• Today is: Thursday, April 25, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 18, April 17, 2020)

zawgyi

၁။       AA ကုိ မတရားအသင္း ေၾကညာတုိက္ခုိက္ျခင္းသည္ တျခားတုိင္းရင္းသားအဖဲြ႔မ်ားအေပၚသတိေပးျခင္းျဖစ္ေၾကာင္း   IKO             ေျပာ

၂။       ျမစ္ႀကီးနားမွာ စားေသာက္ကုန္ ေဝတဲ့အစီအစဉ္ လူစုလူေဝးေၾကာင့္ ေရႊ႕ဆိုင္း

၃။       ေတာင္ႀကီး ေဂါက္ကြင္း အဝင္တြင္ အမ်ိဳးသားတဦး ေသဆံုး

၄။       ပလက္ဝၿမိဳဳ႕ခံလူထုႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္ ပို႔ေဆာင္မရ ျဖစ္ေန

၅။       ကခ်င္ျပည္နယ္အတြင္း ေဈးေရာင္းရမည့္ အခ်ိန္မ်ား ထပ္မံ ေျပာင္းလဲ

၆။       လိုအပ္ခ်က္မ်ား ရွိေနသျဖင့္ တီးတိန္ၿမိဳ႕ LockDown ခ်မခ် အေျခအေနၾကည့္ၿပီးမွ ေဆာင္ရြက္မည္ဟု ဆို

၇။       ရွမ္းျပည္နယ္တြင္ Mask မတပ္သူမ်ားအား အျပစ္ေပးမႈမ်ားလုပ္ေန

၈။       ဝိုင္းေမာ္ေက်းရြာအခ်ိဳ႕တြင္ တ႐ုတ္ကုမၸဏီသို႔ ေန႔စားသြားျခင္းမျပဳရန္ အမိန႔္ထုတ္

၉။       ေမာင္ေတာၿမိဳ႕တြင္ ရိုးရာအစဉ္အလာမပ်က္ နံ႔သာေသြး၍ ၿမိဳ႕တြင္းလွည့္လည္ ဘုရားေရသပါၸယ္

၁၀။     တီးတိန္ေဆးရံုမွ ကိုဗစ္-၁၉ လူနာမ်ားကို ကေလးၿမိဳ႕ေဆးရံုသို႔ ေျပာင္းေရႊ႕လ်င္ တားဆီးမည္ဟု ၿမိဳ႕လူထုက ေၾကညာ

၁၁။     ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕ လွ်ပ္စစ္မီး ျပန္မရေသး

၁၂။     မိုင္းဆတ္ခရိုင္အတြင္းရွိ ေဈးမ်ားအားလံုး ယာယီပိတ္ထားမည္

၁၃။     ဘားအံေဆးရံုႀကီးရွိ ေစာင့္ၾကည့္လူနာ ၈ ဦး ေရာဂါပိုးမေတြ႔ရွိ

၁၄။     ေတာင္ႀကီးၿမိဳ႕ရွိ ေမတၱာရွင္ေဆးရံုတြင္ Hospital Quarantine ထားရွိျခင္းကို နယ္ေျမ ၃ မွ လူ ၂၀ ခန္႔က ကန္႔ကြက္ ၾက               သျဖင့္ လူစုလူေဝးျဖစ္ကာ လံုၿခံဳေရး တာဝန္ရွိသူမ်ားမွ လူစုခြဲရန္ ေဆာင္ရြက္ခဲ့ရ

၁၅။     စစ္ေဆးေရးဂိတ္ေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ က်န္းမာေရးအဖြဲ႕ေတြ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္

၁၆။     လူနာအမွတ္စဥ္ ၆၃ ၏ စက္႐ုံမွျပန္လာသူကို ျမစ္ႀကီးနား မန္ခိန္ ေနအိမ္တြင္ Home Quarantine လုပ္ထား

၁၇။     ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ေတြကမ္းေျခကိုပိတ္

၁၈။     AA နဲ႔ ဆက္သြယ္ေမးျမန္းခဲ့တဲ့ သတင္းသမားတခ်ိဳ႕တိမ္းေရွာင္ေနရဆဲ

၁၉။     လူနာအမွတ္စဥ္ ၈၂ ျဖင့္ထိေတြ႕ခဲ့ေသာ ျမစ္ႀကီးနားမွ အမ်ိဳးသမီးတစ္ဦးကို ေဆး႐ုံသတ္မွတ္ေနရာသို႔ ပို႔ေဆာင္ထား

၂၀။     ျမန္မာႏွင့္ဘဂၤလားေဒ့ရွ္၌ ဆက္သြယ္ေရးႏွင့္မိုဘိုင္းအင္တာနက္ အျပည့္အဝရရွိေရး ေထာက္ပံ့ေရးအဖြဲ႔အစည္း ၂၆ ဖြဲ႔                       ေတာင္းဆို

၂၁။     ARSA ၏ တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ႏွစ္ဦး က်ဆံုးဟု တပ္မေတာ္ေျပာ

၂၂။     ဖလမ္းၿမိဳ႕အနီး  အင္အားအနည္းငယ္ရွိ ေျမငလ်င္လႈပ္ခတ္

***************

၁။       AA ကုိ မတရားအသင္း ေၾကညာတုိက္ခုိက္ျခင္းသည္ တျခားတုိင္းရင္းသားအဖဲြ႔မ်ားအေပၚသတိေပးျခင္းျဖစ္ေၾကာင္း IKO              ေျပာ

         April 14, 2020

ရခုိင္ျပည္နယ္အတြင္း အေျခစုိက္ေနသည့္ ရကၡိဳင့္တပ္ေတာ္(AA)ကုိ မတရားအသင္းေၾကညာၿပီး ထုိးစစ္ဆင္ တုိက္ခုိက္ေနမႈ မ်ားသည္ တျခားေသာ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔အစည္းမ်ား ( EAOs)ကုိ သတိေပး လုိက္ျခင္းျဖစ္သည္ဟု သုံးသပ္ ေၾကာင္း ႏုိင္ငံတကာ ကရင္အဖြဲ႔အစည္း – IKO က ယေန႔ (ဧၿပီ ၁၄ရက္) သေဘာထားထုတ္ျပန္၍ ေျပာဆုိလုိက္သည္။ ရကၡိဳင့္ တပ္ေတာ္ (AA) သည္ ျပည္တြင္းၿငိမ္းခ်မ္းေရး စတင္ေဆြးေႏြးစဥ္ကတည္းက ပါဝင္လာခဲ့ေသာ အဖြဲ႔အစည္း တစ္ခုျဖစ္ကာ လက္ရွိတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆုံေဆြးေႏြးေနေသာ ကာလျဖစ္သလုိ AA အေပၚသဲႀကီးမဲႀကီး ထုိးစစ္ ဆင္ တုိက္ခုိက္ေနျခင္းသည္ တုိင္းရင္းသားမ်ား လုိလားေသာ အနာဂတ္ ဖက္ဒရယ္ တည္ေဆာက္ေရးကုိ အ ေႏွာင့္အယွက္ျဖစ္ ေစၿပီး အစုိးရ၊ တပ္မေတာ္၏ သေဘာထားမ်ားေၾကာင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ရန္ အခက္ႀကဳံေနရေၾကာင္း IKO က ဆုိသည္။

IKO ေျပာခြင့္ရ ေစာေဇာ္ေနာင္က “ရခုိင္တပ္မေတာ္ကုိ မတရားအသင္းအျဖစ္ေၾကညာၿပီး ထုိးစစ္ဆင္လုိက္တဲ့ ကိစၥက NCA လက္မွတ္ထုိးၿပီးေတာ့ မတရားအသင္းဖ်က္သိမ္းခံရတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြရွိတယ္။ ဒီအဖြဲ႔အစည္း ေတြကုိလည္းပဲ ဗမာ့တပ္မေတာ္က လုိအပ္လာရင္ အခ်ိန္မေရြး မတရားအသင္းအျဖစ္နဲ႔ ေၾကညာႏုိင္တဲ့ အေျခအေနရွိတယ္လုိ႔ က်ေနာ္တုိ႔က သုံးသပ္တယ္။ ေျပာခ်င္တာက မနာခံဘူးဆုိရင္ေတာ့ ရခုိင္လုိပဲ မင္းတုိ႔လည္း ျဖစ္ၾကရမယ္ဆုိတဲ့ ပုံစံမ်ဳိးေပါ့ဗ်ာ” ဟု ေကအုိင္စီသို႔ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၂၃ရက္ေန႔က ျပည္ထဲေရး ဝန္ႀကီးဌာနမွ ရကၡိဳင့္တပ္ေတာ္ (AA)ႏွင့္ ၎အဖြဲ႔၏ လက္ ေအာက္ခံ အဖြဲ႔မ်ားကို အက္ဥပေဒ ပုဒ္မ ၁၅၊ ပုဒ္မခြဲ (၂)ပါ အဓိပၸာယ္ ေဖာ္ျပခ်က္မ်ားႏွင့္အညီ မတရားအသင္း အျဖစ္ေသာ္လည္းေကာင္း၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဗဟုိအဖြဲ႔မွ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၆၊ ပုဒ္မခြဲ (င) ႏွင့္ ပုဒ္မ ၇၂၊ ပုဒ္မခြဲ (ခ) အရ AA အဖဲြ႔ကုိ အၾကမ္းဖက္အုပ္စုျဖင့္ ေၾကညာခဲ့ၿပီးေနာက္ ခ်င္းျပည္ နယ္ႏွင့္ ရခုိင္ျပည္နယ္တုိ႔တြင္ AA ႏွင့္ တပ္မေတာ္ တုိ႔အၾကား တုိက္ပြဲမ်ား ပုိမိုျပင္းထန္လာခဲ့သည္။

အဆုိပါ လုပ္ရပ္မ်ားအေပၚ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေလ့လာသည့္ လူမႈအဖြဲ႔အစည္းမ်ား၊ အမ်ဳိးသမီးအဖြဲ႔ အစည္းမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ားအျပင္ တုိင္းရင္းသားလက္ကုိင္အဖြဲ႔အစည္းအခ်ဳိ႕မွ ကမၻာ့ကပ္ေရာဂါ (COVID-19) ျဖစ္ပြားခ်ိန္ တုိင္းရင္းသား ေဒသမ်ားတြင္ ထုိးစစ္ဆင္တုိက္ခုိက္မႈမ်ား မျပဳလုပ္ရန္ႏွင့္ တစ္ႏုိင္ငံ လုံး အပစ္အခတ္ရပ္စဲမႈကုိ ေၾကညာရန္ တုိက္တြန္းေတာင္းဆုိထားမႈမ်ားျပဳလုပ္ခဲ့သည္။ http://kicnews.org/2020/04/aa%e1%80%80%e1%80%af%e1%  80%ad-%e1%80%99 %e1%80%90%e1

**************

၂။       ျမစ္ႀကီးနားမွာ စားေသာက္ကုန္ ေဝတဲ့အစီအစဉ္ လူစုလူေဝးေၾကာင့္ ေရႊ႕ဆိုင္း

           April 14, 2020

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ ဦးလဆန္ေအာင္ (ၿငိမ္းခ်မ္းေရးအဖြဲ႔)က လူထုကို ဆန္၊ ဆီ နဲ႔ ႏွာေခါင္းစည္းေတြ ဒီေန႔ လွဴဒါန္းဖို႔ ျပင္ဆင္ခဲ့ေပမယ့္ လူတစ္ေထာင္ခန္႔ စုေဝးလာခဲ့တာေၾကာင့္ လွဴဒါန္းျခင္း ရပ္နားလိုက္ပါတယ္။

ျမစ္ႀကီးနားၿမိဳ႕၊ ဗလမင္းထင္ တံတားနားမွာ ဒီမနက္ ခုႏွစ္နာရီကစၿပီး ျမစ္ႀကီးနားနဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္က ေဒသခံေတြက အေျခခံ စားေသာက္ကုန္ေတြ ေဝမွာကို လာေရာက္တန္းစီခဲ့ၾကတာပါ။ တျဖည္းျဖည္းလူမ်ားလာၿပီး လူစုလူေဝးျဖစ္လာတဲ့အတြက္ လွဴဒါန္းမယ့္ အစီအစဉ္ကို ေရႊ႕ဆိုင္းလိုက္ၿပီး ရပ္ကြက္အလိုက္ ေနထိုင္သူစာရင္း ေကာက္ယူမႈကို အရင္ ျပဳလုပ္မယ္လို႔  အလွဴ မွာ ကူညီေပးေနတဲ့ ဦးခင္ေမာင္ၿပံဳးက ေျပာပါတယ္။ မအားတဲ့ၾကားကေန အခ်ိန္ေပးၿပီး လာေရာက္တန္းစီခဲ့ေပမယ့္ မရခဲ့ တဲ့အတြက္ မေက်မနပ္ ျဖစ္မိတယ္လို႔ ရမ္ပူကြက္(၁) က လာထုတ္တဲ့ ေဒၚျမင့္ျမင့္က ေျပာပါတယ္။

ဒီေန႔မနက္က ေပးေဝမယ့္ အစီအစဉ္မွာ အလွဴရွင္က ျပည္သူ႔စစ္အဖြဲ႔ တစ္ခုျဖစ္တဲ့ ဦးလဆန္ေအာင္ (ၿငိမ္းခ်မ္းေရးအဖြဲ႔) ျဖစ္ပါ တယ္။ လူတစ္ဦးကို ဆန္ သံုးျပည္၊ ဆီတစ္ဗူးနဲ႔ ႏွာေခါင္းစည္းငါးခု ေပးဖို႕စီစဉ္ခဲ့တာပါ။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အလုပ္ေတြနား ထားရလို႔ ဝင္ေငြမရွိတဲ့အခ်ိန္ လွဴဒါန္းေပးတယ္ဆိုေတာ့ ဝမ္းသာၿပီး လာတန္းစီခဲ့ေပမယ့္ မရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရ ေၾကာင္း ဦးစိုးထြန္းက ေျပာပါတယ္။

အလွဴရွင္ေတြအေနနဲ႔ လွဴဒါန္းမယ္ဆိုရင္ အခုလို လူစုလူေဝးမလုပ္ဘဲ အုပ္ခ်ဳပ္ေရးမွဴးေတြကေနတစ္ဆင့္ စနစ္တက် စီစဉ္ သင့္တယ္လို႔ အရပ္ဘက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ထြယ္ဂ်န္ဒါ အဖြဲ႕က ဒါရိုက္တာ ေဒၚနန္ပူက ေထာက္ျပပါတယ္။ အစိုးရက လည္း ေရာဂါကာကြယ္ တားဆီးႏိုင္ဖို႔ လူစုလူေဝးေတြမလုပ္ၾကဖို႔နဲ႔ အတတ္ႏိုင္ဆံုး အိမ္အျပင္ မထြက္ၾကဖို႔ သတိေပးထားပါ တယ္။ https://www.rfa.org/burmese/news/myitkyina-food-disrtibution-postpone–04142020071519.html

****************

၃။       ေတာင္ႀကီး ေဂါက္ကြင္း အဝင္တြင္ အမ်ိဳးသားတဦး ေသဆံုး

           April 14, 2020

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ေဂါက္ကြင္းအဝင္ေပါက္တြင္ အမ်ိဳးသားတဦး ေသဆံုးေနေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးသူ၏ ရုပ္အေလာင္းကို ေဂါက္ကြင္းအဝင္ေပါက္ အနီး မိုင္တိုင္ ၁၁၆/၆ ေဘးေျမာင္းထဲတြင္ ယေန႔ မနက္ ဧၿပီ ၁၄ ရက္တြင္ ေတြ႔ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိ တဦး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။ “ ေသဆံုးသူက သက္လတ္ပိုင္း အရြယ္ပါ။ ဘာေၾကာင့္ ေသလဲဆိုတာေတာ့ အတည္ျပဳလို႕ မရေသးဘူး။ ခု ေသဆံုးမႈက ျပင္ပဒဏ္ရာ မရွိဘူး” ဟု ၎ရဲအရာရွိ က ဆိုသည္။ ေသဆံုးသူ အေလာင္းသည္ ရင္ခြဲရံုတြင္ စစ္ေဆးသြားမည္ျဖစ္ၿပီး ျပင္ပဒဏ္ရာ မရွိလွ်င္ ေသမႈ ေသခင္း ႏွင့္ ဓမၼတာ ေသ ဆံုးမႈ ျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရဲအရာရွိ က ထပ္ေလာင္းေျပာသည္။

ထို အမ်ိဳးသား ေသဆံုးသည့္ေနရာကို ေတာင္ႀကီး ပရဟိတ အဖြဲ႕မွ ပိုးသတ္ေဆးမ်ား ခ်က္ခ်င္း သြားေရာက္ျဖန္းေပးခဲ့ေၾကာင္း သိရသည္။ “ လူတေယာက္ ေဂါက္ကြင္းအဝင္ေပါက္ရဲ့ ေျမာင္းထဲမွာ ေသေနတာၾကားေတာ့ က်ေနာ္တို႔အဖြဲ႔ ခ်က္ခ်င္း ေဆးသြားျဖန္းေပးလိုက္တယ္။ ဘာေၾကာင့္ ေသလည္းေတာ့မသိဘူး” ဟု ေဆးသြားျဖန္းသည့္ ကိုဝင္းႏိုင္စိုးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ COVID-19 ျဖစ္ပြားမႈမ်ားေနသည့္ အခ်ိန္ျဖစ္သည့္အတြက္ ထိုေသဆံုးသူသည္ မည္သည့္ေရာဂါျဖင့္ ေသဆံုးသြားသည္ကို ေတာင္ႀကီးေဒသခံမ်ားေမးခြန္းထုတ္ေနၾကသည္။ https://burmese.shannews.org/archives/16150

***************

၄။       ပလက္ဝၿမိဳဳ႕ခံလူထုႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္ ပို႔ေဆာင္မရ ျဖစ္ေန

         April 14, 2020

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) အၾကား စစ္ေရးပဋိပကၡေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္ကာ စားနပ္ရိကၡာျပတ္လပ္ေနသည့္ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ ျပည္သူမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ခ်င္းအရပ္ဘက္အဖြဲ႔ အစည္းမ်ားက ရိကၡာဆန္မ်ားပို႔ေဆာင္ရန္ ႀကိဳးစားခဲ့ၾကေသာ္လည္း အခက္အခဲရွိေနသည္ဟု သိရသည္။

ပလက္ဝသို႔ ပို႔မည့္ ရိကၡာဆန္မ်ား ဆမီးၿမိဳ႕သို႔ေရာက္ရွိၿပီျဖစ္ေသာ္ျငား ေရွ႕ခရီးဆက္ရန္ ကားသမားမ်ား မဝံ့ရဲေသာေၾကာင့္ အခက္ႀကံဳေနၾကရျခင္းျဖစ္သည္။ “အဓိကေတာ့ အစိုးရအဖြဲ႔ကခြင့္ျပဳတယ္။ ေနာက္ၿပီးေတာ့ တပ္ကလည္းလံုၿခံဳေရး သူတို႔ေပး မယ္။ ဒါေပမဲ့ကားသမားေတြကမသြားရဲေတာ့ဘူး။ အဓိကျပႆနာက ကားသမားေတြမသြားရဲတာ။ အဲဒီေတာ့ ကားသမားေတြ ဘာေၾကာင့္ မသြားရဲတာလဲဆိုေတာ့ သူတို႔မွာလည္းအေၾကာင္းရွိတယ္။ ဟိုတေလာကလည္း ကားမီးရိႈ႕လိုက္တာတို႔၊ ဆန္အိတ္ လုသြားတာတို႔၊ အဲလိုျဖစ္ေတာ့ သူတို႔ကအစိုးရခြင့္ျပဳတာေတာင္မွ သူတို႔မသြားရဲဘူး။ တပ္ကလံုၿခံဳေရးေပးမယ္လို႔ေျပာရင္ေတာ့ ပိုေတာင္ေၾကာက္တာေပါ့ဗ်ာ၊ ဆိုေတာ့ အဲဒီအေနအထား” ဟု ကူညီေထာက္ပံ့ေရးလုပ္ငန္းတြင္ ဦးေဆာင္သူတစ္ဦးျဖစ္သည့္ ခ်င္းျပည္နယ္ စည္ပင္ဝန္ႀကီးေဟာင္း ဆလိုင္းအိုက္ဇက္ခင္က ေျပာသည္။

ခ်င္း စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရိကၡာဆန္မ်ား သြားေရာက္ေထာက္ပံ့ခဲ့သည့္ Chin Relief-rehabilitation and Community Development Foundation (CRCDF) မွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ Chinland Herald သတင္းစာအယ္ဒီတာ ဆလိုင္းငယ္ပီက ၎တို႔အေနျဖင့္ ပလက္ဝၿမိဳ႕အထိ ကိုယ္တိုင္သြားေရာက္ရန္ စီစဉ္ထားေသာ္လည္း လံုၿခံဳေရးအေျခအေန မေပးေသာေၾကာင့္ ဆမီးၿမိဳ႕တြင္ ရိကၡာမ်ားထားခဲ့ၿပီး ျပန္လွည့္လာခဲ့ရေၾကာင္း ေျပာသည္။ ရိကၡာမ်ား လက္ရွိေနရာမွ ဆက္ လက္ပို႔ေဆာင္ေရး စရိတ္စကပါမက်န္ စီစဉ္ထားရစ္ခဲ့ေၾကာင္း ၎က ျဖည့္စြက္ေျပာျပသည္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ တြင္ စစ္ေဘးေရွာင္ျပည္သူမ်ား တိုးလာဆဲျဖစ္ၿပီး ပလက္ဝၿမိဳ႕ေပၚတြင္ ၃ ေထာင္ေက်ာ္ရွိကာ ဆမီးၿမိဳ႕ေပၚတြင္လည္း ၃ ေထာင္ နီးပါး ေရာက္ရွိေနၾကသည္။ https://www.bnionline.net/mm/news-72252

**************

၅။       ကခ်င္ျပည္နယ္အတြင္း ေဈးေရာင္းရမည့္ အခ်ိန္မ်ား ထပ္မံ ေျပာင္းလဲ

           April 14, 2020

ကခ်င္ျပည္နယ္အတြင္း အစိုးရစည္ပင္ေဈးႏွင့္ ေက်းလက္ေဈးမ်ားကို နံနက္ ၅ နာရီမွ ၁၂ နာရီအထိသာ ဖြင့္ေတာ့မည္ျဖစ္ ေၾကာင္း ကခ်င္ျပည္နယ္အစိုးရအဖြဲ႕မွ ယေန႔ ထပ္မံထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။ ယခင္က နံနက္ ၅ နာရီမွ ၁၀ နာရီ၊ ညေန ၄ နာရီမွ ၆ နာရီအထိ ခြင့္ျပဳထားျခင္း ျဖစ္သည္။ ထို႔အျပင္ ေဈးေရာင္း ေဈးဝယ္သူမ်ားအားလုံး ႏွာေခါင္းစည္းတပ္ဆင္ ရမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ျမစ္ႀကီးနားရွိ လူထူထပ္ေသာ ေရႊေညာင္ပင္ရပ္ကြက္ ဝက္ကုန္းေဈးတြင္ ဧၿပီလ ၁၅ရက္ေန႔မွစကာ တစ္ဦးလၽွင္ ၆ေပအကြာ ေရာင္းခ်နိုင္ရန္ စီစဥ္ေနသည္ဟုလည္း ေရႊေညာင္ပင္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ဝင္း ေျပာသည္။ “က်ေနာ္တို႔ကေတာ့ ေန႔တိုင္း ေဈးဝယ္လာတဲ့သူေတြ၊ ေဈးေရာင္းမယ့္သူေတြကို Mask တပ္ဖို႔ Hand Speaker နဲ႔ေန႔တိုင္းေအာ္ေျပာၿပီးၿပီ။ ၿပီးေတာ့ ခု ျပည္နယ္ အစိုးရကလည္း ထပ္ၿပီးထုတ္ျပန္လာတဲ့တြက္ေၾကာင့္မို႔ နက္ျဖန္ကစၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ ၆ ေပ အကြာမွာ ေရာင္းခ်ႏိုင္ဖို႔တြက္ စီစဥ္ေနပါတယ္။” ဟု ေျပာသည္။

“ဘာမွလိုက္နာတာမေတြ႕ရဘူး။ က်မတို႔မွာေတာ့ Stay at Home သာလုပ္တာ အိမ္ေရွ႕မွာ မနက္မနက္ဆိုရင္ ေဈးလာဝယ္တဲ့ သူေတြကလည္း ႏွာေခါင္းစည္းတပ္ထားတာလည္းမေတြ႕ရဘူး။ ၿပီးေတာ့ တစ္ခ်ိဳ႕ ဆိုင္ကယ္ေပၚကေနထိုင္ၿပီး ေစာင့္ေနတဲ့ သူေတြကလည္း ေခ်ာင္းဆိုးတဲ့လူနဲ႔ ႏွာေခ်တဲ့သူနဲ႔ က်မအိမ္က ေဈးကပ္ရပ္ျဖစ္ေနေတာ့ ပိုေၾကာက္ရတယ္။ ေဈးသည္ေတြ ကလည္း ႏွာေခါင္းစည္းတပ္တာမေတြ႕ရဘူး။ က်မတို႔ကသာ ဘယ္ေလာက္ဂ႐ုစိုက္စိုက္ ပတ္ဝန္းက်င္မွာကိုက အဲလိုျဖစ္ေနရင္ ေနရတာစိတ္မခ်မ္းသာဘူး။ အားလုံး အသိစိတ္ဓါတ္နဲ႔ ကာကြယ္ၾကရင္ ပိုေကာင္းမယ္ထင္တယ္။” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး ကခ်င္သတင္းဌာနသို႔ ေျပာသည္။ အဆိုပါ ဝက္ကုန္းေဈးသည္ ေရႊေညာင္ပင္၊ ကၽြန္းပင္သာ၊ ေအးေစတီ စသည့္ ရပ္ကြက္ ၃ ခုမွ ျပည္သူမ်ား ေရာင္းဝယ္ေနသည့္ ေဈးျဖစ္သည္။ အလားတူ ျမစ္ႀကီးနားၿမိဳ႕တြင္း အျခားရပ္ကြက္မ်ားရွိ မနက္ေဈးမ်ားတြင္လည္း လူထူထပ္ေနၿပီး ေရာဂါကူးစက္ လြယ္ေသာေၾကာင့္ ေနရာက်ယ္ၿပီး ေဈးသည္တစ္ေယာက္ႏွင့္ တစ္ေယာက္ ၆ ေပခန႔္အကြာေရာင္းခ်ႏိုင္ရန္ သက္ဆိုင္ရာမွ စီစဥ္ေပးသင့္ေၾကာင္း ေျပာဆိုမႈမ်ား ရွိေနၾကသည္။ https://bu rmese.kachinnews.com/2020/04/14/%e1%80%80 %e1%80%81%e1%80%bb%e1%80%84%e1

**************

၆။       လိုအပ္ခ်က္မ်ား ရွိေနသျဖင့္ တီးတိန္ၿမိဳ႕ LockDown ခ်မခ် အေျခအေနၾကည့္ၿပီးမွ ေဆာင္ရြက္မည္ဟု ဆို

           April 14, 2020

ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ဓာတ္ခြဲစစ္ေဆး အတည္ျပဳလူနာ ၃ ဦး အထိရွိေနသည့္ တီးတိန္ၿမိဳ႕ LockDown ခ်မခ်ကို လိုအပ္ခ်က္မ်ား ရွိေနသျဖင့္ နယ္ေျမအေျခအေနၾကည့္ၿပီးမွ ေဆာင္ရြက္မည္ဟု ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္ က ေျပာသည္။

“ကိုရိုနာဗိုင္းရပ္စ္အတြက္ကို LockDown လုပ္မယ္ဆိုရင္လည္း သူ႕ရဲ႕လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိတယ္။ ေရ၊ မီး လံုေလာက္ ဖို႔ရယ္၊ တျခားေတြလည္းအမ်ားႀကီးရွိတယ္၊ စားနပ္ရိကၡာျပည့္စံုဖို႔ စတဲ့အခ်က္ေတြ အမ်ားႀကီးရွိတယ္၊ အဲဒါေတြကို တစ္ၿမိဳ႕လံုး လံုေလာက္ေအာင္လုပ္ဖို႔က မလြယ္ဘူးေပါ့ေနာ္”ဟု စည္ပင္ဝန္ႀကီး ဦးစိုးထက္က ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သတ္ၿပီး အရပ္ဘက္အဖြဲ႔အစည္းတစ္ခုမွ ကို Lian Tuang က “အစိုးရဘက္က LockDown ခ်ဖို႔ ဒီခ်ိန္ထိ ဘာမွမလုပ္ေသးတာ။ က်ေနာ္ေျပာခ်င္တာက စားနပ္ရိကၡာအတြက္ဆိုရင္ေတာ့ ျပည္သူေတြ ဝိုင္းဝန္းပံ့ပိုးေပးလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေဒသတစ္ခုေၾကာင့္ အားလံုးအတြက္ ဒုကၡမေရာက္ေအာင္ က်ေနာ္တို႔က ဝိုင္းဝန္းပံ့ပိုးသင့္တယ္လို႔ ယူဆတယ္၊ တီးတိန္ကို အဲလိုလုပ္ထားၿပီဆိုရင္ အဘက္ဘက္ကအလွဴရွင္ေတြ ျပည္သူေတြ အားလံုးပံ့ပိုးၿပီးေတာ့ မငတ္ ေလာက္ပါဘူးလို႔ က်ေနာ္ကေတာ့ ယူဆတယ္”ဟု ေျပာသည္။ ကိုဗစ္-၁၉ ကူးစက္ခံေနရသည့္ သံုးဦးကို အေျခအေနအရ အျခားေနရာသို႔ေရႊ႕ေျပာင္းမည္မဟုတ္ဘဲ တီးတိန္ေဆးရံုတြင္ ဆက္လက္ကုသမည္ျဖစ္ၿပီး ကူးစက္ခံရသူပိုမ်ားလာမွသာ ဖလမ္းႏွင့္ ဟားခါးေဆးရံုႀကီးတို႔တြင္ ႀကိဳတင္ျပင္ဆင္ထားေၾကာင္းသိရသည္။ https://www.bnionline.net/mm/news-72258

**************

၇။       ရွမ္းျပည္နယ္တြင္ Mask မတပ္သူမ်ားအား အျပစ္ေပးမႈမ်ားလုပ္ေန

          April 16, 2020

ရွမ္းျပည္နယ္အတြင္း၌ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ကာလအတြင္း ၿမိဳ႕နယ္တာဝန္ရွိသူမ်ားႏွင့္ နယ္ခံမ်ား ပူးေပါင္းကာ စည္းကမ္းခ်ိဳးေဖာက္သူမ်ားကို ထိုင္ထလုပ္ခိုင္းျခင္း၊ တုတ္ျဖင့္ ရိုက္ျခင္းစသည့္ အျပစ္ေပးျခင္းမ်ား ျပဳလုပ္ေန ေၾကာင္း လူမႈကြန္ရက္တြင္ ျပန္႔ႏွံ႔လာသည္။ ကေလာၿမိဳ႕နယ္၊ ဟဲဟိုးတြင္ ဧၿပီလ ၁၅ ရက္ေန႔ ညေန ၅ နာရီအခ်ိန္မွစၿပီး ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေဒသခံမ်ားပူးေပါင္းကာ Mask မတပ္ပဲ အျပင္ထြက္လာသူမ်ားအား တုတ္မ်ားကိုင္၍ အျပစ္ေပးမည္ ဟုဆိုကာ လမ္းေပၚတြင္ တုတ္ကိုင္ေစာင့္ေနသည့္ ဓါတ္ပံုမ်ား လူမူကြန္ရက္တြင္ ျပန္႔ႏ႔ွံခဲ့သည္။

ဟဲဟိုးေဒသခံ ေမာင္ေက်ာ္သန္း က “အျပင္ထြက္လာတဲ့သူေတြ Mask မတပ္ရင္ ရိုက္မယ္ဆိုၿပီး သူတို႔က တုတ္ကိုင္ေစာင့္ေန ေတာ့ က်ေနာ္တို႔လည္း ေၾကာက္တာေပါ့။ သူမ်ားေတြၾကည့္လိုက္ေတာ့ ရီၿပီး ထြက္သြားၾကတာ ေတြ႔တာပဲ။ က်ေနာ္တို႔ကိုေတာ့ Mask တပ္ဖို႔ သတိေပးတယ္။ အိမ္မွာဆိုရင္ ဘာေတြလုပ္ရမယ္။ ဘယ္လိုေန ရမယ္ဆိုတာေျပာတယ္ေပါ့။ တကယ္မရိုက္ ပါဘူး” ဟု ဧရာဝတီသို႔ ေျပာသည္။

ထို႔အေၾကာင္းအရာႏွင့္ပတ္သက္ၿပီး ဟဲဟိုးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္အား ေမးျမန္းရာတြင္ ဟဲဟိုးျပည္သူ႔ေဆးရံု  ႀကီး၏  Facebook စာမ်က္ႏွာတြင္ covid- 19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးေကာ္မတီမွ ျပန္လည္ေျဖရွင္း ေပးထားသည္ဟု ဆိုသည္။ ဟဲဟိုးျပည္သူ႔ေဆးရံု က “ဧၿပီလ ၅ ရက္ေန႔ ညေန ၅ နာရီေလာက္မွ စလုပ္တာပါ။ ဒါကလည္းလတ္တေလာ ဟဲဟိုး မွာ ျဖစ္ပြားေနတဲ့ စိတ္ပူစရာ ကိစၥေတြေၾကာင့္ အုပ္ႀကီးမ်ားႏွင့္ အမ်ားအေရး ကူညီၾကသူမ်ား စုေပါင္းၿပီး လုပ္ၾကတာပါ။ ေမးၾကည့္ပါ တကယ္အရိုက္ခံရသူရွိလားဆိုတာ ဘယ္သူမွမရိုက္ပါဘူး။ အားလံုးကို ပိုမို ဂရုစိုက္ေစခ်င္တဲ့ ေစတနာနဲ႔မို႔ လုပ္ၾက တယ္လို႔မွတ္ယူေပးပါဗ်။ လာၾကည့္ၾကည့္ပါ ေၾကာက္စရာမဟုတ္ဘဲ ေပ်ာ္စရာျကီး ျဖစ္ေနတာပါ” ဟု ေရးသားထားသည္။

ထိုအေၾကာင္းႏွင့္ပတ္သက္ၿပီး နမ့္လန္မွ တာဝန္ရွိသူတဦးက “ရြာကလူေတြက ေျပာစကားနားမေထာင္ဘူး။ ဒီဘက္မွာက ျပည္ေတာ္ျပန္ေတြ အရမ္းမ်ားတယ္။ က်န္းမာေရးေစာင့္ေရွာက္မႈလည္း မရွိဘူး။ သူတို႔ကို ဘယ္လိုပဲ ေမတၱာရပ္ခံတယ္ ေျပာေျပာ ဘာေျပာေျပာ ဂရုကို မစိုက္ဘူး။ ဒါေၾကာင့္ သူတို႔ကို ဒီလိုေလး လုပ္ခိုင္းတာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။ https://burma.irrawaddy.com/news/2020/04/16/220712.html

***************

၈။       ဝိုင္းေမာ္ေက်းရြာအခ်ိဳ႕တြင္ တ႐ုတ္ကုမၸဏီသို႔ ေန႔စားသြားျခင္းမျပဳရန္ အမိန႔္ထုတ္

            April  15, 2020

ဝိုင္းေမာ္ၿမိဳ႕နယ္ စန္းကားေက်းရြာအုပ္စုရွိ တ႐ုတ္စိုက္ပ်ိဳးေရးကုမၸဏီသို႔ ေန႔စားသြားျခင္း မျပဳလုပ္ရန္ ေက်းလက္အုပ္ခ်ဳပ္ေရး ႐ုံးမွ ညြန္ၾကားထားေၾကာင္း စန္းကားေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။ သက္ဆိုင္ရာဌာနမွ ညႊန္ၾကားထားျခင္းမရွိေသာ္ လည္း ေဒသ၏လိုအပ္ခ်က္အရ လက္ရွိကမၻာတစ္ဝန္းတြင္ ျဖစ္ပြားေနသည့္ Covid-19 ထိန္းခ်ဳပ္ႏိုင္ရန္တြက္ ယခုကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ဦးေဒါင္ေခါင္ ေျပာသည္။

“ကုမၼဏီမွာ ေန႔စားမသြားရဘူးလို႔ ထုတ္ျပန္ထားတဲ့ၾကားကေန သြားမယ္ဆိုလို႔ရွိရင္ ပထမတစ္ေခါက္ ဒုတိယတစ္ေခါက္ သတိ ေပးတာေတြလုပ္မယ္။ တတိယအႀကိမ္ဆိုရင္ေတာ့ က်ေနာ္တို႔အေနနဲ႔ ေငြဒဏ္ခ်မွတ္မွာျဖစ္တယ္။ ခုဘယ္ရပ္ကြက္က သြားတယ္မသြားဘူးဆိုတာကို ရပ္ကြက္ကနယ္ေျမမွဴးေတြကို ေစာင့္ၾကည့္ခိုင္းထားတယ္။ အားလုံးက လက္ရွိျဖစ္ေနတဲ့ေရာဂါ ကို ကာကြယ္ႏိုင္ရန္တြက္ျဖစ္တယ္။” ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးေဒါင္ေခါင္ ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕မွ ဝိုင္းေမာ္ဘက္လာေရာက္သူမ်ားအား မိုင္းနားေက်းရြာအဝင္ တိုးဂိတ္တြင္ က်န္းမာေရးစစ္ေဆးမူမ်ား ျပဳလုပ္ ေပးၿပီး မုတ္လႊဲလမ္းဆုံနားတြင္လည္း က်န္းမာေရးနဲ႔ပတ္သက္သည့္ စစ္ေဆးမူမ်ားျပဳလုပ္ေပးေနသည္ကို ေတြ႕ရသည္။ သို႔ေသာ္လည္း စန္းကားေက်းရြာအတြင္းသို႔ လာေရာက္အလုပ္လုပ္ကိုင္ၾကသည့္ ေန႔စားသမားမ်ားသည္ ခတ္ခ်ိဳကူးတို႔ဆိပ္မွ စက္ေလွျဖင့္ ကူးလာသူူမ်ားျဖစ္သည့္တြက္ စိုရိမ္ရေၾကာင္း ၎ကဆက္ေျပာသည္။ စန္းကားေက်းရြာသည္ အိမ္ေျခေပါင္း ၇၀၀ ေက်ာ္ရွိကာ ရပ္ကြက္ေပါင္း ၁၁ ခုရွိၿပီး လူဦးေရ စုစုေပါင္း ၅၀၀၀ ေထာင္ခန႔္ရွိေၾကာင္း သက္ဆိုင္ရာမွ သိရသည္။

လူစုလူေဝးျဖစ္ျခင္းႏွင့္ တ႐ုတ္ကုမၸဏီမွ အလုပ္သမားမ်ား ေဈးလာဝယ္ျခင္းတို႔ေၾကာင့္ စန္းကားေဈးကိုလည္း ပိတ္ထားသည္ ဟု သိရသည္။ စန္းကားေက်းရြာရွိ ျပည္သူအမ်ားစုသည္ ေတာင္ယာလုပ္ငန္းမ်ားလုပ္ကိုင္ၾကေသာ္လည္း တ႐ုတ္ကုမၼဏီဝင္ လာၿပီးေနာက္ လယ္ယာေျမမ်ားကို ငွားရမ္းထားၾကသည္ဟု သိရသည္။ ဧၿပီလ ၁၅ ရက္ေန႔မွစကာ စန္းကားေက်းရြာတြင္းသို႔ ဆိုင္ကယ္ျဖင့္ ျဖစ္ေစ၊ သုံးဘီးနဲ႔ျဖစ္ေစ ရြာတြင္းသို႔ ေဈးလာေရာက္ေရာင္းခ်ျခင္းအား တားျမစ္သြားမည္ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

****************

၉။       ေမာင္ေတာၿမိဳ႕တြင္ ရိုးရာအစဉ္အလာမပ်က္ နံ႔သာေသြး၍ ၿမိဳ႕တြင္းလွည့္လည္ ဘုရားေရသပါၸယ္

          April 15, 2020

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕မွာ သႀကၤန္ကာလ ၿမိဳ႕ရဲ႕ရိုးရာအစဉ္အလာအရ နံ႔သာေသြးၿပီး ဧၿပီ ၁၄ ရက္ မနက္ပိုင္းက ကား ေတြနဲ႔ ၿမိဳ႕တြင္းလွည့္လည္ ဘုရားေရသပၸယ္တာေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ဘုရားေရးသပၸါယ္ၿပီးျပန္လာတဲ့ ကား ၃ စီးကို ေမာင္ေတာၿမိဳ႕နယ္ ရဲ႕တပ္ဖြဲ႔က မေန႔ မြန္းလြဲ ၂ နာရီခြဲေလာက္မွာ ဖမ္းဆီးကာ အုပ္ထိန္းသူမိဘေတြကို ေခၚယူကာ ဝန္ခံခ်က္ လက္မွတ္ထိုးၿပီး ျပန္လႊတ္ေပးလိုက္ေၾကာင္းသိရပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ ေခတၱၿမိဳ႕နယ္မွဴး ဒုရဲမွဴးျမင့္ေဆြက  “သူတို႔ကို ႏိုင္ငံေတာ္က COVID-19 အတြက္ျပ႒ာန္းထားတဲ့ ဥပေဒ ေတြကိုရွင္းျပၿပီး ေနာက္တစ္ႀကိမ္မလုပ္ဖို႔ ကတိခံဝန္ခ်က္လက္မွတ္ထိုးၿပီး ျပန္လႊတ္ေပးလိုက္ပါတယ္။ ပထမဆံုးအႀကိမ္အေန နဲ႔ေပါ့ေနာ္ ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ အေရးယူတာ ျပဳလုပ္သြားမွာျဖစ္တယ္”လို႔ ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕ခံ မေမလိုဒီက “အခုက လွ်ပ္စစ္မီးလည္း မရဘူး။ အက္တာနက္လည္း မရေတာ့ ဒီကလူေတြက ဘာသတင္းမွ မၾကားရဘူး။ သတင္းေတြမျကားရေတာ့ ေၾကာက္ရြံ႕ ထိတ္လန္႔မႈလည္း မရွိေတာ့ဘူးေပါ့ေနာ္။ ေနၿမဲတိုင္းေန စားၿမဲတိုင္းစားေပါ့ ဒီအတိုင္းပဲ ေနထိုင္ၾကတယ္။ ေနာက္ၿပီး ဒီမွာ ေရာဂါျဖစ္ေနတဲ့လူလည္း မရွိဘူး။ ေသဆံုးတာလည္း မရွိပါဘူး။ ဒါေၾကာင့္ ရိုးရာ အစဉ္အလာအရ ဘုရားေရးသပၸါယ္တာတို႔ ဘာတို႕ရွိတယ္။ က်မတို႔ ဆိုရင္လည္း ေနတိုင္း ဆိုင္ဖြင့္သလိုမ်ိဳး ဖြင့္ေနၾကတာပါပဲ။ ေထြေထြထူးထူး စိုးရိမ္စရာေတာ့ မေတြ႕မိပါဘူး”လို႕ ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕မွာ COVID-19 နဲ႔ ပတ္သက္ၿပီး အသိပညာေပးတိုက္တြန္းတာေတြ ဆက္တိုက္ျပဳလုပ္ေနတယ္လို႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီတပ္ဖြဲ႔ ေမာင္ေတာၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႔မွဴး ဦးဝင္းႏိုင္ ကေတာ့ ေျပာပါတယ္။ အလားတူ ရခိုင္ျပည္နယ္ၿမိဳ႕ ေတာ္ စစ္ေတြၿမိဳ႕ေတြမွာလည္း ဧၿပီ ၁၂ ရက္ေန႔ ညေနပိုင္းမွာ နံ႔သာေသြးတာ၊ ဘုရားေရသပၸါယ္တာေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔  ၿမိဳ႕ခံေတြထံက သိရပါတယ္။ http://burmese.dvb.no/archives/382569

****************

၁၀။     တီးတိန္ေဆးရံုမွ ကိုဗစ္-၁၉ လူနာမ်ားကို ကေလးၿမိဳ႕ေဆးရံုသို႔ ေျပာင္းေရႊ႕လ်င္ တားဆီးမည္ဟု ၿမိဳ႕လူထုက ေၾကညာ

          April 14, 2020

ခ်င္းျပည္နယ္ တီးတိန္ေဆးရံုတြင္ ကုသမႈခံယူေနေသာ COVID-19 လူနာမ်ားကို စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ ေဆးရံု ႀကီးသို႔ ေျပာင္းေရႊ႕ကုသမည့္အစီအစဉ္ကို ကေလးၿမိဳ႕လူထုက လက္မခံေၾကာင္းႏွင့္ ေရႊ႕ေျပာင္းလာပါက တားဆီးပိတ္ပင္သြား မည္ဟု ေၾကညာခ်က္တစ္ရပ္ကို ယေန႔တြင္ ထုတ္ျပန္လိုက္သည္။ ကေလးၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ အရပ္ဖက္အဖြဲ႕အစည္း အသင္း အဖြဲ႔မ်ားက အေရးေပၚအစည္းအေဝးက်င္းပၿပီးေနာက္ ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။

” ယခုအခ်ိန္တြင္ ကေလးၿမိဳ႕တြင္ ကိုဗစ္ (၁၉) ေရာဂါကူးစက္မႈမရွိေအာင္ ႀကိဳးစားေဆာင္ရြက္ေနခ်ိန္ အဆိုပါ ကိုဗစ္ (၁၉) ကူးစက္လူနာမ်ားအား ကေလးၿမိဳ႕ေဆးရံုႀကီးသို႔ ေျပာင္းေရႊ႕ကုသျခင္းကို ၿမိဳ႕လူထုက လံုးဝ (လံုးဝ) လက္မခံပါေၾကာင္း သေဘာတူဆံုးျဖတ္ၾကပါသည္။” ဟု ပါရွိသည္။ ” အဆိုပါ ကိုဗစ္ (၁၉) လူနာမ်ားအား ခ်င္းျပည္နယ္ ျပည္နယ္ေဆးရံုႀကီးတြင္ ေရႊ႕ေျပာင္းကုသျခင္းသာလွ်င္ မွန္ကန္သည္ဟု ယူဆပါသည္။ အကယ္၍ ေဝဘာဂီကူးစက္ေဆးရံုသို႔ ေရႊ႕ေျပာင္းကုသလွ်င္ ကေလးၿမိဳ႕လူထုက ကုန္က်စရိတ္ ေထာက္ပံ့ပါမည္။” ဟုလည္း ေဖာ္ျပထားသည္။

အေစာပိုင္းက တီးတိန္ေဆးရံုမွ ကိုဗစ္-၁၉ လူနာမ်ားကို ဖလမ္းခရိုင္ျပည္သူ႔ေဆးရံုကိုလည္း ေျပာင္းေရႊ႕ျခင္းမျပဳရန္လည္း ကန္႔ကြက္ထားသည္ဟု သိရသည္။ တီးတိန္ေဆးရံုႀကီးတြင္ ကိုဗစ္ (၁၉) လူနာ သံုးဦး တက္ေရာက္ကုသမႈခံယူေနရသည္။ တီးတိန္ေဆးရံုတြင္ လူနာမ်ားကုသေရးအတြက္ အေထာက္အကူျပဳပစၥည္းမ်ားလိုအပ္လ်က္ရွိသည္ဟု သိရသည္။ http:// www.mizzima burmese.com/article/68977

****************

၁၁။     ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ဳိ႕ လွ်ပ္စစ္မီး ျပန္မရေသး

           April 16, 2020

ရခိုင္ေျမာက္ပို္င္း ၿမိဳ႕နယ္ေတြ ဧၿပီလဆန္းပိုင္းကတည္း မီးမရရိွတဲ့အေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပမွာပါ။  ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဧၿပီလအေစာပိုင္း ေလာက္က တိုက္ပြဲေတြေၾကာင့္ ဓာတ္ႀကိဳးေတြ ျပတ္ေတာက္ခဲ့တာေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္ေနခဲ့တာပါ။ လွ်ပ္စစ္ဌာနက ျပင္ေပးမယ္လို႔ေျပာမဲ့ ခုအခ်ိန္အထိ မီးမရရိွေသးဘူးလို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္ က ေျပာပါတယ္။

“ပုဏၰားကြ်န္းၿမိဳ႕နယ္ အဲဒီဘက္က် ေက်းရြာအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့တာ ရွိတယ္။ အဲဒီမွာ ႀကိဳးေတြ မီးတိုင္ေတြ ထိခိုက္ သြားတာရွိတယ္။ ပုဏၰားကြ်န္းၿမိဳ႕နယ္ လွ်ပ္စစ္ဌာနကေျပာတယ္။ သူတို႔က ျပင္ဖို႔ေတာ့ ႀကိဳးစားေနတယ္ ဒါေပမဲ့ တိုက္ပြဲက လည္း ေန႔စဥ္လိုလို ျဖစ္ေနေတာ့ အဆင္မေျပေသးဘူး။ တိုက္ပြဲရပ္နားသြားတဲ့ အခါသူတို႔ ႀကိဳးစားၿပီးျပင္ေပးမယ္ လို႔ေတာ့ သူတို႔က ေျပာပါတယ္။ “ဘူးသီးေတာင္ၿမိဳ႕နယ္မွာလည္း အင္တာနက္ ျဖတ္ေတာက္ထားတဲ့အျပင္ လွ်ပ္စစ္မီးျပတ္ ေတာက္ေန တာေၾကာင့္ အခုလက္ရွိ ကူးစက္ေနတဲ့ COVID-19 ေရာဂါနဲ႔ ပတ္သတ္ၿပီး သတင္းအခ်က္အလက္ ရယူဖို႔ ခက္ခဲေနၾကတယ္ လို႔ ဘူးသီးေတာင္ ေဒသခံတစ္ဦးျဖစ္တဲ့ ကိုဝင္းႏိုင္က ေျပာပါတယ္။

“မီးပ်က္တာကေတာ့ က်ေနာ္တို႔ ၁၅ ရက္ေလာက္ေတာ့ ရွိၿပီ။ လက္နက္ႀကီးက်လို႔ မီးပ်က္သြားတာလို႔ေတာ့ ၾကားတယ္။ အစိုးရက တရားဝင္ အေၾကာင္းၾကားတာေတာ့ မရွိဘူး။ မီးမလာတာနဲ႔ ပတ္သတ္ၿပီးေပါ့။ မီးမရေတာ့ က်ေနာ္တို႔ TV ေတြၾကည့္ မရေတာ့ဘူး။ ဒီဘက္မွာက TV မွာ လာတဲ့ သတင္းေတြကိုပဲ ၾကည့္ေနရတာေလ။ အခုက သတင္းေတြလည္း ၾကည့္မရ ေတာ့ဘူး။”

ရေသ့ေတာင္ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြကို ဆက္သြယ္ထားတဲ့ လွ်ပ္စစ္ႀကိဳးေတြကို ျပန္ဆက္ဖို႔ အတြက္ အဲဒီေဒသမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနတာေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ သြားေရာက္ လုပ္ေဆာင္ဖို႔ ခက္ခဲေန တယ္လို႔ မဟာဓာတ္အားလိႈင္းတာဝန္ခံ ဦးသိန္းေရႊက ေျပာပါတယ္။ “ရွိတယ္၊ ရွိတယ္ ဟိုမွာက စစ္တပ္က ပိတ္ထားတယ္။ အဲမွာ စစ္ဆင္ေရး နယ္ေျမျဖစ္ေနေတာ့ တိုက္ပြဲေတြလည္း ည ျဖစ္ေနေတာ့ အဲမွာသြားလို႔၊ လာလို႔မရဘူး ျဖစ္ေနတယ္။” ရခိုင္ေျမာက္ပိုင္းက လက္ရွိ လွ်ပ္စစ္မီးျပတ္ေတာက္ေနတဲ့ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာအပါအဝင္ ၿမိဳ႕နယ္ ၈ ခုေလာက္ကို အင္တာနက္လိုင္းေတြလည္း ျဖတ္ေတာက္ထားေၾကာင့္ ေဒသခံျပည္သူေတြအေနနဲ႔ အခက္အခဲမ်ိဳးစံုနဲ႔ ႀကံဳေတြ႔ ေနရသလို သတင္းအခ်က္အလက္ေတြ ရယူဖို႔လည္း ခက္ခဲေနၾကတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ https://burmese.voanews.com/a/rakhine-electric /5374538.html

***************

၁၂။     မိုင္းဆတ္ခရိုင္အတြင္းရွိ ေဈးမ်ားအားလံုး ယာယီပိတ္ထားမည္

           April 15, 2020

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္ COVID-19 ႀကီးၾကပ္မႈေကာ္မတီက ဧၿပီ ၁၆ ရက္မွ ၁၉ ရက္အထိ  ခရိုင္အတြင္းရွိေဈး ၈ ေဈးကို ၄ ရက္ၾကာ ပိတ္ပင္သြားမွာျဖစ္ပါတယ္။

မိုင္းဆတ္ခရိုင္ ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုညႊန္ၾကားေရးမွဴး ဦးေနမ်ိဳးေအာင္က “ခရိုင္အတြင္း COVID-19 ကူးစက္ျပန္႔ပြားမႈကိုတားဆီးဖို႔ လူစုလူေဝး ျဖစ္ေစႏိုင္တဲ့ ေဈးအားလံုးကို မနက္ ျဖန္ ကစၿပီး ေလးရက္ၾကာ ပိတ္ပင္တာျဖစ္ပါတယ္။ ၿမိဳ႕ရြာအလိုက္ ယာဉ္ အသြားအလာေတြကိုလည္း ပိတ္ပင္သြားမွာပါ”လို႔ ေျပာပါတယ္။

မိုင္းဆတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ ၂ ခုနဲ႔ ၿမိဳ႕နယ္ခြဲတခုမွ အထင္ကရေဈးရွစ္ခုျဖစ္တဲ့ မိုင္းဆတ္ၿမိဳ႕မေဈး၊ ကုန္းကုလားေဈး၊ မိုင္းတြမ္းေဈး၊ ေယာင္ခေဈး၊ မိုင္းခုတ္ၿမိဳ႕မေဈး၊ မိုင္းတံုၿမိဳ႕မေဈး၊ ပံုပါက်င္ၿမိဳ႕မေဈး၊ နားေကာင္းမူး ေဈးေတြကို တစ္ၿပိဳင္တည္း ပိတ္ပင္သြားမွာ ျဖစ္ပါတယ္။ အလားတူ ၿမိဳ႕အဝင္အထြက္ဂိတ္အားလံုးကို ည ၇ နာရီကေန ေနာက္ တေန႔မနက္ ၇ နာရီ အထိ အသြားအလာပိတ္ပင္မွာျဖစ္ၿပီး လိုက္နာမႈမရွိပါက ဥပေဒအရအေရးယူ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။ http://b urmese.dvb. no /archives/382565

**************

၁၃။     ဘားအံေဆးရံုႀကီးရွိ ေစာင့္ၾကည့္လူနာ ၈ ဦး ေရာဂါပိုးမေတြ႔ရွိ

           April 15, 2020

ကရင္ျပည္နယ္၊ ဘားအံျပည္သူ႔ေဆးရံုႀကီးမွာ ဧၿပီ ၁၃ ရက္ညက ေနာက္ဆံုးေရာက္ရွိလာတဲ့ ေစာင့္ၾကည့္လူနာ ၈ ဦးမွာ ဓာတ္ခြဲေတြ႔ရွိခ်က္အေျဖအရ COVID-19 ေရာဂါပိုးမေတြ႔ရွိရဘူးလို႔ ေဆးရံုအုပ္ႀကီး ေဒါက္တာ ဘရန္ေအာင္က ေျပာပါတယ္။ ေစာင့္ၾကည့္လူနာ ၈ ဦးဟာ ဘားအံၿမိဳ႕နယ္အတြင္းကျဖစ္​ၿပီး သီးသန္႔ထားရွိၿပီး စစ္ေဆးကုသမႈေတြ ေပးထားသလို ေစာင့္ ၾကည့္လူနာေတြဟာ ထိုင္းႏိုင္ငံက ျပန္လာသူေတြ မဟုတ္ဘူးလို႔ သိရပါတယ္။

ဘားအံျပည္သူ႔ေဆးရံု ေဆးရံုအုပ္ႀကီး ေဒါက္တာ ဘရန္ေအာင္က “​ေဆးရံုေရာက္လာတဲ့ လူနာမွန္သမွ် စစ္တယ္။ ႏိုင္ငံျခား ထြက္တဲ့သူေတြေတာ့ မဟုတ္ဘူး။ ဒီကေန႔ ညက အေျဖထြက္တယ္။ Ngative ပဲ”လို႔ ေျပာပါတယ္။ ေစာင့္ၾကည့္လူနာ အားလံုး မွာ ေရာဂါပိုးမေတြ႔ရလို႔ ေဆးရံုကေန ဆင္းခြင့္ျပဳလိုက္ၿပီလို႔ ေဆးရံုအုပ္ႀကီးက ေျပာပါတယ္။

အလားတူ ျမဝတီေဆးရံုႀကီးက ေစာင့္ၾကည့္လူနာ ၂ ဦး၊ လိႈင္းဘြဲေဆးရံုႀကီးက ၆ ဦး၊ ေကာ့ကရိတ္ခရိုင္ ေကာ့ဘိန္း တိုက္နယ္ ေဆးရံုက ၁ ဦးတို႔ဟာလည္း ရန္ကုန္ အမ်ိးသား က်န္းမာေရးဓာတ္ခြဲဌာနက ျပန္လည္ေပးပို႔တဲ့အေျဖအရ ေရာဂါပိုးမေတြ႔ရွိ ရ ဘူးလို႔ ဧၿပီ ၁၄ ရက္က ကရင္ျပည္နယ္အစိုးရအဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ http://burmese.dvb.no/archives /38

**************

၁၄။     ေတာင္ႀကီးၿမိဳ႕ရွိ ေမတၱာရွင္ေဆးရံုတြင္ Hospital Quarantine ထားရွိျခင္းကို နယ္ေျမ ၃ မွ လူ ၂၀ ခန္႔က ကန္႔ကြက္ၾက               သျဖင့္ လူစုလူေဝးျဖစ္ကာ လံုၿခံဳေရး တာဝန္ရွိသူမ်ားမွ လူစုခြဲရန္ ေဆာင္ရြက္ခဲ့ရ

            April 15, 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ ေမတၱာရွင္ေဆးရံုတြင္ Hospital Quarantine ထားရွိျခင္းကို နယ္ေျမ ၃ မွ လူ ၂၀ ခန္႔ က ဝိုင္းဝန္း ကန္႔ကြက္ၾကသျဖင့္ လူစုလူေဝးျဖစ္ကာ လံုၿခံဳေရးတာဝန္ရွိသူမ်ားမွ လူစုခြဲရန္ လာေရာက္ရွင္းလင္း ေဆာင္ရြက္ခဲ့ရေၾကာင္း သိရသည္။ ေတာင္ႀကီးၿမိဳ႕ ကံသာရပ္ကြက္ နယ္ေျမ ၃ ေမတၱာရွင္ေဆးရံုတြင္ COVID-19 Postive လူနာႏွင့္အတူ ေလယာဉ္စီးလာသူမ်ားအား လာေရာက္ပို႔ေဆာင္ျခင္းကို ယေန႔ (ဧၿပီ ၁၅ ရက္) ည ၈ နာရီခန္႔တြင္ ေမတၱာရွင္ ေဆးရံုတည္ရွိေသာ လမ္းဆံု၌ လူစုလူေဝး အျငင္းပြားမႈ ျဖစ္ပြားခဲ့သျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ရဲတပ္ဖြဲ႔ဝင္မ်ား လာေရာက္၍ အခ်ိန္တစ္နာရီခန္႔ၾကာေအာင္ ရွင္းလင္းခဲ့ရေၾကာင္း သိရသည္။

“ QC စင္တာ လ(၁၀) မွာ ထခြဲမွာ ရပ္ကြက္ရံုးေရွ႕တည့္တည့္မွာ အထက္တန္းေက်ာင္းရွိတယ္။ ၁၄ ရက္ျပည့္ လို႔ ထြက္သြား သူလည္း ရွိသလို၊ ေနထိုင္သူေတြလည္း ၆ ေယာက္ရွိပါေသးတယ္။ ဒီေန႔ည ျဖစ္တာ ေလယာဉ္စီး ခရီးသည္မ်ားလို႔ သိရတယ္။ ကြင္းဆက္လိုက္ရင္းနဲ႔ FACILITY ျပည့္စံုစြာ အားလံုးပူးေပါင္းေဆာင္ရြက္ႏိုင္ေအာင္ ေမတၱာရွင္ေဆးရံုမွာ ေစာင့္ၾကည့္ထား ေပး ဖို႔ေပါ့။ အဲဒါကို ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး က နယ္ေျမမွဴးေတြကို ခ်မျပရေကာင္းလား ဆိုၿပီးေတာ့ နယ္ေျမခံ တစ္ေယာက္စ ႏွစ္ေယာက္စ ကေန အတို႔အေထာင္လုပ္ခ်ိန္မွာ လူစုလူေဝး နဲ႔ မေက်နပ္လို႔ ေပါက္ကြဲတယ္။ လက္မခံႏိုင္ဘူး ျဖစ္တယ္။ ဒါကို ကံသာ က ကံဆိုးတယ္။ ဒီျပႆနာ ျဖစ္ေအာင္ျဖစ္တယ္။ အျပန္အလွန္ေလးစားမႈ မရွိဘူးလို႔ ထင္တယ္။ ေနာက္ဆုတ္မွာေတာ့ မဟုတ္ဘူး။ ဥပေဒေဘာင္တြင္းကေန လုပ္တယ္။ ဒါကို ကြန္ပလိန္းတက္တာ ၿပီးေျမာက္ေအာင္ ေဆာင္ရြက္မွာ ျဖစ္တယ္။ လက္ရွိေရာက္လာတာ (၉) ေယာက္ေပါ့။ မေမွ်ာ္လင့္ဘဲ ဒီကိစၥေလး ေပၚလာတယ္။ ” ဟု ကံသာရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေမာင္က ေျပာၾကားသည္ ။

“မလိုက္နာဘဲ ဆက္လက္လုပ္ဦးမယ္ဆိုရင္ ေခါင္းေဆာင္ေတြ ေရြးထားၿပီးၿပီ။ လုပ္သင့္တာကို ဆက္လက္ေဆာင္ရြက္ သြားမယ္။ Positive ေတြ႔သြားတဲ့ ခရီးစဉ္ မွာ ေလယာဉ္ပ်ံ အတူတူစီးခဲ့သူေတြကို FQ ထားတာကို လက္မခံႏိုိုင္ပါဘူး ဆိုၿပီး ေတာ့ လုပ္တာေပါ့။ အခ်က္အလက္ေတြေတာ့ ယူထားၿပီးၿပီ။ ရဲလံုၿခံဳေရး ေတြလည္း ခ်ထားၿပီးၿပီ။ 26 နဲ႔ ပါလာတာကေတာ့ ေတာင္ႀကီးၿမိဳ႕နယ္ထဲမွာ ၈ ေယာက္ ေရာက္ေနတာေတာ့ ၾကာေနၿပီ။ ဧၿပီလ ၈ ရက္ေန႔ထဲက ေရာက္ေနတာ၊ HQ ပဲ ဝင္ေန ၾကတာ က်န္းမာေရး အားလံုးေကာင္းတယ္။ ” ဟု ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးမင္းထိုက္ က ေျပာၾကားသည္။ https://news-eleven.com/arti cle/169365

**************

၁၅။     စစ္ေဆးေရးဂိတ္ေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ က်န္းမာေရးအဖြဲ႕ေတြ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္

           April 15, 2020

ကယားျပည္နယ္အတြင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြ စုေပါင္းဖြဲ႔ထားတဲ့ က်န္းမာေရးဌာနက  ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေရးဂိတ္ေတြ ထားရွိေဆာင္ရြက္ေနတယ္လို႔ CHDN အဖြဲ႔ရဲ႕ Deputy Director (ပရိုဂရမ္) ဦးစိုးမိုးေအာင္က ေျပာပါတယ္။ “ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့ အစိုးရနဲ႔ ပူးေပါင္းလုပ္ ေဆာင္ဖို႔ ကြ်န္ေတာ္တို႔ ေဆြးေႏြးထားတာေတြ ရွိတယ္”လို႔ ဦးစိုးမိုးေအာင္က ေျပာပါတယ္။

ကရင္နီတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၆ ဖြဲ႔က ဖြဲ႔စည္းထားတဲ့ လူထုက်န္းမာေရးႏွင့္ဖြံ႔ၿဖိဳးေရးကြန္ယက္ ( Civil Health and Development Network – CHDN) အဖြဲ႔ အေနနဲ႔ COVID-19 နဲ႔ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ေရး၊ ေစာင့္ၾကည့္ေရး၊ သံသယရွိသူေတြကို ေတြ႔ခဲ့ရင္ ဘယ္လိုလႊဲေျပာင္းမႈလုပ္မွာလဲ ဆိုတဲ့အခ်က္(၃)ခ်က္ကို အဓိကလုပ္ေဆာင္ေနတာျဖစ္တယ္လို႔ ဆိုပါတယ္။ က်န္းမာေရးစစ္ေဆးေရး ဂိတ္(၂၉)ဂိတ္မွာ ေတြ႔ရွိတဲ့သံသယရွိသူေတြကို လႊဲေျပာင္းေရးစနစ္နဲ႔ပတ္သက္ၿပီးေတာ့ ေအာက္ေျခအဆင့္မွ ၿမိဳ႕နယ္အဆင့္ထိ သက္ဆိုင္ရာ အဆင့္ဆင့္ကို အစိုးရဌာနဆိုင္ရာအထိ လုပ္ေဆာင္ေနတယ္လို႔ သိရပါ တယ္။

CHDN အဖြဲ႔က ကရင္နီျပည္နယ္ရွိ ကယန္းျပည္သစ္ပါတီ (KNLP)၊ ကရင္နီလူမ်ိဳးေပါင္းစံု ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦး (KNPLF)၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP)၊ ကရင္နီအမ်ိဳးသား စည္းလံုးညီညြတ္ေရးအဖြဲ႔အစည္း(KNSO)၊ ကယန္း ျပည္သစ္တပ္(KNG)၊ ကရင္နီအမ်ိဳးသားၿငိမ္းခ်မ္းေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ (KNPDP) အဖြဲ႔ေတြကေနၿပီး စုေပါင္းဖြဲ႔ထားတဲ့ က်န္းမာေရးအဖြဲ႔ျဖစ္ပါတယ္။ လြိဳင္ေကာ္ၿမိဳ႕နယ္ ေဆးရံုတြင္ သံသယလူနာ (၃) ဦး၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဆးရံုတြင္ သံသယ လူနာ (၁) ဦးတို႔ ထပ္မံတက္ေရာက္စစ္ေဆးေစာင့္ၾကည့္ခံလ်က္ရွိတယ္လို႔ ကယားျပည္နယ္အစိုးရအဖြဲ႔ လူမႈကြန္ယက္ စာမ်က္ႏွာကတဆင့္ သိရပါတယ္။ https://www.bnionline.net/mm/news-72263

***************

၁၆။     လူနာအမွတ္စဥ္ ၆၃ ၏ စက္႐ုံမွျပန္လာသူကို ျမစ္ႀကီးနား မန္ခိန္ ေနအိမ္တြင္ Home Quarantine လုပ္ထား

          April 15, 2020

Covid-19 လူနာအမွတ္ ၆၃ ၏ စက္႐ုံတြင္အလုပ္လုပ္ရာမွ ျပန္လာၿပီး ယခု ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ မန္ခိန္ရပ္ကြက္တြင္ ေနထိုင္သူအား Home Quarantine လုပ္ထားေၾကာင္း မန္ခိန္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

“ရန္ကုန္ကေန မန္ခိန္ကို ေရာက္တာေတာ့ ဧၿပီ ၂ရက္ေန႔ ေရာက္တယ္လို႔ေျပာတယ္။ သူ႔ေျပာတာကေတာ့ အဲဒီလူနာအမွတ္ ၆၃ နဲ႔က ထိေတြ႕မူ မရွိခဲ့ဘူး။ အဲဒါသူတို႔စက္႐ုံက သူတို႔ကလုပ္သားတစ္ေယာက္။ ဟိုက သူေဌးေပါ့ အဲလိုေျပာတယ္။ က်ေနာ္ တို႔ ဆီမွာေတာ့ ၁၀ ရက္ေန႔မွ အေၾကာင္းလာၾကားတာျဖစ္တယ္။ သူကိုယ္တိုင္ကလည္း ဒီလူနာအမွတ္ ၆၃ နဲ႔ ထိေတြ႕ခဲ့တာ မဟုတ္ဘူး။ က်ေနာ္တို႔အေနနဲ႔လည္း ျပန္သုံးသပ္ၾကည့္ေတာ့ သူေဌးနဲ႔လုပ္သားဆိုေတာ့ ေလာေလာဆယ္အေျခေနမွာ ထိေတြ႕ႏိုင္မယ့္အေျခေနမရွိႏိုင္ဘူး။ အဲေၾကာင့္ ခုေလာေလာဆယ္ေတာ့ Home Quarantine လုပ္ထားတာျဖစ္တယ္။

က်န္းမာေရးနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ မန္ခိန္ ေက်းလက္က်န္းမာေရးဘက္ကေန အဖ်ားတိုင္းတာေတြေတာ့ ေန႔တိုင္း လိုလိုလုပ္ေနပါတယ္။ ဒီေန႔ထိေတာ့ ေအးေဆးပါဘဲ။” ဟု မန္ခိန္အုပ္ခ်ဳပ္ေရးမွဴး ဦးလီဆီးဆိုက္ ေျပာသည္။

အဆိုပါ Home Quarantine ျပဳလုပ္ေနသူသည္ က်န္းမာေရးေကာင္းမြန္ေနသည့္အတြက္ ဓါတ္ခြဲစမ္းသပ္ရန္ အစီစဥ္မရွိေသး ေၾကာင္းႏွင့္ တစ္စုံတစ္ရာထူးျခားမူရွိလာပါက သက္ဆိုင္ရာၿမိဳ႕နယ္ က်န္းမာေရးသို႔ အေၾကာင္းၾကားကာ ဆက္လက္ ေဆာင္ ရြက္သြားဖို႔ စီစဥ္ထားေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

“ဧၿပီလ ၂ ရက္ေန႔ ေရာက္တာကို ဘာလို႔ ၁၀ ရက္ေန႔မွ အေၾကာင္းသြားၾကားတာလဲမသိဘူး။ ရပ္ကြက္က လူေတြကေတာ့ ေရာက္ေနတာတစ္ပတ္ေလာက္ရွိေနၿပီ ဆိုၿပီးေတာ့ ေျပာေနၾကတယ္။ ဒီညေတာ့ ဒီရပ္ကြက္က လူေတြလည္း အားလုံးလန႔္ေန ၾကၿပီ။ အဲေၾကာင့္မို႔လားမသိ ဒီညေတာ့ Hand Speaker နဲ႔လိုက္ေအာ္ အိမ္ထဲမွာေနဖို႔ အျပင္မထြက္ဖို႔လိုက္ေအာ္ေနၾကၿပီ” ဟု မန္ခိန္ေဒသခံတစ္ဦး ေျပာသည္။ ထိုသူကို Home Quarantine ကာလျပည့္ၿပီးေသာ္လည္း ေနာက္ထပ္ ၇ ရက္ ထပ္မံ ေစာင့္ၾကည့္မည့္အေၾကာင္းလည္း သိရသည္။ https://burmese.kachinnews.com/2020/04/15/%e1%80%9c%e1%  80%b0%e 1%80%94%e1%80%ac%e1%

**************

၁၇။     ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ စစ္ေတြကမ္းေျခကိုပိတ္

          April 15, 2020

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ လူေပါင္းေထာင္နဲ႔ခ်ီ လာေရာက္အပန္းေျဖေလ့ရွိတဲ့ စစ္ေတြကမ္းေျခကို ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ဒီေန႔ပိတ္လိုက္ၿပီး ရဲတပ္ဖြဲ႔အင္အားေတြကိုပါ အမ်ားအျပားခ်ထားပါတယ္။ အခုလို ပိတ္မယ့္အေၾကာင္း ကမ္းေျခေလွ်ာက္ မေန႔က လွည့္လည္ေၾကညာခဲ့သလို စားေသာက္ဆိုင္ေတြနဲ႔ အျခားဆိုင္ေတြကိုပါ အသိေပးခဲ့တာပါ။ စစ္ေတြၿမိဳ႕မွာ ကိုရိုနာ ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ေရးနဲ႔ ပတ္သက္လို႔ လူစုလူေဝးမလုပ္ဖို႔ အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ ဧၿပီလ ၁၀ ရက္ေန႔ကပင္ အသိေပး ေၾကျငာထားေပမယ့္ မလိုက္နာတဲ့သူေတြ ရွိေနပါတယ္။ ဒါေၾကာင့္ ဒီေန႔မနက္ ၁၀ နာရီေလာက္ကပင္ ကမ္းေျခကို အခုလိုပိတ္လိုက္တာလို႔ စစ္ေတြၿမိဳ႕မိၿမိဳ႕ဖအဖြဲ႔ အတြင္းေရးမွဴး ဦးကိုကိုေလးက ေျပာပါတယ္။

ဒီေန႔ ကမ္းေျခကိုစတင္ပိတ္လိုက္တဲ့ ကိစၥဟာလည္း ဧၿပီလ ၃၀ ရက္ေန႔အထိ အက်ံဳးဝင္တယ္ဆိုေပမယ့္ အေျခအေနအရ လိုအပ္ရင္လိုအပ္သလို စည္းကမ္းခ်က္ေတြကို ဆက္လက္ေဆာင္ရြက္မွာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ စစ္ေတြၿမိဳ႕မွာ မေန႔ကအထိ ေဆာင္းေဘာက္ေတြဖြင့္ၿပီး ကားပတ္သူအခ်ိဳ႕နဲ႔ ကမ္းေျခမွာ လာေရာက္ ေရကစားသူေတြရွိခဲ့ေပမယ့္ ဒီေန႔ မွာ ေတာ့ လူသူကင္းမဲ့သြားတာကို ေတြ႔ရပါတယ္။ စစ္ေတြၿမိဳ႕မိၿမိဳ႕ဖအဖြဲ႔ဝင္ တစ္ဦးျဖစ္တဲ့ ဦးသန္းေရႊက ကပ္ေရာဂါေဘးကို ေက်ာ္လႊားႏိုင္ဖို႔အတြက္ လူထုက ပူးေပါင္းပါဝင္ေရးက အေရးႀကီးတယ္လို႔ ေျပာပါတယ္။

ႏွစ္ဆန္းတစ္ရက္ေန႔မွာ ဘုရားေက်ာင္းကန္သြားေလ့ရွိတဲ့ ဘာသာေရးကိစၥေတြမွာပါ လူစုလူေဝးေတြမျဖစ္ရ ေအာင္နဲ႔ ပင္စင္ စားေတြအတြက္ ပင္စင္လစာထုတ္ေပးေရး ကိစၥအတြက္ပါ က်ယ္ဝန္းတဲ့ခန္းမတစ္ခုကို အသံုးျပဳၿပီး စနစ္တက်ထုတ္ေပးဖို႔ အထိပါ စီစဉ္ထားတယ္လို႔ စစ္ေတြခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ စစ္ေတြၿမိဳ႕မွာ လက္ရွိျပည္ပကျပန္လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၇ ဦးကို ေစာင့္ၾကည့္ေနၿပီး လက္ရွိအခ်ိန္အထိေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ မရွိေသးပါဘူး။ https://www.rfa.or g/burmese/news/sittwe-beach-close-04152020075142.html

***************

၁၈။     AA နဲ့ ဆက္သြယ္ေမးျမန္းခဲ့တဲ့ သတင္းသမားတခ်ိဳ႕တိမ္းေရွာင္ေနရဆဲ

            April 15, 2020

အၾကမ္းဖက္အဖြဲ႕လို႔ သတ္မွတ္ထားတဲ့ ရကၡိဳင့္တပ္ေတာ္ AA နဲ႕ ဆက္သြယ္ခဲ့တာရွိတဲ့အတြက္  ျပည္ထဲေရးဝန္ႀကီးဌာနက အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒေတြနဲ႔ တရားစြဲဆိုတာ၊ ဖမ္းဆီးတာေတြေၾကာင့္ သတင္းမီဒီယာသမား တခ်ိဳ႕ အခုအခ်ိန္ အထိ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

အစိုးရက အၾကမ္းဖက္အဖြဲ႕အစည္းလို႕ သတ္မွတ္အၿပီး ရကၡိဳင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ဆက္သြယ္ ေမးျမန္းတဲ့အတြက္ Voice of Myanmar VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုေနမ်ိဳးလင္း၊ ေခတ္သစ္ မီဒီယာအယ္ဒီတာခ်ဳပ္ ကိုသာလြန္ေဇာင္းထက္နဲ႔ နိရိဉၥရာသတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုခိုင္ျမတ္ေက်ာ္တို႕ကို ျပည္ထဲေရးဝန္ႀကီးဌာနက အၾကမ္း ဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မေတြနဲ႔ တရားစြဲဆိုထားပါတယ္။ ဒီတရားစြဲခံရတဲ့အထဲက VOM သတင္းဌာန တည္ေထာင္သူ အယ္ဒီတာ ကိုေနမ်ိဳးလင္းကို မတ္လ ၃၀ ရက္ေန႔ ညေနပိုင္းမွာ ဖမ္းဆီးခဲ့ၿပီး ၁၀ ရက္ၾကာ ထိန္းသိမ္းစစ္ေဆးရာမွာ အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ ၿငိစြန္းတာမေတြရလို႕ဆိုၿပီး ဧၿပီလ ၉ ရက္ေန႔ညပိုင္းမွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ကိုေနမ်ိဳးလင္း ကို လႊတ္ေပးၿပီးေနာက္ေန႔မွာဘဲ ျပည္ထဲေရးကအမႈဖြင့္ထားတဲ့ က်န္တဲ့သူေတြကို အမႈေတြရုပ္သိမ္းေပးဖို႔ စာပို႔ ထားတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္း က ေျပာပါတယ္။

ကိုေနမ်ိဳးလင္း ကို အမႈနဲ႔ မၿငိစြန္းဘူးလို႔ ဥပေဒရံုးက မွတ္ခ်က္နဲ႔ ျပန္လႊတ္ခဲ့ေပမယ့္ AA အဖြဲ႕ကို ဆက္သြယ္ၿပီး သတင္းေဖာ္ျပ မႈနဲ႔ အမႈဖြင့္ခံထားရတဲ့ ရခိုင္ျပည္နယ္အေျခစိုက္ နိရိဉၥရာ သတင္းဌာန အယ္ဒီတာခ်ဳပ္ ကိုခိုင္ျမတ္ေက်ာ္နဲ႔ ေခတ္သစ္မီဒီယာ အယ္ဒီတာခ်ဳပ္ ကိုသာလြန္ေဇာင္းထက္ တို႔ကေတာ့ အခုအခ်ိန္အထိ တိမ္းေရွာင္ေနရပါတယ္။ ဒီေနရာမွာ ထူးျခားခ်က္တခုက ကိုခိုင္ျမတ္ေက်ာ္နဲ႔ ကိုသာလြန္ေဇာင္းထက္တို႔ဟာ ႏိုင္ငံေတာ္သမၼတက ဖြဲ႔စည္းေပးထားတဲ့ ျမန္မာႏိုင္ငံ သတင္းမီဒီယာ ေကာင္စီဝင္ေတြ ျဖစ္ပါတယ္။

 “မီဒီယာသမားေတြရဲ႕ အလုပ္လုပ္တာဘဲ၊ သတင္းဆိုတာနွစ္ဖက္အသံပါမွျပည့္စံုတာ၊ အသံမဲ့ေနသူေတြရဲ႕ အသံ ေဖာ္ထုတ္ ေပးရမွာက က်ေနာ္တို႔တာဝန္ပဲေလ၊ ဒါကိုအၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒတို႔ မတရားအသင္း ဥပေဒတို႔နဲ႔ တရားစြဲတာေတြက လံုးဝမသင့္ေတာ္တဲ့ကိစၥပါ၊ ျမန္မာႏိုင္ငံရဲ႕သတင္းလြတ္လပ္ခြင့္ကိုလည္း အဆင့္နိမ့္ေစပါတယ္၊ သူမ်ားတိုင္းျပည္ေတြက ေျပာစရာျဖစ္ပါတယ္၊ ဒီမိုကေရစီႏိုင္ငံကိုသြားေနတယ္ဆိုရင္ ဒီကိစၥေတြက လံုးဝကိုမရွိသင့္ပါဘူးခင္ဗ်” သတင္းမီဒီယာသမား ေတြကို ျပည္ထဲေရးကစြဲဆိုတဲ့ပုဒ္မေတြဟာ ေသဒဏ္အထိေပးလို႔ရတဲ့ပုဒ္မေတြ လည္းျဖစ္ပါတယ္။  ျမန္မာျပည္တြင္းမွာေတာ့ အစိုးရက ရကၡိဳင့္တပ္ေတာ္ AA ကို အၾကမ္းဖက္အဖြဲ႔အစည္းလို႔ေၾကညာၿပီးေနာက္ပိုင္း AA ကို ဆက္သြယ္သတင္းေမးျမန္းခဲ့တဲ့ သတင္းမီဒီယာေတြ၊ သတင္းသမားေတြကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲဆိုအေရးယူမယ္ဆိုတဲ့ သတင္း စကားေတြေၾကာင့္ စိုးရိမ္မႈေတြ ျမင့္တက္ေနပါတယ္။ https://www.rfa.org/burmese/news/aa-myanmar-government-journalists–04152020113910.html

***************

၁၉။     လူနာအမွတ္စဥ္ ၈၂ ျဖင့္ထိေတြ႕ခဲ့ေသာ ျမစ္ႀကီးနားမွ အမ်ိဳးသမီးတစ္ဦးကို ေဆး႐ုံသတ္မွတ္ေနရာသို႔ ပို႔ေဆာင္ထား

           April 16, 2020

Covid-19 ပိုးေတြ႕ လူနာအမွတ္ ၈၂ ျဖင့္ထိေတြ႕ခဲ့ေသာ ျမစ္ႀကီးနား၊ ေခမာသီရိ ရပ္ကြက္ (၃) မွ အမ်ိဳးသမီး တစ္ဦးအား ဓါတ္ခြဲစစ္ေဆးရန္ ယေန႔ ည ၄ နာရီခ်ိန္တြင္ ၎၏ေနအိမ္မွ ျမစ္ႀကီးနားေဆး႐ုံ Quarantine ထားရန္သတ္မွတ္ထားသည့္ ေနရာသို႔ ပို႔ေဆာင္ထားၿပီျဖစ္ေၾကာင္း ေခမာသီရိအုပ္ခ်ဳပ္ေရးမွဴး ထံမွသိရသည္။ အဆိုပါ အမ်ိဳးသမီးသည္ မတ္လ ၁၃ ရက္ေန႔ တြင္ စင္ကာပူမွ တူရကီသို႔ ေရာက္ရွိခဲ့ၿပီး တူရကီမွ ရန္ကုန္သို႔ မတ္လ ၂၅ ရက္ေန႔ ေရာက္ရွိကာ ရန္ကုန္တြင္ ၁၄ ရက္ Quarantine ေနခဲ့ၿပီး ျမစ္ႀကီးနားၿမိဳ႕၎၏ေနအိမ္သို႔ ဧၿပီလ ၇ ရက္တြင္ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

“သူေရာက္ေနတာ က်ေနာ္တို႔ဆီမွာအေၾကာင္းၾကားတာလည္းမရွိဘူး။ က်န္းမာေရးဝန္ထမ္းတစ္ေယာက္က လာေျပာမွ က်ေနာ္တို႔သိရတာ ေျပာတဲ့သူကလည္း လိပ္စာအျပည့္အစုံမသိေတာ့ က်ေနာ္တို႔မွာရွာလိုက္ရတာ။ ခုေတာ့ အစိုးရ သတ္မွတ္ ထားတဲ့ Q ေနရာကို လိုအပ္တာေတြစစ္ေဆးဖို႔တြက္ ေရာက္ရွိေနပါၿပီ။” ဟု ေခမာသီရိအုပ္ခ်ဳပ္ေရးမွဴး ဦးရာဂ်မ္းက ေျပာသည္။

ေခမာသီရိရပ္ကြက္တြင္းရွိ ျပည္သူမ်ားအေနျဖင့္ မိမိ မိသားစုအတြင္း ျပည္ေတာ္ျပန္မ်ားရွိပါက အုပ္ခ်ဳပ္ေရး႐ုံးသို႔ အေၾကာင္း ၾကားေပးရန္ႏွင့္ အေၾကာင္းၾကားျခင္းမရွိပါက ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။ ယခု ျမစ္ႀကီးနား ေဆး႐ုံသို႔ ေဆးစစ္ရန္ေရာက္ရွိသူသည္ လူနာအမွတ္ ၈၂ နဲ႔ ထိေတြ႕ခဲ့သူျဖစ္သည္။ https://burmese.kachinn ews.com/2020/ 04/16/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%

***************

၂၀။     ျမန္မာႏွင့္ဘဂၤလားေဒ့ရွ္၌ ဆက္သြယ္ေရးႏွင့္မိုဘိုင္းအင္တာနက္ အျပည့္အဝရရွိေရး ေထာက္ပံ့ေရးအဖြဲ႔အစည္း ၂၆ ဖြဲ                      ႔ေတာင္းဆို

          April 16, 2020

အျပည္ျပည္ဆိုင္ရာ လူသားခ်င္းစာနာမႈ အကူအညီေပးေရးေအဂ်င္စီ ၂၆ ဖြဲ႔သည္  ဒုကၡသည္မ်ား၊ ေနရပ္စြန္႔ခြါထြက္ေျပးသူမ်ား၊ ကယ္ဆယ္ေရးအဖြဲ႔အစည္းမ်ားအတြက္ COVID-19 ကပ္ေရာဂါဆိုင္ရာ သတင္းအခ်က္အလက္မ်ား ရရွိေစရန္ႏွင့္ ကူညီ ေထာက္ပံ့မႈမ်ားလုပ္ေဆာင္ႏိုင္ရန္အတြက္ ေကာ့စ္ဘဇား၊ ရခိုင္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ မိုဘိုင္းအင္တာနက္ႏွင့္ ဆယ္သြယ္ ေရး အျပည့္အဝရရွိေအာင္ ေဆာင္ရြက္ေပးရန္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ အစိုးရတို႔အား ဒီကေန႔ တိုက္တြန္းလိုက္သည္။

ေကာ့စ္ဘဇားဒုကၡသည္စခန္းမ်ားတြင္ အမ်ိဳးသမီးမ်ား၊ ကေလးမ်ား၊ မသန္မစြမ္းႏွင့္ သက္ႀကီးရြယ္အိုမ်ားအပါအဝင္ ဘဂၤါလီ (မူရင္း ရိုဟင္ဂ်ာဟုေဖာ္ျပ) တစ္သန္းခန္႔သည္ ေနရာအကန္႔အသတ္ျဖင့္ က်ပ္တည္းစြာ ေနထိုင္ေနၾကရသည္။ ႏွစ္ႏိုင္ငံအၾကား ရွိ နယ္စပ္မ်ားမွ အဆိုပါ လူမႈအသိုင္းအဝိုင္းမ်ားသည္ လူဦးေရသိပ္သည္းျခင္း၊ သန္႔ရွင္းေသာေရႏွင့္ ေရာဂါကာကြယ္ေရးဆိုင္ ရာ ပစၥည္းမ်ား မေလာက္ငွျခင္း၊ COVID-19 ေရာဂါ စမ္းသပ္စစ္ေဆးေပးမည့္ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္မရွိျခင္း စသည့္ စိန္ေခၚမႈမ်ားကိုရင္ဆိုင္ေနၾကရသည္။

ရခိုင္ျပည္နယ္ႏွင့္ေကာ့စ္ဘဇားတို႔တြင္ အသက္ရွဴစက္မ်ားလည္းအလံုအေလာက္မရွိသည့္ အေျခအေနမ်ားေၾကာင့္ ေရာဂါ ကူးစက္မႈမ်ား ျမန္ဆန္ၿပီး ေသဆံုးႏႈန္းျမင့္တက္လာႏိုင္ဖြယ္ရွိသည္ဟုဆိုသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ား ၊ ဘဂၤါလီမ်ားႏွင့္ ရခိုင္လူမ်ိဳးမ်ားအား  COVID-19 ဆိုးက်ိဳးသက္ေရာက္မႈမ်ားမွ  ကာကြယ္ေပးႏိုင္ေရးအတြက္ လိုအပ္ေသာစီမံခ်က္မ်ား လုပ္ေဆာင္ရန္ အေရးႀကီးသည္ ဟု အဆိုပါအဖြဲ႔အစည္းမ်ား၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ရခိုင္ႏွင့္ခ်င္းျပည္နယ္ရွိ ပဋိပကၡျဖစ္ပြားသည့္ ၿမိဳ႕နယ္ ၉ ၿမိဳ႕တြင္လည္း ၂၀၂၀ ေဖေဖာ္ဝါရီလမွ စတင္ကာ မိုဘိုင္းအင္တာသံုး စြဲမႈ ျဖတ္ေတာက္ထားသည္။ ဆက္သြယ္ေရး ေကာင္းမြန္မွသာ  COVID-19 ေရာဂါလကၡဏာရွိေနသူမ်ားအေနျဖင့္ မည္သည့္ အခ်ိန္တြင္ မည္သို႔ သီးသန္႔ခြဲေနရမည္ကို သိမည္ျဖစ္ကာ မိသားစု၊ က်န္းမာေရးဝန္ထမ္းႏွင့္ ၎တို႔အားျပဳစုေစာင့္ေရွာက္ေနသူ မ်ားကို ထိေတြ႔ကူးစက္မႈ ေလ်ာ့နည္းေစမည္ျဖစ္ေၾကာင္း၊ အထူးၾကပ္မတ္ကုသရန္လိုအပ္သူမ်ားအတြက္ ေဆးရံုမ်ားသို႔ ပို႔ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ အဆိုပါေဒသမ်ားသို႔ လူသားခ်င္းစာနာမႈ အေထာက္အပံ့မ်ားလုပ္ေဆာင္ရန္ အေရးတႀကီးလိုအပ္ ေၾကာင္း၊ မိုဘိုင္းအင္တာနက္မ်ားမသံုးစြဲႏိုင္ပါက လိုအပ္ေသာဝန္ေဆာင္မႈမ်ား လုပ္ေဆာင္ႏိုင္မွာမဟုတ္ေၾကာင္း အဆိုပါ အဖြဲ႔ အစည္းမ်ားက ေထာက္ျပေျပာဆိုခဲ႔ၾကသည္။

ထိုေတာင္းဆိုခ်က္ကို International Rescue Committee၊ World Vision ၊ People in Need Myanmar ၊ Plan International ၊ Save the Children ႏွင့္ United Purpose ကဲ့သို႕ေသာ အဖြဲ႔အစည္းမ်ားကလည္း ပါဝင္လက္မွတ္ေရးထိုး ခဲ့ၾကသည္။ http://www.mizzimaburmese.com/article/69026

****************

၂၁။     ARSA ၏ တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ႏွစ္ဦး က်ဆံုးဟု တပ္မေတာ္ေျပာ

           April 16, 2020

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာေဒသ၌ ARSA အၾကမ္းဖက္အဖြဲ႔၏ တိုက္ခိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ႏွစ္ဦး က်ဆံုးခဲ့ ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။ ဧၿပီ ၁၅ ရက္တြင္ ခေမာင္းဆိပ္ေက်းရြာသို႔ အေရးႀကီးစာလာပို႔သည့္ ရဲတပ္ဖြဲ႔ဝင္ေလးဦးကို ယင္း ေက်းရြာေျမာက္ဘက္ မီတာ ၂၀ဝ၀ ခန္႔မွ ARSA အၾကမ္းဖက္သမား ၃၀ ခန္႔က ပစ္ခတ္သျဖင့္ ႏွစ္ဦးအသက္ဆံုးခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

“ARSA အေနနဲ႔ အခုေနာက္ပိုင္းမွာ၊ အစီရင္ခံစာ (ICJ သို႔ တင္သြင္းရမည့္အစီရင္ခံစာ)တင္ခါနီးမွာ ခပ္စိပ္စိပ္ေလးလႈပ္ရွား လာတဲ့သေဘာေတြ႔ရတယ္” ဟု ၎က မွတ္ခ်က္ျပဳသည္။ ထို႔အျပင္ ဧၿပီ ၁၄ ရက္ ညပိုင္းတြင္ ေမာင္ေတာေဒသ ဖားဝပ္ ေခ်ာင္းအနီး တည္ေဆာက္ေရးေဆာင္ရြက္ေနသည့္ ဘက္ဟိုးယာဉ္တစ္စီးကို ARSA အၾကမ္းဖက္အဖြဲ႔က မိုင္းခြဲတိုက္ခိုက္ခဲ့ ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။ https://7day.news/detail?id=184080

                                      ***************

၂၂။     ဖလမ္းၿမိဳ႕အနီး  အင္အားအနည္းငယ္ရွိ ေျမငလ်င္လႈပ္ခတ္

           April 16, 2020

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕အနီးမွာ အင္အား ရစ္(ခ္)တာစေကး ၄ ဒသမ ၁ အဆင့္ရွိ  အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တစ္ခု လႈပ္ခတ္သြားတယ္လို႔ မိုးဇလဌာနက ထုတ္ျပန္ပါတယ္။

ဧၿပီ ၁၆ ရက္ ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီ၊ ၁၇ မိနစ္၊  ၁၇ စကၠန္႔ အခ်ိန္မွာ ဟားခါးေျမငလ်င္စခန္းမွ အေရွ႕-အေရွ႕ေျမာက္ ဘက္ ၂၇ မိုင္ခန္႔ ကြာေဝးတဲ့ ျမန္မာႏိုင္ငံျပည္တြင္း ဖလမ္းၿမိဳ႕ရဲဲ႕ အေရွ႕ေတာင္ဘက္ ၂၅ မိုင္ခန္႔အကြာ  ေျမာက္လတၱီတြဒ္ (၂၂.၇၄) ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၄.ဝ၂) ဒီဂရီ၊ အနက္(၃)ကီလိုမီတာကို ဗဟိုျပဳၿပီး လႈပ္ခတ္သြားတာလို႔ ထုတ္ျပန္ခ်က္ မွာေဖာ္ျပပါတယ္။ အလား တူ ဒီေန႔ ညေန (၆) နာရီ၊ (၁၅) မိနစ္၊ (၂၅) စကၠန္႔ အခ်ိန္ကလည္း ဟားခါးေျမငလ်င္စခန္းမွ အေရွ႕-အေရွ႕ေျမာက္ဘက္ (၂၇)မိုင္ ခန္႔ကြာေဝးတဲ့ ျမန္မာႏိုင္ငံျပည္တြင္း (ဖလမ္းၿမိဳ႕၏ အေရွ႕ေတာင္ဘက္(၂၄)မိုင္ခန္႔ အကြာ)၊ ေျမာက္လတၱီတြဒ္ (၂၂.၇၄)ဒီဂရီ၊ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၄.ဝ၁)ဒီဂရီ၊ အနက္(၁၂)ကီလိုမီတာကို ဗဟိုျပဳၿပီး အင္အားရစ္(ခ္) တာစေကး(၆.၁)အဆင့္ရွိ အင္အားျပင္း   န္ေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြားတယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ မနက္ ၁၀ နာရီ၊ ၇ မိနစ္၊ ၃၇ စကၠန္႕ေလာက္ကလည္း  ခႏၱီးၿမိဳ႕ေတာင္ဘက္ ၈ မိုင္ခန္႔ အကြာမွာ အင္အားရစ္(ခ္) တာစေကး ၃ ဒသမ ၅ အဆင့္ရွိ အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တခုလႈပ္ခတ္သြားပါတယ္။ ျမန္မာျပည္တြင္းမွာ ဒီေန႕ တရက္တည္း ေျမငလ်င္  ၄ ျကိမ္လႈပ္ခတ္သြားတာျဖစ္ၿပီး ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးမႈ  အေျခအေနသတင္းေတြကေတာ့ မရရွိေသးပါဘူး။ http://burmese.dvb.no/archives/382755

 

မွတ္ခ်က္။       သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

၁။        AA ကို မတရားအသင်း ကြေညာတိုက်ခိုက်ခြင်းသည် တခြားတိုင်းရင်းသားအဖွဲ့များအပေါ်သတိပေးခြင်းဖြစ်ကြောင်း IKO ပြော

၂။         မြစ်ကြီးနားမှာ စားသောက်ကုန် ဝေတဲ့အစီအစဉ် လူစုလူဝေးကြောင့် ရွှေ့ဆိုင်း

၃။        တောင်ကြီး ဂေါက်ကွင်း အဝင်တွင် အမျိုးသားတဦး သေဆုံး

၄။        ပလက်ဝမြို့ခံလူထုနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် ပို့ဆောင်မရ ဖြစ်နေ

၅။        ကချင်ပြည်နယ်အတွင်း ဈေးရောင်းရမည့် အချိန်များ ထပ်မံ ပြောင်းလဲ

၆။        လိုအပ်ချက်များ ရှိနေသဖြင့် တီးတိန်မြို့ LockDown ချမချ အခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ဆို

၇။        ရှမ်းပြည်နယ်တွင် Mask မတပ်သူများအား အပြစ်ပေးမှုများလုပ်နေ

၈။        ဝိုင်းမော်ကျေးရွာအချို့တွင် တရုတ်ကုမ္ပဏီသို့ နေ့စားသွားခြင်းမပြုရန် အမိန့်ထုတ်

၉။        မောင်တောမြို့တွင် ရိုးရာအစဉ်အလာမပျက် နံ့သာသွေး၍ မြို့တွင်းလှည့်လည် ဘုရားရေသပ္ပါယ်

၁၀။      တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့လျင် တားဆီးမည်ဟု မြို့လူထုက ကြေညာ

၁၁။      ရခိုင်မြောက်ပိုင်း မြို့နယ်တချို့ လျှပ်စစ်မီး ပြန်မရသေး

၁၂။      မိုင်းဆတ်ခရိုင်အတွင်းရှိ ဈေးများအားလုံး ယာယီပိတ်ထားမည်

၁၃။      ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၈ ဦး ရောဂါပိုးမတွေ့ရှိ

၁၄။      တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က ကန့်ကွက်              ကြသဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေး တာဝန်ရှိသူများမှ လူစုခွဲရန် ဆောင်ရွက်ခဲ့ရ

၁၅။      စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်

၁၆။      လူနာအမှတ်စဉ် ၆၃ ၏ စက်ရုံမှပြန်လာသူကို မြစ်ကြီးနား မန်ခိန် နေအိမ်တွင် Home Quarantine လုပ်ထား

၁၇။      ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စစ်တွေကမ်းခြေကိုပိတ်

၁၈။      AA နဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းသမားတချို့တိမ်းရှောင်နေရဆဲ

၁၉။      လူနာအမှတ်စဉ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနားမှ အမျိုးသမီးတစ်ဦးကို ဆေးရုံသတ်မှတ်နေရာသို့ ပို့ဆောင်ထား

၂၀။      မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်၌ ဆက်သွယ်ရေးနှင့်မိုဘိုင်းအင်တာနက် အပြည့်အဝရရှိရေး ထောက်ပံ့ရေးအဖွဲ့အစည်း               ၂၆ ဖွဲ့ တောင်းဆို

၂၁။      ARSA ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးဟု တပ်မတော်ပြော

၂၂။       ဖလမ်းမြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

*************

၁။        AA ကို မတရားအသင်း ကြေညာတိုက်ခိုက်ခြင်းသည် တခြားတိုင်းရင်းသားအဖွဲ့များအပေါ်သတိပေးခြင်းဖြစ်ကြောင်း                     IKO  ပြော

April 14, 2020

ရခိုင်ပြည်နယ်အတွင်း အခြေစိုက်နေသည့် ရက္ခိုင့်တပ်တော်(AA)ကို မတရားအသင်းကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေမှု များ သည် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ( EAOs)ကို သတိပေး လိုက်ခြင်းဖြစ်သည်ဟု သုံးသပ် ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း – IKO က ယနေ့ (ဧပြီ ၁၄ရက်) သဘောထားထုတ်ပြန်၍ ပြောဆိုလိုက်သည်။ ရက္ခိုင့် တပ်တော် (AA)သည် ပြည်တွင်းငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကတည်းက ပါဝင်လာခဲ့သော အဖွဲ့အစည်း တစ်ခုဖြစ်ကာ လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေသော ကာလဖြစ်သလို AA အပေါ်သဲကြီးမဲကြီး ထိုးစစ် ဆင် တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားများ လိုလားသော အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေးကို အ နှောင့်အယှက်ဖြစ် စေပြီး အစိုးရ၊ တပ် မတော်၏ သဘောထားများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် အခက်ကြုံနေရကြောင်း IKO က ဆိုသည်။

IKO ပြောခွင့်ရ စောဇော်နောင်က “ရခိုင်တပ်မတော်ကို မတရားအသင်းအဖြစ်ကြေညာပြီး ထိုးစစ်ဆင်လိုက်တဲ့ ကိစ္စက NCA လက်မှတ်ထိုးပြီးတော့ မတရားအသင်းဖျက်သိမ်းခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ ဒီအဖွဲ့အစည်း တွေကိုလည်းပဲ ဗမာ့တပ်မတော်က လိုအပ်လာရင် အချိန်မရွေး မတရားအသင်းအဖြစ်နဲ့ ကြေညာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့က သုံးသပ်တယ်။ ပြောချင်တာက မနာခံဘူးဆိုရင်တော့ ရခိုင်လိုပဲ မင်းတို့လည်း ဖြစ်ကြရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာနမှ ရက္ခိုင့်တပ်တော် (AA)နှင့် ၎င်းအဖွဲ့၏ လက် အောက်ခံ အဖွဲ့များကို အက်ဥပဒေ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂)ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်း အဖြစ်သော်လည်းကောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) အရ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုဖြင့် ကြေညာခဲ့ပြီးနောက် ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် AA နှင့် တပ်မတော် တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

အဆိုပါ လုပ်ရပ်များအပေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအပြင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းအချို့မှ ကမ္ဘာ့ကပ်ရောဂါ (COVID-19) ဖြစ်ပွားချိန် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန်နှင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲမှုကို ကြေညာရန် တိုက်တွန်းတောင်းဆိုထားမှုများပြုလုပ်ခဲ့သည်။ http://kicnews.org/2020/04/aa%e1%80%80%e1%80%a  1%80%ad%e1% 80%99%e1%80%90%

**************

၂။         မြစ်ကြီးနားမှာ စားသောက်ကုန် ဝေတဲ့အစီအစဉ် လူစုလူဝေးကြောင့် ရွှေ့ဆိုင်း

April 14, 2020

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့)က လူထုကို ဆန်၊ ဆီ နဲ့ နှာခေါင်းစည်းတွေ ဒီနေ့ လှူဒါန်းဖို့ ပြင်ဆင်ခဲ့ပေမယ့် လူတစ်ထောင်ခန့် စုဝေးလာခဲ့တာကြောင့် လှူဒါန်းခြင်း ရပ်နားလိုက်ပါတယ်။

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားနားမှာ ဒီမနက် ခုနှစ်နာရီကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေက အခြေခံ စားသောက်ကုန်တွေ ဝေမှာကို လာရောက်တန်းစီခဲ့ကြတာပါ။ တဖြည်းဖြည်းလူများလာပြီး လူစုလူဝေးဖြစ်လာတဲ့အတွက် လှူဒါန်းမယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီး ရပ်ကွက်အလိုက် နေထိုင်သူစာရင်း ကောက်ယူမှုကို အရင် ပြုလုပ်မယ်လို့  အလှူ

မှာ ကူညီပေးနေတဲ့ ဦးခင်မောင်ပြုံးက ပြောပါတယ်။ မအားတဲ့ကြားကနေ အချိန်ပေးပြီး လာရောက်တန်းစီခဲ့ပေမယ့် မရခဲ့ တဲ့အတွက် မကျေမနပ် ဖြစ်မိတယ်လို့ ရမ်ပူကွက်(၁) က လာထုတ်တဲ့ ဒေါ်မြင့်မြင့်က ပြောပါတယ်။

ဒီနေ့မနက်က ပေးဝေမယ့် အစီအစဉ်မှာ အလှူရှင်က ပြည်သူ့စစ်အဖွဲ့ တစ်ခုဖြစ်တဲ့ ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့) ဖြစ်ပါ တယ်။ လူတစ်ဦးကို ဆန် သုံးပြည်၊ ဆီတစ်ဗူးနဲ့ နှာခေါင်းစည်းငါးခု ပေးဖို့စီစဉ်ခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေနား ထားရလို့ ဝင်ငွေမရှိတဲ့အချိန် လှူဒါန်းပေးတယ်ဆိုတော့ ဝမ်းသာပြီး လာတန်းစီခဲ့ပေမယ့် မရတဲ့အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း ဦးစိုးထွန်းက ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ လှူဒါန်းမယ်ဆိုရင် အခုလို လူစုလူဝေးမလုပ်ဘဲ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် စနစ်တကျ စီစဉ် သင့်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ထွယ်ဂျန်ဒါ အဖွဲ့က ဒါရိုက်တာ ဒေါ်နန်ပူက ထောက်ပြပါတယ်။ အစိုးရက လည်း ရောဂါကာကွယ် တားဆီးနိုင်ဖို့ လူစုလူဝေးတွေမလုပ်ကြဖို့နဲ့ အတတ်နိုင်ဆုံး အိမ်အပြင် မထွက်ကြဖို့ သတိပေးထားပါ တယ်။https://www.rfa.org/burmese/news/myitkyinafooddisrtibutionpostpone4142071519.html

****************

၃။        တောင်ကြီး ဂေါက်ကွင်း အဝင်တွင် အမျိုးသားတဦး သေဆုံး

April 14, 2020

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဂေါက်ကွင်းအဝင်ပေါက်တွင် အမျိုးသားတဦး သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ဂေါက်ကွင်းအဝင်ပေါက် အနီး မိုင်တိုင် ၁၁၆/၆ ဘေးမြောင်းထဲတွင် ယနေ့ မနက် ဧပြီ ၁၄ ရက်တွင် တွေ့ရှိကြောင်း တောင်ကြီးမြို့မ ရဲစခန်းမှ ရဲအရာရှိ တဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။ “ သေဆုံးသူက သက်လတ်ပိုင်း အရွယ်ပါ။ ဘာကြောင့် သေလဲဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ ခု သေဆုံးမှုက ပြင်ပဒဏ်ရာ မရှိဘူး” ဟု ၎င်းရဲအရာရှိ က ဆိုသည်။ သေဆုံးသူ အလောင်းသည် ရင်ခွဲရုံတွင် စစ်ဆေးသွားမည်ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိလျှင် သေမှု သေခင်း နှင့် ဓမ္မတာ သေဆုံးမှု ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲအရာရှိ က ထပ်လောင်းပြောသည်။

ထို အမျိုးသား သေဆုံးသည့်နေရာကို တောင်ကြီး ပရဟိတ အဖွဲ့မှ ပိုးသတ်ဆေးများ ချက်ချင်း သွားရောက်ဖြန်းပေးခဲ့ကြောင်း သိရသည်။ “ လူတယောက် ဂေါက်ကွင်းအဝင်ပေါက်ရဲ့ မြောင်းထဲမှာ သေနေတာကြားတော့ ကျနော်တို့အဖွဲ့ ချက်ချင်း ဆေးသွား ဖြန်းပေးလိုက်တယ်။ ဘာကြောင့် သေလည်းတော့မသိဘူး” ဟု ဆေးသွားဖြန်းသည့် ကိုဝင်းနိုင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် COVID-19 ဖြစ်ပွားမှုများနေသည့် အချိန်ဖြစ်သည့်အတွက် ထိုသေဆုံးသူသည် မည်သည့်ရောဂါဖြင့် သေဆုံး သွားသည်ကိုတောင်ကြီးဒေသခံများမေးခွန်းထုတ်နေကြသည်။ https://burmese.shannews.org/archive s/16150

***************

၄။        ပလက်ဝမြို့ခံလူထုနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် ပို့ဆောင်မရ ဖြစ်နေ

April 14, 2020

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ စားနပ်ရိက္ခာပြတ်လပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့ ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် ချင်းအရပ်ဘက်အဖွဲ့ အစည်းများက ရိက္ခာဆန်များပို့ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း အခက်အခဲရှိနေသည်ဟု သိရသည်။

ပလက်ဝသို့ ပို့မည့် ရိက္ခာဆန်များ ဆမီးမြို့သို့ရောက်ရှိပြီဖြစ်သော်ငြား ရှေ့ခရီးဆက်ရန် ကားသမားများ မဝံ့ရဲသောကြောင့် အခက်ကြုံနေကြရခြင်းဖြစ်သည်။ “အဓိကတော့ အစိုးရအဖွဲ့ကခွင့်ပြုတယ်။ နောက်ပြီးတော့ တပ်ကလည်းလုံခြုံရေး သူတို့ပေး မယ်။ ဒါပေမဲ့ကားသမားတွေကမသွားရဲတော့ဘူး။ အဓိကပြဿနာက ကားသမားတွေမသွားရဲတာ။ အဲဒီတော့ ကားသမားတွေ ဘာကြောင့် မသွားရဲတာလဲဆိုတော့ သူတို့မှာလည်းအကြောင်းရှိတယ်။ ဟိုတလောကလည်း ကားမီးရှို့လိုက်တာတို့၊ ဆန်အိတ် လုသွားတာတို့၊ အဲလိုဖြစ်တော့ သူတို့ကအစိုးရခွင့်ပြုတာတောင်မှ သူတို့မသွားရဲဘူး။ တပ်ကလုံခြုံရေးပေးမယ်လို့ပြောရင်တော့ ပိုတောင်ကြောက်တာပေါ့ဗျာ၊ ဆိုတော့ အဲဒီအနေအထား” ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်း စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်များ သွားရောက်ထောက်ပံ့ခဲ့သည့် Chin Relief-rehabilitation and Community Development Foundation (CRCDF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Chinland Herald သတင်းစာအယ်ဒီတာ ဆလိုင်းငယ်ပီက ၎င်းတို့အနေဖြင့် ပလက်ဝမြို့အထိ ကိုယ်တိုင်သွားရောက်ရန် စီစဉ်ထား သော်လည်း လုံခြုံရေးအခြေအနေ မပေးသောကြောင့် ဆမီးမြို့တွင် ရိက္ခာများထားခဲ့ပြီး ပြန်လှည့်လာခဲ့ရကြောင်း ပြောသည်။ ရိက္ခာများ လက်ရှိနေရာမှ ဆက် လက်ပို့ဆောင်ရေး စရိတ်စကပါမကျန် စီစဉ်ထားရစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် စစ်ဘေးရှောင်ပြည်သူများ တိုးလာဆဲဖြစ်ပြီး ပလက်ဝမြို့ပေါ်တွင် ၃ ထောင်ကျော်ရှိကာ ဆမီးမြို့ပေါ်တွင်လည်း ၃ ထောင် နီးပါး ရောက်ရှိနေကြသည်။ https://www.bnionline.n et/mm/news-72252

**************

၅။        ကချင်ပြည်နယ်အတွင်း ဈေးရောင်းရမည့် အချိန်များ ထပ်မံ ပြောင်းလဲ

April 14, 2020

ကချင်ပြည်နယ်အတွင်း အစိုးရစည်ပင်ဈေးနှင့် ကျေးလက်ဈေးများကို နံနက် ၅ နာရီမှ ၁၂ နာရီအထိသာ ဖွင့်တော့မည်ဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ ထပ်မံထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ယခင်က နံနက် ၅ နာရီမှ ၁၀ နာရီ၊ ညနေ ၄ နာရီမှ ၆ နာရီအထိ ခွင့်ပြုထားခြင်း ဖြစ်သည်။ ထို့အပြင် ဈေးရောင်း ဈေးဝယ်သူများအားလုံး နှာခေါင်းစည်းတပ်ဆင် ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြစ်ကြီးနားရှိ လူထူထပ်သော ရွှေညောင်ပင်ရပ်ကွက် ဝက်ကုန်းဈေးတွင် ဧပြီလ ၁၅ရက်နေ့မှစကာ တစ်ဦးလျှင် ၆ပေအကွာ ရောင်းချနိုင်ရန် စီစဉ်နေသည်ဟုလည်း ရွှေညောင်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း ပြောသည်။ “ကျနော်တို့ကတော့ နေ့တိုင်း ဈေးဝယ်လာတဲ့သူတွေ၊ ဈေးရောင်းမယ့်သူတွေကို Mask တပ်ဖို့ Hand Speaker နဲ့နေ့တိုင်းအော်ပြောပြီးပြီ။ ပြီးတော့ ခု ပြည်နယ် အစိုးရကလည်း ထပ်ပြီးထုတ်ပြန်လာတဲ့တွက်ကြောင့်မို့ နက်ဖြန်ကစပြီး တစ်ယောက်နဲ့တစ်ယောက် ၆ ပေ အကွာမှာ ရောင်းချနိုင်ဖို့တွက် စီစဉ်နေပါတယ်။” ဟု ပြောသည်။

“ဘာမှလိုက်နာတာမတွေ့ရဘူး။ ကျမတို့မှာတော့ Stay at Home သာလုပ်တာ အိမ်ရှေ့မှာ မနက်မနက်ဆိုရင် ဈေးလာဝယ်တဲ့ သူတွေကလည်း နှာခေါင်းစည်းတပ်ထားတာလည်းမတွေ့ရဘူး။ ပြီးတော့ တစ်ချို့ ဆိုင်ကယ်ပေါ်ကနေထိုင်ပြီး စောင့်နေတဲ့ သူတွေကလည်း ချောင်းဆိုးတဲ့လူနဲ့ နှာချေတဲ့သူနဲ့ ကျမအိမ်က ဈေးကပ်ရပ်ဖြစ်နေတော့ ပိုကြောက်ရတယ်။ ဈေးသည်တွေ ကလည်း နှာခေါင်းစည်းတပ်တာမတွေ့ရဘူး။ ကျမတို့ကသာ ဘယ်လောက်ဂရုစိုက်စိုက် ပတ်ဝန်းကျင်မှာကိုက အဲလိုဖြစ်နေရင် နေရတာစိတ်မချမ်းသာဘူး။ အားလုံး အသိစိတ်ဓါတ်နဲ့ ကာကွယ်ကြရင် ပိုကောင်းမယ်ထင်တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။ အဆိုပါ ဝက်ကုန်းဈေးသည် ရွှေညောင်ပင်၊ ကျွန်းပင်သာ၊ အေးစေတီ စသည့် ရပ်ကွက် ၃ ခုမှ ပြည်သူများ ရောင်းဝယ်နေသည့် ဈေးဖြစ်သည်။ အလားတူ မြစ်ကြီးနားမြို့တွင်း အခြား ရပ်ကွက်များရှိ မနက်ဈေးများတွင်လည်း လူထူထပ်နေပြီး ရောဂါကူးစက် လွယ်သောကြောင့် နေရာကျယ်ပြီး ဈေးသည် တစ်ယောက်နှင့် တစ်ယောက် ၆ ပေခန့်အကွာရောင်းချနိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ပေးသင့်ကြောင်း ပြောဆိုမှုများ ရှိနေကြသည်။ https://burmese.kachinnews.com/2020/04/14/%e1%80%80%e1%80%81%e1%8 0%bb%e1%

************

၆။        လိုအပ်ချက်များ ရှိနေသဖြင့် တီးတိန်မြို့ LockDown ချမချ အခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ဆို

APril 14, 2020

ကိုဗစ်-၁၉ ဗိုင်းရပ်စ် ဓာတ်ခွဲစစ်ဆေး အတည်ပြုလူနာ ၃ ဦး အထိရှိနေသည့် တီးတိန်မြို့ LockDown ချမချကို လိုအပ် ချက်များ ရှိနေသဖြင့် နယ်မြေအခြေအနေကြည့်ပြီးမှ ဆောင်ရွက်မည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် က ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်အတွက်ကို LockDown လုပ်မယ်ဆိုရင်လည်း သူ့ရဲ့လိုအပ်ချက်တွေ အများကြီးရှိတယ်။ ရေ၊ မီး လုံလောက်ဖို့ရယ်၊ တခြားတွေလည်းအများကြီးရှိတယ်၊ စားနပ်ရိက္ခာပြည့်စုံဖို့ စတဲ့အချက်တွေ အများကြီးရှိတယ်၊ အဲဒါတွေကို တစ်မြို့လုံး လုံလောက်အောင်လုပ်ဖို့က မလွယ်ဘူးပေါ့နော်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ကို Lian Tuang က “အစိုးရဘက်က LockDown ချဖို့ ဒီချိန်ထိ ဘာမှမလုပ်သေးတာ။ ကျနော်ပြောချင်တာက စားနပ်ရိက္ခာအတွက်ဆိုရင်တော့ ပြည်သူတွေ ဝိုင်းဝန်းပံ့ပိုးပေးလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတစ်ခုကြောင့် အားလုံးအတွက် ဒုက္ခမရောက်အောင် ကျနော်တို့က ဝိုင်းဝန်းပံ့ပိုးသင့်တယ်လို့ ယူဆတယ်၊ တီးတိန်ကို အဲလိုလုပ်ထားပြီဆိုရင် အဘက်ဘက်ကအလှူရှင်တွေ ပြည်သူတွေ အားလုံးပံ့ပိုးပြီးတော့ မငတ် လောက်ပါဘူးလို့ ကျနော်ကတော့ ယူဆတယ်”ဟု ပြောသည်။ ကိုဗစ်-၁၉ ကူးစက်ခံနေရသည့် သုံးဦးကို အခြေအနေအရ အခြားနေရာသို့ရွှေ့ပြောင်းမည်မဟုတ်ဘဲ တီးတိန်ဆေးရုံတွင် ဆက်လက်ကုသမည်ဖြစ်ပြီး ကူးစက်ခံရသူပိုများလာမှသာ ဖလမ်း နှင့် ဟားခါးဆေးရုံကြီးတို့တွင် ကြိုတင်ပြင်ဆင်ထားကြောင်းသိရသည်။ https://www.bnionline.net/mm/n ews-72258

**************

၇။        ရှမ်းပြည်နယ်တွင် Mask မတပ်သူများအား အပြစ်ပေးမှုများလုပ်နေ

April 16, 2020

ရှမ်းပြည်နယ်အတွင်း၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နယ်တာဝန်ရှိသူများနှင့် နယ်ခံများ ပူးပေါင်းကာ စည်းကမ်းချိုးဖောက်သူများကို ထိုင်ထလုပ်ခိုင်းခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းစသည့် အပြစ်ပေးခြင်းများ ပြုလုပ်နေ ကြောင်း လူမှုကွန်ရက်တွင် ပြန့်နှံ့လာသည်။ ကလောမြို့နယ်၊ ဟဲဟိုးတွင် ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်မှစပြီး ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများပူးပေါင်းကာ Mask မတပ်ပဲ အပြင်ထွက်လာသူများအား တုတ်များကိုင်၍ အပြစ်ပေးမည် ဟုဆိုကာ လမ်းပေါ်တွင် တုတ်ကိုင်စောင့်နေသည့် ဓါတ်ပုံများ လူမူကွန်ရက်တွင် ပြန့်နှံ့ခဲ့သည်။

ဟဲဟိုးဒေသခံ မောင်ကျော်သန်း က “အပြင်ထွက်လာတဲ့သူတွေ Mask မတပ်ရင် ရိုက်မယ်ဆိုပြီး သူတို့က တုတ်ကိုင်စောင့်နေ တော့ ကျနော်တို့လည်း ကြောက်တာပေါ့။ သူများတွေကြည့်လိုက်တော့ ရီပြီး ထွက်သွားကြတာ တွေ့တာပဲ။ ကျနော်တို့ကိုတော့ Mask တပ်ဖို့ သတိပေးတယ်။ အိမ်မှာဆိုရင် ဘာတွေလုပ်ရမယ်။ ဘယ်လိုနေ ရမယ်ဆိုတာပြောတယ်ပေါ့။ တကယ်မရိုက် ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အကြောင်းအရာနှင့်ပတ်သက်ပြီး ဟဲဟိုးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အား မေးမြန်းရာတွင် ဟဲဟိုးပြည်သူ့ဆေးရုံ  ကြီး၏  Facebook စာမျက်နှာတွင် covid- 19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ ပြန်လည်ဖြေရှင်း ပေးထား သည်ဟု ဆိုသည်။ ဟဲဟိုးပြည်သူ့ဆေးရုံ က “ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီလောက်မှ စလုပ်တာပါ။ ဒါကလည်းလတ်တလော ဟဲဟိုး မှာ ဖြစ်ပွားနေတဲ့ စိတ်ပူစရာ ကိစ္စတွေကြောင့် အုပ်ကြီးများနှင့် အများအရေး ကူညီကြသူများ စုပေါင်းပြီး လုပ်ကြတာပါ။ မေးကြည့်ပါ တကယ်အရိုက်ခံရသူရှိလားဆိုတာ ဘယ်သူမှမရိုက်ပါဘူး။ အားလုံးကို ပိုမို ဂရုစိုက်စေချင်တဲ့ စေတနာနဲ့မို့ လုပ်ကြ တယ်လို့မှတ်ယူပေးပါဗျ။ လာကြည့်ကြည့်ပါ ကြောက်စရာမဟုတ်ဘဲ ပျော်စရာကြီး ဖြစ်နေတာပါ” ဟု ရေးသားထားသည်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး နမ့်လန်မှ တာဝန်ရှိသူတဦးက “ရွာကလူတွေက ပြောစကားနားမထောင်ဘူး။ ဒီဘက်မှာက ပြည်တော်ပြန်တွေ အရမ်းများတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူး။ သူတို့ကို ဘယ်လိုပဲ မေတ္တာရပ်ခံတယ် ပြောပြော ဘာပြောပြော ဂရုကို မစိုက်ဘူး။ ဒါကြောင့် သူတို့ကို ဒီလိုလေး လုပ်ခိုင်းတာပါ” ဟု ဧရာဝတီသို့ ပြောသည်။ https://b urma.irrawaddy.com/news/2020/04/16/220712.html

***************

၈။        ဝိုင်းမော်ကျေးရွာအချို့တွင် တရုတ်ကုမ္ပဏီသို့ နေ့စားသွားခြင်းမပြုရန် အမိန့်ထုတ်

April  15, 2020

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စုရှိ တရုတ်စိုက်ပျိုးရေးကုမ္ပဏီသို့ နေ့စားသွားခြင်း မပြုလုပ်ရန် ကျေးလက်အုပ်ချုပ်ရေး ရုံးမှ ညွန်ကြားထားကြောင်း စန်းကားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သက်ဆိုင်ရာဌာနမှ ညွှန်ကြားထားခြင်းမရှိသော် လည်း ဒေသ၏လိုအပ်ချက်အရ လက်ရှိကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသည့် Covid-19 ထိန်းချုပ်နိုင်ရန်တွက် ယခုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင် ပြောသည်။

“ကုမ္မဏီမှာ နေ့စားမသွားရဘူးလို့ ထုတ်ပြန်ထားတဲ့ကြားကနေ သွားမယ်ဆိုလို့ရှိရင် ပထမတစ်ခေါက် ဒုတိယတစ်ခေါက် သတိ ပေးတာတွေလုပ်မယ်။ တတိယအကြိမ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ငွေဒဏ်ချမှတ်မှာဖြစ်တယ်။ ခုဘယ်ရပ်ကွက်က သွားတယ် မသွားဘူးဆိုတာကို ရပ်ကွက်ကနယ်မြေမှူးတွေကို စောင့်ကြည့်ခိုင်းထားတယ်။ အားလုံးက လက်ရှိဖြစ်နေတဲ့ရောဂါ ကို ကာကွယ်နိုင်ရန်တွက်ဖြစ်တယ်။” ဟု အုပ်ချုပ်ရေးမှူး ဦးဒေါင်ခေါင် ပြောသည်။

မြစ်ကြီးနားမြို့မှ ဝိုင်းမော်ဘက်လာရောက်သူများအား မိုင်းနားကျေးရွာအဝင် တိုးဂိတ်တွင် ကျန်းမာရေးစစ်ဆေးမူများ ပြုလုပ် ပေးပြီး မုတ်လွှဲလမ်းဆုံနားတွင်လည်း ကျန်းမာရေးနဲ့ပတ်သက်သည့် စစ်ဆေးမူများပြုလုပ်ပေးနေသည်ကို တွေ့ရသည်။ သို့သော် လည်း စန်းကားကျေးရွာအတွင်းသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့် နေ့စားသမားများသည် ခတ်ချိုကူးတို့ဆိပ်မှ စက်လှေဖြင့် ကူးလာသူများဖြစ်သည့်တွက် စိုရိမ်ရကြောင်း ၎င်းကဆက်ပြောသည်။ စန်းကားကျေးရွာသည် အိမ်ခြေပေါင်း ၇၀ဝ ကျော်ရှိကာ ရပ်ကွက်ပေါင်း ၁၁ ခုရှိပြီး လူဦးရေ စုစုပေါင်း ၅၀ဝ၀ ထောင်ခန့်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

လူစုလူဝေးဖြစ်ခြင်းနှင့် တရုတ်ကုမ္ပဏီမှ အလုပ်သမားများ ဈေးလာဝယ်ခြင်းတို့ကြောင့် စန်းကားဈေးကိုလည်း ပိတ်ထားသည် ဟု သိရသည်။ စန်းကားကျေးရွာရှိ ပြည်သူအများစုသည် တောင်ယာလုပ်ငန်းများလုပ်ကိုင်ကြသော်လည်း တရုတ်ကုမ္မဏီဝင် လာပြီးနောက် လယ်ယာမြေများကို ငှားရမ်းထားကြသည်ဟု သိရသည်။ ဧပြီလ ၁၅ ရက်နေ့မှစကာ စန်းကားကျေးရွာတွင်းသို့ ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ သုံးဘီးနဲ့ဖြစ်စေ ရွာတွင်းသို့ ဈေးလာရောက်ရောင်းချခြင်းအား တားမြစ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

****************

၉။        မောင်တောမြို့တွင် ရိုးရာအစဉ်အလာမပျက် နံ့သာသွေး၍ မြို့တွင်းလှည့်လည် ဘုရားရေသပ္ပါယ်

April 15, 2020

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ သင်္ကြန်ကာလ မြို့ရဲ့ရိုးရာအစဉ်အလာအရ နံ့သာသွေးပြီး ဧပြီ ၁၄ ရက် မနက်ပိုင်းက ကား တွေနဲ့ မြို့တွင်းလှည့်လည် ဘုရားရေသပ္ပယ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဘုရားရေးသပ္ပါယ်ပြီးပြန်လာတဲ့ ကား ၃ စီးကို မောင်တောမြို့နယ် ရဲ့တပ်ဖွဲ့က မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ ဖမ်းဆီးကာ အုပ်ထိန်းသူမိဘတွေကို ခေါ်ယူကာ ဝန်ခံချက် လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ကြောင်းသိရပါတယ်။

မောင်တောမြို့နယ် ခေတ္တမြို့နယ်မှူး ဒုရဲမှူးမြင့်ဆွေက  “သူတို့ကို နိုင်ငံတော်က COVID-19 အတွက်ပြဋ္ဌာန်းထားတဲ့ ဥပဒေ တွေကိုရှင်းပြပြီး နောက်တစ်ကြိမ်မလုပ်ဖို့ ကတိခံဝန်ချက်လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ပေါ့နော် နောက်တစ်ကြိမ်ဆိုရင်တော့ အရေးယူတာ ပြုလုပ်သွားမှာဖြစ်တယ်”လို့ ပြောပါတယ်။

မောင်တောမြို့ခံ မမေလိုဒီက “အခုက လျှပ်စစ်မီးလည်း မရဘူး။ အက်တာနက်လည်း မရတော့ ဒီကလူတွေက ဘာသတင်းမှ မကြားရဘူး။ သတင်းတွေမကြားရတော့ ကြောက်ရွံ့ ထိတ်လန့်မှုလည်း မရှိတော့ဘူးပေါ့နော်။ နေမြဲတိုင်းနေ စားမြဲတိုင်းစားပေါ့ ဒီအတိုင်းပဲ နေထိုင်ကြတယ်။ နောက်ပြီး ဒီမှာ ရောဂါဖြစ်နေတဲ့လူလည်း မရှိဘူး။ သေဆုံးတာလည်း မရှိပါဘူး။ ဒါကြောင့် ရိုးရာ အစဉ်အလာအရ ဘုရားရေးသပ္ပါယ်တာတို့ ဘာတို့ရှိတယ်။ ကျမတို့ ဆိုရင်လည်း နေတိုင်း ဆိုင်ဖွင့်သလိုမျိုး ဖွင့်နေကြတာပါပဲ။ ထွေထွေထူးထူး စိုးရိမ်စရာတော့ မတွေ့မိပါဘူး”လို့ ပြောပါတယ်။

မောင်တောမြို့မှာ COVID-19 နဲ့ ပတ်သက်ပြီး အသိပညာပေးတိုက်တွန်းတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ မောင်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းနိုင် ကတော့ ပြောပါတယ်။ အလားတူ ရခိုင်ပြည်နယ်မြို့ တော် စစ်တွေမြို့တွေမှာလည်း ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းမှာ နံ့သာသွေးတာ၊ ဘုရားရေသပ္ပါယ်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့  မြို့ခံ တွေထံက သိရပါတယ်။ http://burmese.dvb.no/archives/382569

****************

၁၀။      တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ကလေးမြို့ဆေးရုံသို့ ပြောင်းရွှေ့လျင် တားဆီးမည်ဟု မြို့လူထုက ကြေညာ

April 14, 2020

ချင်းပြည်နယ် တီးတိန်ဆေးရုံတွင် ကုသမှုခံယူနေသော COVID-19 လူနာများကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသမည့်အစီအစဉ်ကို ကလေးမြို့လူထုက လက်မခံကြောင်းနှင့် ရွှေ့ပြောင်းလာပါက တားဆီးပိတ်ပင်သွား မည်ဟု ကြေညာချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။ ကလေးမြို့ မြို့မိမြို့ဖများ၊ အရပ်ဖက်အဖွဲ့အစည်း အသင်း အဖွဲ့များက အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

” ယခုအချိန်တွင် ကလေးမြို့တွင် ကိုဗစ် (၁၉) ရောဂါကူးစက်မှုမရှိအောင် ကြိုးစားဆောင်ရွက်နေချိန် အဆိုပါ ကိုဗစ် (၁၉) ကူးစက်လူနာများအား ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခြင်းကို မြို့လူထုက လုံးဝ (လုံးဝ) လက်မခံပါကြောင်း သဘောတူဆုံးဖြတ်ကြပါသည်။” ဟု ပါရှိသည်။ ” အဆိုပါ ကိုဗစ် (၁၉) လူနာများအား ချင်းပြည်နယ် ပြည်နယ်ဆေးရုံကြီးတွင် ရွှေ့ပြောင်းကုသခြင်းသာလျှင် မှန်ကန်သည်ဟု ယူဆပါသည်။ အကယ်၍ ဝေဘာဂီကူးစက်ဆေးရုံသို့ ရွှေ့ပြောင်းကုသလျှင် ကလေးမြို့လူထုက ကုန်ကျစရိတ် ထောက်ပံ့ပါမည်။” ဟုလည်း ဖော်ပြထားသည်။

အစောပိုင်းက တီးတိန်ဆေးရုံမှ ကိုဗစ်-၁၉ လူနာများကို ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကိုလည်း ပြောင်းရွှေ့ခြင်းမပြုရန်လည်း ကန့်ကွက်ထားသည်ဟု သိရသည်။ တီးတိန်ဆေးရုံကြီးတွင် ကိုဗစ် (၁၉) လူနာ သုံးဦး တက်ရောက်ကုသမှုခံယူနေရသည်။ တီးတိန်ဆေးရုံတွင် လူနာများကုသရေးအတွက် အထောက်အကူပြုပစ္စည်းများလိုအပ်လျက်ရှိသည်ဟု သိရသည်။ http://ww w.mizzimaburmese.com/article/68977

****************

၁၁။      ရခိုင်မြောက်ပိုင်း မြို့နယ်တချို့ လျှပ်စစ်မီး ပြန်မရသေး

April 16, 2020

ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်း လောက် က တိုက်ပွဲ တွေကြောင့် ဓာတ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့် လျှပ်စစ်မီးပြတ်တောက်နေခဲ့တာပါ။ လျှပ်စစ်ဌာနက ပြင်ပေးမယ်လို့ ပြောမဲ့ ခုအချိန်အထိ မီးမရရှိသေးဘူးလို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ် က ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ် အဲဒီဘက်ကျ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်။ အဲဒီမှာ ကြိုးတွေ မီးတိုင်တွေ ထိခိုက် သွားတာရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဌာနကပြောတယ်။ သူတို့က ပြင်ဖို့တော့ ကြိုးစားနေတယ် ဒါပေမဲ့ တိုက်ပွဲက လည်း နေ့စဉ်လိုလို ဖြစ်နေတော့ အဆင်မပြေသေးဘူး။ တိုက်ပွဲရပ်နားသွားတဲ့ အခါသူတို့ ကြိုးစားပြီးပြင်ပေးမယ် လို့တော့ သူတို့က ပြောပါတယ်။ “ဘူးသီးတောင်မြို့နယ်မှာလည်း အင်တာနက် ဖြတ်တောက်ထားတဲ့အပြင် လျှပ်စစ်မီးပြတ် တောက်နေ တာကြောင့် အခုလက်ရှိ ကူးစက်နေတဲ့ COVID-19 ရောဂါနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက် ရယူဖို့ ခက်ခဲနေကြတယ် လို့ ဘူးသီးတောင် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

“မီးပျက်တာကတော့ ကျနော်တို့ ၁၅ ရက်လောက်တော့ ရှိပြီ။ လက်နက်ကြီးကျလို့ မီးပျက်သွားတာလို့တော့ ကြားတယ်။ အစိုးရက တရားဝင် အကြောင်းကြားတာတော့ မရှိဘူး။ မီးမလာတာနဲ့ ပတ်သတ်ပြီးပေါ့။ မီးမရတော့ ကျနော်တို့ TV တွေကြည့် မရတော့ဘူး။ ဒီဘက်မှာက TV မှာ လာတဲ့ သတင်းတွေကိုပဲ ကြည့်နေရတာလေ။ အခုက သတင်းတွေလည်း ကြည့်မရ တော့ဘူး။”

ရသေ့တောင် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ လျှပ်စစ်ကြိုးတွေကို ပြန်ဆက်ဖို့ အတွက် အဲဒီ ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ သွားရောက် လုပ်ဆောင်ဖို့ ခက်ခဲနေ တယ်လို့ မဟာဓာတ်အားလှိုင်းတာဝန်ခံ ဦးသိန်းရွှေက ပြောပါတယ်။ “ရှိတယ်၊ ရှိတယ် ဟိုမှာက စစ်တပ်က ပိတ်ထားတယ်။ အဲမှာ စစ်ဆင်ရေး နယ်မြေဖြစ်နေတော့ တိုက်ပွဲတွေလည်း ည ဖြစ်နေတော့ အဲမှာသွားလို့၊ လာလို့မရဘူး ဖြစ်နေတယ်။” ရခိုင် မြောက်ပိုင်းက လက်ရှိ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ် ၈ ခုလောက်ကို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ထားကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ နေရသလို သတင်းအချက်အလက်တွေ ရယူဖို့လည်း ခက်ခဲနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ https://bu rmese.voanews.com/a /rakhine-electric/5374538.html

***************

၁၂။      မိုင်းဆတ်ခရိုင်အတွင်းရှိ ဈေးများအားလုံး ယာယီပိတ်ထားမည်

April 15, 2020

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် COVID-19 ကြီးကြပ်မှုကော်မတီက ဧပြီ ၁၆ ရက်မှ ၁၉ ရက်အထိ  ခရိုင်အတွင်းရှိဈေး ၈ ဈေးကို ၄ ရက်ကြာ ပိတ်ပင်သွားမှာဖြစ်ပါတယ်။

မိုင်းဆတ်ခရိုင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးနေမျိုးအောင်က “ခရိုင်အတွင်း COVID-19 ကူးစက်ပြန့်ပွားမှုကိုတားဆီးဖို့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဈေးအားလုံးကို မနက် ဖြန် ကစပြီး လေးရက်ကြာ ပိတ်ပင်တာဖြစ်ပါတယ်။ မြို့ရွာအလိုက် ယာဉ် အသွားအလာတွေကိုလည်း ပိတ်ပင်သွားမှာပါ”လို့ ပြောပါတယ်။

မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့နယ် ၂ ခုနဲ့ မြို့နယ်ခွဲတခုမှ အထင်ကရဈေးရှစ်ခုဖြစ်တဲ့ မိုင်းဆတ်မြို့မဈေး၊ ကုန်းကုလားဈေး၊ မိုင်းတွမ်းဈေး၊ ယောင်ခဈေး၊ မိုင်းခုတ်မြို့မဈေး၊ မိုင်းတုံမြို့မဈေး၊ ပုံပါကျင်မြို့မဈေး၊ နားကောင်းမူး ဈေးတွေ ကို တစ်ပြိုင်တည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ အလားတူ မြို့အဝင်အထွက်ဂိတ်အားလုံးကို ည ၇ နာရီကနေ နောက် တနေ့ မနက် ၇ နာရီ အထိ အသွားအလာပိတ်ပင်မှာဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ http://b urmese.dvb.no/archives/382565

*************

၁၃။      ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၈ ဦး ရောဂါပိုးမတွေ့ရှိ

April 15, 2020

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၁၃ ရက်ညက နောက်ဆုံးရောက်ရှိလာတဲ့ စောင့်ကြည့်လူနာ ၈ ဦးမှာ ဓာတ်ခွဲ တွေ့ရှိချက်အဖြေအရ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၈ ဦးဟာ ဘားအံမြို့နယ်အတွင်းကဖြစ်ပြီး သီးသန့်ထားရှိပြီး စစ်ဆေးကုသမှုတွေ ပေးထားသလို စောင့်ကြည့် လူနာတွေဟာ ထိုင်းနိုင်ငံက ပြန်လာသူတွေ မဟုတ်ဘူးလို့ သိရပါတယ်။

ဘားအံပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “ဆေးရုံရောက်လာတဲ့ လူနာမှန်သမျှ စစ်တယ်။ နိုင်ငံခြား ထွက်တဲ့သူတွေတော့ မဟုတ်ဘူး။ ဒီကနေ့ ညက အဖြေထွက်တယ်။ Ngative ပဲ”လို့ ပြောပါတယ်။ စောင့်ကြည့်လူနာ အားလုံး မှာ ရောဂါပိုးမတွေ့ရလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

အလားတူ မြဝတီဆေးရုံကြီးက စောင့်ကြည့်လူနာ ၂ ဦး၊ လှိုင်းဘွဲဆေးရုံကြီးက ၆ ဦး၊ ကော့ကရိတ်ခရိုင် ကော့ဘိန်း တိုက်နယ် ဆေးရုံက ၁ ဦးတို့ဟာလည်း ရန်ကုန် အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိ ရ ဘူးလို့ ဧပြီ ၁၄ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ http://burmese.dvb.no/a rchives /38

**************

၁၄။     တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က            ကန့်ကွက်ကြ သဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေး တာဝန်ရှိသူများမှ လူစုခွဲရန် ဆောင်ရွက်ခဲ့ရ

April 15, 2020

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မေတ္တာရှင်ဆေးရုံတွင် Hospital Quarantine ထားရှိခြင်းကို နယ်မြေ ၃ မှ လူ ၂၀ ခန့်က ဝိုင်းဝန်း ကန့်ကွက်ကြသဖြင့် လူစုလူဝေးဖြစ်ကာ လုံခြုံရေးတာဝန်ရှိသူများမှ လူစုခွဲရန် လာရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ တောင်ကြီးမြို့ ကံသာရပ်ကွက် နယ်မြေ ၃ မေတ္တာရှင်ဆေးရုံတွင် COVID-19 Postive လူနာနှင့်အတူ လေယာဉ်စီးလာသူများအား လာရောက်ပို့ဆောင်ခြင်းကို ယနေ့ (ဧပြီ ၁၅ ရက်) ည ၈ နာရီခန့်တွင် မေတ္တာရှင် ဆေးရုံတည်ရှိသော လမ်းဆုံ၌ လူစုလူဝေး အငြင်းပွားမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ လာရောက်၍ အချိန်တစ်နာရီခန့်ကြာအောင် ရှင်းလင်းခဲ့ရကြောင်း သိရသည်။

“ QC စင်တာ လ(၁၀) မှာ ထခွဲမှာ ရပ်ကွက်ရုံးရှေ့တည့်တည့်မှာ အထက်တန်းကျောင်းရှိတယ်။ ၁၄ ရက်ပြည့် လို့ ထွက်သွား သူလည်း ရှိသလို၊ နေထိုင်သူတွေလည်း ၆ ယောက်ရှိပါသေးတယ်။ ဒီနေ့ည ဖြစ်တာ လေယာဉ်စီး ခရီးသည်များလို့ သိရတယ်။ ကွင်းဆက်လိုက်ရင်းနဲ့ FACILITY ပြည့်စုံစွာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်အောင် မေတ္တာရှင်ဆေးရုံမှာ စောင့်ကြည့်ထား ပေး ဖို့ပေါ့။ အဲဒါကို ရပ်ကွက် အုပ်ချုပ်ရေးမှူး က နယ်မြေမှူးတွေကို ချမပြရကောင်းလား ဆိုပြီးတော့ နယ်မြေခံ တစ်ယောက်စ နှစ်ယောက်စ ကနေ အတို့အထောင်လုပ်ချိန်မှာ လူစုလူဝေး နဲ့ မကျေနပ်လို့ ပေါက်ကွဲတယ်။ လက်မခံနိုင်ဘူး ဖြစ်တယ်။ ဒါကို ကံသာ က ကံဆိုးတယ်။ ဒီပြဿနာ ဖြစ်အောင်ဖြစ်တယ်။ အပြန်အလှန်လေးစားမှု မရှိဘူးလို့ ထင်တယ်။ နောက်ဆုတ်မှာတော့ မဟုတ်ဘူး။ ဥပဒေဘောင်တွင်းကနေ လုပ်တယ်။ ဒါကို ကွန်ပလိန်းတက်တာ ပြီးမြောက်အောင် ဆောင်ရွက်မှာ ဖြစ်တယ်။ လက်ရှိရောက်လာတာ (၉) ယောက်ပေါ့။ မမျှော်လင့်ဘဲ ဒီကိစ္စလေး ပေါ်လာတယ်။ ” ဟု ကံသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်က ပြောကြားသည် ။

“မလိုက်နာဘဲ ဆက်လက်လုပ်ဦးမယ်ဆိုရင် ခေါင်းဆောင်တွေ ရွေးထားပြီးပြီ။ လုပ်သင့်တာကို ဆက်လက်ဆောင်ရွက် သွားမယ်။ Positive တွေ့သွားတဲ့ ခရီးစဉ် မှာ လေယာဉ်ပျံ အတူတူစီးခဲ့သူတွေကို FQ ထားတာကို လက်မခံနိိုုင်ပါဘူး ဆိုပြီး တော့ လုပ်တာပေါ့။ အချက်အလက်တွေတော့ ယူထားပြီးပြီ။ ရဲလုံခြုံရေး တွေလည်း ချထားပြီးပြီ။ 26 နဲ့ ပါလာတာက တော့ တောင်ကြီးမြို့နယ်ထဲမှာ ၈ ယောက် ရောက်နေတာတော့ ကြာနေပြီ။ ဧပြီလ ၈ ရက်နေ့ထဲက ရောက်နေတာ၊ HQ ပဲ ဝင်နေ ကြတာ ကျန်းမာရေး အားလုံးကောင်းတယ်။ ” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က ပြောကြားသည်။ https://news-eleven.com/article/169365

**************

၁၅။      စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်

April 15, 2020

ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်း ဖွဲ့ထားတဲ့ ကျန်းမာရေးဌာနက  ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေ ထားရှိဆောင်ရွက်နေတယ်လို့ CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က ပြောပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်း လုပ် ဆောင်ဖို့ ကျွန်တော်တို့ ဆွေးနွေးထားတာတွေ ရှိတယ်”လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က ဖွဲ့စည်းထားတဲ့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ အနေနဲ့ COVID-19 နဲ့ပတ်သက်ပြီး ကြိုတင် ကာကွယ်ရေး၊ စောင့်ကြည့်ရေး၊ သံသယရှိသူတွေကို တွေ့ခဲ့ရင် ဘယ်လိုလွှဲပြောင်းမှုလုပ်မှာလဲ ဆိုတဲ့အချက်(၃)ချက်ကို အဓိက လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစစ်ဆေးရေး ဂိတ်(၂၉)ဂိတ်မှာ တွေ့ရှိတဲ့သံသယရှိသူတွေကို လွှဲပြောင်း ရေးစနစ်နဲ့ပတ်သက်ပြီးတော့ အောက်ခြေအဆင့်မှ မြို့နယ်အဆင့်ထိ သက်ဆိုင်ရာ အဆင့်ဆင့်ကို အစိုးရဌာနဆိုင်ရာအထိ လုပ်ဆောင်နေတယ်လို့ သိရပါ တယ်။

CHDN အဖွဲ့က ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့အစည်း(KNSO)၊ ကယန်း ပြည်သစ်တပ်(KNG)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) အဖွဲ့တွေကနေပြီး စုပေါင်းဖွဲ့ ထားတဲ့ ကျန်းမာရေးအဖွဲ့ဖြစ်ပါတယ်။ လွိုင်ကော်မြို့နယ် ဆေးရုံတွင် သံသယလူနာ (၃) ဦး၊ ဒီးမော့ဆိုမြို့နယ် ဆေးရုံတွင် သံသယ လူနာ (၁) ဦးတို့ ထပ်မံတက်ရောက်စစ်ဆေးစောင့်ကြည့်ခံလျက်ရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် သိရပါတယ်။ https://www.bnionline.net/mm/news-72263

***************

၁၆။      လူနာအမှတ်စဉ် ၆၃ ၏ စက်ရုံမှပြန်လာသူကို မြစ်ကြီးနား မန်ခိန် နေအိမ်တွင် Home Quarantine လုပ်ထား

April 15, 2020

Covid-19 လူနာအမှတ် ၆၃ ၏ စက်ရုံတွင်အလုပ်လုပ်ရာမှ ပြန်လာပြီး ယခု ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် တွင် နေထိုင်သူအား Home Quarantine လုပ်ထားကြောင်း မန်ခိန်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ရန်ကုန်ကနေ မန်ခိန်ကို ရောက်တာတော့ ဧပြီ ၂ရက်နေ့ ရောက်တယ်လို့ပြောတယ်။ သူ့ပြောတာကတော့ အဲဒီလူနာအမှတ် ၆၃ နဲ့က ထိတွေ့မူ မရှိခဲ့ဘူး။ အဲဒါသူတို့စက်ရုံက သူတို့ကလုပ်သားတစ်ယောက်။ ဟိုက သူဌေးပေါ့ အဲလိုပြောတယ်။ ကျနော် တို့ ဆီမှာတော့ ၁၀ ရက်နေ့မှ အကြောင်းလာကြားတာဖြစ်တယ်။ သူကိုယ်တိုင်ကလည်း ဒီလူနာအမှတ် ၆၃ နဲ့ ထိတွေ့ခဲ့တာ မဟုတ် ဘူး။ ကျနော်တို့အနေနဲ့လည်း ပြန်သုံးသပ်ကြည့်တော့ သူဌေးနဲ့လုပ်သားဆိုတော့ လောလောဆယ်အခြေနေမှာ ထိတွေ့နိုင်မယ့် အခြေနေမရှိနိုင်ဘူး။ အဲကြောင့် ခုလောလောဆယ်တော့ Home Quarantine လုပ်ထားတာဖြစ်တယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မန်ခိန် ကျေးလက်ကျန်းမာရေးဘက်ကနေ အဖျားတိုင်းတာတွေတော့ နေ့တိုင်း လိုလိုလုပ်နေပါတယ်။ ဒီနေ့ထိတော့ အေးဆေးပါဘဲ။” ဟု မန်ခိန်အုပ်ချုပ်ရေးမှူး ဦးလီဆီးဆိုက် ပြောသည်။

အဆိုပါ Home Quarantine ပြုလုပ်နေသူသည် ကျန်းမာရေးကောင်းမွန်နေသည့်အတွက် ဓါတ်ခွဲစမ်းသပ်ရန် အစီစဉ် မရှိသေး ကြောင်းနှင့် တစ်စုံတစ်ရာထူးခြားမူရှိလာပါက သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးသို့ အကြောင်းကြားကာ ဆက်လက် ဆောင် ရွက်သွားဖို့ စီစဉ်ထားကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဧပြီလ ၂ ရက်နေ့ ရောက်တာကို ဘာလို့ ၁၀ ရက်နေ့မှ အကြောင်းသွားကြားတာလဲမသိဘူး။ ရပ်ကွက်က လူတွေကတော့ ရောက်နေတာတစ်ပတ်လောက်ရှိနေပြီ ဆိုပြီးတော့ ပြောနေကြတယ်။ ဒီညတော့ ဒီရပ်ကွက်က လူတွေလည်း အားလုံးလန့်နေ ကြပြီ။ အဲကြောင့်မို့လားမသိ ဒီညတော့ Hand Speaker နဲ့လိုက်အော် အိမ်ထဲမှာနေဖို့ အပြင်မထွက်ဖို့လိုက်အော်နေကြပြီ” ဟု မန်ခိန်ဒေသခံတစ်ဦး ပြောသည်။ ထိုသူကို Home Quarantine ကာလပြည့်ပြီးသော်လည်း နောက်ထပ် ၇ ရက် ထပ်မံ စောင့်ကြည့်မည့်အကြောင်းလည်း သိရသည်။ https://burmese.kachinnews.com/2020/04/15/%e1%8  0%9c%e1%80%b0%e1%80%94%e180%ac%e1%

**************

၁၇။      ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စစ်တွေကမ်းခြေကိုပိတ်

April 15, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်အပန်းဖြေလေ့ရှိတဲ့ စစ်တွေကမ်းခြေကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ပိတ်လိုက်ပြီး ရဲတပ်ဖွဲ့အင်အားတွေကိုပါ အများအပြားချထားပါတယ်။ အခုလို ပိတ်မယ့်အကြောင်း ကမ်းခြေလျှောက် မနေ့က လှည့်လည်ကြေညာခဲ့သလို စားသောက်ဆိုင်တွေနဲ့ အခြားဆိုင်တွေကိုပါ အသိပေးခဲ့တာပါ။ စစ်တွေမြို့မှာ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကပင် အသိပေး ကြေငြာထားပေမယ့် မလိုက်နာတဲ့သူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီနေ့မနက် ၁၀ နာရီလောက်ကပင် ကမ်းခြေကို အခုလိုပိတ်လိုက်တာလို့ စစ်တွေမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလေးက ပြောပါတယ်။

ဒီနေ့ ကမ်းခြေကိုစတင်ပိတ်လိုက်တဲ့ ကိစ္စဟာလည်း ဧပြီလ ၃၀ ရက်နေ့အထိ အကျုံးဝင်တယ်ဆိုပေမယ့် အခြေအနေအရ လိုအပ်ရင်လိုအပ်သလို စည်းကမ်းချက်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်တွေမြို့မှာ မနေ့ကအထိ ဆောင်းဘောက်တွေဖွင့်ပြီး ကားပတ်သူအချို့နဲ့ ကမ်းခြေမှာ လာရောက် ရေကစားသူတွေရှိခဲ့ပေမယ့် ဒီနေ့ မှာ တော့ လူသူကင်းမဲ့သွားတာကို တွေ့ရပါတယ်။ စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေက ကပ်ရောဂါဘေးကို ကျော်လွှားနိုင်ဖို့အတွက် လူထုက ပူးပေါင်းပါဝင်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။

နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားကျောင်းကန်သွားလေ့ရှိတဲ့ ဘာသာရေးကိစ္စတွေမှာပါ လူစုလူဝေးတွေမဖြစ်ရ အောင်နဲ့ ပင်စင် စားတွေအတွက် ပင်စင်လစာထုတ်ပေးရေး ကိစ္စအတွက်ပါ ကျယ်ဝန်းတဲ့ခန်းမတစ်ခုကို အသုံးပြုပြီး စနစ်တကျထုတ်ပေးဖို့ အထိပါ စီစဉ်ထားတယ်လို့ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ စစ်တွေမြို့မှာ လက်ရှိပြည်ပကပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီး ၁၇ ဦးကို စောင့်ကြည့်နေပြီး လက်ရှိအချိန်အထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပါဘူး။ https:/ /www.rfa.org/burmese/news/sittwe-beach-close-04152020075142.html

***************

၁၈။      AA နဲ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ သတင်းသမားတချို့တိမ်းရှောင်နေရဆဲ

April 15, 2020

အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်ခဲ့တာရှိတဲ့အတွက်  ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုတာ၊ ဖမ်းဆီးတာတွေကြောင့် သတင်းမီဒီယာသမား တချို့ အခုအချိန် အထိ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်အပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ် မေးမြန်း တဲ့အတွက် Voice of Myanmar VOM သတင်းဌာန အယ်ဒီတာချုပ် ကိုနေမျိုးလင်း၊ ခေတ်သစ်မီဒီယာ အယ်ဒီတာ ချုပ် ကိုသာလွန်ဇောင်းထက်နဲ့ နိရိဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်တို့ကို ပြည်ထဲရေးဝန်ကြီးဌာနက အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။ ဒီတရားစွဲခံရတဲ့အထဲက VOM သတင်းဌာန တည်ထောင်သူ အယ်ဒီတာ ကိုနေမျိုးလင်းကို မတ်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ၁၀ ရက်ကြာ ထိန်းသိမ်းစစ်ဆေးရာမှာ အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတာမတွေရလို့ဆိုပြီး ဧပြီလ ၉ ရက်နေ့ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကိုနေမျိုးလင်း ကို လွှတ်ပေးပြီးနောက်နေ့မှာဘဲ ပြည်ထဲရေးကအမှုဖွင့်ထားတဲ့ ကျန်တဲ့သူတွေကို အမှုတွေရုပ်သိမ်းပေးဖို့ စာပို့ထားတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောပါတယ်။

ကိုနေမျိုးလင်း ကို အမှုနဲ့ မငြိစွန်းဘူးလို့ ဥပဒေရုံးက မှတ်ချက်နဲ့ ပြန်လွှတ်ခဲ့ပေမယ့် AA အဖွဲ့ကို ဆက်သွယ်ပြီး သတင်းဖော်ပြ မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်အခြေစိုက် နိရိဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော်နဲ့ ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ကိုသာလွန်ဇောင်းထက် တို့ကတော့ အခုအချိန်အထိ တိမ်းရှောင်နေရပါတယ်။ ဒီနေရာမှာ ထူးခြားချက်တခုက ကိုခိုင်မြတ်ကျော်နဲ့ ကိုသာလွန်ဇောင်းထက်တို့ဟာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဝင်တွေ ဖြစ်ပါတယ်။

“မီဒီယာသမားတွေရဲ့ အလုပ်လုပ်တာဘဲ၊ သတင်းဆိုတာနှစ်ဖက်အသံပါမှပြည့်စုံတာ၊ အသံမဲ့နေသူတွေရဲ့ အသံ ဖော်ထုတ် ပေးရမှာက ကျနော်တို့တာဝန်ပဲလေ၊ ဒါကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့ မတရားအသင်း ဥပဒေတို့နဲ့ တရားစွဲတာတွေက လုံးဝမသင့်တော်တဲ့ကိစ္စပါ၊မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ကိုလည်း အဆင့်နိမ့်စေပါတယ်၊ သူများတိုင်းပြည်တွေက ပြောစရာ ဖြစ်ပါတယ်၊ ဒီမိုကရေစီနိုင်ငံကိုသွားနေတယ်ဆိုရင် ဒီကိစ္စတွေက လုံးဝကိုမရှိသင့်ပါဘူးခင်ဗျ” သတင်းမီဒီယာသမား တွေကို ပြည်ထဲရေးကစွဲဆိုတဲ့ပုဒ်မတွေဟာ သေဒဏ်အထိပေးလို့ရတဲ့ပုဒ်မတွေ လည်းဖြစ်ပါတယ်။  မြန်မာပြည်တွင်းမှာတော့ အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းလို့ကြေညာပြီးနောက်ပိုင်း AA ကို ဆက်သွယ်သတင်းမေးမြန်းခဲ့တဲ့ သတင်း မီဒီယာတွေ၊ သတင်းသမားတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုအရေးယူမယ်ဆိုတဲ့ သတင်းစကား တွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ https://www.rfa.org/burmese/news/aa-myanmar-government-journalists–04152020 113910.html

***************

၁၉။      လူနာအမှတ်စဉ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနားမှ အမျိုးသမီးတစ်ဦးကို ဆေးရုံသတ်မှတ်နေရာသို့ ပို့ဆောင်ထား

April 16, 2020

Covid-19 ပိုးတွေ့ လူနာအမှတ် ၈၂ ဖြင့်ထိတွေ့ခဲ့သော မြစ်ကြီးနား၊ ခေမာသီရိ ရပ်ကွက် (၃) မှ အမျိုးသမီး တစ်ဦးအား ဓါတ်ခွဲစစ်ဆေးရန် ယနေ့ ည ၄ နာရီချိန်တွင် ၎င်း၏နေအိမ်မှ မြစ်ကြီးနားဆေးရုံ Quarantine ထားရန်သတ်မှတ်ထား သည့် နေရာသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ခေမာသီရိအုပ်ချုပ်ရေးမှူး ထံမှသိရသည်။ အဆိုပါ အမျိုးသမီးသည် မတ်လ ၁၃ ရက်နေ့ တွင် စင်ကာပူမှ တူရကီသို့ ရောက်ရှိခဲ့ပြီး တူရကီမှ ရန်ကုန်သို့ မတ်လ ၂၅ ရက်နေ့ ရောက်ရှိကာ ရန်ကုန်တွင် ၁၄ ရက် Quarantine နေခဲ့ပြီး မြစ်ကြီးနားမြို့၎င်း၏နေအိမ်သို့ ဧပြီလ ၇ ရက်တွင်ရောက်ရှိခဲ့ကြောင်း သိရသည်။

“သူရောက်နေတာ ကျနော်တို့ဆီမှာအကြောင်းကြားတာလည်းမရှိဘူး။ ကျန်းမာရေးဝန်ထမ်းတစ်ယောက်က လာပြောမှ ကျနော်တို့သိရတာ ပြောတဲ့သူကလည်း လိပ်စာအပြည့်အစုံမသိတော့ ကျနော်တို့မှာရှာလိုက်ရတာ။ ခုတော့ အစိုးရ သတ်မှတ် ထားတဲ့ Q နေရာကို လိုအပ်တာတွေစစ်ဆေးဖို့တွက် ရောက်ရှိနေပါပြီ။” ဟု ခေမာသီရိအုပ်ချုပ်ရေးမှူး ဦးရာဂျမ်းက ပြောသည်။

ခေမာသီရိရပ်ကွက်တွင်းရှိ ပြည်သူများအနေဖြင့် မိမိ မိသားစုအတွင်း ပြည်တော်ပြန်များရှိပါက အုပ်ချုပ်ရေးရုံးသို့ အကြောင်း ကြားပေးရန်နှင့် အကြောင်းကြားခြင်းမရှိပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ယခု မြစ်ကြီးနား ဆေးရုံသို့ ဆေးစစ်ရန်ရောက်ရှိသူသည် လူနာအမှတ် ၈၂ နဲ့ ထိတွေ့ခဲ့သူဖြစ်သည်။ https://burmese.ka chinnews.com/2020/04/16/%e1%80%9c%e1%80%b0%e1%80%94%e1%80%ac%e1%

***************

၂၀။      မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်၌ ဆက်သွယ်ရေးနှင့်မိုဘိုင်းအင်တာနက် အပြည့်အဝရရှိရေး ထောက်ပံ့ရေးအဖွဲ့                 အစည်း ၂၆ ဖွဲ့တောင်းဆို

April 16, 2020

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေးအေဂျင်စီ ၂၆ ဖွဲ့သည်  ဒုက္ခသည်များ၊ နေရပ်စွန့်ခွါထွက်ပြေးသူများ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များ ရရှိစေရန်နှင့် ကူညီ ထောက်ပံ့မှုများလုပ်ဆောင်နိုင်ရန်အတွက် ကော့စ်ဘဇား၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုဘိုင်းအင်တာနက်နှင့် ဆယ်သွယ် ရေး အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့အား ဒီကနေ့ တိုက်တွန်းလိုက်သည်။

ကော့စ်ဘဇားဒုက္ခသည်စခန်းများတွင် အမျိုးသမီးများ၊ ကလေးများ၊ မသန်မစွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) တစ်သန်းခန့်သည် နေရာအကန့်အသတ်ဖြင့် ကျပ်တည်းစွာ နေထိုင်နေကြရသည်။ နှစ်နိုင်ငံအကြား ရှိ နယ်စပ်များမှ အဆိုပါ လူမှုအသိုင်းအဝိုင်းများသည် လူဦးရေသိပ်သည်းခြင်း၊ သန့်ရှင်းသောရေနှင့် ရောဂါကာကွယ်ရေးဆိုင် ရာ ပစ္စည်းများ မလောက်ငှခြင်း၊ COVID-19 ရောဂါ စမ်းသပ်စစ်ဆေးပေးမည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မရှိခြင်း စသည့် စိန်ခေါ်မှုများကိုရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်နှင့်ကော့စ်ဘဇားတို့တွင် အသက်ရှူစက်များလည်းအလုံအလောက်မရှိသည့် အခြေအနေများကြောင့် ရောဂါ ကူးစက်မှုများ မြန်ဆန်ပြီး သေဆုံးနှုန်းမြင့်တက်လာနိုင်ဖွယ်ရှိသည်ဟုဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ၊ ဘင်္ဂါလီများနှင့် ရခိုင်လူမျိုးများအား  COVID-19 ဆိုးကျိုးသက်ရောက်မှုများမှ  ကာကွယ်ပေးနိုင်ရေးအတွက် လိုအပ်သောစီမံချက်များ လုပ်ဆောင်ရန် အရေးကြီးသည် ဟု အဆိုပါအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်နှင့်ချင်းပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားသည့် မြို့နယ် ၉ မြို့တွင်လည်း ၂၀၂၀ ဖေဖော်ဝါရီလမှ စတင်ကာ မိုဘိုင်းအင်တာသုံး စွဲမှု ဖြတ်တောက်ထားသည်။ ဆက်သွယ်ရေး ကောင်းမွန်မှသာ  COVID-19 ရောဂါလက္ခဏာရှိနေသူများအနေဖြင့် မည်သည့် အချိန် တွင် မည်သို့ သီးသန့်ခွဲနေရမည်ကို သိမည်ဖြစ်ကာ မိသားစု၊ ကျန်းမာရေးဝန်ထမ်းနှင့် ၎င်းတို့အားပြုစုစောင့်ရှောက်နေသူ များကို ထိတွေ့ကူးစက်မှု လျော့နည်းစေမည်ဖြစ်ကြောင်း၊ အထူးကြပ်မတ်ကုသရန်လိုအပ်သူများအတွက် ဆေးရုံများသို့ ပို့ဆောင်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါဒေသများသို့ လူသားချင်းစာနာမှု အထောက်အပံ့များလုပ်ဆောင်ရန် အရေးတကြီးလိုအပ်ကြောင်း၊ မိုဘိုင်း အင်တာနက်များမသုံးစွဲနိုင်ပါက လိုအပ်သောဝန်ဆောင်မှုများ လုပ်ဆောင်နိုင်မှာမဟုတ်ကြောင်း အဆိုပါ အဖွဲ့အစည်းများက ထောက်ပြပြောဆိုခဲ့ကြသည်။

ထိုတောင်းဆိုချက်ကို International Rescue Committee၊ World Vision ၊ People in Need Myanmar ၊ Plan International ၊ Save the Children နှင့် United Purpose ကဲ့သို့သော အဖွဲ့အစည်းများကလည်း ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြသည်။ http://www.mizzimaburmese.com/articl e/69026

**************

၂၁။      ARSA ၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးဟု တပ်မတော်ပြော

April 16, 2020

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၌ ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ဧပြီ ၁၅ ရက်တွင် ခမောင်းဆိပ်ကျေးရွာသို့ အရေးကြီးစာလာပို့သည့် ရဲတပ်ဖွဲ့ဝင်လေးဦးကို ယင်း ကျေးရွာမြောက်ဘက် မီတာ ၂၀ဝဝ ခန့်မှ ARSA အကြမ်းဖက်သမား ၃၀ ခန့်က ပစ်ခတ်သဖြင့် နှစ်ဦးအသက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ARSA အနေနဲ့ အခုနောက်ပိုင်းမှာ၊ အစီရင်ခံစာ (ICJ သို့ တင်သွင်းရမည့်အစီရင်ခံစာ)တင်ခါနီးမှာ ခပ်စိပ်စိပ်လေးလှုပ်ရှား လာတဲ့သဘောတွေ့ရတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။ ထို့အပြင် ဧပြီ ၁၄ ရက် ညပိုင်းတွင် မောင်တောဒေသ ဖားဝပ် ချောင်းအနီး တည်ဆောက်ရေးဆောင်ရွက်နေသည့် ဘက်ဟိုးယာဉ်တစ်စီးကို ARSA အကြမ်းဖက်အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ https://7day.news/detail?id=184080

***************

၂၂။       ဖလမ်းမြို့အနီး  အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခတ်

April 16, 2020

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဧပြီ ၁၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ၊ ၁၇ မိနစ်၊  ၁၇ စက္ကန့် အချိန်မှာ ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက် ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ  မြောက်လတ္တီတွဒ် (၂၂.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.ဝ၂) ဒီဂရီ၊ အနက်(၃)ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ချက် မှာဖော်ပြပါတယ်။ အလားတူ ဒီနေ့ ညနေ (၆) နာရီ၊ (၁၅) မိနစ်၊ (၂၅) စက္ကန့် အချိန်ကလည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက် ဘက်(၂၇)မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ဖလမ်းမြို့၏ အရှေ့တောင်ဘက်(၂၄)မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.ဝ၁)ဒီဂရီ၊ အနက်(၁၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး(၆.၁) အဆင့် ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီ၊ ၇ မိနစ်၊ ၃၇ စက္ကန့်လောက်ကလည်း  ခန္တီးမြို့တောင်ဘက် ၈ မိုင်ခန့် အကွာမှာ အင်အားရစ်(ခ်) တာ စကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားပါတယ်။ မြန်မာပြည်တွင်းမှာ ဒီနေ့ တရက် တည်း မြေငလျင်  ၄ ကြိမ်လှုပ်ခတ်သွားတာဖြစ်ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု  အခြေအနေသတင်းတွေကတော့ မရရှိသေး ပါဘူး။ http://burmese.dvb.no/archives/382755

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

 

*** ပြီး ***