• Today is: Wednesday, September 30, 2020
Federal Journal
August25/ 2020

Zawgyi

ယတိျပတ္မွၿငိမ္းခ်မ္းေရးႏွင့္ တိုက္႐ိုက္ဆက္စပ္လံုျခံဳေရး က႑အဖြင့္

(၁)
ျပည္ေထာင္စုျငိမ္းခ်မ္းေရးညီလာခံ ၂၁- ရာစုပင္လံု (စတုတၳအႀကိမ္)ကို ယခုႀသဂုတ္လ ထဲတြင္ က်င္းပေတာ့မည္။ ကိုဗစ္ကာလႀကီးထဲမွာမို႔ ေခတ္ျပိဳင္သမိုင္း၌ေတာ့ အခ်ိန္ကာလအေပၚ မွတ္မွတ္သားသား ေျပာစမွတ္ ဝင္ေပမည္။ ေနာက္တစ္ခ်က္က ဒုတိယအႀကိမ္လႊတ္ေတာ္မ်ား သက္တမ္းတြင္ ယခုအႀကိမ္ကေနာက္ဆံုးျဖစ္ျပီး ေနာက္ထပ္ တစ္ခ်က္က ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲႀကီးအႀကိဳလည္း ျဖစ္ေနျခင္းပင္။
ဤညီလာခံႀကီး၏ အဓိကရည္မွန္းခ်က္မွာ “ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စု”ဟူ၍ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) အခန္း(၁)၊ အပိုဒ္ (၁)၊ အပိုဒ္ခြဲ(၁) တြင္ ေဖာ္ျပပါရွိသည္။ NCA မွ တစ္ဆင့္ လက္ရွိျငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ခ်ိတ္ဆက္၍ ဤအဓိကရည္မွန္းခ်က္ဆီေပါက္ေျမာက္ ေရာက္ရွိ ေရးသည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူ႔အနာဂတ္ကို တိုက္ ႐ိုက္ အခ်ိဳးက်ခ်က္လည္းျဖစ္သည္။ ဒီမိုကေရစီစနစ္ႏွင့္ ဖက္ဒရယ္စနစ္… ဘယ္ေလာက္နီးျပီလဲ၊ ဘယ္ေလာက္ ေရာက္ၿပီလဲ၊ ဘယ္ေလာက္ေဝးေသးလဲ… ။ ျပည္ ေထာင္စုသည္ ဘယ္လိုေနရာဆီ ဆက္လက္ေရြ႕လ်ား ေနသည္လဲ။ ေမးခြန္းေတြ မ်ားစြာ၊ နည္းလမ္းေတြ မ်ားစြာမွာ လက္ရွိ ပကတိကိုအေျခခံေသာ အရွိ (Reality) အေပၚ အရွိအတိုင္းျမင္ႀကမွ တိုးတက္ေပ မည္။ လက္ရွိအရွိကေနသာ သြားေနႀကသည္ကသာ ခရီးပိုေပါက္ၿမဲဟူသည့္ ေလာကဓမၼတာနိယာမက ဆိုးေကာင္းေၾကာင္းက်ိဳး ျပခဲ့၊ ျပေနသည္။

(၂)
လက္ရွိအစိုးရႏွင့္ ဒုတိယအႀကိမ္လႊတ္ေတာ္မ်ား သက္တမ္းအတြင္း က်င္းပခဲ့ျပီးေသာ ညီလာခံအႀကိမ္ ၃ ႀကိမ္တြင္ ဖက္ဒရယ္ဆိုင္ရာအခ်က္အလက္မ်ားအေပၚ ညႇိႏိႈင္းေဆြးေႏြးခဲ့ၾကရာ အခ်က္ေပါင္း ၅၁ ခ်က္ သေဘာတူညီမႈရရွိခဲ့ၿပီး ျပည္ေထာင္စုလႊတ္ေတာ္၌ မွတ္တမ္းတင္အတည္ျပဳႏိုင္ခဲ့ျပီးျဖစ္သည္။ ဒါကို မွန္မွန္အေရြ႕ျဖစ္ေပၚတိုးတက္မႈ (Progressive Realization) ဟု ျမင္ႀကသူမ်ား၊ နည္းပါးေသးသည္ ဟု အားမလိုအားမရျဖစ္သူမ်ား၊ အလယ္အလတ္ သေဘာထားသူမ်ား၊ ေစာင့္ႀကည့္သူမ်ား .. အမ်ိဳးမ်ိဳး ရွိႀကသည္။ ႏွစ္ ၇၀ ျပည္တြင္းစစ္ႏွင့္ လက္နက္ကိုင္ ပဋိပကၡဆိုသည့္အခ်က္၊ တိုင္းရင္းသားမ်ိဳးႏြယ္စု အမ်ားအျပားဆိုသည့္အခ်က္၊ တျခားတျခားေသာ၊ မ်ားစြာေသာ ေျပာေနက် အခ်က္ေတြကိုလည္း ထည့္ သြင္းႀကည့္ျမင္ပါ၊ ယတိေတာ့လည္း ပိုျပတ္ေပးႀကပါ၊ ပိုပိုျပတ္ေပးၾကပါဟု Stake Holders မ်ားအားလံုးကို ထပ္မံေတာင္းဆိုအပ္ပါ၏။ (ဤက စကားခ်ပ္ျဖစ္ သည္)။
သေဘာတူအတည္ျပဳ ၅၁ ခ်က္လံုးသည္ကေတာ့ ဖက္ဒရယ္ဆိုင္ရာ ႏိုင္ငံေရးေခါင္းစဥ္ေအာက္က အခ်က္မ်ားခ်ည္းပဲျဖစ္ပါသည္။ ကိုယ္ပိုင္ျပ႒ာန္း ခြင့္ဆိုင္ရာေတြထဲမွတခ်ိဳ႕ျဖစ္ႀကေသာ အုပ္ခ်ဳပ္ေရးႏွင့္ စီမံခန္႔ခြဲမႈဆိုင္ရာေတြထဲက ျဖစ္ၾကသည္။ တခ်ိဳ႕ ဟူသည္ တခ်ိဳ႕ဟုသာ ဆိုလိုေသးျခင္း၊ ေျပာ၍ရေသး ျခင္းကိုေတာ့ သတိျပဳပါ။
မူရင္းမူလရည္မွန္းခ်က္ပန္းတိုင္ ]ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာျပည္ေထာင္စု}တြင္ ဖက္ဒရယ္ကို အေျခခံေသာဒီမိုကေရစီလား၊ ဒီမိုကေရစီ ကိုအေျခခံေသာ ဖက္ဒရယ္လား၊ ျပည္ေထာင္စု ဟူရာ၌ေရာ ဒီမိုကေရစီဘယ္ေလာက္ပါဝင္၍ ဖက္ ဒရယ္ဘယ္ေလာက္ ဆိုႏိုင္သလဲ… စသည္တို႔ကို ယေန႔တိုင္ ေဝါဟာရတၲဒီပနီ ဖြဲ႕မဆံုး မျဖစ္ေနေစခ်င္ ေတာ့ပါ။ အႏွစ္အသားကိုသာ ဤေနရာ၌ ယူၾကရမည္ ျဖစ္၍ပင္။ အျခားတစ္ဖက္ကျပန္ၾကည့္လွ်င္ေတာ့ ဖက္ဒရယ္ဆိုင္ရာမွာတင္ လံုးျခာလည္ေနေသးသလို ဒီမိုကေရစီအရာမွာလည္း အားနည္းေနေသးေသာ ေၾကာင့္ ေဆြးေႏြးမႈေတြ ေသာင္မတင္ေရမက် ခဏခဏ ျဖစ္ေနၾကရျခင္းဟု ျမင္ေတြ႕ေနရျပန္ပါ၏။ ဤစာတြင္ ေတာ့ ဒီမိုကေရစီကို၊ ဖက္ဒရယ္ကိုအနက္ျပန္ဖြင့္ရန္ ရည္စူးသည္မဟုတ္၍ လိုရင္းေသာေျပာျဖစ္ဦးပါမည္။ အေျခခံေလာက္ ေတြကိုတာ့ ေသခ်ာက်န သိနားလည္ ျပီးသူမ်ား ျဖစ္ေနၾကျပီဟု ယူဆေသာေႀကာင့္ပင္။ ထို႔ထက္ပိုဆိုရေသာ္ ႏွလံုးသြင္းၿပီးသူမ်ားျဖစ္ၾကၿပီး လက္ေတြ႕က်သူမ်ားဟုလည္း ယူဆ၍ျဖစ္သည္။ ပိုင္းျဖတ္ရည္သန္ခ်က္ေရခ်ိန္… ဒါက ပိုအေရးပါ စကားေျပာလာေနခ်ိန္ ျဖစ္ေနၿပီဟု ျမင္ထားပါ၏။

(၃)
ေသခ်ာတာတခ်ိဳ႕ကို အေသအခ်ာေျပာပါမည္။ ဖက္ဒရယ္အတြက္ အေရးအပါဆံုးအေျခခံေတြထဲမွာ မရွိမျဖစ္မလုပ္မျဖစ္တစ္ခ်က္က ၿငိမ္းခ်မ္းေရး ျဖစ္၏။ အပစ္အခတ္ရပ္စဲေရးမွ တစ္ဆင့္သာ သြားၾကရမည္ ပင္။ ျမန္မာသည္လည္း ထိုသေဘာတရား နိယာမ ေအာက္မွာပဲရွိပါ၏။ ၿငိမ္းခ်မ္းေရး၊ အပစ္အခတ္ရပ္စဲ ေရးတို႔တြင္လည္း ကာလအလိုက္ အပစ္ရပ္ျခင္း၊ သေဘာတူျငိမ္းခ်မ္းေရး စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမ်ိဳးေတြ အျပင္ အခိုင္အက်ည္သႏၶိ႒ာန္ႏွင့္ လုပ္ငန္းအဝ၀ကို ပိုေခ်ာေမြ႕ေစေသာ နည္းစနစ္ဆိုင္ရာပညာရပ္မ်ားျဖင့္ ေဖာ္ေဆာင္လုပ္ကိုင္ႀကရျမဲပင္ျဖစ္သည္။
စကားဆက္စပ္အနည္းငယ္ေျပာပါမည္။ နည္း စနစ္ေတြ၊ ပညာရပ္ေတြႏွင့္ ထိပ္ပိုင္းက် ေခါင္းေဆာင္မႈ… ဘယ္ဟာကပိုအေရးႀကီးလို႔လဲဆိုေသာ အတြင္းစည္း ထဲမွ အသံတခ်ိဳ႕ ဟိုတေလာေလးက ႀကားလိုက္ရေသး ေသာေၾကာင့္ ဤကိစၥကို တမင္ထည့္ေျပာလိုက္ရျခင္း ျဖစ္သည္။ သူ႔ေနရာႏွင့္သူ အေရးႀကီးပါ၏။ က်င့္ဝတ္ အေျချပဳ နည္းစနစ္ပညာရပ္တို႔ကို ထဲထဲဝင္ဝင္ ေလ့လာ ရင္း နဂိုမူလပန္းတိုင္က်ရည္မွန္းခ်က္ ယတိျပတ္ စိတ္ထား ပိုခိုင္ၿမဲေစေသာေၾကာင့္ဟု ဆိုလိုပါ၏။ လက္ရွိၿငိမ္းခ်မ္းေရးျဖစ္စဥ္ထဲ ပါဝင္ေနၾကသူ အားလံုး တြင္ ဤစိတ္ထားကိုတစ္ရံမလပ္ ေလ့က်က္ေနၾကသင့္ သည္ဟု ေျပာလိုရင္းလည္းပါပါသည္။ ပိုေကာင္းေသာ၊ အလုပ္ပိုျဖစ္ေသာ အိုင္ဒီယာေတြရႏိုင္သလို ျပန္လွန္ တိုးတက္ေဆြးေႏြးႏိုင္ၾကေသာေၾကာင့္ဟု တိုက္တြန္း လိုပါသည္။ အခ်က္အလက္ႏွင့္ သတင္းတို႔ကိုေလ့လာ ျခင္းအျပင္ ဆန္းစစ္ေဝဖန္သံုးသပ္စြမ္းရည္ ပိုတက္ ေစေသာ ပညာရပ္ဆိုင္ရာတို႔ကိုလည္း အတတ္ႏိုင္ဆံုး ေလ့က်က္ေနၾကရပါမည္။ ဒါက ဗ်ဴရိုကေရစီယႏၱရား တစ္ရပ္ကို နက္႐ိႈင္းသိမ္ေမြ႕လွေသာ ႏိုင္ငံေရးဆိုင္ရာ ယဥ္ပါးေစခ်က္ႏွင့္အတူ အဓိကပြိဳင့္ ေရာက္ပါက ေခါင္းေဆာင္မႈအပိုင္းက ခ်က္ ခ်င္းေဖာ္လိုက္၍ ရေစႏိုင္ ေသာ၊ ေလ့က်င့္မႈတစ္ရပ္ကို လည္း ရေစေသာ အားသာ ခ်က္ကိုလည္း ျဖစ္ေပၚေစ သည္။ ယတိျပတ္မွ ၿငိမ္းခ်မ္း ေရး ဟူေသာ မဟာဗ်ဴဟာ ၿငိမ္းခ်မ္းေရးဆိုင္ ရာ နည္းနာ အတြင္းက တစ္ခ်က္ျဖစ္၏။ ဗ်ဴဟာေျမာက္ ျငိမ္းခ်မ္းေရး တည္ေဆာက္မႈလုပ္ ငန္းစဥ္ မ်ားသည္ အျပန္အလွန္ ဆက္ စပ္မွီခိုေနမႈမ်ား၊ ပူးေပါင္း ေဆာင္ရြက္တတ္ျခင္းမ်ား မ်ားစြာျဖင့္ ေဖာ္ေဆာင္ၾကရပါ သည္။ ေျပာင္းလဲလာေသာ ႏိုင္ငံ့ဝန္းက်င္ႏွင့္ ေတြ႕ႀကံဳမႈ အသစ္မ်ား၊ အေျခအေန အားလံုးႏွင့္ ဆက္စပ္စဥ္းစား လုပ္ၾကရမည္ပင္ျဖစ္သည္။ ပေရာ္ဖက္ရွင္နယ္ ပီသေလေလ ပိုခရီးေရာက္ႀကေလ ေလပင္ျဖစ္သည္။ စစ္ဘုရင္ဝါဒအေတြးအယူမ်ားႏွင့္ ေျပာင္းျပန္ခ်ည္း သာျဖစ္သည္။ ဤေလာက္ထိကို သေဘာမွ်ေျခတစ္ရပ္ ေရာက္လာပါက ေရွ႕တစ္ဆင့္ တက္ Escalating ႏိုင္ ၾကေပၿပီ။ ႏိုင္ငံေရးေဆြးေႏြးမႈ မူေဘာင္တစ္ဆင့္မက ေရြ႕တက္ျခင္းလည္း ျဖစ္သည္။
ေနာက္ထပ္တစ္ခ်က္မွာ ယေန႔ ျမန္မာ့ၿငိမ္းခ်မ္း ေရး ျဖစ္စဥ္တြင္ အတည္ျပဳၿပီး ၅၁ ခ်က္ထဲ၌ လံုၿခံဳေရး ဆိုင္ရာ အခ်က္တစ္ခ်က္မွ မပါဝင္ေသးပါ။

(၄)
ျမန္မာ့အခင္းအက်င္းသည္ ဖက္ဒရယ္ကို ဒီမိုကေရစီနည္းက် ထူေထာင္ျခင္းျဖစ္ေစ၊ ဒီမိုကေရစီ ႏိုင္ငံကို ဖက္ဒရယ္စနစ္အေျချပဳတည္ေဆာက္ျခင္း ျဖစ္ေစ သြားကိုသြားရ၊ ေလွ်ာက္ရမည္ထဲတြင္ ျၿငိမ္းခ်မ္း ေရးျဖစ္စဥ္ၿပီးေျမာက္ မွတ္တစ္ရပ္သို႔ ေရရာေသခ်ာ ေရာက္မွ ျဖစ္ေပမည္။ ၿငိမ္းခ်မ္း ေရးျဖစ္စဥ္ ၿပီးေျမာက္ ေအာင္ ျမင္ေရးတြင္လည္း ႏိုင္ငံေရး က႑မ်ားတြင္ သာမကဘဲ လံုျခံဳ ေရးက႑တြင္ပါ ေသခ်ာက်န သေဘာတူညီခ်က္မ်ားအင္မတန္ လိုအပ္ပါ၏။ ႏိုင္ငံ ေရးက႑မွ စီးပြားစီမံအုပ္ခ်ဳပ္မႈမ်ား၊ လူမႈ စီးပြား ဆိုင္ရာႏွင့္ အျငင္းပြား ျပႆနာမ်ား၊ ေျမႏွင့္သယံ ဇာတဆိုင္ရာမ်ား…အေၾကာင္း ကိစၥအားလံုးသည္ ဤ DDR/SSR တို႔တြင္ တိုက္႐ိုက္ေရာ သြယ္ဝိုက္ပါ ဆက္စပ္ေနၾကပါ သည္။
လံုၿခံဳေရးက႑သည္ ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ထဲ၌ တမင္ဖယ္ထား အေၾကာင္းအရာ ေတာ့ ဟုတ္ဟန္ရွိမျဖစ္ ႏိုင္ပါ။ အခ်ိန္မက်ေသးဟု တမင္ ေစာင့္ ေနသည္ဟူ၍လည္း မည္သူကမွ်ေျပာထြက္ႏိုင္ မည္ မဟုတ္ေလာက္ပါ။ မရဲ၍ ကြ်ဲၿပဲမစီးဟု ဆိုရေလာက္ ေအာင္လည္း လံုၿခံဳေရးက႑က ကြ်ဲၿပဲႀကီး မဟုတ္ပါ။ ၿငိမ္းခ်မ္းေရးရယူလိုစိတ္ကိုသာ ယတိ ျပတ္အထြဋ္ တင္ထားလွ်င္ ေစ့စပ္ေဆြးေႏြးၿပီး ေသခ်ာ ရရွိႏိုင္သည့္ အေႀကာင္းျခင္းရာသာျဖစ္ပါသည္။
ေရရွည္တည္ၿငိမ္းခ်မ္းေရးအျမင္ႏွင့္အယူတြင္ ကန္႔ (Immanuel Kant) ၏ ကမၻာေက်ာ္ Perpetual Peace ကို ဒီမိုကရက္တစ္ျငိမ္းခ်မ္းေရး ႏွင့္ လစ္ဘရယ္ ၿငိမ္းခ်မ္းေရး (Democratic Peace and Liberal Peace) ဆိုင္ရာမ်ားဆီအထိ ျဖန္႔က်က္လိုက္ေသာအခါ –
(၁) အေဆာက္အအံုပိုင္းဆိုင္ရာႏွင့္ အင္စတီက်ဴး ရွင္းဆိုင္ရာအရ ခ်ဥ္းကပ္ပံု [Structural – Institutional Approach]
(၂) စံပံုစံႏွင့္ယဥ္ေက်းမႈဆိုင္ရာအရ ခ်ဥ္းကပ္ပံု [Normative- Cultural Approach] ဟူ၍ ၂ မ်ိဳးသာရွိသည္။ ျမန္မာသည္ ႏွစ္မ်ိဳးလံုး ဝင္၏။ ႀကည့္ျမင္ပံုမွေျပာရမည္ဆိုလွ်င္ Monadic ႏွင့္ Dyadic ဟု ႏွစ္မ်ိဳးရွိရာ၌ အတြင္းပိုင္းအေဆာက္အအံု မ်ား ဖြဲ႕စည္းတည္ေဆာက္ အလုပ္လုပ္ျခင္းကို ျပေသာ ပထမ႐ႈေထာင့္ Monadic ကသာ ပိုမိုၾကည့္ရမည္ျဖစ္ သည္။ Dyadic က စစ္ျဖစ္ေနေသာႏိုင္ငံေတြႀကား ႀကည့္ရတာမ်ား၍ျဖစ္သည္။
ခ်ဥ္းကပ္ရခ်က္ႏွင့္ ႀကည့္ျမင္ရခ်က္ အားလံုး ေသာ လက္ရွိပကတိမ်ားအရ၊ Statistical Evidences အရ ၿခံဳသံုးသပ္လိုက္လွ်င္ ယေန႔အေနအထားသည္ ျမန္မာျငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ လံုျခံဳေရးက႑ကို စတင္ထည့္သြင္း ေဆြးေႏြးသင့္ခ်ိန္ဟု ျမင္ပါသည္။ ေအာင္ျမင္သြားေသာ ၿငိမ္းခ်မ္းေရးမ်ားကို ကာလရွည္ အေသးစိတ္ေလ့လာၿပီး ေတြ႕ရွိခ်က္ျပန္ေဖာ္ျပေသာ က်မ္းမ်ားအရ အႏွစ္ခ်ဳပ္ေဖာ္ျပခ်က္တို႔တြင္လည္း လစ္ဘရယ္ၿငိမ္းခ်မ္းေရးအလြန္အထိ ေဖာ္ထုတ္ျပ ထားႀကသည္။ မပါမျဖစ္ႏွင့္ သင့္ေလ်ာ္အပ္စပ္ခ်ိန္အရ လံုျခံဳေရးက႑ကို တခမ္းတနားျပဆိုႀကသည္ ခ်ည္း သာ။ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္၏ အခရာက်လွေသာ ႏိုင္ငံေရးေဆြးေႏြးမႈမူေဘာင္ (The Framework for Political Dialogue) အခန္း(၅)၊ အခန္းခြဲ (ဃ) လံုျခံဳေရးတြင္ (၁) ႏိုင္ငံေတာ္ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ (၂) လံုျခံဳေရးဆိုင္ရာ ေပါင္းစည္းေရး ကိစၥရပ္မ်ားဟု ပါဝင္ၿပီးျဖစ္ေသာေႀကာင့္ ႏိုင္ငံေရး တစ္စံုလံုးမွၾကည့္လွ်င္ ေရရွည္အတြက္ပါ စတင္ေဆြး ေႏြးထားသင့္ၿပီဟု ယူဆပါသည္။
နက္နဲလွေသာ ပညာရပ္ဆိုင္ရာေတြထက္ လက္ေတြ႕မွာ ဘာလုပ္တာက ပိုျမန္ဆန္ထိေရာက္ အားေကာင္း ေစမည္လဲ… ဟု တစ္ခ်က္တည္းေျဖ အေမးမ်ိဳးကိုေတာ့ မေျဖရတန္ေကာင္းပါ။ ျပင္ဆင္ ရမည္တို႔ကို အားလံုးျခံဳေျပာရပါလွ်င္ေတာ့…။ မဆန္း လွေတာ့ေသာ္လည္း ၿငိမ္းခ်မ္းေရးအရာတြင္ ဘယ္ ေသာအခါမွ မရိုးသြားမည့္ အဆိုတစ္ရပ္ႏွင့္ ေျပာလိုပါ ၏။ လက္ေတြ႕က်လွေသာသိပၸံပညာက ကမၻာေက်ာ္ ]…ပညာရွင္ႀကီး အိုင္းစတိုင္းေျပာဖူးေသာ စကားျဖစ္ သည္။ ၿငိမ္းခ်မ္းေရးဟူသည္ကို အင္အားသံုးျခင္းျဖင့္ ေတာ့ ဘယ္လိုမွမရႏိုင္။ နားလည္မႈ ရယူတည္ ေဆာက္ႏိုင္ျခင္းျဖင့္သာ ျငိမ္းခ်မ္းေရး ၿပီးေျမာက္ ႏိုင္ပါ၏…} (Peace cannot be kept by force. It can only be achieved by understanding.)
လံုၿခံဳေရးဆိုရာတြင္ ကိုယ့္တပ္ဖြဲ႕ ကိုယ့္အုပ္စု လံုၿခံဳေရးမွ်ေလာက္ေတာ့ မဟုတ္ေပ။ လက္နက္ကိုင္ ထားတိုင္း နယ္ေျမအသီးသီးေတြမွာ ျပည္သူေတြ လံုျခံဳပါ၏ေလာ။ တိုင္းျပည္လံုျခံဳေအးခ်မ္းေနပါ၏ေလာ။ တပ္မေတာ္ အပါအဝင္ လက္နက္ကိုင္အဖြဲ႕ အစည္းတိုင္း ေသေသခ်ာခ်ာ စဥ္းစားေတြးဆၾက႐ံု တင္မက အေျဖကိုပါ ထုတ္ေပးျပေပး လုပ္ ေပးႀကရပါ ေတာ့မည္။ အေရးပါလွေသာပြိဳင့္ျဖစ္သည့္ ေခါင္း ေဆာင္မ်ား၏ ယတိျပတ္ဆံုးျဖတ္ဆံုမွတ္ေရာက္ႏိုင္ရန္ ကလည္း လိုအပ္လွသည္ျဖစ္ရာ ဖက္ဒရယ္စနစ္ တည္ ေထာင္ေအာင္ျမင္ေနေသာ ႏိုင္ငံမ်ားမွ လံုျခံဳေရး ဆိုင္ရာ အယူအဆႏွင့္ လက္ေတြ႕မ်ားကို ေသခ်ာ ေလ့လာ စတင္ေဆြးေႏြး ထူေထာင္တည္ေဆာက္ယူၾက ရမည္သာပင္။ ထင္ရွား ေတြ႕ရွိခ်က္အရေတာ့ ႏိုင္ငံမ်ား သည္ ျဖတ္သန္းခဲ့ေသာသမိုင္းေၾကာင္းႏွင့္ လက္ရွိ မ်က္ေမွာက္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး လိုအပ္ ခ်က္မ်ားအရ လံုျခံဳေရးဆိုင္ရာ မူဝါဒအေျခခံကို ဖြဲ႔စည္းပံုအေျခခံဥပေဒမ်ားတြင္ ထည့္သြင္း ေရးဆြဲ ျပ႒ာန္းထားတတ္ၾကၿမဲျဖစ္သည္။ သို႕ျငား လံုျခံဳေရး ဆိုင္ရာ ဥပေဒအမ်ားစုကိုေတာ့ ၄င္းတို႔၏လႊတ္ေတာ္ မ်ားမွ ျပ႒ာန္းေသာ Legislative Law, Act or Statue ဥပေဒမ်ား၌သာ ေရးဆြဲၾက၍ ဖြဲ႕စည္းပံုပါ အေျခခံ ေက်ာ႐ိုးကိုလည္း ႏိုင္ငံေတာ္အတြက္ ပိုမိုအားေကာင္း ေအာင္ လုပ္ၾကေလ့ရွိေၾကာင္း ေတြ႕ရွိရပါသည္… ဆိုျခင္းႏွင့္ လံုျခံဳေရးက႑အစပ်ိဳး ရင္း ဤစာကို ဒီမွာ ခဏတစ္ျဖတ္ျဖတ္ပါမည္။ ဆက္လက္ေဆြးေႏြးဖို႔ေတြ ကေတာ့ အေျမာက္အမ်ား၊ တင္းၾကမ္းပင္။
ခိုင္မာစစ္မွန္ေသာ ၿငိမ္းခ်မ္းေရးထူေထာင္ႏိုင္မွ ပိုမိုပီျပင္အားေကာင္းေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို တရားမွ်မွ်တတ၊ တန္းတူညီမွ်စြာ အႏွစ္သာရ ရွိရွိ တည္ေဆာက္ႏိုင္ၾကမည္ျဖစ္ၿပီး တိုင္းရင္းသား အားလံုးႏွင့္ ျပည္ေထာင္စုႏိုင္ငံေတာ္သည္ ႀကီးပြား ဖြံ႕ၿဖိဳးတိုးတက္ႏိုင္မည္သာ။ အဓြန္႔ ရွည္ႏိုင္မည္သာ။
မင္းတင္

က်မ္းကိုးႏွင့္ ဆက္လက္ေလ့လာရန္ အညႊန္း တခ်ိဳ႕ –
(၁) NCA ႏွင့္ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာမူေဘာင္။
(၂) ေခတ္႐ႈခင္း၊ အတြဲ (၁)၊ အမွတ္ (၁)၊ ၂၀၁၄။
(၃) ဘာေႀကာင့္ဖက္ဒရယ္လဲ၊ ဘာေၾကာင့္ၿငိမ္းခ်မ္း ေရးလဲ ေအးေမာင္ေက်ာ္၊ ဇြန္၊ ၂၀၁၃၊ ဓူဝံစာေပ)။
(၄) လစ္ဘရယ္ဒီမိုကေရစီ (မင္းတင္၊ ႏိုဝင္ဘာ၊ ၂၀၁၃၊ လူငယ္တစ္ေယာက္စာအုပ္တိုက္)။
(၅) Strategies of Peace ( Transforming Conflict in a Violent World ), 2010, Oxford University Press
(၆) ဖက္ဒရယ္ႏိုင္ငံ (၅) ႏိုင္ငံ၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားဆိုင္ရာ အေျခခံဥပေဒႏွင့္ ျပ႒ာန္း ဥပေဒမ်ားတြင္ ျပ႒ာန္းထားသည့္ လုပ္ပိုင္ခြင့္ႏွင့္ အာဏာမ်ားကို ႏိႈင္းယွဥ္သံုးသပ္ျခင္းႏွင့္ ထည့္သြင္းစဥ္းစားစရာမ်ား (MIPS – Myanmar Institute for Peace and Security) သုေတသန စာတမ္း၊ MIPS, Dec, 2019 .
(၇) Immanuel Kant, Perpetual Peace. In Kant: Political Writings (Cambridge University Press, 1991).
(၈) The Democracy Sourcebook. The MIT Press, 2003.
မင္းတင္

 

Unicode

ယတိပြတ်မှငြိမ်းချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်လုံခြုံရေး ကဏ္ဍအဖွင့်

(၁)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁- ရာစုပင်လုံ (စတုတ္ထအကြိမ်)ကို ယခုသြဂုတ်လ ထဲတွင် ကျင်းပတော့မည်။ ကိုဗစ်ကာလကြီးထဲမှာမို့ ခေတ်ပြိုင်သမိုင်း၌တော့ အချိန်ကာလအပေါ် မှတ်မှတ်သားသား ပြောစမှတ် ဝင်ပေမည်။ နောက်တစ်ချက်က ဒုတိယအကြိမ်လွှတ်တော်များ သက်တမ်းတွင် ယခုအကြိမ်ကနောက်ဆုံးဖြစ်ပြီး နောက်ထပ် တစ်ချက်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးအကြိုလည်း ဖြစ်နေခြင်းပင်။
ဤညီလာခံကြီး၏ အဓိကရည်မှန်းချက်မှာ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု”ဟူ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခန်း(၁)၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ(၁) တွင် ဖော်ပြပါရှိသည်။ NCA မှ တစ်ဆင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ချိတ်ဆက်၍ ဤအဓိကရည်မှန်းချက်ဆီပေါက်မြောက် ရောက်ရှိ ရေးသည် နိုင်ငံတော်နှင့် ပြည်သူ့အနာဂတ်ကို တိုက် ရိုက် အချိုးကျချက်လည်းဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်… ဘယ်လောက်နီးပြီလဲ၊ ဘယ်လောက် ရောက်ပြီလဲ၊ ဘယ်လောက်ဝေးသေးလဲ… ။ ပြည် ထောင်စုသည် ဘယ်လိုနေရာဆီ ဆက်လက်ရွေ့လျား နေသည်လဲ။ မေးခွန်းတွေ များစွာ၊ နည်းလမ်းတွေ များစွာမှာ လက်ရှိ ပကတိကိုအခြေခံသော အရှိ (Reality) အပေါ် အရှိအတိုင်းမြင်ကြမှ တိုးတက်ပေ မည်။ လက်ရှိအရှိကနေသာ သွားနေကြသည်ကသာ ခရီးပိုပေါက်မြဲဟူသည့် လောကဓမ္မတာနိယာမက ဆိုးကောင်းကြောင်းကျိုး ပြခဲ့၊ ပြနေသည်။

(၂)
လက်ရှိအစိုးရနှင့် ဒုတိယအကြိမ်လွှတ်တော်များ သက်တမ်းအတွင်း ကျင်းပခဲ့ပြီးသော ညီလာခံအကြိမ် ၃ ကြိမ်တွင် ဖက်ဒရယ်ဆိုင်ရာအချက်အလက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြရာ အချက်ပေါင်း ၅၁ ချက် သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုနိုင်ခဲ့ပြီးဖြစ်သည်။ ဒါကို မှန်မှန်အရွေ့ဖြစ်ပေါ်တိုးတက်မှု (Progressive Realization) ဟု မြင်ကြသူများ၊ နည်းပါးသေးသည် ဟု အားမလိုအားမရဖြစ်သူများ၊ အလယ်အလတ် သဘောထားသူများ၊ စောင့်ကြည့်သူများ .. အမျိုးမျိုး ရှိကြသည်။ နှစ် ၇၀ ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုသည့်အချက်၊ တိုင်းရင်းသားမျိုးနွယ်စု အများအပြားဆိုသည့်အချက်၊ တခြားတခြားသော၊ များစွာသော ပြောနေကျ အချက်တွေကိုလည်း ထည့် သွင်းကြည့်မြင်ပါ၊ ယတိတော့လည်း ပိုပြတ်ပေးကြပါ၊ ပိုပိုပြတ်ပေးကြပါဟု Stake Holders များအားလုံးကို ထပ်မံတောင်းဆိုအပ်ပါ၏။ (ဤက စကားချပ်ဖြစ် သည်)။
သဘောတူအတည်ပြု ၅၁ ချက်လုံးသည်ကတော့ ဖက်ဒရယ်ဆိုင်ရာ နိုင်ငံရေးခေါင်းစဉ်အောက်က အချက်များချည်းပဲဖြစ်ပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဆိုင်ရာတွေထဲမှတချို့ဖြစ်ကြသော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာတွေထဲက ဖြစ်ကြသည်။ တချို့ ဟူသည် တချို့ဟုသာ ဆိုလိုသေးခြင်း၊ ပြော၍ရသေး ခြင်းကိုတော့ သတိပြုပါ။
မူရင်းမူလရည်မှန်းချက်ပန်းတိုင် ]ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စု}တွင် ဖက်ဒရယ်ကို အခြေခံသောဒီမိုကရေစီလား၊ ဒီမိုကရေစီ ကိုအခြေခံသော ဖက်ဒရယ်လား၊ ပြည်ထောင်စု ဟူရာ၌ရော ဒီမိုကရေစီဘယ်လောက်ပါဝင်၍ ဖက် ဒရယ်ဘယ်လောက် ဆိုနိုင်သလဲ… စသည်တို့ကို ယနေ့တိုင် ဝေါဟာရတ္တဒီပနီ ဖွဲ့မဆုံး မဖြစ်နေစေချင် တော့ပါ။ အနှစ်အသားကိုသာ ဤနေရာ၌ ယူကြရမည် ဖြစ်၍ပင်။ အခြားတစ်ဖက်ကပြန်ကြည့်လျှင်တော့ ဖက်ဒရယ်ဆိုင်ရာမှာတင် လုံးခြာလည်နေသေးသလို ဒီမိုကရေစီအရာမှာလည်း အားနည်းနေသေးသော ကြောင့် ဆွေးနွေးမှုတွေ သောင်မတင်ရေမကျ ခဏခဏ ဖြစ်နေကြရခြင်းဟု မြင်တွေ့နေရပြန်ပါ၏။ ဤစာတွင် တော့ ဒီမိုကရေစီကို၊ ဖက်ဒရယ်ကိုအနက်ပြန်ဖွင့်ရန် ရည်စူးသည်မဟုတ်၍ လိုရင်းသောပြောဖြစ်ဦးပါမည်။ အခြေခံလောက် တွေကိုတာ့ သေချာကျန သိနားလည် ပြီးသူများ ဖြစ်နေကြပြီဟု ယူဆသောကြောင့်ပင်။ ထို့ထက်ပိုဆိုရသော် နှလုံးသွင်းပြီးသူများဖြစ်ကြပြီး လက်တွေ့ကျသူများဟုလည်း ယူဆ၍ဖြစ်သည်။ ပိုင်းဖြတ်ရည်သန်ချက်ရေချိန်… ဒါက ပိုအရေးပါ စကားပြောလာနေချိန် ဖြစ်နေပြီဟု မြင်ထားပါ၏။

(၃)
သေချာတာတချို့ကို အသေအချာပြောပါမည်။ ဖက်ဒရယ်အတွက် အရေးအပါဆုံးအခြေခံတွေထဲမှာ မရှိမဖြစ်မလုပ်မဖြစ်တစ်ချက်က ငြိမ်းချမ်းရေး ဖြစ်၏။ အပစ်အခတ်ရပ်စဲရေးမှ တစ်ဆင့်သာ သွားကြရမည် ပင်။ မြန်မာသည်လည်း ထိုသဘောတရား နိယာမ အောက်မှာပဲရှိပါ၏။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲ ရေးတို့တွင်လည်း ကာလအလိုက် အပစ်ရပ်ခြင်း၊ သဘောတူငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုခြင်းမျိုးတွေ အပြင် အခိုင်အကျည်သန္ဓိဋ္ဌာန်နှင့် လုပ်ငန်းအဝဝကို ပိုချောမွေ့စေသော နည်းစနစ်ဆိုင်ရာပညာရပ်များဖြင့် ဖော်ဆောင်လုပ်ကိုင်ကြရမြဲပင်ဖြစ်သည်။
စကားဆက်စပ်အနည်းငယ်ပြောပါမည်။ နည်း စနစ်တွေ၊ ပညာရပ်တွေနှင့် ထိပ်ပိုင်းကျ ခေါင်းဆောင်မှု… ဘယ်ဟာကပိုအရေးကြီးလို့လဲဆိုသော အတွင်းစည်း ထဲမှ အသံတချို့ ဟိုတလောလေးက ကြားလိုက်ရသေး သောကြောင့် ဤကိစ္စကို တမင်ထည့်ပြောလိုက်ရခြင်း ဖြစ်သည်။ သူ့နေရာနှင့်သူ အရေးကြီးပါ၏။ ကျင့်ဝတ် အခြေပြု နည်းစနစ်ပညာရပ်တို့ကို ထဲထဲဝင်ဝင် လေ့လာ ရင်း နဂိုမူလပန်းတိုင်ကျရည်မှန်းချက် ယတိပြတ် စိတ်ထား ပိုခိုင်မြဲစေသောကြောင့်ဟု ဆိုလိုပါ၏။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ပါဝင်နေကြသူ အားလုံး တွင် ဤစိတ်ထားကိုတစ်ရံမလပ် လေ့ကျက်နေကြသင့် သည်ဟု ပြောလိုရင်းလည်းပါပါသည်။ ပိုကောင်းသော၊ အလုပ်ပိုဖြစ်သော အိုင်ဒီယာတွေရနိုင်သလို ပြန်လှန် တိုးတက်ဆွေးနွေးနိုင်ကြသောကြောင့်ဟု တိုက်တွန်း လိုပါသည်။ အချက်အလက်နှင့် သတင်းတို့ကိုလေ့လာ ခြင်းအပြင် ဆန်းစစ်ဝေဖန်သုံးသပ်စွမ်းရည် ပိုတက် စေသော ပညာရပ်ဆိုင်ရာတို့ကိုလည်း အတတ်နိုင်ဆုံး လေ့ကျက်နေကြရပါမည်။ ဒါက ဗျူရိုကရေစီယန္တရား တစ်ရပ်ကို နက်ရှိုင်းသိမ်မွေ့လှသော နိုင်ငံရေးဆိုင်ရာ ယဉ်ပါးစေချက်နှင့်အတူ အဓိကပွိုင့် ရောက်ပါက ခေါင်းဆောင်မှုအပိုင်းက ချက် ချင်းဖော်လိုက်၍ ရစေနိုင် သော၊ လေ့ကျင့်မှုတစ်ရပ်ကို လည်း ရစေသော အားသာ ချက်ကိုလည်း ဖြစ်ပေါ်စေ သည်။ ယတိပြတ်မှ ငြိမ်းချမ်း ရေး ဟူသော မဟာဗျူဟာ ငြိမ်းချမ်းရေးဆိုင် ရာ နည်းနာ အတွင်းက တစ်ချက်ဖြစ်၏။ ဗျူဟာမြောက် ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ် ငန်းစဉ် များသည် အပြန်အလှန် ဆက် စပ်မှီခိုနေမှုများ၊ ပူးပေါင်း ဆောင်ရွက်တတ်ခြင်းများ များစွာဖြင့် ဖော်ဆောင်ကြရပါ သည်။ ပြောင်းလဲလာသော နိုင်ငံ့ဝန်းကျင်နှင့် တွေ့ကြုံမှု အသစ်များ၊ အခြေအနေ အားလုံးနှင့် ဆက်စပ်စဉ်းစား လုပ်ကြရမည်ပင်ဖြစ်သည်။ ပရော်ဖက်ရှင်နယ် ပီသလေလေ ပိုခရီးရောက်ကြလေ လေပင်ဖြစ်သည်။ စစ်ဘုရင်ဝါဒအတွေးအယူများနှင့် ပြောင်းပြန်ချည်း သာဖြစ်သည်။ ဤလောက်ထိကို သဘောမျှခြေတစ်ရပ် ရောက်လာပါက ရှေ့တစ်ဆင့် တက် Escalating နိုင် ကြပေပြီ။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တစ်ဆင့်မက ရွေ့တက်ခြင်းလည်း ဖြစ်သည်။
နောက်ထပ်တစ်ချက်မှာ ယနေ့ မြန်မာ့ငြိမ်းချမ်း ရေး ဖြစ်စဉ်တွင် အတည်ပြုပြီး ၅၁ ချက်ထဲ၌ လုံခြုံရေး ဆိုင်ရာ အချက်တစ်ချက်မှ မပါဝင်သေးပါ။

(၄)
မြန်မာ့အခင်းအကျင်းသည် ဖက်ဒရယ်ကို ဒီမိုကရေစီနည်းကျ ထူထောင်ခြင်းဖြစ်စေ၊ ဒီမိုကရေစီ နိုင်ငံကို ဖက်ဒရယ်စနစ်အခြေပြုတည်ဆောက်ခြင်း ဖြစ်စေ သွားကိုသွားရ၊ လျှောက်ရမည်ထဲတွင် ြငြိမ်းချမ်း ရေးဖြစ်စဉ်ပြီးမြောက် မှတ်တစ်ရပ်သို့ ရေရာသေချာ ရောက်မှ ဖြစ်ပေမည်။ ငြိမ်းချမ်း ရေးဖြစ်စဉ် ပြီးမြောက် အောင် မြင်ရေးတွင်လည်း နိုင်ငံရေး ကဏ္ဍများတွင် သာမကဘဲ လုံခြုံ ရေးကဏ္ဍတွင်ပါ သေချာကျန သဘောတူညီချက်များအင်မတန် လိုအပ်ပါ၏။ နိုင်ငံ ရေးကဏ္ဍမှ စီးပွားစီမံအုပ်ချုပ်မှုများ၊ လူမှု စီးပွား ဆိုင်ရာနှင့် အငြင်းပွား ပြဿနာများ၊ မြေနှင့်သယံ ဇာတဆိုင်ရာများ…အကြောင်း ကိစ္စအားလုံးသည် ဤ DDR/SSR တို့တွင် တိုက်ရိုက်ရော သွယ်ဝိုက်ပါ ဆက်စပ်နေကြပါ သည်။
လုံခြုံရေးကဏ္ဍသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ၌ တမင်ဖယ်ထား အကြောင်းအရာ တော့ ဟုတ်ဟန်ရှိမဖြစ် နိုင်ပါ။ အချိန်မကျသေးဟု တမင် စောင့် နေသည်ဟူ၍လည်း မည်သူကမျှပြောထွက်နိုင် မည် မဟုတ်လောက်ပါ။ မရဲ၍ ကျွဲပြဲမစီးဟု ဆိုရလောက် အောင်လည်း လုံခြုံရေးကဏ္ဍက ကျွဲပြဲကြီး မဟုတ်ပါ။ ငြိမ်းချမ်းရေးရယူလိုစိတ်ကိုသာ ယတိ ပြတ်အထွဋ် တင်ထားလျှင် စေ့စပ်ဆွေးနွေးပြီး သေချာ ရရှိနိုင်သည့် အကြောင်းခြင်းရာသာဖြစ်ပါသည်။
ရေရှည်တည်ငြိမ်းချမ်းရေးအမြင်နှင့်အယူတွင် ကန့် (Immanuel Kant) ၏ ကမ္ဘာကျော် Perpetual Peace ကို ဒီမိုကရက်တစ်ငြိမ်းချမ်းရေး နှင့် လစ်ဘရယ် ငြိမ်းချမ်းရေး (Democratic Peace and Liberal Peace) ဆိုင်ရာများဆီအထိ ဖြန့်ကျက်လိုက်သောအခါ –
(၁) အဆောက်အအုံပိုင်းဆိုင်ရာနှင့် အင်စတီကျူး ရှင်းဆိုင်ရာအရ ချဉ်းကပ်ပုံ [Structural – Institutional Approach]
(၂) စံပုံစံနှင့်ယဉ်ကျေးမှုဆိုင်ရာအရ ချဉ်းကပ်ပုံ [Normative- Cultural Approach] ဟူ၍ ၂ မျိုးသာရှိသည်။ မြန်မာသည် နှစ်မျိုးလုံး ဝင်၏။ ကြည့်မြင်ပုံမှပြောရမည်ဆိုလျှင် Monadic နှင့် Dyadic ဟု နှစ်မျိုးရှိရာ၌ အတွင်းပိုင်းအဆောက်အအုံ များ ဖွဲ့စည်းတည်ဆောက် အလုပ်လုပ်ခြင်းကို ပြသော ပထမရှုထောင့် Monadic ကသာ ပိုမိုကြည့်ရမည်ဖြစ် သည်။ Dyadic က စစ်ဖြစ်နေသောနိုင်ငံတွေကြား ကြည့်ရတာများ၍ဖြစ်သည်။
ချဉ်းကပ်ရချက်နှင့် ကြည့်မြင်ရချက် အားလုံး သော လက်ရှိပကတိများအရ၊ Statistical Evidences အရ ခြုံသုံးသပ်လိုက်လျှင် ယနေ့အနေအထားသည် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးကဏ္ဍကို စတင်ထည့်သွင်း ဆွေးနွေးသင့်ချိန်ဟု မြင်ပါသည်။ အောင်မြင်သွားသော ငြိမ်းချမ်းရေးများကို ကာလရှည် အသေးစိတ်လေ့လာပြီး တွေ့ရှိချက်ပြန်ဖော်ပြသော ကျမ်းများအရ အနှစ်ချုပ်ဖော်ပြချက်တို့တွင်လည်း လစ်ဘရယ်ငြိမ်းချမ်းရေးအလွန်အထိ ဖော်ထုတ်ပြ ထားကြသည်။ မပါမဖြစ်နှင့် သင့်လျော်အပ်စပ်ချိန်အရ လုံခြုံရေးကဏ္ဍကို တခမ်းတနားပြဆိုကြသည် ချည်း သာ။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၏ အခရာကျလှသော နိုင်ငံရေးဆွေးနွေးမှုမူဘောင် (The Framework for Political Dialogue) အခန်း(၅)၊ အခန်းခွဲ (ဃ) လုံခြုံရေးတွင် (၁) နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် (၂) လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး ကိစ္စရပ်များဟု ပါဝင်ပြီးဖြစ်သောကြောင့် နိုင်ငံရေး တစ်စုံလုံးမှကြည့်လျှင် ရေရှည်အတွက်ပါ စတင်ဆွေး နွေးထားသင့်ပြီဟု ယူဆပါသည်။
နက်နဲလှသော ပညာရပ်ဆိုင်ရာတွေထက် လက်တွေ့မှာ ဘာလုပ်တာက ပိုမြန်ဆန်ထိရောက် အားကောင်း စေမည်လဲ… ဟု တစ်ချက်တည်းဖြေ အမေးမျိုးကိုတော့ မဖြေရတန်ကောင်းပါ။ ပြင်ဆင် ရမည်တို့ကို အားလုံးခြုံပြောရပါလျှင်တော့…။ မဆန်း လှတော့သော်လည်း ငြိမ်းချမ်းရေးအရာတွင် ဘယ် သောအခါမှ မရိုးသွားမည့် အဆိုတစ်ရပ်နှင့် ပြောလိုပါ ၏။ လက်တွေ့ကျလှသောသိပ္ပံပညာက ကမ္ဘာကျော် ]…ပညာရှင်ကြီး အိုင်းစတိုင်းပြောဖူးသော စကားဖြစ် သည်။ ငြိမ်းချမ်းရေးဟူသည်ကို အင်အားသုံးခြင်းဖြင့် တော့ ဘယ်လိုမှမရနိုင်။ နားလည်မှု ရယူတည် ဆောက်နိုင်ခြင်းဖြင့်သာ ငြိမ်းချမ်းရေး ပြီးမြောက် နိုင်ပါ၏…} (Peace cannot be kept by force. It can only be achieved by understanding.)
လုံခြုံရေးဆိုရာတွင် ကိုယ့်တပ်ဖွဲ့ ကိုယ့်အုပ်စု လုံခြုံရေးမျှလောက်တော့ မဟုတ်ပေ။ လက်နက်ကိုင် ထားတိုင်း နယ်မြေအသီးသီးတွေမှာ ပြည်သူတွေ လုံခြုံပါ၏လော။ တိုင်းပြည်လုံခြုံအေးချမ်းနေပါ၏လော။ တပ်မတော် အပါအဝင် လက်နက်ကိုင်အဖွဲ့ အစည်းတိုင်း သေသေချာချာ စဉ်းစားတွေးဆကြရုံ တင်မက အဖြေကိုပါ ထုတ်ပေးပြပေး လုပ် ပေးကြရပါ တော့မည်။ အရေးပါလှသောပွိုင့်ဖြစ်သည့် ခေါင်း ဆောင်များ၏ ယတိပြတ်ဆုံးဖြတ်ဆုံမှတ်ရောက်နိုင်ရန် ကလည်း လိုအပ်လှသည်ဖြစ်ရာ ဖက်ဒရယ်စနစ် တည် ထောင်အောင်မြင်နေသော နိုင်ငံများမှ လုံခြုံရေး ဆိုင်ရာ အယူအဆနှင့် လက်တွေ့များကို သေချာ လေ့လာ စတင်ဆွေးနွေး ထူထောင်တည်ဆောက်ယူကြ ရမည်သာပင်။ ထင်ရှား တွေ့ရှိချက်အရတော့ နိုင်ငံများ သည် ဖြတ်သန်းခဲ့သောသမိုင်းကြောင်းနှင့် လက်ရှိ မျက်မှောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ် ချက်များအရ လုံခြုံရေးဆိုင်ရာ မူဝါဒအခြေခံကို ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်း ရေးဆွဲ ပြဋ္ဌာန်းထားတတ်ကြမြဲဖြစ်သည်။ သို့ငြား လုံခြုံရေး ဆိုင်ရာ ဥပဒေအများစုကိုတော့ ၎င်းတို့၏လွှတ်တော် များမှ ပြဋ္ဌာန်းသော Legislative Law, Act or Statue ဥပဒေများ၌သာ ရေးဆွဲကြ၍ ဖွဲ့စည်းပုံပါ အခြေခံ ကျောရိုးကိုလည်း နိုင်ငံတော်အတွက် ပိုမိုအားကောင်း အောင် လုပ်ကြလေ့ရှိကြောင်း တွေ့ရှိရပါသည်… ဆိုခြင်းနှင့် လုံခြုံရေးကဏ္ဍအစပျိုး ရင်း ဤစာကို ဒီမှာ ခဏတစ်ဖြတ်ဖြတ်ပါမည်။ ဆက်လက်ဆွေးနွေးဖို့တွေ ကတော့ အမြောက်အများ၊ တင်းကြမ်းပင်။
ခိုင်မာစစ်မှန်သော ငြိမ်းချမ်းရေးထူထောင်နိုင်မှ ပိုမိုပီပြင်အားကောင်းသော ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို တရားမျှမျှတတ၊ တန်းတူညီမျှစွာ အနှစ်သာရ ရှိရှိ တည်ဆောက်နိုင်ကြမည်ဖြစ်ပြီး တိုင်းရင်းသား အားလုံးနှင့် ပြည်ထောင်စုနိုင်ငံတော်သည် ကြီးပွား ဖွံ့ဖြိုးတိုးတက်နိုင်မည်သာ။ အဓွန့် ရှည်နိုင်မည်သာ။
မင်းတင်

ကျမ်းကိုးနှင့် ဆက်လက်လေ့လာရန် အညွှန်း တချို့ –
(၁) NCA နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်။
(၂) ခေတ်ရှုခင်း၊ အတွဲ (၁)၊ အမှတ် (၁)၊ ၂၀၁၄။
(၃) ဘာကြောင့်ဖက်ဒရယ်လဲ၊ ဘာကြောင့်ငြိမ်းချမ်း ရေးလဲ အေးမောင်ကျော်၊ ဇွန်၊ ၂၀၁၃၊ ဓူဝံစာပေ)။
(၄) လစ်ဘရယ်ဒီမိုကရေစီ (မင်းတင်၊ နိုဝင်ဘာ၊ ၂၀၁၃၊ လူငယ်တစ်ယောက်စာအုပ်တိုက်)။
(၅) Strategies of Peace ( Transforming Conflict in a Violent World ), 2010, Oxford University Press
(၆) ဖက်ဒရယ်နိုင်ငံ (၅) နိုင်ငံ၏ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်း ဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ (MIPS – Myanmar Institute for Peace and Security) သုတေသန စာတမ်း၊ MIPS, Dec, 2019 .
(၇) Immanuel Kant, Perpetual Peace. In Kant: Political Writings (Cambridge University Press, 1991).
(၈) The Democracy Sourcebook. The MIT Press, 2003.
မင်းတင်vvvvv