• Today is: Saturday, April 20, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 41, July 10, 2020)

၁။       ကန္႔ကြက္မႈၾကား လဲခ်ားၿမိဳ႕နယ္ အတြင္း ေက်ာက္မီးေသြးတူးရန္ ကုမၸဏီ ႀကိဳးစားေန

၂။       ကဘူဒမ္းစစ္ေရွာင္မ်ား ေနရပ္ျပန္လိုေၾကာင္း ေျပာဆို

၃။       တိုက္ပြဲေတြေၾကာင့္ ယံုၾကည္မႈ တည္ေဆာက္ရခက္ေနေၾကာင္း KNU ေျပာ

၄။       ဟားခါးၿမိဳ႕မွာ လြတ္လပ္ေရးေက်ာက္တိုင္ စိုက္ထူမယ့္ကိစၥ ေဝဖန္ခံေနရ

၅။       ကရင္စာ သင္႐ိုးသစ္မြမ္းမံသင္တန္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ ပထမဦးဆုံးအႀကိမ္ ျပဳလုပ္

၆။       ေရြးေကာက္ပဲြဝင္မည့္ ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕ကို KNP ထုတ္ျပန္

၇။       တအာင္း(ပေလာင္)အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းေျမာက္ရွိ မဲဆႏၵနယ္ေျမကိုးခုတြင္ အဓိကထား ယွဥ္ၿပိဳင္မည္

၈။       “ဝ” အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အဓိကဝင္ေရာက္ယွဥ္ၿပိဳင္မည္

၉။       SNLD ပါတီအေနျဖင့္ မူဆယ္ခရိုင္အတြင္းရွိ မဲဆႏၵနယ္ေျမအားလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး လႊတ္ေတာ္                                   ကိုယ္စားလွယ္ေလာင္းမ်ားအား ေဒသခံမ်ား၏ ဆႏၵသေဘာထားျဖင့္ ေရြးခ်ယ္မည္

၁၀။     UNA အဖြဲ႔ဝင္ခ်င္း ေရြးေကာက္ပြဲမဲဆႏၵနယ္တူလွ်င္ အားသာခ်က္ရွိသည့္ပါတီ အႏိုင္ရေရး ညွိႏိႈင္းေဆာင္ရြက္မည္

၁၁။     ရိကၡာျပတ္ေနသည့္ ဒါးလက္သို႔ ဆန္ပို႔ပါက အုပ္ခ်ဳပ္ေရးမွဴးထံမွ ခြင့္ျပဳခ်က္ ယူရမည္ဟုဆို

၁၂။     ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ ေဝဘူလေတာင္တြင္ ကုမၸဏီတစ္ခုက သတၱဳတူးေဖာ္ေရး ေဆာင္ရြက္ေန

၁၃။     ကြတ္ခိုင္ၿမိဳ႕နယ္ ေပါက္ကြဲမႈ ျဖစ္ ေဒသခံ ၇ ဦး ထိမွန္

၁၄။     သတၱမတန္း သင္ရိုးညြန္းတမ္းအသစ္မွာ ကယား(ကရင္နီ)မ်ိဳးႏြယ္စုအမည္တခ်ိဳ႕ စာလံုးေပါင္းသတ္ပံုႏွင့္ ရိုးရာ ဓေလ့                                အေၾကာင္းမွားေန

၁၅။     အေထြေထြေရြးေကာက္ပြဲတြင္ ကယားျပည္နယ္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္မ်ား၌ ကယန္းတိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္                  ထည့္သြင္းသတ္မွတ္ေပးရန္ ကယန္းအမ်ိဳးသားညီညႊတ္ေရး ဦးေဆာင္ေကာ္မတီ ေတာင္းဆို

၁၆။     ကရင္လူငယ္ထု တစ္ရပ္လံုးအတြက္အေရးပါမည့္ ကရင္လူငယ္မဟာဗ်ဴဟာမူၾကမ္းတစ္ခု ထြက္ရွိမည္

၁၇။     MCL ဘိလပ္ေျမစက္ရံု ရပ္နားေတာ့မည့္ သတင္းထြက္ေပၚ၊ အလုပ္သမား ၁၅၀ဝ ေက်ာ္ အလုပ္လက္မဲ့ျဖစ္မည္ကို                                    စိုးရိမ္ေနဟုဆို

၁၈။     မိုးရြာတိုင္း တန္႔ယန္း လြယ္လြမ့္ ပရဟိတေက်ာင္းသားမ်ား ရႊံထဲတြင္ စာသင္ေနရ

၁၉။     မြန္ညီညႊတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား ဇူလိုင္ ၂၀ ရက္ေန႔တြင္ အၿပီးသပ္ေရြးခ်ယ္မည္

၂၀။     ရခိုင္မွာ စစ္တပ္ဖမ္းထားသူ ၁၁ ဦး အၾကမ္းဖက္ဥပေဒနဲ႔အမႈ ဖြင့္ခံရ

၂၁။     ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းေပးေရ စာခၽြန္ေတာ္ထုတ္ေပးရန္ ေနျပည္ေတာ္တရားလႊတ္ေတာ္သို႔ ျပန္လည္ ေလၽွာက္ထား

၂၂။     ရခိုင္ျပည္နယ္က ေရနံနဲ႔ သဘာဝသယံဇာတ စီမံကိန္းေတြ ရပ္တန္႔ဖို႔  AOW  ေတာင္းဆို

၂၃။     မယ္လ ဒုကၡသည္စခန္းတြင္ ေနအိမ္ေပၚ သစ္ပင္လွဲက်၍ အမ်ဳိးသမီးငယ္ ၁ဦး ျပင္းထန္စြာ ဒဏ္ရာရ

၂၄။     ေနာင္ခ်ိဳတြင္ ေငြက်ပ္သိန္းေပါင္း ၂၄,ဝ၀ဝ  ခန္႔ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ

၂၅။     နယ္စပ္မွ ခိုးဝင္ မြတ္စလင္ ၂၃ ဦးကို ေထာင္ ၆ လခ်မွတ္

*************

၁။       ကန္႔ကြက္မႈၾကား လဲခ်ားၿမိဳ႕နယ္ အတြင္း ေက်ာက္မီးေသြးတူးရန္ ကုမၸဏီ ႀကိဳးစားေန

July 8, 2020

သွ်မ္းျပည္ေတာင္ပိုင္း လဲခ်ားၿမိဳ႕နယ္ ဟဲဆိုင္ေက်းရြာအုပ္စုရွိ ေက်ာက္မီးေသြး တူးေဖာ္ႏိုင္ရန္အတြက္ ကုမၸဏီတခု မွ ဆက္ လက္ႀကိဳးစားေနေၾကာင္း စံုစမ္းသိရသည္။

ဇူလိုင္လ ၆ ရက္က လဲခ်ားၿမိဳ႕နယ္ ဟဲဆိုင္ေက်းရြာအတြင္း ေက်ာက္မီးေသြး တူးေဖာ္ရန္အတြက္ ကုမၸဏီ တခုက လူလႊတ္၍ ဟဲဆိုင္ေက်ာင္းတိုက္ ဆရာေတာ္ထံ သြားေရာက္ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။“ေဟဟိန္းကုမၸဏီက လူ ၅ ေယာက္ ေလာက္ ေက်ာင္းကို ေရာက္လာတယ္။ ေက်ာက္မီးေသြးတူးဖို႔အတြက္ခြင့္ေတာင္းတယ္။ ဆရာေတာ္တို႔ အေနနဲ႔ ကန္႔ကြက္ ထားပါတယ္။ ကန္႔ကြက္ထားတာေတြျပန္ရုပ္သိမ္းေပးဖို႔လာေျပာသြားတယ္ ” ဟု ဟဲဆိုင္ ေက်ာင္းတိုက္မွ ဆရာေတာ္ က သွ်မ္းသံေတာ္ဆင့္ ကို မိန္႔ၾကားသည္။ ဟဲဆိုင္ေက်းရြာ အတြင္း ေက်ာက္မီးေသြး တူးေဖာ္ရန္အတြက္ ကုမၸဏီဘက္မွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ေဒသခံမ်ားထံ မၾကာခဏလာေရာက္ စည္းရံုးခဲ့ေသာ္လည္း တစံုတဦးမွ လက္မခံသျဖင့္ ဆရာေတာ္ထံ လာေရာက္ခြင့္ေတာင္းျခင္းျဖစ္ေၾကာင္း သိရသည္။

၎စီမံကိန္းႏွင့္ပတ္သက္၍ ေမးျမန္းရန္အတြက္ အဆိုပါ ကုမၼဏီ၏ လူမ်ားႏွင့္ဆက္သြယ္မႈရရွိရန္ သွ်မ္းသံေတာ္ဆင့္မွ ႀကိဳး စားေနဆဲျဖစ္ပါသည္။ လြန္ခဲ့သည့္ ေဖေဖာ္ဝါရီ လ တြင္လည္း လဲခ်ားၿမိဳ႕နယ္ ေနာင္ယာဆိုးင္ေက်းရြာအတြင္း ေက်ာက္မီး ေသြး တူးေဖာ္ရန္ ဝမ္ပန္ျပည္သူ႔စစ္ ေခါင္းေဆာင္ ခူးေဒါန မွလည္း ေဒသခံမ်ား ႏွင့္ ေတြ႔ဆံုခဲ့ေသးေၾကာင္း ေဒသခံမ်ား ေျပာ ျပခ်က္အရသိရသည္။ လဲခ်ားၿမိဳ႕နယ္ ဟဲဆိုင္ေက်းရြာအတြင္း ေက်ာက္မီးေသြးတူးမည့္ ကိစၥကို လြန္ခဲ့သည့္ ၄လ ခန္႔က ၿမိဳ႕နယ္ သံဃာမ်ားႏွင့္ အစည္းအေဝး ျပဳလုပ္ခဲ့ၿပီး၊ ကန္႔ကြက္ထားေၾကာင္း လဲခ်ားၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေက်ာ္ေဇယ် က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“သံဃာေတာ္ေတြ ျပည္သူေတြက သေဘာတူညီမႈမေပးရင္ က်ေနာ္တို႔လည္း ျပည္သူေတြဘက္ကပဲ ရပ္တည္သြားမွာပါ”ဟု စိုင္းေက်ာ္ဇယ် က သွ်မ္းသံ ေတာ္ဆင့္ ကိုေျပာသည္။

ဟဲဆိုင္ေက်းရြာအုပ္စုရွိ ေက်ာက္မီးေသြး တူးေဖာ္ရန္ အတြက္ (၅၀ဝ၀) ဧက ဝန္က်င္းခန္႔လ်ားထားၿပီး၊ တူးေဖာ္မႈရရွိရန္ အတြက္ သံဃာေတာ္မ်ား၊ ေဒသခံမ်ားကို သက္ဆိုင္ရာ ကုမၸဏီ က စည္းရံုးေနျခင္းျဖစ္သည္။ လက္ရွိမွာ လဲခ်ားၿမိဳ႕နယ္ နမ့္လင္းေက်းရြာတြင္ လြိဳင္ဂ်ယ္နဂါး ကုမၸဏီ မွ ၂၀၁၆ ခုႏွစ္မွ ၂၀၂၀ ခုႏွစ္ အထိ ၁၀ ႏွစ္ သက္တမ္း ေက်ာက္မီးေသြး တူးေဖာ္ခြင့္ရရွိထားသည္။ ထို နမ့္လင္းေက်းရြာ အနီး ေက်ာက္မီးေသြး တူးေဖာ္မႈေၾကာင့္ ေဒသခံမ်ား၏ စိုက္ပ်ိဳးေရး အတြက္ ေရမ်ားခမ္းေျခာက္ျခင္း၊ လယ္ယာေျမမ်ား ထိခိုက္ျခင္းတို႔ကို ရင္ဆိုင္ႀကံဳေတြ႔ေနရေၾကာင္းသိရသည္။ သွ်မ္းျပည္ေတာင္ပိုင္း လဲခ်ားၿမိဳ႕နယ္အတြင္း တူးေဖာ္ေနသည့္ ေက်ာက္မီးေသြး စီမံကိန္းမ်ား ရပ္ဆိုင္းရန္ လြန္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာ တြင္ ေဒသခံ (၇၀ဝ) ေက်ာ္ ဆႏၵထုတ္ေဖာ္ခဲ့သည္။ https://burmese.sh annews. org/archives/17410

**************

၂။       ကဘူဒမ္းစစ္ေရွာင္မ်ား ေနရပ္ျပန္လိုေၾကာင္း ေျပာဆို

July 7, 2020

ျမစ္ႀကီးနားၿမိဳ႕ ေအးျမသာယာရပ္ကြက္အနီး နန္းေကြ႕အုပ္စု၊ ကဘူဒမ္းေက်းရြာရွိ စစ္ေရွာင္မ်ားက ၎တို႔၏ မူလေနရပ္သို႔ ျပန္ကာ ျပန္လည္အေျခခ်ေနထိုင္လိုေၾကာင္း ေျပာဆိုေနၾကသည္။ အဆိုပါ ကဘူဒမ္းေက်းရြာရွိ စစ္ေရွာင္ျပည္သူမ်ားမွာ ၂၀၁၇ ခုႏွစ္ ဟူးေကာင္း လီဒိုလမ္းမ တိန္းေကာက္ေက်းရြာအနီးတြင္ တပ္မေတာ္ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕ KIA တို႔ တိုက္ပြဲျဖစ္ပြားခဲ့သျဖင့္ ထြက္ေျပးလာခဲ့ေသာ ရဝမ္ကုန္းေက်းရြာသားမ်ား ျဖစ္ၾကသည္။ လက္ရွိ ကဘူဒမ္းေက်းရြာတြင္ခိုလံႈ ေနေသာ ေျမေနရာသည္ လာမည့္ ၂၀၂၁ တြင္သက္တမ္းကုန္ဆုံးေတာ့မည္ျဖစ္သျဖင့္ စာခ်ဳပ္မကုန္ခင္ ေနရပ္ျပန္လိုေၾကာင္း ေျပာဆိုေနၾကသည္။

“ဒီမွာေနတဲ့ စစ္ေရွာင္ေတြက အိမ္ျပန္ခ်င္တာၾကာလွပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ ဒီေနရာမွာ ဆက္ေနဖို႔က အဆင္မေျပေတာ့ဘူး။ အဓိကေတာ့ အခုသူတို႔ေနထိုင္ေနတဲ့ စခန္းေျမေနရာကို ၃ ႏွစ္သာ ေနထိုင္ဖို႔စာခ်ဳပ္ ခ်ဳပ္ထားတာ ျဖစ္တယ္။ အခုဆိုအခ်ိန္က တစ္ႏွစ္ေက်ာ္ေက်ာ္သာက်န္ေတာ့တယ္။ အဲ့လိုအေနအထားေတြျဖစ္ေနတယ္။ သူတို႔ကရြာကိုျပန္ခ်င္ေနၿပီ။”ဟု ကဘူဒမ္းစစ္ေရွာင္တာဝန္ခံ ဦးဆန္ႏိုင္ဖီ က ေျပာဆိုသည္။ ၎တို႔က မိမိအစီအစဥ္ျဖင့္ ေနရပ္ျပန္ခ်င္ေသာ္လည္း လုံၿခဳံေရးအရ စိုးရိမ္မႈရွိေနသည့္အျပင္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကိုလည္း ထိထိေရာက္ ေရာက္ ေဆာင္ရြက္ေပးေစလိုေၾကာင္း သူကေျပာဆိုခဲ့သည္။

ထို႔အျပင္ လက္ရွိ Covid-19 ေရာဂါျဖစ္ပြာသည့္ကာလတြင္ စစ္ေရွာင္စခန္းျပည္သူမ်ား၏ စားဝတ္ေနေရး အၾကပ္အတည္း ျဖစ္လာသည္ဟု ဆိုသည္။“ေနရပ္ျပန္တာကို အလြန္လိုလားေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီမွာေနရတာ ေနရထိုင္ရ တာလည္း က်ဥ္းၾကပ္တယ္။ ကိုယ္သြားခ်င္သလိုလည္းသြားလို႔မရဘူး။ အမ်ားရဲ့လက္ေအာက္မွာ ေနရတာျဖစ္တယ္။ ေနရ တာလည္း လြတ္လပ္မႈမရွိဘူး။ ကိုယ့္ၿခံကိုယ့္ဝန္းနဲ႔ေနခ်င္ၿပီ။ ကိုယ့္ေနရာမွာဆို ဘယ္ေလာက္ဘဲ ခက္ခဲခက္ခဲ ေနႏိုင္တယ္” ဟု စစ္ေရွာင္တစ္ဦးျဖစ္သည့္ ေဒၚေမရမ္က ေျပာဆိုထားသည္။ ထို႔ေၾကာင့္ အစိုးရအေနျဖင့္ စစ္ေရွာင္မ်ားကို ကူညီေထာက္ပံ့ ေပးရန္ႏွင့္ ေနရပ္ျပန္ေရးကို အျမန္အေကာင္ထည္ေဖာ္ေပးရန္ ေမွ်ာ္လင့္ေၾကာင္း ဆက္လက္ေျပာဆိုသည္။ လက္ရွိ ကဘူဒမ္း စစ္ေရွာင္စခန္းတြင္ ရဝမ္မ်ိဳးႏြယ္စု အိမ္ေထာင္စု ၁၄စု ႏွင့္ လူဦးေရ ၄၁ ေယာက္ရွိေနေၾကာင္း သိရသည္။

၂၀၁၇ တိန္းေကာက္ေက်းရြာအနီးတဝိုက္တြင္ ျမန္မာစစ္တပ္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) တိုက္ပြဲမ်ား ျပင္း  ထန္စြာျဖစ္ပြားခဲ့သည္သာမက ျမန္မာစစ္တပ္ဘက္မွ ေဒသခံမ်ားကို KIA စစ္သားမ်ားအျဖစ္ ထင္ျမင္မွာယြင္းကာ ညႇဥ္းပမ္း ႏွိပ္စက္မွုမ်ား လုပ္ေဆာင္ခဲသျဖင့္ ရဝမ္းကုန္းေဒသခံမ်ားက ျမစ္ႀကီးနားသို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ျခင္း ျဖစ္သည္။ စစ္ေရွာင္ မ်ားေနရပ္ျပန္ႏိုင္ေရးႏွင့္ပတ္သက္ၿပီး အစိုးရႏွင့္ကခ်င္လူသားခ်င္စာနာေထာက္ထားေရးအဖြဲ႕ (KHCC)တို႔ ပူးေပါင္းၿပီး ေနရပ္ ျပန္ပို႔ေပးသည့္ လုပ္ေဆာင္ခ်က္မ်ားရွိေနသည့္အတြက္ ၎တို႔လည္း ထိုနည္းတူ ေနရပ္ျပန္လိုေၾကာင္း ေျပာဆိုေနၾကသည္။ https://burmese.kachinnews.com/2020/07/07 /%e1%80%80%e1%80%98%e1%80%b0%e1%80%92%e1

**************

၃။       တိုက္ပြဲေတြေၾကာင့္ ယံုၾကည္မႈ တည္ေဆာက္ရခက္ေနေၾကာင္း KNU ေျပာ

July 7, 2020

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြၾကား ယံုၾကည္မႈေတြ တိုး တက္လာမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ တိုက္ပြဲေတြျဖစ္ပြားခဲ့တာဟာ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ JMC-U ရဲ႕ လုပ္ငန္းေတြ ေကာင္းစြာမလည္ပတ္ႏိုင္ေသးတာကို ေဖာ္ျပေနတယ္လို႔ ေကာ္မတီ ဒု ဥကၠ႒ ၁ ဗိုလ္ခ်ဳပ္ ေစာအိုင္းဇက္ဖိုးက သတိေပးေျပာၾကားလိုက္ပါတယ္။ အပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႔တခ်ိဳ႕နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲျဖစ္ပြားခဲ့တဲ့အတြက္ ယံုၾကည္မႈေလ်ာ့နည္းၿပီး ၿငိမ္းခ်မ္းေရး ေဆြး ေႏြးပြဲေတြရပ္တန္႔ေနပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး KNU ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္သူ  JMC-U ဒုတိယ ဥကၠ႒ ၁ ဗိုလ္ခ်ဳပ္ ေစာအိုင္းဇက္ဖိုး က လက္မွတ္ထိုးထားတဲ့အဖြဲ႔ေတြၾကား တိုက္ပြဲျဖစ္တာက ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရး လုပ္ငန္းပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနတာေၾကာင့္လို႔ ေျပာပါတယ္။ “တစ္ဦးနဲ႔တစ္ဦး တစ္ဖက္နဲ႔တစ္ဖက္အၾကား ယံုၾကည္မႈမ်ား တိုးတက္ မ်ားျပားလာမည္ဟု ေမွ်ာ္လင့္ထားေသာ္လည္း ယင္းေမွ်ာ္လင့္ခ်က္မ်ား လက္ေတြ႔ျဖစ္မလာေသးပါ။ ယင္းအစား NCA စာခ်ဳပ္ ကို လက္မွတ္ေရးထိုးထားသည့္ အဖြဲ႔ဝင္မ်ားအၾကား တိုက္ပြဲမ်ားျဖစ္ေပၚေနျခင္းမွာ အထူးစိုးရိမ္ရမည့္ အေျခအေန မဟုတ္ ေသာ္လည္း JMC ရဲ႕ တာဝန္ရွိတဲ့လုပ္ငန္းမ်ား ေကာင္းစြာလည္ပတ္လာႏိုင္ျခင္းမရွိျခင္းကို အထူးအေလးထား သတိခ်ပ္ရမွာ ျဖစ္ပါတယ္။”

ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-U အစည္းအေဝး ဆိုရင္ တစ္ႏွစ္နဲ႔ ၁၀ လေက်ာ္ၾကာ ရပ္တန္႔ခဲ့ၿပီး ၁၉ ႀကိမ္ေျမာက္ အစည္းအေဝးကို ေနျပည္ေတာ္မွာ ျပန္လည္က်င္းရာမွာ ဗိုလ္ခ်ဳပ္ ေစာအိုင္းဇက္ဖိုးက ေထာက္ျပေျပာၾကားခဲ့တာပါ။ JMC ရဲ႕ ဖြဲ႔စည္းပံုကပူးတြဲမႈဆိုတဲ့ပံုစံထက္ ပူးေပါင္းမႈပံုစံျဖစ္ေနတဲ့ အခ်က္ အျပင္ လက္ေတြ႔ေျမျပင္မွာႏွစ္ဖက္တပ္ဖြဲ႔ေတြ ပဋိပကၡမျဖစ္ေအာင္ ေဆာင္ရြက္ရမယ့္လုပ္ငန္းပိုင္းမွာ အားနည္းခ်က္ရွိတာ ေၾကာင့္ အပစ္ရပ္လက္မွတ္ထိုးထားတဲ့အဖြဲ႔ေတြ နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြျဖစ္ပြားခဲ့တာလို႔ ဗိုလ္ခ်ဳပ္ ေစာအိုင္းဇက္ဖိုး က ေျပာပါတယ္။ အပစ္ရပ္ ၁၀ ဖြဲ႔မွာ အင္အားႀကီး ႏွစ္ဖြဲ႕ျဖစ္တဲ့ KNU နဲ႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA အဖြဲ႔ တို႔ဟာ တပ္မေတာ္နဲ႔ နယ္ေျမေက်ာ္လြန္ အျငင္းပြားမႈအပါအဝင္ တျခားအေၾကာင္းအရာေတြနဲ႔ တိုက္ပြဲျဖစ္ တာ ေတြရွိခဲ့တဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ျပန္လည္သံုးသပ္မယ္ဆိုၿပီး အဲဒီ ႏွစ္ဖြဲ႔က JMC နဲ႔ UPDJC အစည္း အေဝးေတြကို တစ္ႏွစ္ေက်ာ္ ၾကာ မတက္ေရာက္ခဲ့ပါဘူး။ တိုင္းရင္းသားအေရး၊ ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုး က JMC ရဲ႕ အဓိကလုပ္ငန္းျဖစ္တဲ့ တပ္ေနရာ ခ်ထားေရးကို ေအာင္ျမင္ေအာင္ညွိႏိႈင္းဖို႔ လိုတယ္လို႔ ေျပာပါတယ္။

လာမယ့္ ဇူလိုင္လ ၃၀ နဲ႔ ၃၁ ရက္ေန႔မွာ အစိုးရနဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြ တက္ေရာက္မယ့္ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္ထည္ေဖာ္မႈဆိုင္ရာ ညွိႏိႈင္းအစည္းအေဝး JICM၊ ၾသဂုတ္လ ၁၀ နဲ႔ ၁၁ ရက္ ေန႔မွာ UPDJC နဲ႔ ၾသဂုတ္လ ၁၂၊ ၁၃ နဲ႔ ၁၄ ရက္ေန႔ေတြမွာ စတုတၳအႀကိမ္ ၂၁ ရာစုပင္လံုညီလာခံ အစည္းအေဝးေတြ ဆက္တိုက္က်င္းပသြားဖို႔ ရွိပါတယ္။ https://www.rfa.org/burmese/news/knu-says-hard-to-build-trust-07072020 053458.html

*************

၄။       ဟားခါးၿမိဳ႕မွာ လြတ္လပ္ေရးေက်ာက္တိုင္ စိုက္ထူမယ့္ကိစၥ ေဝဖန္ခံေနရ

July 8, 2020

ခ်င္းျပည္နယ္ ၿမိဳ႕ေတာ္ ဟားခါးၿမိဳ႕မွာ က်ပ္သန္း ၆ဝ ေက်ာ္ အသံုးျပဳၿပီး လြတ္လပ္ေရး ေက်ာက္တိုင္၊ ဗိုလ္ခ်ဳပ္ ေၾကးရုပ္နဲ႔ ပန္းၿခံ တည္ေဆာက္မယ့္ကိစၥကို ေဝဖန္မႈေတြရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ ဖြံ႔ၿဖိဳးတိုးတက္မႈ အနည္းဆံုးေဒသေတြထဲမွာ ပါဝင္တဲ့ ခ်င္းျပည္နယ္မွာ လြတ္လပ္ေရးေက်ာက္တိုင္နဲ႔ ဗိုလ္ခ်ဳပ္ ေၾကးရုပ္အတြက္ ေငြက်ပ္သန္းေပါင္းမ်ားစြာ အကုန္အက်ခံ ေဆာက္ရြက္မယ့္အစား အကူအညီ လိုအပ္ေနသူေတြနဲ႔ ေဒသ ဖြံ႔ၿဖိဳးေရးအတြက္ လိုအပ္ေနတဲ့ က်န္းမာေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ေရးေတြမွာ အသံုးခ်သင့္လို႔ ေထာက္ျပမႈေတြရွိ ေနတာပါ။ အဲဒီကုန္က်မယ့္ ေငြေတြကို ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေရာက္ စစ္ေဘးဒုကၡသည္ေတြအတြက္ အသံုးျပဳသင့္ တယ္လို႔ တီးတိန္လူငယ္ အေထြေထြအတြင္းေရးမွဴး ကိုမုန္ႏိုက ေထာက္ျပပါတယ္။“အခုကကြ်န္ေတာ္တို႔လည္း သိေန တာပဲ။ ပလက္ဝမွာ စစ္ေဘးေရွာင္ဒုကၡသည္ေတြ ဘယ္ေလာက္ထိ ဒုကၡေရာက္ေနလဲဆိုတာ တစ္ခ်က္ျပန္ၿပီးေတာ့မွ စဥ္းစား ၾကည့္ေစခ်င္တယ္။ ဒီသန္း ၆၀ လံုး ကုန္ၿပီးေတာ့မွ ဒီလြတ္လပ္ေရးေက်ာက္တိုင္ စိုက္ထူတာထက္ စစ္ေဘးဒုကၡခံေနရတဲ့ ျပည္သူေတြအတြက္ ဒီထက္မ်ားမ်ားပံ့ပိုးႏိုင္ေအာင္လုပ္ေဆာင္သင့္တယ္။ ဒီလိုအခ်ိန္မွာ လြတ္လပ္ေရးေက်ာက္တိုင္တို႔ ဘာတို႔ စိုက္ရမယ့္ အခ်ိန္မဟုတ္ဘူးလို႔ ကြ်န္ေတာ္ထင္တယ္” တည္ေဆာက္မယ့္ လြတ္လပ္ေရးေက်ာက္တိုင္ဟာ အျမင့္ေပ ၇၅ ေပရွိၿပီး အခ်င္းကေတာ့ ၁၄ ေပ ရွိပါတယ္။

ကုန္က်ေငြ သန္း ၆၀ ဟာ ကမာၻ႔ကပ္ေရာဂါလို႔ သတ္မွတ္ထားတဲ့ ကိုရိုနာဗိုင္းရပ္စ္ အႏၱရာယ္ကာလ New Normal လို႔ ေခၚၾကတဲ့ လူေနမႈပံုစံသစ္မွာ လိုအပ္လာမယ့္ အေျခအေနေတြအတြက္ ျဖစ္သင့္တယ္လို႔ ယူဆတဲ့ ေဒသခံေတြလည္း ရွိေန ပါတယ္။“အခု ေက်ာက္တိုင္ေတြ စိုက္တယ္။ ရုပ္တုေတြလုပ္တာက လာလည္တဲ့လူေတြ ျမင္ေစခ်င္လို႔ ကြ်န္ေတာ္ သေဘာ ေပါက္တယ္။ ကိုဗစ္ ၁၉ ကလည္း ျဖစ္ေနတာဆိုေတာ့ ဘယ္သူမွလည္းလာမွာ မဟုတ္ဘူး။ အဲေတာ့ ဘယ္သူ႔မွ ၾကည့္မယ့္ သူမရွိတဲ့ ရုပ္တုေတြ၊ ေက်ာက္တိုင္ေတြ ထားမယ့္အစားေတာ့ ခ်င္းျပည္နယ္မွာ New Normal Life အတြက္ ဘာမွအဆင္သင့္မျဖစ္ဘူး။ ျပင္ဆင္ထားတာေတြလည္း မရွိဘူး။ သူမ်ားႏိုင္ငံေတြမွာဆိုရင္ ကိုဗစ္ ၁၉ ျဖစ္ၿပီး လူအခ်င္း ခ်င္းေတြ႔လို႔မရတဲ့ Lockdown စၿပီး ေၾကညာၿပီး ၅ နာရီအတြင္းမွာ သူတို႔ အြန္လိုင္းေရာက္သြားၾကၿပီ။ စီးပြားေရးေတြ အြန္လိုင္းမွာ လုပ္ၾက တယ္။ ပညာေရးေတြကို အြန္လိုင္းမွာ ဆက္ၿပီးေလ့လာၾကတယ္။ ကြ်န္ေတာ္တို႔ ကိုဗစ္ျဖစ္တာ ရင္ဆိုင္ လာတာ ေတာ္ေတာ္ ၾကာၿပီေပါ့ေနာ္။ တကယ္တမ္းျဖစ္တာက ၂၀၁၉ ဒီဇင္ဘာမွာ ဆိုေတာ့ အခု ၆ လ ၇ လ အတြင္းကို ေရာက္ေနၿပီ။ ဆိုေတာ့ ကြ်န္ေတာ္တို႔ ဘာေတြျပင္ဆင္ေနၿပီလဲေပါ့ေနာ္။ အဲဒါ ေမးခြန္းထုတ္စရာျဖစ္တယ္”ေဒသခံ တစ္ဦး ျဖစ္တဲ့ ကိုမိုက္ကယ္ ဆြမ္းတ ေျပာသြားတာပါ။ ေဒသခံေတြ ေဝဖန္ကန္႔ကြက္ေပမယ့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ကေတာ့ ဆက္လက္အေကာင္ အထည္ ေဖာ္သြားမယ္လို႔ ဆိုပါတယ္။ ခ်င္းျပည္နယ္မွာ အရင္က ဗိုလ္ခ်ဳပ္ေၾကးရုပ္နဲ႔ ပန္းၿခံရွိေပမယ့္ လႊတ္ေတာ္တည္ ေဆာက္ခ်ိန္မွာ ဖယ္ရွားခဲ့ရတာ ျဖစ္ တယ္လို႔ ခ်င္းျပည္နယ္ အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္က ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၁ ရက္ေန႔က လြတ္လပ္ေရး ေက်ာက္တိုင္ တည္ေဆာက္ေရးလုပ္ငန္း စတင္ႏိုင္ဖို႔အတြက္ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ အုပ္ျမစ္ခ် အခမ္းအနား တက္ေရာက္ဖြင့္လွစ္ေပးခဲ့တာ ျဖစ္ပါတယ္။ အလားတူ ၿပီးခဲ့တဲ့ ႏွစ္ကလည္း ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ တည္ေဆာက္တာကို ေဒသခံေတြက ကန္႔ကြက္ခဲ့ေပမယ့္ ျပည္နယ္အစိုးရက အေကာင္အထည္ေဖာင္ ေဆာင္ရြက္ခဲ့ပါတယ္။ ဒါ့အျပင္ ကန္႔ကြက္ရာမွာ ဦးေဆာင္ခဲ့တဲ့ ကရင္နီလူငယ္ ေျခာက္ဦးဟာလည္း ေထာင္ဒဏ္ ၆ လ ျပစ္ဒဏ္ခ်ခံခဲ့ရပါတယ္။ https://www.rfa.org/burmese/news/independence-

**************

၅။       ကရင္စာ သင္႐ိုးသစ္မြမ္းမံသင္တန္း ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္ ပထမဦးဆုံးအႀကိမ္ ျပဳလုပ္

July 7, 2020

အသစ္ျပဌာန္းလိုက္သည့္ ပိုး၊ စေကာကရင္စာ သင္႐ိုးညြန္းတမ္းအသစ္ကို ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ခလယ္ -တံခြန္တိုင္တိုက္နယ္ ဇီးျဖဴရိပ္ၿမဳံေနရာတြင္ ၿမိဳ႕နယ္၏ သင္တန္းဌာန အမွတ္ ၁ အေနျဖင့္ ပထမဦးဆုံးအႀကိမ္ သင္တန္း ဖြင့္လွစ္ သြားခဲ့ေၾကာင္း သင္တန္းတာဝန္ရွိသူမ်ားထံမွ သိရသည္။ သင္တန္းကို ဇူလိုင္ ၂ ရက္မွ ၅ ရက္ေန႔အထိ သင္ၾကားပို႔ ခ်သြားခဲ့ၿပီး နည္းျပဆရာမ်ားႏွင့္သင္တန္းသား ကရင္စာသင္ ဆရာ/ဆရာမ ၃ဝဝ နီးပါး ပို႔ခ်သင္ၾကားသြားခဲ့ေၾကာင္း သိရသည္။

သင္တန္းနည္းျပဆရာ ေစာေယာင့္သာအဲဆန္က “စာေပကို ျမွင့္တင္တဲ့အေနနဲ႔ ရည္ရြယ္ျပဳလုပ္တာပါ။ အစိုးရ အတန္း ေက်ာင္းမွာ အသက္အရြယ္အလုိက္ ကေလးေတြ သင္ယူနားလည္ရလြယ္ၿပီး လက္ေတြ႔နားလည္ႏုိင္ေအာင္ သင္႐ုိးအသစ္ တစ္ခုကို သင္ၾကားနည္းစနစ္ ခ်ျပတာေပါ့ေနာ္။ ပိုး၊ စေကာကရင္စာပါ ဒီသင္တန္းမွာ သင္ၾကားေပးပါတယ္”ဟု ေကအိုင္စီ သို႔ ေျပာသည္။ အေရွ႕ပိုးကရင္ (လိက္ထူ႔လီ) စာ တက္ေရာက္သင္ၾကားသူ ၂ဝ၁ ဦးႏွင့္ စေကာကရင္စာ သင္ၾကားသူ ၃၇ ဦး တုိ႔ကို ၎တုိ႔၏ ဆုိင္ရာစာေပ သင္႐ိုးအသစ္ သင္ၾကားမႈနည္းစနစ္မ်ားကို သင္တန္းဆရာမ်ားမွ သင္ၾကားေပးၿပီး ကရင္စာေပ စြမ္းရည္ျမွင့္တင္ သည့္အေနျဖင့္ စာစီစာကုံးၿပိဳင္ပြဲမ်ားပါ သင္တန္းေနာက္ဆုံးေန႔တြင္ ထည့္သြင္းက်င္းပသြားခဲ့သည္ဟု သိရ သည္။

“သင္႐ုိးနည္း ေျပာင္းသြားတယ္။ ကေလးေတြနားလည္ေအာင္ ကဗ်ာေတြ၊ သီခ်င္းေတြ ႐ုပ္ပုံေတြနဲ႔ပါ တြဲၿပီးသင္ၾကားတာ ေပါ့။ ေန႔စားလေပး သင္ေနတာဆုိေတာ့ ေက်ာင္းပိတ္ရက္ေတြမွာ ေထာက္ပံ့မႈ မရဘူးေပါ့ေနာ္။ ကရင္စာေပနဲ႔ ယဥ္ေက်းမႈ မေပ်ာက္ ေအာင္ ထိန္းသိမ္းေစခ်င္လို႔ ဆရာမလုပ္ျဖစ္တာပါ။ အတိုင္းအတာ တစ္ခုအထိ ေထာက္ပံ့ေပးတဲ့အေပၚ အမ်ားႀကီး ေက်းဇူးတင္ပါတယ္”ဟု အေရွ႕ပိုးကရင္စာသင္ ဆရာမေနာင္ေဖာ့အဲ့ကုံက ေကအိုင္စီသို႔ ေျပာသည္။ ၾကာအင္းဆိပ္ႀကီး ၿမိဳ႕နယ္အေနျဖင့္ ကရင္စာသင္႐ုိးညြန္းတမ္းအသစ္ သင္တန္းဌာန ၁ ကို ၄ ရက္ၾကာသင္ၾကားေပးခဲ့ၿပီးေနာက္ သင္တန္းဌာန ၂ ကို ဝင္းေရာ္ျမစ္အေရွ႕ဘက္ျခမ္းတြင္ ဆက္လက္ဖြင့္လွစ္သြားရန္ အစိုးရပညာေရးဌာနႏွင့္ ၿမိဳ႕နယ္ ကရင္စာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႔တို႔ ပူးေပါင္းေဆာင္ရြက္သြားမည္ဟု သင္တန္းတာဝန္ရွိသူမ်ားထံမွ သိရသည္။ http://kicnews.org/2020 /07/%e1%80%80%e1%80%9b%e1

*************

၆။       ေရြးေကာက္ပဲြဝင္မည့္ ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕ကို KNP ထုတ္ျပန္

July 6, 2020

ႏိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ ဝင္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း အခ်ိဳ႕ႏွင့္ ဝင္ၿပိဳင္မည့္ မဲဆႏၵနယ္အခ်ိဳ႕ကို ကရင္အမ်ိဳးသားပါတီ-KNPက ဇူလိုင္လဆန္းပိုင္းတြင္ စတင္ထုတ္ျပန္လုိက္သည္။

ဧရာဝတီတုိင္းေဒသႀကီးတြင္ အားျပဳထားသည့္ ကရင္အမ်ိဳးသားပါတီသည္ ဧရာဝတီတုိင္း ကရင္ေရးရာ မဲဆႏၵ နယ္အတြက္ ပါတီအတြင္းေရးမွဴး-၁ မန္းမင္းရဲေထြး ဝင္ၿပိဳင္သြားမည္ျဖစ္သည္။ ထုိ႔အျပင္ တုိင္းေဒသႀကီးလႊတ္ ေတာ္အတြက္ ပန္းတေနာ္ မဲဆႏၵနယ္ အမွတ္-၂ ၌ မန္းခင္ေမာင္ေအး၊ ေညာင္တုန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္-၁ တြင္ ေစာအာကာတိုး၊ ဝါးခယ္မၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ -၁ တြင္ စစိုင္းခြန္သာတို႔ အသီးသီးဝင္ေရာက္ယွဥ္ ၿပိဳင္သြားမည္ဟု KNP က တရားဝင္သတင္းထုတ္ျပန္ ထားသည္။ ဧရာဝတီတုိင္းေဒသႀကီး၊ ကရင္တုိင္းရင္းသားေရးရာ မဲဆႏၵနယ္တြင္ဝင္ၿပိဳင္မည့္ မန္းမင္းရဲေထြးက “က်ေနာ္တို႔ ကရင္မဲဆႏၵရွင္ေတြက အရင္ေရြးေကာက္ပြဲေတြတုန္းကလို မဟုတ္ေတာ့ဘူး။ ႏုိင္ငံေရး ေရခ်ိန္ျမင့္လာၿပီး၊ အမ်ိဳးသားေရးကို လည္း သိလာၿပီးဆိုေတာ့ ဘယ္ပါတီကို မဲေပးရမယ္ဆိုတာလည္း ခ်င့္ခ်ိန္တတ္လာၿပီးေပါ့ေနာ္။ ဘယ္သူ႔ကို မဲေပးရမယ္ဆို တာေျပာစရာမလိုေတာ့ဘူး။ ေနာက္အစိုးရ ျဖစ္ခဲ့တဲ့ပါတီေတြကိုအေနနဲ႔ သူတုိ႔ဘာေတြကတိေပးခဲ့သလဲ၊ ဘာေတြလုပ္ႏုိင္သ လဲ၊ ဘာေတြအဓိကထားေဆာင္ရြက္ႏုိင္ခဲ့သလဲဆိုတာ မဲဆႏၵရွင္ေတြ သေဘာေပါက္ၿပီးလို႔ ေျပာခ်င္ပါတယ္” ဟုေျပာသည္။

ကရင္ပါတီမ်ားအေနျဖင့္ အစိုးရဖဲြ႔ႏုိင္သည့္ အေျခအေန မရွိေသာ္လည္း တုိင္းရင္းသားမ်ားစုေပါင္းကာ လႊတ္ေတာ္ထဲတြင္ တုိင္းရင္းသားအခြင့္အေရး၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားလုပ္ေဆာင္ႏုိင္ေရး အေျခအေနမ်ိဳးျဖစ္ေအာင္ ကရင္မဲဆႏၵရွင္မ်ား ၏ သေဘာထားတြင္လည္းမူတည္ေၾကာင္း ၎က ဆက္ေျပာသည္။ ကရင္အမ်ိဳးသားပါတီအေနျဖင့္ ဧရာဝတီတုိင္းေဒသ ႀကီး ေျမာင္းျမ၊ အိမ္မဲ၊ ကယားျပည္နယ္ႏွင့္ ပဲခူး တုိင္းေဒသႀကီးတို႔တြင္ ဝင္ၿပိဳင္ရန္ျပင္ဆင္ထားၿပီး ကိုယ္စားလွယ္ေလာင္း မ်ားကို ဆက္ထုတ္ ျပန္သြားမည္ဟု ပါတီတာဝန္ရွိသူမ်ားက ေကအုိင္စီသို႔ေျပာသည္။ http://kicnews.org/2020/07/%e 1%80%b1%e1%80%9b%e1%80%bc%e1%80 %b8%e1

**************

၇။       တအာင္း (ပေလာင္) အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းေျမာက္ရွိ မဲဆႏၵနယ္ေျမကိုးခုတြင္ အဓိကထား ဝင္ေရာက္ ယွဥ္ၿပိဳင္မည္

July  8, 2020

တအာင္း(ပေလာင္) အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းအတြင္းရွိ မဲဆႏၵနယ္ေျမ ကိုးခုတြင္ အဓိကထား ဝင္ ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ယင္းပါတီ၏ အေထြေထြအတြင္းေရးမွဴး မိုင္းအုန္းခိုင္က ေျပာၾကားသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ပေလာင္ တိုင္းရင္းသားအမ်ားအျပားရွိေသာ နမ့္ဆန္၊ မန္တံု၊ နမၼတူ၊ မူဆယ္၊ နမ့္ခမ္း၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ မိုးကုတ္၊ မိုင္းကိုင္ မဲဆႏၵနယ္ေျမမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ သြားမည္ျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၁၈ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ကိုးေနရာႏွင့္ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ႏွစ္ေနရာ စုစုေပါင္း ၂၉ ေနရာတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားရန္ လ်ာထားသည္။ တအာင္း (ပေလာင္) အမ်ိဳးသားပါတီအေနျဖင့္ တိုင္းရင္းသားစည္းလံုးညီညြတ္ေရး၊ ႏိုင္ငံသားအခြင့္အေရးမ်ား၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ တန္းတူခြင့္၊ စစ္မွန္ေသာဖက္ဒရယ္ ဖြဲ႔စည္းပံုေပၚေပါက္ေရး၊ ၿငိမ္းခ်မ္းေရးစသည့္ မူဝါဒမ်ား ခ်မွတ္ထားေၾကာင္း တအာင္း (ပေလာင္) အမ်ိဳးသားပါတီ အေထြေထြအတြင္းေရးမွဴး မိုင္းအုန္းခိုင္က ေျပာျကားသည္။

“ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေပၚေပါက္လာဖို႔ပဲ အဓိကဦးတည္တယ္။ နယ္ေျမေအးခ်မ္း သာယာမွပဲ၊ တည္ၿငိမ္မွပဲ က်န္တဲ့က႑ ေတြ လုပ္ေဆာင္လို႔ရမယ္။ က်န္တဲ့ ဖြံ႔ၿဖိဳးက႑ေတြကို ေဒသလိုအပ္ခ်က္အရ လုပ္ေဆာင္သြားဖို႔ပဲ။ အားလံုးေတာ့ ၆၀၊ ၇၀ ရာခိုင္နႈန္းေလာက္ ေမွ်ာ္လင့္ထားပါတယ္။ အရင္နႈန္းထားထက္ မေလ်ာ့ေအာင္ေတာ့ ႀကိဳးစားရမွာပါပဲ။ တအာင္း(ပေလာင္) အမ်ိဳးသားပါတီဟာ ၂၀၁၅ ခုႏွစ္မွာလည္း ပါတီမ်ားအားလံုး မဲကိုယ္စားလွယ္ေလာင္း အဆင့္ (၅) ရထားတယ္။ ဖြံ႔ၿဖိဳးေရး လုပ္ငန္းေတြလည္း တတ္ႏိုင္သေလာက္ လုပ္တယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကိုလည္း ႀကိဳးပမ္းေဆာင္ရြက္ေနပါတယ္။ ၂၀၂၀ ျပည့္ႏွစ္မွာလည္း ပါတီကိုပဲ ေထာက္ခံအားေပးၾကဖို႔ ၿငိမ္းခ်မ္းေရး၊ ေဒသတည္ၿငိမ္ေအးခ်မ္းသြားေအာင္ ဖြံ႔ၿဖိဳးေရး   လုပ္ငန္းေတြ၊ စီးပြားေရးလုပ္ငန္းေတြ တိုးတက္ဖြံ႔ၿဖိဳးလာေအာင္ ဝိုင္းဝန္းၾကပါလို႔ ေျပာခ်င္ပါတယ္။ အဓိကအားျဖင့္ ၿငိမ္းခ်မ္းေရး ေဒသဖြံ႔ၿဖိဳးေရး၊ အလုပ္အကိုင္ ရရွိေရးေတြေပါ့”ဟု မိုင္းအုန္းခိုင္က ေျပာၾကားသည္။

တအာင္း(ပေလာင္) အမ်ိဳးသားပါတီကို ၂၀၁၀ ျပည့္ႏွစ္ ေမလတြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္ အေထြေထြေရြး ေကာက္ပြဲတြင္ ကိုယ္စားလွယ္ ေျခာက္ေနရာ၊ ၂၀၁၅ ခုႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ ၁၂ ေနရာ အႏိုင္ရ ရွိခဲ့ေၾကာင္း သိရသည္။ https://news-eleven.com/article/181946

**************

၈။       “ဝ” အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အဓိကဝင္ေရာက္ယွဥ္ၿပိဳင္မည္

July 8, 2020

“ဝ”အမ်ိဳးသားပါတီအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းကို အဓိကအားျပဳ၍ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း ယင္း ပါတီ အေထြေထြအတြင္းေရးမွဴး ဦးဆမ္းေဆာင္ကားက ေျပာၾကားသည္။ ၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ရွမ္းျပည္နယ္ အေရွ႕ပိုင္း ဟိုပန္၊ မက္မန္း၊ မိုင္းေမာ၊ ပန္ဝိုင္၊ နားဖန္းႏွင့္ ပန္ဆန္းစသည့္ ၿမိဳ႕နယ္ ေျခာက္ခုကို ခရိုင္ႏွစ္ခုခြဲ၍ “ဝ” ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္းအျဖစ္ သတ္မွတ္ထားၿပီး ဟိုပန္ႏွင့္ မက္မန္းၿမိဳ႕နယ္မ်ားကို အစိုးရကထိန္းခ်ဳပ္၍ အျခားၿမိဳ႕နယ္ေလးခုကို “ဝ” ျပည္ေသြးစည္းညီညြတ္ေရးပါတီ UWSA က ထိန္းခ်ဳပ္ထားသည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္း “ဝ” ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း ဟိုပန္ႏွင့္ မက္မန္းမဲဆႏၵနယ္ေျမတြင္ “ဝ” အမ်ိဳးသားပါတီ အေနျဖင့္ အင္ျပည့္အားျပည့္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ၿပီး က်န္ၿမိဳ႕နယ္မ်ားျဖစ္သည့္ တန္႔ယန္း၊ က်ိဳင္းတံု၊ မိုင္းဆတ္၊ မိုင္းပ်ဥ္း၊ မိုင္းယန္းတို႔တြင္ ဝင္ယွဥ္ၿပိဳင္သြားရန္စီစဥ္ထားေသာ္လည္း အတည္မျပဳႏိုင္ေသးေၾကာင္း ၎က ဆိုသည္။“ဝ” တိုင္းေတာ့ ႏွစ္ၿမိဳ႕နယ္ပဲရေတာ့ အျပည့္အဝေတာ့ ၿပိဳင္သြားမယ္။ က်န္တဲ့ ရွမ္းျပည္နယ္မွာရွိတဲ့ တန္႔ယန္း၊ က်ိဳင္းတံု၊ မိုင္းဆတ္၊ မိုင္းပ်ဥ္း၊ မိုင္းယန္းတို႔ေတာ့ ၿပိဳင္ဖို႔ စဥ္းစားထားတာ အတည္မျပဳေသးဘူးေလ” ဟု ဦးဆမ္းေဆာင္ကားက ေျပာ  ၾကားသည္။“ဝ”အမ်ိဳးသားပါတီကို ျပည္သူလူထု သေဘာဆႏၵအရ “ဝ”ဒီမိုကရက္တစ္ပါတီ၊ “ဝ” အမ်ိဳးသားစည္းလံုး ညီညြတ္ေရးပါတီႏွင့္ “ဝ”လစ္ဘရယ္ဒီမိုကရက္တစ္ ဖြံ႔ၿဖိဳးတိုးတက္ေရးပါတီ သံုးပါတီေပါင္းစည္း၍ တည္ေထာင္ထားျခင္း ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေပါင္းတာ သိပ္မၾကာေသးဘူး။ ၂၆ ရက္ေလာက္က ပထမအႀကိမ္ ပါတီညီလာခံလုပ္တာကို သက္ဆိုင္ရာပါတီဝင္အားလံုး မေပါင္းေသးဘူး။ ေပါင္းေတာ့မွအေရအတြက္အတိအက်သိရမယ္။ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွာ ၆၅၀ တင္ ထားတာရွိပါတယ္။ ေပါင္းရတဲ့အေၾကာင္းရင္းက လူထုဆႏၵေတာင္းဆိုမႈေၾကာင့္ ေပါင္းတယ္။ လူထုမဲကိုေတာ့ေမွ်ာ္လင့္ တယ္။ လူထုေတြ အားေပးလိမ့္မယ္။ မဲေပးလိမ့္မယ္ ေမွ်ာ္လင့္တာပဲ။ “ဝ”ေလးၿမိဳ႕ထဲမွာ မွတ္ပံုတင္မရွိတဲ့အတြက္ မဲထည့္ လို႔မရပါဘူး။ ေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ “ဝ”အဖြဲ႔အစည္းမ်ားရဲ႕ တာဝန္ေပါ့”ဟု ဦးဆမ္းေဆာင္ကားက ေျပာၾကားသည္။

“အဓိကေတာ့ “ဝ” ျပည္နယ္ကို ျပည္ေထာင္စုဝင္ ျပည္နယ္တစ္ခုအေနနဲ႔ ျပန္လည္သတ္မွတ္ေပးဖို႔ အဓိကဦးတည္ခ်က္ ေပါ့။ ေဒသေတြ ဖြံ႔ၿဖိဳးတိုးတက္ဖို႔၊ လူေနမႈအဆင့္အတန္းျမင့္မားဖို႔ အျခားေသာ တိုင္းရင္းသားေတြနဲ႔ တန္းတူအခြင့္အေရးရဖို႔ ရည္မွန္းခ်က္ေတြပဲေလ။ “ဝ” ျပည္နယ္ကို ျပည္ေထာင္စုဝင္ ျပည္နယ္အျဖစ္ သတ္မွတ္ေပးဖို႔ရန္ အဓိကထားပါတယ္”ဟု  ဦးဆမ္းေဆာင္ကားက ေျပာၾကားသည္။“ဝ”အမ်ိဳးသားပါတီအေနျဖင့္ ၂၀၁၉ ႏွစ္ကုန္ပိုင္းတြင္ ျပည္ေထာင္စု ေရြးေကာက္ ပြဲေကာ္မရွင္ UEC ထံ ပါတီမွတ္ပံုတင္ ေလွ်ာက္ထားခဲ့ၿပီး ၂၀၂၀ ျပည့္ႏွစ္ ဧၿပီတြင္ ႏိုင္ငံေရးပါတီမွတ္ပံုတင္ရရွိခဲ့ျခင္းျဖစ္ သည္။ https://news-eleven.com/article/181940

***************

၉။       SNLD ပါတီအေနျဖင့္ မူဆယ္ခရိုင္အတြင္းရွိ မဲဆႏၵနယ္ေျမအားလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး လႊတ္ေတာ္                                   ကိုယ္စားလွယ္ေလာင္းမ်ားအား ေဒသခံမ်ား၏ ဆႏၵသေဘာထားျဖင့္ ေရြးခ်ယ္မည္

July 7, 2020

၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ SNLD အေနျဖင့္ မူဆယ္ခရိုင္အတြင္းရွိ မဲဆႏၵနယ္ေျမအားလံုး၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအား ေဒသခံ မ်ား၏ ဆႏၵသေဘာထားျဖင့္ ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

“အခု ကြ်န္ေတာ္တို႔ၿမိဳ႕နယ္မွာက ျပည္နယ္လႊတ္ေတာ္ ႏွစ္ေနရာနဲ႔ ျပည္သူ႔လႊတ္ေတာ္ တစ္ေနရာရယ္၊ လိုအပ္ရင္လည္း ခရိုင္မွာ အမ်ိဳးသားလႊတ္ေတာ္ေနရာ ဝင္ၿပိဳင္ဖို႔ရွိပါတယ္။ စုစုေပါင္း ေလးေနရာ ဝင္ၿပိဳင္မွာပါ။ ၂၀၂၀ ေရြးေကာက္ပြဲမွာ ယခင္ ႏိုင္ခဲ့ၿပီးသား ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ျပည္သူ႔လႊတ္ေတာ္တစ္ေနရာနဲ႔ အမွတ္ (၁) မဲဆႏၵနယ္တစ္ေနရာ ႏိုင္ထားတာရွိ တယ္။ အဲဒီေနရာႏွစ္ခုက လက္ရွိအေနအထားအရလည္း ႏိုင္မယ္လို႔ ခံယူထားတယ္။ က်န္တဲ့ အမွတ္(၂) မဲဆႏၵနယ္နဲ႔ ခရိုင္ မွာ အမ်ိဳးသားလႊတ္ေတာ္ေနရာမွာလည္း အႏိုင္ရရွိႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတာရွိတယ္”ဟု မူဆယ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္း သားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဥကၠ႒ စိုင္းလွေဖက ေျပာၾကားသည္။

ဆက္လက္၍ ၎က “ေဒခံေတြကို ေျပာခ်င္တာက အမ်ိဳးသားေရးအေနနဲ႔ ၿပီးခဲ့တဲ့ ပင္လံုရဲ႕ ကတိကဝတ္ေတြအရ ကြ်န္ေတာ္ တို႔ ျပည္နယ္မွာ ျပည္ေထာင္စုမွာ ဖက္ဒရယ္ျပည္ေထာင္စုပံုစံမ်ိဳး ေပၚေပါက္လာေအာင္ ကြ်န္ေတာ္တို႔ ဦးတည္ရည္မွန္းထား ပါတယ္။ ဒါကိုလည္း အားလံုးအေကာင္အထည္ေဖာ္ႏိုင္‌ေအာင္ အားသြန္ခြန္စိုက္လုပ္သြားပါမယ္။ ေနာက္တစ္ခုက ေဒသ နယ္ေျမမွာရွိတဲ့ ေဒသျပည္သူေတြအားလံုးအတြက္ လူမႈေရး၊ စီးပြားေရး၊ လံုၿခံဳေရးအပိုင္းကစၿပီးေတာ့ အားလံုးကို အကာ အကြယ္ေပးႏိုင္ေအာင္ ဦးစားေပးလုပ္ေဆာင္သြားမယ္” ဟု ေျပာၾကားသည္။

မူဆယ္ခရိုင္အတြင္းရွိ မဲဆႏၵနယ္ေျမအားလံုးတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ SNLD ပါတီ ကိုယ္စားလွယ္ေလာင္းမ်ားကို ဇူလိုင္ ၁၂ ရက္တြင္ ေဒသခံျပည္သူမ်ား၏ ဆႏၵသေဘာထားျဖင့္ ေရြးခ်ယ္မည္ျဖစ္ၿပီး ၿမိဳ႕နယ္မွ စိစစ္အတည္ျပဳၿပီးပါက ဗဟိုသို႔ ဆက္လက္ေပးပို႔သြားမည္ျဖစ္ေၾကာင္း စိုင္းလွေဖက ဆိုသည္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ (Shan Nationalities League for Democracy- SNLD) ကို ၁၉၈၈ ခုႏွစ္ ေအာက္တိုဘာ ၂၆ ရက္တြင္ စတင္တည္ေထာင္ခဲ့သည္။ https://news-eleven.com/article/181774

***************

၁၀။     UNA အဖြဲ႔ဝင္ခ်င္း ေရြးေကာက္ပြဲမဲဆႏၵနယ္တူလွ်င္ အားသာခ်က္ရွိသည့္ပါတီ အႏိုင္ရေရး ညွိႏိႈင္းေဆာင္ရြက္မည္

July 9, 2020

တိုင္းရင္းသားမဟာမိတ္အဖြဲ႔ျဖစ္သည့္ UNA အဖြဲ႔ဝင္ ပါတီအခ်င္းခ်င္း ေရြးေကာက္ပြဲ မဲဆႏၵနယ္တူညီလွ်င္ အားသာခ်က္ရွိ သည့္ ပါတီအႏိုင္ရေရး ညွိႏိႈင္းေဆာင္ရြက္သြားမည္ဟု အဖြဲ႔ဝင္ ပါတီအခ်ိဳ႕၏ တာဝန္ရွိသူမ်ားက ေျပာၾကားသည္။

ေရြးေကာက္ပြဲ မဲဆႏၵနယ္တူ၍ ပါတီတစ္ခု ေရွာင္ေပးျခင္းက ပါတီပံုရိပ္ထိခိုက္ႏိုင္သလို လူထုဆႏၵကိုလည္း မေလးစားရာ ေရာက္ေစသည္ဟု UNA အဖြဲ႔ဝင္ ရွမ္းတိုင္း ရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) အေထြေထြအတြင္းေရးမွဴး ဦးစိုင္းလိတ္ က ေျပာၾကားသည္။“အဖြဲ႔ဝင္ပါတီ အႏိုင္ရဖို႔ေတာ့ အကုန္လံုး ပူးေပါင္းေဆာင္ရြက္ၾကမွာေပါ့”ဟု UNA ေျပာခြင့္ရ ပုဂၢိဳလ္ တစ္ဦးျဖစ္သည့္ ဦးစိုင္းလိတ္က ေျပာၾကားသည္။

စည္းလံုးညီညြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားမဟာမိတ္(UNA) ကို ႏိုင္ငံေရးပါတီ ၁၃ ပါတီျဖင့္ ဖြဲ႔စည္းထားၿပီး ၁၂ ပါတီမွာ တိုင္းရင္းသားပါတီမ်ားျဖစ္ကာ က်န္တစ္ပါတီမွာ ၁၉၉၀ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအဖြဲ႔ကို အေျခခံတည္ေထာင္သည့္ ညီညြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ (UNDP) ျဖစ္သည္။

SNLD ပါတီအေနျဖင့္ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ရွမ္းျပည္နယ္ရွိ မဲဆႏၵနယ္အမ်ားစုႏွင့္ ကခ်င္ျပည္နယ္၊ ကယား ျပည္နယ္၊ မႏၱေလးတိုင္းရွိ မဲဆႏၵနယ္အခ်ိဳ႕တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္သည္။ ယင္းသို႔ ယွဥ္ၿပိဳင္ရာတြင္ ကခ်င္ျပည္နယ္ ႏွင့္ ကယားျပည္နယ္ရွိ မဲဆႏၵနယ္အခ်ိဳ႕တြင္ UNA အဖြဲ႔ဝင္ ကခ်င္အမ်ိဳးသားကြန္ဂရက္ပါတီ (KNC) ႏွင့္ ကယန္းအမ်ိဳးသား ပါတီ (KNP) တို႔ႏွင့္ မဲဆႏၵနယ္ထပ္ျခင္းမ်ား ရွိႏိုင္ေသာ္လည္း အခ်င္းခ်င္းနားလည္မႈရွိ၍ ဆိုးရြားသည့္ပြတ္တိုက္မႈ မရွိႏိုင္ဟု ဦးစိုင္းလိတ္က ဆိုသည္။ လက္ရွိတြင္ UNA အဖြဲ႔ဝင္အခ်ိဳ႕ ေရြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အစီအစဥ္မ်ားႏွင့္ ပတ္သက္၍ ပါတီခ်င္းညွိႏိႈင္းမႈမ်ား စတင္လုပ္ေဆာင္ေနသည္ကို ေတြ႔ရသည္ဟု UNA အဖြဲ႔ဝင္ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (ALD) အေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္က ေျပာၾကားသည္။ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီအေနျဖင့္လည္း လာမည့္ ေရြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္အပါအဝင္ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီ တိုင္းရွိ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာမ်ား ကိုလည္း ယွဥ္ၿပိဳင္မည္ဟုသိရသည္။ အျခားေသာ UNA အဖြဲ႔ဝင္ တိုင္းရင္း သားႏိုင္ငံေရးပါတီမ်ားလည္း ၎တို႔ပါတီ တည္ရွိ ရာေဒသမ်ားတြင္ အေထြေထြေရြးေကာက္ပြဲယွဥ္ၿပိဳင္ရန္ ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။ https://news-eleven.com/article/182054

**************

၁၁။     ရိကၡာျပတ္ေနသည့္ ဒါးလက္သို႔ ဆန္ပို႔ပါက အုပ္ခ်ဳပ္ေရးမွဴးထံမွ ခြင့္ျပဳခ်က္ ယူရမည္ဟုဆို

July 7, 2020

တိုက္ပြဲမ်ားေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္ေနၾကသည့္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒါးလက္အုပ္စုရွိ ေဒသခံျပည္သူမ်ား အတြက္ ဆန္အိတ္မ်ား သယ္ယူရာတြင္ အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံခ်က္ယူ၍ ပို႔ေဆာင္ႏိုင္ေျကာင္း သိရသည္။ ၿပီးခဲ့သည့္ ဇြန္လ၂၈ ရက္က ဒါးလက္အုပ္စုရွိ ေဒသခံျပည္သူ ၄၀ဝ၀ ေက်ာ္အတြက္ ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ ေက်ာင္း သား/သူမ်ားအဖြဲ႔ (CUSR) မွ ဦးစီးၿပီး ဆန္ ၁၂၅ အိတ္ကို သယ္ေဆာင္လာရာ ကဇူးကိုင္း တံတားအနီးတြင္ ယာယီ တပ္ စခန္းခ်ေနၾကသည့္ တပ္မေတာ္က အိတ္၂၀ သာ ခြင့္ျပဳခဲ့ေၾကာင္း CUSR မွ ေျပာဆိုသည္။

ထိုျဖစ္ရပ္ႏွင့္ ပတ္သက္ၿပီး ဆန္အိတ္သယ္ယူရာတြင္ အုပ္ခ်ဳပ္ေရးမွဴးထံမွ ေထာက္ခံခ်က္ပါရမည္ျဖစ္ေၾကာင္း၊ ေထာက္ခံ ခ်က္မပါသျဖင့္ တပ္မေတာ္က ဆန္သယ္ယူခြင့္ ပိတ္ပင္တားဆီးခဲ့ျခင္းသာျဖစ္ေၾကာင္း အမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးကိုကိုျမတ္က ဧရာဝတီသို႔ ေျပာသည္။

“အဲဒီလို သယ္လို႔တားတယ္ဆိုတာ တခါမွမၾကားဖူးဘူး။ အမ္းၿမိဳ႕နယ္ လံုၿခံဳေရး အတြက္ဆို တပ္ေတြ ရွိတယ္။ က်ေနာ့္ဆီ က ေထာက္ခံခ်က္ပါရင္ အကုန္လံုးက လႊတ္ေပးတယ္။ တခါမွ ပိတ္တယ္ ျပဳတယ္ မၾကားမိဘူး။ သူတို႔သေဘာနဲ႔ သူတို႔ ဆန္သယ္သြားတယ္ဆိုတာ ဘာအေၾကာင္းေၾကာင့္လဲေတာ့ မသိဘူးေလ။ အဲဒီလူေတြက ဘာအတြက္ သယ္တာလဲ။ ဘယ္သူက သယ္တာလဲ။ အဲဒါေတြလည္း လိုေသးတယ္။ သူတို႔ေျပာသလို ပိတ္တယ္ဆို တာက မျဖစ္ႏိုင္ဘူးေလ”ဟု ေျပာသည္။ ဆန္သယ္ယူရာတြင္ ေဒသခံမ်ားႏွင့္ ပူးေပါင္းသယ္ယူမည္ ျဖစ္ေသာေၾကာင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံသို႔ စာမတင္မိေ ၾကာင္း CUSR မွ ဥကၠ႒ ဆလိုင္းထြန္းလွေက်ာ္က ဆိုသည္။ ဆလိုင္းထြန္းလွေက်ာ္က “ပို႔မွာကေတာ့ အမ္းၿမိဳ႕နယ္၊ CUSR ဆပ္ေကာ္မတီနဲ႔ ေဒသခံေတြေပါင္းၿပီး ဆန္ကို သယ္သြား ၾကမလို႔။ ဒါေပမယ့္ ကဇူးကိုင္း အနီးမွာရွိတဲ့ တပ္နဲ႔ ညွိၾကည့္ၾက ေတာ့ တပ္က ေလာေလာဆယ္ ဆန္ကိုအမ်ားႀကီး သယ္ခြင့္ မေပးႏိုင္ေသးဘူးလို႔ ေျပာတယ္။ သယ္မယ္ဆို တလကို ဆန္အိတ္၂၀ ပဲ သယ္ခြင့္ ေပးမယ္လို႔ ေျပာတယ္။ တကယ္လို႔ လံုးဝ အဆင္မေျပၾကဘူဆိုရင္လည္း ခင္ဗ်ားတို႔ အဆင္ေျပတဲ့ ေနရာေတြကို ေျပာင္းၾကပါလို႔ပဲ ေျပာတယ္” ဟု ေျပာသည္။

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရကၡိဳင္ စစ္တပ္(AA)တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ေရလမ္းကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလတြင္ ပိတ္ထားခဲ့ၿပီး ကုန္းလမ္းကို ၂၀၂၀ ေဖေဖာ္ဝါရီလတြင္ ထပ္မံ ပိတ္လိုက္ျခင္းေၾကာင့္ အမ္းၿမိဳ႕နယ္ရွိ ဒါးလက္အုပ္စုတခုလံုး စားနပ္ရိကၡာမ်ား ျပတ္လပ္သြားျခင္း ျဖစ္သည္။ ဒါးလက္ အုပ္စုတြင္ ေက်းရြာေပါင္း ၄၇ ရြာ ရွိသည့္အနက္ ၇ ရြာက ရခိုင္ လူမ်ိဳးမ်ား ေနထိုင္သည့္ ရြာမ်ားျဖစ္ၿပီး က်န္သည့္ ရြာေပါင္း ၄၀ မွာ ခ်င္းလူမ်ိဳးမ်ား ေနထိုင္သည့္ ရြာမ်ားျဖစ္ကာ လူဦးေရ စုစု ေပါင္း ၁ ေသာင္း ၃ ေထာင္ေက်ာ္ ရွိသည္ဟု ဒါးလက္ အုပ္စု အုပ္ခ်ဳပ္ေရးမႉးထံက သိရသည္။ ဒါးလက္အုပ္စုက အုပ္ခ်ဳပ္ ေရးမွဴးတခ်ိဳ႕လည္း ႏွစ္ဖက္တပ္ကိုေၾကာက္ေနရသည့္အတြက္ ထြက္ေျပးေနၾကရသည္ဟု ဒါးလက္အုပ္စုအတြင္းရွိ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴ   း တဦးထံက သိရသည္။ https://burma.irrawaddy.co m/news/2020/07/07/225881.html

**************

၁၂။     ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ ေဝဘူလေတာင္တြင္ ကုမၸဏီတစ္ခုက သတၱဳတူးေဖာ္ေရး ေဆာင္ရြက္ေန

July 9, 2020

ခ်င္းျပည္နယ္ ဖလမ္းခရိုင္ ဆီးယင္းသစ္ေတာႀကိဳးဝိုင္းဧရိယာအတြင္း တည္ရွိသည့္ ေဝဘူလေတာင္တြင္ ဖိုးလမင္းသာသာ ကုမၸဏီက ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ခြင့္ျပဳခ်က္ျဖင့္ဟုဆိုကာ သတၱဳတူးေဖာ္မႈေဆာင္ရြက္ေနသည္ဟု စံုစမ္းသိရွိသည္။

ေဝဘူလေတာင္သည္ ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး နယ္နိမိတ္အနီးတြင္တည္ရွိၿပီး ကုမၸဏီတာဝန္ရွိသူမ်ားက လုပ္ငန္းအေကာင္အထည္ေဖာ္သည့္အေနျဖင့္ လမ္းေဖာက္လုပ္ျခင္း၊ အေဆာက္အဦးတည္ေဆာက္ျခင္းမ်ားရွိလာသည့္ အတြက္ စစ္ကိုင္းတိုင္းဘက္မွ ေက်းရြာတစ္ခ်ိဳ႕က ကန္႔ကြက္မႈရွိလာသည့္အတြက္ ယေန႔တြင္ ကေလးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ားက သြားေရာက္ကြင္းဆင္း စစ္ေဆးမႈျပဳလုပ္ခဲ့ၾကသည္ဟု အထက္ခ်င္းတြင္ လူငယ္မ်ား ကြန္ယက္ ဦးေက်ာ္သက္ဝင္းကေျပာသည္။“ေဒသခံေတြကန္႔ကြက္တဲ့အခါက်မွ စစ္ကိုင္းတိုင္းဘက္ကသိတယ္ ဒီဧရိယာက ဆီးယင္းႀကိဳးဝိုင္းထဲမွာပါေနတယ္၊ အဲဒီမွာ လုပ္ကြက္ေပါင္း (၁၄) ခုခ်ထားတယ္ အခုေတာ့ ျပည္နယ္အစိုးရ သ ေဘာထားမွတ္ခ်က္နဲ႔ က်ေနာ္တို႔သိထားတာက လုပ္ကြက္ (၄) ခုေလာက္ကေတာ့ ျပည္နယ္အစိုးရ သေဘာထား မွတ္ခ်က္ ေပးၿပီးၿပီသိရတယ္၊ ဘာေတြမွတ္ခ်က္ေပးတာလဲေတာ့မသိရဘူး ဒါေပမဲ့ စစ္ကိုင္းဘက္က ဒါနဲ႔ပတ္သက္ၿပီး လက္မခံဘူး၊ ကုမၸဏီဘက္ကေတာ့ ခ်င္းျပည္နယ္အစိုးရက သေဘာထားမွတ္ခ်က္ေပးတဲ့အတြက္ သူတို႔ေဆာက္တာလို႔ေျပာတယ္၊ အဲဒါ က်ေနာ္တို႔က ခြင့္ျပဳခ်က္အမိန္႔ေတြျပေပါ့ ေတာင္းတာေပါ့ ခ်င္းျပည္နယ္အစိုးရခြင့္ျပဳတယ္ဆိုရင္ စစ္ကိုင္းတိုင္းအစိုးရ ခြင့္ျပဳ တယ္ဆိုရင္ သက္ဆိုင္တဲ့ စာရြက္စာတမ္းေတြျပဆိုေတာ့ သူတို႔မျပႏိုင္ဘူး၊ အဲဒီအတြက္ေၾကာင့္ က်ေနာ္တို႔ အခုေဆာက္ ထားတဲ့ အေဆာက္အဦးေတြဖ်ယ္ရွားေပးဖို႔နဲ႔ ဖ်က္သိမ္းေပးဖို႔ က်ေနာ္တို႔ ဒီေန႔မွတ္ခ်က္ျပဳတယ္”ဟု ဦးေက်ာ္သက္ဝင္း က ေျပာသည္။

ဖိုးလမင္းသာသာ ကုမၸဏီအေနျဖင့္ အဆိုပါေဝဘူလေတာင္တြင္ ခရိုမိုက္တူးေဖာ္ေရးလုပ္ငန္းေဆာင္ရြက္ပါက ေတာင္ေျခရွိ စစ္ကိုင္းတိုင္းဘက္ျခမ္းမွ လယ္ယာေျမအျမာက္အမ်ား ပ်က္စီးဆံုးရံႈးႏိုင္သည္ဟုဆိုကာ ေက်းရြာအုပ္စု (၃) အုပ္စု ငါးဖားအုပ္ စု၊ နတ္ေခ်ာင္းအုပ္စုႏွင့္ ေထာက္ႀကံ့အုပ္စုတို႔မွ ကန္႔ကြက္ခဲ့ၾကျခင္းျဖစ္သည္။

“က်ေနာ္ေျပာမယ္ ခ်င္းျပည္နယ္အစိုးရက ဘယ္သတၱဳလုပ္ငန္းမွ ခြင့္ျပဳထားတာမရွိေသးဘူး၊ ေနာက္တစ္ခုက ခ်င္း ျပည္နယ္အစိုးရ သတၱဳလုပ္ကြက္စီစစ္ေရးက အေသးစားနဲ႔ လက္လုပ္လက္စားပဲ ခြင့္ျပဳခ်က္ေပးလို႔ရတယ္၊ အႀကီးစားကို ျပည္ေထာင္စုအဆင့္ပဲဆိုင္ပါတယ္၊ ခ်င္းျပည္နယ္က လုပ္ကြက္ခ်ထားေပးႏိုင္တဲ့ေနရာမွာ ဗဟိုကသတ္မွတ္ထားတာ ျပည္ေထာင္စုကသတ္မွတ္ထားတာ၊ ဆိုေတာ့ နံပတ္တစ္က က်ေနာ္တို႔ခ်ထားတာမရွိပါဘူး နံပတ္ႏွစ္က ခ်င္းျပည္နယ္က ခ်ထားေပးတယ္ဆိုရင္ စာရြက္စာတမ္းေတာင္းပါ ခြင့္ျပဳခ်က္စာရြက္စာတမ္းေတာင္းပါ၊ အဲဒါေတာ့ က်ေနာ္တို႔က က်ေနာ္တို႔ ဆီေရာက္လာရင္ အစစ္လားအတုလား ခြဲေပးမယ္၊ တကယ္လို႔ အတုနဲ႔လုပ္မယ္ဆိုရင္ စီးပြားေရးသမားေတြက လုပ္ငန္းရွင္ ေတြက ဒါဥပေဒမဲ့လုပ္တဲ့အတြက္ေၾကာင့္ ဒါကိုလည္း ဥပေဒအရအေရးယူလို႔ရတယ္”ဟု ခ်င္းျပည္နယ္သစ္ေတာေရးရာ ဝန္ႀကီး ဦးမာန္ဟင္းဒါလ္ကေျပာသည္။ ခ်င္းျပည္နယ္တြင္ ခရိုမိုက္သတၱဳသည္ ဖလမ္းခိုင္ တီးတိန္၊ တြန္းဇံၿမိဳ႕နယ္ ျမြေတာင္ ဖားေတာင္တြင္ အမ်ားဆံုးထြက္ရွိၿပီး ဒုတိယမွာ ဖလမ္းၿမိဳ႕နယ္ ဆီးယင္းသစ္ေတာ္ႀကိဳးဝိုင္းေဒသ ေဝဘူလေတာင္ဟု သိရ သည္။ https://www.bnionline.net/mm/news-74136

***************

၁၃။     ကြတ္ခိုင္ၿမိဳ႕နယ္ ေပါက္ကြဲမႈ ျဖစ္ ေဒသခံ ၇ ဦး ထိမွန္

July 9, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ ပန္ကိုင္ေက်းရြာအုပ္စု နမ့္ခြမ္ရြာတြင္ ေပါက္ကြဲမႈတခုျဖစ္ၿပီး ေဒသခံ ၇ ဦး ထိမွန္ခဲ့ ေၾကာင္း စံုစမ္းသိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္ ၈ ရက္ ေန႔လည္ ၁၂ နာရီဝန္းက်င္က နမ့္ခြမ္ရြာရွိ ေတာင္ယာတြင္ အမ်ိဳးသား ၂ ဦး ႏွင့္ အမ်ိဳးသမီး ၅ ဦး အလုပ္လုပ္ေနစဥ္ ေပါက္ကြဲမႈတခုျဖစ္ပြားကာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေမတၱာရွင္လူမႈကူညီေရးအသင္း နာယက က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။“ေျမျမွဳပ္မိုင္းေတာ့မဟုတ္ဘူး။ သူတို႔ေတာင္ယာလုပ္ရင္း နားေနခ်ိန္မွာ မေပါက္ကြဲေသး တဲ့ မိုင္းကို သြားထိမိလို႔ ေပါက္ကြဲတာ။ ဒဏ္ရာ ျပင္းထန္တဲ့ ၅ ဦးကိုေတာ့ လားရိႈးျပည္သူ႔ေဆးရံုကို ပို႔ထားတယ္” ဟု ၎က ဆိုသည္။

ဒဏ္ရာ ျပင္းထန္သည့္ အမ်ိဳးသား ၁ ဦး ႏွင့္ အမ်ိဳးသမီး ၄ ဦးကို ယမန္ေန႔တြင္ ဂရုဏာလူမႈ ကူညီေရးအသင္း ႏွင့္ ေမတၱာရွင္ လူမႈကူညီေရးအသင္းတို႔က လားရိႈးေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။ ထိုေဒသတေလွ်ာက္တြင္ အစိုးရ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္မ်ား လႈပ္ရွားေနသျဖင့္ မေပါက္ကြဲေသးသည့္ က်ည္မ်ား ဆက္ရွိႏိုင္ဦးမည္ျဖစ္ ေၾကာင္း သြားေရာက္ကူညီခဲ့သည့္ ေမတၱာရွင္ လူမႈကူညီေရး အသင္း က ေျပာဆိုလိုက္သည္။

သွ်မ္းျပည္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း အစိုးရတပ္မေတာ္ ႏွင့္ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA)၊ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (TNLA)တို႔ မၾကာခဏ ထိေတြ႔သည့္ေနရာျဖစ္သည္။ ထို႔ျပင္ ယခုရက္ပိုင္း အစိုးရတပ္မေတာ္သည္ စစ္အင္အားျဖည့္ဆည္းမႈမ်ား ျပဳလုပ္ကာ ေဒသခံမ်ား စိုးရိမ္ထိတ္လန္႔မႈျဖစ္ေနေၾကာင္း သိရသည္။ https://burmese.shan news.org/archives/17427

**************

၁၄။     သတၱမတန္း သင္ရိုးညြန္းတမ္းအသစ္မွာ ကယား(ကရင္နီ)မ်ိဳးႏြယ္စုအမည္တခ်ိဳ႕ စာလံုးေပါင္းသတ္ပံုႏွင့္ ရိုးရာဓေလ့ အေၾကာင္းမွားေန

July 08, 2020

သတၱမတန္း သင္ရိုးညြန္းတမ္းအသစ္မွာ ကယား(ကရင္နီ)ျပည္နယ္က တိုင္းရင္းသားအမည္နာမနဲ႔ ရိုးရာဓေလ့အေၾကာင္း ေတြ မွားေနတယ္လို႔ သက္ဆိုင္ရာ ေဒသခံတိုင္းရင္းသားမ်ိဳးႏြယ္စုေတြက ေထာက္ျပ ေျပာဆိုေနၾကပါတယ္။

ကယား(ကရင္နီ)လူမ်ိဳးေတြရဲ႕ အထြတ္အထိပ္ထားတဲ့ အဲဒိုေပၚမီပြဲ (ေခၚ) ဒီးကူပြဲကို ဒီကူးပြဲလို႔သာ ေဖာ္ျပထားျခင္း၊ ဒီးကူကို ဒီကူးဟု စာလံုးေပါင္းမွားယြင္းစြာ ေရးသားထားျခင္းႏွင့္ ၎ပြဲေတာ္ကိုလည္း ေကာက္သစ္စားပြဲလို႔ ဆရာကိုင္စာအုပ္မွာ ေဖာ္ျပထားျခင္းက လႊဲမွားေနတယ္လို႔ ကယားစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီဥကၠဌ ခူးဖဲညြန္႔ရယ္က ေျပာပါတယ္။ ယခင္ ၂၀၁၇- ၂၀၁၈ ခုႏွစ္က ကယားတစ္မ်ိဳးသားလံုးညီလာခံမွာလည္း ဒီးကူပြဲအစား အဲဒိုေပၚမီပြဲလို႔သာ အသံုးျပဳၾကဖို႔ အတည္ျပဳ ခ်က္ယူၿပီးသားျဖစ္တယ္လို႔ ဆိုပါတယ္။“ဒါေပမယ့္ အလြယ္တကူသံုးႏႈန္းခ်င္ေနတဲ့ဒီ တျခားေသာ တိုင္းရင္းသားေတြက ဒီးကူဆိုတဲ့ဟာကို သံုးႏႈန္းေနၾကတယ္။ အခု ဒီအဲဒိုေပၚမီရဲ႕ အသံုးအႏႈန္းကို ျပန္ၿပီးေတာ့ အသံုးျပဳႏိုင္ဖို႔ လြန္ခဲ့တဲ့ ၂၀၁၇-၁၈ တုန္းက ေထးငွားလ်ား တစ္ျပည္နယ္လံုးဆိုင္ရာ အဲဒိုေပၚမီလို႔ က်ေနာ္တို႔ ျပန္လည္ၿပီးေတာ့ အတည္ျပဳခ်မွတ္ၿပီးသားျဖစ္ပါ တယ္။ ဒါေၾကာင့္မို႔လို႔ ျပည္သူလူထုေတြၾကားမွာဆိုရင္ အဲဒိုေပၚမီလို႔ တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနပါတယ္။”ေက်ာင္း သားကိုင္စာအုပ္ စာမ်က္ႏွာ ၃၁-၃၂ ထဲတြင္လည္း အဲဒိုေပၚမီပြဲေတာ္သည္ ေကာက္ညင္းထုတ္ပြဲတစ္ခု ျဖစ္ေၾကာင္းကိုလည္း ေရးသားေဖာ္ျပထားပါတယ္။

တိုင္းရင္းသားမ်ား၏ သေဘာထားႏွင့္မကိုက္ညီပဲ ေခတ္အဆက္ဆက္ကအမွားေတြကို တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ကေလးေတြကိုသင္ၾကားမည္ဆိုပါကတိုင္းရင္းသားအခ်င္းခ်င္းၾကားမွာ ေသြးခြဲမႈမ်ားျဖစ္ေပၚေစတယ္လို႔ ကိုေက်ာ္ထင္ေအာင္ က ေျပာပါတယ္။ ဒါ့အျပင္ ကယန္းဆိုတဲ့ စာလံုးေပါင္းသတ္ပံုကို ယန္းကို (ယမ္း)လို႔ သံုးထားျခင္း၊ ေဂဘားဆိုတဲ့ စာလံုး ေပါင္းသတ္ပံုလည္း ဘားကို (ပါး)အျဖစ္သံုးထားျခင္း အျပင္ ကယားမ်ိဳးႏြယ္စု ၉ မ်ိဳးထဲက ဇယိမ္း၊ ေဂခို၊ ကယန္း(ပေဒါင္း)၊ ယင္းေဘာ္ ဆိုတဲ့ မ်ိဳးႏြယ္စု ေလးစုက ကယန္းမ်ိဳးႏြယ္စု တစ္ခုတည္းသာျဖစ္တဲ့အတြက္ ေလးခုလံုးေဖာ္ျပျခင္းက မွားေန တယ္လို LAIN နည္းပညာအေထာက္အကူျပဳအဖြဲ႔ ဘုတ္အဖြဲ႔ရဲ႕  ဥကၠဌ ကိုေက်ာ္ထင္ေအာင္ ကေထာက္ျပေျပာဆိုပါတယ္။ ကယန္းမ်ိဳးႏြယ္စု ေလးမ်ိဳးရဲ႕ အေခၚအေဝၚကိုလည္းမွာလည္း ဇယိမ္း=ကယန္း(လထ)၊ ကယန္း(ပေဒါင္)=ကယန္း(လဝီ)၊ ေဂခို=ကယန္း(ေဂခို)၊ ယင္းေဘာ္=ကယန္း(ကငန္) စသည္ျဖင့္ ေျပာင္လဲေခၚဆိုခဲ့ၾကေၾကာင္းကို ၂၀၁၇ ခုႏွစ္တြင္သာ အတည္ျပဳလက္မွတ္ေရးထိုးခဲ့ၾကၿပီး အားလံုးကို ကယန္းမ်ိဳးႏြယ္စုတစ္ခုသာျဖစ္တယ္လို႔ဆိုပါတယ္။

ယခုလို ေက်ာင္းသံုးစာအုပ္ထဲမွာ မွားယြင္းေဖာ္ျပထားျခင္းမွာ အစိုးရပညာေရးဝန္ႀကီးဌာနမ်ားမွ တိုင္းရင္းသားေရးရာဌာန မ်ားႏွင့္ တိုင္းရင္းသားစာေပရံုးမ်ားသို႔ ကြင္းဆင္းေလ့လာမႈအားနည္းခဲ့ျခင္းေၾကာင့္ျဖစ္တယ္လို႔ ကယန္းစာေပယဥ္ေက်းမႈ ေကာ္မတီ ယဥ္ေက်းမႈတာဝန္ခံ ေဒၚရင္ေမ က ေထာက္ျပေျပာဆိုသြားပါတယ္။ ကယား(ကရင္နီ) ျပည္နယ္ရွိ ဆရာ/မ မ်ား ႏွင့္ ေက်ာင္းသား/သူမ်ားသည္ တိုင္းရင္းသားေဒသခံျဖစ္၍ သင္ၾကားရာတြင္ အမွန္ကိုသင္ၾကားေပး ႏိုင္ေသာ္လည္း တစ္ျခား တိုင္းႏွင့္ျပည္နယ္မ်ားမွာ စာလံုးေပါင္းအမွန္ကိုမသိေသာေၾကာင့္ အမွားအတိုင္းသင္ၾကားသြားႏိုင္ၿပီး ေနာင္လာေနာင္သား မ်ားအတြက္ မေကာင္းဘူးလို႔ ေကေကာေက်းရြာ အလယ္တန္းျပ ဆရာမ ေဒၚယြာအယ္ေဖာက ဆိုပါတယ္။ တိုင္းရင္းသား လူမ်ိဳးစုမ်ား၏ အသံုးအႏႈန္းအေခၚအေဝၚမ်ားကို အတြင္းက်ေလ့လာသင့္ၿပီး ယခုလို တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ အေၾကာင္း မ်ားကို မွားယြင္းစြာေဖာ္ျပျခင္းမွာ ကယားျပည္နယ္တစ္ျပည္နယ္တည္းမဟုတ္ပဲ တစ္ျခားျပည္နယ္ရွိ တိုင္းရင္းသားမ်ား၏ အေၾကာင္းအရာတစ္ခ်ိဳ႕လည္း မွားယြင္းေနတယ္လို႔သိရပါတယ္။ https://www.bnionline. net/mm/ news-74113

*************

၁၅။     အေထြေထြေရြးေကာက္ပြဲတြင္ ကယားျပည္နယ္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္မ်ား၌ ကယန္းတိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္                 ထည့္သြင္းသတ္မွတ္ေပးရန္ ကယန္းအမ်ိဳးသားညီညႊတ္ေရး ဦးေဆာင္ေကာ္မတီ ေတာင္းဆို

July 4, 2020

အေထြေထြေရြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ထုတ္ျပန္သည့္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ မ်ားတြင္ ကယားျပည္နယ္၌ ဗမာတိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္သာပါဝင္ၿပီး ကယန္းတိုင္းရင္းသားလူမ်ိဳးမဲဆနၵနယ္ (ကယန္း တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး) အား  ထည့္သြင္းသတ္မွတ္ေပးရန္ ကယန္းအမ်ိဳးသား ညီညြတ္ေရးဦးေဆာင္ ေကာ္မတီ က ဇူလိုင္ ၃ ရက္တြင္ သေဘာထားထုတ္ျပန္ ေတာင္းဆိုသည္။

ကယန္းအမ်ိဳးသားညီညြတ္ေရးေကာ္မတီတြင္ ကယန္းျပည္သစ္ပါတီ၊ ကယန္း အမ်ိဳးသားပါတီ၊ ကယန္းစာေပႏွင့္ ယဥ္ေက်း မႈေကာ္မတီ၊ ကယန္းအမ်ိဳးသမီး အစည္းအရံုး၊ ကယန္းမ်ိဳးဆက္သစ္လူငယ္အဖြဲ႔တို႔ ပါဝင္သည္။ ကယားျပည္နယ္ မဲဆႏၵနယ္ အမွတ္ ၄ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာစိန္ထြန္းမွ လႊတ္ေတာ္တြင္ ေမးျမန္းခဲ့သျဖင့္ အမ်ိဳးသားလႊတ္ေတာ္ရံုး သုေတသနဌာန ျပည္သူ႔ဆက္ဆံေရးႏွင့္ ႏိုင္ငံတကာ ဆက္ဆံေရးဌာနႀကီးမွ ၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီ ၂ ရက္တြင္ ျပန္လည္ ေပးပို႔သည့္စာအရ ကယားျပည္နယ္တြင္ ကယန္းလူဦးေရ ၆၉၉၁၀ ဦး ရွိေၾကာင္း သိရွိခဲ့ရသည္ဟု ကယန္းအမ်ိဳးသား ညီညြတ္ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။ ဖြဲ႔စည္းပံုအေျခခံဥပေဒျပ႒ာန္းခ်က္အရ ကယန္းလူမ်ိဳးမ်ား သည္ ကယားျပည္နယ္တြင္ ျမန္မာႏိုင္ငံလူဦးေရ၏ ဝ ဒသမ ၁ ရာႏႈန္းေက်ာ္ရွိသည့္အတြက္ ကယန္းတိုင္းရင္းသားေရးရာ ဝန္ႀကီးတစ္ဦး ရရွိရမည္ျဖစ္ေသာ္လည္း လက္ရွိေရြးေကာက္ပြဲ ေကာ္မရွင္မွ ထုတ္ျပန္ေသာ ကယားျပည္နယ္ တိုင္းရင္းသား လူမ်ိဳးမဲဆႏၵနယ္တြင္  ကယန္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး မဲဆႏၵနယ္ သတ္မွတ္ထည့္သြင္းျခင္းမရွိေၾကာင္း ထုတ္ျပန္ ခ်က္တြင္ ပါရွိသည္။

၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၁၆၁၊ ပုဒ္မခြဲ (ခ) ၌ တိုင္းေဒသႀကီးမ်ားတြင္ ထိုတိုင္းေဒသႀကီးရရွိၿပီးေသာ သို႔မဟုတ္ ထို တိုင္းေဒသႀကီးအတြင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စုရရွိၿပီးေသာ တိုင္းရင္းသား လူမ်ိဳးမ်ားမွအပ က်န္တိုင္းရင္းသား လူမ်ိဳး မ်ားအနက္ ေလ်ာ္ကန္သင့္ျမတ္ေသာ လူဦးေရျဖစ္သည့္ ႏိုင္ငံေတာ္ရွိလူဦးေရ စုစုေပါင္း၏ ဝ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္အထက္ ရွိေၾကာင္း သက္ဆိုင္ရာက သတ္မွတ္ေသာ တိုင္းရင္းသားလူမ်ိဳးအသီးသီးက လူမ်ိဳးတစ္မ်ိဳးလွ်င္ တစ္ဦးက်စီ ေရြးေကာက္ တင္ေျမွာက္သည့္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဟုလည္းေကာင္း၊ ပုဒ္မ ခြဲ (ဂ) ၌ ျပည္နယ္မ်ားတြင္ ထိုျပည္နယ္ရရွိၿပီးေသာ သို႔မဟုတ္ ထိုျပည္နယ္အတြင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရစီရင္စုရရွိၿပီးေသာ တိုင္းရင္းသား လူမ်ိဳးမ်ားမွ အပ က်န္တိုင္းရင္းသား လူမ်ိဳးမ်ားအနက္ ေလ်ာ္ကန္သင့္ျမတ္ေသာ လူဦးေရျဖစ္သည့္ ႏိုင္ငံေတာ္ရွိ လူဦးေရ စုစုေပါင္း ၏ ဝ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္အထက္ရွိေၾကာင္း သက္ဆိုင္ရာက သတ္မွတ္ေသာ တိုင္းရင္းသားလူမ်ိဳး အသီးသီးက လူမ်ိဳးတစ္မ်ိဳး လွ်င္ တစ္ဦးက်စီ ေရြးေကာက္တင္ေျမွာက္သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားဟု ျပ႒ာန္းထားသည္။ ကယား ျပည္နယ္တြင္ ကယန္းတိုင္းရင္းသားမ်ားမွာ ပထမအမ်ားဆံုးျဖစ္သည့္ ကယားမ်ိဳးႏြယ္စုၿပီးေနာက္ ဒုတိယအမ်ားဆံုး ေနထိုင္ ၾကေသာ မ်ိဳးႏြယ္စုမ်ားျဖစ္ၿပီး ေခတ္အဆက္အဆက္ ႏိုင္ငံေရးလႈပ္ရွားမႈမ်ားတြင္ ေရွ႕တန္းမွပါဝင္ခဲ့ၾကေသာ သမိုင္းေၾကာင္း မ်ား ရွိသည္ဟု သိရသည္။ https://news-eleven.com/article/181317

*************

၁၆။     ကရင္လူငယ္ထု တစ္ရပ္လံုးအတြက္အေရးပါမည့္ ကရင္လူငယ္မဟာဗ်ဴဟာမူၾကမ္းတစ္ခု ထြက္ရွိမည္

July  9, 2020

ကရင္လူငယ္မ်ားအေနျဖင့္ မတူညီေသာနယ္ပယ္ေဒသအသီးသီး၊ က႑အသီးသီးမ်ားမွတဆင့္ တူညီေသာ ဘံုရည္မွန္းခ်က္ မ်ားျဖင့္ ကရင္အမ်ိဳးသားေရးပန္းတိုင္ႏွင့္ ႏိုင္ငံတည္ေဆာက္မႈလုပ္ငန္းမ်ားတြင္ ပါ၀င္လာႏိုင္ေရးအတြက္ ရည္ရြယ္ေရးဆြဲေန သည့္ ကရင္လူငယ္မဟာဗ်ဴဟာေရးဆြဲလုပ္ငန္းစဥ္မွ မူၾကမ္း တစ္ခုထြက္ရွိ လာေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ကရင္ လူငယ္ထုတစ္ရပ္လံုးႏွင့္သက္ဆိုင္သည့္ မဟာဗ်ဴဟာမူၾကမ္းေရးဆြဲႏိုင္ေရးအတြက္ ျပည္တြင္း၊ ျပည္ပ၊ နယ္စပ္ရွိ ကရင္လူငယ္အဖြဲ႔အစည္းအသီသီးမွ ကရင္လူငယ္မ်ားပါ၀င္သည့္ မူၾကမ္းေရးဆြဲေရးေကာ္မတီဖြဲ႔ စည္းကာ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။ ထိုသို႔အေကာင္အထည္ေဖာ္ေဆာင္ရြက္မႈမ်ား၏ ေနာက္ဆက္တြဲအေနျဖင့္ မူၾကမ္းေရးဆြဲ ေရး ေကာ္မတီမွ ယခု ဇူလိုင္ ၃ ရက္ မွ ၉ ရက္ေန႔အထိ ရန္ကုန္တြင္ မူၾကမ္းေရးဆြဲေရးႏွင့္ပတ္သက္သည့္ အစည္းအေ၀း တစ္ခုျပဳလုပ္ခဲ့ၿပီးေနာက္ အဆိုပါမူၾကမ္းတစ္ခု ထြက္ရွိလာမည္လည္းျဖစ္သည္။ ကရင္လူငယ္မဟာဗ်ဴဟာေရးဆြဲေရး ဦးေဆာင္စည္းရံုးေရးအဖြဲ႔မွ ေစာထြန္းထြန္း က “ ဒီဟာက ၿပီးခဲ့တဲ့ ၂၀၁၉ စက္တင္ ဘာလ မဲေဆာက္မွာ ကရင္လူငယ္ေတြ ေတြ႔ဆံုၿပီး ေဆြးေႏြးခဲ့တဲ့ ပြဲရဲ႕ေနာက္ဆက္တြဲ ေပါ့။ ဒါကိုမဟာ ဗ်ဴဟာေရး ဆြဲေရးမူ ၾကမ္းအဖြဲ႔ကေနေရးဆြဲေနတာ၊ အခု Zero Draft စၿပီးဆြဲတဲ့အခ်ိန္ေပါ့။ အခု ဒီ ၅ ရက္ ၆ ရက္ၿပီးသြားရင္ေတာ့ ကရင္ လူငယ္မဟာဗ်ဴဟာ Zero Draft ထြက္လာမယ္။ Final Draft ကေတာ့ဒီ လထဲထပ္ထြက္လာဖို႔ ရွိတယ္”ဟု ေျပာသည္။

ကရင္လူငယ္မဟာဗ်ဴဟာမူၾကမ္းတြင္ ႏိုင္ငံေရး၊ စီးပြားေရး၊ ပညာေရး၊ အခြင့္အေရး၊ ရိုးရာယဥ္ေက်းမႈ၊ စာေပ၊ ဘာသာ စကားစသည့္ က႑ေပါင္း ၁၈ ခုပါ၀င္မည္ျဖစ္ၿပီး မူၾကမ္းေရးဆြဲေရးေကာ္မတီထဲတြင္ပါ၀င္သူမ်ားမွ ၎တို႔တာ၀န္ယူထား သည့္ က႑အသီးသီးမ်ားႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား ေကာက္ယူစုေဆာင္းကာ ေရးဆြဲခဲ့ၾကျခင္းျဖစ္သည္ဟု မူၾကမ္းေရးဆြဲေရးေကာ္မတီထံမွ သိရသည္။ မၾကာမီထြက္ရွိလာမည့္ အဆိုပါမူၾကမ္းမ်ားကို သက္ဆိုင္ရာအခန္းက႑ အသီး သီးမ်ားမွ တာ၀န္ရွိသူမ်ား၊ အႀကံ ေပးေကာ္ မတီမ်ားထံေပးပို႔မည္ျဖစ္ၿပီး ထို႔မွတဆင့္ရရွိလာသည့္အေခ်ာသတ္မူၾကမ္းမ်ားကို ကရင္လူငယ္ႏွီး ေႏွာဖလွယ္ပြဲ၊ KYO ကြန္ ဂရက္၊ ထိုမွတစ္ဆင့္ KNU ကြန္ဂရက္မ်ားထံတင္ျပၿပီးမွ အဆင့္ဆင့္ အတည္ျပဳ ရရွိထားသည့္ လုပ္ငန္းစဥ္မ်ားအတိုင္း ကရင္လူငယ္မ်ားအေနျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ သြားၾကမည္ျဖစ္သည္ ဟု သိရသည္။ http://kicnews.org/2020/07/%e1%80%80%e1%80%9b %e1%80%84%e1%80%b9%e1%80

*************

၁၇။     MCL ဘိလပ္ေျမစက္ရံု ရပ္နားေတာ့မည့္ သတင္းထြက္ေပၚ၊ အလုပ္သမား ၁၅၀ဝ ေက်ာ္ အလုပ္လက္မဲ့ျဖစ္မည္ကို စိုးရိမ္ေန                   ဟုဆို

July 8, 2020

မြန္ျပည္နယ္ က်ိုက္မေရာၿမိဳ႕နယ္ ပ်ားေတာင္ကိုအေျချပဳ၍ လည္ပတ္လွ်က္ရွိေသာ Mawlamyine Cement Limited MCL ဘိလပ္ေျမစက္ရံုသည္ လာမည့္ ဇူလိုင္လ ၁၅ ရက္ေန႔တြင္ ရပ္နားသြားေတာ့မည့္ သတင္းထြက္ေပၚေနေသာေၾကာင့္ ေရႊ႕ေျပာင္းအလုပ္သမား ၁၅၀ဝ ေက်ာ္ အလုပ္လက္မဲ့ႀကံဳေတြ႔ရမည့္အေရးကို စိုးရိမ္ေနၾကသည္ဟု ဆိုသည္။

MCL စက္ရံုသည္ ထိုင္းႏိုင္ငံ SCG-Siam Cement Group-SCG ႏွင့္ ျမန္မာဘက္က Pacific Link Cement Industries-PLCI တို႔ ဖက္စပ္လုပ္ကိုင္လွ်က္ရွိၿပီး ရွယ္ယာကိစၥျပႆနာရွိေသာေၾကာင့္ စက္ရံုရပ္ဆိုင္းေတာ့မည့္အေျခအေနကို စက္ရံု ဝန္ထမ္းအခ်ိဳ႕ထံမွ ၾကားသိရပါေသာ္လည္း စက္ရံုတာဝန္ရွိပုဂၢိဳလ္မ်ားအား အတည္မျပဳႏိုင္ျခင္း မရွိေသးေပ။ MCL တြင္ အလုပ္လုပ္ကိုင္ေနေသာ ကိုစိုးဝင္း က “တကယ္လို႔ စက္ရံုရပ္သြားမယ္ဆိုရင္ ေနာက္အလုပ္ရွာဖို႔လဲမလြယ္ဘူး။ အခုကာလ ကလဲ ကိုဗစ္ ၁၉ ကာလလည္းျဖစ္ေနတဲ့အတြက္ေၾကာင့္ ဘယ္စက္ရံုမွလဲ အလုပ္သမားအသစ္မခန္႔တဲ့အတြက္ ကြ်န္ေတာ္ တို႔မွာေတာ့ အခက္ခဲျဖစ္တာေပါ့။ ကြ်န္ေတာ္တို႔လဲ ေရႊ႕ေျပာင္းအလုပ္သမားျဖစ္ေနတဲ့အတြက္ေၾကာင့္ မိသားစုအတြက္ ဘယ္လိုမွေထာက္ပံ့ေပးႏိုင္တဲ့ အေနအထားေတာ့မရွိႏိုင္ဘူးေပါ့” ဟု မြန္သတင္းေအဂ်င္စီကို ေျပာသည္။

စက္ရံုရပ္နားသည့္အခါ အလုပ္လက္မဲ့ျဖစ္သြားမည့္ အလုပ္သမား ၁၅၀ဝ ေက်ာ္အတြက္ ႏိုင္ငံေတာ္အေနျဖင့္ လာေရာက္ ေျဖရွင္းေပးေစလိုေၾကာင္း MCL တြင္အလုပ္လုပ္ေနေသာ ကိုစိုးၾကည္က ေျပာသည္။“စက္ရံုႀကီးကရပ္မယ္လို႔ေတာ့ ေျပာ ထားတာပဲ။ အတိအက်ေတာ့မသိဘူး။ ဒါေပမယ့္ အစ္ကိုယ္တို႔ကေတာ့ ရပ္သြားတဲ့ အတိုင္းတာတစ္ခုဆိုရင္ေတာ့ အလုပ္ သမားသက္တမ္းအေနနဲ႔  အက်ိဳးခံစားခြင့္ေတာ့ ရခ်င္တာေပါ့” ဟု ကိုစိုးၾကည္က ဆက္ေျပာသည္။

Mawlamyine Cement Limited- MCL (က်ိဳက္မေရာဘိလပ္ေျမစက္ရံု) သည္ ၂၀၂၀ ခုႏွစ္ ဇြန္လ ၁ ရက္ေန႔မွစ၍ ေက်ာက္ မိုင္းခြဲျခင္းလုပ္ငန္းကို ရပ္ဆိုင္းခဲ့ၿပီးျဖစ္သည့္အတြက္ ေက်ာက္မိုင္းခြဲျခင္းကိစၥအဝဝသည္ MCL (က်ိဳက္မေရာဘိလပ္ေျမ စက္ ရံု)ႏွင့္ လံုးဝမသက္ဆိုင္ေတာ့ေၾကာင္း စက္ရံု၏ Managing Director, Mr Hatsachai Prahanphap က ဇြန္လ ၈ ရက္ ေန႔စြဲ ျဖင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားခဲ့ၿပီးျဖစ္သည္။ “အခုဇူလိုင္လလယ္မွာ လက္က်န္ကုန္ၾကမ္း(ေက်ာက္) ေတြ ကုန္သ ေလာက္ျဖစ္သြားပါၿပီ၊ ထုတ္လုပ္တဲ့အပိုင္းက ရပ္နားေပမယ့္ က်န္တဲ့အပိုင္းေတြ လုပ္စရာနည္းနည္းပါးပါးရွိေသးတယ္ ၾသဂုတ္လ ကုန္ရင္ေတာ့ စက္ရံုလံုးဝပိတ္သိမ္းေတာ့မယ့္အေနအထားပါ”ဟု အမည္ေဖာ္ျပခြင့္မရွိသည့္ ျမန္မာႏိုင္ငံသား စက္ရံုဝန္ထမ္းတစ္ဦးက ဆိုသည္။

တစ္ေန႔လွ်င္ ဘိလပ္ေျမတန္ခ်ိန္ ၅၀ဝ၀ ထုတ္လုပ္သည့္ MCL ဘိလပ္ေျမစက္ရံုသည္ ထိုင္း SCG က အစုရွယ္ယာ ၇၀ ရာခိုင္ႏႈန္းႏွင့္ ျမန္မာ PLCL က အစုရွယ္ယာ ၃၀ ရာခိုင္ႏႈန္း စုစုေပါင္း အေမရိကန္ေဒၚလာသန္း ၄၀ဝ ျဖင့္ ရင္းႏွီးျမွဳပ္ႏွံထား သည့္ ပုဂၢလိကအက်ိဳးတူ ဖက္စပ္လုပ္ငန္းျဖစ္ၿပီး စက္ရံုစတင္လည္ပတ္ခဲ့သည္မွာ ၃ ႏွစ္ေက်ာ္ရွိၿပီျဖစ္သည္။ http://burm ese.monnews.org/2020/07/08/mcl-%e1%80%98%e1%80%ad%e1%80%9c%e1%80%

*************

၁၈။     မိုးရြာတိုင္း တန္႔ယန္း လြယ္လြမ့္ ပရဟိတေက်ာင္းသားမ်ား ရႊံထဲတြင္ စာသင္ေနရ

July 8, 2020

သွ်မ္းျပည္ေျမာက္ပိုင္း တန္႔ယန္းၿမိဳ႕နယ္ အတြင္းရွိ လြယ္လြမ့္ ပရဟိတေက်ာင္းတြင္ စာသင္ျကားေနသည့္ ကေလးငယ္မ်ား သည္ မိုးရာသီေရာက္တိုင္း အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရေၾကာင္းသိရသည္။

ထိုေနရာသည္ တန္႔ယန္းၿမိဳ႕နယ္ လံုပံုေက်းရြာအုပ္စု ေနာင္လံုးေက်းရြာ တြင္တည္ရွိၿပီး ေက်ာင္းသား ၁၀ဝ ေက်ာ္ ပညာ ဆည္းပူးေနေၾကာင္း ထိုေက်ာင္းတြင္ စာသင္ေပးေနသည့္ ဆရာမ နန္းမိုဆိုင္ က သွ်မ္းသံေတာ္ဆင့္ကို ေျပာသည္။“ မိုးရြာ ရင္ သက္ကယ္နဲ႔လုပ္ထားေတာ့ မိုးေရေတြယိုတယ္။ စာသင္ခန္းထဲေရလွ်ံတယ္။ ေျမႀကီးဆိုေတာ့ ရႊံၾကားထဲမွာ စားသင္ေနရ တာေပါ့”ဟု နန္းမိုဆိုင္ ကဆိုသည္။ ထိုေက်ာင္းသည္ ပညာေရး သင္ယူရန္ အခြင့္အလမ္းကင္းမဲ့သည့္ တန္႔ယန္းၿမိဳ႕နယ္ထဲ မွ ေက်း ရြာမ်ားမွ ကေလးငယ္မ်ားျဖစ္ေျကာင္း၊ ေက်းရြာထဲတြင္ မူးယစ္ေဆးဝါး ေပါမ်ားသျဖင့္ ကေလးငယ္မ်ား အက်င့္မ ပ်က္ေအာင္ လြယ္လြမ့္ ပရဟိတေက်ာင္းကို ထူေထာင္ခဲ့ရျခင္းျဖစ္သည္ဟု နန္းမိုဆိုင္ ေျပာျပသည္။“ရြာ ၁၃ ရြာက ကေလး ေတြပါ။ အဲ့ကေလးေတြ ေနတဲ့ရြာေတြမွာ စာသင္ေက်ာင္းမရွိဘူး။ ေနာက္ ရြာေတြမွာ မူးယစ္ေဆးေတြ ေပါလြန္းလို႔ ကေလး ေတြ အက်င့္မပ်က္ေအာင္ ေက်ာင္းမွာ ေခၚထားရတာပါ” ဟု နန္းမိုဆိုင္ က ထပ္ေလာင္းေျပာသည္။

လြယ္လြမ့္ ပရဟိတ ေက်ာင္းတြင္ သူငယ္တန္းမွ သတၱမတန္းထိ ရွိၿပီး၊ အသက္ ၆ ႏွစ္ အရြယ္မွ အသက္ ၁၄ ႏွစ္ အရြယ္ထိ ေက်ာင္းအိပ္ေက်ာင္းစားအျဖစ္ လာေရာက္ေနထိုင္ ပညာသင္ၾကေၾကာင္း သိရသည္။ ကေလးငယ္မ်ားအတြက္ အဆင္ေျပ သည့္ စာသင္ေက်ာင္းေဆာင္ တေဆာင္ လိုအပ္ေၾကာင္းလည္း ဆရာမ က ျဖည့္စြက္ေျပာသည္။ ထိုပရဟိတေက်ာင္းသည္ လြန္ခဲ့သည့္ ၂၀၁၈ ခုနစ္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး၊ အလႉရွင္မ်ားျဖင့္ ရပ္တည္ေနရသည့္ ေက်ာင္းတေက်ာင္းျဖစ္ေၾကာင္းသိရ သည္။ https://burmese.shannews.org/arc hives/17396

***************

၁၉။     မြန္ညီညႊတ္ေရးပါတီ ကိုယ္စားလွယ္ေလာင္းမ်ား ဇူလိုင္ ၂၀ ရက္ေန႔တြင္ အၿပီးသပ္ေရြးခ်ယ္မည္

July  6, 2020

လာမည့္ ေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ မြန္ညီညႊတ္ေရးပါတီ MUP ကိုယ္စားလွယ္ေလာင္းမ်ားအား ဇူလိုင္လ ၂၀ ရက္ေန႔တြင္ အၿပီးသပ္ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း တြဲဖက္ အတြင္းေရးမွဴး (၂) ႏိုင္စံတင္က ေျပာသည္။“ၿမိဳ႕နယ္ ကိုယ္စားလွယ္ေလာင္းေတြကို ဇူလိုင္ ၁၅ ရက္ေန႔အထိ ေနာက္ဆံုးထားေရြးခ်ယ္မယ္၊ ဗဟိုက ေနေနာက္ဆံုးအတည္ျပဳေပး မွာကေတာ့ ဇူလိုင္ ၃၀ အစား ၂၀ ရက္ေန႔ကို ရက္ေရႊ႕လိုက္ရတယ္၊ ဒါမွလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေကာ္မရွင္ကို စာရင္းတင္လို႕မွီေအာင္ေပါ့ေနာ္” ဟု ႏိုင္စံတင္က ဆိုသည္။

မြန္ညီညႊတ္ေရးပါတီ ဗဟိုအလုပ္မႈေဆာင္ေကာ္မတီ ႏိုင္တလညီက “ကိုယ္စားလွယ္ေလာင္း အမည္စာရင္းအတည္ျပဳၿပီးရင္ စည္းရံုးေရးလုပ္ငန္းေတြ စလုပ္ေတာ့မယ္ ကိုယ္စားလွယ္ေလာင္း အရည္အခ်င္း ၁၈ ခ်က္ရွိတယ္ေပါ့ေနာ္ ကိုယ္စားလွယ္ ေလာင္းေတြအေနနဲ႔ အဲဒီအခ်က္ေတြျပည့္စံုေနမယ္ဆိုရင္ ကိုယ္ဝင္ၿပိဳင္မယ့္မဲဆႏၵနယ္မွာ ႏိုင္ကိုႏိုင္ရမယ္”ဟု ၎ကဆို သည္။ ကိုယ္စားလွယ္ေလာင္း အမည္စာရင္း ထြက္ရွိလာမွသာ ေရြးေကာက္ပြဲဆိုင္ရာ နယ္ေျမစည္းရံုးေရးႏွင့္ ပါတီစည္းရံုး ေရးလုပ္ငန္းမ်ားကို သက္ဆိုင္ရာ မဲဆႏၵနယ္အသီးသီးတြင္ စတင္လုပ္ေဆာင္သြားမည္ဟု ၎က ဆက္ေျပာသည္။ ႏိုင္တလညီ က “က်ေနာ္တို႔ပါတီက မြန္လူမ်ိဳးအေရး တစ္ခုတည္းကို လုပ္ေဆာင္တာမဟုတ္ဘူးေပါ့ေနာ္ ျပည္နယ္တစ္ခုလံုး ကို လႊမ္းၿခံဳၿပီး ဦးေဆာင္သြားမွာပါ၊ ဗမာလူမ်ိဳးျဖစ္ေစ ကရင္လူမ်ိဳးျဖစ္ေစ ပအိုဝ္းလူမ်ိဳးျဖစ္ေစ တျခားဘာသာျခားျဖစ္ေစ က်ေနာ္တို႔နဲ႔အတူ တစ္သားထဲ လံုးဝခြဲျခားမထားပါဘူး၊ တစ္ခ်ိဳ႕လူေတြ ျမင္ေနတာက သူတို႔ မြန္လူမ်ိဳးတစ္ခုအတြက္ပဲလုပ္ ေဆာင္သြားဖို႔ ပါတီဖြဲ႔ထားတာလားဆိုတဲ့ စဥ္းစားခ်က္မ်ိဳးေတာ့ရွိၾကတယ္ေပါ့ေနာ္၊ နာမည္ကသာ တိုင္းရင္းသားပါတီပါ၊ လုပ္ ေဆာင္ခြင့္ရလာတဲ့ အခါက်ရင္ ျပည္နယ္ အက်ိဳး ျပည္ေထာင္စု အက်ိဳးတစ္ခုလံုးအတြက္ပါပဲ” ဟု ဆိုသည္။

လက္ရွိတြင္ မြန္ညီညႊတ္ေရးပါတီအေနျဖင့္ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားကို  သက္ဆိုင္ရာၿမိဳ႕နယ္ပါတီ ေကာ္မတီ ဝင္မ်ားက ေရြးခ်ယ္ေနဆဲျဖစ္သည္။ ကိုယ္စားလွယ္ေလာင္းမ်ားေရြးခ်ယ္ရာတြင္ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ စိတ္ႀကိဳက္ ေရြးခ်ယ္ေစမွာျဖစ္ၿပီး မြန္ညီညြတ္ေရးပါတီ MUP ဗဟိုမွ ဝင္ေရာက္စြက္ဖက္လိမ့္မည္မဟုတ္ေၾကာင္း ပါတီေခါင္းေဆာင္ မ်ားက အသိေပးေျပာၾကားထားသည္။ http://burmese.monnews.org/2020/07/06/%e1%80%99%e1%80%bd%  e1%80%94%e1%80%ba%e1%

**************

၂၀။     ရခိုင္မွာ စစ္တပ္ဖမ္းထားသူ ၁၁ ဦး အၾကမ္းဖက္ဥပေဒနဲ႔အမႈ ဖြင့္ခံရ

July 8, 2020

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကစၥပနဒီတံတားရွိ လုံျခဳံေရးတပ္ဖြဲ႕ဝင္ေတြကေန ဇူလိုင္လ ၁ ရက္ေန႔ကေန ၃ ရက္ေန႔အထိ သြားလာသူေတြကို စစ္ေဆးရာမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ဆက္ႏြယ္တယ္ဆိုျပီး မသကၤာမႈနဲ႔ ဖမ္းဆီးထားသူ ၃ ဦးကုိ ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲစခန္းကို လႊဲေျပာင္းျပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အမႈဖြင့္ထားေၾကာင္း ေက်ာက္ေတာ္ ျမိဳ႕ခံ ကိုေက်ာ္လွျမင့္ကေျပာပါတယ္။“ကစၥပနဒီတံတားမွာ ၁ ရက္ေန႔ မနက္ ၉ နာရီ၀န္းက်င္ထဲမွာ ပိႏၷဲေခ်ာင္းေက်းရြာသား ၂ ဦးနဲ႔ အဲဒီဘုရားေပါင္းေက်းရြာက တဦး သူတို႔ ၃ ဦးကို ဖမ္းဆီးျပီးေတာ့ ေက်ာက္ေတာ္ျမိဳ႕မရဲစခန္းမွာ အၾကမ္းဖက္မႈ ပုဒ္မ ၅၀ (က)၊ ၅၂ (က)နဲ႔ အမႈဖြင့္ထားပါတယ္ဗ်။”အမႈဖြင့္ခံထားရသူေတြကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ဘုရားေပါင္းေက်း ရြာေန ေမာင္ေမာင္ေဌး ပိႏၷဲေခ်ာင္းေက်းရြာေန ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ ျဖစ္ၾကပါတယ္။

ျမန္မာစစ္တပ္က ဖမ္းဆီးစစ္ေဆးရာမွာေတာ့ ဘုရားေပါင္းေက်းရြာေန ေမာင္ေမာင္ေဌးဟာ AA အဖြဲ႔က တပ္သား အဆင့္ ရွိသူျဖစ္ျပီး ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ဟာ AA သတင္းေပးေတြျဖစ္ေၾကာင္း ေဖာ္ထုတ္ရမိလို႔ ဇူလိုင္ ၄ ရက္မွာ ၎တို႔ ၃ ဦးကို ေက်ာက္ေတာ္ၿမိဳ႕နယ္ ရဲစခန္းသို႔ လႊဲေျပာင္းေပးျပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူဖုိ႔ စီစဥ္ထားတယ္ လုိ႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က မေန႔က သတင္းထုတ္ျပန္ထားပါတယ္။ အမႈဖြင့္ခံထားရတဲ့ ပိႏၷဲေခ်ာင္း ေက်းရြာ ေန ကိုရဲထြန္းရဲ႕ မိသားစု၀င္ တဦးကေတာ့ ကိုရဲထြန္းနဲ႔ ကိုေနမ်ိဳးထြန္းတို႔ဟာ AA အဖြဲ႕နဲ႔ ပက္သက္မႈ မရွိဘူးလို႔ ေျပာပါတယ္။ အလားတူ ေက်ာက္ျဖဴၿမိဳ႕နယ္အတြင္း တပ္မေတာ္လုံျခံဳေရးတပ္ဖြဲ႔ေတြကေန ဖမ္းဆီးထိန္းသိမ္းထားတဲ့ ကပ္သေျပေက်းရြာသား ၇ ဦးနဲ႔ စိုင္ၿခဳံေက်းရြာ ရာအိမ္မွဴးတဦးကိုလည္း အၾကမ္းဖက္ဥပေဒနဲ႔ အမႈဖြင့္ထားေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။ ကပ္သေျပေက်း႐ြာသား ၇ ဦးနဲ႕စိုင္ၿခံဳဒြိန္ေက်း႐ြာမွ ရာအိမ္မွဴး ဦးလွျမင့္ ကို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၀(က) (စ်) ၊ ၅၂(ည)တို႔နဲ႔ ဓညဝတီေရတပ္စခန္းက တရားလိုလုပ္ အမႈဖြင့္ ထားေၾကာင္း အမည္မေဖာ္လိုသူ ေက်ာက္ျဖဴခရိုင္ ရဲတပ္ဖြဲ႔၀င္တဦးက အတည္ျပဳေျပာဆုိခဲ့ပါတယ္။

တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ AA နဲ႔ ဆက္စပ္တယ္လို႔ ယူဆရသူ ၁၁ ဦးရဲ႕ ထြက္ဆိုခ်က္အရ အမႈဖြင့္ထားေၾကာင္း ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား စစ္ေရးတင္းမာမႈအတြင္း သံသယနဲ႔ ဖမ္းဆီးခံရသူေတြ မ်ားျပားလာေနတာပါ။ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး REC ကေတာ့ ဖမ္းဆီးခံရသူ ၅၀၀ ေလာက္ ရွိေနတယ္လို႔ ျပီးခဲ့တဲ့ ဇြန္လမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။ https://burmese.voanews.com/a/rakhine-conflict/5494333.html

**************

၂၁။     ျမစ္ဆုံစီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းေပးေရ စာခၽြန္ေတာ္ထုတ္ေပးရန္ ေနျပည္ေတာ္တရားလႊတ္ေတာ္သို႔ ျပန္လည္ ေလၽွာက္ထား

July 6, 2020

ဧရာဝတီျမစ္ဆုံေရကာတာစီမံကိန္း အၿပီးတိုင္ရပ္ဆိုင္းေပးေရး စာခၽြန္ေတာ္ ထုတ္ေပးရန္ ေနျပည္ေတာ္တရားလႊတ္ေတာ္ တြင္ ဇူလိုင္ ၃ ရက္ေန႔ ျပန္လည္ေလၽွာက္ထားသည္ဟု ေရွ႕ေန ဦးဖိုးျဖဴထံမွ သိရသည္။ စီမံကိန္းရပ္ဆိုင္းေပးေရးအတြက္ Phoe Phyu associate Law Firm အဖြဲ႕က တရားလမ္းေၾကာင္းအတိုင္းလုပ္ေဆာင္ေနမႈသည္ ယခု တတိယအႀကိမ္ျဖစ္ သည္ဟု သိရသည္။

“အမွုလက္ခံေပးဖို႔အတြက္ ကၽြန္ေတာ္တို႔ ပဏာမ ေလၽွာက္လဲခ်က္ကို ေလၽွာက္ခဲ့ၾကတာ ျဖစ္တယ္။ ျပည္တြင္းဥပေဒေတြ နိုင္ငံတကာဥပေဒေတြႏွင့္ မညီညြတ္တဲ့အေျခအေနတစ္ရပ္ႏွင့္ အေကာင္အထည္ေဖာ္ထားတဲ့ ဒီစီမံကိန္းႀကီးကို တားျမစ္ေစ စာခၽြန္ေတာ္ ခ်မွတ္ေပးဖို႔အတြက္ ကနဦးအေနနဲ႔ ဒီအမွုကို လက္ခံေပးပါ။ ဒါမွ တစ္ဖက္ကိုလည္းဘဲ ဆင့္ေခၚႏိုင္ဖို႔ လုပ္ငန္း စဥ္ ေတြကို ေဆာင္ခင္းေပးပါ လို႔ ကၽြန္ေတာ္တို႔ ေလၽွာက္လဲခ်က္ေတြ ေပးခဲ့တာျဖစ္ပါတယ္။”ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးဖိုးျဖဴ က ဇူလိုင္ ၃ ရက္ေန႔ အြန္လိုင္း သတင္းစာရွင္းလင္းမွုတြင္ေျပာဆိုခဲ့သည္။ ျမစ္ဆုံေရကာတာစီမံကိန္း ထာဝရ တား ဝရမ္းထုတ္ေပးဖို႔အတြက္ ေရွ႕ေနဦးဖိုးျဖဴက ပထမ အႀကိမ္အျဖစ္ Asia World Company ကို ၂၀၁၉ ေအာက္တိုဘာလတြင္ ျမစ္ႀကီးနားခရိုင္တြင္ တရားစြဲဆိုခဲ့ေသာ္လည္း ပယ္ခ်ခံခဲ့ရသည္ဟု သိရသည္။ ထို႔ေနာက္ ကခ်င္ျပည္နယ္တရားလႊတ္ေတာ္ တြင္ ထပ္မံေလၽွာက္ခဲ့ေသာ္လည္း ထပ္မံပယ္ခ်ခံရသည္ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးဖိုးျဖဴက ေျပာပါသည္။ ျမစ္ဆုံ စီမံကိန္းႏွင့္ပတ္သက္ၿပီး ယခင္စစ္အစိုးရလက္ထက္ တ႐ုတ္ကုမၸဏီျဖင့္သေဘာတူ ညီခဲ့ေသာစာခ်ဴပ္ကို ျပည္သူလူထုထံ ခ်ျပရန္ မိတၱဴကူးခြင့္ကို ေနျပည္ေတာ္တရားလႊတ္ေတာ္တြင္ ျပန္လည္ေလၽွာက္ထားခဲ့ ေသာ္လည္း မေအာင္ျမင္ေၾကာင္း ထပ္မံေျပာဆိုသည္။

ျမစ္ဆုံစီမံကိန္းေၾကာင့္ တန္ဖရဲေက်းရြာမွ ေအာင္ျမင္သာေက်းရြာသစ္တြင္ေရြ႕ေျပာင္းခံခဲ့ရေသာ ျမစ္ဆုံေဒသခံ ေဒၚလုရာက သူ၏ ခံစားခ်က္ကို အြန္လိုင္းသတင္းစာရွင္းလင္းမွုမွတဆင့္ ယခုလိုေျပာဆိုခဲ့သည္။“တန္ဖရဲမွာလည္း ကၽြန္မတို႔ေနလို႔မရဘူး။ ေအာင္ျမင္သာမွာလဲ အခုထိ ေျပစာ မရေသးဘူး။ အဲ့တာေၾကာင့္ ကၽြန္မတို႔ က အရင္လူေတြ ဧည့္သည္ေတြဘဲျဖစ္ ေနတယ္။ အဲ့တာေၾကာင့္ကၽြန္မတို႔က ကိုယ့္ရဲ့ဌာေနေဒသ ျမစ္ဆုံတန္ဖရဲ မွာဘဲ ကၽြန္မတို႔ ျပန္ေနခ်င္တယ္။ ဒါေပမဲ့ ခုခ်ိန္ထိ ကၽြန္မတို႔က ဘာဆိုတာ ဘာမွမသိေသးဘူး။” ဟု ေျပာသည္။ ျမစ္ဆုံစီမံကိန္းကို လြန္ခဲ့သည့္ စစ္အစိုးရလက္ထက္၂၀၀၆ ခုႏွစ္တြင္ စတင္ခဲ့ၿပီး ၂၀၁၁ ခုႏွစ္ သမၼတ ဦးသိန္းစိန္ လက္ထက္ တြင္ ယာယီရပ္ဆိုင္းခဲ့တာျဖစ္သည္။ အစိုးရဖြဲ႕စည္းႏိုင္ လၽွင္ ျမစ္ဆုံစီမံကိန္းသေဘာတူစာခ်ဳပ္ကို ျပည္သူထံခ်ျပမည္ဟု ၂၀၁၅ ေရြးေကာက္ပြဲမဲဆြယ္စဥ္က အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ NLD ပါတီက ေျပာဆိုခဲ့ေသာ္လည္း ယခုခ်ိန္ထိ အေကာင္ ထည္ေဖာ္ခဲ့ျခင္းမရွိေသးသည္ကို ေတြ႕ရသည္။ https://burmese.kachinnews.com/2020/07/06/%e1%80%99%e1%80%bc%e1%80%85%e1%80

**************

၂၂။     ရခိုင္ျပည္နယ္က ေရနံနဲ႔ သဘာဝသယံဇာတ စီမံကိန္းေတြ ရပ္တန္႔ဖို႔  AOW  ေတာင္းဆို

July  8, 2020

အစိုးရနဲ႔ ႏိုင္ငံတကာ ေကာ္ပိုေရးရွင္းေတြအေနနဲ႔ ရခိုင္ျပည္နယ္အတြင္းက သာဝသယံဇာတထုတ္ယူမႈဟာ ပဋိပကၡတိုးပြား ေစတဲ့အတြက္ ရပ္တန္႔ဖို႔  ရန္ကုန္ၿမိဳ႕အေျခစိုက္ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႔ (AOW)က ဇူလိုင္လ ၈ ရက္ေန႔မွာ ေၾကညာ ခ်က္ထုတ္ၿပီး ေတာင္းဆိုလိုက္ပါတယ္။ ရခိုင္ျပည္နယ္မွာ လုပ္ေဆာင္ေနတဲ့ သဘာဝသယံဇာတတူးေဖာ္မႈေတြဟာ စစ္ပြဲ ေတြကိုပိုျဖစ္ပြားေစၿပီး ရခိုင္ျပည္သူေတြကို ခိုကိုးရာမဲ့ဘဝေရာက္ေအာင္ ထပ္တြန္းပို႔ေပးေနသလိုျဖစ္တာေၾကင့္  ဒီစီမံကိန္း ေတြကို ရပ္တန္႔ေပးဖို႔ ရခိုင္ေရနံ ေစာင့္ၾကည့္ေရးအဖြဲ႔ (AOW) က ေတာင္းဆိုလိုက္တာပါ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေတြ ျဖစ္ပြားေနေပမယ့္ ေရနံတူးေဖာ္မႈေတြ ဟာ ပင္လယ္ေရနက္ထဲမွာ တူးေဖာ္ေနတဲ့အတြက္ ေထာက္ျပတာလို႔ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႔ (AOW) ရဲ႕ ညႊန္ၾကား ေရးမွဴး ဦးေက်ာ္ခိုင္က ေျပာပါတယ္။ ျမန္မာအစိုးရနဲ႔ စီးပြားေရးလုပ္ငန္းေတြက ဌာေနတိုင္းရင္းသားေတြရဲ႕ သေဘာ ဆႏၵ မပါ ဘဲ ေဒသတြင္းက သယံဇာတေတြကို အတင္းအဓမၼ တူးေဖာ္ထုတ္ယူေနတာေၾကာင့္ ရပ္တန္႔ဖို႔ ေတာင္းဆိုတာ ျဖစ္တယ္လို႔ လည္းဆိုပါတယ္။ “ရခိုင္မွာရွိတဲ့ စီမံကိန္းေတြကို ၂၀ဝ၈ ဖြဲ႔စည္းပံုအရ ဗဟိုကပဲ ဆံုးျဖတ္တယ္။ ဗဟိုကပဲ စီမံတယ္ သံုးစြဲ တယ္။ လုပ္ခ်င္သလိုလုပ္တယ္။ ျပည္နယ္ေတြမွာ လုပ္ပိုင္ခြင့္ေတြမရွိဘူး” ရခိုင္မွာ ျမန္မာအစိုးရခြင့္ျပဳခ်က္နဲ႔ လုပ္ေနတဲ့ ၾသစေတးလ်ႏိုင္ငံက ေရနံတူးေဖာ္မႈစီမံကိန္းႀကီးေတြမရပ္ဆိုင္းဘူးဆိုရင္ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႔အေနနဲ႔ ၾသစေတးလ် အစိုးရကို တင္ျပသြားမယ္လို႔လည္း AOW အဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီစီမံကိန္းေတြ ရပ္တန္႔ဖို႔ လူမႈအဖြဲ႔ အစည္းေတြနဲ႔ ႏိုင္ငံေရးပါတီေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြလည္း ရွိလာမယ္လို႔ ဆိုပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၂၀၁၄ ခုႏွစ္ကစၿပီး ႏိုင္ငံျခားကုမၺဏီ ၁၃ ခု ရင္းႏွီးျမွဳပ္ႏွံခဲ့ၿပီး Australia Woodside Energy နဲ႔  French Tatal ေရနံကုမၺဏီေတြဟာ ေရနံရွာေဖြေရးလုပ္ငန္းစဉ္ေတြကို အေကာင္အထည္ေဖာ္ေနၿပီး အသစ္ေတြ႔ရွိတဲ့ သဘာဝဓာတ္ေငြ႔သိုက္ေတြက ထြက္လာတဲ့ သဘာဝဓာတ္ေငြ႔ေတြကို ထိုင္းနဲ႔ တရုတ္ႏိုင္ငံေတြဆီ တင္ပို႔ဖို႔ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလကတည္းက လက္မွတ္ထိုးသေဘာထူထားတယ္လို႔ ဆိုပါတယ္။ ၂၀၁၉ ခုႏွစ္ ကစၿပီး ျမန္မာ့တပ္မေတာ္နဲ႔ ရခိုင့္ တပ္ေတာ္ AA တို႔ရဲ႕ တိုက္ပြဲေတြအတြင္း  အရပ္သားျပည္သူ အနည္းဆံုး တရာ့ငါးဆယ္ေက်ာ္ ေသဆံုးခဲ့ၿပီး ငါးရာေက်ာ္ ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း၊  ေက်းရြာေပါင္း ၂၀ဝ ေက်ာ္က ရခိုင္နဲ႔ ခ်င္းရြာသားေပါင္း ၂ သိန္းေက်ာ္ အိုးအိမ္စြန္႔ခြာ ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ရခိုင္ေဒသ စစ္ေရးတင္းမာမႈေတြေၾကာင့္ သံသယနဲ႔ ဖမ္းဆီးခံရသူေတြလည္း ရာနဲ႔ခ်ီရွိ ေနတယ္လို႔ ရခိုင္ေရနံေစာင့္ၾကည့္ေရးအဖြဲ႔ AOW ရဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ https:// .rfa.org/burme se/news/arakan-oil-watch-statement-rakhine-nautral-gas-project-070820202

**************

၂၃။     မယ္လ ဒုကၡသည္စခန္းတြင္ ေနအိမ္ေပၚ သစ္ပင္လွဲက်၍ အမ်ဳိးသမီးငယ္ ၁ဦး ျပင္းထန္စြာ ဒဏ္ရာရ

July  8, 2020

ထုိင္း-ျမန္မာနယ္စပ္ရွိ မယ္လ ကရင္ ဒုကၡသည္စခန္းအတြင္း ဇုန္ (B5-A)ရွိ ေနအိမ္ တစ္လုံးေပၚ သစ္ပင္လွဲက် ၍ ေနအိမ္ တြင္ ေနထုိင္သူ ၅ ဦးအနက္ အသက္ (၁၃)ႏွစ္အရြယ္ အမ်ဳိးသမီးငယ္မွာ ျပင္းထန္စြာ ထိခုိက္ ဒဏ္ရာရရွိ၍ မဲေဆာက္ၿမဳိ႕ ေဆးရုံႀကီးသုိ႔ အေရးေပၚ ေဆးရုံတင္လုိက္ရေၾကာင္း စခန္းတာဝန္ရွိသူမ်ားထံမွ သိရသည္။

ယေန႔နံနက္ ၃ နာရီအခ်ိန္ခန္႔တြင္ ေလျပင္းတုိက္ခုိက္မႈေၾကာင့္ အိမ္နံပါတ္ (၂၈၄)ရွိ ေစာရိန္းဂ်ာ ေနအိမ္ေပၚသုိ႔ ေနအိမ္ေဘး နားရွိ သစ္ပင္ႀကီး လွဲက်ခဲ့ျခင္းျဖစ္ၿပီး ေနအိမ္အတြင္း အဖုိး၊ အဖြား၊ ဦးေလး ေတာ္စပ္သူ မိသားစု (၅)ဦးႏွင့္ အတူေနထုိင္ သည့္ ေနာ္ေသာထူးမွာ သစ္ပင္ပိက်၍ အျပင္းအထန္ထိခုိက္ဒဏ္ရာရရွိခဲ့သည္ဟု စခန္း ရပ္ကြက္တာဝန္ခံ ေနာ္မေအးက ေျပာသည္။

၎က “ကေလးမေလးက အိမ္အေပၚဘက္မွာ အိပ္တာ။ သူ႔အဖြားေတြက အိမ္ေအာက္ဘက္မွာ အိပ္တာ။ ထိသြားတာ ေခါင္းကုိအဓိက ထိသြားတာ။ နည္းနည္းကေလး လႈပ္တာနဲ႔ ေသြးထြက္ေရာ။ မ်က္ႏွာတစ္ခု လုံးလည္း ဖုေရာင္ ေနတယ္” ဟု ေကအုိင္စီသုိ႔ေျပာသည္။ အဆုိပါ သစ္ပင္လဲွက်ျခင္းေၾကာင့္ ေနအိမ္တစ္ခုလုံး ၿပဳိက်ပ်က္စီးသြားၿပီး အဆုိပါ ၿပဳိက်ပ်က္စီး မႈအတြက္ စခန္းတြင္းတာဝန္ရွိသူမ်ားမွ ျပန္လည္မြမ္းမံေဆာက္လုပ္ေပးရန္ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရ သည္။ http://kicnews.org/2020/07/%e1%80%99 %e1%80%9a%e1%80%b9%e1%80%9c-%e1%80%92%

***************

၂၄။     ေနာင္ခ်ိဳတြင္ ေငြက်ပ္သိန္းေပါင္း ၂၄,ဝ၀ဝ  ခန္႔ တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ

July  9, 2020

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေနာင္ခ်ိဳၿမိဳ႕နယ္မွာ ေငြက်ပ္သိန္းေပါင္း ၂၄,ဝ၀ဝ ေလာက္ တန္ဖိုးရွိ ဘိန္းျဖဴနဲ႔ စိတ္ၾကြရူးသြပ္ ေဆးျပားေတြ  ဖမ္းဆီးရမိတယ္လို႔  ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီး ကာကြယ္ေရးဗဟိုအဖြဲ႕က ထုတ္ျပန္ပါတယ္။

ဇူလိုင္ ၈ ရက္ေန႔ မြန္းလြဲ ၁ နာရီခြဲေလာက္က မူးယစ္ေဆးဝါး တားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႔ဝင္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႔ဟာ ေနာင္ခ်ိဳ – ရပ္ေစာက္ သြားကားလမ္းမွာ ရွာေဖြစစ္ေဆးေနတုန္း လားရိႈးၿမိဳ႕ေန စိုင္းစံျမင့္(ခ)မာန္ေအာင္ ေမာင္းႏွင္ၿပီး ေအာင္ေသာင္း ၂၆ ႏွစ္ လိုက္ပါလာတဲ့ ေျမသယ္ယာဥ္ကို စစ္ေဆးရာမွာ ဖမ္းဆီးမိခဲ့တာပါ။

ယာဥ္ေပၚမွာ သိုဝွက္သယ္ေဆာင္လာတဲ့ ပလတ္စတစ္ကပ္ခြာအိတ္ေတြနဲ႔ ထည့္ထားတဲ့ စိတ္ၾကြေဆးျပား ၈၀ဝ,ဝဝဝ (ေဒသ ကာလေပါက္ေဈး တန္ဖိုးေငြက်ပ္သိန္း ၁၆၀ဝဝ)၊ ေရာင္စံု ဆပ္ျပာခြက္ေတြနဲ႔ ထည့္ထားတဲ့ ဘိန္းျဖဴ ၂၆ ဒသမ ၁၈ ကီလို (ေဒသကာလ ေပါက္ေဈး တန္ဖိုးေငြက်ပ္ ၇၈၅၄ သိန္း)၊ လက္ကိုင္ ဖုန္း ၃ လံုး၊ ေမာ္ေတာ္ယာဥ္နံပါတ္ျပား ၂ ခုနဲ႔ ျမန္မာ ေငြ က်ပ္ ၁၀ သိန္းတို႔ကို သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။ သူတို႔ႏွစ္ဦးကို ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းမွာ မူးယစ္ေဆးဝါးနဲ႔ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒနဲ႔ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္ေဖာ္ထုတ္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။ http://burmese.dvb.no/archives/398631

*************

၂၅။     နယ္စပ္မွ ခိုးဝင္ မြတ္စလင္ ၂၃ ဦးကို ေထာင္ ၆ လခ်မွတ္

July 9, 2020

ရခိုင္ျပည္နယ္၊ ေမာင္ေတာခရိုင္အတြင္းသို႔ တဖက္ႏိုင္ငံမွတဆင့္ တရားမဝင္ ဝင္ေရာက္လာသည့္ မြတ္စလင္ ၂၃ ဦးကို လဝက ဥပေဒျဖင့္ တရား စြဲဆိုခဲ့ၿပီး ေမာင္ေတာၿမိဳ႕နယ္ တရားရံုးႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ တရားရံုးတို႔က ဇူလိုင္လ ၂ ရက္ ေန႔မွ စတင္ကာ ေထာင္ဒဏ္ ၆ လ စီ အသီးသီး ခ်မွတ္လိုက္ေၾကာင္း သတင္းရရွိသည္။

ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ စာရင္းေပးပို႔ခ်က္အရ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ တရားမဝင္ ဝင္ေရာက္လာသူမ်ားအနက္ ပထမအသုတ္အေနျဖင့္ မြတ္စလင္ ၄၄ ဦးအား ယခုလ အစကပင္ တရားမဝင္ ခိုးဝင္မႈ လဝက ဥပေဒ ပုဒ္မ ၁၃ ( ၁ )၊ အား ေပးကူညီမႈ ၁၃ ( ၅ ) တို႔ျဖင့္ အသီးသီး အမႈဖြင့္ကာ တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ထိုလူမ်ားအနက္ ေထာင္ဒဏ္ခ်မွတ္လိုက္သည့္ ၂၃ ဦးမွာ ခိုးဝင္ ၁၉ ဦးႏွင့္ အားေပးကူညီသူ ၄ ဦးတို႔ျဖစ္ေၾကာင္း ေမာင္ေတာခရိုင္လဝကရံုးမွ ဒုညြန္ၾကားေရးမွဴး ဦးထိန္လင္း က ေျပာသည္။ ဒုညြန္ၾကားေရးမွဴး ဦးထိန္လင္းက “က်ေနာ္တို႔က ဖမ္းထားတာေတာ့ မဟုတ္ဘူးဗ်။ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုး က လူစာရင္းေတြေပးၿပီး တရားစြဲဖို႔ ညႊန္ၾကားလာတဲ့အတြက္ က်ေနာ္တို႔က စိစစ္ၿပီး အေရးယူတာ။ အခုကေတာ့ ခိုးဝင္မႈနဲ႔ ၁၉ ဦးနဲ႔ အားေပးကူညီမႈနဲ႔ ၄ ဦးကို တရားရံုးက ေထာင္ဒဏ္ ၆ လ ခ်မွတ္လိုက္တာရွိတယ္။”ဟု ဧရာဝတီသို႔ ေျပာသည္။

ပထမအသုတ္အေနျဖင့္ ၄၄ ဦးကို တရားစြဲရာတြင္ ၁၂ ႏွစ္ေအာက္ႏွင့္ ၁၈ႏွစ္ေအာက္ ကေလးမ်ား ပါေနသည့္အတြက္ ကေလးသူငယ္ဥပေဒျဖင့္ တရားစြဲခဲ့ၿပီး အာမခံေပးျခင္းမ်ားလည္းရွိေၾကာင္း၊ တခ်ိဳ႕အားမိဘအုပ္ထိန္းသူမ်ားလက္သို႔ျပန္ လည္လႊဲေပးခဲ့ေၾကာင္း၊ တခ်ိဳ႕မွာ Quarantine ဝင္ေနသူမ်ားလည္း ပါဝင္ေနသည့္အတြက္ အေသးစိတ္ျပန္လည္စိစစ္ေန ေၾကာင္း သူက ဆက္လက္ရွင္းျပသည္။ ယင္း ၄၄ ဦးထဲတြင္ ကိုဗစ္ပိုးေတြ႔ရွိသူမ်ားလည္း ပါဝင္ေနသျဖင့္ ေဆးကုသမႈခံယူ ေနရသကဲ့သို႔ ယင္းတို႔အနက္ လူ ၃ ဦးမွာ လက္ရွိ ေဆးစစ္ခ်က္မ်ားအရ ေရာဂါပိုးမေတြ႔ရေတာ့ေသာ္လည္း Quarantine ဝင္ခိုင္းထားဆဲျဖစ္ေၾကာင္း သိရသည္။ တဖက္ႏိုင္ငံ နယ္စပ္မွ တရားမဝင္ခိုးဝင္လာသူမ်ားအား တရားစြဲဆိုသည့္ လဝက ဥပေဒ ပုဒ္မ ၁၃ ( ၁ ) ၊ ၁၃ ( ၅ ) တို႔မွာ ျပစ္မႈထင္ရွားပါက ေထာင္ ဒဏ္ ၆ လမွ ၇ ႏွစ္အထိ ခ်မွတ္ႏိုင္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက “ နယ္စပ္ကေန ဝင္ခ်င္သလို ဝင္၊ ထြက္ခ်င္သလို ထြက္ျဖစ္ေနတယ္။ က်ေနာ္တို႔ ေျပာေပါင္းလည္းမ်ားေနၿပီ။ အစိုးရက ဒီလိုပဲ လက္ခံေနမယ္ဆိုရင္လည္း လက္ခံပါ။ ၿပီးရင္ေတာ့ သူတို႔ကို ရခိုင္ ျပည္နယ္တခုတည္းမွာ မထားဘဲ လြတ္လပ္စြာ သြားခြင့္ျပဳလိုက္ပါ”ဟု ေျပာသည္။ ေမာင္ေတာအေရးခင္းေၾကာင္း တဖက္ ႏိုင္ငံသို႔ ေရာက္ရွိသြားမ်ားသူမ်ားအေနျဖင့္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ တဦးတေယာက္မွ ျပန္လည္ ဝင္ေရာက္လာမႈ မရွိေသးေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိ ဆႏၵအေလွ်ာက္ တရားဝင္ သတင္းပို႔ကာ ျပန္လည္ဝင္ေရာက္လာသူ ၆၀ဝ ေက်ာ္ရွိေၾကာင္းလည္း ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ စာရင္းအရ သိရသည္။ https://burma.irrawaddy.com /news/2020/07/09/225977.html

 

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 41, July 10, 2020)

၁။        ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

၂။         ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ပြောဆို

၃။        တိုက်ပွဲတွေကြောင့် ယုံကြည်မှု တည်ဆောက်ရခက်နေကြောင်း KNU ပြော

၄။        ဟားခါးမြို့မှာ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူမယ့်ကိစ္စ ဝေဖန်ခံနေရ

၅။        ကရင်စာ သင်ရိုးသစ်မွမ်းမံသင်တန်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

၆။        ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့ကို KNP ထုတ်ပြန်

၇။        တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ရှမ်းမြောက်ရှိ မဲဆန္ဒနယ်မြေကိုးခုတွင် အဓိကထား ယှဉ်ပြိုင်မည်

၈။        “ဝ” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဓိကဝင်ရောက်ယှဉ်ပြိုင်မည်

၉။        SNLD ပါတီအနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်                     ကိုယ်စားလှယ်လောင်းများအား ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်

၁၀။      UNA အဖွဲ့ဝင်ချင်း ရွေးကောက်ပွဲမဲဆန္ဒနယ်တူလျှင် အားသာချက်ရှိသည့်ပါတီ အနိုင်ရရေး ညှိနှိုင်းဆောင်ရွက်မည်

၁၁။      ရိက္ခာပြတ်နေသည့် ဒါးလက်သို့ ဆန်ပို့ပါက အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ယူရမည်ဟုဆို

၁၂။      ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ ဝေဘူလတောင်တွင် ကုမ္ပဏီတစ်ခုက သတ္တုတူးဖော်ရေး ဆောင်ရွက်နေ

၁၃။      ကွတ်ခိုင်မြို့နယ် ပေါက်ကွဲမှု ဖြစ် ဒေသခံ ၇ ဦး ထိမှန်

၁၄။      သတ္တမတန်း သင်ရိုးညွန်းတမ်းအသစ်မှာ ကယား(ကရင်နီ)မျိုးနွယ်စုအမည်တချို့ စာလုံးပေါင်းသတ်ပုံနှင့် ရိုးရာ ဓလေ့                 အကြောင်းမှားနေ

၁၅။      အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ၌ ကယန်းတိုင်းရင်းသားလူမျိုး                             မဲဆန္ဒနယ် ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသားညီညွှတ်ရေး ဦးဆောင်ကော်မတီ တောင်းဆို

၁၆။      ကရင်လူငယ်ထု တစ်ရပ်လုံးအတွက်အရေးပါမည့် ကရင်လူငယ်မဟာဗျူဟာမူကြမ်းတစ်ခု ထွက်ရှိမည်

၁၇။      MCL ဘိလပ်မြေစက်ရုံ ရပ်နားတော့မည့် သတင်းထွက်ပေါ်၊ အလုပ်သမား ၁၅၀ဝ ကျော် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေ                ဟုဆို

၁၈။      မိုးရွာတိုင်း တန့်ယန်း လွယ်လွမ့် ပရဟိတကျောင်းသားများ ရွှံထဲတွင် စာသင်နေရ

၁၉။      မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်မည်

၂၀။      ရခိုင်မှာ စစ်တပ်ဖမ်းထားသူ ၁၁ ဦး အကြမ်းဖက်ဥပဒေနဲ့အမှု ဖွင့်ခံရ

၂၁။      မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ ပြန်လည်                             လျှောက်ထား

၂၂။       ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝသယံဇာတ စီမံကိန်းတွေ ရပ်တန့်ဖို့  AOW  တောင်းဆို

၂၃။      မယ်လ ဒုက္ခသည်စခန်းတွင် နေအိမ်ပေါ် သစ်ပင်လှဲကျ၍ အမျိုးသမီးငယ် ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

၂၄။      နောင်ချိုတွင် ငွေကျပ်သိန်းပေါင်း ၂၄,ဝဝဝ  ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

၂၅။      နယ်စပ်မှ ခိုးဝင် မွတ်စလင် ၂၃ ဦးကို ထောင် ၆ လချမှတ်

*************

 

၁။        ကန့်ကွက်မှုကြား လဲချားမြို့နယ် အတွင်း ကျောက်မီးသွေးတူးရန် ကုမ္ပဏီ ကြိုးစားနေ

July 8, 2020

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်နိုင်ရန်အတွက် ကုမ္ပဏီတခု မှ ဆက် လက်ကြိုးစားနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၆ ရက်က လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီ တခုက လူလွှတ်၍ ဟဲဆိုင်ကျောင်းတိုက် ဆရာတော်ထံ သွားရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။“ဟေဟိန်းကုမ္ပဏီက လူ ၅ ယောက် လောက် ကျောင်းကို ရောက်လာတယ်။ ကျောက်မီးသွေးတူးဖို့အတွက်ခွင့်တောင်းတယ်။ ဆရာတော်တို့ အနေနဲ့ ကန့်ကွက် ထားပါတယ်။ ကန့်ကွက်ထားတာတွေပြန်ရုပ်သိမ်းပေးဖို့လာပြောသွားတယ် ” ဟု ဟဲဆိုင် ကျောင်းတိုက်မှ ဆရာတော် က သျှမ်းသံတော်ဆင့် ကို မိန့်ကြားသည်။ ဟဲဆိုင်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီဘက်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများထံ မကြာခဏလာရောက် စည်းရုံးခဲ့သော်လည်း တစုံတဦးမှ လက်မခံသဖြင့် ဆရာတော်ထံ လာရောက်ခွင့်တောင်းခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစီမံကိန်းနှင့်ပတ်သက်၍ မေးမြန်းရန်အတွက် အဆိုပါ ကုမ္မဏီ၏ လူများနှင့်ဆက်သွယ်မှုရရှိရန် သျှမ်းသံတော်ဆင့်မှ ကြိုး စားနေဆဲဖြစ်ပါသည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီ လ တွင်လည်း လဲချားမြို့နယ် နောင်ယာဆိုးင်ကျေးရွာအတွင်း ကျောက်မီး သွေး တူးဖော်ရန် ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါန မှလည်း ဒေသခံများ နှင့် တွေ့ဆုံခဲ့သေးကြောင်း ဒေသခံများ ပြော ပြချက်အရသိရသည်။ လဲချားမြို့နယ် ဟဲဆိုင်ကျေးရွာအတွင်း ကျောက်မီးသွေးတူးမည့် ကိစ္စကို လွန်ခဲ့သည့် ၄လ ခန့်က မြို့နယ် သံဃာများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်ထားကြောင်း လဲချားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျ က သျှမ်းသံတော်ဆင့်ကို ပြောသည်။“သံဃာတော်တွေ ပြည်သူတွေက သဘောတူညီမှုမပေးရင် ကျနော်တို့လည်း ပြည်သူတွေဘက်ကပဲ ရပ်တည်သွားမှာပါ”ဟု စိုင်းကျော်ဇယျ က သျှမ်းသံ တော်ဆင့် ကိုပြောသည်။

ဟဲဆိုင်ကျေးရွာအုပ်စုရှိ ကျောက်မီးသွေး တူးဖော်ရန် အတွက် (၅၀ဝဝ) ဧက ဝန်ကျင်းခန့်လျားထားပြီး၊ တူးဖော်မှုရရှိရန် အတွက် သံဃာတော်များ၊ ဒေသခံများကို သက်ဆိုင်ရာ ကုမ္ပဏီ က စည်းရုံးနေခြင်းဖြစ်သည်။ လက်ရှိမှာ လဲချားမြို့နယ် နမ့်လင်းကျေးရွာတွင် လွိုင်ဂျယ်နဂါး ကုမ္ပဏီ မှ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ ၁၀ နှစ် သက်တမ်း ကျောက်မီးသွေး တူးဖော်ခွင့်ရရှိထားသည်။ ထို နမ့်လင်းကျေးရွာ အနီး ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံများ၏ စိုက်ပျိုးရေး အတွက် ရေများခမ်းခြောက်ခြင်း၊ လယ်ယာမြေများ ထိခိုက်ခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း တူးဖော်နေသည့် ကျောက်မီးသွေး စီမံကိန်းများ ရပ်ဆိုင်းရန် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ တွင် ဒေသခံ (၇၀ဝ) ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်။ https://burmese.sh annews.org/archives/17410

**************

၂။         ကဘူဒမ်းစစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ပြောဆို

July 7, 2020

မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အနီး နန်းကွေ့အုပ်စု၊ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်များက ၎င်းတို့၏ မူလနေရပ်သို့ ပြန်ကာ ပြန်လည်အခြေချနေထိုင်လိုကြောင်း ပြောဆိုနေကြသည်။ အဆိုပါ ကဘူဒမ်းကျေးရွာရှိ စစ်ရှောင်ပြည်သူများမှာ ၂၀၁၇ ခုနှစ် ဟူးကောင်း လီဒိုလမ်းမ တိန်းကောက်ကျေးရွာအနီးတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ထွက်ပြေးလာခဲ့သော ရဝမ်ကုန်းကျေးရွာသားများ ဖြစ်ကြသည်။ လက်ရှိ ကဘူဒမ်းကျေးရွာတွင်ခိုလှုံ နေသော မြေနေရာသည် လာမည့် ၂၀၂၁ တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် စာချုပ်မကုန်ခင် နေရပ်ပြန်လိုကြောင်း ပြောဆိုနေကြသည်။

“ဒီမှာနေတဲ့ စစ်ရှောင်တွေက အိမ်ပြန်ချင်တာကြာလှပါပြီ။ ဘာကြောင့်လဲဆိုတော့ အခြေအနေအမျိုးမျိုးကြောင့် ဒီနေရာမှာ ဆက်နေဖို့က အဆင်မပြေတော့ဘူး။ အဓိကတော့ အခုသူတို့နေထိုင်နေတဲ့ စခန်းမြေနေရာကို ၃ နှစ်သာ နေထိုင်ဖို့စာချုပ် ချုပ်ထားတာ ဖြစ်တယ်။ အခုဆိုအချိန်က တစ်နှစ်ကျော်ကျော်သာကျန်တော့တယ်။ အဲ့လိုအနေအထားတွေဖြစ်နေတယ်။ သူတို့ကရွာကိုပြန်ချင်နေပြီ။”ဟု ကဘူဒမ်းစစ်ရှောင်တာဝန်ခံ ဦးဆန်နိုင်ဖီ က ပြောဆိုသည်။ ၎င်းတို့က မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ချင်သော်လည်း လုံခြုံရေးအရ စိုးရိမ်မှုရှိနေသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိထိရောက် ရောက် ဆောင်ရွက်ပေးစေလိုကြောင်း သူကပြောဆိုခဲ့သည်။

ထို့အပြင် လက်ရှိ Covid-19 ရောဂါဖြစ်ပွာသည့်ကာလတွင် စစ်ရှောင်စခန်းပြည်သူများ၏ စားဝတ်နေရေး အကြပ်အတည်း ဖြစ်လာသည်ဟု ဆိုသည်။“နေရပ်ပြန်တာကို အလွန်လိုလားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာနေရတာ နေရထိုင်ရ တာလည်း ကျဉ်းကြပ်တယ်။ ကိုယ်သွားချင်သလိုလည်းသွားလို့မရဘူး။ အများရဲ့လက်အောက်မှာ နေရတာဖြစ်တယ်။ နေရ တာလည်း လွတ်လပ်မှုမရှိဘူး။ ကိုယ့်ခြံကိုယ့်ဝန်းနဲ့နေချင်ပြီ။ ကိုယ့်နေရာမှာဆို ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ နေနိုင်တယ်” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်မေရမ်က ပြောဆိုထားသည်။ ထို့ကြောင့် အစိုးရအနေဖြင့် စစ်ရှောင်များကို ကူညီထောက်ပံ့ ပေးရန်နှင့် နေရပ်ပြန်ရေးကို အမြန်အကောင်ထည်ဖော်ပေးရန် မျှော်လင့်ကြောင်း ဆက်လက်ပြောဆိုသည်။ လက်ရှိ ကဘူဒမ်း စစ်ရှောင်စခန်းတွင် ရဝမ်မျိုးနွယ်စု အိမ်ထောင်စု ၁၄စု နှင့် လူဦးရေ ၄၁ ယောက်ရှိနေကြောင်း သိရသည်။

၂၀၁၇ တိန်းကောက်ကျေးရွာအနီးတဝိုက်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်ပွဲများ ပြင်း  ထန်စွာဖြစ်ပွားခဲ့သည်သာမက မြန်မာစစ်တပ်ဘက်မှ ဒေသခံများကို KIA စစ်သားများအဖြစ် ထင်မြင်မှာယွင်းကာ ညှဉ်းပမ်း နှိပ်စက်မှုများ လုပ်ဆောင်ခဲသဖြင့် ရဝမ်းကုန်းဒေသခံများက မြစ်ကြီးနားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ရှောင် များနေရပ်ပြန်နိုင်ရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်ကချင်လူသားချင်စာနာထောက်ထားရေးအဖွဲ့ (KHCC)တို့ ပူးပေါင်းပြီး နေရပ် ပြန်ပို့ပေးသည့် လုပ်ဆောင်ချက်များရှိနေသည့်အတွက် ၎င်းတို့လည်း ထိုနည်းတူ နေရပ်ပြန်လိုကြောင်း ပြောဆိုနေကြသည်။ https://burmese.kachinnews.com/2020/07/07/%e1%80%80%e1%80%98%e1%80%b0%e1%80%92%e1

**************

၃။        တိုက်ပွဲတွေကြောင့် ယုံကြည်မှု တည်ဆောက်ရခက်နေကြောင်း KNU ပြော

July 7, 2020

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ယုံကြည်မှုတွေ တိုး တက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ လုပ်ငန်းတွေ ကောင်းစွာမလည်ပတ်နိုင်သေးတာကို ဖော်ပြနေတယ်လို့ ကော်မတီ ဒု ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက သတိပေးပြောကြားလိုက်ပါတယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့နဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ယုံကြည်မှုလျော့နည်းပြီး ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေရပ်တန့်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ  JMC-U ဒုတိယ ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က လက်မှတ်ထိုးထားတဲ့အဖွဲ့တွေကြား တိုက်ပွဲဖြစ်တာက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့်လို့ ပြောပါတယ်။ “တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက်အကြား ယုံကြည်မှုများ တိုးတက် များပြားလာမည်ဟု မျှော်လင့်ထားသော်လည်း ယင်းမျှော်လင့်ချက်များ လက်တွေ့ဖြစ်မလာသေးပါ။ ယင်းအစား NCA စာချုပ် ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်များအကြား တိုက်ပွဲများဖြစ်ပေါ်နေခြင်းမှာ အထူးစိုးရိမ်ရမည့် အခြေအနေ မဟုတ် သော်လည်း JMC ရဲ့ တာဝန်ရှိတဲ့လုပ်ငန်းများ ကောင်းစွာလည်ပတ်လာနိုင်ခြင်းမရှိခြင်းကို အထူးအလေးထား သတိချပ်ရမှာ ဖြစ်ပါတယ်။”

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေး ဆိုရင် တစ်နှစ်နဲ့ ၁၀ လကျော်ကြာ ရပ်တန့်ခဲ့ပြီး ၁၉ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်မှာ ပြန်လည်ကျင်းရာမှာ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ထောက်ပြပြောကြားခဲ့တာပါ။ JMC ရဲ့ ဖွဲ့စည်းပုံကပူးတွဲမှုဆိုတဲ့ပုံစံထက် ပူးပေါင်းမှုပုံစံဖြစ်နေတဲ့ အချက် အပြင် လက်တွေ့မြေပြင်မှာနှစ်ဖက်တပ်ဖွဲ့တွေ ပဋိပက္ခမဖြစ်အောင် ဆောင်ရွက်ရမယ့်လုပ်ငန်းပိုင်းမှာ အားနည်းချက်ရှိတာ ကြောင့် အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ နဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး က ပြောပါတယ်။ အပစ်ရပ် ၁၀ ဖွဲ့မှာ အင်အားကြီး နှစ်ဖွဲ့ဖြစ်တဲ့ KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ တို့ဟာ တပ်မတော်နဲ့ နယ်မြေကျော်လွန် အငြင်းပွားမှုအပါအဝင် တခြားအကြောင်းအရာတွေနဲ့ တိုက်ပွဲဖြစ် တာ တွေရှိခဲ့တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မယ်ဆိုပြီး အဲဒီ နှစ်ဖွဲ့က JMC နဲ့ UPDJC အစည်း အဝေးတွေကို တစ်နှစ်ကျော် ကြာ မတက်ရောက်ခဲ့ပါဘူး။ တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး က JMC ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ တပ်နေရာ ချထားရေးကို အောင်မြင်အောင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောပါတယ်။

လာမယ့် ဇူလိုင်လ ၃၀ နဲ့ ၃၁ ရက်နေ့မှာ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေ တက်ရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM၊ သြဂုတ်လ ၁၀ နဲ့ ၁၁ ရက် နေ့မှာ UPDJC နဲ့ သြဂုတ်လ ၁၂၊ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေးတွေ ဆက်တိုက်ကျင်းပသွားဖို့ ရှိပါတယ်။ https://www.rfa.org/burmese/news/knu-says-hard-to-build-trust-07072020 053458.html

*************

၄။        ဟားခါးမြို့မှာ လွတ်လပ်ရေးကျောက်တိုင် စိုက်ထူမယ့်ကိစ္စ ဝေဖန်ခံနေရ

July 8, 2020

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ကျပ်သန်း ၆ဝ ကျော် အသုံးပြုပြီး လွတ်လပ်ရေး ကျောက်တိုင်၊ ဗိုလ်ချုပ် ကြေးရုပ်နဲ့ ပန်းခြံ တည်ဆောက်မယ့်ကိစ္စကို ဝေဖန်မှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသတွေထဲမှာ ပါဝင်တဲ့ ချင်းပြည်နယ်မှာ လွတ်လပ်ရေးကျောက်တိုင်နဲ့ ဗိုလ်ချုပ် ကြေးရုပ်အတွက် ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဆောက်ရွက်မယ့်အစား အကူအညီ လိုအပ်နေသူတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေမှာ အသုံးချသင့်လို့ ထောက်ပြမှုတွေရှိ နေတာပါ။ အဲဒီကုန်ကျမယ့် ငွေတွေကို ချင်းပြည်နယ် ပလက်ဝမြို့ရောက် စစ်ဘေးဒုက္ခသည်တွေအတွက် အသုံးပြုသင့် တယ်လို့ တီးတိန်လူငယ် အထွေထွေအတွင်းရေးမှူး ကိုမုန်နိုက ထောက်ပြပါတယ်။“အခုကကျွန်တော်တို့လည်း သိနေ တာပဲ။ ပလက်ဝမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ဘယ်လောက်ထိ ဒုက္ခရောက်နေလဲဆိုတာ တစ်ချက်ပြန်ပြီးတော့မှ စဉ်းစား ကြည့်စေချင်တယ်။ ဒီသန်း ၆၀ လုံး ကုန်ပြီးတော့မှ ဒီလွတ်လပ်ရေးကျောက်တိုင် စိုက်ထူတာထက် စစ်ဘေးဒုက္ခခံနေရတဲ့ ပြည်သူတွေအတွက် ဒီထက်များများပံ့ပိုးနိုင်အောင်လုပ်ဆောင်သင့်တယ်။ ဒီလိုအချိန်မှာ လွတ်လပ်ရေးကျောက်တိုင်တို့ ဘာတို့ စိုက်ရမယ့် အချိန်မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်” တည်ဆောက်မယ့် လွတ်လပ်ရေးကျောက်တိုင်ဟာ အမြင့်ပေ ၇၅ ပေရှိပြီး အချင်းကတော့ ၁၄ ပေ ရှိပါတယ်။

ကုန်ကျငွေ သန်း ၆၀ ဟာ ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကာလ New Normal လို့ ခေါ်ကြတဲ့ လူနေမှုပုံစံသစ်မှာ လိုအပ်လာမယ့် အခြေအနေတွေအတွက် ဖြစ်သင့်တယ်လို့ ယူဆတဲ့ ဒေသခံတွေလည်း ရှိနေ ပါတယ်။“အခု ကျောက်တိုင်တွေ စိုက်တယ်။ ရုပ်တုတွေလုပ်တာက လာလည်တဲ့လူတွေ မြင်စေချင်လို့ ကျွန်တော် သဘော ပေါက်တယ်။ ကိုဗစ် ၁၉ ကလည်း ဖြစ်နေတာဆိုတော့ ဘယ်သူမှလည်းလာမှာ မဟုတ်ဘူး။ အဲတော့ ဘယ်သူ့မှ ကြည့်မယ့် သူမရှိတဲ့ ရုပ်တုတွေ၊ ကျောက်တိုင်တွေ ထားမယ့်အစားတော့ ချင်းပြည်နယ်မှာ New Normal Life အတွက် ဘာမှအဆင်

သင့်မဖြစ်ဘူး။ ပြင်ဆင်ထားတာတွေလည်း မရှိဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကိုဗစ် ၁၉ ဖြစ်ပြီး လူအချင်း ချင်းတွေ့လို့မရတဲ့ Lockdown စပြီး ကြေညာပြီး ၅ နာရီအတွင်းမှာ သူတို့ အွန်လိုင်းရောက်သွားကြပြီ။ စီးပွားရေးတွေ အွန်လိုင်းမှာ လုပ်ကြ တယ်။ ပညာရေးတွေကို အွန်လိုင်းမှာ ဆက်ပြီးလေ့လာကြတယ်။ ကျွန်တော်တို့ ကိုဗစ်ဖြစ်တာ ရင်ဆိုင် လာတာ တော်တော် ကြာပြီပေါ့နော်။ တကယ်တမ်းဖြစ်တာက ၂၀၁၉ ဒီဇင်ဘာမှာ ဆိုတော့ အခု ၆ လ ၇ လ အတွင်းကို ရောက်နေပြီ။ ဆိုတော့ ကျွန်တော်တို့ ဘာတွေပြင်ဆင်နေပြီလဲပေါ့နော်။ အဲဒါ မေးခွန်းထုတ်စရာဖြစ်တယ်”ဒေသခံ တစ်ဦး ဖြစ်တဲ့ ကိုမိုက်ကယ် ဆွမ်းတ ပြောသွားတာပါ။ ဒေသခံတွေ ဝေဖန်ကန့်ကွက်ပေမယ့် ချင်းပြည်နယ်အစိုးရအဖွဲ့ကတော့ ဆက်လက်အကောင် အထည် ဖော်သွားမယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်မှာ အရင်က ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပန်းခြံရှိပေမယ့် လွှတ်တော်တည် ဆောက်ချိန်မှာ ဖယ်ရှားခဲ့ရတာ ဖြစ် တယ်လို့ ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က လွတ်လပ်ရေး ကျောက်တိုင် တည်ဆောက်ရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် ချင်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် အုပ်မြစ်ချ အခမ်းအနား တက်ရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ နှစ်ကလည်း ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်တာကို ဒေသခံတွေက ကန့်ကွက်ခဲ့ပေမယ့် ပြည်နယ်အစိုးရက အကောင်အထည်ဖောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ကန့်ကွက်ရာမှာ ဦးဆောင်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးဟာလည်း ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ချခံခဲ့ရပါတယ်။ https://www.rfa.org/burmese/news/independence-

**************

၅။        ကရင်စာ သင်ရိုးသစ်မွမ်းမံသင်တန်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်

July 7, 2020

အသစ်ပြဌာန်းလိုက်သည့် ပိုး၊ စကောကရင်စာ သင်ရိုးညွန်းတမ်းအသစ်ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ် -တံခွန်တိုင်တိုက်နယ် ဇီးဖြူရိပ်မြုံနေရာတွင် မြို့နယ်၏ သင်တန်းဌာန အမှတ် ၁ အနေဖြင့် ပထမဦးဆုံးအကြိမ် သင်တန်း ဖွင့်လှစ် သွားခဲ့ကြောင်း သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။ သင်တန်းကို ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ သင်ကြားပို့ ချသွားခဲ့ပြီး နည်းပြဆရာများနှင့်သင်တန်းသား ကရင်စာသင် ဆရာ/ဆရာမ ၃ဝဝ နီးပါး ပို့ချသင်ကြားသွားခဲ့ကြောင်း သိရသည်။

သင်တန်းနည်းပြဆရာ စောယောင့်သာအဲဆန်က “စာပေကို မြှင့်တင်တဲ့အနေနဲ့ ရည်ရွယ်ပြုလုပ်တာပါ။ အစိုးရ အတန်း ကျောင်းမှာ အသက်အရွယ်အလိုက် ကလေးတွေ သင်ယူနားလည်ရလွယ်ပြီး လက်တွေ့နားလည်နိုင်အောင် သင်ရိုးအသစ် တစ်ခုကို သင်ကြားနည်းစနစ် ချပြတာပေါ့နော်။ ပိုး၊ စကောကရင်စာပါ ဒီသင်တန်းမှာ သင်ကြားပေးပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။ အရှေ့ပိုးကရင် (လိက်ထူ့လီ) စာ တက်ရောက်သင်ကြားသူ ၂ဝ၁ ဦးနှင့် စကောကရင်စာ သင်ကြားသူ ၃၇ ဦး တို့ကို ၎င်းတို့၏ ဆိုင်ရာစာပေ သင်ရိုးအသစ် သင်ကြားမှုနည်းစနစ်များကို သင်တန်းဆရာများမှ သင်ကြားပေးပြီး ကရင်စာပေ စွမ်းရည်မြှင့်တင် သည့်အနေဖြင့် စာစီစာကုံးပြိုင်ပွဲများပါ သင်တန်းနောက်ဆုံးနေ့တွင် ထည့်သွင်းကျင်းပသွားခဲ့သည်ဟု သိရ သည်။

“သင်ရိုးနည်း ပြောင်းသွားတယ်။ ကလေးတွေနားလည်အောင် ကဗျာတွေ၊ သီချင်းတွေ ရုပ်ပုံတွေနဲ့ပါ တွဲပြီးသင်ကြားတာ ပေါ့။ နေ့စားလပေး သင်နေတာဆိုတော့ ကျောင်းပိတ်ရက်တွေမှာ ထောက်ပံ့မှု မရဘူးပေါ့နော်။ ကရင်စာပေနဲ့ ယဉ်ကျေးမှု မပျောက် အောင် ထိန်းသိမ်းစေချင်လို့ ဆရာမလုပ်ဖြစ်တာပါ။ အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ပေးတဲ့အပေါ် အများကြီး ကျေးဇူးတင်ပါတယ်”ဟု အရှေ့ပိုးကရင်စာသင် ဆရာမနောင်ဖော့အဲ့ကုံက ကေအိုင်စီသို့ ပြောသည်။ ကြာအင်းဆိပ်ကြီး မြို့နယ်အနေဖြင့် ကရင်စာသင်ရိုးညွန်းတမ်းအသစ် သင်တန်းဌာန ၁ ကို ၄ ရက်ကြာသင်ကြားပေးခဲ့ပြီးနောက် သင်တန်းဌာန ၂ ကို ဝင်းရော်မြစ်အရှေ့ဘက်ခြမ်းတွင် ဆက်လက်ဖွင့်လှစ်သွားရန် အစိုးရပညာရေးဌာနနှင့် မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။ http://kicnews.org/2020 /07/%e1%80%80%e1%80%9b%e1

************

၆။        ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့ကို KNP ထုတ်ပြန်

July 6, 2020

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့နှင့် ဝင်ပြိုင်မည့် မဲဆန္ဒနယ်အချို့ကို ကရင်အမျိုးသားပါတီ-KNPက ဇူလိုင်လဆန်းပိုင်းတွင် စတင်ထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အားပြုထားသည့် ကရင်အမျိုးသားပါတီသည် ဧရာဝတီတိုင်း ကရင်ရေးရာ မဲဆန္ဒ နယ်အတွက် ပါတီအတွင်းရေးမှူး-၁ မန်းမင်းရဲထွေး ဝင်ပြိုင်သွားမည်ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးလွှတ် တော်အတွက် ပန်းတနော် မဲဆန္ဒနယ် အမှတ်-၂ ၌ မန်းခင်မောင်အေး၊ ညောင်တုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ တွင် စောအာကာတိုး၊ ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ် -၁ တွင် စစိုင်းခွန်သာတို့ အသီးသီးဝင်ရောက်ယှဉ် ပြိုင်သွားမည်ဟု KNP က တရားဝင်သတင်းထုတ်ပြန် ထားသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင်ဝင်ပြိုင်မည့် မန်းမင်းရဲထွေးက “ကျနော်တို့ ကရင်မဲဆန္ဒရှင်တွေက အရင်ရွေးကောက်ပွဲတွေတုန်းကလို မဟုတ်တော့ဘူး။ နိုင်ငံရေး ရေချိန်မြင့်လာပြီး၊ အမျိုးသားရေးကို လည်း သိလာပြီးဆိုတော့ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာလည်း ချင့်ချိန်တတ်လာပြီးပေါ့နော်။ ဘယ်သူ့ကို မဲပေးရမယ်ဆို တာပြောစရာမလိုတော့ဘူး။ နောက်အစိုးရ ဖြစ်ခဲ့တဲ့ပါတီတွေကိုအနေနဲ့ သူတို့ဘာတွေကတိပေးခဲ့သလဲ၊ ဘာတွေလုပ်နိုင်သ လဲ၊ ဘာတွေအဓိကထားဆောင်ရွက်နိုင်ခဲ့သလဲဆိုတာ မဲဆန္ဒရှင်တွေ သဘောပေါက်ပြီးလို့ ပြောချင်ပါတယ်” ဟုပြောသည်။

ကရင်ပါတီများအနေဖြင့် အစိုးရဖွဲ့နိုင်သည့် အခြေအနေ မရှိသော်လည်း တိုင်းရင်းသားများစုပေါင်းကာ လွှတ်တော်ထဲတွင်တိုင်းရင်းသားအခွင့်အရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များလုပ်ဆောင်နိုင်ရေး အခြေအနေမျိုးဖြစ်အောင် ကရင်မဲဆန္ဒရှင်များ ၏ သဘောထားတွင်လည်းမူတည်ကြောင်း ၎င်းက ဆက်ပြောသည်။ ကရင်အမျိုးသားပါတီအနေဖြင့် ဧရာဝတီတိုင်းဒေသ ကြီး မြောင်းမြ၊ အိမ်မဲ၊ ကယားပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ဝင်ပြိုင်ရန်ပြင်ဆင်ထားပြီး ကိုယ်စားလှယ်လောင်း များကို ဆက်ထုတ် ပြန်သွားမည်ဟု ပါတီတာဝန်ရှိသူများက ကေအိုင်စီသို့ပြောသည်။ http://kicnews.org/2020/07/%e 1%80%b1%e1%80%9 b%e1%80%bc%e1%80%b8%e1%80%b1%e1%

**************

၇။        တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းမြောက်ရှိ မဲဆန္ဒနယ်မြေကိုးခုတွင် အဓိကထား ဝင်ရောက် ယှဉ်ပြိုင်                 မည်

July  8, 2020

တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိ မဲဆန္ဒနယ်မြေ ကိုးခုတွင် အဓိကထား ဝင် ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောကြားသည်။

တအာင်း(ပလောင်) အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် တိုင်းရင်းသားအများအပြားရှိသော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းကိုင် မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးနေရာနှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နှစ်နေရာ စုစုပေါင်း ၂၉ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန် လျာထားသည်။ တအာင်း (ပလောင်) အမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံသားအခွင့်အရေးများ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူခွင့်၊ စစ်မှန်သောဖက်ဒရယ် ဖွဲ့စည်းပုံပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးစသည့် မူဝါဒများ ချမှတ်ထားကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်က ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်ပေါက်လာဖို့ပဲ အဓိကဦးတည်တယ်။ နယ်မြေအေးချမ်း သာယာမှပဲ၊ တည်ငြိမ်မှပဲ ကျန်တဲ့ကဏ္ဍ တွေ လုပ်ဆောင်လို့ရမယ်။ ကျန်တဲ့ ဖွံ့ဖြိုးကဏ္ဍတွေကို ဒေသလိုအပ်ချက်အရ လုပ်ဆောင်သွားဖို့ပဲ။ အားလုံးတော့ ၆၀၊ ၇၀ ရာခိုင်နှုန်းလောက် မျှော်လင့်ထားပါတယ်။ အရင်နှုန်းထားထက် မလျော့အောင်တော့ ကြိုးစားရမှာပါပဲ။ တအာင်း(ပလောင်) အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ်မှာလည်း ပါတီများအားလုံး မဲကိုယ်စားလှယ်လောင်း အဆင့် (၅) ရထားတယ်။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း တတ်နိုင်သလောက် လုပ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုလည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာလည်း ပါတီကိုပဲ ထောက်ခံအားပေးကြဖို့ ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်အေးချမ်းသွားအောင် ဖွံ့ဖြိုးရေး   လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင် ဝိုင်းဝန်းကြပါလို့ ပြောချင်ပါတယ်။ အဓိကအားဖြင့် ငြိမ်းချမ်းရေး ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် ရရှိရေးတွေပေါ့”ဟု မိုင်းအုန်းခိုင်က ပြောကြားသည်။

တအာင်း(ပလောင်) အမျိုးသားပါတီကို ၂၀၁၀ ပြည့်နှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် ခြောက်နေရာ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရ ရှိခဲ့ကြောင်း သိရသည်။ https://news-eleven.com/article/181946

**************

၈။        “ဝ” အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အဓိကဝင်ရောက်ယှဉ်ပြိုင်မည်

July 8, 2020

“ဝ”အမျိုးသားပါတီအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို အဓိကအားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ယင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဆမ်းဆောင်ကားက ပြောကြားသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ် အရှေ့ပိုင်း ဟိုပန်၊ မက်မန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်းနှင့် ပန်ဆန်းစသည့် မြို့နယ် ခြောက်ခုကို ခရိုင်နှစ်ခုခွဲ၍ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားပြီး ဟိုပန်နှင့် မက်မန်းမြို့နယ်များကို အစိုးရကထိန်းချုပ်၍ အခြားမြို့နယ်လေးခုကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA က ထိန်းချုပ်ထားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နှင့် မက်မန်းမဲဆန္ဒနယ်မြေတွင် “ဝ” အမျိုးသားပါတီ အနေဖြင့် အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကျန်မြို့နယ်များဖြစ်သည့် တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တွင် ဝင်ယှဉ်ပြိုင်သွားရန်စီစဉ်ထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။“ဝ” တိုင်းတော့ နှစ်မြို့နယ်ပဲရတော့ အပြည့်အဝတော့ ပြိုင်သွားမယ်။ ကျန်တဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တော့ ပြိုင်ဖို့ စဉ်းစားထားတာ အတည်မပြုသေးဘူးလေ” ဟု ဦးဆမ်းဆောင်ကားက ပြော  ကြားသည်။“ဝ”အမျိုးသားပါတီကို ပြည်သူလူထု သဘောဆန္ဒအရ “ဝ”ဒီမိုကရက်တစ်ပါတီ၊ “ဝ” အမျိုးသားစည်းလုံး ညီညွတ်ရေးပါတီနှင့် “ဝ”လစ်ဘရယ်ဒီမိုကရက်တစ် ဖွံ့ဖြိုးတိုးတက်ရေးပါတီ သုံးပါတီပေါင်းစည်း၍ တည်ထောင်ထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပေါင်းတာ သိပ်မကြာသေးဘူး။ ၂၆ ရက်လောက်က ပထမအကြိမ် ပါတီညီလာခံလုပ်တာကို သက်ဆိုင်ရာပါတီဝင်အားလုံး မပေါင်းသေးဘူး။ ပေါင်းတော့မှအရေအတွက်အတိအကျသိရမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ၆၅၀ တင် ထားတာရှိပါတယ်။ ပေါင်းရတဲ့အကြောင်းရင်းက လူထုဆန္ဒတောင်းဆိုမှုကြောင့် ပေါင်းတယ်။ လူထုမဲကိုတော့မျှော်လင့် တယ်။ လူထုတွေ အားပေးလိမ့်မယ်။ မဲပေးလိမ့်မယ် မျှော်လင့်တာပဲ။ “ဝ”လေးမြို့ထဲမှာ မှတ်ပုံတင်မရှိတဲ့အတွက် မဲထည့် လို့မရပါဘူး။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ “ဝ”အဖွဲ့အစည်းများရဲ့ တာဝန်ပေါ့”ဟု ဦးဆမ်းဆောင်ကားက ပြောကြားသည်။

“အဓိကတော့ “ဝ” ပြည်နယ်ကို ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအနေနဲ့ ပြန်လည်သတ်မှတ်ပေးဖို့ အဓိကဦးတည်ချက် ပေါ့။ ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုအဆင့်အတန်းမြင့်မားဖို့ အခြားသော တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ ရည်မှန်းချက်တွေပဲလေ။ “ဝ” ပြည်နယ်ကို ပြည်ထောင်စုဝင် ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ရန် အဓိကထားပါတယ်”ဟု  ဦးဆမ်းဆောင်ကားက ပြောကြားသည်။“ဝ”အမျိုးသားပါတီအနေဖြင့် ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် နိုင်ငံရေးပါတီမှတ်ပုံတင်ရရှိခဲ့ခြင်းဖြစ် သည်။ https://news-eleven.com/article/181940

***************

၉။        SNLD ပါတီအနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော်                  ကိုယ်စားလှယ်လောင်းများအား ဒေသခံများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်

July 7, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အနေဖြင့် မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များအား ဒေသခံ များ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“အခု ကျွန်တော်တို့မြို့နယ်မှာက ပြည်နယ်လွှတ်တော် နှစ်နေရာနဲ့ ပြည်သူ့လွှတ်တော် တစ်နေရာရယ်၊ လိုအပ်ရင်လည်း ခရိုင်မှာ အမျိုးသားလွှတ်တော်နေရာ ဝင်ပြိုင်ဖို့ရှိပါတယ်။ စုစုပေါင်း လေးနေရာ ဝင်ပြိုင်မှာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ယခင် နိုင်ခဲ့ပြီးသား ၂၀၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ အမှတ် (၁) မဲဆန္ဒနယ်တစ်နေရာ နိုင်ထားတာရှိ တယ်။ အဲဒီနေရာနှစ်ခုက လက်ရှိအနေအထားအရလည်း နိုင်မယ်လို့ ခံယူထားတယ်။ ကျန်တဲ့ အမှတ်(၂) မဲဆန္ဒနယ်နဲ့ ခရိုင် မှာ အမျိုးသားလွှတ်တော်နေရာမှာလည်း အနိုင်ရရှိနိုင်မယ်လို့ မျှော်လင့်ထားတာရှိတယ်”ဟု မူဆယ်မြို့နယ် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ စိုင်းလှဖေက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ဒေခံတွေကို ပြောချင်တာက အမျိုးသားရေးအနေနဲ့ ပြီးခဲ့တဲ့ ပင်လုံရဲ့ ကတိကဝတ်တွေအရ ကျွန်တော် တို့ ပြည်နယ်မှာ ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုး ပေါ်ပေါက်လာအောင် ကျွန်တော်တို့ ဦးတည်ရည်မှန်းထား ပါတယ်။ ဒါကိုလည်း အားလုံးအကောင်အထည်ဖော်နိုင်‌အောင် အားသွန်ခွန်စိုက်လုပ်သွားပါမယ်။ နောက်တစ်ခုက ဒေသ နယ်မြေမှာရှိတဲ့ ဒေသပြည်သူတွေအားလုံးအတွက် လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးအပိုင်းကစပြီးတော့ အားလုံးကို အကာ အကွယ်ပေးနိုင်အောင် ဦးစားပေးလုပ်ဆောင်သွားမယ်” ဟု ပြောကြားသည်။

မူဆယ်ခရိုင်အတွင်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ပါတီ ကိုယ်စားလှယ်လောင်းများကို ဇူလိုင် ၁၂ ရက်တွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားဖြင့် ရွေးချယ်မည်ဖြစ်ပြီး မြို့နယ်မှ စိစစ်အတည်ပြုပြီးပါက ဗဟိုသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း စိုင်းလှဖေက ဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Shan Nationalities League for Democracy- SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ https://news-eleven.com /article/181774

***************

၁၀။      UNA အဖွဲ့ဝင်ချင်း ရွေးကောက်ပွဲမဲဆန္ဒနယ်တူလျှင် အားသာချက်ရှိသည့်ပါတီ အနိုင်ရရေး ညှိနှိုင်းဆောင်ရွက်မည်

July 9, 2020

တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်သည့် UNA အဖွဲ့ဝင် ပါတီအချင်းချင်း ရွေးကောက်ပွဲ မဲဆန္ဒနယ်တူညီလျှင် အားသာချက်ရှိ သည့် ပါတီအနိုင်ရရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အဖွဲ့ဝင် ပါတီအချို့၏ တာဝန်ရှိသူများက ပြောကြားသည်။

ရွေးကောက်ပွဲ မဲဆန္ဒနယ်တူ၍ ပါတီတစ်ခု ရှောင်ပေးခြင်းက ပါတီပုံရိပ်ထိခိုက်နိုင်သလို လူထုဆန္ဒကိုလည်း မလေးစားရာ ရောက်စေသည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောကြားသည်။“အဖွဲ့ဝင်ပါတီ အနိုင်ရဖို့တော့ အကုန်လုံး ပူးပေါင်းဆောင်ရွက်ကြမှာပေါ့”ဟု UNA ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် ဦးစိုင်းလိတ်က ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) ကို နိုင်ငံရေးပါတီ ၁၃ ပါတီဖြင့် ဖွဲ့စည်းထားပြီး ၁၂ ပါတီမှာ တိုင်းရင်းသားပါတီများဖြစ်ကာ ကျန်တစ်ပါတီမှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံတည်ထောင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဖြစ်သည်။

SNLD ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အများစုနှင့် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ မန္တလေးတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းသို့ ယှဉ်ပြိုင်ရာတွင် ကချင်ပြည် နယ် နှင့် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် UNA အဖွဲ့ဝင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) နှင့် ကယန်းအမျိုးသား ပါတီ (KNP) တို့နှင့် မဲဆန္ဒနယ်ထပ်ခြင်းများ ရှိနိုင်သော်လည်း အချင်းချင်းနားလည်မှုရှိ၍ ဆိုးရွားသည့်ပွတ်တိုက်မှု မရှိနိုင်ဟု ဦးစိုင်းလိတ်က ဆိုသည်။ လက်ရှိတွင် UNA အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ပါတီချင်းညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာများ ကိုလည်း ယှဉ်ပြိုင်မည်ဟုသိရသည်။ အခြားသော UNA အဖွဲ့ဝင် တိုင်းရင်း သားနိုင်ငံရေးပါတီများလည်း ၎င်းတို့ပါတီ တည်ရှိ ရာဒေသများတွင် အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ https://news-eleven.com/article/182054

**************

၁၁။      ရိက္ခာပြတ်နေသည့် ဒါးလက်သို့ ဆန်ပို့ပါက အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ယူရမည်ဟုဆို

July 7, 2020

တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေကြသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုရှိ ဒေသခံပြည်သူများ အတွက် ဆန်အိတ်များ သယ်ယူရာတွင် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူ၍ ပို့ဆောင်နိုင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ၂၈ ရက်က ဒါးလက်အုပ်စုရှိ ဒေသခံပြည်သူ ၄၀ဝဝ ကျော်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်း သား/သူများအဖွဲ့ (CUSR) မှ ဦးစီးပြီး ဆန် ၁၂၅ အိတ်ကို သယ်ဆောင်လာရာ ကဇူးကိုင်း တံတားအနီးတွင် ယာယီ တပ် စခန်းချနေကြသည့် တပ်မတော်က အိတ်၂၀ သာ ခွင့်ပြုခဲ့ကြောင်း CUSR မှ ပြောဆိုသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆန်အိတ်သယ်ယူရာတွင် အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ပါရမည်ဖြစ်ကြောင်း၊ ထောက်ခံ ချက်မပါသဖြင့် တပ်မတော်က ဆန်သယ်ယူခွင့် ပိတ်ပင်တားဆီးခဲ့ခြင်းသာဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ဧရာဝတီသို့ ပြောသည်။

“အဲဒီလို သယ်လို့တားတယ်ဆိုတာ တခါမှမကြားဖူးဘူး။ အမ်းမြို့နယ် လုံခြုံရေး အတွက်ဆို တပ်တွေ ရှိတယ်။ ကျနော့်ဆီ က ထောက်ခံချက်ပါရင် အကုန်လုံးက လွှတ်ပေးတယ်။ တခါမှ ပိတ်တယ် ပြုတယ် မကြားမိဘူး။ သူတို့သဘောနဲ့ သူတို့ ဆန်သယ်သွားတယ်ဆိုတာ ဘာအကြောင်းကြောင့်လဲတော့ မသိဘူးလေ။ အဲဒီလူတွေက ဘာအတွက် သယ်တာလဲ။ ဘယ်သူက သယ်တာလဲ။ အဲဒါတွေလည်း လိုသေးတယ်။ သူတို့ပြောသလို ပိတ်တယ်ဆို တာက မဖြစ်နိုင်ဘူးလေ”ဟု ပြောသည်။ ဆန်သယ်ယူရာတွင် ဒေသခံများနှင့် ပူးပေါင်းသယ်ယူမည် ဖြစ်သောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ စာမတင်မေိ ကြာင်း CUSR မှ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ဆိုသည်။ ဆလိုင်းထွန်းလှကျော်က “ပို့မှာကတော့ အမ်းမြို့နယ်၊ CUSR ဆပ်ကော်မတီနဲ့ ဒေသခံတွေပေါင်းပြီး ဆန်ကို သယ်သွား ကြမလို့။ ဒါပေမယ့် ကဇူးကိုင်း အနီးမှာရှိတဲ့ တပ်နဲ့ ညှိကြည့်ကြ တော့ တပ်က လောလောဆယ် ဆန်ကိုအများကြီး သယ်ခွင့် မပေးနိုင်သေးဘူးလို့ ပြောတယ်။ သယ်မယ်ဆို တလကို ဆန်အိတ်၂၀ ပဲ သယ်ခွင့် ပေးမယ်လို့ ပြောတယ်။ တကယ်လို့ လုံးဝ အဆင်မပြေကြဘူဆိုရင်လည်း ခင်ဗျားတို့ အဆင်ပြေတဲ့ နေရာတွေကို ပြောင်းကြပါလို့ပဲ ပြောတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ်(AA)တို့၏ တိုက်ပွဲများကြောင့် ရေလမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ထားခဲ့ပြီး ကုန်းလမ်းကို ၂၀၂၀ ဖေဖော်ဝါရီလတွင် ထပ်မံ ပိတ်လိုက်ခြင်းကြောင့် အမ်းမြို့နယ်ရှိ ဒါးလက်အုပ်စုတခုလုံး စားနပ်ရိက္ခာများ ပြတ်လပ်သွားခြင်း ဖြစ်သည်။ ဒါးလက် အုပ်စုတွင် ကျေးရွာပေါင်း ၄၇ ရွာ ရှိသည့်အနက် ၇ ရွာက ရခိုင် လူမျိုးများ နေထိုင်သည့် ရွာများဖြစ်ပြီး ကျန်သည့် ရွာပေါင်း ၄၀ မှာ ချင်းလူမျိုးများ နေထိုင်သည့် ရွာများဖြစ်ကာ လူဦးရေ စုစု ပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိသည်ဟု ဒါးလက် အုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။ ဒါးလက်အုပ်စုက အုပ်ချုပ် ရေးမှူးတချို့လည်း နှစ်ဖက်တပ်ကိုကြောက်နေရသည့်အတွက် ထွက်ပြေးနေကြရသည်ဟု ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူ   း တဦးထံက သိရသည်။ https://burma.irrawaddy.com/news/2020/07/07/225881.html

**************

၁၂။      ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ ဝေဘူလတောင်တွင် ကုမ္ပဏီတစ်ခုက သတ္တုတူးဖော်ရေး                                 ဆောင်ရွက် နေ

July 9, 2020

ချင်းပြည်နယ် ဖလမ်းခရိုင် ဆီးယင်းသစ်တောကြိုးဝိုင်းဧရိယာအတွင်း တည်ရှိသည့် ဝေဘူလတောင်တွင် ဖိုးလမင်းသာသာ ကုမ္ပဏီက ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်ဟုဆိုကာ သတ္တုတူးဖော်မှုဆောင်ရွက်နေသည်ဟု စုံစမ်းသိရှိသည်။

ဝေဘူလတောင်သည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး နယ်နိမိတ်အနီးတွင်တည်ရှိပြီး ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းအကောင်အထည်ဖော်သည့်အနေဖြင့် လမ်းဖောက်လုပ်ခြင်း၊ အဆောက်အဦးတည်ဆောက်ခြင်းများရှိလာသည့် အတွက် စစ်ကိုင်းတိုင်းဘက်မှ ကျေးရွာတစ်ချို့က ကန့်ကွက်မှုရှိလာသည့်အတွက် ယနေ့တွင် ကလေးမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများက သွားရောက်ကွင်းဆင်း စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်ဟု အထက်ချင်းတွင် လူငယ်များ ကွန်ယက် ဦးကျော်သက်ဝင်းကပြောသည်။“ဒေသခံတွေကန့်ကွက်တဲ့အခါကျမှ စစ်ကိုင်းတိုင်းဘက်ကသိတယ် ဒီဧရိယာက ဆီးယင်းကြိုးဝိုင်းထဲမှာပါနေတယ်၊ အဲဒီမှာ လုပ်ကွက်ပေါင်း (၁၄) ခုချထားတယ် အခုတော့ ပြည်နယ်အစိုးရ သ ဘောထားမှတ်ချက်နဲ့ ကျနော်တို့သိထားတာက လုပ်ကွက် (၄) ခုလောက်ကတော့ ပြည်နယ်အစိုးရ သဘောထား မှတ်ချက် ပေးပြီးပြီသိရတယ်၊ ဘာတွေမှတ်ချက်ပေးတာလဲတော့မသိရဘူး ဒါပေမဲ့ စစ်ကိုင်းဘက်က ဒါနဲ့ပတ်သက်ပြီး လက်မခံဘူး၊ ကုမ္ပဏီဘက်ကတော့ ချင်းပြည်နယ်အစိုးရက သဘောထားမှတ်ချက်ပေးတဲ့အတွက် သူတို့ဆောက်တာလို့ပြောတယ်၊ အဲဒါ ကျနော်တို့က ခွင့်ပြုချက်အမိန့်တွေပြပေါ့ တောင်းတာပေါ့ ချင်းပြည်နယ်အစိုးရခွင့်ပြုတယ်ဆိုရင် စစ်ကိုင်းတိုင်းအစိုးရ ခွင့်ပြု တယ်ဆိုရင် သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေပြဆိုတော့ သူတို့မပြနိုင်ဘူး၊ အဲဒီအတွက်ကြောင့် ကျနော်တို့ အခုဆောက် ထားတဲ့ အဆောက်အဦးတွေဖျယ်ရှားပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ ကျနော်တို့ ဒီနေ့မှတ်ချက်ပြုတယ်”ဟု ဦးကျော်သက်ဝင်း က ပြောသည်။

ဖိုးလမင်းသာသာ ကုမ္ပဏီအနေဖြင့် အဆိုပါဝေဘူလတောင်တွင် ခရိုမိုက်တူးဖော်ရေးလုပ်ငန်းဆောင်ရွက်ပါက တောင်ခြေရှိ စစ်ကိုင်းတိုင်းဘက်ခြမ်းမှ လယ်ယာမြေအမြာက်အများ ပျက်စီးဆုံးရှုံးနိုင်သည်ဟုဆိုကာ ကျေးရွာအုပ်စု (၃) အုပ်စု ငါးဖားအုပ် စု၊ နတ်ချောင်းအုပ်စုနှင့် ထောက်ကြံ့အုပ်စုတို့မှ ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်ပြောမယ် ချင်းပြည်နယ်အစိုးရက ဘယ်သတ္တုလုပ်ငန်းမှ ခွင့်ပြုထားတာမရှိသေးဘူး၊ နောက်တစ်ခုက ချင်း ပြည်နယ်အစိုးရ သတ္တုလုပ်ကွက်စီစစ်ရေးက အသေးစားနဲ့ လက်လုပ်လက်စားပဲ ခွင့်ပြုချက်ပေးလို့ရတယ်၊ အကြီးစားကို ပြည်ထောင်စုအဆင့်ပဲဆိုင်ပါတယ်၊ ချင်းပြည်နယ်က လုပ်ကွက်ချထားပေးနိုင်တဲ့နေရာမှာ ဗဟိုကသတ်မှတ်ထားတာ ပြည်ထောင်စုကသတ်မှတ်ထားတာ၊ ဆိုတော့ နံပတ်တစ်က ကျနော်တို့ချထားတာမရှိပါဘူး နံပတ်နှစ်က ချင်းပြည်နယ်က ချထားပေးတယ်ဆိုရင် စာရွက်စာတမ်းတောင်းပါ ခွင့်ပြုချက်စာရွက်စာတမ်းတောင်းပါ၊ အဲဒါတော့ ကျနော်တို့က ကျနော်တို့ ဆီရောက်လာရင် အစစ်လားအတုလား ခွဲပေးမယ်၊ တကယ်လို့ အတုနဲ့လုပ်မယ်ဆိုရင် စီးပွားရေးသမားတွေက လုပ်ငန်းရှင် တွေက ဒါဥပဒေမဲ့လုပ်တဲ့အတွက်ကြောင့် ဒါကိုလည်း ဥပဒေအရအရေးယူလို့ရတယ်”ဟု ချင်းပြည်နယ်သစ်တောရေးရာ ဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောသည်။ ချင်းပြည်နယ်တွင် ခရိုမိုက်သတ္တုသည် ဖလမ်းခိုင် တီးတိန်၊ တွန်းဇံမြို့နယ် မြွတောင် ဖားတောင်တွင် အများဆုံးထွက်ရှိပြီး ဒုတိယမှာ ဖလမ်းမြို့နယ် ဆီးယင်းသစ်တော်ကြိုးဝိုင်းဒေသ ဝေဘူလတောင်ဟု သိရ သည်။ https://www.bnionline.net/mm/news-7

***************

၁၃။      ကွတ်ခိုင်မြို့နယ် ပေါက်ကွဲမှု ဖြစ် ဒေသခံ ၇ ဦး ထိမှန်

July 9, 2020

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု နမ့်ခွမ်ရွာတွင် ပေါက်ကွဲမှုတခုဖြစ်ပြီး ဒေသခံ ၇ ဦး ထိမှန်ခဲ့ ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က နမ့်ခွမ်ရွာရှိ တောင်ယာတွင် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၅ ဦး အလုပ်လုပ်နေစဉ် ပေါက်ကွဲမှုတခုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်း နာယက က သျှမ်းသံတော်ဆင့်သို့ ပြောသည်။“မြေမြှုပ်မိုင်းတော့မဟုတ်ဘူး။ သူတို့တောင်ယာလုပ်ရင်း နားနေချိန်မှာ မပေါက်ကွဲသေး တဲ့ မိုင်းကို သွားထိမိလို့ ပေါက်ကွဲတာ။ ဒဏ်ရာ ပြင်းထန်တဲ့ ၅ ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကို ပို့ထားတယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာ ပြင်းထန်သည့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၄ ဦးကို ယမန်နေ့တွင် ဂရုဏာလူမှု ကူညီရေးအသင်း နှင့် မေတ္တာရှင် လူမှုကူညီရေးအသင်းတို့က လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထိုဒေသတလျှောက်တွင် အစိုးရ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားနေသဖြင့် မပေါက်ကွဲသေးသည့် ကျည်များ ဆက်ရှိနိုင်ဦးမည်ဖြစ် ကြောင်း သွားရောက်ကူညီခဲ့သည့် မေတ္တာရှင် လူမှုကူညီရေး အသင်း က ပြောဆိုလိုက်သည်။

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့ မကြာခဏ ထိတွေ့သည့်နေရာဖြစ်သည်။ ထို့ပြင် ယခုရက်ပိုင်း အစိုးရတပ်မတော်သည် စစ်အင်အားဖြည့်ဆည်းမှုများ ပြုလုပ်ကာ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြောင်း သိရသည်။ https://burmese.shannews.org/archives/17427

**************

၁၄။      သတ္တမတန်း သင်ရိုးညွန်းတမ်းအသစ်မှာ ကယား(ကရင်နီ)မျိုးနွယ်စုအမည်တချို့ စာလုံးပေါင်းသတ်ပုံနှင့် ရိုးရာဓလေ့                    အကြောင်းမှားနေ

July 08, 2020

သတ္တမတန်း သင်ရိုးညွန်းတမ်းအသစ်မှာ ကယား(ကရင်နီ)ပြည်နယ်က တိုင်းရင်းသားအမည်နာမနဲ့ ရိုးရာဓလေ့အကြောင်း တွေ မှားနေတယ်လို့ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ကယား(ကရင်နီ)လူမျိုးတွေရဲ့ အထွတ်အထိပ်ထားတဲ့ အဲဒိုပေါ်မီပွဲ (ခေါ်) ဒီးကူပွဲကို ဒီကူးပွဲလို့သာ ဖော်ပြထားခြင်း၊ ဒီးကူကို ဒီကူးဟု စာလုံးပေါင်းမှားယွင်းစွာ ရေးသားထားခြင်းနှင့် ၎င်းပွဲတော်ကိုလည်း ကောက်သစ်စားပွဲလို့ ဆရာကိုင်စာအုပ်မှာ ဖော်ပြထားခြင်းက လွှဲမှားနေတယ်လို့ ကယားစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဖဲညွန့်ရယ်က ပြောပါတယ်။ ယခင် ၂၀၁၇- ၂၀၁၈ ခုနှစ်က ကယားတစ်မျိုးသားလုံးညီလာခံမှာလည်း ဒီးကူပွဲအစား အဲဒိုပေါ်မီပွဲလို့သာ အသုံးပြုကြဖို့ အတည်ပြု ချက်ယူပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။“ဒါပေမယ့် အလွယ်တကူသုံးနှုန်းချင်နေတဲ့ဒီ တခြားသော တိုင်းရင်းသားတွေက ဒီးကူဆိုတဲ့ဟာကို သုံးနှုန်းနေကြတယ်။ အခု ဒီအဲဒိုပေါ်မီရဲ့ အသုံးအနှုန်းကို ပြန်ပြီးတော့ အသုံးပြုနိုင်ဖို့ လွန်ခဲ့တဲ့ ၂၀၁၇-၁၈ တုန်းက ထေးငှားလျား တစ်ပြည်နယ်လုံးဆိုင်ရာ အဲဒိုပေါ်မီလို့ ကျနော်တို့ ပြန်လည်ပြီးတော့ အတည်ပြုချမှတ်ပြီးသားဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေကြားမှာဆိုရင် အဲဒိုပေါ်မီလို့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။”ကျောင်း သားကိုင်စာအုပ် စာမျက်နှာ ၃၁-၃၂ ထဲတွင်လည်း အဲဒိုပေါ်မီပွဲတော်သည် ကောက်ညင်းထုတ်ပွဲတစ်ခု ဖြစ်ကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

တိုင်းရင်းသားများ၏ သဘောထားနှင့်မကိုက်ညီပဲ ခေတ်အဆက်ဆက်ကအမှားတွေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးတွေကိုသင်ကြားမည်ဆိုပါကတိုင်းရင်းသားအချင်းချင်းကြားမှာ သွေးခွဲမှုများဖြစ်ပေါ်စေတယ်လို့ ကိုကျော်ထင်အောင် က ပြောပါတယ်။ ဒါ့အပြင် ကယန်းဆိုတဲ့ စာလုံးပေါင်းသတ်ပုံကို ယန်းကို (ယမ်း)လို့ သုံးထားခြင်း၊ ဂေဘားဆိုတဲ့ စာလုံး ပေါင်းသတ်ပုံလည်း ဘားကို (ပါး)အဖြစ်သုံးထားခြင်း အပြင် ကယားမျိုးနွယ်စု ၉ မျိုးထဲက ဇယိမ်း၊ ဂေခို၊ ကယန်း(ပဒေါင်း)၊ ယင်းဘော် ဆိုတဲ့ မျိုးနွယ်စု လေးစုက ကယန်းမျိုးနွယ်စု တစ်ခုတည်းသာဖြစ်တဲ့အတွက် လေးခုလုံးဖော်ပြခြင်းက မှားနေ တယ်လို LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်အဖွဲ့ရဲ့  ဥက္ကဌ ကိုကျော်ထင်အောင် ကထောက်ပြပြောဆိုပါတယ်။ ကယန်းမျိုးနွယ်စု လေးမျိုးရဲ့ အခေါ်အဝေါ်ကိုလည်းမှာလည်း ဇယိမ်း=ကယန်း(လထ)၊ ကယန်း(ပဒေါင်)=ကယန်း(လဝီ)၊ ဂေခို=ကယန်း(ဂေခို)၊ ယင်းဘော်=ကယန်း(ကငန်) စသည်ဖြင့် ပြောင်လဲခေါ်ဆိုခဲ့ကြကြောင်းကို ၂၀၁၇ ခုနှစ်တွင်သာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြပြီး အားလုံးကို ကယန်းမျိုးနွယ်စုတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။

ယခုလို ကျောင်းသုံးစာအုပ်ထဲမှာ မှားယွင်းဖော်ပြထားခြင်းမှာ အစိုးရပညာရေးဝန်ကြီးဌာနများမှ တိုင်းရင်းသားရေးရာဌာန များနှင့် တိုင်းရင်းသားစာပေရုံးများသို့ ကွင်းဆင်းလေ့လာမှုအားနည်းခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ ကယန်းစာပေယဉ်ကျေးမှု ကော်မတီ ယဉ်ကျေးမှုတာဝန်ခံ ဒေါ်ရင်မေ က ထောက်ပြပြောဆိုသွားပါတယ်။ ကယား(ကရင်နီ) ပြည်နယ်ရှိ ဆရာ/မ များ နှင့် ကျောင်းသား/သူများသည် တိုင်းရင်းသားဒေသခံဖြစ်၍ သင်ကြားရာတွင် အမှန်ကိုသင်ကြားပေး နိုင်သော်လည်း တစ်ခြား တိုင်းနှင့်ပြည်နယ်များမှာ စာလုံးပေါင်းအမှန်ကိုမသိသောကြောင့် အမှားအတိုင်းသင်ကြားသွားနိုင်ပြီး နောင်လာနောင်သား များအတွက် မကောင်းဘူးလို့ ကေကောကျေးရွာ အလယ်တန်းပြ ဆရာမ ဒေါ်ယွာအယ်ဖောက ဆိုပါတယ်။ တိုင်းရင်းသား လူမျိုးစုများ၏ အသုံးအနှုန်းအခေါ်အဝေါ်များကို အတွင်းကျလေ့လာသင့်ပြီး ယခုလို တိုင်းရင်းသားလူမျိုးစုများ၏ အကြောင်း များကို မှားယွင်းစွာဖော်ပြခြင်းမှာ ကယားပြည်နယ်တစ်ပြည်နယ်တည်းမဟုတ်ပဲ တစ်ခြားပြည်နယ်ရှိ တိုင်းရင်းသားများ၏ အကြောင်းအရာတစ်ချို့လည်း မှားယွင်းနေတယ်လို့သိရပါတယ်။ https://www.bnionline.net/mm/ news-74113

*************

၁၅။      အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များ၌ ကယန်းတိုင်းရင်းသားလူမျိုး                             မဲဆန္ဒနယ် ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသားညီညွှတ်ရေး ဦးဆောင်ကော်မတီ တောင်းဆို

July 4, 2020

အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် များတွင် ကယားပြည်နယ်၌ ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်သာပါဝင်ပြီး ကယန်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် (ကယန်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) အား  ထည့်သွင်းသတ်မှတ်ပေးရန် ကယန်းအမျိုးသား ညီညွတ်ရေးဦးဆောင် ကော်မတီ က ဇူလိုင် ၃ ရက်တွင် သဘောထားထုတ်ပြန် တောင်းဆိုသည်။

ကယန်းအမျိုးသားညီညွတ်ရေးကော်မတီတွင် ကယန်းပြည်သစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ကယန်းစာပေနှင့် ယဉ်ကျေး မှုကော်မတီ၊ ကယန်းအမျိုးသမီး အစည်းအရုံး၊ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့တို့ ပါဝင်သည်။ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းမှ လွှတ်တော်တွင် မေးမြန်းခဲ့သဖြင့် အမျိုးသားလွှတ်တော်ရုံး သုတေသနဌာန ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည် ပေးပို့သည့်စာအရ ကယားပြည်နယ်တွင် ကယန်းလူဦးရေ ၆၉၉၁၀ ဦး ရှိကြောင်း သိရှိခဲ့ရသည်ဟု ကယန်းအမျိုးသား ညီညွတ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်အရ ကယန်းလူမျိုးများ သည် ကယားပြည်နယ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ဝ ဒသမ ၁ ရာနှုန်းကျော်ရှိသည့်အတွက် ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ရရှိရမည်ဖြစ်သော်လည်း လက်ရှိရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော ကယားပြည်နယ် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်တွင်  ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး မဲဆန္ဒနယ် သတ်မှတ်ထည့်သွင်းခြင်းမရှိကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (ခ) ၌ တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီးရရှိပြီးသော သို့မဟုတ် ထို တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုး များအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိလူဦးရေ စုစုပေါင်း၏ ဝ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက် ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီ ရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဟုလည်းကောင်း၊ ပုဒ်မ ခွဲ (ဂ) ၌ ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှ အပ ကျန်တိုင်းရင်းသား လူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း ၏ ဝ ဒသမ ၁ ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုးတစ်မျိုး လျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဟု ပြဋ္ဌာန်းထားသည်။ ကယား ပြည်နယ်တွင် ကယန်းတိုင်းရင်းသားများမှာ ပထမအများဆုံးဖြစ်သည့် ကယားမျိုးနွယ်စုပြီးနောက် ဒုတိယအများဆုံး နေထိုင် ကြသော မျိုးနွယ်စုများဖြစ်ပြီး ခေတ်အဆက်အဆက် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှပါဝင်ခဲ့ကြသော သမိုင်းကြောင်း များ ရှိသည်ဟု သိရသည်။ https://news-eleven.com/article/181317

*************

၁၆။      ကရင်လူငယ်ထု တစ်ရပ်လုံးအတွက်အရေးပါမည့် ကရင်လူငယ်မဟာဗျူဟာမူကြမ်းတစ်ခု ထွက်ရှိမည်

July  9, 2020

ကရင်လူငယ်များအနေဖြင့် မတူညီသောနယ်ပယ်ဒေသအသီးသီး၊ ကဏ္ဍအသီးသီးများမှတဆင့် တူညီသော ဘုံရည်မှန်းချက် များဖြင့် ကရင်အမျိုးသားရေးပန်းတိုင်နှင့် နိုင်ငံတည်ဆောက်မှုလုပ်ငန်းများတွင် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်ရေးဆွဲနေ သည့် ကရင်လူငယ်မဟာဗျူဟာရေးဆွဲလုပ်ငန်းစဉ်မှ မူကြမ်း တစ်ခုထွက်ရှိ လာတော့မည်ဖြစ်ကြောင်း သိရသည်။

ကရင် လူငယ်ထုတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် မဟာဗျူဟာမူကြမ်းရေးဆွဲနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်ရှိ ကရင်လူငယ်အဖွဲ့အစည်းအသီသီးမှ ကရင်လူငယ်များပါဝင်သည့် မူကြမ်းရေးဆွဲရေးကော်မတီဖွဲ့ စည်းကာ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် မူကြမ်းရေးဆွဲ ရေး ကော်မတီမှ ယခု ဇူလိုင် ၃ ရက် မှ ၉ ရက်နေ့အထိ ရန်ကုန်တွင် မူကြမ်းရေးဆွဲရေးနှင့်ပတ်သက်သည့် အစည်းအဝေး တစ်ခုပြုလုပ်ခဲ့ပြီးနောက် အဆိုပါမူကြမ်းတစ်ခု ထွက်ရှိလာမည်လည်းဖြစ်သည်။ ကရင်လူငယ်မဟာဗျူဟာရေးဆွဲရေး ဦးဆောင်စည်းရုံးရေးအဖွဲ့မှ စောထွန်းထွန်း က “ ဒီဟာက ပြီးခဲ့တဲ့ ၂၀၁၉ စက်တင် ဘာလ မဲဆောက်မှာ ကရင်လူငယ်တွေ တွေ့ဆုံပြီး ဆွေးနွေးခဲ့တဲ့ ပွဲရဲ့နောက်ဆက်တွဲ ပေါ့။ ဒါကိုမဟာ ဗျူဟာရေး ဆွဲရေးမူ ကြမ်းအဖွဲ့ကနေရေးဆွဲနေတာ၊ အခု Zero Draft စပြီးဆွဲတဲ့အချိန်ပေါ့။ အခု ဒီ ၅ ရက် ၆ ရက်ပြီးသွားရင်တော့ ကရင် လူငယ်မဟာဗျူဟာ Zero Draft ထွက်လာမယ်။ Final Draft ကတော့ဒီ လထဲထပ်ထွက်လာဖို့ ရှိတယ်”ဟု ပြောသည်။

ကရင်လူငယ်မဟာဗျူဟာမူကြမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားစသည့် ကဏ္ဍပေါင်း ၁၈ ခုပါဝင်မည်ဖြစ်ပြီး မူကြမ်းရေးဆွဲရေးကော်မတီထဲတွင်ပါဝင်သူများမှ ၎င်းတို့တာဝန်ယူထား သည့် ကဏ္ဍအသီးသီးများနှင့်ပတ်သက်သည့် အချက်အလက်များ ကောက်ယူစုဆောင်းကာ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်ဟု မူကြမ်းရေးဆွဲရေးကော်မတီထံမှ သိရသည်။ မကြာမီထွက်ရှိလာမည့် အဆိုပါမူကြမ်းများကို သက်ဆိုင်ရာအခန်းကဏ္ဍ အသီး သီးများမှ တာဝန်ရှိသူများ၊ အကြံ ပေးကော် မတီများထံပေးပို့မည်ဖြစ်ပြီး ထို့မှတဆင့်ရရှိလာသည့်အချောသတ်မူကြမ်းများကို ကရင်လူငယ်နှီး နှောဖလှယ်ပွဲ၊ KYO ကွန် ဂရက်၊ ထိုမှတစ်ဆင့် KNU ကွန်ဂရက်များထံတင်ပြပြီးမှ အဆင့်ဆင့် အတည်ပြု ရရှိထားသည့် လုပ်ငန်းစဉ်များအတိုင်း ကရင်လူငယ်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် သွားကြမည်ဖြစ်သည် ဟု သိရသည်။ http://kicnews.org/2020/07/%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80

*************

၁၇။      MCL ဘိလပ်မြေစက်ရုံ ရပ်နားတော့မည့် သတင်းထွက်ပေါ်၊ အလုပ်သမား ၁၅၀ဝ ကျော် အလုပ်လက်မဲ့ဖြစ်မည်ကို စိုးရိမ်နေ               ဟုဆို

July 8, 2020

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ကိုအခြေပြု၍ လည်ပတ်လျှက်ရှိသော Mawlamyine Cement Limited MCL ဘိလပ်မြေစက်ရုံသည် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ရပ်နားသွားတော့မည့် သတင်းထွက်ပေါ်နေသောကြောင့် ရွှေ့ပြောင်းအလုပ်သမား ၁၅၀ဝ ကျော် အလုပ်လက်မဲ့ကြုံတွေ့ရမည့်အရေးကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

MCL စက်ရုံသည် ထိုင်းနိုင်ငံ SCG-Siam Cement Group-SCG နှင့် မြန်မာဘက်က Pacific Link Cement Industries-PLCI တို့ ဖက်စပ်လုပ်ကိုင်လျှက်ရှိပြီး ရှယ်ယာကိစ္စပြဿနာရှိသောကြောင့် စက်ရုံရပ်ဆိုင်းတော့မည့်အခြေအနေကို စက်ရုံ ဝန်ထမ်းအချို့ထံမှ ကြားသိရပါသော်လည်း စက်ရုံတာဝန်ရှိပုဂ္ဂိုလ်များအား အတည်မပြုနိုင်ခြင်း မရှိသေးပေ။ MCL တွင် အလုပ်လုပ်ကိုင်နေသော ကိုစိုးဝင်း က “တကယ်လို့ စက်ရုံရပ်သွားမယ်ဆိုရင် နောက်အလုပ်ရှာဖို့လဲမလွယ်ဘူး။ အခုကာလ ကလဲ ကိုဗစ် ၁၉ ကာလလည်းဖြစ်နေတဲ့အတွက်ကြောင့် ဘယ်စက်ရုံမှလဲ အလုပ်သမားအသစ်မခန့်တဲ့အတွက် ကျွန်တော် တို့မှာတော့ အခက်ခဲဖြစ်တာပေါ့။ ကျွန်တော်တို့လဲ ရွှေ့ပြောင်းအလုပ်သမားဖြစ်နေတဲ့အတွက်ကြောင့် မိသားစုအတွက် ဘယ်လိုမှထောက်ပံ့ပေးနိုင်တဲ့ အနေအထားတော့မရှိနိုင်ဘူးပေါ့” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

စက်ရုံရပ်နားသည့်အခါ အလုပ်လက်မဲ့ဖြစ်သွားမည့် အလုပ်သမား ၁၅၀ဝ ကျော်အတွက် နိုင်ငံတော်အနေဖြင့် လာရောက် ဖြေရှင်းပေးစေလိုကြောင်း MCL တွင်အလုပ်လုပ်နေသော ကိုစိုးကြည်က ပြောသည်။“စက်ရုံကြီးကရပ်မယ်လို့တော့ ပြော ထားတာပဲ။ အတိအကျတော့မသိဘူး။ ဒါပေမယ့် အစ်ကိုယ်တို့ကတော့ ရပ်သွားတဲ့ အတိုင်းတာတစ်ခုဆိုရင်တော့ အလုပ် သမားသက်တမ်းအနေနဲ့  အကျိုးခံစားခွင့်တော့ ရချင်တာပေါ့” ဟု ကိုစိုးကြည်က ဆက်ပြောသည်။

Mawlamyine Cement Limited- MCL (ကျိုက်မရောဘိလပ်မြေစက်ရုံ) သည် ၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ ကျောက် မိုင်းခွဲခြင်းလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပြီးဖြစ်သည့်အတွက် ကျောက်မိုင်းခွဲခြင်းကိစ္စအဝဝသည် MCL (ကျိုက်မရောဘိလပ်မြေ စက် ရုံ)နှင့် လုံးဝမသက်ဆိုင်တော့ကြောင်း စက်ရုံ၏ Managing Director, Mr Hatsachai Prahanphap က ဇွန်လ ၈ ရက် နေ့စွဲ ဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်။ “အခုဇူလိုင်လလယ်မှာ လက်ကျန်ကုန်ကြမ်း(ကျောက်) တွေ ကုန်သ လောက်ဖြစ်သွားပါပြီ၊ ထုတ်လုပ်တဲ့အပိုင်းက ရပ်နားပေမယ့် ကျန်တဲ့အပိုင်းတွေ လုပ်စရာနည်းနည်းပါးပါးရှိသေးတယ် သြဂုတ်လ ကုန်ရင်တော့ စက်ရုံလုံးဝပိတ်သိမ်းတော့မယ့်အနေအထားပါ”ဟု အမည်ဖော်ပြခွင့်မရှိသည့် မြန်မာနိုင်ငံသား စက်ရုံဝန်ထမ်းတစ်ဦးက ဆိုသည်။

တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀ဝဝ ထုတ်လုပ်သည့် MCL ဘိလပ်မြေစက်ရုံသည် ထိုင်း SCG က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာ PLCL က အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၄၀ဝ ဖြင့် ရင်းနှီးမြှုပ်နှံထား သည့် ပုဂ္ဂလိကအကျိုးတူ ဖက်စပ်လုပ်ငန်းဖြစ်ပြီး စက်ရုံစတင်လည်ပတ်ခဲ့သည်မှာ ၃ နှစ်ကျော်ရှိပြီဖြစ်သည်။ http://burm ese.monnews.org/2020/07/08/mcl-%e1%80%98%e1%80%ad%e1%80%9c%e1%80%

*************

၁၈။      မိုးရွာတိုင်း တန့်ယန်း လွယ်လွမ့် ပရဟိတကျောင်းသားများ ရွှံထဲတွင် စာသင်နေရ

July 8, 2020

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်းရှိ လွယ်လွမ့် ပရဟိတကျောင်းတွင် စာသင်ကြားနေသည့် ကလေးငယ်များ သည် မိုးရာသီရောက်တိုင်း အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်းသိရသည်။

ထိုနေရာသည် တန့်ယန်းမြို့နယ် လုံပုံကျေးရွာအုပ်စု နောင်လုံးကျေးရွာ တွင်တည်ရှိပြီး ကျောင်းသား ၁၀ဝ ကျော် ပညာ ဆည်းပူးနေကြောင်း ထိုကျောင်းတွင် စာသင်ပေးနေသည့် ဆရာမ နန်းမိုဆိုင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ မိုးရွာ ရင် သက်ကယ်နဲ့လုပ်ထားတော့ မိုးရေတွေယိုတယ်။ စာသင်ခန်းထဲရေလျှံတယ်။ မြေကြီးဆိုတော့ ရွှံကြားထဲမှာ စားသင်နေရ တာပေါ့”ဟု နန်းမိုဆိုင် ကဆိုသည်။ ထိုကျောင်းသည် ပညာရေး သင်ယူရန် အခွင့်အလမ်းကင်းမဲ့သည့် တန့်ယန်းမြို့နယ်ထဲ မှ ကျေး ရွာများမှ ကလေးငယ်များဖြစ်ကြောင်း၊ ကျေးရွာထဲတွင် မူးယစ်ဆေးဝါး ပေါများသဖြင့် ကလေးငယ်များ အကျင့်မ ပျက်အောင် လွယ်လွမ့် ပရဟိတကျောင်းကို ထူထောင်ခဲ့ရခြင်းဖြစ်သည်ဟု နန်းမိုဆိုင် ပြောပြသည်။“ရွာ ၁၃ ရွာက ကလေး တွေပါ။ အဲ့ကလေးတွေ နေတဲ့ရွာတွေမှာ စာသင်ကျောင်းမရှိဘူး။ နောက် ရွာတွေမှာ မူးယစ်ဆေးတွေ ပေါလွန်းလို့ ကလေး တွေ အကျင့်မပျက်အောင် ကျောင်းမှာ ခေါ်ထားရတာပါ” ဟု နန်းမိုဆိုင် က ထပ်လောင်းပြောသည်။

လွယ်လွမ့် ပရဟိတ ကျောင်းတွင် သူငယ်တန်းမှ သတ္တမတန်းထိ ရှိပြီး၊ အသက် ၆ နှစ် အရွယ်မှ အသက် ၁၄ နှစ် အရွယ်ထိ ကျောင်းအိပ်ကျောင်းစားအဖြစ် လာရောက်နေထိုင် ပညာသင်ကြကြောင်း သိရသည်။ ကလေးငယ်များအတွက် အဆင်ပြေ သည့် စာသင်ကျောင်းဆောင် တဆောင် လိုအပ်ကြောင်းလည်း ဆရာမ က ဖြည့်စွက်ပြောသည်။ ထိုပရဟိတကျောင်းသည် လွန်ခဲ့သည့် ၂၀၁၈ ခုနစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အလှူရှင်များဖြင့် ရပ်တည်နေရသည့် ကျောင်းတကျောင်းဖြစ်ကြောင်းသိရ သည်။ https://burmese.shannews.org/archives/17396

***************

၁၉။      မွန်ညီညွှတ်ရေးပါတီ ကိုယ်စားလှယ်လောင်းများ ဇူလိုင် ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်မည်

July  6, 2020

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွန်ညီညွှတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းများအား ဇူလိုင်လ ၂၀ ရက်နေ့တွင် အပြီးသပ်ရွေးချယ်သွားမည်ဖြစ်ကြောင်း တွဲဖက် အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။“မြို့နယ် ကိုယ်စားလှယ်လောင်းတွေကို ဇူလိုင် ၁၅ ရက်နေ့အထိ နောက်ဆုံးထားရွေးချယ်မယ်၊ ဗဟိုက နေနောက်ဆုံးအတည်ပြုပေး မှာကတော့ ဇူလိုင် ၃၀ အစား ၂၀ ရက်နေ့ကို ရက်ရွှေ့လိုက်ရတယ်၊ ဒါမှလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကော်မရှင်ကို စာရင်းတင်လို့မှီအောင်ပေါ့နော်” ဟု နိုင်စံတင်က ဆိုသည်။

မွန်ညီညွှတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ နိုင်တလညီက “ကိုယ်စားလှယ်လောင်း အမည်စာရင်းအတည်ပြုပြီးရင် စည်းရုံးရေးလုပ်ငန်းတွေ စလုပ်တော့မယ် ကိုယ်စားလှယ်လောင်း အရည်အချင်း ၁၈ ချက်ရှိတယ်ပေါ့နော် ကိုယ်စားလှယ် လောင်းတွေအနေနဲ့ အဲဒီအချက်တွေပြည့်စုံနေမယ်ဆိုရင် ကိုယ်ဝင်ပြိုင်မယ့်မဲဆန္ဒနယ်မှာ နိုင်ကိုနိုင်ရမယ်”ဟု ၎င်းကဆို သည်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း ထွက်ရှိလာမှသာ ရွေးကောက်ပွဲဆိုင်ရာ နယ်မြေစည်းရုံးရေးနှင့် ပါတီစည်းရုံး ရေးလုပ်ငန်းများကို သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးတွင် စတင်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆက်ပြောသည်။ နိုင်တလညီ က “ကျနော်တို့ပါတီက မွန်လူမျိုးအရေး တစ်ခုတည်းကို လုပ်ဆောင်တာမဟုတ်ဘူးပေါ့နော် ပြည်နယ်တစ်ခုလုံး ကို လွှမ်းခြုံပြီး ဦးဆောင်သွားမှာပါ၊ ဗမာလူမျိုးဖြစ်စေ ကရင်လူမျိုးဖြစ်စေ ပအိုဝ်းလူမျိုးဖြစ်စေ တခြားဘာသာခြားဖြစ်စေ ကျနော်တို့နဲ့အတူ တစ်သားထဲ လုံးဝခွဲခြားမထားပါဘူး၊ တစ်ချို့လူတွေ မြင်နေတာက သူတို့ မွန်လူမျိုးတစ်ခုအတွက်ပဲလုပ် ဆောင်သွားဖို့ ပါတီဖွဲ့ထားတာလားဆိုတဲ့ စဉ်းစားချက်မျိုးတော့ရှိကြတယ်ပေါ့နော်၊ နာမည်ကသာ တိုင်းရင်းသားပါတီပါ၊ လုပ် ဆောင်ခွင့်ရလာတဲ့ အခါကျရင် ပြည်နယ် အကျိုး ပြည်ထောင်စု အကျိုးတစ်ခုလုံးအတွက်ပါပဲ” ဟု ဆိုသည်။

လက်ရှိတွင် မွန်ညီညွှတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို  သက်ဆိုင်ရာမြို့နယ်ပါတီ ကော်မတီ ဝင်များက ရွေးချယ်နေဆဲဖြစ်သည်။ ကိုယ်စားလှယ်လောင်းများရွေးချယ်ရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက် စိတ်ကြိုက် ရွေးချယ်စေမှာဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ MUP ဗဟိုမှ ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ကြောင်း ပါတီခေါင်းဆောင် များက အသိပေးပြောကြားထားသည်။ http://burmese.monnews.org/2020/07/06/%e1%80%99%e1%80%bd%  e1%80%94%e1%80% b

**************

၂၀။      ရခိုင်မှာ စစ်တပ်ဖမ်းထားသူ ၁၁ ဦး အကြမ်းဖက်ဥပဒေနဲ့အမှု ဖွင့်ခံရ

July 8, 2020

ကျောက်တော်မြို့နယ် ကစ္စပနဒီတံတားရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေ ဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သွားလာသူတွေကို စစ်ဆေးရာမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးကို ကျောက်တော်မြို့နယ် ရဲစခန်းကို လွှဲပြောင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း ကျောက်တော် မြို့ခံ ကိုကျော်လှမြင့်ကပြောပါတယ်။“ကစ္စပနဒီတံတားမှာ ၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ထဲမှာ ပိန္နဲချောင်းကျေးရွာသား ၂ ဦးနဲ့ အဲဒီဘုရားပေါင်းကျေးရွာက တဦး သူတို့ ၃ ဦးကို ဖမ်းဆီးပြီးတော့ ကျောက်တော်မြို့မရဲစခန်းမှာ အကြမ်းဖက်မှု ပုဒ်မ ၅၀ (က)၊ ၅၂ (က)နဲ့ အမှုဖွင့်ထားပါတယ်ဗျ။”အမှုဖွင့်ခံထားရသူတွေကတော့ ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေး ရွာနေ မောင်မောင်ဌေး ပိန္နဲချောင်းကျေးရွာနေ ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ ဖြစ်ကြပါတယ်။

မြန်မာစစ်တပ်က ဖမ်းဆီးစစ်ဆေးရာမှာတော့ ဘုရားပေါင်းကျေးရွာနေ မောင်မောင်ဌေးဟာ AA အဖွဲ့က တပ်သား အဆင့် ရှိသူဖြစ်ပြီး ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ဟာ AA သတင်းပေးတွေဖြစ်ကြောင်း ဖော်ထုတ်ရမိလို့ ဇူလိုင် ၄ ရက်မှာ ၎င်းတို့ ၃ ဦးကို ကျောက်တော်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ စီစဉ်ထားတယ် လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ အမှုဖွင့်ခံထားရတဲ့ ပိန္နဲချောင်း ကျေးရွာ နေ ကိုရဲထွန်းရဲ့ မိသားစုဝင် တဦးကတော့ ကိုရဲထွန်းနဲ့ ကိုနေမျိုးထွန်းတို့ဟာ AA အဖွဲ့နဲ့ ပက်သက်မှု မရှိဘူးလို့ ပြောပါတယ်။ အလားတူ ကျောက်ဖြူမြို့နယ်အတွင်း တပ်မတော်လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကပ်သပြေကျေးရွာသား ၇ ဦးနဲ့ စိုင်ခြုံကျေးရွာ ရာအိမ်မှူးတဦးကိုလည်း အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ကပ်သပြေကျေးရွာသား ၇ ဦးနဲ့စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူး ဦးလှမြင့် ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ဈ) ၊ ၅၂(ည)တို့နဲ့ ဓညဝတီရေတပ်စခန်းက တရားလိုလုပ် အမှုဖွင့် ထားကြောင်း အမည်မဖော်လိုသူ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့ဝင်တဦးက အတည်ပြုပြောဆိုခဲ့ပါတယ်။

တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ AA နဲ့ ဆက်စပ်တယ်လို့ ယူဆရသူ ၁၁ ဦးရဲ့ ထွက်ဆိုချက်အရ အမှုဖွင့်ထားကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာမှုအတွင်း သံသယနဲ့ ဖမ်းဆီးခံရသူတွေ များပြားလာနေတာပါ။ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ကတော့ ဖမ်းဆီးခံရသူ ၅၀ဝ လောက် ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ https://burmese.voanews. com/a/rakhine-conflict/5494333.html

**************

၂၁။      မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေ စာချွန်တော်ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော်သို့ ပြန်လည်                            လျှောက်ထား

July 6, 2020

ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရေး စာချွန်တော် ထုတ်ပေးရန် နေပြည်တော်တရားလွှတ်တော် တွင် ဇူလိုင် ၃ ရက်နေ့ ပြန်လည်လျှောက်ထားသည်ဟု ရှေ့နေ ဦးဖိုးဖြူထံမှ သိရသည်။ စီမံကိန်းရပ်ဆိုင်းပေးရေးအတွက် Phoe Phyu associate Law Firm အဖွဲ့က တရားလမ်းကြောင်းအတိုင်းလုပ်ဆောင်နေမှုသည် ယခု တတိယအကြိမ်ဖြစ် သည်ဟု သိရသည်။

“အမှုလက်ခံပေးဖို့အတွက် ကျွန်တော်တို့ ပဏာမ လျှောက်လဲချက်ကို လျှောက်ခဲ့ကြတာ ဖြစ်တယ်။ ပြည်တွင်းဥပဒေတွေ နိုင်ငံတကာဥပဒေတွေနှင့် မညီညွတ်တဲ့အခြေအနေတစ်ရပ်နှင့် အကောင်အထည်ဖော်ထားတဲ့ ဒီစီမံကိန်းကြီးကို တားမြစ်စေ စာချွန်တော် ချမှတ်ပေးဖို့အတွက် ကနဦးအနေနဲ့ ဒီအမှုကို လက်ခံပေးပါ။ ဒါမှ တစ်ဖက်ကိုလည်းဘဲ ဆင့်ခေါ်နိုင်ဖို့ လုပ်ငန်း စဉ် တွေကို ဆောင်ခင်းပေးပါ လို့ ကျွန်တော်တို့ လျှောက်လဲချက်တွေ ပေးခဲ့တာဖြစ်ပါတယ်။”ဟု တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူ က ဇူလိုင် ၃ ရက်နေ့ အွန်လိုင်း သတင်းစာရှင်းလင်းမှုတွင်ပြောဆိုခဲ့သည်။ မြစ်ဆုံရေကာတာစီမံကိန်း ထာဝရ တား ဝရမ်းထုတ်ပေးဖို့အတွက် ရှေ့နေဦးဖိုးဖြူက ပထမ အကြိမ်အဖြစ် Asia World Company ကို ၂၀၁၉ အောက်တိုဘာလတွင် မြစ်ကြီးနားခရိုင်တွင် တရားစွဲဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု သိရသည်။ ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော် တွင် ထပ်မံလျှောက်ခဲ့သော်လည်း ထပ်မံပယ်ချခံရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးဖိုးဖြူက ပြောပါသည်။ မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ယခင်စစ်အစိုးရလက်ထက် တရုတ်ကုမ္ပဏီဖြင့်သဘောတူ ညီခဲ့သောစာချူပ်ကို ပြည်သူလူထုထံ ချပြရန် မိတ္တူကူးခွင့်ကို နေပြည်တော်တရားလွှတ်တော်တွင် ပြန်လည်လျှောက်ထားခဲ့ သော်လည်း မအောင်မြင်ကြောင်း ထပ်မံပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာမှ အောင်မြင်သာကျေးရွာသစ်တွင်ရွေ့ပြောင်းခံခဲ့ရသော မြစ်ဆုံဒေသခံ ဒေါ်လုရာက သူ၏ ခံစားချက်ကို အွန်လိုင်းသတင်းစာရှင်းလင်းမှုမှတဆင့် ယခုလိုပြောဆိုခဲ့သည်။“တန်ဖရဲမှာလည်း ကျွန်မတို့နေလို့မရဘူး။ အောင်မြင်သာမှာလဲ အခုထိ ပြေစာ မရသေးဘူး။ အဲ့တာကြောင့် ကျွန်မတို့ က အရင်လူတွေ ဧည့်သည်တွေဘဲဖြစ် နေတယ်။ အဲ့တာကြောင့်ကျွန်မတို့က ကိုယ့်ရဲ့ဌာနေဒေသ မြစ်ဆုံတန်ဖရဲ မှာဘဲ ကျွန်မတို့ ပြန်နေချင်တယ်။ ဒါပေမဲ့ ခုချိန်ထိ ကျွန်မတို့က ဘာဆိုတာ ဘာမှမသိသေးဘူး။” ဟု ပြောသည်။ မြစ်ဆုံစီမံကိန်းကို လွန်ခဲ့သည့် စစ်အစိုးရလက်ထက်၂၀ဝ၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက် တွင် ယာယီရပ်ဆိုင်းခဲ့တာဖြစ်သည်။ အစိုးရဖွဲ့စည်းနိုင် လျှင် မြစ်ဆုံစီမံကိန်းသဘောတူစာချုပ်ကို ပြည်သူထံချပြမည်ဟု ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်စဉ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောဆိုခဲ့သော်လည်း ယခုချိန်ထိ အကောင် ထည်ဖော်ခဲ့ခြင်းမရှိသေးသည်ကို တွေ့ရသည်။ https://burmese.kachinnews.com/2020/07/06 /%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1

**************

၂၂။       ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝသယံဇာတ စီမံကိန်းတွေ ရပ်တန့်ဖို့  AOW  တောင်းဆို

July  8, 2020

အစိုးရနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက သာဝသယံဇာတထုတ်ယူမှုဟာ ပဋိပက္ခတိုးပွား စေတဲ့အတွက် ရပ်တန့်ဖို့  ရန်ကုန်မြို့အခြေစိုက် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW)က ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုပ်ဆောင်နေတဲ့ သဘာဝသယံဇာတတူးဖော်မှုတွေဟာ စစ်ပွဲ တွေကိုပိုဖြစ်ပွားစေပြီး ရခိုင်ပြည်သူတွေကို ခိုကိုးရာမဲ့ဘဝရောက်အောင် ထပ်တွန်းပို့ပေးနေသလိုဖြစ်တာကြေင့်  ဒီစီမံကိန်း တွေကို ရပ်တန့်ပေးဖို့ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့ (AOW) က တောင်းဆိုလိုက်တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ရေနံတူးဖော်မှုတွေ ဟာ ပင်လယ်ရေနက်ထဲမှာ တူးဖော်နေတဲ့အတွက် ထောက်ပြတာလို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ (AOW) ရဲ့ ညွှန်ကြား ရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေက ဌာနေတိုင်းရင်းသားတွေရဲ့ သဘော ဆန္ဒ မပါ ဘဲ ဒေသတွင်းက သယံဇာတတွေကို အတင်းအဓမ္မ တူးဖော်ထုတ်ယူနေတာကြောင့် ရပ်တန့်ဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။ “ရခိုင်မှာရှိတဲ့ စီမံကိန်းတွေကို ၂၀ဝ၈ ဖွဲ့စည်းပုံအရ ဗဟိုကပဲ ဆုံးဖြတ်တယ်။ ဗဟိုကပဲ စီမံတယ် သုံးစွဲ တယ်။ လုပ်ချင်သလိုလုပ်တယ်။ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေမရှိဘူး” ရခိုင်မှာ မြန်မာအစိုးရခွင့်ပြုချက်နဲ့ လုပ်နေတဲ့ သြစတေးလျနိုင်ငံက ရေနံတူးဖော်မှုစီမံကိန်းကြီးတွေမရပ်ဆိုင်းဘူးဆိုရင် ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ သြစတေးလျ အစိုးရကို တင်ပြသွားမယ်လို့လည်း AOW အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီစီမံကိန်းတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့ အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံခြားကုမ္ဗဏီ ၁၃ ခု ရင်းနှီးမြှုပ်နှံခဲ့ပြီး Australia Woodside Energy နဲ့  French Tatal ရေနံကုမ္ဗဏီတွေဟာ ရေနံရှာဖွေရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နေပြီး အသစ်တွေ့ရှိတဲ့ သဘာဝဓာတ်ငွေ့သိုက်တွေက ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနဲ့ တရုတ်နိုင်ငံတွေဆီ တင်ပို့ဖို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လက်မှတ်ထိုးသဘောထူထားတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် ကစပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင့် တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေအတွင်း  အရပ်သားပြည်သူ အနည်းဆုံး တရာ့ငါးဆယ်ကျော် သေဆုံးခဲ့ပြီး ငါးရာကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊  ကျေးရွာပေါင်း ၂၀ဝ ကျော်က ရခိုင်နဲ့ ချင်းရွာသားပေါင်း ၂ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရခိုင်ဒေသ စစ်ရေးတင်းမာမှုတွေကြောင့် သံသယနဲ့ ဖမ်းဆီးခံရသူတွေလည်း ရာနဲ့ချီရှိ နေတယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burme se/news/arakan-oil-watch-statement-rakhine-nautral-gas-project-07082020203321.html

**************

၂၃။      မယ်လ ဒုက္ခသည်စခန်းတွင် နေအိမ်ပေါ် သစ်ပင်လှဲကျ၍ အမျိုးသမီးငယ် ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

July  8, 2020

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ကရင် ဒုက္ခသည်စခန်းအတွင်း ဇုန် (B5-A)ရှိ နေအိမ် တစ်လုံးပေါ် သစ်ပင်လှဲကျ ၍ နေအိမ် တွင် နေထိုင်သူ ၅ ဦးအနက် အသက် (၁၃)နှစ်အရွယ် အမျိုးသမီးငယ်မှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိ၍ မဲဆောက်မြို့ ဆေးရုံကြီးသို့ အရေးပေါ် ဆေးရုံတင်လိုက်ရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယနေ့နံနက် ၃ နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်နံပါတ် (၂၈၄)ရှိ စောရိန်းဂျာ နေအိမ်ပေါ်သို့ နေအိမ်ဘေး နားရှိ သစ်ပင်ကြီး လှဲကျခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်း အဖိုး၊ အဖွား၊ ဦးလေး တော်စပ်သူ မိသားစု (၅)ဦးနှင့် အတူနေထိုင် သည့် နော်သောထူးမှာ သစ်ပင်ပိကျ၍ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စခန်း ရပ်ကွက်တာဝန်ခံ နော်မအေးက ပြောသည်။

၎င်းက “ကလေးမလေးက အိမ်အပေါ်ဘက်မှာ အိပ်တာ။ သူ့အဖွားတွေက အိမ်အောက်ဘက်မှာ အိပ်တာ။ ထိသွားတာ ခေါင်းကိုအဓိက ထိသွားတာ။ နည်းနည်းကလေး လှုပ်တာနဲ့ သွေးထွက်ရော။ မျက်နှာတစ်ခု လုံးလည်း ဖုရောင် နေတယ်” ဟု ကေအိုင်စီသို့ပြောသည်။ အဆိုပါ သစ်ပင်လှဲကျခြင်းကြောင့် နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး အဆိုပါ ပြိုကျပျက်စီး မှုအတွက် စခန်းတွင်းတာဝန်ရှိသူများမှ ပြန်လည်မွမ်းမံဆောက်လုပ်ပေးရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။ http://kicnew s.org/2020/07/%e1%80%99%e1%80%9a%e1%80%b9%e1%80%9c-%e1%80%92%

***************

၂၄။      နောင်ချိုတွင် ငွေကျပ်သိန်းပေါင်း ၂၄,ဝဝဝ  ခန့် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ

July  9, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၂၄,ဝဝဝ လောက် တန်ဖိုးရှိ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ် ဆေးပြားတွေ  ဖမ်းဆီးရမိတယ်လို့  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နောင်ချို – ရပ်စောက် သွားကားလမ်းမှာ ရှာဖွေစစ်ဆေးနေတုန်း လားရှိုးမြို့နေ စိုင်းစံမြင့်(ခ)မာန်အောင် မောင်းနှင်ပြီး အောင်သောင်း ၂၆ နှစ် လိုက်ပါလာတဲ့ မြေသယ်ယာဉ်ကို စစ်ဆေးရာမှာ ဖမ်းဆီးမိခဲ့တာပါ။

ယာဉ်ပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ပလတ်စတစ်ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၈၀ဝ,ဝဝဝ (ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁၆၀ဝဝ)၊ ရောင်စုံ ဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၂၆ ဒသမ ၁၈ ကီလို (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၇၈၅၄ သိန်း)၊ လက်ကိုင် ဖုန်း ၃ လုံး၊ မော်တော်ယာဉ်နံပါတ်ပြား ၂ ခုနဲ့ မြန်မာ ငွေ ကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးကို နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်ဖော်ထုတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။ http://burmese.dvb. no/arc hives/398631

*************

၂၅။      နယ်စပ်မှ ခိုးဝင် မွတ်စလင် ၂၃ ဦးကို ထောင် ၆ လချမှတ်

July 9, 2020

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ တဖက်နိုင်ငံမှတဆင့် တရားမဝင် ဝင်ရောက်လာသည့် မွတ်စလင် ၂၃ ဦးကို လဝက ဥပဒေဖြင့် တရား စွဲဆိုခဲ့ပြီး မောင်တောမြို့နယ် တရားရုံးနှင့် ဘူးသီးတောင်မြို့နယ် တရားရုံးတို့က ဇူလိုင်လ ၂ ရက် နေ့မှ စတင်ကာ ထောင်ဒဏ် ၆ လ စီ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းပေးပို့ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများအနက် ပထမအသုတ်အနေဖြင့် မွတ်စလင် ၄၄ ဦးအား ယခုလ အစကပင် တရားမဝင် ခိုးဝင်မှု လဝက ဥပဒေ ပုဒ်မ ၁၃ ( ၁ )၊ အား ပေးကူညီမှု ၁၃ ( ၅ ) တို့ဖြင့် အသီးသီး အမှုဖွင့်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ထိုလူများအနက် ထောင်ဒဏ်ချမှတ်လိုက်သည့် ၂၃ ဦးမှာ ခိုးဝင် ၁၉ ဦးနှင့် အားပေးကူညီသူ ၄ ဦးတို့ဖြစ်ကြောင်း မောင်တောခရိုင်လဝကရုံးမှ ဒုညွန်ကြားရေးမှူး ဦးထိန်လင်း က ပြောသည်။ ဒုညွန်ကြားရေးမှူး ဦးထိန်လင်းက “ကျနော်တို့က ဖမ်းထားတာတော့ မဟုတ်ဘူးဗျ။ ခရိုင်အုပ်ချုပ်ရေးမှူးရုံး က လူစာရင်းတွေပေးပြီး တရားစွဲဖို့ ညွှန်ကြားလာတဲ့အတွက် ကျနော်တို့က စိစစ်ပြီး အရေးယူတာ။ အခုကတော့ ခိုးဝင်မှုနဲ့ ၁၉ ဦးနဲ့ အားပေးကူညီမှုနဲ့ ၄ ဦးကို တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာရှိတယ်။”ဟု ဧရာဝတီသို့ ပြောသည်။

ပထမအသုတ်အနေဖြင့် ၄၄ ဦးကို တရားစွဲရာတွင် ၁၂ နှစ်အောက်နှင့် ၁၈နှစ်အောက် ကလေးများ ပါနေသည့်အတွက် ကလေးသူငယ်ဥပဒေဖြင့် တရားစွဲခဲ့ပြီး အာမခံပေးခြင်းများလည်းရှိကြောင်း၊ တချို့အားမိဘအုပ်ထိန်းသူများလက်သို့ပြန် လည်လွှဲပေးခဲ့ကြောင်း၊ တချို့မှာ Quarantine ဝင်နေသူများလည်း ပါဝင်နေသည့်အတွက် အသေးစိတ်ပြန်လည်စိစစ်နေ ကြောင်း သူက ဆက်လက်ရှင်းပြသည်။ ယင်း ၄၄ ဦးထဲတွင် ကိုဗစ်ပိုးတွေ့ရှိသူများလည်း ပါဝင်နေသဖြင့် ဆေးကုသမှုခံယူ နေရသကဲ့သို့ ယင်းတို့အနက် လူ ၃ ဦးမှာ လက်ရှိ ဆေးစစ်ချက်များအရ ရောဂါပိုးမတွေ့ရတော့သော်လည်း Quarantine ဝင်ခိုင်းထားဆဲဖြစ်ကြောင်း သိရသည်။ တဖက်နိုင်ငံ နယ်စပ်မှ တရားမဝင်ခိုးဝင်လာသူများအား တရားစွဲဆိုသည့် လဝက ဥပဒေ ပုဒ်မ ၁၃ ( ၁ ) ၊ ၁၃ ( ၅ ) တို့မှာ ပြစ်မှုထင်ရှားပါက ထောင် ဒဏ် ၆ လမှ ၇ နှစ်အထိ ချမှတ်နိုင်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ နယ်စပ်ကနေ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်ဖြစ်နေတယ်။ ကျနော်တို့ ပြောပေါင်းလည်းများနေပြီ။ အစိုးရက ဒီလိုပဲ လက်ခံနေမယ်ဆိုရင်လည်း လက်ခံပါ။ ပြီးရင်တော့ သူတို့ကို ရခိုင် ပြည်နယ်တခုတည်းမှာ မထားဘဲ လွတ်လပ်စွာ သွားခွင့်ပြုလိုက်ပါ”ဟု ပြောသည်။ မောင်တောအရေးခင်းကြောင်း တဖက် နိုင်ငံသို့ ရောက်ရှိသွားများသူများအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် တဦးတယောက်မှ ပြန်လည် ဝင်ရောက်လာမှု မရှိသေးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိ ဆန္ဒအလျှောက် တရားဝင် သတင်းပို့ကာ ပြန်လည်ဝင်ရောက်လာသူ ၆၀ဝ ကျော်ရှိကြောင်းလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းအရ သိရသည်။ https://burma.irrawaddy.com /news/2020/ 07/09 /225977.html

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***