• Today is: Wednesday, April 17, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 19, April 21, 2020)

၁။       တရုတ္ျပန္ ျမန္မာ ၂၈၀ဝ  ေက်ာ္ မိုင္းလားတြင္ Quarantine လုပ္မည္

၂။       ရွမ္းနဲ႔ ကခ်င္က စစ္ေရွာင္စခန္းေတြမွာ COVID-19 ႀကိဳတင္ကာကြယ္ေရး အကူအညီေပးေရးအဖြဲ႔ေတြ ႀကိဳးပမ္း

၃။       ရွမ္းနီအမ်ိဳးသားတပ္ဖြဲ႔ႏွင့္ တပ္မေတာ္ တိုက္ပြဲမ်ားျဖစ္

၄။       COVID-19 ကာကြယ္တုန္႔ျပန္မႈတြင္ ခြဲျခားဆက္ဆံမႈစံႏႈန္းမ်ားရွိေနေၾကာင္း KPSN ေထာက္ျပ

၅။       ပလက္ဝအတြက္ ရိကၡာဆန္ အိတ္ ၈၀ဝ ေက်ာ္ ေရာက္ရွိ

၆။       နမ့္လန္တြင္ Mask( ႏွာေခါင္းစည္း) မတပ္သူမ်ား ထိုင္၊ထ ၃၀ ျပစ္ဒဏ္ေပး

၇။       ကခ်င္ျပည္နယ္တြင္းရွိ ၁၄ ၿမိဳ႕နယ္ကို ညမထြက္ရ အမိန္႔ထုတ္ျပန္

၈။       လြိဳင္လင္ၿမိဳ႕နယ္ အတြင္း ေဈးဝယ္ခြင့္ကဒ္ အသံုးျပဳၿပီး ေဈးဝယ္ရေတာ့မည္

၉။       မူဆယ္သြားမည့္ခရီးသည္မ်ား (၁၀၅)မိုင္တြင္ ၂၁ ရက္ ေစာင့္ၾကည့္သြားမည္

၁၀။     အြန္လိုင္းေလာင္းကစားျပဳလုပ္ၿပီး တရားမဝင္ေနထိုင္ေသာ တ႐ုတ္ႏိုင္ငံသား ၃၀ ဦးအား ဖမ္းဆီး

၁၁။     သစ္ေတာဌာန ေတာမီးရိႈ႕မႈေၾကာင့္ ေဒသခံရြာသူရြာသားမ်ား၏ ႏွစ္ရွည္ဥယ်ာဥ္ၿခံ ၄ဝနီးပါး မီးေလာင္ပ်က္စီး

၁၂။     ေကအန္ယူ၏ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္ကို ကရင္ျပည္နယ္စိုးရ ကန္႔ကြက္

၁၃။     Covid-19 အေရးေပၚကာလ ျမဝတီၿမိဳ႕တြင္ ည မထြက္ရ အမိန္႔ထုတ္ျပန္

၁၄။     ဖားကန႔္ ေျမစာပုံၿပိဳက်မွု လူ ၁၀ ဦးခန႔္ ေသဆုံးႏိုင္

၁၅။     ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္း တုိက္ပဲြေတြရပ္ဖုိ႔ ကုလ ထပ္မံတုိက္တြန္း

၁၆။     ေအေအက အရပ္သားမ်ားကို တိတ္တဆိတ္ ဖမ္းေခၚ၊ စစ္ေဘးေရွာင္အေရး ေဆာင္ရြက္သူမ်ားကိုလည္း ၿခိမ္းေျခာက္ ဟု KACC              ထုတ္ျပန္

၁၇။     COVID-19 ထိန္းခ်ဳပ္ကာကြယ္နိုင္ရန္ ေက်ာက္ျဖဴ ၿမိဳ႕၌ ယာယီေဈးအခ်ိဳ႕ဖြင့္လွစ္ေပး

၁၈။     ရခိုင္စစ္ေရွာင္မ်ား စားနပ္ရိကၡာ အေရးေပၚ လိုအပ္ေန

၁၉။     လမိုင္းၿမိဳ႕လူစုလူေဝးျဖင့္ တိုက္ခိုက္မႈ ၃၉ ဦးအား ဖမ္းဆီးအေရးယူ

၂၀။     ကယားျပည္နယ္ မွ ေနရပ္ျပန္ ကုမၸဏီ ဝန္ထမ္း ၊ အလုပ္သမားမ်ား လုပ္ငန္းခြင္ ျပန္ဝင္ေရာက္ျခင္းမျပဳမီ Facility Quarantine ဝင္ေရာက္ရန္ ျပည္နယ္အစိုးရအဖြဲ႔က ကုမၸဏီမ်ားထံ အေၾကာင္းၾကား

၂၁။     ေရာဂါကူးစက္မႈမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္လုပ္ေဆာင္ျခင္းသည္ လူသားတိုင္းတာဝန္ရွိဟု KNU ေျပာ

၂၂။     တာခ်ီလိတ္ေဆးရံု က်န္းမာေရးဝန္ထမ္း ၂၀ ေက်ာ္ သံသယလူနာ သတ္မွတ္ခံရ

၂၃။     ေမာ္လၿမိဳင္ၿမိဳ႕ရွိ တီဘီေရာဂါဓာတ္ခြဲခန္းအား COVID- 19 ေရာဂါပိုး စစ္ေဆးနိုင္သည့္ ဓာတ္ခြဲခန္းအျဖစ္ အသံုးျပဳႏိုင္ ရန္ လိုအ               ပ္ေသာ ပစၥည္းစာရင္းအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံ တင္ျပထား

၂၄။     ပလက္ဝၿမိဳ႕ကို ရိကၡာဆက္ပို႔မယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ ေျပာ

၂၅။     သွ်မ္းျပည္အတြက္ COVID-19 စစ္ေဆးသည့္ စက္ ၂ လံုး ေရာက္ရွိေတာ့မည္

၂၆။     စစ္ေတြကို ေလယာဉ္  နဲ႔ ေရာက္လာသူေတြထဲက ႏွစ္ဦးကို ေစာင့္ၾကည့္ေန

၂၇။     လူနာအမွတ္စဥ္ ၈၂ ျဖင့္ဆက္စပ္ေသာ ကခ်င္ျပည္နယ္မွ ေစာင့္ၾကည့္လူနာ ၈ ဦးအနက္ ၄ ဦး ပိုးမေတြ႕

၂၈။     ဖမ္းဆီးထားသည့္ ရြာသား ၄၀ ခန္႔မွ ၃၃ ဦး တပ္မေတာ္ ျပန္လႊတ္ေပး

၂၉။     ကိုဗစ္ေၾကာင့္ ကရင္ျပည္နယ္ ဟိုတယ္လုပ္ငန္းမ်ား ခက္ခဲလာႏိုင္ေၾကာင္း ဟိုတယ္လုပ္ငန္းရွင္မ်ားဆို

**************

၁။       တရုတ္ျပန္ ျမန္မာ၂၈၀ဝ  ေက်ာ္ မိုင္းလားတြင္ Quarantine လုပ္မည္

April 18, 2020

တရုတ္ႏိုင္ငံမွ ျပန္လာသည့္ ျမန္မာိုင္ငံသား ၂၈၀ဝ ေက်ာ္ကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ (၄) မိုင္းလားတြင္ ၂၁ ရက္ ၾကာ Quarantine လုပ္ရန္ စီစဉ္ေနေၾကာင္း မိုင္းလား အဖြဲ႔ (NDAA) ထံမွ သိရသည္။ “သူတို႔ရဲ႕ေနရပ္လိပ္စာ မွတ္ပံုတင္ စာရင္းေတြ ျပဳစုၿပီးမွ အစိုးရအဖြဲ႔ကို အေၾကာင္းၾကားၿပီး ၂၁ ရက္ေစာင့္ၾကည့္တဲ့ အေျခအေန သိၿပီးမွပဲ။ သူတို႔လက္ခံမလား၊ လက္မခံဘူးလား အစိုးရဘက္က ေျပာမယ္ေပါ့။ က်ေနာ္တို႔ကေတာ့ သူတို႔ကို ၂၁ ရက္ Quarantine လုပ္ဖို႔ စီစဉ္ေနတယ္”ဟု NDAA ဗဟိုေကာ္မတီဝင္ ဦးၾကည္ျမင့္က ဧရာဝတီသို႔ ေျပာျကားသည္။

တရုတ္ႏိုင္ငံတြင္ သြားေရာက္အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားမ်ားကို တရုတ္အစိုးရက ကိုရိုနာဗိုင္းရပ္စ္ (COVID-19) အႏၱရာယ္ထိန္းခ်ဳပ္ရန္ အေၾကာင္းျပကာ ျမန္မာႏိုင္ငံသို႔ ျပန္လႊတ္လိုက္ျခင္းျဖစ္ၿပီး ၎တို႔သည္ ကခ်င္ျပည္နယ္ နယ္စပ္ႏွင့္ ရွမ္းျပည္နယ္ နယ္စပ္တို႔မွ တဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ဧၿပီလအတြင္း အလံုးအရင္းႏွင့္ ဝင္ေရာက္လာျခင္း ျဖစ္ေၾကာင္း သိရ သည္။ ထို႔အတူ မိုင္းလားေဒသ၏ နယ္စပ္ဂိတ္မ်ားမွ ဝင္လာသူမ်ားကို Quarantine မလုပ္ဘဲ ျမန္မာႏိုင္ငံအတြင္းရွိ ေနရပ္ ေဒသ အသီးသီးသို႔ ျပန္လႊတ္မည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း NDAA ဗဟိုေကာ္မတီဝင္ ဦးၾကည္ျမင့္ကမူ Quarantine မလုပ္ဘဲ ျပန္လႊတ္မည္ဆိုသည့္ သတင္းမွာ မမွန္ကန္ဟု ဧရာဝတီသို႔ ေျပာသည္။

ကခ်င္ျပည္နယ္ ဗန္းေမာ္ခရိုင္ လြယ္ဂ်ယ္ တရုတ္နယ္စပ္ဂိတ္မွ တဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ ျပန္လည္ဝင္ေရာက္လာ မည့္သူ ၁၈၀ဝ၀ ခန္႔ ရွိသည္ဟု ဆိုသည္။ ရွမ္းျပည္နယ္ အေရွ႕ပိုင္း အထူးေဒသ ၄ ၏ နယ္စပ္ဂိတ္မွ တဆင့္ ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသား ၂၈၁၉ ဦးရွိၿပီး ၎တို႕ကို မိုင္းလားေဒသ၏ နမ့္ပန္း၊ ဆီလူးႏွင့္ မိုင္းလားၿမိဳ႕မ်ားရွိ စာသင္ေက်ာင္းမ်ားတြင္ က်န္းမာေရးေစာင့္ၾကည့္ရန္ စီစဉ္ေနေၾကာင္း အထူးေဒသ ၄ က်န္းမာေရးဌာနမွ သိရသည္။ “အမ်ားစု ဝင္တာက ဧၿပီ ၈ ရက္ ေန႔နဲ႔ ၉ ရက္ေန႔ဝင္ၾကတာ။ တခ်ိဳ႕အဲဒီထက္ေစာ ဝင္တဲ့လူေတြရွိပါတယ္။ စားဖို႔ ေသာက္ဖို႔က လက္ရွိမွာ ေဒသကပဲ အကုန္လံုး ပံ့ပိုးေပးေနတာ။ က်မတို႔ က်န္းမာေရးဌာနကေတာ့ တရက္ကို ၂ ႀကိမ္ အပူခ်ိန္တိုင္း တာေတြလုပ္တယ္။ အပူရွပ္တာတို႔ ရာသီဥတုေၾကာင့္ ေနမေကာင္းျဖစ္တဲ့သူေတြကို ေဆးကုေပးတာေတာ့ရွိတယ္”ဟု အထူးေဒသ ၄ က်န္းမာေရးဌာနမွ တာဝန္ ရွိသူတဦးက ေျပာသည္။

NDAA အဖြဲ႔ကို ဗမာျပည္ ကြန္ျမဴနစ္ပါတီ၏ အမွတ္ (၈၁၅) စစ္ေဒသမွ ခြဲထြက္လာေသာ ဦးစိုင္းလင္းက ဦးေဆာင္ကာ အျခား တိုင္းရင္းသားမ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ားပူးေပါင္း၍ ၁၉၈၉ ခုႏွစ္ ဇြန္ ၃ဝ ရက္တြင္ ဖြဲ႔စည္း တည္ေထာင္ခဲ့ျခင္းျဖစ္သည္။ https://burma.irrawadd y.com/news/2020/04/18/220788.html

*************

၂။       ရွမ္းနဲ႔ ကခ်င္က စစ္ေရွာင္စခန္းေတြမွာ COVID-19 ႀကိဳတင္ကာကြယ္ေရး အကူအညီေပးေရးအဖြဲ႔ေတြ ႀကိဳးပမ္း

April 19, 2020

တ႐ုတ္ႏုိင္ငံထဲမွာ ကို႐ုိနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ၿပီလို႔ အစိုးရက ဆိုေပမယ့္ တ႐ုတ္-ျမန္မာနယ္စပ္ အဝင္အထြက္ကို အေစာ ပုိင္း ထိန္းခ်ဳပ္ခဲ့တဲ့ အတုိင္းအတာထက္ ပုိၿပီး ဧၿပီ ၁ ရက္ေန႔ကစလို႔ နယ္စပ္အဝင္အထြက္ကို ယူနန္ျပည္နယ္ အာဏာပုိင္ေတြ က လုံးဝနီးပါး ပိတ္ထားပါတယ္။ ဒါေၾကာင့္ ယူနန္ျပည္နယ္ထဲ သြားေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ကခ်င္စစ္ေရွာင္စခန္း ထဲက IDP ဒုကၡသည္ေတြဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္ေက်ာ္ကစၿပီး ဒုကၡသည္စခန္းေတြဆီ ျပန္လာေနၾကတာေၾကာင့္ အထူးသျဖင့္ တ႐ုတ္နယ္စပ္နဲ႔ အနီးဆုံး မိုးေမာက္၊ မန္စီၿမဳိ႕နယ္ေတြမွာရွိတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ကိုဗစ္ေရာဂါ မကူးစက္ရေအာင္ လုံးဝ အျပင္မထြက္ရ Lockdown အမိန္႔မ်ဳိး ထုတ္ထားရတယ္လုိ႔ ကခ်င္ျပည္နယ္ မိုင္ဂ်ာယန္အေျခစိုက္ ဝမ္ေပါင္နိမ္းထြဲ အကူအညီေပးေရးအဖြဲ႔ တာဝန္ခံ ေဒၚေမရီတြမ္က ဗြီအုိေအကို ေျပာပါတယ္။

“ေျပာရမယ္ဆုိရင္ Lockdown လုပ္လိုက္တဲ့ သေဘာေပါ့၊ က်မတုိ႔ ကခ်င္ IDP စခန္းေတြ အားလုံးက တ႐ုတ္နယ္စပ္ နဲ႔နီးတဲ့ စခန္းေတြပဲ ျဖစ္တဲ့အခါက်ေတာ့ အခုက တ႐ုတ္က အကုန္လုံး ပိတ္လိုက္တဲ့အခါက်ေတာ့ အခုဆို အကုန္ျပန္လာၾက တယ္။ တ႐ုတ္ျပည္မွာ သြားအလုပ္လုပ္တဲ့သူေတြ အလုံးအရင္းနဲ႔ ျပန္လာတဲ့အခါက်ေတာ့ ဒီမွာလည္း သူတို႔ကို ၂၁ ရက္ ေစာင့္ၾကည့္ တဲ့ Quarantine Center ေလးေတြမွာ ထားထားတာမ်ဳိး ရွိတယ္ေပါ့။ ျပႆနာက အခုက ၂ ပတ္ထဲမွာ ေရာက္ေနၿပီေပါ့။ အဲလို ဆိုေတာ့ ခုက ဆန္ဆီဆားေတာ့ ရတယ္၊ ဒါေပမယ့္ အျခားဟာေတြက အခက္အခဲရွိတယ္။” အထူးသျဖင့္ အစိုးရထိန္းခ်ဳပ္မႈ ေအာက္မွာ မရွိတဲ့ IDP စစ္ေရွာင္စခန္းေတြဟာ အကူအညီရဖို႔ အလွမ္းေဝးေနတာေၾကာင့္ ပိုၿပီး စိုးရိမ္စရာ ေကာင္းေနတယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ရက္အဖြဲ႔ တာဝန္ခံ ေဒၚခြန္ဂ်ာကလည္း ေျပာပါတယ္။

ဝမ္ေပါင္နိမ္းထြဲလို လူသားခ်င္းစာနာမႈ အဖြဲ႔ေတြက ျမန္မာႏိုင္ငံဆုိင္ရာ WHO အဖြဲ႔ရဲ႕ ေထာက္ပံ့မႈနဲ႔ စစ္ေရွာင္စခန္းေတြထဲ ကိုဗစ္နဲ႔ပတ္သက္တဲ့ က်န္းမာေရးဆုိင္ရာ အသိပညာေပးတာ၊ ပုိးသတ္ေဆးဖ်န္းတာေတြ သြားလုပ္ေနေပမယ့္ တ႐ုတ္ျပည္ ကေန ျပန္လာသူေတြေၾကာင့္ စခန္းတြင္း လူပိုမ်ားလာတဲ့အတြက္ လိုအပ္ခ်က္ေတြ ရွိေနတယ္လို႔ ေဒၚေမရီတြမ္က ေျပာပါ တယ္။

ေလာေလာဆယ္မွာေတာ့ KIO ထိန္းခ်ဳပ္ထားတဲ့ လိုင္ဇာမွာ COVID-19 သံသယလူနာ ၄ ဦးေတြ႔ထားၿပီး တ႐ုတ္ျပည္ဘက္မွာ ေဆးစစ္တာမ်ဳိး လုပ္ထားတယ္လို႔ ေဒၚခြန္ဂ်ာက ေျပာပါတယ္။ တ႐ုတ္-ျမန္မာနယ္စပ္မွာ တ႐ုတ္စစ္တပ္ ျဖန္႔ခ်ထားၿပီး တင္းက်ပ္ထားပါတယ္။ ျမန္မာႏိုင္ငံဘက္က ဖရဲသီးကားေတြ တ႐ုတ္နယ္စပ္နားထိ သြားေနေပမယ့္ လုိင္ဇာ-နမ္ဆိုင္ယမ္ၾကား ကြင္းျပင္တခုမွာ ပစၥည္းေတြပုံထားၿပီး တ႐ုတ္ဘက္က ကုန္ကားေတြ လာသယ္သြားတာကလြဲလို႔ တ႐ုတ္-ျမန္မာနယ္စပ္ အဝင္ အထြက္ကို တင္းက်ပ္ထားပါတယ္။https://burmese.voanews.com/a/shan-kachin-idp-camp-covid19/5 378386.html

*************

၃။       ရွမ္းနီအမ်ိဳးသားတပ္ဖြဲ႔ႏွင့္ တပ္မေတာ္ တိုက္ပြဲမ်ားျဖစ္

April 18, 2020

သံုးႏွစ္ၾကာနီးပါးၾကာတိုက္ပြဲျဖစ္ပြားခဲ့ျခင္းမရွိေသာ ရွမ္းနီလက္နက္ကိုင္တပ္ႏွင့္ တပ္မေတာ္တို႔ ယမန္ေန႔မွစၿပီး တိုက္ပြဲမ်ား စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတြင္းျမစ္အထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္တြင္း ျဖစ္ပြားေနခဲ့သည္ဟု ရွမ္းနီအမ်ိဳးသားတပ္ဖြဲ႔(SNA) က ေျပာသည္။ ထိုသို႔ တိုက္ပြဲ ျဖစ္ပြားရျခင္းမွာ တပ္မေတာ္ဘက္က SNA လႈပ္ရွားနယ္ေျမအတြင္းသို႔ ဝင္ေရာက္ ေနရာယူျခင္း ေၾကာင့္ ျဖစ္ေၾကာင္း SNA ဘက္က ေျပာသည္။

SNA ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္မွဴးႀကီး ေဆစိုင္းထြန္းက တိုက္ပြဲမ်ားသည္ ဟုမၼလင္းၿမိဳ႕နယ္တြင္းရွိ နမ့္ေတာေက်းရြာ၏ အေရွ႕ ေျမာက္ဘက္ ေခ်ာင္းႀကီးေဒသတြင္ ျဖစ္ပြားခဲ့ျခင္းဟုဆိုၿပီး ” အဓိက တိုက္ပြဲျဖစ္တာကေတာ့ လြန္ခဲ့တဲ့ တစ္ပတ္ေက်ာ္က တည္းက ျမန္မာ့တပ္မေတာ္က ေနၿပီးေတာ့မွ SNA နယ္ေျမထဲကို ဝင္ၿပီးေတာ့ ေနရာယူထားတာမ်ားလာတယ္၊ အဓိက စစ္အင္ အားေတြ ခ်လာတယ္၊ အဲေနာက္ ကြ်န္ေတာ္တို႔ရဲ႕ နယ္ေျမထဲမွာ မေန႔က စၿပီး ထိေတြ႔မႈေတြ စျဖစ္တာေပါ့” ဟု ေျပာသည္။

ဟုမၼလင္းအေျခစိုက္ ခလရ ၂၂၂ ႏွင့္ တိုက္ပြဲငယ္မ်ားျဖစ္ပြားေနခဲ့ၿပီး ယေန႔နံနက္ကလည္း ထပ္မံျဖစ္ခဲ့သည္ဟု သူက ေျပာ သည္။ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက SNA အဖြဲ႔ႏွင့္ ထိေတြ႔မႈ ျဖစ္ပြားေၾကာင္း အတည္ျပဳကာ  “ဟုမၼလင္း နမ့္ေတာဆိုတာ အရင္တုန္းကေတာ့ ေသာင္းက်န္းသူရွိတဲ့ ေနရာေတာ့ မဟုတ္ဘူးဗ်” ဟု ေျပာ သည္။ တိုက္ပြဲႏွင့္ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ မထုတ္ျပန္ေသးပါ။ တပ္မေတာ္ႏွင့္ SNA ၾကားမွာ ၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီ ၁၁ ရက္ အိႏိၵယနယ္စပ္တြင္ တစ္ႀကိမ္၊ ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္ ၅ ရက္က ဟုမၼလင္းၿမိဳ႕နယ္၊ နမ့္စေပါ ေက်းရြာ အနီးမွာ တစ္ႀကိမ္ ထိေတြ႔တိုက္ပြဲ ျဖစ္ပြားခဲ့ဖူးသည္။ ေဒသခံတစ္ဦးျဖစ္သူ ေဆဆိုင္မုန္း  “ ဒီေဒသ မွာ ဒီလိုမ်ဳိးေတြက ျဖစ္ေလ့ျဖစ္ထရွိတဲ့ အေနအထား မဟုတ္ဘူးေလ။ အဓိကေတာ့ အသက္ႀကီးရြယ္အိုေတြနဲ႔ ကေလးသူငယ္ေတြ အမ်ိဳးသမီးေတြ ေတာ္ေတာ္ထိတ္လန္႔ေနတယ္” ဟု  ေျပာသည္။ ရွမ္းနီတပ္ဖြဲ႔ (SNA)သည္ ၁၉၈၉ ခုႏွစ္က စတင္ဖြဲ႔စည္းခဲ့ေသာ ရွမ္းနီ လက္နက္ကိုင္ အဖြဲ႕ျဖစ္သည္။ http://www.mizzima burmese.com/article/69085

*************

၄။       COVID-19 ကာကြယ္တုန္႔ျပန္မႈတြင္ ခြဲျခားဆက္ဆံမႈစံႏႈန္းမ်ားရွိေနေၾကာင္း KPSN ေထာက္ျပ

April 17, 2020

ျမန္မာႏုိင္ငံတြင္ COVID-19 ကပ္ေရာဂါ ကာကြယ္တုန္႔ျပန္မႈ လုပ္ငန္းစဥ္မ်ားတြင္ ခြဲျခားဆက္ဆံမႈ စံႏႈန္းမ်ားရွိေနေၾကာင္း ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ယက္ – KPSN က ယေန႔ (ဧၿပီလ ၁၇ရက္) ထုတ္ျပန္ ခ်က္တြင္ ေထာက္ျပေျပာဆုိ ထားသည္။ ျပည္မေန ျပည္သူမ်ားအေနျဖင့္ ကပ္ေရာဂါအတြက္ အကာအကြယ္မ်ားရေနခ်ိန္ တုိင္းရင္းသားေဒသရွိ ျပည္သူ မ်ားအေနျဖင့္ အကူအညီမ်ား မရသည့္အျပင္ ဗုံးမ်ားျဖင့္ အပစ္ခံရမႈ၊ အသတ္ခံရမႈႏွင့္ ဆုိးရြားေသာ က်န္း မာေရး အႏၱရာယ္ မ်ားျဖင့္ ႀကဳံေတြ႔ေနရမည့္ အေျခအေနသုိ႔ တြန္းပုိ႔ခံေနရေၾကာင္း KPSN က ဆုိသည္။

KPSN ၏ေျပာခြင့္ရ ေနာ္ဝါးခူရွီးက “အခု လူတိုင္း ဒီကပ္ေရာဂါေပ်ာက္ကင္းဖုိ႔ အတူတကြပူးေပါင္းတုိက္ဖ်က္ေနခ်ိန္ ကုိယ့္ျပည္ သူ ေတြအတြက္ ႀကဳိးစားကာကြယ္ေနခ်ိန္ ဒီလုိအေျခအေနမ်ဳိးမွာ ဒီကပ္ေရာဂါ အတူတကြတုိက္ဖ်က္မႈနဲ႔ ျပည္သူလူထု ကာကြယ္မႈမွာ တန္းတူညီမွ်တဲ့အခြင့္အေရး ရဖုိ႔လုိတယ္” ဟု ေကအုိင္စီ သုိ႔ေျပာသည္။

ျမန္မာအစုိးရအေနျဖင့္ ကပ္ေရာဂါျဖစ္ပြားလာမႈကုိ ၿမိဳ႕ျပေန ျပည္သူမ်ားကို က်န္းမာေရး အသိပညာေပးမႈႏွင့္ အေျခခံလူတန္း စား မ်ားအတြက္ပါ စားနပ္ရိကၡာမ်ား ပံ့ပုိးရရွိေနခ်ိန္တြင္ တုိင္းရင္းသားေဒသမ်ား၌မူ အကူအညီ ႏွင့္ သတင္းအခ်က္အလက္ မ်ားကုိ ပိတ္ဆုိ႔ထားၿပီး စစ္တပ္မွ ျပစ္ဒဏ္ ကင္းလြတ္ခြင့္ရရွိေနသည့္ပုံစံျဖင့္ သတ္ျဖတ္မႈမ်ားႏွင့္ ဗုံးႀကဲမႈမ်ားလုပ္ ေဆာင္လ်က္ ရွိ ေၾကာင္း KPSNက ဆုိသည္။

ထုိ႔အတြက္ ျမန္မာျပည္တြင္းရွိ ဒုကၡသည္မ်ားႏွင့္ စစ္ေဘးေရွာင္ျပည္သူမ်ားဆီသုိ႔ ကပ္ေရာဂါ အႏၱရာယ္ မက် ေရာက္ေသး သည့္အခ်ိန္တြင္ အကူအညီေထာက္ပံ့မႈ ျမႇင့္တင္ေရး ျပင္းျပင္းထန္ထန္လုိအပ္ေနၿပီး ၿဗိတိန္ အစုိးရ အေနျဖင့္ ႏုိင္ငံတကာ ကူညီေထာက္ပံ့မႈမ်ားတြင္ ပုိမုိပူးေပါင္းျမႇင့္တင္လုပ္ေဆာင္ရန္ႏွင့္ အေရးေပၚအကူ အညီ ေပးပို႔မႈမ်ားကုိ လုပ္ေဆာင္ေပးရန္ ဘားမားကမ္ပိန္းယူေကအဖြဲ႔မွ ထုတ္ျပန္ေတာင္းဆုိထားသလုိ ၿဗိတိန္အစုိးရအား စာေရးသားေပးပုိ႔ေတာင္းဆုိမႈလည္းျပဳလုပ္ခဲ့ ေၾကာင္း အလားတူ ထုတ္ျပန္ထားသည္။ http://kicnews.org/2020/04/covid19%e1%80%80%e1%80%ac  %e1%80%80%e1%80%bc%e1%80%9a%e1 %80%b9%e1%80%90%e1%8

**************

၅။       ပလက္ဝအတြက္ ရိကၡာဆန္ အိတ္ ၈၀ဝ ေက်ာ္ ေရာက္ရွိ

April 20, 2020

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕အတြက္ ရိကၡာ ဆန္အိတ္ ၈၃၀ ကို ေရလမ္းအတိုင္း စက္ေလွျဖင့္ သယ္ယူလာရာ ဧၿပီ ၁၉ မြန္းလြဲ ပိုင္းတြင္ ဆိုက္ေရာက္ေၾကာင္း သိရသည္။ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ိဳးထိုက္က “ေန႔လည္ ၂ နာရီ ဝန္းက်င္ေလာက္မွာ ပလက္ဝၿမိဳ႕ကို ေရာက္ၿပီလို႔သိရတယ္။ ဆန္ေတြကို ျဖန္႔ေဝေနၿပီလို႔လည္း သိရတယ္”ဟုေျပာသည္။ ဆန္အိတ္ ၂၀ ခန္႔ ေရစိုခဲ့ေသာ္လည္း ခ်က္ျပဳတ္၍ ရနိုင္မည္ဟု သူက ဆက္ေျပာသည္။

ကနဦးက အဆိုပါဆန္အိတ္မ်ားကို ဆမီးၿမိဳ႕မွ ပလက္ဝၿမိဳ႕သို႔ ကား ၁၀ စီးျဖင့္ သယ္ေဆာင္လာရာ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA က ၿခိမ္းေျခာက္ပစ္ခတ္မႈေၾကာင့္ ျပန္လွည့္ခဲ့ရေၾကာင္း၊  သို႔ျဖစ္၍ ကုလားတန္ျမစ္ေၾကာင္းအတိုင္း စက္ေလွျဖင့္ ေျပာင္းလဲ သယ္ေဆာင္ရျခင္းျဖစ္ေၾကာင္း သိရသည္။ ဆန္အပါအဝင္ ရိကၡာမ်ား၊ ေဆးဝါးမ်ား ကနဦးတင္ေဆာင္လာၿပီး ျပန္လွည့္ရသည့္ အဆိုပါကားမ်ားမွာ ဧၿပီ ၁၉ ညေနတြင္ ဆမီးသို႔ လံုၿခံဳေဘးကင္းစြာ ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း သိရသည္။ https://www.b nionline.net/mm/news-72317

************

၆။       နမ့္လန္တြင္ Mask( ႏွာေခါင္းစည္း) မတပ္သူမ်ား ထိုင္၊ထ ၃၀ ျပစ္ဒဏ္ေပး

April 18, 2020

သွ်မ္ျပည္ ေျမာက္ပိုင္း နမ့္လန္ၿမိဳ႕တြင္ Mask (ႏွာေခါင္းစည္း) မတပ္ဆင္ပါက ျပစ္ဒဏ္ေပးမႈမ်ားျပဳလုပ္ေနေၾကာင္း သတင္းရ ရွိသည္။ နမ့္လန္ၿမိဳ႕ထဲသို႔ ဝင္ေရာက္လာသည့္ ျပည္သူမ်ား Maske တပ္ဆင္ျခင္းမရွိပါက ထိုင္၊ ထ အခါ ၃၀ ျပဳလုပ္ရျခင္း (သို႔မဟုတ္)ေငြဒဏ္ တေယာက္ ၁ ေသာင္းေပးေဆာင္ရေၾကာင္း နမ့္လန္ေဒသခံမ်ား ေျပာျပခ်က္အရသိရသည္။ “နမ့္လန္ၿမိဳ႕ အဝင္မွာ ဌာနဆိုင္ရာေတြေစာင့္တယ္။ Mask မတပ္ရင္ ထိုင္၊ထ အခါ ၃၀ လုပ္ရတယ္။ မလုပ္ခ်င္ရင္ ေငြဒဏ္ ၁ ေသာင္းေပးရ တယ္။ ၿပီးေတာ့ Mask ေဝေပးတယ္” ဟု နမ့္လန္ ေဒသခံ တဦး ျဖစ္သည့္ ကိုႏိုင္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။ ထိုကဲ့သို႔ျပဳလုပ္ျခင္းသည္ COVID-19ကို ကာကြယ္ ထိန္းခ်ဳပ္ရန္ ႏွင့္ လူတိုင္း Mask တပ္ဆင္ၿပီး အျပင္ထြက္ေစခ်င္သည့္ အတြက္ ပညာေပးျခင္းျဖစ္ေၾကာင္းလည္း ကိုႏိုင္က ဆိုသည္။

Mask မတပ္သည္သူမ်ားကို ျပစ္ဒဏ္ေပးျခင္းသည္ ဧၿပီ ၁၅ ရက္ မွစတင္ကာ ျပစ္ဒဏ္ေပးသည့္ စနစ္ကို လုပ္ေဆာင္လာခဲ့ၿပီး၊ စတင္လုပ္ေဆာင္သည့္ ရက္တြင္ Mask တပ္ဆင္သည့္ မရွိသေလာက္နည္းပါးေၾကာင္း နမ့္လန္ၿမိဳ႕ ျဖဴစင္ႏွလံုးသား လူမႈကူညီ ေရး အသင္းမွ ကိုရန္ႏိုင္စိုး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။ ထိုျပစ္ဒဏ္ေပးသည့္ စနစ္ကို နမ့္လန္ၿမိဳ႕မွ သက္ဆိုင္ရာဌာန အဖြဲ႔မ်ား ဦးစီးၿပီး ျပဳလုပ္ျခင္းျဖစ္ေၾကာင္းသိရသည္။

“စလုပ္တဲ့ ရက္က ေတာ္ေတာ္မ်ားမ်ား မတပ္ၾကဘူး။ အခုေနာက္ပိုင္းေတာ့ တပ္လာၾကတယ္။ ဒီနည္းက ေအာင္ျမင္တယ္လို႔ ေျပာလို႔ရပါတယ္” ဟု ကိုရန္ႏိုင္စိုးက ဆိုသည္။ လက္ရွိ အခ်ိန္ထိ ထို ျပစ္ဒဏ္ေပးမႈကို ဆက္လက္ျပဳလုပ္ေနေသးေၾကာင္း သိရသည္။ သက္ဆိုင္ရာ မ်ားအေနျဖင့္ ျပည္သူမ်ားကို Mask တပ္ဆင္သည့္ ကိစၥတြင္ အသိပညာေပးမႈကို လက္ခံေသာ္ လည္း ျပည္သူမ်ား Mask ဝယ္ယူလြယ္ကူေအာင္ နည္းလမ္းရွာေဖြေပးရမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ လူတိုင္းလက္လွမ္းမီသည့္ ေဈးနႈန္းျဖင့္ ေရာင္းခ်ေပးရန္လည္း နမ့္လန္ ျပည္သူမ်ားက ေတာင္းဆိုလိုက္သည္။ https://burmese.shannew s.org/archives/1

**************

၇။       ကခ်င္ျပည္နယ္တြင္းရွိ ၁၄ ၿမိဳ႕နယ္ကို ညမထြက္ရ အမိန္႔ထုတ္ျပန္

April 18, 2020

ကခ်င္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္ ၁၄ ၿမိဳ႕နယ္တြင္ ည ၁၀ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရ အမိန္႔ကို ယေန႔(ဧၿပီ ၁၈ ရက္) မွ စတင္ထုတ္ျပန္ခဲ့ေၾကာင္း ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ရံုး ညြန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က ေျပာၾကားသည္။ အဆိုပါ ည မထြက္ရအမိန္႔ ထုတ္ျပန္ခဲ့သည့္ ၿမိဳ႕နယ္မ်ားမွာ ျမစ္ႀကီးနား၊ ဝိုင္းေမာ္၊ တႏိုင္း၊ ခ်ီေဖြ၊ မိုးေကာင္း၊ မိုးညွင္း၊ ဖားကန္႔၊ ဗန္းေမာ္၊ မန္စီ၊ ေရႊကူ ၊ မိုးေမာက္၊ ပူတာအို၊ မခ်မ္းေဘာ၊ ဆြမ္ပရာဘြမ္ၿမိဳ႕နယ္တို႔ ျဖစ္သည္။

ထိုသို႔ ထုတ္ျပန္ရသည့္ အဓိကအေၾကာင္းအရင္းမွာ COVID-19  ေရာဂါေၾကာင့္ ေနအိမ္တြင္းေနထိုင္သည့္ လူငယ္မ်ား ည အခ်ိန္ မေတာ္ထြက္ကာ ေသာက္စားမူးယစ္ျခင္း၊ ခိုက္ရန္ျဖစ္ပြားျခင္း၊ျပည္သူလူထု၏ လံုၿခံဳေရး အေျခအေနမ်ားေၾကာင့္ COVID-19 ကာကြယ္၊ထိန္းခ်ဳပ္ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီမွ ဧၿပီလ ၁၇ ရက္ ကညႊန္ၾကားလာျခင္းျဖစ္ ေၾကာင္း ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္၏ ေျပာၾကားခ်က္အရ သိရသည္။

ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးေဇာ္ေဇာ္က ” ဒီက အတည္ျပဳမွာပါ။ ဖားကန္႕မွာ ေၾကာ္ျငာေနၿပီ။ ျပစ္ဒဏ္က တစ္လ ကေန ေငြဒဏ္လည္း ရွိပါတယ္။ ဧၿပီ ၃၀ ရက္အထိ အတည္ျဖစ္ပါတယ္။ တိုင္းႏွင့္ျပည္နယ္ အားလံုးမွာ ထုတ္ျပန္ထား ပါတယ္”ဟုေျပာၾကားသည္။ https://news-eleven.com/article/169636

**************

၈။       လြိဳင္လင္ၿမိဳ႕နယ္ အတြင္း ေဈးဝယ္ခြင့္ကဒ္ အသံုးျပဳၿပီး ေဈးဝယ္ရေတာ့မည္

April 17, 2020

သွ်မ္းျပည္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္အတြင္းရွိ ေဈးသံုးရန္အတြက္ တအိမ္လွ်င္ ေဈးဝယ္ယူခြင့္ကဒ္ (၁) ကဒ္ ထုတ္ေပးကာ ထားေၾကာင္း သတင္းရရွိသည္။ ထိုကဲ့သို႔ျပဳလုပ္ျခင္းသည္ COVID-19 ကို ကာကြယ္သည့္အေနျဖင့္ ျပဳလုပ္ျခင္းျဖစ္ၿပီး လြိဳင္လင္ခရိုင္ အတြင္းရွိ လြိဳင္လင္ၿမိဳ႕ႏွင့္ ပင္လံုၿမိဳ႕ မွ ၿမိဳ႕မေဈးမ်ားႏွင့္ ပ်ံက်ေဈးမ်ားတြင္ ဧၿပီ ၁၈ ရက္မွ စတင္ကာ ေဈးဝယ္ ထြက္ပါက ေဈးဝယ္ခြင့္ကဒ္ ယူေဆာင္သြားရမည္ ဟု လြိဳင္လင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး က သွ်မ္းသံေတာ္ဆင့္သို႕ ေျပာသည္။

လူစုလူေဝး မျဖစ္ေစရန္ အတြက္ ၿမိဳ႕မေဈးႏွင့္ ပ်ံက်ေဈး ၂ ေနရာ ခြဲထားကာ မနက္ ၅ နာရီ မွ ေန႕လည္ ၁၂ နာရီထိသာ ေဈးေရာင္းခ်သြားမည္ ျဖစ္ၿပီး၊ ေဈးဝယ္သည့္အခါ ကဒ္ပါမွသာ ေဈးဝယ္ခြင့္ ေပးသြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းလြင္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ “ကဒ္ထုတ္ေပးရတဲ့ ရည္ရြယ္ခ်က္က ေဈးကိုသြားၿပီးေတာ့ လူစုလူေဝး ျဖစ္ တာကို ေလွ်ာ့ခ်ဖို႔ အဓိကပဲ” ဟု လြိဳင္လင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းလြင္ ကေျပာသည္။ ေဈးသြားသည့္ အခါ စနစ္တက်ျဖစ္ရန္ ႏွင့္ ကိုဗစ္-၁၉ ကို ကာကြယ္ရန္အတြက္ လူစုလူေဝး မျဖစ္ေအာင္၊ ကာကြယ္သည့္ အေနျဖင့္ ျပလုပ္ျခင္းျဖစ္ေၾကာင္း လြိဳင္လင္မဲဆႏၵနယ္အမွတ္ (၂) လႊတ္ေတာ္ကိုယ္စားလွယ္ နန္းျမေထြး က သွ်မ္းသံေတာ္ ဆင့္ ကိုေျပာသည္။

တစ္အိမ္လ်င္ ေဈးဝယ္ခြင့္ ကဒ္ (၁) ကဒ္ ျဖင့္သာ ေဈးသြားျခင္းျဖင့္ မလိုအပ္ပဲ လူစုလူေဝး ျဖစ္ေပၚမႈကိုေရွာင္ရွား ႏိုင္မည္ ျဖစ္ရာ ၎ကာကြယ္ေရးမွာ ထိေရာက္မႈ မ်ားစြာ ရွိမည္ျဖစ္ေၾကာင္း COVID-19 ကာကြယ္ေရး တက္ၾကြလႈပ္ရွားသူ ပင္လံု ေဒသခံ စိုင္းဆု ကေျပာသည္။ သက္ဆိုင္ရာ က ထုတ္ေပးသည့္ ေဈးဝယ္ခြင့္ကဒ္မပါဘဲ ေနအိမ္မွ အေၾကာင္းမဲ့ထြက္ သည္ကို ေတြ႔ ရွိပါက လိုအပ္သလို အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။ https://burmese.shannews.org/archives /16188

*************

၉။       မူဆယ္သြားမည့္ခရီးသည္မ်ား (၁၀၅)မိုင္တြင္ ၂၁ ရက္ ေစာင့္ၾကည့္သြားမည္

April 17, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း မူဆယ္လာမည့္ ခရီးသည္မ်ားကို ဧၿပီ ၁၈ ရက္မွ စတင္ကာ မိုင္းယု (၁၀၅)မိုင္တြင္ ၂၁ ရက္ ေစာင့္ ၾကည့္ၿပီး မွ မူဆယ္ၿမိဳ႕ထဲသို႔ဝင္ခြင့္ျပဳမည္ဟု မူဆယ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈ ေကာ္မတီ ထုတ္ျပန္ခ်က္အရသိရသည္။ ထို ၂၁ ရက္ အတြင္း ေစာင့္ၾကည့္ခံရသူမ်ားသည္ တရက္လွ်င္ ၅ ေထာင္က်ပ္ႏႈန္းျဖင့္ မိမိစရိတ္ျဖင့္ ေနထိုင္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ ခ်က္တြင္ ေရးသားထားသည္။

“မူဆယ္ေဒသခံ မဟုတ္တဲ့သူေတြ မူဆယ္လာရင္ ၂၁ ရက္ Quarantine အျဖစ္ေနရမယ္။ ၂၁ ရက္အတြက္ စားစရိတ္ ကေတာ့ တေယာက္ကို တရက္ ၅ ေထာင္ က်ပ္ေပးရမယ္။ အစိုးရ အေနနဲ႔ Quarantine အတြက္ ဘတ္ဂ်က္မခ် ထားေပးဘူး။ အလွဴရွင္ရွိရင္ေတာ့ အလွဴရွင္ေကြ်းပါမယ္” ဟု မူဆယ္ ၿမိဳ႕အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။ အဆိုပါ quarantine ထားမည့္ေနရာမ်ားမွာ မိုင္းယု (၁၀၅)မိုင္ အတြင္းရွိ ဘုန္းႀကီး ေက်ာင္း ၂ ေက်ာင္းႏွင့္ အထက္တန္းေက်ာင္း တေက်ာင္းတို႔တြင္ ျပင္ဆင္ထားေၾကာင္း စိုင္းေက်ာ္သိန္း က ေျပာသည္။ “တျခား ေဒသကလူေတြအေနနဲ႔ကေတာ့ ၂၁ ရက္ ဝင္ကို ဝင္ရမယ္။ ဒါေပမယ့္ မူဆယ္ေဒသခံေတြ အေနနဲ႔ ကိုဗစ္ ျဖစ္တဲ့ ေနရာကလာရင္ေတာ့ ၁၀၅ မိုင္မွာ ၂၁ ရက္ ေစာင့္ၾကည့္သြားမယ္” ဟု စိုင္းေက်ာ္သိန္း က ထပ္ေလာင္း ေျပာသည္။

မူဆယ္ၿမိဳ႕သို႔ လာေရာက္သည့္သူမ်ားအေနျဖင့္ ေကာ္မတီမွစီစဉ္ေဆာင္ရြက္ေပးသည့္ Quarantine မ်ားတြင္ ေနထိုင္လိုျခင္း မရွိပါက တည္းခိုခန္း၊ ဟိုတယ္ မ်ားတြင္ မိမိအစီအစဉ္ျဖင့္ Quarantine ဝင္ရန္ ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။ Quaratine မဝင္လိုပါက  မိမိလာရာလမ္းအတိုင္း လွည့္ျပန္ရမည္ ဟု လည္း ေဖာ္ျပ ထားသည္။ သို႔ေသာ္ တရုတ္ႏိုင္ငံကို မွီတင္းၿပီး တပိုင္တႏိုင္ လုပ္ကိုင္စားေသာက္ေနသည့္ မူဆယ္ ေဒသခံမ်ား အတြက္ စီးပြား ေရး ရိုက္ခတ္မႈ ရွိေၾကာင္းသိရသည္။ https://burmese.shannews.org/archives/16181

**************

၁၀။     အြန္လိုင္းေလာင္းကစားျပဳလုပ္ၿပီး တရားမဝင္ေနထိုင္ေသာ တ႐ုတ္ႏိုင္ငံသား ၃၀ ဦးအား ဖမ္းဆီး

April 18, 2020

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ အြန္လိုင္းေလာင္း ကစားျပဳလုပ္ၿပီး တရားမဝင္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံ သား ၃၀ ဦးအား ေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳေသာ ဆက္စပ္ ပစၥည္းမ်ားႏွင့္အတူ ဧၿပီလ ၁၇ရက္(ယေန႔) မြန္းလြဲ ၃ နာရီ အခ်ိန္ခန္႔က ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမဝတီခရိုင္ရဲတပ္ဖြဲ႔မွွဴး ဒုတိယရဲမွဴးႀကီး သက္လင္းဦး ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ ယေန႔ မြန္းလြဲ ၃ နာရီ အခ်ိန္ ခန္႔က ဒု-ခရိုင္ ရဲတပ္ဖြဲ႔မွဴးရဲမွဴး စိန္ေဒြး ႏွင့္ ျမဝတီၿမိဳ႕နယ္ ဒုၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴး စိုးႏိုင္ဝင္းတို႔ဦးစီးေသာ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔မွ ျမဝတီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ဝိေဝကရာမလမ္းရွိ ကိုစည္သူ ပိုင္ဆိုင္သည့္ EMPEROR ဟိုတယ္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ထားရွိၿပီး အြန္လိုင္းေလာင္း ကစား ဂိမ္းမ်ားျပဳလုပ္ေနေၾကာင္း သတင္းအရ ဝင္ေရာက္ရွာေဖြမႈ တစ္ရပ္ျပဳလုပ္ခဲ့သည္။ ထုိသုိ႔ ဝင္ေရာက္ရွာေဖြရာတြင္ တ႐ုတ္ႏိုင္ငံသား လင္းေရွာင္ခ်န္ (၂ဝ ႏွစ္) အပါအဝင္ တ႐ုတ္ႏိုင္ငံသား ၃၀ ဦးတို႕အား အြန္လိုင္း ေလာင္း ကစားျပဳလုပ္ရာ၌ အသုံးျပဳသည့္ ကြန္ပ်ဴတာႏွင့္ ဆက္စပ္ ပစၥည္းမ်ားျဖစ္ေသာ Monitor (၃၀)လုံး၊ ကီးဘုတ္(၃၀)ခု၊ Mouse(၁၉)ခု၊ Mouse ေအာက္ခံျပား (၁၉)ခု၊ မီးပလပ္ခုံ(၃)ခု၊ ဖုန္းအားသြင္းႀကိဳးခုံ(၁)ခု၊ TV ပါ ဝါႀကိဳး(၂၃)ခု၊ WIFI စက္(၅) လုံး၊ M ခဲေရာင္ဖုန္း (၂၂)လုံး၊ MI ေရႊေရာင္ဖုန္း (၈)လုံး၊ စားပြဲခုံ(၁၅)လုံး ထိုင္ခုံ(၃၀)လုံး အစရွိသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမဝတီၿမိဳ႕မရဲစခန္း၏ သတင္းထုတ္ျပန္ မႈအရ သိရသည္။

အြန္းလိုင္းေလာင္းကစားျပဳလုပ္ၿပီး တရားမဝင္ေနထိုင္သည့္ တ႐ုတ္ႏိုင္ငံသား လင္းေ႐ွာင္ခ်န္း အပါအဝင္ တ႐ုတ္ႏိုင္ငံသား ၃၀ ဦး ႏွင့္ တ႐ုတ္ႏိုင္ငံသားမ်ားအား လက္ခံထားရွိသည့္ ျမဝတီၿမိဳ႕ အမွတ္(၄)ရပ္ကြက္ ဝိေဝကာရာမလမ္း႐ွိ EMPEROR ဟိုတယ္ပိုင္ရွင္ ဦးစည္သူ(၃၅)ႏွစ္တို႔အား ဥပေဒႏွင့္အညီ အမႈဖြင့္အေရးယူသြားမည္ဟု ၿမိဳ႕မ ရဲစခန္းက သတင္းထုတ္ျပန္ ထားသည္။http://kicnews.org/2020/04/%e1%80%a1%e1%80%bc%e1%80%94%e1%80%b9e1%80%9c% e1%80

*************

၁၁။     သစ္ေတာဌာန ေတာမီးရိႈ႕မႈေၾကာင့္ ေဒသခံရြာသူရြာသားမ်ား၏ ႏွစ္ရွည္ဥယ်ာဥ္ၿခံ ၄ဝနီးပါး မီးေလာင္ပ်က္စီး

April 19, 2020

မြန္ျပည္နယ္ သထုံၿမိဳ႕နယ္ ဓႏုေက်းရြာရွိ အစိုးရသစ္ေတာဌာနမွ ဝက္ဝံေတာင္သစ္ေတာႀကိဳးဝုိင္း ဧရိယာအနီးဝန္း က်င္တြင္ စံျပသစ္ေတာစိုက္ခင္း အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ သစ္ေတာ ၂ဝဝဧက ခုတ္ထြင္ရွင္းလင္းကာ မီး႐ိႈ႕မႈေၾကာင့္ ေဒသခံမ်ား၏ ဥယ်ာဥ္ၿခံမ်ားပါ မီးကူးစက္သြားခဲ့ၿပီး ႏွစ္ရွည္ ဥယ်ာဥ္ၿခံ ၄ဝနီးပါး မီးေလာင္ပ်က္စီးသြား ေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္မ်ားအရ သိရသည္။ ဧၿပီလ ၁၁ရက္၊ မြန္းလြဲ ၂နာရီအခ်ိန္ခန္႔တြင္ သထံုၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ ၀န္ထမ္း မ်ားက အဆိုပါေတာမီးကို ႐ိႈ႕ခဲ့သည့္အတြက္ေၾကာင့္ ဓႏုေက်းရြာရွိ ေဒသခံမ်ား၏ ဘိုးဘြားအစဥ္အဆက္က အသက္ေမြး၀မ္း ေက်ာင္း လုပ္ငန္းအျဖစ္ စိုက္ပ်ိဳးလာခဲ့သည့္ ဒူးရင္း၊ နာနတ္၊ မီးကြတ္၊ ကြမ္းပင္၊ ကြမ္းရြက္ႏွင့္ ရာဘာပင္မ်ားမွာ မီးေလာင္ ပ်က္စီးသြား ခဲ့သျဖင့္ အခ်ိန္မွီ ျပန္လည္စိုက္ပ်ိဳးႏိုင္ရန္ အျမန္ဆုံး ကူညီေပးေစလိုေၾကာင္း ဓႏုေက်းရြာေဒသခံမ်ားက ေျပာဆုိ သည္။

ဓႏုေက်းရြာသူ ေနာင္မိတုက “မီး႐ိႈ႕တာ မလုပ္ဖို႔ တစ္ရြာလုံး တားျမစ္ခဲ့ေပမယ့္ တားမရခဲ့ဘူး။ က်မရာဘာၿခံ ၅ဧက မီးေလာင္ ထဲ ပ်က္စီးသြားတယ္။ ဒီရာဘာပင္ကေနပဲ ကေလးေတြရဲ႕ ပညာေရး မိသားစုစားဝတ္ေနေရးေတြ ေျဖရွင္း ေပးေနတာပါ။ အျခားအလုပ္ေတြလည္း မလုပ္စားတတ္ဘူး။ စားဝတ္ေနေရးအတြက္ ေကာက္ညင္းထုတ္ေရာင္းၿပီး အခုေျဖရွင္းေနရတယ္။ အခ်ိန္မွီျပန္စိုက္ႏိုင္ေအာင္ ကူညီေပးေစခ်င္တယ္။”ဟု ယမန္ေန႔ ဧၿပီလ ၁၉ရက္ေန႔က ေက အိုင္စီသို႔ ေျပာသည္။ “သစ္ေတာ စံျပစိုက္ကြက္ လာေဖာ္ထုတ္တာ KNU ဘက္က အုပ္ခ်ဳပ္ေရးေရာ၊ ရပ္ရြာမွာရွိတဲ့ အုပ္ခ်ဳပ္ေရးေရာ တစ္ေယာက္မွ မသိရဘူး။ တားျမစ္စာပို႔ၿပီးမွ သစ္ေတာက လုပ္ပါတယ္ဆုိၿပီး သိရတယ္။ ႏွစ္ဖက္ညိွႏိႈင္းၿပီး လုပ္ ေဆာင္ရမယ့္အခ်ိန္မွာ သူတို႔မလုပ္ခဲ့ဘူး။ ဖုန္းနဲ႔ပဲ အသိေပးတယ္။ ေရွ႕ဆက္မလုပ္ဖို႔ က်ေနာ္တို႔ KNU ဘက္က ေမတၱာရပ္ခံခဲ့တယ္။ သူတို႔မွားသြားတယ္လို႔ပဲ ေျပာတယ္။”ဟု KNU သထုံၿမိဳ႕နယ္ တရားေရးအေထာက္အကူျပဳ အဖြဲ႕ဝင္ ဓနုေက်းနယ္အုပ္စုဥကၠဌ ပဒိုေစာသားသားက ဧၿပီလ ၁၆ရက္ေန႔တြင္ ေကအိုင္စီသို႔ ေျပာသည္။

မြန္ျပည္နယ္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာမင္းၾကည္ဝင္းက “သစ္ေတာမီး႐ိႈ႕တာ ေတာ့ ဟုတ္ပါၿပီး။ ဒါေပမယ့္ ပတ္ဝန္းက်င္ကို ထိခုိက္တယ္။ ျပည္သူေတြထိခိုက္တဲ့အေပၚမွာ က်ေနာ္တို႔အစိုးရ အဖြဲ႔ အေပၚမွာ တာဝန္ရွိတာေပ့ါဗ်ား။ ဌာနက တာဝန္ရွိတယ္။ က်ေနာ္ဝန္ႀကီးမွာ တာဝန္ရွိတယ္။ ျပည္နယ္အစိုးရၿပီး ရင္ ျပည္ေထာင္စု အစိုးရရွိမယ္ေပါ့ဗ်ာ။ တာဝန္ခံမႈ တာဝန္ယူမႈဆုိတာကေတာ့ ရွိရမွာေပါ့ေလ။ ေတာင္သူေတြ နစ္နာ တယ္ဆုိရင္ က်ေနာ္တုိ႔က လုပ္နည္းလုပ္ထုံးအဆင့္ဆင့္တင္ျပၿပီး လုပ္ရမယ္ကိစၥျဖစ္ပါတယ္။ က်ေနာ္တို႔မွာ စိစစ္ရ မယ့္အပိုင္းရွိတယ္။ အေရးယူရမယ့္ အပိုင္းရွိတာေပါ့ေနာ္။ က်ေနာ္အားနည္းခ်က္ရွိရင္ က်ေနာ္ကိုယ္တုိင္ကလည္း အေရးယူခံပါ့မယ္။ လတ္တေလာကေတာ့ ကြင္းဆင္းစစ္ေဆးဖို႔ေရာ လူထုနဲ႔ေတြ႔ဆုံဖို႔ေရာ စီစဥ္ထားတယ္။”ဟု ဧၿပီ ၁၆ရက္ေန႔ ေကအိုင္စီသို႔ ေျပာသည္။

ႏိုင္ငံေတာ္က အေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ဓႏုသစ္ေတာႀကိဳးဝိုင္း စံျပသစ္ေတာစိုက္ခင္းေနရာသည္ ဓနု ေက်းနယ္ ရြာ ေဒသခံအမ်ားစုက စိုက္ပ်ဳိးေရးျဖင့္ မီွခိုအားထားေနရသည့္ သစ္ေတာဥယ်ာဥ္ၿခံရွိရာ ေတာင္တန္း လည္းျဖစ္ၿပီး ေတာမီး႐ိႈ႕ ျခင္းေၾကာင့္ ထိခိုက္ပ်က္စီးဆုံး႐ံႈးရသည့္အျပင္ ၎ေက်းရြာရွိ ေဒသခံမ်ားအတြက္ ေသာက္သံုးေရအရင္းအျမစ္လည္း ရွားပါး သြားေၾကာင္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။ http://kicnews.org/2020/04/%e1%80%9e%e1%80%85%  e1%80%b9%e1%80%b1%e1%80%90%e1

**************

၁၂။     ေကအန္ယူ၏ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္ကို ကရင္ျပည္နယ္စိုးရ ကန္႔ကြက္

April 19, 2020

ကရင္အမ်ိဳးသားအစည္းအရံုး (ေကအန္ယူ) လက္ေအာက္ခံ တပ္မဟာ-၁ တပ္ရင္း ၂ ရဲ့ COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ေဆာင္ခ်က္နဲ႔ပတ္သက္ၿပီး ကရင္ျပည္နယ္ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးက ကန္႔ကြက္ထားပါတယ္။ ဧၿပီ ၁၇ ရက္ ေန႔ စြဲ နဲ႔ ေကအန္ယူ ဗဟိုႏွင့္တပ္မဟာဆက္ဆံေရးရံုးဆီ ေပးပို႔တဲ့ ကန္႔ကြက္စာမွာ ေကအန္ယူအေနနဲ႔ အန္စီေအ သေဘာတူ စာခ်ဳပ္ပါအတိုင္း လိုက္နာေဆာင္ရြက္သြားဖို႔နဲ႔ နယ္ဘက္အုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္ေတြမွာ ဝင္ေရာက္စြက္ဖက္မႈေတြ မျပဳ လုပ္ဖို႔ တပ္ဖြဲ႔ဝင္ေတြကို ထိန္းသိမ္းၾကပ္မတ္ေပးဖို႔ ပါရွိပါတယ္။

ေကအန္ယူ လက္ေအာက္ခံ တပ္မဟာ-၁ တပ္ရင္း ၂ အေနနဲ႔ ဧၿပီ ၁၅ ရက္ေန႔က သထံုၿမိဳ႕နယ္ ထံုးဘိုႀကီးေက်းရြာ သိမ္းဆိပ္-ပိႏၷဲေတာ-ေလးေက သြားတဲ့လမ္းမေပၚမွာ COVID-19 ေရာဂါနဲ႔ပတ္သက္ၿပီး ျဖတ္သန္းသြားလာသူေတြကို အပူခ်ိန္တိုင္းတာ၊ လိုအပ္တဲ့ စစ္ေဆးေမးျမန္းမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ခရီးသြားျပည္သူေတြကို ေန႔စဉ္ မနက္က ၅ နာရီကေန ၂ နာရီ အခ်ိန္ထိသာ သြားခြင့္ျပဳမွာျဖစ္ေၾကာင္း၊ မလိုအပ္ဘဲ ခရီးသြားလာမႈေတြေရွာင္ရွားဖို႔၊ တတ္ႏိုင္သမွ် ေနအိမ္တြင္းသာ ေနထိုင္ဖို႔၊ လူစုလူေဝး ျဖစ္ေပၚေစႏိုင္တဲ့ ပြဲလမ္းသဘင္ေတြကို မက်င္းပဖို႔ အသိေပး အေၾကာင္းၾကားထားတာ ျဖစ္ပါတယ္။

ဒီအေပၚ ကရင္ျပည္နယ္အစိုးရအဖြဲ႔ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္က လက္မွတ္ထိုးၿပီး  ကန္႔ကြက္လႊာေပးပို႔ထားတာ ျဖစ္ပါတယ္။ လံၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမ်ိဳးမင္းေနာင္ရဲ႕ ကန္႕ကြက္လႊာနဲ႔ ပတ္သက္ၿပီး ေကအန္ယူလက္ေအာက္ခံ တပ္မဟာ ၅ ဌာနခ်ဳပ္ကလည္း ဒီကန္႔ကြက္လႊာပါ ေနရာေတြဟာ တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမမွာရွိေနေၾကာင္းနဲ႕ ေရာဂါႀကိဳတင္ကာကြယ္တားဆီးေရး လုပ္ေဆာင္မႈကို ကန္႕ကြက္တာဟာ ေဒသခံ ကရင္ ေက်းရြာလူထုအေပၚ မမွန္ကန္တဲ့ သေဘာထားျဖင့္ ေရာဂါပိုးကူးစက္ေစလိုတဲ့သေဘာ သက္ေရာက္ေနေၾကာင္း ျပန္လည္ ထုတ္ျပန္ကန္႕ကြက္ထားပါတယ္။ ဒါေၾကာင့္ ကရင္ျပည္နယ္အစိုးရအဖြဲ႕ လံုၿခံဳေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီး မ်ိဳးမင္းေနာင္ရဲ႕ ကန္႔ကြက္မႈကို အေလးအနက္  ျပန္လည္ကန္႔ကြက္ေျကာင္း ဧၿပီ ၁၇ ရက္စြဲနဲ႔ ျပန္လည္ထုတ္ျပန္ခဲ့တာပါ။ http://burmese.dvb.no/archives/383394

**************

၁၃။     Covid-19 အေရးေပၚကာလ ျမဝတီၿမိဳ႕တြင္ ည မထြက္ရ အမိန္႔ထုတ္ျပန္

April 18, 2020

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ည ၁၀ နာရီမွ မနက္ ၄ နာရီအတြင္း ညမထြက္ရ အမိန္႔ အပါအဝင္ Covid-19 ေရာဂါ အေရးေပၚကာလ အမ်ားျပည္သူလိုက္နာရမည့္ စည္းကမ္းခ်က္ ၄ ရပ္ကို ကရင္ျပည္နယ္ အစိုးရအဖြဲ႔က ယေန႔ ဧၿပီလ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

ကရင္ျပည္နယ္ အစိုးရအဖြဲ႔မွ ဧၿပီလ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ထားေသာ အမိန္႔စာတြင္ မည္သူမဆို လံုေလာက္ ေသာအေၾကာင္း ျပခ်က္မရွိဘဲ ေန႔စဥ္ ည(၁၀)နာရီမွ နံနက္(၄)နာရီ ခ်ိန္အတြင္း ေနအိမ္ျပင္ပသို႔(လံုးဝ) ထြက္ခြာျခင္း မျပဳရန္၊ ကုန္စည္စီးဆင္းမႈအတြက္ သြားေရာက္ေနရသည့္ ယာဥ္/လူပုဂၢိဳလ္မ်ားသည္ သက္ဆိုင္ရာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အေကာက္အခြန္ဦးစီးဌာနႏွင့္ ကုန္သြယ္ေရးဦးစီးဌာနတို႔၏ စိစစ္ခြင့္ျပဳခ်က္ျဖင့္ သတ္မွတ္ေနရာမ်ား၌ လမ္းၫႊန္ခ်က္ႏွင့္အညီ ေဆာင္ရြက္သြားရန္ ေဖာ္ျပပါရွိသည္။

ထုိ႔အျပင္ ျပည္သူမ်ားအေနျဖင့္ ေန႔ခင္းဘက္တြင္လည္း မျဖစ္မေန ျပင္ပသို႔သြားလာရန္ကိစၥရွိပါက အိမ္ေထာင္စုတစ္စုလ်ွင္ (၁)ဦးသာ ထြက္ရန္ႏွင့္ ႏွာေခါင္းစည္း (Mask ) မတပ္ဘဲ အိမ္ျပင္သို႔ထြက္ခြာျခင္း (လံုးဝ)မျပဳလုပ္ရန္ႏွင့္ ေစ်းအသီးသီးရွိ ေစ်းေရာင္းေစ်းဝယ္ လုပ္သားျပည္သူမ်ားအေနျဖင့္ ႏွာေခါင္းစည္းမ်ား တပ္ဆင္ထားၿပီး ေစ်းေရာင္း ေစ်းဝယ္ျပဳလုပ္ၾကရန္ အစရွိသည့္ အမိန္႔ေၾကညာခ်က္ကို ကရင္ျပည္နယ္ အစိုးရအဖြဲ႔ စာအမွတ္ (၄/၂၀၂၀) ယေန႔ ဧၿပီလ ၁၈ ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ေၾကညာထားသည္။

နယ္စပ္ၿမိဳ႕ျဖစ္ေသာ ကရင္ျပည္နယ္ ျမဝတီခ႐ိုင္/ၿမိဳ႕နယ္တြင္ ျပည္ပအဝင္အထြက္မ်ားျပားျခင္း၊ နယ္စပ္ကုန္ သြယ္ေရးလုပ္ ငန္း မ်ားႏွင့္ ဆက္စပ္သည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား႐ွိျခင္းတို႔ေၾကာင့္ Covid-19 ေရာဂါ ျပန္႔ပြားမႈ မျဖစ္ေပၚေစေရးႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအား အေထာက္အကူျဖစ္ေစရန္အတြက္ ျပည္သူမ်ား အေနျဖင့္ ဧၿပီလ ၁၈ ရက္ေန႔မွစ၍ အမိန္႔တစ္စံုတစ္ရာထပ္မံထုတ္ျပန္မႈမရွိမျခင္း ေဖာ္ျပပါ စည္းကမ္းခ်က္မ်ားကို ေန႔စဥ္လိုက္သြားၾကရန္ႏွင့္ လိုက္နာရန္ ပ်က္ကြက္ပါက တည္ဆဲဥပေဒအရ အေရးယူသြားမည္ဟု သိရသည္။ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ၿပီးခဲ့သည့္ရက္ပိုင္းက ထိုင္းႏိုင္ငံေဒသအသီးသီးမွ ဝင္ေရာက္လာသည့္ ျမန္မာေရႊ႕ ေျပာင္းလုပ္သား ၁,၅၀၀ ခန္႔ကို ေစာင့္ၾကည့္ေရးစခန္း ၆ ခုတြင္ ထားရွိၿပီး က်န္းမာေရးစစ္ေဆးမႈမ်ား ေန႔စဥ္ ေဆာင္ရြက္လ်က္ရွိသည္။ http://kicnews.org/2020/04/covid19%e1 %80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80

**************

၁၄။     ဖားကန႔္ ေျမစာပုံၿပိဳက်မွု လူ ၁၀ ဦးခန႔္ ေသဆုံးႏိုင္

April 20, 2020

ဖားကန႔္ ေက်ာက္စိမ္းလုပ္ကြက္တစ္ခုတြင္ ယေန႔ မနက္ ေျမစာပုံၿပိဳက်မွုေၾကာင့္ ေရမေဆးသမား ၁၀ ဦးထက္မနည္း ေသဆုံး ႏိုင္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ယေန႔ နံနက္ ၅ နာရီခန႔္တြင္ ေအးျမသာယာရပ္ကြက္ ဗလခေက်းရြာအနီး ပိုင္ၿဖိဳးသီဟ အမည္ရွိ ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီတြင္ ေျမစာပုံၿပိဳက်လာၿပီး ေရမေဆးသမားမ်ား ၁၀ ဦးခန႔္ ပါသြားသည္ ဟု ဖားကန႔္ေဒသခံ ဦးေနာင္လတ္က KNG သတင္းဌာနသို႔ ေျပာဆိုခဲ့သည္။

“အခုေျမစာပုံၿပိဳက်တဲ့ ေနရာက အနီးတဝိုက္ရွိတဲ့ ကုမၸဏီေတြ စြန္ပစ္ေနတဲ့ ေျမစာပုံႀကီးျဖစ္တယ္။ အဲ့ေတာ့ မနက္ ၄ နာရီ အခ်ိန္မွာက ေရမေဆးသမားေတြ ေက်ာက္ဝင္ရွာေနေတာ့ အဲ့ေျမစာပုံက ၿပိဳက်သြားတာျဖစ္တယ္။” ဟု ေျပာသည္။

ကယ္ဆယ္ေရးအဖြဲ႕မ်ားမွ အေလာင္ရွာေဖြေရး ဆက္လက္ေဆာင္ရြက္ေနၿပီး လက္ရွိတြင္ ေသဆုံးသူတစ္ဦး၏ အေလာင္းရွာ ေဖြေတြ႕ရွိခဲ့ေၾကာင္းလည္း သူကဆက္လက္ေျပာသည္။ ေတြ႕ရွိထားသည့္ ေသဆုံးသူတစ္ဦးမွာ အသက္ ၂၂ အရြယ္ခန႔္ရွိၿပီး လက္ရွိ ဖားကန႔္ ေမွာ္ေမာ္လယန္တြင္ေနထိုင္ၿပီး ေနရပ္ဇာတိမွာ မိုးေကာင္းၿမိဳ႕ကၽြန္းေတာရပ္ကြက္မွ ျဖစ္သည္ဟု သိရသည္။ လက္ရွိၿပိဳက်သြားသည့္ ေျမစာပုံမွာ ျမန္မာသူရ၊ ယူနတီႏွင့္ ပိုင္ၿဖိဳးသီဟ စေသာ ေက်ာက္စိမ္း တူးေဖာ္သည့္ ကုမၸဏီမ်ား၏ စုေပါင္းစြန္႔ပစ္ ေျမစာပုံႀကီးျဖစ္ၿပီး ေပ ၁၅၀ ခန႔္ နက္တြင္းျဖစ္ေၾကာင္း ဦးေနာင္လတ္ ထံမွ သိရသည္။ https://burmes e.kachinnews.com/2020/04/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

*************

၁၅။     ရခုိင္နဲ႔ ခ်င္းျပည္နယ္တြင္း တုိက္ပဲြေတြရပ္ဖုိ႔ ကုလ ထပ္မံတုိက္တြန္း

April 19, 2020

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြအတြင္း အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA တို႔ၾကားမွာ အရပ္သားေတြ ထိခုိက္ေသေက်ေနရ တဲ့အထိ အရွိန္ျမင့္ေနတဲ့ တိုက္ပြဲေတြ အဆံုးသတ္ၾကဖို႔ ကုလသမဂၢက ေတာင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဗြီအုိေအသတင္းေထာက္ Lisa Schlein ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕ကေန ေပးပို႔ထားတဲ့သတင္းကို မခြာညိဳက တင္ျပေပး ထား ပါတယ္။ လြန္ခဲ့တဲ့ ၂ လအတြင္း ျမန္မာႏုိင္ငံကေန ထြက္ေျပးၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြထဲက ဒါဇင္နဲ႔ခ်ီၿပီး ပင္လယ္ ျပင္မွာ ေသဆုံးခဲ့ၾကရသလုိ ရာနဲ႔ခ်ီၿပီး ေသာင္တင္ေနတဲ့ အျဖစ္ေတြနဲ႔ ႀကံဳေနရခ်ိန္မွာပဲ လက္နက္ကုိင္ ပဋိပကၡေတြလည္း ဆက္လက္ ျဖစ္ပြားေနတာပါ။

ပင္လယ္ျပင္မွာ ေသဆံုးခဲ့ၾကရသူေတြဟာ ျမန္မာစစ္တပ္နဲ႔ ရခုိင္တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔တို႔ၾကားက တုိက္ပြဲေတြနဲ႔ ေတာ့ တုိက္႐ုိက္ ဆက္ႏႊယ္ေနတာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ႏွစ္ေပါင္းမ်ားစြာ လက္နက္ကိုင္ ပုန္ကန္မႈေတြဟာ လူ နည္းစုေတြအေပၚ ခြဲျခားဆက္ဆံမႈနဲ႔ ဖိႏွိပ္မႈေတြကုိ ဆန္႔က်င္ေတာ္လွန္တဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း အကဲခတ္ေတြက ႐ႈျမင္ထား ၾကပါတယ္။ လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ ေကာ္မရွင္နာမင္းႀကီး႐ုံး ေျပာခြင့္ရ Rupert Colville ကေတာ့ လတ္တေလာ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ရခုိင္ျပည္နယ္နဲ႔ အတူ ကပ္လ်က္ ရွိေနတဲ့ ခ်င္းျပည္နယ္မွာပါ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ၊ ခ်င္း၊ ၿမိဳ၊ ဒိုင္းနက္တို႔အျပင္ တျခားအရပ္သားေတြနဲ႔ တုိင္းရင္းသား လူမ်ဳိးစုေတြ ထိခိုက္ေနရတယ္လုိ႔ ေျပာပါတယ္။

ဒါ့အျပင္ အခုလို COVID-19 ကမၻာ့ကပ္ေရာဂါေဘး က်ေရာက္ေနတဲ့အခ်ိန္မွာ တကမၻာလံုးက တုိက္ပြဲမွန္သမွ် ရပ္ထားေပး ၾကဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေမတၱာရပ္ခံခ်က္ကိုလည္း ႏွစ္ဖက္စလံုးက မသိက်ဳိးကၽြံ ျပဳေနခဲ့ၾကေၾကာင္း Colville က ေျပာပါတယ္။ လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကစလုိ႔ ရခုိင္နဲ႔ ခ်င္းျပည္နယ္ က ၿမိဳ႕နယ္ ၉ ခုမွာ အစုိးရက အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားတာဟာလည္း အေျခအေနကုိ ပုိဆုိးေစခဲ့ ေၾကာင္း ေျပာခြင့္ ရ သူက သတိေပးထားပါတယ္။ အင္တာနက္ ဆက္သြယ္မႈေတြ ပိတ္ထားတာကုိ ျမန္မာအစိုးရက ခ်က္ခ်င္း ျပန္ဖြင့္ေပးဖို႔နဲ႔ ပဋိပကၡဒဏ္ကို ခံစားေနၾကရတဲ့ ေဒသေတြမွာ လူသားခ်င္း စာနာမႈ အေထာက္အပံ့ေတြ ေပးႏုိင္ေအာင္ ခြင့္ျပဳဖို႔ လည္း လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးက ေတာင္းဆုိထားပါတယ္။ လိုက္နာေဆာင္ရြက္ဖို႔ ပ်က္ကြက္မယ္ ဆိုရင္ေတာ့ ပဋိပကၡျဖစ္ရာ ေဒသေတြမွာ အရပ္သားေတြ အတိဒုကၡေရာက္ေနတဲ့ အေျခအေန ပိုဆိုးလာမွာျဖစ္သလို အင္မတန္ ဆုိးရြားျပင္းထန္တဲ့ COVID-19 ကပ္ေရာဂါကို တိုက္ဖ်က္ဟန္႔တားရာမွာ အဟန္႔အတား ျဖစ္ေစလိမ့္မယ္လို႔လည္း Mr. Colville က သတိေပးထားပါတယ္။ https://burmese.voanews.com/a/myanmararmyaafightingi  n-rakhine-chin/537857 6.html

***************

၁၆။     ေအေအက အရပ္သားမ်ားကို တိတ္တဆိတ္ ဖမ္းေခၚ၊ စစ္ေဘးေရွာင္အေရး ေဆာင္ရြက္သူမ်ားကိုလည္း ၿခိမ္းေျခာက္ ဟု                    KACC ထုတ္ျပန္

April 17, 2020

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚရွိ အရပ္သားမ်ားကို ေအေအ ရခိုင္လက္နက္ကိုင္အဖြဲ႔က ညဘက္တြင္တိတ္တဆိတ္ ဖမ္းဆီး ေခၚေဆာင္သြားရန္ ႀကိဳးစားအားထုတ္မႈ ရွိခဲ့ေၾကာင္း ခူမီး ခ်င္းမ်ိဳးႏြယ္စုမ်ားေရးရာေပါင္းစပ္ညွွနႏိႈင္းေရးေကာင္စီ(KACC)က ဧၿပီ ၁၆ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။ ယင္းအျပင္ စစ္ေဘးေရွာင္မ်ားအေရး ေဆာင္ရြက္ေပးသူမ်ားကို ၿခိမ္းေျခာက္မႈမ်ား လည္း ရွိေနေၾကာင္လည္း ပါဝင္သည္။

KACC မွ ညွိႏိႈင္းေရးမွဴး ဦေစာျမက “အခု ထုတ္ျပန္ခ်က္ ထုတ္ရတာက ခုလက္ရွိ ေျမျပင္မွာ ျဖစ္ပြားေနတာကို ႏွစ္ဖက္အဖြဲ႔ အစည္းေတြ သိရွိဖို႔၊ အဓိကေတာ့ တာဝန္ရွိေခါင္းေဆာင္ေတြ သိရွိေစဖို႔နဲ႔ အမ်ားျပည္သူ သိရွိဖို႔ ျဖစ္တယ္”ဟု ေျပာသည္။ ပလက္ဝၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ေန ဦးေအာင္ပ၊ ဦးလင္းဗန္တို႔ကို ဧၿပီ ၁၀ ရက္၊ ၿမိဳ႕နယ္စည္ပင္သာေရးေကာ္မတီဝင္ ဦးျမင့္ေမာင္ ကို ဧၿပီ ၁၂ ရက္ေန႔မ်ားတြင္ ေအေအက ဖမ္းဆီးသြားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သက္ဆိုင္ရာ အဖြဲ႔အစည္းအေနျဖင့္ မတရားဖမ္းဆီးထားသူမ်ားအား အျမန္ဆံုးလႊတ္ေပးရန္၊ စစ္ေဘးေရွာင္မ်ားအေရး စာနာ ေထာက္ထားမႈဆိုင္ရာ ပံ့ပိုးျခင္းမ်ားကို ဝိုင္းဝန္းကူညီေပးရန္လည္း လက္နက္ကိုင္ ႏွစ္ဖက္အဖြဲ႕ထံ ေတာင္းဆိုထားသည္။ https://www.bnionline.net/mm/news-72294

*************

၁၇။     COVID-19 ထိန္းခ်ဳပ္ကာကြယ္နိုင္ရန္ ေက်ာက္ျဖဴ ၿမိဳ႕၌ ယာယီေဈးအခ်ိဳ႕ဖြင့္လွစ္ေပး

April 19, 2020

COVID-19 ကူးစက္ျပန္႔ပြားမႈ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔ ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕မေဈးနဲ႔ ရပ္ကြက္ပ်ံက်ေဈးအခ်ိဳ႕ကို ပိတ္သိမ္းၿပီး ယာယီေဈးေတြ ဖြင့္လွစ္ေပးထားတယ္လို႔ သိရပါတယ္။ ဧၿပီ ၁၈ ရက္ေန႔က စတင္ၿပီး ကြင္းျပင္ေတြမွာ ယာယီ ေဈးေတြဖြင့္လွစ္ၿပီး ဆိုင္ေနရာအက်ယ္အဝန္းသတ္မွတ္ကာ ေရာင္းခ်ႏိုင္ေအာင္ စီစဉ္ေပးထားတယ္လို႔ ေက်ာက္ျဖဴ စည္ပင္ သာယာေရး ေကာ္မတီ ဥကၠ႒ ဦးသန္းဝင္က ေျပာပါတယ္။

“COVID-19 ေရာဂါလည္း ျဖစ္လာတဲ့အတြက္ လူေနထူထပ္ၿပီးေတာ့ စုစုေဝးေဝးနဲ႔ မျဖစ္ေစေအာင္ တခုရယ္၊ ေနာက္တခါ လူေတြ ဝယ္တဲ့အခါမွာ ေရာဂါအႏၱရာယ္ကင္းကင္းနဲ႔ ေဈးဝယ္ႏိုင္ေအာင္အတြက္ က်ေနာ္တို႔က သက္ဆိုင္ရာကြင္းေတြမွာ တဆိုင္နဲ႔တဆိုင္ ၆ ေပအကြာ၊ လမ္းဆိုရင္ ၈ ေပအက်ယ္ အကြက္ရိုက္ၿပီးေတာ့ ေရာင္းခ်ႏိုင္ဖို႔အတြက္ စီစဉ္ေပးထားတာ ျဖစ္ပါ တယ္။” ေက်ာက္ျဖဴၿမိဳ႕ေပၚမွာ ယာယီေဈးေနရာ ၃ ေနရာ သတ္မွတ္ကာ အေျခခံစားေသာက္ကုန္ေတြ၊ ဟင္းသီးဟင္းရြက္နဲ႔ သားငါးေတြ ေရာင္းခ်ေပးႏိုင္ဖို႔ အဓိကထားကာလုပ္ေဆာင္ေပးေနတယ္လို႔ ဦးသန္းဝင္း ဆိုပါတယ္။ http://burmese .dvb.no

**************

၁၈။     ရခိုင္စစ္ေရွာင္မ်ား စားနပ္ရိကၡာ အေရးေပၚ လိုအပ္ေန

April 17, 2020

ရခိုင္ျပည္နယ္တြင္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ UNA/AA  တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္႕ခြာ ထြက္ေျပးတိမ္းေရွာင္ေနရ သည့္ စစ္ေရွာင္ဒုကၡသည္မ်ားအတြက္ စားနပ္ရိကၡာမ်ား အေရးေပၚ လိုအပ္ေနသည္ဟု သိရသည္။ မတ္လကုန္အထိ စာရင္း မ်ားအရ ေက်ာက္ေတာ္၊ ရေသ့ေတာင္ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔တြင္ စစ္ေရွာင္ဦးေရ ၃၀,ဝ၀ဝ ခန္႔ တိုးလာၿပီး စားနပ္ရိကၡာ မလံုမ ေလာက္ ျဖစ္ေနရသည္ဟု အရပ္ဘက္အဖြဲ႔အစည္းမ်ားႏွင့္ ေဒသခံမ်ားက ေျပာသည္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုး REC အေထြေထြအတြင္းေရးမွဴး ဦးေဇာ္ေဇာ္ထြန္းက “အခုက ရိကၡာအေနနဲ႔ ကေတာ့ ေလာေလာလတ္လတ္ တိုးလာတဲ့ ဒုကၡသည္ေတြအတြက္ဆိုရင္ အစိုးရက ပံုမွန္ေထာက္ပံ့ေပးေနတဲ့ လူတစ္ဦးကို ၃၀ဝ ႏႈန္း စားနပ္ရိကၡာအတြက္ကလည္း မရရွိၾကေသးဘူး။ ဒါေတြက ေက်ာက္ေတာ္၊ မင္းျပားဘက္မွာရွိတယ္။ ေတာ္ေတာ္ မ်ားမ်ား စခန္းေတြမွာက ICRC (အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီေကာ္မတီ)တိ႔ု ၊ WFP (ကမၻာ့စားနပ္ရိကၡာအစီအစဉ္ )တို႔က ပံုမွန္ ဆန္အပါအဝင္ ပဲတို႔၊ ဆီတို႔ေထာက္ပံ့ေပးတာရွိတယ္။ အခုက်ေတာ့ Covid လည္း ျဖစ္လာေတာ့ အစီအစဉ္ေတြ ေျပာင္းလဲတာတို႔ ျဖစ္လာတာေပါ့ေနာ္၊ ဆိုေတာ့ တခ်ိဳ႕ Camp ေတြဆို ပံုမွန္ ရိကၡာမေရာက္တာမ်ိဳးေတြလည္း ျဖစ္လာပါတယ္” ဟု ေျပာသည္။ ထို႔အျပင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေဒသတြင္း အလွဴရွင္မ်ားကို လမ္းခရီးတြင္ တားဆီးပိတ္ပင္မႈမ်ား၊ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည့္အတြက္ စားနပ္ရိကၡာ အခက္အခဲမ်ား ျဖစ္ေနရသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္ မင္းျပား၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပုဏၰားကြ်န္း၊ ေျမပံု၊ အမ္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ စစ္ေတြႏွင့္ ေပါက္ေတာၿမိဳ႕နယ္မ်ားမွ ေဒသခံျပည္သူမ်ားမွာ စစ္ေဘးလြတ္ရာေနရာမ်ားတြင္ စစ္ေရွာင္ေနၾကသည္။ စစ္ေတြၿမိဳ႕က လူ႔အခြင့္အေရး တက္ၾကြလႈပ္ရွားသူ ကိုခိုင္မ်ိဳးထြန္းကလည္း “အခုျဖစ္စဉ္က ပုဏၰားကြ်န္း ၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာမွာ ျဖစ္တာ။ ဒါေပမယ့္ ရခိုင္ျပည္ တစ္ျပည္လံုးမွာက တျခား ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦးရယ္၊ ေက်ာက္ေတာ္ရယ္၊ မင္းျပားရယ္ေပါ့ေလ။ တစ္ခ်ိဳ႕ဆို အမ္းေတာင္ရွိပါတယ္။ အဲဒီကေနၿပီးေတာ့ လာတဲ့ စစ္ေဘးေရွာင္ေတြ ေတာင္မွ စားဝတ္ေနေရးကို အရမ္းကို ရုန္းကန္ေနရတယ္” ဟု ေျပာသည္။

လက္ရွိစခန္းမ်ားရွိ စစ္ေဘးဒုကၡသည္မ်ားအတြက္ မဆင္မေျပမႈေပါင္း ေျမာက္မ်ားစြာ ရွိသလို ယခုလပိုင္းအတြင္း ထပ္မံတိုး လာသည့္ စစ္ေဘးေရွာင္မ်ားအတြက္ ေနရာထိုင္ခင္းႏွင့္ ေထာက္ပံ့မႈမ်ား လံုးဝ မရွိႏိုင္ေတာ့ဟု ဆိုသည္။ ထို႔ေၾကာင့္ နီးစပ္ရာ တြင္ ႀကံဳသလို တိမ္းေရွာင္ေနသူမ်ား အလြန္မ်ားျပားလာေနၿပီး ယင္းတို႔၏ အခက္အခဲမွာလည္း လြန္စြာစိုးရိမ္ဖြယ္ရာ ျဖစ္လာ ေနသည္ဟု REC က ထုတ္ျပန္ထားသည္။ ရခိုင္ျပည္နယ္တြင္ ေနရပ္စြန္႔ခြာ စစ္ေရွာင္ေနရသူ ဦးေရ တစ္သိန္းခြဲေက်ာ္သြားၿပီ ျဖစ္ၿပီး စစ္ေရွာင္စခန္းျပင္ပ စစ္ေရွာင္ေနရသူမ်ားက ပိုမ်ားေနသည္ဟု စစ္တမ္းမ်ား ေကာက္ခံထားသည့္  REC က ေျပာသည္။ https://www.bnionline.net/mm/news-72282

**************

၁၉။     လမိုင္းၿမိဳ႕လူစုလူေဝးျဖင့္ တိုက္ခိုက္မႈ ၃၉ ဦးအား ဖမ္းဆီးအေရးယူ

April 19, 2020

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕တြင္ အုပ္စုဖြဲ႔ကာ ခိုက္ရန္ျဖစ္ခဲ့သည့္ လူငယ္ ၃၉ ဦးအား ရာဇသတ္ႀကီး ပုဒ္မ ၃၂၆ (ဓါးခုတ္မႈ) ႏွင့္ ရန္ပြဲတြင္ပါဝင္ၿပီး အားေပးကူညီခဲ့သည့္အတြက္ ပုဒ္မ (၁၁၄) ျဖင့္ အေရးယူထားေၾကာင္း ေရးၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ မွဴး ရံုးမွ သိရသည္။

Covid-19 ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရး လုပ္ေဆာင္ေနသည့္ ကာလအတြင္း ဧၿပီ ၁၇ ရက္ေန႔ ညက လမိုင္းၿမိဳ႕တြင္ လူငယ္ မ်ား ဆိုင္ကယ္ ကိုယ္စီျဖင့္ အိမ္မ်ားကို ခဲျဖင့္ေပါက္ျခင္း၊ ဆဲဆိုျခင္းမ်ား ျပဳလုပ္ေနသည့္ ရုပ္သံဖိုင္ တခုလူမူ ကြန္ရက္တြင္ ထြက္ေပၚသျဖင့္ ျပည္သူမ်ားက အေရးယူမွာလားဆိုသည့္ေမးခြန္းမ်ား ထြက္ေပၚလာခဲ့သည္။ ေရးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးရံုးရဲမွဴး သိန္းေဇာ္ က “သမီးရည္းစားလုရင္း ရန္ျဖစ္ၾကတာ။ ခု ၃၉ ေယာက္ကို စခန္းမွာပဲ ဖမ္းထားတယ္။ ဓါးခုတ္ခံရတဲ့ တေယာက္က တရားလိုလုပ္ၿပီး ဥပေဒေၾကာင္းအရ ရုန္းရင္းဆန္ခတ္ ျဖစ္တဲ့အတြက္ ရာဇသတ္ႀကီးဥပေဒနဲ႔ အေရးယူထားပါတယ္။ ခုဖမ္းထားတဲ့ အထဲမွာ ၁၆ ႏွစ္ေအာက္ ကေလးေတြလည္း ပါတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

Covid-19 ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး ကာလအတြင္း သက္ဆိုင္ရာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားက လူစုလူေဝး ျဖစ္ေစေသာ ပြဲေတာ္အခမ္းအနားစသည့္ မျပဳလုပ္ရသလို ယခုကဲ့သို႔ လူအမ်ားစုဖြဲ႔ၿပီးလည္း သြားလာျခင္း မျပဳလုပ္ရပါဆိုသည့္ ေဒသႏၱရ အမိန္႔ ထုတ္ျပန္ထားသည္။ ထိုအမိန္႔ကို ခ်ိဳးေဖာက္ပါက တည္ဆဲဥပေဒမ်ားျဖင့္ အေရးယူမည္ဟု ပါရွိၿပီး ၎တို႔ကို Covid-19 ကာလအတြင္း ေဒသႏၱရအမိန္႕ကို ခ်ိဳးေဖာက္ျခင္းျဖစ္သျဖင့္ အေရးယူရန္ကိစၥက အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ က်န္းမာေရး ဌာန၏ တာဝန္သာျဖစ္သည္ဟု ရဲမွဴး သိန္းေဇာ္က ဆိုသည္။

ဧၿပီလ ၁၇ ရက္ေန႔က လမိုင္းၿမိဳ႕ရွိ လူငယ္မ်ားႏွင့္ ေသာင္ျပင္ေက်းရြာ လူငယ္မ်ားသည္ စကားမ်ားရာမွ ေသာင္ျပင္ေက်းရြာမွ လူငယ္မ်ားက လမိုင္းၿမိဳ႕ကို လိုက္လာခဲ့သျဖင့္ လမိုင္းနယ္ေျမ ရဲစခန္းႏွင့္ သက္ဆိုင္ရာ ရပ္ကြက္တာဝန္ရွိသူမ်ားက ခိုက္ရန္ ျဖစ္ပြားမႈမရွိေစရန္အတြက္ တားဆီးခဲ့ၿပီး ေသာင္ျပင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားခဲ့သည္။ ေရးၿမိဳ႕နယ္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးမ်ိဳးဝင္း က “လမိုင္းက ေကာင္မေလးကိစၥေပါ့။ ဟိုဘက္ရြာနဲ႔ ဒီဘက္ရြာ စကားမ်ားၾက တာ။ စကားမ်ားတဲ့သူက သူတို႔အေဖာ္ေတြကို ေခၚလာၿပီးေတာ့ လာဝင္ရမ္းတဲ့ပံုစံ” ဟု ေျပာသည္။

ေရးၿမိဳ႕နယ္အတြင္းတြင္ ေရးၿမိဳ႕နယ္အပါအဝင္ လမိုင္းၿမိဳ႕နယ္ႏွင့္ ေခါစာၿမိဳ႕နယ္ဆိုၿပီး ၿမိဳ႕နယ္ ၃ ခုရွိသလို ရပ္ေက်း ၄၄ ခုရွိကာ လူဦးေရ ၂ သိန္း ၈ ေသာင္းခန္႔ရွိေၾကာင္း၊ လက္ရွိေရးၿမိဳ႕နယ္တြင္ Quarantine ဝင္ေနသူ ၁၀ဝ ေက်ာ္ခန္႔ရွိသည္ဟု သိရသည္။ https://burma.irrawaddy.com/news/2020/04/19/220800.html

**************

၂၀။     ကယားျပည္နယ္ မွ ေနရပ္ျပန္ ကုမၸဏီ ဝန္ထမ္း ၊ အလုပ္သမားမ်ား လုပ္ငန္းခြင္ ျပန္ဝင္ေရာက္ျခင္းမျပဳမီ Facility                           Quarantine ဝင္ေရာက္ရန္ ျပည္နယ္အစိုးရအဖြဲ႔က ကုမၸဏီမ်ားထံ အေၾကာင္းၾကား

April 19, 2020

ကယားျပည္နယ္ မွေနရပ္ျပန္ ကုမၸဏီဝန္ထမ္း အလုပ္သမားမ်ား လုပ္ငန္းခြင္ ဝင္ေရာက္ျခင္းမျပဳမီ Community Based Facility Quarantine ဝင္ေရာက္ရန္ ယေန႔( ဧၿပီ ၁၉ ရက္)တြင္ ကယားျပည္နယ္အစိုးရရံုးက ကုမၸဏီမ်ားထံ အေၾကာင္း ၾကားစာေပးပို႕ထားေၾကာင္း သိရသည္။

အဆိုပါစာတြင္ ျပည္နယ္အတြင္း တည္ေဆာက္ေရး လုပ္ငန္းမ်ားအပါအဝင္ လုပ္ငန္းမ်ားေဆာင္ရြက္ၾကေသာ ကုမၸဏီ အသီးသီး၏ ဝန္ထမ္းမ်ား ၊ အလုပ္သမားမ်ားသည္ မဟာသႀကၤန္ ကာလအတြင္း ေနရပ္အသီးသီးသို႔ ျပန္လည္ ထြက္ခြာ ခဲ့ၾကၿပီးေနာက္ သက္ဆိုင္ရာ လုပ္ငန္းခြင္မ်ားသို႔ ျပန္လည္ဝင္ေရာက္ျကမည္ျဖစ္ရာ COVID-19 ေရာဂါ ကူးစက္ျပန္႔ႏွံ႔မႈ မရွိေရး အတြက္ သတ္မွတ္ေနရာမ်ားတြင္ Community Based Facility Quarantine (၂၁)ရက္ ထားရွိေဆာင္ရြက္ရမည္ျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ သတ္မွတ္ေနရာမ်ားတြင္ ၂၁ ရက္ၾကာ Community Based Facility Quarantine ထားရွိၿပီး က်န္းမာေရး ေစာင့္ ၾကပ္စစ္ေဆးမႈ ခံယူေရးအတြက္ ခရိုင္၊ ၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တံု႔ျပန္ေရးေကာ္မတီ အုပ္ခ်ဳပ္ေရးဌာန၊ ျပည္သူ႕ေဆးရံုႏွင့္ က်န္းမာေရးဌာနမ်ားသို႔ အခ်ိန္ႏွင့္တေျပးညီ သတင္းပို႔ဆက္သြယ္ေဆာင္ရြက္ေစေရး အေလးထားၾကပ္မတ္ေဆာင္ရြက္ရန္ ကယားျပည္နယ္အစိုးရ၏ အေၾကာင္းျကားစာတြင္ပါရွိသည္။ https://news-eleven.com/article /169728

*************

၂၁။     ေရာဂါကူးစက္မႈမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္လုပ္ေဆာင္ျခင္းသည္ လူသားတိုင္းတာဝန္ရွိဟု KNU ေျပာ

April 20, 2020

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္တြင္ KNU -ကရင္အမ်ဳိးသားအစည္းအ႐ုံး တပ္မဟာ ၁ တာဝန္ရွိသူမ်ားမွ COVID-19 ေရာဂါ ကာကြယ္ေရးလုပ္ငန္းလုပ္ေဆာင္မႈႏွင့္ပတ္သက္ၿပီး ကရင္ျပည္နယ္ လုံၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးက ကန္႔ကြက္စာ မေပးပုိ႔သင့္ဘဲ ေရာဂါကူးစက္မႈ ကာကြယ္လုပ္ေဆာင္ျခင္းသည္ လူသားတုိင္းတာဝန္ရွိသည္ဟု KNU က ျပန္လည္ တုန္႔ျပန္ ေျပာဆုိခဲ့သည္။

လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမ်ိဳးမင္းေနာင္၏ ဧၿပီလ ၁၇ ရက္ေန႔ရက္စဲြပါ ကန္႔ကြက္စာအရ KNU တပ္မဟာ ၁ တပ္ရင္း (၂) မွ တပ္ရင္းမွဴးအဆင့္ရွိသူ ေစာခ်စ္သူႏွင့္ ၎ဦးစီးအင္အား ၇ ဦးသည္ COVID-19 ေရာဂါႏွင့္ ပတ္သက္ၿပီး ျဖတ္ သန္းသြားလာသူမ်ားကို အပူခ်ိန္တိုင္းတာျခင္းႏွင့္ လိုအပ္ေသာ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္လ်က္ရွိၿပီး နယ္ေျမအတြင္း အခ်ိန္ ကန္႔သတ္ခရီးသြားလာေစျခင္းႏွင့္ လူစုလူေဝးျဖစ္ေစႏိုင္မႈမ်ားကို မျပဳလုပ္ၾကရန္ အသိေပး ရည္ၫႊန္းစာအေပၚ NCA အပစ္ရပ္ စာခ်ဳပ္အတိုင္း နယ္ဘက္အုပ္ခ်ဳပ္ေရးဆုိင္ရာကိစၥရပ္မ်ားတြင္ ဝင္ေရာက္စြက္ဖက္မႈမ်ား မျပဳလုပ္ရန္ႏွင့္ တပ္ဖြဲ႔ဝင္မ်ား အား ထိန္း သိမ္းၾကပ္မတ္ေပးရန္ ေဖာ္ျပထားသည္။

နယ္လုံ၏ ကန္႔ကြက္စာႏွင့္ပတ္သက္၍ KNU ဗဟိုမွ အေထြေထြအတြင္းေရးမွဴး -၂ ပဒိုေစာလွထြန္းက “ တစ္မ်ိဳးသားလုံးနဲ႔ ဆုိင္တဲ့ ေရာဂါလုံၿခဳံေရးအဆင့္အေနနဲ႔ သတ္မွတ္ထားတယ္။ တကမာၻလုံးက ေရာဂါပိုးမျပန္႔ေအာင္ ႀကိဳးစားေဆာင္ရြက္ေနတဲ့ အခ်ိန္မွာ အတူ တကြ ပူးေပါင္းေဆာင္ရြက္ရမယ့္အစား အစိုးရက ခုလိုကန္႔ကြက္တာေတာ့ စိတ္မေကာင္းျဖစ္ရပါတယ္” ဟု ေကအိုင္စီသို႔ ေျပာသည္။

ျမန္မာႏုိင္ငံ အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာန၏ ဧၿပီလ ၁၉ ရက္ေန႔ ည ၁၁း၁၅ အခ်ိန္ ထုတ္ျပန္ခ်က္အရ တုိင္းေဒသႀကီး ႏွင့္ ျပည္နယ္မ်ားတြင္ COVID-19 ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံထားရသူ ၁၁၁ ဦးရွိၿပီးျဖစ္သည္။ Covid -19 ေရာ ဂါကာ ကြယ္ထိန္းခ်ဳပ္ ေဆာင္ရြက္ႏိုင္ေရးအတြက္ အစိုးရႏွင့္ သက္ဆုိင္ရာ တုိင္းရင္းသားလက္နက္ကုိင္ အဖဲြ႔အစည္းမ်ားကလည္း လိုက္နာရန္ စည္းကမ္းခ်က္မ်ား အသီးသီးထုတ္ျပန္ထားမႈမ်ားလည္းရွိသည္။ http://kicnews.org/2020/04/%e  1%80%b1%e1%80%9b%e1%80%ac%e1%8 0%82%e1%80%ab%e1%80

**************

၂၂။     တာခ်ီလိတ္ေဆးရံု က်န္းမာေရးဝန္ထမ္း ၂၀ ေက်ာ္ သံသယလူနာ သတ္မွတ္ခံရ

April 19, 2020

သွ်မ္းျပည္ အေရွ႕ပိုင္း တာခ်ီလိတ္ေဆးရံုတြင္ တာဝန္ထမ္းေဆာင္သည့္ က်န္းမာေရးဝန္ထမ္း ၂၀ ေက်ာ္ တို႔ သံသယလူနာ အျဖစ္သတ္မွတ္ခံရေၾကာင္း သတင္းရရွိသည္။ ယမန္ေန႕ တြင္ ကိုဗစ္-၁၉ လူနာ အမွတ္ ၉၆ သည္ ခြဲစိတ္ အထူးကုဆရာဝန္ တဦးျဖစ္ၿပီး၊ ထိုသူသည္ ကိုဗစ္-၁၉ လူနာ အမွတ္ ၄၇ ႏွင့္ထိေတြ႔ခဲ့သူျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ အရသိရသည္။ “Case 96 နဲ႔ ဆက္စပ္တဲ့ သူေတြေဆးရံုမွာ အားလံုးေပါင္း ၂၁ ေယာက္ ရွိတယ္။ ဆရာဝန္ က ၁၀ ေယာက္ပါတယ္။ ေလာေလာဆယ္ ေဆးရံုမွာ ဆရာဝန္ ၂ ေယာက္ပဲ လြတ္တယ္။ လူနာကေတာ့ ဒီေန႔ က်ိဳင္းတံုေဆးရံုကို ေခၚသြားလိုက္ၿပီ” ဟု သွ်မ္းျပည္ အစိုးရအဖြဲ႔ဝင္ လူမႈေရး ဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္သို႔ ေျပာသည္။

လက္ရွိမွာ တာခ်ီလိတ္ ေဆးရံုအုပ္ႀကီးအပါအဝင္ က်န္းမာေရးဝန္ထမ္း ၂၁ ဦး Quarantine ျပဳလုပ္ထားသျဖင့္ တာခ်ီလိတ္ ေဆးရံု အားျဖည့္ရန္ အတြက္ မႏၱေလး မွ သမားေတာ္တဦး ႏွင့္ ေမ့ေဆးအထူးကု ဆရာဝန္ တဦး၊ က်ိဳင္းတံုျပည္သူ႕ေဆးရံု မွ သားဖြားမီးယပ္ အထူးကု တဦး လာေရာက္ အားျဖည့္ထားေၾကာင္း ေဒါက္တာမ်ိဳးထြန္း ကဆိုသည္။ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးႏွင့္ ညွိႏိႈင္းကာ တပ္မေတာ္ေဆးဘက္မွ အထူးကု ဆရာဝန္ ၂ ဦး၊ လက္ေထာက္ဆရာဝန္ ၄ ဦး ႏွင့္ သူနာျပဳ ၆ ဦး လာေရာက္ အားျဖည့္ေပးေၾကာင္း ေဒါက္တာမ်ိဳးထြန္း ကဆက္လက္ေျပာသည္။

လူနာ အမွတ္ ၉၆ သည္ ရန္ကုန္ေဆးရံုတြင္ တာဝန္ထမ္းေဆာင္သည့္ ခြဲစိတ္ဆရာဝန္ႀကီး တဦးျဖစ္ၿပီး၊ သူ၏ အမ်ိဳးသမီးသည့္ တာခ်ီလိတ္ေဆးရံုက သားဖြားမီးယပ္ ဆရာဝန္ျဖစ္ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လူနာ အမွတ္ ၉၆ သည္ ဧၿပီ ၆ ရက္ တြင္ မိသားစုႏွင့္ ေတြ႔ဆံုရန္ ႏွင့္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီး၊ ဧၿပီ ၆ ရက္မွ ၁၀ ရက္ထိ တာခ်ီလိတ္ ေဆးရံုအုပ္ႀကီးႏွင့္ အထူးကု ဆရာဝန္မ်ားႏွင့္ အလုပ္ကိစၥ ေဆြးေႏြးခဲ့ေသးေၾကာင္း သိရသည္။ https://burmese.shannews.org/arc hives/16195

**************

၂၃။     ေမာ္လၿမိဳင္ၿမိဳ႕ရွိ တီဘီေရာဂါဓာတ္ခြဲခန္းအား COVID- 19 ေရာဂါပိုး စစ္ေဆးနိုင္သည့္ ဓာတ္ခြဲခန္းအျဖစ္ အသံုးျပဳႏိုင္ ရန္                 လိုအပ္ေသာ ပစၥည္းစာရင္းအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံ တင္ျပထား

             April 20, 2020

ေမာ္လၿမိဳင္ၿမိဳ႕၊ ဘိုကုန္းရပ္ကြက္၊ သံလြင္ဥယ်ာဉ္ဇုန္ (၅) ရွိ Bio Saving Level – 3 အဆင့္ရွိ တီဘီေရာဂါ ဓာတ္ခြဲခန္းအား COVID- 19 ကူးစက္ကပ္ေရာဂါပိုး စစ္ေဆးႏိုင္သည့္ ဓာတ္ခြဲခန္းအျဖစ္ အသံုးျပဳႏိုင္ရန္ လိုအပ္ေသာ ပစၥည္းစာရင္းအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံ တင္ျပထားေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံမွ သိရသည္။

အဆိုပါ ဓာတ္ခြဲခန္းအား ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ COVID-19 ကူးစက္ကပ္ေရာဂါပိုးအား စစ္ေဆးႏိုင္ရန္ လုပ္ေဆာင္ခ်င္ေၾကာင္း၊ လိုအပ္မည့္ ပစၥည္းစာရင္းကိုျပဳစုၿပီး က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနထံ တင္ျပေတာင္းခံထားေၾကာင္း၊ ပစၥည္းမ်ား ေပးပို႔ မည္ဆိုပါကလည္း အနည္းဆံုး တစ္လခန္႔ ၾကာဦးမည္ျဖစ္ေၾကာင္း၊ ပစၥည္းမ်ားရရွိခဲ့ပါကလည္း ဓာတ္ခြဲစမ္းသပ္မည့္ ဝန္ထမ္းလို  အပ္ခ်က္ အခက္အခဲရွိဦးမည္ျဖစ္ေၾကာင္း မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဦးစီးမွဴး ေဒါက္တာထြန္းေအာင္ၾကည္က ေျပာၾကားသည္။ “ရခဲ့မယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့။ အခုရန္ကုန္မွာရွိေနတဲ့ NHL ကဘဲ ရေသးတာေလ။ မႏၱေလးမွာရွိတဲ့ Lab ေတာင္မရေသးဘူး။ မႏၱေလးမွာလည္းလုပ္ဖို႔ ႀကိဳးစားေနတယ္လို႔သိရပါတယ္။ ကြ်န္ေတာ္တို႔မွာက တီဘီေရာဂါအတြက္ လုပ္ထားတဲ့ Lab ရွိေနေတာ့ ဒီ Coronavirus စစ္ႏိုင္ေအာင္ ပစၥည္းေတြ ထပ္ထည့္ရမယ္ဆိုတာကလည္း စာရင္းေတြ ျပဳစုၿပီး တင္ျပထားတုန္းရွိပါတယ္။ ျဖစ္လာမယ္။ မျဖစ္လာဘူးဆိုတာကိုေတာ့ ဘာမွမေျပာလိုေသးပါဘူး” ဟု ေဒါက္တာ ထြန္းေအာင္ၾကည္က ေျပာၾကားသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး လာေရာက္ခဲ့စဉ္က လက္ရွိဓာတ္ခြဲခန္းထဲရွိ ပစၥည္းမ်ားႏွင့္ COVID- 19 ကူးစက္ေရာဂါပိုး စစ္ေဆးႏိုင္ရန္အတြက္ လိုအပ္သည့္ ပစၥည္းစာရင္းျပဳစုၿပီး ျပည္ေထာင္စုဝန္ႀကီးထံ ျပန္လည္တင္ျပေပးရန္ လမ္းညြန္ၾကားသြား သည့္အတြက္ ဧၿပီလ (၁၆) ရက္က ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လာၿပီး ေမာ္လၿမိဳင္ေဆးရံုအုပ္ႀကီး၊ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ တာဝန္ရွိသူမ်ား အားလံုးအစည္းအေဝးေခၚယူကာ ဓါတ္ခြဲခန္းအတြက္ လိုအပ္သည့္ပစၥည္းစာရင္းကို ျပည္ေထာင္စု ကို ျပန္တင္ျပထားပါေၾကာင္း ေဒါက္တာထြန္းဦးက ဆိုသည္။

လက္ရွိတြင္ မြန္ျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္အသီးသီးမွ ေစာင့္ၾကည့္လူနာ (PUI) မ်ား ႏွင့္ Quarantine မ်ား၌ ေစာင့္ၾကည့္ခံ ေနသူမ်ား၏ Nasopharyngeal Swab ႏွင့္ Oropharyngeal Swab နမူနာအား ရယူ၍ ျပည္နယ္ျပည္သူ႕က်န္းမာေရး ဦးစီးဌာနရံုးမွတဆင့္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားဓာတ္ခြဲခန္းဌာနသို႔ ေန႔စဉ္ ေပးပို႔စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။ https:// news-eleven.com/article/169843

**************

၂၄။     ပလက္ဝၿမိဳ႕ကို ရိကၡာဆက္ပို႔မယ္လို႔ အစိုးရနဲ႔ တပ္မေတာ္ ေျပာ

April 20, 2020

ၿပီးခဲ့တဲ့ မတ္လဆန္းပိုင္းကစလို႔ ဆန္ရိကၡာျပတ္လပ္ေနတဲ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕ေပၚကို မေန႔က ဆန္အိတ္ ၈၀ဝ ေက်ာ္ ပထမဆံုး ေရာက္ရွိသြားၿပီး ဒီပမာဏဟာၿမိဳ႕ေပၚက လူဦးေရ တစ္ေသာင္းေက်ာ္အတြက္ တစ္ပတ္စာ ဖူလံုသြားပါတယ္။ ေနာက္ပိုင္းမွာလည္း သံုးလစာေလာက္ ဆန္ဆက္လက္ေထာက္ပံ့ေပးႏိုင္ေရး စီစဉ္သြားမယ္လို႔ တပ္မေတာ္နဲ႔ အစိုးရ တာဝန္ ရွိသူေတြက ေျပာပါတယ္။

ဆက္သြယ္ေရး အခက္အခဲေၾကာင့္ ဆန္ေတြကို ခြဲေဝေပးတဲ့ အေသးစိတ္အေျခအေနကိုေတာ့ မသိရေသးဘူးလို႔ ဝန္ႀကီးက ေျပာပါတယ္။ ျပည္ေထာင္စုအစိုးရအဖြဲ႔၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ပလက္ဝ ၿမိဳ႕နယ္အတြက္ သံုးလစာ ေထာက္ပံ့ေပးထားတဲ့ ဆန္အိတ္ ၆၀ဝ၀ ခန္႔ စစ္ေတြၿမိဳ႕မွာ ရွိေနၿပီး၊ အလွဴရွင္ေတြ လွဴဒါန္းထားတဲ့ ဆန္အိတ္ ၃၃၀ဝ ေလာက္ ဆမီးၿမိဳ႕မွာ ရွိေနပါတယ္။ တိုက္ပြဲေတြနဲ႔ နယ္ေျမလံုၿခံဳေရး အေျခအေနအရ ပလက္ဝၿမိဳ႕ေပၚကို ဆန္အိတ္ေတြ လြယ္လင့္တကူ မပို႔ႏိုင္ဘဲ ျဖစ္ေနတာပါ။ လတ္တေလာမွာ ဆမီးနဲ႔ ပလက္ဝၿမိဳ႕ၾကားမွာ တိုက္ပြဲေတြရွိေနၿပီး ကားလမ္းေၾကာင္း ရွင္းမယ္ဆိုရင္ေတာ့ ဆန္ေတြ ဆက္ပို႔ႏိုင္မွာပါ။

တပ္မေတာ္က လံုၿခံဳေရးေပးလို႔ ပထမဆံုးအႀကိမ္ပို႔တဲ့ ဒီတစ္ေခါက္မွာေတာ့ ကား ၁၁ စီးနဲ႔ ဆန္အိတ္ ၈၅၀ တင္ပို႔ခဲ့ပါတယ္။ ဒါေပမဲ့ ကားတစ္စီးကပ်က္လို႔ ဆန္အိတ္ ၅၀ ဆမီးမွာ က်န္ခဲ့ပါတယ္။ တပ္မေတာ္က လမ္းလံုၿခံဳေရးရယူၿပီး ပို႔ေဆာင္တာ ျဖစ္ေၾကာင္းနဲ႔ ဆက္လက္ပို႔မယ့္ အစီအစဉ္ေတြရွိတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။ အခုလို ကိုရိုနာဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ေနခ်ိန္မွာ တိုက္ပြဲေတြကို ရပ္ဆိုင္းထားဖို႔ အရပ္ဖက္ အဖြဲ႔ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တိုက္တြန္းေတာင္းဆိုမႈေတြရွိေနပါတယ္။ https://www.rfa.org/bur mese/news/paletwa-refugees-donate-04202020042055.ht

***************

၂၅။     သွ်မ္းျပည္အတြက္ COVID-19 စစ္ေဆးသည့္ စက္ ၂ လံုး ေရာက္ရွိေတာ့မည္

April 20, 2020

သွ်မ္းျပည္အတြင္း COVID-19 ေရာဂါ စစ္ေဆးႏိုင္ရန္အတြက္ စက္ ၂ လံုး မၾကာမီ ေရာက္ရွိလာမည္ ဟု သွ်မ္းျပည္ အစိုးရ အဖြဲ႔ မွစံုစမ္းသိရသည္။ အဆိုပါ စက္ ၂ လံုးကို လွဴဒါန္းမည့္ အလွဴရွင္ရွိထားၿပီးျဖစ္ေၾကာင္း၊ သွ်မ္းျပည္အတြင္းရွိ ေဆးရံုႀကီး ၂ ခု ျဖစ္သည့္ သွ်မ္းေျမာက္ လားရိႈးျပည္သူ႕ေဆးရံု ႏွင့္ သွ်မ္းေတာင္ ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆးရံုတြင္ ထားရွိသြားမည္ ဟု သွ်မ္းျပည္နယ္အစိုးရေျပာခြင့္ရ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးညြန္႔လြင္ ကေျပာသည္။ “သွ်မ္းျပည္နယ္အတြက္ သတင္း ေကာင္းတစ္ခုကေတာ့ COVID-19 နဲ႔ပတ္သက္ၿပီးေတာ့ စမ္းသပ္ေရးစက္ ၂ စံု လွဴဒါန္းဖို႔ ကမ္းလွမ္းထားပါတယ္။ တစ္စံုကို သိန္း ၄၀ဝ၀ ပတ္ဝန္းက်င္ ရွိပါတယ္။ အဲ့ဒီစက္ေတြကို က်ေနာ္တို႔ သွ်မ္းျပည္ကို လာေရာက္လွဴဒါန္းထားပါတယ္။”ဟု ဦးစိုးညြန္႕လြင္ ကေျပာသည္။

ငါးပါးသီလ ဘုရားစာသင္ေက်ာင္းသားေဟာင္းမ်ားမွ လားရိႈးျပည္သူ႕ေဆးရံုႀကီးအတြက္ COVID-19 ဓါတ္ခြဲစမ္းသပ္သည့္စက္ ၁ စံု လွဴဒါန္းမည္ျဖစ္ၿပီး ၊မဟာယန ယူနန္ ဗုဒၶဘာသာ ရန္ပံုေငြ ရွာေဖြေရးေကာ္မတီမွလည္း ေတာင္ႀကီး စဝ္စံထြန္းေဆးရံု အတြက္ အဆိုပါစက္မ်ိဳး ၁ စံု လွဴဒါန္း သြားမည္ျဖစ္ေၾကာင္း သိရသည္။ “လွဴဒါန္းတဲ့ခါမွာ လက္ခံဖို႔ မခံဖို႔က က်ေနာ္တို႔က ျပည္ေထာင္စု က်န္းမာေရးဝန္ႀကီးဌာနကို လမ္းညြန္မႈ ခံယူထားၿပီး ျဖစ္ပါတယ္။ သူတို႕ကေန ခြင့္ျပဳလိုက္တာနဲ႔ တစ္ၿပိဳင္တည္း ၂၂ ရက္ေန႔မွာ ယူနန္ကေန မႏၱေလး ကိုေရာက္မယ္လို႔ ေျပာပါတယ္”ဟု ဦးစိုးညြန္႔လြင္ ကေျပာသည္။

“ဓာတ္ခြဲနမူနာေတြကို ကေမာၻဇေလေၾကာင္းလိုင္းနဲ႕ ပို႔ၾကတယ္။ ေလေၾကာင္းက အခုလ ဆိုရင္ ၂၃ ရက္နဲ႕ ၂၉ ရက္ပဲ ေျပးဆြဲမယ္ဆိုေတာ့ ကိုဗစ္ ဓာတ္ခြဲနမူနာေတြ ဘယ္လို ပို႕ၾကမယ္ဆိုတာေတာ့ မသိေတာ့ဘူး” ဟု တာခ်ီလိတ္ၿမိဳ႕ရွိ ကေမာၻဇ ေလေၾကာင္းလိုင္း အေရာင္းကိုယ္စားလွယ္တဦးကေျပာသည္။ https://burmese.shannews.org/archives/1620

*************

၂၆။     စစ္ေတြကို ေလယာဉ္  နဲ႔ ေရာက္လာသူေတြထဲက ႏွစ္ဦးကို ေစာင့္ၾကည့္ေန

April 20, 2020

ရန္ကုန္ကေန  စစ္ေတြေလဆိပ္ကို အဲကေမာၻဇေလေၾကာင္းလိုင္းနဲ႔ ဧၿပီ ၁၉ ရက္ေန႔ မေန႔က ေရာက္ရွိလာတဲ့ ခရီးသည္ ၆၅ ဦး မွာ ႏွစ္ဦးကိုသာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ သီးသန္႔ေနထိုင္ဖို႔ ျပည္နယ္အစိုးရက ကန္႔သတ္ေစာင့္ၾကည့္ထား ပါတယ္။ ေဒသခံတခ်ိဳ႕ကေတာ့ ႏွစ္ဦးတည္းကို ေစာင့္ၾကည့္ရံုနဲ႔ လံုေလာက္မႈ မရွိဘူးလို႔ ယူဆပါတယ္။ အဲကေမာၻဇ ေလေၾကာင္းနဲ႔ လိုက္ပါလာတဲ့ ၆၅ ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈမ်ားျပားတဲ့ ရန္ကုန္ အင္းစိန္ၿမိဳ႕နယ္က ႏွစ္ဦး ပါဝင္ပါတယ္။ သူတို႔ႏွစ္ဦးကိုသာ ကန္႔သတ္ေစာင့္ၾကည့္ထားၿပီး က်န္တဲ့သူေတြကို ေနအိမ္မွာ ကန္႔သတ္ေစာင့္ၾကည့္ဖို႔ အစိုးရက ညႊန္ၾကားထားတယ္လို႔ စစ္ေတြၿမိဳ႕ အရပ္ဖက္အဖြဲ႔က ကိုထြန္းလင္းေအာင္က ေျပာပါတယ္။

“စစ္ေတြရယ္၊ ပု႑ားကြ်န္းရယ္၊ ေပါက္ေတာရယ္ သံုးခု ပု႑ားကြ်န္းကိုေတာ့ ကားနဲ႔ပို႔တယ္။ ေပါက္ေတာ မေန႔က တစ္ခါ တည္းပို႔တယ္၊ အစိုးရအစီအစဉ္ နဲ႔ ကားနဲ႔ပို႔တယ္။ စစ္ေတြက အင္းစိန္ကလာတဲ့ အမ်ိဳးသမီး ႏွစ္ေယာက္ကိုေတာ့ ကြာရန္တင္း ထားတယ္။ က်န္တဲ့သူေတြကိုေတာ့ ဟုမ္းကြာရန္တင္းထားဖို႔ ညႊန္ၾကားထားတယ္”ဧၿပီ ၁၉ ရက္ေန႔ မေန႔က ခရီးသည္တင္ ေလယာဉ္ တစ္စီးနဲ႔  ကုန္ပစၥည္းေတြ တင္ေဆာင္လာတဲ့ တပ္မေတာ္ ေလယာဉ္ ႏွစ္စီး ဆင္းသက္ခဲ့ပါတယ္။ ေလဆိပ္မွာ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြက အဓိက စစ္ေဆးၾကတာလို႔ စစ္ေတြေလဆိပ္ တာဝန္ရွိသူ ဦးေက်ာ္စိုးက ေျပာပါတယ္။

စစ္ေတြၿမိဳ႕နယ္မွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ကူညီေဆာင္ရြက္ေနတဲ့ အရပ္ဖက္အဖြဲ႔က ကိုထြန္းလင္းေအာင္က အင္းစိန္ က ႏွစ္ဦးထဲကို ကန္႔သတ္ေစာင့္ၾကည့္ရံုနဲ႔ လံုေလာက္မႈ မရွိနိုင္ဘူးလို႔ ေထာက္ျပပါတယ္။ “ႏွစ္ေယာက္တည္းထားတာေတာ့ ေဆ့ပ္ျဖစ္မယ္မထင္ဘူး၊ ေလယာဉ္ေပၚမွာလည္း တစ္စီးတည္းအတူတူစီးလာခဲ့ၿပီးၿပီ တစ္စီးလံုးကို တူတူပဲ ကြာရန္တင္း ထားေစခ်င္တယ္”စစ္ေတြၿမိဳ႕နယ္မွာ သံသယ လူနာတစ္ဦးရွိၿပီး ေဆးစစ္ဖို႔ ရန္ကုန္ကို ေပးပို႔ထားပါတယ္။ ရခိုင္ျပည္နယ္မွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ေစာင့္ၾကည္လူနာ စုစုေပါင္း ၃၆ ဦး ရွိေနၿပီျဖစ္ပါတယ္။ https://www.rfa.org/burmese/news/twopassengersarrivedinsittwequarantine04202 020052 728.html

***************

၂၇။     လူနာအမွတ္စဥ္ ၈၂ ျဖင့္ဆက္စပ္ေသာ ကခ်င္ျပည္နယ္မွ ေစာင့္ၾကည့္လူနာ ၈ ဦးအနက္ ၄ ဦးကို စစ္ေဆးရာ ပိုးမေတြ႕

April 20, 2020

Covid-19 ပိုးေတြ႕ရွိ လူနာအမွတ္စဥ္ ၈၂ ႏွင့္ ထိစပ္ခဲ့ၾကသည့္ ကခ်င္ျပည္နယ္မွ ေစာင့္ၾကည့္ခံထားသူ ၈ဦးအနက္ ၄ ဦးအား ဓါတ္ခြဲစစ္ေဆးၿပီးျဖစ္ရာ ပိုးမေတြ႕ေၾကာင္း ကခ်င္ျပည္နယ္က်န္းမာေရးဦးစီးဌာနမွ သိရသည္။ လူနာအမွတ္ ၈၂ ျဖင့္ ေလယာဥ္ အတူးစီးခဲ့ၾကသူမ်ားသည္ ျမစ္ႀကီးနားၿမိဳ႕တြင္ ၅ ဦး၊ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ ၁ဦး၊ ဖားကန႔္ၿမိဳ႕နယ္တြင္ ၂ ဦး စုစုေပါင္း ၈ ဦးအနက္ ၄ ဦးအား စစ္ေဆးၿပီးျဖစ္ေၾကာင္း ကခ်င္ျပည္နယ္က်န္းမာေရးဦးစီးဌာနမွ က်န္းမာေရးမွဴး ေဒါက္တာေနာ္ရဲွယ္တာ ေျပာသည္။

“အဲဒီ Case လူနာအမွတ္ ၈၂ နဲ႔ထိစပ္ခဲ့တာ ၈ ေယာက္ရွိတဲ့ထဲမွာ ၄ ေယာက္ကိုေတာ့ စစ္ၿပီးၿပီ။ သၾကၤန္ကာလအတြင္း စစ္ေဆးၿပီးျဖစ္တယ္။ အားလုံးက Nagative ျဖစ္တယ္။ က်န္တဲ့ ၄ ေယာက္ကိုေတာ့ သန္ဘက္ခါေလာက္ပို႔ဖို႔ စီစဥ္ေနပါ တယ္။” ဟု က်န္းမာေရးမွဴး ေဒါက္တာေနာ္ရဲွယ္တာ ေျပာသည္။ ကခ်င္ျပည္နယ္တြင္ လက္ရွိ Home Quarantine ၁၉၁၂ ဦး၊ Facility Quarantine ၂၇၆၇ ဦးရွိၿပီး Quarantine ထားရွိသူ အားလုံးသည္ ၄၆၈၈ ဦးရွိေၾကာင္း သက္ဆိုင္ရာ ဌာနမွ သိရသည္။

“ခုေလေၾကာင္းလိုင္းေတြက ပိတ္ထားေတာ့ က်မတို႔အေနနဲ႔ ဓါတ္ခြဲဖို႔ ပို႔တဲ့ေနရာမွာ အခက္ခဲေတာ့ရွိတယ္။ အခ်ိန္မွီ ၄၈ နာရီ ေရာက္မွ တိက်တဲ့အေျဖကရမွာ။ အဲေတာ့ ဒီကေနဘယ္ခ်ိန္ထြက္မယ္ ဘယ္ေနရာမွာအိပ္မယ္ ရန္ကုန္ကိုဘယ္ခ်ိန္ေရာက္မယ္ ဆိုတာကအစ အကုန္လုံးကအခ်ိန္ကိုက္လုပ္ရတာေပါ့။ ကားဆရာကလည္း အိပ္ငိုက္လို႔မရဘူး။ အဲမွာကိုယ့္ရဲ့က်န္းမာေရး

ဝန္ထမ္းက ပါရေသးတယ္။ အေအးလမ္းစနစ္နဲ႔ သယ္ရတယ္ဆိုေတာ့ အေအးလမ္းမျပတ္ေအာင္ ပညာရွိေတြလည္း လိုက္ေပး ရတယ္။”ဟု က်န္းမာေရးမွဴး ေဒါက္တာေနာ္ရဲွယ္တာ ေျပာသည္။ ကခ်င္ျပည္နယ္တြင္ ျပည္ေတာ္ျပန္မ်ားကိုထားရွိရန္ ျပင္ဆင္ ထားသည့္ FQ ေနရာ စုစုေပါင္း ၃၅၁ အနက္ ေနရာ ၂၅၂ တြင္ သုံးေနၿပီျဖစ္ေၾကာင္း သိရသည္။ https://burmes e.kachinnews.com/20 20/04/ 20/%e1%80%9c%e1%80%b0%e180%94%e1%80%ac%

*************

၂၈။     ဖမ္းဆီးထားသည့္ ရြာသား ၄၀ ခန္႔မွ ၃၃ ဦး တပ္မေတာ္ ျပန္လႊတ္ေပး

April 20, 2020

တပ္မေတာ္က ဖမ္းဆီးသြားသည့္ ရခိုင္းျပည္နယ္၊ ပုဏၰားကြ်န္းၿမိဳ႕နယ္မွ ေက်ာက္ဆိပ္ရြာသား ၄၀ ခန္႔ အနက္မွ ၃၃ ဦး ျပန္ လြတ္လာၿပီျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ စံုစမ္းသိရွိရသည္။ ေက်ာက္ဆိပ္ေက်းရြာသို႔ ဧၿပီ ၁၉ ရက္ေန႔ မနက္ပိုင္းက တပ္မေတာ္သားမ်ား ဝင္ေရာက္လာကာ ေက်းရြာသားမ်ားကို အုပ္ခ်ဳပ္ေရးမွဴးေနအိမ္၌ စုေဆာင္းၿပီးအျပန္တြင္ ဖမ္ဆီး ေခၚေဆာင္သြားျခင္းျဖစ္ၿပီး ထိုအထဲမွ တခ်ိဳ႕ကို ျပန္လႊတ္ေပးလိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။ ေက်ာက္ဆိပ္ရြာသား ဦးဘေရႊ က “က်ေနာ့္သား ၂ ေယာက္ ဒီေန႔ ညေနပိုင္းမွာ  ျပန္လြတ္လာပါၿပီ၊ ျပန္လြတ္လာတာ အားလံုး ၃၃ ပါ၊ ၅ ေယာက္က ျပန္ မလြတ္လာေသးဘူး” ဟု ဧရာဝတီသို႔ေျပာသည္။

အဆိုပါ ျပန္လြတ္လာသူမ်ားထဲတြင္ ရိုက္ႏွက္ခံရမႈရွိသည့္အတြက္ တခ်ိဳ႕ ဒဏ္ရာရရွိမႈရွိေၾကာင္းလည္း မိသားစုဝင္မ်ားက ေျပာၾကသည္။ ဦးဘေရႊက “မေန႔က မနက္ ၇ နာရီေလာက္မွာ တပ္က ရြာထဲကို ဝင္ၿပီးေတာ့ ခင္ဗ်ားတို႔ကို ေျပာစရာေတြ ရွိတယ္ဆိုၿပီး အုပ္ခ်ဳပ္ေရးမွဴးအိမ္မွာ စုပါတယ္။ အသက္ ၄၀ လူေတြကို တဖက္ စုတယ္။ အသက္၂၀ ေက်ာ္ ၄၀ ၾကား လူေတြ ကို တဖက္ စုပါတယ္။ သူတို႕ ေန႔လယ္ ၁ နာရီေလာက္ ျပန္ထြက္သြားတဲ့အခါ ရြာကလူငယ္ ၃၉ ဦးကို ႀကိဳးတုတ္ၿပီး ေခၚသြားပါတယ္။ အဲဒီအထဲမွာ က်ေနာ့္သား၂ ေယာက္လည္း ပါသြားတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

တပ္မေတာ္ သတင္းျပန္ၾကားေရး အဖြဲ႔မွ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေက်ာက္ဆိပ္ေက်းရြာသားမ်ားကို ဖမ္းဆီးထားသည္မွာ မွန္ကန္ၿပီး၊ ရကၡိဳင္စစ္တပ္ (AA) အဖြဲ႔ႏွင့္ ပတ္သက္ ဆက္ႏြယ္သည့္ မသကၤာဖြယ္ရာမ်ား ေတြ႕ရွိရသည့္အတြက္ ဆက္စပ္ ေဖာ္ထုတ္ေနျခင္းသာျဖစ္ၿပီး ဥပေဒအတိုင္းဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၃၃ ဦးကို ျပန္မလႊတ္ေပးမီက ဧရာဝတီသို႔ ေျပာဆိုသည္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာအတြင္း လက္နက္ႀကီး က်ည္ဆန္ က်ေရာက္ေပါက္ကြဲသည့္ ျဖစ္စဉ္ ႏွင့္ ပတ္သက္ ၿပီး ရခိုင္အမ်ိဳးသားပါတီ (ANP) က ဧၿပီလ ၁၇ ရက္ ရက္စြဲျဖင့္ သေဘာထား ေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့သည္။ အဆိုပါ ေၾကညာခ်က္တြင္ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာအား တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ျမန္မာ့တပ္မေတာ္မွ လက္နက္ ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့မႈေၾကာင့္ အျပစ္မဲ့ျပည္သူမ်ား ေသဆံုးျခင္း၊ ထိခိုက္ဒဏ္ရာရရွိျခင္း၊ ေနရပ္စြန္႕ခြာ ထြက္ေျပးသြားရျခင္း မ်ားအား စိစစ္အေရးယူေပးရန္ ျမန္မာႏိုင္ငံ လူ႔အခြင့္ေရး ေကာ္မရွင္ အပါအဝင္ သက္ဆိုင္ရာ အဖြဲ႔အစည္း အားလံုးအား အေလးအနက္ ေတာင္းဆိုေၾကာင္း ေရးသား ပါရွိသည္။ https://burma.irrawaddy.com/news/2020/04/20/2209 32.html

**************

၂၉။     ကိုဗစ္ေၾကာင့္ ကရင္ျပည္နယ္ ဟိုတယ္လုပ္ငန္းမ်ား ခက္ခဲလာႏိုင္ေၾကာင္း ဟိုတယ္လုပ္ငန္းရွင္မ်ားဆို

April 20, 2020

ကရင္ျပည္နယ္တြင္ Covid-19 ကပ္ေရာဂါေၾကာင့္ လတ္တေလာ ဟိုတယ္ႏွင့္တည္းခိုခန္း ၇၅ ရာခိုင္ႏႈန္းခန္႔ ေခတၱပိတ္ထား ေနရဆဲျဖစ္သည့္အတြက္ ကပ္ေရာဂါကာလရွည္ၾကာပါက ျပည္နယ္အတြင္း ဟိုတယ္ႏွင့္ တည္းခိုခန္း လုပ္ငန္းမ်ား အခက္အခဲ  ျဖစ္ေပၚလာႏိုင္ေၾကာင္း ျပည္နယ္ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူမ်ားက ေျပာဆိုသည္။ ကမၻာအႏွံ႔ျဖစ္ပြားေနသည့္ ကိုရိုနာဗိုင္းရပ္စ္ (Covid-19) ကပ္ေရာဂါကို ျမန္မာႏိုင္ငံတြင္ စတင္ေတြ႔ရွိရၿပီးေနာက္ ၎ႏွင့္ဆက္စပ္ၿပီး ျပည္နယ္ အတြင္းရွိ ဟိုတယ္၊ တည္းခိုခန္းမ်ားမွာ ၿပီးခဲ့သည့္ မတ္လကုန္မွ စတင္ကာ ေရာဂါႀကိဳတင္ကာကြယ္သည့္အေနျဖင့္ ယခုလို ဟိုတယ္၊ တည္းခိုခန္းမ်ား ပိတ္ထားလိုက္ျခင္းျဖစ္သည္ဟု လည္းသိရသည္။

ကရင္ျပည္နယ္ ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးေအာင္သန္းက“ဟိုတယ္ေတာ္ေတာ္မ်ားမ်ားက ဘဏ္မွာ ဘဏ္ေခ်း ေငြယူထားၿပီး လည္ပတ္ေနတာေပါ့။ ဘဏ္အတိုးကိုလည္းေပးရတဲ့အကန္႔ေတြရွိတယ္။ ဧည့္သည္မရွိေတာ့ ဝင္ေငြမရွိေတာ့ ဘူး။ ဘဏ္အတိုးႏွႈန္းက အိတ္စိုက္ၿပီးေပးရတဲ့အေနအထားရွိတယ္။ ဒီတစ္လႏွစ္လအတြင္းမွာ ဒီအတိိုင္းဆက္ပိတ္ရၿပီး တိုးတက္မွႈမရွိလာရင္ ဘယ္လိုလုပ္ငန္းေတြေျပာင္း လုပ္ရမလဲ နည္းနည္းရွႈတ္ေထြးမွႈေတြရွိလာတယ္။ ဝန္ထမ္းေတြ အတြက္က လုပ္ငန္းရွင္ေတြက ေတာင့္ၿပီးေပးထားတယ္။ ဒီထက္ၾကာရင္ေတာ့ လုပ္ငန္းရွင္ဘက္က ေပးႏိုင္မွာမဟုတ္ေတာ့ဘူး”ဟု ေကအိုင္စီသို႔ေျပာသည္။

ကရင္ျပည္နယ္တြင္ ဟိုတယ္ႏွင့္ တည္းခိုခန္းေပါင္း ၆၀ ေက်ာ္ရွိသည္ဟု သိရၿပီး အမ်ားစုမွာ ေခတၱပိတ္ထားေသာ္လည္း ဖြင့္လွစ္ထားဆဲျဖစ္သည့္ ဟိုတယ္အခ်ိဳ႕တြင္ ဧည့္သည္ဝင္ေရာက္တည္းခိုမႈမရွိသည့္အတြက္ ကာလၾကာရွည္မည္ဆိုပါက ဝန္ထမ္းမ်ားအတြက္ပါ ခက္ခဲလာႏိုင္ေၾကာင္းလည္း ဟိုတယ္လုပ္ငန္းရွင္မ်ားက သံုးသပ္ေျပာဆိုသည္။

ဖြံ႔ၿဖိဳးတိုးတက္လာသည္ႏွင့္အမွ် ကရင္ျပည္နယ္တြင္ ခရီးသြားဧည့္သည္ဝင္ေရာက္မႈ တစ္ႏွစ္ထက္ တစ္ႏွစ္ မ်ားျပားလာမႈ ေၾကာင့္ ႏွစ္စဥ္မတ္လႏွင့္ ဧၿပီလမ်ားမွာ ခရီးသြားဧည့္သည္ အဝင္အထြက္အမ်ားဆံုး လ ျဖစ္သလို ဟိုတယ္လည္ပတ္မွႈ အေကာင္းဆံုးလမ်ား ျဖစ္သည္ဟုလည္း ဟိုတယ္လုပ္ငန္းရွင္မ်ား၏ ေျပာျပခ်က္အရ သိရသည္။ http://kicnews.org /2020/04/%e1%80%80%e1%8 0%ad%e 1%80%af%e1%80%97%e1%80%85%e1%80

****************

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

Unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

 

၁။        တရုတ်ပြန် မြန်မာ ၂၈၀ဝ  ကျော် မိုင်းလားတွင် Quarantine လုပ်မည်

၂။         ရှမ်းနဲ့ ကချင်က စစ်ရှောင်စခန်းတွေမှာ COVID-19 ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးအဖွဲ့တွေ ကြိုးပမ်း

၃။        ရှမ်းနီအမျိုးသားတပ်ဖွဲ့နှင့် တပ်မတော် တိုက်ပွဲများဖြစ်

၄။        COVID-19 ကာကွယ်တုန့်ပြန်မှုတွင် ခွဲခြားဆက်ဆံမှုစံနှုန်းများရှိနေကြောင်း KPSN ထောက်ပြ

၅။        ပလက်ဝအတွက် ရိက္ခာဆန် အိတ် ၈၀ဝ ကျော် ရောက်ရှိ

၆။        နမ့်လန်တွင် Mask( နှာခေါင်းစည်း) မတပ်သူများ ထိုင်၊ထ ၃၀ ပြစ်ဒဏ်ပေး

၇။        ကချင်ပြည်နယ်တွင်းရှိ ၁၄ မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ပြန်

၈။        လွိုင်လင်မြို့နယ် အတွင်း ဈေးဝယ်ခွင့်ကဒ် အသုံးပြုပြီး ဈေးဝယ်ရတော့မည်

၉။        မူဆယ်သွားမည့်ခရီးသည်များ (၁၀၅)မိုင်တွင် ၂၁ ရက် စောင့်ကြည့်သွားမည်

၁၀။      အွန်လိုင်းလောင်းကစားပြုလုပ်ပြီး တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၃၀ ဦးအား ဖမ်းဆီး

၁၁။      သစ်တောဌာန တောမီးရှို့မှုကြောင့် ဒေသခံရွာသူရွာသားများ၏ နှစ်ရှည်ဥယျာဉ်ခြံ ၄ဝနီးပါး မီးလောင်ပျက်စီး

၁၂။      ကေအန်ယူ၏ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်ကို ကရင်ပြည်နယ်စိုးရ ကန့်ကွက်

၁၃။      Covid-19 အရေးပေါ်ကာလ မြဝတီမြို့တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

၁၄။      ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်

၁၅။      ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေရပ်ဖို့ ကုလ ထပ်မံတိုက်တွန်း

၁၆။      အေအေက အရပ်သားများကို တိတ်တဆိတ် ဖမ်းခေါ်၊ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူများကိုလည်း ခြိမ်းခြောက်ဟု                  KACC ထုတ်ပြန်

၁၇။      COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရန် ကျောက်ဖြူ မြို့၌ ယာယီဈေးအချို့ဖွင့်လှစ်ပေး

၁၈။      ရခိုင်စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

၁၉။      လမိုင်းမြို့လူစုလူဝေးဖြင့် တိုက်ခိုက်မှု ၃၉ ဦးအား ဖမ်းဆီးအရေးယူ

၂၀။      ကယားပြည်နယ် မှ နေရပ်ပြန် ကုမ္ပဏီ ဝန်ထမ်း ၊ အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ရောက်ခြင်းမပြုမီ Facility                           Quarantine ဝင်ရောက်ရန် ပြည်နယ်အစိုးရအဖွဲ့က ကုမ္ပဏီများထံ အကြောင်းကြား

၂၁။      ရောဂါကူးစက်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်လုပ်ဆောင်ခြင်းသည် လူသားတိုင်းတာဝန်ရှိဟု KNU ပြော

၂၂။       တာချီလိတ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် သံသယလူနာ သတ်မှတ်ခံရ

၂၃။      မော်လမြိုင်မြို့ရှိ တီဘီရောဂါဓာတ်ခွဲခန်းအား COVID- 19 ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းအဖြစ် အသုံးပြုနိုင် ရန်                    လိုအပ်သော ပစ္စည်းစာရင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထား

၂၄။      ပလက်ဝမြို့ကို ရိက္ခာဆက်ပို့မယ်လို့ အစိုးရနဲ့ တပ်မတော် ပြော

၂၅။      သျှမ်းပြည်အတွက် COVID-19 စစ်ဆေးသည့် စက် ၂ လုံး ရောက်ရှိတော့မည်

၂၆။      စစ်တွေကို လေယာဉ်  နဲ့ ရောက်လာသူတွေထဲက နှစ်ဦးကို စောင့်ကြည့်နေ

၂၇။      လူနာအမှတ်စဉ် ၈၂ ဖြင့်ဆက်စပ်သော ကချင်ပြည်နယ်မှ စောင့်ကြည့်လူနာ ၈ ဦးအနက် ၄ ဦး ပိုးမတွေ့

၂၈။      ဖမ်းဆီးထားသည့် ရွာသား ၄၀ ခန့်မှ ၃၃ ဦး တပ်မတော် ပြန်လွှတ်ပေး

၂၉။      ကိုဗစ်ကြောင့် ကရင်ပြည်နယ် ဟိုတယ်လုပ်ငန်းများ ခက်ခဲလာနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များဆို

*************

၁။        တရုတ်ပြန် မြန်မာ၂၈၀ဝ  ကျော် မိုင်းလားတွင် Quarantine လုပ်မည်

April 18, 2020

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈၀ဝ ကျော်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတွင် ၂၁ ရက် ကြာ Quarantine လုပ်ရန် စီစဉ်နေကြောင်း မိုင်းလား အဖွဲ့ (NDAA) ထံမှ သိရသည်။ “သူတို့ရဲ့နေရပ်လိပ်စာ မှတ်ပုံတင် စာရင်းတွေ ပြုစုပြီးမှ အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ၂၁ ရက်စောင့်ကြည့်တဲ့ အခြေအနေ သိပြီးမှပဲ။ သူတို့လက်ခံမလား၊ လက်မခံဘူးလား အစိုးရဘက်က ပြောမယ်ပေါ့။ ကျနော်တို့ကတော့ သူတို့ကို ၂၁ ရက် Quarantine လုပ်ဖို့ စီစဉ်နေတယ်”ဟု NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့်က ဧရာဝတီသို့ ပြောကြားသည်။

တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများကို တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် (COVID-19) အန္တရာယ်ထိန်းချုပ်ရန် အကြောင်းပြကာ မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ကချင်ပြည်နယ် နယ်စပ်နှင့် ရှမ်းပြည်နယ် နယ်စပ်တို့မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ဧပြီလအတွင်း အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရ သည်။ ထို့အတူ မိုင်းလားဒေသ၏ နယ်စပ်ဂိတ်များမှ ဝင်လာသူများကို Quarantine မလုပ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ နေရပ် ဒေသ အသီးသီးသို့ ပြန်လွှတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့်ကမူ Quarantine မလုပ်ဘဲ ပြန်လွှတ်မည်ဆိုသည့် သတင်းမှာ မမှန်ကန်ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ် တရုတ်နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာ မည့်သူ ၁၈၀ဝဝ ခန့် ရှိသည်ဟု ဆိုသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၏ နယ်စပ်ဂိတ်မှ တဆင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၈၁၉ ဦးရှိပြီး ၎င်းတို့ကို မိုင်းလားဒေသ၏ နမ့်ပန်း၊ ဆီလူးနှင့် မိုင်းလားမြို့များရှိ စာသင်ကျောင်းများတွင် ကျန်းမာရေးစောင့်ကြည့်ရန် စီစဉ်နေကြောင်း အထူးဒေသ ၄ ကျန်းမာရေးဌာနမှ သိရသည်။ “အများစု ဝင်တာက ဧပြီ ၈ ရက် နေ့နဲ့ ၉ ရက်နေ့ဝင်ကြတာ။ တချို့အဲဒီထက်စော ဝင်တဲ့လူတွေရှိပါတယ်။ စားဖို့ သောက်ဖို့က လက်ရှိမှာ ဒေသကပဲ အကုန်လုံး ပံ့ပိုးပေးနေတာ။ ကျမတို့ ကျန်းမာရေးဌာနကတော့ တရက်ကို ၂ ကြိမ် အပူချိန်တိုင်း တာတွေလုပ်တယ်။ အပူရှပ်တာတို့ ရာသီဥတုကြောင့် နေမကောင်းဖြစ်တဲ့သူတွေကို ဆေးကုပေးတာတော့ရှိတယ်”ဟု အထူးဒေသ ၄ ကျန်းမာရေးဌာနမှ တာဝန် ရှိသူတဦးက ပြောသည်။

NDAA အဖွဲ့ကို ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသမှ ခွဲထွက်လာသော ဦးစိုင်းလင်းက ဦးဆောင်ကာ အခြား တိုင်းရင်းသားများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁၉၈၉ ခုနှစ် ဇွန် ၃ဝ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ https://burma.irrawaddy.com/news/2020/04/18/220788.html

*************

၂။         ရှမ်းနဲ့ ကချင်က စစ်ရှောင်စခန်းတွေမှာ COVID-19 ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးအဖွဲ့တွေ ကြိုးပမ်း

April 19, 2020

တရုတ်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပြီလို့ အစိုးရက ဆိုပေမယ့် တရုတ်-မြန်မာနယ်စပ် အဝင်အထွက်ကို အစော ပိုင်း ထိန်းချုပ်ခဲ့တဲ့ အတိုင်းအတာထက် ပိုပြီး ဧပြီ ၁ ရက်နေ့ကစလို့ နယ်စပ်အဝင်အထွက်ကို ယူနန်ပြည်နယ် အာဏာပိုင်တွေ က လုံးဝနီးပါး ပိတ်ထားပါတယ်။ ဒါကြောင့် ယူနန်ပြည်နယ်ထဲ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ကချင်စစ်ရှောင်စခန်း ထဲက IDP ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကစပြီး ဒုက္ခသည်စခန်းတွေဆီ ပြန်လာနေကြတာကြောင့် အထူးသဖြင့် တရုတ်နယ်စပ်နဲ့ အနီးဆုံး မိုးမောက်၊ မန်စီမြို့နယ်တွေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါ မကူးစက်ရအောင် လုံးဝ အပြင်မထွက်ရ Lockdown အမိန့်မျိုး ထုတ်ထားရတယ်လို့ ကချင်ပြည်နယ် မိုင်ဂျာယန်အခြေစိုက် ဝမ်ပေါင်နိမ်းထွဲ အကူအညီပေးရေးအဖွဲ့ တာဝန်ခံ ဒေါ်မေရီတွမ်က ဗွီအိုအေကို ပြောပါတယ်။

“ပြောရမယ်ဆိုရင် Lockdown လုပ်လိုက်တဲ့ သဘောပေါ့၊ ကျမတို့ ကချင် IDP စခန်းတွေ အားလုံးက တရုတ်နယ်စပ်နဲ့ နီးတဲ့ စခန်းတွေပဲ ဖြစ်တဲ့အခါကျတော့ အခုက တရုတ်က အကုန်လုံး ပိတ်လိုက်တဲ့အခါကျတော့ အခုဆို အကုန်ပြန်လာကြတယ်။ တရုတ်ပြည်မှာ သွားအလုပ်လုပ်တဲ့သူတွေ အလုံးအရင်းနဲ့ ပြန်လာတဲ့အခါကျတော့ ဒီမှာလည်း သူတို့ကို ၂၁ ရက် စောင့်ကြည့်တဲ့ Quarantine Center လေးတွေမှာ ထားထားတာမျိုး ရှိတယ်ပေါ့။ ပြဿနာက အခုက ၂ ပတ်ထဲမှာ ရောက်နေပြီပေါ့။ အဲလို ဆိုတော့ ခုက ဆန်ဆီဆားတော့ ရတယ်၊ ဒါပေမယ့် အခြားဟာတွေက အခက်အခဲရှိတယ်။”အထူးသဖြင့် အစိုးရထိန်းချုပ် မှု အောက်မှာ မရှိတဲ့ IDP စစ်ရှောင်စခန်းတွေဟာ အကူအညီရဖို့ အလှမ်းဝေးနေတာကြောင့် ပိုပြီး စိုးရိမ်စရာ ကောင်းနေတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာကလည်း ပြောပါတယ်။

ဝမ်ပေါင်နိမ်းထွဲလို လူသားချင်းစာနာမှု အဖွဲ့တွေက မြန်မာနိုင်ငံဆိုင်ရာ WHO အဖွဲ့ရဲ့ ထောက်ပံ့မှုနဲ့ စစ်ရှောင်စခန်းတွေထဲ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးတာ၊ ပိုးသတ်ဆေးဖျန်းတာတွေ သွားလုပ်နေပေမယ့် တရုတ်ပြည် ကနေ ပြန်လာသူတွေကြောင့် စခန်းတွင်း လူပိုများလာတဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေါ်မေရီတွမ်က ပြောပါ တယ်။

လောလောဆယ်မှာတော့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာမှာ COVID-19 သံသယလူနာ ၄ ဦးတွေ့ထားပြီး တရုတ်ပြည်ဘက်မှာ ဆေးစစ်တာမျိုး လုပ်ထားတယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာ တရုတ်စစ်တပ် ဖြန့်ချထားပြီး တင်းကျပ်ထားပါတယ်။ မြန်မာနိုင်ငံဘက်က ဖရဲသီးကားတွေ တရုတ်နယ်စပ်နားထိ သွားနေပေမယ့် လိုင်ဇာ-နမ်ဆိုင်ယမ်ကြား ကွင်းပြင်တခုမှာ ပစ္စည်းတွေပုံထားပြီး တရုတ်ဘက်က ကုန်ကားတွေ လာသယ်သွားတာကလွဲလို့ တရုတ်-မြန်မာနယ်စပ် အဝင် အထွက်ကို တင်းကျပ်ထားပါတယ်။ https://burmese.voanews.com/a/shankachinidpcampc  ovid19/5378386.html

*************

၃။        ရှမ်းနီအမျိုးသားတပ်ဖွဲ့နှင့် တပ်မတော် တိုက်ပွဲများဖြစ်

April 18, 2020

သုံးနှစ်ကြာနီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော ရှမ်းနီလက်နက်ကိုင်တပ်နှင့် တပ်မတော်တို့ ယမန်နေ့မှစပြီး တိုက်ပွဲများ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်တွင်း ဖြစ်ပွားနေခဲ့သည်ဟု ရှမ်းနီအမျိုးသားတပ်ဖွဲ့(SNA) က ပြောသည်။ ထိုသို့ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ တပ်မတော်ဘက်က SNA လှုပ်ရှားနယ်မြေအတွင်းသို့ ဝင်ရောက် နေရာယူခြင်း ကြောင့် ဖြစ်ကြောင်း SNA ဘက်က ပြောသည်။

SNA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းက တိုက်ပွဲများသည် ဟုမ္မလင်းမြို့နယ်တွင်းရှိ နမ့်တောကျေးရွာ၏ အရှေ့ မြော က်ဘက် ချောင်းကြီးဒေသတွင် ဖြစ်ပွားခဲ့ခြင်းဟုဆိုပြီး “အဓိက တိုက်ပွဲဖြစ်တာကတော့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကတည်း က မြန်မာ့တပ်မတော်က နေပြီးတော့မှ SNA နယ်မြေထဲကို ဝင်ပြီးတော့ နေရာယူထားတာများလာတယ်၊ အဓိက စစ်အင်အား တွေ ချလာတယ်၊ အဲနောက် ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ မနေ့က စပြီး ထိတွေ့မှုတွေ စဖြစ်တာပေါ့”ဟု ပြောသည်။

ဟုမ္မလင်းအခြေစိုက် ခလရ ၂၂၂ နှင့် တိုက်ပွဲငယ်များဖြစ်ပွားနေခဲ့ပြီး ယနေ့နံနက်ကလည်း ထပ်မံဖြစ်ခဲ့သည်ဟု သူက ပြော သည်။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက SNA အဖွဲ့နှင့် ထိတွေ့မှု ဖြစ်ပွားကြောင်း အတည်ပြုကာ  “ဟုမ္မလင်း နမ့်တောဆိုတာ အရင်တုန်းကတော့ သောင်းကျန်းသူရှိတဲ့ နေရာတော့ မဟုတ်ဘူးဗျ” ဟု ပြော သည်။ တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတော့ မထုတ်ပြန်သေးပါ။ တပ်မတော်နှင့် SNA ကြားမှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် အိန္ဒိယနယ်စပ်တွင် တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၅ ရက်က ဟုမ္မလင်းမြို့နယ်၊ နမ့်စပေါ ကျေးရွာ အနီးမှာ တစ်ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။ ဒေသခံတစ်ဦးဖြစ်သူ ဆေဆိုင်မုန်း  “ ဒီဒေသ မှာ ဒီလိုမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထား မဟုတ်ဘူးလေ။ အဓိကတော့ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အမျိုးသမီးတွေ တော်တော်ထိတ်လန့် နေတယ်”ဟု  ပြောသည်။ ရှမ်းနီတပ်ဖွဲ့ (SNA)သည် ၁၉၈၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော ရှမ်းနီ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ http://www.mizzima burmese.com/article/69085

****************

၄။        COVID-19 ကာကွယ်တုန့်ပြန်မှုတွင် ခွဲခြားဆက်ဆံမှုစံနှုန်းများရှိနေကြောင်း KPSN ထောက်ပြ

April 17, 2020

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ကာကွယ်တုန့်ပြန်မှု လုပ်ငန်းစဉ်များတွင် ခွဲခြားဆက်ဆံမှု စံနှုန်းများရှိနေကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် – KPSN က ယနေ့ (ဧပြီလ ၁၇ရက်) ထုတ်ပြန် ချက်တွင် ထောက်ပြပြောဆို ထားသည်။ ပြည်မနေ ပြည်သူများအနေဖြင့် ကပ်ရောဂါအတွက် အကာအကွယ်များရနေချိန် တိုင်းရင်းသားဒေသရှိ ပြည်သူ များအနေဖြင့် အကူအညီများ မရသည့်အပြင် ဗုံးများဖြင့် အပစ်ခံရမှု၊ အသတ်ခံရမှုနှင့် ဆိုးရွားသော ကျန်း မာရေး အန္တရာယ် များဖြင့် ကြုံတွေ့နေရမည့် အခြေအနေသို့ တွန်းပို့ခံနေရကြောင်း KPSN က ဆိုသည်။

KPSN ၏ပြောခွင့်ရ နော်ဝါးခူရှီးက “အခု လူတိုင်း ဒီကပ်ရောဂါပျောက်ကင်းဖို့ အတူတကွပူးပေါင်းတိုက်ဖျက်နေချိန် ကိုယ့်ပြည် သူ တွေအတွက် ကြိုးစားကာကွယ်နေချိန် ဒီလိုအခြေအနေမျိုးမှာ ဒီကပ်ရောဂါ အတူတကွတိုက်ဖျက်မှုနဲ့ ပြည်သူလူထု ကာကွယ်မှုမှာ တန်းတူညီမျှတဲ့အခွင့်အရေး ရဖို့လိုတယ်”ဟု ကေအိုင်စီ သို့ပြောသည်။

မြန်မာအစိုးရအနေဖြင့် ကပ်ရောဂါဖြစ်ပွားလာမှုကို မြို့ပြနေ ပြည်သူများကို ကျန်းမာရေး အသိပညာပေးမှုနှင့် အခြေခံလူတန်း စား များအတွက်ပါ စားနပ်ရိက္ခာများ ပံ့ပိုးရရှိနေချိန်တွင် တိုင်းရင်းသားဒေသများ၌မူ အကူအညီ နှင့် သတင်းအချက်အလက် များကို ပိတ်ဆို့ထားပြီး စစ်တပ်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိနေသည့်ပုံစံဖြင့် သတ်ဖြတ်မှုများနှင့် ဗုံးကြဲမှုများလုပ် ဆောင်လျက် ရှိ ကြောင်း KPSNက ဆိုသည်။

ထို့အတွက် မြန်မာပြည်တွင်းရှိ ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ပြည်သူများဆီသို့ ကပ်ရောဂါ အန္တရာယ် မကျ ရောက်သေး သည့်အချိန်တွင် အကူအညီထောက်ပံ့မှု မြှင့်တင်ရေး ပြင်းပြင်းထန်ထန်လိုအပ်နေပြီး ဗြိတိန် အစိုးရ အနေဖြင့် နိုင်ငံတကာ ကူညီထောက်ပံ့မှုများတွင် ပိုမိုပူးပေါင်းမြှင့်တင်လုပ်ဆောင်ရန်နှင့် အရေးပေါ်အကူ အညီ ပေးပို့မှုများကို လုပ်ဆောင်ပေးရန် ဘားမားကမ်ပိန်းယူကေအဖွဲ့မှ ထုတ်ပြန်တောင်းဆိုထားသလို ဗြိတိန်အစိုးရအား စာရေးသားပေးပို့တောင်းဆိုမှုလည်းပြုလုပ်ခဲ့ ကြောင်း အလားတူ ထုတ်ပြန်ထားသည်။ http://kicnews.org/2020/04/covid19%e1%80%80%e1%80  %ac%e1%80%80%e1 %80%bc%e1%80%9a%e1%80%b9%e1%80%90%e1%8

**************

၅။        ပလက်ဝအတွက် ရိက္ခာဆန် အိတ် ၈၀ဝ ကျော် ရောက်ရှိ

April 20, 2020

ချင်းပြည်နယ် ပလက်ဝမြို့အတွက် ရိက္ခာ ဆန်အိတ် ၈၃၀ ကို ရေလမ်းအတိုင်း စက်လှေဖြင့် သယ်ယူလာရာ ဧပြီ ၁၉ မွန်းလွဲ ပိုင်းတွင် ဆိုက်ရောက်ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ ပလက်ဝမြို့ကို ရောက်ပြီလို့သိရတယ်။ ဆန်တွေကို ဖြန့်ဝေနေပြီလို့လည်း သိရတယ်”ဟုပြောသည်။ ဆန်အိတ် ၂၀ ခန့် ရေစိုခဲ့သော်လည်း ချက်ပြုတ်၍ ရနိုင်မည်ဟု သူက ဆက်ပြောသည်။

ကနဦးက အဆိုပါဆန်အိတ်များကို ဆမီးမြို့မှ ပလက်ဝမြို့သို့ ကား ၁၀ စီးဖြင့် သယ်ဆောင်လာရာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ပြန်လှည့်ခဲ့ရကြောင်း၊  သို့ဖြစ်၍ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ပြောင်းလဲ သယ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။ ဆန်အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ကနဦးတင်ဆောင်လာပြီး ပြန်လှည့်ရသည့် အဆိုပါကားများမှာ ဧပြီ ၁၉ ညနေတွင် ဆမီးသို့ လုံခြုံဘေးကင်းစွာ ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ https://w ww.b nionline.net/mm/news-72317

*************

၆။        နမ့်လန်တွင် Mask( နှာခေါင်းစည်း) မတပ်သူများ ထိုင်၊ထ ၃၀ ပြစ်ဒဏ်ပေး

April 18, 2020

သျှမ်ပြည် မြောက်ပိုင်း နမ့်လန်မြို့တွင် Mask (နှာခေါင်းစည်း) မတပ်ဆင်ပါက ပြစ်ဒဏ်ပေးမှုများပြုလုပ်နေကြောင်း သတင်းရ ရှိသည်။ နမ့်လန်မြို့ထဲသို့ ဝင်ရောက်လာသည့် ပြည်သူများ Maske တပ်ဆင်ခြင်းမရှိပါက ထိုင်၊ ထ အခါ ၃၀ ပြုလုပ်ရခြင်း (သို့မဟုတ်)ငွေဒဏ် တယောက် ၁ သောင်းပေးဆောင်ရကြောင်း နမ့်လန်ဒေသခံများ ပြောပြချက်အရသိရသည်။ “နမ့်လန်မြို့ အဝင်မှာ ဌာနဆိုင်ရာတွေစောင့်တယ်။ Mask မတပ်ရင် ထိုင်၊ထ အခါ ၃၀ လုပ်ရတယ်။ မလုပ်ချင်ရင် ငွေဒဏ် ၁ သောင်း ပေးရတယ်။ ပြီးတော့ Mask ဝေပေးတယ်”ဟု နမ့်လန် ဒေသခံ တဦး ဖြစ်သည့် ကိုနိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် COVID-19ကို ကာကွယ် ထိန်းချုပ်ရန် နှင့် လူတိုင်း Mask တပ်ဆင်ပြီး အပြင်ထွက်စေချင်သည့် အတွက် ပညာပေးခြင်းဖြစ်ကြောင်းလည်း ကိုနိုင်က ဆိုသည်။

Mask မတပ်သည်သူများကို ပြစ်ဒဏ်ပေးခြင်းသည် ဧပြီ ၁၅ ရက် မှစတင်ကာ ပြစ်ဒဏ်ပေးသည့် စနစ်ကို လုပ်ဆောင်လာခဲ့ပြီး၊ စတင်လုပ်ဆောင်သည့် ရက်တွင် Mask တပ်ဆင်သည့် မရှိသလောက်နည်းပါးကြောင်း နမ့်လန်မြို့ ဖြူစင်နှလုံးသား လူမှုကူညီ ရေး အသင်းမှ ကိုရန်နိုင်စိုး က သျှမ်းသံတော်ဆင့် သို့ပြောသည်။ ထိုပြစ်ဒဏ်ပေးသည့် စနစ်ကို နမ့်လန်မြို့မှ သက်ဆိုင်ရာဌာန အဖွဲ့များ ဦးစီးပြီး ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

“စလုပ်တဲ့ ရက်က တော်တော်များများ မတပ်ကြဘူး။ အခုနောက်ပိုင်းတော့ တပ်လာကြတယ်။ ဒီနည်းက အောင်မြင်တယ်လို့ ပြောလို့ရပါတယ်”ဟု ကိုရန်နိုင်စိုးက ဆိုသည်။ လက်ရှိ အချိန်ထိ ထို ပြစ်ဒဏ်ပေးမှုကို ဆက်လက်ပြုလုပ်နေသေးကြောင်း သိရသည်။ သက်ဆိုင်ရာ များအနေဖြင့် ပြည်သူများကို Mask တပ်ဆင်သည့် ကိစ္စတွင် အသိပညာပေးမှုကို လက်ခံသော်လည်း ပြည်သူများ Mask ဝယ်ယူလွယ်ကူအောင် နည်းလမ်းရှာဖွေပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် လူတိုင်းလက်လှမ်းမီသည့် ဈေးနှုန်း ဖြင့် ရောင်းချပေးရန်လည်း နမ့်လန် ပြည်သူများက တောင်းဆိုလိုက်သည်။ https://burmese.shannews.o rg/archives/1

**************

၇။        ကချင်ပြည်နယ်တွင်းရှိ ၁၄ မြို့နယ်ကို ညမထွက်ရ အမိန့်ထုတ်ပြန်

April 18, 2020

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ယနေ့(ဧပြီ ၁၈ ရက်) မှ စတင်ထုတ်ပြန်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။ အဆိုပါ ည မထွက်ရအမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်များမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ချီဖွေ၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ မန်စီ၊ ရွှေကူ ၊ မိုးမောက်၊ ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်မြို့နယ်တို့ ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ COVID-19  ရောဂါကြောင့် နေအိမ်တွင်းနေထိုင်သည့် လူငယ်များ ည အချိန် မတော်ထွက်ကာ သောက်စားမူးယစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ပြည်သူလူထု၏ လုံခြုံရေး အခြေအနေများကြောင့် COVID-19 ကာကွယ်၊ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ဧပြီလ ၁၇ ရက် ကညွှန်ကြားလာခြင်းဖြစ် ကြောင်း ညွှန်ကြားရေးမှူး ဦးဇော်ဇော်၏ ပြောကြားချက်အရ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “ဒီက အတည်ပြုမှာပါ။ ဖားကန့်မှာ ကြော်ငြာနေပြီ။ ပြစ်ဒဏ်က တစ်လ ကနေ ငွေဒဏ်လည်း ရှိပါတယ်။ ဧပြီ ၃၀ ရက်အထိ အတည်ဖြစ်ပါတယ်။ တိုင်းနှင့်ပြည်နယ် အားလုံးမှာ ထုတ်ပြန်ထား ပါတယ်”ဟုပြောကြားသည်။https://news-eleven.com/article/169636

**************

၈။        လွိုင်လင်မြို့နယ် အတွင်း ဈေးဝယ်ခွင့်ကဒ် အသုံးပြုပြီး ဈေးဝယ်ရတော့မည်

April 17, 2020

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်အတွင်းရှိ ဈေးသုံးရန်အတွက် တအိမ်လျှင် ဈေးဝယ်ယူခွင့်ကဒ် (၁) ကဒ် ထုတ်ပေးကာ ထားကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် COVID-19 ကို ကာကွယ်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး လွိုင်လင်ခရိုင် အတွင်းရှိ လွိုင်လင်မြို့နှင့် ပင်လုံမြို့ မှ မြို့မဈေးများနှင့် ပျံကျဈေးများတွင် ဧပြီ ၁၈ ရက်မှ စတင်ကာ ဈေးဝယ် ထွက်ပါက ဈေးဝယ်ခွင့်ကဒ် ယူဆောင်သွားရမည် ဟု လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လူစုလူဝေး မဖြစ်စေရန် အတွက် မြို့မဈေးနှင့် ပျံကျဈေး ၂ နေရာ ခွဲထားကာ မနက် ၅ နာရီ မှ နေ့လည် ၁၂ နာရီထိသာ ဈေးရောင်းချသွားမည် ဖြစ်ပြီး၊ ဈေးဝယ်သည့်အခါ ကဒ်ပါမှသာ ဈေးဝယ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ကဒ်ထုတ်ပေးရတဲ့ ရည်ရွယ်ချက်က ဈေးကိုသွားပြီးတော့ လူစုလူဝေး ဖြစ် တာကို လျှော့ချဖို့ အဓိကပဲ”ဟု လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင် ကပြောသည်။

ဈေးသွားသည့် အခါ စနစ်တကျဖြစ်ရန် နှင့် ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် လူစုလူဝေး မဖြစ်အောင်၊ ကာကွယ်သည့် အနေဖြင့် ပြလုပ်ခြင်းဖြစ်ကြောင်း လွိုင်လင်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် နန်းမြထွေး က သျှမ်းသံတော် ဆင့် ကိုပြောသည်။ တစ်အိမ်လျင် ဈေးဝယ်ခွင့် ကဒ် (၁) ကဒ် ဖြင့်သာ ဈေးသွားခြင်းဖြင့် မလိုအပ်ပဲ လူစုလူဝေး ဖြစ်ပေါ်မှုကိုရှောင်ရှား နိုင်မည်ဖြစ်ရာ ၎င်းကာကွယ်ရေးမှာ ထိရောက်မှု များစွာ ရှိမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ရေး တက်ကြွလှုပ်ရှားသူ ပင်လုံဒေသခံ စိုင်းဆု ကပြောသည်။ သက်ဆိုင်ရာ က ထုတ်ပေးသည့် ဈေးဝယ်ခွင့်ကဒ်မပါဘဲ နေအိမ်မှ အကြောင်းမဲ့ထွက် သည်ကိုတွေ့ရှိပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.or g/archives /16188

*************

၉။        မူဆယ်သွားမည့်ခရီးသည်များ (၁၀၅)မိုင်တွင် ၂၁ ရက် စောင့်ကြည့်သွားမည်

April 17, 2020

သျှမ်းပြည် မြောက်ပိုင်း မူဆယ်လာမည့် ခရီးသည်များကို ဧပြီ ၁၈ ရက်မှ စတင်ကာ မိုင်းယု (၁၀၅)မိုင်တွင် ၂၁ ရက် စောင့် ကြည့်ပြီး မှ မူဆယ်မြို့ထဲသို့ဝင်ခွင့်ပြုမည်ဟု မူဆယ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ထုတ်ပြန်ချက်အရသိရသည်။ ထို ၂၁ ရက် အတွင်း စောင့်ကြည့်ခံရသူများသည် တရက်လျှင် ၅ ထောင်ကျပ်နှုန်းဖြင့် မိမိစရိတ်ဖြင့် နေထိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

“မူဆယ်ဒေသခံ မဟုတ်တဲ့သူတွေ မူဆယ်လာရင် ၂၁ ရက် Quarantine အဖြစ်နေရမယ်။ ၂၁ ရက်အတွက် စားစရိတ် ကတော့ တယောက်ကို တရက် ၅ ထောင် ကျပ်ပေးရမယ်။ အစိုးရ အနေနဲ့ Quarantine အတွက် ဘတ်ဂျက်မချထားပေး ဘူး။ အလှူရှင်ရှိရင်တော့ အလှူရှင်ကျွေးပါမယ်”ဟု မူဆယ် မြို့အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။ အဆိုပါ quarantine ထားမည့်နေရာများမှာ မိုင်းယု (၁၀၅)မိုင် အတွင်းရှိ ဘုန်းကြီး ကျောင်း ၂ ကျောင်းနှင့် အထက်တန်းကျောင်း တကျောင်းတို့တွင် ပြင်ဆင်ထားကြောင်း စိုင်းကျော်သိန်း က ပြောသည်။

“တခြား ဒေသကလူတွေအနေနဲ့ကတော့ ၂၁ ရက် ဝင်ကို ဝင်ရမယ်။ ဒါပေမယ့် မူဆယ်ဒေသခံတွေ အနေနဲ့ ကိုဗစ် ဖြစ်တဲ့ နေရာကလာရင်တော့ ၁၀၅ မိုင်မှာ ၂၁ ရက် စောင့်ကြည့်သွားမယ်” ဟု စိုင်းကျော်သိန်း က ထပ်လောင်းပြောသည်။

မူဆယ်မြို့သို့ လာရောက်သည့်သူများအနေဖြင့် ကော်မတီမှစီစဉ်ဆောင်ရွက်ပေးသည့် Quarantine များတွင် နေထိုင်လို ခြင်းမရှိပါက တည်းခိုခန်း၊ ဟိုတယ် များတွင် မိမိအစီအစဉ်ဖြင့် Quarantine ဝင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ Quaratine မဝင်လိုပါက  မိမိလာရာလမ်းအတိုင်း လှည့်ပြန်ရမည်ဟုလည်း ဖော်ပြ ထားသည်။ သို့သော် တရုတ်နိုင်ငံကို မှီတင်းပြီး တပိုင်တနိုင် လုပ်ကိုင်စားသောက်နေသည့် မူဆယ် ဒေသခံများ အတွက် စီးပွား ရေး ရိုက်ခတ်မှု ရှိကြောင်းသိရသည်။ https://burmese.shannews.org/archives/16181

**************

၁၀။      အွန်လိုင်းလောင်းကစားပြုလုပ်ပြီး တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား ၃၀ ဦးအား ဖမ်းဆီး

April 18, 2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အွန်လိုင်းလောင်း ကစားပြုလုပ်ပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံ သား ၃၀ ဦးအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများနှင့်အတူ ဧပြီလ ၁၇ရက်(ယနေ့) မွန်းလွဲ ၃ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး ကြီးကြပ်ကွပ်ကဲမှုဖြင့် ယနေ့ မွန်းလွဲ ၃ နာရီ အချိန် ခန့်က ဒု-ခရိုင် ရဲတပ်ဖွဲ့မှူးရဲမှူး စိန်ဒွေး နှင့် မြဝတီမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး စိုးနိုင်ဝင်းတို့ဦးစီးသော ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝိဝေကရာမလမ်းရှိ ကိုစည်သူ ပိုင်ဆိုင်သည့် EMPEROR ဟိုတယ်တွင် တရုတ်နိုင်ငံသားများ ထားရှိပြီး အွန်လိုင်းလောင်း ကစား ဂိမ်းများပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေမှု တစ်ရပ်ပြုလုပ်ခဲ့သည်။ ထိုသို့ ဝင်ရောက်ရှာဖွေရာတွင် တရုတ်နိုင်ငံသား လင်းရှောင်ချန် (၂ဝ နှစ်) အပါအဝင် တရုတ်နိုင်ငံသား ၃၀ ဦးတို့အား အွန်လိုင်း လောင်း ကစားပြုလုပ်ရာ၌ အသုံးပြုသည့် ကွန်ပျူတာနှင့် ဆက်စပ် ပစ္စည်းများဖြစ်သော Monitor (၃၀)လုံး၊ ကီးဘုတ်(၃၀)ခု၊ Mouse (၁၉)ခု၊ Mouse အောက်ခံပြား (၁၉)ခု၊ မီးပလပ်ခုံ(၃)ခု၊ ဖုန်းအားသွင်းကြိုးခုံ(၁)ခု၊ TV ပါ ဝါကြိုး(၂၃)ခု၊ WIFI စက်(၅) လုံး၊ M ခဲရောင်ဖုန်း (၂၂)လုံး၊ MI ရွှေရောင်ဖုန်း (၈)လုံး၊ စားပွဲခုံ(၁၅)လုံး ထိုင်ခုံ(၃၀)လုံး အစရှိသည့် ဆက်စပ်ပစ္စည်းများနှင့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်း၏ သတင်းထုတ်ပြန် မှုအရ သိရသည်။

အွန်းလိုင်းလောင်းကစားပြုလုပ်ပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား လင်းရှောင်ချန်း အပါအဝင် တရုတ်နိုင်ငံသား ၃၀ ဦး နှင့် တရုတ်နိုင်ငံသားများအား လက်ခံထားရှိသည့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဝိဝေကာရာမလမ်းရှိ EMPEROR ဟိုတယ်ပိုင်ရှင် ဦးစည်သူ(၃၅)နှစ်တို့အား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူသွားမည်ဟု မြို့မ ရဲစခန်းက သတင်းထုတ်ပြန် ထားသည်။ http://kicnews.org/2020/04/%e1%80%a1%e1%80%bc%e1%80%94%e1%80%b9e18 

*************

၁၁။      သစ်တောဌာန တောမီးရှို့မှုကြောင့် ဒေသခံရွာသူရွာသားများ၏ နှစ်ရှည်ဥယျာဉ်ခြံ ၄ဝနီးပါး မီးလောင်                     ပျက်စီး

April 19, 2020

မွန်ပြည်နယ် သထုံမြို့နယ် ဓနုကျေးရွာရှိ အစိုးရသစ်တောဌာနမှ ဝက်ဝံတောင်သစ်တောကြိုးဝိုင်း ဧရိယာအနီးဝန်း ကျင်တွင် စံပြသစ်တောစိုက်ခင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် သစ်တော ၂ဝဝဧက ခုတ်ထွင်ရှင်းလင်းကာ မီးရှို့မှုကြောင့် ဒေသခံများ၏ ဥယျာဉ်ခြံများပါ မီးကူးစက်သွားခဲ့ပြီး နှစ်ရှည် ဥယျာဉ်ခြံ ၄ဝနီးပါး မီးလောင်ပျက်စီးသွား ကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။ ဧပြီလ ၁၁ရက်၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း များက အဆိုပါတောမီးကို ရှို့ခဲ့သည့်အတွက်ကြောင့် ဓနုကျေးရွာရှိ ဒေသခံများ၏ ဘိုးဘွားအစဉ်အဆက်က အသက်မွေးဝမ်း ကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးလာခဲ့သည့် ဒူးရင်း၊ နာနတ်၊ မီးကွတ်၊ ကွမ်းပင်၊ ကွမ်းရွက်နှင့် ရာဘာပင်များမှာ မီးလောင် ပျက်စီးသွား ခဲ့သဖြင့် အချိန်မှီ ပြန်လည်စိုက်ပျိုးနိုင်ရန် အမြန်ဆုံး ကူညီပေးစေလိုကြောင်း ဓနုကျေးရွာဒေသခံများက ပြောဆို သည်။

ဓနုကျေးရွာသူ နောင်မိတုက “မီးရှို့တာ မလုပ်ဖို့ တစ်ရွာလုံး တားမြစ်ခဲ့ပေမယ့် တားမရခဲ့ဘူး။ ကျမရာဘာခြံ ၅ဧက မီးလောင် ထဲ ပျက်စီးသွားတယ်။ ဒီရာဘာပင်ကနေပဲ ကလေးတွေရဲ့ ပညာရေး မိသားစုစားဝတ်နေရေးတွေ ဖြေရှင်း ပေးနေတာပါ။ အခြားအလုပ်တွေလည်း မလုပ်စားတတ်ဘူး။ စားဝတ်နေရေးအတွက် ကောက်ညင်းထုတ်ရောင်းပြီး အခုဖြေရှင်းနေရတယ်။ အချိန်မှီပြန်စိုက်နိုင်အောင် ကူညီပေးစေချင်တယ်။”ဟု ယမန်နေ့ ဧပြီလ ၁၉ရက်နေ့က ကေ အိုင်စီသို့ ပြောသည်။ “သစ်တော စံပြစိုက်ကွက် လာဖော်ထုတ်တာ KNU ဘက်က အုပ်ချုပ်ရေးရော၊ ရပ်ရွာမှာရှိတဲ့ အုပ်ချုပ်ရေးရော တစ်ယောက်မှ မသိရဘူး။ တားမြစ်စာပို့ပြီးမှ သစ်တောက လုပ်ပါတယ်ဆိုပြီး သိရတယ်။ နှစ်ဖက်ညှိနှိုင်းပြီး လုပ် ဆောင်ရမယ့်အချိန်မှာ သူတို့မလုပ်ခဲ့ဘူး။ ဖုန်းနဲ့ပဲ အသိပေးတယ်။ ရှေ့ဆက်မလုပ်ဖို့ ကျနော်တို့ KNU ဘက်က မေတ္တာရပ်ခံခဲ့တယ်။ သူတို့မှားသွားတယ်လို့ပဲ ပြောတယ်။”ဟု KNU သထုံမြို့နယ် တရားရေးအထောက်အကူပြု အဖွဲ့ဝင် ဓနုကျေးနယ်အုပ်စုဥက္ကဌ ပဒိုစောသားသားက ဧပြီလ ၁၆ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “သစ်တောမီးရှို့တာ တော့ ဟုတ်ပါပြီး။ ဒါပေမယ့် ပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ပြည်သူတွေထိခိုက်တဲ့အပေါ်မှာ ကျနော်တို့အစိုးရ အဖွဲ့ အပေါ်မှာ တာဝန်ရှိတာပေါ့ဗျား။ ဌာနက တာဝန်ရှိတယ်။ ကျနော်ဝန်ကြီးမှာ တာဝန်ရှိတယ်။ ပြည်နယ်အစိုးရပြီး ရင် ပြည်ထောင်စု အစိုးရရှိမယ်ပေါ့ဗျာ။ တာဝန်ခံမှု တာဝန်ယူမှုဆိုတာကတော့ ရှိရမှာပေါ့လေ။ တောင်သူတွေ နစ်နာ တယ်ဆိုရင် ကျနော်တို့က လုပ်နည်းလုပ်ထုံးအဆင့်ဆင့်တင်ပြပြီး လုပ်ရမယ်ကိစ္စဖြစ်ပါတယ်။ ကျနော်တို့မှာ စိစစ်ရ မယ့်အပိုင်းရှိတယ်။ အရေးယူရမယ့် အပိုင်းရှိတာပေါ့နော်။ ကျနော်အားနည်းချက်ရှိရင် ကျနော်ကိုယ်တိုင်ကလည်း အရေးယူခံပါ့မယ်။ လတ်တလောကတော့ ကွင်းဆင်းစစ်ဆေးဖို့ရော လူထုနဲ့တွေ့ဆုံဖို့ရော စီစဉ်ထားတယ်။”ဟု ဧပြီ ၁၆ရက်နေ့ ကေအိုင်စီသို့ ပြောသည်။

နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်မည့် ဓနုသစ်တောကြိုးဝိုင်း စံပြသစ်တောစိုက်ခင်းနေရာသည် ဓနု ကျေးနယ် ရွာ ဒေသခံအများစုက စိုက်ပျိုးရေးဖြင့် မှီခိုအားထားနေရသည့် သစ်တောဥယျာဉ်ခြံရှိရာ တောင်တန်း လည်းဖြစ်ပြီး တောမီးရှို့ ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရသည့်အပြင် ၎င်းကျေးရွာရှိ ဒေသခံများအတွက် သောက်သုံးရေအရင်းအမြစ်လည်း ရှားပါး သွားကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ http://kicnews.org/2020/04/%e1%80%9e%e1%80%85% e1%80%b9 %e1%80%b1%e1%80%900

**************

၁၂။      ကေအန်ယူ၏ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်ကို ကရင်ပြည်နယ်စိုးရ ကန့်ကွက်

April 19, 2020

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ တပ်မဟာ-၁ တပ်ရင်း ၂ ရဲ့ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ထားပါတယ်။ ဧပြီ ၁၇ ရက် နေ့ စွဲ နဲ့ ကေအန်ယူ ဗဟိုနှင့်တပ်မဟာဆက်ဆံရေးရုံးဆီ ပေးပို့တဲ့ ကန့်ကွက်စာမှာ ကေအန်ယူအနေနဲ့ အန်စီအေ သဘောတူ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်သွားဖို့နဲ့ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ မပြု လုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ ပါရှိပါတယ်။

ကေအန်ယူ လက်အောက်ခံ တပ်မဟာ-၁ တပ်ရင်း ၂ အနေနဲ့ ဧပြီ ၁၅ ရက်နေ့က သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာ သိမ်းဆိပ်-ပိန္နဲတော-လေးကေ သွားတဲ့လမ်းမပေါ်မှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ဖြတ်သန်းသွားလာသူတွေကို အပူချိန်တိုင်းတာ၊ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ခရီးသွားပြည်သူတွေကို နေ့စဉ် မနက်က ၅ နာရီကနေ ၂ နာရီ အချိန်ထိသာ သွားခွင့်ပြုမှာဖြစ်ကြောင်း၊ မလိုအပ်ဘဲ ခရီးသွားလာမှုတွေရှောင်ရှားဖို့၊ တတ်နိုင်သမျှ နေအိမ်တွင်းသာ နေထိုင်ဖို့၊ လူစုလူဝေး ဖြစ်ပေါ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေကို မကျင်းပဖို့ အသိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

ဒီအပေါ် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လက်မှတ်ထိုးပြီး  ကန့်ကွက်လွှာပေးပို့ထားတာ ဖြစ်ပါတယ်။ လံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်ရဲ့ ကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကေအန်ယူလက်အောက်ခံ တပ်မဟာ ၅ ဌာနချုပ်ကလည်း ဒီကန့်ကွက်လွှာပါ နေရာတွေဟာ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာရှိနေကြောင်းနဲ့ ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ဆောင်မှုကို ကန့်ကွက်တာဟာ ဒေသခံ ကရင် ကျေးရွာလူထုအပေါ် မမှန်ကန်တဲ့ သဘောထားဖြင့် ရောဂါပိုးကူးစက်စေလိုတဲ့သဘော သက်ရောက်နေကြောင်း ပြန်လည် ထုတ်ပြန်ကန့်ကွက်ထားပါတယ်။ ဒါကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ရဲ့ ကန့်ကွက်မှုကို အလေးအနက်  ပြန်လည်ကန့်ကွက်ကြောင်း ဧပြီ ၁၇ ရက်စွဲနဲ့ ပြန်လည်ထုတ်ပြန်ခဲ့တာပါ။ http://burmese.dvb.no/archives/383394

**************

၁၃။      Covid-19 အရေးပေါ်ကာလ မြဝတီမြို့တွင် ည မထွက်ရ အမိန့်ထုတ်ပြန်

April 18, 2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့် အပါအဝင် Covid-19 ရောဂါ အရေးပေါ်ကာလ အများပြည်သူလိုက်နာရမည့် စည်းကမ်းချက် ၄ ရပ်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့က ယနေ့ ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်စာတွင် မည်သူမဆို လုံလောက် သောအကြောင်း ပြချက်မရှိဘဲ နေ့စဉ် ည(၁၀)နာရီမှ နံနက်(၄)နာရီ ချိန်အတွင်း နေအိမ်ပြင်ပသို့(လုံးဝ) ထွက်ခွာခြင်း မပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်/လူပုဂ္ဂိုလ်များသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် ဖော်ပြပါရှိသည်။

ထို့အပြင် ပြည်သူများအနေဖြင့် နေ့ခင်းဘက်တွင်လည်း မဖြစ်မနေ ပြင်ပသို့သွားလာရန်ကိစ္စရှိပါက အိမ်ထောင်စုတစ်စုလျှင် (၁)ဦးသာ ထွက်ရန်နှင့် နှာခေါင်းစည်း (Mask ) မတပ်ဘဲ အိမ်ပြင်သို့ထွက်ခွာခြင်း (လုံးဝ)မပြုလုပ်ရန်နှင့် ဈေးအသီးသီးရှိ ဈေးရောင်းဈေးဝယ် လုပ်သားပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ထားပြီး ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် အစရှိသည့် အမိန့်ကြေညာချက်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့ စာအမှတ် (၄/၂၀၂၀) ယနေ့ ဧပြီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

နယ်စပ်မြို့ဖြစ်သော ကရင်ပြည်နယ် မြဝတီခရိုင်/မြို့နယ်တွင် ပြည်ပအဝင်အထွက်များပြားခြင်း၊ နယ်စပ်ကုန် သွယ်ရေးလုပ် ငန်း များနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများရှိခြင်းတို့ကြောင့် Covid-19 ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများ အနေဖြင့် ဧပြီလ ၁၈ ရက်နေ့မှစ၍ အမိန့်တစ်စုံ တစ်ရာထပ်မံထုတ်ပြန်မှုမရှိမခြင်း ဖော်ပြပါစည်းကမ်းချက်များကို နေ့စဉ်လိုက်သွားကြရန်နှင့်လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံဒေသ အသီးသီးမှ ဝင်ရောက်လာသည့် မြန်မာရွှေ့ ပြောင်းလုပ်သား ၁,၅၀ဝ ခန့်ကို စောင့်ကြည့်ရေးစခန်း ၆ ခုတွင် ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှုများ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။ http://kicnews.org/2020/04/covid19%e1%  80%a1%e1%80%b1%e1%80%9b%e1 %80%b8%b1%e1%80%95%e1%81%9a%e1%80

************

၁၄။      ဖားကန့် မြေစာပုံပြိုကျမှု လူ ၁၀ ဦးခန့် သေဆုံးနိုင်

April 20, 2020

ဖားကန့် ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ မနက် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၁၀ ဦးထက်မနည်း သေဆုံး နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် အေးမြသာယာရပ်ကွက် ဗလခကျေးရွာအနီး ပိုင်ဖြိုးသီဟ အမည်ရှိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွင် မြေစာပုံပြိုကျလာပြီး ရေမဆေးသမားများ ၁၀ ဦးခန့် ပါသွားသည် ဟု ဖားကန့်ဒေသခံ ဦးနောင်လတ်က KNG သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“အခုမြေစာပုံပြိုကျတဲ့ နေရာက အနီးတဝိုက်ရှိတဲ့ ကုမ္ပဏီတွေ စွန်ပစ်နေတဲ့ မြေစာပုံကြီးဖြစ်တယ်။ အဲ့တော့ မနက် ၄ နာရီ အချိန်မှာက ရေမဆေးသမားတွေ ကျောက်ဝင်ရှာနေတော့ အဲ့မြေစာပုံက ပြိုကျသွားတာဖြစ်တယ်။”ဟု ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့များမှ အလောင်ရှာဖွေရေး ဆက်လက်ဆောင်ရွက်နေပြီး လက်ရှိတွင် သေဆုံးသူတစ်ဦး၏ အလောင်းရှာ ဖွေတွေ့ရှိခဲ့ကြောင်းလည်း သူကဆက်လက်ပြောသည်။ တွေ့ရှိထားသည့် သေဆုံးသူတစ်ဦးမှာ အသက် ၂၂ အရွယ်ခန့်ရှိပြီး လက်ရှိ ဖားကန့် မှော်မော်လယန်တွင်နေထိုင်ပြီး နေရပ်ဇာတိမှာ မိုးကောင်းမြို့ကျွန်းတောရပ်ကွက်မှ ဖြစ်သည်ဟု သိရသည်။ လက်ရှိ ပြိုကျသွားသည့် မြေစာပုံမှာ မြန်မာသူရ၊ ယူနတီနှင့် ပိုင်ဖြိုးသီဟ စသော ကျောက်စိမ်း တူးဖော်သည့် ကုမ္ပဏီများ၏ စုပေါင်းစွန့် ပစ် မြေစာပုံကြီးဖြစ်ပြီး ပေ ၁၅၀ ခန့် နက်တွင်းဖြစ်ကြောင်း ဦးနောင်လတ် ထံမှ သိရသည်။ https://burmese.kac hinnews.com/2020/04/20/%e1%80%96%e1%80%ac%e1%80%b8%e1%80%80%e1%

*************

၁၅။      ရခိုင်နဲ့ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေရပ်ဖို့ ကုလ ထပ်မံတိုက်တွန်း

April 19, 2020

ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြားမှာ အရပ်သားတွေ ထိခိုက်သေကျေနေရ တဲ့အထိ အရှိန်မြင့်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ကြဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ပေးပို့ထားတဲ့သတင်းကို မခွာညိုက တင်ပြပေး ထားပါတယ်။ လွန်ခဲ့တဲ့ ၂ လအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ဒါဇင်နဲ့ချီပြီး ပင်လယ်ပြင် မှာ သေဆုံးခဲ့ကြရသလို ရာနဲ့ချီပြီး သောင်တင်နေတဲ့ အဖြစ်တွေနဲ့ ကြုံနေရချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတာပါ။

ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြရသူတွေဟာ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြားက တိုက်ပွဲတွေနဲ့ တော့ တိုက်ရိုက် ဆက်နွှယ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ လက်နက်ကိုင် ပုန်ကန်မှုတွေဟာ လူ နည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တော်လှန်တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အကဲခတ်တွေက ရှုမြင်ထား ကြပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရ Rupert Colville ကတော့ လတ်တလော မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ အတူ ကပ်လျက် ရှိနေတဲ့ ချင်းပြည်နယ်မှာပါ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ၊ ချင်း၊ မြို၊ ဒိုင်းနက်တို့အပြင် တခြားအရပ်သားတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေ ထိခိုက်နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဘေး ကျရောက်နေတဲ့အချိန်မှာ တကမ္ဘာလုံးက တိုက်ပွဲမှန်သမျှ ရပ်ထားပေး ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း နှစ်ဖက်စလုံးက မသိကျိုးကျွံ ပြုနေခဲ့ကြကြောင်း Colville က ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစလို့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ် ၉ ခုမှာ အစိုးရက အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတာဟာလည်း အခြေအနေကို ပိုဆိုးစေခဲ့ကြောင်း ပြောခွင့် ရ သူက သတိပေးထားပါတယ်။ အင်တာနက် ဆက်သွယ်မှုတွေ ပိတ်ထားတာကို မြန်မာအစိုးရက ချက်ချင်းပြန်ဖွင့်ပေးဖို့နဲ့ပဋိပက္ခ ဒဏ်ကို ခံစားနေကြရတဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးနိုင်အောင် ခွင့်ပြုဖို့လည်း လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက တောင်းဆိုထားပါတယ်။ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် တော့ ပဋိပက္ခဖြစ် ရာ ဒေသတွေမှာ အရပ်သားတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေ ပိုဆိုးလာမှာဖြစ်သလို အင်မတန် ဆိုးရွားပြင်းထန်တဲ့ COVID-19 ကပ်ရောဂါကို တိုက်ဖျက်ဟန့်တားရာမှာ အဟန့်အတား ဖြစ်စေလိမ့်မယ်လို့လည်း Mr. Colville က သတိပေးထားပါတယ်။ https://burmese.voanews.com/a/myanmararmyaafightingin rakhinechin/537856.html

***************

၁၆။      အေအေက အရပ်သားများကို တိတ်တဆိတ် ဖမ်းခေါ်၊ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူများကိုလည်း ခြိမ်းခြောက်              ဟု KACC ထုတ်ပြန်

April 17, 2020

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ အရပ်သားများကို အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့က ညဘက်တွင်တိတ်တဆိတ် ဖမ်းဆီး ခေါ်ဆောင်သွားရန် ကြိုးစားအားထုတ်မှု ရှိခဲ့ကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ယင်းအပြင် စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးသူများကို ခြိမ်းခြောက်မှုများ လည်း ရှိနေကြောင်လည်း ပါဝင်သည်။

KACC မှ ညှိနှိုင်းရေးမှူး ဦစောမြက “အခု ထုတ်ပြန်ချက် ထုတ်ရတာက ခုလက်ရှိ မြေပြင်မှာ ဖြစ်ပွားနေတာကို နှစ်ဖက်အဖွဲ့ အစည်းတွေ သိရှိဖို့၊ အဓိကတော့ တာဝန်ရှိခေါင်းဆောင်တွေ သိရှိစေဖို့နဲ့ အများပြည်သူ သိရှိဖို့ ဖြစ်တယ်”ဟု ပြောသည်။ ပလက်ဝမြို့ မြို့သစ်ရပ်ကွက်နေ ဦးအောင်ပ၊ ဦးလင်းဗန်တို့ကို ဧပြီ ၁၀ ရက်၊ မြို့နယ်စည်ပင်သာရေးကော်မတီဝင် ဦးမြင့်မောင် ကို ဧပြီ ၁၂ ရက်နေ့များတွင် အေအေက ဖမ်းဆီးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် မတရားဖမ်းဆီးထားသူများအား အမြန်ဆုံးလွှတ်ပေးရန်၊ စစ်ဘေးရှောင်များအရေး စာနာ ထောက်ထားမှုဆိုင်ရာ ပံ့ပိုးခြင်းများကို ဝိုင်းဝန်းကူညီပေးရန်လည်း လက်နက်ကိုင် နှစ်ဖက်အဖွဲ့ထံ တောင်းဆိုထားသည်။ https://www.bnionline.net/mm/news-72294

*************

၁၇။      COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရန် ကျောက်ဖြူ မြို့၌ ယာယီဈေးအချို့ဖွင့်လှစ်ပေး

April 19, 2020

COVID-19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ဖို့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မဈေးနဲ့ ရပ်ကွက်ပျံကျဈေးအချို့ကို ပိတ်သိမ်းပြီး ယာယီဈေးတွေ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ ဧပြီ ၁၈ ရက်နေ့က စတင်ပြီး ကွင်းပြင်တွေမှာ ယာယီ ဈေးတွေဖွင့်လှစ်ပြီး ဆိုင်နေရာအကျယ်အဝန်းသတ်မှတ်ကာ ရောင်းချနိုင်အောင် စီစဉ်ပေးထားတယ်လို့ ကျောက်ဖြူ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်က ပြောပါတယ်။

“COVID-19 ရောဂါလည်း ဖြစ်လာတဲ့အတွက် လူနေထူထပ်ပြီးတော့ စုစုဝေးဝေးနဲ့ မဖြစ်စေအောင် တခုရယ်၊ နောက်တခါ လူတွေ ဝယ်တဲ့အခါမှာ ရောဂါအန္တရာယ်ကင်းကင်းနဲ့ ဈေးဝယ်နိုင်အောင်အတွက် ကျနော်တို့က သက်ဆိုင်ရာကွင်းတွေမှာ တဆိုင်နဲ့တဆိုင် ၆ ပေအကွာ၊ လမ်းဆိုရင် ၈ ပေအကျယ် အကွက်ရိုက်ပြီးတော့ ရောင်းချနိုင်ဖို့အတွက် စီစဉ်ပေးထားတာ ဖြစ်ပါ တယ်။” ကျောက်ဖြူမြို့ပေါ်မှာ ယာယီဈေးနေရာ ၃ နေရာ သတ်မှတ်ကာ အခြေခံစားသောက်ကုန်တွေ၊ ဟင်းသီးဟင်းရွက်နဲ့ သားငါးတွေ ရောင်းချပေးနိုင်ဖို့ အဓိကထားကာလုပ်ဆောင်ပေးနေတယ်လို့ ဦးသန်းဝင်း ဆိုပါတယ်။ http://bur mese.dvb.no/archives/383283

**************

၁၈။      ရခိုင်စစ်ရှောင်များ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

April 17, 2020

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် UNA/AA  တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရ သည့် စစ်ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။ မတ်လကုန်အထိ စာရင်း များအရ ကျောက်တော်၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင်ဦးရေ ၃၀,ဝဝဝ ခန့် တိုးလာပြီး စားနပ်ရိက္ခာ မလုံမ လောက် ဖြစ်နေရသည်ဟု အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “အခုက ရိက္ခာအနေနဲ့ ကတော့ လောလောလတ်လတ် တိုးလာတဲ့ ဒုက္ခသည်တွေအတွက်ဆိုရင် အစိုးရက ပုံမှန်ထောက်ပံ့ပေးနေတဲ့ လူတစ်ဦးကို ၃၀ဝ နှုန်း စားနပ်ရိက္ခာအတွက်ကလည်း မရရှိကြသေးဘူး။ ဒါတွေက ကျောက်တော်၊ မင်းပြားဘက်မှာရှိတယ်။ တော်တော် များများ စခန်းတွေမှာက ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ)တို့ ၊ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် )တို့က ပုံမှန် ဆန်အပါအဝင် ပဲတို့၊ ဆီတို့ထောက်ပံ့ပေးတာရှိတယ်။ အခုကျတော့ Covid လည်း ဖြစ်လာတော့ အစီအစဉ်တွေ ပြောင်းလဲတာတို့ ဖြစ်လာတာပေါ့နော်၊ ဆိုတော့ တချို့ Camp တွေဆို ပုံမှန် ရိက္ခာမရောက်တာမျိုးတွေလည်း ဖြစ်လာပါတယ်” ဟု ပြောသည်။ ထို့အပြင် တပ်မတော်စစ်ကြောင်းများက ဒေသတွင်း အလှူရှင်များကို လမ်းခရီးတွင် တားဆီးပိတ်ပင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲများ ဖြစ်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေနှင့် ပေါက်တောမြို့နယ်များမှ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာနေရာများတွင် စစ်ရှောင်နေကြသည်။ စစ်တွေမြို့က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းကလည်း “အခုဖြစ်စဉ်က ပုဏ္ဏားကျွန်း မြို့နယ် ကျောက်ဆိပ် ကျေးရွာမှာ ဖြစ်တာ။ ဒါပေမယ့် ရခိုင်ပြည် တစ်ပြည်လုံးမှာက တခြား ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦးရယ်၊ ကျောက်တော်ရယ်၊ မင်းပြားရယ်ပေါ့လေ။ တစ်ချို့ဆို အမ်းတောင်ရှိပါတယ်။ အဲဒီကနေပြီးတော့ လာတဲ့ စစ်ဘေးရှောင်တွေ တောင်မှ စားဝတ်နေရေးကို အရမ်းကို ရုန်းကန်နေရတယ်”ဟု ပြောသည်။

လက်ရှိစခန်းများရှိ စစ်ဘေးဒုက္ခသည်များအတွက် မဆင်မပြေမှုပေါင်း မြောက်များစွာ ရှိသလို ယခုလပိုင်းအတွင်း ထပ်မံတိုး လာသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းနှင့် ထောက်ပံ့မှုများ လုံးဝ မရှိနိုင်တော့ဟု ဆိုသည်။ ထို့ကြောင့် နီးစပ်ရာ တွင် ကြုံသလို တိမ်းရှောင်နေသူများ အလွန်များပြားလာနေပြီး ယင်းတို့၏ အခက်အခဲမှာလည်း လွန်စွာစိုးရိမ်ဖွယ်ရာ ဖြစ်လာ နေသည်ဟု REC က ထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာ စစ်ရှောင်နေရသူ ဦးရေ တစ်သိန်းခွဲကျော်သွားပြီ ဖြစ်ပြီး စစ်ရှောင်စခန်းပြင်ပ စစ်ရှောင်နေရသူများက ပိုများနေသည်ဟု စစ်တမ်းများ ကောက်ခံထားသည့်  REC က ပြောသည်။ https://www.bnionline.net/mm/news-72282

**************

၁၉။      လမိုင်းမြို့လူစုလူဝေးဖြင့် တိုက်ခိုက်မှု ၃၉ ဦးအား ဖမ်းဆီးအရေးယူ

April 19, 2020

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် အုပ်စုဖွဲ့ကာ ခိုက်ရန်ဖြစ်ခဲ့သည့် လူငယ် ၃၉ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၃၂၆ (ဓါးခုတ်မှု) နှင့် ရန်ပွဲတွင်ပါဝင်ပြီး အားပေးကူညီခဲ့သည့်အတွက် ပုဒ်မ (၁၁၄) ဖြင့် အရေးယူထားကြောင်း ရေးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရုံးမှ သိရသည်။

Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ဆောင်နေသည့် ကာလအတွင်း ဧပြီ ၁၇ ရက်နေ့ ညက လမိုင်းမြို့တွင် လူငယ် များ ဆိုင်ကယ် ကိုယ်စီဖြင့် အိမ်များကို ခဲဖြင့်ပေါက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်နေသည့် ရုပ်သံဖိုင် တခုလူမူ ကွန်ရက်တွင် ထွက်ပေါ်သဖြင့် ပြည်သူများက အရေးယူမှာလားဆိုသည့်မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။ ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး သိန်းဇော် က “သမီးရည်းစားလုရင်း ရန်ဖြစ်ကြတာ။ ခု ၃၉ ယောက်ကို စခန်းမှာပဲ ဖမ်းထားတယ်။ ဓါးခုတ်ခံရတဲ့ တယောက်က တရားလိုလုပ်ပြီး ဥပဒေကြောင်းအရ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အတွက် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူထားပါတယ်။ ခုဖမ်းထား တဲ့ အထဲမှာ ၁၆ နှစ်အောက် ကလေးတွေလည်း ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက လူစုလူဝေး ဖြစ်စေသော ပွဲတော်အခမ်းအနားစသည့် မပြုလုပ်ရသလို ယခုကဲ့သို့ လူအများစုဖွဲ့ပြီးလည်း သွားလာခြင်း မပြုလုပ်ရပါဆိုသည့် ဒေသန္တရ အမိန့် ထုတ်ပြန်ထားသည်။ ထိုအမိန့်ကို ချိုးဖောက်ပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဟု ပါရှိပြီး ၎င်းတို့ကို Covid-19 ကာလအတွင်း ဒေသန္တရအမိန့်ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် အရေးယူရန်ကိစ္စက အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေး ဌာန၏ တာဝန်သာဖြစ်သည်ဟု ရဲမှူး သိန်းဇော်က ဆိုသည်။

ဧပြီလ ၁၇ ရက်နေ့က လမိုင်းမြို့ရှိ လူငယ်များနှင့် သောင်ပြင်ကျေးရွာ လူငယ်များသည် စကားများရာမှ သောင်ပြင်ကျေးရွာမှ လူငယ်များက လမိုင်းမြို့ကို လိုက်လာခဲ့သဖြင့် လမိုင်းနယ်မြေ ရဲစခန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများက ခိုက်ရန် ဖြစ်ပွားမှုမရှိစေရန်အတွက် တားဆီးခဲ့ပြီး သောင်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သည်။ ရေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း က “လမိုင်းက ကောင်မလေးကိစ္စပေါ့။ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ စကားများကြ တာ။ စကားများတဲ့သူက သူတို့အဖော်တွေကို ခေါ်လာပြီးတော့ လာဝင်ရမ်းတဲ့ပုံစံ”ဟု ပြောသည်။

ရေးမြို့နယ်အတွင်းတွင် ရေးမြို့နယ်အပါအဝင် လမိုင်းမြို့နယ်နှင့် ခေါစာမြို့နယ်ဆိုပြီး မြို့နယ် ၃ ခုရှိသလို ရပ်ကျေး ၄၄ ခုရှိကာ လူဦးရေ ၂ သိန်း ၈ သောင်းခန့်ရှိကြောင်း၊ လက်ရှိရေးမြို့နယ်တွင် Quarantine ဝင်နေသူ ၁၀ဝ ကျော်ခန့်ရှိသည်ဟု သိရသည်။ https://burma.irrawaddy.com/news/2020/04/19/220800.html

**************

၂၀။      ကယားပြည်နယ် မှ နေရပ်ပြန် ကုမ္ပဏီ ဝန်ထမ်း ၊ အလုပ်သမားများ လုပ်ငန်းခွင် ပြန်ဝင်ရောက်ခြင်းမပြုမီ Facility                Quarantine ဝင်ရောက်ရန် ပြည်နယ်အစိုးရအဖွဲ့က ကုမ္ပဏီများထံ အကြောင်းကြား

April 19, 2020

ကယားပြည်နယ် မှနေရပ်ပြန် ကုမ္ပဏီဝန်ထမ်း အလုပ်သမားများ လုပ်ငန်းခွင် ဝင်ရောက်ခြင်းမပြုမီ Community Based Facility Quarantine ဝင်ရောက်ရန် ယနေ့( ဧပြီ ၁၉ ရက်)တွင် ကယားပြည်နယ်အစိုးရရုံးက ကုမ္ပဏီများထံ အကြောင်းကြား စာ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါစာတွင် ပြည်နယ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းများဆောင်ရွက်ကြသော ကုမ္ပဏီ အသီးသီး ၏ ဝန်ထမ်းများ ၊ အလုပ်သမားများသည် မဟာသင်္ကြန် ကာလအတွင်း နေရပ်အသီးသီးသို့ ပြန်လည် ထွက်ခွာ ခဲ့ကြပြီးနောက် သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ကြမည်ဖြစ်ရာ COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိရေး အတွက် သတ်မှတ်နေရာများတွင် Community Based Facility Quarantine (၂၁)ရက် ထားရှိဆောင်ရွက်ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် သတ်မှတ်နေရာများတွင် ၂၁ ရက်ကြာ Community Based Facility Quarantine ထားရှိပြီး ကျန်းမာရေး စောင့်ကြပ်စစ်ဆေးမှု ခံယူရေးအတွက် ခရိုင်၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အုပ်ချုပ်ရေးဌာန၊ ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဌာနများသို့ အချိန်နှင့်တပြေးညီ သတင်းပို့ဆက်သွယ်ဆောင်ရွက် စေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ရန် ကယားပြည်နယ်အစိုးရ၏ အကြောင်းကြားစာတွင်ပါရှိသည်။ https://ne ws-eleven.com/article/169728

*************

 ၂၁။      ရောဂါကူးစက်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်လုပ်ဆောင်ခြင်းသည် လူသားတိုင်းတာဝန်ရှိဟု KNU ပြော

April 20, 2020

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ တာဝန်ရှိသူများမှ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်စာ မပေးပို့ သင့်ဘဲ ရောဂါကူးစက်မှု ကာကွယ်လုပ်ဆောင်ခြင်းသည် လူသားတိုင်းတာဝန်ရှိသည်ဟု KNU က ပြန်လည် တုန့်ပြန် ပြောဆိုခဲ့ သည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၏ ဧပြီလ ၁၇ ရက်နေ့ရက်စွဲပါ ကန့်ကွက်စာအရ KNU တပ်မဟာ ၁ တပ်ရင်း (၂) မှ တပ်ရင်းမှူးအဆင့်ရှိသူ စောချစ်သူနှင့် ၎င်းဦးစီးအင်အား ၇ ဦးသည် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဖြတ် သန်းသွားလာသူများကို အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး နယ်မြေအတွင်း အချိန် ကန့်သတ်ခရီးသွားလာစေခြင်းနှင့် လူစုလူဝေးဖြစ်စေနိုင်မှုများကို မပြုလုပ်ကြရန် အသိပေး ရည်ညွှန်းစာအပေါ် NCA အပစ်ရပ် စာချုပ်အတိုင်း နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန်နှင့် တပ်ဖွဲ့ဝင်များ အား ထိန်း သိမ်းကြပ်မတ်ပေးရန် ဖော်ပြထားသည်။

နယ်လုံ၏ ကန့်ကွက်စာနှင့်ပတ်သက်၍ KNU ဗဟိုမှ အထွေထွေအတွင်းရေးမှူး -၂ ပဒိုစောလှထွန်းက “ တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ ရောဂါလုံခြုံရေးအဆင့်အနေနဲ့ သတ်မှတ်ထားတယ်။ တကမ္ဘာလုံးက ရောဂါပိုးမပြန့်အောင် ကြိုးစားဆောင်ရွက်နေတဲ့ အချိန်မှာ အတူ တကွ ပူးပေါင်းဆောင်ရွက်ရမယ့်အစား အစိုးရက ခုလိုကန့်ကွက်တာတော့ စိတ်မကောင်းဖြစ်ရပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၁၉ ရက်နေ့ ည ၁၁:၁၅ အချိန် ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၁၁ ဦးရှိပြီးဖြစ်သည်။ Covid -19 ရော ဂါကာ ကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း လိုက်နာရန် စည်းကမ်းချက်များ အသီးသီးထုတ်ပြန်ထားမှုများလည်းရှိသည်။ http://kicnews.org/2020/04/%e  1%80%b1%e1%80% 9b%e1%80%ac%e1%80%82%e1%80%ae1%80

**************

၂၂။       တာချီလိတ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် သံသယလူနာ သတ်မှတ်ခံရ

April 19, 2020

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် တို့ သံသယလူနာ အဖြစ်သတ်မှတ်ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ တွင် ကိုဗစ်-၁၉ လူနာ အမှတ် ၉၆ သည် ခွဲစိတ် အထူးကုဆရာဝန် တဦးဖြစ်ပြီး၊ ထိုသူသည် ကိုဗစ်-၁၉ လူနာ အမှတ် ၄၇ နှင့်ထိတွေ့ခဲ့သူဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။ “Case 96 နဲ့ ဆက်စပ်တဲ့ သူတွေဆေးရုံမှာ အားလုံးပေါင်း ၂၁ ယောက် ရှိတယ်။ ဆရာဝန် က ၁၀ ယောက်ပါတယ်။ လောလောဆယ် ဆေးရုံမှာ ဆရာဝန် ၂ ယောက်ပဲ လွတ်တယ်။ လူနာကတော့ ဒီနေ့ ကျိုင်းတုံဆေးရုံကို ခေါ်သွားလိုက်ပြီ” ဟု သျှမ်းပြည် အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိမှာ တာချီလိတ် ဆေးရုံအုပ်ကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၁ ဦး Quarantine ပြုလုပ်ထားသဖြင့် တာချီလိတ် ဆေးရုံ အားဖြည့်ရန် အတွက် မန္တလေး မှ သမားတော်တဦး နှင့် မေ့ဆေးအထူးကု ဆရာဝန် တဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံ မှ သားဖွားမီးယပ် အထူးကု တဦး လာရောက် အားဖြည့်ထားကြောင်း ဒေါက်တာမျိုးထွန်း ကဆိုသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် ညှိနှိုင်းကာ တပ်မတော်ဆေးဘက်မှ အထူးကု ဆရာဝန် ၂ ဦး၊ လက်ထောက်ဆရာဝန် ၄ ဦး နှင့် သူနာပြု ၆ ဦး လာရောက် အားဖြည့်ပေးကြောင်း ဒေါက်တာမျိုးထွန်း ကဆက်လက်ပြောသည်။

လူနာ အမှတ် ၉၆ သည် ရန်ကုန်ဆေးရုံတွင် တာဝန်ထမ်းဆောင်သည့် ခွဲစိတ်ဆရာဝန်ကြီး တဦးဖြစ်ပြီး၊ သူ၏ အမျိုးသမီးသည့် တာချီလိတ်ဆေးရုံက သားဖွားမီးယပ် ဆရာဝန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လူနာ အမှတ် ၉၆ သည် ဧပြီ ၆ ရက် တွင် မိသားစုနှင့် တွေ့ဆုံရန် နှင့် တာချီလိတ်သို့ ရောက်ရှိလာပြီး၊ ဧပြီ ၆ ရက်မှ ၁၀ ရက်ထိ တာချီလိတ် ဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာဝန်များနှင့် အလုပ်ကိစ္စ ဆွေးနွေးခဲ့သေးကြောင်း သိရသည်။ https://burmese.shannews.org/archi ves/16195

**************

၂၃။      မော်လမြိုင်မြို့ရှိ တီဘီရောဂါဓာတ်ခွဲခန်းအား COVID- 19 ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းအဖြစ် အသုံးပြုနိုင်              ရန် လိုအပ်သော ပစ္စည်းစာရင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထား

April 20, 2020

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ်ဇုန် (၅) ရှိ Bio Saving Level – 3 အဆင့်ရှိ တီဘီရောဂါ ဓာတ်ခွဲခန်း အား COVID- 19 ကူးစက်ကပ်ရောဂါပိုး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းအဖြစ် အသုံးပြုနိုင်ရန် လိုအပ်သော ပစ္စည်းစာရင်းအား ကျန်းမ ာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဓာတ်ခွဲခန်းအား ပြည်နယ်ဝန်ကြီးချုပ်မှ COVID-19 ကူးစက်ကပ်ရောဂါပိုးအား စစ်ဆေးနိုင်ရန် လုပ်ဆောင်ချင် ကြောင်း၊ လိုအပ်မည့် ပစ္စည်းစာရင်းကိုပြုစုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ တင်ပြတောင်းခံထားကြောင်း၊ ပစ္စည်း များ ပေးပို့ မည်ဆိုပါကလည်း အနည်းဆုံး တစ်လခန့် ကြာဦးမည်ဖြစ်ကြောင်း၊ ပစ္စည်းများရရှိခဲ့ပါကလည်း ဓာတ်ခွဲစမ်းသပ်မည့် ဝန်ထမ်းလိုအပ်ချက် အခက်အခဲရှိဦးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောကြားသည်။ “ရခဲ့မယ်ဆိုရင်တော့ ကောင်းတာပေါ့။ အခုရန်ကုန်မှာရှိနေတဲ့ NHL ကဘဲ ရသေးတာ လေ။ မန္တလေးမှာရှိတဲ့ Lab တောင်မရသေးဘူး။ မန္တလေးမှာလည်းလုပ်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့မှာက တီဘီရောဂါအတွက် လုပ်ထားတဲ့ Lab ရှိနေတော့ ဒီ Coronavirus စစ်နိုင်အောင် ပစ္စည်းတွေ ထပ်ထည့်ရမယ်ဆိုတာက လည်း စာရင်းတွေ ပြုစုပြီး တင်ပြထားတုန်းရှိပါတယ်။ ဖြစ်လာမယ်။ မဖြစ်လာဘူးဆိုတာကိုတော့ ဘာမှမပြောလိုသေးပါဘူး” ဟု ဒေါက်တာ ထွန်းအောင်ကြည်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး လာရောက်ခဲ့စဉ်က လက်ရှိဓာတ်ခွဲခန်းထဲရှိ ပစ္စည်းများနှင့် COVID- 19 ကူးစက်ရောဂါပိုး စစ်ဆေးနိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းစာရင်းပြုစုပြီး ပြည်ထောင်စုဝန်ကြီးထံ ပြန်လည်တင်ပြပေးရန် လမ်းညွန်ကြားသွား သည့်အတွက် ဧပြီလ (၁၆) ရက်က ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်လာပြီး မော်လမြိုင်ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ အားလုံးအစည်းအဝေးခေါ်ယူကာ ဓါတ်ခွဲခန်းအတွက် လိုအပ်သည့်ပစ္စည်းစာရင်းကို ပြည်ထောင်စု ကို ပြန်တင်ပြထားပါကြောင်း ဒေါက်တာထွန်းဦးက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ စောင့်ကြည့်လူနာ (PUI) များ နှင့် Quarantine များ၌ စောင့်ကြည့်ခံ နေသူများ၏ Nasopharyngeal Swab နှင့် Oropharyngeal Swab နမူနာအား ရယူ၍ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးမှတဆင့် ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းဌာနသို့ နေ့စဉ် ပေးပို့စစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။https://n ews-eleven.com/article/169843

**************

၂၄။      ပလက်ဝမြို့ကို ရိက္ခာဆက်ပို့မယ်လို့ အစိုးရနဲ့ တပ်မတော် ပြော

April 20, 2020

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကစလို့ ဆန်ရိက္ခာပြတ်လပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို မနေ့က ဆန်အိတ် ၈၀ဝ ကျော် ပထမဆုံး ရောက်ရှိသွားပြီး ဒီပမာဏဟာမြို့ပေါ်က လူဦးရေ တစ်သောင်းကျော်အတွက် တစ်ပတ်စာ ဖူလုံသွားပါတယ်။ နောက်ပိုင်းမှာလည်း သုံးလစာလောက် ဆန်ဆက်လက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်သွားမယ်လို့ တပ်မတော်နဲ့ အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။

ဆက်သွယ်ရေး အခက်အခဲကြောင့် ဆန်တွေကို ခွဲဝေပေးတဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပလက်ဝ မြို့နယ်အတွက် သုံးလစာ ထောက်ပံ့ပေးထားတဲ့ ဆန်အိတ် ၆၀ဝဝ ခန့် စစ်တွေမြို့မှာ ရှိနေပြီး၊ အလှူရှင်တွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၃၀ဝ လောက် ဆမီးမြို့မှာ ရှိနေပါတယ်။ တိုက်ပွဲတွေနဲ့ နယ်မြေလုံခြုံရေး အခြေအနေအရ ပလက်ဝမြို့ပေါ်ကို ဆန်အိတ်တွေ လွယ်လင့်တကူ မပို့နိုင်ဘဲ ဖြစ်နေတာပါ။ လတ်တလောမှာ ဆမီးနဲ့ ပလက်ဝမြို့ကြားမှာ တိုက်ပွဲတွေရှိနေပြီး ကားလမ်းကြောင်း ရှင်းမယ်ဆိုရင်တော့ ဆန်တွေ ဆက်ပို့နိုင်မှာပါ။

တပ်မတော်က လုံခြုံရေးပေးလို့ ပထမဆုံးအကြိမ်ပို့တဲ့ ဒီတစ်ခေါက်မှာတော့ ကား ၁၁ စီးနဲ့ ဆန်အိတ် ၈၅၀ တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ကားတစ်စီးကပျက်လို့ ဆန်အိတ် ၅၀ ဆမီးမှာ ကျန်ခဲ့ပါတယ်။ တပ်မတော်က လမ်းလုံခြုံရေးရယူပြီး ပို့ဆောင်တာ ဖြစ်ကြောင်းနဲ့ ဆက်လက်ပို့မယ့် အစီအစဉ်တွေရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေချိန်မှာ တိုက်ပွဲတွေကို ရပ်ဆိုင်းထားဖို့ အရပ်ဖက် အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက တိုက်တွန်းတောင်းဆိုမှုတွေရှိနေပါတယ်။ https://www.rfa.org/ burmese/news/paletwarefugeesdonate04202020042055.html

***************

၂၅။      သျှမ်းပြည်အတွက် COVID-19 စစ်ဆေးသည့် စက် ၂ လုံး ရောက်ရှိတော့မည်

April 20, 2020

သျှမ်းပြည်အတွင်း COVID-19 ရောဂါ စစ်ဆေးနိုင်ရန်အတွက် စက် ၂ လုံး မကြာမီ ရောက်ရှိလာမည် ဟု သျှမ်းပြည် အစိုးရ အဖွဲ့ မှစုံစမ်းသိရသည်။ အဆိုပါ စက် ၂ လုံးကို လှူဒါန်းမည့် အလှူရှင်ရှိထားပြီးဖြစ်ကြောင်း၊ သျှမ်းပြည်အတွင်းရှိ ဆေးရုံကြီး ၂ ခု ဖြစ်သည့် သျှမ်းမြောက် လားရှိုးပြည်သူ့ဆေးရုံ နှင့် သျှမ်းတောင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံတွင် ထားရှိသွားမည် ဟု သျှမ်းပြည်နယ်အစိုးရပြောခွင့်ရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။ “သျှမ်းပြည်နယ်အတွက် သတင်း ကောင်းတစ်ခုကတော့ COVID-19 နဲ့ပတ်သက်ပြီးတော့ စမ်းသပ်ရေးစက် ၂ စုံ လှူဒါန်းဖို့ ကမ်းလှမ်းထားပါတယ်။ တစ်စုံကို သိန်း ၄၀ဝဝ ပတ်ဝန်းကျင် ရှိပါတယ်။ အဲ့ဒီစက်တွေကို ကျနော်တို့ သျှမ်းပြည်ကို လာရောက်လှူဒါန်းထားပါတယ်။”ဟု ဦးစိုးညွန့်လွင် ကပြောသည်။

ငါးပါးသီလ ဘုရားစာသင်ကျောင်းသားဟောင်းများမှ လားရှိုးပြည်သူ့ဆေးရုံကြီးအတွက် COVID-19 ဓါတ်ခွဲစမ်းသပ်သည့်စက် ၁ စုံ လှူဒါန်းမည်ဖြစ်ပြီး ၊မဟာယန ယူနန် ဗုဒ္ဓဘာသာ ရန်ပုံငွေ ရှာဖွေရေးကော်မတီမှလည်း တောင်ကြီး စဝ်စံထွန်းဆေးရုံ အတွက် အဆိုပါစက်မျိုး ၁ စုံ လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။ “လှူဒါန်းတဲ့ခါမှာ လက်ခံဖို့ မခံဖို့က ကျနော်တို့က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနကို လမ်းညွန်မှု ခံယူထားပြီး ဖြစ်ပါတယ်။ သူတို့ကနေ ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်တည်း ၂၂ ရက်နေ့မှာ ယူနန်ကနေ မန္တလေး ကိုရောက်မယ်လို့ ပြောပါတယ်”ဟု ဦးစိုးညွန့်လွင် ကပြောသည်။

“ဓာတ်ခွဲနမူနာတွေကို ကမ္ဘောဇလေကြောင်းလိုင်းနဲ့ ပို့ကြတယ်။ လေကြောင်းက အခုလ ဆိုရင် ၂၃ ရက်နဲ့ ၂၉ ရက်ပဲ ပြေးဆွဲမယ် ဆိုတော့ ကိုဗစ် ဓာတ်ခွဲနမူနာတွေ ဘယ်လို ပို့ကြမယ်ဆိုတာတော့ မသိတော့ဘူး”ဟု တာချီလိတ်မြို့ရှိ ကမ္ဘောဇ လေကြောင်း လိုင်း အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။ https://burmese.shannews.org/archives/16204

***************

၂၆။      စစ်တွေကို လေယာဉ်  နဲ့ ရောက်လာသူတွေထဲက နှစ်ဦးကို စောင့်ကြည့်နေ

April 20, 2020

ရန်ကုန်ကနေ  စစ်တွေလေဆိပ်ကို အဲကမ္ဘောဇလေကြောင်းလိုင်းနဲ့ ဧပြီ ၁၉ ရက်နေ့ မနေ့က ရောက်ရှိလာတဲ့ ခရီးသည် ၆၅ ဦး မှာ နှစ်ဦးကိုသာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ဖို့ ပြည်နယ်အစိုးရက ကန့်သတ်စောင့်ကြည့်ထား ပါတယ်။ ဒေသခံတချို့ကတော့ နှစ်ဦးတည်းကို စောင့်ကြည့်ရုံနဲ့ လုံလောက်မှု မရှိဘူးလို့ ယူဆပါတယ်။

အဲကမ္ဘောဇ လေကြောင်းနဲ့ လိုက်ပါလာတဲ့ ၆၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများပြားတဲ့ ရန်ကုန် အင်းစိန်မြို့နယ်က နှစ်ဦး ပါဝင်ပါတယ်။ သူတို့နှစ်ဦးကိုသာ ကန့်သတ်စောင့်ကြည့်ထားပြီး ကျန်တဲ့သူတွေကို နေအိမ်မှာ ကန့်သတ်စောင့်ကြည့်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ စစ်တွေမြို့ အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က ပြောပါတယ်။

“စစ်တွေရယ်၊ ပုဏ္ဍားကျွန်းရယ်၊ ပေါက်တောရယ် သုံးခု ပုဏ္ဍားကျွန်းကိုတော့ ကားနဲ့ပို့တယ်။ ပေါက်တော မနေ့က တစ်ခါ တည်းပို့တယ်၊ အစိုးရအစီအစဉ် နဲ့ ကားနဲ့ပို့တယ်။ စစ်တွေက အင်းစိန်ကလာတဲ့ အမျိုးသမီး နှစ်ယောက်ကိုတော့ ကွာရန်တင်း ထားတယ်။ ကျန်တဲ့သူတွေကိုတော့ ဟုမ်းကွာရန်တင်းထားဖို့ ညွှန်ကြားထားတယ်”ဧပြီ ၁၉ ရက်နေ့ မနေ့က ခရီးသည်တင် လေယာဉ် တစ်စီးနဲ့  ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ တပ်မတော် လေယာဉ် နှစ်စီး ဆင်းသက်ခဲ့ပါတယ်။ လေဆိပ်မှာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အဓိက စစ်ဆေးကြတာလို့ စစ်တွေလေဆိပ် တာဝန်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့က ကိုထွန်းလင်းအောင်က အင်းစိန် က နှစ်ဦးထဲကို ကန့်သတ်စောင့်ကြည့်ရုံနဲ့ လုံလောက်မှု မရှိနိုင်ဘူးလို့ ထောက်ပြပါတယ်။ “နှစ်ယောက်တည်းထားတာတော့ ဆေ့ပ်ဖြစ်မယ်မထင်ဘူး၊ လေယာဉ်ပေါ်မှာလည်း တစ်စီးတည်းအတူတူစီးလာခဲ့ပြီးပြီ တစ်စီးလုံးကို တူတူပဲ ကွာရန်တင်း ထားစေ ချင်တယ်”စစ်တွေမြို့နယ်မှာ သံသယ လူနာတစ်ဦးရှိပြီး ဆေးစစ်ဖို့ ရန်ကုန်ကို ပေးပို့ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး စောင့်ကြည်လူနာ စုစုပေါင်း ၃၆ ဦး ရှိနေပြီဖြစ်ပါတယ်။ https://www.rfa.org/burme se/ne ws/twopassengersarrivedin sittwequarantine-04202020052728.html

***************

၂၇။      လူနာအမှတ်စဉ် ၈၂ ဖြင့်ဆက်စပ်သော ကချင်ပြည်နယ်မှ စောင့်ကြည့်လူနာ ၈ ဦးအနက် ၄ ဦးကို စစ်ဆေးရာ ပိုးမ                  တွေ့

April 20, 2020

Covid-19 ပိုးတွေ့ရှိ လူနာအမှတ်စဉ် ၈၂ နှင့် ထိစပ်ခဲ့ကြသည့် ကချင်ပြည်နယ်မှ စောင့်ကြည့်ခံထားသူ ၈ဦးအနက် ၄ ဦးအား ဓါတ်ခွဲစစ်ဆေးပြီးဖြစ်ရာ ပိုးမတွေ့ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ လူနာအမှတ် ၈၂ ဖြင့် လေယာဉ် အတူးစီးခဲ့ကြသူများသည် မြစ်ကြီးနားမြို့တွင် ၅ ဦး၊ ဝိုင်းမော်မြို့နယ်တွင် ၁ဦး၊ ဖားကန့်မြို့နယ်တွင် ၂ ဦး စုစုပေါင်း ၈ ဦးအနက် ၄ ဦးအား စစ်ဆေးပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာနော်ရှဲယ်တာ ပြောသည်။

“အဲဒီ Case လူနာအမှတ် ၈၂ နဲ့ထိစပ်ခဲ့တာ ၈ ယောက်ရှိတဲ့ထဲမှာ ၄ ယောက်ကိုတော့ စစ်ပြီးပြီ။ သင်္ကြန်ကာလအတွင်း စစ်ဆေးပြီးဖြစ်တယ်။ အားလုံးက Nagative ဖြစ်တယ်။ ကျန်တဲ့ ၄ ယောက်ကိုတော့ သန်ဘက်ခါလောက်ပို့ဖို့ စီစဉ်နေပါ တယ်။” ဟု ကျန်းမာရေးမှူး ဒေါက်တာနော်ရှဲယ်တာ ပြောသည်။ ကချင်ပြည်နယ်တွင် လက်ရှိ Home Quarantine ၁၉၁၂ ဦး၊ Facility Quarantine ၂၇၆၇ ဦးရှိပြီး Quarantine ထားရှိသူ အားလုံးသည် ၄၆၈၈ ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

“ခုလေကြောင်းလိုင်းတွေက ပိတ်ထားတော့ ကျမတို့အနေနဲ့ ဓါတ်ခွဲဖို့ ပို့တဲ့နေရာမှာ အခက်ခဲတော့ရှိတယ်။ အချိန်မှီ ၄၈ နာရီ ရောက်မှ တိကျတဲ့အဖြေကရမှာ။ အဲတော့ ဒီကနေဘယ်ချိန်ထွက်မယ် ဘယ်နေရာမှာအိပ်မယ် ရန်ကုန်ကိုဘယ်ချိန်ရောက်မယ် ဆိုတာကအစ အကုန်လုံးကအချိန်ကိုက်လုပ်ရတာပေါ့။ ကားဆရာကလည်း အိပ်ငိုက်လို့မရဘူး။ အဲမှာကိုယ့်ရဲ့ကျန်းမာရေး ဝန်ထမ်းက ပါရသေးတယ်။ အအေးလမ်းစနစ်နဲ့ သယ်ရတယ်ဆိုတော့ အအေးလမ်းမပြတ်အောင် ပညာရှိတွေလည်း လိုက်ပေး ရတယ်။”ဟု ကျန်းမာရေးမှူး ဒေါက်တာနော်ရှဲယ်တာ ပြောသည်။ ကချင်ပြည်နယ်တွင် ပြည်တော်ပြန်များကိုထားရှိရန် ပြင်ဆင် ထားသည့် FQ နေရာ စုစုပေါင်း ၃၅၁ အနက် နေရာ ၂၅၂ တွင် သုံးနေပြီဖြစ်ကြောင်း သိရသည်။ https://burmese.ka chinnews. com/2020/04/20/%e1%80%9c%e1%80%b0%e180%94%e1%8%ac%e1%

*************

၂၈။      ဖမ်းဆီးထားသည့် ရွာသား ၄၀ ခန့်မှ ၃၃ ဦး တပ်မတော် ပြန်လွှတ်ပေး

April 20, 2020

တပ်မတော်က ဖမ်းဆီးသွားသည့် ရခိုင်းပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ရွာသား ၄၀ ခန့် အနက်မှ ၃၃ ဦး ပြန် လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ ကျောက်ဆိပ်ကျေးရွာသို့ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက တပ်မ တော်သားများ ဝင်ရောက်လာကာ ကျေးရွာသားများကို အုပ်ချုပ်ရေးမှူးနေအိမ်၌ စုဆောင်းပြီးအပြန်တွင် ဖမ်ဆီး ခေါ်ဆောင်သွာ းခြင်းဖြစ်ပြီး ထိုအထဲမှ တချို့ကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ ကျောက်ဆိပ်ရွာသား ဦးဘရွှေ က “ကျနော့်သား ၂ ယောက် ဒီနေ့ ညနေပိုင်းမှာ  ပြန်လွတ်လာပါပြီ၊ ပြန်လွတ်လာတာ အားလုံး ၃၃ ပါ၊ ၅ ယောက်က ပြန် မလွတ်လာသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ ပြန်လွတ်လာသူများထဲတွင် ရိုက်နှက်ခံရမှုရှိသည့်အတွက် တချို့ ဒဏ်ရာရရှိမှုရှိကြောင်းလည်း မိသားစုဝင်များက ပြောကြသည်။ ဦးဘရွှေက “မနေ့က မနက် ၇ နာရီလောက်မှာ တပ်က ရွာထဲကို ဝင်ပြီးတော့ ခင်ဗျားတို့ကို ပြောစရာတွေ ရှိတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးအိမ်မှာ စုပါတယ်။ အသက် ၄၀ လူတွေကို တဖက် စုတယ်။ အသက်၂၀ ကျော် ၄၀ ကြား လူတွေ ကို တဖက် စုပါတယ်။ သူတို့ နေ့လယ် ၁ နာရီလောက် ပြန်ထွက်သွားတဲ့အခါ ရွာကလူငယ် ၃၉ ဦးကို ကြိုးတုတ်ပြီး ခေါ်သွားပါတယ်။ အဲဒီအထဲမှာ ကျနော့်သား၂ ယောက်လည်း ပါသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကျောက်ဆိပ်ကျေးရွာသားများကို ဖမ်းဆီးထားသည်မှာ မှန်ကန်ပြီး၊ ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက် ဆက်နွယ်သည့် မသင်္ကာဖွယ်ရာများ တွေ့ရှိရသည့်အတွက် ဆက်စပ် ဖော်ထုတ်နေခြင်းသာဖြစ်ပြီး ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၃၃ ဦးကို ပြန်မလွှတ်ပေးမီက ဧရာဝတီသို့ ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ် နှင့် ပတ်သက် ပြီး ရခိုင်အမျိုးသားပါတီ (ANP) က ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာ ချက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာ့တပ်မတော်မှ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးသွားရခြင်း များအား စိစစ်အရေးယူပေးရန် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအား အလေးအနက် တောင်းဆိုကြောင်း ရေးသား ပါရှိသည်။ https://burma.irrawaddy.com/news/2020/04/2

**************

၂၉။      ကိုဗစ်ကြောင့် ကရင်ပြည်နယ် ဟိုတယ်လုပ်ငန်းများ ခက်ခဲလာနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များဆို

April 20, 2020

ကရင်ပြည်နယ်တွင် Covid-19 ကပ်ရောဂါကြောင့် လတ်တလော ဟိုတယ်နှင့်တည်းခိုခန်း ၇၅ ရာခိုင်နှုန်းခန့် ခေတ္တပိတ်ထား နေရဆဲဖြစ်သည့်အတွက် ကပ်ရောဂါကာလရှည်ကြာပါက ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း လုပ်ငန်းများ အခက်အခဲ  ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြောဆိုသည်။ ကမ္ဘာအနှံ့ဖြစ်ပွားနေသည့်

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကပ်ရောဂါကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိရပြီးနောက် ၎င်းနှင့်ဆက်စပ်ပြီး ပြည်နယ် အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများမှာ ပြီးခဲ့သည့် မတ်လကုန်မှ စတင်ကာ ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုလို ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားလိုက်ခြင်းဖြစ်သည်ဟု လည်းသိရသည်။

ကရင်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းက “ဟိုတယ်တော်တော်များများက ဘဏ်မှာ ဘဏ်ချေး ငွေယူထားပြီး လည်ပတ်နေတာပေါ့ ။ ဘဏ်အတိုးကိုလည်းပေးရတဲ့အကန့်တွေရှိတယ်။ ဧည့်သည်မရှိတော့ ဝင်ငွေမရှိတော့ ဘူး။ ဘဏ်အတိုးနှုန်းက အိတ်စိုက်ပြီးပေးရတဲ့အနေအထားရှိတယ်။ ဒီ တစ်လနှစ်လအတွင်းမှာ ဒီအတိုင်းဆက်ပိတ်ရပြီး တိုးတက်မှုမ ရှိလာရင် ဘယ်လိုလုပ်ငန်းတွေပြောင်း လုပ်ရ မလဲ နည်းနည်းရှုတ်ထွေးမှုတွေရှိလာတယ်။ ဝန်ထမ်းတွေအတွက်က လုပ်ငန်းရှင် တွေက တောင့်ပြီးပေးထားတယ်။ ဒီထက်ကြာရင်တော့ လုပ်ငန်းရှင်ဘက်က ပေးနိုင်မှာမဟုတ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြော သည်။

ကရင်ပြည်နယ်တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၆၀ ကျော်ရှိသည်ဟု သိရပြီး အများစုမှာ ခေတ္တပိတ်ထားသော်လည်း ဖွင့်လှစ်ထားဆဲဖြစ်သည့် ဟိုတယ်အချို့တွင် ဧည့်သည်ဝင်ရောက်တည်းခိုမှုမရှိသည့်အတွက် ကာလကြာရှည်မည်ဆိုပါက ဝန်ထမ်း များအတွက်ပါ ခက်ခဲလာနိုင်ကြောင်းလည်း ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။

ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကရင်ပြည်နယ်တွင် ခရီးသွားဧည့်သည်ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ် များပြားလာမှု ကြောင့် နှစ်စဉ်မတ်လနှင့် ဧပြီလများမှာ ခရီးသွားဧည့်သည် အဝင်အထွက်အများဆုံး လ ဖြစ်သလို ဟိုတယ်လည်ပတ်မှု အကောင်းဆုံးလများ ဖြစ်သည်ဟုလည်း ဟိုတယ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ http://kicnews.org/ 2020/0 4/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80

***************

 

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

 

 

*** ပြီး ***