• Today is: Friday, April 19, 2024

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း၊ နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

zawgyi

ေန႔စဥ္သတင္းမ်ား စုေဆာင္းတင္ျပျခင္း

(No. 20, April 24, 2020)

၁။       RCSS/SSA ၏ ကိုဗစ္ ေထာက္ပံ့ပစၥည္းမ်ား လက္ခံပါက အေရးယူမည္ဟု တပ္ ၿခိမ္းေျခာက္

၂။       ကသည္းလက္နက္ကိုင္အဖြဲ႔ဝင္ အက်ဉ္းသား ၁ ဦး ခႏီးၱေဆးရံုတြင္ ေသဆံုး

၃။       သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ႏွင့္ အတူ ဝန္ႀကီး ၄ ဦး self quarantine လုပ္ေနရ

၄။       ပလက္ဝ ျမန္မာ့စီးပြားေရးဘဏ္ထဲ လက္နက္ႀကီးက် ၃ ဦး ေသဆံုး

၅။       တ႐ုတ္ႏိုင္ငံမွ ျပည္ေတာ္ျပန္မ်ားအားလုံးကို လက္ခံမည္ဟု လဝက ဝန္ႀကီးေျပာ

၆။       တီးတိန္ၿမိဳ႕ကို Lock Down ခ်ရန္ ခ်င္းျပည္နယ္အစိုးရ ဆံုးျဖတ္

၇။       ကိုဗစ္ ကာလ သွ်မ္းနီတပ္ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာေနဆဲ

၈။       ရခုိင္မွာ WHO ၀န္ထမ္း အသတ္ခံရတဲ့ကိစၥ စုံစမ္း အေရးယူေပးဖုိ႔ ကုလ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ

၉။       ၂၁ ရာစု ပင္လံုညီလာခံ ကိုရိုနာ အႏၱရာယ္ေၾကာင့္ အခ်ိန္ေရႊ႕ဆိုင္း

၁၀။     ကိုးကန္႔ ခ်င္းေရႊေဟာ္ဂိတ္တြင္ ျပည္ေတာ္ျပန္ထပ္ဝင္ စားေသာက္ေရး ခက္ခဲေန

၁၁။     ေနရပ္ျပန္လာမည့္သူမ်ားအား စိုးရိမ္မႈမလြန္ကဲဘဲေႏြးေထြးမႈျဖင့္ဝုိင္းဝန္းကူညီဖို႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း

၁၂။     မူဆယ္ၿမိဳ႕တြင္ မိုးသက္ေလျပင္းက်၍ ေနအိမ္မ်ား ပ်က္စီးၿပီး ဝါဂြမ္းဂိုေထာင္ မီးေလာင္မႈျဖစ္ပြား

၁၃။     ျမဝတီတြင္ ညမထြက္ရအမိန္႔ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ (၅)ေသာင္း (သို႔မဟုတ္) ေထာင္ဒဏ္ (၁)လ ခ်မွတ္

၁၄။     မင္းျပားၿမိဳ႕နယ္တြင္ CPS  ပိုးသတ္ေဆးကုမၸဏီပိုင္ကား ပစ္ခတ္ခံရၿပီး  ၁ ဦးေသ၊  ၁ ဦးဒဏ္ရာရ

၁၅။     ကခ်င္ျပည္နယ္ရွိ Covid-19 ကာကြယ္ေရး volunteer အဖြဲ႕မ်ားတြင္ PPE ဝတ္စုံမ်ားလိုအပ္

၁၆။     တရက္ကို လူေပါင္း ၁၃၀ဝ  ေက်ာ္ COVID-19  စစ္ေဆးႏိုင္မည့္စက္ ျမဝတီ ေရာက္ရွိ

၁၇။     ဘဂၤလားေဒ့ရွ္ကိုျဖတ္ကာ AA က တရုတ္လက္နက္မ်ားတင္သြင္း

၁၈။     WHO ဝန္ထမ္းေသဆံုးမႈကို အေမရိကန္က ျပစ္တင္ရႈတ္ခ်

၁၉။     ကခ်င္ျပည္နယ္က တရုတ္ငွက္ေပ်ာခင္း

၂၀။     မင္းျပားမွာ AA နဲ႔ပတ္သက္သူကို အေသဖမ္းမိေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္ မိသားစုျငင္းဆို

၂၁။     Face Shield မ်က္ႏွာကာမ်ားကို ဗန္းေမာ္လူငယ္မ်ားကိုယ္တိုင္ျပဳလုပ္

၂၂။     ေတာင္ႀကီး ကိုဗစ္ လူနာ ၁၂၁ ႏွင့္ထိေတြ႔သူ ၁၂  ဦးရွိ

၂၃။     လိင္ေဖ်ာ္ေျဖေရး လုပ္ေနသည္ဟု ေက်ာ္ေဇာသည့္အိမ္ကို ဝင္ေရာက္ရွာေဖြ Live  လြင့္သူ ၆ ဦးကို ရံုး ထုတ္

၂၄။     နမၼတူတြင္ ျပည္ေတာ္ျပန္ တခ်ိဳ႕ Quarantine ခံယူမႈမရွိ

၂၅။     တီးတိန္ နံပါတ္ ၁ လူနာ ၅ ႀကိမ္ေျမာက္ စစ္ေဆးမႈ Positive သာ ျဖစ္ေန

၂၆။     ပလက္ဝၿမိဳ႕ခံမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္ အေရးတႀကီး လိုအပ္ေနဆဲ

၂၇။     ေတာင္ႀကီးၿမိဳ႕နယ္ ညအမိန္႔မထြက္ရ မလိုက္နာသူ ၈ ဦး ေထာင္ဒဏ္ ၃ လခ်

၂၈။     မြန္ျပည္နယ္ရွိ CBFQ  စခန္းတစ္ခု၌ စည္းကမ္းေဖာက္ဖ်က္သူ ေထာင္ဒဏ္ သံုးလ ခ်မွတ္ခံရ

***************

၁။       RCSS/SSA ၏ ကိုဗစ္ ေထာက္ပံ့ပစၥည္းမ်ား လက္ခံပါက အေရးယူမည္ဟု တပ္ ၿခိမ္းေျခာက္

April 21, 2020

သွ်မ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ၊ သွ်မ္းျပည္ တပ္မေတာ္ (RCSS/SSA) ေထာက္ပံ့သည့္ COVID-19 ကာကြယ္ေရး ပစၥည္းမ်ားလက္ခံရယူပါက အေရးယူ ခံရမည္ျဖစ္ေၾကာင္း ေဒသခံမ်ားအား တပ္မေတာ္က ၿခိမ္းေျခာက္သည္ဟု သတင္းရရွိ သည္။ သွ်မ္းျပည္ အတြင္းရွိ ၿမိဳ႕နယ္ ၂၄ ၿမိဳ႕နယ္အတြက္ COVID-19 ကာကြယ္ေရး ပစၥည္းမ်ားကို RCSS/SSA အဖြဲ႔က ဧၿပီ ပထမပတ္က စတင္ကာ ကူညီေထာက္ပံ့မႈမ်ားေပးခဲ့သည္။

COVID-19 ကာကြယ္ရန္အတြက္ (RCSS/SSA) ၏ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ေရးေကာ္မတီ (PMC) အဖြဲ႔မွ ဦးေဆာင္ၿပီး မိုင္းပန္ၿမိဳ႕နယ္အတြင္း သြားေရာက္လွဴဒါန္ ေပးအပ္စဉ္ ေနာင္ေလရြာႏွင့္ မိုက္ပုတ္ရြာရွိရြာသားမ်ားအား ေထာက္ပံ့ပစၥည္း လက္မခံရန္ အစိုးရတပ္မေတာ္က တားျမစ္ျခင္းခံရေၾကာင္း RCSS/SSA ၏ ေျပာေရးဆိုခြင့္ရွိသူ ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး က ေျပာသည္။ “RCSS က်န္းမာေရးအဖြဲ႔ကေန လာၿပီး ပညာေပးတာ ကာကြယ္ေရးပစၥည္းလာေပးတာ လက္မခံရဘူး။ လက္ခံ မယ္ဆိုရင္ ခင္ဗ်ားတို႔ကို အေရးယူမယ္။ ေထာင္ခ်မယ္ဆိုၿပီး ၿခိမ္းေျခာက္တယ္” ဟု ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး က ဆိုသည္။ “အစိုးရ တပ္မေတာ္ ဒီလိုတားျမစ္တာက ၿငိမ္းခ်မ္းေရးတည္ေဆာက္ေနခ်ိန္မွာ ယံုၾကည္မႈထိခိုက္ႏိုင္တယ္”ဟု ဒုဗိုလ္မွဴးႀကီး စဝ္အုမ္ေခး ကေျပာသည္။

မိုင္းပန္ၿမိဳ႕ ေရာက္မိုက္ပုတ္ရြာသား လံုးစိုင္းက – “ က်ေနာ္တို႔ကို က်န္းမာေရးလာစစ္ေပးတယ္။ ကူညီေထာက္ပံ့မႈေပးတယ္။ ေကာင္းတဲ့လုပ္ရပ္ဘဲေလ က်ေနာ္တို႔ယူရမွာေပါ့။ ဒီဘက္ကလည္း က်ေနာ္တို႔ကို ပစၥည္းေတြယူရင္ ဖမ္းမယ္တဲ့ ။ က်ေနာ္တို႔က ရြာသားေတြေလ။ လက္နက္ကိုင္သူမွန္သမွ်ကိုေၾကာက္ရတာေပါ့။”ဟု သွ်မ္းသံေတာ္ဆင့္အားေျပာသည္။ ၎ႏွင့္ပတ္သက္ၿပီး မိုင္းပန္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းေနာင့္က – “တိုက္ပြဲျဖစ္ပြါးခဲ့တဲ့ မိုင္းပန္ၿမိဳ႕ ေတာင္ဘက္ မိုင္ ၂၀ ေက်ာ္ အကြာ ကရွိတဲ့ ေက်းရြာေတြမွာ ၿမိဳ႕နယ္က်န္းမာေရးအဖြဲ႔ေတြ ေရာက္ဖို႔ခက္ခဲတဲ့ေနရာျဖစ္တယ္။ အခုလို တိုက္ပြဲေတြ ထပ္ျဖစ္ ေတာ့ က်န္းမာေရးဝန္ထမ္းေတြ ေရာက္ဖို႔ပိုလို႔ေတာင္ခက္ခဲသြားေစပါတယ္။ အဲလိုဆိုရင္ေတာ့ လူထုဘဲနစ္နာမွာေပါ့ေနာ္ ”- ဟု သွ်မ္းသံေတာ္ဆင့္အား ေျပာဆိုသည္။ https://burmese.shannews.org/archives/16210

***************

၂။       ကသည္းလက္နက္ကိုင္အဖြဲ႔ဝင္ အက်ဉ္းသား ၁ ဦး ခႏီးၱေဆးရံုတြင္ ေသဆံုး

April 22, 2020

စစ္ကိုင္းတိုင္းေဒသႀကီး ခႏီးၱၿမိဳ႕ ျပည္သူ႔ေဆးရံုမွာ တက္ေရာက္ေဆးကုသမႈခံယူေနတဲ့ ကသည္းလက္နက္ကိုင္အဖြဲ႔ဝင္  အက်ဉ္းသားတဦး  ဧၿပီလ ၂၀ ရက္က ေသဆံုးသြားပါတယ္။ ခႏီးၱအက်ဉ္းေထာင္မွာ ေထာင္က်ေနတဲ့ အက်ဉ္းသားဟာ မ်က္စိ အတြင္းက ေသြးယိုတာ၊ သြားဖံုးအတြင္းက ေသြးယိုတာေတြေၾကာင့္ ၁ ရက္ၾကာ ေဆးရံုတက္ ေဆးကုသမႈခံယူရင္း ေသဆံုး သြားတာလို႔ ခႏီးၱၿမိဳ႕မရဲစခန္းက  စခန္းမွဴး ဒုရဲမွဴး ေအာင္ေက်ာ္သာက ေျပာပါတယ္။

“ေသဆံုးသြားတဲ့ ျဖစ္စဉ္ကေတာ့ မွန္ပါတယ္။ ေလာေလာဆယ္ ေသမႈေသခင္းဖြင့္ၿပီး စစ္ေဆးေနပါတယ္။ ေဆးစာအေျဖရမွပဲ ဘာေၾကာင့္ ေသရတယ္ဆိုတာ တိတိက်က်သိရမွာပါ။” ေသဆံုးသူဟာ ဘာေရာဂါနဲ႔ ေသဆံုးတယ္ဆိုတာ တိတိက်က် မသိရ ေသးဘဲ အသည္းမေကာင္းတာ၊ အစာအိမ္ေသြးေၾကာေပါက္တာေတြ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ေသဆံုးသူက မတရားအသင္းပုဒ္မ ၁၇/၁ နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္က်ခံေနရတဲ့ ျပည္ေထာင္စုအမ်ိဳးသားလြတ္ေျမာက္ေရးတပ္ဦး (UNLF) ကသည္းလက္နက္ကိုင္အဖြဲ႔က တပ္သားအဆင့္ရွိတဲ့ အသက္ ၂၄ ႏွစ္အရြယ္ အငန္ဘ ဆိုသူ ျဖစ္ပါတယ္။  ကသည္း လက္နက္ကိုင္ အဖြဲ႔ဝင္ ၂၄ ဦးနဲ႔ နာဂအမ်ိဳးသားဆိုရွယ္လစ္ေကာင္စီ-ကက္ပလန္ (NSCN-K) ထိပ္ပိုင္းေခါင္းေဆာင္ေတြကို မတရားအသင္းဆက္သြယ္မႈ ပုဒ္မ ၁၇/၁ နဲ႔ ၂၀၁၉ ခုႏွစ္က ဖမ္းဆီးၿပီး ေထာင္ဒဏ္ေတြ အသီးသီးခ်မွတ္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ႏွစ္ဆန္း ၁ ရက္ေန႔ ႏိုင္ငံေတာ္သမၼတရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္မွာေတာ့ နာဂအမ်ိဳးသားဆိုရွယ္လစ္ေကာင္စီရဲ႕ ထိပ္ပိုင္း ေခါင္းေဆာင္ ေဟာင္းေတြကို ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။

ကသည္းလက္နက္ကိုင္အဖြဲ႔ဝင္ေတြကေတာ့ လြတ္ေျမာက္ျခင္း မရွိေသးပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကလည္း အက်ဉ္းက်ခံေနရတဲ့ ကသည္းလက္နက္ကိုင္  ၂၄ ေယာက္ထဲက တေယာက္ ေသဆံုးခဲ့ၿပီး အခုေသဆံုးတာက ဒုတိယေျမာက္ ျဖစ္ပါတယ္။ http:// burmese.dvb.no/archives/383780

***************

၃။       သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ႏွင့္ အတူ ဝန္ႀကီး ၄ ဦး self quarantine လုပ္ေနရ

April 21, 2020

 

သွ်မ္းျပည္ အေရွ႕ပိုင္း ခရီးစဉ္တြင္ သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ႏွင့္ အတူ လိုက္ပါသည့္ သွ်မ္းဝန္ႀကီးမ်ား၊ လႊတ္ေတာ္ဥကၠဌ ႏွင့္ သွ်မ္းျပည္ ရဲမွဴးခ်ဳပ္တို႔သည္ self quarantine လုပ္ထားရေၾကာင္း သွ်မ္းျပည္အစိုးရထံမွ စံုစမ္းသိရသည္။

သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္သည္ ဧၿပီလ ၁၇ ရက္ကစၿပီး သႀကၤန္ ကာလအတြင္း သွ်မ္းျပည္ေျမာက္ပိုင္းႏွင့္ သွ်မ္းျပည္ အေရွ႕ပိုင္းသို႔ သြားေရာက္ကာ အစိုးရမွ ေထာက္ပံ့ေပးသည့္ အေျခခံလူတန္းစား ပစၥည္းမ်ား လိုက္လံေပးေဝျခင္းႏွင့္ ေဆးရံု အေျခအေန မ်ားကို သြားေရာက္ၾကည့္ရႈခဲ့သည္။ ထို႔ေၾကာင့္ က်ိဳင္းတံု ခရီးစဉ္တြင္ လိုက္ပါသည့္ လႊတ္ေတာ္ဥကၠဌ ယာဉ္ေမာင္း ႏွင့္ သွ်မ္းျပည္ ရဲမွဴးခ်ဳပ္၏ ကိုယ္ေရးအရာရွိ (PSO) တို႔သည္ ကိုယ္အပူခ်ိန္ျမင့္မားလာကာ ထိုသူ ၂ ဦးကို က်ိဳင္းတံု ျပည္သူ႔ေဆးရံု တြင္ထားရွိခဲ့ရသည္။

“ သူတို႔ ၂ ဦးရဲ႕ ဓာတ္ခြဲ နမူနာကို ယေန႕က (ဧၿပီ ၂၁) ရက္က ရန္ကုန္ကို ပို႔လိုက္ပါၿပီ။ သူတို႔ ၂ ေယာက္ က ကိုဗစ္-၁၉ လူနာ အျဖစ္ အတည္ျပဳရင္ေတာ့ ခရီးစဉ္မွာပါတဲ့သူအားလံုးကို ထပ္ၿပီး စစ္ရမယ္” ဟု သွ်မ္းျပည္နယ္အစိုးရ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ က သွ်မ္းသံေတာ္ဆင့္ ကို အတည္ျပဳေျပာခဲ့သည္။ ထို႔ေနာက္ သွ်မ္းျပည္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ အတူ ဝန္ႀကီး ၄ ဦး ႏွင့္ သွ်မ္းျပည္ လႊတ္ေတာ္ ဥကၠဌ တို႔ သွ်မ္းျပည္ေတာင္ပိုင္းသို႔ ယမန္ေန႔ည ျပန္ေရာက္ကာ မိမိေနအိမ္တြင္ self quarantine ေနထိုင္ၾကေၾကာင္း သွ်မ္းျပည္နယ္ အစိုးရ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္ က ေျပာသည္။

အေရွ႕ပိုင္း ခရီးစဉ္လိုက္ပါသည့္ ဝန္ႀကီးမ်ားမွာ သွ်မ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြမ္ဆိုင္း၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း၊ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္ ႏွင့္ သွ်မ္းျပည္နယ္ လႊတ္ေတာ္ဥကၠဌ လံုးစိုင္းလံုးဆိုင္ သွ်မ္းျပည္ ရဲမွဴးခ်ဳပ္တို႔ ျဖစ္ ေၾကာင္း သိရသည္။ သွ်မ္းျပည္ အေရွ႕ပိုင္းခရီးစဉ္တြင္ က်ိဳင္းတံု ၊ တာခ်ီလိတ္ ၊ မိုင္းေယာင္းသို႔ ေရာက္ရွိခဲ့ၿပီး ဧၿပီ ၂၀ ရက္ေန႔ က အစိုးရဧည့္ရိပ္သာ သို႔ ျပန္လည္ေရာက္ရွိလာျခင္း ျဖစ္ေၾကာင္း သိရသည္။ https://burmese.shannews.org/arc hives/16213

****************

၄။       ပလက္ဝ ျမန္မာ့စီးပြားေရးဘဏ္ထဲ လက္နက္ႀကီးက် ၃ ဦး ေသဆံုး

April 23, 2020

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေပၚရွိ ျမန္မာ့စီးပြားေရးဘဏ္ဝင္းထဲသို႔ ယေန႔ ညေန ၅ နာရီဝန္းက်င္က လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲသည့္အတြက္ ဘဏ္ဝန္ထမ္း ၁ ဦး အပါအဝင္ ကေလး၂ ဦး ပြဲခ်င္းၿပီး ေသဆံုးသြားခဲ့ေၾကာင္း သတင္း ရရွိသည္။ ေသဆံုးသြားသူမ်ားမွာ ဘဏ္ဝန္ထမ္း စာေရးျဖစ္သူ ေဒၚႏြယ္ႏြယ္ထြန္းႏွင့္အတူ သူမ၏ ၄ ႏွစ္အရြယ္ သမီး ၁ ဦးႏွင့္ ဘဏ္ဝန္ထမ္း ဦးသိန္းႏိုင္၏ သားျဖစ္သူ ၁၀ ႏွစ္အရြယ္ ေမာင္ေက်ာ္ႏိုင္ဝင္းတို႔ ျဖစ္ေၾကာင္း ပလက္ဝၿမိဳ႕ခံမ်ားက ေျပာသည္။ ပလက္ဝၿမိဳ႕ခံ တဦး က “ဒီေန႔ ညေန ၅ နာရီေလာက္မွာ ၿမိဳ႕လယ္တည့္တည့္ဘဏ္ထဲက ဝန္ထမ္း အိမ္ရာကို လာက်တာ။ အေလာင္းေတြက ၾကည့္လို႔ေတာင္ မရေတာ့ဘူး။ တစစီ ျဖစ္သြားတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ၿမိဳ႕ခံမ်ားကေတာ့ ပလက္ဝၿမိဳ႕ တဖက္ကမ္း ေတာင္ေၾကာမ်ားတြင္ တပ္မေတာ္ႏွင့္ ရကၡိဳင္စစ္တပ္ (AA) အဖြဲ႔တို႔ ယေန႔ တေန႔ လံုး တိုက္ပြဲျဖစ္ပြားေနရာမွေန ထိုသို႔ ၿမိဳ႕ေပၚသို႔ လက္နက္ႀကီး က်ည္ဆန္ က်ေရာက္ေပါက္ကြဲျခင္း ျဖစ္ေၾကာင္းေျပာသည္။

 

ခ်င္းျပည္နယ္ အစိုးရအဖြဲ႔ဝင္ လွ်ပ္စစ္ဝန္ႀကီး ဦးစိုးထက္ကေတာ့ ပလက္ဝၿမိဳ႕ေပၚ ျမန္မာ့စီးပြားေရးဘဏ္ဝင္းထဲသို႔ လက္ နက္ ႀကီး က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ ဝန္ထမ္း အမ်ိဳးသမီး ၁ ဦး အပါအဝင္ ကေလး၂ ဦး ေသဆံုးသည္မွာ မွန္ကန္ေၾကာင္း အ တည္ျပဳသည္။ ဝန္ႀကီး ဦးစိုးထက္က “ဘဏ္ ေနာက္ေက်ာဘက္ကို လက္နက္ႀကီးက်လို႔ အားလံုး ၃ ဦး ေသတယ္ဗ်။ တိုက္ပြဲ က ၿမိဳ႕အေနာက္ဘက္ျခမ္းနဲ႔ အေရွ႕ဘက္ျခမ္း အျပန္အလွန္ ပစ္ခတ္ေနၾကတယ္လို႔ ေျပာတယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ထို႔ျပင္ ယေန႔ မနက္ ၉ နာရီ ဝန္းက်င္ကလည္း ပလက္ဝၿမိဳ႕ တဖက္ကမ္း မီးလက္ဝ ေက်းရြာႏွင့္ ရုပ္ဝေက်းရြာၾကားတြင္ တည္ရွိသည့္ စိုက္ခင္းထဲသို႔ လက္နက္ႀကီး က်ည္ဆန္ က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ စိုက္ခင္းထဲ ဟင္းခူးေနသူ ၄၈ ႏွစ္အ ရြယ္ ေဒၚသန္းသန္းဝင္းမွာ ပြဲခ်င္းၿပီး ေသဆံုးသြားေၾကာင္းလည္း ကာယကံရွင္ မိသားစုဝင္မ်ားက ေျပာသည္။ အဆိုပါ မီးဝဗ်ဴဟာကုန္း တိုက္ပြဲျဖစ္ပြားခဲ့သည့္အခ်ိန္မွ စတင္ျပီး ေက်ာက္ေတာ္-ပလက္ဝလိုင္း စက္ေလွမ်ားမွာ ယေန႔ အထိ ရပ္တန္႔ သြားခဲ့သည့္အတြက္ ပလက္ဝၿမိဳ႕နယ္အတြင္းက ေဒသခံျပည္သူမ်ားမွာ စားနိရိကၡာ အခက္ႀကံဳေတြ႕ေနရသည္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း ခ်င္းတိုင္းရင္းသားမ်ား အပါအဝင္ ရခိုင္တိုင္းရင္းသားမ်ားလည္း ေနထိုင္ၾကၿပီး ၿမိဳ႕နယ္တခုလံုး၏ လူဦးေရမွာ ၁ သိန္းေက်ာ္ ရွိေၾကာင္းလည္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕၏ စာရင္းမ်ားအရ သိရသည္။ https://burma.irrawad dy.com/news/2020/04/22/221115.html

***************

၅။       တ႐ုတ္ႏိုင္ငံမွ ျပည္ေတာ္ျပန္မ်ားအားလုံးကို လက္ခံမည္ဟု လဝက ဝန္ႀကီးေျပာ

April 21, 2020

တ႐ုတ္ႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာမည့္ ျမန္မာႏိုင္ငံသား ျပည္ေတာ္ျပန္မ်ားအားလုံးကို လက္ခံမည္ျဖစ္ေၾကာင္း ကခ်င္ျပည္ နယ္ လူဝင္မူႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းထံမွ သိရသည္။ လူမူကြန္ယက္စာမ်က္တြင္ ပ်ံႏွံ႔ေနေသာ တ႐ုတ္ႏိုင္ငံမွဝင္ေရာက္လာမည့္ ျပည္ေတာ္ျပန္ ၁၈၀၀၀ သာ လက္ခံမည္ဆိုသည့္သတင္းသည္ မမွန္ေၾကာင္း ေျပာသည္။

“အားလုံးက ကိုယ့္ႏိုင္ငံသားေတြမို႔ လက္ခံရမွာဘဲ။ တစ္ခ်ိဳ႕ကထင္တာေတာ့ လူဦးေရ ၁ ေသာင္းေက်ာ္ ၂ ေသာင္း တ႐ုတ္ျပည္ က ေမာင္းထုတ္တယ္ဆိုတာေတာ့ က်ေနာ္တို႔ေလ့လာသေလာက္ေတာ့ ဟိုဘက္စီခၽႊမ္းမွာ အလုပ္လုပ္ေနတဲ့ ႀကံ လုပ္သားေတြ ရွိတယ္။ ေဆးလိပ္ကုမၼဏီမွာလုပ္တဲ့သူေတြလည္းရွိတယ္။ သူတို႔ကဟိုဘက္မွာ ရာသီကုန္လို႔ ျပန္လာတာျဖစ္တယ္။ ဟိုဘက္နဲ႔ ဒီဘက္က ဒီCovid-19 ထိန္းခ်ဳပ္ေရးေကာ္မတီေတြကေမးတဲ့ခါမွာ အကယ္ ဒီကလူေတြျပန္သြားၿပီးျမန္မာျပည္ဘက္က ေဒတာ ေတြရမ္းႀကီးခုန္တက္သြားတာမ်ိဳးျဖစ္ရင္ မျပန္ခ်င္တဲ့သူကို သူတို႔ဘက္ကအလုပ္ရွာေပးဖို႔ေျပာတာေတြရ္ွိပါတယ္။ ဒါေပမယ့္ ရာသီကုန္တဲ့ခ်ိန္လည္းျဖစ္ေနေတာ့ အိမ္ျပန္ၾကတဲ့သေဘာပါ။ လူဦးေရက ၁ ေသာင္းျဖစ္မလား ၂ ေသာင္းျဖစ္မလား စာရင္း ပိတ္တဲ့ခ်ိန္မွ တိတိက်က် သိရမွာျဖစ္ပါတယ္။”ဟု လူဝင္မူႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေဇာ္ဝင္း ေျပာသည္။

“Covid-19 ပတ္သက္ၿပီး အရင္ကေတာ့ Quarantine ၁၄ ရက္ျဖစ္တယ္။ ဒါေပမယ့္ခုက ၂၁ ရက္ျဖစ္သြားၿပီ။ ခု ျပန္ေရာက္တဲ့သူအားလုံး အစိုးရ သတ္မွတ္ထားတဲ့ေနရာမွာ Q က ၂၁ ရက္ ေနရမွာျဖစ္ၿပီးေတာ့ မိမိအိမ္ျပန္ေရာက္တဲ့ ခ်ိန္လည္း Home Q တစ္ပတ္ထပ္ေနရပါမယ္။ အဲေတာ့ Q ရက္က စုစုေပါင္း ၂၈ ရက္ရွိမွာျဖစ္တယ္။ ကခ်င္ျပည္နယ္ အတြင္း မွာရွိတဲ့ ၿမိဳ႕နယ္မ်ားမွျပည္ေတာ္ျပန္မ်ားကိုေတာ့ သူ႔ၿမိဳ႕နယ္နဲ႔သူသက္ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးကေန ကားေတြနဲ႔ပို႔ေဆာင္ ေပးၿပီျဖစ္တယ္ ၿပီးေတာ့ သတ္မွတ္ထားတဲ့ Q Center မ်ားမွာ ေစာင့္ၾကည့္စစ္ေဆးခံယူရမွာျဖစ္တယ္။” ဟု လူဝင္မူႀကီးၾကပ္ ေရးႏွင့္ လူ႔စြမ္းအားအရင္းျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းဆိုသည္။

ဧၿပီလ ၁၆ ရက္ေန႔မွ ဧၿပီ ၂၀ ရက္ေန႔ထိ လြယ္ဂ်ယ္နယ္စပ္ဂိတ္မွ ဝင္ေရာက္လာသည့္သူစုစုေပါင္း ၁၂၄၇ ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။https://burmese.kachinnews.com/2020/04/21/%e1%80%90%e1%80%9b%e1%80%af%e1%80%

****************

၆။       တီးတိန္ၿမိဳ႕ကို Lock Down ခ်ရန္ ခ်င္းျပည္နယ္အစိုးရ ဆံုးျဖတ္

April 21, 2020

COVID-19 ေရာဂါ ပိုးေတြ႔လူနာ ၄ ဦးရွိသည့္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕တြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအေနျဖင့္ Lock Down ခ်ရန္ ျပင္ဆင္လ်က္ရွိေၾကာင္း ျပည္နယ္အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦး စိုးထက္ကေျပာသည္။

“တီးတိန္၊ တြန္းဇံ၊ ကပ္တဲလ္၊ တြီးထန္ကို အေလးထားၿပီး ဒီတိုင္းပဲ ဆက္ထားဖို႔ ရွိေသးတယ္၊ ၁၄ ရက္ျပည့္တိုင္း လႊတ္ဖို႔ ေတာ့ မဟုတ္ဘူးေပါ့၊ Lock Down လုပ္ဖို႔ကလည္း အျခားသြားေရးလာေရးအတြက္ အခက္အခဲေတာ့ ရွိတာေပါ့၊ ဒါေပမဲ့ မျဖစ္မေနေတာ့ တီးတိန္ကိုေတာ့ Lock Down လုပ္ဖို႔ ျပင္ဆင္ေနတယ္။ အျခားလိုအပ္တဲ့ ေရတို႔၊ မီးတို႔ ျပည့္စံုေအာင္ ကြ်န္ေတာ္တို႔ ျပင္ဆင္ေနတယ္၊ အသြားအလာ အကုန္လံုးေတာ့ ပိတ္ရမယ္ မထင္ဘူး၊ Lock Down ခ်မွသင့္မယ္ဆိုၿပီးေတာ့ အစည္းအေဝးမွာ ဆံုးျဖတ္ခ်က္ေတာ့ ခ်ထားတယ္” ဟု ေျပာသည္။

တီးတိန္ၿမိဳ႕၌ ကိုရိုနာဗိုင္းရပ္စ္ ေတြ႔ရွိလူနာ လက္ရွိ ၄ ဦးအျပင္ ေစာင့္ၾကည့္လူနာမ်ား စစ္ေဆးခ်က္တြင္ ေတြ႕ရွိ ထပ္မံတိုး လာပါက Lock Down ခ်သြားရန္ ဆံုးျဖတ္ခဲ့ရျခင္း ျဖစ္ေၾကာင္း သိရသည္။ တီးတိန္ၿမိဳ႕ Lock Down ခ်ပါက အစိုးရအေနျဖင့္ ရဲဝန္ထမ္းမ်ား ထပ္မံျဖည့္ေပးဖို႔ႏွင့္ ျပည္သူမ်ားအေနျဖင့္ အေျခခံလိုအပ္ခ်က္မ်ား ျပင္ဆင္ဖို႔ လိုအပ္ေၾကာင္း တီးတိန္ၿမိဳ႕ အေျခစိုက္ Volunteer လူငယ္တစ္ဦးျဖစ္သူ ကိုမုန္ႏိုးက ေျပာသည္။

ကို မုန္ႏိုးက “ကြ်န္ေတာ္တို႔ တီးတိန္ၿမိဳ႕ကို Lock Down ခ်လိုက္ရင္ေတာ့ အေျခခံလိုအပ္တဲ့ စားေသာက္ကုန္ေတြကို ျပင္ဆင္ဖို႔ လိုတယ္၊ ၿပီးေတာ့ ကြ်န္ေတာ္တို႔ၿမိဳ႕မွာ ရဲအင္အားကလည္း ထပ္ျဖည့္ေပးဖို႔ လိုတယ္၊ ၿပီးေတာ့ ေဆးရံုမွာက မီးစက္ ၂ လံုး ထားရွိေပမဲ့ ေရရွည္အတြက္ဆိုရင္ေတာ့ မျဖစ္ႏိုင္ေလာက္ဘူး၊ အဲဒါေတြက အဓိက လိုအပ္တာ ျဖစ္တယ္” ဟု ေျပာသည္ https://www.bnionline.net/mm/news-72335

***************

၇။       ကိုဗစ္ ကာလ သွ်မ္းနီတပ္ႏွင့္ တပ္မေတာ္ စစ္ေရးတင္းမာေနဆဲ

April 21, 2020

စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတြင္းျမစ္ အထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္အတြင္း သွ်မ္းနီ အမ်ိဳးသားတပ္မေတာ္ (SNA) ႏွင့္ အစိုးရ တပ္မေတာ္တို႔ စစ္ေရးတင္းမာမႈၾကား ရွိေနေသးသျဖင့္ ေဒသခံမ်ားစိုးရိမ္ထိတ္လန္႔ေနရေၾကာင္းသတင္းရရွိသည္။ လက္ရွိ အခ်ိန္ကာလတြင္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ လူနာ ဦးေရ ျမင့္တက္လာၿပီး အနယ္နယ္ အရပ္ရပ္မွ ကိုဗစ္-၁၉ အတြက္ စိုးရိမ္ ေနခ်ိန္ ဟုမၼလင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားျဖစ္ပြားမ်ားကို စိုးရိမ္ေနရေၾကာင္း ဟုမၼလင္းၿမိဳ႕နယ္၊ ေခ်ာင္းႀကီး ေဒသခံ ေဆစိုင္းလင္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“အခုက ကိုဗစ္ကိုလည္း ေၾကာက္ေနရ၊ တိုက္ပြဲျဖစ္မွာလည္း စိုးရိမ္ေနရတယ္။ ကိုဗစ္ ကာလမွာေတာ့ တိုက္ပြဲမျဖစ္ေစခ်င္ ဘူး”ဟု ေဆစိုင္းလင္း က ဆိုသည္။ စစ္ကိုင္းတိုင္းေဒသႀကီး ခ်င္းတြင္းျမစ္ အထက္ပိုင္း ဟုမၼလင္းၿမိဳ႕နယ္ ေခ်ာင္းႀကီး ေဒသတြင္ တပ္မေတာ္ႏွင့္ SNA တို႔သည္ ဧၿပီ ၁၇ ရက္မွ ဧၿပီ ၁၈ ရက္ထိ တိုက္ပြဲျပင္းထန္းခဲ့ၿပီး လက္ရွိမွာ စစ္ေရး တင္းမာ ေနေၾကာင္းလည္း SNA ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ေဆစိုင္းထြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

လက္ရွိ ျမန္မာတဝွမ္းတြင္ ကိုဗစ္-၁၉ ထိန္းခ်ဳပ္ကာကြယ္သည့္ ကာလျဖစ္သည့္အတြက္ တိုက္ပြဲမ်ား မျဖစ္ရန္ႏွင့္ တပ္မေတာ္ အေနျဖင့္ သက္ႏိုင္သမွ် တိုက္ပြဲကို ေရွာင္ရွားေစခ်င္ေၾကာင္းလည္း ေဆစိုင္းထြန္းက ေျပာသည္။ “တပ္မေတာ္အေနနဲ႔ ဝါဒျဖန္႔ ေနတာ ရပ္ေစခ်င္တယ္။ အခု ဟုမၼလင္းၿမိဳ႕နယ္မွာ SNA ရဲ႕ မဟုတ္မွန္တဲ့သတင္းကို လိုက္ျဖန္႕ေနတယ္။ ဒါကို ရပ္ေပးဖို႔ ေျပာ ခ်င္တယ္”ဟုလည္း ေဆစိုင္းထြန္းက ေျပာသည္။ SNA တပ္သည္ ၁၉၈၉ ခုႏွစ္တြင္ စတင္ဖြဲ႔စည္းခဲ့သည့္ သွ်မ္းနီ လက္နက္ ကိုင္အဖြဲ႔ျဖစ္ၿပီး ကခ်င္ျပည္နယ္ ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီး ခ်င္းတြင္းျမစ္ အထက္ပိုင္း ႏွင့္ အိႏိၵယနယ္စပ္တေလ်ာက္ လႈပ္ရွားလ်က္ရွိသည္။ https://burmese.shanne ws.org/archives/16216

****************

၈။       ရခုိင္မွာ WHO ၀န္ထမ္း အသတ္ခံရတဲ့ကိစၥ စုံစမ္း အေရးယူေပးဖုိ႔ ကုလ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ

April 22, 2020

ရခိုင္ျပည္နယ္တြင္းက COVID -19 ေစာင့္ၾကည့္လူနာေတြထံက ဓာတ္ခြဲနမူနာေတြ သယ္ေဆာင္လာတဲ့ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO ကား တနလာၤေန႔ ညေနပိုင္းက မင္းျပားၿမိဳ႕နယ္တြင္း တိုက္ခိုက္ခံခဲ့ရတာမွာ WHO အဖြဲ႕ႀကီးရဲ႕ ေဒသခန႔္ ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္ အျပင္းအထန္ ဒဏ္ရာရၿပီး အဂၤါေန႔ မနက္ခင္းမွာ ေသဆုံးခဲ့ရၿပီး အစိုးရ ဝန္ထမ္း ဦးေအာင္မ်ိဳးဦး ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားတာပါ။ ဒီလို တိုက္ခိုက္မႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ လြတ္လပ္စြာ စုံစမ္းစစ္ေဆးၿပီး အေရးယူေပးဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ေတာင္းဆိုလိုက္တာပါ။ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ ပုံမွန္ သတင္းစာ ရွင္းလင္းပြဲမွာ အခုလို ေျပာဆိုသြားပါတယ္။

“ကုလသမဂၢ အမွတ္တံဆိပ္ ထင္ထင္ရွားရွားပါတဲ့ ကားတစီး တနလာၤေန႔ ညေနပိုင္းက ရခိုင္ျပည္နယ္တြင္း တိုက္ခိုက္ခံရမႈ အတြင္း WHO အဖြဲ႕ႀကီးအတြက္ အလုပ္လုပ္ေပးေနတဲ့ ယာဥ္ေမာင္း ေသဆုံးခဲ့ရပါတယ္။ ေသဆုံးခဲ့ရတဲ့ ဦးျပည့္စုံဝင္းေမာင္က ျမန္မာႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနကို ကူညီမႈ အေနနဲ႔ ရခိုင္ျပည္နယ္တြင္းက COVID-19 ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲ နမူနာေတြကို သယ္ယူပို႔ေဆာင္ေပးခဲ့တာ ျဖစ္တယ္။ ကမာၻ႔ေဘးကင္းေရး ေဆာင္႐ြက္ရင္း အသက္ဆုံးရႈံးခဲ့ရတာဟာဆိုရင္ ဝမ္းနည္းစရာ ျဖစ္ပါတယ္လို႔ WHO အႀကီးအကဲ ေဒါက္တာ Tedros ကလည္း ေျပာဆိုထားပါတယ္” လို႔ သတင္းစာရွင္းလင္း ပြဲ မွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးခဲ့ရတဲ့ ဦးျပည့္စုံဝင္းေမာင္ အတြက္ ဝမ္းနည္းရေၾကာင္းနဲ႔ ဒဏ္ရာရခဲ့တဲ့ အစိုးရ ဝန္ထမ္း ဦးေအာင္မ်ိဳးဦး အျမန္ဆုံး ျပန္လည္ က်န္းမာလာဖို႔ ဆုေတာင္းပါေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေျပာဆိုထားပါတယ္။ ဒီတိုက္ခိုက္မႈကို အျပည့္အ၀ ပြင့္လင္းျမင္သာမႈ ရွိရွိ စုံစမ္းစစ္ေဆးၿပီး က်ဴးလြန္သူေတြကို တရားဥပေဒနဲ႔ အညီ အျပစ္ေပးဖို႔လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုေၾကာင္း ေျပာခြင့္ရက ေၾကညာခ်က္ ထုတ္ပါတယ္။

ရခုိင္ျပည္နယ္တြင္း တိုက္ခိုက္မႈေတြေၾကာင့္ ကမၻာ့က်န္းမာေရး အဖြဲ႔မွ ၀န္ထမ္း တဦး အသက္ ဆံုးရံႈးရတဲ႔ အေပၚ ၀မ္းနည္းရပါေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံရံုးကလည္း ထုတ္ျပန္ခဲ႔ၿပီး ရခုိင္မွာ တိုက္ပြဲေတြ ရပ္တန္႔ဖို႔ အျမန္ဆံုး လိုအပ္ေနၿပီ ဆိုတာကို ဒီအခ်က္က မီးေမာင္းထိုးျပေနတာ ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။ ဦးျပည့္စုံဝင္းေမာင္ ေသဆုံးခဲ့ရမႈ အတြက္ ဝမ္းနည္းမႈ အထိမ္းအမွတ္အျဖစ္နဲ႔ ရန္ကုန္ၿမိဳ႕ ကုလသမဂၢရံုး မွာ အဂၤါေန႔က ကုလသမဂၢ အလံကို တိုင္တ၀က္ ေလွ်ာ့ခ် လႊင့္ထူခဲ႔ပါတယ္။ https://burmese.voanews.com/a/rakhine-who-staff-dead-un-guterrus-/538 4420.html

****************

၉။       ၂၁ ရာစု ပင္လံုညီလာခံ ကိုရိုနာ အႏၱရာယ္ေၾကာင့္ အခ်ိန္ေရႊ႕ဆိုင္း

April 22, 2020

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ျမန္မာႏိုင္ငံမွာ ရာဂဏန္းရွိလာတာေၾကာင့္  ေမလဆန္းပိုင္းမွာ က်င္းပဖို႔ စီစဉ္ထားတဲ့ ၂၁ ရာစု ပင္လံု ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံကို အခ်ိန္ေရႊ႕ဆိုင္းလိုက္ရပါတယ္။ ၂၁ ရာစု ပင္လံုညီလာခံကို   ေမလဆန္းမွာ ျပန္လည္က်င္းပႏိုင္ဖို႔ အစိုးရနဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြ သေဘာတူညီထားေပမယ့္ ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေန႔စဉ္တိုးလာတာေၾကာင့္ အခ်ိန္ေရႊ႕ဆိုင္းထားတယ္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဉ္ ဦးေဆာင္အဖြဲ႕ PPST ရဲ႕ အဖြဲ႔ဝင္ တစ္ဦးျဖစ္တဲ့ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက RFA ကို ေျပာပါတယ္။

လက္ရွိအေျခအေနအရ ေတြ႔ဆံုေဆြးေႏြးဖို႔ အေျခအေန မေပးတာေၾကာင့္ ကြန္ျပဴတာ အင္တာနက္ကေန ခ်ိတ္ဆက္ေဆြးေႏြး ပြဲေတြ လုပ္ေနရတာမွာ ေက်ေက်လည္လည္ အျပန္အလွန္ေျပာဆိုဖို႔ ခက္ခဲတယ္လို႔လည္း ဆိုပါတယ္။ ပင္လံုညီလာခံ ေရႊ႕ဆိုင္းထားမႈနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္ သမၼတရံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိေသးပါဘူး။ ၿငိမ္းခ်မ္းေရး ကိစၥေတြမွာ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ အမည္မေဖာ္လိုသူ တစ္ဦးကေတာ့ လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနအရ လာမယ့္ ေမလမွာ ပင္လံုညီလာခံက်င္းပႏိုင္မွာ မဟုတ္ေၾကာင္းနဲ႔ ျပန္လည္က်င္းပႏိုင္ေရး ဆက္လက္ေဆြးေႏြးေနေၾကာင္း RFA ကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက္ေန႔က တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္ထည္ ေဖာ္မႈဆိုင္ရာ ညွိႏိႈင္းအစည္းအေဝး JICM က ထုတ္ထားတဲ့ သေဘာတူခ်က္နဲ႔ ေရွ႕လုပ္ငန္းစဉ္ေတြကေတာ့ အေျပာင္းအလဲမရွိဘဲ အစိုးရ၊ တပ္မေတာ္၊ NCA လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြနဲ႔ ႏိုင္ငံေရးပါတီေတြအားလံုး တစ္ညီတညြတ္တည္း သေဘာတူညီခ်က္ ကို အေကာင္အထည္ေဖာ္ဖို႔ အဆင္သင့္ရွိတယ္လို႔ ဗိုလ္မွဴးႀကီး ခြန္ဥကၠာက ေျပာပါတယ္။

တိုင္းရင္းသားအေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့  ဒီႏွစ္ထဲမွာ ၂၁ ရာစု ပင္လံုညီလာခံလုပ္ဖို႔ ခဲယဉ္းတယ္လို႔ သံုးသပ္ပါတယ္။ “Covid-19 ရဲ႕ ကာလအနားသတ္က ဘယ္ေတာ့လဲဆိုတာ ကြ်န္ေတာ္တို႔ ဘယ္သူမွ မေျပာႏိုင္ဘူး။ ဒီၿငိမ္းခ်မ္းေရးညီလာခံ ျပန္စဖို႔ဆိုတာကေတာ့ နည္းနည္းခက္လိမ့္မယ္လို႔ ထင္ပါတယ္။ တခ်ိဳ႕ေမွ်ာ္မွန္းတဲ့ ဇူလိုင္၊ ၾသဂုတ္ ေလာက္မွာ လုပ္ႏိုင္မလားဆိုတာ ကြ်န္ေတာ္ေတာ့ သိပ္မထင္ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဒီႏွစ္ထဲမွာ ေရြးေကာက္ပြဲရွိတာကိုး။ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး အာရံုစိုက္ရမယ့္ အခ်ိန္ကာလေတြ ရွိတာေၾကာင့္ ဒီႏွစ္ထဲမွာ ၂၁ ရာစု ပင္လံုညီလာခံစဖို႔ အေတာ္ ေလး ခဲယဉ္းလိမ့္မယ္ ထင္ပါတယ္။ ဒါ့အျပင္ NCA လက္မွတ္ေရးထိုးမထားတဲ့ ေျမာက္ပိုင္းအဖြဲ႔ေတြ ပါဝင္လာဖို႔ အလားအလာ နည္းေနတယ္လို႔ ျမင္ပါတယ္”ပင္လံုညီလာခံ ျပန္လည္ အစျပဳဖို႔ ျပင္ဆင္ရာမွာ အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္မွာ က်င္းပဖို႔ခြင့္ျပဳလိုက္တာ ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႕အတြက္ ေကာင္းတဲ့အလားအလာ ျဖစ္တယ္ လို႔လည္း ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇူလိုင္လမွာက်င္းပခဲ့တဲ့ တတိယအႀကိမ္ေျမာက္ ၂၁ ရာစု ပင္လံုညီလာခံမွာ ျပည္ေထာင္စု သေဘာတူ ညီခ်က္ ၁၄ ခ်က္ရခဲ့ေပမယ့္ ျပည္နယ္ေတြ ကိုယ္ပိုင္ျပဌာန္းခြင့္နဲ႔ဆိုင္တဲ့ ကိစၥ၊ DDR/SSR လို႔ေခၚတဲ့ လံုၿခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းတဲ့ကိစၥ၊ ျပည္ေထာင္စုက ခြဲမထြက္ေရး၊ တစ္ခုတည္းေသာ တပ္မေတာ္ စတဲ့ အေရးႀကီးတဲ့ကိစၥေတြကို ၿပီးျပတ္ေအာင္ မေဆြးေႏြးႏိုင္ခဲ့ပါ။ https://www.rfa.org/burmese/news/21panglong-postpone-04222020043358.ml

**************

၁၀။     ကိုးကန္႔ ခ်င္းေရႊေဟာ္ဂိတ္တြင္ ျပည္ေတာ္ျပန္ထပ္ဝင္ စားေသာက္ေရး ခက္ခဲေန

April 22, 2020

တရုတ္ႏိုင္ငံမွ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသို႔ တရုတ္ျပည္ေတာ္ျပန္ ၂၀ဝ ေက်ာ္ ထပ္မံေရာက္ရွိလာသျဖင့္ စားေသာက္ေရးအပိုင္း ခက္ခဲေနေၾကာင္း စံုစမ္းသိရသည္။ တရုတ္ျပည္ေတာ္ျပန္မ်ားသည္ ဧၿပီ ၂၁ ရက္ တြင္ ၁၂၃ ဦး ျပန္လည္ဝင္ေရာက္လာၿပီး ယေန႔ (ဧၿပီ ၂၂ ရက္)မနက္ပိုင္းတြင္ ၂၂ ဦးထပ္ဝင္လာေၾကာင္း ၊ ေန႔လည္ပိုင္းတြင္ ၁၀ဝ ေက်ာ္ ထပ္မံ ေရာက္ရွိလာမည္ျဖစ္ေၾကာင္း ေလာက္ကိုင္ေဒသမွ အမည္မေဖာ္လိုသည့္ အစိုးရဝန္ထမ္း တဦး ထံမွသိရသည္။ “ထား လို႔ေတာ့ရတယ္။ စားဖို႔က ခက္တယ္။ ခ်င္းေရႊေဟာ္ နဲ႔ ေလာက္ကိုင္ဆို အခု ဝင္လာတာ ၇၀ဝ ေက်ာ္ ရွိသြားၿပီ။ ေန႔လည္ က်ရင္ ၁၀ဝ ေက်ာ္ ထပ္ေရာက္မယ္” ဟု ေလာက္ကိုင္ေဒသမွ အစိုးရ ဝန္ထမ္းတစ္ဦး ေျပာျပသည္။

လက္ရွိမွာ တရုတ္နယ္စပ္ေဒသျဖစ္သည့္ ခ်င္းေရႊေဟာ္တြင္ ျပည္ေတာ္ျပန္မ်ား ထားစရာေနရာမရွိေတာ့သျဖင့္ ေလာက္ကိုင္ၿမိဳ႕ သို႔ ပို႔ေဆာင္ရေၾကာင္းလည္း သိရသည္။ ထိုသိ႔ု ျပည္ေတာ္ျပန္အေရအတြက္ မ်ားျပားလာမႈေၾကာင့္ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသတြင္ Quarantine ဝင္ေနသည့္ တရုတ္ျပည္ေတာ္ျပည္မ်ား ကိုယ္တိုင္ အစားအေသာက္ ခ်က္ျပဳတ္စားေသာက္ခိုင္း ထားေၾကာင္း ၎ဝန္ထမ္းက ေျပာျပသည္။ ျပည္ေတာ္ျပန္မ်ား စားေသာက္ေရးပိုင္း ေျဖရွင္းႏိုင္ရန္အတြက္ သွ်မ္းျပည္နယ္ COVOD-19 ထိန္းခ်ဳပ္ေရး ႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီသို႔ တင္ျပထားေၾကာင္း သိရသည္။

ထိုျပည္ေတာ္ျပန္မ်ားကို ခ်င္းေရႊေဟာ္တြင္ ၃ ေနရာ၊ ေလာက္ကိုင္ၿမိဳ႕တြင္ ေနရာ ၇ ေနရာတြင္ ထားေၾကာင္းသိရသည္။ ကိုးကန္႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ရ ခ်င္းေရႊေဟာ္ နယ္စပ္ဂိတ္သို႔ တရုတ္ျပည္မွ ျပန္လည္ဝင္ေရာက္လာမည့္ ေရႊ႕ေျပာင္းအလုပ္သမား ၂၅၀ဝ၀ ရွိေၾကာင္း သိရသည္။ https://burmese.shannews.org/archives/16229

***************

၁၁။     ေနရပ္ျပန္လာမည့္သူမ်ားအား စိုးရိမ္မႈမလြန္ကဲဘဲ ေႏြးေထြးမႈျဖင့္ ဝုိင္းဝန္းကူညီဖို႔ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း

April 21, 2020

ထိုင္းႏိုင္ငံမွတဆင့္ ျပည္တြင္းသို႔ ဒုတိယအသုတ္ျပန္လည္ဝင္ေရာက္လာရန္ရွိသည့္ ေနရပ္ျပန္မ်ားအေပၚ ျပည္နယ္သူ ျပည္နယ္သားမ်ား အေနျဖင့္ စိုးရိမ္ေၾကာက္ရြံ႕မႈမလြန္ကဲဘဲ ေႏြးေထြးမႈျဖင့္ ဝုိင္းဝန္းကူညီေပးၾကရန္ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္က တိုက္တြန္းေျပာၾကားလိုက္သည္။ ထိုင္းဘက္ျခမ္းမွ ဧၿပီလကုန္အထိ ပိတ္ထားသည့္ ျမန္မာ-ထိုင္းနယ္စပ္ ခရီးသြားလာမႈမ်ားကို ေမလဆန္းတြင္ ျပန္လည္ဖြင့္လွစ္ႏိုင္သည့္အတြက္ ထိုမွတဆင့္ ထပ္မံေရာက္ရွိလာႏိုင္သည့္ ေနရပ္ျပန္ မ်ားအေပၚ စိုးရိမ္ပူပန္ မႈမ်ားႏွင့္ပတ္သက္ၿပီး ဝန္ႀကီးခ်ဳပ္က ယေန႔ ဧၿပီလ ၂၁ ရက္ေန႔တြင္ ေျပာဆိုလိုက္ျခင္းျဖစ္သည္။

ဝန္ႀကီးခ်ဳပ္က“ ေထာင္ခ်ီရွိတဲ့သူေတြကို က်မတို႔ Quarantine ထားရတာအင္မတန္မွ အႏၲရာယ္မ်ားပါတယ္။ ေန႔တိုင္းလည္း စိတ္ပူေနရတယ္။ ဒီတစ္သုတ္ထြက္သြားလို႔ရင္ထဲမွာ ေပါ့သြားေပမယ့္ ေနာက္လာမယ့္အဖြဲ႔ကို က်မတို႔ႀကိဳၿပီးစိတ္ပူေနရတယ္။ ပိုၿပီးေတာ့လည္းအႏၲရာယ္ႀကီးတယ္။ တစ္ခုခုျဖစ္လို႔ Lock down လုပ္လိုက္ တယ္ဆိုရင္ က်မတို႔ ကရင္ျပည္နယ္ထဲမွာ အဲေလာက္အင္အားကို က်မတို႔ ကရင္ျပည္နယ္ကလူေတြက ဝုိင္းဝန္းပံ့ပိုးႏိုင္ရဲ႕လားေပါ့။ အဲဒီေတာ့ က်မေျပာခ်င္တာက ဘာမွ မေၾကာက္ပါနဲ႔။ ဒါေၾကာင့္ အခုျပန္လာမယ့္သူေတြကို ေႏြးေႏြးေထြးေထြးနဲ႔ ဝုိင္းဝန္းကူညီေပးပါလို႔ က်မေျပာခ်င္ပါတယ္” ဟု သတင္းေထာက္မ်ား၏ ေမးျမန္းမႈအေပၚ ထိုသို႔ျပန္လည္ေျဖၾကားသည္။

ကရင္ျပည္နယ္အတြင္း အစိုးရ၏ စီမံေဆာင္ရြက္မႈမ်ားျဖင့္ ေစာင့္ၾကည့္စင္တာမ်ားျဖစ္သည့္ Facility Quarantine Center မ်ားတြင္ ေနထိုင္ၿပီး က်န္းမာေရးေစာင့္ၾကည့္မႈခံယူခဲ့သူ ၁,၉၀၀ ေက်ာ္ႏွင့္ ရပ္ရြာအတြင္း Community Quarantine က်န္းမာေရး ေစာင့္ၾကည့္မႈခံယူခဲ့သူ ၁,၅၀၀ ေက်ာ္ စုစုေပါင္း ၃,၅၀၀ ေက်ာ္ ရွိေနသည္ဟု သိရသည္။   ၎တို႔အမ်ားစုမွာ သက္ဆိုင္ရာ Quarantine Center မ်ားတြင္ေနထိုင္ၿပီး က်န္းမာေရးေစာင့္ၾကည့္မႈ သတ္မွတ္ကာလျပည့္ေျမာက္ၿပီး သူမ်ားျဖစ္ သည္ဟုသိရသည္။ http://kicnews.org/2020/04/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%  80%b9%e1%80

***************

၁၂။     မူဆယ္ၿမိဳ႕တြင္ မိုးသက္ေလျပင္းက်၍ ေနအိမ္မ်ား ပ်က္စီးၿပီး ဝါဂြမ္းဂိုေထာင္ မီးေလာင္မႈျဖစ္ပြား

April 22, 2020

မူဆယ္ၿမိဳ႕တြင္ ဧၿပီလ ၂၁ ရက္ ည ၉ နာရီခြဲအခ်ိန္ခန္႔က မိုးသက္ေလျပင္း တိုက္ခက္မႈေၾကာင့္ ၿမိဳ႕ေပၚေက်းရြာအတြင္းရွိ ေနအိမ္မ်ား ပ်က္စီးမႈရွိခဲ့ၿပီး မူဆယ္ၿမိဳ႕ေကာင္းမႈတံုရပ္ကြက္ ေကာင္းမႈလြယ္ရပ္တြင္ ဝါဂြမ္းဂိုေထာင္ မီးေလာင္ခဲ့ၿပီး ဝါဂြမ္း သေဘာသဘာဝအရ ဧၿပီ ၂၂ ရက္ ညေနထိတိုင္ မီးေလာင္လ်က္ရွိေၾကာင္း သိရွိရသည္။ အဆိုပါ မိုးသက္ေလျပင္း တိုက္ခက္ စဉ္ ဝါဂြမ္းသိုေလွာင္ရံုအတြင္း သြပ္မ်ားၾကားက သြယ္တန္းထားေသာ ဝါယာႀကိဳးမ်ားေပါက္ကာ အပူလြန္ကဲ၍ မီးေလာင္ခဲ့ျခင္း ျဖစ္ေၾကာင္း မူဆယ္ခရိုင္မီးသတ္ရံုးမွ သိရွိရသည္။

“ည ၉ နာရီခြဲေလာက္ ေလတိုက္ေနတဲ့အခ်ိန္မွာ မီးသတင္း ဝင္လာပါတယ္၊ ေလတိုက္ေနေတာ့ စိုးရိမ္လြန္ၿပီးေတာ့ မီးသတ္သေႏၶ ၂၀ ၊အရံအင္းအား ၁၀ဝ ၊မီးသတ္ယာဉ္ ၁၂ စီးနဲ႔ ၿငိမ္းခဲ့တာေပါ့ ၊ျဖစ္စဉ္ကေတာ့ ဝါဂြမ္းဂိုေထာင္ထဲမွာ သြယ္ ထားတဲ့ ဝါယာႀကိဳးေတြဟာ သြပ္ျပားေတြကို ေဖါက္ၿပီးေတာ့ သြယ္ထားတဲ့ ဝါယာျဖစ္တဲ့အတြက္ ေလတိုက္တဲ့အခါမွာ ပြန္းၿပီး ေတာ့ ေရွာ့ရိုက္ၿပီး ဝါဂြမ္းေတြကို ကူးဆက္ၿပီး ေလာင္ကြ်မ္းခဲ့တာ ၊ ကြ်န္ေတာ္တို႔ ၉ နာရီ ၅၀ မွာ မီးထိန္းၿပီးေတာ့ ၁၀ နာရီ ခြဲမွာ မီးၿငိမ္းခဲ့ပါတယ္။ ဒါေပမယ့္ ဝါဂြမ္းရဲ႕ သေဘာသဘာဝအရ မီးၿငိမ္းၿပီးေပမယ့္လည္း ျပန္ၿပီးေတာ့ အေငြ႔အသက္က ေလာင္ကြ်မ္း တာ ျဖစ္တဲ့အတြက္ ကြ်န္ေတာ္တို႔ ၂၂ ရက္ မနက္ ၅ နာရီကေန စၿပီးေတာ့လည္း မီးသတ္ယာဉ္ ၁၂ စီး မီးသတ္အင္းအား စုစုေပါင္း အရံ သေႏၶ ၁၅၀ ေလာက္နဲ႔ လက္က်န္ကို စက္လက္ၿငိမ္းသက္ၿပီး အခု ေန႔လည္ ၂ နာရီေလာက္မွာ ၿပီးသေလာက္ ေတာ့ ျဖစ္သြားပါၿပီ” ဟု မူဆယ္ခရိုင္ မီးသတ္ဦးစီးမွဴး ဦးထြန္းထြန္းစိုးက ေျပာၾကားသည္။

အဆိုပါ မီးေလာင္မႈကို မူဆယ္ၿမိဳ႕မရဲစခန္းက မီးေပါ့စသူ သိုေလွာင္ရံုတာဝန္ခံ ခ်စ္ထူး (ခ) ေအာင္ကိုဦးအား ပထမသတင္းေပး တိုင္တန္းခ်က္အမွတ္ (ပ) ၂၅၄ /၂၀၂၀ ျပစ္မႈပုဒ္မ ၂၈၅ ျဖင့္ အေရးယူ ေဆာင္ရြတ္ထားေၾကာင္း သိရၿပီး စုစုေပါင္း ဆံုးရံႈးမႈ တန္ဖိုးမွာ က်ပ္ သိန္းငါးဆယ္ ျဖစ္ေၾကာင္း သိရွိရသည္။ https://news-eleven.com/article/170201

***************

၁၃။     ျမဝတီတြင္ ညမထြက္ရအမိန္႔ ခ်ိဳးေဖာက္သူမ်ားအား ဒဏ္ေငြ (၅)ေသာင္း (သို႔မဟုတ္) ေထာင္ဒဏ္ (၁)လ ခ်မွတ္

April 22, 2020

ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ျပည္နယ္အစိုးရအဖြဲ႔မွ ဧၿပီလ ၁၈ ရက္ေန႔က ထုတ္ျပန္ထားသည့္ ည ၁၀ နာရီ မွ နံနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔ ခ်ိဳးေဖာက္သူမ်ားအား တစ္ဦးလွ်င္ ဒဏ္ေငြ ၅ ေသာင္းက်ပ္(သုိ႔မဟုတ္) ေထာင္ဒဏ္ (၁)လစီ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားရွိမွုအား ဧၿပီလ ၂၀ႏွင့္ ၂၁ ရက္ေန႔မ်ားတြင္ လိုက္နာမႈမရွိသူ (၆၄) ဦးကုိ ၿမိဳ႕နယ္တရား႐ုံးမွ တစ္ဦးလွ်င္ ဒဏ္ေငြ(၅)ေသာင္းက်ပ္ က်ခံေစရန္ႏွင့္ ၎တို႔မွ ဒဏ္ေငြ(၅) ေသာင္း မေပးေဆာင္ႏိုင္ပါက ေထာင္ဒဏ္(၁)လ က်ခံေစရန္ ယေန႔ (မတ္လ ၂၂ ရက္) တြင္ အမိန႔္ခ်မွတ္ခဲ့သည္ဟု ျမဝတီၿမိဳ႕ နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးေဇာ္ကိုကိုက ေျပာသည္။

ကရင္ျပည္နယ္ အစိုးရအဖြဲ႔မွ ျမဝတီၿမိဳ႕တြင္ ဧၿပီလ ၁၈ ရက္ေန႔က ညမထြက္ရ အမိန္႔ထုတ္ျပန္ၿပီး ေနာက္ ျမဝတီခ႐ိုင္အတြင္းရွိ ရပ္ကြက္၊ ေက်းရြာမ်ားတြင္ ျပည္သူမ်ား သိရွိလိုက္နာႏိုင္ရန္ အသံခ်ဲ႕ စက္မ်ားျဖင့္ က်ယ္က်ယ္ျပန္႔ျပန္႔ အသိေပးေၾကညာ ခဲ့သလို ျမဝတီခ႐ိုင္ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ အတူပူးေပါင္း အဖြဲ႔မ်ားမွ ည ၁၀ နာရီေနာက္ပိုင္း လွည့္ကင္းရပ္ကင္းမ်ား ေဆာင္ရြက္၍ ဧၿပီလ ၁၈ ရက္ႏွင့္ ၁၉ရက္ ရက္ေန႔တို႔တြင္ အသိပညာေပးျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဖမ္းဆီးရမိသူ (၆၄)ဦးအား ျမဝတီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးေဇာ္ကိုကိုက တရားလိုျပဳလုပ္ကာ ၿမိဳ႕နယ္ တရားရံုးသို႔ ေလွ်ာက္ထားရာ ျမဝတီၿမိဳ႕နယ္တရားရံုးမွ တစ္ဦးလွ်င္ ဒဏ္ေငြ (၅) ေသာင္းက်ပ္ ခ်မွတ္ခဲ့ၿပီး ယင္းေငြဒဏ္ မေပးေဆာင္ႏိုင္ပါ က ေထာင္ဒဏ္(၁)လ က်ခံရမည္ဟု အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။ ကရင္ျပည္နယ္ ၇ ၿမိဳ႕နယ္ရွိသည့္အနက္ ျပည္နယ္ အစိုးရ အဖြဲ႔၏ အမိန္႔ေၾကညာစာအမွတ္ (၄/၂၀၂၀)အရ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ျမဝတီခ႐ိုင္တြင္သာ ည ၁၀ နာရီမွ မနက္ ၄ နာရီ အတြင္း ညမထြက္ရ အမိန္႔ထုတ္ျပန္ထားျခင္း ျဖစ္သည္။ http://kicnews.org/2020/04/%e1%80%bb%e1%80%9  9%e1%80%9d%e1%80%90%e1%80%ae%e1%80

****************

၁၄။     မင္းျပားၿမိဳ႕နယ္တြင္ CPS  ပိုးသတ္ေဆးကုမၸဏီပိုင္ကား ပစ္ခတ္ခံရၿပီး  ၁ ဦးေသ၊  ၁ ဦးဒဏ္ရာရ

April 22, 2020

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ဖားၿပိဳေက်းရြာအနီးမွာ CPS ပိုးသတ္ေဆး ကုမၸဏီပိုင္ ေမာ္ေတာ္ယာဉ္တစီး ေသနတ္နဲ႔ ပစ္ခတ္ ခံရလို႔ ယာဉ္ေမာင္းအမ်ိဳးသား ၁ ဦး ေသဆံုးၿပီး ယာဉ္ေနာက္လိုက္တဦး ဒဏ္ရာရရွိတယ္လို႔ တပ္မေတာ္က သတင္းထုတ္ ျပန္ပါတယ္။ အမ္းၿမိဳ႕မွ စစ္ေတြၿမိဳ႕ဘက္ကို ေမာင္းလာတဲ့ CPS ပိုးသတ္ေဆးကုမၸဏီက ဝန္ထမ္း ယာဉ္ေမာင္း ဦးႏြယ္ႏြယ္ေမာင္နဲ႔ ယာဉ္ေနာက္လိုက္ ေမာင္ဟိန္းထက္ဦး လိုက္ပါလာတဲ့ ေဆးပစၥည္းတင္ Hijet ကားကို ဧၿပီ ၂၁ ရက္ မြန္းလြဲ ၁ နာရီေလာက္က ဖားၿပိဳေက်းရြာရဲ႕ ေတာင္ဘက္ မီတာ ၅၀ဝ ခန္႔အကြာမွာ ေအေအအဖြဲ႔က  လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္ခဲ့တာလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ယာဉ္ေမာင္းျဖစ္သူ နဖူးမွာ လက္နက္ငယ္က်ည္ထိမွန္ ေသဆံုးခဲ့ၿပီး ေမာင္ဟိန္းထက္ဦးကေတာ့ ဝမ္းဗိုက္မွာ လက္နက္ငယ္က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့တာလို႔ ဆိုပါတယ္။ ေမာ္ေတာ္ယာဉ္ကေတာ့ လမ္းအေနာက္ဘက္ရွိ သစ္ပင္ကို ဝင္တိုက္ တိမ္းေမွာက္သြားၿပီး လက္ရွိမွာ ဒဏ္ရာရတဲ့သူကို မင္းျပားျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ကုသေနတယ္လို႔ သိရပါတယ္။ အဆိုပါပစ္ခတ္မႈကို ေအေအအဖြဲ႔က လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ျမန္မာအစိုးရ ျပန္ၾကားေရးကေရာ

တပ္မေတာ္ကပါ သတင္းထုတ္ျပန္ထားၿပီး ေအေအဘက္ကေတာ့ သူတို႔ လက္ခ်က္မဟုတ္ဘဲ တံတားလံုၿခံဳေရး ေဆာင္ရြက္ ေနတဲ့ တပ္ဂိတ္က လက္နက္ငယ္နဲ႔ပစ္တာလို႔ ျငင္းဆိုပါတယ္။ http://burmese.dvb.no/archives/383898

**************

၁၅။     ကခ်င္ျပည္နယ္ရွိ Covid-19 ကာကြယ္ေရး volunteer အဖြဲ႕မ်ားတြင္ PPE ဝတ္စုံမ်ားလိုအပ္

April 22, 2020

ျမစ္ႀကီးနားၿမိဳ႕ စီတာပူ ကုန္တင္ကုန္ခ်စခန္းတြင္ တ႐ုတ္နိုင္ငံမွ ျပန္လာသည့္ ျပည္ေတာ္ျပန္မ်ားကို ကူညီေပးေနေသာ လုပ္ အားေပး Volunteer အဖြဲ႕မ်ားအတြက္ ေရာဂါကာကြယ္ေရး ပစၥည္းမ်ား ထပ္မံ လိုအပ္ေနသည္ဟု သိရသည္။ ဧၿပီလ ၁၆ ရက္ ေန႔ မွစ၍ တ႐ုတ္နယ္စပ္ လြယ္ဂ်ယ္ဂိတ္မွ ျပည္ေတာ္ျပန္မ်ားကို ျပည္နယ္အစိုးရအစီစဥ္ျဖင့္ ျမစ္ႀကီးနား ကုန္တင္ကုန္ခ်စခန္း တြင္ ယာယီထားရွိကာ က်န္ၿမိဳ႕နယ္မ်ားကို သက္ဆိုင္ရာမွတဆင့္ အသီးသီး လႊဲေျပာင္းေပးေနသည္။

“အစိုးရနဲ႔ တြဲဖက္လုပ္ကိုင္ေနတယ္ ဆိုရင္လည္း အခုထိ အစိုးရဘက္က အစားအေသာက္ကအစ ျပင္ဆင္ေပးတာမရွိေသး ဘူး။ ၿပီးရင္ အသုံးအေဆာင္ ပစၥည္းေတြလည္းလိုအပ္ေနတယ္။ ပိုၿပီးခက္ခဲတာက ပိုးသတ္ေဆးဖ်န္းတဲ့အခ်ိန္ ဝတ္ဖို႔ PPE ဝတ္စုံဆိုရင္ ၅ စုံဘဲရွိတယ္။ အမွန္ဆိုရင္ေတာ့ တစ္ခါသုံးၿပီးရင္ ေနာက္တစ္ေခါက္ျပန္သုံးလို႔ မရေတာ့တာ ျဖစ္တယ္။ ဒါေပမယ့္ မတတ္ႏိုင္လို႔ ေလ်ာ္ၿပီး ျပန္သုံးရတယ္။ အသုံးေဆာင္ပစၥည္းေတြက အစိုးရအေနနဲ႔ တတ္နိုင္သမၽွလုံလုံ ေလာက္ ေလာက္ ေပးသင့္တယ္” ဟု Kachin State Covid-19 Prevention Network မွ မဆိုင္းႏူးပန္ ေျပာသည္။ ထို႔အျပင္ အဆိုပါ ကုန္တင္ကုန္ခ်စခန္းတြင္ က်န္းမာေရးဝန္ထမ္း ဆရာဝန္မ်ား ထားရွိကာ ေဆးစစ္ေဆးမွု လုပ္ေဆာင္သင့္ေၾကာင္း ထပ္မံ ေျပာသည္။

လက္ရွိ ထိုေနရာတြင္ ကခ်င္အရပ္ဖက္အဖြဲ႕အစည္းမ်ားပူးေပါင္းထားသည့္ Kachin State Covid-19 Prevention Network လုပ္အားေပးအဖြဲ႕ႏွင့္ ျပည္နယ္ က်န္းမာေရးအဖြဲ႕ျဖင့္ ပူးေပါင္းသည့္ တကၠသိုလ္ေက်ာင္းသားလူငယ္မ်ားအဖြဲ႕ စသည့္ လုပ္အားေပးအဖြဲ႕ ၂ ဖြဲ႕မွ အဓိက ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

ထို႔အျပင္ ေရာဂါကာကြယ္ေရး ပိုမိုထိေရာက္ေစလိုသည့္အတြက္ ျပည္ေတာ္ျပန္မ်ားကို လြယ္ဂ်ယ္မွ ကားတစ္စီးျခင္းျဖင့္ အခ်ိန္ၾကာ ပို႔ေဆာင္ေနျခင္းမဟုတ္ဘဲ ကားလုံေလာက္စြာျဖင့္ ယဥ္တန္းတစ္ခုတည္းျဖစ္ေအာင္ တစ္ခ်ိန္တည္းပို႔ေဆာင္ေပးရန္ လိုအပ္ေၾကာင္း Volunteer အျဖစ္ပါဝင္ကူညီေဆာင္ရြက္ေပးေနသည့္ တကၠသိုလ္ေက်ာင္းသားအဖြဲ႕မွ ကိုမ်ိဳးထက္နိုင္လင္း ယခုလိုေတာင္းဆိုသည္။ “က်ေနာ္တို႔ေျပာခ်င္တာက လုပ္တဲ့အလုပ္ကို ထိေရာက္မွုရွိေစခ်င္တယ္။ ျပည္ေတာ္ျပန္ေတြကို ပို႔ေပး တဲ့ ကားေတြကို ယာဥ္တန္းတစ္ခုတည္းျဖင့္ ျပန္လာေစခ်င္တယ္။ ၿပီးရင္ ဒီမွာေရာက္လာတဲ့ ကားေတြကို ၾကည့္လိုက္ရင္ အၾကာႀကီး ေစာင့္ေနမွ တစ္စီးခ်င္းစီဘဲ ဝင္လာတယ္။ ခရီးသည္ေတြကလည္း ၃ေပအကြာမဟုတ္ဘဲ ႁပြတ္သိပ္ၿပီး စီးလာၾက တယ္။ ခရီးကားတစ္စီးမွာ ဘယ္ေလာက္စီးရမယ္ဆိုတာကို ကန႔္သတ္ေစခ်င္တယ္။ ကားေတြကိုလည္း လုံေလာက္မႈ ရွိေအာင္ လုပ္ေပးေစခ်င္တယ္။ ေနာက္ၿပီး ယာဥ္းတန္းတစ္ခုတည္း မလာတဲ့အတြက္ က်ေနာ္တို႔ Volunteer ေတြအတြက္လည္း အင္မတန္မွ ခက္ခဲပါတယ္” ဟု ေျပာဆိုသည္။ https://burmese.kachinnews.com/2020/04/22/%e1%80%80%e1  %80%81%e1%80%bb%e1%80%84%e1

***************

၁၆။     တရက္ကို လူေပါင္း ၁၃၀ဝ  ေက်ာ္ COVID-19  စစ္ေဆးႏိုင္မည့္စက္ ျမဝတီ ေရာက္ရွိ

21 April 2020

၂၄ နာရီအတြင္း လူဦးေရ ၁၃၀ဝ ေလာက္ကို COVID-19 ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးႏိုင္မယ့္စက္နဲ႔ ဆက္စပ္ပစၥည္းေတြ ကုန္တင္ယာဥ္ နဲ႔ ထိုင္းႏိုင္ငံကေန နယ္စပ္ အမွတ္ (၂) တံတားကေနတဆင့္ သယ္ေဆာင္လာရာမွာ  ဒီကေန႔ ဧၿပီ ၂၁ ရက္ မြန္းလြဲ ၂ နာရီေက်ာ္ေလာက္မွာ ျမဝတီၿမိဳ႕ကို ေရာက္ရွိလာပါတယ္။ ေရာဂါပိုး စစ္ေဆးစက္နဲ႔ ဆက္စပ္ပစၥည္းေတြ တင္လာတဲ့ ကုန္တင္ယာဉ္ေတြကို ျမဝတီခရိုင္ တာဝန္ရွိသူေတြက ႀကိဳးဆိုစစ္ေဆးၿပီးေနာက္ ရန္ကုန္ၿမဳိ႕ကို ဆက္လက္ထြက္ခြာသြားတယ္ လို႔ သိရပါတယ္။

COVID-19 ေရာဂါစစ္ေဆးတဲ့စက္အပါအဝင္ က်ပ္သိန္း ၈၃၅၀ ေက်ာ္တန္ဖိုးရွိ ဆက္စပ္ပစၥည္းေတြကို AA Medical Products ကုမၸဏီ က  ဧၿပီ ၅ ရက္က COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီႏွင့္က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကို လွဴဒါန္းခဲ့တာပါ။ ဆြစ္ဇာလန္ႏိုင္ငံ Roche Diagnostics ကုမၸဏီကထုတ္လုပ္တဲ့ Cobas 6800 M PCR စက္ဟာ ၈ နာရီအတြင္း လူေပါင္း ၃၈၀ ေက်ာ္၊  ၂၄ နာရီအတြင္း လူေပါင္း ၁၃၀ဝ ဦးေလာက္ကို အလိုအေလ်ာက္ စစ္ေဆးေပးႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။ အဆိုပါစက္ကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)မွာ ထားရွိၿပီး ႏိုင္ငံတဝန္းက ေပးပို႔လာတဲ့ ဓာတ္ခြဲနမူနာေတြကို စစ္ေဆးသြားမွာျဖစ္ပါတယ္။ http://burmese.dvb.no/archives/383760

***************

၁၇။     ဘဂၤလားေဒ့ရွ္ကိုျဖတ္ကာ AA က တရုတ္လက္နက္မ်ားတင္သြင္း

April 23, 2020

ရခိုင္ကမ္းရိုးတန္းႏွင့္ခ်င္းျပည္နယ္တို႔တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ပဋိပကၡတိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည့္ ရခိုင့္တပ္ဖြဲ႕ (AA) သည္ ဘဂၤလားေဒ့ရွ္ စစ္တေကာင္းေတာင္တန္းေဒသကိုျဖတ္ျပီး လက္နက္ခဲယမ္းမီးေက်ာက္မ်ားကို တင္သြင္းခဲ့သည္။

အဆိုပါစစ္လက္နက္ပစၥည္းမ်ားတြင္ ေခ်မႈန္းေရး ရိုင္ဖယ္ေသနတ္အလက္ ၅၀ဝ၊ စက္ေသနတ္ အလက္ ၃၀ ၊  က်ည္ဖူး        ၇၀ဝ၀ဝ ႏွင့္ လက္ပစ္ဗံုးမ်ားပါဝင္ၿပီး ေဖေဖာ္ဝါရီ တတိယပတ္က ေရေၾကာင္းျဖင့္ သယ္ေဆာင္ခဲ့ၿပီး ျမန္မာ-ဘဂၤလားေဒ့ရွ္ ကမ္းရိုးတန္းအစပ္ႏွင့္ သိပ္မေဝးေသာ Monakhali ကမ္းေျခတြင္   ခ်ခဲ့ျခင္းျဖစ္သည္။ ဘဂၤလားေဒ့ရွ္၊ ျမန္မာႏွင့္ ေဟာင္ေကာင္ မွ သတင္းေထာက္မ်ားစြာ၏ အကူအညီႏွင့္အတူ စာေရးသူ၏ ဦးေဆာင္မႈျဖင့္ The Easternlink  စံုစမ္းစစ္ေဆးမႈတြင္ လက္နက္တင္သြင္းခဲ့ေၾကာင္း ျပည့္စံုခိုင္လံုသည့္ အေထာက္အထားမ်ား ေတြ႔ရွိခဲ့သည္။  စစ္တေကာင္းေတာင္တန္းရွိ ရြာမ်ားမွ ရခိုင္လူမ်ိဳးအထမ္းသမား ၁၅၀ နီးပါးႏွင့္ AA တပ္သား ၅၀ ခန္႔တို႔သည္ ေတာင္တန္းနယ္စပ္ေဒသမ်ားျဖစ္သည့္ Gundum ႏွင့္ Rejupara ၊ Uhalapalonh ႏွင့္ Paglirara စသည္တို႔ကိုျဖတ္ကာ လားေကာင္မ်ားအသံုးျပဳ၍ အဆိုပါလက္နက္မ်ားကို ေျခလ်င္ သယ္ခဲ့ၾကသည္။ ထို႔ေနာက္ Matamuhuri-Snagua ေဘးမဲ့ေတာႏွင့္ Singpa ရြာကို ပတ္သြားကာ ထန္ခ်ီျပည္နယ္ ဆန္ဒက္ အနီးရွိ AA စခန္းသို႔ မတ္လ ၂ ရက္တြင္ ေရာက္ရွိခဲ့ၾကသည္။  အနီးဆံုးဘဂၤလားေဒ့ရွ္တပ္စခန္းမ်ားသည္ ထိုေတာင္ေပၚ ေဒသမ်ားသို႔ ကင္းလွည့္ျခင္းမရွိသလို Alikadam တပ္ေျမႏွင့္လည္း ေဝးသည္ဟုဆိုသည္။

AA သည္ ဤသို႔ ဆန္ဒက္သို႔ လက္နက္ခဲယမ္းမ်ားစြာကို သယ္ေဆာင္ၿပီးေနာက္ ေတာင္မီဇိုရမ္ရွိ Para စႀကၤ ံန္ ကို အသံုးျပဳ၍ ရခိုင္သို႔လည္း လက္နက္မ်ား ေမွာင္ခိုတင္သြင္းခဲ့သည္။ မီဇိုရမ္ျပည္နယ္သည္ ေအးခ်မ္းၿပီး ေဒသတြင္းေသာင္းက်န္းမႈ မ်ားမရွိေသာေၾကာင့္ Assam Rifles အိႏၵိယလက္နက္ကိုင္တပ္ဖြဲ႔သည္ Parva ေဒသတြင္ ခပ္ပါးပါးသာ တပ္ျဖန္႔ထားသည္။ AA အဖြဲ႔သည္ မတ္လက မီဇိုရမ္-စစ္တေကာင္းေတာင္တန္းလမ္းေၾကာင္း-ခ်င္း သံုးပြင့္ဆိုင္ေဒသရွိ Parva စႀကၤ ံန္ကို ျဖတ္၍ လက္ နက္ခဲယမ္းမ်ားကိုသယ္ေဆာင္သည့္လႈပ္ရွားမႈရွိခဲ့ေၾကာင္း  ယံုၾကည္စိတ္ခ်ရသည့္ အစီရင္ခံခ်က္မ်ားရရွိထားသည္ဟု Assam Rifles လက္နက္ကိုင္တပ္၏ ထိပ္ပိုင္း အရာရွိမ်ားက Easterlink အား အတည္ျပဳေျပာၾကားခဲ့သည္။ တရုတ္ႏိုင္ငံပိုင္ လက္နက္ ပစၥည္းထုတ္လုပ္သည့္ Norinco ကုမၸဏီသည္ တျခားဟန္ျပနည္းလမ္းမ်ားကို အသံုးျပဳ၍ AA ကဲ့သို႔ေသာ လက္နက္ကိုင္ တပ္ဖြဲ႔မ်ားကို လက္နက္မ်ားေထာက္ပံ့ၾကေၾကာင္း ဘန္ေကာက္အေျခစိုက္ အာရွလက္နက္ေမွာင္ခိုကူးမႈေရးရာ ကြ်မ္းက်င္သူ တစ္ဦးက Easterlink ကို အတည္ျပဳေျပာၾကားခဲ့သည္။

AA ႏွင့္နီးစပ္ေသာ ရခိုင္သတင္းရင္းျမစ္တစ္ခုအရ AA တို႔ သယ္ေဆာင္ခဲ့သည့္လက္နက္မ်ားထဲတြင္ ရဟတ္ယာဉ္မ်ား၊ ဒရုန္း မ်ားႏွင့္ တိုက္ေလယာဉ္ကို ပစ္ခ်ႏိုင္ေသာ F-6 တရုတ္ဒံုးလက္နက္မ်ားပါသည္ဟု သိရသည္။ http://www.mizzimaburme se.com/article /69257

***************

၁၈။     WHO ဝန္ထမ္းေသဆံုးမႈကို အေမရိကန္က ျပစ္တင္ရႈတ္ခ်

April 22, 2020

ကိုဗစ္-၁၉ စစ္ေဆးရန္အတြက္ သယ္ယူပို႔ေဆာင္ေပးခဲ့သူ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ၏ ယာဉ္ေမာင္း  ေသနတ္ျဖင့္ အပစ္ ခံရ၍ ေသဆံုးမႈအေပၚ အေမရိကန္ျပည္ေထာင္စုက ျပစ္တင္ရႈတ္ခ်လိုက္ၿပီး စံုစမ္းစစ္ေဆးမႈျပဳရန္ တိုက္တြန္းလိုက္သည္။

ဦးျပည့္စံုဝင္းေမာင္ ေမာင္းႏွင္ေသာ ကုလသမဂၢကားမွာ ဧၿပီလ ၂၀ ရက္ေန႔က ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္ တံတားအလြန္တြင္ ေသနတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည္။ အဆိုပါပစ္ခတ္မႈေၾကာင့္ ယာဉ္ေမာင္း ဦးျပည့္စံုဝင္းေမာင္ ေသဆံုးခဲ့ရ သလို က်န္းမာေရးဝန္ထမ္းတစ္ဦးလည္း ဒဏ္ရာရရွိခဲ့သည္။ “ဤရဲရင့္ေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးသည္ ေသေစႏိုင္ေသာ ဗိုင္းရပ္စ္ေဘးမွ ႏိုင္ငံတစ္ဝန္း ျပည္သူအားလံုးကို ကာကြယ္ရန္ ႀကိဳးပမ္းအားထုတ္သည့္ အစိတ္အပိုင္း တစ္ရပ္ျဖစ္ေသာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ပိုး စစ္ေဆးရန္အတြက္ သယ္ယူ ပို႕ေဆာင္ေပးျခင္း ျဖစ္ပါသည္။ စံုစမ္းစစ္ေဆးမႈ တစ္ရပ္ကို ျပည့္ျပည့္ဝဝ ေဆာင္ရြက္ရန္ႏွင့္ က်ဴးလြန္သူမ်ားကို တရားဥပေဒအတိုင္း စီမံေဆာင္ရြက္ေပးပါရန္ အာဏာပိုင္မ်ားကို မိမိတို႕တိုက္တြန္း ပါ သည္။” ဟု ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံရံုးက ယေန႔နံနက္ပိုင္းက ထုတ္ျပန္ေသာ ေၾကညာခ်က္တြင္ ပါရွိသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရခိုင့္တပ္ AA အဖြဲ႔တို႔ၾကား ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ လြန္ခဲ့ေသာ သီတင္းပတ္အနည္းငယ္ အတြင္းမွာပင္ အရပ္သားေသဆံုးမႈဒါဇင္ႏွင့္ခ်ီရွိေၾကာင္း ကုလသမဂၢက ထုတ္ျပန္ထားသည္။ တနလၤာေန႕က WHO ယာဉ္ ေမာင္းေသဆံုးမႈႏွင့္ပတ္သက္ၿပီး ႏွစ္ဘက္လံုးက ျငင္းဆိုထားသလို အျပန္အလွန္ စြပ္စြဲထားၾကသည္။ အသက္ ၂၈ ႏွစ္ အရြယ္ ဦးျပည့္စံုဝင္းေမာင္ေသဆံုးၿပီး က်န္းမာေရးအရာရွိတစ္ဦး ဒဏ္ရာရရွိခဲ့မႈအေပၚ ကုလသမဂၢ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယိုဂူတာရက္စ္က ျပင္းထန္စြာ ရႈတ္ခ်လိုက္သည္ဟု ျမန္မႏိုင္ငံရွိ ကုလသမဂၢရံုးက ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလမွ ယခုလအထိ တပ္မေတာ္ႏွင့္ AA တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္အတြင္း အရပ္သားေသဆံုးမႈ ၁၀ဝ ေက်ာ္ရွိၿပီး ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္း ၂၉ ဦးေသဆံုးခံ႔သည္ဟု ရခိုင္ႏွင့္ခ်င္း အရပ္ဖက္အဖြဲ႕အစည္းမ်ားက ထုတ္ျပန္သည္။ AA ကို အစိုးရက အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ မတ္လ ၂၃ ရက္ေန႔က ေၾကညာခဲ့သည္။ http://www.mizzimaburmese.com/article/69204

***************

၁၉။     ကခ်င္ျပည္နယ္က တရုတ္ငွက္ေပ်ာခင္း

April 23, 2020

ကခ်င္းေခါင္းေဆာင္တဦးျဖစ္တဲ့ ဇခြန္တင္ရင္း တည္ေထာင္တဲ့ NDAK ကခ်င္နယ္ျခားေစာင့္တပ္ ခ်ဳပ္ကိုင္တဲ့ ကခ်င္အထူး ေဒသ (၁) က ကန္ပိုက္တီမွာ ကုန္သြယ္ေရးစခန္း တည္ေဆာက္ဖို႔ ကခ်င္ျပည္နယ္အစိုးရနဲ႔ ယူနန္တရုတ္ကုမၸဏီတို႔ မၾကာမီ က နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။ ဇခြန္တင္ရင္းရဲ႕ သားေတြပိုင္တဲ့ ကန္ပိုက္တီ ဖြံ႔ၿဖိဳးေရးကုမၸဏီနဲ႔ ယူနန္ထိုင္ယင္းကုမၸဏီတို႔ ဖက္စပ္လုပ္မယ့္ စီမံခ်က္ျဖစ္ၿပီး၊ ကခ်င္ဘက္က (၃၀) ရာခိုင္ႏႈန္း၊ ယူနန္ဘက္က (၇၀) ရာခိုင္ႏႈန္း ပိုင္ဆိုင္လိမ့္မယ္လို႔ သိရပါတယ္။ ေျမဧက (၇၀) မွာ ေဒၚလာသန္း (၂၀) ေက်ာ္ ရင္းႏီွးျမဳပ္ႏံွမယ့္ စီမံကိန္း ျဖစ္ပါတယ္။ ကန္ပိုက္တီမွာ ရင္းႏီွးမယ့္ တရုတ္ကုမၸဏီဟာ ျမစ္ႀကီးနားစီးပြားေရးဇုန္ကို တည္ေဆာက္ေနတဲ့ ယူနန္ ထန္ခ်ဳံးဟုန္ရင္ အုပ္စုရဲ ႔ လက္ေအာက္ခံလုပ္ငန္းတခု ျဖစ္ပါတယ္။ လက္ရိွ ကန္ပိုက္တီ ကုန္သြယ္ေရးစခန္းဟာ တဧကေလာက္သာ ရိွပါတယ္။ တစ္သွ်ဳးငွက္ေပ်ာကို ကန္ပိုက္တီကတဆင့္ ယူနန္ကို တင္ပို႔တာမ်ားပါတယ္။ ဆန္၊ ေျပာင္းဖူး၊ ရာဘာ၊ သံ စတာေတြကိုလည္း တင္ပို႔ပါတယ္။ ယူနန္ကေန ဓါတ္ေျမၾသဇာ၊ စားသံုးကုန္ပစၥည္း၊ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ အပိုပစၥည္းေတြ တင္သြင္းပါတယ္။ ေန႔စဥ္ကုန္တင္ကားအစီး (၂၀၀) ကေန (၅၀၀) အထိ ျဖတ္သန္းသြားလာတဲ့စခန္း ျဖစ္ပါတယ္။

ေဒသခံေတြရဲ ႔ နာမည္ကိုသံုးၿပီး စိုက္ပ်ဳိးေနတဲ့ တရုတ္ပိုင္တစ္သွ်ဳးငွက္ေပ်ာၿခံေတြ အမ်ားဆံုးရိွတဲ့ နယ္ေျမဟာ ဝိုင္းေမာ၊္ ဗန္းေမာ္၊ မိုးေမာက္၊ ေရႊကူစတဲ့ ၿမိဳ ႔နယ္ေတြ ျဖစ္ပါတယ္။ ဒီၿမိဳ ႔နယ္ေတြအထိ တရုတ္ကုန္တင္ကားႀကီးေတြ ဝင္ေရာက္ၿပီး၊ ငွက္ေပ်ာသီးေတြ သယ္ယူပါတယ္။ ကန္ပိုက္တီစခန္းမွာ အစစ္အေဆး မလုပ္ႏိုင္တဲ့အတြက္ ငွက္ေပ်ာသီးအျပင္ ယူနန္ကို

ဘာပစၥည္းေတြ သယ္ယူေနတယ္ဆိုတာကို မသိႏုိင္ပါဘူး။ ကုန္တင္ကားႀကီးေတြေၾကာင့္ လမ္းနဲ႔တံတားေတြ ပ်က္စီးလာ ပါတယ္။ ဒီကိစၥကို ျပည္နယ္လႊတ္ေတာ္မွာ တင္ျပေပမယ့္ အေရးမယူႏို္င္ေသးေၾကာင္း သိရပါတယ္။ ကန္ပိုက္တီနယ္စပ္ ကုန္သြယ္ေရးစခန္းကို အဆင့္ျမွင့္ၿပီးမွသာ တစ္သွ်ဳးငွက္ေပ်ာ သယ္ယူေနတဲ့ ကားႀကီးေတြအပါအဝင္ အျခားကုန္ပစၥည္း ေတြကို စစ္ေဆးႏုိင္မယ္လို႔ ကခ်င္ျပည္နယ္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုပါတယ္။

တစ္သွ်ဳးငွက္ေပ်ာစိုက္ပ်ဳိးေရးကို ဘိန္းအစားထိုး စိုက္ပ်ဳိးေရးအေနနဲ႔ ကခ်င္ျပည္နယ္မွာ ၂၀၁၆ ခုႏွစ္ေလာက္ကတည္းက စတင္လုပ္ကိုင္လာပါတယ္။ ငွက္ေပ်ာသီးအားလံုး တၿပိဳင္တည္းႀကီးထြားသီးပြင့္ၿပီး အထြက္တိုးတာေၾကာင့္ ရင္းႏီွးျမဳပ္ႏံွတဲ့ တရုတ္ကုမၸဏီေတြ မ်ားလာပါတယ္။ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးကို သံုးေပမယ့္ စည္းကမ္းမရိွတဲ့အတြက္ ေရေျမညစ္ညမ္း မႈ ေတြ မ်ားလာပါတယ္။ ဓါတ္ေျမၾသဇာနဲ႔ ပိုးသတ္ေဆးအနံ႔ဆိုးကို တႏွစ္ပတ္လံုး ရႈရႈိက္ေနရတဲ့ ေက်းရြာေတြ ရိွလာပါတယ္။ တစ္သွ်ဳးငွက္ေပ်ာစိုက္ခင္းေတြ ဒုကၡေပးပံုကို ေဒသခံေတြ တိုင္တန္းၾကေပမယ့္ ငွက္ေပ်ာၿခံရွင္ကို လက္နက္ကိုင္တပ္ဖြဲ႔ေတြက အကာအကြယ္ေပးထားလို႔ ဘာမွမတတ္ႏုိင္ဘူးလို႔ ဆိုပါတယ္။

တိုက္ပြဲေတြျဖစ္လုိ႔ စြန္႔ခြါသြားၾကတဲ့ ေက်းရြာေတြမွာ ငွက္ေပ်ာစိုက္ခင္းတိုးခ်ဲ ႔တဲ့ တရုတ္ေတြလည္း ရိွပါတယ္။ ဒီေနရာေတြကို အစိုးရတပ္ရဲ႕ ခြင့္ျပဳခ်က္မရဘဲ မသြားႏိုင္ပါဘူး။ တစ္သွ်ဳးငွက္ေပ်ာနဲ႔ ပတ္သက္ၿပီး တရုတ္ကုမၸဏီနဲ႔ ေဒသခံေတြအၾကား တင္းမာမႈေတြ ရိွလာပါတယ္။ ယူနန္က ဝင္လာတဲ့ တရုတ္စိုက္ပ်ဳိးေရးလုပ္သား အေရအတြက္ကို မခန္႔မွန္းႏိုင္ဘူးလို႔ ကခ်င္ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးက မႏွစ္က ေျပာပါတယ္။ နယ္စပ္စခန္းေတြကေန ယာယီေနထိုင္ခြင့္ယူၿပီး ဝင္လာသူ (၆၀၀၀) ေလာက္ ရိွႏိုင္တယ္လို႔ သိရပါတယ္။ https://burmese.voanews.com/a/weekly-current-affairs-analysis-banana-plantation-in-kachin-state/5386654.html

****************

၂၀။     မင္းျပားမွာ AA နဲ႔ပတ္သက္သူကို အေသဖမ္းမိေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္ မိသားစုျငင္းဆို

April 22, 2020

ေမလြမ္းေက်းရြာက အသက္ ၃၀ ဝန္းက်င္အရြယ္ ကိုေက်ာ္ဝင္းေခ်ဟာ မေန႔မနက္ပိုင္းက ရြာအနီး ျမစ္ထဲကေန ငါးမွ်ားၿပီး အျပန္မွာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုက ပစ္ခတ္တာခံခဲ့ရၿပီး ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆံုးသြားတာပါ။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက မေန႔ကထုတ္ျပန္ရာမွာ ဆိုင္ကယ္စီးၿပီး လာတာကို မသကၤာဖြယ္ရာ ေတြ႔ရွိရတဲ့ အတြက္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက စစ္ေဆးဖို႔တားျမစ္ရာမွာ မရပ္ဘဲ ထြက္ေျပးတဲ့အတြက္ ေျခာက္လွန္႔ပစ္ခတ္ခဲ့တာလို႔ ေဖာ္ျပ ထားပါတယ္။ ေသဆံုးသူရဲ႕ ဖခင္ဦးေက်ာ္လွဦးက သူ႔သားဟာ ဆိုင္ကယ္မစီးတတ္ဘူးလို႔ေျပာပါတယ္။

“မေန႔က ကြ်န္ေတာ့သားဟာ ကမ္းပိုင္ေခ်ာင္းဆိုတဲ့ေနရာမွာ ငါးရွာဖို႔ သြားခဲ့ပါတယ္။ ေသနတ္ပစ္သံေတြ ၾကားေတာ့ သူက ရြာကို ျပန္လာတာပါ။ ရြာထိပ္ကိုေရာက္ေတာ့ စစ္သားေတြနဲ႔ေတြ႔ပါတယ္။ ရြာကိုအဝင္မွာ စစ္တပ္ကပစ္လိုက္တာပါ။ သူ႔အေမ က ၾကည့္ေနတယ္။ သူဟာ ထြက္ေျပးတာမဟုတ္ပါဘူး။ ကြ်န္ေတာ့သားဟာ ဆိုင္ကယ္လည္းမစီးတတ္၊ စက္ဘီးေတာင္ မစီး တတ္ပါဘူး။ ကြ်န္ေတာ္တို႔မိသားစုမွာ ဆိုင္ကယ္လည္းမဝယ္ႏိုင္ပါဘူး။ ဒီလိုပဲ တစ္ေန႔ရွာတစ္ေန႔စားေနရတာပါ”တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးရဲ႕ထုတ္ျပန္ခ်က္မွာေတာ့..  လံုၿခံဳေရးတပ္ဖြဲ႔ဝင္ေတြက သြားေရာက္စစ္ေဆးရာမွာ လဲက်ေသဆံုးေနတဲ့ အမ်ိဳးသား ၁ ဦးနဲ႔အတူ အနီးမွာရွိတဲ့ ဆိုင္ကယ္ တူးေဘာက္စ္ထဲက တရုတ္လက္ပစ္ဗံုး ၁ လံုးနဲ႔ ဓား ၁ လက္ သိမ္းဆည္းမိခဲ့ တယ္လို႔ ေဖာ္ျပထားပါတယ္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးရဲ့ထုတ္ျပန္ခ်က္နဲ႔ ကာယကံရွင္မိသားစု၊ ေက်းရြာလူႀကီးေတြရဲ့ ေျပာဆိုခ်က္ေတြ ကြဲလြဲ  ေနတာေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဒီကိစၥနဲ႔ ပတ္သက္ၿပီး တစံုတစ္ရာ ေျပာဆိုစရာမရွိေၾကာင္း ေျပာပါတယ္။ RFA က ရရွိထားတဲ့အခ်က္အလက္ေတြအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၆ ကေန မေန႔က ဧၿပီလ ၂၁ ရက္ေန႔အထိ အခ်ိန္ ၁ လေက်ာ္ ကာလမွာ ေသဆံုးတဲ့ အရပ္သား ၉၀ ခန္႔ရွိေနသလို ထိခိုက္ ဒဏ္ရာရသူဟာလည္း ၂၁၀ ေက်ာ္အထိ ရွိေနပါတယ္။ https:/ /www.rfa.org/burmese/news/rakhine-civilian-death-04222020112712.html

*****************

၂၁။     Face Shield မ်က္ႏွာကာမ်ားကို ဗန္းေမာ္လူငယ္မ်ားကိုယ္တိုင္ျပဳလုပ္

April 22, 2020

ကခ်င္ျပည္နယ္ တ႐ုတ္နယ္စပ္တစ္ေလၽွာက္ရွိ ေဆး႐ုံမ်ားတြင္အသုံးျပဳနိုင္ရန္ Covid-19 ကူးစက္ေရာဂါကာကြယ္ေရး မ်က္ႏွာ ကာ Face Shield အခု ၅၀၀၀ခန႔္ကို ဗန္းေမာ္ၿမိဳ႕ရွိ လူငယ္မ်ားကိုယ္တိုင္လက္မွုျပဳလုပ္ကာ ယခုလအတြင္း သြားေရာက္ လွဴဒါန္းရန္ စီစဥ္ေနေၾကာင္း သိရသည္။ ဗန္ေမာ္ၿမိဳ႕ရွိ လူငယ္မ်ားက မ်က္ႏွာကာ Face Shield မ်ားကို လက္မႈပညာျဖင့္ ကိုယ္တိုင္ျပဳလုပ္ကာ ဗန္ေမာ္ျပည္သူ႔ေဆး႐ုံႀကီးအပါအဝင္ လိုင္ဇာႏွင့္မိုင္ဂ်ာယန္အတြင္းရွိ ေဆး႐ုံမ်ားသို႔ပို႔ရန္ ဦးစားေပး ထုတ္လုပ္ေနျခင္းျဖစ္သည္ဟု သိရသည္။

“က်ေနာ္အေနနဲ႔ ကိုဗစ္-၁၉ ကာကြယ္ႏိုင္တဲ့ မ်က္ႏွာကာကို လက္မႈပညာနဲ႔ ျပဳလုပ္ၿပီး လွဴဒါန္းဖို႔ စီစဥ္ေနတယ္။ အဓိကေတာ့ ေရွ႕တန္းမွာ ကာကြယ္ေပးေနတဲ့ ေဆးဆရာဝန္ေတြ လုံၿခဳံဖိုျဖစ္တယ္။ ဒီပစၥည္းေတြဝယ္သုံးဖို႔ဆိုရင္လည္း အျပင္မွာေဈးႀကီး တယ္။ ဝယ္သုံးဖို႔ဆိုရင္ေတာင္ ေဈးကြက္မွာမရွိေတာ့ဘူး။ ေနာက္တစ္ျခားႏွာေခါင္းပိတ္ (Mask) ေတြက သီးျခား အဖြဲ႕အစည္း ေတြ လွဴဒါန္းေပးတာလို႔ သိရတယ္။ ၿပီးရင္ အခုျဖစ္ေနတဲ့ ေရာဂါက အရမ္းဆိုးရြားတဲ့ေနရာေတြမွာဆိုရင္ Mask ဘဲတပ္ၿပီး မွဘဲ ကာကြယ္လို႔မရေတာ့ဘူး” ဟု Face Shield ျပဳလုပ္ေနေသာ ကိုေအာင္မ်ိဳးဆန႔္ ေျပာသည္။

ထို႔အျပင္ ဗန္းေမာ္ႏွစ္ျခင္းအသင္းေတာ္ လူငယ္မ်ားကလည္း စုေပါင္းၿပီး ၿမိဳ႕အတြင္း ပိုးသတ္ေဆးဖ်န္းသည့္ လုပ္ငန္းမ်ား၊ ကိုဗစ္-၁၉ ကာကြယ္အသုံျပဳပစၥည္းမ်ား ေထာက္ပံ့မႈမ်ားႏွင့္ ပါဝင္လႈပ္ရွားမႈမ်ား ေဆာင္ရြက္ေပးေနေၾကာင္း သိရွိရပါသည္။ https://burmese.kachinnews.com/2020/04/22/face-shield-%e1%8%99%e1%80%bb%e1%80%80%e1%

****************

၂၂။     ေတာင္ႀကီး ကိုဗစ္ လူနာ ၁၂၁ ႏွင့္ထိေတြ႔သူ ၁၂  ဦးရွိ

April 22, 2020

ေတာင္ႀကီးၿမိဳ႕ COVID-19 လူနာအမွတ္ ၁၂၁ ႏွင့္ အနီးကပ္ ထိေတြ႕သူ ၁၂ ဦးရွိေၾကာင္း သွ်မ္းျပည္နယ္ အစိုးရအဖြဲ႔ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ ဧၿပီ ၂၁ ရက္ေန႔ ည က အားကစားႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန မွ ထုတ္ျပန္သည့္ အတည္ျပဳလူနာ ၂ ဦးမွာ ေတာင္ႀကီးၿမိဳ႕က လူနာတစ္ဦးပါဝင္ေနေၾကာင္း သိရသည္။ “မိသားစု ဝင္ ၅ ေယာက္ သူငယ္ခ်င္း ၃ ေယာက္ တူတူသြားလာတာ ရွိတယ္။ ေနာက္ သြားေဆးခန္း သြားတာလည္း ရွိတယ္။ အဲ့ဒါေတြ အားလံုးက အနီးကပ္ထိေတြ႕သူ ေတြရဲ႕ ဓါတ္ခြဲနမူနာ အားလံုးကို ရန္ကုန္ကို ပို႔မွာေပါ့ေနာ္။” လူမႈေရးဝန္ႀကီး ေဒါက္တာ မ်ိဳးထြန္း ကသွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။

အဆိုပါ လူနာအမွတ္ ၁၂၁ သည္ အဂၤလန္ႏိုင္ငံမွ ျပန္လာသူျဖစ္ၿပီး ဧၿပီ ၅ ရက္ေန႕က ရန္ကုန္ မွ ဟဲဟိုး သို႔ Golden Myanmar Airline ေလေၾကာင္းလိုင္းျဖင့္ ခရီးသည္ ၂၈ ဦးႏွင့္အတူ စီးႏွင္းလာေၾကာင္း သိရသည္။ “ေလယာဉ္ နဲ႔ အတူ စီးလာတဲ့ ၂၈ ေယာက္လည္း ႏွာေခါင္းတို႔ ပတ္ ပို႔ႏိုင္ေအာင္ စီစဉ္ေနတာေပါ့ေနာ္။” ဟု ဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း ကေျပာသည္။ ထို႔ေၾကာင့္ လူနာအမွတ္ ၁၂၁ ႏွင့္ထိေတြ႔ဆက္စပ္ခဲ့သည့္ ျပည္သူမ်ားအားလံုး ေတာင္ႀကီး ေဆးရံုတြင္ ေဆးစစ္ ရန္လည္း သက္ဆိုင္ရာက ပန္ၾကားထားသည္ကို ေတြ႕ရသည္။ https://burmese.shannews.org/archives/16252

***************

၂၃။     လိင္ေဖ်ာ္ေျဖေရး လုပ္ေနသည္ဟု ေက်ာ္ေဇာသည့္အိမ္ကို ဝင္ေရာက္ရွာေဖြ Live  လြင့္သူ ၆ ဦးကို ရံုး ထုတ္

April 21, 2020

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕အမွတ္(၄)ရပ္ကြက္ ေက်ာက္လံုးႀကီးလမ္းႏွင့္ေဟမာန္ဦးသုသာန္သြား လမ္းဆံုအနီးတြင္ လိင္ေဖ်ာ္ ေျဖေရး လုပ္ငန္းလုပ္ေနသည္ဟု ေက်ာ္ေဇာသည့္ ေနအိမ္ကို လူမႈကြန္ ယက္တြင္ တုိက္႐ုိက္ (Live) ထုတ္လြင့္ကာ ဝင္ေရာက္ ရွာေဖြမႈ ျပဳလုပ္ခဲ့သူ ၆ ဦးအား ယေန႔ (ဧၿပီလ ၂၀ ရက္) တြင္ ျမဝတီၿမိဳ႕နယ္ တရားရံုး၌ ခ်ဳပ္ရမန္ယူရန္ ရံုးထုတ္ခဲ့ ေၾကာင္း သိရသည္။ ဧၿပီလ ၁၆ ရက္ေန႔ ညပိုင္းက လူမႈကြန္ယက္တြင္ ျပည့္တန္ဆာရံုဝင္ဖမ္းမည္ဟု တုိက္႐ုိက္ Live လြင့္ကာ ဝင္ေရာက္ရွာေဖြခဲ့ၾကသည့္ ျမဝတီၿမိဳ႕မွ ေရႊ႕ေျပာင္းအလုပ္သမားအေရး ကူညီေဆာင္ရြက္ေပး ေနသူ AAC အဖဲြ႔မွ ကိုရဲမင္း အပါအဝင္ တက္ႂကြလႈပ္ရွားသူ ၆ ဦးအား ပုဒ္မ ေလးခုျဖင့္ ဧၿပီလ ၁၇ ရက္ေန႔က ျမဝတီၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထိန္းသိမ္း ထားၿပီး ယေန႔ ခ်ဳပ္ရမန္ယူရန္ ႐ုံးထုတ္ခဲ့ျခင္းျဖစ္သည္။

AAC ကိုရဲမင္းႏွင့္ အဖြဲ႔အား ေရွ႕ေနလိုက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ကိုမ်ိဳးေအာင္က “ရဲကေနၿပီး အမႈတည္ေဆာက္ဆဲ ကာလဆိုေတာ့ သူတို႔ေတြကို တရားရံုးက အာမခံေပးလို႔ မရေသးပါဘူး။ ရဲက လည္း အာမခံမေပးေတာ့ ဒီရက္ပိုင္း အခ်ဳပ္ထဲ မွာ ေနၾကရပါဦးမယ္။ ဒီေနေတာ့ တရားရံုးမွာ ခ်ဳပ္ရမန္ လာယူတာ အမႈကိုေတာ့ လာမယ့္ ေမလ ၁ ရက္ေန႔မွာ ရံုးခ်ိန္း ထပ္ခ်ိန္းထားတယ္” ဟု ေျပာသည္။ ျမဝတီ ၿမိဳ႕အမွတ္ ၄ ရပ္ကြက္ ေက်ာက္လံုးႀကီးလမ္းႏွင့္ ေဟမာန္ ဦးသုသာန္ဘက္သို႔ သြားရာ လမ္းတြင္ “နဒီလိႈင္း”အမည္ရိွ မီးေရာင္မွိတ္တုတ္ မိွတ္တုတ္ျဖင့္ ဖြင့္လွစ္ေသာ အေအးဆိုင္အမည္ခံ မာဆတ္ ဆိုင္တြင္ လူအမ်ားေပ်ာ္ပါးေနသည္ဟုသတင္းအရ Covid-19 ကာကြယ္သည့္အေနျဖင့္ သြားေရာက္ ဖမ္းဆီးျခင္းျဖစ္ရာ အပိုင္ရာအိမ္မႉး ပါဝင္ခ့ဲေသာ္လည္း သက္ဆိုင္ရာရဲတပ္ဖြဲ ့ မပါဝင္သည့္အတြက္ ပိုင္နက္က်ဴးလြန္မႈျဖင့္အမႈဖြင့္အေရးယူခံခ့ဲရျခင္းျဖစ္ သည္ဟု အမႈဖြင့္ခံရသူ ကိုရဲမင္းႏွင့္တက္ႂကြလႈပ္ရွားသူမ်ားဘက္က ေျပာသည္။

ျမဝတီၿမိဳ႕အမွတ္ ၄ ရပ္ကြက္ ေက်ာက္လုံးႀကီးေအာက္လမ္းရွိ “နဒီလိႈင္း” ဆိုင္ပိုင္ရွင္ မတင္မာဝင္းက ဧၿပီလ ၁၆ ရက္ေန႔ည ၁၁း၃ဝ အခ်ိန္ခန္႔က အမ်ဳိးသား ၆ ဦးမွ တုတ္မ်ားကုိင္ ေဆာင္က်ဴးေက်ာ္ လာ သည္ဟုဆိုကာ ျမဝတီရဲစခန္းတြင္ အမႈဖြင့္ခဲ့ သည့္အတြက္ ရဲမင္း(ခ)ရဲမင္းၾကည္၊ သူရိန္မင္းထြန္း၊ ေအာင္ေက်ာ္စုိး၊ ထြန္းထြန္း၊ ဝင္းႏုိင္၊ ေစာလမင္း(ခ) ေစာေက်ာ္သီဟဝင္း တုိ႔ ၆ ဦးအား ျမဝတီရဲစ ခန္းမွ (ပ)၃၄၆/၂ဝ၂ဝ ရာဇသတ္ႀကီး ပုဒ္မ ၄၅၁/၄၅၆ ျဖင့္ အမႈဖြင့္ထားသည္။ ထုိ႔အျပင္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ႏွင့္ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္မ်ားအား ဂုဏ္သိကၡာက်ဆင္းေစရန္ လူမႈ ကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ျပဳလုပ္ခဲ့ သည့္အတြက္ အမွတ္ ၃ ရပ္ကြက္ ငွက္ေပ်ာေတာရပ္ေန ရဲမင္း(ခ)ရဲမင္းၾကည္(၃၈)ႏွစ္ႏွင့္ ေရပူေက်းရြာ အမွတ္ ၅ ရပ္ကြက္ေန သူရိန္မင္းထြန္း(၃၈)ႏွစ္တုိ႔ ၂ဦးအား ဒုရဲအုပ္မင္းမင္းထြန္းမွ တရားလုိျပဳလုပ္ တုိင္ၾကားမႈေၾကာင့္ ျမဝတီရဲစခန္းမွ(ပ) ၃၄၇/ ၂ဝ၂ဝ၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္လည္းေကာင္းအမႈဖြင့္ထားေၾကာင္း သိရသည္။ ျမဝတီ ၿမိဳ႕ အမွတ္ ၄ ရပ္ကြက္ ေက်ာက္လံုးႀကီးလမ္းႏွင့္ ေဟမာန္ ဦးသုသာန္ဘက္သို႔သြားရာလမ္းရွိ အဆုိပါ အခင္းျဖစ္ပြားရာ လိင္ေဖ်ာ္ေျဖေရး လုပ္ငန္း လုပ္ေနသည္ဟု ေက်ာ္ေဇာသည့္ေနအိမ္ကို ယခု အခ်ိန္တြင္ ခ်ိတ္ပိတ္ထားသည္ဟု ရပ္ကြက္ ေနျပည္သူမ်ားက ေျပာသည္။ http://kicnews.org/2020/04/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%b1%e 1%80

****************

၂၄။     နမၼတူတြင္ ျပည္ေတာ္ျပန္ တခ်ိဳ႕ Quarantine ခံယူမႈမရွိ

April 23, 2020

သွ်မ္းျပည္ ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္းသို႔ ျပန္လာသည့္ ျပည္ေတာ္ျပန္မ်ားသည္ COVID-19 ေကာ္မတီကို အေၾကာင္း မၾကားဘဲ မိမိေနအိမ္သို တိတ္တဆိတ့္ ျပန္ေနေနၾကေၾကာင္း သတင္းရရွိသည္။ ထိုင္း၊ တရုတ္ႏိုင္ငံမွ ျပန္လာသည့္ ျပည္ေတာ္ျပန္မ်ားသည္ Quarantine ဝင္ေရာက္ေနထိုင္ျခင္းမရွိဘဲ မိမိေနအိမ္သို႔ တိတ္တဆိတ္ျပန္ေနၾကသျဖင့္ နမၼတူေဒသခံ မ်ား COVID-19ပ်ံ႕ႏွံ႔မႈ ျဖစ္ပြားမည္ကို စိုးရိမ္ေနၾကေၾကာင္း နမၼတူၿမိဳ႕ သွ်မ္းစာေပႏွင့္ ယဉ္ေက်းမႈ ဥကၠဌ ဦးဘဉာဏ္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ “ ျပည္ပ ျပန္လာတဲ့သူ အမ်ားစုက ေက်းရြာကလူေတြမ်ားတယ္။ သူတို႔က Quarantine မေနၾကဘူး။ အိမ္ေတြမွာ ေနၾကတယ္။ အဲ့ထဲက တေယာက္ေယာက္ က ကိုဗစ္-၁၉ ျဖစ္ရင္ေတာ့ အားလံုးထိၿပီပဲ” ဟု ဦးဘဉာဏ္ က ေျပာသည္။

ျပည္ပ ျပန္လာသူအမ်ားစုသည္ နမၼတူၿမိဳ႕နယ္အတြင္းရွိ တိုင္းရင္းသားလက္နက္ကိုင္ ထိန္းခ်ဳပ္သည့္ေနရာမွ ျပည္သူမ်ား ျဖစ္ေၾကာင္း၊ ထိုသူမ်ားကို ေသခ်ာ စိစစ္ကာ ေစာင့္ၾကည့္ရန္ လိုအပ္ေၾကာင္း လည္း ဦးဘဉာဏ္ က ေျပာသည္။

နမၼတူၿမိဳ႕နယ္အတြင္း ျပည္ေတာ္ျပန္မ်ားကို ၁၄ ရက္ Home Quarantine အျဖစ္ ထားရွိေၾကာင္း၊ သက္ဆိုင္ရာကို သတင္း ေပးပို႕ရန္လည္း ညႊန္ၾကားထားေၾကာင္း၊ ျပည္သူမ်ားကို ထိန္းခ်ဳပ္ရန္ ခက္ခဲေၾကာင္းလည္း နမၼတူၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ အမွတ္(၂) နန္းစံဟြမ္ က ေျပာသည္။ “Home quarantine အေနနဲ႔ ကူညီရတာခက္တယ္။ ေငြေၾကး ကလည္း သိပ္မကူႏိုင္ဘူးေလ။ ေနာက္က်မတို႕ကေတာ့ ေက်းရြာေတြကြင္းဆင္းၿပီး ျပည္ေတာ္ျပန္ဆိုရင္ သတင္းပို႔ေပးဖို႔ေတြ လည္း ေျပာထားပါတယ္”ဟု နန္းစံဟြမ္က ဆိုသည္။ https://burmese.shannews.org/archives/16266

***************

၂၅။     တီးတိန္ နံပါတ္ ၁ လူနာ ၅ ႀကိမ္ေျမာက္ စစ္ေဆးမႈ Positive သာ ျဖစ္ေန

April 23, 2020

ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕တြင္ COVID-19 ေရာဂါပိုး ပထမဆံုး ေတြ႔ရွိခဲ့သည့္ လူနာနံပါတ္ ၁ ကို ၅ ႀကိမ္ေျမာက္ စစ္ေဆး ရာတြင္ Positive သာျဖစ္ေနဆဲဟု ခ်င္းျပည္နယ္ အစိုးရအဖြဲ႔၏ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ဧရာဝတီ သို႔ ေျပာသည္။ စည္ပင္ဝန္ႀကီး ဦးစိုးထက္ က “လူနာနံပါတ္ ၁ က ၅ ႀကိမ္ရွိၿပီ Positive ပဲ။ ဧၿပီလ ၂၀ ရက္က ပို႔တာက အေျဖ မသိရေသး ပါ။ သူ႔အေမကေတာ့ ၃ ႀကိမ္နဲ႔ ေနာက္ သူေနခဲ့တဲ့အိမ္က လူကို ၂ ႀကိမ္ စစ္ေဆးၿပီးတာ။ သူတို႕က က်န္းမာတယ္။ ဘာမွ မျဖစ္ဘူး” ဟု ေျပာသည္။

တီးတိန္တြင္ ျပည္နယ္အစိုးရက သတ္မွတ္ထားသည့္ Lockdown ေနရာမ်ားသည္ ဧၿပီလ၂၁ ရက္တြင္ ျပည့္ၿပီျဖစ္ေသာ္လည္း လူနာထပ္တိုးေနသည့္ အတြက္ Lockdown ကာလထပ္မံ တိုးသြားရန္ ဆံုးျဖတ္ေၾကာင္းလည္း ဝန္ႀကီးက ဆက္လက္ ေျပာဆို သည္။ ျမန္မာႏိုင္ငံတြင္ ပထမဆံုး COVID-19 ေရာဂါပိုးရွိသူကို တီးတိန္ၿမိဳ႕နယ္တြင္ မတ္လ ၂၃ ရက္က စတင္ေတြ႕ရွိရာမွ ဧၿပီ လ ၂၂ ရက္အထိ ေရာဂါပိုးရွိသူ ၅ ဦး (လူနာနံပါတ္ ၁၊ ၂၃၊ ၃၁၊ ၇၈၊ ၁၁၃) အထိ ရွိလာၿပီး၊ ထိုလူနာမ်ားကို တီးတိန္ေဆးရံု၌ သီးသန္႕ထားရွိ ကုသမႈေပးေနသည္ဟု သိရသည္။ လူနာ ေတြ႕ရွိခဲ့သည့္ တီးတိန္ၿမိဳ႕နယ္ရွိ ကပ္တဲလ္ေက်းရြာႏွင့္ လြယ္ဘြာလ္း ရပ္ကြက္ရွိ မာန္ဂင့္လမ္း၊ ကမ္းေဟာက္လမ္း၊ ေဒၚမန္ငိုက္ဇင့္ ေနအိမ္၊ ဦးဆံုဒိုခမ္ ေနအိမ္တြင္ ေနထိုင္သူမ်ားအေနျဖင့္ ျပင္ပသို႔ သြားလာျခင္း မျပဳရန္ႏွင့္ ျပင္ပမွ လူမ်ားသည္လည္း အဆိုပါေနရာမ်ားသို႔ ဝင္ေရာက္ျခင္းမျပဳရန္ တီးတိန္၊ ျပည္သူ႕က်န္းမာေရး ဦးစီးဌာနက ဧၿပီလ ၁၉ ရက္က ထုတ္ျပန္ထားသည္။

တီးတိန္ ေဒသခံမ်ား အေနျဖင့္လည္း အသက္ႀကီးသည့္ လူနာမ်ားေနၿပီး ယခုအတိုင္း ဆက္လက္တိုးေနမည္ ဆိုပါက အစိုးရ အေနျဖင့္ မည္သို႔ စီစဉ္ေဆာင္ရြက္မည္နည္းဟု ေမးခြန္းထုတ္ကာ စိုးရိမ္မႈရွိေနေၾကာင္း တီးတိန္ ေဒသခံ ဆလိုင္းအားပီ က ေျပာသည္။ အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး ဝန္ႀကီး ဦးစိုးထက္က “ေဒသခံေတြကေတာ့ ေတာင္ယာလုပ္ဖို႔ ေနာက္က်တယ္တို႔၊ ေရတို႔၊ မီး တို႔ ျပႆနာေတြရွိတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ အဲဒီျပႆနာေတြ ထက္စာရင္ ေရာဂါကပိုၿပီး အေရးႀကီးတယ္ လို႔ သူတို႔ကို ရွင္းျပထားတာရွိတယ္။ ေရာဂါကူးစက္မႈ မျဖစ္ေအာင္ ဒါေလးေတာ့ လိုက္နာေပး ရမယ္လို႔ က်န္းမာေရး ဝန္ထမ္း ေတြကို ရွင္းျပခိုင္းတာေတာ့ သိပ္ၿပီးျပႆနာမရွိပါဘူး”ဟု ေျပာဆိုသည္။ https://burma.irrawaddy.com/news/2020/04 /23/221122.html

***************

၂၆။     ပလက္ဝၿမိဳ႕ခံမ်ားႏွင့္ စစ္ေဘးေရွာင္မ်ားအတြက္ ရိကၡာဆန္ အေရးတႀကီး လိုအပ္ေနဆဲ

April 23, 2020

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တိုက္ပြဲေၾကာင့္ ဆက္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္ကာ စားနပ္ရိကၡာ ျပတ္လပ္မႈဒဏ္ ႀကံဳေတြ႕ေနရသည့္ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္သို႔ ဆန္အိတ္ (၈၀ဝ) ေက်ာ္ ပို႔ေဆာင္ႏိုင္ခဲ့ေသာ္လည္း ေရရွည္စားေသာက္ရန္ လံုေလာက္မႈ မရွိေၾကာင္း ခ်င္း စစ္ေဘးေရွာင္ ကူညီေထာက္ပံ့ေရးအဖြဲ႔ထံမွ သိရသည္။ အစိုးရအဖြဲ႕၊ အလွဴရွင္မ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ား လႉဒါန္းေသာ ဆန္အိတ္ ၈၃၀ ကို ဆမီးၿမိဳ႕မွတဆင့္ ပလက္ဝၿမိဳ႕သုိ႔ ဧၿပီ ၁၉ ရက္ တြင္ ျပည္နယ္အစိုးရ အစီအစဥ္ျဖင့္  အေရာက္ပို႔ေဆာင္ႏိုင္ခဲ့သည္။ သို႔ေသာ္လည္း ယင္းပမာဏသည္ စစ္ေဘးေရွာင္ျပည္သူ ၄၀ဝ၀ နီးပါးႏွင့္ ပလက္ဝၿမိဳ႕ခံျပည္သူ ၇၀ဝ၀ ေက်ာ္၊ ေပါင္း ၁၁၀ဝ၀ ေက်ာ္အတြက္ ရက္အနည္းငယ္သာ လံုေလာက္မည္ဟု ခ်င္းစစ္ေဘးေရွာင္ကူညီေထာက္ပံ့ေရးအဖြဲ႕ Relief and Rehabilitation Committee for Chin IDPs(RRCCI) က ဧၿပီလ ၂၁ ရက္တြင္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

RRCCI မွ ဆလိုင္းဂြ်န္ပိုင္နန္းက “အဲဒီဟာက တစ္လေတာင္မွ ေကာင္းေကာင္း စားရမွာ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ အခုက အဲဒီေဒသ လူေတြနဲ႔ အဲဒီ IDPs အကုန္လံုးက အေျခအေန အရမ္းဆိုးေနတယ္၊ IDPs ပဲ ငတ္ေနတာ မဟုတ္ဘူး။ ေဒသမွာ လံုးဝ စားစရာ မရွိဘူး ဆိုေတာ့၊ မိသားစုက အေရအတြက္လည္း မတူၾကေတာ့ ဒီေလာက္ ဒီေလာက္ရတယ္ ဆိုတာ ကလည္း ညီမွ်မွာ မဟုတ္ဘူး။ တခ်ိဳ႕မွာက အေရအတြက္အလိုက္ မိသားစုမ်ားရင္ မ်ားသလို ေပးရတယ္”ဟု ေျပာသည္။ လက္ရွိ ပလက္ဝၿမိဳ႕ေပၚေရာက္ စစ္ေဘးေရွာင္ျပည္သူ (၄၀ဝ၀) နီးပါးကို ဘုရားေက်ာင္း၊ အစိုးရအေဆာက္အဦမ်ားတြင္ အဆင္ေျပသလို ေနရာခ်ေပးထားသည္ဟု သိရသည္။ မတူပီ-ဆမီး-ပလက္ဝလမ္းေၾကာင္းမွတဆင့္ ပလက္ဝၿမိဳ႕သို႔ ရိကၡာဆန္ မ်ား သယ္ယူပို႔ေဆာင္ရန္ စီစဥ္ခဲ့ေသာ္လည္း နယ္ေျမလံုၿခံဳေရးအေျခအေနအရ မည္သည့္ကားသမားမွ် ပလက္ဝၿမိဳ႕သို႔ မသြားဝံ့ၾကေၾကာင္း သိရသည္။

ပလက္ဝၿမိဳ႕နယ္မွာ စစ္ေရးပဋိပကၡေၾကာင့္ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားသလို ဆက္သြယ္ေရးအင္တာနက္လိုင္းလည္း ပိတ္ပင္ခံထားရဆဲျဖစ္သည္။ https://www.bnionline.net/mm/news-72371

*****************

၂၇။     ေတာင္ႀကီးၿမိဳ႕နယ္ ညအမိန္႔မထြက္ရ မလိုက္နာသူ ၈ ဦး ေထာင္ဒဏ္ ၃ လခ်

April 23, 2020

သွ်မ္းျပည္နယ္တြင္ ည မထြက္ရ အမိန္႔ကို ထုတ္ျပန္ၿပီးေနာက္ စည္းကမ္းမလိုက္နာသည့္ သူ ၈ ဦးကို ဥပေဒ အရ ေထာင္ဒဏ္ ၃ လ အမိန္႔ခ်မွတ္ လိုက္ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါ သူမ်ားမွာ ဧၿပီ ၂၁ရက္ တြင္ သက္ဆိုင္ရာက ညကင္းလွည့္ေနခ်ိန္ စည္းကမ္းမလိုက္နာသည့္ ေအးသာယာၿမိဳ႕မွ ၅ ဦး ႏွင့္ ေတာင္ႀကီးၿမိဳ႕ရွိ အိမ္ေတာ္ေရွ႕ ထင္းရႈးေတာမွ ၃ ဦး ေတြ႔ရွိခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးမင္းထိုက္ က သွ်မ္းသံေတာ္ဆင့္ ကိုေျပာသည္။ “ေအးသာယာက မေန႔တစ္ခါတည္း အၿပီးပ်က္ တရားရံုးကေနၿပီးေတာ့ ေထာင္ဒဏ္ ၃ လ အမိန္႔ခ်မွတ္ ၿပီးျဖစ္ပါတယ္။ အိမ္ေတာ္ေရွ႕မွာ တစ္ေယာက္ကေတာ့ အသက္မျပည့္တာ ပါေနတဲ့အတြက္ သူ႔အသက္ကို စိစစ္ေနတယ္” ဟု ဦးၿဖိဳးမင္းထိုက္ က ဆိုသည္။ COVID-19 ကာကြယ္ထိန္းခ်ဳပ္သည့္ ကာလအတြင္း သွ်မ္းျပည္ၿမိဳ႕နယ္ အတြင္း ည ၁၀ နာရီ မွ မနက္ ၄ နာရီ အတြင္း အျပင္မထြက္ရ အမိန္႔ကို ဧၿပီ ၂၀ ရက္တြင္ ေၾကညာခ်က္ထုတ္ခဲ့သည္။

ထိုေၾကညာခ်က္ ေနာက္ပိုင္း ဧၿပီ ၂၁ ရက္ေန႔တြင္ ထိုသူမ်ားသည္ စုေပါင္းကာ မူးယစ္ေသာက္စားမႈျပဳလုပ္သျဖင့္ ပုဒ္မ ၁၈၈ ျဖင့္ ေထာင္ဒဏ္ ၃ လ အမိန္႔ခ်ခံရျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုထဲတြင္ ေအးသာယာမွ အမ်ိဳးသမီး ၂ ဦးႏွင့္ အမ်ိဳးသား ၃ ဦး ျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕ အိမ္ေတာ္ေရွ႕ထင္းရွဴးေတာတြင္ အမ်ိဳးသား ၂ ဦး ႏွင့္ အမ်ိဳးသမီး ၁ ဦး တို႔ ပါဝင္ေၾကာင္း သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက တရားလိုျပဳလုပ္ကာ တိုင္ၾကားထားျခင္းျဖစ္သည္။ “အမႈကို တရားစြဲ တိုင္ၾကားသူက က်ေနာ္ပါ။ တရားစြဲ ပုဒ္မကေတာ့ ညမထြက္ရ အမိန္႔ကို ဖီဆန္တာျဖစ္တဲ့အတြက္ လိုက္နာျခင္းမရွိတဲ့အတြက္ အိမ္ကမထြက္ရအမိန္႔ကို ေဖာက္ ဖ်က္တဲ့ ဥပေဒနဲ႔ ၿငိစြန္းတာျဖစ္တယ္။”ဟု ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးၿဖိဳးမင္းထိုက္ ကေျပာသည္။

COVID-19 ကာကြယ္ထိန္းခ်ဳပ္မႈ ကာလအတြင္း ညမထြက္ရ အမိန္႔သည္ COVID-19 လူနာ အေျခအေနေပၚၾကည့္ကာ တိုး၊ ေလ်ာ့ ရွိလာႏိုင္ေၾကာင္းလည္း သွ်မ္းျပည္ အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ကီး ဦးစိုးညႊန္႔လြင္က သွ်မ္းသံေတာ္ဆင့္ကို ေျပာၾကားခဲ့သည္။ https://burmese.shannews.org/archives/16262

**************

၂၈။     မြန္ျပည္နယ္ရွိ CBFQ  စခန္းတစ္ခု၌ စည္းကမ္းေဖာက္ဖ်က္သူ ေထာင္ဒဏ္ သံုးလ ခ်မွတ္ခံရ

April 23, 2020

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေကာ့ဒြတ္ေက်းရြာ အထက္တန္းေက်ာင္းတြင္ ဖြင့္လွစ္ထားသည့္ Community Base Facilities Quarantine-CBFQ စခန္း၌ စည္းကမ္းေဖာက္ဖ်က္ခဲ့သူတစ္ဦးကို ေရးၿမိဳ႕နယ္ တရားရံုးက ေထာင္ဒဏ္ (၃) လ ခ်မွတ္ခဲ့ ေၾကာင္း သတင္းရရွိသည္။ ထိုင္းႏိုင္ငံမွ ျပန္လာသည့္  ၃၂ ႏွစ္အရြယ္ မ်ိဳးႏိုင္ဦး(ေခၚ) မ်ိဳးလိႈင္ဦးဆိုသူမွာ ေက်းရြာ CBFQ စခန္း၌ ေနထိုင္စဉ္ ဧၿပီ ၁၈ ရက္တြင္ ေက်ာင္းပိုင္ပစၥည္းမ်ားဖ်က္ဆီးျခင္း၊ ခ်မွတ္ထားေသာစည္းကမ္းခ်က္မ်ားကို မလိုက္နာ ျခင္းတို႔ေၾကာင့္ အေရးယူခံရျခင္း ျဖစ္သည္ဟု ေကာ့ဒြတ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏိုင္ေမာင္က ေျပာသည္။

“စခန္းမွာ ခ်မွတ္ထားတဲ့ စည္းကမ္းအတိုင္းလည္း သူက မေနဘူး။ ထြက္ေျပးတယ္။ အိမ္ျပန္သြားတယ္။ ျပန္ေခၚလာတာ ၂ ေခါက္ေလာက္ရွိတယ္။ ေနာက္ပိုင္း ေက်ာင္းက ခံုေတြကို ရိုက္ခ်ိဳးတယ္။ ေရသန္႔ဘူးေတြကို ဖ်က္ဆီးတယ္။ သူက တရားလြန္ တာပါ။ သက္ဆိုင္ရာ က်န္းမာေရးတာဝန္ခံေတြ၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနေရာ၊ ရဲစခန္းပါ အေၾကာင္းၾကားလိုက္တယ္။ ဥပေဒကို ခ်ိဳးေဖာက္လို႔ ဆိုၿပီး ေထာင္ (၃)လ ခ်ခံလိုက္ရတယ္”ဟု ေကာ့ဒြတ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႏိုင္ေမာင္က ဆိုသည္။ Covid-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ကုသေရးဆိုင္ရာအမိန္႔ႏွင့္ ညႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ ပ်က္ကြက္ျခင္းေၾကာင့္ ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရးဥပေဒအရ ယင္းကို ေထာင္ဒဏ္ (၃) လ က်ခံေစရန္ ေရးၿမိဳ႕နယ္တရားရံုးက ဧၿပီ ၂၁ ရက္ တြင္ အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

ေကာ့ဒြတ္ေက်းရြာ CBFQ တြင္ ဝင္ေရာက္ေနထိုင္ခဲ့သူ အမ်ိဳးသား (၈) ဦးႏွင့္ အမ်ိဳးသမီး (၈) ဦး ေပါင္း (၁၆) ဦး မွာ ယခုအခါ သတ္မွတ္ရက္ျပည့္သျဖင့္ ေနအိမ္အသီးသီးျပန္သြားၾကၿပီျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။ https://www.bnionli ne.net/mm/news-72376

 

မွတ္ခ်က္။        သက္ဆိုင္ရာ သတင္းမီဒီယာအသီးသီးမွ ေကာက္ႏုတ္ေဖာ္ျပျခင္း ျဖစ္ပါသည္။

 

*** ၿပီး ***

 

unicode

နေ့စဉ်သတင်းများ စုဆောင်းတင်ပြခြင်း

(No. 20, April 24, 2020)

၁။        RCSS/SSA ၏ ကိုဗစ် ထောက်ပံ့ပစ္စည်းများ လက်ခံပါက အရေးယူမည်ဟု တပ် ခြိမ်းခြောက်

၂။         ကသည်းလက်နက်ကိုင်အဖွဲ့ဝင် အကျဉ်းသား ၁ ဦး ခနီး္တဆေးရုံတွင် သေဆုံး

၃။        သျှမ်းပြည် ဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီး ၄ ဦး self quarantine လုပ်နေရ

၄။        ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦး သေဆုံး

၅။        တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဟု လဝက ဝန်ကြီးပြော

၆။        တီးတိန်မြို့ကို Lock Down ချရန် ချင်းပြည်နယ်အစိုးရ ဆုံးဖြတ်

၇။        ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ

၈။        ရခိုင်မှာ WHO ဝန်ထမ်း အသတ်ခံရတဲ့ကိစ္စ စုံစမ်း အရေးယူပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

၉။        ၂၁ ရာစု ပင်လုံညီလာခံ ကိုရိုနာ အန္တရာယ်ကြောင့် အချိန်ရွှေ့ဆိုင်း

၁၀။      ကိုးကန့် ချင်းရွှေဟော်ဂိတ်တွင် ပြည်တော်ပြန်ထပ်ဝင် စားသောက်ရေး ခက်ခဲနေ

၁၁။      နေရပ်ပြန်လာမည့်သူများအား စိုးရိမ်မှုမလွန်ကဲဘဲနွေးထွေးမှုဖြင့်ဝိုင်းဝန်းကူညီဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

၁၂။      မူဆယ်မြို့တွင် မိုးသက်လေပြင်းကျ၍ နေအိမ်များ ပျက်စီးပြီး ဝါဂွမ်းဂိုထောင် မီးလောင်မှုဖြစ်ပွား

၁၃။      မြဝတီတွင် ညမထွက်ရအမိန့် ချိုးဖောက်သူများအား ဒဏ်ငွေ (၅)သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁)လ ချမှတ်

၁၄။      မင်းပြားမြို့နယ်တွင် CPS  ပိုးသတ်ဆေးကုမ္ပဏီပိုင်ကား ပစ်ခတ်ခံရပြီး  ၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ

၁၅။      ကချင်ပြည်နယ်ရှိ Covid-19 ကာကွယ်ရေး volunteer အဖွဲ့များတွင် PPE ဝတ်စုံများလိုအပ်

၁၆။      တရက်ကို လူပေါင်း ၁၃၀ဝ  ကျော် COVID-19  စစ်ဆေးနိုင်မည့်စက် မြဝတီ ရောက်ရှိ

၁၇။      ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ကာ AA က တရုတ်လက်နက်များတင်သွင်း

၁၈။      WHO ဝန်ထမ်းသေဆုံးမှုကို အမေရိကန်က ပြစ်တင်ရှုတ်ချ

၁၉။      ကချင်ပြည်နယ်က တရုတ်ငှက်ပျောခင်း

၂၀။      မင်းပြားမှာ AA နဲ့ပတ်သက်သူကို အသေဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန်ချက် မိသားစုငြင်းဆို

၂၁။      Face Shield မျက်နှာကာများကို ဗန်းမော်လူငယ်များကိုယ်တိုင်ပြုလုပ်

၂၂။       တောင်ကြီး ကိုဗစ် လူနာ ၁၂၁ နှင့်ထိတွေ့သူ ၁၂  ဦးရှိ

၂၃။      လိင်ဖျော်ဖြေရေး လုပ်နေသည်ဟု ကျော်ဇောသည့်အိမ်ကို ဝင်ရောက်ရှာဖွေ Live  လွင့်သူ ၆ ဦးကို ရုံး ထုတ်

၂၄။      နမ္မတူတွင် ပြည်တော်ပြန် တချို့ Quarantine ခံယူမှုမရှိ

၂၅။      တီးတိန် နံပါတ် ၁ လူနာ ၅ ကြိမ်မြောက် စစ်ဆေးမှု Positive သာ ဖြစ်နေ

၂၆။      ပလက်ဝမြို့ခံများနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် အရေးတကြီး လိုအပ်နေဆဲ

၂၇။      တောင်ကြီးမြို့နယ် ညအမိန့်မထွက်ရ မလိုက်နာသူ ၈ ဦး ထောင်ဒဏ် ၃ လချ

၂၈။      မွန်ပြည်နယ်ရှိ CBFQ  စခန်းတစ်ခု၌ စည်းကမ်းဖောက်ဖျက်သူ ထောင်ဒဏ် သုံးလ ချမှတ်ခံရ

***************

 

၁။        RCSS/SSA ၏ ကိုဗစ် ထောက်ပံ့ပစ္စည်းများ လက်ခံပါက အရေးယူမည်ဟု တပ် ခြိမ်းခြောက်

April 21, 2020

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ထောက်ပံ့သည့် COVID-19 ကာကွယ်ရေး ပစ္စည်းများလက်ခံရယူပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ဒေသခံများအား တပ်မတော်က ခြိမ်းခြောက်သည်ဟု သတင်းရရှိ သည်။ သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၄ မြို့နယ်အတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများကို RCSS/SSA အဖွဲ့က ဧပြီ ပထမပတ်က စတင်ကာ ကူညီထောက်ပံ့မှုများပေးခဲ့သည်။

COVID-19 ကာကွယ်ရန်အတွက် (RCSS/SSA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်ပြီး မိုင်းပန်မြို့နယ်အတွင်း သွားရောက်လှူဒါန် ပေးအပ်စဉ် နောင်လေရွာနှင့် မိုက်ပုတ်ရွာရှိရွာသားများအား ထောက်ပံ့ပစ္စည်း လက်မခံရန် အစိုးရတပ်မတော်က တားမြစ်ခြင်းခံရကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။ “RCSS ကျန်းမာရေးအဖွဲ့ကနေ လာပြီး ပညာပေးတာ ကာကွယ်ရေးပစ္စည်းလာပေးတာ လက်မခံရဘူး။ လက်ခံ မယ်ဆိုရင် ခင်ဗျားတို့ကို အရေးယူမယ်။ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။ “အစိုးရ တပ်မတော် ဒီလိုတားမြစ်တာက ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ယုံကြည်မှုထိခိုက်နိုင်တယ်”ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။

မိုင်းပန်မြို့ ရောက်မိုက်ပုတ်ရွာသား လုံးစိုင်းက – “ ကျနော်တို့ကို ကျန်းမာရေးလာစစ်ပေးတယ်။ ကူညီထောက်ပံ့မှုပေးတယ်။ ကောင်းတဲ့လုပ်ရပ်ဘဲလေ ကျနော်တို့ယူရမှာပေါ့။ ဒီဘက်ကလည်း ကျနော်တို့ကို ပစ္စည်းတွေယူရင် ဖမ်းမယ်တဲ့ ။ ကျနော်တို့က ရွာသားတွေလေ။ လက်နက်ကိုင်သူမှန်သမျှကိုကြောက်ရတာပေါ့။”ဟု သျှမ်းသံတော်ဆင့်အားပြောသည်။ ၎င်းနှင့်ပတ်သက်ပြီး မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က – “တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ မိုင်းပန်မြို့ တောင်ဘက် မိုင် ၂၀ ကျော် အကွာ ကရှိတဲ့ ကျေးရွာတွေမှာ မြို့နယ်ကျန်းမာရေးအဖွဲ့တွေ ရောက်ဖို့ခက်ခဲတဲ့နေရာဖြစ်တယ်။ အခုလို တိုက်ပွဲတွေ ထပ်ဖြစ် တော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်ဖို့ပိုလို့တောင်ခက်ခဲသွားစေပါတယ်။ အဲလိုဆိုရင်တော့ လူထုဘဲနစ်နာမှာပေါ့နော် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။ https://burmese.shannews.org/archives/16210

***************

၂။         ကသည်းလက်နက်ကိုင်အဖွဲ့ဝင် အကျဉ်းသား ၁ ဦး ခနီး္တဆေးရုံတွင် သေဆုံး

April 22, 2020

စစ်ကိုင်းတိုင်းဒေသကြီး ခနီး္တမြို့ ပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဝင်  အကျဉ်းသားတဦး  ဧပြီလ ၂၀ ရက်က သေဆုံးသွားပါတယ်။ ခနီး္တအကျဉ်းထောင်မှာ ထောင်ကျနေတဲ့ အကျဉ်းသားဟာ မျက်စိ အတွင်းက သွေးယိုတာ၊ သွားဖုံးအတွင်းက သွေးယိုတာတွေကြောင့် ၁ ရက်ကြာ ဆေးရုံတက် ဆေးကုသမှုခံယူရင်း သေဆုံး သွားတာလို့ ခနီး္တမြို့မရဲစခန်းက  စခန်းမှူး ဒုရဲမှူး အောင်ကျော်သာက ပြောပါတယ်။

“သေဆုံးသွားတဲ့ ဖြစ်စဉ်ကတော့ မှန်ပါတယ်။ လောလောဆယ် သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေပါတယ်။ ဆေးစာအဖြေရမှပဲ ဘာကြောင့် သေရတယ်ဆိုတာ တိတိကျကျသိရမှာပါ။” သေဆုံးသူဟာ ဘာရောဂါနဲ့ သေဆုံးတယ်ဆိုတာ တိတိကျကျ မသိရ သေးဘဲ အသည်းမကောင်းတာ၊ အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူက မတရားအသင်းပုဒ်မ ၁၇/၁ နဲ့ ထောင်ဒဏ် ၂ နှစ်ကျခံနေရတဲ့ ပြည်ထောင်စုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (UNLF) ကသည်းလက်နက်ကိုင်အဖွဲ့က တပ်သားအဆင့်ရှိတဲ့ အသက် ၂၄ နှစ်အရွယ် အငန်ဘ ဆိုသူ ဖြစ်ပါတယ်။  ကသည်း လက်နက်ကိုင် အဖွဲ့ဝင် ၂၄ ဦးနဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကက်ပလန် (NSCN-K) ထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ၂၀၁၉ ခုနှစ်က ဖမ်းဆီးပြီး ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဆန်း ၁ ရက်နေ့ နိုင်ငံတော်သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာတော့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ဟောင်းတွေကို ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကသည်းလက်နက်ကိုင်အဖွဲ့ဝင်တွေကတော့ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း အကျဉ်းကျခံနေရတဲ့ ကသည်းလက်နက်ကိုင်  ၂၄ ယောက်ထဲက တယောက် သေဆုံးခဲ့ပြီး အခုသေဆုံးတာက ဒုတိယမြောက် ဖြစ်ပါတယ်။ http:// burmese.dvb.no/archives/383780

***************

၃။        သျှမ်းပြည် ဝန်ကြီးချုပ်နှင့် အတူ ဝန်ကြီး ၄ ဦး self quarantine လုပ်နေရ

April 21, 2020

သျှမ်းပြည် အရှေ့ပိုင်း ခရီးစဉ်တွင် သျှမ်းပြည် ဝန်ကြီးချုပ်နှင့် အတူ လိုက်ပါသည့် သျှမ်းဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ နှင့် သျှမ်းပြည် ရဲမှူးချုပ်တို့သည် self quarantine လုပ်ထားရကြောင်း သျှမ်းပြည်အစိုးရထံမှ စုံစမ်းသိရသည်။

သျှမ်းပြည် ဝန်ကြီးချုပ်သည် ဧပြီလ ၁၇ ရက်ကစပြီး သင်္ကြန် ကာလအတွင်း သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည် အရှေ့ပိုင်းသို့ သွားရောက်ကာ အစိုးရမှ ထောက်ပံ့ပေးသည့် အခြေခံလူတန်းစား ပစ္စည်းများ လိုက်လံပေးဝေခြင်းနှင့် ဆေးရုံ အခြေအနေ များကို သွားရောက်ကြည့်ရှုခဲ့သည်။ ထို့ကြောင့် ကျိုင်းတုံ ခရီးစဉ်တွင် လိုက်ပါသည့် လွှတ်တော်ဥက္ကဌ ယာဉ်မောင်း နှင့် သျှမ်းပြည် ရဲမှူးချုပ်၏ ကိုယ်ရေးအရာရှိ (PSO) တို့သည် ကိုယ်အပူချိန်မြင့်မားလာကာ ထိုသူ ၂ ဦးကို ကျိုင်းတုံ ပြည်သူ့ဆေးရုံ တွင်ထားရှိခဲ့ရသည်။

“ သူတို့ ၂ ဦးရဲ့ ဓာတ်ခွဲ နမူနာကို ယနေ့က (ဧပြီ ၂၁) ရက်က ရန်ကုန်ကို ပို့လိုက်ပါပြီ။ သူတို့ ၂ ယောက် က ကိုဗစ်-၁၉ လူနာ အဖြစ် အတည်ပြုရင်တော့ ခရီးစဉ်မှာပါတဲ့သူအားလုံးကို ထပ်ပြီး စစ်ရမယ်” ဟု သျှမ်းပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က သျှမ်းသံတော်ဆင့် ကို အတည်ပြုပြောခဲ့သည်။ ထို့နောက် သျှမ်းပြည် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် အတူ ဝန်ကြီး ၄ ဦး နှင့် သျှမ်းပြည် လွှတ်တော် ဥက္ကဌ တို့ သျှမ်းပြည်တောင်ပိုင်းသို့ ယမန်နေ့ည ပြန်ရောက်ကာ မိမိနေအိမ်တွင် self quarantine နေထိုင်ကြကြောင်း သျှမ်းပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးစိုးစိုးဇော် က ပြောသည်။

အရှေ့ပိုင်း ခရီးစဉ်လိုက်ပါသည့် ဝန်ကြီးများမှာ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွမ်ဆိုင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင် နှင့် သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ လုံးစိုင်းလုံးဆိုင် သျှမ်းပြည် ရဲမှူးချုပ်တို့ ဖြစ် ကြောင်း သိရသည်။ သျှမ်းပြည် အရှေ့ပိုင်းခရီးစဉ်တွင် ကျိုင်းတုံ ၊ တာချီလိတ် ၊ မိုင်းယောင်းသို့ ရောက်ရှိခဲ့ပြီး ဧပြီ ၂၀ ရက်နေ့ က အစိုးရဧည့်ရိပ်သာ သို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ https://burmese.shannews.org/arc hives/16213

****************

၄။        ပလက်ဝ မြန်မာ့စီးပွားရေးဘဏ်ထဲ လက်နက်ကြီးကျ ၃ ဦး သေဆုံး

April 23, 2020

ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ဝင်းထဲသို့ ယနေ့ ညနေ ၅ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အတွက် ဘဏ်ဝန်ထမ်း ၁ ဦး အပါအဝင် ကလေး၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။ သေဆုံးသွားသူများမှာ ဘဏ်ဝန်ထမ်း စာရေးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်းနှင့်အတူ သူမ၏ ၄ နှစ်အရွယ် သမီး ၁ ဦးနှင့် ဘဏ်ဝန်ထမ်း ဦးသိန်းနိုင်၏ သားဖြစ်သူ ၁၀ နှစ်အရွယ် မောင်ကျော်နိုင်ဝင်းတို့ ဖြစ်ကြောင်း ပလက်ဝမြို့ခံများက ပြောသည်။ ပလက်ဝမြို့ခံ တဦး က “ဒီနေ့ ညနေ ၅ နာရီလောက်မှာ မြို့လယ်တည့်တည့်ဘဏ်ထဲက ဝန်ထမ်း အိမ်ရာကို လာကျတာ။ အလောင်းတွေက ကြည့်လို့တောင် မရတော့ဘူး။ တစစီ ဖြစ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြို့ခံများကတော့ ပလက်ဝမြို့ တဖက်ကမ်း တောင်ကြောများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) အဖွဲ့တို့ ယနေ့ တနေ့ လုံး တိုက်ပွဲဖြစ်ပွားနေရာမှနေ ထိုသို့ မြို့ပေါ်သို့ လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်းပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး ဦးစိုးထက်ကတော့ ပလက်ဝမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်ဝင်းထဲသို့ လက် နက် ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဝန်ထမ်း အမျိုးသမီး ၁ ဦး အပါအဝင် ကလေး၂ ဦး သေဆုံးသည်မှာ မှန်ကန်ကြောင်း အ တည်ပြုသည်။ ဝန်ကြီး ဦးစိုးထက်က “ဘဏ် နောက်ကျောဘက်ကို လက်နက်ကြီးကျလို့ အားလုံး ၃ ဦး သေတယ်ဗျ။ တိုက်ပွဲ က မြို့အနောက်ဘက်ခြမ်းနဲ့ အရှေ့ဘက်ခြမ်း အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ယနေ့ မနက် ၉ နာရီ ဝန်းကျင်ကလည်း ပလက်ဝမြို့ တဖက်ကမ်း မီးလက်ဝ ကျေးရွာနှင့် ရုပ်ဝကျေးရွာကြားတွင် တည်ရှိသည့် စိုက်ခင်းထဲသို့ လက်နက်ကြီး ကျည်ဆန် ကျရောက် ပေါက်ကွဲမှုကြောင့် စိုက်ခင်းထဲ ဟင်းခူးနေသူ ၄၈ နှစ်အ ရွယ် ဒေါ်သန်းသန်းဝင်းမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်းလည်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။ အဆိုပါ မီးဝဗျူဟာကုန်း တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်မှ စတင်ပြီး ကျောက်တော်-ပလက်ဝလိုင်း စက်လှေများမှာ ယနေ့ အထိ ရပ်တန့် သွားခဲ့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းက ဒေသခံပြည်သူများမှာ စားနိရိက္ခာ အခက်ကြုံတွေ့နေရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ချင်းတိုင်းရင်းသားများ အပါအဝင် ရခိုင်တိုင်းရင်းသားများလည်း နေထိုင်ကြပြီး မြို့နယ်တခုလုံး၏ လူဦးရေမှာ ၁ သိန်းကျော် ရှိကြောင်းလည်း ချင်းပြည်နယ် အစိုးရအဖွဲ့၏ စာရင်းများအရ သိရသည်။ https://burma.irrawad dy.com/news/2020/04/22/221115.html

***************

၅။        တရုတ်နိုင်ငံမှ ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဟု လဝက ဝန်ကြီးပြော

April 21, 2020

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကချင်ပြည် နယ် လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။ လူမူကွန်ယက်စာမျက်တွင် ပျံနှံ့နေသော တရုတ်နိုင်ငံမှဝင်ရောက်လာမည့် ပြည်တော်ပြန် ၁၈၀ဝ၀ သာ လက်ခံမည်ဆိုသည့်သတင်းသည် မမှန်ကြောင်း ပြောသည်။

“အားလုံးက ကိုယ့်နိုင်ငံသားတွေမို့ လက်ခံရမှာဘဲ။ တစ်ချို့ကထင်တာတော့ လူဦးရေ ၁ သောင်းကျော် ၂ သောင်း တရုတ်ပြည် က မောင်းထုတ်တယ်ဆိုတာတော့ ကျနော်တို့လေ့လာသလောက်တော့ ဟိုဘက်စီချွှမ်းမှာ အလုပ်လုပ်နေတဲ့ ကြံ လုပ်သားတွေ ရှိတယ်။ ဆေးလိပ်ကုမ္မဏီမှာလုပ်တဲ့သူတွေလည်းရှိတယ်။ သူတို့ကဟိုဘက်မှာ ရာသီကုန်လို့ ပြန်လာတာဖြစ်တယ်။ ဟိုဘက်နဲ့ ဒီဘက်က ဒီCovid-19 ထိန်းချုပ်ရေးကော်မတီတွေကမေးတဲ့ခါမှာ အကယ် ဒီကလူတွေပြန်သွားပြီးမြန်မာပြည်ဘက်က ဒေတာ တွေရမ်းကြီးခုန်တက်သွားတာမျိုးဖြစ်ရင် မပြန်ချင်တဲ့သူကို သူတို့ဘက်ကအလုပ်ရှာပေးဖို့ပြောတာတွေရှိ်ပါတယ်။ ဒါပေမယ့် ရာသီကုန်တဲ့ချိန်လည်းဖြစ်နေတော့ အိမ်ပြန်ကြတဲ့သဘောပါ။ လူဦးရေက ၁ သောင်းဖြစ်မလား ၂ သောင်းဖြစ်မလား စာရင်း ပိတ်တဲ့ချိန်မှ တိတိကျကျ သိရမှာဖြစ်ပါတယ်။”ဟု လူဝင်မူကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်း ပြောသည်။

“Covid-19 ပတ်သက်ပြီး အရင်ကတော့ Quarantine ၁၄ ရက်ဖြစ်တယ်။ ဒါပေမယ့်ခုက ၂၁ ရက်ဖြစ်သွားပြီ။ ခု ပြန်ရောက်တဲ့သူအားလုံး အစိုးရ သတ်မှတ်ထားတဲ့နေရာမှာ Q က ၂၁ ရက် နေရမှာဖြစ်ပြီးတော့ မိမိအိမ်ပြန်ရောက်တဲ့ ချိန်လည်း Home Q တစ်ပတ်ထပ်နေရပါမယ်။ အဲတော့ Q ရက်က စုစုပေါင်း ၂၈ ရက်ရှိမှာဖြစ်တယ်။ ကချင်ပြည်နယ် အတွင်း မှာရှိတဲ့ မြို့နယ်များမှပြည်တော်ပြန်များကိုတော့ သူ့မြို့နယ်နဲ့သူသက်ဆိုင်ရာ မြို့နယ်အသီးသီးကနေ ကားတွေနဲ့ပို့ဆောင် ပေးပြီဖြစ်တယ် ပြီးတော့ သတ်မှတ်ထားတဲ့ Q Center များမှာ စောင့်ကြည့်စစ်ဆေးခံယူရမှာဖြစ်တယ်။” ဟု လူဝင်မူကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းဆိုသည်။ ဧပြီလ ၁၆ ရက်နေ့မှ ဧပြီ ၂၀ ရက်နေ့ထိ လွယ်ဂျယ်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့်သူစုစုပေါင်း ၁၂၄၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။https://burmese.kachinnews.com/2020/04/21/%e1%80%90%e1%80%9b %e1%80%af%e1%80%

****************

၆။        တီးတိန်မြို့ကို Lock Down ချရန် ချင်းပြည်နယ်အစိုးရ ဆုံးဖြတ်

April 21, 2020

COVID-19 ရောဂါ ပိုးတွေ့လူနာ ၄ ဦးရှိသည့် ချင်းပြည်နယ် တီးတိန်မြို့တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် Lock Down ချရန် ပြင်ဆင်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦး စိုးထက်ကပြောသည်။

“တီးတိန်၊ တွန်းဇံ၊ ကပ်တဲလ်၊ တွီးထန်ကို အလေးထားပြီး ဒီတိုင်းပဲ ဆက်ထားဖို့ ရှိသေးတယ်၊ ၁၄ ရက်ပြည့်တိုင်း လွှတ်ဖို့ တော့ မဟုတ်ဘူးပေါ့၊ Lock Down လုပ်ဖို့ကလည်း အခြားသွားရေးလာရေးအတွက် အခက်အခဲတော့ ရှိတာပေါ့၊ ဒါပေမဲ့ မဖြစ်မနေတော့ တီးတိန်ကိုတော့ Lock Down လုပ်ဖို့ ပြင်ဆင်နေတယ်။ အခြားလိုအပ်တဲ့ ရေတို့၊ မီးတို့ ပြည့်စုံအောင် ကျွန်တော်တို့ ပြင်ဆင်နေတယ်၊ အသွားအလာ အကုန်လုံးတော့ ပိတ်ရမယ် မထင်ဘူး၊ Lock Down ချမှသင့်မယ်ဆိုပြီးတော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တော့ ချထားတယ်” ဟု ပြောသည်။

တီးတိန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိလူနာ လက်ရှိ ၄ ဦးအပြင် စောင့်ကြည့်လူနာများ စစ်ဆေးချက်တွင် တွေ့ရှိ ထပ်မံတိုး လာပါက Lock Down ချသွားရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ တီးတိန်မြို့ Lock Down ချပါက အစိုးရအနေဖြင့် ရဲဝန်ထမ်းများ ထပ်မံဖြည့်ပေးဖို့နှင့် ပြည်သူများအနေဖြင့် အခြေခံလိုအပ်ချက်များ ပြင်ဆင်ဖို့ လိုအပ်ကြောင်း တီးတိန်မြို့ အခြေစိုက် Volunteer လူငယ်တစ်ဦးဖြစ်သူ ကိုမုန်နိုးက ပြောသည်။

ကို မုန်နိုးက “ကျွန်တော်တို့ တီးတိန်မြို့ကို Lock Down ချလိုက်ရင်တော့ အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေကို ပြင်ဆင်ဖို့ လိုတယ်၊ ပြီးတော့ ကျွန်တော်တို့မြို့မှာ ရဲအင်အားကလည်း ထပ်ဖြည့်ပေးဖို့ လိုတယ်၊ ပြီးတော့ ဆေးရုံမှာက မီးစက် ၂ လုံး ထားရှိပေမဲ့ ရေရှည်အတွက်ဆိုရင်တော့ မဖြစ်နိုင်လောက်ဘူး၊ အဲဒါတွေက အဓိက လိုအပ်တာ ဖြစ်တယ်” ဟု ပြောသည်။ https://www.bnionline.net/mm/news-72335

***************

၇။        ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ

April 21, 2020

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်း သျှမ်းနီ အမျိုးသားတပ်မတော် (SNA) နှင့် အစိုးရ တပ်မတော်တို့ စစ်ရေးတင်းမာမှုကြား ရှိနေသေးသဖြင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေရကြောင်းသတင်းရရှိသည်။ လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ဦးရေ မြင့်တက်လာပြီး အနယ်နယ် အရပ်ရပ်မှ ကိုဗစ်-၁၉ အတွက် စိုးရိမ် နေချိန် ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားများကို စိုးရိမ်နေရကြောင်း ဟုမ္မလင်းမြို့နယ်၊ ချောင်းကြီး ဒေသခံ ဆေစိုင်းလင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“အခုက ကိုဗစ်ကိုလည်း ကြောက်နေရ၊ တိုက်ပွဲဖြစ်မှာလည်း စိုးရိမ်နေရတယ်။ ကိုဗစ် ကာလမှာတော့ တိုက်ပွဲမဖြစ်စေချင် ဘူး”ဟု ဆေစိုင်းလင်း က ဆိုသည်။ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ချောင်းကြီး ဒေသတွင် တပ်မတော်နှင့် SNA တို့သည် ဧပြီ ၁၇ ရက်မှ ဧပြီ ၁၈ ရက်ထိ တိုက်ပွဲပြင်းထန်းခဲ့ပြီး လက်ရှိမှာ စစ်ရေး တင်းမာ နေကြောင်းလည်း SNA ပြောခွင့်ရ ဗိုလ်မှူးကြီး ဆေစိုင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ မြန်မာတဝှမ်းတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်သည့် ကာလဖြစ်သည့်အတွက် တိုက်ပွဲများ မဖြစ်ရန်နှင့် တပ်မတော် အနေဖြင့် သက်နိုင်သမျှ တိုက်ပွဲကို ရှောင်ရှားစေချင်ကြောင်းလည်း ဆေစိုင်းထွန်းက ပြောသည်။ “တပ်မတော်အနေနဲ့ ဝါဒဖြန့် နေတာ ရပ်စေချင်တယ်။ အခု ဟုမ္မလင်းမြို့နယ်မှာ SNA ရဲ့ မဟုတ်မှန်တဲ့သတင်းကို လိုက်ဖြန့်နေတယ်။ ဒါကို ရပ်ပေးဖို့ ပြော ချင်တယ်”ဟုလည်း ဆေစိုင်းထွန်းက ပြောသည်။ SNA တပ်သည် ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် သျှမ်းနီ လက်နက် ကိုင်အဖွဲ့ဖြစ်ပြီး ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း နှင့် အိန္ဒိယနယ်စပ်တလျောက် လှုပ်ရှားလျက်ရှိသည်။ https://burmese.shanne ws.org/archives/16216

****************

၈။        ရခိုင်မှာ WHO ဝန်ထမ်း အသတ်ခံရတဲ့ကိစ္စ စုံစမ်း အရေးယူပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

April 22, 2020

ရခိုင်ပြည်နယ်တွင်းက COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကား တနင်္လာနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရတာမှာ WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး အင်္ဂါနေ့ မနက်ခင်းမှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ။ ဒီလို တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနင်္လာနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင်က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည်နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်” လို့ သတင်းစာရှင်းလင်း ပွဲ မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဝန်ထမ်း တဦး အသက် ဆုံးရှုံးရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ရခိုင်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး လိုအပ်နေပြီ ဆိုတာကို ဒီအချက်က မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှု အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံး မှာ အင်္ဂါနေ့က ကုလသမဂ္ဂ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပါတယ်။ https://burmese.voanews.com/a/rakhine-who-staff-dead-un-guterrus-/538 4420.html

****************

၉။        ၂၁ ရာစု ပင်လုံညီလာခံ ကိုရိုနာ အန္တရာယ်ကြောင့် အချိန်ရွှေ့ဆိုင်း

April 22, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ ရာဂဏန်းရှိလာတာကြောင့်  မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အချိန်ရွှေ့ဆိုင်းလိုက်ရပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို   မေလဆန်းမှာ ပြန်လည်ကျင်းပနိုင်ဖို့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူညီထားပေမယ့် မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နေ့စဉ်တိုးလာတာကြောင့် အချိန်ရွှေ့ဆိုင်းထားတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

လက်ရှိအခြေအနေအရ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေ မပေးတာကြောင့် ကွန်ပြူတာ အင်တာနက်ကနေ ချိတ်ဆက်ဆွေးနွေး ပွဲတွေ လုပ်နေရတာမှာ ကျေကျေလည်လည် အပြန်အလှန်ပြောဆိုဖို့ ခက်ခဲတယ်လို့လည်း ဆိုပါတယ်။ ပင်လုံညီလာခံ ရွှေ့ဆိုင်းထားမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။ ငြိမ်းချမ်းရေး ကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမည်မဖော်လိုသူ တစ်ဦးက

တော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေအရ လာမယ့် မေလမှာ ပင်လုံညီလာခံကျင်းပနိုင်မှာ မဟုတ်ကြောင်းနဲ့ ပြန်လည်ကျင်းပနိုင်ရေး ဆက်လက်ဆွေးနွေးနေကြောင်း RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်ထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM က ထုတ်ထားတဲ့ သဘောတူချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ အပြောင်းအလဲမရှိဘဲ အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်ညီတညွတ်တည်း သဘောတူညီချက် ကို အကောင်အထည်ဖော်ဖို့ အဆင်သင့်ရှိတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့  ဒီနှစ်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံလုပ်ဖို့ ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။ “Covid-19 ရဲ့ ကာလအနားသတ်က ဘယ်တော့လဲဆိုတာ ကျွန်တော်တို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီငြိမ်းချမ်းရေးညီလာခံ ပြန်စဖို့ဆိုတာကတော့ နည်းနည်းခက်လိမ့်မယ်လို့ ထင်ပါတယ်။ တချို့မျှော်မှန်းတဲ့ ဇူလိုင်၊ သြဂုတ် လောက်မှာ လုပ်နိုင်မလားဆိုတာ ကျွန်တော်တော့ သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲရှိတာကိုး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အာရုံစိုက်ရမယ့် အချိန်ကာလတွေ ရှိတာကြောင့် ဒီနှစ်ထဲမှာ ၂၁ ရာစု ပင်လုံညီလာခံစဖို့ အတော် လေး ခဲယဉ်းလိမ့်မယ် ထင်ပါတယ်။ ဒါ့အပြင် NCA လက်မှတ်ရေးထိုးမထားတဲ့ မြောက်ပိုင်းအဖွဲ့တွေ ပါဝင်လာဖို့ အလားအလာ နည်းနေတယ်လို့ မြင်ပါတယ်”ပင်လုံညီလာခံ ပြန်လည် အစပြုဖို့ ပြင်ဆင်ရာမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ကျင်းပဖို့ခွင့်ပြုလိုက်တာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ကောင်းတဲ့အလားအလာ ဖြစ်တယ် လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူ ညီချက် ၁၄ ချက်ရခဲ့ပေမယ့် ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ကိစ္စ၊ DDR/SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတဲ့ကိစ္စ၊ ပြည်ထောင်စုက ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော် စတဲ့ အရေးကြီးတဲ့ကိစ္စတွေကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါ။ https://www.rfa.org/burmese/news/21panglong-postpone-04222020043358.ml

**************

၁၀။      ကိုးကန့် ချင်းရွှေဟော်ဂိတ်တွင် ပြည်တော်ပြန်ထပ်ဝင် စားသောက်ရေး ခက်ခဲနေ

April 22, 2020

တရုတ်နိုင်ငံမှ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ တရုတ်ပြည်တော်ပြန် ၂၀ဝ ကျော် ထပ်မံရောက်ရှိလာသဖြင့် စားသောက်ရေးအပိုင်း ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ တရုတ်ပြည်တော်ပြန်များသည် ဧပြီ ၂၁ ရက် တွင် ၁၂၃ ဦး ပြန်လည်ဝင်ရောက်လာပြီး ယနေ့ (ဧပြီ ၂၂ ရက်)မနက်ပိုင်းတွင် ၂၂ ဦးထပ်ဝင်လာကြောင်း ၊ နေ့လည်ပိုင်းတွင် ၁၀ဝ ကျော် ထပ်မံ ရောက်ရှိလာမည်ဖြစ် ကြောင်း လောက်ကိုင်ဒေသမှ အမည်မဖော်လိုသည့် အစိုးရဝန်ထမ်း တဦး ထံမှသိရသည်။ “ထား လို့တော့ရတယ်။ စားဖို့က ခက်တယ်။ ချင်းရွှေဟော် နဲ့ လောက်ကိုင်ဆို အခု ဝင်လာတာ ၇၀ဝ ကျော် ရှိသွားပြီ။ နေ့လည် ကျရင် ၁၀ဝ ကျော် ထပ်ရောက်မယ်” ဟု လောက်ကိုင်ဒေသမှ အစိုးရ ဝန်ထမ်းတစ်ဦး ပြောပြသည်။

လက်ရှိမှာ တရုတ်နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်တွင် ပြည်တော်ပြန်များ ထားစရာနေရာမရှိတော့သဖြင့် လောက်ကိုင်မြို့ သို့ ပို့ဆောင်ရကြောင်းလည်း သိရသည်။ ထိုသို့ ပြည်တော်ပြန်အရေအတွက် များပြားလာမှုကြောင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင် Quarantine ဝင်နေသည့် တရုတ်ပြည်တော်ပြည်များ ကိုယ်တိုင် အစားအသောက် ချက်ပြုတ်စားသောက်ခိုင်း ထားကြောင်း ၎င်းဝန်ထမ်းက ပြောပြသည်။ ပြည်တော်ပြန်များ စားသောက်ရေးပိုင်း ဖြေရှင်းနိုင်ရန်အတွက် သျှမ်းပြည်နယ် COVOD-19 ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တင်ပြထားကြောင်း သိရသည်။

ထိုပြည်တော်ပြန်များကို ချင်းရွှေဟော်တွင် ၃ နေရာ၊ လောက်ကိုင်မြို့တွင် နေရာ ၇ နေရာတွင် ထားကြောင်းသိရသည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရ ချင်းရွှေဟော် နယ်စပ်ဂိတ်သို့ တရုတ်ပြည်မှ ပြန်လည်ဝင်ရောက်လာမည့် ရွှေ့ပြောင်းအလုပ်သမား ၂၅၀ဝဝ ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/16229

****************

၁၁။      နေရပ်ပြန်လာမည့်သူများအား စိုးရိမ်မှုမလွန်ကဲဘဲ နွေးထွေးမှုဖြင့် ဝိုင်းဝန်းကူညီဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်                          တိုက်တွန်း

April 21, 2020

ထိုင်းနိုင်ငံမှတဆင့် ပြည်တွင်းသို့ ဒုတိယအသုတ်ပြန်လည်ဝင်ရောက်လာရန်ရှိသည့် နေရပ်ပြန်များအပေါ် ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှုမလွန်ကဲဘဲ နွေးထွေးမှုဖြင့် ဝိုင်းဝန်းကူညီပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က တိုက်တွန်းပြောကြားလိုက်သည်။ ထိုင်းဘက်ခြမ်းမှ ဧပြီလကုန်အထိ ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် ခရီးသွားလာမှုများကို မေလဆန်းတွင် ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ထိုမှတဆင့် ထပ်မံရောက်ရှိလာနိုင်သည့် နေရပ်ပြန် များအပေါ် စိုးရိမ်ပူပန် မှုများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က“ ထောင်ချီရှိတဲ့သူတွေကို ကျမတို့ Quarantine ထားရတာအင်မတန်မှ အန္တရာယ်များပါတယ်။ နေ့တိုင်းလည်း စိတ်ပူနေရတယ်။ ဒီတစ်သုတ်ထွက်သွားလို့ရင်ထဲမှာ ပေါ့သွားပေမယ့် နောက်လာမယ့်အဖွဲ့ကို ကျမတို့ကြိုပြီးစိတ်ပူနေရတယ်။ ပိုပြီးတော့လည်းအန္တရာယ်ကြီးတယ်။ တစ်ခုခုဖြစ်လို့ Lock down လုပ်လိုက် တယ်ဆိုရင် ကျမတို့ ကရင်ပြည်နယ်ထဲမှာ အဲလောက်အင်အားကို ကျမတို့ ကရင်ပြည်နယ်ကလူတွေက ဝိုင်းဝန်းပံ့ပိုးနိုင်ရဲ့လားပေါ့။ အဲဒီတော့ ကျမပြောချင်တာက ဘာမှ မကြောက်ပါနဲ့။ ဒါကြောင့် အခုပြန်လာမယ့်သူတွေကို နွေးနွေးထွေးထွေးနဲ့ ဝိုင်းဝန်းကူညီပေးပါလို့ ကျမပြောချင်ပါတယ်” ဟု သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ထိုသို့ပြန်လည်ဖြေကြားသည်။

ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီမံဆောင်ရွက်မှုများဖြင့် စောင့်ကြည့်စင်တာများဖြစ်သည့် Facility Quarantine Center များတွင် နေထိုင်ပြီး ကျန်းမာရေးစောင့်ကြည့်မှုခံယူခဲ့သူ ၁,၉၀ဝ ကျော်နှင့် ရပ်ရွာအတွင်း Community Quarantine ကျန်းမာရေး စောင့်ကြည့်မှုခံယူခဲ့သူ ၁,၅၀ဝ ကျော် စုစုပေါင်း ၃,၅၀ဝ ကျော် ရှိနေသည်ဟု သိရသည်။   ၎င်းတို့အများစုမှာ သက်ဆိုင်ရာ Quarantine Center များတွင်နေထိုင်ပြီး ကျန်းမာရေးစောင့်ကြည့်မှု သတ်မှတ်ကာလပြည့်မြောက်ပြီး သူများဖြစ် သည်ဟုသိရသည်။ http://kicnews.org/2020/04/%e1%80%b1%e1%80%94%e1%80%9b%e1%80%95%e1%  80%b9%e1%80

***************

၁၂။      မူဆယ်မြို့တွင် မိုးသက်လေပြင်းကျ၍ နေအိမ်များ ပျက်စီးပြီး ဝါဂွမ်းဂိုထောင် မီးလောင်မှုဖြစ်ပွား

April 22, 2020

မူဆယ်မြို့တွင် ဧပြီလ ၂၁ ရက် ည ၉ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခက်မှုကြောင့် မြို့ပေါ်ကျေးရွာအတွင်းရှိ နေအိမ်များ ပျက်စီးမှုရှိခဲ့ပြီး မူဆယ်မြို့ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ်တွင် ဝါဂွမ်းဂိုထောင် မီးလောင်ခဲ့ပြီး ဝါဂွမ်း သဘောသဘာဝအရ ဧပြီ ၂၂ ရက် ညနေထိတိုင် မီးလောင်လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ မိုးသက်လေပြင်း တိုက်ခက် စဉ် ဝါဂွမ်းသိုလှောင်ရုံအတွင်း သွပ်များကြားက သွယ်တန်းထားသော ဝါယာကြိုးများပေါက်ကာ အပူလွန်ကဲ၍ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း မူဆယ်ခရိုင်မီးသတ်ရုံးမှ သိရှိရသည်။

“ည ၉ နာရီခွဲလောက် လေတိုက်နေတဲ့အချိန်မှာ မီးသတင်း ဝင်လာပါတယ်၊ လေတိုက်နေတော့ စိုးရိမ်လွန်ပြီးတော့ မီးသတ်သန္ဓေ ၂၀ ၊အရံအင်းအား ၁၀ဝ ၊မီးသတ်ယာဉ် ၁၂ စီးနဲ့ ငြိမ်းခဲ့တာပေါ့ ၊ဖြစ်စဉ်ကတော့ ဝါဂွမ်းဂိုထောင်ထဲမှာ သွယ် ထားတဲ့ ဝါယာကြိုးတွေဟာ သွပ်ပြားတွေကို ဖေါက်ပြီးတော့ သွယ်ထားတဲ့ ဝါယာဖြစ်တဲ့အတွက် လေတိုက်တဲ့အခါမှာ ပွန်းပြီး တော့ ရှော့ရိုက်ပြီး ဝါဂွမ်းတွေကို ကူးဆက်ပြီး လောင်ကျွမ်းခဲ့တာ ၊ ကျွန်တော်တို့ ၉ နာရီ ၅၀ မှာ မီးထိန်းပြီးတော့ ၁၀ နာရီ ခွဲမှာ မီးငြိမ်းခဲ့ပါတယ်။ ဒါပေမယ့် ဝါဂွမ်းရဲ့ သဘောသဘာဝအရ မီးငြိမ်းပြီးပေမယ့်လည်း ပြန်ပြီးတော့ အငွေ့အသက်က လောင်ကျွမ်း တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ၂၂ ရက် မနက် ၅ နာရီကနေ စပြီးတော့လည်း မီးသတ်ယာဉ် ၁၂ စီး မီးသတ်အင်းအား စုစုပေါင်း အရံ သန္ဓေ ၁၅၀ လောက်နဲ့ လက်ကျန်ကို စက်လက်ငြိမ်းသက်ပြီး အခု နေ့လည် ၂ နာရီလောက်မှာ ပြီးသလောက် တော့ ဖြစ်သွားပါပြီ” ဟု မူဆယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းစိုးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုကို မူဆယ်မြို့မရဲစခန်းက မီးပေါ့စသူ သိုလှောင်ရုံတာဝန်ခံ ချစ်ထူး (ခ) အောင်ကိုဦးအား ပထမသတင်းပေး တိုင်တန်းချက်အမှတ် (ပ) ၂၅၄ /၂၀၂၀ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွတ်ထားကြောင်း သိရပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် သိန်းငါးဆယ် ဖြစ်ကြောင်း သိရှိရသည်။ https://news-eleven.com/article/170201

***************

၁၃။      မြဝတီတွင် ညမထွက်ရအမိန့် ချိုးဖောက်သူများအား ဒဏ်ငွေ (၅)သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁)လ ချမှတ်

April 22, 2020

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည့် ည ၁၀ နာရီ မှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ချိုးဖောက်သူများအား တစ်ဦးလျှင် ဒဏ်ငွေ ၅ သောင်းကျပ်(သို့မဟုတ်) ထောင်ဒဏ် (၁)လစီ ချမှတ်ခဲ့ကြောင်း သိရသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိမှုအား ဧပြီလ ၂၀နှင့် ၂၁ ရက်နေ့များတွင် လိုက်နာမှုမရှိသူ (၆၄) ဦးကို မြို့နယ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ(၅)သောင်းကျပ် ကျခံစေရန်နှင့် ၎င်းတို့မှ ဒဏ်ငွေ(၅) သောင်း မပေးဆောင်နိုင်ပါက ထောင်ဒဏ်(၁)လ ကျခံစေရန် ယနေ့ (မတ်လ ၂၂ ရက်) တွင် အမိန့်ချမှတ်ခဲ့သည်ဟု မြဝတီမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မြဝတီမြို့တွင် ဧပြီလ ၁၈ ရက်နေ့က ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး နောက် မြဝတီခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသံချဲ့ စက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေညာ ခဲ့သလို မြဝတီခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် အတူပူးပေါင်း အဖွဲ့များမှ ည ၁၀ နာရီနောက်ပိုင်း လှည့်ကင်းရပ်ကင်းများ ဆောင်ရွက်၍ ဧပြီလ ၁၈ ရက်နှင့် ၁၉ရက် ရက်နေ့တို့တွင် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဖမ်းဆီးရမိသူ (၆၄)ဦးအား မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက တရားလိုပြုလုပ်ကာ မြို့နယ် တရားရုံးသို့ လျှောက်ထားရာ မြဝတီမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ (၅) သောင်းကျပ် ချမှတ်ခဲ့ပြီး ယင်းငွေဒဏ် မပေးဆောင်နိုင်ပါ က ထောင်ဒဏ်(၁)လ ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကရင်ပြည်နယ် ၇ မြို့နယ်ရှိသည့်အနက် ပြည်နယ် အစိုးရ အဖွဲ့၏ အမိန့်ကြေညာစာအမှတ် (၄/၂၀၂၀)အရ နယ်စပ်မြို့ဖြစ်သည့် မြဝတီခရိုင်တွင်သာ ည ၁၀ နာရီမှ မနက် ၄ နာရီ အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်း ဖြစ်သည်။ http://kicnews.org/2020/04/%e1%80%bb%e1%80%9  9%e1%80%9d%e1%80%90%e1%80%ae%e1%80

****************

၁၄။      မင်းပြားမြို့နယ်တွင် CPS  ပိုးသတ်ဆေးကုမ္ပဏီပိုင်ကား ပစ်ခတ်ခံရပြီး  ၁ ဦးသေ၊  ၁ ဦးဒဏ်ရာရ

April 22, 2020

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးမှာ CPS ပိုးသတ်ဆေး ကုမ္ပဏီပိုင် မော်တော်ယာဉ်တစီး သေနတ်နဲ့ ပစ်ခတ် ခံရလို့ ယာဉ်မောင်းအမျိုးသား ၁ ဦး သေဆုံးပြီး ယာဉ်နောက်လိုက်တဦး ဒဏ်ရာရရှိတယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ပါတယ်။ အမ်းမြို့မှ စစ်တွေမြို့ဘက်ကို မောင်းလာတဲ့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဝန်ထမ်း ယာဉ်မောင်း ဦးနွယ်နွယ်မောင်နဲ့ ယာဉ်နောက်လိုက် မောင်ဟိန်းထက်ဦး လိုက်ပါလာတဲ့ ဆေးပစ္စည်းတင် Hijet ကားကို ဧပြီ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်က ဖားပြိုကျေးရွာရဲ့ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာမှာ အေအေအဖွဲ့က  လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ နဖူးမှာ လက်နက်ငယ်ကျည်ထိမှန် သေဆုံးခဲ့ပြီး မောင်ဟိန်းထက်ဦးကတော့ ဝမ်းဗိုက်မှာ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။ မော်တော်ယာဉ်ကတော့ လမ်းအနောက်ဘက်ရှိ သစ်ပင်ကို ဝင်တိုက် တိမ်းမှောက်သွားပြီး လက်ရှိမှာ ဒဏ်ရာရတဲ့သူကို မင်းပြားပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။ အဆိုပါပစ်ခတ်မှုကို အေအေအဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးကရော

တပ်မတော်ကပါ သတင်းထုတ်ပြန်ထားပြီး အေအေဘက်ကတော့ သူတို့ လက်ချက်မဟုတ်ဘဲ တံတားလုံခြုံရေး ဆောင်ရွက် နေတဲ့ တပ်ဂိတ်က လက်နက်ငယ်နဲ့ပစ်တာလို့ ငြင်းဆိုပါတယ်။ http://burmese.dvb.no/archives/383898

**************

၁၅။      ကချင်ပြည်နယ်ရှိ Covid-19 ကာကွယ်ရေး volunteer အဖွဲ့များတွင် PPE ဝတ်စုံများလိုအပ်

April 22, 2020

မြစ်ကြီးနားမြို့ စီတာပူ ကုန်တင်ကုန်ချစခန်းတွင် တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန်များကို ကူညီပေးနေသော လုပ် အားပေး Volunteer အဖွဲ့များအတွက် ရောဂါကာကွယ်ရေး ပစ္စည်းများ ထပ်မံ လိုအပ်နေသည်ဟု သိရသည်။ ဧပြီလ ၁၆ ရက် နေ့ မှစ၍ တရုတ်နယ်စပ် လွယ်ဂျယ်ဂိတ်မှ ပြည်တော်ပြန်များကို ပြည်နယ်အစိုးရအစီစဉ်ဖြင့် မြစ်ကြီးနား ကုန်တင်ကုန်ချစခန်း တွင် ယာယီထားရှိကာ ကျန်မြို့နယ်များကို သက်ဆိုင်ရာမှတဆင့် အသီးသီး လွှဲပြောင်းပေးနေသည်။

“အစိုးရနဲ့ တွဲဖက်လုပ်ကိုင်နေတယ် ဆိုရင်လည်း အခုထိ အစိုးရဘက်က အစားအသောက်ကအစ ပြင်ဆင်ပေးတာမရှိသေး ဘူး။ ပြီးရင် အသုံးအဆောင် ပစ္စည်းတွေလည်းလိုအပ်နေတယ်။ ပိုပြီးခက်ခဲတာက ပိုးသတ်ဆေးဖျန်းတဲ့အချိန် ဝတ်ဖို့ PPE ဝတ်စုံဆိုရင် ၅ စုံဘဲရှိတယ်။ အမှန်ဆိုရင်တော့ တစ်ခါသုံးပြီးရင် နောက်တစ်ခေါက်ပြန်သုံးလို့ မရတော့တာ ဖြစ်တယ်။ ဒါပေမယ့် မတတ်နိုင်လို့ လျော်ပြီး ပြန်သုံးရတယ်။ အသုံးဆောင်ပစ္စည်းတွေက အစိုးရအနေနဲ့ တတ်နိုင်သမျှလုံလုံ လောက် လောက် ပေးသင့်တယ်” ဟု Kachin State Covid-19 Prevention Network မှ မဆိုင်းနူးပန် ပြောသည်။ ထို့အပြင် အဆိုပါ ကုန်တင်ကုန်ချစခန်းတွင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ ထားရှိကာ ဆေးစစ်ဆေးမှု လုပ်ဆောင်သင့်ကြောင်း ထပ်မံ ပြောသည်။

လက်ရှိ ထိုနေရာတွင် ကချင်အရပ်ဖက်အဖွဲ့အစည်းများပူးပေါင်းထားသည့် Kachin State Covid-19 Prevention Network လုပ်အားပေးအဖွဲ့နှင့် ပြည်နယ် ကျန်းမာရေးအဖွဲ့ဖြင့် ပူးပေါင်းသည့် တက္ကသိုလ်ကျောင်းသားလူငယ်များအဖွဲ့ စသည့် လုပ်အားပေးအဖွဲ့ ၂ ဖွဲ့မှ အဓိက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထို့အပြင် ရောဂါကာကွယ်ရေး ပိုမိုထိရောက်စေလိုသည့်အတွက် ပြည်တော်ပြန်များကို လွယ်ဂျယ်မှ ကားတစ်စီးခြင်းဖြင့် အချိန်ကြာ ပို့ဆောင်နေခြင်းမဟုတ်ဘဲ ကားလုံလောက်စွာဖြင့် ယဉ်တန်းတစ်ခုတည်းဖြစ်အောင် တစ်ချိန်တည်းပို့ဆောင်ပေးရန် လိုအပ်ကြောင်း Volunteer အဖြစ်ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် တက္ကသိုလ်ကျောင်းသားအဖွဲ့မှ ကိုမျိုးထက်နိုင်လင်း ယခုလိုတောင်းဆိုသည်။ “ကျနော်တို့ပြောချင်တာက လုပ်တဲ့အလုပ်ကို ထိရောက်မှုရှိစေချင်တယ်။ ပြည်တော်ပြန်တွေကို ပို့ပေး တဲ့ ကားတွေကို ယာဉ်တန်းတစ်ခုတည်းဖြင့် ပြန်လာစေချင်တယ်။ ပြီးရင် ဒီမှာရောက်လာတဲ့ ကားတွေကို ကြည့်လိုက်ရင် အကြာကြီး စောင့်နေမှ တစ်စီးချင်းစီဘဲ ဝင်လာတယ်။ ခရီးသည်တွေကလည်း ၃ပေအကွာမဟုတ်ဘဲ ပြွတ်သိပ်ပြီး စီးလာကြ တယ်။ ခရီးကားတစ်စီးမှာ ဘယ်လောက်စီးရမယ်ဆိုတာကို ကန့်သတ်စေချင်တယ်။ ကားတွေကိုလည်း လုံလောက်မှု ရှိအောင် လုပ်ပေးစေချင်တယ်။ နောက်ပြီး ယာဉ်းတန်းတစ်ခုတည်း မလာတဲ့အတွက် ကျနော်တို့ Volunteer တွေအတွက်လည်း အင်မတန်မှ ခက်ခဲပါတယ်” ဟု ပြောဆိုသည်။ https://burmese.kachinnews.com/2020/04/22/%e1%80%80%e1  %80%81%e1%80%bb%e1%80%84%e1

***************

၁၆။      တရက်ကို လူပေါင်း ၁၃၀ဝ  ကျော် COVID-19  စစ်ဆေးနိုင်မည့်စက် မြဝတီ ရောက်ရှိ

21 April 2020

၂၄ နာရီအတွင်း လူဦးရေ ၁၃၀ဝ လောက်ကို COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မယ့်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ ကုန်တင်ယာဉ် နဲ့ ထိုင်းနိုင်ငံကနေ နယ်စပ် အမှတ် (၂) တံတားကနေတဆင့် သယ်ဆောင်လာရာမှာ  ဒီကနေ့ ဧပြီ ၂၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ မြဝတီမြို့ကို ရောက်ရှိလာပါတယ်။ ရောဂါပိုး စစ်ဆေးစက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်လာတဲ့ ကုန်တင်ယာဉ်တွေကို မြဝတီခရိုင် တာဝန်ရှိသူတွေက ကြိုးဆိုစစ်ဆေးပြီးနောက် ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာသွားတယ် လို့ သိရပါတယ်။

COVID-19 ရောဂါစစ်ဆေးတဲ့စက်အပါအဝင် ကျပ်သိန်း ၈၃၅၀ ကျော်တန်ဖိုးရှိ ဆက်စပ်ပစ္စည်းတွေကို AA Medical Products ကုမ္ပဏီ က  ဧပြီ ၅ ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို လှူဒါန်းခဲ့တာပါ။ ဆွစ်ဇာလန်နိုင်ငံ Roche Diagnostics ကုမ္ပဏီကထုတ်လုပ်တဲ့ Cobas 6800 M PCR စက်ဟာ ၈ နာရီအတွင်း လူပေါင်း ၃၈၀ ကျော်၊  ၂၄ နာရီအတွင်း လူပေါင်း ၁၃၀ဝ ဦးလောက်ကို အလိုအလျောက် စစ်ဆေးပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ အဆိုပါစက်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှာ ထားရှိပြီး နိုင်ငံတဝန်းက ပေးပို့လာတဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ http://burmese.dvb.no/archives/383760

***************

၁၇။      ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ကာ AA က တရုတ်လက်နက်များတင်သွင်း

April 23, 2020

ရခိုင်ကမ်းရိုးတန်းနှင့်ချင်းပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ပဋိပက္ခတိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ရခိုင့်တပ်ဖွဲ့ (AA) သည် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသကိုဖြတ်ပြီး လက်နက်ခဲယမ်းမီးကျောက်များကို တင်သွင်းခဲ့သည်။

အဆိုပါစစ်လက်နက်ပစ္စည်းများတွင် ချေမှုန်းရေး ရိုင်ဖယ်သေနတ်အလက် ၅၀ဝ၊ စက်သေနတ် အလက် ၃၀ ၊  ကျည်ဖူး        ၇၀ဝဝဝ နှင့် လက်ပစ်ဗုံးများပါဝင်ပြီး ဖေဖော်ဝါရီ တတိယပတ်က ရေကြောင်းဖြင့် သယ်ဆောင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအစပ်နှင့် သိပ်မဝေးသော Monakhali ကမ်းခြေတွင်   ချခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ဟောင်ကောင် မှ သတင်းထောက်များစွာ၏ အကူအညီနှင့်အတူ စာရေးသူ၏ ဦးဆောင်မှုဖြင့် The Easternlink  စုံစမ်းစစ်ဆေးမှုတွင် လက်နက်တင်သွင်းခဲ့ကြောင်း ပြည့်စုံခိုင်လုံသည့် အထောက်အထားများ တွေ့ရှိခဲ့သည်။  စစ်တကောင်းတောင်တန်းရှိ ရွာများမှ ရခိုင်လူမျိုးအထမ်းသမား ၁၅၀ နီးပါးနှင့် AA တပ်သား ၅၀ ခန့်တို့သည် တောင်တန်းနယ်စပ်ဒေသများဖြစ်သည့် Gundum နှင့် Rejupara ၊ Uhalapalonh နှင့် Paglirara စသည်တို့ကိုဖြတ်ကာ လားကောင်များအသုံးပြု၍ အဆိုပါလက်နက်များကို ခြေလျင် သယ်ခဲ့ကြသည်။ ထို့နောက် Matamuhuri-Snagua ဘေးမဲ့တောနှင့် Singpa ရွာကို ပတ်သွားကာ ထန်ချီပြည်နယ် ဆန်ဒက် အနီးရှိ AA စခန်းသို့ မတ်လ ၂ ရက်တွင် ရောက်ရှိခဲ့ကြသည်။  အနီးဆုံးဘင်္ဂလားဒေ့ရှ်တပ်စခန်းများသည် ထိုတောင်ပေါ် ဒေသများသို့ ကင်းလှည့်ခြင်းမရှိသလို Alikadam တပ်မြေနှင့်လည်း ဝေးသည်ဟုဆိုသည်။

AA သည် ဤသို့ ဆန်ဒက်သို့ လက်နက်ခဲယမ်းများစွာကို သယ်ဆောင်ပြီးနောက် တောင်မီဇိုရမ်ရှိ Para စင်္ကြ ံန် ကို အသုံးပြု၍ ရခိုင်သို့လည်း လက်နက်များ မှောင်ခိုတင်သွင်းခဲ့သည်။ မီဇိုရမ်ပြည်နယ်သည် အေးချမ်းပြီး ဒေသတွင်းသောင်းကျန်းမှု များမရှိသောကြောင့် Assam Rifles အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့သည် Parva ဒေသတွင် ခပ်ပါးပါးသာ တပ်ဖြန့်ထားသည်။ AA အဖွဲ့သည် မတ်လက မီဇိုရမ်-စစ်တကောင်းတောင်တန်းလမ်းကြောင်း-ချင်း သုံးပွင့်ဆိုင်ဒေသရှိ Parva စင်္ကြ ံန်ကို ဖြတ်၍ လက် နက်ခဲယမ်းများကိုသယ်ဆောင်သည့်လှုပ်ရှားမှုရှိခဲ့ကြောင်း  ယုံကြည်စိတ်ချရသည့် အစီရင်ခံချက်များရရှိထားသည်ဟု Assam Rifles လက်နက်ကိုင်တပ်၏ ထိပ်ပိုင်း အရာရှိများက Easterlink အား အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင် လက်နက် ပစ္စည်းထုတ်လုပ်သည့် Norinco ကုမ္ပဏီသည် တခြားဟန်ပြနည်းလမ်းများကို အသုံးပြု၍ AA ကဲ့သို့သော လက်နက်ကိုင် တပ်ဖွဲ့များကို လက်နက်များထောက်ပံ့ကြကြောင်း ဘန်ကောက်အခြေစိုက် အာရှလက်နက်မှောင်ခိုကူးမှုရေးရာ ကျွမ်းကျင်သူ တစ်ဦးက Easterlink ကို အတည်ပြုပြောကြားခဲ့သည်။

AA နှင့်နီးစပ်သော ရခိုင်သတင်းရင်းမြစ်တစ်ခုအရ AA တို့ သယ်ဆောင်ခဲ့သည့်လက်နက်များထဲတွင် ရဟတ်ယာဉ်များ၊ ဒရုန်း များနှင့် တိုက်လေယာဉ်ကို ပစ်ချနိုင်သော F-6 တရုတ်ဒုံးလက်နက်များပါသည်ဟု သိရသည်။ http://www.mizzimaburme se.com/article/69257

***************

၁၈။      WHO ဝန်ထမ်းသေဆုံးမှုကို အမေရိကန်က ပြစ်တင်ရှုတ်ချ

April 22, 2020

ကိုဗစ်-၁၉ စစ်ဆေးရန်အတွက် သယ်ယူပို့ဆောင်ပေးခဲ့သူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယာဉ်မောင်း  သေနတ်ဖြင့် အပစ် ခံရ၍ သေဆုံးမှုအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပြီး စုံစမ်းစစ်ဆေးမှုပြုရန် တိုက်တွန်းလိုက်သည်။

ဦးပြည့်စုံဝင်းမောင် မောင်းနှင်သော ကုလသမဂ္ဂကားမှာ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင် တံတားအလွန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရ သလို ကျန်းမာ ရေးဝန်ထမ်းတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ “ဤရဲရင့်သော မြန်မာနိုင်ငံသားနှစ်ဦးသည် သေစေနိုင်သော ဗိုင်းရပ်စ်ဘေးမှ နိုင်ငံတစ်ဝန်း ပြည်သူအားလုံးကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်သည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စစ် ဆေးရန်အတွက် သယ်ယူ ပို့ဆောင်ပေးခြင်း ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးမှု တစ်ရပ်ကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ရန်နှင့် ကျူးလွန်သူများကို တရားဥပဒေအတိုင်း စီမံဆောင်ရွက်ပေးပါရန် အာဏာပိုင်များကို မိမိတို့တိုက်တွန်း ပါ သည်။” ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့နံနက်ပိုင်းက ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ် AA အဖွဲ့တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် လွန်ခဲ့သော သီတင်းပတ်အနည်းငယ် အတွင်းမှာပင် အရပ်သားသေဆုံးမှုဒါဇင်နှင့်ချီရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ တနင်္လာနေ့က WHO ယာဉ် မောင်းသေဆုံးမှုနှင့်ပတ်သက်ပြီး နှစ်ဘက်လုံးက ငြင်းဆိုထားသလို အပြန်အလှန် စွပ်စွဲထားကြသည်။ အသက် ၂၈ နှစ် အရွယ် ဦးပြည့်စုံဝင်းမောင်သေဆုံးပြီး ကျန်းမာရေးအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့မှုအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြင်းထန်စွာ ရှုတ်ချလိုက်သည်ဟု မြန်မနိုင်ငံရှိ ကုလသမဂ္ဂရုံးက ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ယခုလအထိ တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားသေဆုံးမှု ၁၀ဝ ကျော်ရှိပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ၂၉ ဦးသေဆုံးခံ့သည်ဟု ရခိုင်နှင့်ချင်း အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်သည်။ AA ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်နေ့က ကြေညာခဲ့သည်။ http://www.mizzimaburmese.com/article/69204

***************

၁၉။      ကချင်ပြည်နယ်က တရုတ်ငှက်ပျောခင်း

April 23, 2020

ကချင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဇခွန်တင်ရင်း တည်ထောင်တဲ့ NDAK ကချင်နယ်ခြားစောင့်တပ် ချုပ်ကိုင်တဲ့ ကချင်အထူး ဒေသ (၁) က ကန်ပိုက်တီမှာ ကုန်သွယ်ရေးစခန်း တည်ဆောက်ဖို့ ကချင်ပြည်နယ်အစိုးရနဲ့ ယူနန်တရုတ်ကုမ္ပဏီတို့ မကြာမီ က နား လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဇခွန်တင်ရင်းရဲ့ သားတွေပိုင်တဲ့ ကန်ပိုက်တီ ဖွံ့ဖြိုးရေးကုမ္ပဏီနဲ့ ယူနန်ထိုင်ယင်းကုမ္ပဏီတို့ ဖက်စပ်လုပ်မယ့် စီမံချက်ဖြစ်ပြီး၊ ကချင်ဘက်က (၃၀) ရာခိုင်နှုန်း၊ ယူနန်ဘက်က (၇၀) ရာခိုင်နှုန်း ပိုင်ဆိုင်လိမ့်မယ်လို့ သိရပါတယ်။ မြေဧက (၇၀) မှာ ဒေါ်လာသန်း (၂၀) ကျော် ရင်းနှီးမြုပ်နှံမယ့် စီမံကိန်း ဖြစ်ပါတယ်။ ကန်ပိုက်တီမှာ ရင်းနှီးမယ့် တရုတ်ကုမ္ပဏီဟာ မြစ်ကြီးနားစီးပွားရေးဇုန်ကို တည်ဆောက်နေတဲ့ ယူနန် ထန်ချုံးဟုန်ရင် အုပ်စုရဲ ့ လက်အောက်ခံလုပ်ငန်းတခု ဖြစ်ပါတယ်။ လက်ရှိ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းဟာ တဧကလောက်သာ ရှိပါတယ်။ တစ်သျှုးငှက်ပျောကို ကန်ပိုက်တီကတဆင့် ယူနန်ကို တင်ပို့တာများပါတယ်။ ဆန်၊ ပြောင်းဖူး၊ ရာဘာ၊ သံ စတာတွေကိုလည်း တင်ပို့ပါတယ်။ ယူနန်ကနေ ဓါတ်မြေသြဇာ၊ စားသုံးကုန်ပစ္စည်း၊ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းတွေ တင်သွင်းပါတယ်။ နေ့စဉ်ကုန်တင်ကားအစီး (၂၀ဝ) ကနေ (၅၀ဝ) အထိ ဖြတ်သန်းသွားလာတဲ့စခန်း ဖြစ်ပါတယ်။

ဒေသခံတွေရဲ ့ နာမည်ကိုသုံးပြီး စိုက်ပျိုးနေတဲ့ တရုတ်ပိုင်တစ်သျှုးငှက်ပျောခြံတွေ အများဆုံးရှိတဲ့ နယ်မြေဟာ ဝိုင်းမော၊် ဗန်းမော်၊ မိုးမောက်၊ ရွှေကူစတဲ့ မြို ့နယ်တွေ ဖြစ်ပါတယ်။ ဒီမြို ့နယ်တွေအထိ တရုတ်ကုန်တင်ကားကြီးတွေ ဝင်ရောက်ပြီး၊ ငှက်ပျောသီးတွေ သယ်ယူပါတယ်။ ကန်ပိုက်တီစခန်းမှာ အစစ်အဆေး မလုပ်နိုင်တဲ့အတွက် ငှက်ပျောသီးအပြင် ယူနန်ကို ဘာပစ္စည်းတွေ သယ်ယူနေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ကုန်တင်ကားကြီးတွေကြောင့် လမ်းနဲ့တံတားတွေ ပျက်စီးလာ ပါတယ်။ ဒီကိစ္စကို ပြည်နယ်လွှတ်တော်မှာ တင်ပြပေမယ့် အရေးမယူနိ်ုင်သေးကြောင်း သိရပါတယ်။ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းကို အဆင့်မြှင့်ပြီးမှသာ တစ်သျှုးငှက်ပျော သယ်ယူနေတဲ့ ကားကြီးတွေအပါအဝင် အခြားကုန်ပစ္စည်း တွေကို စစ်ဆေးနိုင်မယ်လို့ ကချင်ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။

တစ်သျှုးငှက်ပျောစိုက်ပျိုးရေးကို ဘိန်းအစားထိုး စိုက်ပျိုးရေးအနေနဲ့ ကချင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်လောက်ကတည်းက စတင်လုပ်ကိုင်လာပါတယ်။ ငှက်ပျောသီးအားလုံး တပြိုင်တည်းကြီးထွားသီးပွင့်ပြီး အထွက်တိုးတာကြောင့် ရင်းနှီးမြုပ်နှံတဲ့ တရုတ်ကုမ္ပဏီတွေ များလာပါတယ်။ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးကို သုံးပေမယ့် စည်းကမ်းမရှိတဲ့အတွက် ရေမြေညစ်ညမ်း မှု တွေ များလာပါတယ်။ ဓါတ်မြေသြဇာနဲ့ ပိုးသတ်ဆေးအနံ့ဆိုးကို တနှစ်ပတ်လုံး ရှုရှိုက်နေရတဲ့ ကျေးရွာတွေ ရှိလာပါတယ်။ တစ်သျှုးငှက်ပျောစိုက်ခင်းတွေ ဒုက္ခပေးပုံကို ဒေသခံတွေ တိုင်တန်းကြပေမယ့် ငှက်ပျောခြံရှင်ကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကာအကွယ်ပေးထားလို့ ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်လို့ စွန့်ခွါသွားကြတဲ့ ကျေးရွာတွေမှာ ငှက်ပျောစိုက်ခင်းတိုးချဲ ့တဲ့ တရုတ်တွေလည်း ရှိပါတယ်။ ဒီနေရာတွေကို အစိုးရတပ်ရဲ့ ခွင့်ပြုချက်မရဘဲ မသွားနိုင်ပါဘူး။ တစ်သျှုးငှက်ပျောနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား တင်းမာမှုတွေ ရှိလာပါတယ်။ ယူနန်က ဝင်လာတဲ့ တရုတ်စိုက်ပျိုးရေးလုပ်သား အရေအတွက်ကို မခန့်မှန်းနိုင်ဘူးလို့ ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးက မနှစ်က ပြောပါတယ်။ နယ်စပ်စခန်းတွေကနေ ယာယီနေထိုင်ခွင့်ယူပြီး ဝင်လာသူ (၆၀ဝ၀) လောက် ရှိနိုင်တယ်လို့ သိရပါတယ်။ https://burmese.voanews.com/a/weekly-current-affairs-analysis-banana-plantation-in-kachin-state/5386654.html

****************

၂၀။      မင်းပြားမှာ AA နဲ့ပတ်သက်သူကို အသေဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန်ချက် မိသားစုငြင်းဆို

April 22, 2020

မေလွမ်းကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်ဝင်းချေဟာ မနေ့မနက်ပိုင်းက ရွာအနီး မြစ်ထဲကနေ ငါးမျှားပြီး အပြန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်တာခံခဲ့ရပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက် လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ရာမှာ ဆိုင်ကယ်စီးပြီး လာတာကို မသင်္ကာဖွယ်ရာ တွေ့ရှိရတဲ့ အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့တားမြစ်ရာမှာ မရပ်ဘဲ ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့တာလို့ ဖော်ပြ ထားပါတယ်။ သေဆုံးသူရဲ့ ဖခင်ဦးကျော်လှဦးက သူ့သားဟာ ဆိုင်ကယ်မစီးတတ်ဘူးလို့ပြောပါတယ်။

“မနေ့က ကျွန်တော့သားဟာ ကမ်းပိုင်ချောင်းဆိုတဲ့နေရာမှာ ငါးရှာဖို့ သွားခဲ့ပါတယ်။ သေနတ်ပစ်သံတွေ ကြားတော့ သူက ရွာကို ပြန်လာတာပါ။ ရွာထိပ်ကိုရောက်တော့ စစ်သားတွေနဲ့တွေ့ပါတယ်။ ရွာကိုအဝင်မှာ စစ်တပ်ကပစ်လိုက်တာပါ။ သူ့အမေ က ကြည့်နေတယ်။ သူဟာ ထွက်ပြေးတာမဟုတ်ပါဘူး။ ကျွန်တော့သားဟာ ဆိုင်ကယ်လည်းမစီးတတ်၊ စက်ဘီးတောင် မစီး တတ်ပါဘူး။ ကျွန်တော်တို့မိသားစုမှာ ဆိုင်ကယ်လည်းမဝယ်နိုင်ပါဘူး။ ဒီလိုပဲ တစ်နေ့ရှာတစ်နေ့စားနေရတာပါ”တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်မှာတော့..  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ လဲကျသေဆုံးနေတဲ့ အမျိုးသား ၁ ဦးနဲ့အတူ အနီးမှာရှိတဲ့ ဆိုင်ကယ် တူးဘောက်စ်ထဲက တရုတ်လက်ပစ်ဗုံး ၁ လုံးနဲ့ ဓား ၁ လက် သိမ်းဆည်းမိခဲ့ တယ်လို့ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်နဲ့ ကာယကံရှင်မိသားစု၊ ကျေးရွာလူကြီးတွေရဲ့ ပြောဆိုချက်တွေ ကွဲလွဲ  နေတာတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတစ်ရာ ပြောဆိုစရာမရှိကြောင်း ပြောပါတယ်။ RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၂၁ ရက်နေ့အထိ အချိန် ၁ လကျော် ကာလမှာ သေဆုံးတဲ့ အရပ်သား ၉၀ ခန့်ရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၂၁၀ ကျော်အထိ ရှိနေပါတယ်။ https:/ /www.rfa.org/burmese/news/rakhine-civilian-death-04222020112712.html

****************

၂၁။      Face Shield မျက်နှာကာများကို ဗန်းမော်လူငယ်များကိုယ်တိုင်ပြုလုပ်

April 22, 2020

ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်ရှိ ဆေးရုံများတွင်အသုံးပြုနိုင်ရန် Covid-19 ကူးစက်ရောဂါကာကွယ်ရေး မျက်နှာ ကာ Face Shield အခု ၅၀ဝ၀ခန့်ကို ဗန်းမော်မြို့ရှိ လူငယ်များကိုယ်တိုင်လက်မှုပြုလုပ်ကာ ယခုလအတွင်း သွားရောက် လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။ ဗန်မော်မြို့ရှိ လူငယ်များက မျက်နှာကာ Face Shield များကို လက်မှုပညာဖြင့် ကိုယ်တိုင်ပြုလုပ်ကာ ဗန်မော်ပြည်သူ့ဆေးရုံကြီးအပါအဝင် လိုင်ဇာနှင့်မိုင်ဂျာယန်အတွင်းရှိ ဆေးရုံများသို့ပို့ရန် ဦးစားပေး ထုတ်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်နိုင်တဲ့ မျက်နှာကာကို လက်မှုပညာနဲ့ ပြုလုပ်ပြီး လှူဒါန်းဖို့ စီစဉ်နေတယ်။ အဓိကတော့ ရှေ့တန်းမှာ ကာကွယ်ပေးနေတဲ့ ဆေးဆရာဝန်တွေ လုံခြုံဖိုဖြစ်တယ်။ ဒီပစ္စည်းတွေဝယ်သုံးဖို့ဆိုရင်လည်း အပြင်မှာဈေးကြီး တယ်။ ဝယ်သုံးဖို့ဆိုရင်တောင် ဈေးကွက်မှာမရှိတော့ဘူး။ နောက်တစ်ခြားနှာခေါင်းပိတ် (Mask) တွေက သီးခြား အဖွဲ့အစည်း တွေ လှူဒါန်းပေးတာလို့ သိရတယ်။ ပြီးရင် အခုဖြစ်နေတဲ့ ရောဂါက အရမ်းဆိုးရွားတဲ့နေရာတွေမှာဆိုရင် Mask ဘဲတပ်ပြီး မှဘဲ ကာကွယ်လို့မရတော့ဘူး” ဟု Face Shield ပြုလုပ်နေသော ကိုအောင်မျိုးဆန့် ပြောသည်။

ထို့အပြင် ဗန်းမော်နှစ်ခြင်းအသင်းတော် လူငယ်များကလည်း စုပေါင်းပြီး မြို့အတွင်း ပိုးသတ်ဆေးဖျန်းသည့် လုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်အသုံပြုပစ္စည်းများ ထောက်ပံ့မှုများနှင့် ပါဝင်လှုပ်ရှားမှုများ ဆောင်ရွက်ပေးနေကြောင်း သိရှိရပါသည်။ https://burmese.kachinnews.com/2020/04/22/face-shield-%e1%8%99%e1%80%bb%e1%80%80%e1%

****************

၂၂။       တောင်ကြီး ကိုဗစ် လူနာ ၁၂၁ နှင့်ထိတွေ့သူ ၁၂  ဦးရှိ

April 22, 2020

တောင်ကြီးမြို့ COVID-19 လူနာအမှတ် ၁၂၁ နှင့် အနီးကပ် ထိတွေ့သူ ၁၂ ဦးရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။ ဧပြီ ၂၁ ရက်နေ့ ည က အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အတည်ပြုလူနာ ၂ ဦးမှာ တောင်ကြီးမြို့က လူနာတစ်ဦးပါဝင်နေကြောင်း သိရသည်။ “မိသားစု ဝင် ၅ ယောက် သူငယ်ချင်း ၃ ယောက် တူတူသွားလာတာ ရှိတယ်။ နောက် သွားဆေးခန်း သွားတာလည်း ရှိတယ်။ အဲ့ဒါတွေ အားလုံးက အနီးကပ်ထိတွေ့သူ တွေရဲ့ ဓါတ်ခွဲနမူနာ အားလုံးကို ရန်ကုန်ကို ပို့မှာပေါ့နော်။” လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ လူနာအမှတ် ၁၂၁ သည် အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်ပြီး ဧပြီ ၅ ရက်နေ့က ရန်ကုန် မှ ဟဲဟိုး သို့ Golden Myanmar Airline လေကြောင်းလိုင်းဖြင့် ခရီးသည် ၂၈ ဦးနှင့်အတူ စီးနှင်းလာကြောင်း သိရသည်။ “လေယာဉ် နဲ့ အတူ စီးလာတဲ့ ၂၈ ယောက်လည်း နှာခေါင်းတို့ ပတ် ပို့နိုင်အောင် စီစဉ်နေတာပေါ့နော်။” ဟု ဝန်ကြီး ဒေါက်တာမျိုးထွန်း ကပြောသည်။ ထို့ကြောင့် လူနာအမှတ် ၁၂၁ နှင့်ထိတွေ့ဆက်စပ်ခဲ့သည့် ပြည်သူများအားလုံး တောင်ကြီး ဆေးရုံတွင် ဆေးစစ် ရန်လည်း သက်ဆိုင်ရာက ပန်ကြားထားသည်ကို တွေ့ရသည်။ https://burmese.shannews.org/archives/16252

***************

၂၃။      လိင်ဖျော်ဖြေရေး လုပ်နေသည်ဟု ကျော်ဇောသည့်အိမ်ကို ဝင်ရောက်ရှာဖွေ Live  လွင့်သူ ၆ ဦးကို ရုံး ထုတ်

April 21, 2020

ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းနှင့်ဟေမာန်ဦးသုသာန်သွား လမ်းဆုံအနီးတွင် လိင်ဖျော် ဖြေရေး လုပ်ငန်းလုပ်နေသည်ဟု ကျော်ဇောသည့် နေအိမ်ကို လူမှုကွန် ယက်တွင် တိုက်ရိုက် (Live) ထုတ်လွင့်ကာ ဝင်ရောက် ရှာဖွေမှု ပြုလုပ်ခဲ့သူ ၆ ဦးအား ယနေ့ (ဧပြီလ ၂၀ ရက်) တွင် မြဝတီမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူရန် ရုံးထုတ်ခဲ့ ကြောင်း သိရသည်။ ဧပြီလ ၁၆ ရက်နေ့ ညပိုင်းက လူမှုကွန်ယက်တွင် ပြည့်တန်ဆာရုံဝင်ဖမ်းမည်ဟု တိုက်ရိုက် Live လွင့်ကာ ဝင်ရောက်ရှာဖွေခဲ့ကြသည့် မြဝတီမြို့မှ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ AAC အဖွဲ့မှ ကိုရဲမင်း အပါအဝင် တက်ကြွလှုပ်ရှားသူ ၆ ဦးအား ပုဒ်မ လေးခုဖြင့် ဧပြီလ ၁၇ ရက်နေ့က မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်း ထားပြီး ယနေ့ ချုပ်ရမန်ယူရန် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

AAC ကိုရဲမင်းနှင့် အဖွဲ့အား ရှေ့နေလိုက်ပေးသူ တရားလွှတ်တော်ရှေ့နေ ကိုမျိုးအောင်က “ရဲကနေပြီး အမှုတည်ဆောက်ဆဲ ကာလဆိုတော့ သူတို့တွေကို တရားရုံးက အာမခံပေးလို့ မရသေးပါဘူး။ ရဲက လည်း အာမခံမပေးတော့ ဒီရက်ပိုင်း အချုပ်ထဲ မှာ နေကြရပါဦးမယ်။ ဒီနေတော့ တရားရုံးမှာ ချုပ်ရမန် လာယူတာ အမှုကိုတော့ လာမယ့် မေလ ၁ ရက်နေ့မှာ ရုံးချိန်း ထပ်ချိန်းထားတယ်” ဟု ပြောသည်။ မြဝတီ မြို့အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းနှင့် ဟေမာန် ဦးသုသာန်ဘက်သို့ သွားရာ လမ်းတွင် “နဒီလှိုင်း”အမည်ရှိ မီးရောင်မှိတ်တုတ် မှိတ်တုတ်ဖြင့် ဖွင့်လှစ်သော အအေးဆိုင်အမည်ခံ မာဆတ် ဆိုင်တွင် လူအများပျော်ပါးနေသည်ဟုသတင်းအရ Covid-19 ကာကွယ်သည့်အနေဖြင့် သွားရောက် ဖမ်းဆီးခြင်းဖြစ်ရာ အပိုင်ရာအိမ်မှူး ပါဝင်ခဲ့သော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ ့ မပါဝင်သည့်အတွက် ပိုင်နက်ကျူးလွန်မှုဖြင့်အမှုဖွင့်အရေးယူခံခဲ့ရခြင်းဖြစ် သည်ဟု အမှုဖွင့်ခံရသူ ကိုရဲမင်းနှင့်တက်ကြွလှုပ်ရှားသူများဘက်က ပြောသည်။

မြဝတီမြို့အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးအောက်လမ်းရှိ “နဒီလှိုင်း” ဆိုင်ပိုင်ရှင် မတင်မာဝင်းက ဧပြီလ ၁၆ ရက်နေ့ည ၁၁း၃ဝ အချိန်ခန့်က အမျိုးသား ၆ ဦးမှ တုတ်များကိုင် ဆောင်ကျူးကျော် လာ သည်ဟုဆိုကာ မြဝတီရဲစခန်းတွင် အမှုဖွင့်ခဲ့ သည့်အတွက် ရဲမင်း(ခ)ရဲမင်းကြည်၊ သူရိန်မင်းထွန်း၊ အောင်ကျော်စိုး၊ ထွန်းထွန်း၊ ဝင်းနိုင်၊ စောလမင်း(ခ) စောကျော်သီဟဝင်း တို့ ၆ ဦးအား မြဝတီရဲစ ခန်းမှ (ပ)၃၄၆/၂ဝ၂ဝ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၄၅၆ ဖြင့် အမှုဖွင့်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဂုဏ်သိက္ခာကျဆင်းစေရန် လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့်ပြုလုပ်ခဲ့ သည့်အတွက် အမှတ် ၃ ရပ်ကွက် ငှက်ပျောတောရပ်နေ ရဲမင်း(ခ)ရဲမင်းကြည်(၃၈)နှစ်နှင့် ရေပူကျေးရွာ အမှတ် ၅ ရပ်ကွက်နေ သူရိန်မင်းထွန်း(၃၈)နှစ်တို့ ၂ဦးအား ဒုရဲအုပ်မင်းမင်းထွန်းမှ တရားလိုပြုလုပ် တိုင်ကြားမှုကြောင့် မြဝတီရဲစခန်းမှ(ပ) ၃၄၇/ ၂ဝ၂ဝ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်းကောင်းအမှုဖွင့်ထားကြောင်း သိရသည်။ မြဝတီ မြို့ အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းနှင့် ဟေမာန် ဦးသုသာန်ဘက်သို့သွားရာလမ်းရှိ အဆိုပါ အခင်းဖြစ်ပွားရာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်နေသည်ဟု ကျော်ဇောသည့်နေအိမ်ကို ယခု အချိန်တွင် ချိတ်ပိတ်ထားသည်ဟု ရပ်ကွက် နေပြည်သူများက ပြောသည်။ http://kicnews.org/2020/04/%e1%80%9c%e1%80%ad%e1%80%84%e1%80%b9%e1%80%b1%e 1%80

***************

၂၄။      နမ္မတူတွင် ပြည်တော်ပြန် တချို့ Quarantine ခံယူမှုမရှိ

April 23, 2020

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းသို့ ပြန်လာသည့် ပြည်တော်ပြန်များသည် COVID-19 ကော်မတီကို အကြောင်း မကြားဘဲ မိမိနေအိမ်သို တိတ်တဆိတ့် ပြန်နေနေကြကြောင်း သတင်းရရှိသည်။ ထိုင်း၊ တရုတ်နိုင်ငံမှ ပြန်လာသည့် ပြည်တော်ပြန်များသည် Quarantine ဝင်ရောက်နေထိုင်ခြင်းမရှိဘဲ မိမိနေအိမ်သို့ တိတ်တဆိတ်ပြန်နေကြသဖြင့် နမ္မတူဒေသခံ များ COVID-19ပျံ့နှံ့မှု ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း နမ္မတူမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးဘဉာဏ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “ ပြည်ပ ပြန်လာတဲ့သူ အများစုက ကျေးရွာကလူတွေများတယ်။ သူတို့က Quarantine မနေကြဘူး။ အိမ်တွေမှာ နေကြတယ်။ အဲ့ထဲက တယောက်ယောက် က ကိုဗစ်-၁၉ ဖြစ်ရင်တော့ အားလုံးထိပြီပဲ” ဟု ဦးဘဉာဏ် က ပြောသည်။

ပြည်ပ ပြန်လာသူအများစုသည် နမ္မတူမြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်သည့်နေရာမှ ပြည်သူများ ဖြစ်ကြောင်း၊ ထိုသူများကို သေချာ စိစစ်ကာ စောင့်ကြည့်ရန် လိုအပ်ကြောင်း လည်း ဦးဘဉာဏ် က ပြောသည်။

နမ္မတူမြို့နယ်အတွင်း ပြည်တော်ပြန်များကို ၁၄ ရက် Home Quarantine အဖြစ် ထားရှိကြောင်း၊ သက်ဆိုင်ရာကို သတင်း ပေးပို့ရန်လည်း ညွှန်ကြားထားကြောင်း၊ ပြည်သူများကို ထိန်းချုပ်ရန် ခက်ခဲကြောင်းလည်း နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) နန်းစံဟွမ် က ပြောသည်။ “Home quarantine အနေနဲ့ ကူညီရတာခက်တယ်။ ငွေကြေး ကလည်း သိပ်မကူနိုင်ဘူးလေ။ နောက်ကျမတို့ကတော့ ကျေးရွာတွေကွင်းဆင်းပြီး ပြည်တော်ပြန်ဆိုရင် သတင်းပို့ပေးဖို့တွေ လည်း ပြောထားပါတယ်”ဟု နန်းစံဟွမ်က ဆိုသည်။ https://burmese.shannews.org/archives/16266

****************

၂၅။      တီးတိန် နံပါတ် ၁ လူနာ ၅ ကြိမ်မြောက် စစ်ဆေးမှု Positive သာ ဖြစ်နေ

April 23, 2020

ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့သည့် လူနာနံပါတ် ၁ ကို ၅ ကြိမ်မြောက် စစ်ဆေး ရာတွင် Positive သာဖြစ်နေဆဲဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ဧရာဝတီ သို့ ပြောသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက် က “လူနာနံပါတ် ၁ က ၅ ကြိမ်ရှိပြီ Positive ပဲ။ ဧပြီလ ၂၀ ရက်က ပို့တာက အဖြေ မသိရသေး ပါ။ သူ့အမေကတော့ ၃ ကြိမ်နဲ့ နောက် သူနေခဲ့တဲ့အိမ်က လူကို ၂ ကြိမ် စစ်ဆေးပြီးတာ။ သူတို့က ကျန်းမာတယ်။ ဘာမှ မဖြစ်ဘူး” ဟု ပြောသည်။

တီးတိန်တွင် ပြည်နယ်အစိုးရက သတ်မှတ်ထားသည့် Lockdown နေရာများသည် ဧပြီလ၂၁ ရက်တွင် ပြည့်ပြီဖြစ်သော်လည်း လူနာထပ်တိုးနေသည့် အတွက် Lockdown ကာလထပ်မံ တိုးသွားရန် ဆုံးဖြတ်ကြောင်းလည်း ဝန်ကြီးက ဆက်လက် ပြောဆို သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါပိုးရှိသူကို တီးတိန်မြို့နယ်တွင် မတ်လ ၂၃ ရက်က စတင်တွေ့ရှိရာမှ ဧပြီ လ ၂၂ ရက်အထိ ရောဂါပိုးရှိသူ ၅ ဦး (လူနာနံပါတ် ၁၊ ၂၃၊ ၃၁၊ ၇၈၊ ၁၁၃) အထိ ရှိလာပြီး၊ ထိုလူနာများကို တီးတိန်ဆေးရုံ၌ သီးသန့်ထားရှိ ကုသမှုပေးနေသည်ဟု သိရသည်။ လူနာ တွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ကျေးရွာနှင့် လွယ်ဘွာလ်း ရပ်ကွက်ရှိ မာန်ဂင့်လမ်း၊ ကမ်းဟောက်လမ်း၊ ဒေါ်မန်ငိုက်ဇင့် နေအိမ်၊ ဦးဆုံဒိုခမ် နေအိမ်တွင် နေထိုင်သူများအနေဖြင့် ပြင်ပသို့ သွားလာခြင်း မပြုရန်နှင့် ပြင်ပမှ လူများသည်လည်း အဆိုပါနေရာများသို့ ဝင်ရောက်ခြင်းမပြုရန် တီးတိန်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဧပြီလ ၁၉ ရက်က ထုတ်ပြန်ထားသည်။

တီးတိန် ဒေသခံများ အနေဖြင့်လည်း အသက်ကြီးသည့် လူနာများနေပြီး ယခုအတိုင်း ဆက်လက်တိုးနေမည် ဆိုပါက အစိုးရ အနေဖြင့် မည်သို့ စီစဉ်ဆောင်ရွက်မည်နည်းဟု မေးခွန်းထုတ်ကာ စိုးရိမ်မှုရှိနေကြောင်း တီးတိန် ဒေသခံ ဆလိုင်းအားပီ က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးစိုးထက်က “ဒေသခံတွေကတော့ တောင်ယာလုပ်ဖို့ နောက်ကျတယ်တို့၊ ရေတို့၊ မီး တို့ ပြဿနာတွေရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီပြဿနာတွေ ထက်စာရင် ရောဂါကပိုပြီး အရေးကြီးတယ် လို့ သူတို့ကို ရှင်းပြထားတာရှိတယ်။ ရောဂါကူးစက်မှု မဖြစ်အောင် ဒါလေးတော့ လိုက်နာပေး ရမယ်လို့ ကျန်းမာရေး ဝန်ထမ်း တွေကို ရှင်းပြခိုင်းတာတော့ သိပ်ပြီးပြဿနာမရှိပါဘူး”ဟု ပြောဆိုသည်။ https://burma.irrawaddy.com/news/2020/04 /23/221122.html

**************

၂၆။      ပလက်ဝမြို့ခံများနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် အရေးတကြီး လိုအပ်နေဆဲ

April 23, 2020

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ကာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ် ကြုံတွေ့နေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ဆန်အိတ် (၈၀ဝ) ကျော် ပို့ဆောင်နိုင်ခဲ့သော်လည်း ရေ ရှည်စားသောက်ရန် လုံလောက်မှု မရှိကြောင်း ချင်း စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။ အစိုးရအဖွဲ့၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ လှူဒါန်းသော ဆန်အိတ် ၈၃၀ ကို ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ဧပြီ ၁၉ ရက် တွင် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့်  အရောက်ပို့ဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ယင်းပမာဏသည် စစ်ဘေးရှောင်ပြည်သူ ၄၀ဝဝ နီးပါးနှင့် ပလက်ဝမြို့ခံပြည်သူ ၇၀ဝဝ ကျော်၊ ပေါင်း ၁၁၀ဝဝ ကျော်အတွက် ရက်အနည်းငယ်သာ လုံလောက်မည်ဟု ချင်းစစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ Relief and Rehabilitation Committee for Chin IDPs(RRCCI) က ဧပြီလ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

RRCCI မှ ဆလိုင်းဂျွန်ပိုင်နန်းက “အဲဒီဟာက တစ်လတောင်မှ ကောင်းကောင်း စားရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက အဲဒီဒေသ လူတွေနဲ့ အဲဒီ IDPs အကုန်လုံးက အခြေအနေ အရမ်းဆိုးနေတယ်၊ IDPs ပဲ ငတ်နေတာ မဟုတ်ဘူး။ ဒေသမှာ လုံးဝ စားစရာ မရှိဘူး ဆိုတော့၊ မိသားစုက အရေအတွက်လည်း မတူကြတော့ ဒီလောက် ဒီလောက်ရတယ် ဆိုတာ ကလည်း ညီမျှမှာ မဟုတ်ဘူး။ တချို့မှာက အရေအတွက်အလိုက် မိသားစုများရင် များသလို ပေးရတယ်”ဟု ပြောသည်။ လက်ရှိ ပလက်ဝမြို့ပေါ်ရောက် စစ်ဘေးရှောင်ပြည်သူ (၄၀ဝဝ) နီးပါးကို ဘုရားကျောင်း၊ အစိုးရအဆောက်အဦများတွင် အဆင်ပြေသလို နေရာချပေးထားသည်ဟု သိရသည်။ မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းမှတဆင့် ပလက်ဝမြို့သို့ ရိက္ခာဆန် များ သယ်ယူပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း နယ်မြေလုံခြုံရေးအခြေအနေအရ မည်သည့်ကားသမားမျှ ပလက်ဝမြို့သို့ မသွားဝံ့ကြကြောင်း သိရသည်။

ပလက်ဝမြို့နယ်မှာ စစ်ရေးပဋိပက္ခကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို ဆက်သွယ်ရေးအင်တာနက်လိုင်းလည်း ပိတ်ပင်ခံထားရဆဲဖြစ်သည်။ https://www.bnionline.net/mm/news-72371

****************

၂၇။      တောင်ကြီးမြို့နယ် ညအမိန့်မထွက်ရ မလိုက်နာသူ ၈ ဦး ထောင်ဒဏ် ၃ လချ

April 23, 2020

သျှမ်းပြည်နယ်တွင် ည မထွက်ရ အမိန့်ကို ထုတ်ပြန်ပြီးနောက် စည်းကမ်းမလိုက်နာသည့် သူ ၈ ဦးကို ဥပဒေ အရ ထောင်ဒဏ် ၃ လ အမိန့်ချမှတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သူများမှာ ဧပြီ ၂၁ရက် တွင် သက်ဆိုင်ရာက ညကင်းလှည့်နေချိန် စည်းကမ်းမလိုက်နာသည့် အေးသာယာမြို့မှ ၅ ဦး နှင့် တောင်ကြီးမြို့ရှိ အိမ်တော်ရှေ့ ထင်းရှုးတောမှ ၃ ဦး တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။ “အေးသာယာက မနေ့တစ်ခါတည်း အပြီးပျက် တရားရုံးကနေပြီးတော့ ထောင်ဒဏ် ၃ လ အမိန့်ချမှတ် ပြီးဖြစ်ပါတယ်။ အိမ်တော်ရှေ့မှာ တစ်ယောက်ကတော့ အသက်မပြည့်တာ ပါနေတဲ့အတွက် သူ့အသက်ကို စိစစ်နေတယ်” ဟု ဦးဖြိုးမင်းထိုက် က ဆိုသည်။ COVID-19 ကာကွယ်ထိန်းချုပ်သည့် ကာလအတွင်း သျှမ်းပြည်မြို့နယ် အတွင်း ည ၁၀ နာရီ မှ မနက် ၄ နာရီ အတွင်း အပြင်မထွက်ရ အမိန့်ကို ဧပြီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

ထိုကြေညာချက် နောက်ပိုင်း ဧပြီ ၂၁ ရက်နေ့တွင် ထိုသူများသည် စုပေါင်းကာ မူးယစ်သောက်စားမှုပြုလုပ်သဖြင့် ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် ၃ လ အမိန့်ချခံရခြင်းဖြစ်ကြောင်း သိရသည်။ ထိုထဲတွင် အေးသာယာမှ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး ဖြစ်ပြီး တောင်ကြီးမြို့ အိမ်တော်ရှေ့ထင်းရှူးတောတွင် အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး တို့ ပါဝင်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက တရားလိုပြုလုပ်ကာ တိုင်ကြားထားခြင်းဖြစ်သည်။ “အမှုကို တရားစွဲ တိုင်ကြားသူက ကျနော်ပါ။ တရားစွဲ ပုဒ်မကတော့ ညမထွက်ရ အမိန့်ကို ဖီဆန်တာဖြစ်တဲ့အတွက် လိုက်နာခြင်းမရှိတဲ့အတွက် အိမ်ကမထွက်ရအမိန့်ကို ဖောက် ဖျက်တဲ့ ဥပဒေနဲ့ ငြိစွန်းတာဖြစ်တယ်။”ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောသည်။

COVID-19 ကာကွယ်ထိန်းချုပ်မှု ကာလအတွင်း ညမထွက်ရ အမိန့်သည် COVID-19 လူနာ အခြေအနေပေါ်ကြည့်ကာ တိုး၊ လျော့ ရှိလာနိုင်ကြောင်းလည်း သျှမ်းပြည် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကီး ဦးစိုးညွှန့်လွင်က သျှမ်းသံတော်ဆင့်ကို ပြောကြားခဲ့သည်။ https://burmese.shannews.org/archives/16262

*****************

၂၈။      မွန်ပြည်နယ်ရှိ CBFQ  စခန်းတစ်ခု၌ စည်းကမ်းဖောက်ဖျက်သူ ထောင်ဒဏ် သုံးလ ချမှတ်ခံရ

April 23, 2020

မွန်ပြည်နယ် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Community Base Facilities Quarantine-CBFQ စခန်း၌ စည်းကမ်းဖောက်ဖျက်ခဲ့သူတစ်ဦးကို ရေးမြို့နယ် တရားရုံးက ထောင်ဒဏ် (၃) လ ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံမှ ပြန်လာသည့်  ၃၂ နှစ်အရွယ် မျိုးနိုင်ဦး(ခေါ်) မျိုးလှိုင်ဦးဆိုသူမှာ ကျေးရွာ CBFQ စခန်း၌ နေထိုင်စဉ် ဧပြီ ၁၈ ရက်တွင် ကျောင်းပိုင်ပစ္စည်းများဖျက်ဆီးခြင်း၊ ချမှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာ ခြင်းတို့ကြောင့် အရေးယူခံရခြင်း ဖြစ်သည်ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က ပြောသည်။

“စခန်းမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်းလည်း သူက မနေဘူး။ ထွက်ပြေးတယ်။ အိမ်ပြန်သွားတယ်။ ပြန်ခေါ်လာတာ ၂ ခေါက်လောက်ရှိတယ်။ နောက်ပိုင်း ကျောင်းက ခုံတွေကို ရိုက်ချိုးတယ်။ ရေသန့်ဘူးတွေကို ဖျက်ဆီးတယ်။ သူက တရားလွန် တာပါ။ သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ခံတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရော၊ ရဲစခန်းပါ အကြောင်းကြားလိုက်တယ်။ ဥပဒေကို ချိုးဖောက်လို့ ဆိုပြီး ထောင် (၃)လ ချခံလိုက်ရတယ်”ဟု ကော့ဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မောင်က ဆိုသည်။ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ယင်းကို ထောင်ဒဏ် (၃) လ ကျခံစေရန် ရေးမြို့နယ်တရားရုံးက ဧပြီ ၂၁ ရက် တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကော့ဒွတ်ကျေးရွာ CBFQ တွင် ဝင်ရောက်နေထိုင်ခဲ့သူ အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၈) ဦး ပေါင်း (၁၆) ဦး မှာ ယခုအခါ သတ်မှတ်ရက်ပြည့်သဖြင့် နေအိမ်အသီးသီးပြန်သွားကြပြီဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ https://www.bnionli ne.net/mm/news-72376

 

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

 

*** ပြီး ***