• Today is: Thursday, March 28, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 33, June 9, 2020)

၁။       မူဆယ္ၿမိဳ႕အနီး တပ္မေတာ္ႏွင့္ ေကအိုင္ေအတို႔ တိုက္ပြဲႏွစ္ႀကိမ္ျဖစ္

၂။       မိုင္းတင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႀကီးၾကပ္ေရြးခ်ယ္ေရးအဖြဲ႔  ဥကၠ႒ ေသနတ္ပစ္သတ္ခံရ

၃။       တပ္မေတာ္ေရယာဥ္ေပၚ ႏွိပ္စက္ခံခဲ့ရသူ  ၅  ဦး၏ အမႈတြင္ တရားခံေျပး ၇ ဦး ပါဝင္ေန

၄။       တပ္မွ ေျမသိမ္းၿပီး တရားျပန္စြဲထားသည့္အမႈကို ဆီဆိုင္ေတာင္သူမ်ား ရင္ဆိုင္မည္

၅။       မူးယစ္ေဆးအမႈမ်ားတြင္ ဒဏ္ေငြ လာေရာက္ညိွႏိႈင္းေသာ္လည္း ဥပေဒအတုိင္းသာ ေဆာင္ရြက္ဟု KNU ေျပာ

၆။       နမ့္စန္တြင္ တပ္မေတာ္က စစ္မႈထမ္း ေဟာင္းအိမ္ရာေဆာက္ရန္ ေျမသိမ္းမႈ မူလပိုင္ရွင္ ၉၃ ဦး ဝိုင္းဝန္းကန္႔ကြက္

၇။       မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဖားကန္႔တြင္ ေဈးဆိုင္တန္း၊ ဘက္ဖိုးႏွစ္စီးႏွင့္ ကားတစ္စီး ေရစီးေၾကာင္းႏွင့္ ေမွ်ာပါ ၿပီး                         လူ အေသအေပ်ာက္ ရွိႏိုင္

၈။       သိႏၷီ တံတားေစာင့္ တပ္သား ေသနတ္ပစ္ခတ္မႈေၾကာင့္ ေနအိမ္ ၂ လံုးထိ

၉။       ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ေတြ႔ဆံုေဆြးေႏြးရန္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ ေတာင္းဆို

၁၀။     တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႔အတြက္ စားနပ္ရိကၡာ ေထာက္ပံ့ေပးအပ္

၁၁။     ေက်ာက္ျဖဴေဒသခံ သားအဖႏွစ္ဦးကို AA ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ မိသားစုေျပာၾကား

၁၂။     စစ္ေဘးေရွာင္ေက်ာင္းသူ/သားမ်ားအတြက္ဆမီးၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္  ၂  လံုး စတင္ေဆာက္လုပ္

၁၃။     ထိေတြ႔မႈမ်ားကုိ အတတ္ႏုိင္ဆုံး ေရွာင္ရွားရန္ တပ္တြင္း ၫႊန္ၾကားခ်က္ထုတ္ထားဟု KNLA စစ္ဦးစီးခ်ဳပ္ေျပာ

၁၄။     မြန္ညီညြတ္ေရးပါတီ ကိုယ္စားေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား သက္ဆိုင္ရာၿမိဳ႕နယ္ပါတီရံုးသို႔ စာရင္းေပးသြင္း ရမည္

၁၅။     ဖမ္းဆီးစစ္ေဆး ျပန္လႊတ္ေပးၿပီးေနာက္ ၃ ရက္အၾကာ ေဒၚစိန္ျမဦးေသဆံုးမႈ AA ႏွင့္မသက္ဆိုင္ဟု ထုတ္ျပန္မႈ တာဝန္မဲ့ဟု ခ်င္း              အမ်ိဳးသမီးကြန္ရက္ ေဝဖန္

၁၆။     ကြိဳင္ငံေရထြက္ေပါက္ ေခ်ာင္းနံရံေတြ ေျမၿပိဳမႈျဖစ္ပြား

၁၇။     မယံုၾကည္မႈႏွင့္ မသိရွိမႈတို႔ေၾကာင့္ မူးယစ္အထူးတိုင္ၾကားေရးဌာနသို႔ မြန္ျပည္နယ္မွ ျပည္သူမ်ား သတင္းေပး တိုင္ၾကားျခင္းမရွိ

၁၈။     ေက်ာက္ျဖဴၿမိဳ႕ေပၚက မူရင္းေနရာေတြ ျပန္ေပးဖို႔ ဒုကၡသည္ေတြ ေတာင္းဆို

၁၉။     Social distancing ျဖင့္ ကရင္ျပည္နယ္ရွိေက်ာင္းမ်ား ဇူလုိင္လတြင္ ဖြင့္လွစ္သြားမည္

၂၀။     NLD စစ္ေတြခရိုင္ ဥကၠ႒ဌ ပါတီမွ ႏုတ္ထြက္

၂၁။     က်ိဳင္းတံု ကိုဗစ္  Positive  လူနာအားလံုး ေဆးရံုဆင္းခြင့္ရ

၂၂။     ဖမ္းဆီးေခၚေဆာင္ခံရသည့္ ေတာင္ကုတ္ ခ်က္ေဖာက္ရြာသား  ၅  ဦး မိသားစုႏွင့္ အဆက္အသြယ္မရေသးဟုဆို

၂၃။     ျမဝတီၿမိဳ႕တြင္ WY မူးယစ္ေဆးျပား အလံုးေရ ၄ ေသာင္းေက်ာ္ ဖမ္းဆီးရမိ

၂၄။     မူဆယ္-၁၀၅ မိုင္ ျပည္ေထာင္စုလမ္းမေပၚတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာရ

၂၅။     COVID-19 ေၾကာင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်းရြာ စိုက္ခင္းမ်ားရွိ ေဂၚဖီထုပ္မ်ား ေဈးကြက္ပ်က္သျဖင့္ ေတာင္သူမ်ား မနစ္              နာေစရန္ အလွဴရွင္တစ္ဦးက ဝယ္ယူေပး

**************

၁။       မူဆယ္ၿမိဳ႕အနီး တပ္မေတာ္ႏွင့္ ေကအိုင္ေအတို႔ တိုက္ပြဲႏွစ္ႀကိမ္ျဖစ္

June 7, 2020

တပ္မေတာ္နဲ႔ ေကအိုင္ေအ တပ္ဖြဲ႔တို႔ ဇြန္ ၇ ရက္ေန႔ မနက္ပိုင္းနဲ႔ ေန႔လယ္ပိုင္းမွာ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕အေရွ႕ဘက္နဲ႔ နမ့္ဖက္ကာအေရွ႕ေျမာက္ဘက္ မီတာ ၁၄၀ဝ အကြာမွာတိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။ မနက္ပိုင္း ျဖစ္ခဲ့တဲ့တိုက္ပြဲမွာ ေကအိုင္ေအ ဘက္က အင္အား ၁၅ ေယာက္ဝန္းက်င္သာရွိၿပီး ေန႔လယ္ပိုင္း ေနာက္တႀကိမ္ထပ္ျဖစ္တဲ့ တိုက္ပြဲမွာေတာ့ အင္အား ၆၀ နီး ပါး ရွိတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မိုင္းေထာင္ မိုင္းခြဲတာေတြ ျပဳလုပ္ခဲ့တဲ့ TNLA အဖြဲ႔ကို နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္ လံုၿခံဳေရးအဖြဲ႔နဲ႔ ေကအိုင္ေအတို႔ ထိေတြ႔တိုက္ပြဲျဖစ္ခဲ့တာပါ။ အဲဒီတိုက္ပြဲေတြအတြင္းမွာ တပ္မေတာ္ဘက္က ထိခိုက္တာေတြရွိခဲ့ၿပီး ေကအိုင္ေအ ဘက္က လက္နက္ခဲယမ္းတခ်ိဳ႕လည္း သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။

အခုျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး ေကအိုင္ေအဘက္က ဗိုလ္မွဴးႀကီးေနာ္ဘူက ေကအိုင္ေအ ထိန္းခ်ဳပ္နယ္ေျမထဲကို တပ္မေတာ္ ဘက္ကတိုးဝင္လာတဲ့အတြက္ ခုခံတိုက္ပြဲျဖစ္ပြားခဲ့တာျဖစ္ၿပီး သူတို႔ဘက္ကထိခိုက္မႈမရွိဘူးလို႔ေျပာဆိုပါတယ္။ ေကအိုင္ေအ နဲ႔ တပ္မေတာ္ ျပည္နယ္အဆင့္ သေဘာတူညီမႈေတြ ရယူၿပီးခဲ့ၿပီးတဲ့ အခ်ိန္ကတည္းက ေဆြးေႏြးၿပီးျဖစ္တာေၾကာင့္ အဲဒီနယ္ ေျမက သူတို႔နယ္ေျမ ဟုတ္၊ မဟုတ္ ေကအိုင္ေအသာ အသိဆံုးျဖစ္တယ္လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

လက္ရွိကပ္ေဘးကာလအတြင္းမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး (ၾကည္း) တြဲဖက္စစ္ေရးခ်ဳပ္ ဗိုလ္ခ်ဳပ္ခြန္သန္႔ေဇာ္ထူးနဲ႔အဖြဲ႔ဟာ ေမ ၂၀ ရက္ေန႔က လိုင္ဇာအနီး မိုင္ဆာပါေဒသကို သြားေရာက္ၿပီး ကိုဗစ္-၁၉ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးပစၥည္းေတြကို သြားေရာက္လွဴဒါန္းခဲ့ၿပီး ေကအိုင္အို/ ေကအိုင္ေအ ဒုတိယ ဥကၠ႒ ဗိုလ္ခ်ဳပ္ ဂြမ္ေမာ္က လက္ခံရယူခဲ့ပါတယ္။ http://burm ese.dvb.no/archives/392931

**************

၂။       မိုင္းတင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႀကီးၾကပ္ေရြးခ်ယ္ေရးအဖြဲ႔  ဥကၠ႒ ေသနတ္ပစ္သတ္ခံရ

June 6, 2020

သွ်မ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႀကီးၾကပ္ေရြးခ်ယ္ေရးအဖြဲ႔ ဥကၠဌ ဦးေကာေရႊဝင္း သည္ ( ဇြန္ ၆) မြန္းလႊဲပိုင္းတြင္ ေသနတ္ပစ္ သတ္ခံရေၾကာင္း သတင္းရရွိသည္။

(ဇြန္ ၆ ရက္) မြန္းလႊဲပိုင္းတြင္ မိုင္းတင္းအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ႀကီးၾကပ္ေရြးခ်ယ္ေရးအဖြဲ႔ ဥကၠ႒ ဦးေကာေရႊဝင္း အသက္ ၅၀ ႏွစ္ သည္ မန္စန္းရြာရွိ ေတာင္ယာတြင္ အလုပ္လုပ္ေနခ်ိန္ အမည္မသိ လက္နက္ကိုင္ အဖြဲ႔မွ ေသနတ္ျဖင့္ လာေရာက္ ပစ္သတ္ခဲ့ေၾကာင္း သိရသည္။“ေသနတ္ပစ္တဲ့ ဒဏ္ရာကေတာ့ ၆ ခ်က္ပါ။ ေတာင္ယာ အလုပ္လုပ္ေနရင္ ေသနတ္ပစ္ခံရ တာပါ။ ဘယ္အဖြဲ႔ ကလာပစ္တယ္ဆိုတာ စံုစမ္းဆဲပါ”ဟု ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ တာဝန္ရွိသူတဦးက သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။ ေသနတ္ပစ္ခံရၿပီး ေသဆံုးသြားသည့္ ဦးေကာေရႊဝင္းသည္ ေနာက္ေစ့ ေဖာက္ဝင္ဒဏ္ရာ ၂ ခ်က္၊ ေက်ာ လယ္ ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္၊ ေက်ာယာဘက္ ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္၊ ခါးဆစ္ယာဘက္ ေဖာက္ဝင္ဒဏ္ရာ ၁ ခ်က္ ႏွင့္ မ်က္ႏွာပြင့္ထြက္ ဒဏ္ရာ၊ရင္ညႊန္႔ေဖာက္ထြက္ ဒဏ္ရာတခ်က္တို႔ျဖစ္ေၾကာင္း ၎ ရဲအရာရွိက ေျပာသည္။

အဆိုပါ ေတာင္ယာတြင္ ဦးေကာေရႊဝင္း ႏွင့္ ဇနီး ျဖစ္သူ ေဒၚနန္းခမ္းေအး တို႔သည္ အတူတူ ေန႔လည္စာစားၿပီး၊ အလုပ္ ျပန္ လုပ္ရန္ ေသဆံုးသူ ဦးေကာေရႊဝင္း ေတာင္ယာသို႔ သြားေနစဥ္ ေသနတ္ပစ္ခံရျခင္းျဖစ္ၾကာင္း၊ မည္သည့္အဖြဲ႔က လာေရာက္ ပစ္ခတ္သည္ကို မေတြ႔ရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။ ဦးေကာေရႊဝင္း ေသဆံုးမႈႏွင့္ ပတ္သက္ၿပီး တရားခံကို စံုစမ္းေနဆဲျဖစ္ၿပီး၊ (ပ) ၅၅/၂၀၂၀ ရာဇာသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။ https://burmese.shannews.org/archives/16982

**************

၃။       တပ္မေတာ္ေရယာဥ္ေပၚ ႏွိပ္စက္ခံခဲ့ရသူ  ၅  ဦး၏ အမႈတြင္ တရားခံေျပး ၇ ဦး ပါဝင္ေန

June 6, 2020

တပ္မေတာ္ေရယာဥ္ေပၚ၌ႏွိပ္စက္ခံရၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒျဖင့္ တရားစြဲဆိုခံေနရသူ ၅ ဦး၏ အမႈတြဲတြင္ တရားခံေျပး ၇ ဦးပါဝင္ေနသည္။ အဆိုပါအမႈအား ဇြန္လ ၅ ရက္ေန႔က ရံုးထုတ္တြင္ တရားခံေျပးအမႈအတြက္ စစ္ေဆးမည့္ မွင္နီသက္ေသ မေရာက္ရွိခဲ့သျဖင့္ ၾကားနာစစ္ေဆးျခင္းမရွိခဲ့ေပ။“ဝရမ္းစာမဝင္ေသး၊ ဝရမ္းစာဝင္လို႔ အတည္ျပဳၿပီးမွ အခု ဖမ္းဆီးထားတဲ့ တရားခံ ၅ ဦးအမႈကို ဆက္လက္ ၾကားနာစစ္ေဆးမွာ”ဟု အၾကမ္းဖက္မႈႏွင့္တရားစြဲဆိုခံရသူ ၅ ဦး အမႈ အတြက္ လိုက္ပါေဆာင္ရြက္ေနသည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ညႊန္ေမာင္က ရွင္းျပသည္။

လက္ရွိဖမ္းဆီးခံထားရသူမ်ားမွာ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်းရြာမွ ကိုညီညီေအာင္ (၂၄)ႏွစ္ ၊ ကိုေအာင္မ်ိဳးလင္း (၂၄)ႏွစ္၊ ကိုေမာင္ေခ် (၂၄)ႏွစ္၊ ပုဏၰားကြ်န္းၿမိဳ႕ေပၚမွ ကိုမင္းစိုး (၃၈)ႏွစ္ ႏွင့္ ေျမာက္ဦးၿမိဳ႕နယ္၊ ဇီးပင္ႀကီးေက်းရြာမွ ကိုေက်ာ္ဝင္းဟိန္း (၂၂)ႏွစ္တို႔ ျဖစ္ၾကသည္။ ပုဏၰားကြ်န္းၿမိဳ႕နယ္၊ ေက်ာက္ဆိပ္ေက်းရြာသား (၃၈)ဦးကို ဧၿပီလ ၁၉ ရက္ေန႔ တြင္ တပ္မေတာ္က ဖမ္းဆီး စစ္ေဆးခဲ့ၿပီးေနာက္ (၃၃)ဦးကို ျပန္လႊတ္ေပးခဲ့ကာ လက္ရွိအၾကမ္းဖက္မႈႏွင့္ တရားရင္ဆိုင္ေန ရသူ ၅ ဦးကိုဆက္လက္ခ်ဳပ္ေႏွာင္ထားခဲ့ျခင္းျဖစ္သည္။ ၎တို႔ ၅ ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားစဥ္ကာလအတြင္း တပ္မေတာ္ သားမ်ားမွ ေရယာဥ္ေပၚတြင္ ထိုးႀကိတ္၊ ကန္ေက်ာက္ႏွိပ္စက္ေမးျမန္းေနသည့္ ဗီဒီယိုဖိုင္သည္ လူမႈကြန္ယက္စာမ်က္ႏွာ ေပၚ ပ်ံ႕ႏွံ႔လာခဲ့သည္။

“အေဒၚသားေလးက မိသားစုကိုလုပ္ေကြ်းေနတာပါ။ အေဒၚတို႔က ဆင္းရဲတယ္၊ အဲဒီသားေလးကို အားကိုးၿပီးေန ေနရတာ။ ဘာမွလည္းအျပစ္မရွိဘူး။ မိုးလင္းရင္ အလုပ္သြား၊ ညေနဆိုရင္ ေနဝင္မွျပန္လာရတယ္”ဟု တရားရင္ဆိုင္ေနရသူ ကိုညီညီေအာင္၏ မိခင္ ေဒၚနီနီေအးက ေျပာသည္။ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္ႏွင့္ တရားစြဲဆိုခံထားရသူ ၅ ဦး ကို လာမည့္ ဇြန္လ ၁၉ ရက္ေန႔တြင္ ထပ္မံရံုးခ်ိန္းလိုက္ေၾကာင္းသိရသည္။ https://www.bnionline.net/mm/news-732

**************

၄။       တပ္မွ ေျမသိမ္းၿပီး တရားျပန္စြဲထားသည့္အမႈကို ဆီဆိုင္ေတာင္သူမ်ား ရင္ဆိုင္မည္

June 8, 2020

သွ်မ္းျပည္ ေတာင္ပိုင္း ပအိုဝ္းကိုယ္ပိုင္ အုပ္ခ်ဳပ္ရ ေဒသ ဆီဆိုင္ၿမိဳ႕နယ္ ေျမယာသိမ္းဆည္းမႈ ႏွင့္ ပတ္သက္ၿပီး တပ္မွ အမႈ ရုပ္သိမ္းေပးျခင္းမရွိသျဖင့္ ေျမပိုင္ရွင္မ်ားမွ တရားရင္ဆိုင္ရမည္ျဖစ္ေၾကာင္း စံုစမ္းသိရသည္။

ဇြန္လ ၄ ရက္က ဆီဆိုင္ၿမိဳ႕နယ္ အစိုးရတပ္မေတာ္ႏွင့္ေတာင္သူမ်ား ေျမယာအျငင္းပြားမႈ ျပႆနာႏွင့္ပတ္သက္ၿပီး အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ရံုးအစည္းအေဝးခန္းမတြင္ ေတြ႔ဆံုညွိႏိႈင္းခဲ့ေသာ္လည္း ထူးျခားသည့္ရလဒ္တစံုတရာမ ထြက္ေပၚ လာေၾကာင္း လယ္ယာသိမ္းဆည္းခံရသည့္ ေတာင္သူမ်ားကေျပာသည္။ ထိုေတြ႔ဆံုေဆြးေႏြးမႈတြင္ အေရွ႕တိုင္းစစ္ဌာနခ်ဳပ္ မွ တာဝန္ရွိသူ ႏွင့္ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ တာဝန္ရွိသူမ်ား သိမ္းဆည္းခံ ေတာင္သူမ်ားတက္ ေရာက္ခဲ့သည္။“လက္ရွိ အေျခေနေတာ့ ထူးျခားေျပာင္းသြားတာမရွိေသးဘူး။ ေတြ႔ဆံုေဆြးေႏြးပြဲကအေျဖမေပၚရလဒ္ တစ္စံုတစ္ရာမရပဲနဲ႔ ၿပီးဆံုးသြားတာပဲလို႔ ေျပာလို႔ရပါတယ္”ဟု ဆီဆိုင္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစံဝင္းေမာင္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

ႏွစ္ဖက္ ေတြ႔ဆံုပြဲမွာ ေတာင္သူမ်ားဘက္မွ ေျမယာေျမမ်ား ဆက္လက္စိုက္ပ်ိဳးခြင့္ျပဳရန္၊ေတာင္သူ (၇၀)ေက်ာ္ တရားစြဲဆို ထားမႈအေပၚ အမႈ ရုပ္သိမ္းေပးရန္၊ တပ္မွ ပိတ္ဆို႔ထားသည့္ လမ္းမ်ားကို ျပန္ဖြင့္ေပးရန္ ႏွင့္ တပ္မွ သိမ္းဆည္းထားသည့္ ထြန္စက္ ၂၉ စီး ကိုလည္ ပိုင္ရွင္မ်ားလက္သို႔ ျပန္လည္အပ္ႏွံေပးရန္ ေတာင္းဆိုၾကေၾကာင္း ဦးစံဝင္းေမာင္က ေျပာျပသည္။ အေရွ႕တိုင္း စစ္ဌာနခ်ဳပ္မွ ေတာင္သူ ၇၀ ေက်ာ္ကို ပုဒ္မ ၄၄၇ ျဖင့္ အမႈဖြင့္ထားၿပီး ထိုအမႈကိုရုပ္သိမ္းေပးျခင္းမရွိေသးသည့္ အတြက္ ဆက္လက္ ရင္ဆိုင္သြားရမည္ဟု ဦးစံဝင္းေမာင္ က ထပ္ေလာင္းေျပာသည္။ ထို႔ျပင္ ဆီဆိုင္ၿမိဳ႕နယ္အတြင္း ေျချမန္ တပ္ရင္ ခမရ ၄၂၃/ ၄၂၄ တပ္ရင္းမ်ားမွ ေဒသခံ ေတာင္သူမ်ားထံ စိုက္ပ်ိဳးေျမ၊ ေျမယာ အဓမၼသိမ္းဆည္းျခင္း၊ လယ္သမားမ်ား စိုက္ပ်ိဳးထားသည့္ အပင္ဖ်က္ဆီးျခင္း၊ ေတာင္သူမ်ားအား တရားစြဲဆိုျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ား၊ ထြန္စက္ မ်ား သိမ္းယူျခင္း၊ တပ္သိမ္းေျမစာရင္းမ်ား ပြင့္လင္းစြာခ်ျပမႈမရွိသည့္အေပၚ ပအိုဝ္း အရပ္ဖက္လူမႈအဖြဲ႔အစည္းမ်ားႏွင့္ မိတ္ဖက္အရပ္ဖက္ လူမႈ အဖြဲ႔အစည္း ၁၉၄ ဖြဲ႔က ဇြန္ ၃ ရက္က သေဘာထားထုတ္ျပန္ခဲ့သည္။

ေျမယာေျမ အျငင္းပြားမႈ ကိစၥႏွင့္ပတ္သက္ၿပီး တစံုတရာထူးျခားမႈမရွိပါက ဒုတိယ သမၼတ ထံစာတင္ေတာင္ဆို သြားမည္ျဖစ္ ၿပီး၊ T-Shirt Campaign ျပဳလုပ္ရန္ႏွင့္ ေတာင္သူမ်ားကို ျပန္စုကာ ထြန္ယက္စိုက္ပ်ိဳးမႈမ်ားလည္း ျပဳလုပ္သြားမည္ဟု ခြန္ဦး က ေျပာသည္။ ထို႔အျပင္ ေျမယာမ်ားသိမ္းယူထားသည့္ သက္ဆိုင္ရာ တပ္ရင္းဌာနမ်ားအေနျဖင့္ ေျမသိမ္းျခင္းေလ်ာ္ေၾကး နစ္နာေၾကးေပးျခင္း၊ အေကာင္အထည္ေဖာ္ထားျခင္းမရွိသည့္ ေျမေနရာမ်ားအား ဥပေဒအညီ မူလလုပ္ပိုင္ခြင့္ရ ေတာင္သူ မ်ားအားျပန္လည္ စြန္႔လႊတ္ေပးျခင္းစသည့္ တည္ဆဲေျမယာဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားကို ေလးစားလိုက္နာေပးရန္ လူမႈ အဖြဲ႔အစည္းမ်ားက ေတာင္းဆိုလိုက္သည္။ https://burmese.shannews.org/archives/169 95

**************

၅။       မူးယစ္ေဆးအမႈမ်ားတြင္ ဒဏ္ေငြ လာေရာက္ညိွႏိႈင္းေသာ္လည္း ဥပေဒအတုိင္းသာ ေဆာင္ရြက္ဟု KNU ေျပာ

June 5, 2020

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါးအမႈျဖင့္ ဖမ္းဆီးထားသူမ်ားကို ေငြေၾကးေတာင္းခံမႈရွိသည္ဟု ေျပာဆုိသည့္ အေပၚ ေငြဒဏ္ျဖင့္ ဆုံးျဖတ္ေဆာင္ရြက္ေပးရန္ လာေရာက္ညိွႏိႈင္းမႈသာရွိၿပီး မိမိတို႔အေနျဖင့္ KNU ခ်မွတ္ထားသည့္ ဥပေဒ အတုိင္းသာ ေဆာင္ရြက္ေနသည္ဟု ဝင္းေရးၿမိဳ႕နယ္ တာဝန္ရွိသူမွ ဇြန္လ ၃ ရက္ေန႔က ေကအိုင္စီသို႔ ေျပာသည္။

ေမလ ၂၈ ရက္ေန႔က မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ရွိ ငါးကေလးေခ်ာင္းအနီး မြန္လူငယ္ ၄ ဦးကို KNU က ဖမ္းဆီးေခၚေဆာင္ သြားၿပီး မူးယစ္ေဆးဝါးမႈျဖင့္ ေငြက်ပ္သိန္း ၂ဝ ေတာင္းဆုိခဲ့သည္ဟု Mon Human Rights မြန္လူ႔အခြင့္အေရးအဖြဲ႔၏ လူမႈ ကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။ ထိုသို႔ ဖမ္းဆီးခံထားရသူမ်ားကို ျပန္လႊတ္ေပးရန္ ေငြေၾကးအရ လာေရာက္ ညိွႏိႈင္းမႈသာရွိၿပီး မိမိတို႔အေနျဖင့္ လူမႈေရးျပစ္ဒဏ္အေနျဖင့္ ထိန္းသိမ္းထားမႈသာရွိေၾကာင္း KNU ဒူးပလာယာခ႐ိုင္ရွိ ဝင္းေရးၿမိဳ႕နယ္ တာဝန္ရွိသူမ်ားထံ ေကအိုင္စီက ဆက္သြယ္ရာတြင္ ယခုကဲ့သို႔ ျပန္လည္ရွင္းျပခဲ့သည္။

“ၿပီးခဲ့တဲ့ ဧၿပီလ ၁၄ ရက္ေန႔က ေရးၿမိဳ႕နယ္ ငါးကေလးေခ်ာင္း ရာဘာေတာထဲမွာ လူ ၄ ဦးထံကေန လက္လုပ္ေသနတ္ တစ္လက္နဲ႔ ျမင္းေဆး ၁ဝ လုံး ဖမ္းမိတာပါ။ မြန္ျပည္သစ္ပါတီ ေဒသတာဝန္ရွိတစ္ဦးက ေထာင္မခ်နဲ႔ ေငြဒဏ္သာ ေဆာင္ ရြက္ေပးဖို႔ ေတာင္းဆုိတာရွိတယ္။ မိသားစုဘက္ကေရာ အျခားမြန္လူငယ္အဖြဲ႔ေတြေရာ လာေရာက္ညႇိႏိႈင္းတာရွိတယ္။ မသိ ရင္ က်ေနာ္တို႔ လုပ္စားသလုိ ျဖစ္ေနတယ္။ က်ေနာ္တို႔အေနနဲ႔က လူမႈေရးျပစ္ဒဏ္အေနနဲ႔ပဲ ထိန္းသိမ္းထားတယ္။”ဟု KNU ဝင္းေရးၿမိဳ႕နယ္ အတြင္းေရးမွဴး ပဒိုေစာအယ္ဒါးက ေျပာသည္။ လိပ္ပုရြာသား ၃ ဦးႏွင့္ စုံနံ႔သာရြာသား ၁ ဦးကို မူးယစ္ ေဆးမႈျဖင့္ ဝန္ခံကတိလက္မွတ္ထိုးထားၿပီး လူမႈေရးျပစ္ဒဏ္အရ ၃ လစီ ထိန္းသိမ္းထားရွိကာ အျခားတစ္ဦးအား က်န္းမာ ေရး အေျခအေနေၾကာင့္ ေဆးကုခြင့္အေနျဖင့္ ေနအိမ္ျပန္ခြင့္ျပဳထားသည္ဟု KNU တာဝန္ရွိသူမ်ားက ေျပာဆိုသည္။

KNU အေနျဖင့္ မူးယစ္ေဆးဝါးမႈမ်ား ဖမ္းဆီးအေရးယူရာတြင္ ျပဌာန္းဥပေဒအရ ေဆာင္ရြက္မႈအားနည္းေနလွ်က္ရွိၿပီး လူမႈ ေရး ျပစ္ဒဏ္မ်ားျဖင့္သာ ဆုံးျဖတ္ေဆာင္ရြက္သည့္အေပၚ ေရရွည္တြင္ လူထုအထင္အျမင္ လႊဲမွားသြားႏိုင္ၿပီး က်ဴးလြန္သူ မည္သူမဆုိ ေကာ္သူးေလ ၁/၂ဝ၁၄ မူးယစ္အထူး အက္ဥပေဒအရ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖ ရွင္းရန္လုိသည္ဟု KNU ဝင္းေရးၿမိဳ႕နယ္ ေက်းရြာတာဝန္ရွိသူမ်ား၏ ေျပာျပခ်က္အရ သိရသည္။ http://kicnews.org/2020/06/%e1%80  %99%e1%80%b0%e1%80%b8%e1 %80%9a%e1%80%85%e1%

**************

၆။       နမ့္စန္တြင္ တပ္မေတာ္က စစ္မႈထမ္း ေဟာင္းအိမ္ရာေဆာက္ရန္ ေျမသိမ္းမႈ မူလပိုင္ရွင္ ၉၃ ဦး ဝိုင္းဝန္းကန္႔ကြက္

June 5, 2020

ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ခရိုင္ နမ့္စန္ၿမိဳ႕နယ္ ဝမ္ပံုေက်းရြာအုပ္စု ေနာင္ခါးေက်းရြာရွိ ေတာင္သူ ၉၃ ဦးပိုင္ ေျမဧက ၁၆၇ ကို တပ္မေတာ္က စစ္မႈထမ္းေဟာင္း အိမ္ရာေဆာက္လုပ္ရန္ ေမလ ၂၅ ရက္ေန႔က ေျမစာရင္းရံုးသို႔ စာတင္ျပရာတြင္ ေျမပိုင္ဆိုင္ေသာေတာင္းသူမ်ားက ဝိုင္းဝန္းကန္႔ကြက္ထားေၾကာင္း လယ္ေျမသိမ္းခံရသူ ဦးစိုင္းဟိတ္ ကေျပာဆိုသည္။

အဆိုပါ ေျမေနရာကို တပ္မေတာ္ အမွတ္ (၂) စစ္ဆင္ေရးႏွင့္ ကြပ္ကဲေရးဌာနခ်ဳပ္က ၁၉၉၈ ခုႏွစ္တြင္ သိမ္းဆည္းခဲ့ျခင္းျဖစ္ ၿပီး ႏွစ္ေပါင္းမ်ားစြာ အဆိုပါေျမမ်ား၌ မည္သည့္လုပ္ငန္းမွ ေဆာင္ရြက္ျခင္းမရွိဘဲ ၿပီးခဲ့သည့္ ေမလအတြင္းမွ ထိုသို႔ စစ္မႈ ထမ္းေဟာင္း အိမ္ယာေဆာက္ရန္အတြက္ အေရွ႕လယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က တင္ျပေတာင္းဆိုခဲ့ျခင္းျဖစ္သည္။“ သူတို႔ သိမ္းထားတာလည္း ႏွစ္၂၀ ရွိၿပီေလ။ ၂၀ ေတာင္ေက်ာ္ေနၿပီ ကြ်န္ေတာ္ ဒီေဒသေက်းရြာေတြ အရပ္ဖက္အေထာက္အထား ေတြေပါ့။ အနီးနားဝတ္ဝန္းက်င္ကရြာေတြေပါ့။ ဒါတကယ္ဘိုးဘြား ပိုင္ေျမဆိုတာတစ္နယ္လံုးသိတာပဲေလ။ က်န္တဲ့ အေထာက္အထားေတာ့ မရွိဘူးေလ။ သူတို႔လာေျပာတုန္းက ေျမဌားေပးပါ တပ္သက္သာေခ်ာင္ခ်ိေရး အတြက္စိုက္ပ်ိဳးေရး လုပ္မယ္ဆိုၿပီးလာေျပာတာ အခုက်ေတာ့ ကြ်န္ေတာ့္ကို လက္မွတ္လာထိုး ခိုင္းတယ္ေလ။ တပ္သိမ္းမွာေပါ့ လက္မွတ္ထိုး ေပးဆို ကြ်န္ေတာ္မထိုးဘူးလို႔ ခင္ဗ်ားတို႔ လာတုန္းကလည္း သိမ္းတယ္လို႔ေျပာတာမဟုတ္လို႔ ဟိုေန႔ကမွသိတာ ရံုးကေခၚ ေျပာေတာ့ ေထြအုပ္ရံုးကေခၚေျပာေတာ့ ဒါတပ္သိမ္းေျမထဲမွာ မပါဘူး။ အဲဒါ ျပန္ေလွ်ာက္ယူဖို႔ေတာ့ ေျပာတယ္”ဟု ဦးစိုင္ဟိတ္ ကေျပာဆိုသည္။

“သူတို႔ကေတာ့ ရဲေဘာ္ေဟာင္းအိမ္ရာအတြက္ သိမ္းထားတာကန္႔ကြက္လိုရင္ ကန္႔ကြက္ပါဆိုလို႔ စာထြက္ထားတာေလ ေျမစာရင္းမွာ သူတို႔ကသိမ္းထားတာဆိုေတာ့ ကြ်န္ေတာ္တို႔ တကယ္ေတာင္သူပိုင္ရွင္ အစစ္အမွန္ေတြကမစိုက္ရဘူးေပါ့. အဲဒါေၾကာင့္ ပိုင္ရွင္အစစ္အမွန္ေတြက ျပန္လိုခ်င္တာေပါ့။ အဲဒီေျမေတြ ကိုျပန္ရခ်င္တာေပါ့ ” ဟု ဦးစိုင္းဟိတ္ ကေျပာဆို သည္။ အဆိုပါ ကိစၥႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္ သမၼတရံုးႏွင့္ ရွမ္းျပည္နယ္ အစိုးရရံုး တို႔ကို ေတာင္သူမ်ားက ေျမျပန္လည္ ရရွိေရး အႀကိမ္ႀကိမ္တင္ျပေတာင္းဆိုထားေသာ္လည္း အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေပးျခင္းမရွိေၾကာင္း ေတာင္သူ မ်ားက ေျပာဆိုသည္။ ရန္ကုန္ေခတ္သစ္သတင္းဌာနက တပ္မေတာ္ေျပာခြင့္ရပုဂၢိဳလ္မ်ားထံ ေျမသိမ္းယူမႈကိစၥ ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း အဆက္အသြယ္မရရွိေပ။ https://www.khitthitnews.com/2020/06/%e1%80%94%e1%80%  99%e1%80%b7%e1%80%ba%e1%80

**************

၇။       မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဖားကန္႔တြင္ ေဈးဆိုင္တန္း၊ ဘက္ဖိုးႏွစ္စီးႏွင့္ ကားတစ္စီး ေရစီးေၾကာင္းႏွင့္ ေမွ်ာပါ ၿပီး                         လူ အေ သအေပ်ာက္ ရွိႏိုင္

June  8, 2020

မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဖားကန္႔တြင္ ေဈးဆိုင္တန္း၊ ဘက္ဖိုးႏွစ္စီးႏွင့္ ကားတစ္စီး ေရစီးေၾကာင္းႏွင့္ေမွ်ာပါၿပီး လူ အေသအေပ်ာက္ရွိႏိုင္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုးမွ သိရသည္။

ဇြန္ ၈ ရက္ နံနက္အေစာပိုင္းက မိုသည္းထန္စြာရြာသြန္းၿပီးေနာက္ ယင္းျဖစ္စဥ္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မမံုေက်းရြာမွ ဦးေထြးေမာင္က ေျပာၾကားသည္။ ”မနက္ ၁ နာရီကေန မိုးသည္းေနတာ။ ေရစီးေၾကာင္းကို ေျမစာဖို႔ထားေတာ့ ေရအားနဲ႔ ေပါက္ၾကလာတာေပါ့။ ဘက္ဖိုးႏွစ္စီး၊ ဆိုင္ခန္း ငါးခန္း ေျခာက္ခန္း၊ ေျမသယ္တစ္စီး၊ဖိုးဝွီးကားတစ္စီး ေမွ်ာလာတယ္။ လူ အေသအေပ်ာက္ေတာ့ စစ္ေဆးဆဲ ရွိေသးတယ္”ဟု ဦးေထြးေမာင္က ေျပာၾကားသည္။ ေရစီးေၾကာင္းသည္ အနံေပ ငါးရာ၊ အလ်ား ေပ ႏွစ္ေထာင္ေက်ာ္ခန္႔ရွိၿပီး လူအေသအေပ်ာက္ ရွိႏိုင္ေၾကာင္း၊အမ်ားစုမွာ ခိုးက်င္းမ်ားျဖစ္ေနသျဖင့္ မည္သည့္ လုပ္ကြက္မွ် ေမွ်ာလာသည္ကို မသိရေၾကာင္း ေဒသခံအမ်ားစုက ဆိုပါသည္။

ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဉာဏ္လင္းေအာင္က ” ကြင္းဆင္းေနတယ္။ ဘက္ဖိုးႏွစ္စီး၊ဖိုးဝွီး ကားတစ္စီးေမွ်ာလာ တယ္။ လူအေသအေပ်ာက္ ရွိလား စံုစမ္းေနတယ္။ ဘယ္လုပ္ကြက္က ဆိုတာလည္း မသိရေသးဘူး။ တစ္ျခားေနရာမျဖစ္ ဘူး”ဟု ဆိုသည္။ ေဒသခံရြာသားမ်ားအဆိုအရ ယင္းေနရာမွာ ယူနတီႏွင့္ ဧရာရတနာ သက္တမ္းကုန္က်င္း ေဟာင္းေနရာ ျဖစ္ၿပီး ခိုးတူးေနသည့္ ယာဥ္မ်ားျဖစ္ေၾကာင္း ေျပာၾကားသည္။ ၂၀၁၉ ခုႏွစ္တြင္ ဖားကန္႔ေဒသတြင္ ေျမၿပိဳက်မႈ၊ ႏြံကန္ ေပါက္က်မႈေၾကာင့္ ဧၿပီ ၂၂ ရက္မွ ဧၿပီ ၂၅ ရက္အထိ ေလးရက္ဆက္တိုက္ ေျမၿပိဳမႈမ်ား၊ ႏြံကန္ေပါက္ၾကမႈမ်ားျဖစ္ေပၚခဲ့ၿပီး လူ ၅၉ ဦး ေသဆံုးခဲ့ေၾကာင္း၊ယႏၱရားတန္ဖိုး သိန္းေပါင္းေသာင္းႏွင့္ခ်ီကာ ဆံုးရံႈးခဲ့ေၾကာင္း မွတ္တမ္းမ်ားအရသိရသည္။

ဖားကန္႔ေဒသတြင္ ေျမၿပိဳမႈကို လစဥ္တိုင္း ေနရာအႏွံျဖစ္ေနၿပီး အထူးသျဖင့္ မိုးဦးရာသီမွာ မိုင္းဒဏ္၊သဘာဝဒဏ္မ်ားေၾကာင့္ အက္ေၾကာင္းမ်ားမိုးေရဝင္ကာ ေလွ်ာၿပိဳျခင္း၊ အျမင့္ပိုင္းမွ ေရကန္မ်ား ေလွ်ာဆင္းကာ ၿပိဳက်ျခင္း၊ ေျမစာပံုမ်ားေျမေလွ်ာျခင္း မ်ား၊ ယင္းေျမသားၿပိဳက်မႈမ်ားေၾကာင့္ ေအာက္ေျခေရအိုင္မွ လိႈင္လံုးႀကီးမ်ားေၾကာင့္ ေရအိုင္ကမ္းပါးတြင္ ေက်ာက္ရွာေနသူ မ်ားအား ေရအားျဖင့္ ဆြဲျခမႈမ်ား မၾကာခဏ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ဦးသိန္းစိန္ အစိုးရလက္ထက္တြင္ သတၱဳတြင္း ဝန္ႀကီးဌာန၏ စာရင္းမ်ားအရ ဖားကန္႔ေဒသတြင္ ပုဂၢလိက ကုမၸဏီ (၈၀၈) ခု တစ္ဧက လုပ္ကြက္ေပါင္း (၁၅၆၃၈)ကြက္ ၊ အက်ိဳးတူ ကုမၸဏီ (၂၂၂) ခု လုပ္ကြက္ေပါင္း (၃၀၂ )ကြက္ အထိ ရွိခဲ့သည္။ NLD အစိုးရလက္ထက္တြင္ လုပ္ကြက္မ်ားကို သက္တမ္းတိုးေပးျခင္း မရွိေတာ့ပဲ လုပ္ကြက္ ဧရိယာအက်ယ္အဝန္း ႏွင့္ ေပါင္းစပ္တူးေဖာ္ခြင့္မ်ားကို ကန္႔သတ္ခဲ့သည္။ လက္ရွိတြင္ အက်ိဳးတူလုပ္ကြက္ ၄ ခု၊ ပုဂၢလိက လုပ္ကြက္ ၆၃၆ ကြက္ရွိၿပီး အမ်ားစုမွာ ခိုးတူးေနၾကျခင္း ျဖစ္ေၾကာင္းသိရသည္။ https://news-eleven.com/article/177471

**************

၈။       သိႏၷီ တံတားေစာင့္ တပ္သား ေသနတ္ပစ္ခတ္မႈေၾကာင့္ ေနအိမ္ ၂ လံုးထိ

June 8, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း သိႏၷီၿမိဳ႕အဝင္တံတားကင္းေစာင့္ တပ္သားမ်ား ေသနတ္ပစ္ခတ္မႈေၾကာင့္ ေနအိမ္ ၂ လံုးထိမွန္ခဲ့ ေၾကာင္း သိရသည္။

ဇြန္ ၆ ရက္ ည ၁၁ နာရီေက်ာ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ လူတဦးအား သိႏိၷၿမိဳ႕ အဝင္တံတား ကင္းေစာင့္ေနသည့္ တပ္ သားမွ စစ္ေဆးရန္ရပ္ခိုင္းရာမရပ္သျဖင့္ဟုဆိုကာ ေသနတ္ပစ္ၿခိမ္းေျခာက္ရာမွ လူေနအိမ္မ်ားအားထိခိုက္ရျခင္းျဖစ္ေၾကာင္း သိႏၷီ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းဦးခမ္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။“ဆိုင္ကယ္စီး လူတေယာက္က တံတားျဖတ္သန္းစဥ္မွာ လံုၿခံဳေရးကတားပါတယ္။ တားလို႔ မရပ္တဲ့အတြက္ ကင္းေစာင့္တဲ့ တပ္သားက ေသနတ္ပစ္လိုက္ တာပါ။ လူေတာ့ထိဘဲ အိမ္ ၂ အိမ္ကိုထိသြားတယ္”ဟု စိုင္းဦးခမ္း က ေျပာသည္။ အဆိုပါ အိမ္ ၂ အိမ္သည္ တံတားအနီး တြင္ရွိသည့္အိမ္မ်ားျဖစ္ၿပီး၊ အိမ္ေခါင္မိုး၊ နံရံ မ်ားတြင္ က်ည္ဆံထိမွန္ေၾကာင္း၊ သက္ဆိုင္ရာ တပ္မွလည္း က်ည္ထိမွန္သည့္ အိမ္ကိုလာေရာက္ၾကည့္ရႈေၾကာင္း၊ ေသနတ္ပစ္သည့္ တပ္သားမ်ားကိုလည္း အေရးယူမႈ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္းေျပာ သည္ဟု စိုင္းဦးခမ္း က ထပ္ေျပာသည္။

“ဆိုင္ကယ္ကိုတားတာ မရပ္လို႔မိုးေပၚေထာင္ပစ္တယ္ေျပာတယ္။ ေသနတ္သံ ၅ ခ်က္ ေက်ာ္ ၁၀ ခ်က္နီးပါးရွိတယ္။ က်ေနာ့အိမ္ကို ၃ ခ်က္ထိတယ္။ လူအိပ္ခ်ိန္မို႔လို႔ေတာ္ေသးတယ္”ဟု က်ည္ထိမွန္သည့္ အိမ္ပိုင္ရွင္ စိုင္းေက်ာ္ခိုင္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။ ထို႔အျပင္ တန္ဖိုးႀကီးသည့္ ပစၥည္းမ်ား ပ်က္စီးပါကလည္းေလ်ာ္ေပးမည္ဟု တပ္ကေျပာ ဆိုေၾကာင္းလည္း စိုင္းေက်ာ္ခိုင္ က ေျပာသည္။“ တန္ဖိုးႀကီးပ်က္စီးတာ ရွိရင္ ေလ်ာ္ေပးမယ္လို႔ေျပာပါတယ္။ ဒါေပမယ့္ လူ တေယာက္ေယာက္ကို ထိသြားမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ ဆိုတဲ့အေတြးဝင္လာတယ္။ စိုးရိမ္စရာပါ။ ေနာက္ေနာင္ဒီလိုမ်ိဳး မျဖစ္ဖို႔ပဲ လိုပါတယ္ ” ဟု စိုင္းေက်ာ္ခိုင္ က ေတာင္းဆိုလိုက္သည္။

လံုၿခံဳေရးအရ ဆိုင္ကယ္တားသည္ကို မရပ္သည့္အတြက္ ေသနတ္ပစ္ရသည့္ အေၾကာင္းျပခ်က္မျဖစ္သင့္ေၾကာင္း၊ ေနာက္ ေနာင္ အရပ္သားေနထိုင္သည့္ ေနအိမ္ဘက္သို႔ ေသနတ္မပစ္ရန္ ေတာင္းဆိုခ်င္ေၾကာင္း က်ည္ထိမွန္သည့္ ေနအိမ္တြင္ေန ထိုင္သူမ်ားက ေျပာသည္။ https://burmese.shannews.org/archives/17000

**************

၉။       ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ေတြ႔ဆံုေဆြးေႏြးရန္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ ေတာင္းဆို

June 8, 2020

လာမယ့္ ႏိုဝင္ဘာလမွာ အေထြေထြေထြေရြးေကာက္ပြဲ က်င္းပမယ္လို႔ ျပည္ေတာင္စု ေရြးေကာက္ပြဲေကာ္မရွင္က တရားဝင္ ေၾကညာထားတာနဲ႔ ပတ္သက္လို႔ ေဆြးေႏြးလိုေၾကာင္း ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီက ကခ်င္ျပည္နယ္ ေရြးေကာက္ပြဲ ေကာ္မရွင္ဆီကို အိတ္ဖြင့္ေပးစာ ေပးပို႔ ေတာင္းဆို လိုက္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲက်င္းပမယ္ဆိုပါက ျပည္နယ္အေျခစိုက္ဖြင့္လွစ္ထားတဲ့ပါတီေတြနဲ႔ အႀကိဳ ေဆြး ေႏြးဖို႔ လိုအပ္တယ္လို႔ ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီဥကၠ႒ ‌ေဒါက္တာ M- ေကာန္လက ေျပာပါတယ္။“ဒီေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ထံုးလုပ္နည္းေတြနဲ႔ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ျပည္နယ္တိုင္းက သက္ဆိုင္ရာ ေဒသအလိုက္က  ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ေတြက အေကာင္အထည္ေဖာ္တယ္။ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ တခ်ိဳ႕က်ေတာ့ ဗဟို က လိုအပ္တဲ့ဟာကို ညႊန္ၾကားတဲ့အတိုင္း လိုက္လုပ္ေပမယ့္ တခ်ိဳ႕က်ေတာ့ ျပည္နယ္တိုင္းကေနၿပီးေတာ့မွ သူ႔လိုအပ္ခ်က္ အရ သူျပန္ၿပီးေတာ့မွ စာရင္းအခ်က္အလက္ေတြကို ေပးပို႔ရတာရွိတယ္။ အဲလို ကိစၥေတြမွာ က်ေနာ္တို႔စကားေျပာဖို႔ လို တယ္လို႔ က်ေနာ္တို႔ ယူဆတယ္ေပါ့ေနာ္”ကခ်င္ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ ျပည္နယ္အတြင္းက ပါတီအား လံုးနဲ႔ ေဆြးေႏြးေစလိုေၾကာင္းနဲ႔ က်န္တဲ့ပါတီကို မေခၚရင္လည္း ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီနဲ႔ အခ်က္ ၅ ခ်က္ ေဆြးေႏြး လိုေၾကာင္းလည္း စာမွာ ေဖာ္ျပပါတယ္။

ေဆြးေႏြးလိုတဲ့အခ်က္ ၅ ခ်က္ကေတာ့ ရက္ေပါင္း ၉၀ ေနထိုင္သူမ်ား သက္ဆိုင္ရာ ေရာက္ရွိတဲ့ေဒသမွာ မဲေပးမယ့္ကိစၥ လူဦးေရစာရင္းေကာက္ယူပံု၊ ေဝးလံေခါင္ဖ်ားေနတဲ့ ေဒသခံႏိုင္ငံသားေတြကို၏ မဲေပးခြင့္ရေရးနဲ႔ မဲဆႏၵနယ္တိုးခ်ဲ႕သတ္မွတ္ ေရးကိစၥ၊ ကိုယ္စားေလာင္းမ်ား လိုက္နာရမယ့္ ေရြးေကာက္ပြဲဆိုင္ရာ က်င့္ဝတ္ကိစၥ၊ ႀကိဳတင္မဲ သတ္မွတ္ပံုကိစၥနဲ႔ ဧည့္ႏိုင္ငံ သားမ်ားကို ပါဝင္မဲေပးခြင့္ သတ္မွတ္တဲ့ကိစၥေတြကို ေဆြးေႏြးလိုေၾကာင္း စာမွာေဖာ္ျပထားပါတယ္။ အလားတူ မဲေပးႏိုင္သူ အရည္အခ်င္း သတ္မွတ္ျခင္းမွာ ဧည့္ႏိုင္ငံသားေတြကို ပါဝင္မဲေပးခြင့္ သတ္မွတ္ထားတဲ့အတြက္ ဧည့္ႏိုင္ငံသားဆိုတာ ဘယ္ လို လူမ်ိဳးလဲဆိုတာ ရွင္းရွင္းလင္းလင္းသိဖို႔ လိုအပ္ေၾကာင္းလည္းေျပာပါတယ္။ အဆိုပါအိတ္ဖြင့္ေပးစာကို ဒီကေန႔မနက္ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ကိုသြားေရာက္ေပးဖို႔ထားၿပီးအေၾကာင္းမျပန္ေသးေၾကာင္းလည္း  ေဒါက္တာ M-ေကာန္လ က ေျပာပါတယ္။ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလအတြင္းမွာပဲ က်င္းပသြားမယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ဝင္ ဦးျမင့္နိုင္က  ဇြန္လ ၄ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ၿပီး ေရြးေကာက္ပြဲက်င္းပ မယ့္ ရက္ကို  ပံုမွန္အတိုင္း ၄ လႀကိဳတင္ ေၾကညာသြားမယ္လို႔ ေျပာပါတယ္။ http://burmese.dvb.no/arc hives/393127

*************

၁၀။     တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖြဲ႔အတြက္ စားနပ္ရိကၡာ ေထာက္ပံ့ေပးအပ္

June 8, 2020

ကပ္ေရာဂါေဘးကာလမွာ လူသားခ်င္းစာနာေထာက္ထားတဲ့အေနနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၃ ဖြဲ႔ကို ကိုဗစ္-၁၉ ရွမ္းျပည္နယ္ ျပည္သူလူထုစားနပ္ရိကၡာ ေထာက္ပံ့ရးေကာ္မတီက ဇြန္လ ၈ ရက္မွာ  စားနပ္ရိကၡာေတြ ေထာက္ပံ့ေပးအပ္ပါ တယ္။

အန္စီေအ လက္မွတ္ ေရးထိုးထားတဲ့ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔ခ်ဳပ္(PNLO)၊ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA နဲ႔ PNO အသြင္ေျပာင္းျပည္သူ႔စစ္ (ဌာေန)တို႔ကို ေထာက္ပံ့ေပးခဲ့တာပါ။ RCSS အေနနဲ႔ ကိုဗစ္-၁၉ ကပ္ေဘးကာလအတြင္း ျပည္သူအေယာက္ ၆၀ဝ၀ဝ ေက်ာ္ကို က်န္းမာေရး စစ္ေဆးေပးခဲ့သလို သံသယလူနာ မေတြ႔ရွိဘူး လို႔ သိရပါတယ္။ ဒါ့အျပင္ ကိုဗစ္-၁၉ ေရာဂါ ကပ္ေဘးကာလအတြင္း ျပည္သူေတြကို ေထာက္ပံ့မႈျပဳလုပ္တဲ့ေနရာမွာ တပ္မေတာ္နဲ႔ နားလည္မႈလြဲၿပီး တိုက္ပြဲျဖစ္ပြားမႈေတြ ရွိခဲ့တယ္လို႔ RCSS ေျပာေရးဆိုခြင့္ရွိသူ  ဒုဗိုလ္မွဴးႀကီး စိုင္းအြမ္ေခးက ေျပာပါတယ္။

PNO အသြင္ေျပာင္းျပည္သူ႔စစ္(ဌာေန)အေနနဲ႔လည္း ကပ္ေဘးကာလမွာ ျပည္သူေတြကို က်န္းမာေရးအသိပညာေပးမႈေတြ အေတာ္မ်ားမ်ားလုပ္ခဲ့တယ္လို႔ PNO အသြင္ေျပာင္းျပည္သူ႔စစ္ ဒုကြပ္ကဲေရးမွဴး ဗိုလ္မွဴး ေအာင္သန္းက ေျပာပါတယ္။ တိုင္းရင္းသားနက္ကိုင္တစ္ဖြဲ႔ကို  ဆန္ ၂၄ ျပည္အိတ္ ၃၀ဝ စီ၊ ဆီ ၁၀ ပိႆာပံုး ၃၀ စီ ေထာက္ပံ့ခဲ့ပါတယ္။ http://burmes e.dvb.no/archives/393063

***************

၁၁။     ေက်ာက္ျဖဴေဒသခံ သားအဖႏွစ္ဦးကို AA ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ မိသားစုေျပာၾကား

June 5, 2020

ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ဇင္ေခ်ာင္းအုပ္စုမွာေနထိုင္တဲ့ အသက္ ၈၁ ႏွစ္အရြယ္ ဦးေဝက်န္ေအာင္နဲ႔ အသက္ ၄၆ ႏွစ္အရြယ္ ဦးေမာင္ေမာင္ညိဳတို႔ သားဖႏွစ္ဦးကို ၿပီးခဲ့တဲ့ ဇြန္လ ၁ ရက္ေန႔ ညေနပိုင္းက ေအေအ အဖြဲ႔ကဖမ္းဆီးသြားတာ ျဖစ္ တယ္လို႔ မိသားစုက RFA ကိုဒီေန႔ေျပာပါတယ္။ သူတို႔ႏွစ္ဦးဟာ ဇြန္လ ၁ ရက္ေန႔ညေနက ရြာနဲ႔ ႏွစ္မိုင္ေလာက္ေဝးတဲ့ ကမ္းေျခဘက္ကို ဆိုင္ကယ္နဲ႔ ထြက္သြားၿပီးေနာက္ ေပ်ာက္ဆံုးသြားတာလို႔ ဦးေမာင္ေမာင္ညို ရဲ႕ ဇနီး ေဒၚသႏာၱၿငိမ္းက ေျပာပါတယ္။“တနလၤာေန႔ ညေန ၄ နာရီေလာက္မွာ အိမ္ကထြက္သြားပါတယ္။ အိမ္ကို ျပန္မေရာက္ဘူး။ ည ၆ နာရီ ထိုး ေပမယ့္ မေရာက္၊ ၈ နာရီ ေလာက္မွာလည္း မေရာက္၊ ၉ နာရီေလာက္မွာေတာ့ ကြ်န္မတို႔ လိုက္ရွာၾကပါတယ္။ အဲလို လိုက္ ရွာတဲ့အခါမွာ ည ၁၁ နာရီေလာက္မွာ ဆိုင္ကယ္ရယ္၊ သူ႔အေဖမွာပါသြားတဲ့ ဓားနဲ႔ ခေမာက္ကိုပဲ ေတြ႔ေတာ့တယ္” ဦးေဝက်န္ေအာင္ရဲ႕သား၊ ဦးေမာင္ေမာင္ညိဳရဲ႕ အစ္ကိုျဖစ္သူ ဦးဇင္း ဦးဝဇီရာဝုဓ က ေအေအက ဖမ္းသြားတယ္ဆိုတဲ့ သက္ ေသ ေတြ ရထားတယ္လို႔ မိန္႔ပါတယ္။

ဖမ္းဆီးခံရတဲ့ အသက္ ၈၀ ေက်ာ္အရြယ္ ဦးေဝက်န္ေအာင္ဟာ ဇင္ေခ်ာင္းအုပ္စု ကုန္ေဘာင္ႀကီးရြာမွာ အေျခခ်ေနထိုင္ၿပီး လယ္ယာစိုက္ပ်ိဳးေရးအလုပ္ကို လုပ္ကိုင္ေနသူပါ။ သူနဲ႔အတူဖမ္းဆီးခံရတဲ့သားျဖစ္သူ ဦးေမာင္ေမာင္ညိဳကေတာ့ ေက်ာက္ျဖဴ ၿမိဳ႕ ဓညဝတီေရတပ္ဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ စစ္မႈထမ္းေဟာင္းတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ပင္စင္ယူၿပီးေတာ့ ရန္ကုန္မွာ သြားေရာက္အလုပ္လုပ္ေနသူပါ။ ဇနီးျဖစ္သူ ေဒၚသႏာၱၿငိမ္းက သူတို႔ ႏွစ္ဦးစလံုးဟာ ရိုးရိုးသားသား လုပ္ကိုင္စား ေသာက္ေနသူေတြ ျဖစ္တာေၾကာင့္ က်န္းက်န္းမာမာနဲ႔ ျပန္လည္လြတ္ေျမာက္ လာေစခ်င္တယ္လို႔ ေျပာပါတယ္။”ဦးေဝက်န္ေအာင္နဲ႔ ဦးေမာင္ေမာင္ညိဳ တို႔သားဖနွစ္ဦးကို ေအေအ အဖြဲ႔က ဖမ္းသြားတယ္ဆိုတဲ့ ေျပာဆိုခ်က္နဲ႔ ပတ္သက္လို႔ RFA က သီးျခားအတည္ျပဳခ်က္ ရႏိုင္ဖို႔အတြက္ မ်က္ျမင္ေတြကို ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့ပါဘူး။

ဖမ္းဆီးခံရတဲ့ ဦးေမာင္ေမာင္ညိဳရဲ႕ဇနီး ေဒၚသႏာၱၿငိမ္းက ဖမ္းဆီးခံတဲ့ကိစၥအေပၚ ဇင္ေခ်ာင္းနယ္ေျမရဲစခန္းမွာ အသိေပးထား ေပမယ့္ အမႈဖြင့္ထားတာ မရွိဘူးလို႔ ေျပာပါတယ္။ ရကၡိဳင့္တပ္ေတာ္ (AA) က မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္တစ္ခုမွာ ရကၡိဳင့္ တပ္ေတာ္အေနနဲ႔ ျမန္မာ့တပ္မေတာ္ရဲ႕ အမာခံေတြ၊ သတင္းေပးေတြ၊ ရိကၡာေထာက္ပံ့ ေပးပို႔ေနသူေတြ၊ ျမန္မာ့တပ္မေတာ္ ရဲ႕ စစ္ဆင္ေရးကို အေထာက္အကူျပဳေနသူေတြကို ရံဖန္ရံခါ ေခၚယူစစ္ေဆးေမးျမန္းေလ့ရွိၿပီး အျပစ္မရွိသူေတြကို လံုၿခံဳ စိတ္ခ်ရတဲ့ အေျခအေနနဲ႔ သင့္ေတာ္တဲ့အခ်ိန္မွာ ျပန္လႊတ္ေပးေလ့ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ရခိုင္ျပည္နယ္မွာ စစ္ေရး ကာလအတြင္း မသကၤာလို႔ ဖမ္းဆီးခံရမႈေတြကို တပ္မေတာ္ေရာ၊ ေအေအပါ ႏွစ္ဘက္စလံုးက လုပ္ ေဆာင္ေနတာပါ။ အဲဒီ လို ဖမ္းဆီးခံရရင္း  ျပန္လည္လြတ္ေျမာက္လာသူေတြရွိသလို စစ္ေၾကာေရးမွာလက္လြန္ၿပီး ေသဆံုးသြားတာေတြ၊ ဘာ သတင္း အစအနမွ မရေတာ့ဘဲ ေပ်ာက္ဆံုး သြားတာေတြလည္း ရွိေနပါတယ္။ https://www.rfa.org/b urmese/ne ws/father-and-son-arrested-by-aa-in-kyaukphyu-06052020083219.html

**************

၁၂။     စစ္ေဘးေရွာင္ေက်ာင္းသူ/သားမ်ားအတြက္ဆမီးၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္  ၂  လံုး စတင္ေဆာက္လုပ္

June 6, 2020

စစ္ေဘးေရွာင္ေက်ာင္းသူ/သားမ်ားအတြက္ ဆမီးၿမိဳ႕တြင္ ေက်ာင္းေဆာင္သစ္ ၂ လံုး စတင္ေဆာက္လုပ္ေနေၾကာင္း ခ်င္း ျပည္နယ္အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူစည္ပင္ဝန္ႀကီး ဦးစိုးထက္ထံမွ သိရသည္။ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဒုကၡသည္ ေတြက တိုးလာသလို ေက်ာင္းသူ ေက်ာင္းသား အေရအတြက္လည္း တိုးလာတယ္ ဆမီးမွာဆိုရင္ ေက်ာင္းသူေက်ာင္းသား ဦးေရ ၇၅၀ ေလာက္တိုးလာတယ္ အဲဒီအတြက္ကို မနက္ပိုင္းဖြင့္တဲ့ေက်ာင္း ညေနပိုင္းဖြင့္တဲ့ေက်ာင္း မနက္ပိုင္းကို တစ္ဝက္ တက္၊ ညေနပိုင္းကို တစ္ဝတ္တက္၊ဒီလိုစနစ္ေတြ သံုးဖို႔ ေဆြးေႏြးထားတယ္ အဲလိုလုပ္လို႔ အဆင္ေျပရင္ ပရိေဘာဂနဲ႔ ေက်ာင္းေဆာင္ သက္သာသြားမယ္။ ေပ ၈၀ ေပ ၃၀ ေက်ာင္းေဆာင္ေတြ ေဆာက္လုပ္ဖို႔ ဆမီးမွာေတာ့ ခိုင္းလိုက္ၿပီ သစ္တိုင္ သြပ္မိုးနဲ႔ အကာေတာ့ ဝါးထရံနဲ႔လုပ္မွာျဖစ္တယ္ အဲလို ၂ လံုး ေဆာက္ခိုင္းထားလိုက္တယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕၊ ဆမီးၿမိဳ႕၊ မီးဇာရြာႏွင့္ ကင္ေခ်ာင္းဝရြာတို႔တြင္ စစ္ေဘးေရွာင္ဒုကၡသည္ မ်ားျပားလာသလို ေက်ာင္းသူ ေက်ာင္း သားဦးေရမွာလည္း မ်ားျပားလာေသာေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္တြင္ အခ်ိန္မွီေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ရန္ ေက်ာင္းေဆာင္မ်ား ေဆာက္လုပ္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။ စည္ပင္ဝန္ႀကီး ဦးစိုးထက္က “ဆမီးတစ္ခုထဲမွာတင္ အခုနာမည္စာရင္း ေကာက္ယူထားတာက ၇၅၀ ဝန္းက်င္ေလာက္ရွိတယ္ ပလက္ဝမွာေတာ့ အခုလုပ္လို႔မရေသးဘူး ပစၥည္းေတြ ဝယ္လို႔လည္း မရဘူး ပို႔လို႔လည္း မရေသးဘူး အဲဒါေၾကာင့္ ဆမီးမွာစလုပ္ေနတယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕တြင္ တိုက္ပြဲေရွာင္သည့္ အိမ္ေထာင္စု ၁၁၃၂ စုရွိၿပီး လူဦးေရအားျဖင့္ ၅၀၉ဝ ဦးရွိေၾကာင္း ႏွင့္ ဆမီးၿမိဳ႕တြင္ အိမ္ေထာင္စု ၆၉၈ အိမ္ေထာင္စု ရွိၿပီး လူဦးေရအားျဖင့္ ၂၉၆၁ ဦး ရွိေၾကာင္း ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ ထူေထာင္ေရး ေကာ္မတီ RRCCI ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ https://www.bnionline.net/mm/news-73263

*************

၁၃။     ထိေတြ႔မႈမ်ားကုိ အတတ္ႏုိင္ဆုံး ေရွာင္ရွားရန္ တပ္တြင္း ၫႊန္ၾကားခ်က္ထုတ္ထားဟု KNLA စစ္ဦးစီးခ်ဳပ္ေျပာ

June 8, 2020

အစုိးရ တပ္မေတာ္ႏွင့္ ထိပ္တုိက္ရင္ဆုိင္မႈမ်ားျဖစ္ပြားေစသည့္ ထိေတြ႔မႈကုိ အတတ္ႏုိင္ဆုံး ေရွာင္ရွားရန္ တပ္တြင္းၫႊန္ ၾကား ခ်က္ထုတ္ထားေၾကာင္း တစ္ႏုိင္ငံလုံး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ ( NCA) လက္မွတ္ထုိးထား သည့္ KNU-ကရင္အမ်ဳိးသားအစည္းအရုံး၏ ကရင္အမ်ဳိးသားလြတ္ေျမာက္ေရးတပ္မေတာ္-KNLA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီက ေျပာသည္။

လတ္တေလာ KNU နယ္ေျမေဒသမ်ားတြင္ အစုိးရ စစ္တပ္၏ လက္ေအာက္ခံ တပ္ရင္းမ်ားႏွင့္ KNLA တပ္ဖြဲ႔ဝင္မ်ား အၾကား နယ္ေျမက်ဴးေက်ာ္မႈ အေၾကာင္းျပခ်က္မ်ားျဖင့္ ပဋိပကၡႏွင့္ ထိပ္တုိက္ရင္ဆုိင္ပစ္ခတ္မႈမ်ား ပုိမုိျဖစ္ပြား လာျခင္းေၾကာင့္ ယခုလုိ ၫႊန္ၾကားခ်က္ ထုတ္လုိက္ျခင္းျဖစ္သည္ဟု ဗုိလ္ခ်ဳပ္ႀကီး ေစာေဂ်ာ္နီက ယခုလုိေျပာသည္။ ၎က “အခု က်ေနာ္တုိ႔ လူ ေတြကုိ ၫႊန္ၾကားထားၿပီးၿပီ။ ကုိယ့္ေနရာနဲ႔ ကုိယ္ေနၿပီး နယ္ေျမက်ဴးေက်ာ္တာမ်ဳိး မဟုတ္ရင္ ဘာမွမလုပ္ဖုိ႔နဲ႔ တကယ္လုိ႔ နယ္ေျမက်ဴးေက်ာ္လာတာမ်ဳိးျဖစ္ရင္လည္း ဘယ္လုိ အေရးယူေဆာင္ရြက္ရမလဲဆုိတာကုိေပါ့။ အခုဆုိရင္ က်ေနာ္ထင္တယ္ ေနာက္တစ္ပတ္ ႏွစ္ပတ္ေလာက္ဆုိရင္ေတာ့ အဆင္ေျပသြားမွာပါ” ယေန႔ ေကအုိင္စီသုိ႔ေျပာသည္။ ၿပီးခဲ့သည့္ လမ်ားမွစ၍ ယခုဇြန္လဆန္းပိုင္းအထိ KNU လက္ေအာက္ခံ တပ္ဖြဲ႔ဝင္မ်ားႏွင့္ အစုိးရတပ္မေတာ္တုိ႔အၾကား ထိေတြ႔မႈ ၊ ပစ္ခတ္မႈမ်ား ပုံမွန္ျပန္ျဖစ္လာျခင္းႏွင့္ပတ္သက္ၿပီး ေကအုိင္စီ-ကရင္သတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈ အေပၚ ယခုလုိျပန္လည္ေျပာ ၾကားျခင္းျဖစ္သည္။

တစ္ႏုိင္ငံလုံး အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထုိးထားသည့္ KNU လက္ေအာက္ခံတပ္မ်ားႏွင့္ အစုိးရစစ္တပ္အၾကား မၾကာ ခဏ ပစ္ခတ္မႈမ်ားျဖစ္ပြားလ်က္ရွိၿပီး တစ္ဖက္ႏွင့္ တစ္ဖက္သတ္မွတ္နယ္ ေျမက်ဴးေက်ာ္ျခင္းေၾကာင့္ ျဖစ္ပြားရျခင္း ျဖစ္သည္ ဟု သက္ဆုိင္ရာႏွစ္ဖက္တပ္မ်ားက ပစ္ခတ္မႈျဖစ္စဥ္မ်ားအၿပီး ထုတ္ေဖာ္ေျပာေလ့ရွိေသာ္လည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ လုပ္ငန္းစဥ္မ်ားတြင္ ယေန႔အခ်ိန္ထိ နယ္ေျမပုိင္းျခားသတ္မွတ္ျခင္းကုိ ေဆြးေႏြးႏုိင္ျခင္းမရွိ ေသးေၾကာင္းသိရသည္။ အလား တူ ျမန္မာ့တပ္မေတာ္အေနျဖင့္ အပစ္အခတ္ရပ္စဲေရးကုိ အခြင့္အေကာင္းယူၿပီး ၎တုိ႔ နယ္ေျမထဲတြင္ တပ္စခန္းႏွင့္ တပ္ အင္အားတုိးခ်ဲ႕မႈမ်ား ယခင္ႏွစ္မ်ားထက္ ႏွစ္ဆျဖည့္တင္းျခင္းမ်ား ျပဳလုပ္လာေၾကာင္း ၿပီးခဲ့သည့္ ေမလ ၁၅ ရက္ေန႔ က KNU ဗဟုိက သေဘာထားထုတ္ျပန္ထားၿပီး တပ္မေတာ္စစ္ေၾကာင္းမ်ားမွ ရန္လုိသည့္ ပုံစံပုိမုိျပသလာျခင္းေၾကာင့္ ေအာက္ ေျခတြင္ ထိေတြ႔မႈမ်ား ျဖစ္ပြားရျခင္းျဖစ္သည္ဟု ေျပာဆုိထားသည္။

ယခုဇြန္လဆန္းပုိင္းတြင္လည္း KNU တပ္မဟာ (၅) ႏွင့္ တပ္မဟာ(၇) ေဒသတုိ႔တြင္ အစုိးရတပ္မေတာ္ႏွင့္ KNLA တပ္ဖြဲ႔ ဝင္မ်ားအၾကား ပစ္ခတ္မႈ ၂ ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ ဇြန္လ ၂ရက္ေန႔ ပစ္ခတ္မႈ ျဖစ္စဥ္တြင္ ေဒသခံ ရြာသား ၂ ဦး လက္နက္ႀကီး ထိခုိက္ဒဏ္ရာရရွိခဲ့သလုိ ဇြန္လ ၄ရက္ေန႔တြင္လည္း KNU ဖာပြန္ခရုိင္ေဒသရွိ ေသာလယ္ထ ႏွင့္ ဖားအံခရုိင္ေဒသရွိ သူမြဲထ ေဒသတုိ႔တြင္ ႏွစ္ဖက္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေသးသည္။ နယ္ေျမသတ္မွတ္က်ဴးေက်ာ္မႈ အေၾကာင္း ျပခ်က္ျဖင့္ ျဖစ္ပြားသည့္ ထိေတြ႔ပစ္ခတ္မႈမ်ားအျပင္ လတ္တေလာ ျဖစ္ပြားေနသည့္ COVID-19 ကပ္ေရာဂါကာလအတြင္း KNU ၏ ကာကြယ္ေရးလုပ္ငန္းစဥ္မ်ားကို တပ္မေတာ္ဘက္မွ ေႏွာင့္ယွက္ဟန္႔တားမႈမ်ားႏွင့္ က်န္းမာေရး စစ္ေဆးေရး ဂိတ္ မ်ားဝင္ေရာက္ဖ်က္ဆီးမႈေၾကာင့္လည္း ႏွစ္ဖက္ ပဋိပကၡမ်ား ျဖစ္ပြားခဲ့ေသးသည္။ http://kicnews.org/2020/06/%e1%8 0%91%e1%80%ad%e1%80%b1%e1%80%90%e1%80%bc%e1%

**************

၁၄။     မြန္ညီညြတ္ေရးပါတီ ကိုယ္စားေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား သက္ဆိုင္ရာၿမိဳ႕နယ္ပါတီရံုးသို႔ စာရင္းေပးသြင္း ရမည္

June 8, 2020

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ မြန္ညီညြတ္ေရးပါတီ MUP ကိုယ္စားေလာင္းမ်ားအျဖစ္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာ မိမိတို႔ၿမိဳ႕နယ္ ပါတီရံုးအသီးသီးသို႔ သတ္မွတ္ေလွ်ာက္လႊာပံုစံျဖင့္ စာရင္းေပးသြင္းရမည္ျဖစ္ေၾကာင္း MUP တြဲ ဖက္အတြင္းေရးမွဴး(၁) ႏိုင္လယိတမက မြန္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မြန္ညီညြတ္ေရးပါတီ၏ ေရြးေကာက္ပြဲဆိုင္ရာ မဟာဗ်ဴဟာႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားအရည္အခ်င္း သတ္မွတ္ေရးႏွင့္ ပတ္သက္၍ ဗဟိုအလုပ္အမႈေဆာင္အစည္းအေဝးကို ေမာ္လၿမိဳင္ၿမ ိဳ႕၌ (ဇြန္ ၇ ရက္ေန႔)က က်င္းပ၍ ဗဟိုေကာ္မတီဝင္မ်ားမွ တင္ျပခ်က္မ်ားအား အတည္ျပဳခဲ့ျခင္းျဖစ္သည္။“ေရြးေကာက္ပြဲဝင္လိုတဲ့ အမတ္ေလာင္းေတြအေနနဲ႔ အရင္ဦးဆံုး ကိုယ့္ၿမိဳ႕ နယ္မွာရွိတဲ့ MUP ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ေရးအဖြဲ႔ထံကို လာေရာက္စာရင္းေပးသြင္းေလွ်ာက္ထားရပါမယ္၊ အဲဒီ ကိုယ္စားလွယ္ေလာင္းအျဖစ္ အဆိုျပဳသူေတြကို သတ္မွတ္ရက္ေတြမွာ ၿမိဳ႕နယ္ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ေရးအဖြဲ႔က ပဏာမေရြးခ်ယ္ၿပီးေတာ့ ဗဟိုကိုဆက္လက္တင္ျပပါမယ္” ဟု ႏိုင္လယိတမက ဆိုသည္။

MUP ကိုယ္စားလွယ္ေလာင္း အဆိုျပဳေလွ်ာက္လႊာတစ္ေစာင္အတြက္ ေငြက်ပ္တစ္သိန္းေပးသြင္းရမည္ျဖစ္ၿပီး ကိုယ္စား လွယ္ေလာင္း အရည္အခ်င္းသတ္မွတ္ခ်က္ ၁၉ ခ်က္ရွိသည့္အနက္ အဓိကအားျဖင့္ ေဒသခံ (သို႔မဟုတ္) ေဒသတြင္းေန ထိုင္သူ (သို႔မဟုတ္)ဇာတိေမြးရပ္ေျမမွ ပါတီဝင္ျဖစ္ရမည္ဟု ကိုယ္စားလွယ္ေလာင္းအရည္အခ်င္း (Criteria of Candidate) သတ္မွတ္ခ်က္တြင္ ေဖာ္ျပထားသည္။ ႏိုင္လယိတမက “ၿမိဳ႕နယ္အသီးသီးက ေရြးခ်ယ္လာတဲ့ သူတို႔ကိုယ္စားလွယ္ေလာင္း ေတြကို ဇူလိုင္ ၁၅ ရက္ေန႔ ေနာက္ဆံုးထားၿပီး ဗဟိုကိုတင္ျပရပါမယ္၊ အဲဒီၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းေတြကို ဗဟိုကေန တစ္ဦးခ်င္းစီရဲ႕အရည္အခ်င္းေတြကို စိစစ္သံုးသပ္ဆံုးျဖတ္ပါလိမ့္မယ္”ဟု ေျပာသည္။

မြန္အမ်ိဳးသမီးအစည္းအရံုး MWO အဖြဲ႔ဝင္ မိစားယားပိုင္က “ျပည္သူေတြအေနနဲ႔ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အရည္ အခ်င္း ကိုပဲၾကည့္မယ္၊ ေျပာခ်င္တာက ကိုယ္စားလွယ္ေလာင္းတစ္ဦးဟာ သူလုပ္ရမယ့္အလုပ္နဲ႔ပတ္သက္ၿပီး ကြ်မ္းက်င္မႈရွိ ရမယ္၊ ဥပမာ – ဒီေဒသမွာတာဝန္ယူထားတယ္ဆိုရင္၊ ေဒသခံေတြက ဘာကိုလိုအပ္ေနသလဲ သိထားရမယ္၊ ေနာက္တစ္ခု က ႏိုင္ငံေရးလုပ္ငန္းေတြမွာ ဘယ္ေလာက္အထိကြ်မ္းက်င္မႈရွိသလဲဆိုတာ မိမိကိုယ္ကို သံုးသပ္ႏိုင္စြမ္းရွိရမယ္”ဟု ဆို သည္။ လာမည့္ေရြးေကာက္ပြဲအတြက္ လႊတ္ေတာ္အသီးသီး၌ ပါဝင္ယွဥ္ၿပိဳင္ၾကမည့္ MUP ကိုယ္စားလွယ္ေလာင္းမ်ားတြင္ လူငယ္ႏွင့္ အမ်ိဳးသမီးမ်ားကို အဓိက ဦးစားေပးေရြးခ်ယ္သြားမည္ဟုလည္း သိရသည္။

မြန္ျပည္နယ္တြင္ အမ်ိဳးသားလႊတ္ေတာ္ ၁၂ ဦး၊ ျပည္သူ႔လႊတ္ေတာ္ ၁၀ ဦး၊ ျပည္နယ္လႊတ္ေတာ္ ၂၀ ဦးတို႔အျပင္ ဗမာ၊ ကရင္ႏွင့္ ပအိုဝ္းတိုင္းရင္းသားေရးရာဝန္ႀကီးမ်ားအတြက္ပါ မဲဆႏၵေနရာသတ္မွတ္ေပးထားၿပီး လာမည့္ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ USDP , မြန္ညီညြတ္ေရးပါတီတို႔ အဓိက ယွဥ္ၿပိဳင္သြားရမည့္အေနအထားတြင္ ေတြ႔ရွိရေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားက ဆိုသည္။ http://burmese.monn ews.org/2020/06/08/%e1%80%99%e1 %80%bd%e1%80%94%e1%80%ba%e1%

**************

၁၅။     ဖမ္းဆီးစစ္ေဆး ျပန္လႊတ္ေပးၿပီးေနာက္ ၃ ရက္အၾကာ ေဒၚစိန္ျမဦးေသဆံုးမႈ AA ႏွင့္မသက္ဆိုင္ဟု ထုတ္ျပန္မႈ  တာဝန္မဲ့ဟု                    ခ်င္း အမ်ိဳးသမီးကြန္ရက္ ေဝဖန္

June 8, 2020

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ သိုင္းက်ပ္ေက်းရြာက ေဒၚစိန္ျမဦးကို AA က တစ္လေက်ာ္ဖမ္းဆီးစစ္ေဆးၿပီး ျပန္လႊတ္ေပးၿပီး ေနာက္ ၃ ရက္အၾကာ ေသဆံုးသည့္ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး AA က ၎တို႔ႏွင့္ မသက္ဆိုင္ေၾကာင္းထုတ္ျပန္ျခင္းသည္ တာဝန္မဲ့ရာေရာက္ေၾကာင္း ခ်င္းအမ်ိဳးသမီးကြန္ရက္မွ အဖြဲ႔ဝင္ ေဒၚခင္ဝင္းရီကေျပာဆိုသည္။

AA က ဇြန္လ ၄ ရက္ေန႔တြင္ ေၾကညာခ်က္တစ္ရပ္ထုတ္ျပန္ခဲ့ၿပီး ယင္းေၾကညာခ်က္တြင္ မင္းျပားၿမိဳ႕နယ္ သိုင္းက်ပ္ေက်းရြာ သူ ေဒၚစိန္ျမဦး အသက္ ၅၁ ႏွစ္ မင္းျပားျပည္သူ႔ ေဆးရံုတြင္ ေသဆံုးမႈသည္ ၎တို႔ႏွင့္မပတ္သက္ေၾကာင္း၊ ဧၿပီလ ၂၇ ရက္ ေန႔က ေဒၚစိန္ျမဦး ႏွင့္အတူ ဦးေယာင္ဇာ၊ ဦးေမာင္စိန္ျဖဴ၊ ဦးစိန္ဝင္းႀကိဳင္ တို႔ကို ရာေမာင္တံတားထိပ္ စခန္းခ် တပ္စြဲထား ေသာ ျမန္မာ့တပ္မေတာ္၏ စစ္သေဘၤာသို႔ ရိကၡာေပးပို႔ေနသည့္အတြက္ ေခၚယူစစ္ေဆးခဲ့ေၾကာင္း၊ ေခၚယူစစ္ေဆးစဥ္ ႏွိပ္စက္ညွဥ္းပန္းမႈ မလုပ္ေဆာင္ခဲ့ေၾကာင္း၊ ေဒၚစိန္ျမဦးသည္ နဂိုရွိရင္းစြဲ ႏွလံုးေရာဂါႏွင့္ စိတ္က်န္းမာေရး အားနည္းေသာ ေရာဂါ အခံပါရွိလာေၾကာင္း၊ ေမလ ၃၁ ရက္ေန႔တြင္ ေဒၚစိန္ျမဦးႏွင့္ အမ်ိဳးသား ၃ ဦးကို ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း၊ ဇြန္လ ၃ ရက္ေန႔တြင္ မင္းျပားၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုတြင္ ေဒၚစိန္ျမဦး ေသဆံုးသြားခဲ့ၿပီး ေသဆံုးမႈသည္ AA ႏွင့္ မသက္ဆိုင္ ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

“သူတို႔တာဝန္မဲ့တဲ့ ေၾကညာခ်က္ထုတ္ျပန္ျခင္းအေပၚမွာ ကြ်န္မတို႔က တံု႔ျပန္တဲ့အေနနဲ႔ ေၾကညာခ်က္ ျပန္ထုတ္တာျဖစ္ တယ္။ “တစ္လေက်ာ္ၾကာ ထိန္းသိမ္းထားတဲ့အရာမ်ိဳး ၿပီးေတာ့ အညိဳအမဲေတြစြဲတဲ့ အရာမ်ိဳးက သူတို႔နဲ႔ လံုးဝ မဆိုင္ပါဘူး ဆိုတဲ့အရာမ်ိဳး AA ကဖမ္ၿပီးေတာ့မွ လံုးဝမိသားစုနဲ႔ေတာင္မေတြ႔ရဘူး။ ေနာက္မွမိသားစုေတြသိရတယ္။ မိသားစုေတြ ေရာက္ လာတဲ့အခ်ိန္မွာ မိသားစုေတြကို ေၾကာက္တယ္။ နဂိုစိတ္ေတြ လံုးဝမရွိေတာ့ဘူး။ လူေတြကိုေၾကာက္တယ္။ ဘာမွမသိေတာ့ ဘူး။ ဘာမွ မေျပာႏိုင္ေတာ့ဘူးဆိုတဲ့ အေနအထားမ်ိဳးဆိုေတာ့ ဘယ္ေလာက္အထိ သူအၾကမ္းဖက္ခံရၿပီလဲ။ AA ကမဖမ္းရင္ ဒီလိုေတြ ေဒၚစိန္ျမဦး ျဖစ္စရာ ဘာအေၾကာင္းမွမရွိဘူး” ဟု ေဒၚခင္ဝင္းရီကေျပာဆိုသည္။

ခ်င္းအမ်ိဳးသမီးကြန္ရက္က AA ၏ ထုတ္ျပန္ခ်က္အေပၚ ျပင္းထန္စြာကန္႔ကြက္ရႈတ္ခ်ေၾကာင္း ဇြန္လ ၆ ရက္ေန႔တြင္ ေၾက ညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

ခ်င္းအမ်ိဳးသမီးကြန္ရက္၏ ထုတ္ျပန္ခ်က္တြင္ AA က ေဒၚစိန္ျမဦးကို ဧၿပီလ ၂၇ ရက္ေန႔မွ ဇြန္လ ၁ ရက္ေန႔အထိ ၁ လ ေက်ာ္ၾကာ ထိန္းသိမ္းထားခဲ့ေၾကာင္း၊ ေဒၚစိန္ျမဦး ျပန္လည္လြတ္ေျမာက္လာခ်ိန္တြင္ မူလသာမန္စိတ္ေနစိတ္ထား ေပ်ာက္ သြားသည့္အျပင္ အသက္ရႈလမ္းေၾကာင္းမ်ား ပံုမမွန္ျခင္း၊ ေၾကာက္ရြံ႕တုန္လႈပ္ျခင္း၊ ေျခာက္ျခားျခင္း၊ စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္း ဆိုင္ရာမ်ား ထိခိုက္ေနခဲ့ေၾကာင္း၊ လက္ေကာက္ဝတ္ႏွစ္ဖက္စလံုးႏွင့္ ေနာက္ေက်ာဘက္တြင္ အညိဳအမည္းမ်ား စြဲေနကာ ေျခေထာက္ႏွစ္ဖက္စလံုးတြင္လည္း ဒဏ္ရာမ်ားရွိေနခဲ့ေၾကာင္း၊ ဇြန္လ ၃ ရက္ေန႔တြင္ ကြယ္လြန္ခဲ့ေၾကာင္း၊ AA ၏ ထုတ္ျပန္ ခ်က္ကို ရႈတ္ခ်ေၾကာင္း၊ ယခုကဲ့သို႔ အမ်ိဳးသမီးမ်ားအေပၚ စိတ္ပိုင္းဆိုင္ရာ ရုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈမ်ား ေနာက္ေနာက္ တြင္ မျပဳလုပ္ရန္ႏွင့္ တိုက္ပြဲမ်ားအတြင္း အမ်ိဳးသမီးမ်ားႏွင့္ပတ္သက္၍ တပ္ဖြဲ႔မ်ားက က်င့္သံုးရန္ ထုတ္ျပန္ထားသည့္ UN Security Resolution 135 ပါ အခ်က္ကို လိုက္နာက်င့္သံုးရန္ ေတာင္းဆိုေၾကာင္း ေဖာ္ျပထားသည္။ https://www.khi tthitnews.com/2020/06/%e1%80%96%e1%80%99%e1%80%ba%e1%80%b8%e1%80

**************

၁၆။     ကြိဳင္ငံေရထြက္ေပါက္ ေခ်ာင္းနံရံေတြ ေျမၿပိဳမႈျဖစ္ပြား

June 6, 2020

ကယား(ကရင္နီ) ျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ ကြိဳင္ငံေရထြက္ေပါက္ ေခ်ာင္းတစ္ေလွ်ာက္ သစ္ပင္ေတြႀကီး ေတြ လွဲၿဖိဳခံလိုက္ရတဲ့အတြက္ ေခ်ာင္းေဘးေတြမွာ ေျမၿပိဳမႈေတြ ျဖစ္ေပၚေနတယ္လို႔ ေဒသခံေတြက ေျပာဆိုေနၾကပါတယ္။

“ဒီေခ်ာင္းရဲ့ေဘးမွာရွိေနတဲ့ သစ္ပစ္ေတြအားလံုးကို ျဖိုလိုက္တဲ့ခါက်ေတာ့ အဲ့ဒီေခ်ာင္းနံေဘးမွာရွိတဲ့ နံရံေတြေပါ့ေနာ္ နံရံ ေတြကလည္း ဒါကံၿပိဳႏိုင္တဲ့ အေနအထားမ်ိဳးရွိတယ္။ ဒါက က်ေတာ္တို႔လက္ေတြ႔ေပါ့ေနာ္ ဒီေနရာဟာဆိုရင္ ဒီလိုမ်ိဳးၿပိဳစရာ အ ေၾကာင္းကိုမရွိဘူး။ ဒီသစ္ပင္ကို မၿဖိဳဘူးဆိုလို႔ရွိရင္ ဒီေျမက ၿပိဳစရာအေၾကာင္းလဲမရွိဘူး။ ဒီသစ္ပင္ေတြကို ၿဖိဳလိုက္တဲ့ ခါက်ေတာ့ ေျမႀကီးကိုစြဲထားတဲ့ သစ္ပင္အျမစ္ေတြက မရွိေတာ့တဲ့ ခါက်ေတာ့ အဲ့ဒါၿပိဳတယ္လို႔ ဒါက်ေတာ္တစ္ေယာက္ အေနနဲ႔ က်ေတာ္ရဲ႕အျမင္နဲ႔ဒါ သံုးသပ္တာေပါ့ေနာ္။”လို႔  ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္ကေျပာပါတယ္။

ေခ်ာင္းေဘးကေန တူးေဖာ္ထားတဲ့ အပင္ႀကီးေတြကို အခ်ိဳ႕ကိုေတာ့ တူးေဖာ္တဲ့ လူေတြက ျပန္လည္ရွင္းလင္းေပးခဲ့ေပမဲ့လဲ အခ်ိဳ႕အပင္ႀကီးေတြက ေဒသခံေတြရဲ႕လယ္ယာေျမေတြနားက အပင္ႀကီးေတြကို လယ္ေျမပိုင္ဆိုင္တဲ့ သူေတြကျပန္လည္ ရွင္းလင္းရတဲ့အတြက္ေၾကာင့္ ရွင္းလင္းဖို႔အတြက္ အခက္အခဲရွိေနတယ္လို႔ ကြိဳင္ငံရြာေဟာင္းမွာေနထိုင္တဲ့ ကိုခြန္းေလဘီဦး က ေျပာပါတယ္။ “အဲ့ဒီလွဲထားတဲ့ သစ္ပင္အႀကီးေတြေပါ့ေနာ သစ္ပင္အႀကီးေတြလဲ ျပန္မရွင္းေပးဘူးေပါ့ေနာ္။ လယ္သမား ေတြလဲ ကိုယ့္ဟာကို ျပန္သန္႔ရွင္းေရးလုပ္ရတာတအားခက္တယ္။ အခ်ိန္ေတြလည္း တစ္အားကုန္တဲ့ခါက်ေတာ့ က်ေတာ္တို႔ ရံႈးဆံုးသြားတဲ့ က်ေတာ္တို႔သဘာဝသယံဇာတေတြ၊ သစ္ပင္ႀကီးေတြ ဒီဆည္ေျမာင္းဝန္ႀကီးဌာနအေနနဲ႔ ဘယ္လိုမ်ိဳးျပန္လုပ္ ေပးႏိုင္မလဲေပါ့ေနာ္ အဲ့လိုမ်ိဳးက်ေတာ္ ေမးခ်င္ပါတယ္။”လို႔ ေျပာပါတယ္။

၂၀၂၀၊ ဇြန္လ ၃ ရက္ေန႔မွာ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ ဦးသဲရယ္က ကြိဳင္ငံရြာ က ေဒသခံေတြနဲ႔ သြားေရာက္ေဆြးေႏြးခဲ့တဲ့အေပၚမွာ ေဒသခံေတြက အခုလိုတင္ျပေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ေဒသခံ ေတြက ေခ်ာင္းေဘးမွာရွိေနတဲ့ သစ္ပင္ႀကီးကို လဲလိုက္တဲ့အတြက္ေၾကာင့္ ေျမၿပိဳမႈေတြ ျဖစ္ေပၚလာတဲ့အေပၚမွာ သစ္ပင္ ေတြကို ျပန္လည္အစားထိုးစိုက္ပ်ိဳးေပးဖို႔ ေတာင္းဆိုတာေတြ ရွိေနတယ္လို႔ ဦးသဲရယ္က ေျပာပါတယ္။

ကြိဳင္ငံေရထြက္ေပါက္ကေန ေရသြယ္တဲ့ေခ်ာင္းတူးေဖာ္တဲ့ အခါမွာ ေဒသခံေတြရဲ့လယ္ယာေျမ အခ်ိဳ႕နဲ႔ေခ်ာင္းေဘးမွာရွိတဲ့ သစ္ပင္ႀကီးေတြ ပ်က္စီးသြားတဲ့အတြက္ လတ္တေလာမွာ ေခ်ာင္းေပါင္ေတြကေန ေျမၿပိဳမႈေတြ ျဖစ္ေပၚေနပါတယ္။ အဆိုပါ ေျမၿပိဳမႈေတြထပ္ၿပီးေတာ့ မျဖစ္ဖို႔အတြက္ ေဒသခံေတြကေခ်ာင္းေဘးမွာ သစ္ပင္ေတြျပန္လည္စိုက္ပ်ိဳးေပးဖို႔အတြက္ ေတာင္း ဆိုေနတာျဖစ္ပါတယ္။ ကြိဳင္ငံေရထြက္ေပါက္ကေန တစ္ျခားရြာေတြကိုေရလြဲေပးဖို႔အတြက္ ေခ်ာင္းကို ၂၀၁၉-၂၀၂၀ ဘ႑ာ ေရးႏွစ္မွာ ေရစီးေရလာ ပိုမိုေကာင္းမြန္ဖို႔အတြက္ နကိုယ္ရွိၿပီးသား ငူးပေလာ့ဆည္သို႔ သြားတဲ့ေခ်ာင္းကို ထပ္မံၿပီးေတာ့ ျပင္ဆင္တူးေဖာ္ခဲ့တာျဖစ္ပါတယ္။ ေရေျမာင္းကိုျပင္ဆင္တူးေဖာ္တဲ့ အခါမွာ ေဒသခံေတြရဲ႕လယ္ယာေျမေတြလဲ တစ္ခ်ိဳ႕ တစ္ဝက္က ေခ်ာင္းေဖာ္တဲ့အထဲမွာပါသြားခဲ့တယ္လို႔သိရပါတယ္။ https://www.bnionline.net/mm/news-73279

***************

၁၇။     မယံုၾကည္မႈႏွင့္ မသိရွိမႈတို႔ေၾကာင့္ မူးယစ္အထူးတိုင္ၾကားေရးဌာနသို႔ မြန္ျပည္နယ္မွ ျပည္သူမ်ား သတင္းေပး တိုင္ၾကားျခင္းမရွိ

June 5, 2020

၂၀၂၀ ဇြန္လ (၁) ရက္ေန႔တြင္ တိုင္ၾကားေပးပို႔လာေသာ မူးယစ္ေဆးဝါးသတင္းမ်ားႏွင့္ စပ္လ်ဥ္း၍ ထုတ္ျပန္ခ်က္တစ္ခုကို ႏိုင္ငံေတာ္သမၼတရံုးက ထုတ္ျပန္ေၾကညာခဲ့သည္။ အဆိုပါထုတ္ျပန္ခ်က္တြင္ “မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရး ဌာန”သို႔ တိုင္ၾကားလာျခင္းေၾကာင့္ ေဖာ္ထုတ္ဖမ္းဆီးခဲ့သည့္ မူးယစ္အမႈေပါင္း (၁၈) မႈ ကို ေဖာ္ျပထားရာ မြန္ျပည္နယ္မွ တိုင္ၾကားမႈတစ္ခုမွ မပါရွိေၾကာင္း သိရသည္။“မူးယစ္ေဆးဝါးသံုးစြဲသူအမ်ားဆံုးထဲမွာ မြန္ျပည္နယ္က ထိပ္ပိုင္းမွာရွိတယ္။ (အဲဒါကို) ဘာလို႔မတိုင္တာလဲဆိုေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီတိုင္ၾကားေရးလမ္းစဥ္ကို မယံုၾကည္လို႔ မတိုင္တာပါ” ဟု ေရးၿမိဳ႕နယ္က တက္ၾကြလႈပ္ရွားသူတစ္ဦးက ေျပာပါသည္။ သတင္းေပးပို႔တိုင္ၾကားသူမ်ား၏ လံုၿခံဳေရးကို သက္ဆိုင္ရာ အာဏာပိုင္မ်ားက အကာအကြယ္မေပးသည့္အျပင္ ၎တို႔၏ ပုဂၢိဳလ္ေရးအခ်က္အလက္မ်ားကို ဖြင့္ဟေျပာဆိုျခင္းမ်ားကို ကိုယ္တိုင္ႀကံဳေတြ႔ခဲ့ရေၾကာင္း ၎က ဆက္ေျပာပါသည္။

“မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရးဌာန”သို႔ တိုင္ၾကားလာပါက သက္ဆိုင္ရာၿမိဳ႕နယ္အဆင့္သို႔ ျပန္လည္ညႊန္ ၾကားျခင္းမ်ိဳးမဟုတ္ဘဲ တိုက္ရိုက္ဖမ္းဆီးအေရးယူျခင္း ျပဳလုပ္ေစလိုေၾကာင္း မုဒံုၿမိဳ႕နယ္မွ တက္ၾကြလႈပ္ရွားသူတစ္ဦးက ေျပာပါသည္။“အထက္ကေန တိုက္ရိုက္လာဖမ္းတာမဟုတ္ဘဲ ေအာက္ေျခကိုပဲ ဖမ္းခိုင္းတယ္ဆိုရင္ေတာ့ ထိေရာက္မႈ မရွိ ဘူးေပါ့”ဟု မုဒံုၿမိဳ႕နယ္မွ တက္ၾကြလႈပ္ရွားသူကေျပာပါသည္။ မူးယစ္ျပႆနာႏွင့္ပတ္သက္လာပါက “မူးယစ္ေဆးဝါး အထူး သတင္းတိုင္ၾကားေရးဌာန”သို႔ တိုင္ၾကားႏိုင္ေၾကာင္းႏွင့္ တိုင္ၾကားႏိုင္သည့္ နည္းလမ္းကို ျပည္သူမ်ားသိရွိျခင္းမရွိေသး ေၾကာင္း ေမးျမန္းခ်က္မ်ားအရသိရသည္။“မူးယစ္ဆိုင္ရာ အသိပညာေပးလုပ္ငန္းေတြမွာ ထိေရာက္မႈရွိဖို႔ အစိုးရ ဘတ္ဂ်က္ နဲ႔ စီမံခ်က္လိုမ်ိဳး စနစ္တက်လုပ္ႏိုင္ရင္ေတာ့ ပိုေကာင္းမယ္လို႔ ကြ်န္ေတာ္ျမင္တယ္”ဟု မုဒံုၿမိဳ႕နယ္မွ တက္ျကြလႈပ္ရွား သူက ေျပာပါသည္။

မူးယစ္ေဆးဝါးမ်ား ပိုမိုဖမ္းဆီးရမိႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႔မ်ား သို႔ တိုင္ၾကားႏိုင္သည့္အျပင္ ထူးျခားသည့္ကိစၥရပ္မ်ားႏွင့္ ႀကီးမားသည့္ မူးယစ္ေဆးဝါးေရာင္း/ဝယ္မႈမ်ားကို ႏိုင္ငံေတာ္ သမၼတရံုး၏ “မူးယစ္ေဆးဝါး အထူးသတင္းတိုင္ၾကားေရးဌာန”သို႔ တိုင္ၾကားလိုပါက ေအာ္တိုတယ္လီဖုန္းနံပါတ္ ဝ၆၇-၅၉၀ ၂၀ဝ၊ ဖက္စ္ဖုန္းနံပါတ္ ဝ၆၇-၅၉၀ ၂၃၃ ႏွင့္ အီးေမးလ္လိပ္စာ antinarcotics@presidentoffice.gov.mm သို႔ ရံုးခ်ိန္ အတြင္း လံုၿခံဳစိတ္ခ်စြာ တိုင္ၾကားႏိုင္ပါေၾကာင္း ႏိုင္ငံေတာ္သမၼတရံုးက အသိေပးထားသည္။ http://burmese.monnew s.org/2020/06/05/%e1%80%99%e1%80%9a%e1% 80%af%e1%80%b6%e1%

***************

၁၈။     ေက်ာက္ျဖဴၿမိဳ႕ေပၚက မူရင္းေနရာေတြ ျပန္ေပးဖို႔ ဒုကၡသည္ေတြ ေတာင္းဆို

June 7, 2020

ရခိုင္ျပည္နယ္မွာ လြန္ခဲ့တဲ့ ၈ ႏွစ္ ၂၀၁၂ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡ ေတြၾကား ေနအိမ္ေတြမီး႐ႈိ႕၊ အုပ္စုလိုက္ တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံ ရခိုင္ျပည္သူေတြေရာ မြတ္စလင္ေတြပါ အသက္ ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး ဒုကၡသည္စခန္းေတြထဲမွာ ေနထိုင္ေနၾကရတဲ့အထဲ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်ာက္တလုံး ဒုကၡသည္စခန္းထဲက ဒုကၡသည္ေတြလည္း အပါအဝင္ ျဖစ္ပါတယ္။ အဲဒီက ဒုကၡသည္ ေတြဟာ ေက်ာက္ျဖဴၿမိဳ႕ေပၚမွာ ကိုယ့္အိုးကိုယ့္အိမ္ ကိုယ့္စီးပြားေရး လုပ္ငန္းေတြနဲ႔ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကတဲ့ ေဒသခံ ေတြျဖစ္ၿပီး သူတို႔ မူရင္းေနရာေတြမွာ ျပန္ေနထိုင္ခြင့္ရဖို႔ တာဝန္ရွိသူေတြနဲ႔ အႀကိမ္ႀကိမ္ ေဆြးေႏြးခဲ့ေပမယ့္လည္း ခုခ်ိန္ထိ ေတာ့ မေျပလည္ေသးပါဘူး။ အခ်င္းခ်င္းၾကားမွာ ဘာပဋိပကၡမွမရွိဘဲ ၿမိဳ႕ေပၚမွာ အတူတူ ယွဥ္တြဲေနထိုင္ခဲ့ၾကရာကေန ႐ုန္းရင္းဆန္ခတ္ အေျခအေနေတြ ျဖစ္ခ်ိန္မွာ ဒုကၡသည္စခန္းထဲ ဘယ္လိုေရာက္သြားရ တယ္ဆိုတာကို စေနေန႔က အြန္လိုင္းကေနလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ဒုကၡသည္တဦးျဖစ္သူ ဦးခင္ေရႊက ေျပာျပပါတယ္။

ေနာက္ ဒုကၡသည္တဦးျဖစ္သူ မခင္နီလာဝင္းကလည္း ဒုကၡသည္စခန္းထဲမွာ အခက္အခဲေတြနဲ႔ ေနထိုင္ေနရတဲ့အေၾကာင္း ေျပာျပပါတယ္။“အရင္က က်မတို႔ ေရလုပ္ငန္းေတြလုပ္တယ္၊ တံငါလုပ္ငန္းေတြလုပ္တယ္။ ၿမိဳ႕ေပၚရပ္ကြက္မွာဆို ေမာ္ေတာ္ယာဥ္လုပ္ငန္းေတြ ကုန္စုံဆိုင္ေတြ လုပ္ကိုင္ေတာ့ က်မတို႔ အဆင္ေျပေခ်ာေမြ႔ စားဝတ္ေနေရးလည္း အဆင္ေျပခဲ့ ပါတယ္။ အခု ၂၀၁၂ ေနာက္ပိုင္းမွာဆိုရင္ စားဝတ္ေနေရးဟာ လုံးဝ က်ပ္က်ပ္တည္းတည္းနဲ႔ အခက္အခဲမ်ားစြာ ရင္ဆိုင္ရ တယ္။ က်န္းမာေရးနဲ႔ ပတ္သက္လို႔ရွိရင္လည္း ဒီထဲေရာက္တဲ့ အခ်ိန္က်ေတာ့ လူဦးေရက ၁,၅၀၀ ေက်ာ္ေလာက္ရွိပါတယ္။ ၁,၅၀၀ ေက်ာ္ေလာက္မွာ ၁၂၀ နီးပါး အသက္ဆုံး႐ႈံးရတယ္။ က်န္းမာေရးဝန္ထမ္းဆိုတာ မရွိပါ။ ဒီေနရာမွာေနဖို႔ဆိုတာ က်မတို႔အတြက္ လုံးဝ မသင့္ေတာ္ပါ။ က်မ အေမတေယာက္အေနနဲ႔ ေျပာရမယ္ဆိုရင္ ကေလးေတြရဲ႕ စားဝတ္ေနေရး၊ က်န္းမာေရး၊ ပညာေရး အကုန္ဆံုး႐ံႈးရပါတယ္။ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ႀကဳံေတြ႔ေနရပါတယ္။”ျပည္ေထာင္စုအစိုးရ တာဝန္ရိွသူေတြနဲ႔ ဒုကၡသည္ေတြၾကား အႀကိမ္ႀကိမ္ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး သူတို႔ဘက္က လုိလားခ်က္ေတြကို တင္ျပထားၿပီး ျဖစ္တယ္လုိ႔ ေက်ာက္တလုံး ဒုကၡသည္စခန္း စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠ႒ ကိုျဖဴေခ်က ေျပာပါတယ္။

အစိုးရရဲ႕ ျပန္လည္ေနရာခ်ထားေရး အစီအစဥ္ကို ႀကိဳဆိုေပမယ့္ လက္ရွိ ေက်ာက္တလုံး ဒုကၡသည္စခန္းကေန ေရႊ႕ေပးမယ္ ဆိုတဲ့ ေနရာဟာ ဆားငန္ဒီေရေတာကို တာပတ္ၿပီး စခန္းျပန္လည္ေနရာခ်ထားမွာျဖစ္လို႔ လူ႔အသိုက္အဝန္းတခု ေနသင့္ေန အပ္တဲ့ေနရာေဒသ မဟုတ္တဲ့အတြက္ ဒုကၡသည္ေတြဘက္က လက္မခံဘဲ မေနလိုၾကတာျဖစ္တယ္ဆုိတာကိုလည္း ဒုကၡ သည္ေတြ ဘက္က ရွင္းလင္းပါတယ္။

ကုလအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ ဦးေဆာင္ခဲ့တဲ့ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာေတာ့ IDP ေတြ ကို သူတို႔ မူလေနထိုင္ေနတဲ့ေနရာ ဒါမွမဟုတ္ တျခားေနရာသစ္ကို ျပန္လည္ေရႊ႕ေျပာင္းေပးမယ္ဆိုရင္ သူတို႔ရဲ႕ သေဘာ ဆႏၵအရသာ ေဆာင္ရြက္ေပးရမယ္၊ လုံၿခဳံမႈရွိရမယ္၊ ဒါ့အျပင္ ဂုဏ္သိကၡာနဲ႔ အညီ ေျပာင္းေရႊ႕ႏိုင္ရမယ္ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ သူတို႔ မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔ ဦးစားေပး ေဆာင္ရြက္ရမွာျဖစ္ၿပီး အဲဒီလို မလုပ္ႏိုင္ဘူးဆိုရင္ IDP ေတြ ေျပာင္းေရႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေရႊ႕ႏိုင္ဖို႔ ေဆာင္ရြက္ေပးရမယ္လို႔လည္း အႀကံေပး ထားပါတယ္။ https://burmese.voanews.com/a/rakhine-refugees-kyauk-phyu/5452622.html

**************

၁၉။     Social distancing ျဖင့္ ကရင္ျပည္နယ္ရွိေက်ာင္းမ်ား ဇူလုိင္လတြင္ ဖြင့္လွစ္သြားမည္

June 8, 2020

Covid-19 ကာလ Social distancing စနစ္ျဖင့္ ကရင္ျပည္နယ္ရွိ အထက္တန္းအဆင့္(နဝမတန္းႏွင့္ ဒႆမတန္း) ေက်ာင္းမ်ား အားလံုးကုိ ဇူလုိင္လ ၂၁ ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ဟု ျပည္နယ္ပညာေရးမႉးရုံးထံမွ သိရသည္။

ပညာေရးဝန္ႀကီးဌာန၊အေျခခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္ အေျခခံပညာေက်ာင္းမ်ားဖြင့္လွစ္ႏုိင္ေရးေဆာင္ ရြက္ရမည့္လုပ္ငန္းအစီအစဥ္အတုိင္းျဖစ္ေၾကာင္း ျပည္နယ္ပညာေရးမွဴးရံုး ဒုတိယညႊန္ၾကားေရးမွဴး ဦးစုိးဝင္း က ေျပာသည္။ ၎က “Social distancing ပဲ။ ၆ ေပ အကြာအေဝးေလကြာ မင္းတုိ႔ကလည္း၊ (ႏွာေခါင္းစည္း- mask ေတြက ေတာ့) ဌာနကလည္းေပးမယ္။ ေက်ာင္းေတြကလည္း ျပင္ထားတယ္။ လက္ေဆးခံုကေတာ့ မင္းတုိ႔လွဴမွရမယ္” ဟု ေကအုိင္စီသုိ႔ ယေန႔ (ဇြန္ ၈ ရက္)တြင္ ေျပာသည္။

ကရင္ျပည္နယ္ရွိ ေက်ာင္းမ်ားဖြင့္လွစ္သင္ၾကားသည့္အခါ ေက်ာင္းသူ၊ ေက်ာင္းသား၊ ဆရာ၊ ဆရာမမ်ား အေန ျဖင့္ တစ္ဦး ႏွင့္တစ္ဦး ၆ ေပအကြာေနကာ လူဦးေရအလုိက္ အခ်ိန္ခြဲသင္ၾကားသြားႏုိင္ရန္ စီစဥ္ထားေၾကာင္း ဦးစုိးဝင္းက ဆက္ေျပာ သည္။ ထုိ႕အျပင္ အထက္တန္းအဆင့္ ေက်ာင္းအပ္ႏွံေရး သီတင္းပတ္အျဖစ္ ဇူလုိင္လ ၁၃ ရက္မွ ၁၇ ရက္ေန႔အထိ သတ္မွတ္ထားေၾကာင္းလည္း ကရင္ျပည္နယ္ပညာေရးမႉးရုံးထံမွ သိရသည္။ အေျခခံပညာအထက္တန္းအဆင့္မ်ား ဖြင့္လွစ္ သည့္ ဇူလုိင္လ ၂၁ ရက္ေန႔ေနာက္ပုိင္း COVID-19 ေရာဂါ ျပန္႔ပြားကူးစက္မႈ အေျခအေနအရ အလယ္တန္းႏွင့္မူလတန္း အဆင့္မ်ားကုိ တစ္ဆင့္ခ်င္းစီ ဖြင့္လွစ္ႏုိင္ေရး ဆက္လက္အေၾကာင္းၾကား သြားမည္ဟုလည္း အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားထားသည္။ http://kicnews.org/2020/06/socialdistancing%e1%80 %bb%e1%80%96%e1%80%84%  e1%80%b9%e1%

****************

၂၀။     NLD စစ္ေတြခရိုင္ ဥကၠ႒ဌ ပါတီမွ ႏုတ္ထြက္

June 8, 2020

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီမွ စစ္ေတြခရိုင္ ဥကၠ႒ ဦးသခၤါေက်ာ္မွာ ဇြန္လ ၁ ရက္ ရက္စြဲျဖင့္ ပါတီဝင္အျဖစ္မွ ႏုတ္ထြက္စာ တင္လိုက္ေၾကာင္း သတင္းရရွိသည္။ ခရိုင္ ဥကၠ႒ ဦးသခၤါေက်ာ္က “ဒီလ ၁ ရက္ေန႔ကတည္းက ခရိုင္ ဥကၠ႒ တာဝန္ကေရာ၊ ပါတီဝင္အျဖစ္ကပါ ႏုတ္ထြက္စာတင္လိုက္ၿပီ။ ႏုတ္ထြက္တာကေတာ့ က်န္းမာေရးအေၾကာင္းျပခ်က္နဲ႔ ထြက္ လိုက္တာ။ ပါတီ ဗဟိုကိုေရာ ျပည္နယ္ကိုေရာ စာပို႔လိုက္ၿပီ” ဟု ဧရာဝတီသို႔ ေျပာသည္။ NLD ပါတီ စစ္ေတြခရိုင္ ဥကၠ႒ ဦးသခၤါေက်ာ္သည္ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ႀကီးၾကပ္မႈျဖင့္ ထုတ္ေဝသည့္ ရႊီျပည္ရခိုင္ စာေစာင္တြင္ စာတည္းမွဴးအျဖစ္ ၂၀၁၈ ခုႏွစ္အတြင္းက ခန္႔အပ္ခံခဲ့ရသူလည္း ျဖစ္သည္။

ပါတီက ႏုတ္မထြက္မီ ေမလ ၁၄ ရက္က ၎မွာ ရႊီျပည္ရခိုင္စာေစာင္ စာတည္းမွဴး အျဖစ္မွ အေၾကာင္းျပခ်က္ တစံုတရာ မရွိ ဘဲ ရပ္စဲခံလိုက္ၿပီး ၎ေနရာတြင္ NLD ပါတီမွ စစ္ေတြၿမိဳ႕နယ္ ဥကၠ႒ ဦးစံေရႊေက်ာ္အား အစားထိုးလိုက္ေၾကာင္းလည္း ေျပာ ျပသည္။ ဦးသခၤါေက်ာ္က “ေမလ ၁၄ ရက္က စည္ပင္ဝန္ႀကီးရံုးက ဝန္ထမ္းတေယာက္က ဖုန္းဆက္တယ္။ ရြႊီျပည္ရခိုင္ စာတည္း မွဴးေနရာကို လူစားလဲမယ္လို႔ ဝန္ႀကီးက ေျပာတယ္လို႔ ေျပာတယ္။ အသိေပးတယ္ေပါ့။ ျဖဳတ္လိုက္တဲ့ သေဘာပဲ။ ဦးေလး က ေျပာတယ္။ ဝန္ႀကီးကို တခ်က္ေမးလိုက္မယ္ဆိုေတာ့ သူက ဖုန္းဆက္လို႔ရမွာ မဟုတ္ဘူး၊ ကပ္ဘိနက္ အစည္း အေဝး ဝင္သြားတယ္လို႔ ေျပာတယ္။ ဒီကိစၥေတြက ဝန္ႀကီးခ်ဳပ္ သေဘာမတူဘဲ လုပ္လို႔မရဘူး။ ကပ္ဘိနက္မွာ အတည္ျပဳ လိုက္ၿပီးေတာ့ ဦးေလးလည္း ထပ္မေမးေတာ့ဘူး”ဟု ဆိုသည္။

NLD ပါတီအေနျဖင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕နယ္မ်ားတြင္ လူထုေထာက္ခံမႈ ရရွိလာေအာင္ႀကိဳးပမ္းလုပ္ကိုင္ေနေသာ အခ်ိန္တြင္ စစ္ေတြခရိုင္အတြင္း ပါတီဝင္ အခ်င္းခ်င္းၾကားတြင္ သေဘာထား ကြဲလြဲမႈတခ်ိဳ႕ ျဖစ္ေပၚေနေၾကာင္းလည္း ပါတီႏွင့္နီးစပ္သူ တခ်ိဳ႕ထံမွၾကားသိရသည္။ NLD ပါတီမွ စစ္ေတြခရိုင္ အတြင္းေရးမွဴး ဦးေကာင္းစံလွ သည္လည္း ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္အတြင္းက ပါတီတာဝန္မွ ႏုတ္ထြက္ခဲ့သည္။ ဦးေကာင္းစံလွက “က်ေနာ္က မိသားစုစားဝတ္ေနေရးရွိတယ္။ ပါတီတာဝန္ကို ထမ္းေဆာင္ဖို႔ အခက္အခဲရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ႏုတ္ထြက္လိုက္တာ။ အခု ခရိုင္ ဥကၠ႒ ထြက္ တာနဲ႔ ပတ္သက္လို႔ က်ေနာ္ကလည္း ပါတီကႏုတ္ထြက္ထားတဲ့ ၾကာေနၿပီျဖစ္တဲ့အတြက္ ပါတီကိစၥကိုေတာ့ တစံုတရာ မွတ္ခ်က္ မေပးလိုေတာ့ဘူး”ဟု ဧရာဝတီသို႔ ေျပာသည္။

စစ္ေတြခရိုင္ ဥကၠ႒ ဦးသခၤါေက်ာ္ ပါတီမွ ႏုတ္ထြက္သည့္ ကိစၥနွင့္ပတ္သက္ၿပီး ဧရာဝတီမွ NLD ပါတီမွ ရခိုင္ျပည္နယ္ ဒု ဥကၠ႒ ဦးစိုးေလးအား ဆက္သြယ္ခဲ့ရာ အစည္းအေဝး လုပ္ေနသည့္အတြက္ အလုပ္မအားေၾကာင္း ျပန္လည္ေျဖၾကားခဲ့ သည္။ NLD ဗဟိုျပန္ၾကားေရး ေကာ္မတီ အတြင္းေရးမွဴး မံုရြာေအာင္ရွင္အား ဆက္သြယ္ခဲ့ေသာ္လည္း အဆိုပါကိစၥအား ၎ အေနျဖင့္ မသိရွိေသးေၾကာင္း တံု႔ျပန္ ေျဖၾကားသည္။ NLD စစ္ေတြခရိုင္ ဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဦးသခၤါေက်ာ္ အေနျဖင့္ က်န္းမာေရးကိစၥ အပါအဝင္ ပါတီတြင္းတခ်ိဳ႕ေသာ ျပႆနာတို႔ေၾကာင့္ ႏုတ္ထြက္ျခင္းျဖစ္ကာ၊ ပါတီ တာဝန္ ျပန္လည္ထမ္းေဆာင္ရန္ ကမ္းလွမ္း ညွိႏႈိင္းလာမည္ဆိုလွ်င္လည္း မထမ္းေဆာင္ေတာ့ရန္ ဆံုးျဖတ္ထားၿပီး ျဖစ္ ေၾကာင္းလည္း ေျပာဆိုသည္။ ဦးသခၤါေက်ာ္သည ္၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲတြင္ စစ္ေတြမဲ ဆႏၵနယ္မွ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ေရြးခ်ယ္ခံခဲ့သူလည္း ျဖစ္သည္။ https://burma.irr awaddy.com/news/202 0/06/08/224246.html

**************

၂၁။     က်ိဳင္းတံု ကိုဗစ္  Positive  လူနာအားလံုး ေဆးရံုဆင္းခြင့္ရ

June 5, 2020

သွ်မ္းျပည္အေရွ႕ပိုင္း က်ိဳင္းတံု ျပည္သူ႔ေဆးရံုတြင္ positive အတည္ျပဳလူနာ မရွိေတာ့ေၾကာင္း စံုစမ္းသိရွိရသည္။ ဇြန္လ ၅ ရက္ေန႔တြင္  လူနာအမွတ္ (၁၁၂)သည္ ေဆးရံုမွ ဆင္းခြင့္ရၿပီးျဖစ္ေၾကာင္းသိရသည္။“ဒီမနက္ (၁၀) နာရီ ကပဲ ေဆးရံုက ဆင္းခြင့္ရၿပီ။ Home Quarantine ၇ ရက္ ထပ္ေနရမယ္။”ဟု က်ိဳင္းတံုျပည္သူ႔ေဆးရံုမွ ဆရာဝန္ႀကီး ေဒါက္တာလွေဌးမင္း ကသွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

အတည္ျပဳ လူနာအမွတ္ (၆၄) သည္လည္း ၂ ႀကိမ္ဆက္တိုက္ negative ျဖစ္ၿပီး ယခုအခ်ိန္တြင္မူ ေဆးရံု၌ ၁၄ ရက္ ေစာင့္ ၾကည့္ထားေၾကာင္း သိရသည္။“ေဆးရံုမွာက Positive လူနာ မရွိေတာ့ဘူး။ ခုလက္ရွိ ပိုးေတြ႔လူနာ တစ္ေယာက္က်န္တယ္။ သူကလည္း Negative ျဖစ္ၿပီ။ သူ႔ကိုလည္း ၁၄ ရက္ေစာင့္ၾကည့္ၿပီး ေဆးရံုက ဆင္းခြင့္ရမယ္။”ဟု ေဒါက္တာလွေဌးမင္း ကေျပာသည္။

သွ်မ္းျပည္အေရွ႕ပိုင္း က်ိဳင္းတံုျပည္သူ႔ေဆးရံုမွာ ကိုဗစ္-၁၉ အတည္ျပဳ လူနာ ၃ ဦး ေတြ႔ရွိၿပီး ၂ ဦး ေဆးရံုမွ ဆင္းခြင့္ရကာ က်န္တဦးသည္ Negative ျဖစ္ေပမယ့္ ေဆးရံုမွ ၁၄ ရက္ ေစာင့္ၾကည့္ထားျခင္းျဖစ္သည္။ က်ိဳင္းတံု ျပည္သူ႔ေဆးရံုမွာ သံသယ လူနာ ၈ ဦး ရွိထားေၾကာင္း သိရသည္။ သွ်မ္းျပည္နယ္တြင္ အတည္ျပဳ လူနာ ၂ ဦး ရွိသည္။ သွ်မ္းျပည္ေျမာက္ပိုင္း မူဆယ္ျပည္သူ႔ေဆးရံုမွာ အတည္ျပဳ လူနာတစ္ဦး ႏွင့္ သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆးရံုမွာ အတည္ျပု လူနာ တစ္ဦး ရွိသည္။ https://burmese.shanne ws.org/archives/16975

*************

၂၂။     ဖမ္းဆီးေခၚေဆာင္ခံရသည့္ ေတာင္ကုတ္ ခ်က္ေဖာက္ရြာသား  ၅  ဦး မိသားစုႏွင့္ အဆက္အသြယ္မရေသးဟုဆို

June 6, 2020

ဇြန္ ၁ ရက္ေန႔ႏွင့္ ၃ ရက္ေန႔တြင္ တပ္မေတာ္မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ေတာင္ကုတ္ၿမိဳ႕နယ္၊ ခ်က္ေဖာက္ေက်းရြာ သား ၅ ဦးမွာ မိသားစုႏွင့္ အဆက္အသြယ္မရဘဲ ျဖစ္ေနသည္ဟု သတင္းရရွိသည္။ ဇြန္လ ၁ ရက္ေန႔တြင္ ဖမ္းဆီး ေခၚ ေဆာင္ျခင္းခံရသူ ၃ ဦးမွာ ခ်က္ေဖာက္ရြာမွ ဦးကံေဇာ္ (၄၄)နွစ္၊ ဦးႏိုင္ေခ် (၂၆)ႏွစ္ ေမာင္ႏိုင္ႏိုင္လင္း (၁၈) ႏွစ္တို႔ ျဖစ္ၾက သည္။ ေနာက္ထပ္ ႏွစ္ဦးကို ဇြန္ ၃ ရက္ေန႔တြင္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ျခင္းျဖစ္ၿပီး ယင္းတို႔မွာ ဦးေက်ာ္တင္ေအာင္ (၃၇) ႏွင့္ ေမာင္ငမိုး (၁၈) ႏွစ္တို႔ ျဖစ္ၾကသည္ဟု ေဒသခံတစ္ဦးက နိရဉၥရာ သတင္းဌာနသို႔ေျပာသည္။

” ဇြန္ ၁ ရက္ေန႔ မနက္ပိုင္းက သံုးဘီးႏွစ္စီးႏွင့္ မအီၿမိဳ႕ကိုေဈးျပဳဖို႔သြားၾကတာ မိန္းမ၊ ေယာက္်ား လူေပါင္း ၃ဝ ေလာက္ရွိ တယ္။ ဒီရြာကလူေတြက မအီက ေဈးျပဳၿပီးေတာ့ စားေသာက္ေနၾက။ အဲဒီ သံုးဘီးဆိုင္ကယ္ႏွစ္စီးကိုဖမ္းတယ္။ ဖမ္းၿပီးေတာ့ ရဲစခန္းကိုေခၚသြားတယ္။ က်န္တဲ့လူေတြကို ညေနပိုင္းမွာလႊတ္ေပးလိုက္ၿပီး သူတို႔သံုးေယာက္ကို ဖမ္းသြားတယ္။ သူတို႔က ဦးကံေဇာ္၊ ဦးႏိုင္ေခ်နဲ႔ ေမာင္ႏိုင္ႏိုင္လင္းတို႔ ျဖစ္ၾကပါတယ္”ဟု ၎က ေျပာသည္။ ဇြန္ ၃ ရက္ေန႔ မနက္ပိုင္းတြင္လည္း တပ္မေတာ္စစ္ေၾကာင္း တစ္ေၾကာင္း ဝင္ေရာက္လာၿပီး ရြာသား ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားသည္ဟု ဆိုသည္။“ ရြာ ထဲကို ဝင္လာတယ္။ အင္အား တစ္ရာေက်ာ္ေလာက္ပါတယ္။ ရြာသားေတြက ေၾကာက္လန္႔ၿပီး ပုန္းေနၾကတယ္။ ဦးေက်ာ္တင္ေအာင္ ႏွင့္ ငမိုးကိုေတာ့ ရြာမွာေတြ႔လို႔ သူတို႔က ဖမ္းယူသြားတယ္။ သူတို႔ႏွစ္ဦးကို ဘယ္ကိုေခၚသြားမွန္းေတာ့ မသိဘူး။ တစ္ရက္ေန႔က ဖမ္းသြားတဲ့ သံုးေယာက္ေတာ့ မအီရဲစခန္းမွာ ရွိတယ္လို႔သိရတယ္” ဟု ေျပာသည္။

ထိုသို႔ ပထမ ၃ ဦးကို မအီရဲစခန္းတြင္ ခ်ဳပ္ေႏွာင္ထားသည္ဟု ေျပာဆိုသျဖင့္ မအီရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ ခ်က္ေဖာက္ေက်းရြာမွ ဖမ္းဆီးထားသူ တစ္ေယာက္မွ မရွိေၾကာင္း ျပန္လည္ေျဖၾကားခဲ့သည္။ ရခိုင္ျပည္နယ္အစိုးရ အဖြဲ႔ ေျပာခြင့္ရသူ စည္ပင္ဝန္ႀကီးလည္းျဖစ္၊ ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္သူ ဦးဝင္းျမင့္သို႔ ဆက္ သြယ္ရာ ၎သတင္း သူမရရွိဟု ေျပာၾကားသည္။ ခ်က္ေဖာက္ေက်းရြာတြင္ အိမ္ေျခ ၄ဝဝ နီပါးရွိၿပီး မအီႏွင့္ဆိုလွ်င္ ၃ မိုင္ခန္႔ကြာေဝးေျကာင္း သိရွိရသည္။ https://www.bnionline.net/mm/news-73281

***************

၂၃။     ျမဝတီၿမိဳ႕တြင္ WY မူးယစ္ေဆးျပား အလံုးေရ ၄ ေသာင္းေက်ာ္ ဖမ္းဆီးရမိ

June 7, 2020

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ယမန္ေန႔ ဇြန္လ ၆ ရက္ေန႔နံနက္ပုိင္းက WY မူးယစ္ေဆးျပား အလံုးေရ (၄)ေသာင္း ေက်ာ္ ႏွင့္အတူ တရားခံ ၄ ဦးအား ဖမ္းဆီးရမိေၾကာင္း ျမဝတီခ႐ုိင္ရဲတပ္ဖဲြ႔ထံမွ သိရသည္။

ယမန္ေန႔ နံနက္ (၁၀း၃၀) အခ်ိန္ခန္႔တြင္ ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး သက္လင္းဦးႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ ျမဝတီေရွ႕ တန္းရံုးမွ ေျခလ်င္တပ္ရင္း (၉၇) တပ္ရင္းမွဴး ဒုတိယဗိုလ္မွဴးႀကီး ေအာင္ဆန္းဝင္း၊ မူးယစ္တပ္စု(၃၂) ျမဝတီမူးယစ္တပ္ဖြဲ႔ရံုးမွ ရဲမွဴးမင္းေအာင္ျမင့္ဦးႏွင့္ ပူးေပါင္းတပ္ဖြဲ႔မ်ားက မူးယစ္ေဆးဝါးေရာင္းခ်ေနေၾကာင္း သတင္းအရ ျမဝတီၿမိဳ႕ အမွတ္ ၄ ရပ္ ကြက္ ေဇာ္ဂ်ီ(၂)လမ္းတြင္ ေစာင့္ဆိုင္းေနစဥ္ မသကၤာဖြယ္ အမ်ဳိးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအား ေတြ႔ရွိ၍ ရပ္တန္႔ စစ္ ေဆးခဲ့သည္။ ထုိသုိ႔ စစ္ေဆးရာတြင္ ရွမ္းျပည္နယ္၊ တန္႔ယန္းၿမိဳ႕၊ ေနာင္ဖာေက်းရြာေန စိုင္းေရႊ(၄၅)ႏွစ္ႏွင့္ ရွမ္းျပည္နယ္၊ နမ့္စန္ၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ေနထုိင္သူ နန္း႐ွန္ႏြန္း (၂၇)ႏွစ္တုိ႔ကို စစ္ေဆးရွာေဖြရာတြင္ စိုင္းေရႊ ၏လက္၌ ကိုင္ေဆာင္ ထားေသာ ႂကြပ္ႂကြပ္အိတ္အမဲေရာင္ျဖင့္ ထုပ္ထားၿပီး တိပ္အဝါ ေရာင္ပတ္ထားေသာ အထုပ္(၄)ထုပ္ အတြင္းမွ WY စာတမ္းပါ မူးယစ္ေဆးျပားအလံုးေရ (၄) ေသာင္းအား ေတြ႔ရွိသိမ္းဆည္းခဲ့သည္ဟု ျမဝတီရဲတပ္ဖြဲ႔ထံမွ သိရသည္။

ထုိသိမ္းဆည္းရမိေသာ မူးယစ္ေဆးဝါးမ်ားႏွင့္ ပတ္သက္၍ စိုင္းေရႊအား စစ္ေဆးရာ အဆိုပါေဆးျပားမ်ားမွာ ျမဝတီၿမိဳ႕ အမွတ္(၄) ရပ္ကြက္ အလိုေတာ္ျပည့္ (၂) လမ္းသြယ္ေန ဦးေဖသန္းေအာင္ဆိုသူထံမွ ရရွိေသာ ပစၥည္းမ်ားျဖစ္ေၾကာင္း ေျပာၾကားသျဖင့္ အဆုိပါ ပူးေပါင္းအဖြဲ႔မွ ဦးေဖသန္းေအာင္၏ ေနအိမ္သို႔ သြားေရာက္ ရွာေဖြခဲ့ သည္။ ထိုသို႔ရွာေဖြစဥ္ ေနအိမ္ တြင္ ဦးေဖသန္းေအာင္ႏွင့္အတူ ျမဝတီၿမိဳ႕ အမွတ္ (၃) ရပ္ကြက္ေနသူ ေအာင္ႏိုင္စိုး (၃၀) ႏွစ္အား ေတြ႔ရွိၿပီး ေနအိမ္တြင္း ဆက္လက္ရွာေဖြရာ မူးယစ္ေဆးဝါး တစ္စံုတစ္ရာ မေတြ႔ရေသာ္လည္း ေနအိမ္မီး ဖိုေခ်ာင္အခန္းတြင္းမွ မူးယစ္ေဆးဝါး ထုပ္ပိုးရာတြင္ အသံုးျပဳသည့္ မိႈင္းခံ စကၠဴႏွင့္ဂ်ပ္ဖာတို႔အား လည္းေကာင္း၊ မူးယစ္ေဆးဝါးေရာင္း ရေငြဟုယူဆရေသာ ျမန္မာေငြ ၆ သိန္းက်ပ္ႏွင့္ ေအာင္ႏိုင္စိုး ဝတ္ဆင္ထားေသာ အျပာေရာင္ဂ်င္းေဘာင္းဘီ ယာဘက္အိတ္ကပ္အတြင္းမွ WY စာတမ္းပါ မူးယစ္ေဆးဝါး ၂ ျပား၊ ျမန္မာေငြ ၂ သိန္းက်ပ္အား ေတြ႔ရွိခဲ့သည္။

၎အျပင္ ေနအိမ္ၿခံဝင္းအတြင္းရွိ 9K/9797 နံပါတ္ပါ Nissan Navara အနက္ေရာင္ ေမာ္ေတာ္ယာဥ္ (၁)စီးႏွင့္ Moccona Wave. 125 i နီ/မဲေရာင္ ဆုိင္ကယ္ (၁)စီးအား ေတြ႔ရွိၿပီး သိမ္းဆည္းခဲ့ေၾကာင္း ျမဝတီၿမိဳ႕မ ရဲစခန္းထံမွ သိရသည္။ မူးယစ္ ေဆးဝါး အေျမာက္အမ်ား လက္ဝယ္ေတြ႔႐ွိသူ စိုင္းေရႊ (၄၅) ႏွစ္၊ နန္း႐ွန္ႏြန္း(၂၇)ႏွစ္ ႏွင့္ ကြင္းဆက္တရားခံမ်ားျဖစ္ေသာ ဦးေဖသန္းေအာင္ (၅၂)ႏွစ္ႏွင့္ ေအာင္ႏိုင္စိုး (၃၀)ႏွစ္ တို႔အား ဥပေဒအရအေရးယူေဆာင္ရြက္ႏိုင္ရန္စီစဥ္ေနေၾကာင္း ျမဝတီ ၿမိဳ႕မရဲစခန္းထံမွ သိရသည္။ http://kicnews.org/ 2020/06/%e1%80%bb%e1%80%99%e1%80%9d%e%80%9  0%e1%80%ae%e1%

**************

၂၄။     မူဆယ္-၁၀၅ မိုင္ ျပည္ေထာင္စုလမ္းမေပၚတြင္ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာရ

June 7, 2020

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ တုန္ခမ္ရြာအဆင္း နမ့္ခြမ္ရြာအဝင္ ေရေကြ႔ မူဆယ္- ၁၀၅ မိုင္ ျပည္ေထာင္စုလမ္းမေပၚ ၌ ယေန႔ (ဇြန္ ၇ ရက္) ညေန ၄ နာရီအခ်ိန္ခန္႔က ယာဥ္တိုက္မႈတစ္ခု ျဖစ္ပြားခဲ့ရာ တစ္ဦးေသဆံုးၿပီး တစ္ဦးဒဏ္ရာရရွိခဲ့ ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ မူဆယ္ၿမိဳ႕ တုန္ခမ္အဆင္း နမ့္ခြန္ရြာအဝင္ ေရေကြ႔တြင္ ၁၅ မိုင္ဘက္မွ မူဆယ္ၿမိဳ ဝင္ေရာက္ရန္ တန္းစီေစာင့္ ဆိုင္းေနေသာ ကုန္တင္ယာဥ္ အမွတ္ MDY 1F/ – – – – –  FUSO ခဲေရာင္ ၁၂ ဘီးယာဥ္ကားအား ၁၀၅ မိုင္ဘက္မွ မူဆယ္ဘက္သို႔ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ YGN 2I/- – – –  WASH အ‌ျဖဴေရာင္သည္ ကုန္တင္ယာဉ္ ေနာက္ဘက္ရွိ ယာဥ္အကူကို ဝင္တိုက္ကာ ကုန္တင္ယာဉ္အေနာက္ဘက္ ေအာက္ထဲသို႔ ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါယာဥ္တိုက္ မႈေၾကာင့္ WASH ကားအျဖဴေရာင္မွာ ေခါင္းခန္းႏွင့္ အလယ္ခန္း ပ်က္စီးခဲ့ၿပီး ၎ယာဉ္ကို ေမာင္းႏွင္လာေသာ ယာဥ္ေမာင္း ခ်စ္ၿမိဳင္မွာ အဆိုပါေနရာတြင္ ေသဆံုးခဲ့ေၾကာင္း သိရွိရသည္။

ယာဥ္တိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ ကုန္တင္ယာဉ္အကူႏွင့္ ‌ေသဆံုးသူတို႕ကို ႏွလံုးလွ လူမႈ႔ကူညီေရးအသင္း ကားျဖင့္ မူဆယ္ေဆးရံုႀကီးသို႔ ပို႔ေဆာင္ခဲ့သည္။ အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္သို႔ အမွတ္ ၁၂၅ ယာဥ္ထိန္းတပ္ဖြဲ႕စုမွ လာ ေရာက္ စစ္ေဆးခ်က္အရ WASH ကားေမာင္သူ ခ်စ္ၿမိဳင္အား ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၈/၃၀၄(က) တို႔ ျဖင့္ အမႈဖြင့္ အေရးယူရန္ ေဆာင္ရြတ္လ်က္ရွိေၾကာင္း သိရွိရသည္။ https://news-eleven.com/article/177345

**************

၂၅။     COVID-19 ေၾကာင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်းရြာ စိုက္ခင္းမ်ားရွိ ေဂၚဖီထုပ္မ်ား ေဈးကြက္ပ်က္သျဖင့္ ေတာင္သူမ်ား                       မနစ္နာေစရန္ အလွဴရွင္တစ္ဦးက ဝယ္ယူေပး

June 7, 2020

COVID-19 ေၾကာင့္ ေဈးကြက္ပ်က္သျဖင့္ ေတာင္သူမ်ားမနစ္နာေစရန္ အလွဴရွင္တစ္ဦးကဝယ္ယူ၍ ဇြန္ ၇ ရက္က ပရဟိတ အဖြဲ႔မ်ား အကူအညီျဖင့္ လိုအပ္သည့္ေနရာမ်ားသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။“ ေဒသကထြက္တဲ့ ေဂၚဖီထုပ္ကို ၂၄ ႏွစ္ ရွိသြားၿပီ ဝယ္ေရာင္းတယ္။ အခုက ဝယ္ေရာင္းေတာ့ COVID-19 က သူရွိေတာ့ ေဈးကြက္က ဒီလိုမ်ိဳးပ်က္ျပားသြားေတာ့ ေတာင္သူလည္း အခက္အခဲရွိသ လို ဝယ္ေရာင္းသူမွာလည္း အခက္အခဲရွိတယ္။ ကြ်န္မကေတာင္ သူလံုးဝမနစ္နာေအာင္လို႔ ဝယ္ၿပီးေတာ့မွ ေဈးခ်ိဳခ်ိဳနဲ႔ ေရာင္းေပးတယ္။ ၿပီးေတာ့ ကြ်န္မအရင္းကို ရေအာင္ျပန္ေရာင္းတယ္။ ျပန္ေရာင္းၿပီးေတာ့ရတဲ့ အျမတ္ကို ကယားျပည္နယ္မိုး ေခါင္ေရရွားအရပ္ေပါ့ေနာ္။ ေရမရွိတဲ့ေဒသ ဘုန္းႀကီးေက်ာင္းေတြ လူမ်ိဳးဘာသာမေရြး လွဴ ေပးပါလို႔ ေျပာတယ္” ဟု အလွဴရွင္ျဖစ္သူ နန္းလွဦးက ေျပာၾကားသည္။

ယခင္က လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ဖရူဆိုၿမိဳ႕မ်ား၌ ေဂၚဖီေဈးကြက္ရွိခဲ့ၿပီး အဆင္ေျပသည့္အျပင္ ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခံုႏွင့္ မိုးၿဗဲဘက္မွ ေဂၚဖီလိုအပ္ပါက ေရာင္းခ်ေပးခဲ့ရေသာ္လည္း ယခုအခါ ေဈးကြက္ပ်က္သြားေၾကာင္း သိရသည္။ ေဂၚဖီထုပ္မ်ား ကို ေဖးကူလက္မ်ား ပရ ဟိတအသင္း၊ ေငြေတာင္ျပည္လူမႈကူညီေရးအသင္း၊ လင္းေမတၱာပရဟိတအသင္းတို႔က စိုက္ခင္း အထိ သြားေရာက္ခူးယူၾကၿပီး လိုအပ္သည့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၊ မိဘမဲ့ေက်ာင္းမ်ား၊ ဂိတ္တာဝန္က်ဝန္ထမ္းမ်ားအား သြားေရာက္၍ ပို႔ေဆာင္ေပးေၾကာင္း သိရသည္။

“ သူတို႔က ဆက္သြယ္လာတာေပါ့ေနာ္။ ကြ်န္မတို႔ကေျပာတယ္ မေရာင္းဘူးလားေပါ့။ ကြ်န္မတို႔ ကူေရာင္းေပးရမလဲ ဘယ္ ေလာက္နဲ႔ ေရာင္းေပးရမလဲေပါ့။ မဟုတ္ဘူးတဲ့ သူတို႔ အျပတ္လွဴမယ္တဲ့။ ကာယကံရွင္ကိုယ္တိုင္က မေရာင္းဘူး လွဴမယ္ဆို လို႔ လာၿပီးေတာ့ သယ္ၿပီးမွ လိုက္လွဴေပးမွာရွင္”ဟု ေဖးကူလက္မ်ား ပရဟိတအသင္း ေခါင္းေဆာင္တစ္ဦးျဖစ္သူ မအိက ေျပာၾကားသည္။ ကယားျပည္နယ္တြင္ လြိဳင္ေကာ္ၿမိဳ႕နယ္ လင္ဖံုေလးေက်းရြာႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ ကုန္းသာေက်းရြာတို႔မွာ ေရေၾကာရွိသည့္ ေနရာျဖစ္သျဖင့္ ဆယ့္ႏွစ္ရာသီပတ္လံုး ေရရရွိသျဖင့္ ဟင္းသီးဟင္းရြက္မ်ား စိုက္ပ်ိဳး၍ အသက္ေမြးၾက ေၾကာင္း သိရသည္။ https://news-eleven.com/article /177394

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

*** ၿပီး ***

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 33, June 9, 2020)

၁။        မူဆယ်မြို့အနီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

၂။         မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့  ဥက္ကဋ္ဌ သေနတ်ပစ်သတ်ခံရ

၃။        တပ်မတော်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရသူ  ၅  ဦး၏ အမှုတွင် တရားခံပြေး ၇ ဦး ပါဝင်နေ

၄။        တပ်မှ မြေသိမ်းပြီး တရားပြန်စွဲထားသည့်အမှုကို ဆီဆိုင်တောင်သူများ ရင်ဆိုင်မည်

၅။        မူးယစ်ဆေးအမှုများတွင် ဒဏ်ငွေ လာရောက်ညှိနှိုင်းသော်လည်း ဥပဒေအတိုင်းသာ ဆောင်ရွက်ဟု KNU ပြော

၆။        နမ့်စန်တွင် တပ်မတော်က စစ်မှုထမ်း ဟောင်းအိမ်ရာဆောက်ရန် မြေသိမ်းမှု မူလပိုင်ရှင် ၉၃ ဦး ဝိုင်းဝန်းကန့်ကွက်

၇။        မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်တွင် ဈေးဆိုင်တန်း၊ ဘက်ဖိုးနှစ်စီးနှင့် ကားတစ်စီး ရေစီးကြောင်းနှင့်                       မျှောပါ ပြီး လူ အသေအပျောက် ရှိနိုင်

၈။        သိန္နီ တံတားစောင့် တပ်သား သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိ

၉။        ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ တောင်းဆို

၁၀။      တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

၁၁။      ကျောက်ဖြူဒေသခံ သားအဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား

၁၂။      စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ်  ၂  လုံး စတင်ဆောက်လုပ်

၁၃။      ထိတွေ့မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားရန် တပ်တွင်း ညွှန်ကြားချက်ထုတ်ထားဟု KNLA စစ်ဦးစီးချုပ်ပြော

၁၄။      မွန်ညီညွတ်ရေးပါတီ ကိုယ်စားလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများ သက်ဆိုင်ရာမြို့နယ်ပါတီရုံးသို့ စာရင်းပေးသွင်း ရမည်

၁၅။      ဖမ်းဆီးစစ်ဆေး ပြန်လွှတ်ပေးပြီးနောက် ၃ ရက်အကြာ ဒေါ်စိန်မြဦးသေဆုံးမှု AA နှင့်မသက်ဆိုင်ဟု ထုတ်ပြန်မှု                         တာဝန်မဲ့ဟု ချင်းအမျိုးသမီးကွန်ရက် ဝေဖန်

၁၆။      ကွိုင်ငံရေထွက်ပေါက် ချောင်းနံရံတွေ မြေပြိုမှုဖြစ်ပွား

၁၇။      မယုံကြည်မှုနှင့် မသိရှိမှုတို့ကြောင့် မူးယစ်အထူးတိုင်ကြားရေးဌာနသို့ မွန်ပြည်နယ်မှ ပြည်သူများ သတင်းပေး                        တိုင်ကြားခြင်းမရှိ

၁၈။      ကျောက်ဖြူမြို့ပေါ်က မူရင်းနေရာတွေ ပြန်ပေးဖို့ ဒုက္ခသည်တွေ တောင်းဆို

၁၉။      Social distancing ဖြင့် ကရင်ပြည်နယ်ရှိကျောင်းများ ဇူလိုင်လတွင် ဖွင့်လှစ်သွားမည်

၂၀။      NLD စစ်တွေခရိုင် ဥက္ကဋ္ဌဌ ပါတီမှ နုတ်ထွက်

၂၁။      ကျိုင်းတုံ ကိုဗစ်  Positive  လူနာအားလုံး ဆေးရုံဆင်းခွင့်ရ

၂၂။       ဖမ်းဆီးခေါ်ဆောင်ခံရသည့် တောင်ကုတ် ချက်ဖောက်ရွာသား  ၅  ဦး မိသားစုနှင့် အဆက်အသွယ်မရသေးဟုဆို

၂၃။      မြဝတီမြို့တွင် WY မူးယစ်ဆေးပြား အလုံးရေ ၄ သောင်းကျော် ဖမ်းဆီးရမိ

၂၄။      မူဆယ်-၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

၂၅။      COVID-19 ကြောင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ စိုက်ခင်းများရှိ ဂေါ်ဖီထုပ်များ ဈေးကွက်ပျက်သဖြင့် တောင်သူများ                 မနစ်နာစေရန် အလှူရှင်တစ်ဦးက ဝယ်ယူပေး

**************

၁။        မူဆယ်မြို့အနီး တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

June 7, 2020

တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ ဇွန် ၇ ရက်နေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ရှမ်းပြည်နယ် မူဆယ်မြို့အရှေ့ဘက်နဲ့ နမ့်ဖက်ကာအရှေ့မြောက်ဘက် မီတာ ၁၄၀ဝ အကွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မနက်ပိုင်း ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ကေအိုင်အေ ဘက်က အင်အား ၁၅ ယောက်ဝန်းကျင်သာရှိပြီး နေ့လယ်ပိုင်း နောက်တကြိမ်ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ အင်အား ၆၀ နီး ပါး ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မိုင်းထောင် မိုင်းခွဲတာတွေ ပြုလုပ်ခဲ့တဲ့ TNLA အဖွဲ့ကို နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ တပ်မတော် လုံခြုံရေးအဖွဲ့နဲ့ ကေအိုင်အေတို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က ထိခိုက်တာတွေရှိခဲ့ပြီး ကေအိုင်အေ ဘက်က လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကေအိုင်အေဘက်က ဗိုလ်မှူးကြီးနော်ဘူက ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲကို တပ်မတော် ဘက်ကတိုးဝင်လာတဲ့အတွက် ခုခံတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့ဘက်ကထိခိုက်မှုမရှိဘူးလို့ပြောဆိုပါတယ်။ ကေအိုင်အေ နဲ့ တပ်မတော် ပြည်နယ်အဆင့် သဘောတူညီမှုတွေ ရယူပြီးခဲ့ပြီးတဲ့ အချိန်ကတည်းက ဆွေးနွေးပြီးဖြစ်တာကြောင့် အဲဒီနယ် မြေက သူတို့နယ်မြေ ဟုတ်၊ မဟုတ် ကေအိုင်အေသာ အသိဆုံးဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိကပ်ဘေးကာလအတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနဲ့အဖွဲ့ဟာ မေ ၂၀ ရက်နေ့က လိုင်ဇာအနီး မိုင်ဆာပါဒေသကို သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ကေအိုင်အို/ ကေအိုင်အေ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က လက်ခံရယူခဲ့ပါတယ်။ http://burm ese.dvb.no/a rchives/392931

**************

၂။         မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့  ဥက္ကဋ္ဌ သေနတ်ပစ်သတ်ခံရ

June 6, 2020

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ ဦးကောရွှေဝင်း သည် ( ဇွန် ၆) မွန်းလွှဲပိုင်းတွင် သေနတ်ပစ် သတ်ခံရကြောင်း သတင်းရရှိသည်။

(ဇွန် ၆ ရက်) မွန်းလွှဲပိုင်းတွင် မိုင်းတင်းအုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောရွှေဝင်း အသက် ၅၀ နှစ် သည် မန်စန်းရွာရှိ တောင်ယာတွင် အလုပ်လုပ်နေချိန် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ကြောင်း သိရသည်။“သေနတ်ပစ်တဲ့ ဒဏ်ရာကတော့ ၆ ချက်ပါ။ တောင်ယာ အလုပ်လုပ်နေရင် သေနတ်ပစ်ခံရ တာပါ။ ဘယ်အဖွဲ့ ကလာပစ်တယ်ဆိုတာ စုံစမ်းဆဲပါ”ဟု ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူတဦးက သျှမ်းသံတော်ဆင့် သို့ ပြေ ာသည်။ သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဦးကောရွှေဝင်းသည် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ကျော လယ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ခါးဆစ်ယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက် နှင့် မျက်နှာပွင့်ထွက် ဒဏ်ရာ၊ရင်ညွှန့်ဖောက်ထွက် ဒဏ်ရာတချက်တို့ဖြစ်ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

အဆိုပါ တောင်ယာတွင် ဦးကောရွှေဝင်း နှင့် ဇနီး ဖြစ်သူ ဒေါ်နန်းခမ်းအေး တို့သည် အတူတူ နေ့လည်စာစားပြီး၊ အလုပ် ပြန် လုပ်ရန် သေဆုံးသူ ဦးကောရွှေဝင်း တောင်ယာသို့ သွားနေစဉ် သေနတ်ပစ်ခံရခြင်းဖြစ်ကြာင်း၊ မည်သည့်အဖွဲ့က လာရောက် ပစ် ခတ်သည်ကို မတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဦးကောရွှေဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး၊ (ပ) ၅၅/၂၀၂၀ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ https://burmese.shann ews.org/archives/16982

**************

၃။        တပ်မတော်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရသူ  ၅  ဦး၏ အမှုတွင် တရားခံပြေး ၇ ဦး ပါဝင်နေ

June 6, 2020

တပ်မတော်ရေယာဉ်ပေါ်၌နှိပ်စက်ခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံနေရသူ ၅ ဦး၏ အမှုတွဲတွင် တရားခံပြေး ၇ ဦးပါဝင်နေသည်။ အဆိုပါအမှုအား ဇွန်လ ၅ ရက်နေ့က ရုံးထုတ်တွင် တရားခံပြေးအမှုအတွက် စစ်ဆေးမည့် မှင်နီသက်သေ မရောက်ရှိခဲ့သဖြင့် ကြားနာစစ်ဆေးခြင်းမရှိခဲ့ပေ။“ဝရမ်းစာမဝင်သေး၊ ဝရမ်းစာဝင်လို့ အတည်ပြုပြီးမှ အခု ဖမ်းဆီးထားတဲ့ တရားခံ ၅ ဦးအမှုကို ဆက်လက် ကြားနာစစ်ဆေးမှာ”ဟု အကြမ်းဖက်မှုနှင့်တရားစွဲဆိုခံရသူ ၅ ဦး အမှု အတွက် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန်မောင်က ရှင်းပြသည်။

လက်ရှိဖမ်းဆီးခံထားရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင် (၂၄)နှစ် ၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး (၃၈)နှစ် နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ ဖြစ်ကြသည်။ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား (၃၈)ဦးကို ဧပြီလ ၁၉ ရက်နေ့ တွင် တပ်မတော်က ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက် (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့ကာ လက်ရှိအကြမ်းဖက်မှုနှင့် တရားရင်ဆိုင်နေ ရသူ ၅ ဦးကိုဆက်လက်ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း တပ်မတော် သားများမှ ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ ကန်ကျောက်နှိပ်စက်မေးမြန်းနေသည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ယက်စာမျက်နှာ ပေါ် ပျံ့နှံ့လာခဲ့သည်။

“အဒေါ်သားလေးက မိသားစုကိုလုပ်ကျွေးနေတာပါ။ အဒေါ်တို့က ဆင်းရဲတယ်၊ အဲဒီသားလေးကို အားကိုးပြီးနေ နေရတာ။ ဘာမှလည်းအပြစ်မရှိဘူး။ မိုးလင်းရင် အလုပ်သွား၊ ညနေဆိုရင် နေဝင်မှပြန်လာရတယ်”ဟု တရားရင်ဆိုင်နေရသူ ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးက ပြောသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်နှင့် တရားစွဲဆိုခံထားရသူ ၅ ဦး ကို လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်းသိရသည်။ https://www.bnionline.net/mm/news-732

**************

၄။        တပ်မှ မြေသိမ်းပြီး တရားပြန်စွဲထားသည့်အမှုကို ဆီဆိုင်တောင်သူများ ရင်ဆိုင်မည်

June 8, 2020

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ရ ဒေသ ဆီဆိုင်မြို့နယ် မြေယာသိမ်းဆည်းမှု နှင့် ပတ်သက်ပြီး တပ်မှ အမှု ရုပ်သိမ်းပေးခြင်းမရှိသဖြင့် မြေပိုင်ရှင်များမှ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၄ ရက်က ဆီဆိုင်မြို့နယ် အစိုးရတပ်မတော်နှင့်တောင်သူများ မြေယာအငြင်းပွားမှု ပြဿနာနှင့်ပတ်သက်ပြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ထူးခြားသည့်ရလဒ်တစုံတရာမ ထွက်ပေါ် လာကြောင်း လယ်ယာသိမ်းဆည်းခံရသည့် တောင်သူများကပြောသည်။ ထိုတွေ့ဆုံဆွေးနွေးမှုတွင် အရှေ့တိုင်းစစ်ဌာနချုပ် မှ တာဝန်ရှိသူ နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ သိမ်းဆည်းခံ တောင်သူများတက် ရောက်ခဲ့သည်။“လက်ရှိ အခြေနေတော့ ထူးခြားပြောင်းသွားတာမရှိသေးဘူး။ တွေ့ဆုံဆွေးနွေးပွဲကအဖြေမပေါ်ရလဒ် တစ်စုံတစ်ရာမရပဲနဲ့ ပြီးဆုံးသွားတာပဲလို့ ပြောလို့ရပါတယ်”ဟု ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နှစ်ဖက် တွေ့ဆုံပွဲမှာ တောင်သူများဘက်မှ မြေယာမြေများ ဆက်လက်စိုက်ပျိုးခွင့်ပြုရန်၊တောင်သူ (၇၀)ကျော် တရားစွဲဆို ထားမှုအပေါ် အမှု ရုပ်သိမ်းပေးရန်၊ တပ်မှ ပိတ်ဆို့ထားသည့် လမ်းများကို ပြန်ဖွင့်ပေးရန် နှင့် တပ်မှ သိမ်းဆည်းထားသည့် ထွန်စက် ၂၉ စီး ကိုလည် ပိုင်ရှင်များလက်သို့ ပြန်လည်အပ်နှံပေးရန် တောင်းဆိုကြကြောင်း ဦးစံဝင်းမောင်က ပြောပြသည်။ အရှေ့တိုင်း စစ်ဌာနချုပ်မှ တောင်သူ ၇၀ ကျော်ကို ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားပြီး ထိုအမှုကိုရုပ်သိမ်းပေးခြင်းမရှိသေးသည့် အတွက် ဆက်လက် ရင်ဆိုင်သွားရမည်ဟု ဦးစံဝင်းမောင် က ထပ်လောင်းပြောသည်။ ထို့ပြင် ဆီဆိုင်မြို့နယ်အတွင်း ခြေမြန် တပ်ရင် ခမရ ၄၂၃/ ၄၂၄ တပ်ရင်းများမှ ဒေသခံ တောင်သူများထံ စိုက်ပျိုးမြေ၊ မြေယာ အဓမ္မသိမ်းဆည်းခြင်း၊ လယ်သမားများ စိုက်ပျိုးထားသည့် အပင်ဖျက်ဆီးခြင်း၊ တောင်သူများအား တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ ထွန်စက် များ သိမ်းယူခြင်း၊ တပ်သိမ်းမြေစာရင်းများ ပွင့်လင်းစွာချပြမှုမရှိသည့်အပေါ် ပအိုဝ်း အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အရပ်ဖက် လူမှု အဖွဲ့အစည်း ၁၉၄ ဖွဲ့က ဇွန် ၃ ရက်က သဘောထားထုတ်ပြန်ခဲ့သည်။

မြေယာမြေ အငြင်းပွားမှု ကိစ္စနှင့်ပတ်သက်ပြီး တစုံတရာထူးခြားမှုမရှိပါက ဒုတိယ သမ္မတ ထံစာတင်တောင်ဆို သွားမည်ဖြစ် ပြီး၊ T-Shirt Campaign ပြုလုပ်ရန်နှင့် တောင်သူများကို ပြန်စုကာ ထွန်ယက်စိုက်ပျိုးမှုများလည်း ပြုလုပ်သွားမည်ဟု ခွန်ဦး က ပြောသည်။ ထို့အပြင် မြေယာများသိမ်းယူထားသည့် သက်ဆိုင်ရာ တပ်ရင်းဌာနများအနေဖြင့် မြေသိမ်းခြင်းလျော်ကြေး နစ်နာကြေးပေးခြင်း၊ အကောင်အထည်ဖော်ထားခြင်းမရှိသည့် မြေနေရာများအား ဥပဒေအညီ မူလလုပ်ပိုင်ခွင့်ရ တောင်သူ များအားပြန်လည် စွန့်လွှတ်ပေးခြင်းစသည့် တည်ဆဲမြေယာဥပဒေများပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပေးရန် လူမှု အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။ https://burmese.shannews.org/archives/169 95

**************

၅။        မူးယစ်ဆေးအမှုများတွင် ဒဏ်ငွေ လာရောက်ညှိနှိုင်းသော်လည်း ဥပဒေအတိုင်းသာ ဆောင်ရွက်ဟု KNU ပြော

June 5, 2020

မွန်ပြည်နယ် ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသူများကို ငွေကြေးတောင်းခံမှုရှိသည်ဟု ပြောဆိုသည့် အပေါ် ငွေဒဏ်ဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးရန် လာရောက်ညှိနှိုင်းမှုသာရှိပြီး မိမိတို့အနေဖြင့် KNU ချမှတ်ထားသည့် ဥပဒေ အတိုင်းသာ ဆောင်ရွက်နေသည်ဟု ဝင်းရေးမြို့နယ် တာဝန်ရှိသူမှ ဇွန်လ ၃ ရက်နေ့က ကေအိုင်စီသို့ ပြောသည်။

မေလ ၂၈ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ငါးကလေးချောင်းအနီး မွန်လူငယ် ၄ ဦးကို KNU က ဖမ်းဆီးခေါ်ဆောင် သွားပြီး မူးယစ်ဆေးဝါးမှုဖြင့် ငွေကျပ်သိန်း ၂ဝ တောင်းဆိုခဲ့သည်ဟု Mon Human Rights မွန်လူ့အခွင့်အရေးအဖွဲ့၏ လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုသို့ ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် ငွေကြေးအရ လာရောက် ညှိနှိုင်းမှုသာရှိပြီး မိမိတို့အနေဖြင့် လူမှုရေးပြစ်ဒဏ်အနေဖြင့် ထိန်းသိမ်းထားမှုသာရှိကြောင်း KNU ဒူးပလာယာခရိုင်ရှိ ဝင်းရေးမြို့နယ် တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်ရာတွင် ယခုကဲ့သို့ ပြန်လည်ရှင်းပြခဲ့သည်။

“ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က ရေးမြို့နယ် ငါးကလေးချောင်း ရာဘာတောထဲမှာ လူ ၄ ဦးထံကနေ လက်လုပ်သေနတ် တစ်လက်နဲ့ မြင်းဆေး ၁ဝ လုံး ဖမ်းမိတာပါ။ မွန်ပြည်သစ်ပါတီ ဒေသတာဝန်ရှိတစ်ဦးက ထောင်မချနဲ့ ငွေဒဏ်သာ ဆောင် ရွက်ပေးဖို့ တောင်းဆိုတာရှိတယ်။ မိသားစုဘက်ကရော အခြားမွန်လူငယ်အဖွဲ့တွေရော လာရောက်ညှိနှိုင်းတာရှိတယ်။ မသိ ရင် ကျနော်တို့ လုပ် စားသလို ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့က လူမှုရေးပြစ်ဒဏ်အနေနဲ့ပဲ ထိန်းသိမ်းထားတယ်။”ဟု KNU ဝင်းရေးမြို့နယ် အတွင်း ရေးမှူး ပဒိုစောအယ်ဒါးက ပြောသည်။ လိပ်ပုရွာသား ၃ ဦးနှင့် စုံနံ့သာရွာသား ၁ ဦးကို မူးယစ် ဆေးမှုဖြင့် ဝန်ခံကတိလက်မှတ်ထို းထားပြီး လူမှုရေးပြစ်ဒဏ်အရ ၃ လစီ ထိန်းသိမ်းထားရှိကာ အခြားတစ်ဦးအား ကျန်းမာ ရေး အခြေအနေကြောင့် ဆေးကုခွင့်အနေဖြင့် နေအိမ်ပြန်ခွင့်ပြုထားသည်ဟု KNU တာဝန်ရှိသူများက ပြောဆိုသည်။

KNU အနေဖြင့် မူးယစ်ဆေးဝါးမှုများ ဖမ်းဆီးအရေးယူရာတွင် ပြဌာန်းဥပဒေအရ ဆောင်ရွက်မှုအားနည်းနေလျှက်ရှိပြီး လူမှု ရေး ပြစ်ဒဏ်များဖြင့်သာ ဆုံးဖြတ်ဆောင်ရွက်သည့်အပေါ် ရေရှည်တွင် လူထုအထင်အမြင် လွှဲမှားသွားနိုင်ပြီး ကျူးလွန်သူ မည် သူမဆို ကော်သူးလေ ၁/၂ဝ၁၄ မူးယစ်အထူး အက်ဥပဒေအရ ထိထိရောက်ရောက် ကိုင်တွယ်ဖြေ ရှင်းရန်လိုသည်ဟု KNU ဝင်းရေးမြို့နယ် ကျေးရွာတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။ http://kicnews.org/2020/06/%e1%80 %99%e1% 80%b0%e1%80%b8%e1%80%9a%e1%80%85%e1%

**************

၆။        နမ့်စန်တွင် တပ်မတော်က စစ်မှုထမ်း ဟောင်းအိမ်ရာဆောက်ရန် မြေသိမ်းမှု မူလပိုင်ရှင် ၉၃ ဦး ဝိုင်းဝန်းကန့်ကွက်

June 5, 2020

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု နောင်ခါးကျေးရွာရှိ တောင်သူ ၉၃ ဦးပိုင် မြေဧက ၁၆၇ ကို တပ်မတော်က စစ်မှုထမ်းဟောင်း အိမ်ရာဆောက်လုပ်ရန် မေလ ၂၅ ရက်နေ့က မြေစာရင်းရုံးသို့ စာတင်ပြရာတွင် မြေပိုင်ဆိုင်သောတောင်းသူများက ဝိုင်းဝန်းကန့်ကွက်ထားကြောင်း လယ်မြေသိမ်းခံရသူ ဦးစိုင်းဟိတ် ကပြောဆိုသည်။

အဆိုပါ မြေနေရာကို တပ်မတော် အမှတ် (၂) စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ်က ၁၉၉၈ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ် ပြီး နှစ်ပေါင်းများစွာ အဆိုပါမြေများ၌ မည်သည့်လုပ်ငန်းမှ ဆောင်ရွက်ခြင်းမရှိဘဲ ပြီးခဲ့သည့် မေလအတွင်းမှ ထိုသို့ စစ်မှု ထမ်းဟောင်း အိမ်ယာဆောက်ရန်အတွက် အရှေ့လယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။“ သူတို့ သိမ်းထားတာလည်း နှစ်၂၀ ရှိပြီလေ။ ၂၀ တောင်ကျော်နေပြီ ကျွန်တော် ဒီဒေသကျေးရွာတွေ အရပ်ဖက်အထောက်အထား တွေပေါ့။ အနီးနားဝတ်ဝန်းကျင်ကရွာတွေပေါ့။ ဒါတကယ်ဘိုးဘွား ပိုင်မြေဆိုတာတစ်နယ်လုံးသိတာပဲလေ။ ကျန်တဲ့ အထောက်အထားတော့ မရှိဘူးလေ။ သူတို့လာပြောတုန်းက မြေဌားပေးပါ တပ်သက်သာချောင်ချိရေး အတွက်စိုက်ပျိုးရေး လုပ်မယ်ဆိုပြီးလာပြောတာ အခုကျတော့ ကျွန်တော့်ကို လက်မှတ်လာထိုး ခိုင်းတယ်လေ။ တပ်သိမ်းမှာပေါ့ လက်မှတ်ထိုး ပေးဆို ကျွန်တော်မထိုးဘူးလို့ ခင်ဗျားတို့ လာတုန်းကလည်း သိမ်းတယ်လို့ပြောတာမဟုတ်လို့ ဟိုနေ့ကမှသိတာ ရုံးကခေါ် ပြောတော့ ထွေအုပ်ရုံးကခေါ်ပြောတော့ ဒါတပ်သိမ်းမြေထဲမှာ မပါဘူး။ အဲဒါ ပြန်လျှောက်ယူဖို့တော့ ပြောတယ်”ဟု ဦးစိုင်ဟိတ် ကပြောဆိုသည်။

“သူတို့ကတော့ ရဲဘော်ဟောင်းအိမ်ရာအတွက် သိမ်းထားတာကန့်ကွက်လိုရင် ကန့်ကွက်ပါဆိုလို့ စာထွက်ထားတာလေ မြေစာရင်းမှာ သူတို့ကသိမ်းထားတာဆိုတော့ ကျွန်တော်တို့ တကယ်တောင်သူပိုင်ရှင် အစစ်အမှန်တွေကမစိုက်ရဘူးပေါ့. အဲဒါကြောင့် ပိုင်ရှင်အစစ်အမှန်တွေက ပြန်လိုချင်တာပေါ့။ အဲဒီမြေတွေ ကိုပြန်ရချင်တာပေါ့ ” ဟု ဦးစိုင်းဟိတ် ကပြောဆို သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးနှင့် ရှမ်းပြည်နယ် အစိုးရရုံး တို့ကို တောင်သူများက မြေပြန်လည် ရရှိရေး အကြိမ်ကြိမ်တင်ပြတောင်းဆိုထားသော်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိကြောင်း တောင်သူ များက ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များထံ မြေသိမ်းယူမှုကိစ္စ မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရရှိပေ။ https://www.khitthitnews.com/2020/06/%e1%80%94%e1%80%  99%e1%80%b7%e1%8 0%ba%e1%80

**************

၇။        မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်တွင် ဈေးဆိုင်တန်း၊ ဘက်ဖိုးနှစ်စီးနှင့် ကားတစ်စီး ရေစီးကြောင်းနှင့်                      မျှောပါ ပြီး လူ အသေအပျောက် ရှိနိုင်

June  8, 2020

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်တွင် ဈေးဆိုင်တန်း၊ ဘက်ဖိုးနှစ်စီးနှင့် ကားတစ်စီး ရေစီးကြောင်းနှင့်မျှောပါပြီး လူ အသေအပျောက်ရှိနိုင်ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဇွန် ၈ ရက် နံနက်အစောပိုင်းက မိုသည်းထန်စွာရွာသွန်းပြီးနောက် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မမုံကျေးရွာမှ ဦးထွေးမောင်က ပြောကြားသည်။ ”မနက် ၁ နာရီကနေ မိုးသည်းနေတာ။ ရေစီးကြောင်းကို မြေစာဖို့ထားတော့ ရေအားနဲ့ ပေါက်ကြလာတာပေါ့။ ဘက်ဖိုးနှစ်စီး၊ ဆိုင်ခန်း ငါးခန်း ခြောက်ခန်း၊ မြေသယ်တစ်စီး၊ဖိုးဝှီးကားတစ်စီး မျှောလာတယ်။ လူ အသေအပျောက်တော့ စစ်ဆေးဆဲ ရှိသေးတယ်”ဟု ဦးထွေးမောင်က ပြောကြားသည်။ ရေစီးကြောင်းသည် အနံပေ ငါးရာ၊ အလျား ပေ နှစ်ထောင်ကျော်ခန့်ရှိပြီး လူအသေအပျောက် ရှိနိုင်ကြောင်း၊အများစုမှာ ခိုးကျင်းများဖြစ်နေသဖြင့် မည်သည့် လုပ်ကွက်မျှ မျှောလာသည်ကို မသိရကြောင်း ဒေသခံအများစုက ဆိုပါသည်။

ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ” ကွင်းဆင်းနေတယ်။ ဘက်ဖိုးနှစ်စီး၊ဖိုးဝှီး ကားတစ်စီးမျှောလာ တယ်။ လူအသေအပျောက် ရှိလား စုံစမ်းနေတယ်။ ဘယ်လုပ်ကွက်က ဆိုတာလည်း မသိရသေးဘူး။ တစ်ခြားနေရာမဖြစ် ဘူး”ဟု ဆိုသည်။ ဒေသခံရွာသားများအဆိုအရ ယင်းနေရာမှာ ယူနတီနှင့် ဧရာရတနာ သက်တမ်းကုန်ကျင်း ဟောင်းနေရာ ဖြစ်ပြီး ခိုးတူးနေသည့် ယာဉ်များဖြစ်ကြောင်း ပြောကြားသည်။ ၂၀၁၉ ခုနှစ်တွင် ဖားကန့်ဒေသတွင် မြေပြိုကျမှု၊ နွံကန် ပေါက်ကျမှုကြောင့် ဧပြီ ၂၂ ရက်မှ ဧပြီ ၂၅ ရက်အထိ လေးရက်ဆက်တိုက် မြေပြိုမှုများ၊ နွံကန်ပေါက်ကြမှုများဖြစ်ပေါ်ခဲ့ပြီး လူ ၅၉ ဦး သေဆုံးခဲ့ကြောင်း၊ယန္တရားတန်ဖိုး သိန်းပေါင်းသောင်းနှင့်ချီကာ ဆုံးရှုံးခဲ့ကြောင်း မှတ်တမ်းများအရသိရသည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီမှာ မိုင်းဒဏ်၊သဘာဝဒဏ်များကြောင့် အက်ကြောင်းများမိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများမြေလျှောခြင်း များ၊ ယင်းမြေသားပြိုကျမှုများကြောင့် အောက်ခြေရေအိုင်မှ လှိုင်လုံးကြီးများကြောင့် ရေအိုင်ကမ်းပါးတွင် ကျောက်ရှာနေသူ များအား ရေအားဖြင့် ဆွဲခြမှုများ မကြာခဏ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သတ္တုတွင်း ဝန်ကြီးဌာန၏ စာရင်းများအရ ဖားကန့်ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီ (၈၀၈) ခု တစ်ဧက လုပ်ကွက်ပေါင်း (၁၅၆၃၈)ကွက် ၊ အကျိုးတူ ကုမ္ပဏီ (၂၂၂) ခု လုပ်ကွက်ပေါင်း (၃၀၂ )ကွက် အထိ ရှိခဲ့သည်။ NLD အစိုးရလက်ထက်တွင် လုပ်ကွက်များကို သက်တမ်းတိုးပေးခြင်း မရှိတော့ပဲ လုပ်ကွက် ဧရိယာအကျယ်အဝန်း နှင့် ပေါင်းစပ်တူးဖော်ခွင့်များကို ကန့်သတ်ခဲ့သည်။ လက်ရှိတွင် အကျိုးတူလုပ်ကွက် ၄ ခု၊ ပုဂ္ဂလိက လုပ်ကွက် ၆၃၆ ကွက်ရှိပြီး အများစုမှာ ခိုးတူးနေကြခြင်း ဖြစ်ကြောင်းသိရသည်။ https://news-eleven.com/article/177471

**************

၈။        သိန္နီ တံတားစောင့် တပ်သား သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိ

June 8, 2020

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့အဝင်တံတားကင်းစောင့် တပ်သားများ သေနတ်ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထိမှန်ခဲ့ ကြောင်း သိရသည်။

ဇွန် ၆ ရက် ည ၁၁ နာရီကျော် ဆိုင်ကယ်မောင်းနှင်လာသည့် လူတဦးအား သိန္နိမြို့ အဝင်တံတား ကင်းစောင့်နေသည့် တပ် သားမှ စစ်ဆေးရန်ရပ်ခိုင်းရာမရပ်သဖြင့်ဟုဆိုကာ သေနတ်ပစ်ခြိမ်းခြောက်ရာမှ လူနေအိမ်များအားထိခိုက်ရခြင်းဖြစ်ကြောင်း သိန္နီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။“ဆိုင်ကယ်စီး လူတယောက်က တံတားဖြတ်သန်းစဉ်မှာ လုံခြုံရေးကတားပါတယ်။ တားလို့ မရပ်တဲ့အတွက် ကင်းစောင့်တဲ့ တပ်သားက သေနတ်ပစ်လိုက် တာပါ။ လူတော့ထိဘဲ အိမ် ၂ အိမ်ကိုထိသွားတယ်”ဟု စိုင်းဦးခမ်း က ပြောသည်။ အဆိုပါ အိမ် ၂ အိမ်သည် တံတားအနီး တွင်ရှိသည့်အိမ်များဖြစ်ပြီး၊ အိမ်ခေါင်မိုး၊ နံရံ များတွင် ကျည်ဆံထိမှန်ကြောင်း၊ သက်ဆိုင်ရာ တပ်မှလည်း ကျည်ထိမှန်သည့် အိမ်ကိုလာရောက်ကြည့်ရှုကြောင်း၊ သေနတ်ပစ်သည့် တပ်သားများကိုလည်း အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းပြော သည်ဟု စိုင်းဦးခမ်း က ထပ်ပြောသည်။

“ဆိုင်ကယ်ကိုတားတာ မရပ်လို့မိုးပေါ်ထောင်ပစ်တယ်ပြောတယ်။ သေနတ်သံ ၅ ချက် ကျော် ၁၀ ချက်နီးပါးရှိတယ်။ ကျနော့အိမ်ကို ၃ ချက်ထိတယ်။ လူအိပ်ချိန်မို့လို့တော်သေးတယ်”ဟု ကျည်ထိမှန်သည့် အိမ်ပိုင်ရှင် စိုင်းကျော်ခိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။ ထို့အပြင် တန်ဖိုးကြီးသည့် ပစ္စည်းများ ပျက်စီးပါကလည်းလျော်ပေးမည်ဟု တပ်ကပြော ဆိုကြောင်းလည်း စိုင်းကျော်ခိုင် က ပြောသည်။“ တန်ဖိုးကြီးပျက်စီးတာ ရှိရင် လျော်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် လူ တယောက်ယောက်ကို ထိသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးဝင်လာတယ်။ စိုးရိမ်စရာပါ။ နောက်နောင်ဒီလိုမျိုး မဖြစ်ဖို့ပဲ လိုပါတယ် ” ဟု စိုင်းကျော်ခိုင် က တောင်းဆိုလိုက်သည်။

လုံခြုံရေးအရ ဆိုင်ကယ်တားသည်ကို မရပ်သည့်အတွက် သေနတ်ပစ်ရသည့် အကြောင်းပြချက်မဖြစ်သင့်ကြောင်း၊ နောက် နောင် အရပ်သားနေထိုင်သည့် နေအိမ်ဘက်သို့ သေနတ်မပစ်ရန် တောင်းဆိုချင်ကြောင်း ကျည်ထိမှန်သည့် နေအိမ်တွင်နေ ထိုင်သူများက ပြောသည်။ https://burmese.shannews.org/archives/17000

**************

၉။        ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ တောင်းဆို

June 8, 2020

လာမယ့် နိုဝင်ဘာလမှာ အထွေထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ကြေညာထားတာနဲ့ ပတ်သက်လို့ ဆွေးနွေးလိုကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီက ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆို လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုပါက ပြည်နယ်အခြေစိုက်ဖွင့်လှစ်ထားတဲ့ပါတီတွေနဲ့ အကြို ဆွေး နွေးဖို့ လိုအပ်တယ်လို့ ကချင်အမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ‌ဒေါက်တာ M- ကောန်လက ပြောပါတယ်။“ဒီရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်နယ်တိုင်းက သက်ဆိုင်ရာ ဒေသအလိုက်က  ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေက အကောင်အထည်ဖော်တယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ တချို့ကျတော့ ဗဟို က လိုအပ်တဲ့ဟာကို ညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပေမယ့် တချို့ကျတော့ ပြည်နယ်တိုင်းကနေပြီးတော့မှ သူ့လိုအပ်ချက် အရ သူပြန်ပြီးတော့မှ စာရင်းအချက်အလက်တွေကို ပေးပို့ရတာရှိတယ်။ အဲလို ကိစ္စတွေမှာ ကျနော်တို့စကားပြောဖို့ လို တယ်လို့ ကျနော်တို့ ယူဆတယ်ပေါ့နော်”ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်အတွင်းက ပါတီအား လုံးနဲ့ ဆွေးနွေးစေလိုကြောင်းနဲ့ ကျန်တဲ့ပါတီကို မခေါ်ရင်လည်း ကချင်အမျိုးသားကွန်ဂရက်ပါတီနဲ့ အချက် ၅ ချက် ဆွေးနွေး လိုကြောင်းလည်း စာမှာ ဖော်ပြပါတယ်။

ဆွေးနွေးလိုတဲ့အချက် ၅ ချက်ကတော့ ရက်ပေါင်း ၉၀ နေထိုင်သူများ သက်ဆိုင်ရာ ရောက်ရှိတဲ့ဒေသမှာ မဲပေးမယ့်ကိစ္စ လူဦးရေစာရင်းကောက်ယူပုံ၊ ဝေးလံခေါင်ဖျားနေတဲ့ ဒေသခံနိုင်ငံသားတွေကို၏ မဲပေးခွင့်ရရေးနဲ့ မဲဆန္ဒနယ်တိုးချဲ့သတ်မှတ် ရေးကိစ္စ၊ ကိုယ်စားလောင်းများ လိုက်နာရမယ့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်ကိစ္စ၊ ကြိုတင်မဲ သတ်မှတ်ပုံကိစ္စနဲ့ ဧည့်နိုင်ငံ သားများကို ပါဝင်မဲပေးခွင့် သတ်မှတ်တဲ့ကိစ္စတွေကို ဆွေးနွေးလိုကြောင်း စာမှာဖော်ပြထားပါတယ်။ အလားတူ မဲပေးနိုင်သူ အရည်အချင်း သတ်မှတ်ခြင်းမှာ ဧည့်နိုင်ငံသားတွေကို ပါဝင်မဲပေးခွင့် သတ်မှတ်ထားတဲ့အတွက် ဧည့်နိုင်ငံသားဆိုတာ ဘယ် လို လူမျိုးလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ကြောင်းလည်းပြောပါတယ်။ အဆိုပါအိတ်ဖွင့်ပေးစာကို ဒီကနေ့မနက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကိုသွားရောက်ပေးဖို့ထားပြီးအကြောင်းမပြန်သေးကြောင်းလည်း  ဒေါက်တာ M-ကောန်လ က ပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလအတွင်းမှာပဲ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က  ဇွန်လ ၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကျင်းပ မယ့် ရက်ကို  ပုံမှန်အတိုင်း ၄ လကြိုတင် ကြေညာသွားမယ်လို့ ပြောပါတယ်။ http://burmese.dvb.no/archives/393127

*************

၁၀။      တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးအပ်

June 8, 2020

ကပ်ရောဂါဘေးကာလမှာ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကို ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီက ဇွန်လ ၈ ရက်မှာ  စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးအပ်ပါ တယ်။

အန်စီအေ လက်မှတ် ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နဲ့ PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)တို့ကို ထောက်ပံ့ပေးခဲ့တာပါ။ RCSS အနေနဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပြည်သူအယောက် ၆၀ဝဝဝ ကျော်ကို ကျန်းမာရေး စစ်ဆေးပေးခဲ့သလို သံသယလူနာ မတွေ့ရှိဘူး လို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း ပြည်သူတွေကို ထောက်ပံ့မှုပြုလုပ်တဲ့နေရာမှာ တပ်မတော်နဲ့ နားလည်မှုလွဲပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ  ဒုဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။

PNO အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အနေနဲ့လည်း ကပ်ဘေးကာလမှာ ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးမှုတွေ အတော်များများလုပ်ခဲ့တယ်လို့ PNO အသွင်ပြောင်းပြည်သူ့စစ် ဒုကွပ်ကဲရေးမှူး ဗိုလ်မှူး အောင်သန်းက ပြောပါတယ်။ တိုင်းရင်းသားနက်ကိုင်တစ်ဖွဲ့ကို  ဆန် ၂၄ ပြည်အိတ် ၃၀ဝ စီ၊ ဆီ ၁၀ ပိဿာပုံး ၃၀ စီ ထောက်ပံ့ခဲ့ပါတယ်။ http://burmes e.dvb.no/archives/393063

***************

၁၁။      ကျောက်ဖြူဒေသခံ သားအဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား

June 5, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းအုပ်စုမှာနေထိုင်တဲ့ အသက် ၈၁ နှစ်အရွယ် ဦးဝေကျန်အောင်နဲ့ အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်ညိုတို့ သားဖနှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက အေအေ အဖွဲ့ကဖမ်းဆီးသွားတာ ဖြစ် တယ်လို့ မိသားစုက RFA ကိုဒီနေ့ပြောပါတယ်။ သူတို့နှစ်ဦးဟာ ဇွန်လ ၁ ရက်နေ့ညနေက ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကမ်းခြေဘက်ကို ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားတာလို့ ဦးမောင်မောင်ညို ရဲ့ ဇနီး ဒေါ်သန္တာငြိမ်းက ပြောပါတယ်။“တနင်္လာနေ့ ညနေ ၄ နာရီလောက်မှာ အိမ်ကထွက်သွားပါတယ်။ အိမ်ကို ပြန်မရောက်ဘူး။ ည ၆ နာရီ ထိုး ပေမယ့် မရောက်၊ ၈ နာရီ လောက်မှာလည်း မရောက်၊ ၉ နာရီလောက်မှာတော့ ကျွန်မတို့ လိုက်ရှာကြပါတယ်။ အဲလို လိုက် ရှာတဲ့အခါမှာ ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်ရယ်၊ သူ့အဖေမှာပါသွားတဲ့ ဓားနဲ့ ခမောက်ကိုပဲ တွေ့တော့တယ်” ဦးဝေကျန်အောင်ရဲ့သား၊ ဦးမောင်မောင်ညိုရဲ့ အစ်ကိုဖြစ်သူ ဦးဇင်း ဦးဝဇီရာဝုဓ က အေအေက ဖမ်းသွားတယ်ဆိုတဲ့ သက် သေ တွေ ရထားတယ်လို့ မိန့်ပါတယ်။

ဖမ်းဆီးခံရတဲ့ အသက် ၈၀ ကျော်အရွယ် ဦးဝေကျန်အောင်ဟာ ဇင်ချောင်းအုပ်စု ကုန်ဘောင်ကြီးရွာမှာ အခြေချနေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးအလုပ်ကို လုပ်ကိုင်နေသူပါ။ သူနဲ့အတူဖမ်းဆီးခံရတဲ့သားဖြစ်သူ ဦးမောင်မောင်ညိုကတော့ ကျောက်ဖြူ မြို့ ဓညဝတီရေတပ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပင်စင်ယူပြီးတော့ ရန်ကုန်မှာ သွားရောက်အလုပ်လုပ်နေသူပါ။ ဇနီးဖြစ်သူ ဒေါ်သန္တာငြိမ်းက သူတို့ နှစ်ဦးစလုံးဟာ ရိုးရိုးသားသား လုပ်ကိုင်စား သောက်နေသူတွေ ဖြစ်တာကြောင့် ကျန်းကျန်းမာမာနဲ့ ပြန်လည်လွတ်မြောက် လာစေချင်တယ်လို့ ပြောပါတယ်။”ဦးဝေကျန်အောင်နဲ့ ဦးမောင်မောင်ညို တို့သားဖနှစ်ဦးကို အေအေ အဖွဲ့က ဖမ်းသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက် ရနိုင်ဖို့အတွက် မျက်မြင်တွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့ ဦးမောင်မောင်ညိုရဲ့ဇနီး ဒေါ်သန္တာငြိမ်းက ဖမ်းဆီးခံတဲ့ကိစ္စအပေါ် ဇင်ချောင်းနယ်မြေရဲစခန်းမှာ အသိပေးထား ပေမယ့် အမှုဖွင့်ထားတာ မရှိဘူးလို့ ပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရက္ခိုင့် တပ်တော်အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အမာခံတွေ၊ သတင်းပေးတွေ၊ ရိက္ခာထောက်ပံ့ ပေးပို့နေသူတွေ၊ မြန်မာ့တပ်မတော် ရဲ့ စစ်ဆင်ရေးကို အထောက်အကူပြုနေသူတွေကို ရံဖန်ရံခါ ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိပြီး အပြစ်မရှိသူတွေကို လုံခြုံ စိတ်ချရတဲ့ အခြေအနေနဲ့ သင့်တော်တဲ့အချိန်မှာ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ရေး ကာလအတွင်း မသင်္ကာလို့ ဖမ်းဆီးခံရမှုတွေကို တပ်မတော်ရော၊ အေအေပါ နှစ်ဘက်စလုံးက လုပ် ဆောင်နေတာပါ။ အဲဒီ လို ဖမ်းဆီးခံရရင်း  ပြန်လည်လွတ်မြောက်လာသူတွေရှိသလို စစ်ကြောရေးမှာလက်လွန်ပြီး သေဆုံးသွားတာတွေ၊ ဘာ သတင်း အစအနမှ မရတော့ဘဲ ပျောက်ဆုံး သွားတာတွေလည်း ရှိနေပါတယ်။ https://www.rfa.org/b urmese/ne ws/father-and-son-arrested-by-aa-in-kyaukphyu-06052020083219.html

***************

၁၂။      စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက်ဆမီးမြို့တွင် ကျောင်းဆောင်သစ်  ၂  လုံး စတင်ဆောက်လုပ်

June 6, 2020

စစ်ဘေးရှောင်ကျောင်းသူ/သားများအတွက် ဆမီးမြို့တွင် ကျောင်းဆောင်သစ် ၂ လုံး စတင်ဆောက်လုပ်နေကြောင်း ချင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူစည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဒုက္ခသည် တွေက တိုးလာသလို ကျောင်းသူ ကျောင်းသား အရေအတွက်လည်း တိုးလာတယ် ဆမီးမှာဆိုရင် ကျောင်းသူကျောင်းသား ဦးရေ ၇၅၀ လောက်တိုးလာတယ် အဲဒီအတွက်ကို မနက်ပိုင်းဖွင့်တဲ့ကျောင်း ညနေပိုင်းဖွင့်တဲ့ကျောင်း မနက်ပိုင်းကို တစ်ဝက် တက်၊ ညနေပိုင်းကို တစ်ဝတ်တက်၊ဒီလိုစနစ်တွေ သုံးဖို့ ဆွေးနွေးထားတယ် အဲလိုလုပ်လို့ အဆင်ပြေရင် ပရိဘောဂနဲ့ ကျောင်းဆောင် သက်သာသွားမယ်။ ပေ ၈၀ ပေ ၃၀ ကျောင်းဆောင်တွေ ဆောက်လုပ်ဖို့ ဆမီးမှာတော့ ခိုင်းလိုက်ပြီ သစ်တိုင် သွပ်မိုးနဲ့ အကာတော့ ဝါးထရံနဲ့လုပ်မှာဖြစ်တယ် အဲလို ၂ လုံး ဆောက်ခိုင်းထားလိုက်တယ်”ဟုပြောသည်။

ပလက်ဝမြို့၊ ဆမီးမြို့၊ မီးဇာရွာနှင့် ကင်ချောင်းဝရွာတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် များပြားလာသလို ကျောင်းသူ ကျောင်း သားဦးရေမှာလည်း များပြားလာသောကြောင့် ကျောင်းဖွင့်ချိန်တွင် အချိန်မှီကျောင်းများ ဖွင့်လှစ်နိုင်ရန် ကျောင်းဆောင်များ ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ဆမီးတစ်ခုထဲမှာတင် အခုနာမည်စာရင်း ကောက်ယူထားတာက ၇၅၀ ဝန်းကျင်လောက်ရှိတယ် ပလက်ဝမှာတော့ အခုလုပ်လို့မရသေးဘူး ပစ္စည်းတွေ ဝယ်လို့လည်း မရဘူး ပို့လို့လည်း မရသေးဘူး အဲဒါကြောင့် ဆမီးမှာစလုပ်နေတယ်”ဟုပြောသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝ ဦးရှိကြောင်း နှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ အိမ်ထောင်စု ရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ ဦး ရှိကြောင်း ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ RRCCI ၏ ထုတ်ပြန်ချက်အရ သိရသည်။ https://www.bnionline.net/mm/news-73263

*************

၁၃။      ထိတွေ့မှုများကို အတတ်နိုင်ဆုံး ရှောင်ရှားရန် တပ်တွင်း ညွှန်ကြားချက်ထုတ်ထားဟု KNLA စစ်ဦးစီးချုပ်ပြော

June 8, 2020

အစိုးရ တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားစေသည့် ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ရှားရန် တပ်တွင်းညွှန် ကြား ချက်ထုတ်ထားကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ်ထိုးထား သည့် KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

လတ်တလော KNU နယ်မြေဒေသများတွင် အစိုးရ စစ်တပ်၏ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်ဖွဲ့ဝင်များ အကြား နယ်မြေကျူးကျော်မှု အကြောင်းပြချက်များဖြင့် ပဋိပက္ခနှင့် ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုများ ပိုမိုဖြစ်ပွား လာခြင်းကြောင့် ယခုလို ညွှန်ကြားချက် ထုတ်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး စောဂျော်နီက ယခုလိုပြောသည်။ ၎င်းက “အခု ကျနော်တို့ လူ တွေကို ညွှန်ကြားထားပြီးပြီ။ ကိုယ့်နေရာနဲ့ ကိုယ်နေပြီး နယ်မြေကျူးကျော်တာမျိုး မဟုတ်ရင် ဘာမှမလုပ်ဖို့နဲ့ တကယ်လို့ နယ်မြေကျူးကျော်လာတာမျိုးဖြစ်ရင်လည်း ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတာကိုပေါ့။ အခုဆိုရင် ကျနော်ထင်တယ် နောက်တစ်ပတ် နှစ်ပတ်လောက်ဆိုရင်တော့ အဆင်ပြေသွားမှာပါ” ယနေ့ ကေအိုင်စီသို့ပြောသည်။ ပြီးခဲ့သည့် လများမှစ၍ ယခုဇွန်လဆန်းပိုင်းအထိ KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်မတော်တို့အကြား ထိတွေ့မှု ၊ ပစ်ခတ်မှုများ ပုံမှန်ပြန်ဖြစ်လာခြင်းနှင့်ပတ်သက်ပြီး ကေအိုင်စီ-ကရင်သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှု အပေါ် ယခုလိုပြန်လည်ပြော ကြားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် KNU လက်အောက်ခံတပ်များနှင့် အစိုးရစစ်တပ်အကြား မကြာ ခဏ ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိပြီး တစ်ဖက်နှင့် တစ်ဖက်သတ်မှတ်နယ် မြေကျူးကျော်ခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည် ဟု သက်ဆိုင်ရာနှစ်ဖက်တပ်များက ပစ်ခတ်မှုဖြစ်စဉ်များအပြီး ထုတ်ဖော်ပြောလေ့ရှိသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် ယနေ့အချိန်ထိ နယ်မြေပိုင်းခြားသတ်မှတ်ခြင်းကို ဆွေးနွေးနိုင်ခြင်းမရှိ သေးကြောင်းသိရသည်။ အလား တူ မြန်မာ့တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်အကောင်းယူပြီး ၎င်းတို့ နယ်မြေထဲတွင် တပ်စခန်းနှင့် တပ် အင်အားတိုးချဲ့မှုများ ယခင်နှစ်များထက် နှစ်ဆဖြည့်တင်းခြင်းများ ပြုလုပ်လာကြောင်း ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ က KNU ဗဟိုက သဘောထားထုတ်ပြန်ထားပြီး တပ်မတော်စစ်ကြောင်းများမှ ရန်လိုသည့် ပုံစံပိုမိုပြသလာခြင်းကြောင့် အောက် ခြေတွင် ထိတွေ့မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ယခုဇွန်လဆန်းပိုင်းတွင်လည်း KNU တပ်မဟာ (၅) နှင့် တပ်မဟာ(၇) ဒေသတို့တွင် အစိုးရတပ်မတော်နှင့် KNLA တပ်ဖွဲ့ ဝင်များအကြား ပစ်ခတ်မှု ၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဇွန်လ ၂ရက်နေ့ ပစ်ခတ်မှု ဖြစ်စဉ်တွင် ဒေသခံ ရွာသား ၂ ဦး လက်နက်ကြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဇွန်လ ၄ရက်နေ့တွင်လည်း KNU ဖာပွန်ခရိုင်ဒေသရှိ သောလယ်ထ နှင့် ဖားအံခရိုင်ဒေသရှိ သူမွဲထ ဒေသတို့တွင် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။ နယ်မြေသတ်မှတ်ကျူးကျော်မှု အကြောင်း ပြချက်ဖြင့် ဖြစ်ပွားသည့် ထိတွေ့ပစ်ခတ်မှုများအပြင် လတ်တလော ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကာလအတွင်း KNU ၏ ကာကွယ်ရေးလုပ်ငန်းစဉ်များကို တပ်မတော်ဘက်မှ နှောင့်ယှက်ဟန့်တားမှုများနှင့် ကျန်းမာရေး စစ်ဆေးရေး ဂိတ် များဝင်ရောက်ဖျက်ဆီးမှုကြောင့်လည်း နှစ်ဖက် ပဋိပက္ခများ ဖြစ်ပွားခဲ့သေးသည်။ http://kicnews.org/2020/06/%e1%8 0%91%e1%80%ad%e1%80%b1%e1%80%90%e1%80%bc%e1%

**************

၁၄။      မွန်ညီညွတ်ရေးပါတီ ကိုယ်စားလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများ သက်ဆိုင်ရာမြို့နယ်ပါတီရုံးသို့ စာရင်းပေးသွင်း ရမည်

June 8, 2020

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလောင်းများအဖြစ် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ မိမိတို့မြို့နယ် ပါတီရုံးအသီးသီးသို့ သတ်မှတ်လျှောက်လွှာပုံစံဖြင့် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း MUP တွဲ ဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာနှင့် ကိုယ်စားလှယ်လောင်းများအရည်အချင်း သတ်မှတ်ရေးနှင့် ပတ်သက်၍ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မော်လမြိုင်မြ ို့၌ (ဇွန် ၇ ရက်နေ့)က ကျင်းပ၍ ဗဟိုကော်မတီဝင်များမှ တင်ပြချက်များအား အတည်ပြုခဲ့ခြင်းဖြစ်သည်။“ရွေးကောက်ပွဲဝင်လိုတဲ့ အမတ်လောင်းတွေအနေနဲ့ အရင်ဦးဆုံး ကိုယ့်မြို့ နယ်မှာရှိတဲ့ MUP ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့ထံကို လာရောက်စာရင်းပေးသွင်းလျှောက်ထားရပါမယ်၊ အဲဒီ ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုသူတွေကို သတ်မှတ်ရက်တွေမှာ မြို့နယ်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ပြီးတော့ ဗဟိုကိုဆက်လက်တင်ပြပါမယ်” ဟု နိုင်လယိတမက ဆိုသည်။

MUP ကိုယ်စားလှယ်လောင်း အဆိုပြုလျှောက်လွှာတစ်စောင်အတွက် ငွေကျပ်တစ်သိန်းပေးသွင်းရမည်ဖြစ်ပြီး ကိုယ်စား လှယ်လောင်း အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်ရှိသည့်အနက် အဓိကအားဖြင့် ဒေသခံ (သို့မဟုတ်) ဒေသတွင်းနေ ထိုင်သူ (သို့မဟုတ်)ဇာတိမွေးရပ်မြေမှ ပါတီဝင်ဖြစ်ရမည်ဟု ကိုယ်စားလှယ်လောင်းအရည်အချင်း (Criteria of Candidate) သတ်မှတ်ချက်တွင် ဖော်ပြထားသည်။ နိုင်လယိတမက “မြို့နယ်အသီးသီးက ရွေးချယ်လာတဲ့ သူတို့ကိုယ်စားလှယ်လောင်း တွေကို ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဗဟိုကိုတင်ပြရပါမယ်၊ အဲဒီမြို့နယ် ကိုယ်စားလှယ်လောင်းတွေကို ဗဟိုကနေ တစ်ဦးချင်းစီရဲ့အရည်အချင်းတွေကို စိစစ်သုံးသပ်ဆုံးဖြတ်ပါလိမ့်မယ်”ဟု ပြောသည်။

မွန်အမျိုးသမီးအစည်းအရုံး MWO အဖွဲ့ဝင် မိစားယားပိုင်က “ပြည်သူတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည် အချင်း ကိုပဲကြည့်မယ်၊ ပြောချင်တာက ကိုယ်စားလှယ်လောင်းတစ်ဦးဟာ သူလုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်မှုရှိ ရမယ်၊ ဥပမာ – ဒီဒေသမှာတာဝန်ယူထားတယ်ဆိုရင်၊ ဒေသခံတွေက ဘာကိုလိုအပ်နေသလဲ သိထားရမယ်၊ နောက်တစ်ခု က နိုင်ငံရေးလုပ်ငန်းတွေမှာ ဘယ်လောက်အထိကျွမ်းကျင်မှုရှိသလဲဆိုတာ မိမိကိုယ်ကို သုံးသပ်နိုင်စွမ်းရှိရမယ်”ဟု ဆို သည်။ လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်ကြမည့် MUP ကိုယ်စားလှယ်လောင်းများတွင် လူငယ်နှင့် အမျိုးသမီးများကို အဓိက ဦးစားပေးရွေးချယ်သွားမည်ဟုလည်း သိရသည်။

မွန်ပြည်နယ်တွင် အမျိုးသားလွှတ်တော် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ၁၀ ဦး၊ ပြည်နယ်လွှတ်တော် ၂၀ ဦးတို့အပြင် ဗမာ၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးများအတွက်ပါ မဲဆန္ဒနေရာသတ်မှတ်ပေးထားပြီး လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP , မွန်ညီညွတ်ရေးပါတီတို့ အဓိက ယှဉ်ပြိုင်သွားရမည့်အနေအထားတွင် တွေ့ရှိရကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။ http://burmese.monn ews.org/2020/0 6/08/%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%

**************

၁၅။      ဖမ်းဆီးစစ်ဆေး ပြန်လွှတ်ပေးပြီးနောက် ၃ ရက်အကြာ ဒေါ်စိန်မြဦးသေဆုံးမှု AA နှင့်မသက်ဆိုင်ဟု ထုတ်ပြန်မှု                         တာဝန်မဲ့ဟု ချင်းအမျိုးသမီးကွန်ရက် ဝေဖန်

June 8, 2020

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာက ဒေါ်စိန်မြဦးကို AA က တစ်လကျော်ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးပြီး နောက် ၃ ရက်အကြာ သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး AA က ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းထုတ်ပြန်ခြင်းသည် တာဝန်မဲ့ရာရောက်ကြောင်း ချင်းအမျိုးသမီးကွန်ရက်မှ အဖွဲ့ဝင် ဒေါ်ခင်ဝင်းရီကပြောဆိုသည်။

AA က ဇွန်လ ၄ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် မင်းပြားမြို့နယ် သိုင်းကျပ်ကျေးရွာ သူ ဒေါ်စိန်မြဦး အသက် ၅၁ နှစ် မင်းပြားပြည်သူ့ ဆေးရုံတွင် သေဆုံးမှုသည် ၎င်းတို့နှင့်မပတ်သက်ကြောင်း၊ ဧပြီလ ၂၇ ရက် နေ့က ဒေါ်စိန်မြဦး နှင့်အတူ ဦးယောင်ဇာ၊ ဦးမောင်စိန်ဖြူ၊ ဦးစိန်ဝင်းကြိုင် တို့ကို ရာမောင်တံတားထိပ် စခန်းချ တပ်စွဲထား သော မြန်မာ့တပ်မတော်၏ စစ်သင်္ဘောသို့ ရိက္ခာပေးပို့နေသည့်အတွက် ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ ခေါ်ယူစစ်ဆေးစဉ် နှိပ်စက်ညှဉ်းပန်းမှု မလုပ်ဆောင်ခဲ့ကြောင်း၊ ဒေါ်စိန်မြဦးသည် နဂိုရှိရင်းစွဲ နှလုံးရောဂါနှင့် စိတ်ကျန်းမာရေး အားနည်းသော ရောဂါ အခံပါရှိလာကြောင်း၊ မေလ ၃၁ ရက်နေ့တွင် ဒေါ်စိန်မြဦးနှင့် အမျိုးသား ၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံတွင် ဒေါ်စိန်မြဦး သေဆုံးသွားခဲ့ပြီး သေဆုံးမှုသည် AA နှင့် မသက်ဆိုင် ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“သူတို့တာဝန်မဲ့တဲ့ ကြေညာချက်ထုတ်ပြန်ခြင်းအပေါ်မှာ ကျွန်မတို့က တုံ့ပြန်တဲ့အနေနဲ့ ကြေညာချက် ပြန်ထုတ်တာဖြစ် တယ်။ “တစ်လကျော်ကြာ ထိန်းသိမ်းထားတဲ့အရာမျိုး ပြီးတော့ အညိုအမဲတွေစွဲတဲ့ အရာမျိုးက သူတို့နဲ့ လုံးဝ မဆိုင်ပါဘူး ဆိုတဲ့အရာမျိုး AA ကဖမ်ပြီးတော့မှ လုံးဝမိသားစုနဲ့တောင်မတွေ့ရဘူး။ နောက်မှမိသားစုတွေသိရတယ်။ မိသားစုတွေ ရောက် လာတဲ့အချိန်မှာ မိသားစုတွေကို ကြောက်တယ်။ နဂိုစိတ်တွေ လုံးဝမရှိတော့ဘူး။ လူတွေကိုကြောက်တယ်။ ဘာမှမသိတော့ ဘူး။ ဘာမှ မပြောနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဆိုတော့ ဘယ်လောက်အထိ သူအကြမ်းဖက်ခံရပြီလဲ။ AA ကမဖမ်းရင် ဒီလိုတွေ ဒေါ်စိန်မြဦး ဖြစ်စရာ ဘာအကြောင်းမှမရှိဘူး” ဟု ဒေါ်ခင်ဝင်းရီကပြောဆိုသည်။

ချင်းအမျိုးသမီးကွန်ရက်က AA ၏ ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇွန်လ ၆ ရက်နေ့တွင် ကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ချင်းအမျိုးသမီးကွန်ရက်၏ ထုတ်ပြန်ချက်တွင် AA က ဒေါ်စိန်မြဦးကို ဧပြီလ ၂၇ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ၁ လ ကျော်ကြာ ထိန်းသိမ်းထားခဲ့ကြောင်း၊ ဒေါ်စိန်မြဦး ပြန်လည်လွတ်မြောက်လာချိန်တွင် မူလသာမန်စိတ်နေစိတ်ထား ပျောက် သွားသည့်အပြင် အသက်ရှုလမ်းကြောင်းများ ပုံမမှန်ခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ခြောက်ခြားခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာများ ထိခိုက်နေခဲ့ကြောင်း၊ လက်ကောက်ဝတ်နှစ်ဖက်စလုံးနှင့် နောက်ကျောဘက်တွင် အညိုအမည်းများ စွဲနေကာ ခြေထောက်နှစ်ဖက်စလုံးတွင်လည်း ဒဏ်ရာများရှိနေခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ကြောင်း၊ AA ၏ ထုတ်ပြန် ချက်ကို ရှုတ်ချကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နောက်နောက် တွင် မပြုလုပ်ရန်နှင့် တိုက်ပွဲများအတွင်း အမျိုးသမီးများနှင့်ပတ်သက်၍ တပ်ဖွဲ့များက ကျင့်သုံးရန် ထုတ်ပြန်ထားသည့် UN Security Resolution 135 ပါ အချက်ကို လိုက်နာကျင့်သုံးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။ https://www.khi tthitnews.com/2020/06/%e1% 80%96%e1%80%99%e1%80%ba%e1%80%b8%e1%80

**************

၁၆။      ကွိုင်ငံရေထွက်ပေါက် ချောင်းနံရံတွေ မြေပြိုမှုဖြစ်ပွား

June 6, 2020

ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းမှာရှိတဲ့ ကွိုင်ငံရေထွက်ပေါက် ချောင်းတစ်လျှောက် သစ်ပင်တွေကြီး တွေ လှဲဖြိုခံလိုက်ရတဲ့အတွက် ချောင်းဘေးတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“ဒီချောင်းရဲ့ဘေးမှာရှိနေတဲ့ သစ်ပစ်တွေအားလုံးကို ဖြိုလိုက်တဲ့ခါကျတော့ အဲ့ဒီချောင်းနံဘေးမှာရှိတဲ့ နံရံတွေပေါ့နော် နံရံ တွေကလည်း ဒါကံပြိုနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါက ကျတော်တို့လက်တွေ့ပေါ့နော် ဒီနေရာဟာဆိုရင် ဒီလိုမျိုးပြိုစရာ အ ကြောင်းကိုမရှိဘူး။ ဒီသစ်ပင်ကို မဖြိုဘူးဆိုလို့ရှိရင် ဒီမြေက ပြိုစရာအကြောင်းလဲမရှိဘူး။ ဒီသစ်ပင်တွေကို ဖြိုလိုက်တဲ့ ခါကျတော့ မြေကြီးကိုစွဲထားတဲ့ သစ်ပင်အမြစ်တွေက မရှိတော့တဲ့ ခါကျတော့ အဲ့ဒါပြိုတယ်လို့ ဒါကျတော်တစ်ယောက် အနေနဲ့ ကျတော်ရဲ့အမြင်နဲ့ဒါ သုံးသပ်တာပေါ့နော်။”လို့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။

ချောင်းဘေးကနေ တူးဖော်ထားတဲ့ အပင်ကြီးတွေကို အချို့ကိုတော့ တူးဖော်တဲ့ လူတွေက ပြန်လည်ရှင်းလင်းပေးခဲ့ပေမဲ့လဲ အချို့အပင်ကြီးတွေက ဒေသခံတွေရဲ့လယ်ယာမြေတွေနားက အပင်ကြီးတွေကို လယ်မြေပိုင်ဆိုင်တဲ့ သူတွေကပြန်လည် ရှင်းလင်းရတဲ့အတွက်ကြောင့် ရှင်းလင်းဖို့အတွက် အခက်အခဲရှိနေတယ်လို့ ကွိုင်ငံရွာဟောင်းမှာနေထိုင်တဲ့ ကိုခွန်းလေဘီဦး က ပြောပါတယ်။ “အဲ့ဒီလှဲထားတဲ့ သစ်ပင်အကြီးတွေပေါ့နော သစ်ပင်အကြီးတွေလဲ ပြန်မရှင်းပေးဘူးပေါ့နော်။ လယ်သမား တွေလဲ ကိုယ့်ဟာကို ပြန်သန့်ရှင်းရေးလုပ်ရတာတအားခက်တယ်။ အချိန်တွေလည်း တစ်အားကုန်တဲ့ခါကျတော့ ကျတော်တို့ ရှုံးဆုံးသွားတဲ့ ကျတော်တို့သဘာဝသယံဇာတတွေ၊ သစ်ပင်ကြီးတွေ ဒီဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဘယ်လိုမျိုးပြန်လုပ် ပေးနိုင်မလဲပေါ့နော် အဲ့လိုမျိုးကျတော် မေးချင်ပါတယ်။”လို့ ပြောပါတယ်။

၂၀၂၀၊ ဇွန်လ ၃ ရက်နေ့မှာ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကွိုင်ငံရွာ က ဒေသခံတွေနဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့အပေါ်မှာ ဒေသခံတွေက အခုလိုတင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံ တွေက ချောင်းဘေးမှာရှိနေတဲ့ သစ်ပင်ကြီးကို လဲလိုက်တဲ့အတွက်ကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်လာတဲ့အပေါ်မှာ သစ်ပင် တွေကို ပြန်လည်အစားထိုးစိုက်ပျိုးပေးဖို့ တောင်းဆိုတာတွေ ရှိနေတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

ကွိုင်ငံရေထွက်ပေါက်ကနေ ရေသွယ်တဲ့ချောင်းတူးဖော်တဲ့ အခါမှာ ဒေသခံတွေရဲ့လယ်ယာမြေ အချို့နဲ့ချောင်းဘေးမှာရှိတဲ့ သစ်ပင်ကြီးတွေ ပျက်စီးသွားတဲ့အတွက် လတ်တလောမှာ ချောင်းပေါင်တွေကနေ မြေပြိုမှုတွေ ဖြစ်ပေါ်နေပါတယ်။ အဆိုပါ မြေပြိုမှုတွေထပ်ပြီးတော့ မဖြစ်ဖို့အတွက် ဒေသခံတွေကချောင်းဘေးမှာ သစ်ပင်တွေပြန်လည်စိုက်ပျိုးပေးဖို့အတွက် တောင်း ဆိုနေတာဖြစ်ပါတယ်။ ကွိုင်ငံရေထွက်ပေါက်ကနေ တစ်ခြားရွာတွေကိုရေလွဲပေးဖို့အတွက် ချောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှာ ရေစီးရေလာ ပိုမိုကောင်းမွန်ဖို့အတွက် နကိုယ်ရှိပြီးသား ငူးပလော့ဆည်သို့ သွားတဲ့ချောင်းကို ထပ်မံပြီးတော့ ပြင်ဆင်တူးဖော်ခဲ့တာဖြစ်ပါတယ်။ ရေမြောင်းကိုပြင်ဆင်တူးဖော်တဲ့ အခါမှာ ဒေသခံတွေရဲ့လယ်ယာမြေတွေလဲ တစ်ချို့ တစ်ဝက်က ချောင်းဖော်တဲ့အထဲမှာပါသွားခဲ့တယ်လို့သိရပါတယ်။ https://www.bnionline.net/mm/news-73279

****************

၁၇။      မယုံကြည်မှုနှင့် မသိရှိမှုတို့ကြောင့် မူးယစ်အထူးတိုင်ကြားရေးဌာနသို့ မွန်ပြည်နယ်မှ ပြည်သူများ သတင်းပေး                       တိုင်ကြားခြင်းမရှိ

June 5, 2020

၂၀၂၀ ဇွန်လ (၁) ရက်နေ့တွင် တိုင်ကြားပေးပို့လာသော မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တစ်ခုကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေး ဌာန”သို့ တိုင်ကြားလာခြင်းကြောင့် ဖော်ထုတ်ဖမ်းဆီးခဲ့သည့် မူးယစ်အမှုပေါင်း (၁၈) မှု ကို ဖော်ပြထားရာ မွန်ပြည်နယ်မှ တိုင်ကြားမှုတစ်ခုမှ မပါရှိကြောင်း သိရသည်။“မူးယစ်ဆေးဝါးသုံးစွဲသူအများဆုံးထဲမှာ မွန်ပြည်နယ်က ထိပ်ပိုင်းမှာရှိတယ်။ (အဲဒါကို) ဘာလို့မတိုင်တာလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီတိုင်ကြားရေးလမ်းစဉ်ကို မယုံကြည်လို့ မတိုင်တာပါ” ဟု ရေးမြို့နယ်က တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။ သတင်းပေးပို့တိုင်ကြားသူများ၏ လုံခြုံရေးကို သက်ဆိုင်ရာ အာဏာပိုင်များက အကာအကွယ်မပေးသည့်အပြင် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဖွင့်ဟပြောဆိုခြင်းများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း ၎င်းက ဆက်ပြောပါသည်။

“မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ တိုင်ကြားလာပါက သက်ဆိုင်ရာမြို့နယ်အဆင့်သို့ ပြန်လည်ညွှန် ကြားခြင်းမျိုးမဟုတ်ဘဲ တိုက်ရိုက်ဖမ်းဆီးအရေးယူခြင်း ပြုလုပ်စေလိုကြောင်း မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါသည်။“အထက်ကနေ တိုက်ရိုက်လာဖမ်းတာမဟုတ်ဘဲ အောက်ခြေကိုပဲ ဖမ်းခိုင်းတယ်ဆိုရင်တော့ ထိရောက်မှု မရှိ ဘူးပေါ့”ဟု မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှားသူကပြောပါသည်။ မူးယစ်ပြဿနာနှင့်ပတ်သက်လာပါက “မူးယစ်ဆေးဝါး အထူး သတင်းတိုင်ကြားရေးဌာန”သို့ တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းကို ပြည်သူများသိရှိခြင်းမရှိသေး ကြောင်း မေးမြန်းချက်များအရသိရသည်။“မူးယစ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေမှာ ထိရောက်မှုရှိဖို့ အစိုးရ ဘတ်ဂျက် နဲ့ စီမံချက်လိုမျိုး စနစ်တကျလုပ်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျွန်တော်မြင်တယ်”ဟု မုဒုံမြို့နယ်မှ တက်ကြွလှုပ်ရှား သူက ပြောပါသည်။

မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ သို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါးရောင်း/ဝယ်မှုများကို နိုင်ငံတော် သမ္မတရုံး၏ “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ တိုင်ကြားလိုပါက အော်တိုတယ်လီဖုန်းနံပါတ် ဝ၆၇-၅၉၀ ၂၀ဝ၊ ဖက်စ်ဖုန်းနံပါတ် ဝ၆၇-၅၉၀ ၂၃၃ နှင့် အီးမေးလ်လိပ်စာ antinarcotics@presidentoffice.gov.mm သို့ ရုံးချိန် အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း နိုင်ငံတော်သမ္မတရုံးက အသိပေးထားသည်။ http://burmese.monnew s.org/2020/06/05/%e1%8 0%99%e1%80%9a%e1%80%af%e1%80%b6%e1%

***************

၁၈။      ကျောက်ဖြူမြို့ပေါ်က မူရင်းနေရာတွေ ပြန်ပေးဖို့ ဒုက္ခသည်တွေ တောင်းဆို

June 7, 2020

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခ တွေကြား နေအိမ်တွေမီးရှို့၊ အုပ်စုလိုက် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ရခိုင်ပြည်သူတွေရော မွတ်စလင်တွေပါ အသက် ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြရတဲ့အထဲ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တလုံး ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ အဲဒီက ဒုက္ခသည် တွေဟာ ကျောက်ဖြူမြို့ပေါ်မှာ ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်စီးပွားရေး လုပ်ငန်းတွေနဲ့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြတဲ့ ဒေသခံ တွေဖြစ်ပြီး သူတို့ မူရင်းနေရာတွေမှာ ပြန်နေထိုင်ခွင့်ရဖို့ တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့်လည်း ခုချိန်ထိ တော့ မပြေလည်သေးပါဘူး။ အချင်းချင်းကြားမှာ ဘာပဋိပက္ခမှမရှိဘဲ မြို့ပေါ်မှာ အတူတူ ယှဉ်တွဲနေထိုင်ခဲ့ကြရာကနေ ရုန်းရင်းဆန်ခတ် အခြေအနေတွေ ဖြစ်ချိန်မှာ ဒုက္ခသည်စခန်းထဲ ဘယ်လိုရောက်သွားရ တယ်ဆိုတာကို စနေနေ့က အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုက္ခသည်တဦးဖြစ်သူ ဦးခင်ရွှေက ပြောပြပါတယ်။

နောက် ဒုက္ခသည်တဦးဖြစ်သူ မခင်နီလာဝင်းကလည်း ဒုက္ခသည်စခန်းထဲမှာ အခက်အခဲတွေနဲ့ နေထိုင်နေရတဲ့အကြောင်း ပြောပြပါတယ်။“အရင်က ကျမတို့ ရေလုပ်ငန်းတွေလုပ်တယ်၊ တံငါလုပ်ငန်းတွေလုပ်တယ်။ မြို့ပေါ်ရပ်ကွက်မှာဆို မော်တော်ယာဉ်လုပ်ငန်းတွေ ကုန်စုံဆိုင်တွေ လုပ်ကိုင်တော့ ကျမတို့ အဆင်ပြေချောမွေ့ စားဝတ်နေရေးလည်း အဆင်ပြေခဲ့ ပါတယ်။ အခု ၂၀၁၂ နောက်ပိုင်းမှာဆိုရင် စားဝတ်နေရေးဟာ လုံးဝ ကျပ်ကျပ်တည်းတည်းနဲ့ အခက်အခဲများစွာ ရင်ဆိုင်ရ တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဒီထဲရောက်တဲ့ အချိန်ကျတော့ လူဦးရေက ၁,၅၀ဝ ကျော်လောက်ရှိပါတယ်။ ၁,၅၀ဝ ကျော်လောက်မှာ ၁၂၀ နီးပါး အသက်ဆုံးရှုံးရတယ်။ ကျန်းမာရေးဝန်ထမ်းဆိုတာ မရှိပါ။ ဒီနေရာမှာနေဖို့ဆိုတာ ကျမတို့အတွက် လုံးဝ မသင့်တော်ပါ။ ကျမ အမေတယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကလေးတွေရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်ဆုံးရှုံးရပါတယ်။ အခက်အခဲတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်။”ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေကြား အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့ဘက်က လိုလားချက်တွေကို တင်ပြထားပြီး ဖြစ်တယ်လို့ ကျောက်တလုံး ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ကိုဖြူချေက ပြောပါတယ်။

အစိုးရရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ကြိုဆိုပေမယ့် လက်ရှိ ကျောက်တလုံး ဒုက္ခသည်စခန်းကနေ ရွှေ့ပေးမယ် ဆိုတဲ့ နေရာဟာ ဆားငန်ဒီရေတောကို တာပတ်ပြီး စခန်းပြန်လည်နေရာချထားမှာဖြစ်လို့ လူ့အသိုက်အဝန်းတခု နေသင့်နေ အပ်တဲ့နေရာဒေသ မဟုတ်တဲ့အတွက် ဒုက္ခသည်တွေဘက်က လက်မခံဘဲ မနေလိုကြတာဖြစ်တယ်ဆိုတာကိုလည်း ဒုက္ခ သည်တွေ ဘက်က ရှင်းလင်းပါတယ်။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာတော့ IDP တွေ ကို သူတို့ မူလနေထိုင်နေတဲ့နေရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘော ဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်၊ ဒါ့အပြင် ဂုဏ်သိက္ခာနဲ့ အညီ ပြောင်းရွှေ့နိုင်ရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပြီး အဲဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေ ပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေး ထားပါတယ်။ https://burmese.voanews.com/a/rakhine-refugees-kyauk-phyu/5452622.html

**************

၁၉။      Social distancing ဖြင့် ကရင်ပြည်နယ်ရှိကျောင်းများ ဇူလိုင်လတွင် ဖွင့်လှစ်သွားမည်

June 8, 2020

Covid-19 ကာလ Social distancing စနစ်ဖြင့် ကရင်ပြည်နယ်ရှိ အထက်တန်းအဆင့်(နဝမတန်းနှင့် ဒဿမတန်း) ကျောင်းများ အားလုံးကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးဆောင် ရွက်ရမည့်လုပ်ငန်းအစီအစဉ်အတိုင်းဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်း က ပြောသည်။ ၎င်းက “Social distancing ပဲ။ ၆ ပေ အကွာအဝေးလေကွာ မင်းတို့ကလည်း၊ (နှာခေါင်းစည်း- mask တွေက တော့) ဌာနကလည်းပေးမယ်။ ကျောင်းတွေကလည်း ပြင်ထားတယ်။ လက်ဆေးခုံကတော့ မင်းတို့လှူမှရမယ်” ဟု ကေအိုင်စီသို့ ယနေ့ (ဇွန် ၈ ရက်)တွင် ပြောသည်။

ကရင်ပြည်နယ်ရှိ ကျောင်းများဖွင့်လှစ်သင်ကြားသည့်အခါ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများ အနေ ဖြင့် တစ်ဦး နှင့်တစ်ဦး ၆ ပေအကွာနေကာ လူဦးရေအလိုက် အချိန်ခွဲသင်ကြားသွားနိုင်ရန် စီစဉ်ထားကြောင်း ဦးစိုးဝင်းက ဆက်ပြော သည်။ ထို့အပြင် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ သတ်မှတ်ထားကြောင်းလည်း ကရင်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ အခြေခံပညာအထက်တန်းအဆင့်များ ဖွင့်လှစ် သည့် ဇူလိုင်လ ၂၁ ရက်နေ့နောက်ပိုင်း COVID-19 ရောဂါ ပြန့်ပွားကူးစက်မှု အခြေအနေအရ အလယ်တန်းနှင့်မူလတန်း အဆင့်များကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်ရေး ဆက်လက်အကြောင်းကြား သွားမည်ဟုလည်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားသည်။ http://kicnews.org/2020/06/socialdistancing%e1%80%bb%e1%80%96%e1%80%84%  e1%80%b9%e1%

***************

၂၀။      NLD စစ်တွေခရိုင် ဥက္ကဋ္ဌဌ ပါတီမှ နုတ်ထွက်

June 8, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်မှာ ဇွန်လ ၁ ရက် ရက်စွဲဖြင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်စာ တင်လိုက်ကြောင်း သတင်းရရှိသည်။ ခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်က “ဒီလ ၁ ရက်နေ့ကတည်းက ခရိုင် ဥက္ကဋ္ဌ တာဝန်ကရော၊ ပါတီဝင်အဖြစ်ကပါ နုတ်ထွက်စာတင်လိုက်ပြီ။ နုတ်ထွက်တာကတော့ ကျန်းမာရေးအကြောင်းပြချက်နဲ့ ထွက် လိုက်တာ။ ပါတီ ဗဟိုကိုရော ပြည်နယ်ကိုရော စာပို့လိုက်ပြီ” ဟု ဧရာဝတီသို့ ပြောသည်။ NLD ပါတီ စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် ထုတ်ဝေသည့် ရွှီပြည်ရခိုင် စာစောင်တွင် စာတည်းမှူးအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်သည်။

ပါတီက နုတ်မထွက်မီ မေလ ၁၄ ရက်က ၎င်းမှာ ရွှီပြည်ရခိုင်စာစောင် စာတည်းမှူး အဖြစ်မှ အကြောင်းပြချက် တစုံတရာ မရှိ ဘဲ ရပ်စဲခံလိုက်ပြီး ၎င်းနေရာတွင် NLD ပါတီမှ စစ်တွေမြို့နယ် ဥက္ကဋ္ဌ ဦးစံရွှေကျော်အား အစားထိုးလိုက်ကြောင်းလည်း ပြော ပြသည်။ ဦးသင်္ခါကျော်က “မေလ ၁၄ ရက်က စည်ပင်ဝန်ကြီးရုံးက ဝန်ထမ်းတယောက်က ဖုန်းဆက်တယ်။ ရွွှီပြည်ရခိုင် စာတည်း မှူးနေရာကို လူစားလဲမယ်လို့ ဝန်ကြီးက ပြောတယ်လို့ ပြောတယ်။ အသိပေးတယ်ပေါ့။ ဖြုတ်လိုက်တဲ့ သဘောပဲ။ ဦးလေး က ပြောတယ်။ ဝန်ကြီးကို တချက်မေးလိုက်မယ်ဆိုတော့ သူက ဖုန်းဆက်လို့ရမှာ မဟုတ်ဘူး၊ ကပ်ဘိနက် အစည်း အဝေး ဝင်သွားတယ်လို့ ပြောတယ်။ ဒီကိစ္စတွေက ဝန်ကြီးချုပ် သဘောမတူဘဲ လုပ်လို့မရဘူး။ ကပ်ဘိနက်မှာ အတည်ပြု လိုက်ပြီးတော့ ဦးလေးလည်း ထပ်မမေးတော့ဘူး”ဟု ဆိုသည်။

NLD ပါတီအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် လူထုထောက်ခံမှု ရရှိလာအောင်ကြိုးပမ်းလုပ်ကိုင်နေသော အချိန်တွင် စစ်တွေခရိုင်အတွင်း ပါတီဝင် အချင်းချင်းကြားတွင် သဘောထား ကွဲလွဲမှုတချို့ ဖြစ်ပေါ်နေကြောင်းလည်း ပါတီနှင့်နီးစပ်သူ တချို့ထံမှကြားသိရသည်။ NLD ပါတီမှ စစ်တွေခရိုင် အတွင်းရေးမှူး ဦးကောင်းစံလှ သည်လည်း ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ပါတီတာဝန်မှ နုတ်ထွက်ခဲ့သည်။ ဦးကောင်းစံလှက “ကျနော်က မိသားစုစားဝတ်နေရေးရှိတယ်။ ပါတီတာဝန်ကို ထမ်းဆောင်ဖို့ အခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နုတ်ထွက်လိုက်တာ။ အခု ခရိုင် ဥက္ကဋ္ဌ ထွက် တာနဲ့ ပတ်သက်လို့ ကျနော်ကလည်း ပါတီကနုတ်ထွက်ထားတဲ့ ကြာနေပြီဖြစ်တဲ့အတွက် ပါတီကိစ္စကိုတော့ တစုံတရာ မှတ်ချက် မပေးလိုတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသင်္ခါကျော် ပါတီမှ နုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဧရာဝတီမှ NLD ပါတီမှ ရခိုင်ပြည်နယ် ဒု ဥက္ကဋ္ဌ ဦးစိုးလေးအား ဆက်သွယ်ခဲ့ရာ အစည်းအဝေး လုပ်နေသည့်အတွက် အလုပ်မအားကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။ NLD ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်အား ဆက်သွယ်ခဲ့သော်လည်း အဆိုပါကိစ္စအား ၎င်း အနေဖြင့် မသိရှိသေးကြောင်း တုံ့ပြန် ဖြေကြားသည်။ NLD စစ်တွေခရိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသင်္ခါကျော် အနေဖြင့် ကျန်းမာရေးကိစ္စ အပါအဝင် ပါတီတွင်းတချို့သော ပြဿနာတို့ကြောင့် နုတ်ထွက်ခြင်းဖြစ်ကာ၊ ပါတီ တာဝန် ပြန်လည်ထမ်းဆောင်ရန် ကမ်းလှမ်း ညှိနှိုင်းလာမည်ဆိုလျှင်လည်း မထမ်းဆောင်တော့ရန် ဆုံးဖြတ်ထားပြီး ဖြစ် ကြောင်းလည်း ပြောဆိုသည်။ ဦးသင်္ခါကျော်သည ်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် စစ်တွေမဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သူလည်း ဖြစ်သည်။ https://burma.irrawaddy.com/news/202 0/06/08/224246.html

**************

၂၁။      ကျိုင်းတုံ ကိုဗစ်  Positive  လူနာအားလုံး ဆေးရုံဆင်းခွင့်ရ

June 5, 2020

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ပြည်သူ့ဆေးရုံတွင် positive အတည်ပြုလူနာ မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၅ ရက်နေ့တွင်  လူနာအမှတ် (၁၁၂)သည် ဆေးရုံမှ ဆင်းခွင့်ရပြီးဖြစ်ကြောင်းသိရသည်။“ဒီမနက် (၁၀) နာရီ ကပဲ ဆေးရုံကဆင်းခွင့်ရပြီ။ Home Quarantine ၇ ရက် ထပ်နေရမယ်။”ဟု ကျိုင်းတုံပြည်သူ့ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာလှဌေးမင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အတည်ပြု လူနာအမှတ် (၆၄) သည်လည်း ၂ ကြိမ်ဆက်တိုက် negative ဖြစ်ပြီး ယခုအချိန်တွင်မူ ဆေးရုံ၌ ၁၄ ရက် စောင့် ကြည့်ထားကြောင်း သိရသည်။“ဆေးရုံမှာက Positive လူနာ မရှိတော့ဘူး။ ခုလက်ရှိ ပိုးတွေ့လူနာ တစ်ယောက်ကျန်တယ်။ သူကလည်း Negative ဖြစ်ပြီ။ သူ့ကိုလည်း ၁၄ ရက်စောင့်ကြည့်ပြီး ဆေးရုံက ဆင်းခွင့်ရမယ်။”ဟု ဒေါက်တာလှဌေးမင်း ကပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၃ ဦး တွေ့ရှိပြီး ၂ ဦး ဆေးရုံမှ ဆင်းခွင့်ရကာ ကျန်တဦးသည် Negative ဖြစ်ပေမယ့် ဆေးရုံမှ ၁၄ ရက် စောင့်ကြည့်ထားခြင်းဖြစ်သည်။ ကျိုင်းတုံ ပြည်သူ့ဆေးရုံမှာ သံသယ လူနာ ၈ ဦး ရှိထားကြောင်း သိရသည်။ သျှမ်းပြည်နယ်တွင် အတည်ပြု လူနာ ၂ ဦး ရှိသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်ပြည်သူ့ဆေးရုံမှာ အတည်ပြု လူနာတစ်ဦး နှင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ အတည်ပြု လူနာ တစ်ဦး ရှိသည်။ https://burmese.shannews.org/archives/16975

*************

၂၂။       ဖမ်းဆီးခေါ်ဆောင်ခံရသည့် တောင်ကုတ် ချက်ဖောက်ရွာသား  ၅  ဦး မိသားစုနှင့် အဆက်အသွယ်မရသေးဟုဆို

June 6, 2020

ဇွန် ၁ ရက်နေ့နှင့် ၃ ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ကုတ်မြို့နယ်၊ ချက်ဖောက်ကျေးရွာ သား ၅ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။ ဇွန်လ ၁ ရက်နေ့တွင် ဖမ်းဆီး ခေါ် ဆောင်ခြင်းခံရသူ ၃ ဦးမှာ ချက်ဖောက်ရွာမှ ဦးကံဇော် (၄၄)နှစ်၊ ဦးနိုင်ချေ (၂၆)နှစ် မောင်နိုင်နိုင်လင်း (၁၈) နှစ်တို့ ဖြစ်ကြ သည်။ နောက်ထပ် နှစ်ဦးကို ဇွန် ၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းတို့မှာ ဦးကျော်တင်အောင် (၃၇) နှင့် မောင်ငမိုး (၁၈) နှစ်တို့ ဖြစ်ကြသည်ဟု ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

” ဇွန် ၁ ရက်နေ့ မနက်ပိုင်းက သုံးဘီးနှစ်စီးနှင့် မအီမြို့ကိုဈေးပြုဖို့သွားကြတာ မိန်းမ၊ ယောကျာ်း လူပေါင်း ၃ဝ လောက်ရှိ တယ်။ ဒီရွာကလူတွေက မအီက ဈေးပြုပြီးတော့ စားသောက်နေကြ။ အဲဒီ သုံးဘီးဆိုင်ကယ်နှစ်စီးကိုဖမ်းတယ်။ ဖမ်းပြီးတော့ ရဲစခန်းကိုခေါ်သွားတယ်။ ကျန်တဲ့လူတွေကို ညနေပိုင်းမှာလွှတ်ပေးလိုက်ပြီး သူတို့သုံးယောက်ကို ဖမ်းသွားတယ်။ သူတို့က ဦးကံဇော်၊ ဦးနိုင်ချေနဲ့ မောင်နိုင်နိုင်လင်းတို့ ဖြစ်ကြပါတယ်”ဟု ၎င်းက ပြောသည်။ ဇွန် ၃ ရက်နေ့ မနက်ပိုင်းတွင်လည်း တပ်မတော်စစ်ကြောင်း တစ်ကြောင်း ဝင်ရောက်လာပြီး ရွာသား နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆိုသည်။“ ရွာ ထဲကို ဝင်လာတယ်။ အင်အား တစ်ရာကျော်လောက်ပါတယ်။ ရွာသားတွေက ကြောက်လန့်ပြီး ပုန်းနေကြတယ်။ ဦးကျော်တင်အောင် နှင့် ငမိုးကိုတော့ ရွာမှာတွေ့လို့ သူတို့က ဖမ်းယူသွားတယ်။ သူတို့နှစ်ဦးကို ဘယ်ကိုခေါ်သွားမှန်းတော့ မသိဘူး။ တစ်ရက်နေ့က ဖမ်းသွားတဲ့ သုံးယောက်တော့ မအီရဲစခန်းမှာ ရှိတယ်လို့သိရတယ်” ဟု ပြောသည်။

ထိုသို့ ပထမ ၃ ဦးကို မအီရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု ပြောဆိုသဖြင့် မအီရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ချက်ဖောက်ကျေးရွာမှ ဖမ်းဆီးထားသူ တစ်ယောက်မှ မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးလည်းဖြစ်၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းမြင့်သို့ ဆက် သွယ်ရာ ၎င်းသတင်း သူမရရှိဟု ပြောကြားသည်။ ချက်ဖောက်ကျေးရွာတွင် အိမ်ခြေ ၄ဝဝ နီပါးရှိပြီး မအီနှင့်ဆိုလျှင် ၃ မိုင်ခန့်ကွာဝေးကြောင်း သိရှိရသည်။ https://www.bnionline.net/mm/news-73281

***************

၂၃။      မြဝတီမြို့တွင် WY မူးယစ်ဆေးပြား အလုံးရေ ၄ သောင်းကျော် ဖမ်းဆီးရမိ

June 7, 2020

ကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်နေ့ ဇွန်လ ၆ ရက်နေ့နံနက်ပိုင်းက WY မူးယစ်ဆေးပြား အလုံးရေ (၄)သောင်း ကျော် နှင့်အတူ တရားခံ ၄ ဦးအား ဖမ်းဆီးရမိကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက် (၁၀း၃၀) အချိန်ခန့်တွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့ တန်းရုံးမှ ခြေလျင်တပ်ရင်း (၉၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဆန်းဝင်း၊ မူးယစ်တပ်စု(၃၂) မြဝတီမူးယစ်တပ်ဖွဲ့ရုံးမှ ရဲမှူးမင်းအောင်မြင့်ဦးနှင့် ပူးပေါင်းတပ်ဖွဲ့များက မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ မြဝတီမြို့ အမှတ် ၄ ရပ် ကွက် ဇော်ဂျီ(၂)လမ်းတွင် စောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား တွေ့ရှိ၍ ရပ်တန့် စစ် ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ နောင်ဖာကျေးရွာနေ စိုင်းရွှေ(၄၅)နှစ်နှင့် ရှမ်းပြည်နယ်၊ နမ့်စန်မြို့ အမှတ် ၄ ရပ်ကွက်နေထိုင်သူ နန်းရှန်နွန်း (၂၇)နှစ်တို့ကို စစ်ဆေးရှာဖွေရာတွင် စိုင်းရွှေ ၏လက်၌ ကိုင်ဆောင် ထားသော ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့် ထုပ်ထားပြီး တိပ်အဝါ ရောင်ပတ်ထားသော အထုပ်(၄)ထုပ် အတွင်းမှ WY စာတမ်းပါ မူးယစ်ဆေးပြားအလုံးရေ (၄) သောင်းအား တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု မြဝတီရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စိုင်းရွှေအား စစ်ဆေးရာ အဆိုပါဆေးပြားများမှာ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် အလိုတော်ပြည့် (၂) လမ်းသွယ်နေ ဦးဖေသန်းအောင်ဆိုသူထံမှ ရရှိသော ပစ္စည်းများဖြစ်ကြောင်း ပြောကြားသဖြင့် အဆိုပါ ပူးပေါင်းအဖွဲ့မှ ဦးဖေသန်းအောင်၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ သည်။ ထိုသို့ရှာဖွေစဉ် နေအိမ် တွင် ဦးဖေသန်းအောင်နှင့်အတူ မြဝတီမြို့ အမှတ် (၃) ရပ်ကွက်နေသူ အောင်နိုင်စိုး (၃၀) နှစ်အား တွေ့ရှိပြီး နေအိမ်တွင်း ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရသော်လည်း နေအိမ်မီး ဖိုချောင်အခန်းတွင်းမှ မူးယစ်ဆေးဝါး ထုပ်ပိုးရာတွင် အသုံးပြုသည့် မှိုင်းခံ စက္ကူနှင့်ဂျပ်ဖာတို့အား လည်းကောင်း၊ မူးယစ်ဆေးဝါးရောင်း ရငွေဟုယူဆရသော မြန်မာငွေ ၆ သိန်းကျပ်နှင့် အောင်နိုင်စိုး ဝတ်ဆင်ထားသော အပြာရောင်ဂျင်းဘောင်းဘီ ယာဘက်အိတ်ကပ်အတွင်းမှ WY စာတမ်းပါ မူးယစ်ဆေးဝါး ၂ ပြား၊ မြန်မာငွေ ၂ သိန်းကျပ်အား တွေ့ရှိခဲ့သည်။

၎င်းအပြင် နေအိမ်ခြံဝင်းအတွင်းရှိ 9K/9797 နံပါတ်ပါ Nissan Navara အနက်ရောင် မော်တော်ယာဉ် (၁)စီးနှင့် Moccona Wave. 125 i နီ/မဲရောင် ဆိုင်ကယ် (၁)စီးအား တွေ့ရှိပြီး သိမ်းဆည်းခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းထံမှ သိရသည်။ မူးယစ် ဆေးဝါး အမြောက်အများ လက်ဝယ်တွေ့ရှိသူ စိုင်းရွှေ (၄၅) နှစ်၊ နန်းရှန်နွန်း(၂၇)နှစ် နှင့် ကွင်းဆက်တရားခံများဖြစ်သော ဦးဖေသန်းအောင် (၅၂)နှစ်နှင့် အောင်နိုင်စိုး (၃၀)နှစ် တို့အား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန်စီစဉ်နေကြောင်း မြဝတီ မြို့မရဲစခန်းထံမှ သိရသည်။ http://kicnews.org/2020/06/%e1%80%bb%e1%80%99%e1%80%9d%e%80%9  0%e1%80%a e%e1%

**************

၂၄။      မူဆယ်-၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ

June 7, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တုန်ခမ်ရွာအဆင်း နမ့်ခွမ်ရွာအဝင် ရေကွေ့ မူဆယ်- ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ် ၌ ယနေ့ (ဇွန် ၇ ရက်) ညနေ ၄ နာရီအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့ တုန်ခမ်အဆင်း နမ့်ခွန်ရွာအဝင် ရေကွေ့တွင် ၁၅ မိုင်ဘက်မှ မူဆယ်မြို ဝင်ရောက်ရန် တန်းစီစောင့် ဆိုင်းနေသော ကုန်တင်ယာဉ် အမှတ် MDY 1F/ – – – – –  FUSO ခဲရောင် ၁၂ ဘီးယာဉ်ကားအား ၁၀၅ မိုင်ဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် YGN 2I/- – – –  WASH အ‌ဖြူရောင်သည် ကုန်တင်ယာဉ် နောက်ဘက်ရှိ ယာဉ်အကူကို ဝင်တိုက်ကာ ကုန်တင်ယာဉ်အနောက်ဘက် အောက်ထဲသို့ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါယာဉ်တိုက် မှုကြောင့် WASH ကားအဖြူရောင်မှာ ခေါင်းခန်းနှင့် အလယ်ခန်း ပျက်စီးခဲ့ပြီး ၎င်းယာဉ်ကို မောင်းနှင်လာသော ယာဉ်မောင်း ချစ်မြိုင်မှာ အဆိုပါနေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ကုန်တင်ယာဉ်အကူနှင့် ‌သေဆုံးသူတို့ကို နှလုံးလှ လူမှု့ကူညီရေးအသင်း ကားဖြင့် မူဆယ်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်သို့ အမှတ် ၁၂၅ ယာဉ်ထိန်းတပ်ဖွဲ့စုမှ လာ ရောက် စစ်ဆေးချက်အရ WASH ကားမောင်သူ ချစ်မြိုင်အား ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၈/၃၀၄(က) တို့ ဖြင့် အမှုဖွင့် အရေးယူရန် ဆောင်ရွတ်လျက်ရှိကြောင်း သိရှိရသည်။ https://news-eleven.com/article/177345

**************

၂၅။      COVID-19 ကြောင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ စိုက်ခင်းများရှိ ဂေါ်ဖီထုပ်များ ဈေးကွက်ပျက်သဖြင့် တောင်သူများ                  မနစ်နာစေရန် အလှူရှင်တစ်ဦးက ဝယ်ယူပေး

June 7, 2020

COVID-19 ကြောင့် ဈေးကွက်ပျက်သဖြင့် တောင်သူများမနစ်နာစေရန် အလှူရှင်တစ်ဦးကဝယ်ယူ၍ ဇွန် ၇ ရက်က ပရဟိတ အဖွဲ့များ အကူအညီဖြင့် လိုအပ်သည့်နေရာများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။“ ဒေသကထွက်တဲ့ ဂေါ်ဖီထုပ်ကို ၂၄ နှစ် ရှိသွားပြီ ဝယ်ရောင်းတယ်။ အခုက ဝယ်ရောင်းတော့ COVID-19 က သူရှိတော့ ဈေးကွက်က ဒီလိုမျိုးပျက်ပြားသွားတော့ တောင်သူလည်း အခက်အခဲရှိသလို ဝယ်ရောင်းသူမှာလည်း အခက်အခဲရှိတယ်။ ကျွန်မကတောင် သူလုံးဝမနစ်နာအောင်လို့ ဝယ်ပြီးတော့မှ ဈေးချိုချိုနဲ့ ရောင်းပေးတယ်။ ပြီးတော့ ကျွန်မအရင်းကို ရအောင်ပြန်ရောင်းတယ်။ ပြန်ရောင်းပြီးတော့ရတဲ့ အမြတ်ကို ကယားပြည်နယ်မိုး ခေါင်ရေရှားအရပ်ပေါ့နော်။ ရေမရှိတဲ့ဒေသ ဘုန်းကြီးကျောင်းတွေ လူမျိုးဘာသာမရွေး လှူ ပေးပါလို့ ပြောတယ်” ဟု အလှူရှင်ဖြစ်သူ နန်းလှဦးက ပြောကြားသည်။

ယခင်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့များ၌ ဂေါ်ဖီဈေးကွက်ရှိခဲ့ပြီး အဆင်ပြေသည့်အပြင် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲဘက်မှ ဂေါ်ဖီလိုအပ်ပါက ရောင်းချပေးခဲ့ရသော်လည်း ယခုအခါ ဈေးကွက်ပျက်သွားကြောင်း သိရသည်။ ဂေါ်ဖီထုပ်များ ကို ဖေးကူလက်များ ပရဟိတအသင်း၊ ငွေတောင်ပြည်လူမှုကူညီရေးအသင်း၊ လင်းမေတ္တာပရဟိတအသင်းတို့က စိုက်ခင်း အထိ သွားရောက်ခူးယူကြပြီး လိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ ဂိတ်တာဝန်ကျဝန်ထမ်းများအား သွားရောက်၍ ပို့ဆောင်ပေးကြောင်း သိရသည်။

“ သူတို့က ဆက်သွယ်လာတာပေါ့နော်။ ကျွန်မတို့ကပြောတယ် မရောင်းဘူးလားပေါ့။ ကျွန်မတို့ ကူရောင်းပေးရမလဲ ဘယ် လောက်နဲ့ ရောင်းပေးရမလဲပေါ့။ မဟုတ်ဘူးတဲ့ သူတို့ အပြတ်လှူမယ်တဲ့။ ကာယကံရှင်ကိုယ်တိုင်က မရောင်းဘူး လှူမယ်ဆို လို့ လာပြီးတော့ သယ်ပြီးမှ လိုက်လှူပေးမှာရှင်”ဟု ဖေးကူလက်များ ပရဟိတအသင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ မအိက ပြောကြားသည်။ ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတို့မှာ ရေကြောရှိသည့် နေရာဖြစ်သဖြင့် ဆယ့်နှစ်ရာသီပတ်လုံး ရေရရှိသဖြင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုး၍ အသက်မွေးကြ ကြောင်း သိရသည်။ https://news-eleven.com/article/177394

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

*** ပြီး ***