• Today is: Friday, March 29, 2024

၂၀၂၀ အလြန္ မာတိကာ

Unicode

၂၀၂၀ အလွန် မာတိကာ

၂၀၂၀ ရွေးကောက်ပွဲဟာ ဝိရောဓိတွေ ရှိနေလင့်ကစား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ၂၀၁၅ ကထက် ပိုမိုသော ရာခိုင်နှုန်းအနိုင်နဲ့အတူ ပြီးဆုံးခဲ့ပြီးပဲဖြစ်တယ်။ ဒီရလာဒ်ကို ‘အနိုင်}ဆိုတဲ့ စကားလုံးထက် ‘]တာဝန်} အပ်နှင်းခံရခြင်းလို့ ယူဆရင် ပိုမိုကောင်းမွန်မယ်လို့ ယူဆမိတယ်။ ဒါဆို ဘာတာဝန်တွေဖြစ်မလဲဆိုတာ တစ်ချက်ကြည့်ကြမယ်ဆိုရင်၊ ပထမအချက်အနေနဲ့က ငြိမ်းချမ်းရေး တည်ဆောက်မှု၊ ဒုတိယ အချက်အနေနဲ့ကတော့ ဖက်ဒရယ်လမ်းစဉ်နဲ့ တတိယအနေနဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးမှုရလဒ် ဖြစ်ပေါ်လာအောင်လုပ်ဆောင်ရေးတွေပဲဖြစ်တယ်လို့ မြင်လို့/ပြောလို့ ရပါမယ်။
ပထမအချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာကလဲ အပြောလွယ်သလောက် အရွေ့မှာ ခက်ပါတယ်။ ၂၀၁၀ ကနေ စတင်ခဲ့တဲ့ မြန်မာ့နွေဦးဟာ ဘယ် ထိရောက်နေပြီလဲ ကျွန်တော်တို့ မျက်ခြေ မပြတ်ဖို့လို သလို ဒေသတွင်းလိုလားချက်ကရော ဘယ်လိုနွေဦး လဲ။ ကျွန်တော်တို့ဖန်တီးနိုင်တာ ရှိသလား။ ဖန်တီးလို့ မရတဲ့ အချက်တွေကိုရော ဘယ်လိုတွန်းကြမလဲ တွေးစရာတွေနဲ့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အဓိကçကတော့ အနိုင်ရအစိုးရကနေ သဘောထားကြီး ပြဖို့ အင်မတန် လိုပါတယ်။ မြေပြင်မှာ ငြိမ်းချမ်းရေးမရ သေးရင်တောင် စားပွဲဝိုင်းပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်း ရေးရဖို့ ပထမအဆင့်အနေနဲ့ အရေးကြီးပါတယ်။ မကြာသေးမီတုန်းက တိုင်းရင်းသားပါတီတွေကို လိပ်မူ ပြီး ပေးပို့တဲ့ ပေးစာတွေလိုမျိုးဟာ ဒီလိုလုပ်ဆောင်မှု မျိုးမှာ ပါပါတယ်။ ကြိုဆိုရမှာပါ။ နောက်ပြီး ရွေး ကောက်ပွဲ အနိုင်မရတဲ့ ပါတီတွေကို ဘေးဖယ်ထားတာ မျိုးမဟုတ်ဘဲ အားလုံးပါဝင်တဲ့ စကားဝိုင်းမျိုး၊ အနည်း ဆုံး အလွတ်သဘော ဖိတ်ကြားပြောဆိုခွင့်ပြုတာမျိုး ဟာ တစ်မျိုးသားလုံးငြိမ်းချမ်းရေးရဖို့ အရေးပါ တဲ့ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့မြင်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်နိုင်ငံရေး လို့ခေါ်လို့ရမယ့် ဖြစ်ပျက်မှုတွေကို သရုပ်ခွဲ ကြည့်ကြ မယ်ဆိုရင် Identity Politic လို့ခေါ်တဲ့ ‘]ဇာတိသညာ နိုင်ငံရေး}ကို ပစ်ပယ်ထားလို့ရမယ် မထင်ပါဘူး။ ]သမိုင်းနိဂုံးနဲ့နောက်ဆုံးလူ} ဆိုတဲ့ စာအုပ်ရေးသားခဲ့တဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖရန်စစ်ဖူကူယားမားရဲ့ Identity ဆိုတဲ့ စာအုပ်ထဲမှာ ]ဇာတိသညာ}ဆိုတာ လူသားရဲ့အရေးပါမှုကို အများမှအသိမှတ်ပြုခံလိုခြင်း (ဝါ) အများနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေကို နိုင်ငံ ရေးရည်မှန်းချက်ထားကာ ဂုဏ်သိက္ခာရှိလိုခြင်း ပဓာန ဝါဒအား ဖြန့်ကျက်လာခြင်းလို့ ဖွင့်ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံဟာလည်း မတူညီတဲ့ ဇာတိသညာတွေ ပေါင်းစည်းထားတဲ့နိုင်ငံ။ ခုဖြစ်ပျက်နေတာတွေကလဲ နှစ်ပေါင်းများစွာ မတူကွဲပြားမှုကို မျိုသိပ်ထားခဲ့ရာ ကနေ နိုင်ငံရေးအရ ဆင့်ကဲပြောင်းလဲမှုအရွေ့မှာ ပြည်တည်နာ ပေါက်သွားတဲ့ အခြေအနေလို့ ပြောရရင် မှားအံ့မထင်ဘူး။ အနာရှိရင်၊ ဆေးရှိရမယ်။ နိုင်ငံရေး အနာကို နိုင်ငံရေးဆေးနဲ့ကုရမယ်။ ဒါမှလဲ စစ်မှန်တဲ့၊ ရေရှည်တည်တံ့မယ့် ဖက်ဒရယ်နိုင်ငံတော်သစ်ရဲ့ အုတ်မြစ်တွေချနိုင်မှာ ဖြစ်တယ်။ ဒီအတွက် လုပ်စရာ တော့ အများကြီးရှိပါမယ်။ ပြန်လည်တည်ဆောက် ရမှာလဲ ရှိမယ်။ ပြန်လည် ညှိနှိုင်းဖို့လဲရှိရမယ်ပေါ့လေ။
နောက်တစ်ခုဖြစ်တဲ့ ဖက်ဒရယ်လမ်းစဉ်နဲ့ ဒီမိုကရေစီအပိုင်းကို ပြောရရင် ‘]တတိယလှိုင်း} ဆိုတဲ့ စာအုပ်ပြုစုခဲ့တဲ့ ပါမောက္ခ ဟန်တင်တန် ပြောခဲ့သလို ၁၉၇၀ ကနေ ၂၀ဝ၀ ပြည့်နှစ်အတောအတွင်း နိုင်ငံရေး ဖွဲ့စည်းပုံ အပြောင်းအလဲနဲ့အတူ လစ်ဘရယ်ဒီမိုကရေစီ ဆိုတာ လူတိုင်းကြိုက်တဲ့ နှင်းဆီဖြစ်လာသလို နိစ္စဓူဝ ခေါင်းစဉ်တစ်ခုလည်း ဖြစ်လာတယ်။ ဒီလို အခြေအနေ စီးပွားရေးပုံစံနဲ့အတူ အပြန်အလှန် မှီခိုမှု၊ ဒွေးရော ယှက်တင်ဖြစ်မှုများ မြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာ ဆက်နွယ်ခြင်း (globalization) ထွန်းကားလာပါ တယ်။
ဒီနေရာမှာ ဒီမိုကရေစီကတော့ လူတိုင်းသိပြီး သားမို့ ထားပါတော့။ လစ်ဘရယ်ကိုရော ဘယ်လို ဖွင့်ဆိုကြမလဲဆိုတဲ့နေရာမှာ လစ်ဘရယ်ဆိုတာ ]လွတ်လပ်မျှတမှု} ဆိုတဲ့ ဖူကူးယားမားရဲ့ဖွင့်ဆိုချက်ကို နှစ်သက်မိပါတယ်။ ဒီလိုဆိုရင် မြန်မာပြည်မှာရော လွတ်လပ်မျှတမှု ဘယ်လိုအခြေအနေလဲဆိုတာ ကြည့်ရရင် ရွေးကောက်ခံအစိုးရရဲ့ ၂၀၂၀ ရွေးကောက် ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာစာတမ်းထဲမှာမှ အဓိကကျတဲ့ အချက် ၃ ခုထဲက ဒုတိယမြောက်မှာ ]စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် ရေး} လို့ ကြေညာထားတယ်။ အဲဒီ ‘]စစ်မှန်သော} ကို လစ်ဘရယ်စံနှုန်းပဲလို့ ဖလှယ်လို့ရမလား တွေးကြည့် တော့ လက်တွေ့ကျမှုနဲ့ပဲ ဖွင့်ဆိုရမယ်လို အဖြေထွက် ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံအနှံ့က ဒေသတွေမှာ လစ်ဘရယ် စံတန်ဖိုးနဲ့ညီတဲ့ ဒီမိုကရေစီထွန်းကားဖို့ ဆိုတာ စစ်မှန်သော (ဝါ) လွတ်လပ်မျှတမှုက အရေး ကြီးပါတယ်။ ထပ်ဆင့်ဖွင့်ဆိုရရင် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစရှိတဲ့ ပြည်ထောင်စုမူတွေပါ ကျွဲကူးရေပါ ပါလာမှာပဲ ဖြစ်တယ်။
နောက်ဆုံးပိုင်းအနေနဲ့ ဖွံ့ဖြိုးမှုကို ပြောရရင် ဒီစကားလုံးဟာ မြန်မာပြည်မှာမှီတင်းတဲ့ သူတွေ အဆာငတ်ဆုံးနဲ့ မရရှိခဲ့ဆုံးပဲဖြစ်တယ်။ ခွဲခြား ပြောဆိုတာမဟုတ်ဘဲ သုံးသပ်ပြောရရင် တိုင်းရင်းသား ဒေသနဲ့ နယ်စွန် နယ်ဖြားတွေမှာ အလိုအပ်ဆုံးပဲဖြစ် တယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲ ကတိကဝတ် အနေနဲ့ မဲဆွယ်စဉ်အတွင်းတွင် ကိုယ်စားလှယ်လောင်း များမှ အထူးသဖြင့် နယ်ဖက်တွင် ]ဘာဆောက်ပေး မည်၊ ညာခင်းပေးမည်} စသည်တို့ကို မဲဆွယ် မက် ဆေ့ချ်ဖြင့်ပင် သုံးကြသည်ကို တွေ့ရလေသည်။ (နိုင်ငံ ရေး နားလည်ပါသည်ဆိုသူများမှပင် ထိုသို့သော ဖြစ်နိုင်ခြင်း/မဖြစ်ခြင်းစသည်တို့ထက်၊ ထိုသို့သော ]ကတိကဝတ်}အား အားပေးအားမြှောက်လုပ်ကြသည် ကို အံ့အားသင့်ဖွယ် တွေ့မြင်ခဲ့ရပါသည်။)
ဖွံ့ဖြိုးရေးဆိုရာတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဖြစ်ဖို့လိုပါသည်။ ဒီနှစ်ခင်း နောက်နှစ်ပျက် သော လမ်းမျိုး၊ ဒီနှစ်တော့အဆင်ပြေ နောက်နှစ် အတွက်တော့ ရင်းဖို့လိုသော စိုက်ခင်းမျိုး စသည်တို့ မဖြစ်ဖို့ လိုအပ်ပါမည်။ ကုန်ထုတ်လုပ်ငန်းအတွက် တည်ငြိမ်သောဈေးကွက်မျိုးရှိဖို့ ဖန်တီးဖို့လိုပါမည်။ ゞင်းတို့အား အခြေခံကာ လူလတ်တန်းစား များပြား လာဖို့ ကြိုးစားဖို့လိုပါမည်။ ဒီအတွက် ဖွံ့ဖြိုးမှုကို အားသန်စေသည့် အင်စတီကျူးရှင်းများ ဖြစ်ဖို့၊ရှိဖို့ လိုပါမည်။ ပါမောက္ခ ဟန်တင်တန်က အင်စတီးကျူး ရှင်းတွေဆိုတာ တည်ငြိမ်သော နိုင်ငံရေးအုတ်မြစ်လို့ ဆိုခဲ့တာမို့လား။
ဆိုတော့ အနှစ်ချုပ်ပြောရရင် မြန်မာပြည်ဟာ ဖက်ဒရယ်လမ်းစဉ်အပေါ်အခြေခံ မတည်ဆောက်လျှင် ၂၀၃၀ အလွန် ၂၀၅၀ ဝန်းကျင်ဆိုလျှင် ကျရှုံးနိုင်ငံ ဖြစ်မည်မလွဲလို့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ရှိပါ တယ်။ မှန်တာမမှန်တာကတပိုင်း။ စမ်းသပ်ဖို့ကတော့ မလိုပါ။ လုပ်လို့ရတဲ့ လွယ်တဲ့အရာတွေ အရင် ကိုင် တွယ်ဖို့ လိုပါမယ်။ ဒီလိုနေရာမှာ အစိုးရက အရေးကြီး ပါတယ်။ သဘောထားကြီးဖို့၊ လက်ကမ်းဖို့ လိုပါလိမ့် မယ်။ ဒါ့အပြင် စိတ်ရှည်ဖို့လည်းလိုမယ်။ အဓိက အကျဆုံး ကတော့ အစိုးရယန္တရားမှာ လူမှန်၊နေရာမှန် ထည့် သွင်းဖို့လိုလိမ့်မယ်။
ဒဲရစ်
ကိုးကား
– Fransic Fukuyama, “Identity”. Profile Book Ltd. Great Britain, 2018.
– Samuel P. Huntington, “Political Scientist, Is Dead”. The New York Times.
– Harari, Yuval N. (2018). 21 lessons for the 21st century (First ed.). New York.

Zawgyi

၂၀၂၀ အလြန္ မာတိကာ

၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ဝိေရာဓိေတြ ရွိေနလင့္ကစား အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကေန ၂၀၁၅ ကထက္ ပိုမိုေသာ ရာခိုင္ႏႈန္းအႏိုင္နဲ႔အတူ ၿပီးဆံုးခဲ့ၿပီးပဲျဖစ္တယ္။ ဒီရလာဒ္ကို ‘အႏိုင္}ဆိုတဲ့ စကားလံုးထက္ ‘]တာဝန္} အပ္ႏွင္းခံရျခင္းလို႔ ယူဆရင္ ပိုမိုေကာင္းမြန္မယ္လို႔ ယူဆမိတယ္။ ဒါဆို ဘာတာဝန္ေတြျဖစ္မလဲဆိုတာ တစ္ခ်က္ၾကည့္ၾကမယ္ဆိုရင္၊ ပထမအခ်က္အေနနဲ႔က ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈ၊ ဒုတိယ အခ်က္အေနနဲ႔ကေတာ့ ဖက္ဒရယ္လမ္းစဥ္နဲ႔ တတိယအေနနဲ႔ က႑အသီးသီးမွာ ဖြံ႕ၿဖိဳးမႈရလဒ္ ျဖစ္ေပၚလာေအာင္လုပ္ေဆာင္ေရးေတြပဲျဖစ္တယ္လို႔ ျမင္လို႔/ေျပာလို႔ ရပါမယ္။
ပထမအခ်က္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးဆိုတာကလဲ အေျပာလြယ္သေလာက္ အေရြ႕မွာ ခက္ပါတယ္။ ၂၀၁၀ ကေန စတင္ခဲ့တဲ့ ျမန္မာ့ေႏြဦးဟာ ဘယ္ ထိေရာက္ေနၿပီလဲ ကြၽန္ေတာ္တို႔ မ်က္ေျခ မျပတ္ဖို႔လို သလို ေဒသတြင္းလိုလားခ်က္ကေရာ ဘယ္လိုေႏြဦး လဲ။ ကြၽန္ေတာ္တို႔ဖန္တီးႏိုင္တာ ရွိသလား။ ဖန္တီးလို႔ မရတဲ့ အခ်က္ေတြကိုေရာ ဘယ္လိုတြန္းၾကမလဲ ေတြးစရာေတြနဲ႔ လုပ္စရာေတြ အမ်ားႀကီး ရွိပါတယ္။ အဓိကçကေတာ့ အႏိုင္ရအစိုးရကေန သေဘာထားႀကီး ျပဖို႔ အင္မတန္ လိုပါတယ္။ ေျမျပင္မွာ ၿငိမ္းခ်မ္းေရးမရ ေသးရင္ေတာင္ စားပြဲဝိုင္းေပၚမွာ စစ္မွန္တဲ့ ၿငိမ္းခ်မ္း ေရးရဖို႔ ပထမအဆင့္အေနနဲ႔ အေရးႀကီးပါတယ္။ မၾကာေသးမီတုန္းက တိုင္းရင္းသားပါတီေတြကို လိပ္မူ ၿပီး ေပးပို႔တဲ့ ေပးစာေတြလိုမ်ိဳးဟာ ဒီလိုလုပ္ေဆာင္မႈ မ်ိဳးမွာ ပါပါတယ္။ ႀကိဳဆိုရမွာပါ။ ေနာက္ၿပီး ေရြး ေကာက္ပြဲ အႏိုင္မရတဲ့ ပါတီေတြကို ေဘးဖယ္ထားတာ မ်ိဳးမဟုတ္ဘဲ အားလံုးပါဝင္တဲ့ စကားဝိုင္းမ်ိဳး၊ အနည္း ဆံုး အလြတ္သေဘာ ဖိတ္ၾကားေျပာဆိုခြင့္ျပဳတာမ်ိဳး ဟာ တစ္မ်ိဳးသားလံုးၿငိမ္းခ်မ္းေရးရဖို႔ အေရးပါ တဲ့ လုပ္ေဆာင္သင့္တဲ့ လုပ္ေဆာင္ခ်က္လို႔ျမင္ပါတယ္။
ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေခတ္ၿပိဳင္ႏိုင္ငံေရး လို႔ေခၚလို႔ရမယ့္ ျဖစ္ပ်က္မႈေတြကို သ႐ုပ္ခြဲ ၾကည့္ၾက မယ္ဆိုရင္ Identity Politic လို႔ေခၚတဲ့ ‘]ဇာတိသညာ ႏိုင္ငံေရး}ကို ပစ္ပယ္ထားလို႔ရမယ္ မထင္ပါဘူး။ ]သမိုင္းနိဂံုးနဲ႔ေနာက္ဆံုးလူ} ဆိုတဲ့ စာအုပ္ေရးသားခဲ့တဲ့ ႏိုင္ငံေရးသိပၸံပါေမာကၡ ဖရန္စစ္ဖူကူယားမားရဲ႕ Identity ဆိုတဲ့ စာအုပ္ထဲမွာ ]ဇာတိသညာ}ဆိုတာ လူသားရဲ႕အေရးပါမႈကို အမ်ားမွအသိမွတ္ျပဳခံလိုျခင္း (ဝါ) အမ်ားနဲ႔ သက္ဆိုင္တဲ့ လကၡဏာေတြကို ႏိုင္ငံ ေရးရည္မွန္းခ်က္ထားကာ ဂုဏ္သိကၡာရွိလိုျခင္း ပဓာန ဝါဒအား ျဖန္႔က်က္လာျခင္းလို႔ ဖြင့္ဆိုပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံဟာလည္း မတူညီတဲ့ ဇာတိသညာေတြ ေပါင္းစည္းထားတဲ့ႏိုင္ငံ။ ခုျဖစ္ပ်က္ေနတာေတြကလဲ ႏွစ္ေပါင္းမ်ားစြာ မတူကြဲျပားမႈကို မ်ိဳသိပ္ထားခဲ့ရာ ကေန ႏိုင္ငံေရးအရ ဆင့္ကဲေျပာင္းလဲမႈအေရြ႕မွာ ျပည္တည္နာ ေပါက္သြားတဲ့ အေျခအေနလို႔ ေျပာရရင္ မွားအံ့မထင္ဘူး။ အနာရွိရင္၊ ေဆးရွိရမယ္။ ႏိုင္ငံေရး အနာကို ႏိုင္ငံေရးေဆးနဲ႔ကုရမယ္။ ဒါမွလဲ စစ္မွန္တဲ့၊ ေရရွည္တည္တံ့မယ့္ ဖက္ဒရယ္ႏိုင္ငံေတာ္သစ္ရဲ႕ အုတ္ျမစ္ေတြခ်ႏိုင္မွာ ျဖစ္တယ္။ ဒီအတြက္ လုပ္စရာ ေတာ့ အမ်ားႀကီးရွိပါမယ္။ ျပန္လည္တည္ေဆာက္ ရမွာလဲ ရွိမယ္။ ျပန္လည္ ညႇိႏိႈင္းဖို႔လဲရွိရမယ္ေပါ့ေလ။
ေနာက္တစ္ခုျဖစ္တဲ့ ဖက္ဒရယ္လမ္းစဥ္နဲ႔ ဒီမိုကေရစီအပိုင္းကို ေျပာရရင္ ‘]တတိယလိႈင္း} ဆိုတဲ့ စာအုပ္ျပဳစုခဲ့တဲ့ ပါေမာကၡ ဟန္တင္တန္ ေျပာခဲ့သလို ၁၉၇၀ ကေန ၂၀ဝ၀ ျပည့္ႏွစ္အေတာအတြင္း ႏိုင္ငံေရး ဖြဲ႕စည္းပံု အေျပာင္းအလဲနဲ႔အတူ လစ္ဘရယ္ဒီမိုကေရစီ ဆိုတာ လူတိုင္းႀကိဳက္တဲ့ ႏွင္းဆီျဖစ္လာသလို နိစၥဓူဝ ေခါင္းစဥ္တစ္ခုလည္း ျဖစ္လာတယ္။ ဒီလို အေျခအေန စီးပြားေရးပံုစံနဲ႔အတူ အျပန္အလွန္ မွီခိုမႈ၊ ေဒြးေရာ ယွက္တင္ျဖစ္မႈမ်ား ျမင့္တက္လာၿပီး ကမၻာလံုးဆိုင္ရာ ဆက္ႏြယ္ျခင္း (globalization) ထြန္းကားလာပါ တယ္။
ဒီေနရာမွာ ဒီမိုကေရစီကေတာ့ လူတိုင္းသိၿပီး သားမို႔ ထားပါေတာ့။ လစ္ဘရယ္ကိုေရာ ဘယ္လို ဖြင့္ဆိုၾကမလဲဆိုတဲ့ေနရာမွာ လစ္ဘရယ္ဆိုတာ ]လြတ္လပ္မွ်တမႈ} ဆိုတဲ့ ဖူကူးယားမားရဲ႕ဖြင့္ဆိုခ်က္ကို ႏွစ္သက္မိပါတယ္။ ဒီလိုဆိုရင္ ျမန္မာျပည္မွာေရာ လြတ္လပ္မွ်တမႈ ဘယ္လိုအေျခအေနလဲဆိုတာ ၾကည့္ရရင္ ေရြးေကာက္ခံအစိုးရရဲ႕ ၂၀၂၀ ေရြးေကာက္ ပြဲအတြက္ ထုတ္ျပန္ခဲ့တဲ့ ေၾကညာစာတမ္းထဲမွာမွ အဓိကက်တဲ့ အခ်က္ ၃ ခုထဲက ဒုတိယေျမာက္မွာ ]စစ္မွန္ေသာ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ျဖစ္ထြန္းေစမည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ေပၚေပါက္ ေရး} လို႔ ေၾကညာထားတယ္။ အဲဒီ ‘]စစ္မွန္ေသာ} ကို လစ္ဘရယ္စံႏႈန္းပဲလို႔ ဖလွယ္လို႔ရမလား ေတြးၾကည့္ ေတာ့ လက္ေတြ႕က်မႈနဲ႔ပဲ ဖြင့္ဆိုရမယ္လို အေျဖထြက္ ပါတယ္။ ဟုတ္ပါတယ္။ ႏိုင္ငံအႏွံ႔က ေဒသေတြမွာ လစ္ဘရယ္ စံတန္ဖိုးနဲ႔ညီတဲ့ ဒီမိုကေရစီထြန္းကားဖို႔ ဆိုတာ စစ္မွန္ေသာ (ဝါ) လြတ္လပ္မွ်တမႈက အေရး ႀကီးပါတယ္။ ထပ္ဆင့္ဖြင့္ဆိုရရင္ တန္းတူရည္တူရွိမႈ၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အစရွိတဲ့ ျပည္ေထာင္စုမူေတြပါ ကြၽဲကူးေရပါ ပါလာမွာပဲ ျဖစ္တယ္။
ေနာက္ဆံုးပိုင္းအေနနဲ႔ ဖြံ႕ၿဖိဳးမႈကို ေျပာရရင္ ဒီစကားလံုးဟာ ျမန္မာျပည္မွာမွီတင္းတဲ့ သူေတြ အဆာငတ္ဆံုးနဲ႔ မရရွိခဲ့ဆံုးပဲျဖစ္တယ္။ ခြဲျခား ေျပာဆိုတာမဟုတ္ဘဲ သံုးသပ္ေျပာရရင္ တိုင္းရင္းသား ေဒသနဲ႔ နယ္စြန္ နယ္ျဖားေတြမွာ အလိုအပ္ဆံုးပဲျဖစ္ တယ္။ ဒီအတြက္ေၾကာင့္ ေ႐ြးေကာက္ပြဲ ကတိကဝတ္ အေနနဲ႔ မဲဆြယ္စဥ္အတြင္းတြင္ ကိုယ္စားလွယ္ေလာင္း မ်ားမွ အထူးသျဖင့္ နယ္ဖက္တြင္ ]ဘာေဆာက္ေပး မည္၊ ညာခင္းေပးမည္} စသည္တို႔ကို မဲဆြယ္ မက္ ေဆ့ခ်္ျဖင့္ပင္ သံုးၾကသည္ကို ေတြ႕ရေလသည္။ (ႏိုင္ငံ ေရး နားလည္ပါသည္ဆိုသူမ်ားမွပင္ ထိုသို႔ေသာ ျဖစ္ႏိုင္ျခင္း/မျဖစ္ျခင္းစသည္တို႔ထက္၊ ထိုသို႔ေသာ ]ကတိကဝတ္}အား အားေပးအားေျမႇာက္လုပ္ၾကသည္ ကို အံ့အားသင့္ဖြယ္ ေတြ႕ျမင္ခဲ့ရပါသည္။)
ဖြံ႕ၿဖိဳးေရးဆိုရာတြင္ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးေရးျဖစ္ဖို႔လိုပါသည္။ ဒီႏွစ္ခင္း ေနာက္ႏွစ္ပ်က္ ေသာ လမ္းမ်ိဳး၊ ဒီႏွစ္ေတာ့အဆင္ေျပ ေနာက္ႏွစ္ အတြက္ေတာ့ ရင္းဖို႔လိုေသာ စိုက္ခင္းမ်ိဳး စသည္တို႔ မျဖစ္ဖို႔ လိုအပ္ပါမည္။ ကုန္ထုတ္လုပ္ငန္းအတြက္ တည္ၿငိမ္ေသာေဈးကြက္မ်ိဳးရွိဖို႔ ဖန္တီးဖို႔လိုပါမည္။ ゞင္းတို႔အား အေျခခံကာ လူလတ္တန္းစား မ်ားျပား လာဖို႔ ႀကိဳးစားဖို႔လိုပါမည္။ ဒီအတြက္ ဖြံ႕ၿဖိဳးမႈကို အားသန္ေစသည့္ အင္စတီက်ဴးရွင္းမ်ား ျဖစ္ဖို႔၊ရွိဖို႔ လိုပါမည္။ ပါေမာကၡ ဟန္တင္တန္က အင္စတီးက်ဴး ရွင္းေတြဆိုတာ တည္ၿငိမ္ေသာ ႏိုင္ငံေရးအုတ္ျမစ္လို႔ ဆိုခဲ့တာမို႔လား။
ဆိုေတာ့ အႏွစ္ခ်ဳပ္ေျပာရရင္ ျမန္မာျပည္ဟာ ဖက္ဒရယ္လမ္းစဥ္အေပၚအေျခခံ မတည္ေဆာက္လွ်င္ ၂၀၃၀ အလြန္ ၂၀၅၀ ဝန္းက်င္ဆိုလွ်င္ က်႐ံႈးႏိုင္ငံ ျဖစ္မည္မလြဲလို႔ ပညာရွင္ေတြရဲ႕ သံုးသပ္ခ်က္ေတြ ရွိပါ တယ္။ မွန္တာမမွန္တာကတပိုင္း။ စမ္းသပ္ဖို႔ကေတာ့ မလိုပါ။ လုပ္လို႔ရတဲ့ လြယ္တဲ့အရာေတြ အရင္ ကိုင္ တြယ္ဖို႔ လိုပါမယ္။ ဒီလိုေနရာမွာ အစိုးရက အေရးႀကီး ပါတယ္။ သေဘာထားႀကီးဖို႔၊ လက္ကမ္းဖို႔ လိုပါလိမ့္ မယ္။ ဒါ့အျပင္ စိတ္ရွည္ဖို႔လည္းလိုမယ္။ အဓိက အက်ဆံုး ကေတာ့ အစိုးရယႏၱရားမွာ လူမွန္၊ေနရာမွန္ ထည့္ သြင္းဖို႔လိုလိမ့္မယ္။
ဒဲရစ္
ကိုးကား
– Fransic Fukuyama, “Identity”. Profile Book Ltd. Great Britain, 2018.
– Samuel P. Huntington, “Political Scientist, Is Dead”. The New York Times.
– Harari, Yuval N. (2018). 21 lessons for the 21st century (First ed.). New York.