• Today is: Friday, March 29, 2024

 ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

zawgyi

ေန႔စဥ္တိုင္းရင္းသားသတင္းမ်ား စုေဆာင္းတင္ျပျခင္း
(No. 95 , March 30, 2021)

၁။ ဆက္လက္ အၾကမ္းဖက္သတ္ျဖတ္ေနပါက လူထုႏွင့္ ပူးေပါင္းမည္ဟု မဟာမိတ္ ၃ ဖြဲ႕ ထုတ္ျပန္

၂။ KIA တပ္မဟာ ၂ ေအာက္ တပ္ရင္း ၂ ခုကို အာဏာသိမ္းစစ္တပ္က ေလယာဥ္ျဖင့္ တိုက္ခိုက္

၃။ ေလေၾကာင္း တိုက္ခိုက္မႈ ကရင္ေဒသခံ ၁၀၀၀၀ ေက်ာ္ ထြက္ေျပးေနရ

၄။ သွ်မ္းေျမာက္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ တိုက္ပြဲေၾကာင့္ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးထိမွန္

၅။ နစကတြင္ MUP ကိုယ္စားလွယ္ပါဝင္ေနမႈေၾကာင့္ ဗဟိုအလုပ္အမႈေဆာင္/ဗဟိုေကာ္မတီႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္တို႔ အစုလိုက္အၿပဳံလိုက္ ထပ္မံႏုတ္ထြက္

၆။ ဖားကန႔္တြင္ အာဏာသိမ္းစစ္တပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္သျဖင့္ ျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ေနရ

၇။ မူဆယ္ၿမိဳ႕နယ္ ေရအားလွ်ပ္စစ္စက္႐ုံ အနီး တိုက္ပြဲျဖစ္၊ စက္႐ုံဝန္ထမ္း (၅)ဦးထိခိုက္ဒဏ္ရာရ

၈။ လုံၿခဳံေရးမ်ား ပိုမိုတင္းၾကပ္ထားေသာ္လည္း ေမာ္လၿမိဳင္လူငယ္မ်ား ဆက္လက္ဆႏၵျပ

၉။ ကရင္စစ္ေျပးဒုကၡသည္မ်ားကို ထိုင္းစစ္တပ္က ျပန္ေမာင္းထုတ္

၁၀။ မယ္ဆိုင္တြင္ ျမန္မာဘက္သို႔ပို႔ေဆာင္မည့္ လက္ပစ္ဗုံးႏွင့္က်ည္ဆန္မ်ား ဖမ္းဆီးရမိ

၁၁။ ျမစ္ႀကီးနား၌ ညေနပိုင္းဆႏၵျပေနသူမ်ားကို အၾကမ္းဖက္စစ္တပ္က ပစ္ခတ္ၿပီး ဆိုင္ကယ္မီးရႈိ႕

၁၂။ မူဆယ္တြင္ စစ္တပ္က ပစ္ခတ္သျဖင့္ ျပည္သူ ၁ ဦး ဒဏ္ရာရ ၂၀ ေက်ာ္ဖမ္းဆီးခံရ

၁၃။ ခမရ(၄၀၈)တပ္ဖြဲ႕ဝင္မ်ား၏ ကားတိမ္းေမွာက္ ထိခိုက္ေသဆုံးမႈမ်ားျပား

၁၄။ လီဒိုလမ္းမေပၚတြင္ အာဏာသိမ္းစစ္တပ္ကို KIA တိုက္ခိုက္

၁၅။ သီေပါၿမိဳ႕ စစ္ေဘးေရွာင္ (၂၀၀) ေနရပ္ျပန္

၁၆။ စစ္ေကာင္စီကို ဆန႔္က်င္လို႔ သထုံခ႐ိုင္အတြင္း အဖမ္းခံထားရသူ(၅၀)ဦးထက္မနည္း ရွိ

၁၇။ ေက်း႐ြာအနီး တပ္စြဲထားျခင္းကို ႐ုပ္သိမ္းရန္ႏွင့္ ေနရပ္ျပန္သူမ်ားအား ေထာက္ပံ့မည္မွာ လက္ေတြ႕က်ရန္လိုဟု စစ္ေဘးေရွာင္မ်ားႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေျပာ

၁၈။ ဗံုးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ျမဝတီ အမွတ္ ၃ ရပ္ကြက္ရံုးေ႐ွ႕ လံုျခံဳေရးတင္းၾကပ္။

၁၉။ ကခ်င္ ေဒသခံသတင္းေထာက္ႏွစ္ဦး ဖမ္းဆီးခံရ

၂၀။ ျမန္မာ့အေရး ကုလ လံုျခံဳေရးေကာင္စီအေရးေပၚ အစည္းအေဝး ထပ္မံေခၚယူမည္

၂၁။ တာခ်ီလိတ္ၿမိဳ႕တြင္ Live လႊင့္သည့္ အမ်ိဳးသမီး တစ္ဦး ဖမ္းဆီးခံရ

၂၂။ အၾကမ္းဖက္ဥပေဒျဖင့္ တရားစြဲခံရသည့္ ေတာင္ကုတ္ၿမိဳ႕ ခံ ၄ ဦးအမႈ ယေန႔ အမိန႔္မခ် ျဖစ္

၂၃။ စစ္အာဏာရွင္ကို ေတာ္လွန္ေနသည့္ မြန္လူငယ္မ်ားက CRPH ထံ အခ်က္ ၄ ခ်က္ ေတာင္းဆို

*************

၁။ ဆက္လက္ အၾကမ္းဖက္သတ္ျဖတ္ေနပါက လူထုႏွင့္ ပူးေပါင္းမည္ဟု မဟာမိတ္ ၃ ဖြဲ႕ ထုတ္ျပန္
30 March 2021

လူထု ေတာင္းဆိုေနသည့္ ႏိုင္ငံေရးလိုလားခ်က္ကို မလိုက္ေလ်ာဘဲ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားကို ဆက္ျဖစ္ပြားေနပါက စစ္တပ္ကို ခုခံကာကြယ္ႏိုင္ေရးအတြက္ ျမန္မာ့ေႏြဦး ေတာ္လွန္ေရး ဆင္ႏြဲေနသည့္ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံႏွင့္ ပူး ေပါင္းပါမည္ဟု ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က သေဘာထား ထုတ္ျပန္ခ်က္တေစာင္ ထုတ္ကာ ေျပာဆိုလိုက္သည္။ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕သည္ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္ တပ္မေတာ္ (MNDAA)၊ တအန္းအမ်ိဳးသားလြတ္ေျမာက္ ေရး တပ္မေတာ္ (TNLA) ႏွင့္ ရကၡိဳင္စစ္တပ္ (AA) တို႔ ျဖစ္သည္။

AA ၏ သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဦးခိုင္သုခက “ျပည္သူေတြအေပၚမွာ ကိုင္တြယ္ပုံဟာ အမ်ားႀကီး ရက္စက္ၾကမ္း ၾကဳတ္တယ္။ အျပစ္မဲ့ ျပည္သူေတြကို ေန႔စဥ္နဲ႔ အမွ် ရက္ရက္စက္စက္ မတရားပစ္ခတ္သတ္ျဖတ္ေနတယ္။ မတရား ဖမ္းဆီး ႏွိပ္စက္မႈေတြ ျပည္သူေတြရဲ႕ ပစၥည္း ဥစၥာ လုယူမႈေတြ တေန႔ထက္ တေန႔ ပိုမ်ားလာတာ ေတြ႕ရတယ္။ ျမန္မာစစ္တပ္နဲ႔ ရဲေတြရဲ႕ လူမဆန္တဲ့ လုပ္ရပ္ေတြကို က်ေနာ္တို႔ အေနနဲ႔ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ပါတယ္”ဟု ေျပာသည္။

ႏိုင္ငံတဝန္းမွ လူထုသည္ စစ္တပ္ကို အာဏာသိမ္းထားျခင္းမွ စြန္႔လႊတ္ၿပီး အရပ္သား ေခါင္းေဆာင္မ်ားႏွင့္ ဖမ္းဆီးထား သူ အားလုံးကို ျပန္လႊတ္ေပးရန္၊၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲ ရလဒ္ကို လက္ခံရန္ ေတာင္းဆိုေနျခင္းျဖစ္ရာ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က လူထုေတာင္းဆိုခ်က္ကို စစ္တပ္က အျမန္ဆုံးညႇိႏႈိင္းရန္ လိုအပ္သည္ ဟုလည္း တိုက္တြန္းထားသည္။ လူထုႏွင့္ ညႇိႏႈိင္းျခင္းမ်ား မျပဳလုပ္ဘဲ ဆက္အၾကမ္းဖက္ေနပါက လူထုအေနျဖင့္ မိမိကိုယ္ကိုယ္ ခုခံကာကြယ္ႏိုင္ေအာင္ လူထုဘက္မွ ပူးေပါင္း ေဆာင္႐ြက္ပါမည္ဟု ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ထုတ္ျပန္လိုက္ျခင္း ျဖစ္သည္။ ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕အေနျဖင့္ မိမိကိုယ္ကို ခုခံကာကြယ္ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရာတြင္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးတြင္ ပါဝင္ေန သည့္ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံႏွင့္ အတူ ပူးေပါင္းမည့္ အျပင္ ၎တို႔၏ ညီေနာင္ မဟာမိတ္ တပ္မ်ားႏွင့္လည္း ပူးေပါင္း ပါမည္ဟု ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။ https://burma.irrawaddy.com/news/2021/03/30/240053.hml

**************

၂။ KIA တပ္မဟာ ၂ ေအာက္ တပ္ရင္း ၂ ခုကို အာဏာသိမ္းစစ္တပ္က ေလယာဥ္ျဖင့္ တိုက္ခိုက္
29 March, 2021

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၂ ေအာက္ တပ္ရင္း ၁၄ ႏွင့္ တပ္ရင္း ၁၁ နယ္ေျမသို႔ ယေန႔ ညေနပိုင္းတြင္ အာဏာသိမ္းစစ္တပ္က ဂ်က္ေလယာဥ္ ၂ စီး စီျဖင့္ သြားေရာက္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။ ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသ KIA တပ္ရင္း ၁၄ နယ္ေျမရွိ တပ္စခန္းတစ္ခုကို ယေန႔ ညေန ၄ နာရီခန႔္အခ်ိန္ အာဏာသိမ္းစစ္တပ္က ေလယာဥ္ ၂ စီးျဖင့္ ဗုံးႀကဲ တိုက္ခိုက္ခဲ့ေၾကာင္း ထိုေနရာေဒသအနီးတြင္ အလုပ္လုပ္ကိုင္ေနေသာ ျပည္သူ တစ္ဦးက ေျပာသည္။“ဒီဘက္ ၁၄ ဘက္မွာ ေလယာဥ္ ၂ စီးနဲ႔ လာပစ္တယ္။ ဒါေၾကာင့္ လူႀကီးေတြက အလုပ္လုပ္တာ ခဏနားထားခိုင္းတယ္။” ဟု ဟူးေကာင္းခ်ိဳင့္ဝွမ္းေဒသခံ တစ္ဦးက ေျပာသည္။

အလားတူ ညေန ၅ နာရီခန႔္တြင္ မိုးေကာင္းၿမိဳ႕နယ္ KIA တပ္ရင္း ၁၁ ေနရာ ကဆုန္ဘက္ကိုလည္း အာဏာသိမ္းစစ္တပ္က ဂ်က္ေလယာဥ္ ၂ စီးျဖင့္ သြားေရာက္ ပစ္ခတ္ခဲ့သည္ဟု သိရသည္။ ထိုသို႔ KIA တပ္မဟာ ၂ ေအာက္ တပ္ရင္း ၂ ခုကို တစ္ခ်ိန္တည္း တိုက္ခိုက္ခဲ့ေသာ္လည္း KIA ဘက္က ထိခိုက္မႈ မရွိေၾကာင္း သိရသည္။ KIA တပ္ရင္း ၁၄ သည္ တပ္မဟာ ၂ ဌာနခ်ဳပ္ တည္ရွိေသာ နယ္ေျမျဖစ္ၿပီး ေ႐ႊႏွင့္ ပယင္း အလြန္ထြက္ရွိရာေဒသျဖစ္ေသာေၾကာင့္ ၂၀၁၈ ခုႏွစ္တြင္ အာဏာ သိမ္းစစ္တပ္က အင္အားအလုံးရင္းျဖင့္ ထိုေနရာမ်ားကို တိုက္ခိုက္သိမ္းပိုက္ထားသည္။

အာဏာသိမ္းစစ္တပ္သည္ မိုးေမာက္ၿမိဳ႕နယ္ KIA တပ္မဟာ ၃ ေအာက္ တပ္ရင္း ၁၅ ႏွင့္ ၂၇ နယ္ေျမတို႔တြင္လည္း ၁၂၀ မမ လက္နက္ႀကီးမ်ားျဖင့္ မတ္လ ၂၈ ရက္ညက ပစ္ခတ္ခဲ့ေၾကာင္း KIO သတင္းမ်ားတြင္ ေဖာ္ျပထားသည္။ ဆႏၵျပ ျပည္သူမ်ားကို ပစ္သတ္ေသာ အာဏာသိမ္းစစ္တပ္ ႏွင့္အတူ ၎လက္ေအာက္ရွိ ရဲတပ္ဖြဲ႕မ်ားကို KIA က မတ္လ ၁၁ ရက္ေန႔မွ စတင္ၿပီး တိုက္ခိုက္ဖ်က္စီးမႈမ်ား ျပဳလုပ္လာေနသည္ကို ေတြ႕ရသည္။ https://burmese.kachinnews.co m/2021/03/29/mar-29-s1/

**************

၃။ ေလေၾကာင္း တိုက္ခိုက္မႈ ကရင္ေဒသခံ ၁၀၀၀၀ ေက်ာ္ ထြက္ေျပးေနရ
29 March 2021

ကရင္ျပည္နယ္၊ ဖာပြန္ခ႐ိုင္အတြင္းရွိ ေက်း႐ြာမ်ားကို စစ္တပ္က ေလေၾကာင္းမွ ဗုံးႀကဲသျဖင့္ ေဒသခံ ကရင္လူဦးေရ ၁၀၀၀၀ ေက်ာ္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားအျဖစ္ ထြက္ေျပးေနရေၾကာင္း သတင္းရရွိသည္။ စစ္ေရးတင္းမာေနသည့္ KNU တပ္စခန္းမ်ားကို ဦးတည္တိုက္ခိုက္ျခင္း မဟုတ္ဘဲ ဖာပြန္ခ႐ိုင္ရွိ ကရင္လူမ်ိဳးမ်ား ေနထိုင္ရာ ႐ြာမ်ားကို ဗုံးႀကဲတိုက္ခိုက္ သျဖင့္ ေဒသခံ ၃၀၀၀ ေက်ာ္မွာ ထိုင္းႏိုင္ငံဘက္သို႔ ထြက္ေျပးေနၿပီး၊ ၈၀၀၀ခန႔္ မွာ ဖာပြန္ခ႐ိုင္ရွိ ေတာတြင္းသို႔ ထြက္ေျပး ေနရေၾကာင္း ကရင္အရပ္ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ ေဒသခံမ်ားထံမွ သိရသည္။

ကရင္အမ်ိဳးသမီးအစည္းအ႐ုံး (KWO) က “ေဒပူႏိုေက်း႐ြာက ေဒသခံေတြ အိပ္မက္ဆိုးၾကားထဲမွာ ျဖတ္သန္းေနရပါတယ္။ မေန႔ညနဲ႔ ဒီကေန႔ မနက္အေစာပိုင္းမွာ ေဒပူႏိုေက်း႐ြာကို ဗမာစစ္တပ္က ေလေၾကာင္းနဲ႔ ၃ ႀကိမ္ လာတိုက္ခိုက္ပါတယ္။ ည ၁၁နာရီ ၄၁ မိနစ္မွာ တႀကိမ္၊ မနက္ ၁နာရီ ၅၂ မိနစ္မွာ တႀကိမ္၊ မနက္ ၃ နာရီ ၃၄ မိနစ္မွာ တႀကိမ္ပါ။ ႐ြာသားတဦး လည္း ဒဏ္ရာ ရရွိထားပါတယ္” ဟု သတင္း ထုတ္ျပန္ထားသည္။ KWO ၏ ထုတ္ျပန္ခ်က္အရ မတ္ ၂၈ ရက္၊ ည ၁၁ နာရီအခ်ိန္ ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခံရမႈႏွင့္ မတ္ ၂၉ ရက္၊ နံနက္အေစာပိုင္း ၂ ႀကိမ္ တိုက္ခိုက္ခံရသည္ဟု သိရသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ (KPSN) ကလည္း သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္အတြင္း ေလေၾကာင္း တိုက္ခိုက္မႈမ်ားႏွင့္ ကရင္ဌာေနတိုင္းရင္းသားမ်ားအေပၚ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနမႈကို ရပ္တန႔္ရန္၊ စစ္တပ္၏ တပ္စခန္း မ်ား ဆုတ္ခြာေပးရန္ ထုတ္ျပန္ခ်က္တေစာင္ ထုတ္ျပန္ ေတာင္းဆိုထားသည္။ KPSN ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထြက္ေျပးေန ရသည့္ စစ္ေဘးေရွာင္ ဒုကၡသည္မ်ားကို အကူအညီေပးၾကရန္ ေတာင္းဆို ထားသည့္အျပင္ ႏိုင္ငံတကာ အသိုင္းအဝိုင္း အေနျဖင့္ အာဏာသိမ္း စစ္တပ္ကို ႏိုင္ငံတကာ ခုံ႐ုံးတင္ စစ္ေဆး အေရးယူ ႏိုင္ေရးႏွင့္ စစ္တပ္၏ လက္နက္ခဲယမ္း ဝယ္ယူ ခြင့္မ်ားကို ပိတ္ပင္ တားဆီးေပးရန္လည္း ထည့္သြင္း အကူအညီ ေတာင္း ထားသည္။ https://burma.irrawaddy.com/ news/2021/03/29/240010.html

************

၄။ သွ်မ္းေျမာက္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ တိုက္ပြဲေၾကာင့္ အမ်ိဳးသမီးတစ္ဦး လက္နက္ႀကီးထိမွန္
March 29, 2021

သွ်မ္းျပည္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္ ပန္လုံေက်း႐ြာတြင္ ေျမာက္ပိုင္းမဟာမိတ္ တပ္ဖြဲ႕ ႏွင့္ RCSS တို႔ တိုက္ပြဲျဖစ္ပြားမႈ ေၾကာင့္ အမ်ိဳးသမီး တဦး လက္နက္ႀကီးထိမွန္ခဲ့ေၾကာင္း စုံစမ္းသိရသည္။

(မတ္ ၂၈ ရက္) ညေန ၃ နာရီတြင္ နမၼတူၿမိဳ႕နယ္ ပန္လုံေက်း႐ြာအနီး ေျမာက္ပိုင္းမဟာမိတ္တ္ တပ္ေပါင္းစု ျဖစ္သည့္ TNLA၊ SSPP ႏွင့္ RCSS/SSAတို႔ တိုက္ပြဲျဖစ္ပြားကာ အရပ္သားေနအိမ္ေပၚသို႔ လက္နက္ႀကီးက်ၿပီး ပါနန္းစံ ကို လက္နက္ ႀကီး စထိမွန္ခဲ့ေၾကာင္း ပန္လုံေက်း႐ြာ ေဒသခံ တဦး ကေျပာသည္။“လက္နက္ႀကီး က အိမ္ၿခံဝင္းထဲက် လာတယ္။ လက္နက္ႀကီး စက ပါနန္းစံကိုသြားထိမွန္တာ။ အခုေတာ့ သူကို လာရႈိးေဆး႐ုံးကို ပို႔ထားလိုက္ပါၿပီ”ဟု ပင္လုံးေက်း႐ြာ ေဒသခံ တစ္ဦးက ေျပာသည္။ ပန္လုံေက်း႐ြာ အရပ္သားေနအိမ္အတြင္းသို႔ လက္နက္ႀကီးက်သည့္အထိ ျဖစ္ေနသျဖင့္ ပန္လုံးေက်း႐ြာ ျပည္သူမ်ားေနအိမ္တြင္းသို႔ မေနရဲသျဖင့္ နီးစပ္ရာ မန္စံႏွင့္ ပန္သေျပ ေက်း႐ြာဘက္သို႔ ထြက္ေျပးတိမ္း ေရွာင္ေနရေၾကာင္း သိရသည္။

“ လက္နက္ႀကီးက်ေတာ့ ဘယ္သူမွ မေနရဲေတာ့ဘူး။ တျခားေနရာေျပာင္းေနရတယ္။ ပန္လုံေက်း႐ြာမွာ အရင္က တခါႀကဳံဖူးေတာ့ သိေနၾကတယ္ေလ” ဟု ၎ က ဆိုသည္။ လက္ရွိမွာ သွ်မ္းျပည္ေျမာက္ပိုင္းတြင္ တိုင္းရင္သားအခ်င္းခ်င္း တိုက္ပြဲျဖစ္ပြားမႈ၊ အၾကမ္းဖက္စစ္ေကာင္စီ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ တိုက္ပြဲျဖစ္ပြားမႈ သည္ ေန႔စဥ္ႏွင့္ အမွ်ရွိေနေၾကာင္း သိရသည္။ https://burmese.shannews.org/archives/21470

***********

၅။ နစကတြင္ MUP ကိုယ္စားလွယ္ပါဝင္ေနမႈေၾကာင့္ ဗဟိုအလုပ္အမႈေဆာင္/ဗဟိုေကာ္မတီႏွင့္ ၿမိဳ႕နယ္ေကာ္မတီဝင္တို႔ အစုလိုက္အၿပဳံလိုက္ ထပ္မံႏုတ္ထြက္
March, 27, 2021

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(နစက) တြင္ မြန္ညီၫြတ္ေရးပါတီ MUP ကိုယ္စားလွယ္ပါဝင္ေနမႈေၾကာင့္ ဗဟိုအလုပ္ အမႈေဆာင္/ဗဟိုေကာ္မတီမ်ားႏွင့္ ၿမိဳ႕နယ္ေကာ္မတီမ်ားအပါအဝင္ (၃၃) ဦး အစုလိုက္အၿပဳံလိုက္ ႏုတ္ထြက္စာထပ္မံ တင္လိုက္သည့္အတြက္ ယခုလအတြင္း အမာခံပါတီဝင္စုစုေပါင္း (၅၀) ဦးဝန္းက်င္ခန႔္ ႏုတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း ေတြ႕ရွိရသည္။

MUP ဗဟိုတြဲဖက္အတြင္းေရးမႉးအဖြဲ႕ဝင္ ေဒါက္တာ မင္းၾကည္ဝင္းႏွင့္ ႏိုင္စိုးျမင့္တို႔အပါအဝင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စား လွယ္ေဟာင္း ေဒါက္တာမင္းစိုးလင္း၊ ၂၀၂၀ ေ႐ြးခ်ယ္ခံ ျပည္နယ္လႊတ္ေတာ္အမတ္ ႏိုင္မြန္ရာဇာ တို႔ပါဝင္ေသာ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕ဝင္မ်ား၊ ဗဟိုေကာ္မတီဝင္ (၁၁) ဦးႏွင့္ ၿမိဳ႕နယ္အမႈေဆာင္ (၇) ဦး စုစုေပါင္း (၃၃) ဦးတို႔ ယမန္ေန႔က ထပ္မံႏုတ္ထြက္လိုက္ျခင္း ျဖစ္သည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ(နစက)တြင္ MUP ပါဝင္ေနမႈအား မတ္လ ၁၆ ရက္ေန႔က က်င္းပခဲ့သည့္ အေရးေပၚအစည္းအေဝးတြင္ ဗဟိုေကာ္မတီ ၃ ပုံ ၂ ပုံ ေထာက္ခံမဲျဖင့္အတည္ျပဳခဲ့ၿပီးေနာက္ပိုင္း ဗဟိုေကာ္မတီဝင္ ၂၁ ဦး ႏုတ္ထြက္ခဲ့ၿပီးျဖစ္ေၾကာင္း ေတြ႕ရွိရသည္။

အလားတူ နစကအဖြဲ႕ဝင္အျဖစ္ ကိုယ္စားလွယ္တစ္ဦး ေ႐ြးခ်ယ္ေစလႊတ္ရန္ MUP ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ေဖေဖာ္ဝါရီ လ အေရးေပၚအစည္းအေဝးမွ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့အၿပီး CEC အဖြဲ႕ဝင္ မြန္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠဌေဟာင္း ေဒါက္တာေအာင္ႏိုင္ဦး ကနဦး ႏုတ္ထြက္စာတင္ခဲ့ေၾကာင္း၊ မတ္လ ၂၄ ရက္ေန႔တြင္လည္း MUP ဗဟိုေကာ္မတီ ၅ ဦးႏွင့္ ၿမိဳ႕နယ္အဆင့္ ပါတီဝင္အခ်ိဳ႕တို႔၏ ႏုတ္ထြက္စာမ်ားကို လူမႈကြန္ရက္ေပၚမွ ျဖန႔္ေဝခဲ့ေၾကာင္း သိရသည္။ ျမန္မာ့ႏိုင္ငံေရး အၾကပ္အတည္းႏွင့္ အခင္းအက်င္းတြင္ မြန္ညီၫြတ္ေရးပါတီ၏ ဆုံးျဖတ္ခ်က္ ခ်မွတ္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေန သည္မွာ ပါတီမူဝါဒလမ္းစဥ္ႏွင့္ လုံးဝ(လုံးဝ) ဆန႔္က်င္ေနပါသျဖင့္ ပါတီ၏တာဝန္အဆင့္ဆင့္မွလည္းေကာင္း ပါတီဝင္ အျဖစ္မွလည္းေကာင္း ႏုတ္ထြက္ေၾကာင္း အထက္ေဖာ္ျပပါ မိတၱဴစာမ်ားကို Online ေပၚတြင္ ေတြ႕ရွိရသည္။ http://burmese.monnews.org/2021/03/27/%e1%80%94%e1%80%85%e1% 80%80%e1%80%90%e1%

**************

၆။ ဖားကန႔္တြင္ အာဏာသိမ္းစစ္တပ္က ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္သျဖင့္ ျပည္သူမ်ား ထြက္ေျပးတိမ္းေရွာင္ေနရ
28 March 2021

ကခ်င္ျပည္နယ္၊ဖားကန႔္ၿမိဳ႕ရွိ ေက်း႐ြာအခ်ိဳ႕တြင္အာဏာသိမ္း စစ္တပ္မွ ရဟတ္ယာဥ္ျဖင့္ ရမ္းသန္းပစ္ခတ္ခဲ့သည့္အတြက္ ျပည္သူ ႏွစ္ရာေက်ာ္ခန႔္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ မတ္လ ၂၈ ရက္ေန႔ နံနက္ (၂)နာရီေက်ာ္ခန႔္တြင္ လုံးခင္းေက်း႐ြာအုပ္စု ကထန္႐ြာႏွင့္ ေတာေမွာ္႐ြာအၾကားရွိ အာဏာသိမ္းစစ္ေကာင္စီ၏ ရဲတပ္ရင္း အား KIO/KIA မွ တိုက္ခိုက္သိမ္းပိုက္သည့္ေနာက္ တိုက္ပြဲအၿပီး စစ္ေကာင္စီ၏ ရဟတ္ယာဥ္ ႏွစ္စီးမွ ရမ္းသမ္းပစ္ခတ္ခဲ့ သည့္အတြက္ တိုက္ပြဲျဖစ္ပြားရာအနီးမွ ျပည္သူမ်ား နီးစပ္ရာ နီးစပ္ရာေဆြမ်ိဳးမ်ားအိမ္၊ကုေဋေက်း႐ြာ ႏွစ္ျခင္းအသင္း‌ေတာ္ အေဆာက္အအုံမ်ား၊ဖဝါဘုန္းႀကီးေက်းမ်ားတြင္ လာေရာက္ခိုလႈံေနရေၾကာင္း ေဒသခံမ်ားကေျပာ သည္။

လက္ရွိထြက္ေျပးတိမ္းေရွာင္လာရသည့္ ေဒသခံမ်ားသည္စြတ္ေအာင္၊ ဖဝါ၊ ေတာေမွာ္၊ ကထန္႐ြာႏွင့္ ေတာက္ပၾကယ္ ကုမၸဏီ၏ စြန႔္ပစ္ေျမစာပုံေဟာင္း ေနရာတြင္ ေနထိုင္ၾကသည့္ ျပည္သူ ႏွစ္ရာေက်ာ္ခန႔္ ျဖစ္သည္။ အဆိုပါ ထြက္ေျပး တိမ္းေရွာင္လာသည့္ ျပည္သူမ်ား၏ က်န္းမာေရးႏွင့္ပတ္သက္ၿပီး ဖားကန႔္ၿမိဳ႕ CDM ျပဳလုပ္သည့္ ဆရာဝန္မ်ားမွ က်န္းမာေရး ကူညီေစာက္ေရွာက္ေပးေနေၾကာင္း သိရသည္။

ဖားကန႔္ၿမိဳ႕တြင္ မတ္လ ၂၇ ရက္ေန႔ စစ္ေကာင္စီ၏ ပစ္ခတ္မူေၾကာင့္ ျပည္သူတစ္ဦးေသဆုံးခဲ့ရသည့္အျပင္ ညပိုင္းတြင္ လည္း ယင္းရပ္ကြက္တြင္ ေသနတ္မ်ား ပစ္ေဖာက္ကာ လာေရာက္ၿခိမ္းေျခာကါသည့္ အေနထားမ်ားလည္း ရွိခဲ့ေၾကာင္း ေဒသခံမ်ားကေျပာသည္။ ထို႔ေနာက္ မတ္လဘ၂၈ရက္ နံနက္ ၃နာရီခန႔္တြင္ ဖဝါရဲတပ္ရင္းအား KIA မွလာေရာက္ တိုပ္ခိုက္ဖ်က္စီးခဲ့သည္။ https://burmese.kachinnews.com/2021/03/28/%e1%80%96%e1%80%ac%e1%80 %b8%e1%80%80%e1

*************

၇။ မူဆယ္ၿမိဳ႕နယ္ ေရအားလွ်ပ္စစ္စက္႐ုံ အနီး တိုက္ပြဲျဖစ္၊ စက္႐ုံဝန္ထမ္း (၅)ဦးထိခိုက္ဒဏ္ရာရ
March 29, 2021

သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္ စြမ္ေစာ္ရပ္ကြက္ ခူးဝိန္းနယ္ေျမ အတြင္းရွိ ေရအားလွ်ပ္စစ္စက္႐ုံအနီး တိုက္ပြဲျဖစ္ပြား ရာ စက္႐ုံဝန္ထမ္း ၅ ဦးခန႔္ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ မတ္ (၂၈) ရက္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ ႏွင့္ ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA) တို႔သည္ ေန႔လည္ ၁ နာရီခြဲ မွ ညေန ၆ နာရီထိ လက္နက္ႀကီး လက္နက္ငယ္အသံျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့သည့္အသံၾကားရေၾကာင္း မူဆယ္ေဒသခံမ်ားက ေျပာဆိုၾကသည္။“စစ္ေကာင္စီဘက္က တစ္ေယာက္ ထိခိုက္ဒဏ္ရာရၿပီး ေျခေထာက္ျဖတ္ရတယ္။ ကုမၸဏီဘက္က ၅ ေယာက္ ထိခိုက္ဒဏ္ရာရပါတယ္” ဟု မူဆယ္ေဒသခံ တစ္ဦး က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

အဆိုပါ တိုက္ပြဲေၾကာင့္ ေရအားလွ်ပ္စစ္စက္႐ုံ ပတ္ဝန္းက်င္နား ျဖစ္ပြားခဲ့သည့္အတြက္ စက္႐ုံဝန္ထမ္းမ်ား ကားမ်ား ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရသည္။“ေရအားလွ်ပ္စစ္စက္႐ုံက ကားလည္း ၂ စီး ၃ စီးေလာက္ ပ်က္စီးသြားတယ္” ဟု မ်က္ျမင္သက္ေသ မ်ားက ေျပာဆိုၾကသည္။ https://burmese.shannews.org/archives/21473

************

၈။ လုံၿခဳံေရးမ်ား ပိုမိုတင္းၾကပ္ထားေသာ္လည္း ေမာ္လၿမိဳင္လူငယ္မ်ား ဆက္လက္ဆႏၵျပ
30 March, 2021

လုံၿခဳံေရးေတြ ပိုမိုတင္းၾကပ္လာတဲ့ ေမာ္လၿမိဳင္မွာေတာ့ မတ္လ ၃၀ ရက္ေန႔ ေန႔လယ္ပိုင္းမွာ အာဏာသိမ္း အၾကမ္းဖက္ စစ္အုပ္စုကို လူငယ္ေတြ ဆႏၵျပခဲ့ၾကပါတယ္။

အၾကမ္းဖက္စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဟာ ၿမိဳ႕ေပၚ ရပ္ကြက္အမ်ားစုမွာ ပိတ္ဆို႔စစ္ေဆးတာ ဆက္တိုက္ လုပ္ေဆာင္လာတဲ့ အတြက္ေၾကာင့္ ေျပက္က်ားစနစ္နဲ႔ ေတာ္လွန္ခဲ့ရတာျဖစ္ပါတယ္။

ေမာ္လၿမိဳင္မွာေတာ့ မတ္လ ၂၉ ရက္ေန႔ ညပိုင္းမွာ ေပါက္ကြဲမႈ သုံးႀကိမ္ျဖစ္ေပၚၿပီးေနာက္ အၾကမ္းဖက္စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က စစ္ေဆးတာေတြ ဆက္တိုက္လုပ္ေနတာပါ။ ေမာ္လၿမိဳင္မွာေတာ့ အၾကမ္းဖက္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ရဲ႕ပစ္ခတ္မႈေၾကာင့္ အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးငယ္ ၁ ဦး အပါအဝင္ ေသဆုံးသူ ၆ ဦးထိ ရွိလာခဲ့ပါတယ္။ http://burmese.dvb.no /archives/455042

*************

၉။ ကရင္စစ္ေျပးဒုကၡသည္မ်ားကို ထိုင္းစစ္တပ္က ျပန္ေမာင္းထုတ္
30 March, 2021

ကရင္စစ္ေျပးဒုကၡသည္မ်ားကို ထိုင္းစစ္တပ္က ျပန္ေမာင္းထုတ္DVB ထိုင္းႏိုင္ငံကို ထြက္ေျပးခိုလႈံလာတဲ့ ကရင္စစ္ေဘး ေရွာင္ေတြကို ထိုင္းစစ္တပ္က မိမိေနရပ္သို႔ျပန္ထြက္ခြာဖို႔ ေမာင္းထုတ္လိုက္တယ္လို႔ ဒီျဖစ္စဥ္ကို ႐ုပ္သံ မွတ္တမ္း႐ိုက္ကူး ေနသူ တစ္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔မွာ KNU/KNLA တပ္မဟာ ၅ နယ္ေျမကို အာဏာသိမ္း စစ္ေကာင္စီရဲ႕ ေလတပ္က ဗုံးက်ဲ တိုက္ ခိုက္ခဲ့တာေၾကာင့္ ကရင္ျပည္သူေတြ ေထာင္နဲ႔ခ်ီၿပီး သံလြင္ျမစ္တဘက္ကမ္း ထိုင္းႏိုင္ငံဘက္မွာ ယာယီ စစ္ေျပးေရွာင္ ခိုလႈံ ေနၾကတာပါ။ မတ္လ ၂၉ ရက္ေန႔မွာ စစ္ေကာင္စီတပ္နဲ႔ KNU တိုက္ပြဲမရွိေတာ့ဘူးဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ထိုင္းစစ္တပ္က ကရင္စစ္ေဘးေရွာင္ေတြကို ျမန္မာျပည္ဘက္ ျပန္ခိုင္းေနတာျဖစ္တယ္။ http://burmese.dvb.no/archives/454988

*************

၁၀။ မယ္ဆိုင္တြင္ ျမန္မာဘက္သို႔ပို႔ေဆာင္မည့္ လက္ပစ္ဗုံးႏွင့္က်ည္ဆန္မ်ား ဖမ္းဆီးရမိ
29 March, 2021

မယ္ဆိုင္ၿမိဳ႕ ဝိန္းဖန္ခမ္းရပ္ကြက္ရွိ ကုန္ပစၥည္းပို႔ေဆာင္ေရးဝန္ေဆာင္မႈလုပ္ငန္းတစ္ခုဟာ မေန႔ မနက္က ခြၽန္းပူးရီးခ႐ိုင္ ဘက္က ပို႔ေဆာင္လာတဲ့ အထုတ္ ၆ ထုတ္မွာ ပုံမွန္မဟုတ္ဘဲ ေလးလံေနလို႔ တာဝန္ရွိရဲတပ္ဖြဲ႕ကို ေခၚယူၿပီးအထုတ္ေတြ စစ္ေဆးေစခဲ့တယ္လို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက အဆိုပါအထုတ္ေတြကို ကိုဖြင့္ၾကည့္ရာမွာေတာ့ အထဲမွာ အမ္- ၁၆ အ႐ြယ္အစား က်ည္ဆန္ေတြ ေတြ႕ရေၾကာင္း ၊ အထုတ္တစ္ထုတ္ကို က်ည္ဆံ ၁ ေထာင္ပါတဲ့အတြက္ ၄ ထုတ္စာ ၄ ေထာင္အရင္ေတြ႕ရွိတယ္လို႔ ဆိုပါတယ္။

ညေနပိုင္းမွာ ေနာက္ထပ္ပုံစံတူ အထုတ္ ၆ ထုတ္ထပ္ေရာက္လာၿပီး အထဲမွာ က်ည္ဆန္ အေတာင့္ေပါင္း ၂ ေထာင္နဲ႔ K-75 အမ်ိဳးအစား လက္ပစ္ဗုံး ၅၂ လုံးကိုပါ ထပ္ၿပီးေတြ႕ရပါတယ္။ ပစၥည္းလက္ခံသူကို ဖုံးနဲ႔အေၾကာင္းၾကားလိုက္ရာမွာေတာ့ မယ္ဆိုင္ၿမိဳ႕ေန ႏိုင္းမႏိုးကြန္း ဆန္ဆြန္ ( အသက္ ၃၀ ႏွစ္) ဆိုသူက အျဖဴေရာင္မာဇဒါကားနဲ႔ လာယူေၾကာင္း၊ အသင့္ေစာင့္ ေနတဲ့ အရပ္ဝတ္ရဲေတြက သူ႔ကိုဖမ္းဆီးလိုက္တာပါ။ သူကေတာ့ အထုတ္ထဲမွာ ဘာေတြပါမလဲဆိုတာ မသိရဘဲ လမ္းပန္းၿမိဳ႕ေနလူတစ္ဦးက အဆိုပါအထုတ္ေတြကိုယူၿပီးတာခ်ီလိတ္ဘက္သြားမယ့္ ကားသမားဆီပို႔ေပးဖို႔ေျပာတာေၾကာင့္ လာယူရတာလို႔ ဆိုပါတယ္။

ကြင္းဆက္အျဖစ္ မယ္ဆိုင္မွ တာခ်ီလိတ္ဘက္ကို အထုတ္အပိုးေတြ သယ္ယူပို႔ေဆာင္ေပးမယ့္ ေနာက္ထပ္ ကားသမား ႏိုင္းဆုန္း ဆဒ္ဆီရီခ်ိဳင္း႐ုန႔္ရိန္း ( အသက္ ၃၁ ႏွစ္ ) ကို ထိုင္းရဲက ဖမ္းဆီးလိုက္ပါတယ္။ သူတို႔ႏွစ္ဦးလုံးကေတာ့ အထုတ္ ထဲမွာ လက္နက္ပါတယ္ဆိုတာ မသိဘူးလို႔ျငင္းဆိုထားၿပီး တာဝန္ရွိသူေတြက ေနာက္ထပ္အေသးစိပ္ စစ္ေဆးေမး ျမန္းကာ အမႈမွန္ေဖာ္ထုတ္သြားမယ္လို႔ ဆိုပါတယ္။ http://burmese.dvb.no/archives/454898

***************

၁၁။ ျမစ္ႀကီးနား၌ ညေနပိုင္းဆႏၵျပေနသူမ်ားကို အၾကမ္းဖက္စစ္တပ္က ပစ္ခတ္ၿပီး ဆိုင္ကယ္မီးရႈိ႕
29 March, 2021

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕က ရမ္ပူရပ္ကြက္မိန္းလမ္းမႀကီးေပၚမွာ မတ္လ ၂၉ ရက္ ညေန ၄ နာရီေလာက္က ရဲနဲ႔စစ္တပ္လက္နက္ကိုင္ေတြက ေသနတ္က်ည္ဆန္အစစ္ေတြ ရာဘာက်ည္ေတြနဲ႔ အခ်က္၂၀ ေက်ာ္ပစ္ခတ္ၿပီး ဆႏၵျပ သူေတြကို ဖမ္းဆီးခဲ့တယ္လို႔ ရပ္ကြက္ေနသူေတြထံက သိရပါတယ္။

ဆႏၵျပရာမွာပါဝင္တဲ့သူတစ္ေယာက္က “ ရာဘာက်ည္ေက်ာမွာ ငါးခ်က္ထိတဲ့သူရယ္၊ နဖူးမွာ တစ္ခ်က္ထိတဲ့သူေတာ့ရွိ တယ္။ က်ည္အစစ္ကေတာ့ မထိမိၾကဘူး။ လမ္းေဘးမွာရပ္ထားတဲ့ဆိုင္ကယ္တစ္စီးကိုလည္း လက္နက္ကိုင္ေတြကမီးရႈိ႕ သြားတယ္ ”လို႔ ေျပာပါတယ္။ ဒီမနက္ ၁၁နာရီကလည္းရမ္ပူရပ္ကြက္ နယ္ေျမ ၁၄ မွာေနတဲ့ အသက္ ၁၃ႏွစ္အ႐ြယ္ ေယာက်ာ္းေလးတစ္ေယာက္ ညာဘက္ပါးကို က်ည္အစစ္ထိမွန္ခဲ့ၿပီး အမ်ိဳးသမီး တစ္ေယာက္ ေပါင္မွာ က်ည္အစစ္ထိမွန္ခဲ့ သလို ရာဘာက်ည္ထိမွန္သူ အမ်ိဳးသား ၃ ေယာက္ရွိခဲ့ၿပီး ဒဏ္ရာကေတာ့ အရမ္းႀကီးမစိုးရိမ္ရဘူးလို႔ ေဆြမ်ိဳးေတာ္စပ္ သူေတြထံေနသိရပါတယ္။

ရမ္ပူရပ္ကြက္မွာ ၂၇ ရက္ကစၿပီး ေဒသခံလူထုက အလံနက္ေထာင္ကာ ဆႏၵျပခဲ့ၾကရာ စစ္ေကာင္စီလက္နက္ကိုင္ အၾကမ္းဖက္တပ္ေတြက ရပ္ကြက္အတြင္းဝင္ေရာက္ပစ္ခတ္ေနတာ ဒီေန႔နဲ႔ဆို ၃ ရက္ရွိၿပီျဖစ္ကာ လမ္းေဘးေစ်းဆိုင္ေတြ လည္း ပိတ္ထားခဲ့ရပါတယ္။ http://burmese.dvb.no/archives/454890

*************

၁၂။ မူဆယ္တြင္ စစ္တပ္က ပစ္ခတ္သျဖင့္ ျပည္သူ ၁ ဦး ဒဏ္ရာရ ၂၀ ေက်ာ္ဖမ္းဆီးခံရ
29 March, 2021

ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ စစ္ေကာင္စီအၾကမ္းဖက္တပ္ဖြဲ႕ဝင္ေတြက ဆႏၵျပသူေတြကို လိုက္လံဖမ္းဆီးေနရာမွာ ကေန႔ ညေန ၄ နာရီခြဲထိ လူေပါင္း ၂၀ ေက်ာ္ဖမ္းဆီးခံထားရၿပီး လူငယ္ ၁ ဦး ေသနတ္က်ည္ဆန္ထိမွန္ ဒဏ္ရာရသြားပါ တယ္။

စစ္ေကာင္စီအၾကမ္းဖက္သမားေတြဟာ ဟိုနားရပ္ကြက္၊ ၄၅ ကုန္း ၊ ေကာင္းေနာင္ရပ္၊ ေျမာက္ရပ္ကြက္ရွိ လူေနအိမ္ထဲပါ ဝင္ေရာက္စစ္ေဆးရွာေဖြၿပီး ဆႏၵျပသမားလို႔ ယူဆရတဲ့ သူ ေတြကို ဖမ္းသြားတာေၾကာင့္ ဖမ္းဆီးခံရသူေပါင္း ၂၀ ေက်ာ္ တယ္လို႔ မူဆယ္ေဒသခံတစ္ဦးက ေျပာပါတယ္။ ဒါ့အျပင္ က်ည္အစစ္ေတြနဲ႔ပါ ပစ္ခတ္တာေၾကာင့္ ဟိုနားရပ္ကြက္ ကေမာၻဇ ဘဏ္ ကုန္းဆင္းနားမွာ အသက္ ၂၀ ေက်ာ္ရွိ လူ႐ြယ္တစ္ဦး ညာဘက္လက္ကို ထိမွန္ဒဏ္ရာရသြားတယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီအၾကမ္းဖက္သမားေတြဟာ ယေန႔ ညေန ၄ နာရီခြဲထိ ရပ္ကြက္အတြင္း ေမႊေႏွာက္ရွာေဖြတာကို မရပ္ေသးဘဲ ေသနတ္ပစ္ခတ္ၿခိမ္းေျခာက္ေနတာေၾကာင့္ ဆႏၵျပသူေတြလည္း ေဘးလြတ္ေအာင္ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္။ http://burmese.dvb.no/archives/454873

*************

၁၃။ ခမရ(၄၀၈)တပ္ဖြဲ႕ဝင္မ်ား၏ ကားတိမ္းေမွာက္ ထိခိုက္ေသဆုံးမႈမ်ားျပား
March 29, 2021

စစ္ေကာင္စီ၏ ေျချမန္တပ္ရင္း(ခမရ-၄၀၈) တပ္ဖြဲ႕ဝင္မ်ားကို တင္ေဆာင္လာေသာ စစ္ကားတစ္စီးမွာ မတ္လ ၂၉ ရက္ ေန႔လည္ ၁၁ နာရီတြင္ ကရင္ျပည္နယ္၊ လႈိင္းဘြဲၿမိဳ႕နယ္အတြင္းရွိ ဝါ့ကလဲခို႔ေနရာ၌ တိမ္းေမွာက္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈ မ်ားျပားေၾကာင္း ေဒသတြင္း သတင္းအရင္းအျမစ္မ်ားအရ သိရသည္။

၎နယ္ေျမရွိ KNLA တပ္မႉးတစ္ဦးက “စစ္ကားေမွာက္သြားတာ ၄ေယာက္ ပြဲခ်င္းၿပီး ေသတယ္လို႔ သိရတယ္။ ကားထဲ မွာ လူအေယာက္ ၃၀ပါတယ္။ ဒီအထဲမွာ ထိခိုက္မႈမရွိတာ ၂ဦးပဲ။ က်န္တာေတြက အကုန္ ထိခိုက္ေသဆုံးမႈရွိတယ္လို႔ သိရ တယ္။”ဟု ေကအိုင္စီသို႔ ေျပာသည္။ ကားေမွာက္သည့္နယ္ေျမမွာ ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံး၏ တပ္မဟာ (၇)နယ္ေျမျဖစ္ၿပီး စစ္ေကာင္စီ၏ ခမရ(၄၀၈)တပ္ဖြဲ႕သည္ လႈိင္းဘြဲၿမိဳ႕နယ္မွတဆင့္ ကမေမာင္းၿမိဳ႕နယ္ကိုျဖတ္ကာ ေကအဲန္ယူ တပ္မဟာ(၅)သို႔ စစ္ကူ အျဖစ္ သြားေရာက္မည့္သူမ်ားျဖစ္ေၾကာင္းလည္း အဆိုပါတပ္မႉးက ေျပာဆိုသည္။

အမွတ္(၈) စစ္ကြပ္ကဲေရးဌာနခ်ဳပ္ လက္ေအာက္ခံ ခမရ(၄၀၈) ေမာင္းႏွင္လာသည့္ ကားႏွစ္စီးတြင္ စစ္သည္အင္အား ၅၀ ပါရွိၿပီး ယင္းသို႔ ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို လႈိင္းဘြဲႏွင့္ ဖားအံၿမိဳ႕မ်ားဘက္သို႔ သယ္ ေဆာင္သြားရာ လမ္းတြင္ ထပ္မံ ေသဆုံးမႈမ်ားရွိေသးေၾကာင္းလည္း ကိုယ္တိုင္ျမင္ေတြ႕ခဲ့သူမ်ား၏ ေျပာျပခ်က္ မ်ား အရ သိရသည္။ http://kicnews.org/2021/03/%e1%80%81%e1%80%99%e1%80%9b%e1%81%84%e1%81%8 0%e1%

*************

၁၄။ လီဒိုလမ္းမေပၚတြင္ အာဏာသိမ္းစစ္တပ္ကို KIA တိုက္ခိုက္
30 March 2021

ဖားကန္႔ၿမိဳ႕နယ္ ဒြမ္ဘန္ေက်း႐ြာႏွင့္ ခြန္စိုင္ယာန္ေက်း႐ြာၾကား အာဏာသိမ္းစစ္တပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္ရင္း (၂၀) တို႔ၾကား ယေန႔ နံနက္ ၁၀ နာရီခန႔္က တိုက္ပြဲ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အာဏာသိမ္းစစ္တပ္ အင္အား ၁၀၀ ေက်ာ္ခန္႔က ခြမ္စိုင္ယာန္ေက်း႐ြာ ကားလမ္းမ ႀကီးဘက္သို႔ ဆင္းလာခဲ့ရာ KIA တပ္ဖြဲ႕က တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဒြမ္ဘန္ေဒသခံတစ္ဦးက ယခုလိုေျပာဆိုသည္။“႐ြာကေန ပစ္ခတ္ၾကတာ ေသနတ္ ႀကီးသံေတြေရာ ေသနတ္ေသ သံေတြေရာၾကားရတယ္။ အခုလည္း အဲ့ေနရာမွာ စစ္သားေတြရွိေသးတယ္လို႔ သိရတယ္”ဟု ေျပာဆိုသည္။

ယေန႔နံနက္ တိုက္ပြဲ ျဖစ္ပြားခဲ့ေသာေၾကာင္း ေနာက္ဆက္တြဲအေနျဖင့္ ယေန႔ညတြင္ ေက်း႐ြာဘက္သို႔ လက္နက္ႀကီးပစ္ ခတ္ခံရမည္ကို စိုးရိမ္ေၾကာင္း ဒြမ္ဘန္ေက်း႐ြာႏွင့္ ခြမ္စိုင္ယာန္ေက်း႐ြာေဒသခံျပည္သူမ်ားက ေျပာသည္။ ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA တပ္မဟာ ၂ ေအာက္ တပ္ရင္း ၁၄ ႏွင့္ ၁၁ ေနရာကို အာဏာသိမ္းစစ္တပ္က မတ္လ ၂၉ ရက္ေန႔ ဗုံးသြားႀကဲခဲ့ေၾကာင္း သိရသည္။ https://burmese.kachinnews.com/2021/03/30/mar-30-y1/

************

၁၅။ သီေပါၿမိဳ႕ စစ္ေဘးေရွာင္ (၂၀၀) ေနရပ္ျပန္
March 30, 2021

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ရွိ ေအာင္မဂၤလာဘိုးေတာ္ ဘုန္းႀကီးေက်ာင္း တြင္ခိုလႈံသည့္ စစ္ေဘးေရွာင္(၂၀၀) ဝန္းက်င္သည္ ယေန႔ (မတ္ ၃၀)ရက္၌ ေနရပ္ကို ျပန္သြားၿပီျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။ ” ဒီေန႔ျပန္သြားၾကၿပီ။ ဘိုးေတာ္ ေက်ာင္းမွာက ကေလး နဲ႔ လူႀကီးပိုင္းေတြပဲ က်န္တယ္။ စဥ့္အင္က်ာင္းမွာလည္း က်န္ေသးတယ္။ မျပန္ေသးဘူး” ဟု စစ္ေဘး ေရွာင္သူမ်ားကို ကူညီေနသည့္ အမ်ိဳးသမီး တစ္ဦးကေျပာသည္။

လက္ရွိမွာ ေအာင္မဂၤလာ ဘိုးေတာ္ဘုန္းႀကီးေက်ာင္း စစ္ေရွာင္ ၂၀၀ ဝန္းက်င္ ေနရပ္ျပန္သြာားေသာ္လည္း ထိုေက်ာင္းတြင္ ကေလး ႏွင့္ လူႀကီး ၂၀ က်န္ရွိေနေသးေၾကာင္း၊ ေနရပ္ျပန္ရန္ ခက္ခဲမႈရွိေသာေၾကာင့္ အေျခေနကို ေစာင့္ၾကည့္ေနရ ေၾကာင္း သိရသည္။ စဥ့္အင္ေက်ာင္းတြင္ စစ္ေဘးေရွာင္ ၂၀၀ ေက်ာ္ က်န္ရွိေနေသးေၾကာင္းသိရသည္။ သီေပါၿမိဳ႕နယ္တြင္ RCSS ႏွင့္ SSPP တို႔ မတ္လ ၁၈ ရက္ေန႔မွ စၿပီးတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ သွ်မ္းျပည္ ေျမာက္ပိုင္းတြင္ တိုင္းရင္း သား လက္နက္ကိုင္အခ်င္းခ်င္း လက္ရွိအခ်ိန္ထိ စစ္ေရးတင္းမာေနေသးေၾကာင္း သိရသည္။ https://burmes e.shann ews.org/archives/21481

************

၁၆။ စစ္ေကာင္စီကို ဆန႔္က်င္လို႔ သထုံခ႐ိုင္အတြင္း အဖမ္းခံထားရသူ(၅၀)ဦးထက္မနည္း ရွိ
March 30, 2021

စစ္အာဏာရွင္ ဆန႔္က်င္ေရးလႈပ္ရွားမႈေတြကို ေဆာင္႐ြက္လို႔ သထုံခ႐ိုင္အတြင္းမွာ ဖမ္းဆီးခံထားရသူ (၅၀) ဦးထက္မနည္း ရွိၿပီးလို႔ လိုက္ပါေဆာင္႐ြက္ေပးေနသူေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္။ အဲ့ဒီအထဲမွာ က်ိဳက္ထိုႏွင့္သိမ္ဇရပ္က ဆႏၵ ေဖာ္ထုတ္သူေတြ အမ်ားဆုံး အဖမ္းခံထားရၿပီး က်န္ၿမိဳ႕နယ္ေတြက လႈပ္ရွားသူေတြလည္း ပါဝင္ပါတယ္။

အဖမ္းခံထားရသူေတြမွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ (၅၀၅) ႏွင့္ အမႈဖြင့္တရားစြဲဆိုခံထားရသူေတြ ပါဝင္သလို ျပည္သူ႔ဝန္ထမ္းက ထုတ္ျပန္တဲ့ အမိန႔္ကို ဖီဆန္မႈ ပုဒ္မ (၁၈၈) ႏွင့္ တရားစြဲဆိုခံထားရသူေတြလည္း အေျမာက္အမ်ား ရွိေန ပါတယ္။ က်ိဳက္ထိုႏွင့္သိမ္ဇရပ္မွာေတာ့ အဖမ္းခံထားရသူ (၃၀) ဦးထက္မနည္း ရွိေနၿပီး ျပန္လႊတ္ေပးတာေတာ့ မရွိေသး ဘူးလို႔ သပိတ္ေခါင္းေဆာင္ေတြက ဆိုပါတယ္။“ဆႏၵျပတဲ့သူေတြ လက္ရွိအထိဖမ္းထားတာ အေယာက္ ၃၀ ဝန္းက်င္ ေလာက္ေတာ့ ရွိမွာေပါ့၊ (၃၀)ဝန္းက်င္ဆိုတာ ဆႏၵျပျပခ်င္း သိမ္ဇရပ္မွာ ဖမ္းမိတဲ့သူေတြေရာ က်ိဳက္ထိုက အခုလက္ရွိ ထိေရာေပါ့၊ (၃၀)ဝန္းက်င္ဆိုတာ အဲေလာက္ခန႔္မွန္းလို႔ရတယ္။ၾကားထဲ ျပန္လႊတ္တဲ့သူေတြ မပါဘူးေပါ့ေနာ္”လို႔ ေျပာပါ တယ္။

“၅၀၅ နဲ႔ဆြဲထားတဲ့သူေတြေတာ့ ႐ုံးမထုတ္ေသးဘူးေပါ့ေနာ္၊ ၁၈၈ နဲ႔ဆြဲထားတဲ့ကေလးေတြကိုေတာ့ ၃၀ ရက္ေန႔ကေပါ့၊ ၾကားထဲမွာေတာ့ တခ်ိဳ႕အမႈေတြကို ပါဝါတင္တာတို႔ေတာ့ ရွိတာေပါ့ေနာ္၊ ႐ုံးခ်ိန္းေတြ ထပ္ခ်ိန္းထားတယ္၊ ၾကားထဲမွာလည္း ရွိေသးတယ္၊ တစ္မႈႏွစ္မႈ စစ္တာေတြေတာ့”လို႔ ေျပာပါတယ္။ ဖမ္းဆီးခံထားရသူေတြကို ေထာင္ဝင္စာေတြ႕ဖို႔ မိသားစု ဝင္ေတြက ႀကိဳးစားေပမယ့္ ေတြ႕ခြင့္မရေနဘူးလို႔ အခ်ိဳ႕အုပ္ထိန္းသူေတြက ဆိုပါတယ္။ https://www.bnionline.net/ mm/news-80036

************

၁၇။ ေက်း႐ြာအနီး တပ္စြဲထားျခင္းကို ႐ုပ္သိမ္းရန္ႏွင့္ ေနရပ္ျပန္သူမ်ားအား ေထာက္ပံ့မည္မွာ လက္ေတြ႕က်ရန္လိုဟု စစ္ေဘးေရွာင္မ်ားႏွင့္ အရပ္ဖက္အဖြဲ႕မ်ားေျပာ
March 29, 2021

မိုးရာသီမက်မီ ေနရပ္ျပန္မည့္ စစ္ေဘးေရွာင္မ်ားအား အိမ္၊ လယ္ယာသုံးပစၥည္းမ်ားႏွင့္ မ်ိဳးစပါးမ်ား ေထာက္ပံ့ကူညီျခင္းႏွင့္ တပ္မေတာ္မွ ေက်း႐ြာအနီး တပ္စြဲထားျခင္းကို အျမန္ဆုံး႐ုပ္သိမ္းရန္ ရခိုင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ လက္ေတြ႕က်က် လုပ္ေဆာင္သင္သည့္ဟု စစ္ေဘးေရွာင္မ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပရဟိတလူမႈေရးအသင္း အဖြဲ႕မ်ားက ေျပာဆိုၾကသည္။

ျပည္နယ္စီမံေကာင္စီအေနျဖင့္ စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္လွ်င္ ေနအိမ္ႏွင့္ အျခားေသာ အကူအညီအေထာက္အပံ့မ်ား ေပးမည္ဟု ေျပာစကားကို စတင္အေကာင္အထည္ေဖာ္သင့္ၿပီဟု သဂၤဟကမ္းလက္ရကၡိတအဖြဲ႕ ဥကၠဌ ကိုအမ္းသားႀကီးက ေျပာသည္။“စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ႏိုင္ဖို႔အတြက္ အဓိက ေနအိမ္။ ၿပီးေတာ့ ေက်း႐ြာနဲ႔ပတ္ဝန္းက်င္မွာ တပ္မေတာ္ က တပ္စြဲထားတာ မရွိဘူးဆိုရင္ သူတို႔ေတြ ျပန္ၾကမယ္။ ဒုကၡသည္စခန္းမွာ တစ္ႏွစ္ေက်ာ္ ေနလာၾကတဲ့အခါ ဝင္ေငြနည္း သြားတဲ့အတြက္ မိမိေနအိမ္ကို မျပဳျပင္ႏိုင္တဲ့အခါ အိမ္ျပန္ဖို႔ အခက္အခဲျဖစ္ၾကပါတယ္။ ေကာင္စီက ေပးမယ္လို႔ စကားသာ ေျပာၿပီးေတာ့ လက္ေတြ႕က်က် အေကာင္အထည္ ဘာမွမေပၚလာတဲ့အတြက္ အဲဒီစကားကို ယုံၾကည္ရဖို႔က ခက္တယ္။ ဒီေန႔ လုပ္ေပးရင္ ဒီေန႔ျပန္ၾကမွာပါ” ဟု ေျပာသည္။

ရခိုင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက “ အိမ္မရွိတဲ့ စစ္ေဘးေရွာင္ေတြ အတြက္ကို သတ္မွတ္ခ်က္နဲ႔အညီေပါ့ေနာ္ အိမ္ေဆာက္ေပးဖို႔။ တခ်ိဳ႕အိမ္ေတြကို ပစ္ထားခဲ့ၿပီးေတာ့ စစ္ေဘးေရွာင္ေတြရဲ႕ အိမ္ေတြဟာ ပ်က္စီးတာေတြ ရွိမယ္။ အဲဒါေတြကိုလည္း ျပဳျပင္ႏိုင္ဖို႔အတြက္ စာရိတ္ေပးသြားမယ္။ ကိုယ့္႐ြာကိုယ္ ျပန္သြားတဲ့အခါ လတ္တေလာလယ္ယာ ထြန္ဖို႔အတြက္ ကြၽဲ၊ ႏြားေတြ သူတို႔မွာ မရွိႏိုင္ဘူး။ ေလာေလာဆယ္ေတာ့ တစ္႐ြာကို ေလထြန္စက္ တစ္လုံးစီ ေပးသြားမယ္။ မ်ိဳးစပါးကိုလည္း အစိုးရက တာဝန္ယူေပးသြားမယ္။ မိုးရာသီမွာ သူတို႔အတြက္ နည္းနည္းတည္ၿငိမ္ သြားႏိုင္တယ္ေပါ့ေနာ္ ” ဟု ေျပာသည္။

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ၂ ႏွစ္တာ ကာလအတြင္း မိမိေနရပ္ စြန႔္ခြာထြက္ေျပးတိမ္းေရွာင္ေနရသူ ႏွစ္သိန္းသုံးေသာင္းေက်ာ္အထိရွိခဲ့ၿပီး ယခုအခါ တိုက္ပြဲျဖစ္ပြားမႈ မရွိသည္မွာ လအနည္း ငယ္ၾကာျမင့္လာသျဖင့္ မိမိေနရပ္သို႔ျပန္သြားၾကသူမ်ားလည္း ရွိေနသည္။ ရခိုင္ျပည္နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ အေန ျဖင့္လည္း လတ္တေလာ တိုက္ပြဲျဖစ္ပြားမႈမ်ားမရွိသျဖင့္ စစ္ေဘးေရွာင္မ်ား မိမိေနရပ္တြင္ ျပန္ေနထိုင္ၾကရန္ တိုက္တြန္း ထားသည္။https://www.bnionline.net/mm/news-79999

************

၁၈။ ဗံုးေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ ျမဝတီ အမွတ္ ၃ ရပ္ကြက္ရံုးေ႐ွ႕ လံုျခံဳေရးတင္းၾကပ္။
March 29, 2021

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ရံုးေ႐ွ႕တြင္ ယမန္ေန႔ ညပိုင္းက ဗံုးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ရံုးလမ္းေ႐ွ႕ ေနရာတြင္ အတားအဆီးတစ္ခ်ိဳ႕ ျပဳလုပ္ကာ လံုျခံဳေရး တင္းၾကပ္ထားေၾကာင္း ယေန႔ မတ္လ ၂၉ရက္ ေန႔လည္ပိုင္းက ေတြ႔ရသည္။

မတ္လ ၂၈ ရက္ ည ၈း၁၀ အခ်ိန္ခန္႔က ျမဝတီၿမိဳ႕ အမွတ္ ၃ ရပ္ကြက္ ဗိုလ္ေတဇလမ္း႐ွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးရံုးေ႐ွ႕ ေရေျမာင္းဖံုးအနီး လက္ပစ္ဗံုး ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အနီး ေမာ္ေတာ္ယာဥ္တစ္စီး ဗံုးစထိမွန္မႈ ႐ွိခဲ့ေသာ္လည္းလူတစ္ဦး တစ္ေယာက္မ်ွ ထိခိုက္ဒဏ္ရာရမႈေတာ့ မ႐ွိခဲ့ပါ။ အဆိုပါ လက္ပစ္ဗံုးမွာ 38 ဗံုးသီးျဖစ္ၿပီး ဆိုင္ကယ္ျဖင့္ လူတစ္ဦးမွ လာေရာက္ပစ္ခတ္သြား သည္ဟု ဗံုးေပါက္ကြဲမႈျဖစ္ပြားစဥ္ အခင္းျဖစ္ေနရာအနီး႐ွိ ရပ္ကြက္ ရာအိမ္မႈးတစ္ဦးက ေျပာသည္။

ယင္းဗံုးေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ည၁၁နာရီအခ်ိန္ခန္႔ကလဲ ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ ေျမနီကုန္းရပ္တြင္ မေပါက္ကြဲ ေသးသည့္ ဗံုးသီးတစ္လံုး ေတြ႔႐ွိခဲ့ေသးသည္ဟု ၎ရာအိမ္မႈး၏ ေျပာၾကားမႈမွ သိရသည္။ http://kicnews.org/20 21/03/%e1%80%97% e1%80 %b6%e1%80%af%e1%80%b8%e1%80%b1%e1%80

************

၁၉။ ကခ်င္ ေဒသခံသတင္းေထာက္ႏွစ္ဦး ဖမ္းဆီးခံရ
March 29, 2021

ကခ်င္ျပည္နယ္အေျခစိုက္ 74 media နဲ႔ kachinwaves သတင္းဌာနက သတင္းေထာက္ႏွစ္ဦး ဒီကေန႔ ျမစ္ႀကီးနားၿမိဳ႕မွာ ဆႏၵျပပြဲ သတင္းယူေနရင္း ဖမ္းဆီးခံလိုက္ရတယ္လို႔ သတင္းဌာန တာဝန္ရွိသူေတြက RFA ကိုေျပာပါတယ္။

74 media က သတင္းေထာက္ မခ်န္ဘူ၊ Kachinwaves သတင္းဌာနက သတင္းေထာက္ ကိုလေရာ္တို႔ ႏွစ္ဦးဟာ ျမစ္ႀကီး နား ၿမိဳ႕ ေအးေစတီၾကက္ေျခနီ႐ုံးအနီးမွာ ဒီေန႔ မနက္ဆႏၵျပပြဲသတင္းယူေနရင္း ဖမ္းဆီးခံလိုက္ရတာပါ။ Kachinwaves သတင္းဌာနက တာန္ခံအယ္ဒီတာတစ္ဦးက ” ဆႏၵျပပြဲကို စစ္တပ္ေတြ၊ ရဲေတြက ၿဖိဳခြဲဖို႔ ေရာက္လာတယ္၊ အဲ့ဒီမွာ သူတို႔ ႏွစ္ေယာက္ထြက္ေျပးတယ္၊ က်ေနာ့္ဆီ ေနာက္ဆုံးဖုန္းဆက္တာ ထြက္ေျပးေနရတယ္လို႔ေျပာတယ္၊ ေနာက္ေတာ့ သူတို႔ ေျပးမလြတ္ဘဲ ဖမ္းမိသြားတာ၊ အခုထိ ဘာအဆက္အသြယ္မွမရေသးဘူး၊ ဘယ္မွာဖမ္းထားလဲဆိုတာလည္း မသိရေသး ဘူး” လို႔ RFA ကိုေျပာပါတယ္။
ဖမ္းဆီးခံရတဲ့ သတင္းေထာက္ႏွစ္ဦးဟာ မိသားစုနဲ႔ အဆက္အသြယ္မရေသးသလို သူတို႔ကို တရားစြဲဆိုတာ ရွိ၊ မရွိဆိုတာ လည္း မသိရေသးပါဘူး။ RFA က ေကာက္ယူထားတဲ့ စာရင္းေတြအရ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ စစ္အာဏာသိမ္းခ်ိန္ ကစၿပီး မတ္လ ၂၆ ရက္ေန႔အထိ ဖမ္းခံခဲ့ရတဲ့ သတင္းေထာက္ ၅၃ ေယာက္ရွိပါတယ္။ အဲ့ဒီထဲက ျပန္လြတ္လာတဲ့သူ ၃၀ ေယာက္ရွိၿပီး က်န္ ၂၁ ေယာက္ဟာ အက်ဥ္းေထာင္အသီးသီးမွာ ဆက္လက္ဖမ္းဆီးခံထားရၿပီး ၅၀၅ (က)အပါအဝင္ ပုဒ္မ အသီးသီးနဲ႔ တရားစြဲခံထားရပါတယ္။ https://www.rfa.org/burmese/news/kachin-journalist-arrested-myanmar-coup-media-freedom-03292021094631.html

************

၂၀။ ျမန္မာ့အေရး ကုလ လံုျခံဳေရးေကာင္စီအေရးေပၚ အစည္းအေဝး ထပ္မံေခၚယူမည္
29 March, 2021

ျမန္မာႏိ္ုင္ငံအေျခအေနအေပၚ ကုလသမဂၢလံုျခံဳေရးေကာင္စီ အေရးေပၚအစည္းအေ၀းကို လာမယ့္ ဗုဒၶဟူးေန႔မွာ တခါးပိတ္ ေခၚယူ က်င္းပဖို႔ရွိတယ္လို႔ သံတမန္သတင္းရပ္ကြက္ေတြကို ကိုးကားၿပီး AFP သတင္းဌာနက ေရးပါတယ္။ ျမန္မာႏိုင္ငံ အေျခအေနကို အေရးေပၚေဆြးေႏြးဖို႔ ၿဗိတိန္ႏိုင္ငံက အဆိုျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၁၅ ႏိုင္ငံပါ ကုလသမဂၢ လံုျခံဳေရးေကာင္စီမွာ အေမရိကန္ျပည္ေထာင္စုက လတ္တေလာအားျဖင့္ အလွည့္က်ဥကၠ႒ တာ၀န္ယူထားပါ တယ္။ အခုလာမယ့္ ကုလ လံုျခံဳေရးေကာင္စီအစည္းအေ၀းမွာ ျမန္မာႏိ္ုင္ငံဆိုင္ရာကုလ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ျမန္မာႏိ္ုင္ငံေနာက္ဆံုး အေျခအေနေတြကို တင္ျပရွင္းလင္းမွာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ကန္႔ကြက္ ဆႏၵျပသူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ မတ္လ ၂၇ ရက္ေန႔က အဆုိးရြားဆုံး ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္မႈေတြ အရွိန္ျမင့္ ျဖစ္ေပၚ လာ ႏုိင္ေၾကာင္း ကုလသမဂၢ လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဆုိင္ရာ အႀကံေပးပုဂၢဳိလ္ Alice Wairimu Nderitu နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး Michelle Bachelet တုိ႔က ဒီကေန႔ ပူးတြဲသတိေပးခ်က္ ထုတ္ျပန္ လုိက္ပါ တယ္။

ျမန္မာႏိ္ုင္ငံတြင္း စစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပမႈေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္ႏွိမ္နင္းေနရာမွာ ၿပီးခဲ့တဲ့ မတ္လ ၂၇ ရက္ေန႔ တရက္တည္းမွာတင္ လူ ၁၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး၊ စစ္အာဏာသိမ္းၿပီးကတည္းကဆိုရင္ ဆႏၵျပသူ ၄၀၀ ေက်ာ္၊ ၅၀၀ နီးပါးအထိ ေသဆံုးခဲ့ရၿပီးျဖစ္ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံသားေတြကို ၫွဥ္းပန္းသတ္ျဖတ္ေနမႈ ကေန ႏိုင္ငံတကာက အကာအကြယ္ေပးရမယ့္ တာ၀န္ရွိမႈကို ခ်က္ျခင္း ခ်မွတ္ေဆာင္ရြက္ၾကဖို႔ဆိုၿပီး လူ႔အခြင့္အေရးဆိုင္ရာ ကုလ မဟာမင္းႀကီးနဲ႔ လူမ်ိဳးတံုးသတ္ျဖတ္မႈကာကြယ္ဟန္႔တားေရးဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္တို႔က ပူးတဲြ ထုတ္ျပန္ ေတာင္းဆိုထားပါတယ္။ https://burmese.voanews.com/ a/un-security-council-on-myanmar/5832415.html

**************

၂၁။ တာခ်ီလိတ္ၿမိဳ႕တြင္ Live လႊင့္သည့္ အမ်ိဳးသမီး တစ္ဦး ဖမ္းဆီးခံရ
March 27, 2021

သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ရပ္ကြက္ ပါလွ်ံ(၁)တြင္ ယေန႔ (မတ္ ၂၇)ရက္ မနက္ပိုင္း (၁၁)နာရီ ဝန္းက်င္တြင္ အၾကမ္းဖက္ စစ္ေကာင္စီ အဖြဲ႕မွ သံသယရွိေနအိမ္မ်ားကို ဝင္ေရာက္ရွာေဖြမႈ ၿပီး ရပ္ကြက္ အတြင္း ကင္းလွည့္ေနစဥ္ Win Thuzar အေကာင့္ မွ Live (တိုက္႐ိုက္ )လႊင့္မႈကို သိရွိသြားသည့္အတြက္ ခ်က္ခ်င္းစုံစမ္းရွာေဖြ ဖမ္းဆီးသြားေၾကာင္း သိရသည္။

“ မနက္က တအိမ္ဝင္၊တအိမ္ထြက္ လိုက္စစ္တယ္။ သူတို႔သံသယရွိသူေတြကို လိုက္ၿပီး ေမးတယ္။ အဲ့မွာ ေကာင္မေလးက Live လႊင့္တဲ့အတြက္ ဖမ္းသြားတာပါ” ဟု တာခ်ီလိတ္ေဒသခံ တဦး က ေျပာသည္။ တာခ်ီလိတ္တြင္ ဆႏၵျပလူငယ္မ်ားကို အၾကမ္းဖက္ စစ္ေကာင္စီမွ ကားျဖင့္တိုက္ဖမ္းျခင္း၊ အၾကမ္းဖက္ ပစ္ခတ္မႈေၾကာင့္ လူငယ္ (၂)ဦး ဖမ္းခံရၿပီး ၊

(၄)ဦးဒဏ္ရာရရွိသည္။ ထိုနည္းတူတာခ်ီလိတ္ ၿမိဳ႕တြင္း အိမ္အေရာက္ ပစၥည္းပို႔စနစ္ ဝန္ေဆာင္မႈ( Delivery )ေပးေနသည့္ လူငယ္တစ္ဦးကိုလည္း အၾကမ္းဖမ္း စစ္ေကာင္စီ က ယေန႔(မတ္ ၂၇)ရက္ မနက္ပိုင္းတြင္ ဖမ္းဆီးသြားသည္။ ထို႔ျပင္ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမ( ပါလွ်ံ) ရပ္ကြက္တြင္ေနထိုင္ သူ ဆိုင္ကယ္စီးလာသည့္ ညီအကို (၂)ကိုလည္း စစ္ေကာင္စီက ဆိုင္ကယ္ေပၚ ဆြဲခ်ကာ ဖမ္းဆီးေခၚေဆာင္သြားသည္။ https://burmese.shannews.org/archives /21466

**************

၂၂။ အၾကမ္းဖက္ဥပေဒျဖင့္ တရားစြဲခံရသည့္ ေတာင္ကုတ္ၿမိဳ႕ ခံ ၄ ဦးအမႈ ယေန႔ အမိန႔္မခ် ျဖစ္
30 March 2021

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ တရားစြဲရင္ဆိုင္ေနရသည့္ ၿမိဳ႕နယ္ စည္ပင္ေကာ္မတီ ဥကၠဌ ဦးေဇယ်ေက်ာ္ အပါအဝင္ ၄ ဦးကို ယေန႔ မတ္လ ၃၀ ရက္ေန႔တြင္ အမိန႔္ခ်ရန္ ခ်ိန္းဆိုထား ေသာ္လည္း အမိန႔္မခ် ျဖစ္ေၾကာင္း သိရသည္။

လာမည့္ ႐ုံးခ်ိန္းကို ဧၿပီလ ၁၂ ရက္ေန႔သို႔ ျပန္လည္ ခ်ိန္းဆိုလိုက္ၿပီး တရား႐ုံးဘက္က ယခုအမႈကို အမိန႔္ခ်ရန္ အ ဆင္သင့္ မျဖစ္ေသးဟု အေၾကာင္းျပခဲ့ေၾကာင္း ၎အမႈအား လိုက္ပါ ေဆာင္႐ြက္သူ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသိဂၤ ီ ေမာင္က ေျပာသည္။“ဒီေန႔ အမိန႔္မခ် ျဖစ္ဘူး။ ဧၿပီလ ၁၂ ရက္ေန႔ကိုပဲ ျပန္ခ်ိန္းလိုက္တယ္။ က်မတို႔ ျဖစ္ေစခ်င္တာက အမႈတြဲ ေပၚ ေပါက္ ခ်က္အရပဲ ဥပေဒနဲ႔အညီ ျမန္ျမန္ဆန္ဆန္ အမိန႔္ခ်ေစခ်င္တယ္။ ဖိအားေပးတဲ့ ပုံစံမ်ိဳးေပါ့။ အဲလိုပုံစံမ်ိဳး တရားစီရင္ ေရး စနစ္ကို မလိုလားဘူး”ဟု ေရွ႕ေန ေဒၚသိဂၤ ီေမာင္က ဧရာဝတီသို႔ ေျပာသည္။

ေဒၚဟန္စုလႈိင္က“က်မ အမ်ိဳးသား ကိုေဇယ်ေက်ာ္တို႔ အမႈကို ဒီေန႔ အမိန႔္ခ်မယ္ဆိုလို႔ က်မတို႔ လြတ္ေတာ့မယ္ဆိုၿပီး ေပ်ာ္ ေနၾကတာ။ အခုလို ေနာက္ထပ္႐ုံးခ်ိန္းလိုက္တဲ့အတြက္ ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူး။ ေတာ္ေတာ္ စိတ္မ ေကာင္ လည္း ျဖစ္မိတယ္”ဟု ဧရာဝတီသို႔ ေျပာသည္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ စြဲခ်က္တင္ခံရသူ ၄ ဦးမွာ ၿမိဳ႕နယ္ စည္ပင္ေကာ္မတီဥကၠဌ ဦးေဇယ်ေက်ာ္၊ ၿမိဳ႕ နယ္ စည္ပင္ေကာ္မတီဥကၠဌ (ေဟာင္း) ဦးစန္းေငြ၊ ရခိုင္အမ်ိဳးသားပါတီမွ ေတာင္ကုတ္ၿမိဳ႕နယ္ အလုပ္အမႈေဆာင္ ဦး ေဝေသာင္းႏွင့္ ဦးေဇယ်ေက်ာ္၏ ညီ မိုက္ကယ္(ခ) စည္သူေက်ာ္ဇံတို႔ ျဖစ္သည္။ အဆိုပါ စည္ပင္ေကာ္မတီဥကၠဌ ဦးေဇယ်ေက်ာ္ အပါအဝင္ ေတာင္ကုတ္ၿမိဳ႕ခံ ၄ ဦးကို ၿပီးခဲ့ေသာ ၂၀၂၀ ခုႏွစ္ ေမလ အတြင္းက စစ္ေဆးစရာမ်ား ရွိသည္ဟုဆိုကာ ေနအိမ္ကေန ရဲတပ္ဖြဲ႕ေန ေခၚယူခဲ့ျခင္း ျဖစ္ၿပီး ေနာက္ပိုင္းတြင္ ၎တို႔ ၄ ဦးသည္ ရကၡိဳင့္စစ္တပ္ (AA)ႏွင့္တစုံတရာ ပတ္သက္ဆက္ႏြယ္မႈ ရွိသည္ဆိုသည့္ စြပ္စြဲခ်က္မ်ားျဖင့္ ယခုလို အမႈဖြင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္သည္။ https://burma.irrawaddy.com/news/2021/03/30/240086.html

************

၂၃။ စစ္အာဏာရွင္ကို ေတာ္လွန္ေနသည့္ မြန္လူငယ္မ်ားက CRPH ထံ အခ်က္ ၄ ခ်က္ ေတာင္းဆို
30 March, 2021

စစ္အာဏာရွင္ကို ေတာ္လွန္ေနတဲ့ မြန္လူငယ္ေတြက မတ္လ ၃၀ ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို အိတ္ဖြင့္ေပးစာ ေပးပို႔ၿပီး အခ်က္ ၄ ခ်က္ ေတာင္းဆိုလိုက္ပါတယ္။

မြန္လူငယ္ေတြရဲ႕ ေတာင္းဆိုခ်က္ေတြထဲမွာေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္း ေၾကာင္း အျမန္ဆုံးေၾကညာ ေပးဖို႔နဲ႔ ဖက္ဒရယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ တစ္ရပ္ အသစ္ျပန္လည္ ေရးဆြဲေရး လုပ္ငန္းစဥ္အား တိုင္းရင္းသား လူမ်ိဳးစု အားလုံး သေဘာတူညီခ်က္ျဖင့္ ေၾကညာဖို႔ လည္း ပါဝင္ပါတယ္။ ဒါအျပင္ ဖက္ဒရယ္တပ္မေတာ္ တည္ေထာင္ႏိုင္ဖို႔အတြက္ တိုင္းရင္းသား တပ္မေတာ္ေတြ အားလုံးပါဝင္ႏိုင္တဲ့ မူတစ္ခုျဖင့္ CRPH မွ သင္တန္းေရးရာ အပါအဝင္ လိုအပ္သလို အျမန္ဆုံး ညႇိႏႈိင္းေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

မြန္လူငယ္ေတြရဲ႕ ေနာက္ဆုံး ေတာင္ဆိုးခ်က္မွာေတာ့ လက္ရွိမွာ တိုက္ပြဲျဖစ္ပြားေနတဲ့ ေဒသရွိ စစ္ေဘးေရွာင္ျပည္သူေတြနဲ႔ ကေလးသူငယ္ေတြအတြက္ အေရးေပၚ လိုအပ္ခ်က္မ်ားကို အျမန္ဆုံးတာဝန္ယူေထာက္ပံ့ေပးဖို႔ ပါဝင္ပါတယ္။ http://burm ese.dvb.no/archives/455113

 

မွတ္ခ်က္။ သက္ဆိုင္ရာသတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

** ၿပီး **

 

unicode

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်
(No. 95 , March 30, 2021)

၁။ ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

၂။ KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်

၃။ လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

၄။ သျှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

၅။ နစကတွင် MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီဝင်တို့ အစုလိုက်အပြုံလိုက် ထပ်မံနုတ်ထွက်

၆။ ဖားကန့်တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

၇။ မူဆယ်မြို့နယ် ရေအားလျှပ်စစ်စက်ရုံ အနီး တိုက်ပွဲဖြစ်၊ စက်ရုံဝန်ထမ်း (၅)ဦးထိခိုက်ဒဏ်ရာရ

၈။ လုံခြုံရေးများ ပိုမိုတင်းကြပ်ထားသော်လည်း မော်လမြိုင်လူငယ်များ ဆက်လက်ဆန္ဒပြ

၉။ ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်

၁၀။ မယ်ဆိုင်တွင် မြန်မာဘက်သို့ပို့ဆောင်မည့် လက်ပစ်ဗုံးနှင့်ကျည်ဆန်များ ဖမ်းဆီးရမိ

၁၁။ မြစ်ကြီးနား၌ ညနေပိုင်းဆန္ဒပြနေသူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ပြီး ဆိုင်ကယ်မီးရှို့

၁၂။ မူဆယ်တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ ၂၀ ကျော်ဖမ်းဆီးခံရ

၁၃။ ခမရ(၄၀၈)တပ်ဖွဲ့ဝင်များ၏ ကားတိမ်းမှောက် ထိခိုက်သေဆုံးမှုများပြား
၁၄။ လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်

၁၅။ သီပေါမြို့ စစ်ဘေးရှောင် (၂၀၀) နေရပ်ပြန်

၁၆။ စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ

၁၇။ ကျေးရွာအနီး တပ်စွဲထားခြင်းကို ရုပ်သိမ်းရန်နှင့် နေရပ်ပြန်သူများအား ထောက်ပံ့မည်မှာ လက်တွေ့ကျရန်လိုဟု စစ်ဘေးရှောင်များနှင့် အရပ်ဖက်အဖွဲ့များပြော

၁၈။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ အမှတ် ၃ ရပ်ကွက်ရုံးရှေ့ လုံခြုံရေးတင်းကြပ်။

၁၉။ ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

၂၀။ မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်

၂၁။ တာချီလိတ်မြို့တွင် Live လွှင့်သည့် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ

၂၂။ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသည့် တောင်ကုတ်မြို့ ခံ ၄ ဦးအမှု ယနေ့ အမိန့်မချ ဖြစ်

၂၃။ စစ်အာဏာရှင်ကို တော်လှန်နေသည့် မွန်လူငယ်များက CRPH ထံ အချက် ၄ ချက် တောင်းဆို

**************

 

၁။ ဆက်လက် အကြမ်းဖက်သတ်ဖြတ်နေပါက လူထုနှင့် ပူးပေါင်းမည်ဟု မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်
30 March 2021

လူထု တောင်းဆိုနေသည့် နိုင်ငံရေးလိုလားချက်ကို မလိုက်လျောဘဲ အကြမ်းဖက် သတ်ဖြတ်မှုများကို ဆက်ဖြစ်ပွားနေပါက စစ်တပ်ကို ခုခံကာကွယ်နိုင်ရေးအတွက် မြန်မာ့နွေဦး တော်လှန်ရေး ဆင်နွဲနေသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ပူး ပေါင်းပါမည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က သဘောထား ထုတ်ပြန်ချက်တစောင် ထုတ်ကာ ပြောဆိုလိုက်သည်။ ညီနောင် မဟာမိတ် ၃ ဖွဲ့သည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖြစ်သည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “ပြည်သူတွေအပေါ်မှာ ကိုင်တွယ်ပုံဟာ အများကြီး ရက်စက်ကြမ်း ကြုတ်တယ်။ အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ်နဲ့ အမျှ ရက်ရက်စက်စက် မတရားပစ်ခတ်သတ်ဖြတ်နေတယ်။ မတရား ဖမ်းဆီး နှိပ်စက်မှုတွေ ပြည်သူတွေရဲ့ ပစ္စည်း ဥစ္စာ လုယူမှုတွေ တနေ့ထက် တနေ့ ပိုများလာတာ တွေ့ရတယ်။ မြန်မာစစ်တပ်နဲ့ ရဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ကျနော်တို့ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်”ဟု ပြောသည်။

နိုင်ငံတဝန်းမှ လူထုသည် စစ်တပ်ကို အာဏာသိမ်းထားခြင်းမှ စွန့်လွှတ်ပြီး အရပ်သား ခေါင်းဆောင်များနှင့် ဖမ်းဆီးထား သူ အားလုံးကို ပြန်လွှတ်ပေးရန်၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံရန် တောင်းဆိုနေခြင်းဖြစ်ရာ ညီနောင် မဟာမိတ် ၃ ဖွဲ့က လူထုတောင်းဆိုချက်ကို စစ်တပ်က အမြန်ဆုံးညှိနှိုင်းရန် လိုအပ်သည် ဟုလည်း တိုက်တွန်းထားသည်။ လူထုနှင့် ညှိနှိုင်းခြင်းများ မပြုလုပ်ဘဲ ဆက်အကြမ်းဖက်နေပါက လူထုအနေဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်အောင် လူထုဘက်မှ ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ညီနောင် မဟာမိတ် ၃ ဖွဲ့အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာ့နွေဦးတော်လှန်ရေးတွင် ပါဝင်နေ သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် အတူ ပူးပေါင်းမည့် အပြင် ၎င်းတို့၏ ညီနောင် မဟာမိတ် တပ်များနှင့်လည်း ပူးပေါင်း ပါမည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။ https://burma.irrawaddy.com/news/2 021/03/30/240053.hml

**************

၂။ KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်
29 March, 2021

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ နယ်မြေရှိ တပ်စခန်းတစ်ခုကို ယနေ့ ညနေ ၄ နာရီခန့်အချိန် အာဏာသိမ်းစစ်တပ်က လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ထိုနေရာဒေသအနီးတွင် အလုပ်လုပ်ကိုင်နေသော ပြည်သူ တစ်ဦးက ပြောသည်။“ဒီဘက် ၁၄ ဘက်မှာ လေယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ဒါကြောင့် လူကြီးတွေက အလုပ်လုပ်တာ ခဏနားထားခိုင်းတယ်။” ဟု ဟူးကောင်းချိုင့်ဝှမ်းဒေသခံ တစ်ဦးက ပြောသည်။

အလားတူ ညနေ ၅ နာရီခန့်တွင် မိုးကောင်းမြို့နယ် KIA တပ်ရင်း ၁၁ နေရာ ကဆုန်ဘက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီးဖြင့် သွားရောက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထိုသို့ KIA တပ်မဟာ ၂ အောက် တပ်ရင်း ၂ ခုကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်က ထိခိုက်မှု မရှိကြောင်း သိရသည်။ KIA တပ်ရင်း ၁၄ သည် တပ်မဟာ ၂ ဌာနချုပ် တည်ရှိသော နယ်မြေဖြစ်ပြီး ရွှေနှင့် ပယင်း အလွန်ထွက်ရှိရာဒေသဖြစ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် အာဏာ သိမ်းစစ်တပ်က အင်အားအလုံးရင်းဖြင့် ထိုနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ နှင့် ၂၇ နယ်မြေတို့တွင်လည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် မတ်လ ၂၈ ရက်ညက ပစ်ခတ်ခဲ့ကြောင်း KIO သတင်းများတွင် ဖော်ပြထားသည်။ ဆန္ဒပြ ပြည်သူများကို ပစ်သတ်သော အာဏာသိမ်းစစ်တပ် နှင့်အတူ ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့များကို KIA က မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်လာနေသည်ကို တွေ့ရသည်။ https://burmese.kachinnews.co m/2021/03/29/mar-29-s1/

**************

၃။ လေကြောင်း တိုက်ခိုက်မှု ကရင်ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ
29 March 2021

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် ဒေသခံ ကရင်လူဦးရေ ၁၀၀၀၀ ကျော် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရကြောင်း သတင်းရရှိသည်။ စစ်ရေးတင်းမာနေသည့် KNU တပ်စခန်းများကို ဦးတည်တိုက်ခိုက်ခြင်း မဟုတ်ဘဲ ဖာပွန်ခရိုင်ရှိ ကရင်လူမျိုးများ နေထိုင်ရာ ရွာများကို ဗုံးကြဲတိုက်ခိုက် သဖြင့် ဒေသခံ ၃၀၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေပြီး၊ ၈၀၀၀ခန့် မှာ ဖာပွန်ခရိုင်ရှိ တောတွင်းသို့ ထွက်ပြေး နေရကြောင်း ကရင်အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) က “ဒေပူနိုကျေးရွာက ဒေသခံတွေ အိပ်မက်ဆိုးကြားထဲမှာ ဖြတ်သန်းနေရပါတယ်။ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းမှာ ဒေပူနိုကျေးရွာကို ဗမာစစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ် လာတိုက်ခိုက်ပါတယ်။ ည ၁၁နာရီ ၄၁ မိနစ်မှာ တကြိမ်၊ မနက် ၁နာရီ ၅၂ မိနစ်မှာ တကြိမ်၊ မနက် ၃ နာရီ ၃၄ မိနစ်မှာ တကြိမ်ပါ။ ရွာသားတဦး လည်း ဒဏ်ရာ ရရှိထားပါတယ်” ဟု သတင်း ထုတ်ပြန်ထားသည်။ KWO ၏ ထုတ်ပြန်ချက်အရ မတ် ၂၈ ရက်၊ ည ၁၁ နာရီအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် မတ် ၂၉ ရက်၊ နံနက်အစောပိုင်း ၂ ကြိမ် တိုက်ခိုက်ခံရသည်ဟု သိရသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ကလည်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်း လေကြောင်း တိုက်ခိုက်မှုများနှင့် ကရင်ဌာနေတိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုကို ရပ်တန့်ရန်၊ စစ်တပ်၏ တပ်စခန်း များ ဆုတ်ခွာပေးရန် ထုတ်ပြန်ချက်တစောင် ထုတ်ပြန် တောင်းဆိုထားသည်။ KPSN ၏ ထုတ်ပြန်ချက်ထဲတွင် ထွက်ပြေးနေ ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးကြရန် တောင်းဆို ထားသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အာဏာသိမ်း စစ်တပ်ကို နိုင်ငံတကာ ခုံရုံးတင် စစ်ဆေး အရေးယူ နိုင်ရေးနှင့် စစ်တပ်၏ လက်နက်ခဲယမ်း ဝယ်ယူ ခွင့်များကို ပိတ်ပင် တားဆီးပေးရန်လည်း ထည့်သွင်း အကူအညီ တောင်း ထားသည်။ https://burma.irrawaddy.com/ news/2021/03/29/240010.html

************

၄။ သျှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်
March 29, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှု ကြောင့် အမျိုးသမီး တဦး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

(မတ် ၂၈ ရက်) ညနေ ၃ နာရီတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး မြောက်ပိုင်းမဟာမိတ်တ် တပ်ပေါင်းစု ဖြစ်သည့် TNLA၊ SSPP နှင့် RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားကာ အရပ်သားနေအိမ်ပေါ်သို့ လက်နက်ကြီးကျပြီး ပါနန်းစံ ကို လက်နက် ကြီး စထိမှန်ခဲ့ကြောင်း ပန်လုံကျေးရွာ ဒေသခံ တဦး ကပြောသည်။“လက်နက်ကြီး က အိမ်ခြံဝင်းထဲကျ လာတယ်။ လက်နက်ကြီး စက ပါနန်းစံကိုသွားထိမှန်တာ။ အခုတော့ သူကို လာရှိုးဆေးရုံးကို ပို့ထားလိုက်ပါပြီ”ဟု ပင်လုံးကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ ပန်လုံကျေးရွာ အရပ်သားနေအိမ်အတွင်းသို့ လက်နက်ကြီးကျသည့်အထိ ဖြစ်နေသဖြင့် ပန်လုံးကျေးရွာ ပြည်သူများနေအိမ်တွင်းသို့ မနေရဲသဖြင့် နီးစပ်ရာ မန်စံနှင့် ပန်သပြေ ကျေးရွာဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

“ လက်နက်ကြီးကျတော့ ဘယ်သူမှ မနေရဲတော့ဘူး။ တခြားနေရာပြောင်းနေရတယ်။ ပန်လုံကျေးရွာမှာ အရင်က တခါကြုံဖူးတော့ သိနေကြတယ်လေ” ဟု ၎င်း က ဆိုသည်။ လက်ရှိမှာ သျှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်သားအချင်းချင်း တိုက်ပွဲဖြစ်ပွားမှု၊ အကြမ်းဖက်စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားမှု သည် နေ့စဉ်နှင့် အမျှရှိနေကြောင်း သိရသည်။ https://burmese.shannews.org/archives/21470

***********

၅။ နစကတွင် MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ်အမှုဆောင်/ဗဟိုကော်မတီနှင့် မြို့နယ်ကော်မတီဝင်တို့ အစုလိုက်အပြုံလိုက် ထပ်မံနုတ်ထွက်
March, 27, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) တွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်ပါဝင်နေမှုကြောင့် ဗဟိုအလုပ် အမှုဆောင်/ဗဟိုကော်မတီများနှင့် မြို့နယ်ကော်မတီများအပါအဝင် (၃၃) ဦး အစုလိုက်အပြုံလိုက် နုတ်ထွက်စာထပ်မံ တင်လိုက်သည့်အတွက် ယခုလအတွင်း အမာခံပါတီဝင်စုစုပေါင်း (၅၀) ဦးဝန်းကျင်ခန့် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တွေ့ရှိရသည်။

MUP ဗဟိုတွဲဖက်အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာ မင်းကြည်ဝင်းနှင့် နိုင်စိုးမြင့်တို့အပါအဝင် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါက်တာမင်းစိုးလင်း၊ ၂၀၂၀ ရွေးချယ်ခံ ပြည်နယ်လွှတ်တော်အမတ် နိုင်မွန်ရာဇာ တို့ပါဝင်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင် (၁၁) ဦးနှင့် မြို့နယ်အမှုဆောင် (၇) ဦး စုစုပေါင်း (၃၃) ဦးတို့ ယမန်နေ့က ထပ်မံနုတ်ထွက်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)တွင် MUP ပါဝင်နေမှုအား မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် ဗဟိုကော်မတီ ၃ ပုံ ၂ ပုံ ထောက်ခံမဲဖြင့်အတည်ပြုခဲ့ပြီးနောက်ပိုင်း ဗဟိုကော်မတီဝင် ၂၁ ဦး နုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။

အလားတူ နစကအဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်စေလွှတ်ရန် MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖေဖော်ဝါရီ လ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်ချမှတ်ခဲ့အပြီး CEC အဖွဲ့ဝင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌဟောင်း ဒေါက်တာအောင်နိုင်ဦး ကနဦး နုတ်ထွက်စာတင်ခဲ့ကြောင်း၊ မတ်လ ၂၄ ရက်နေ့တွင်လည်း MUP ဗဟိုကော်မတီ ၅ ဦးနှင့် မြို့နယ်အဆင့် ပါတီဝင်အချို့တို့၏ နုတ်ထွက်စာများကို လူမှုကွန်ရက်ပေါ်မှ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ မြန်မာ့နိုင်ငံရေး အကြပ်အတည်းနှင့် အခင်းအကျင်းတွင် မွန်ညီညွတ်ရေးပါတီ၏ ဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေ သည်မှာ ပါတီမူဝါဒလမ်းစဉ်နှင့် လုံးဝ(လုံးဝ) ဆန့်ကျင်နေပါသဖြင့် ပါတီ၏တာဝန်အဆင့်ဆင့်မှလည်းကောင်း ပါတီဝင် အဖြစ်မှလည်းကောင်း နုတ်ထွက်ကြောင်း အထက်ဖော်ပြပါ မိတ္တူစာများကို Online ပေါ်တွင် တွေ့ရှိရသည်။ http://bur mese.monnews.org/2021/03/27/%e1%80%94%e1%80%85%e1%80%8 0%e1%80% 90%e1%

**************

၆။ ဖားကန့်တွင် အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
28 March 2021

ကချင်ပြည်နယ်၊ဖားကန့်မြို့ရှိ ကျေးရွာအချို့တွင်အာဏာသိမ်း စစ်တပ်မှ ရဟတ်ယာဉ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ နှစ်ရာကျော်ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၂၈ ရက်နေ့ နံနက် (၂)နာရီကျော်ခန့်တွင် လုံးခင်းကျေးရွာအုပ်စု ကထန်ရွာနှင့် တောမှော်ရွာအကြားရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲတပ်ရင်း အား KIO/KIA မှ တိုက်ခိုက်သိမ်းပိုက်သည့်နောက် တိုက်ပွဲအပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ် နှစ်စီးမှ ရမ်းသမ်းပစ်ခတ်ခဲ့ သည့်အတွက် တိုက်ပွဲဖြစ်ပွားရာအနီးမှ ပြည်သူများ နီးစပ်ရာ နီးစပ်ရာဆွေမျိုးများအိမ်၊ကုဋေကျေးရွာ နှစ်ခြင်းအသင်း‌တော် အဆောက်အအုံများ၊ဖဝါဘုန်းကြီးကျေးများတွင် လာရောက်ခိုလှုံနေရကြောင်း ဒေသခံများကပြော သည်။

လက်ရှိထွက်ပြေးတိမ်းရှောင်လာရသည့် ဒေသခံများသည်စွတ်အောင်၊ ဖဝါ၊ တောမှော်၊ ကထန်ရွာနှင့် တောက်ပကြယ် ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံဟောင်း နေရာတွင် နေထိုင်ကြသည့် ပြည်သူ နှစ်ရာကျော်ခန့် ဖြစ်သည်။ အဆိုပါ ထွက်ပြေး တိမ်းရှောင်လာသည့် ပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဖားကန့်မြို့ CDM ပြုလုပ်သည့် ဆရာဝန်များမှ ကျန်းမာရေး ကူညီစောက်ရှောက်ပေးနေကြောင်း သိရသည်။

ဖားကန့်မြို့တွင် မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီ၏ ပစ်ခတ်မူကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရသည့်အပြင် ညပိုင်းတွင် လည်း ယင်းရပ်ကွက်တွင် သေနတ်များ ပစ်ဖောက်ကာ လာရောက်ခြိမ်းခြောကါသည့် အနေထားများလည်း ရှိခဲ့ကြောင်း ဒေသခံများကပြောသည်။ ထို့နောက် မတ်လဘ၂၈ရက် နံနက် ၃နာရီခန့်တွင် ဖဝါရဲတပ်ရင်းအား KIA မှလာရောက် တိုပ်ခိုက်ဖျက်စီးခဲ့သည်။ https://burmese.kachinnews.com/2021/03/28/%e1%80%96%e1%80%ac%e1%80 %b8%e1%80%80%e1

*************

၇။ မူဆယ်မြို့နယ် ရေအားလျှပ်စစ်စက်ရုံ အနီး တိုက်ပွဲဖြစ်၊ စက်ရုံဝန်ထမ်း (၅)ဦးထိခိုက်ဒဏ်ရာရ
March 29, 2021

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေ အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံအနီး တိုက်ပွဲဖြစ်ပွား ရာ စက်ရုံဝန်ထမ်း ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ် (၂၈) ရက်တွင် အကြမ်းဖက် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့သည် နေ့လည် ၁ နာရီခွဲ မှ ညနေ ၆ နာရီထိ လက်နက်ကြီး လက်နက်ငယ်အသံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အသံကြားရကြောင်း မူဆယ်ဒေသခံများက ပြောဆိုကြသည်။“စစ်ကောင်စီဘက်က တစ်ယောက် ထိခိုက်ဒဏ်ရာရပြီး ခြေထောက်ဖြတ်ရတယ်။ ကုမ္ပဏီဘက်က ၅ ယောက် ထိခိုက်ဒဏ်ရာရပါတယ်” ဟု မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ရေအားလျှပ်စစ်စက်ရုံ ပတ်ဝန်းကျင်နား ဖြစ်ပွားခဲ့သည့်အတွက် စက်ရုံဝန်ထမ်းများ ကားများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။“ရေအားလျှပ်စစ်စက်ရုံက ကားလည်း ၂ စီး ၃ စီးလောက် ပျက်စီးသွားတယ်” ဟု မျက်မြင်သက်သေ များက ပြောဆိုကြသည်။ https://burmese.shannews.org/archives/21473

************

၈။ လုံခြုံရေးများ ပိုမိုတင်းကြပ်ထားသော်လည်း မော်လမြိုင်လူငယ်များ ဆက်လက်ဆန္ဒပြ
30 March, 2021

လုံခြုံရေးတွေ ပိုမိုတင်းကြပ်လာတဲ့ မော်လမြိုင်မှာတော့ မတ်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို လူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မြို့ပေါ် ရပ်ကွက်အများစုမှာ ပိတ်ဆို့စစ်ဆေးတာ ဆက်တိုက် လုပ်ဆောင်လာတဲ့ အတွက်ကြောင့် ပြေက်ကျားစနစ်နဲ့ တော်လှန်ခဲ့ရတာဖြစ်ပါတယ်။

မော်လမြိုင်မှာတော့ မတ်လ ၂၉ ရက်နေ့ ညပိုင်းမှာ ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပေါ်ပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတာပါ။ မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် သေဆုံးသူ ၆ ဦးထိ ရှိလာခဲ့ပါတယ်။ http://burmese.dvb.no /archives/455042

*************

၉။ ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်
30 March, 2021

ကရင်စစ်ပြေးဒုက္ခသည်များကို ထိုင်းစစ်တပ်က ပြန်မောင်းထုတ်DVB ထိုင်းနိုင်ငံကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်စစ်ဘေး ရှောင်တွေကို ထိုင်းစစ်တပ်က မိမိနေရပ်သို့ပြန်ထွက်ခွာဖို့ မောင်းထုတ်လိုက်တယ်လို့ ဒီဖြစ်စဉ်ကို ရုပ်သံ မှတ်တမ်းရိုက်ကူး နေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ KNU/KNLA တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကျဲ တိုက် ခိုက်ခဲ့တာကြောင့် ကရင်ပြည်သူတွေ ထောင်နဲ့ချီပြီး သံလွင်မြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှာ ယာယီ စစ်ပြေးရှောင် ခိုလှုံ နေကြတာပါ။ မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNU တိုက်ပွဲမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ကရင်စစ်ဘေးရှောင်တွေကို မြန်မာပြည်ဘက် ပြန်ခိုင်းနေတာဖြစ်တယ်။ http://burmese.dvb.no/arch ives/454988

*************

၁၀။ မယ်ဆိုင်တွင် မြန်မာဘက်သို့ပို့ဆောင်မည့် လက်ပစ်ဗုံးနှင့်ကျည်ဆန်များ ဖမ်းဆီးရမိ
29 March, 2021

မယ်ဆိုင်မြို့ ဝိန်းဖန်ခမ်းရပ်ကွက်ရှိ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဟာ မနေ့ မနက်က ချွန်းပူးရီးခရိုင် ဘက်က ပို့ဆောင်လာတဲ့ အထုတ် ၆ ထုတ်မှာ ပုံမှန်မဟုတ်ဘဲ လေးလံနေလို့ တာဝန်ရှိရဲတပ်ဖွဲ့ကို ခေါ်ယူပြီးအထုတ်တွေ စစ်ဆေးစေခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက အဆိုပါအထုတ်တွေကို ကိုဖွင့်ကြည့်ရာမှာတော့ အထဲမှာ အမ်- ၁၆ အရွယ်အစား ကျည်ဆန်တွေ တွေ့ရကြောင်း ၊ အထုတ်တစ်ထုတ်ကို ကျည်ဆံ ၁ ထောင်ပါတဲ့အတွက် ၄ ထုတ်စာ ၄ ထောင်အရင်တွေ့ရှိတယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာ နောက်ထပ်ပုံစံတူ အထုတ် ၆ ထုတ်ထပ်ရောက်လာပြီး အထဲမှာ ကျည်ဆန် အတောင့်ပေါင်း ၂ ထောင်နဲ့ K-75 အမျိုးအစား လက်ပစ်ဗုံး ၅၂ လုံးကိုပါ ထပ်ပြီးတွေ့ရပါတယ်။ ပစ္စည်းလက်ခံသူကို ဖုံးနဲ့အကြောင်းကြားလိုက်ရာမှာတော့ မယ်ဆိုင်မြို့နေ နိုင်းမနိုးကွန်း ဆန်ဆွန် ( အသက် ၃၀ နှစ်) ဆိုသူက အဖြူရောင်မာဇဒါကားနဲ့ လာယူကြောင်း၊ အသင့်စောင့် နေတဲ့ အရပ်ဝတ်ရဲတွေက သူ့ကိုဖမ်းဆီးလိုက်တာပါ။ သူကတော့ အထုတ်ထဲမှာ ဘာတွေပါမလဲဆိုတာ မသိရဘဲ လမ်းပန်းမြို့နေလူတစ်ဦးက အဆိုပါအထုတ်တွေကိုယူပြီးတာချီလိတ်ဘက်သွားမယ့် ကားသမားဆီပို့ပေးဖို့ပြောတာကြောင့် လာယူရတာလို့ ဆိုပါတယ်။

ကွင်းဆက်အဖြစ် မယ်ဆိုင်မှ တာချီလိတ်ဘက်ကို အထုတ်အပိုးတွေ သယ်ယူပို့ဆောင်ပေးမယ့် နောက်ထပ် ကားသမား နိုင်းဆုန်း ဆဒ်ဆီရီချိုင်းရုန့်ရိန်း ( အသက် ၃၁ နှစ် ) ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့နှစ်ဦးလုံးကတော့ အထုတ် ထဲမှာ လက်နက်ပါတယ်ဆိုတာ မသိဘူးလို့ငြင်းဆိုထားပြီး တာဝန်ရှိသူတွေက နောက်ထပ်အသေးစိပ် စစ်ဆေးမေး မြန်းကာ အမှုမှန်ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။ http://burmese.dvb.no/archives/454898

***************

၁၁။ မြစ်ကြီးနား၌ ညနေပိုင်းဆန္ဒပြနေသူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ပြီး ဆိုင်ကယ်မီးရှို့
29 March, 2021

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ရမ်ပူရပ်ကွက်မိန်းလမ်းမကြီးပေါ်မှာ မတ်လ ၂၉ ရက် ညနေ ၄ နာရီလောက်က ရဲနဲ့စစ်တပ်လက်နက်ကိုင်တွေက သေနတ်ကျည်ဆန်အစစ်တွေ ရာဘာကျည်တွေနဲ့ အချက်၂၀ ကျော်ပစ်ခတ်ပြီး ဆန္ဒပြ သူတွေကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့သူတစ်ယောက်က “ ရာဘာကျည်ကျောမှာ ငါးချက်ထိတဲ့သူရယ်၊ နဖူးမှာ တစ်ချက်ထိတဲ့သူတော့ရှိ တယ်။ ကျည်အစစ်ကတော့ မထိမိကြဘူး။ လမ်းဘေးမှာရပ်ထားတဲ့ဆိုင်ကယ်တစ်စီးကိုလည်း လက်နက်ကိုင်တွေကမီးရှို့ သွားတယ် ”လို့ ပြောပါတယ်။ ဒီမနက် ၁၁နာရီကလည်းရမ်ပူရပ်ကွက် နယ်မြေ ၁၄ မှာနေတဲ့ အသက် ၁၃နှစ်အရွယ် ယောကျာ်းလေးတစ်ယောက် ညာဘက်ပါးကို ကျည်အစစ်ထိမှန်ခဲ့ပြီး အမျိုးသမီး တစ်ယောက် ပေါင်မှာ ကျည်အစစ်ထိမှန်ခဲ့ သလို ရာဘာကျည်ထိမှန်သူ အမျိုးသား ၃ ယောက်ရှိခဲ့ပြီး ဒဏ်ရာကတော့ အရမ်းကြီးမစိုးရိမ်ရဘူးလို့ ဆွေမျိုးတော်စပ် သူတွေထံနေသိရပါတယ်။

ရမ်ပူရပ်ကွက်မှာ ၂၇ ရက်ကစပြီး ဒေသခံလူထုက အလံနက်ထောင်ကာ ဆန္ဒပြခဲ့ကြရာ စစ်ကောင်စီလက်နက်ကိုင် အကြမ်းဖက်တပ်တွေက ရပ်ကွက်အတွင်းဝင်ရောက်ပစ်ခတ်နေတာ ဒီနေ့နဲ့ဆို ၃ ရက်ရှိပြီဖြစ်ကာ လမ်းဘေးဈေးဆိုင်တွေ လည်း ပိတ်ထားခဲ့ရပါတယ်။ http://burmese.dvb.no/archives/454890

*************

၁၂။ မူဆယ်တွင် စစ်တပ်က ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရ ၂၀ ကျော်ဖမ်းဆီးခံရ
29 March, 2021

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေရာမှာ ကနေ့ ညနေ ၄ နာရီခွဲထိ လူပေါင်း ၂၀ ကျော်ဖမ်းဆီးခံထားရပြီး လူငယ် ၁ ဦး သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားပါ တယ်။

စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ ဟိုနားရပ်ကွက်၊ ၄၅ ကုန်း ၊ ကောင်းနောင်ရပ်၊ မြောက်ရပ်ကွက်ရှိ လူနေအိမ်ထဲပါ ဝင်ရောက်စစ်ဆေးရှာဖွေပြီး ဆန္ဒပြသမားလို့ ယူဆရတဲ့ သူ တွေကို ဖမ်းသွားတာကြောင့် ဖမ်းဆီးခံရသူပေါင်း ၂၀ ကျော် တယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်တာကြောင့် ဟိုနားရပ်ကွက် ကမ္ဘောဇ ဘဏ် ကုန်းဆင်းနားမှာ အသက် ၂၀ ကျော်ရှိ လူရွယ်တစ်ဦး ညာဘက်လက်ကို ထိမှန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ ယနေ့ ညနေ ၄ နာရီခွဲထိ ရပ်ကွက်အတွင်း မွှေနှောက်ရှာဖွေတာကို မရပ်သေးဘဲ သေနတ်ပစ်ခတ်ခြိမ်းခြောက်နေတာကြောင့် ဆန္ဒပြသူတွေလည်း ဘေးလွတ်အောင် ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။ http://burmese.dvb.no/archives/454873

**************

၁၃။ ခမရ(၄၀၈)တပ်ဖွဲ့ဝင်များ၏ ကားတိမ်းမှောက် ထိခိုက်သေဆုံးမှုများပြား
March 29, 2021

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၄၀၈) တပ်ဖွဲ့ဝင်များကို တင်ဆောင်လာသော စစ်ကားတစ်စီးမှာ မတ်လ ၂၉ ရက် နေ့လည် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို့နေရာ၌ တိမ်းမှောက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။

၎င်းနယ်မြေရှိ KNLA တပ်မှူးတစ်ဦးက “စစ်ကားမှောက်သွားတာ ၄ယောက် ပွဲချင်းပြီး သေတယ်လို့ သိရတယ်။ ကားထဲ မှာ လူအယောက် ၃၀ပါတယ်။ ဒီအထဲမှာ ထိခိုက်မှုမရှိတာ ၂ဦးပဲ။ ကျန်တာတွေက အကုန် ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ကားမှောက်သည့်နယ်မြေမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၇)နယ်မြေဖြစ်ပြီး စစ်ကောင်စီ၏ ခမရ(၄၀၈)တပ်ဖွဲ့သည် လှိုင်းဘွဲမြို့နယ်မှတဆင့် ကမမောင်းမြို့နယ်ကိုဖြတ်ကာ ကေအဲန်ယူ တပ်မဟာ(၅)သို့ စစ်ကူ အဖြစ် သွားရောက်မည့်သူများဖြစ်ကြောင်းလည်း အဆိုပါတပ်မှူးက ပြောဆိုသည်။

အမှတ်(၈) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခမရ(၄၀၈) မောင်းနှင်လာသည့် ကားနှစ်စီးတွင် စစ်သည်အင်အား ၅၀ ပါရှိပြီး ယင်းသို့ ကားတစ်စီးတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်းဘွဲနှင့် ဖားအံမြို့များဘက်သို့ သယ် ဆောင်သွားရာ လမ်းတွင် ထပ်မံ သေဆုံးမှုများရှိသေးကြောင်းလည်း ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၏ ပြောပြချက် များ အရ သိရသည်။ http://kicnews.org/2021/03/%e1%80%81%e1%80%99%e1%80%9b% e1%81%84%e1%81%8 0%e1%

*************

၁၄။ လီဒိုလမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်ကို KIA တိုက်ခိုက်
30 March 2021

ဖားကန့်မြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွန်စိုင်ယာန်ကျေးရွာကြား အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၂၀) တို့ကြား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ ကျော်ခန့်က ခွမ်စိုင်ယာန်ကျေးရွာ ကားလမ်းမ ကြီးဘက်သို့ ဆင်းလာခဲ့ရာ KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒွမ်ဘန်ဒေသခံတစ်ဦးက ယခုလိုပြောဆိုသည်။“ရွာကနေ ပစ်ခတ်ကြတာ သေနတ် ကြီးသံတွေရော သေနတ်သေ သံတွေရောကြားရတယ်။ အခုလည်း အဲ့နေရာမှာ စစ်သားတွေရှိသေးတယ်လို့ သိရတယ်”ဟု ပြောဆိုသည်။

ယနေ့နံနက် တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင်း နောက်ဆက်တွဲအနေဖြင့် ယနေ့ညတွင် ကျေးရွာဘက်သို့ လက်နက်ကြီးပစ် ခတ်ခံရမည်ကို စိုးရိမ်ကြောင်း ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စိုင်ယာန်ကျေးရွာဒေသခံပြည်သူများက ပြောသည်။ ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် ၁၁ နေရာကို အာဏာသိမ်းစစ်တပ်က မတ်လ ၂၉ ရက်နေ့ ဗုံးသွားကြဲခဲ့ကြောင်း သိရသည်။ https://burmese.kachinnews.com/2021/03/30/mar-30-y1/

*************

၁၅။ သီပေါမြို့ စစ်ဘေးရှောင် (၂၀၀) နေရပ်ပြန်
March 30, 2021

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ အောင်မင်္ဂလာဘိုးတော် ဘုန်းကြီးကျောင်း တွင်ခိုလှုံသည့် စစ်ဘေးရှောင်(၂၀၀) ဝန်းကျင်သည် ယနေ့ (မတ် ၃၀)ရက်၌ နေရပ်ကို ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ” ဒီနေ့ပြန်သွားကြပြီ။ ဘိုးတော် ကျောင်းမှာက ကလေး နဲ့ လူကြီးပိုင်းတွေပဲ ကျန်တယ်။ စဉ့်အင်ကျာင်းမှာလည်း ကျန်သေးတယ်။ မပြန်သေးဘူး” ဟု စစ်ဘေး ရှောင်သူများကို ကူညီနေသည့် အမျိုးသမီး တစ်ဦးကပြောသည်။

လက်ရှိမှာ အောင်မင်္ဂလာ ဘိုးတော်ဘုန်းကြီးကျောင်း စစ်ရှောင် ၂၀၀ ဝန်းကျင် နေရပ်ပြန်သွာားသော်လည်း ထိုကျောင်းတွင် ကလေး နှင့် လူကြီး ၂၀ ကျန်ရှိနေသေးကြောင်း၊ နေရပ်ပြန်ရန် ခက်ခဲမှုရှိသောကြောင့် အခြေနေကို စောင့်ကြည့်နေရ ကြောင်း သိရသည်။ စဉ့်အင်ကျောင်းတွင် စစ်ဘေးရှောင် ၂၀၀ ကျော် ကျန်ရှိနေသေးကြောင်းသိရသည်။ သီပေါမြို့နယ်တွင် RCSS နှင့် SSPP တို့ မတ်လ ၁၈ ရက်နေ့မှ စပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်းတွင် တိုင်းရင်း သား လက်နက်ကိုင်အချင်းချင်း လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသေးကြောင်း သိရသည်။ https://burmes e.shann ews.org/archives/21481

************

၁၆။ စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံခရိုင်အတွင်း အဖမ်းခံထားရသူ(၅၀)ဦးထက်မနည်း ရှိ
March 30, 2021

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်လို့ သထုံခရိုင်အတွင်းမှာ ဖမ်းဆီးခံထားရသူ (၅၀) ဦးထက်မနည်း ရှိပြီးလို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီအထဲမှာ ကျိုက်ထိုနှင့်သိမ်ဇရပ်က ဆန္ဒ ဖော်ထုတ်သူတွေ အများဆုံး အဖမ်းခံထားရပြီး ကျန်မြို့နယ်တွေက လှုပ်ရှားသူတွေလည်း ပါဝင်ပါတယ်။

အဖမ်းခံထားရသူတွေမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅) နှင့် အမှုဖွင့်တရားစွဲဆိုခံထားရသူတွေ ပါဝင်သလို ပြည်သူ့ဝန်ထမ်းက ထုတ်ပြန်တဲ့ အမိန့်ကို ဖီဆန်မှု ပုဒ်မ (၁၈၈) နှင့် တရားစွဲဆိုခံထားရသူတွေလည်း အမြောက်အများ ရှိနေ ပါတယ်။ ကျိုက်ထိုနှင့်သိမ်ဇရပ်မှာတော့ အဖမ်းခံထားရသူ (၃၀) ဦးထက်မနည်း ရှိနေပြီး ပြန်လွှတ်ပေးတာတော့ မရှိသေး ဘူးလို့ သပိတ်ခေါင်းဆောင်တွေက ဆိုပါတယ်။“ဆန္ဒပြတဲ့သူတွေ လက်ရှိအထိဖမ်းထားတာ အယောက် ၃၀ ဝန်းကျင် လောက်တော့ ရှိမှာပေါ့၊ (၃၀)ဝန်းကျင်ဆိုတာ ဆန္ဒပြပြချင်း သိမ်ဇရပ်မှာ ဖမ်းမိတဲ့သူတွေရော ကျိုက်ထိုက အခုလက်ရှိ ထိရောပေါ့၊ (၃၀)ဝန်းကျင်ဆိုတာ အဲလောက်ခန့်မှန်းလို့ရတယ်။ကြားထဲ ပြန်လွှတ်တဲ့သူတွေ မပါဘူးပေါ့နော်”လို့ ပြောပါ တယ်။

“၅၀၅ နဲ့ဆွဲထားတဲ့သူတွေတော့ ရုံးမထုတ်သေးဘူးပေါ့နော်၊ ၁၈၈ နဲ့ဆွဲထားတဲ့ကလေးတွေကိုတော့ ၃၀ ရက်နေ့ကပေါ့၊ ကြားထဲမှာတော့ တချို့အမှုတွေကို ပါဝါတင်တာတို့တော့ ရှိတာပေါ့နော်၊ ရုံးချိန်းတွေ ထပ်ချိန်းထားတယ်၊ ကြားထဲမှာလည်း ရှိသေးတယ်၊ တစ်မှုနှစ်မှု စစ်တာတွေတော့”လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေကို ထောင်ဝင်စာတွေ့ဖို့ မိသားစု ဝင်တွေက ကြိုးစားပေမယ့် တွေ့ခွင့်မရနေဘူးလို့ အချို့အုပ်ထိန်းသူတွေက ဆိုပါတယ်။ https://www.bnionline.net/ mm/news-80036

*************

၁၇။ ကျေးရွာအနီး တပ်စွဲထားခြင်းကို ရုပ်သိမ်းရန်နှင့် နေရပ်ပြန်သူများအား ထောက်ပံ့မည်မှာ လက်တွေ့ကျရန်လိုဟု စစ်ဘေးရှောင်များနှင့် အရပ်ဖက်အဖွဲ့များပြော
March 29, 2021

မိုးရာသီမကျမီ နေရပ်ပြန်မည့် စစ်ဘေးရှောင်များအား အိမ်၊ လယ်ယာသုံးပစ္စည်းများနှင့် မျိုးစပါးများ ထောက်ပံ့ကူညီခြင်းနှင့် တပ်မတော်မှ ကျေးရွာအနီး တပ်စွဲထားခြင်းကို အမြန်ဆုံးရုပ်သိမ်းရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လက်တွေ့ကျကျ လုပ်ဆောင်သင်သည့်ဟု စစ်ဘေးရှောင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပရဟိတလူမှုရေးအသင်း အဖွဲ့များက ပြောဆိုကြသည်။

ပြည်နယ်စီမံကောင်စီအနေဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်လျှင် နေအိမ်နှင့် အခြားသော အကူအညီအထောက်အပံ့များ ပေးမည်ဟု ပြောစကားကို စတင်အကောင်အထည်ဖော်သင့်ပြီဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက ပြောသည်။“စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့အတွက် အဓိက နေအိမ်။ ပြီးတော့ ကျေးရွာနဲ့ပတ်ဝန်းကျင်မှာ တပ်မတော် က တပ်စွဲထားတာ မရှိဘူးဆိုရင် သူတို့တွေ ပြန်ကြမယ်။ ဒုက္ခသည်စခန်းမှာ တစ်နှစ်ကျော် နေလာကြတဲ့အခါ ဝင်ငွေနည်း သွားတဲ့အတွက် မိမိနေအိမ်ကို မပြုပြင်နိုင်တဲ့အခါ အိမ်ပြန်ဖို့ အခက်အခဲဖြစ်ကြပါတယ်။ ကောင်စီက ပေးမယ်လို့ စကားသာ ပြောပြီးတော့ လက်တွေ့ကျကျ အကောင်အထည် ဘာမှမပေါ်လာတဲ့အတွက် အဲဒီစကားကို ယုံကြည်ရဖို့က ခက်တယ်။ ဒီနေ့ လုပ်ပေးရင် ဒီနေ့ပြန်ကြမှာပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက “ အိမ်မရှိတဲ့ စစ်ဘေးရှောင်တွေ အတွက်ကို သတ်မှတ်ချက်နဲ့အညီပေါ့နော် အိမ်ဆောက်ပေးဖို့။ တချို့အိမ်တွေကို ပစ်ထားခဲ့ပြီးတော့ စစ်ဘေးရှောင်တွေရဲ့ အိမ်တွေဟာ ပျက်စီးတာတွေ ရှိမယ်။ အဲဒါတွေကိုလည်း ပြုပြင်နိုင်ဖို့အတွက် စာရိတ်ပေးသွားမယ်။ ကိုယ့်ရွာကိုယ် ပြန်သွားတဲ့အခါ လတ်တလောလယ်ယာ ထွန်ဖို့အတွက် ကျွဲ၊ နွားတွေ သူတို့မှာ မရှိနိုင်ဘူး။ လောလောဆယ်တော့ တစ်ရွာကို လေထွန်စက် တစ်လုံးစီ ပေးသွားမယ်။ မျိုးစပါးကိုလည်း အစိုးရက တာဝန်ယူပေးသွားမယ်။ မိုးရာသီမှာ သူတို့အတွက် နည်းနည်းတည်ငြိမ် သွားနိုင်တယ်ပေါ့နော် ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂ နှစ်တာ ကာလအတွင်း မိမိနေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းသုံးသောင်းကျော်အထိရှိခဲ့ပြီး ယခုအခါ တိုက်ပွဲဖြစ်ပွားမှု မရှိသည်မှာ လအနည်း ငယ်ကြာမြင့်လာသဖြင့် မိမိနေရပ်သို့ပြန်သွားကြသူများလည်း ရှိနေသည်။ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ အနေ ဖြင့်လည်း လတ်တလော တိုက်ပွဲဖြစ်ပွားမှုများမရှိသဖြင့် စစ်ဘေးရှောင်များ မိမိနေရပ်တွင် ပြန်နေထိုင်ကြရန် တိုက်တွန်း ထားသည်။https://www.bnionline.net/mm/news-79999

************

၁၈။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြဝတီ အမှတ် ၃ ရပ်ကွက်ရုံးရှေ့ လုံခြုံရေးတင်းကြပ်။
March 29, 2021

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရုံးရှေ့တွင် ယမန်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရုံးလမ်းရှေ့ နေရာတွင် အတားအဆီးတစ်ချို့ ပြုလုပ်ကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ယနေ့ မတ်လ ၂၉ရက် နေ့လည်ပိုင်းက တွေ့ရသည်။

မတ်လ ၂၈ ရက် ည ၈း၁၀ အချိန်ခန့်က မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ဗိုလ်တေဇလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးရှေ့ ရေမြောင်းဖုံးအနီး လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီး မော်တော်ယာဉ်တစ်စီး ဗုံးစထိမှန်မှု ရှိခဲ့သော်လည်းလူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရမှုတော့ မရှိခဲ့ပါ။ အဆိုပါ လက်ပစ်ဗုံးမှာ 38 ဗုံးသီးဖြစ်ပြီး ဆိုင်ကယ်ဖြင့် လူတစ်ဦးမှ လာရောက်ပစ်ခတ်သွား သည်ဟု ဗုံးပေါက်ကွဲမှုဖြစ်ပွားစဉ် အခင်းဖြစ်နေရာအနီးရှိ ရပ်ကွက် ရာအိမ်မှုးတစ်ဦးက ပြောသည်။

ယင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ည၁၁နာရီအချိန်ခန့်ကလဲ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် မြေနီကုန်းရပ်တွင် မပေါက်ကွဲ သေးသည့် ဗုံးသီးတစ်လုံး တွေ့ရှိခဲ့သေးသည်ဟု ၎င်းရာအိမ်မှုး၏ ပြောကြားမှုမှ သိရသည်။ http://kicnews.org/20 21/03/%e1%80%97%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80

************

၁၉။ ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ
March 29, 2021

ကချင်ပြည်နယ်အခြေစိုက် 74 media နဲ့ kachinwaves သတင်းဌာနက သတင်းထောက်နှစ်ဦး ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

74 media က သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်တို့ နှစ်ဦးဟာ မြစ်ကြီး နား မြို့ အေးစေတီကြက်ခြေနီရုံးအနီးမှာ ဒီနေ့ မနက်ဆန္ဒပြပွဲသတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတာပါ။ Kachinwaves သတင်းဌာနက တာန်ခံအယ်ဒီတာတစ်ဦးက ” ဆန္ဒပြပွဲကို စစ်တပ်တွေ၊ ရဲတွေက ဖြိုခွဲဖို့ ရောက်လာတယ်၊ အဲ့ဒီမှာ သူတို့ နှစ်ယောက်ထွက်ပြေးတယ်၊ ကျနော့်ဆီ နောက်ဆုံးဖုန်းဆက်တာ ထွက်ပြေးနေရတယ်လို့ပြောတယ်၊ နောက်တော့ သူတို့ ပြေးမလွတ်ဘဲ ဖမ်းမိသွားတာ၊ အခုထိ ဘာအဆက်အသွယ်မှမရသေးဘူး၊ ဘယ်မှာဖမ်းထားလဲဆိုတာလည်း မသိရသေး ဘူး” လို့ RFA ကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးဟာ မိသားစုနဲ့ အဆက်အသွယ်မရသေးသလို သူတို့ကို တရားစွဲဆိုတာ ရှိ၊ မရှိဆိုတာ လည်း မသိရသေးပါဘူး။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းချိန် ကစပြီး မတ်လ ၂၆ ရက်နေ့အထိ ဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၅၃ ယောက်ရှိပါတယ်။ အဲ့ဒီထဲက ပြန်လွတ်လာတဲ့သူ ၃၀ ယောက်ရှိပြီး ကျန် ၂၁ ယောက်ဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ၅၀၅ (က)အပါအဝင် ပုဒ်မ အသီးသီးနဲ့ တရားစွဲခံထားရပါတယ်။ https://www.rfa.org/burmese/news/kachin-journalist-arrested-myanmar-coup-media-freedom-03292021094631.html

************

၂၀။ မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ထပ်မံခေါ်ယူမည်
29 March, 2021

မြန်မာနိုင်ငံအခြေအနေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တခါးပိတ် ခေါ်ယူ ကျင်းပဖို့ရှိတယ်လို့ သံတမန်သတင်းရပ်ကွက်တွေကို ကိုးကားပြီး AFP သတင်းဌာနက ရေးပါတယ်။ မြန်မာနိုင်ငံ အခြေအနေကို အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက အဆိုပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက လတ်တလောအားဖြင့် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပါ တယ်။ အခုလာမယ့် ကုလ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာကုလ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံနောက်ဆုံး အခြေအနေတွေကို တင်ပြရှင်းလင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ် လာ နိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန် လိုက်ပါ တယ်။

မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းနေရာမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာတင် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ဆန္ဒပြသူ ၄၀၀ ကျော်၊ ၅၀၀ နီးပါးအထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံသားတွေကို ညှဉ်းပန်းသတ်ဖြတ်နေမှု ကနေ နိုင်ငံတကာက အကာအကွယ်ပေးရမယ့် တာဝန်ရှိမှုကို ချက်ခြင်း ချမှတ်ဆောင်ရွက်ကြဖို့ဆိုပြီး လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီးနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကာကွယ်ဟန့်တားရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်တို့က ပူးတွဲ ထုတ်ပြန် တောင်းဆိုထားပါတယ်။ https://burmese.voanews.com/a/un-security-council-on-myanmar/5832415.html

**************

၂၁။ တာချီလိတ်မြို့တွင် Live လွှင့်သည့် အမျိုးသမီး တစ်ဦး ဖမ်းဆီးခံရ
March 27, 2021

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ရန်အောင်ရပ်ကွက် ပါလျှံ(၁)တွင် ယနေ့ (မတ် ၂၇)ရက် မနက်ပိုင်း (၁၁)နာရီ ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့မှ သံသယရှိနေအိမ်များကို ဝင်ရောက်ရှာဖွေမှု ပြီး ရပ်ကွက် အတွင်း ကင်းလှည့်နေစဉ် Win Thuzar အကောင့် မှ Live (တိုက်ရိုက် )လွှင့်မှုကို သိရှိသွားသည့်အတွက် ချက်ချင်းစုံစမ်းရှာဖွေ ဖမ်းဆီးသွားကြောင်း သိရသည်။

“ မနက်က တအိမ်ဝင်၊တအိမ်ထွက် လိုက်စစ်တယ်။ သူတို့သံသယရှိသူတွေကို လိုက်ပြီး မေးတယ်။ အဲ့မှာ ကောင်မလေးက Live လွှင့်တဲ့အတွက် ဖမ်းသွားတာပါ” ဟု တာချီလိတ်ဒေသခံ တဦး က ပြောသည်။ တာချီလိတ်တွင် ဆန္ဒပြလူငယ်များကို အကြမ်းဖက် စစ်ကောင်စီမှ ကားဖြင့်တိုက်ဖမ်းခြင်း၊ အကြမ်းဖက် ပစ်ခတ်မှုကြောင့် လူငယ် (၂)ဦး ဖမ်းခံရပြီး ၊ (၄)ဦးဒဏ်ရာရရှိသည်။ ထိုနည်းတူတာချီလိတ် မြို့တွင်း အိမ်အရောက် ပစ္စည်းပို့စနစ် ဝန်ဆောင်မှု( Delivery )ပေးနေသည့် လူငယ်တစ်ဦးကိုလည်း အကြမ်းဖမ်း စစ်ကောင်စီ က ယနေ့(မတ် ၂၇)ရက် မနက်ပိုင်းတွင် ဖမ်းဆီးသွားသည်။

ထို့ပြင် တာချီလိတ်မြို့ ရန်အောင်မြေ( ပါလျှံ) ရပ်ကွက်တွင်နေထိုင် သူ ဆိုင်ကယ်စီးလာသည့် ညီအကို (၂)ကိုလည်း စစ်ကောင်စီက ဆိုင်ကယ်ပေါ် ဆွဲချကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။ https://burmese.shannews.org/archives /21466

**************

၂၂။ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသည့် တောင်ကုတ်မြို့ ခံ ၄ ဦးအမှု ယနေ့ အမိန့်မချ ဖြစ်
30 March 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲရင်ဆိုင်နေရသည့် မြို့နယ် စည်ပင်ကော်မတီ ဥက္ကဌ ဦးဇေယျကျော် အပါအဝင် ၄ ဦးကို ယနေ့ မတ်လ ၃၀ ရက်နေ့တွင် အမိန့်ချရန် ချိန်းဆိုထား သော်လည်း အမိန့်မချ ဖြစ်ကြောင်း သိရသည်။

လာမည့် ရုံးချိန်းကို ဧပြီလ ၁၂ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ပြီး တရားရုံးဘက်က ယခုအမှုကို အမိန့်ချရန် အ ဆင်သင့် မဖြစ်သေးဟု အကြောင်းပြခဲ့ကြောင်း ၎င်းအမှုအား လိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂ ီ မောင်က ပြောသည်။“ဒီနေ့ အမိန့်မချ ဖြစ်ဘူး။ ဧပြီလ ၁၂ ရက်နေ့ကိုပဲ ပြန်ချိန်းလိုက်တယ်။ ကျမတို့ ဖြစ်စေချင်တာက အမှုတွဲ ပေါ် ပေါက် ချက်အရပဲ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် အမိန့်ချစေချင်တယ်။ ဖိအားပေးတဲ့ ပုံစံမျိုးပေါ့။ အဲလိုပုံစံမျိုး တရားစီရင် ရေး စနစ်ကို မလိုလားဘူး”ဟု ရှေ့နေ ဒေါ်သိင်္ဂ ီမောင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်ဟန်စုလှိုင်က“ကျမ အမျိုးသား ကိုဇေယျကျော်တို့ အမှုကို ဒီနေ့ အမိန့်ချမယ်ဆိုလို့ ကျမတို့ လွတ်တော့မယ်ဆိုပြီး ပျော် နေကြတာ။ အခုလို နောက်ထပ်ရုံးချိန်းလိုက်တဲ့အတွက် ဘာပြောရမှန်းတောင် မသိတော့ဘူး။ တော်တော် စိတ်မ ကောင် လည်း ဖြစ်မိတယ်”ဟု ဧရာဝတီသို့ ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံရသူ ၄ ဦးမှာ မြို့နယ် စည်ပင်ကော်မတီဥက္ကဌ ဦးဇေယျကျော်၊ မြို့ နယ် စည်ပင်ကော်မတီဥက္ကဌ (ဟောင်း) ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီမှ တောင်ကုတ်မြို့နယ် အလုပ်အမှုဆောင် ဦး ဝေသောင်းနှင့် ဦးဇေယျကျော်၏ ညီ မိုက်ကယ်(ခ) စည်သူကျော်ဇံတို့ ဖြစ်သည်။ အဆိုပါ စည်ပင်ကော်မတီဥက္ကဌ ဦးဇေယျကျော် အပါအဝင် တောင်ကုတ်မြို့ခံ ၄ ဦးကို ပြီးခဲ့သော ၂၀၂၀ ခုနှစ် မေလ အတွင်းက စစ်ဆေးစရာများ ရှိသည်ဟုဆိုကာ နေအိမ်ကနေ ရဲတပ်ဖွဲ့နေ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းတို့ ၄ ဦးသည် ရက္ခိုင့်စစ်တပ် (AA)နှင့်တစုံတရာ ပတ်သက်ဆက်နွယ်မှု ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ယခုလို အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ https://burma.irrawaddy.com/news/2021/03/30/240086.html

************

၂၃။ စစ်အာဏာရှင်ကို တော်လှန်နေသည့် မွန်လူငယ်များက CRPH ထံ အချက် ၄ ချက် တောင်းဆို
30 March, 2021

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်လူငယ်တွေက မတ်လ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး အချက် ၄ ချက် တောင်းဆိုလိုက်ပါတယ်။

မွန်လူငယ်တွေရဲ့ တောင်းဆိုချက်တွေထဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်း ကြောင်း အမြန်ဆုံးကြေညာ ပေးဖို့နဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် အသစ်ပြန်လည် ရေးဆွဲရေး လုပ်ငန်းစဉ်အား တိုင်းရင်းသား လူမျိုးစု အားလုံး သဘောတူညီချက်ဖြင့် ကြေညာဖို့ လည်း ပါဝင်ပါတယ်။ ဒါအပြင် ဖက်ဒရယ်တပ်မတော် တည်ထောင်နိုင်ဖို့အတွက် တိုင်းရင်းသား တပ်မတော်တွေ အားလုံးပါဝင်နိုင်တဲ့ မူတစ်ခုဖြင့် CRPH မှ သင်တန်းရေးရာ အပါအဝင် လိုအပ်သလို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

မွန်လူငယ်တွေရဲ့ နောက်ဆုံး တောင်ဆိုးချက်မှာတော့ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသရှိ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကလေးသူငယ်တွေအတွက် အရေးပေါ် လိုအပ်ချက်များကို အမြန်ဆုံးတာဝန်ယူထောက်ပံ့ပေးဖို့ ပါဝင်ပါတယ်။ http://burm ese.dvb.no/archives/455113

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

** ပြီး **