထဲ များများရောက်ရှိမှ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရလာမယ်လို့မြင်တယ်”လို့ ဆိုပါတယ်။ တိုင်းရင်းသားလူငယ်‌တွေစုပေါင်းပြီး တိုင်းရင်းသားကိုယ်စားပြုပါတီတွေကို လာရောက်ဝန်းရံတဲ့အခါမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပြသရာရောက်လို့ အားရကျေနပ်မိတယ်လို့ လည်း ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီ မယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တွေက မွန်တိုင်းရင်းသားတွေအနေနဲ့ ကရင်နဲ့ပအိုဝ်းပါတီကိုသာ မဲပေးဖို့နဲ့ ကရင်နဲ့ ပအိုဝ်းပါတီ မယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တွေမှာလည်း တိုင်းရင်းသားတွေအနေနဲ့ မွန်ပါတီကိုသာ မဲပေးကြဖို့ လူငယ် ကွန်ယက်တွေက အပြန်အလှန်တိုက်တွန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ လက်ရှိအာဏာရပါတီကို တိုင်းရင်းသားအများစုက ဝန်းရံပေးခဲ့ပေမယ့် တကယ့်လက်တွေ့မှာ တိုင်းရင်းသားတွေလိုလားနေတဲ့ အခွင့်အရေး တော်တော်များများကို လျစ်လျူရှုခံခဲ့ရလို့ တိုင်းရင်းသားပါတီတွေက ပိုမိုအားကောင်းလာတာလို့ နိုင်ငံရေးလေ့လာသုံးသပ် သူတွေက ဆိုပါတယ်။ https://www.bnionline.net/mm/news-76374

***************

၂၃။ Covid-19 ကြောင့် ဖားကန့်တွင် မဲရုံထပ်တိုးပေးရန် တောင်းဆို
October 18, 2020

ကချင်ပြည်နယ်၊ ဖာကန့်မြို့နယ်တွင်းရှိ ဗလခကျေးရွာမှ ဒေသခံများအား မဲရုံသီးသန့်ထားရှိပေးရန်တောင်းဆိုထားကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှ သိရသည်။

မဲရုံအမှတ် ၁၀၁ ဖြစ်သော ဗလခကျေးရွာနှင့်တောင်ပြိုကျေးရွာသည် မဲရုံတစ်ရုံသာရှိပြီး ဗလခကျေးရွာမှ ပြည်သူများသည် လက်ရှိ ဖားကန့်တွင် Covid-19 ပိုးတွေ့အများဆုံးဖြစ်သော တောင်ပြိုအထိ မဲသွားပေးရန်အဆင်မပြေသည့်အတွက် တောင်းဆိုထားကြခြင်းဖြစ်ကြောင်း ဆိုသည်။“မဲရုံ ၁၀၁မှာကျတော့ တောင်ပြိုနဲ့ဗလခကျေးရွာ ၂ ရွာက မဲရုံတစ်ရုံထဲမှာဘဲ မဲပေါင်းပေးရမှာဖြစ်။ ဒါပေမယ့် တောင်ပြိုကျေးရွာကကျတော့ ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့အတွက် Lockdown ချထားတဲ့ ရွာဖြစ်တယ်။ ပိုးတွေ့လူနာလည်း ၄၀ကျော်တွေ့ခဲ့တဲ့ရွာဖြစ်တဲ့အတွက် ဗလခ ရွာသားတွေက မဲသွားပေးဖို့ကို စိုးရိမ်တဲ့ အခြေနေရှိနေကြတယ်။ ပြီးတော့ ရောဂါကူးစက်မူလည်းမဖြစ်အောင်ပြီးတော့ လက်ရှိချိန်ထိတောင်ပြိုက ဝင်လို့မရသေးတဲ့ အခြေနေဖြစ်နေတဲ့တွက် ဗလခရွာက မဲရံတစ်ရုံခွဲပေးပါဆိုပြီးတောာင်းဆိုလာကြတယ် အဲကြောင့်ကျနော်တို့လည်း တင်ပြ ထားဆဲဖြစ်တယ်။” ဟု မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်သူကပြောသည်။

လက်ရှိတောင်ပြိုကျေးရွာသည် မဲပေးပိုင်ခွင့်မဲဆန္ဒရှင် ၈၀၀ကျော်ခန့်ရှိပြီး ဗလခကျေးရွာသည် ၁၃၀၀ ခန့်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)သို့ မေးမြန်းရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြထားကြောင်း ပြောသည်။“ဒီဗလခကျေးရွာက တောင်းဆိုချက်ကို ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားဆဲဖြစ်တယ်။ ခုလောလောဆယ်တော့ ကချင်ပြည်နယ်မှာ မဲရုံပေါင်း ၉၁၈ ရုံရှိတယ်။ အဲမဲရုံထပ်တိုးလာရင်တော့ ၉၂၀ ရှိမယ်။” ဟု ကချင်ပြည်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိ ဦးထွန်းအောင်ခိုင်ကပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် Covid-19 ကပ်ရောဂါကြောင့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးရန် စိုးရိမ်မူများစွာ ရှိနေကြသည်။ ဖားကန့်မြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၁သိန်း ၈သောင်းကျော်ရှိကာ မဲရုံပေါင်း ၁၀၄ ရှိပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီပေါင်း ၆ ပါတီရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။ ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီပေါင်း ၁၉ပါတီရှိကာ မဲဆန္ဒရှင်ဦးရေ ၁၁သိန်းနီးပါးရှိပြီး မဲရုံ ၉၁၈ ရုံရှိသည်။ https://burmese.kachin news.com/2020/10/18/l2-11/

**************

၂၄။ ပဋိပက္ခမဖြစ်တဲ့ ရှမ်းပြည်နယ်က မဲဆန္ဒနယ်တချို့ကို မဲပေးခွင့်ပြုဖို့ တောင်းဆို
19 October 2020

လာမယ့်ရွေးကောက်ပွဲမှာ ကျင်းပခွင့်ပိတ်ပင်ခံလိုက်ရတဲ့ မဲဆန္ဒနယ်မြေတွေထဲက စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုမရှိတဲ့ မြို့နယ်နှင့် ကျေးရွာတွေကိုတော့ မဲပေးပိုင်ခွင့်မဆုံးရှုံးအောင် ပြန်လည်စိစစ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ဒေသခံတွေက လိုလားနေကြပါတယ်။

ရှမ်းပြည်နယ်တခုလုံးတွင် ပုံမှန်ပိတ်ပင်ခံနေရတဲ့ မဲဆန္ဒနယ်မြေတွေထက် အခုလာမယ့်ရွေးကောက်ပွဲမှာ ကျေးရွာအုပ်စုပေါင်း (၁၀၀) ကျော်ကို တိုးမြှင့်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုးမြှင့်ခြင်းခံလိုက်ရတဲ့ ကျေးရွာအုပ်စုတွေဟာ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေပြီး မငြိမ်မသက်ဖြစ်နေတဲ့ အနက်ရောင်နယ်မြေတွေ မဟုတ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လှုပ်ရှားနယ်မြေတွေဖြစ်ပြီး လက်နက်ကိုင်တွေ ဝင်ထွက်သွားလာနေကြတဲ့ ကျေးရွာအုပ်စုတွေ ဖြစ်ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကျင်းပခွင့်ပိတ်ပင်ခံခဲ့ရတဲ့ထဲမှာပါဝင်တဲ့ ရှမ်ပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းလှဝင်း က “ဒီမှာရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတော့ မသိတဲ့အဝေးကသူတွေက ဦးလေးတို့ ရွာကို အနက်ရောင်နယ်မြေကြီးလို့ ထင်သွားကြမှာ။ တကယ်က အဲလိုမဟုတ်ဘူး။ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေလဲ အမြဲဝင်ထွက်ရှိနေတာပဲလေ။ အဲတော့ ပါတီတွေအနေနဲ့ပြန်လည်တောင်းဆိုပေးဖို့တော့ မျှော်လင့်တယ်” လို့ ဆိုပါတယ်။

RCSS အဖွဲ့ လွှမ်းမိုးထားတဲ့ မိုင်းကိုင်မြို့နယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံသူ တွေများပြားပြီး လက်ရှိအချိန်မှာတော့ စစ်ရေးပဋိပက္ခဖြစ်ပွားမှု မရှိတဲ့မြို့နယ်တခုဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၅ ပါတီက လွတ်လွတ်လပ်လပ်မဲဆွယ်ခွင့်ရှိခဲ့ပေမဲ့ RCSS အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် တအာင်း ပအမျိုးသားပါတီ (TNP) ကတော့ မဲဆွယ်စည်းရုံးခွင့် ဆုံးရှုံးခဲ့ရပါတယ်။ မိုင်းကိုင်မြို့နယ်၊ ဟမ်းငိုင်းကျေးရွာဒေသခံ စိုင်းပီး က “ဒီမှာက ဘာစစ်ပွဲမှ မရှိဘူး။ အဲဒါကို တမြို့နယ်လုံး မဲမထည့်ရတော့ဘူးဆိုတော့ ဒါသက်သက်ညစ်တာလို့ပဲ ယူဆတယ်။ ပြည်သူလူထုအခွင့်အရေးမဆုံးရှုံးအောင် နိုင်ငံ့အကြီးအကဲတွေအနေနဲ့ ငဲ့ညှာပေးဖို့ တောင်းဆိုချင်တယ်”လို့ ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မိုင်းရှူးမြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ပေမဲ့ နောင်မှာ သီးသန့် ပြန်လည်ကျင်းပခွင့်ရခဲ့ပါတယ်။ အခု ၂၀၂၀ ပွဲမှာ မကျင်းပနိုင်တဲ့နေရာတွေမှာလည်း ရွေးကောက်ပွဲ ရလာဒ်အပြီးမှာမှ ပြန်လည်ကျင်းပခွင့်ပေးပါက အဲဒီမဲဆန္ဒနယ်တွေဟာ အရေးပါတဲ့နေရာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်လာကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က “မကျင်းပနိုင်တဲ့ နယ်မြေတွေ များသွားတယ်ဆိုရင် နိုင်ငံတော်သမ္မတရွေးတဲ့အချိန်မှာ NLD အနေနဲ့ မဲပြတ်ပြတ်သားသား မနိုင်ဘူးဆိုရင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့နေရာတွေက အရေးပါတယ်လို့ ပြောရမယ်”လို့ ဆိုပါတယ်။ https://burma.irrawad dy.com/news/2020/1 0/19/231946.html

***************

၂၅။ ရွေးကောက်ပွဲ ကျင်းပခွင့် ပေး မပေး စဉ်းစားရာတွင် နိုင်ငံရေးအရ စွက်ဖက်၍ မစဉ်းစားရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား
19 October 2020

ရွေးကောက်ပွဲကျင်းပခွင့်ပေး မပေး စဉ်းစားရာတွင် နိုင်ငံရေးအရစွက်ဖက်၍ မစဉ်းစားရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွတ်လပ်ရေး တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိဟုဆိုကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိနယ်မြေအချို့တွင် ရွေးကောက်ပွဲကျင်းပခြင်း မပြုတော့ ကြောင်း ကြေညာခဲ့ရာတွင် ယင်းနယ်မြေများအနက် စစ်ရေးပဋိပက္ခနှင့် ကျန်းမာရေးဆိုင်ရာစိုးရိမ် စရာမရှိသည့် နယ်မြေများ ပါဝင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဦးစိုင်းညွန့်လွင်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။“ရွေးကောက်ပွဲကျင်းပခွင့်ကို ပေးတဲ့မပေး တဲ့ ကိစ္စကိုစဉ်းစားတဲ့အခါမှာ တကယ့်ကို ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားစေချင်ပါတယ်။ နိုင်ငံရေးအရ စွက်ဖက်ပြီးစဉ်းစားမယ်ဟေ့ ဆိုရင်တော့မှားပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုက ပြီးသွားမှာမဟုတ်ပဲ ပြန်ဖြေရှင်းရလည်း တစ်အားခက်တယ်။ ယုံကြည် မှုတွေ လျော့ကျသွားတယ်ဆိုရင် ကျွန်တော်တို့ ၂၀၂၁ မှာ ရင်ဆိုင်ရတဲ့ စီးပွားရေးကိစ္စတွေရှိတယ်။ အခက်အခဲတွေက အများကြီးရှိတယ်။ အဲဒီအခက်အခဲတွေအများကြီးကို ရင်ဆိုင်ကျော်လွှားဖို့ ဖြေရှင်းဖို့ဆိုတာ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုရှိရှိနဲ့ လက်တွဲဆောင်ရွက်နိုင်မှ အောင်မြင်မှုရနိုင်မှာ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည် ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ညစ်ပတ် တယ်လို့ ထင်ရင် ၂၀၂၁ မှာရင်ဆိုင်ရမှာတွေ က ပိုပြီးအခက်အခဲကြုံလိမ့်မယ်လို့ သတိပေး ချင်တယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြား သည်။

“လုံခြုံမှုဆိုတာက စစ်ရေးပဋိပက္ခရှိတဲ့ နေရာမှာမလုံခြုံဘူးဆိုတာ တစ်မျိုးပေါ့နော်။ ရန်ကုန်မြို့လိုမျိုး ကျန်းမာရေးပြဿနာ တွေ ရှိနေတဲ့အခြေအနေပေါ့နော်။ ကျန်းမာရေး ပြဿနာဆိုတာကလည်း COVID-19 လို ကူးစက်မှုနှုန်းမြန်တဲ့ပြဿနာပါ။ ကူးစက်ခံရတဲ့ သူတွေလည်း ပြင်းထန်တဲ့ ဝေဒနာတွေ ခံစားရတဲ့ အနေအထားပါ။ နောက်ပြီး အသေ အပျောက်တွေလည်း ရှိလာတဲ့ အနေအထားပါ။ ဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံခြုံမှုမရှိတဲ့နေရာမှာကျတော့ ရွေးကောက်ပွဲ ကျင်းပပြီး တော့ လုံခြုံမှုရှိတဲ့ ပေါက်တောလို မျိုး မိုင်းကိုင်လိုစစ်ရေးပဋိပက္ခမရှိတဲ့ နေရာ မျိုးကျတော့ ရွေးကောက်ပွဲမကျင်းပဘူးဆိုတာ UEC ကိုမေးခွန်းထုတ်စရာ ဖြစ်တာ ပေါ့”ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ https://news-eleven.com/article/19 5854

**************

၂၆။ မြဝတီနယ်စပ် မြန်မာ-ထိုင်း အမှတ်(၂)တံတား ယာယီပိတ်သွားရန် စီစဉ်
October 17, 2020

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုတွင် အဓိက အသုံးပြုနေသည့် မြဝတီ နယ်စပ် မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားကို ရက်သတ္တပတ် (၁)ပတ်ခန့် ယာယီပိတ်သွားမည်ဟု ယနေ့ (အောက်တိုဘာ ၁၇) ထိုင်းနိုင်ငံဘက်ခြမ်းမှ တာဝန်ရှိ သူများက အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် Covid- 19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးရာတွင် လာရောက် စစ်ဆေး မှုခံယူကြသူများထဲမှ မြန်မာနိုင်ငံသား(၂) ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ယင်းတို့နှင့်အိမ်နီးခြင်း (၉) ဦးအား ခေါ်ယူစစ်ဆေးရာ တွင်လည်း နောက်ထပ် ၃ ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်း-မြန်မာချစ်ကြည် ရေးတံတားကို ယာယီပိတ်သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်ဟု တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး Mr: Pongrat Piromrat က ယနေ့ နံနက်ပိုင်းတွင် မဲဆောက်မြို့ပိုင်ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။“ မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည် ရေး တံတား ကို မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့ ဒါမှမဟုတ် ၁၉ ရက်နေ့မှစ၍ အသုံးပြုခွင့်ပိတ်သွားပြီး ရောဂါထိန်းချုပ်နိုင်မှု အခြေနေအပေါ်မူတည်ပြီး တံတား ဖွင့်မယ့်အချိန်ကို ပြန်လည်သုံးသပ် သွားမှာဖြစ်ပါတယ်”ဟု တာ့ခ်ခ ရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

မြဝတီနယ်စပ်တွင် ယခင် ကိုဗစ်ကာလ မတိုင်မီက ထိုင်းနိုင်ငံနှင့် တရားဝင်ကုန်သွယ်သွားလာမှု၌ ထိုင်း-မြန်မာ ချစ်ကြည် ရေး တံတား အမှတ်(၁) နှင့် အမှတ် (၂) ဟူ၍ တံတား ၂ စင်းရှိသလို နှစ်နိုင်ငံနယ်ခြား သောင်ရင်းမြစ် ကမ်းတစ်လျှောက် တရားမဝင် လှေဂိတ် ၃၀ ကျော်မှလည်း ကုန်သွယ်သွားလာမှု ပြုလုပ်ခဲ့ကြသည်။ သို့သော် Covid-19 ရောဂါပိုးမှာ ကမ္ဘာ့ ကပ်ရောဂါအသွင်ဖြင့် ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်လာချိန် ပြီးခဲ့သည့် မတ် ၂၃ ရက် နှင့် ဧပြီလဆန်းပိုင်းခန့်မှစ၍ အမှတ်(၁) တံတားနှင့် သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ နယ်စပ်ဂိတ်များ ကို ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ထိုင်း-မြန်မာအမှတ် ၂ တံတားမှသာ ကုန်သွယ်မှုနှင့် ထိုင်းရောက်နေရပ် ပြန် မြန်မာလုပ်သားများအတွက်သာ အသုံးပြုခဲ့ကြသည်။ ယနေ့ ထိုင်းဘက်ခြမ်း တာဝန်ရှိသူများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နံနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့မှစ၍ မြဝတီ နယ်စပ် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ကို ယာယီပိတ်သွားမည်ဟု သိရသည်။ http://kicnews.org/202 0/10/%e1%80%bb%e1%80%99%e1%80%9d%e1%80%90%e1%80%ae%e1%

**************

၂၇။ မြစ်ကြီးနားတွင် ဒီဇင်ဘာလအထိ ညမထွက်ရအမိန့် ထုတ်ပြန်
20 October 2020

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ များပြားလာတဲ့အတွက်ကြောင့် အောက်တိုဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ၂ လတိတိ ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သက်တမ်းတိုး ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ကျန်းမာရေးနဲ့ နာရေးကိစ္စ ဆောင်ရွက် သူတွေကလွဲပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း နေအိမ်ပြင်ပကို ထွက်ခွာတာ၊ စုဝေးတာတွေ မပြုလုပ်ဖို့ တားမြစ်ထားပါတယ်။

ပထမကို ဗစ်ကာလ ဧပြီလကနေ စက်တင်ဘာလအထိ ညမထွက်ရအမိန့် ဖောက်ဖျက်တဲ့သူ ၁၈၆ ယောက်ကို အရေးယူ ထားပြီး အခုစစ်ဆေးတွေ့ရှိလို့ စည်းကမ်း မလိုက်နာခဲ့ရင်လည်း အရေးယူသွားမှာဖြစ်ပါတယ်လို့ မြစ်ကြီးနားမြို့နယ် ရဲမှူး မြင့်မိုး က ပြောပါတယ်။ http://burmese.dvb. no/archives/418035

*************

၂၈။ မင်းပြားမေလွမ်းရွာအနီးတိုက်ပွဲဖြစ်၊ ရွာအနီးကျည်ကျ၍ ရွာသားများကြောက်လန့်ထွက်ပြေး
October 19, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မေလွမ်းရွာအနီးတွင် အောက်တိုဘာ ၁၈ ရက်နေ့လယ် ၁ နာရီက တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်များ ရွာအနီးကျရောက်သဖြင့် ရွာသားများ ကြောက်လန့်ထွက်ပြေးနေကြရသည်ဟု ရွာသားတစ်ဦးက ပြောသည်။ မေလွမ်းရွာသား တစ်ဦးက “ပေါက်ကွဲသံက နေ့လယ် ၁ နာရီလောက်မှာ တောင်ပုတ်ကေရွာ အနီးက ကျောက်ကြီး တောင်ဘက်က ကြားရပါတယ်။ အဲဒီနေရာကို မေလွမ်းကဆိုရင် ၃ ဖာလုံလောက် ဝေးပါတယ်။ အဲဒီနောက် လက်နက်ကြီးလက်နက်ငယ် ပစ်သံကြားရပြီး ရွာအနီးမှာလည်း လာကျတဲ့ အတွက် ရွာသားတွေလည်း ငိုသူငို ပြေးသူ ပြေးနဲ့ မြစ်တစ်ဖက်ကမ်းကို ထွက်ပြေးကြပါတယ်” ဟု ပြောကြားသည်။ ၎င်းရွာသား၏ အပြောအရ တိုင်းဗဟို (၉) ဘက်မှလည်း လက်နက်ကြီးဖြင့်ထုကြောင်း၊ မြစ်ထဲတစ်လုံးကျ၍ ငါးသလောက်ပိုက်မျောနေသူများ ကြောက်လန့်ထွက်ပြေးကြကြောင်း ၎င်းက ပြောကြားသည်။

“မေလွမ်းရွာဘက်ကို မင်းပြားဘက်ကနေ ကားလမ်းအတိုင်း လာတဲ့ စစ်ကြောင်းနဲ့ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အေအေနဲ့ ဖြစ်တာနေမှာပါ။ တိတိကျကျတော့ ကျနော် မပြောတတ်ဘူး။ ပေါက်ကွဲသံတွေကြားရပြီး သေနတ်သံတွေဆက်တိုက်ကြား ရပါတယ်။ မေလွမ်းရွာထဲမှာ သက်ရွယ်ကြီးရွယ်အို အနည်းငယ်ကျန်ခဲ့ပြီး ကျန်တဲ့လူတွေ ထွက်ပြေးနေကြရပါတယ်”ဟု ပြောကြားသည်။ ထိုသို့ ပစ်ခတ်သံများကို ၁၅ မိနစ်ခန့်ကြားရပြီး လက်နက်ကြီးကျည်များ ရွာအနီး ကျသော်လည်း ရွာသား များအား ထိခိုက်မှု မရှိကြောင်း ပြောကြားသည်။ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က “ ဟို မေလွမ်းရွာနဲ့ သိပ်မဝေးတော့တဲ့ တောင်ပုတ်ကေ ရွာအနီးမှာ ဖြစ်ကြတယ်လို့ ပြောတယ်။ ရာမောင်းတံတားနဲ့ မေလွမ်းရွာကြားဖြစ်ပေမယ့် မေလွမ်းဘက်ကို နီးသွားပါပြီ။ မေလွမ်းရွာထဲက အိမ်ခေါင်မိုးတွေကို ကျည်ဆံ လာထိတဲ့အတွက် ရွာသားတွေက ကြောက်ပြီး ထွက်ပြေးကြရတယ်လို့တော့ ရွာသားတွေ အကြောင်းကြားလာပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မင်းပြားမြို့နယ် မေလွမ်းရွာအနီးဝန်းကျင်တွင် တောတောင်များ ထူထပ်ပြီး တောင်ချိုင်များလည်း များသဖြင့် အဆိုပါ ရွာမြောက်ဘက် ကားလမ်းပေါ်တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်ဟု သိရှိရသည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းသို့ ယနေ့ ညနေပိုင်း ၆ နာရီ မိနစ် ၄ဝ ဝန်းကျင်ခန့်က ဖုန်းသုံးကြိမ် ခေါ်ဆိုသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိခဲ့ပါ။ https://www.bnionline.net/mm/news-76347

***************

၂၉။ မိုင်းခုတ်တွင် ကျပ်သိန်း ၈၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်သူမမိဘဲ သိမ်းဆည်းရမိ
19 October 2020

ရှမ်းပြည်နယ် မိုင်းခုတ်မြို့မှာ မနေ့ ညနေပိုင်းက ကျပ်သိန်း ၈၀၀၀ လောက် တန်ဖိုးရှိတဲ့ အိုက်စ်မူးယစ်ဆေးဝါးတွေကို သယ်လာသူမမိဘဲ သိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ ညနေပိုင်းက မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့၊ မိုင်းဆတ်-ကျိုင်းတုံ ကားလမ်း မိုင်တိုင်အမှတ် ၉၆ ကီလိုမီတာနားမှာ မသင်္ကာဖွယ် မော်တော်ယာဉ်ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာမှာ မော်တော်ယာဉ်ဟာ လမ်းရဲ့ ညာဘက်မှာရှိတဲ့ တံတားအုတ်ခုံကို ဝင်တိုက်မိပြီး ရပ်တန့်သွားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။

ကားပေါ်မှာပါလာသူ ၂ ယောက်ကတော့ လမ်းဘယ်ဘက် လျှိုထဲကို ထွက်ပြေးသွားတာကြောင့် ကားပေါ်ကို ရှာဖွေရာမှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ ငွေကျပ်သိန်း ၇၈၀၀ တန်ဖိုးရှိ အိုက်စ် ၃၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။ http://burmese.dvb.n o/archives/417868

*************

၃၀။ ပါတီဖျက်သိမ်းခံရမှု ရွေးကောက်ပွဲ ကော်မရှင်ထံ နှင်းဆီပါတီ စာပို့ကန့်ကွက်မည်
18 October 2020

နှင်းဆီပါတီဟု လူသိများကြသည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု မရှိခြင်းကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ စာပို့ကန့်ကွက်သွားမည်ဟု ပါတီ ဗဟိုတွဲဖက်အတွင်းရေး မှူး ဦးသိုက်ထွဏ်းက မဇ္ဈိမကို ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အောက်တိုဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ နှင်းဆီပါတီကို ဖျက်သိမ်းသည့်အပြင် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးကိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းမှ ပယ်ဖျက်ခဲ့သည်။

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ထောင်ပြေးမှုဖြင့် အဖမ်းခံရပြီးနောက်ပိုင်း ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စစ်ဆေးမှု များလုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲအဖြစ် ပါတီ ဖျက်သိမ်းကြောင်း ကြေညာခံရခြင်း ဖြစ်သည်။ နှင်းဆီပါတီသည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့နှင့် ငြိစွန်းနေခြင်းကြောင့် ဖျက်သိမ်း သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။ နှင်းဆီပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဖော်ပြသည့် အချက်များနှင့် မငြိစွန်းသောကြောင့် စာပို့ကန့်ကွက် တုံ့ပြန်ရခြင်းဖြစ်ကြောင်း ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးသိုက်ထွဏ်းက ပြောသည်။“ကျွန်တော်တို့ကတော့ လောလာဆယ် UEC ကို စာပို့ပါမယ်။ သူတို့ရဲ့ တရားမျှတမှုမရှိဘဲ လုပ်တာအပေါ်မှာ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူးဆိုတဲ့ ကြေညာစာတမ်း ပြန်ထုတ်ပေးပါမယ်။ ထုတ်ပြီးတာနဲ့ တစ်ပြိုင်နက် လိုအပ်လို့ရှိရင် UEC ကို တစ်နိုင်ငံလုံးကနေ တရားစွဲမှာပါ” ဟု ၎င်းက ဆိုသည်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သဖြင့် တရားပြန်စွဲ ရန် မဖြစ်နိုင်ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းပေးစဉ်က သွင်းငွေကိုသာ ပြန်တောင်းနိုင်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။ “ငွေကိုပြန်ထုတ်ပေးပါ၊ ကျွန်တော်တို့ငွေနဲ့ ကျွန်တော်တို့ သွင်းထားတာပါဆိုပြီး UEC တော့ သူတို့ပြောပေါ့။ အဲဒီလို မဟုတ်လို့ တရားရုံးကနေ တရားစွဲမယ်ဆိုရင်တော့ ရာဇဝတ်မှုတော့ မစွဲနိုင်ဘူး။ ငွေပြန်ရလိုမှု တရား မကြောင်း အရပဲ ရမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

ပါတီကို ဖျက်သိမ်းခဲ့သော်လည်း ပါတီဆိုင်းဘုတ်များ၊ ကိုယ်စားလှယ် ဆိုင်းဘုတ်များကို လက်ရှိတွင် ဖြုတ်ချဦးမည် မဟုတ် ဘဲ ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်ကို စောင့်နေကြောင်းလည်း နှင်းဆီပါတီက ပြော သည်။ လမ်းပေါ် ထွက် ဆန္ဒပြခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် နှင်းဆီပါတီဝင် ခြောက်သောင်းကျော်ကို မေတ္တာရပ်ခံ ထားကြောင်း လည်း သိရသည်။ နှင်းဆီပါတီကို ၂၀၁၀ ရွေးကောက်ပွဲတွင် စတင် မှတ်ပုံတင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တစ်နေရာမျှ အနိုင်ရရှိခြင်း မရှိခဲ့ပေ။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အထိ ရှိလာခဲ့သည်။ http://www.mizzimaburmese.com/articl e/74614

*************

၃၁။ မဲဆွယ်စည်းရုံးရေးကာလအတွင်း ANP ပါတီ အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှု ၈ ခုထိရှိလာ
October 19, 2020

မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၄၀ ကာလအတွင်း ရခိုင်ပြည်နယ်တွင်ရခိုင်အမျိုးသားပါတီ (ANP)မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် ၈ ခုထိ ဖျက်ဆီးခံခဲ့ရကြောင်း ANP ဗဟိုအောင်နိုင်ရေးကော်မတီမှ သိရသည်။ ANP အောင်နိုင်ရေး ဆိုင်းဘုတ် ဖျက်ဆီးခံရသည့် မြို့နယ်များမှာ တောင်ကုတ်မြို့နယ်တွင် ၄ ခု၊ အမ်းမြို့နယ်တွင် ၂ ခု၊ ရမ်းဗြဲမြို့နယ် ရဲယု ကျေးရွာ တွင် ၁ ခု၊ စစ်တွေမြို့ သံဖရာသီးခွဆုံတွင် ၁ ခုတို့ဖြစ်သည်။ ထို့ကြောင့် မဲဆွယ်စည်းရုံးရေး ကာလ ဖြစ်သည့် စက်တင်ဘာလ ၈ ရက်နေ့မှစပြီး အောက်တိုဘာလ ၁၆ ရက်နေ့အထိ ANP ပါတီအောင် နိုင်ရေးဆိုင်းဘုတ် ၈ ခုထိ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ANP ဗဟိုအောင်နိုင်ရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဝင်းချေက “ကျနော် တို့က တကယ့်ကို ရည်ရွယ်ချက်ရှိရှိ သက်သက်မဲ့ အတိုက်အခံပုံစံမျိုးမဟုတ်ဘဲနဲ့ လမ်းသွားလမ်းလာဖြစ်ဖြစ်၊ လူတစ်ယောက် ချင်းရဲ့ စိတ်ဆန္ဒအရ ဖျက်ဆီးသွားတဲ့အပေါ်မှာတော့ အရေးယူသွားဖို့ စဉ်းစားထားတာမရှိဘူး။ ဒါပေမယ့် ပါတီတစ်ခုခုက ဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုက ဖြစ်ဖြစ် လုပ်လာရင်တော့ အရေး ယူသွားဖို့ စဉ်းစားထားတယ်” ဟု ပြောသည်။ လက်ရှိတွင် ANP အောင်နိုင်ရေးဆိုင်းဘုတ် ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်တွင် အမှုဖွင့် အရေးယူရန်လုပ်ဆောင်နေ ကြောင်း ဦးကျော်ဝင်းချေက ဆိုသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိဟု ANP ပါတီ ကိုယ်စားပြုအဖြစ် စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းအောင်ကျော်က ပြော သည်။“ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်းဘုတ်တွေကို ဖျက်ဆီးတာဟာ ကျနော်တို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးယဉ်ကျေးမှု မြင့်မားတဲ့လူတွေရဲ့ စိတ်ဓာတ်ဟာ ဒီလိုဖျက်ဆီးတဲ့ လုပ်ရပ်တွေကို လုပ်မှာ မဟုတ် ဘူး။ နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားတယ်ဆိုလို့ရှိရင် နိုင်ငံရေးအရပဲ ယှဉ်ပြိုင်ဖို့လိုအပ်တယ်လို့ မြင်တယ်။နောက်တစ်ခုက အခွင့်အရေးလည်းရှိပြီးသားဖြစ်တယ်၊ကိုယ့်မကြိုက်တာကို ဒီလိုဖျက်ဆီးဖို့မလိုဘဲ မဲ ပေးပြီးတော့ ကိုယ့်မကြိုက်တဲ့သူကို မရွေးချယ်နိုင်တဲ့အခွင့်အရေးလည်း နိုင်ငံသားတိုင်းမှာရှိတယ်” ဟု သူကဆို သည်။

ယင်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး တောင်ကုတ်၊မြေပုံ၊မာန်အောင်၊စစ်တွေ၊ဘူးသီးတောင်မြို့နယ်တို့တွင် စိုက်ထူထားသည့် အောင်နိုင် ရေးဆိုင်းဘုတ် အနည်းဆုံး ၁၅ ခုခန့် ဖျက်ဆီးခံခဲ့ရသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေငြာထားသည်။ https://www.bnionline.net/mm/news-76344

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **