• Today is: Friday, March 29, 2024

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၂၁ရာစုပင်လုံ

  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699
  • 699

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ  ပထမအကြိမ်အစည်းအဝေး ကျင်းပ

.

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ  ပထမ အကြိမ် အစည်းအဝေးကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC- II)၊ နေပြည်တော်၌  ၂၀၁၆ ခုနှစ်  သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ကျင်းပလျှက်ရှိရာ ၊  စက်တင်ဘာလ ၄ ရက်နေ့ထိ ကျင်းပမည်ဟု လျာထားကြောင်း သိရသည်။
.
အဆိုပါပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ   ပထမ အစည်းအဝေးပွဲတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသည့် UNFC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အနိုင်ရ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ အရက်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတစ်ကာ သံတမန်အပါအဝင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ အစိုးရအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြသည်။
 .
သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုများကြောင့် KNU ၊ DKBA၊ KNU/KNLA- PC၊ ABSDF၊ CNF ၊ PNLO ၊ ALP ၊ RCSS တို့က NCA လက်မှတ်ရေးထိုးခဲ့ပြီး NCA စာချုပ်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့မှ ဆက်လက် အကောင် အထည်  ဖ်ာနေခြင်းဖြစ်သည်။
.
“NCA နဲ့ ပတ်သတ်လို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေ ရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်းရှိနေပါသေးတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီး ပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွတ်သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့ အစိုးရသစ်လက်ထက်မှာ NCA လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူး အလေးထားပြီး ဆောင်ရွတ်လျှက် ရှိပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းအခန်းအနားပွဲ အဖွင့်မိန့်ခွန်းပြောကြားရင်တွင် ထည့်သွင်း  ပြောကြားခဲ့သည်။