• Today is: Thursday, April 18, 2024

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်

 

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 96 , April 2, 2021)

၁။ KNU တပ္မဟာ-၃တြင္ စစ္ေကာင္စီတပ္မွ တိုက္ေလယာဥ္ႏွင့္ဗုံးႀကဲ၍ ၁၁ ဦး ေသဆုံး၊ ၅ ဦး ဒဏ္ရာရ

၂။ ရွမ္းေျမာက္မွာ တိုင္းရင္းသားလက္နက္ကိုင္ အခ်င္းခ်င္းတိုက္ပြဲျဖစ္

၃။ စစ္တပ္နဲ႔ KIA တိုက္ပြဲေတြေၾကာင့္ ဖားကန႔္မွာ စစ္ေဘးေရွာင္ ၄၀၀ ေလာက္ရွိေန

၄။ ဖမ္းဆီးထားေသာ ဟားခါးၿမိဳ႕အေျခစိုက္ CCPR႐ုံးဝန္ထမ္း ၂ ဦးကို ဧၿပီလ ၇ ရက္ေန႔တြင္႐ုံးျပန္ထုတ္မည္

၅။ ဖာပြန္ၿမိဳ႕ေပၚ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာတိမ္းေရွာင္

၆။ ထိုင္းနယ္စပ္ရွိ RCSS/SSA တပ္စခန္းမ်ားအားလုံးကို တိုက္ခိုက္မည္ဟု စစ္ေကာင္စီ ေျပာ

၇။ ရခိုင္ပါတီ ANP ၏ ေတာင္းဆိုခ်က္ အာဏာသိမ္း စစ္ေကာင္စီ လိုက္ေလ်ာမႈ မရွိေသး

၈။ စစ္ေကာင္စီတပ္၏ရန္ကို ရင္ဆိုင္ျခင္းမွတပါး ေ႐ြးခ်ယ္စရာလမ္းမရွိေတာ့ေၾကာင္း KNU ထုတ္ျပန္

၉။ AA နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲခံရတဲ့ လူငယ္ႏွစ္ဦးလြတ္ေျမာက္

၁၀။ အာဏာသိမ္းစစ္တပ္ေအာက္ ယုဇန ကုမၸဏီဝန္းကို KIA တိုက္ခိုက္ဖ်က္စီး

၁၁။ ေရးေတာင္ပိုင္းေက်း႐ြာအခ်ိဳ႕တြင္ ဓါးျပအဖြဲ႕ ဆက္ေၾကးေတာင္းခံထား

၁၂။ ေၾကကြဲဝမ္းနည္းမႈကိုျပသေသာအေနျဖင့္ ရခိုင္သၾကၤန္အေပ်ာ္အပါးလြန္က်ဴးမႈမျဖစ္ရန္ မဟာရကၡိတအဖြဲ႕ပန္ၾကား

၁၃။ စစ္အာဏာသိမ္းမႈ ရက္ ၆၀ အၾကာ အၾကမ္းဖက္ၿဖိဳခြင္းမႈေၾကာင့္ က်ဆုံးျပည္သူ ၅၄၀ ေက်ာ္လာ

၁၄။ ေကာ့ကရိတ္ၿမိဳ႕ ဗုံးေပါက္ကြဲမႈတြင္ စစ္သား ၂ ဦးႏွင့္ ရဲ ၁ ဦး ဒဏ္ရာရ။

၁၅။ ေဆာ့ေလာ္ၿမိဳ႕နယ္ အမွတ္(၂)မဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူဖမ္းဆီးခံရ

၁၆။ “ပိုက္လိုင္းမ်ား ကာကြယ္ရန္” တ႐ုတ္တပ္မ်ား ျမန္မာနယ္စပ္တြင္ ခ်ထား

၁၇။ CRPH ၏ ၂၀၀၈ေျခဥဖ်က္သိမ္းျခင္းကို ဥပေဒအေထာက္အကူျပဳကြန္ရက္ ႀကိဳဆို

*************

၁။ KNU တပ္မဟာ-၃တြင္ စစ္ေကာင္စီတပ္မွ တိုက္ေလယာဥ္ႏွင့္ဗုံးႀကဲ၍ ၁၁ ဦး ေသဆုံး၊ ၅ ဦး ဒဏ္ရာရ
April 1, 2021

KNU-ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ တပ္မဟာ-၃ ထိန္းခ်ဳပ္နယ္ေျမ ေဆာထိ(ေ႐ႊက်င္)ၿမိဳ႕နယ္ရွိ မယ္ဒမတ္ေခ်ာင္းဖ်ား၊ ေလခ်ိဳေတာင္အနီးတြင္ မတ္လ ၃၀ရက္၊ ယမန္ေန႔ မြန္းလႊဲ ၃နာရီခန႔္၌ စစ္ေကာင္စီတပ္ဖြဲ႕မွ ဂ်က္တိုက္ေလယာဥ္ႏွင့္ ဗုံးႀကဲ တိုက္ခိုက္ေသာေၾကာင့္ ေသဆုံးသူ ၁၁ဦးႏွင့္ ဒဏ္ရာရရွိသူ ၅ ဦး ရွိသည္ဟု သိရသည္။

အဆိုပါ ဗုံးႀကဲသည့္ေနရာမွာ ေဆာထိ(ေ႐ႊက်င္)ၿမိဳ႕နယ္ KNU-လက္ေအာက္ခံ KNLA တပ္ရင္း ၇ ႏွင့္နီးၿပီး ေသဆုံး၊ ဒဏ္ ရာရသူမ်ားမွာ အရပ္သားျပည္သူမ်ားျဖစ္ၿပီး ဒဏ္ရာရသူ ၅ ဦးတြင္ KNU သစ္ေတာဌာန အဖြဲ႕ဝင္တစ္ဦးလည္း ပါဝင္ေန ေၾကာင္း အဆိုပါေဒသရွိ လူမႈေရးရာအဖြဲ႕ေခါင္းေဆာင္တစ္ဦးမွ အတည္ျပဳေျပာဆိုသည္။ ထို႔အျပင္ ယေန႔မနက္ကလည္း အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဘက္မွ ထိုေဒသရွိ KNU လက္ေအာက္ခံ တပ္ရင္း ၇ႏွင့္ ေဆာထိၿမိဳ႕နယ္႐ုံးဧရိယာတြင္ ဒ႐ုန္းႏွင့္ ထပ္မံ စုံစမ္းေထာက္လွမ္းေနသည္ဟုလည္း သိရသည္။“ပထမတစ္ရက္မွာ ေလယာဥ္ဗုံး လာပစ္ခ်တယ္။ ဒုတိယ ရက္မွာ ဒ႐ုန္းနဲ႔ လာစုံစမ္းေထာက္လွမ္းတယ္ဆိုေတာ့ ေတာ္ေတာ္ေလး သတိထားရတယ္။ အရင္တုန္းက တပ္ရင္း(၇)မွာ ဒ႐ုန္းနဲ႔စုံစမ္းတာမရွိဘူး။ အခုက ပစ္ခ်က္ယူဖို႔လားေတာ့ မသိဘူး။ ခန႔္မွန္းလို႔ေတာ့ မရေသးဘူး။”ဟု လူမႈေရးရာအဖြဲ႕ ေခါင္းေဆာင္တစ္ဦးက ေကအိုင္စီသို႔ ေျပာသည္။

ျဖစ္စဥ္တြင္ လာေရာက္ဗုံးႀကဲၿပီးသည္ႏွင့္ ေ႐ႊတူးကုမၸဏီ အလုပ္သမား ငါးဦးမွာ ပြဲခ်င္းၿပီး ေသဆုံးခဲ့သလို ဒဏ္ရာရသူ မ်ားထဲမွ ထပ္မံ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာ သတင္းအရင္းအျမစ္မ်ားက ေျပာဆိုသည္။ ဗုံးဒဏ္ေၾကာင့္ လူထိ ခိုက္ေသဆုံးသည့္အျပင္ ဘက္ဖိုးကား ၃ စီးႏွင့္ ဆယ္ဘီးကား ၄ စီး မီးေလာင္ပ်က္စီးသြားၿပီး တပ္ရင္း (၇)ႏွင့္နီးသည့္ ေက်း႐ြာအခ်ိဳ႕မွ ရာႏွင့္ခ်ီေသာ ေဒသခံလူထုမွာ ယခုအခ်ိန္တြင္ ေဘးလြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနရေၾကာင္းလည္း သိရသည္။ http://kicnews.org/2021/04/knu-%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%

*************

၂။ ရွမ္းေျမာက္မွာ တိုင္းရင္းသားလက္နက္ကိုင္ အခ်င္းခ်င္းတိုက္ပြဲျဖစ္
April 1, 2021

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲ၊ နမၼတူၿမိဳ႕နယ္ေတြမွာ တိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း တိုက္ပြဲ ေၾကာင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ခဲ့ရၿပီး ေက်း႐ြာသား ငါးရာနီးပါး ထြက္ေျပးေနရပါတယ္။ ေက်း႐ြာေတြ တစ္ဝိုက္ စစ္ေရးထပ္မံတင္း မာေနၿပီး ထပ္မံထြက္ေျပးသူေတြလည္း ရွိေနပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္နဲ႔ နမၼတူၿမိဳ႕နယ္ေတြမွာ ရွမ္းျပည္တိုက္တက္ေရးပါတီ SSPP ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS နဲ႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ ေရးအဖြဲ႕ TNLA တပ္ေတြ တိုက္ပြဲေၾကာင့္ အရပ္သားေတြထိခိုက္မႈရွိၿပီး ရာနဲ႔ခ်ီ ေနရပ္စြန႔္ခြာေနရပါတယ္။

နမၼတူၿမိဳ႕နယ္ ပန္လုံ၊ မန္က်န္း႐ြာတစ္ဝိုက္အခုလ မတ္လ ၂၈ ရက္ေန႔က RCSS နဲ႔ TNLA/SSPP ပူးေပါင္း အဖြဲ႕ေတြ တိုက္ပြဲ ေၾကာင့္ေက်း႐ြာအတြင္းကို လက္နက္ႀကီးေတြက်လို႔ အသက္ငါးဆယ္အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ၿပီး ေနအိမ္ ႏွစ္လုံး မီးေလာင္ခဲ့တယ္လို႔ ေက်း႐ြာရပ္မိ ရပ္ဖတစ္ဦးက RFA ကို ေျပာပါတယ္။ တိုက္ပြဲေၾကာင့္ ပန္က်န္း႐ြာ၊ ပန္လုံ ႐ြာသားေတြဟာ ပန္သေျပ၊ ေရအိုး႐ြာေတြကို တိမ္းေရွာင္ေနၿပီး ေနရာ ႏွစ္ခုမွာ လူဦးေရ ေလးရာေက်ာ္ရွိေနတယ္လို႔ ေျပာပါ တယ္။ ဧၿပီလ တစ္ရက္ေန႔ ဒီကေန႔မွာလည္း ထပ္မံထြက္ ေျပးလာသူေတြရွိေနေသးတယ္လို႔ ေျပာပါတယ္။

ရွမ္းေျမာက္ေဒသမွာ တိုင္းရင္းသားအခ်င္းခ်င္း ျဖစ္တဲ့တိုက္ပြဲေတြရပ္ဖို႔ ေဒသခံေတြနဲ႔ အရပ္ဘက္အဖြဲ႕ ေတြက ေတာင္းဆို တာရွိေပမယ့္ လက္နက္ကိုင္အဖြဲ႕ေတြကေတာ့ ေတြ႕ဆုံႏိုင္တာ မရွိေသးပါဘူး။ တိုက္ပြဲနဲ႔ ပတ္သက္ၿပီး RCSS နဲ႔ SSPP တပ္တာဝန္ရွိသူေတြကို ဆက္သြယ္ေမးျမန္းရာမွာ ဖုန္းဆက္သြယ္လို႔ မရေသးပါဘူး။ TNLA ေျပာခြင့္ရ ဒုတိယဗိုလ္မႉးႀကီး မိုင္းအိုက္ေက်ာ္ ကေတာ့ ေျမာက္ပိုင္းေဒသမွာ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ေတြ တိုက္ပြဲျဖစ္ၿပီးတိုင္း အဲဒီေနရာေတြကို RCSS က ဝင္ေရာက္ ေနရာယူလာ ခဲ့တာေၾကာင့္ အခုေနာက္ပိုင္း သူတို႔သိမ္းပိုက္ခံထားရတဲ့ေနရာေတြကို ျပန္လည္ရယူရာမွာ တိုက္ပြဲေတြ ျဖစ္တာလို႔ ေျပာပါတယ္။ RCSS နဲ႔ေဆြးေႏြးဖို႔ကေတာ့ လက္ရွိအခ်ိန္အထိ အေကာင္ အထည္မေဖာ္ႏိုင္ေသးသလို လတ္တေလာမွာလည္း ေဆြးေႏြတာမ်ိဳးမရွိေသးဘူးလို႔ ေျပာပါတယ္။ https://www.rfa.or g/burmese/news/northern-shan-attack-04012021055617.html

************

၃။ စစ္တပ္နဲ႔ KIA တိုက္ပြဲေတြေၾကာင့္ ဖားကန႔္မွာ စစ္ေဘးေရွာင္ ၄၀၀ ေလာက္ရွိေန
April 2, 2021

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာ အာဏာသိမ္း စစ္ေကာင္စီတပ္ေတြနဲ႔ ကခ်င္တပ္မေတာ္ KIA တို႔ၾကား တိုက္ပြဲေတြ ရွိေနသလို စစ္အာဏာရွင္ အလိုမရွိေၾကာင္း ဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္းေတြလည္း ေန႔စဥ္ရွိေနပါတယ္။ ဖားကန႔္ၿမိဳ႕ရဲ႕ အဓိက သပိတ္စစ္ေၾကာင္းေတြျဖစ္တဲ့ ေအးျမသာယာ၊ ဆိုင္းေတာင္၊ လုံးခင္း- ေမာ္ဝမ္း သပိတ္စစ္ေၾကာင္း ေတြဟာ လူဦးေရ ေထာင္နဲ႔ခ်ီ ေန႔စဥ္ လမ္းေပၚထြက္ ဆႏၵျပေနၾကပါတယ္။ စစ္ေကာင္စီလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ မတ္လ ၁၄ရက္ေန႔မွာ ဆိုင္းေတာင္းစစ္ေၾကာင္းက ကိုေက်ာ္လင္းထိုက္(၃၁) ႏွစ္ ၊ မတ္လ (၂၇) ရက္ေန႔မွာ ေအးျမသာယာစစ္ေၾကာင္းက ကိုသန႔္ေဇာ္(၁၉) ႏွစ္တို႔ ေသဆုံးခဲ့ပါတယ္။ ဖားကန႔္ၿမိဳ႕နယ္အတြင္း ေနရာေတာ္ ေတာ္မ်ားမ်ားမွာရွိတဲ့ စစ္ေကာင္စီတပ္စခန္းနဲ႔ရဲစခန္းေတြကို ကခ်င္တပ္မေတာ္ KIA က ဝင္ေရာက္ စီးနင္းတိုက္ ခိုက္ခဲ့မႈေတြ မတ္လ အတြင္းမွာ စတင္ခဲ့ပါတယ္။

ကခ်င္ျပည္နယ္တြင္းရဲ႕ စစ္ေရးအေျခေနနဲ႔ပတ္သက္လို႔ ကခ်င္တပ္မေတာ္ KIA ရဲ႕ သတင္းနဲ႔ ျပန္ၾကားေရးဌာနက ေျပာဆိုခြင့္ရ ဗိုလ္မွဴးႀကီးေနာ္ဘူကို RFA က ဆက္သြယ္ေမးျမန္းခဲ့တဲ့အခါ “စစ္ေရးအရေတာ့ တင္းမာေနတဲ့ အေျခေနေတြရွိ ေၾကာင္းနဲ႔ စစ္ေကာင္စီဘက္က ေလယာဥ္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္လာတာေတြရွိသလို KIA တပ္စခန္း အနီးတဝိုက္ေတြမွာ လက္နက္ႀကီး လက္နက္ငယ္နဲ႔ ပစ္ခတ္တာေတြရွိေနတယ္” လို႔ ေျပာပါတယ္။

မေန႔က ဧၿပီ (၁) ရက္ေန႔မွာလည္း ဖားကန႔္ၿမိဳ႕နယ္ ရွဒူးဇြတ္ေက်း႐ြာအုပ္စုအတြင္းမွာ တိုက္ပြဲေတြ ျဖစ္ခဲ့သလို လီဒိုလမ္းမတ ေၾကာက ယုဇနကုမၸဏီဝင္းဘက္မွာလည္း တိုက္ခိုက္မႈေတြရွိခဲ့တယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။ ဒီအေျခအေန ေတြေၾကာင့္ဖားကန႔္ၿမိဳ႕နယ္အတြင္းမွာ စစ္ေဘးဒုကၡသည္ ၄၀၀ ေလာက္ရွိေနၿပီး လုံးခင္းေက်း႐ြာမွာရွိတဲ့ ႏွစ္ခ်င္းဘုရား ေက်ာင္းနဲ႔ ေမွာ္စီစာေက်း႐ြာမွာရွိတဲ့ ဘုန္းႀကီးေက်ာင္းမွာ ယာယီ ခိုလႈံေနၾကပါတယ္။ https://www.rfa.org/burmese/ news/kia-phakant-protest-coup-04012021145354.html

**************

၄။ ဖမ္းဆီးထားေသာ ဟားခါးၿမိဳ႕အေျခစိုက္ CCPR႐ုံးဝန္ထမ္း ၂ ဦးကို ဧၿပီလ ၇ ရက္ေန႔တြင္႐ုံးျပန္ထုတ္မည္
April 01, 2021

မတ္လ ၉ ရက္ေန႔တြင္ ဖမ္းဆီးခံထားရေသာ ခ်င္းၿငိမ္းခ်မ္းရးႏွင့္ျပန္လည္သင့္ျမတ္ေရးအသင္း(CCPR )႐ုံးဝန္ထမ္း ၂ ဦးကို ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲခံထားၾကျခင္းျဖစ္ၿပီး ယေန႔ မတ္လ ၃၁ ရက္ေန႔တြင္ ဒုတိယအႀကိမ္ ႐ုံးထုတ္ၿပီး ဧၿပီလ ၇ ရက္ေန႔တြင္ ဟားခါးၿမိဳ႕နယ္တရား႐ုံးတြင္႐ုံးျပန္ထုတ္မည္ ျဖစ္ေၾကာင္း လိုက္လံကူညီေပးေနသည့္ေရွ႕ေနမ်ားထံမွသိရသည္။

“ဒီေန႔ေတာ့ တရား႐ုံးက မအားဘူးဆိုေတာ့ ကြၽန္မတို႔ကို ေတြ႕ခြင့္မေပးေတာ့ဘူး။ တရားလိုသက္ေသမွာ ဟားခါးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးက ထြက္ဆိုတယ္၊ ေနာက္ၿပီးေတာ့ ဖမ္းဆီးခံထားတဲ့ CDM ဝင္ထားတဲ့ရဲ၊ ခုလက္ရွိထိန္းသိမ္းခံထားတဲ့ရဲ မာလ္ေဆာမ္ သူတို႔ကို သက္ေသအျဖစ္ထြက္ဆိုခိုင္းတယ္၊ တရားလိုသက္ေသ ရဲ ႏွစ္ဦးေပါ့။ အဲဒီ မာလ္ေဆာမ္က ထြက္ဆို တဲ့ ေနရာမွာ သူတို႔ကို ပိုက္ဆံ ငါးေသာင္းေပးထားတဲ့လူသည္ ဒီ ဗန္က်ဲအိုေထာင္း မဟုတ္ေၾကာင္း၊ ပိုက္ဆံေပးတဲ့လူက ဗန္က်ဲအိုေထာင္း ဟုတ္သလားဆိုၿပီးေတာ့ ေရွ႕ေနကေမးတယ္၊ သို႔ေသာ္ သူကမဟုတ္ဘူးတဲ့၊ ဒါဆိုဘယ္သူလဲ ၊ ဘယ္သူ လဲေတာ့မသိဘူး Mask အုပ္ထားတယ္၊ ဒါမယ့္ ဒီေကာင္ေလးေတာ့ မဟုတ္ဘူးလို႔ ထြက္ဆိုတယ္။ နင္တို႔သြားတဲ့ခ်ိန္ ကားေမာင္းတဲ့ လူကိုသိလားလို႔ ေရွ႕ေနကျပန္ေမးတယ္၊ မသိဘူး လို႔ေျပာတယ္။ ဒါဆိုရင္ခု ေရွ႕မွာေရာက္ေနတဲ့သူ(ပီတာ) ဟုတ္သလားလို႔ျပန္ေမးတယ္။ သူေမာင္းတာေတာ့ မဟုတ္ပါဘူးလို႔ သူ ျပန္ထြက္ဆိုတယ္။ အဲဒီေတာ့ ဒီေန႔ ထြက္ဆိုခဲ့တဲ့ တရားလိုသက္ေသျဖစ္တဲ့ CDM ဝင္၊ ဖမ္းဆီးခံထားတဲ့ ရဲ ရဲ႕ ထြက္ဆိုခ်က္အရမ္းေကာင္းလို႔ အားတက္စရာပါပဲ။ ဒါမယ့္ တရားသူႀကီးနဲ႔ေတာ့ ေျပာခြင့္မရွိခဲ့ပါဘူး။” ဟုတရားစြဲဆိုခံထားရသည့္ CCPR ႐ုံး၀န္ထမ္းမ်ားအတြက္ လိုက္လံကူညီေပးသူ ေရွ႕ေန ကေျပာသည္။

စစ္တပ္အာဏာသိမ္းယူၿပီးေနာက္ ျမန္မာတစ္ႏိုင္ငံလုံးတြင္ ခ်င္းလူမ်ိဳး ၁၅၃ ဦးေက်ာ္ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး ဟားခါးၿမိဳ႕တြင္ လူဦးေရ ၅၀ ေက်ာ္ ဖမ္းဆီးခံထားရေၾကာင္း သိရသည္။ ေယဘုယအားျဖင့္ ရဲစခန္းတြင္ ပုဒ္မ ၄၇ ႏွင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲၾကၿပီး မ်ားေသာအားျဖင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲမႈ ပိုမ်ားေၾကာင္းလည္း သိရသည္။ https://www.bni online.net/mm/news-80117

**************

၅။ ဖာပြန္ၿမိဳ႕ေပၚ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာတိမ္းေရွာင္
2 April, 2021

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဧၿပီလ ၁ ရက္ကစလို႔ တလတာ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ ၿမိဳ႕ေပၚမွာ ေတာ့ ပစ္ခတ္သတ္ျဖတ္မူေတြက ရွိေနတာပါ။ မံုရြာ ၊ မႏၱေလး အပါအ၀င္ၿမိဳ႕ေတြမွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ လူထုေတြကို ပစ္ခတ္မူေတြဆက္ရွိေနၿပီး ေသဆံုးသူေတြ ဒဏ္ရာရသူေတြလည္း ရွိေနပါတယ္။ ကရင္ျပည္နယ္ ၊ ဖာပြန္ခရိုင္၊ ဖာပြန္ၿမိဳ႕ ေပၚမွာေတာ့ ဧၿပီလ ၁ရက္ေန႕ ည ၁၀ နာရီေက်ာ္အထိ ပစ္ခတ္မူေတြ ရွိေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနရတယ္လို႔ ဖာပြန္ၿမိဳ႕ခံတဦးက ေျပာျပပါတယ္။

“မိုးခ်ဳပ္တာနဲ႔ စပစ္ေနတာ။ မီးျဖတ္ ၊ အင္တာနက္လိုင္းျဖတ္ေတြလည္း အကုန္လုပ္ထားတယ္ ။ ၆ နာရီေလာက္ကေန စပစ္တာ၊ လက္နက္ႀကီးလည္းပါတယ္။ ဒါေပမယ့္နည္းတယ္ လက္နက္ငယ္ေတြနဲ႔ ပစ္ေနတာမ်ားတယ္။ သူတို႕ကုိ ေကအန္ယူက လံုး၀ပစ္ေနတာ မဟုတ္ဘူး၊ သူတို႔ပဲ ပစ္ေနတာ ။ အခုကေလာေလာဆည္ၿမိဳ႕ထဲမွာပဲ လိုက္ပစ္ေနတာ ေကအန္ယူ ပါ၀င္ ပစ္ရင္ေတာ့ အကုန္လံုးျပာက်ကုန္မွာပဲ။ ေတာက္ေလွ်ာက္ သူတို႔ပဲ ပစ္ေနတာ ၊ ေကအန္ယူဘက္က လာမပစ္ဘူး။ ျပည္သူလူထုလည္း ဆႏၵျပတာတို႔ဘာတို႕ ေခါင္းေတာင္မေထာင္ရဲဘူး။ အခုက ေကအန္ယူက လံုး၀မပစ္ပဲ ေစာင့္ၾကည့္တယ္ ထင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ အရင္တုန္းကဆုိ ေကအန္ယူက၀င္ပစ္တာရွိတယ္။ အခုပစ္ရင္ေတာ့ လည္း ျပည္သူလူထုပဲ နာမယ္ဆုိေတာ့ေလ။ အခုဆိုရင္လံုး၀ အိမ္ထဲမွာမေနရဲပဲ ေခ်ာင္းကမ္းေဘးေတြမွာပုန္းေနရတယ္။”ဖာပြန္ခရိုင္အတြင္းမွာ ျမန္မာစစ္တပ္နဲ႕ ေကအန္ယူတို႔ဟာ မၾကာခဏ တိုက္ပဲြေတြျဖစ္ျပီး ေကအန္ယူ ထိန္းခ်ဳပ္ရာေဒသ မွာရွိတဲ့ ေက်းရြာေတြကိုလည္း အာဏာမသိမ္းခင္အခ်ိန္ကတည္းက လက္နက္ႀကီးနဲ႕ ပစ္ခတ္မူေတြရွိေနတာပါ။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ကေတာ့ သီးမူထာ ျမန္မာစစ္တပ္စခန္းကို KNUက သိမ္းပုိက္လိုက္ၿပီးတဲ့ေနာက္ ကရင္ေက်းရြာ ေတြကို ေလယာဥ္ေတြနဲ႔ပါ ဗုံးႀကဲတုိက္ခိုက္ခဲ့တာေၾကာင့္ အရပ္သားအိမ္ေတြ မီးေလာင္ၿပီး ေဒသခံရြာသားေတြ ေသဆံုးတာ ျပင္းထန္တဲ့ဒဏ္ရာေတြ ရရိွခဲ့ပါတယ္။ ေက်းရြာသားေတြ တေသာင္းေလာက္ဟာ ျပည္တြင္းအိုးအိမ္မဲ့ ဒုကၡသည္ေတြ အျဖစ္ အခုခ်ိန္ထိ ေတာေတာင္ေတြထဲမွာပဲ ေနထုိင္ေနရဆဲျဖစ္ပါတယ္။ တဆက္တည္းမွာပဲ ဖာပြန္ၿမိဳ႕ေပၚက လူေနအိ္မ္ေတြကုိ လည္း ညဘက္ေတြမွာပစ္ခတ္မူေတြ လုပ္လာတဲ့အတြက္ၿမိဳ႕ခံ လူထုေတြဟာအိမ္ေတြကေနထြက္ေျပးတိမ္းေရွာင္ေနရ ပါတယ္။ https://burmese.voanews.com/a/krean-ongoing-local-offensive-by-the-myanmar-army-/5837923.h

**************

၆။ ထိုင္းနယ္စပ္ရွိ RCSS/SSA တပ္စခန္းမ်ားအားလုံးကို တိုက္ခိုက္မည္ဟု စစ္ေကာင္စီ ေျပာ
March 31, 2021

ျမန္မာ-ထိုင္းနယ္စပ္ တြင္ စခန္းခ်ထားသည့္ သွ်မ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္တပ္မေတာ္ (RCSS/SSA) တပ္စခန္းမ်ားအားလုံးကို တိုက္ခိုက္မည္ဟု စစ္ေကာင္စီ မွ ခ်င္း႐ိုင္းခ႐ိုင္ မယ္ဆိုင္ၿမိဳ႕နယ္ျခားေကာ္မတီထံ အသိေပးထားသည္သူ သိရသည္။ ထိုစာကို စစ္ေကာင္စီ ၏ ဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မတ္ ၂၉ ရက္တြင္ က်ိဳင္းတုံ မွ ျပန္လည္ထြက္ခြာၿပီး ယခုကဲ့သို႔သတင္းထြက္ေပၚလာျခင္းျဖစ္ေၾကာင္း သိရသည္။

RCSS/SSA သည္ တႏိုင္ငံလုံးအပစ္ခတ္ရပ္စဲေရး သေဘာတူညီစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႕တခုျဖစ္သည္။ ေဖေဖာ္ဝါရီ ၁ ရက္ တြင္ ႏိုင္ငံေတာ္၏ အာဏာကို စစ္ေကာင္စီမွ သိမ္းယူၿပီးေနာက္ NCA လက္မွတ္ေရးထိုးထားသည္ တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ (၁၀)ဖြဲ႕ က အာဏာသိမ္း စစ္ေကာင္စီ ႏွင့္ ၿငိမ္းခ်မ္းေရး ဆက္လက္ ေဆြးေႏြးမည္ မဟုတ္ေၾကာင္း လည္း ထုတ္ျပန္ခဲ့သည္။ ထို႔ျပင္ RCSS/SSA၏ ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ကလည္း စစ္ေကာင္စီ မွ ၿငိမ္းခ်မ္းစြာ လက္နက္မဲ့ဆႏၵျပျပည္သူေတြကို ေန႔စဥ္ သတ္ျဖတ္ေနသည့္ေပၚ ကန႔္ကြက္ၿပီး၊ ျပည္သူဘက္က ရပ္တည္သြားမည္ဟုလည္း ႏွင့္ CNN ၊ Reuter ( ႐ိုက္တာ) သတင္းဌာန တို႔ကို ေျပာဆိုခဲ့သည္။

ထိုကိစၥႏွင့္ ပတ္သက္ၿပီး ျမန္မာ-ထိုင္းနယ္စပ္ လြိဳင္ေကာ္ဝမ္း RCSS/SSA တပ္စခန္း မွ အရာရွိ တဦးက “ က်ေနာ္တို႔ ေစာင့္ၾကည့္ေနပါတယ္။ အဆင့္သင့္ လုပ္ထားပါတယ္။ ျမန္မာစစ္တပ္က ယာမ ေသာက္ၿပီး ႐ူးေနတဲ့သူအတိုင္းပဲ လုပ္ခ်င္တာ လုပ္ေနတာ။ စစ္ေရးျပင္ဆင္မႈကေတာ့ ထူးထူးျခားျခားမေတြ႕ရေသးပါဘူး” ဟု သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ အၾကမ္းဖက္ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ ျမန္မာတဝွမ္းလုံး ျပည္သူမ်ားက စစ္အာဏာသိမ္းမႈကို အလိုမရွိေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ရာ စစ္ေကာင္စီမွ ျပည္သူမ်ားကို ေသနတ္ျဖင့္ ပစ္သတ္ျခင္း၊ ဖမ္းဆီးခဲ့ျခင္း ကို ယေန႔ထိျပဳလုပ္ေနသည္။ လက္ရွိမွာေတာ့ ျမန္မာ-ထိုင္း နယ္စပ္ RCSS/SSA တပ္စခန္းမွလည္း စစ္ေရးျဖစ္လာမည္ကို သတိျဖင့္ ေစာင့္ၾကည့္ေနရသည္။ https://burmese.shannews.org/archives/21499

**************

၇။ ရခိုင္ပါတီ ANP ၏ ေတာင္းဆိုခ်က္ အာဏာသိမ္း စစ္ေကာင္စီ လိုက္ေလ်ာမႈ မရွိေသး
1 April 2021

ရခိုင္အမ်ိဳးသားပါတီ(ANP)က ေတာင္းဆိုထားသည့္ အၾကမ္းဖက္ ဥပေဒျဖင့္ တရားရင္ဆိုင္ေနရသူမ်ားအား လြတ္ေပးရန္၊ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတြင္ ရာထူးေနရာေပးရန္စသည့္ျဖင့္ ေတာင္းဆိုခ်က္မ်ားကို စစ္ေကာင္စီမွ လက္ရွိ အခ်ိန္ အထိ လိုက္ေလ်ာ့ျခင္း မရွိေသးေၾကာင္း သတင္း ရရွိသည္။

ANP ပါတီမွ ႏိုင္ငံေရး မူဝါဒေရးရာ ေကာ္မတီဝင္ ဦးေဖသန္းက“အၾကမ္းဖက္နဲ႔ စြဲထားတဲ့ လူေတြကို လြတ္ေပးဖို႔၊ ျပည္နယ္ အဆင့္ စီမံအုပ္ခ်ဳပ္ေရးမွာ ေနရာေပးဖို႔ က်ေနာ္တို႔ ေတာင္းဆိုထားတဲ့ အခ်က္ေတြကို မလိုက္ေလ်ာ့ေသးဘူးလို႔ ေျပာလို႔ ရတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ သို႔ေသာ္လည္း အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲခံရၿပီး အမႈရင္ဆိုင္ ေနရေသာ ရခိုင္တိုင္းရင္းသားမ်ား ျပန္လည္လႊတ္ေပးေရးအတြက္ ပါတီအေနျဖင့္ ဦးစားေပး ေဆာင္႐ြက္လုပ္ကိုင္ေနၿပီး ANP မွ ပါတီေခါင္းေဆာင္တဦး ျဖစ္သူ ႏိုင္ငံေတာ္ ေကာင္စီဝင္ ေဒၚေအးႏုစိန္ကိုယ္တိုင္လည္း အထက္ပိုင္းတြင္ တင္ျပေျပာဆို ေနမႈမ်ား ျပဳလုပ္ေနေၾကာင္း ဦးေဖသန္းက ေျပာသည္။ ထို႔ျပင္ ANP အေနျဖင့္ ျပည္နယ္ ေကာင္စီ ဥကၠဌ ေနရာႏွင့္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္မႈ ေကာင္စီတြင္အဖြဲ႕ဝင္ႏွစ္ေနရာေပးရန္ ေတာင္းဆိုထားေသာ္လည္း လက္ရွိအခ်ိန္အထိ မရရွိေသး သျဖင့္ အနီးဆုံး ပါတီ ဗဟိုေကာ္မတီ အစည္းအေဝးတြင္ တင္ျပ ေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း ပါတီ၏ ႏိုင္ငံေရး မူဝါဒေရး ရာ ေကာ္မတီဝင္ ဦးေဖသန္းက ေျပာသည္။

အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒႏွင့္ တရားစြဲခံရသူမ်ား အေရးကိစၥမွာ ယခုအခ်ိန္တြင္ ရကၡိဳင့္ စစ္တပ္ (AA) ကို အၾကမ္း ဖက္အဖြဲ႕ မွ ပယ္ဖ်က္ေပးလိုက္ၿပီ ျဖစ္၍ ဥပေဒအရဆိုရင္ ျပန္လႊတ္ေပးရေတာ့မည္ ျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္ မယူကမ္း ေဒသဖြံ႕ၿဖိဳးေရးအသင္း ဥကၠဌ ဦးေမာင္ေစာဝင္းက ေျပာသည္။“ANP အေနနဲ႔ ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မွာ ေတာင္းဆိုတာကေတာ့ ဒီအခ်ိန္မွာ မျဖစ္ႏိုင္ေတာ့ဘူးလို႔ က်ေနာ္ျမင္တယ္။ ျပည္နယ္ အဆင့္အုပ္ခ်ဳပ္ေရးအဖြဲ႕မွာ ဖြဲ႕စည္းပုံ က ျပည့္သြားၿပီေလ။ ဆိုေတာ့ က်ေနာ္အျမင္က ANP အေနနဲ႔ ဒီကိစၥေတြကို ျပတ္ျပတ္သားသား ေဆြးေႏြးမွ ေဒၚေအးႏုစိန္ကို ေကာင္စီမွာ ထည့္သင့္တယ္။ အခု ျမင္ေနရတာက သမီးကို လင္ေပးစား ၿပီးမွ အသြင္း ေတာင္းဆိုေနသလို ျဖစ္ေနတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။ https://burma.irrawaddy.com/news/2021/04/01/240221.html

*************

၈။ စစ္ေကာင္စီတပ္၏ရန္ကို ရင္ဆိုင္ျခင္းမွတပါး ေ႐ြးခ်ယ္စရာလမ္းမရွိေတာ့ေၾကာင္း KNU ထုတ္ျပန္
March 31, 2021

၎တို႔နယ္ေျမ၊ ကရင္လူထုႏွင့္ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ကို ကာကြယ္ရန္အတြက္ အၾကမ္းဖက္ စစ္ေကာင္ စီတပ္၏ရန္ကို ရင္ဆိုင္ျခင္းမွတစ္ပါး အျခားေ႐ြးခ်ယ္စရာလမ္းမရွိေတာ့ေၾကာင္း ေကအဲန္ယူ-ကရင္ အမ်ိဳးသားအစည္းအ႐ုံး မူေၾတာ္ခ႐ိုင္၊ တပ္မဟာ ၅ က ယမန္ေန႔ မတ္လ ၃၀ ရက္တြင္ ေၾကညာခ်က္ ထုတ္ကာ ေျပာဆိုလိုက္သည္။“ယခုအခ်ိန္တြင္ ျမန္မာ တပ္မေတာ္၏ ေျမျပင္တပ္မ်ားသည္ အရပ္ေလးမ်က္ႏွာ အဖက္ဖက္မွ ကြၽႏ္ုပ္တို႔၏ နယ္ေျမအတြင္းသို႔ ဝင္ေရာက္ က်ဴးေက်ာ္ လာလ်က္ရွိေနၿပီျဖစ္သည္။ ဤအေျခအ ေနေၾကာင့္ ကြၽႏ္ုပ္တို႔ ျပည္သူထုထု၏ အသက္အိုးအိမ္လုံၿခဳံေရးအတြက္ အလြန္စိုးရိမ္ပူပန္ရပါသည္။ ကြၽႏ္ုပ္တို႔၏ နယ္ေျမ၊ ကရင္လူထုႏွင့္၎တို႔၏ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ကို ကာကြယ္ရန္အတြက္ တိုင္းျပည္ အာဏာကို တရားမဝင္သိမ္းယူထားေသာ ျမန္မာတပ္မေတာ္၏ရန္ကို ရင္ဆိုင္ျခင္းမွတစ္ပါး ကြၽႏ္ုပ္တို႔၏ အျခားေ႐ြး ခ်ယ္စရာ လမ္းမရွိေတာ့ပါ”ဟု ထုတ္ျပန္ ခ်က္တြင္ ေဖာ္ျပထားသည္။

ၿပီးခဲ့သည့္ မတ္လ ၂၇ရက္ေန႔က မူေၾတာ္ခ႐ိုင္ သံလြင္ျမစ္ကမ္းနံေဘးရွိ သီးမူထာ စစ္ေကာင္စီ တပ္စခန္းကို ေကအဲန္ယူ တပ္မဟာ ၅ တပ္ဖြဲ႕မွ တက္ေရာက္သိမ္းယူခဲ့ၿပီးေနာက္ စစ္ေကာင္စီ တပ္ဘက္မွ ေကအဲန္ယူ မူေၾတာ္ခ႐ိုင္ တပ္မဟာ ၅ နယ္ေျမအတြင္း ေလယာဥ္ျဖင့္ အဆက္မျပတ္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားေၾကာင့္ ေသာင္းႏွင့္ခ်ီေသာ ေဒသခံ ျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ခဲ့ရမႈအေပၚ ေကအဲန္ယူ တပ္မဟာ ၅ က ယခုလို ေၾကညာခ်က္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

စစ္ေကာင္စီတပ္၏ ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ကေလးသူငယ္အပါအဝင္ ၈ ဦး ေသဆုံးၿပီး ၈ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ရသလို မူေၾတာ္ခ႐ိုင္တြင္းရွိ ေဒသခံ ျပည္သူ ၁၀,၀၀၀ ေက်ာ္သည္ အိုးအိမ္ စြန႔္ခြာၿပီး နီးစပ္ရာေတာေတာင္မ်ားတြင္ ထြက္ေျပးတိမ္းေရွာင္ခဲ့ရၿပီး သံလြင္ျမစ္ ကမ္းနံေဘးတစ္ ေလွ်ာက္ရွိ ေဒသခံ႐ြာသား ၃,၀၀၀ ေက်ာ္သည္လည္း သံလြင္ျမစ္၏ တစ္ဖက္ကမ္း ထိုင္းႏိုင္ငံ ဘက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ရသည္။ ႏိုင္ငံတကာအေနျဖင့္လည္း တိုင္းျပည္အာဏာကို မတရားသိမ္းယူထားေသာ ျမန္မာတပ္မေတာ္အား အသိအမွတ္မျပဳရန္ႏွင့္ ၎တို႔ႏွင့္ လုပ္ေဆာင္ေနသည့္ စစ္ေရးႏွင့္ စီးပြားေရးဆိုင္ရာ ရင္းႏွီးဆက္ဆံမႈအားလုံးကို ရပ္တန႔္ရန္ ေတာင္းဆိုေၾကာင္း၊ လူသားမ်ိဳးႏြယ္ အားလုံးကို ဆန႔္က်င္ေသာ ျမစ္မႈကို ေျမာက္ေစသည့္ ျပည္သူထူထုအေပၚ လက္နက္ျဖင့္ ပစ္ခတ္တိုက္ခတ္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္ ႏိုင္ငံတကာ အသိုက္အဝန္းက ဖက္စစ္ျမန္မာ့ တပ္မေတာ္ကို ဖိအားေပးရန္ ေတာင္းဆိုသည္ဟု ေကအဲန္ယူ မူေၾတာ္ခ႐ိုင္က ေတာင္းဆို ထားသည္။ http://kicnews.org/2021/03/%e1%80%85%e1%80%85%e1%80%b9%e1%80 %b1%e1%80%

**************

၉။ AA နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တရားစြဲခံရတဲ့ လူငယ္ႏွစ္ဦးလြတ္ေျမာက္
April 1, 2021

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕မွာ ရကၡိဳင့္တပ္ေတာ္(AA)နဲ႔ ဆက္သြယ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂(က)၊ ၅၂(ခ)တို႔နဲ႔ ဖမ္းဆီးတရားစြဲ ခံေနတဲ့ရတဲ့ လူငယ္ႏွစ္ဦးကို ဒီေန႔မနက္ပိုင္းမွာ ပလက္ဝၿမိဳ႕နယ္ တရား႐ုံးကေန လႊတ္ေပးလိုက္တယ္လို႔ မိသားစုဝင္က RFA ကိုေျပာပါတယ္။ လြတ္ေျမာက္လာသူေတြဟာ အသက္ ၁၇ ႏွစ္ အ႐ြယ္ ေမာင္စိုးေက်ာ္လင္းနဲ႔ အသက္ ၂၉ ႏွစ္အ႐ြယ္ ကိုထြန္းလင္းေဇာ္တို႔ ျဖစ္ပါတယ္။ အာဏာသိမ္း စစ္ေကာင္စီက ရကၡိဳင့္တပ္ေတာ္ (AA) ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ကေန ပယ္ဖ်က္ေပးလိုက္ၿပီးေနာက္ AA နဲ႔ ဆက္ႏြယ္တယ္ဆိုၿပီး အၾကမ္း ဖက္ ဥပေဒနဲ႔ အမႈဖြင့္ခံထားရသူေတြကိုလည္း အမႈျပန္႐ုပ္သိမ္းတာေတြ ရွိေနတာျဖစ္ပါတယ္။

ဒီလူငယ္ႏွစ္ဦးလည္းတရားလိုကအမႈကိုျပန္႐ုပ္သိမ္းလိုက္တဲ့အတြက္လြတ္ေျမာက္လာခဲ့တာျဖစ္တယ္လို႔ ေမာင္စိုးေက်ာ္လင္း ရဲ႕ အေမျဖစ္သူ ေဒၚေဒါင္းမေလးက ေျပာပါတယ္။ သူတို႔ဟာ အျပစ္တစုံတရာမရွိဘဲ ဖမ္းဆီးတရားစြဲခံခဲ့ရတာျဖစ္ၿပီး အခုလို လြတ္ေျမာက္လာတဲ့အတြက္ ဝမ္းသာမိတယ္လို႔လည္း သူကဆိုပါတယ္။ သူတို႔ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္ စတင္ဘာလ ၂၄ ရက္ေန႔က စိမ့္စင္းေက်း႐ြာဘက္မွာ တံတားေဆာက္လုပ္ဖို႔သြားစဥ္ ခမရ ၂၈၉ တပ္ရင္းကဖမ္းဆီးခဲ့တာပါ။ အဲဒီေနာက္ AA နဲ႔ ဆက္စပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဗိုလ္ႀကီးသက္ႏိုင္ဦးက တရားလိုလုပ္ၿပီး တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္(AA)တို႔ စစ္ေရးပဋိပကၡကာလအတြင္း ရခိုင္ျပည္နယ္မွာ အခုလို အၾကမ္းဖက္မႈတိုက္ဖ်က္ ေရးဥပေဒနဲ႔ ဖမ္းဆီးတရားစြဲခံထားရတဲ့သူ ၂၀၀ ေက်ာ္ ရွိတယ္လို႔ စစ္ေတြအေျခစိုက္ သဇင္ဥပေဒအေထာက္ျပဳအဖြဲ႕ရဲ႕ စာရင္းေတြအရ သိရပါတယ္။ https://www.rfa.org/burmese/news/rakhine-detainees-04012021132958.html

***************

၁၀။ အာဏာသိမ္းစစ္တပ္ေအာက္ ယုဇန ကုမၸဏီဝန္းကို KIA တိုက္ခိုက္ဖ်က္စီး
1 April 2021

ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသ လီဒိုလမ္းေပၚရွိ အာဏာသိမ္းစစ္တပ္၏ ေက်ာေထာက္ေနာက္ခံ ယုဇနကုမၸဏီကို ကခ်င္ လြတ္လပ္ေရးတပ္မေတာ္ KIA က ဧၿပီလ ၁ရက္ေန႔ နံနက္ပိုင္းက ဝင္ေရာက္ တိုက္ခိုက္ဖ်က္ဆီးသြားေၾကာင္း သိရသည္။

ဘန္ေကာက္ေက်း႐ြာတြင္ရွိေသာ ယုဇန ကုမၸဏီကို ယေန႔ နံနက္ပိုင္း ၁နာရီခန္႔အခ်ိန္ KIA တပ္ရင္း ၁၄ တပ္ဖြဲ႕က ဝင္ ေရာက္တိုက္ခိုက္ၿပီး စက္ယႏၲရားမ်ားႏွင့္ ဂိုေဒါင္မ်ားကို မီး႐ိူ႔ဖ်က္စီးေပးလိုက္ေၾကာင္း ေဒသခံတစ္ဦးထံမွ သိရသည္။ “ျဖစ္ တာက ည ၁နာရီေလာက္မွာ ျဖစ္တယ္လို႔သိရတယ္။ ကုမၼဏီမွာရွိတဲ့ ဘက္ဟို၊ ဘဒိုဇာ၊ ကား ၅ စီး၊ ကာလိုဒါ ၃စီး၊ လမ္းက်ိတ္စက္ ၂ စီး၊ ပစၥည္းထားတဲ့ဂိုေဒါင္ ဒီဟာေတြကို မီး႐ိူ႔ေပးလိုက္တယ္လို႔သိရတယ္။ ဒီမနက္အတြင္းထိ ကုမၼဏီ အတြင္း မီးေလာင္ေနတာေတြရွိေသးတယ္”ဟု ေဒသခံတစ္ဦးေျပာျပသည္။ ဂိုေဒါင္ ၄ ခု ႏွင့္ ကား ၂၃ စီး မီးရႈိ႕လိုက္ ေၾကာင္း သိရသည္။ ယုဇန ကုမၸဏီကို အာဏာသိမ္းစစ္သားမ်ားက ယခင္က တပ္စြဲထားမႈမ်ားရွိေသာ္လည္း ယေန႔ နံနက္ တိုက္ပြဲတြင္မူ မရွိေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ၂၀၀၆ ခုႏွစ္ခန႔္မွစတင္ခဲ့ေသာ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသ စစ္အစိုးရ၏ ပီေလာပီနံ စိုက္ပ်ိဳးေရး စီမံကိန္းအေနျဖင့္ ကုမၸဏီကို လုပ္ကိုင္ခြင့္ေပးလိုက္ေသာေၾကာင့္ ေဒသခံမ်ား၏ ေျမယာအမ်ားအျပား သိမ္းပိုက္ခံခဲ့ရသည္။ ထိုအခ်ိန္မွ စတင္ၿပီး ယေန႔ အထိ ဟူးေကာင္းေဒသခံမ်ားႏွင့္ ယုဇန ကုမၸဏီၾကား ေျမယာ ျပႆနားမ်ား ပုံမွန္ ျဖစ္ေပၚေနေသာ ေနရာျဖစ္ပါသည္။ https://burmese.kachinnews.com/2021/04/01/apr-1-y1/

**************

၁၁။ ေရးေတာင္ပိုင္းေက်း႐ြာအခ်ိဳ႕တြင္ ဓါးျပအဖြဲ႕ ဆက္ေၾကးေတာင္းခံထား
April 1, 2021

မြန္ျပည္နယ္ ေရးေတာင္ပိုင္းေဒသ ေခါဇာၿမိဳ႕အနီးတဝိုက္တြင္ ယခုအခါ ဓါးျပအဖြဲ႕ငယ္တခ်ိဳ႕ ျပန္လည္ေသာင္းက်န္းလာၿပီး ဆရာေတာ္မ်ား၊ ေက်း႐ြာအႀကီးအကဲမ်ားထံမွတဆင့္ ေက်း႐ြာမ်ားကို ဆက္ေၾကးေငြ သိန္းရာႏွင့္ခ်ီေတာင္းခံထားေၾကာင္း မြန္သတင္းေအဂ်င္စီက စုံစမ္းသိရွိရသည္။“မန္ႀကီး႐ြာ သိန္း ၃၀၀ မိေထာ္လွာႀကီး သိန္း ၂၀၀ ႀကဳံညာ႐ြာ သိန္း ၃၀၀ ေတာင္းထားတယ္ အေရာအ္နဲ႔ အခ်မ္းအဖြဲ႕လို႔ သိရတယ္၊ အရင္က လက္နက္ခ် အလင္းဝင္ခဲ့ဖူးတဲ့ ဓါးျပေတြပဲ အခုေတာ့ ဒီအလုပ္ကို ျပန္လုပ္ေနၾကျပန္ၿပီ” ဟု အမည္မေဖာ္လိုေသာ ေဒသခံဆရာေတာ္တစ္ပါးက ေျပာသည္။

သို႔ရာတြင္ အဆိုပါဆက္ေၾကးေတာင္းခံမႈကို သက္ဆိုင္ရာေက်း႐ြာမ်ားသို႔ အခ်က္အလက္ မွန္ကန္ေၾကာင္း မြန္သတင္း ေအဂ်င္စီမွ အတည္ျပဳႏိုင္ျခင္းမရွိေသးပါ။“ ေလာေလာဆယ္ တခ်ိဳ႕႐ြာေတြကို ေငြေတာင္းထားတယ္၊ သူတို႔ဆက္ေၾကး မေပးရင္ လူကိုျပန္ေပးဆြဲသြားမွာ အရမ္းစိုးရိမ္ရပါတယ္ နယ္ေျမေအးခ်မ္းမႈမရွိေတာ့ဘူး၊ ေနာက္ပီး စစ္တပ္ကေန ျပည္သူ႔စစ္ အဖြဲ႕ကို အင္အားတိုး ခ်ေပးထားတယ္” ဟု ေက်း႐ြာအႀကီးအကဲတစ္ဦးက မြန္သတင္းေအဂ်င္စီသို႔ ေျပာၾကားသည္။

ယခင္က ေရးေတာင္ပိုင္းႏွင့္ ေရျဖဴၿမိဳ႕နယ္တို႔တြင္ ႏိုင္ဗင္းႏွင့္ ႏိုင္လွိန္းညီအစ္ကိုယ္အဖြဲ႕၊ ဆံရွည္ႏွင့္ ေတာင္ေက်ာ္အဖြဲ႕၊ အလြန္ႏွင့္ အေဆာင္းညီအစ္ကိုယ္အဖြဲ႕(၁၅ ေယာက္) ၊ မြန္ခ်မ္းအဖြဲ႕ (၁၈ ေယာက္) စသည့္ဓါးျပအဖြဲ႕မ်ားလႈပ္ရွားခဲ့ေၾကာင္း သတင္းမွတ္တမ္းမ်ားတြင္ ေတြ႕ရသည္။ သို႔ရာတြင္ ဓါးျပေခါင္းေဆာင္အခ်ိဳ႕သတ္ျဖတ္ခံရသျဖင့္ အဖြဲ႕အခ်ိဳ႕ၿပိဳကြဲသြား၍ လက္က်န္အဖြဲ႕မ်ားအေနျဖင့္ ၂၀၁၆ ႏွစ္လယ္ပိုင္းတြင္ တပ္မေတာ္ထံ ေနာက္ဆုံးလက္နက္ခ်အလင္းဝင္ခဲ့ၿပီး ျပည္သူ႔စစ္ အဖြဲ႕အျဖစ္ ဆက္လက္ရပ္တည္လာၾကရာမွ နယ္ေျမေအးခ်မ္းမႈရရွိလာခဲ့သည္။ ေခါဇာၿမိဳ႕တြင္ ခလရ (၃၁) တပ္ရင္းႏွင့္ ရဲစခန္းတစ္ခု အေျခစိုက္လ်က္ရွိေသာ္လည္း နယ္ေျမက်ယ္ဝန္း၍ ေတာေတာင္ထူထပ္သျဖင့္ ေဒသခံမ်ားအတြက္ လုံၿခဳံေရး အျပည့္အဝရရွိရန္ ေဆာင္႐ြက္ေပးႏိုင္သည့္အေနအထား မရွိေသးေပ။ http://burmese.monnews.org/2021/04/0 1/%e1%80%9b%e1%80%b1%e1%80%b8%e1%80%90%e1%

**************

၁၂။ ေၾကကြဲဝမ္းနည္းမႈကိုျပသေသာအေနျဖင့္ ရခိုင္သၾကၤန္အေပ်ာ္အပါးလြန္က်ဴးမႈမျဖစ္ရန္ မဟာရကၡိတအဖြဲ႕ပန္ၾကား
April 1, 2021

ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ပြားေနေသာ အေရးအခင္းအတြင္း ျပည္သူမ်ား ေသေၾကပ်က္စီးမႈမ်ားရွိေန၍ သၾကၤန္အခါႀကီး ကာလအတြင္း အေပ်ာ္အပါးလြန္က်ဴးမႈအား မျပသၾကပါရန္ မဟာရိကၡတအဖြဲ႕က ရခိိုင္ျပည္သူမ်ားသို႔ ေမတၱာရပ္ခံပန္ၾကား လိုက္သည္။ မဟာရိကၡတအဖြဲ႕ဥကၠ႒ အာရ္ကန္ ဦးေမာင္လွ (ခ) ဦးေမာင္သန္းႏုက “ ကြၽန္ေတာ္တို႔ အခု ရန္ကုန္၊ စစ္ကိုင္း တို႔၊ မႏၲေလး တို႔ အပါအဝင္ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားတို႔မွာ ျဖစ္ေနတဲ့ ဆႏၵျပမႈနဲ႔ ပတ္သက္ လို႔ ဟို ခေလးေလးေတြ ေသေၾကပ်က္စီးေနတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ တိုင္းျပည္မွာ ဒီလို ျဖစ္ေနတဲ့ အခ်ိန္မွာ ရခိုင္ကေနၿပီး ေတာ့ ဒီလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သၾကၤန္ထဲမွာ ေမာ္ေတာ္ကားေတြနဲ႔ ေဆာင္းေဘာက္စ္ေတြတင္ၿပီး အဲသလို သီခ်င္းေတြ အက်ယ္ႀကီးဖြင့္ၿပီး ေပ်ာ္ေပ်ာ္ပါးပါး မလုပ္ၾကဖို႔ ဥစၥာကို ကြၽန္ေတာ္တို႔က ေမတၱာရပ္ခံတဲ့ သေဘာပါ”ဟု နိရၪၥရာ သတင္းဌာန သို႔ ေျပာၾကားသည္။

ေမတၱာရပ္ခံ ပန္ၾကားလႊာအထဲတြင္ ယခုအခါ ဗမာျပည္/ တိုင္းရင္းသားျပည္သူမ်ား၌ ျပည္သူအေပါင္းရာႏွင့္ခ်ီ၍ ေသေၾက ပ်က္စီးေနၾကသည္ကို ျမင္ေတြ႕ရမႈအား အလြန္တရာမွ စိတ္မေျမ့ဖြယ္ခံစားေနၾကရေသာ အခ်ိန္ကာလ ျဖစ္ပါေၾကာင္း၊ ေရွးစကားပုံအတိုင္း အိမ္ေရွ႕ပူ အိမ္ေနာက္မခ်မ္းသာ၊ အိမ္ေနာက္ပူ အိမ္ေရွ႕ မခ်မ္းသာ အျဖစ္မ်ိဳး ျပည္သူ/ ျပည္သား အေပါင္းတို႔မွာ ေၾကကြဲဝမ္းနည္းဖြယ္ခံစားေနၾကရပါေၾကာင္း၊ သို႔ျဖစ္ပါ၍ ယဥ္ေက်းသိမ္ေမြ႕ေသာ ရကၡိတျပည္သူ အေပါင္း တို႔က ေသေၾကပ်က္စီးသြားၾကသည့္ မိသားစုမ်ားႏွင့္ထပ္တူ ေၾကကြဲဝမ္းနည္းမႈကို ျပသေသာအေနျဖင့္ သၾကၤန္အခါႀကီး ကာလအတြင္း ေဆာင္းေဘာက္(စ္)မ်ား တင္ေဆာင္၍ ကားႀကီး၊ ကားငယ္မ်ားျဖင့္ အေပ်ာ္အပါးလြန္က်ဴးမႈအား မျပသၾက ပါရန္ ေလးစားစြာျဖင့္ ေမတၱာရပ္ခံအသိေပးပန္ၾကားအပ္ပါေၾကာင္း ေဖာ္ျပထားသည္။

“ အဓိကေတာ့ ကြၽန္ေတာ္တို႔ ရခိုင္ဟာ ႏွလုံးသားေကာင္း ေမတၱာတရားႀကီးမားတယ္ဆိုတာ ကြၽန္ေတာ္တို႔က ေဖာ္ထုတ္ ျပသတဲ့ သေဘာပါပဲ။ ဒါေလးကို ကြၽန္ေတာ္တို႔ ေတာင္းဆိုတာပါ။ ရခိုင္ျပည္သူေတြလည္း နားလည္ သေဘာေပါက္လိမ့္ မယ္ထင္ပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ကေန သၾကၤန္ကာလအတြင္းမွာ မျဖစ္သင့္တာ မျဖစ္ရေအာင္၊ ဝမ္းနည္းပက္ လက္နဲ႔ ျဖစ္ေနတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ ရခိုင္က မေပ်ာ္ဘူးဆိုတာကိ္ု ျပသဖို႔အတြက္ ျပည္သူေတြကို ေမတၱာရပ္ခံေတာင္း ဆိုတဲ့ သေဘာပါ။ ကြၽန္ေတာ္တို႔ အခုလုပ္တဲ့ ဥစၥာမွာ နိိုင္ငံေတာ္အစိုးရကို ပုတ္ခတ္တာ၊ အစိုးရကို ပုတ္ခတ္လို႔ ေျပာတာ မပါဘူး။ အဓိက ျပည္သူေတြ နစ္နာေနတာကို ကြၽန္ေတာ္တို႔က ေမတၱာရပ္ခံတဲ့ သေဘာပါ။ အဲဒါလည္း တစ္ခ်က္ ေျပာခ်င္ ပါတယ္။” ဟု အာရ္္ကန္ ေမာင္လွက ေျပာဆိုသြားခဲ့သည္။ https://www.bnionline.net/mm/news-80111

**************

၁၃။ စစ္အာဏာသိမ္းမႈ ရက္ ၆၀ အၾကာ အၾကမ္းဖက္ၿဖိဳခြင္းမႈေၾကာင့္ က်ဆုံးျပည္သူ ၅၄၀ ေက်ာ္လာ
2 April, 2021

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ရက္ေပါင္း ၆၀ အၾကာ အၾကမ္းဖက္ၿဖိဳခြင္းမႈ ေတြေၾကာင့္ ျမန္မာ့ေႏြဦးေတာ္လွန္ေရး ကာလတြင္း က်ဆုံးျပည္သူေပါင္း ၅၄၃ ေယာက္ ရွိလာခဲ့ၿပီလို႔ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (ေအေအပီ ပီ)က ထုတ္ျပန္ပါတယ္။

ဒီစာရင္းဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၁ ရက္မွ ဧၿပီ ၁ ရက္အထိ မွတ္တမ္း ျပဳစုထားတာျဖစ္ၿပီး ဒီအေရအတြက္ဟာ ေအေအပီပီမွ ေကာက္ယူရရွိထားတဲ့ အေရအတြက္ျဖစ္ၿပီး အမွန္တကယ္က်ဆုံးသူေတြဟာ ဒီ့ထက္ ပိုမ်ားေနႏိုင္ေၾကာင္းလည္း ေဖာ္ျပထား ပါတယ္။ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူ စုစုေပါင္းကေတာ့ ၂၇၄၁ ေယာက္ ရွိေနခဲ့ၿပီျဖစ္ကာ အဲဒီထဲက ၃၈ ေယာက္ကေတာ့ ေထာင္ဒဏ္ခ်မွတ္ခံထားရၿပီး အမႈဖြင့္ခံထားရၿပီး ဖမ္းဝ ရမ္း ထုတ္ခံထားရတဲ့အတြက္ တိမ္းေရွာင္ေနသူ ၁၂၆ ေယာက္နဲ႔ ခုရက္ပိုင္းေတြအတြင္း ျပန္လည္လြတ္ေျမာက္လာသူေတြလည္း ရွိေနပါတယ္။

ေအေအပီပီ အေနနဲ႔ လက္ရွိအေျခအေနေတြကို ေန႔စဥ္ ေစာင့္ၾကည့္မွတ္တမ္းတင္ ေနတာျဖစ္ၿပီး စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီး ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ ခ်မွတ္ခံ ထားရသူေတြစာရင္းကို ေန႔စဥ္ ထုတ္ျပန္သြားမယ္လို႔ ဆိုပါတယ္။ အရပ္ ဘက္အဖြဲ႕အစည္းေတြက ေခါင္းေဆာင္ေတြ၊ အရပ္သားေတြ၊ တက္ႂကြလႈပ္ ရွားသူေတြ၊ သတင္းသမားေတြ၊ CDM လႈပ္ရွား ေနတဲ့ ဝန္ထမ္းေတြစတဲ့ နယ္ပယ္အသီး သီးက ဘယ္သူမဆို ဖမ္းဆီး၊ ထိန္းသိမ္း၊ တရားစြဲဆိုခံထားရတာကို သိရွိပါက ဆက္သြယ္ အသိေပး၊ အေၾကာင္းၾကားဖို႔လည္း အသိေပးထားပါတယ္။ http://burmese.dvb.no/archives/455703

**************

၁၄။ ေကာ့ကရိတ္ၿမိဳ႕ ဗုံးေပါက္ကြဲမႈတြင္ စစ္သား ၂ ဦးႏွင့္ ရဲ ၁ ဦး ဒဏ္ရာရ။
April 1, 2021

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕တြင္ ယမန္ေန႔ မတ္ ၃၁ ရက္၊ ည ၇ နာရီခြဲအခ်ိန္ခန္႔ကလက္ပစ္ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ရာ စစ္သား ႏွစ္ဦး ႏွင့္ ရဲတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရသည္။ ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းအနီး ျမန္မာ့စီးပြားေရးဘဏ္တြင္ စစ္ေကာင္စီအဖြဲ႕၏ ရဲ ႏွင့္ တပ္မွ လုံၿခဳံေရးေဆာင္႐ြက္ေနစဥ္ ဆိုင္ကယ္စီးလာသူ တစ္ဦးက လက္ပစ္ဗုံး ပစ္ထည့္ခဲ့ျခင္းျဖစ္ သည္ဟု စစ္ဘက္ဆိုင္ရာလုံၿခဳံေရးသတင္းအဖြဲ႕ ႏွင့္ နီးစပ္သူထံမွ သိရသည္။ ဗုံးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ လက္နက္ငယ္ ပစ္ခတ္သံ အခ်က္ ၅၀ ေက်ာ္ၾကားရေၾကာင္း ေကာ့ကရိတ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

ယခုရက္ပိုင္းအတြင္း စစ္အာဏာရွင္ ဆန္႔က်င္ေရး လူထုလႈပ္ရွားမ်ားကို ေကာ့ကရိတ္ၿမိဳ႕တြင္း၌ မျပဳလုပ္ႏိုင္ဘဲ ၿမိဳ႕ျပင္ ေက်း႐ြာမ်ားတြင္သာ ေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။ ထိုသို႔အလားတူပင္ ျမဝတီၿမိဳ႕တြင္း၌လည္း စစ္ေကာင္စီမွ ခန္႔အပ္ ထားသည့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဆင့္ဆင့္ ႏွင့္ တပ္အာဏာသိမ္းမႈကို ေထာက္ခံေသာ အဖြဲ႕အစည္းတစ္ခ်ိဳ႕၏ သတင္းေပး မႈမ်ားေၾကာင့္ စစ္အာဏာရွင္ဆန္႔က်င္ေရး လူထုလႈပ္ရွားမႈမ်ားျပဳလုပ္ရန္ စတင္စုစည္းစဥ္မွာပင္ အဖမ္းခံရမႈမ်ားႏွင့္ ေနအိမ္ လူေနရပ္ကြက္အထိ လိုက္လံဖမ္းဆီးခံရမႈမ်ား ရွိေနသည္။ http://kicnews.org/2021/04/%e1%80%b1%e1%80 %80%e1%80%ac%e1%80%b7%e1%80%80%e1%

*************

၁၅။ ေဆာ့ေလာ္ၿမိဳ႕နယ္ အမွတ္(၂)မဲဆႏၵနယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူဖမ္းဆီးခံရ
1 April 2021

ကခ်င္ျပည္နယ္၊ေဆာ့ေလာ္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂)မွ အႏိုင္ရရွိထားသည့္ NLD ပါတီမွလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေခၚမာဝူကို ယေန႔ ေန႔လယ္ (၁၁) နာရီဝန္းက်င္ခန႔္တြင္ ဖမ္းဆီးခံရေၾကာင္း အမည္မေဖာ္လိုေဒသခံတစ္ဦးမွ သိရသည္။
ဖမ္းဆီးခံရခ်ိန္ ေဒၚေခၚမာဝူသည္ ျမစ္ႀကီးနားၿမိဳ႕၊ ပမၼတီးလီဆူစာေပယဥ္ေက်းမႈဗဟို႐ုံးတြင္ အစည္းအေဝးျပဳလုပ္ေနစဥ္ (စရဖ) မွ အမ်ိဳးသား ၃ဦး လာေရာက္ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ဖမ္းဆီးခံသြားရသည့္ လႊတ္ေတာ္ကိုယ္လွယ္ ေခၚမာဝူအား မည္သည့္ေနရာတြင္ ထိန္းသိမ္းထားေၾကာင္း မသိရေသး ေခ်။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္မွအာဏာသိမ္းၿပီးေနာက္ ကခ်င္ျပည္နယ္တြင္းရွိ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ဖမ္းဆီးမူမ်ားရွိခဲ့ေသာ္လည္း အမ်ားစု ျပန္လည္လႊတ္ေျမာက္ၿပီးျဖစ္သည္။ https://burmese.kachinnews.com/2021 /04/01/apr-1-z1/

**************

၁၆။ “ပိုက္လိုင္းမ်ား ကာကြယ္ရန္” တ႐ုတ္တပ္မ်ား ျမန္မာနယ္စပ္တြင္ ခ်ထား
2, April 2021

ရွမ္းျပည္နယ္ နယ္စပ္ၿမိဳ႕ မူဆယ္တဘက္ျခမ္းရွိ ဂ်ယ္ေဂါင္တြင္ တ႐ုတ္တပ္မ်ားကို ခ်ထားေၾကာင္း တ႐ုတ္နယ္စပ္ရွိ သတင္း ရင္းျမစ္မ်ားအဆိုအရ သိရွိရသည္။ စစ္ကားမ်ားႏွင့္ တ႐ုတ္စစ္သားမ်ား နယ္စပ္သို႔ လတ္တေလာ ရက္ပိုင္းမ်ားအတြင္း ေရာက္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံသို႔ သတင္းစကားေပးပို႔ေနျခင္း ျဖစ္ေၾကာင္း တ႐ုတ္နယ္စပ္အေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္မ်ားက ဆိုၾကသည္။

ပိုက္လိုင္းမ်ားကို ေဖာက္ခြဲပစ္မည္ဟု ဆႏၵျပသူမ်ားက ၿခိမ္းေျခာက္သည့္ တ႐ုတ္ဆန္႔က်င္ေရး စိတ္ဓာတ္မ်ား ျမင့္မားလာ ခ်ိန္အတြင္း မတ္လ အေစာပိုင္းက ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းမ်ားအား ကာကြယ္ေပးရန္ စစ္ေကာင္စီကို တ႐ုတ္ က ေတာင္းဆိုခဲ့သည္။ ကီလိုမီတာ ၈၀၀ ရွည္လ်ားသည့္ ပိုက္လိုင္းမ်ားသည္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွေန၍ မေကြး၊ မႏၲေလးတိုင္းႏွင့္ ရွမ္းျပည္နယ္ကို ျဖတ္ၿပီး တ႐ုတ္သို႔ သြယ္တန္းထားသည္။ တ႐ုတ္ႏိုင္ငံသည္ ကုလသမဂၢလုံၿခဳံေရးေကာင္ စီႏွင့္ လူ႔အခြင့္အေရးေကာင္စီတို႔တြင္ ျမန္မာျပည္ရွိ ေ႐ြးေကာက္ခံကိုယ္စားလွယ္မ်ားကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္း ယူသည့္အေပၚ ျပည္တြင္းေရးျဖစ္သည္ဟု ဆိုေနသည္။

စစ္တပ္က ပစ္ခတ္၍ ဆႏၵျပသူ ၅၀၀ ေက်ာ္ ေသဆုံးလာေသာအခါ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA)၊ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ပါဝင္သည့္ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က စစ္ေကာင္စီကို ရႈတ္ခ်ၿပီး အပစ္ရပ္ထားမႈကို ရက္ထပ္မတိုးေၾကာင္း ေၾကညာသည္။ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕သည္ တ႐ုတ္နယ္စပ္တြင္ အေျခစိုက္ၿပီး AA က ဘဂၤလားေဒ့ရွ္နယ္စပ္တြင္လည္း အေျခစိုက္သည္။ တ႐ုတ္နယ္စပ္တြင္ အေျခစိုက္ေသာ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) ကလည္း ယခုအခါ ျမန္မာစစ္တပ္ႏွင့္ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြား ေနသည္။ https://burma.irrawad dy.com/news/2021/04/02/240239.html

**************

၁၇။ CRPH ၏ ၂၀၀၈ေျခဥဖ်က္သိမ္းျခင္းကို ဥပေဒအေထာက္အကူျပဳကြန္ရက္ ႀကိဳဆို
April 2, 2021

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈)ကို အၿပီးတိုင္ ဖ်က္သိမ္းလိုက္ ေၾကာင္း ယမန္ေန႔က ေၾကျငာလိုက္သည့္အေပၚ ႀကိဳဆိုေထာက္ခံေၾကာင္း ဥပေဒ အေထာက္အကူျပဳကြန္ရက္ (Legal Aid Network)က ဧၿပီလ ၁ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

မတ္လ ၃၁ ရက္ေန႔တြင္ CRPH က ယခုလို ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းလိုက္ျခင္းသည္ စစ္ေကာင္စီ ကိုယ္တိုင္ လက္ေတြ႕ ဆက္လက္ အသုံးျပဳႏိုင္ျခင္း မရွိေစေရးအတြက္ ေကာင္းမြန္သည့္ ေျခလွမ္းကို လွမ္းလိုက္ျခင္း ျဖစ္သည့္အျပင္ အခက္အခဲ၊ ျပႆနာအမ်ိဳးမ်ိဳးႏွင့္ အႀကံျပဳခ်က္မ်ားအၾကားမွ CRPH ၏ ျပတ္သားသည့္ ေျခလွမ္းမ်ား လွမ္းသည့္အခါတိုင္း ၎တို႔ကြန္ရက္အေနျဖင့္ ႀကိဳဆို၊ ေထာက္ခံ၊ အသိအမွတ္ျပဳသည္ဟု ဆိုသည္။

ထို႔အျပင္ စစ္အာဏာ ရွင္စနစ္ကို ပိုမိုထိေရာက္စြာ တိုက္ပြဲဝင္ႏိုင္ေစေရးအတြက္ကိုလည္း ၎တို႔အဖြဲ႕အစည္းက လြတ္ လပ္စြာထုတ္ေဖာ္ခြင့္ အေျခခံတြင္ ပြင့္လင္းစြာ ေဝဖန္ေထာက္ျပမႈကိုလည္း CRPH အေနျဖင့္ လက္ခံစဥ္းစားေပးလိမ့္ မည္ဟု ယုံၾကည္ေၾကာင္း ဥပေဒအေထာက္အကူျပဳကြန္ရက္၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

CRPH ၏ထုတ္ျပန္ခ်က္ထဲတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ခုႏွစ္)သည္ စစ္အာဏာရွင္ဝါဒ သက္ဇိုးရွည္ရန္ ရည္႐ြယ္ ေရးသားထား႐ုံမွ်မက ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ အဟန႔္အတားျပဳလွ်က္ရွိေသာ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ခုျဖစ္သည္ဟု ဆိုထားသည္။ ၎အျပင္ အၾကမ္းဖက္စစ္ေကာင္စီသည္ ၂၀၂၁ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ ေန႔တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ခု ႏွစ္)ပါ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖာက္လ်က္ ႏိုင္ငံေတာ္အာဏာကို အဓမၼသိမ္း ယူခဲ့ျခင္းေၾကာင့္ ဤဖြဲ႕စည္းပုံမွာ ပ်က္ ျပယ္ခဲ့ၿပီးျဖစ္သည္ဟု ထုတ္ျပန္ထားသည္။ http://kicnews.org/2021/04/crph-%e1%81%8f-%e1%81%82%e1%81%80%e1%81 %80%e1

 

 

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်
(No. 96 , April 2, 2021)

၁။ KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

၂။ ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်

၃။ စစ်တပ်နဲ့ KIA တိုက်ပွဲတွေကြောင့် ဖားကန့်မှာ စစ်ဘေးရှောင် ၄၀၀ လောက်ရှိနေ

၄။ ဖမ်းဆီးထားသော ဟားခါးမြို့အခြေစိုက် CCPRရုံးဝန်ထမ်း ၂ ဦးကို ဧပြီလ ၇ ရက်နေ့တွင်ရုံးပြန်ထုတ်မည်

၅။ ဖာပွန်မြို့ပေါ် ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်

၆။ ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော

၇။ ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး

၈။ စစ်ကောင်စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ရွေးချယ်စရာလမ်းမရှိတော့ကြောင်း KNU ထုတ်ပြန်

၉။ AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့ လူငယ်နှစ်ဦးလွတ်မြောက်

၁၀။ အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး

၁၁။ ရေးတောင်ပိုင်းကျေးရွာအချို့တွင် ဓါးပြအဖွဲ့ ဆက်ကြေးတောင်းခံထား

၁၂။ ကြေကွဲဝမ်းနည်းမှုကိုပြသသောအနေဖြင့် ရခိုင်သင်္ကြန်အပျော်အပါးလွန်ကျူးမှုမဖြစ်ရန် မဟာရက္ခိတအဖွဲ့ပန်ကြား

၁၃။ စစ်အာဏာသိမ်းမှု ရက် ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၄၀ ကျော်လာ

၁၄။ ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုတွင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ။

၁၅။ ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ

၁၆။ “ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား

၁၇။ CRPH ၏ ၂၀၀၈ခြေဥဖျက်သိမ်းခြင်းကို ဥပဒေအထောက်အကူပြုကွန်ရက် ကြိုဆို

*************

၁။ KNU တပ်မဟာ-၃တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့်ဗုံးကြဲ၍ ၁၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ
April 1, 2021

KNU-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်ရှိ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင်အနီးတွင် မတ်လ ၃၀ရက်၊ ယမန်နေ့ မွန်းလွှဲ ၃နာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်သောကြောင့် သေဆုံးသူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၅ ဦး ရှိသည်ဟု သိရသည်။

အဆိုပါ ဗုံးကြဲသည့်နေရာမှာ ဆောထိ(ရွှေကျင်)မြို့နယ် KNU-လက်အောက်ခံ KNLA တပ်ရင်း ၇ နှင့်နီးပြီး သေဆုံး၊ ဒဏ် ရာရသူများမှာ အရပ်သားပြည်သူများဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးတွင် KNU သစ်တောဌာန အဖွဲ့ဝင်တစ်ဦးလည်း ပါဝင်နေ ကြောင်း အဆိုပါဒေသရှိ လူမှုရေးရာအဖွဲ့ခေါင်းဆောင်တစ်ဦးမှ အတည်ပြုပြောဆိုသည်။ ထို့အပြင် ယနေ့မနက်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ထိုဒေသရှိ KNU လက်အောက်ခံ တပ်ရင်း ၇နှင့် ဆောထိမြို့နယ်ရုံးဧရိယာတွင် ဒရုန်းနှင့် ထပ်မံ စုံစမ်းထောက်လှမ်းနေသည်ဟုလည်း သိရသည်။“ပထမတစ်ရက်မှာ လေယာဉ်ဗုံး လာပစ်ချတယ်။ ဒုတိယ ရက်မှာ ဒရုန်းနဲ့ လာစုံစမ်းထောက်လှမ်းတယ်ဆိုတော့ တော်တော်လေး သတိထားရတယ်။ အရင်တုန်းက တပ်ရင်း(၇)မှာ ဒရုန်းနဲ့စုံစမ်းတာမရှိဘူး။ အခုက ပစ်ချက်ယူဖို့လားတော့ မသိဘူး။ ခန့်မှန်းလို့တော့ မရသေးဘူး။”ဟု လူမှုရေးရာအဖွဲ့ ခေါင်းဆောင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်တွင် လာရောက်ဗုံးကြဲပြီးသည်နှင့် ရွှေတူးကုမ္ပဏီ အလုပ်သမား ငါးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို ဒဏ်ရာရသူ များထဲမှ ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းအရင်းအမြစ်များက ပြောဆိုသည်။ ဗုံးဒဏ်ကြောင့် လူထိ ခိုက်သေဆုံးသည့်အပြင် ဘက်ဖိုးကား ၃ စီးနှင့် ဆယ်ဘီးကား ၄ စီး မီးလောင်ပျက်စီးသွားပြီး တပ်ရင်း (၇)နှင့်နီးသည့် ကျေးရွာအချို့မှ ရာနှင့်ချီသော ဒေသခံလူထုမှာ ယခုအချိန်တွင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း သိရသည်။ http://kicnews.org/2021/04/knu-%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%

*************

၂။ ရှမ်းမြောက်မှာ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်
April 1, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ္မတူမြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ရပြီး ကျေးရွာသား ငါးရာနီးပါး ထွက်ပြေးနေရပါတယ်။ ကျေးရွာတွေ တစ်ဝိုက် စစ်ရေးထပ်မံတင်း မာနေပြီး ထပ်မံထွက်ပြေးသူတွေလည်း ရှိနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ ရှမ်းပြည်တိုက်တက်ရေးပါတီ SSPP ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် အရပ်သားတွေထိခိုက်မှုရှိပြီး ရာနဲ့ချီ နေရပ်စွန့်ခွာနေရပါတယ်။

နမ္မတူမြို့နယ် ပန်လုံ၊ မန်ကျန်းရွာတစ်ဝိုက်အခုလ မတ်လ ၂၈ ရက်နေ့က RCSS နဲ့ TNLA/SSPP ပူးပေါင်း အဖွဲ့တွေ တိုက်ပွဲ ကြောင့်ကျေးရွာအတွင်းကို လက်နက်ကြီးတွေကျလို့ အသက်ငါးဆယ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ ကျေးရွာရပ်မိ ရပ်ဖတစ်ဦးက RFA ကို ပြောပါတယ်။ တိုက်ပွဲကြောင့် ပန်ကျန်းရွာ၊ ပန်လုံ ရွာသားတွေဟာ ပန်သပြေ၊ ရေအိုးရွာတွေကို တိမ်းရှောင်နေပြီး နေရာ နှစ်ခုမှာ လူဦးရေ လေးရာကျော်ရှိနေတယ်လို့ ပြောပါ တယ်။ ဧပြီလ တစ်ရက်နေ့ ဒီကနေ့မှာလည်း ထပ်မံထွက် ပြေးလာသူတွေရှိနေသေးတယ်လို့ ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့တိုက်ပွဲတွေရပ်ဖို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ တွေက တောင်းဆို တာရှိပေမယ့် လက်နက်ကိုင်အဖွဲ့တွေကတော့ တွေ့ဆုံနိုင်တာ မရှိသေးပါဘူး။ တိုက်ပွဲနဲ့ ပတ်သက်ပြီး RCSS နဲ့ SSPP တပ်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းဆက်သွယ်လို့ မရသေးပါဘူး။ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော် ကတော့ မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲဖြစ်ပြီးတိုင်း အဲဒီနေရာတွေကို RCSS က ဝင်ရောက် နေရာယူလာ ခဲ့တာကြောင့် အခုနောက်ပိုင်း သူတို့သိမ်းပိုက်ခံထားရတဲ့နေရာတွေကို ပြန်လည်ရယူရာမှာ တိုက်ပွဲတွေ ဖြစ်တာလို့ ပြောပါတယ်။ RCSS နဲ့ဆွေးနွေးဖို့ကတော့ လက်ရှိအချိန်အထိ အကောင် အထည်မဖော်နိုင်သေးသလို လတ်တလောမှာလည်း ဆွေးနွေတာမျိုးမရှိသေးဘူးလို့ ပြောပါတယ်။ https://www.rfa.or g/burmese/news/northern-shan-attack-04012021055617.html

************

၃။ စစ်တပ်နဲ့ KIA တိုက်ပွဲတွေကြောင့် ဖားကန့်မှာ စစ်ဘေးရှောင် ၄၀၀ လောက်ရှိနေ
April 2, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ ကချင်တပ်မတော် KIA တို့ကြား တိုက်ပွဲတွေ ရှိနေသလို စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေလည်း နေ့စဉ်ရှိနေပါတယ်။ ဖားကန့်မြို့ရဲ့ အဓိက သပိတ်စစ်ကြောင်းတွေဖြစ်တဲ့ အေးမြသာယာ၊ ဆိုင်းတောင်၊ လုံးခင်း- မော်ဝမ်း သပိတ်စစ်ကြောင်း တွေဟာ လူဦးရေ ထောင်နဲ့ချီ နေ့စဉ် လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွဲမှုကြောင့် မတ်လ ၁၄ရက်နေ့မှာ ဆိုင်းတောင်းစစ်ကြောင်းက ကိုကျော်လင်းထိုက်(၃၁) နှစ် ၊ မတ်လ (၂၇) ရက်နေ့မှာ အေးမြသာယာစစ်ကြောင်းက ကိုသန့်ဇော်(၁၉) နှစ်တို့ သေဆုံးခဲ့ပါတယ်။ ဖားကန့်မြို့နယ်အတွင်း နေရာတော် တော်များများမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ရဲစခန်းတွေကို ကချင်တပ်မတော် KIA က ဝင်ရောက် စီးနင်းတိုက် ခိုက်ခဲ့မှုတွေ မတ်လ အတွင်းမှာ စတင်ခဲ့ပါတယ်။

ကချင်ပြည်နယ်တွင်းရဲ့ စစ်ရေးအခြေနေနဲ့ပတ်သက်လို့ ကချင်တပ်မတော် KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ပြောဆိုခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ “စစ်ရေးအရတော့ တင်းမာနေတဲ့ အခြေနေတွေရှိ ကြောင်းနဲ့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်လာတာတွေရှိသလို KIA တပ်စခန်း အနီးတဝိုက်တွေမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေရှိနေတယ်” လို့ ပြောပါတယ်။

မနေ့က ဧပြီ (၁) ရက်နေ့မှာလည်း ဖားကန့်မြို့နယ် ရှဒူးဇွတ်ကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့သလို လီဒိုလမ်းမတ ကြောက ယုဇနကုမ္ပဏီဝင်းဘက်မှာလည်း တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီအခြေအနေ တွေကြောင့်ဖားကန့်မြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် ၄၀၀ လောက်ရှိနေပြီး လုံးခင်းကျေးရွာမှာရှိတဲ့ နှစ်ချင်းဘုရား ကျောင်းနဲ့ မှော်စီစာကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ယာယီ ခိုလှုံနေကြပါတယ်။ https://www.rfa.org/burmese/ news/kia-phakant-protest-coup-04012021145354.html

**************

၄။ ဖမ်းဆီးထားသော ဟားခါးမြို့အခြေစိုက် CCPRရုံးဝန်ထမ်း ၂ ဦးကို ဧပြီလ ၇ ရက်နေ့တွင်ရုံးပြန်ထုတ်မည်
April 01, 2021

မတ်လ ၉ ရက်နေ့တွင် ဖမ်းဆီးခံထားရသော ချင်းငြိမ်းချမ်းရးနှင့်ပြန်လည်သင့်မြတ်ရေးအသင်း(CCPR )ရုံးဝန်ထမ်း ၂ ဦးကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားကြခြင်းဖြစ်ပြီး ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ပြီး ဧပြီလ ၇ ရက်နေ့တွင် ဟားခါးမြို့နယ်တရားရုံးတွင်ရုံးပြန်ထုတ်မည် ဖြစ်ကြောင်း လိုက်လံကူညီပေးနေသည့်ရှေ့နေများထံမှသိရသည်။

“ဒီနေ့တော့ တရားရုံးက မအားဘူးဆိုတော့ ကျွန်မတို့ကို တွေ့ခွင့်မပေးတော့ဘူး။ တရားလိုသက်သေမှာ ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှူးက ထွက်ဆိုတယ်၊ နောက်ပြီးတော့ ဖမ်းဆီးခံထားတဲ့ CDM ဝင်ထားတဲ့ရဲ၊ ခုလက်ရှိထိန်းသိမ်းခံထားတဲ့ရဲ မာလ်ဆောမ် သူတို့ကို သက်သေအဖြစ်ထွက်ဆိုခိုင်းတယ်၊ တရားလိုသက်သေ ရဲ နှစ်ဦးပေါ့။ အဲဒီ မာလ်ဆောမ်က ထွက်ဆို တဲ့ နေရာမှာ သူတို့ကို ပိုက်ဆံ ငါးသောင်းပေးထားတဲ့လူသည် ဒီ ဗန်ကျဲအိုထောင်း မဟုတ်ကြောင်း၊ ပိုက်ဆံပေးတဲ့လူက ဗန်ကျဲအိုထောင်း ဟုတ်သလားဆိုပြီးတော့ ရှေ့နေကမေးတယ်၊ သို့သော် သူကမဟုတ်ဘူးတဲ့၊ ဒါဆိုဘယ်သူလဲ ၊ ဘယ်သူ လဲတော့မသိဘူး Mask အုပ်ထားတယ်၊ ဒါမယ့် ဒီကောင်လေးတော့ မဟုတ်ဘူးလို့ ထွက်ဆိုတယ်။ နင်တို့သွားတဲ့ချိန် ကားမောင်းတဲ့ လူကိုသိလားလို့ ရှေ့နေကပြန်မေးတယ်၊ မသိဘူး လို့ပြောတယ်။ ဒါဆိုရင်ခု ရှေ့မှာရောက်နေတဲ့သူ(ပီတာ) ဟုတ်သလားလို့ပြန်မေးတယ်။ သူမောင်းတာတော့ မဟုတ်ပါဘူးလို့ သူ ပြန်ထွက်ဆိုတယ်။ အဲဒီတော့ ဒီနေ့ ထွက်ဆိုခဲ့တဲ့ တရားလိုသက်သေဖြစ်တဲ့ CDM ဝင်၊ ဖမ်းဆီးခံထားတဲ့ ရဲ ရဲ့ ထွက်ဆိုချက်အရမ်းကောင်းလို့ အားတက်စရာပါပဲ။ ဒါမယ့် တရားသူကြီးနဲ့တော့ ပြောခွင့်မရှိခဲ့ပါဘူး။” ဟုတရားစွဲဆိုခံထားရသည့် CCPR ရုံးဝန်ထမ်းများအတွက် လိုက်လံကူညီပေးသူ ရှေ့နေ ကပြောသည်။

စစ်တပ်အာဏာသိမ်းယူပြီးနောက် မြန်မာတစ်နိုင်ငံလုံးတွင် ချင်းလူမျိုး ၁၅၃ ဦးကျော် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဟားခါးမြို့တွင် လူဦးရေ ၅၀ ကျော် ဖမ်းဆီးခံထားရကြောင်း သိရသည်။ ယေဘုယအားဖြင့် ရဲစခန်းတွင် ပုဒ်မ ၄၇ နှင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲကြပြီး များသောအားဖြင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲမှု ပိုများကြောင်းလည်း သိရသည်။ https://www.bni online.net/mm/news-80117

**************

၅။ ဖာပွန်မြို့ပေါ် ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်
2 April, 2021

စစ်အုပ်ချုပ်ရေးကောင်စီက ဧပြီလ ၁ ရက်ကစလို့ တလတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် မြို့ပေါ်မှာ တော့ ပစ်ခတ်သတ်ဖြတ်မူတွေက ရှိနေတာပါ။ မုံရွာ ၊ မန္တလေး အပါအဝင်မြို့တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူထုတွေကို ပစ်ခတ်မူတွေဆက်ရှိနေပြီး သေဆုံးသူတွေ ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ ပေါ်မှာတော့ ဧပြီလ ၁ရက်နေ့ ည ၁၀ နာရီကျော်အထိ ပစ်ခတ်မူတွေ ရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဖာပွန်မြို့ခံတဦးက ပြောပြပါတယ်။

“မိုးချုပ်တာနဲ့ စပစ်နေတာ။ မီးဖြတ် ၊ အင်တာနက်လိုင်းဖြတ်တွေလည်း အကုန်လုပ်ထားတယ် ။ ၆ နာရီလောက်ကနေ စပစ်တာ၊ လက်နက်ကြီးလည်းပါတယ်။ ဒါပေမယ့်နည်းတယ် လက်နက်ငယ်တွေနဲ့ ပစ်နေတာများတယ်။ သူတို့ကို ကေအန်ယူက လုံးဝပစ်နေတာ မဟုတ်ဘူး၊ သူတို့ပဲ ပစ်နေတာ ။ အခုကလောလောဆည်မြို့ထဲမှာပဲ လိုက်ပစ်နေတာ ကေအန်ယူ ပါဝင် ပစ်ရင်တော့ အကုန်လုံးပြာကျကုန်မှာပဲ။ တောက်လျှောက် သူတို့ပဲ ပစ်နေတာ ၊ ကေအန်ယူဘက်က လာမပစ်ဘူး။ ပြည်သူလူထုလည်း ဆန္ဒပြတာတို့ဘာတို့ ခေါင်းတောင်မထောင်ရဲဘူး။ အခုက ကေအန်ယူက လုံးဝမပစ်ပဲ စောင့်ကြည့်တယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းကဆို ကေအန်ယူကဝင်ပစ်တာရှိတယ်။ အခုပစ်ရင်တော့ လည်း ပြည်သူလူထုပဲ နာမယ်ဆိုတော့လေ။ အခုဆိုရင်လုံး၀ အိမ်ထဲမှာမနေရဲပဲ ချောင်းကမ်းဘေးတွေမှာပုန်းနေရတယ်။”ဖာပွန်ခရိုင်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ကေအန်ယူတို့ဟာ မကြာခဏ တိုက်ပွဲတွေဖြစ်ပြီး ကေအန်ယူ ထိန်းချုပ်ရာဒေသ မှာရှိတဲ့ ကျေးရွာတွေကိုလည်း အာဏာမသိမ်းခင်အချိန်ကတည်းက လက်နက်ကြီးနဲ့ ပစ်ခတ်မူတွေရှိနေတာပါ။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကတော့ သီးမူထာ မြန်မာစစ်တပ်စခန်းကို KNUက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ကရင်ကျေးရွာ တွေကို လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအိမ်တွေ မီးလောင်ပြီး ဒေသခံရွာသားတွေ သေဆုံးတာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကျေးရွာသားတွေ တသောင်းလောက်ဟာ ပြည်တွင်းအိုးအိမ်မဲ့ ဒုက္ခသည်တွေ အဖြစ် အခုချိန်ထိ တောတောင်တွေထဲမှာပဲ နေထိုင်နေရဆဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဖာပွန်မြို့ပေါ်က လူနေအိမ်တွေကို လည်း ညဘက်တွေမှာပစ်ခတ်မူတွေ လုပ်လာတဲ့အတွက်မြို့ခံ လူထုတွေဟာအိမ်တွေကနေထွက်ပြေးတိမ်းရှောင်နေရ ပါတယ်။ https://burmese.voanews.com/a/krean-ongoing-local-offensive-by-the-myanmar-army-/5837923.h

**************

၆။ ထိုင်းနယ်စပ်ရှိ RCSS/SSA တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ ပြော
March 31, 2021

မြန်မာ-ထိုင်းနယ်စပ် တွင် စခန်းချထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းများအားလုံးကို တိုက်ခိုက်မည်ဟု စစ်ကောင်စီ မှ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ခြားကော်မတီထံ အသိပေးထားသည်သူ သိရသည်။ ထိုစာကို စစ်ကောင်စီ ၏ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက်တွင် ကျိုင်းတုံ မှ ပြန်လည်ထွက်ခွာပြီး ယခုကဲ့သို့သတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

RCSS/SSA သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် တွင် နိုင်ငံတော်၏ အာဏာကို စစ်ကောင်စီမှ သိမ်းယူပြီးနောက် NCA လက်မှတ်ရေးထိုးထားသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ (၁၀)ဖွဲ့ က အာဏာသိမ်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ဆက်လက် ဆွေးနွေးမည် မဟုတ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။ ထို့ပြင် RCSS/SSA၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကလည်း စစ်ကောင်စီ မှ ငြိမ်းချမ်းစွာ လက်နက်မဲ့ဆန္ဒပြပြည်သူတွေကို နေ့စဉ် သတ်ဖြတ်နေသည့်ပေါ် ကန့်ကွက်ပြီး၊ ပြည်သူဘက်က ရပ်တည်သွားမည်ဟုလည်း နှင့် CNN ၊ Reuter ( ရိုက်တာ) သတင်းဌာန တို့ကို ပြောဆိုခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မြန်မာ-ထိုင်းနယ်စပ် လွိုင်ကော်ဝမ်း RCSS/SSA တပ်စခန်း မှ အရာရှိ တဦးက “ ကျနော်တို့ စောင့်ကြည့်နေပါတယ်။ အဆင့်သင့် လုပ်ထားပါတယ်။ မြန်မာစစ်တပ်က ယာမ သောက်ပြီး ရူးနေတဲ့သူအတိုင်းပဲ လုပ်ချင်တာ လုပ်နေတာ။ စစ်ရေးပြင်ဆင်မှုကတော့ ထူးထူးခြားခြားမတွေ့ရသေးပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။ အကြမ်းဖက် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး ပြည်သူများက စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရာ စစ်ကောင်စီမှ ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ဖမ်းဆီးခဲ့ခြင်း ကို ယနေ့ထိပြုလုပ်နေသည်။ လက်ရှိမှာတော့ မြန်မာ-ထိုင်း နယ်စပ် RCSS/SSA တပ်စခန်းမှလည်း စစ်ရေးဖြစ်လာမည်ကို သတိဖြင့် စောင့်ကြည့်နေရသည်။ https://burmese.shannews.org/archives/21499

**************

၇။ ရခိုင်ပါတီ ANP ၏ တောင်းဆိုချက် အာဏာသိမ်း စစ်ကောင်စီ လိုက်လျောမှု မရှိသေး
1 April 2021

ရခိုင်အမျိုးသားပါတီ(ANP)က တောင်းဆိုထားသည့် အကြမ်းဖက် ဥပဒေဖြင့် တရားရင်ဆိုင်နေရသူများအား လွတ်ပေးရန်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရာထူးနေရာပေးရန်စသည့်ဖြင့် တောင်းဆိုချက်များကို စစ်ကောင်စီမှ လက်ရှိ အချိန် အထိ လိုက်လျော့ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ANP ပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီဝင် ဦးဖေသန်းက“အကြမ်းဖက်နဲ့ စွဲထားတဲ့ လူတွေကို လွတ်ပေးဖို့၊ ပြည်နယ် အဆင့် စီမံအုပ်ချုပ်ရေးမှာ နေရာပေးဖို့ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်တွေကို မလိုက်လျော့သေးဘူးလို့ ပြောလို့ ရတယ်”ဟု ဧရာဝတီသို့ ပြောသည်။ သို့သော်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခံရပြီး အမှုရင်ဆိုင် နေရသော ရခိုင်တိုင်းရင်းသားများ ပြန်လည်လွှတ်ပေးရေးအတွက် ပါတီအနေဖြင့် ဦးစားပေး ဆောင်ရွက်လုပ်ကိုင်နေပြီး ANP မှ ပါတီခေါင်းဆောင်တဦး ဖြစ်သူ နိုင်ငံတော် ကောင်စီဝင် ဒေါ်အေးနုစိန်ကိုယ်တိုင်လည်း အထက်ပိုင်းတွင် တင်ပြပြောဆို နေမှုများ ပြုလုပ်နေကြောင်း ဦးဖေသန်းက ပြောသည်။ ထို့ပြင် ANP အနေဖြင့် ပြည်နယ် ကောင်စီ ဥက္ကဌ နေရာနှင့် နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီတွင်အဖွဲ့ဝင်နှစ်နေရာပေးရန် တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မရရှိသေး သဖြင့် အနီးဆုံး ပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပါတီ၏ နိုင်ငံရေး မူဝါဒရေး ရာ ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲခံရသူများ အရေးကိစ္စမှာ ယခုအချိန်တွင် ရက္ခိုင့် စစ်တပ် (AA) ကို အကြမ်း ဖက်အဖွဲ့ မှ ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်၍ ဥပဒေအရဆိုရင် ပြန်လွှတ်ပေးရတော့မည် ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးမောင်စောဝင်းက ပြောသည်။“ANP အနေနဲ့ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှာ တောင်းဆိုတာကတော့ ဒီအချိန်မှာ မဖြစ်နိုင်တော့ဘူးလို့ ကျနော်မြင်တယ်။ ပြည်နယ် အဆင့်အုပ်ချုပ်ရေးအဖွဲ့မှာ ဖွဲ့စည်းပုံ က ပြည့်သွားပြီလေ။ ဆိုတော့ ကျနော်အမြင်က ANP အနေနဲ့ ဒီကိစ္စတွေကို ပြတ်ပြတ်သားသား ဆွေးနွေးမှ ဒေါ်အေးနုစိန်ကို ကောင်စီမှာ ထည့်သင့်တယ်။ အခု မြင်နေရတာက သမီးကို လင်ပေးစား ပြီးမှ အသွင်း တောင်းဆိုနေသလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။ https://burma.irrawaddy.com/news/2021/04/01/240221.html

*************

၈။ စစ်ကောင်စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ရွေးချယ်စရာလမ်းမရှိတော့ကြောင်း KNU ထုတ်ပြန်
March 31, 2021

၎င်းတို့နယ်မြေ၊ ကရင်လူထုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် အကြမ်းဖက် စစ်ကောင် စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိတော့ကြောင်း ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ က ယမန်နေ့ မတ်လ ၃၀ ရက်တွင် ကြေညာချက် ထုတ်ကာ ပြောဆိုလိုက်သည်။“ယခုအချိန်တွင် မြန်မာ တပ်မတော်၏ မြေပြင်တပ်များသည် အရပ်လေးမျက်နှာ အဖက်ဖက်မှ ကျွန်ုပ်တို့၏ နယ်မြေအတွင်းသို့ ဝင်ရောက် ကျူးကျော် လာလျက်ရှိနေပြီဖြစ်သည်။ ဤအခြေအ နေကြောင့် ကျွန်ုပ်တို့ ပြည်သူထုထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အလွန် စိုးရိမ်ပူပန်ရပါသည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့်၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၏ အခြားရွေး ချယ်စရာ လမ်းမရှိတော့ပါ”ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ သီးမူထာ စစ်ကောင်စီ တပ်စခန်းကို ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့မှ တက်ရောက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုအပေါ် ကေအဲန်ယူ တပ်မဟာ ၅ က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် ၈ ဦး သေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ရသလို မူတြော်ခရိုင်တွင်းရှိ ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော်သည် အိုးအိမ် စွန့်ခွာပြီး နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သံလွင်မြစ် ကမ်းနံဘေးတစ် လျှောက်ရှိ ဒေသခံရွာသား ၃,၀၀၀ ကျော်သည်လည်း သံလွင်မြစ်၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နိုင်ငံတကာအနေဖြင့်လည်း တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာတပ်မတော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ်ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုကြောင်း၊ လူသားမျိုးနွယ် အားလုံးကို ဆန့်ကျင်သော မြစ်မှုကို မြောက်စေသည့် ပြည်သူထူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အသိုက်အဝန်းက ဖက်စစ်မြန်မာ့ တပ်မတော်ကို ဖိအားပေးရန် တောင်းဆိုသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က တောင်းဆို ထားသည်။ http://kicnews.org/2021/03/%e1%80%85%e1%80%85%e1%80%b9%e1%8 0%b1%e1%80%

**************

၉။ AA နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရတဲ့ လူငယ်နှစ်ဦးလွတ်မြောက်
April 1, 2021

ချင်းပြည်နယ် ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ၅၂(ခ)တို့နဲ့ ဖမ်းဆီးတရားစွဲ ခံနေတဲ့ရတဲ့ လူငယ်နှစ်ဦးကို ဒီနေ့မနက်ပိုင်းမှာ ပလက်ဝမြို့နယ် တရားရုံးကနေ လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်က RFA ကိုပြောပါတယ်။ လွတ်မြောက်လာသူတွေဟာ အသက် ၁၇ နှစ် အရွယ် မောင်စိုးကျော်လင်းနဲ့ အသက် ၂၉ နှစ်အရွယ် ကိုထွန်းလင်းဇော်တို့ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး အကြမ်း ဖက် ဥပဒေနဲ့ အမှုဖွင့်ခံထားရသူတွေကိုလည်း အမှုပြန်ရုပ်သိမ်းတာတွေ ရှိနေတာဖြစ်ပါတယ်။

ဒီလူငယ်နှစ်ဦးလည်းတရားလိုကအမှုကိုပြန်ရုပ်သိမ်းလိုက်တဲ့အတွက်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ မောင်စိုးကျော်လင်း ရဲ့ အမေဖြစ်သူ ဒေါ်ဒေါင်းမလေးက ပြောပါတယ်။ သူတို့ဟာ အပြစ်တစုံတရာမရှိဘဲ ဖမ်းဆီးတရားစွဲခံခဲ့ရတာဖြစ်ပြီး အခုလို လွတ်မြောက်လာတဲ့အတွက် ဝမ်းသာမိတယ်လို့လည်း သူကဆိုပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စတင်ဘာလ ၂၄ ရက်နေ့က စိမ့်စင်းကျေးရွာဘက်မှာ တံတားဆောက်လုပ်ဖို့သွားစဉ် ခမရ ၂၈၉ တပ်ရင်းကဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗိုလ်ကြီးသက်နိုင်ဦးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နယ်မှာ အခုလို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့သူ ၂၀၀ ကျော် ရှိတယ်လို့ စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်ပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ https://www.rfa.org/burmese/news/rakhine-detainees-04012021132958.html

***************

၁၀။ အာဏာသိမ်းစစ်တပ်အောက် ယုဇန ကုမ္ပဏီဝန်းကို KIA တိုက်ခိုက်ဖျက်စီး
1 April 2021

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီကို ကချင် လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၁ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ဖျက်ဆီးသွားကြောင်း သိရသည်။

ဘန်ကောက်ကျေးရွာတွင်ရှိသော ယုဇန ကုမ္ပဏီကို ယနေ့ နံနက်ပိုင်း ၁နာရီခန့်အချိန် KIA တပ်ရင်း ၁၄ တပ်ဖွဲ့က ဝင် ရောက်တိုက်ခိုက်ပြီး စက်ယန္တရားများနှင့် ဂိုဒေါင်များကို မီးရိူ့ဖျက်စီးပေးလိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “ဖြစ် တာက ည ၁နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်။ ကုမ္မဏီမှာရှိတဲ့ ဘက်ဟို၊ ဘဒိုဇာ၊ ကား ၅ စီး၊ ကာလိုဒါ ၃စီး၊ လမ်းကျိတ်စက် ၂ စီး၊ ပစ္စည်းထားတဲ့ဂိုဒေါင် ဒီဟာတွေကို မီးရိူ့ပေးလိုက်တယ်လို့သိရတယ်။ ဒီမနက်အတွင်းထိ ကုမ္မဏီ အတွင်း မီးလောင်နေတာတွေရှိသေးတယ်”ဟု ဒေသခံတစ်ဦးပြောပြသည်။ ဂိုဒေါင် ၄ ခု နှင့် ကား ၂၃ စီး မီးရှို့လိုက် ကြောင်း သိရသည်။ ယုဇန ကုမ္ပဏီကို အာဏာသိမ်းစစ်သားများက ယခင်က တပ်စွဲထားမှုများရှိသော်လည်း ယနေ့ နံနက် တိုက်ပွဲတွင်မူ မရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်မှစတင်ခဲ့သော ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်အစိုးရ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းအနေဖြင့် ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်သောကြောင့် ဒေသခံများ၏ မြေယာအများအပြား သိမ်းပိုက်ခံခဲ့ရသည်။ ထိုအချိန်မှ စတင်ပြီး ယနေ့ အထိ ဟူးကောင်းဒေသခံများနှင့် ယုဇန ကုမ္ပဏီကြား မြေယာ ပြဿနားများ ပုံမှန် ဖြစ်ပေါ်နေသော နေရာဖြစ်ပါသည်။ https://burmese.kachinnews.com/2021/04/01/apr-1-y1/

**************

၁၁။ ရေးတောင်ပိုင်းကျေးရွာအချို့တွင် ဓါးပြအဖွဲ့ ဆက်ကြေးတောင်းခံထား
April 1, 2021

မွန်ပြည်နယ် ရေးတောင်ပိုင်းဒေသ ခေါဇာမြို့အနီးတဝိုက်တွင် ယခုအခါ ဓါးပြအဖွဲ့ငယ်တချို့ ပြန်လည်သောင်းကျန်းလာပြီး ဆရာတော်များ၊ ကျေးရွာအကြီးအကဲများထံမှတဆင့် ကျေးရွာများကို ဆက်ကြေးငွေ သိန်းရာနှင့်ချီတောင်းခံထားကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။“မန်ကြီးရွာ သိန်း ၃၀၀ မိထော်လှာကြီး သိန်း ၂၀၀ ကြုံညာရွာ သိန်း ၃၀၀ တောင်းထားတယ် အရောအ်နဲ့ အချမ်းအဖွဲ့လို့ သိရတယ်၊ အရင်က လက်နက်ချ အလင်းဝင်ခဲ့ဖူးတဲ့ ဓါးပြတွေပဲ အခုတော့ ဒီအလုပ်ကို ပြန်လုပ်နေကြပြန်ပြီ” ဟု အမည်မဖော်လိုသော ဒေသခံဆရာတော်တစ်ပါးက ပြောသည်။

သို့ရာတွင် အဆိုပါဆက်ကြေးတောင်းခံမှုကို သက်ဆိုင်ရာကျေးရွာများသို့ အချက်အလက် မှန်ကန်ကြောင်း မွန်သတင်း အေဂျင်စီမှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။“ လောလောဆယ် တချို့ရွာတွေကို ငွေတောင်းထားတယ်၊ သူတို့ဆက်ကြေး မပေးရင် လူကိုပြန်ပေးဆွဲသွားမှာ အရမ်းစိုးရိမ်ရပါတယ် နယ်မြေအေးချမ်းမှုမရှိတော့ဘူး၊ နောက်ပီး စစ်တပ်ကနေ ပြည်သူ့စစ် အဖွဲ့ကို အင်အားတိုး ချပေးထားတယ်” ဟု ကျေးရွာအကြီးအကဲတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

ယခင်က ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်တို့တွင် နိုင်ဗင်းနှင့် နိုင်လှိန်းညီအစ်ကိုယ်အဖွဲ့၊ ဆံရှည်နှင့် တောင်ကျော်အဖွဲ့၊ အလွန်နှင့် အဆောင်းညီအစ်ကိုယ်အဖွဲ့(၁၅ ယောက်) ၊ မွန်ချမ်းအဖွဲ့ (၁၈ ယောက်) စသည့်ဓါးပြအဖွဲ့များလှုပ်ရှားခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် တွေ့ရသည်။ သို့ရာတွင် ဓါးပြခေါင်းဆောင်အချို့သတ်ဖြတ်ခံရသဖြင့် အဖွဲ့အချို့ပြိုကွဲသွား၍ လက်ကျန်အဖွဲ့များအနေဖြင့် ၂၀၁၆ နှစ်လယ်ပိုင်းတွင် တပ်မတော်ထံ နောက်ဆုံးလက်နက်ချအလင်းဝင်ခဲ့ပြီး ပြည်သူ့စစ် အဖွဲ့အဖြစ် ဆက်လက်ရပ်တည်လာကြရာမှ နယ်မြေအေးချမ်းမှုရရှိလာခဲ့သည်။ ခေါဇာမြို့တွင် ခလရ (၃၁) တပ်ရင်းနှင့် ရဲစခန်းတစ်ခု အခြေစိုက်လျက်ရှိသော်လည်း နယ်မြေကျယ်ဝန်း၍ တောတောင်ထူထပ်သဖြင့် ဒေသခံများအတွက် လုံခြုံရေး အပြည့်အဝရရှိရန် ဆောင်ရွက်ပေးနိုင်သည့်အနေအထား မရှိသေးပေ။ http://burmese.monnews.org/2021/04/0 1/%e1%80%9b%e1%80%b1%e1%80%b8%e1%80%90%e1%

**************

၁၂။ ကြေကွဲဝမ်းနည်းမှုကိုပြသသောအနေဖြင့် ရခိုင်သင်္ကြန်အပျော်အပါးလွန်ကျူးမှုမဖြစ်ရန် မဟာရက္ခိတအဖွဲ့ပန်ကြား
April 1, 2021

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အရေးအခင်းအတွင်း ပြည်သူများ သေကြေပျက်စီးမှုများရှိနေ၍ သင်္ကြန်အခါကြီး ကာလအတွင်း အပျော်အပါးလွန်ကျူးမှုအား မပြသကြပါရန် မဟာရိက္ခတအဖွဲ့က ရခိုင်ပြည်သူများသို့ မေတ္တာရပ်ခံပန်ကြား လိုက်သည်။ မဟာရိက္ခတအဖွဲ့ဥက္ကဋ္ဌ အာရ်ကန် ဦးမောင်လှ (ခ) ဦးမောင်သန်းနုက “ ကျွန်တော်တို့ အခု ရန်ကုန်၊ စစ်ကိုင်း တို့၊ မန္တလေး တို့ အပါအဝင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားတို့မှာ ဖြစ်နေတဲ့ ဆန္ဒပြမှုနဲ့ ပတ်သက် လို့ ဟို ခလေးလေးတွေ သေကြေပျက်စီးနေတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်မှာ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ရခိုင်ကနေပြီး တော့ ဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ သင်္ကြန်ထဲမှာ မော်တော်ကားတွေနဲ့ ဆောင်းဘောက်စ်တွေတင်ပြီး အဲသလို သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး ပျော်ပျော်ပါးပါး မလုပ်ကြဖို့ ဥစ္စာကို ကျွန်တော်တို့က မေတ္တာရပ်ခံတဲ့ သဘောပါ”ဟု နိရဉ္စရာ သတင်းဌာန သို့ ပြောကြားသည်။

မေတ္တာရပ်ခံ ပန်ကြားလွှာအထဲတွင် ယခုအခါ ဗမာပြည်/ တိုင်းရင်းသားပြည်သူများ၌ ပြည်သူအပေါင်းရာနှင့်ချီ၍ သေကြေ ပျက်စီးနေကြသည်ကို မြင်တွေ့ရမှုအား အလွန်တရာမှ စိတ်မမြေ့ဖွယ်ခံစားနေကြရသော အချိန်ကာလ ဖြစ်ပါကြောင်း၊ ရှေးစကားပုံအတိုင်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ၊ အိမ်နောက်ပူ အိမ်ရှေ့ မချမ်းသာ အဖြစ်မျိုး ပြည်သူ/ ပြည်သား အပေါင်းတို့မှာ ကြေကွဲဝမ်းနည်းဖွယ်ခံစားနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ယဉ်ကျေးသိမ်မွေ့သော ရက္ခိတပြည်သူ အပေါင်း တို့က သေကြေပျက်စီးသွားကြသည့် မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းမှုကို ပြသသောအနေဖြင့် သင်္ကြန်အခါကြီး ကာလအတွင်း ဆောင်းဘောက်(စ်)များ တင်ဆောင်၍ ကားကြီး၊ ကားငယ်များဖြင့် အပျော်အပါးလွန်ကျူးမှုအား မပြသကြ ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအသိပေးပန်ကြားအပ်ပါကြောင်း ဖော်ပြထားသည်။

“ အဓိကတော့ ကျွန်တော်တို့ ရခိုင်ဟာ နှလုံးသားကောင်း မေတ္တာတရားကြီးမားတယ်ဆိုတာ ကျွန်တော်တို့က ဖော်ထုတ် ပြသတဲ့ သဘောပါပဲ။ ဒါလေးကို ကျွန်တော်တို့ တောင်းဆိုတာပါ။ ရခိုင်ပြည်သူတွေလည်း နားလည် သဘောပေါက်လိမ့် မယ်ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ကနေ သင်္ကြန်ကာလအတွင်းမှာ မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဝမ်းနည်းပက် လက်နဲ့ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ရခိုင်က မပျော်ဘူးဆိုတာကို ပြသဖို့အတွက် ပြည်သူတွေကို မေတ္တာရပ်ခံတောင်း ဆိုတဲ့ သဘောပါ။ ကျွန်တော်တို့ အခုလုပ်တဲ့ ဥစ္စာမှာ နိုင်ငံတော်အစိုးရကို ပုတ်ခတ်တာ၊ အစိုးရကို ပုတ်ခတ်လို့ ပြောတာ မပါဘူး။ အဓိက ပြည်သူတွေ နစ်နာနေတာကို ကျွန်တော်တို့က မေတ္တာရပ်ခံတဲ့ သဘောပါ။ အဲဒါလည်း တစ်ချက် ပြောချင် ပါတယ်။” ဟု အာရ်ကန် မောင်လှက ပြောဆိုသွားခဲ့သည်။ https://www.bnionline.net/mm/news-80111

**************

၁၃။ စစ်အာဏာသိမ်းမှု ရက် ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကျဆုံးပြည်သူ ၅၄၀ ကျော်လာ
2 April, 2021

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၆၀ အကြာ အကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေး ကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၄၃ ယောက် ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီ ပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၁ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထား ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၇၄၁ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၆ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ အရပ် ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှား နေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။ http://burmese.dvb.no/archives /455703

**************

၁၄။ ကော့ကရိတ်မြို့ ဗုံးပေါက်ကွဲမှုတွင် စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး ဒဏ်ရာရ။
April 1, 2021

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယမန်နေ့ မတ် ၃၁ ရက်၊ ည ၇ နာရီခွဲအချိန်ခန့်ကလက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်သား နှစ်ဦး နှင့် ရဲတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။ ကော့ကရိတ်မြို့မရဲစခန်းအနီး မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကောင်စီအဖွဲ့၏ ရဲ နှင့် တပ်မှ လုံခြုံရေးဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးလာသူ တစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်ခဲ့ခြင်းဖြစ် သည်ဟု စစ်ဘက်ဆိုင်ရာလုံခြုံရေးသတင်းအဖွဲ့ နှင့် နီးစပ်သူထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လက်နက်ငယ် ပစ်ခတ်သံ အချက် ၅၀ ကျော်ကြားရကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားများကို ကော့ကရိတ်မြို့တွင်း၌ မပြုလုပ်နိုင်ဘဲ မြို့ပြင် ကျေးရွာများတွင်သာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ထိုသို့အလားတူပင် မြဝတီမြို့တွင်း၌လည်း စစ်ကောင်စီမှ ခန့်အပ် ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးအဆင့်ဆင့် နှင့် တပ်အာဏာသိမ်းမှုကို ထောက်ခံသော အဖွဲ့အစည်းတစ်ချို့၏ သတင်းပေး မှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများပြုလုပ်ရန် စတင်စုစည်းစဉ်မှာပင် အဖမ်းခံရမှုများနှင့် နေအိမ် လူနေရပ်ကွက်အထိ လိုက်လံဖမ်းဆီးခံရမှုများ ရှိနေသည်။ http://kicnews.org/2021/04/%e1%80%b1%e1%80 %80%e1%80%ac%e1%80%b7%e1%80%80%e1%

*************

၁၅။ ဆော့လော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူဖမ်းဆီးခံရ
1 April 2021

ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရရှိထားသည့် NLD ပါတီမှလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် ဖမ်းဆီးခံရကြောင်း အမည်မဖော်လိုဒေသခံတစ်ဦးမှ သိရသည်။
ဖမ်းဆီးခံရချိန် ဒေါ်ခေါ်မာဝူသည် မြစ်ကြီးနားမြို့၊ ပမ္မတီးလီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် (စရဖ) မှ အမျိုးသား ၃ဦး လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံသွားရသည့် လွှတ်တော်ကိုယ်လှယ် ခေါ်မာဝူအား မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေး ချေ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်မှအာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးမူများရှိခဲ့သော်လည်း အများစု ပြန်လည်လွှတ်မြောက်ပြီးဖြစ်သည်။ https://burmese.kachinnews.com/2021 /04/01/apr-1-z1/

**************

၁၆။ “ပိုက်လိုင်းများ ကာကွယ်ရန်” တရုတ်တပ်များ မြန်မာနယ်စပ်တွင် ချထား
2, April 2021

ရှမ်းပြည်နယ် နယ်စပ်မြို့ မူဆယ်တဘက်ခြမ်းရှိ ဂျယ်ဂေါင်တွင် တရုတ်တပ်များကို ချထားကြောင်း တရုတ်နယ်စပ်ရှိ သတင်း ရင်းမြစ်များအဆိုအရ သိရှိရသည်။ စစ်ကားများနှင့် တရုတ်စစ်သားများ နယ်စပ်သို့ လတ်တလော ရက်ပိုင်းများအတွင်း ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ သတင်းစကားပေးပို့နေခြင်း ဖြစ်ကြောင်း တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်များက ဆိုကြသည်။

ပိုက်လိုင်းများကို ဖောက်ခွဲပစ်မည်ဟု ဆန္ဒပြသူများက ခြိမ်းခြောက်သည့် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားလာ ချိန်အတွင်း မတ်လ အစောပိုင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအား ကာကွယ်ပေးရန် စစ်ကောင်စီကို တရုတ် က တောင်းဆိုခဲ့သည်။ ကီလိုမီတာ ၈၀၀ ရှည်လျားသည့် ပိုက်လိုင်းများသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှနေ၍ မကွေး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်သို့ သွယ်တန်းထားသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင် စီနှင့် လူ့အခွင့်အရေးကောင်စီတို့တွင် မြန်မာပြည်ရှိ ရွေးကောက်ခံကိုယ်စားလှယ်များကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်း ယူသည့်အပေါ် ပြည်တွင်းရေးဖြစ်သည်ဟု ဆိုနေသည်။

စစ်တပ်က ပစ်ခတ်၍ ဆန္ဒပြသူ ၅၀၀ ကျော် သေဆုံးလာသောအခါ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီကို ရှုတ်ချပြီး အပစ်ရပ်ထားမှုကို ရက်ထပ်မတိုးကြောင်း ကြေညာသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တရုတ်နယ်စပ်တွင် အခြေစိုက်ပြီး AA က ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်လည်း အခြေစိုက်သည်။ တရုတ်နယ်စပ်တွင် အခြေစိုက်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း ယခုအခါ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား နေသည်။ https://burma.irrawaddy.com/news/2021/04/02/240239.html

**************

၁၇။ CRPH ၏ ၂၀၀၈ခြေဥဖျက်သိမ်းခြင်းကို ဥပဒေအထောက်အကူပြုကွန်ရက် ကြိုဆို
April 2, 2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို အပြီးတိုင် ဖျက်သိမ်းလိုက် ကြောင်း ယမန်နေ့က ကြေငြာလိုက်သည့်အပေါ် ကြိုဆိုထောက်ခံကြောင်း ဥပဒေ အထောက်အကူပြုကွန်ရက် (Legal Aid Network)က ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မတ်လ ၃၁ ရက်နေ့တွင် CRPH က ယခုလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ခြင်းသည် စစ်ကောင်စီ ကိုယ်တိုင် လက်တွေ့ ဆက်လက် အသုံးပြုနိုင်ခြင်း မရှိစေရေးအတွက် ကောင်းမွန်သည့် ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်သည့်အပြင် အခက်အခဲ၊ ပြဿနာအမျိုးမျိုးနှင့် အကြံပြုချက်များအကြားမှ CRPH ၏ ပြတ်သားသည့် ခြေလှမ်းများ လှမ်းသည့်အခါတိုင်း ၎င်းတို့ကွန်ရက်အနေဖြင့် ကြိုဆို၊ ထောက်ခံ၊ အသိအမှတ်ပြုသည်ဟု ဆိုသည်။

ထို့အပြင် စစ်အာဏာ ရှင်စနစ်ကို ပိုမိုထိရောက်စွာ တိုက်ပွဲဝင်နိုင်စေရေးအတွက်ကိုလည်း ၎င်းတို့အဖွဲ့အစည်းက လွတ် လပ်စွာထုတ်ဖော်ခွင့် အခြေခံတွင် ပွင့်လင်းစွာ ဝေဖန်ထောက်ပြမှုကိုလည်း CRPH အနေဖြင့် လက်ခံစဉ်းစားပေးလိမ့် မည်ဟု ယုံကြည်ကြောင်း ဥပဒေအထောက်အကူပြုကွန်ရက်၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

CRPH ၏ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်ရန် ရည်ရွယ် ရေးသားထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျှက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်သည်ဟု ဆိုထားသည်။ ၎င်းအပြင် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခု နှစ်)ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အဓမ္မသိမ်း ယူခဲ့ခြင်းကြောင့် ဤဖွဲ့စည်းပုံမှာ ပျက် ပြယ်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ http://kicnews.org/2021/04/crph-%e1%81%8f-%e1%81%82%e1%81%80%e1%81%80%e1

 

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **