• Today is: Tuesday, August 3, 2021

ရှမ်းပြည်နယ်အတွင်းနေထိုင်သော လားဟူနှင့် မြောင်ဇီးလူမျိုးများအကြောင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းသားရေးရာဝန်ကြီးဌာန

Federal Journal
November18/ 2020

ရှမ်းပြည်နယ်အတွင်းနေထိုင်သော လားဟူနှင့် မြောင်ဇီးလူမျိုးများအကြောင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းသားရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာ စုပေါင်းနေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးသည်။ ယခုလို ခေတ်ပြောင်း စနစ်ပြောင်း ကူးပြောင်းရေးကာလမှာ နိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းအရ ပိုလို့ပင် အရေးကြီးပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့် ဖွဲ့စည်းတည်ဆောက် ထားသော တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန အကြောင်းနှင့် လားဟူနှင့် မြောင်ဇီး တိုင်းရင်းသားများအကြောင်းကို ဒီတစ်ပတ် တိုင်းရင်းသားရေးရာကဏ္ဍအတွက် ရှာဖွေတင်ပြ လိုက်သည်။

လားဟူလူမျိုး

လားဟူလူမျိုးများသည် တိဘက်မြန်မာ ‘လိုလို’ဟူသော လူမျိုးမှ ဆင်းသက်လာသည်။ ခရစ်တော် မပေါ်မှီ ဘီစီ ၆၀ဝ ခန့်အထိ တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် နေထိုင်ခဲ့ကြသည်။ လူဦးရေ များပြား လာသည်နှင့်အမျှ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ လာရာ မဲခေါင်မြစ်၊ သံလွင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရာ တရုတ်ပြည်တောင်ပိုင်း ရှမ်းပြည်နယ်၊ ယိုးဒယားနိုင်ငံ၊ လာအိုနိုင်ငံ နယ်စပ်ဒေသများသို့ ရောက်ရှိနေထိုင်ခဲ့ကြသည်။ တရုတ်နိုင်ငံ လန်ချန်း လားဟူပြည်နယ်တွင် ၅ သိန်း၊ မြန်မာနိုင်ငံ ရှမ်းပြည် နယ်တွင် ၂ သိန်း၊ ယိုးဒယား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့တွင် ၁ သိန်း စုစုပေါင်း ၈ သိန်းခန့် ရှိပါ သည်။

လားဟူအနွယ်ဝင် လားဟူ န နှင့် လားဟူ ရှိ နှစ်မျိုးရှိသည်။ အမျိုးကွဲပေါင်း ၂၀ ကျော် ရှိပြီး ကျိုင်းတုံ မြို့တွင် ၁၂ မျိုး နေထိုင်သည်ဟု သိရသည်။ လားဟူ အမျိုးသားများသည် ပိတ်အနက်ဖြင့် ချုပ်ထားသော ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းပေါင်းရှည်ကို ဝတ်ဆင်ကြ သည်။ အမျိုးသမီးများသည် ရှေးယခင်က အင်္ကျီအရှည် နှင့် ခေါင်းပေါင်းအရှည် ဝတ်ဆင်ကြောင်း သိရသည်။ ယခုအခါ အင်္ကျီခါးတို၊ လုံချည်၊ ထမီများပြောင်းလဲ ဝတ်ဆင်လာပါသည်။ ရိုးရာဝတ်စုံများကို မင်္ဂလာ ဆောင်ပွဲ၊ ကောက်သစ်စားပွဲနှင့် နှစ်သစ်ကူးပွဲစသော အခါကြီးရက်ကြီးများတွင် ဝတ်ဆင်ကြပါသည်။ အမျိုး သမီးများ၏ လက်ဝတ်တန်ဆာမှာ ငွေလက်ကောက်၊ ငွေနားတောင်း၊ ငွေလည်ဆွဲပြားတို့ ဖြစ်ပြီး အမျိုးသား များမှာ လွယ်အိတ်၊ ဓား၊ ဆေးတံ၊ တူမီးသေနတ်တို့ကို အမြဲ ကိုင်ဆောင်လေ့ရှိသည်။ လားဟူ လူမျိုးများသည် နတ်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ် ကြသည်။ လားဟူ လူမျိုးတို့၏ အနှစ်သက်ဆုံး အလုပ် မှာ ‘အမဲလိုက်ခြင်း’ ဖြစ်သည် ။

လားဟူလူမျိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာကော်မှစ၍ ကျိုင်းတုံနယ် အရှေ့ဖျားတိုင်အောင် ခရီးလမ်းတစ်လျှောက် ကျေးရွာများတွင် နေထိုင်ကြ၍ လိုလို အုပ်စုခွဲတွင် ပါဝင်ကြသည်။ လားဟူလူမျိုးစု တို့တွင် လားဟူနနှင့် လားဟူရှီ ဟူ၍ နှစ်မျိုးရှိပြီးလျှင် ရှမ်းများကမူ ယင်းတို့ကို မူဆိုးဟုခေါ်ကြသည်။ ဤသို့ ခေါ်ခြင်းကို လားဟူတို့ကမနှစ်သက်ကြဘဲ ယင်းတို့ အချင်းချင်းသည် တစ်ဦးကိုတစ်ဦး လားဟူဟုသာခေါ် ကြသည်။ ရှေးအခါက လားဟူတို့သည် သံလွင်မြစ် မြောက်ဖျား အရပ်ဒေသတွင် နေထိုင်ခဲ့ကြ၍ ယခုအခါ မိုင်းဆတ်၊ မိုင်းပန်နှင့် ကျိုင်းတုံ အနီးတစ်ဝိုက် ကျေးရွာ များသို့ ပြောင်းရွှေ့ရောက်ရှိလာကြသည်။လားဟူများ သည် နတ်ကို လုံးလုံးလျားလျား ကိုးကွယ်သည်ဟူ၍ မရှိခဲ့ချေ။ နောင်ပွင့်မည့်ဘုရားကို မျှော်နေကြသူများ ဖြစ်သည်ဟုပြောဆိုကြသည်။ အိမ်ဦးခန်းတွင် ဘုရား စင်ကို နတ်စင်ကဲ့သို့ ထားရှိကြသည်။ ယင်းတို့လူဦးရေ ၁၀ ပုံ ၉ ပုံမှာ ဗုဒ္ဓဝါဒီများဖြစ်သော်လည်း ရုပ်ပွားတော် များကိုထားပြီး ထင်ထင်ရှားရှား ကိုးကွယ်ခြင်းမရှိကြ ချေ။ အချို့မှာ ခရစ်ယာန်ဝါဒီများဖြစ်ကြသည်။လားဟူများသည် လယ်ယာလုပ်ခြင်းထက် တောင်ယာ ခုတ် အလုပ်မျိုးကိုသာ အားထား၍ လုပ်ကိုင်ကြသည်။ တောင်ယာပဲခင်းမှ ပေါ်ဦး ပေါ်ဖျားဖြစ်သည့် သစ်သီး ဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် စပါး၊ ပဲ၊ ပြောင်း များကို ရှေးဦးစွာ မိမိတို့ သက်ဝင်ယုံကြည်သော အယူဝါဒအလိုက် လှူဒါန်းပူဇော်ပြီးမှ စားသုံးကြသည်။လားဟူများသည်လူတိုင်းလိုလို ဦးခေါင်းထိပ်တွင် ကျစ်ဆံမြီးထားကြရသည်။ ထိပ်လယ်တွင်ရှိသော ဗွေနေရာ၌ ဆံပင်ကို ရိတ်လိုက်လျှင် ဖျားနာပြီး သေတတ် သည်ဟုအယူရှိကြသည်။ လားဟူနသည် ယောကျာ်း၊ မိန်းမနှစ်ဦးစလုံးပင် ရင်ဖုံးအင်္ကျီများ ဝတ်ကြသည်။ ရင်ကွဲအင်္ကျီမှာ ယခုခေတ်တွင်မှ ဝတ်သောအင်္ကျီဖြစ် သည်။ ယင်းတို့အဝတ်တွင် အိမ်ထောင်ကျပြီးသူများ အတွက် ရွှေချည်ထိုးရာ၌ အပြာနှင့်အစိမ်းရောင်ကိုသာ ထိုးရသည်။ လူပျိုအပျိုများအတွက် အနီ၊ အဖြူ၊ အဝါရောင်များထည့်ရသည်။ လားဟူ မိန်းမသည် အဝတ်ရှည်ဝတ်ရသည်။ ဤကဲ့သို့ ဝတ်ဆင်ခြင်းမှာ လင်သားအားလည်းကောင်း၊ လူကြီးမိဘနှင့် ဂုဏ်သရေ ရှိ လူကြီးလူကောင်းများအားလည်းကောင်း ရိုသေ သမှုပြုသည်ဟု သဘောထားကြသည်။ လားဟူရှီများ မှာ အင်္ကျီတိုဝတ်ဆင်သူများ ဖြစ်ကြသော်လည်း ယင်းလူမျိုးမှ ဆင်းသက်လာခဲ့သောလူမျိုးများမှာ အင်္ကျီရှည်ဝတ်ဆင်သူက များပြားလေသည်။

ကောက်သစ်စားပွဲ

ကောက်သစ်စားပွဲသည် လားဟူအမျိုးသားတို့ အတွက် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ လားဟူလူမျိုးမှာ အရေးကြီးသော ပွဲလမ်းနှစ်ခုရှိသည်။

(၁)       နှစ်သစ်ကူးပွဲ (ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ကျင်းပသည်။)

(၂)       ကောက်သစ်စားပွဲ (စက်တင်ဘာအကုန် အောက်တိုဘာအချိန်တွင် ကျင်းပလေ့ရှိသည်။)

ကောက်နှံများ ရင့်မှည့်လာသောအချိန်မှာ ရပ်ရွာလူကြီးများက ကောက်သစ်စားပွဲ ကျင်းပမည့် နေ့ရက်ကို သတ်မှတ်ကြရ၏။ လားဟူလူမျိုးတို့၏ ပြက္ခဒိန်ရက် သတ်မှတ်မှုသည် တရုတ်လူမျိုးများနှင့် ဆင်တူသည်။ တစ်ပတ်တွင် နေ့ရက် ၁၂ ရက်ရှိပြီး ရက်များကို ခွေး၊ နွား၊ ေြွမ စသည့် တိရစ္ဆာန်အမည် များဖြင့် သတ်မှတ်ထားပါသည်။ ထိုရက်များထဲမှ ယုန်ရက်၊ ကျားရက်နှင့် နဂါးရက်များမှာ နေ့ထူးနေ့မြတ် များ ဖြစ်သောကြောင့် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ရက်သတ်မှတ်ပြီးလျှင် ရပ်ရွာရှိ လမ်းများကို သေချာပြင်ဆင်ပြီး တစ်ရွာလုံး သန့်ရှင်းရေး လုပ်ကြ ရသည်။ ရွာသူရွာသားများက ကောက်သစ်စားပွဲ အတွက် စပါးကို သေချာရိတ်သိမ်းပြီး ဆန်အဖြစ် ထောင်းကြရသည်။ ကောက်သစ်နှင့်အတူ တောင်ယာ တွင် စိုက်ထားသော ပြောင်းဖူး၊ ငရုတ်၊ သခွား စသည့် ဟင်းသီးဟင်းရွက်များနှင့် ဟင်းခပ် အမွေးအကြိုင်များ ကိုပါ ဆွတ်ခူးယူလာကြရပါသည်။ ကောက်သစ်စားပွဲ နေ့မနက်တွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူက တောင်ယာထွက် ကောက်သစ်နှင့် သီးနှံများနှင့် ဘုရားသခင်ကို ဆက်ကပ်ကြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး ဝတ်ပြု ဆုတောင်းကြ ပါသည်။

နတ်ကိုးကွယ်သူများမှာ သူတို့၏ ဘာသာရေး ခေါင်းဆောင်ရှိပြီး ယောကျာ်းအား သိုဗိုဟုခေါ်ပြီး အမျိုးသမီးကို သာလာမာဟုခေါ်သည်။ ထွက်လာ သော ဦးဦးဖျားဖျား ဆန်ဖြစ်ဖြစ်၊ တခြား အသီးအနှံ ဖြစ်ဖြစ် ဘုရားကျောင်းကဲ့သို့ သီးသန့်ပူဇော်သည့် နေရာ၌ သွားရောက် ပူဇော်ကြပါသည်။ ထိုကဲ့သို့ ပူဇော်ပြီးနောက် ကောက်သစ်စားပွဲကို ကျင်းပလေ့ရှိပါ သည်။ ကောက်သစ်စားပွဲကို အများအားဖြင့် စုပေါင်း ကျင်းပကြသည်။ ရွာအလိုက် ကျင်းပကြသည်လည်း ရှိသည်။ လားဟူများမှာ အချင်းချင်း နီးနီးနားနား နေထိုင်ကြသည်က များသည်။ ဟိုဖက်ရွာ၌ ကောက် သစ်စားပွဲရှိလျှင် ဒီဖက်ရွာမှလည်း သွားကြသည်။ အလည့်ကျ ခေါ်ဖိတ်ပြီး ဆင်နွှဲကြသဖြင့် ပွဲကြီးမှာ စည်ကား၍နေပေသည်။

ချက်ပြုတ်သည့် နေရာမှာမူ ဒေသအလိုက် ကွဲပြားမှုလေးများ ရှိကြသည်။ တချို့က တစ်ရွာလုံး စုပေါင်းချက်ပြုတ်ကြသလို တချို့ကတော့ မိမိတို့ နေအိမ်တွင် ချက်ပြုတ်ပြီး ရွာလည်တစ်နေရာ၌ စုပေါင်း စားသောက်ကြသည်။

ဖိတ်ကြားထားသော ဧည့်သည်များအတွက် ရွာ တွင် စုပေါင်းပြီး ချက်ထားတတ်ပါသည်။ ချက်ပြုတ် ထားသည့် အစားအသောက်များ အားလုံး တစ်နေရာ တွင် စုပေါင်းထားပြီး ဧည့်သည်များရော ရွာသူရွာသား များပါ အတူတူ လက်ဆုံစားကြသည်။

လားဟူရိုးရာအရ ကောက်သစ်စားပွဲ ပြင်ဆင်ရာ ၌ ထမင်းနှင့်ဟင်းကို လားဟူဘာသာဖြင့် အာဖရှခေါ် သစ်ရွက်ရှည် တစ်မျိုးဖြင့် ထုတ်ပြီး ပေါင်းရပါသည်။ ထိုသို့ ပေါင်းရာမှာလည်း အရွယ်တူ သစ်ရွက်နှစ်ရွက်ကို ကြက်ခြေခတ်ထုတ်ပြီး နှီးနှင့်ချည်ကာ ပေါင်းရပါသည်။ ဧည့်သည်များအား ထိုထမင်းပေါင်း ဟင်းပေါင်းများနှင့် ဧည့်ခံရသည်။ ကောက်သစ်စားပွဲမှာ ရိုးရာအရဆိုလျှင် ပန်းကန်ခွက်ယောက်များ လုံးဝမသုံးရပါ။ ကောက်သစ် စားပွဲမှာ မလုပ်မဖြစ်သည့် ရိုးရာတစ်ခုပါသည်။

မပါမဖြစ်သည့် ရိုးရာတစ်ခုက ဟွန်တောင်ထီးဟု ခေါ်သော ရိုးရာဟင်းဖြစ်သည်။ ထိုဟင်းသည် အသား ကို ဟာကြားဟုခေါ်သော ဆီးဖြူခေါက်၊ ဂျူးမြစ်၊ နံနံပင်၊ ကြက်သွန်မြိတ်စသည့် ဟင်းခတ် အမွေးအကြိုင် များနှင့် ရော၍ တောက်တောက်စင်း ဖက်နှင့်ထုတ်ပြီး ပေါင်းထားသော ဟင်းတစ်မျိုးဖြစ်သည်။

ထိုရိုးရာဟင်းအတွက် တချို့က ကောက်သစ် စားပွဲမတိုင်မီ အမဲလိုက်ကြပြီး ရလာသော အသားများ နှင့် ချက်ပြုတ်တတ်ကြပေသည်။ စားသောက်ပွဲ ပြီးသောအခါ ဗုံ၊ မောင်း၊ ဗူးပုလွေ စသည့် ရိုးရာ တူရိယာများကို တီးမှုတ်ပြီး ကပွဲ ကျင်းပကြပါသည်။

မြောင်ဇီးလူမျိုး

မြောင်ဇီးတို့သည် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့် နယ်၊ ဝနယ်နှင့်ကျိုင်းတုံတစ်ဝိုက်တွင် နေထိုင်ကြသည်။ မြန်မာပြည်တွင်းသို့ ရှေးအခါက ဝင်ရောက်ခဲ့သော လူမျိုးနွယ်ကြီး(၃)စုအနက် မြောင်ဇီးတို့သည် မွန်-ခမာအစုတွင် ပါဝင်သည်ဟုပညာရှင်အများက ယူဆ ကြသည်။ မြောင်ဇီးတို့သည် မိမိတို့ကိုယ်ကို မုံ (Mung) ဟုခေါ်ကြသည်။ မုံဟူသောစကားသည် Mung မောင်နှင့်မောင်(ဝ်)၊ မောင်ဂွတ်ဟူသော စကားလုံးများ နှင့် ဆက်စပ်လျက်ရှိ၏။ တစ်နည်းဆိုသော် မွန်ဂို လီယားများဟု ခေါ်ခြင်းဖြစ်ပြီး မိမိတို့မှာမွန်ဂိုလီယား အမျိုးအနွယ်များဟုလည်း ပြောကြပါသည်။

ဝင်ရောက်လာပုံ

ရှေးရာစုပေါင်းများစွာကပင် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ရင်း တရုတ်ပြည် ကွေကျင်း ဒေသသို့ရောက်လာကြောင်း၊ ထိုနေရာမှတစ်ဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်လာကြကြောင်းကို ၎င်းတို့က ပြောပြကြ၏။

မူလဝင်ရောက်လာသော မြောင်ဇီးအုပ်စုတွင် ဦးဆောင်သူအကြီးအကဲ ၄ ဦးရှိရာ ၎င်းင်းတို့မှာ…

(၁)                   ရုပ်စေူဝါ = မြောင်ဇီးစော်ဘွားကြီး

(၂)                   ရုပ်လုပ်ရန် = မြောင်ဇီးတိုက်သူကြီး

(၃)                   ရုပ်ကျန်းစူး = မြောင်ဇီးစစ်ဗိုလ်ချုပ်

(၄)                   ရုန်းပလ = မြောင်ဇီးစစ်ဗိုလ်ကြီးတို့ဖြစ်၏။

မြန်မာပြည်တွင်း မူလအခြေစိုက်သောနေရာမှာ ကိုးကန့်နယ် တာရွှေထန်နှင့် ကြယ်ပါးအရပ်များဖြစ်ပြီး ゞင်းနေရာများမှ ဟာမိုးနိုက်နှင့်ကာမိန်းနယ်များသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ကွမ်းလုံခရိုင် ဝနယ်များ သို့လည်းကောင်း ပြန့်နှံ့ နေထိုင်လာကြခြင်း ဖြစ်သည်။ ဤကား မြောင်ဇီးတို့ သားစဉ်မြေးဆက် ပြောခဲ့သော ပါးစပ်ရာဇဝင်မှတ်တမ်းအကျဉ်းချုပ် ဖြစ်သည်။ မြန်မာ ပြည်တွင်း မြောင်ဇီးတို့ အများဆုံးနေထိုင်ရာဒေသများ ကား ကိုးကန့်နယ်ရှိ တာရွှေထန်၊ ကျာတီမော်၊ ရဲညိုပါး၊ ပေါဝးမန့်လော့၊ ဖာမာချန်း၊ ဆုံကန်၊ မာလီပါး၊ ရှုတ် တင်ပါး၊ ကာမိန်းနှင့်သိန္နီတို့ ဖြစ်၏။ မြောင်ဇီးလူမျိုး တို့ကို ဝနယ်အရှေ့ပိုင်းဒေသနှင့် ကိုးကန့်နယ်များတွင် အများဆုံး တွေ့ရှိရပြီးလျှင် ယူနန်နယ် အနောက်ဖျား ဒေသတိုင်အောင် ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရှိရ သည်။ ယင်းတို့၏ မူရင်းဒေသမှာ ကွမ်ဆီနှင့် ကွေချောင် ပြည်နယ်တို့ ဖြစ်၍၊ ထိုမှယူနန်နယ်သို့ ရောက်ရှိလာပြီး လျှင် မြန်မာနိုင်ငံအတွင်းသို့ တစ်ဖန် ရောက်ရှိလာလေ သည်။

မြောင်ဇီးစာ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ အရှေ့တောင် စူးစူးသို့ မိုင်တစ်ရာခန့်သွားလျှင် တန်ယမ်းသို့ရောက်၏။ တန်ယမ်းမှ တစ်ဖန် လားဖြင့် ခရီးဆက်လျှင် ဝနယ်၏ မြို့တော်ဖြစ်သော ဟိုပန်သို့ ရောက်၏။ ဟိုပန်မှ တစ်ဖန် လားဖြင့် နှစ်ညသုံးညအိပ် ခရီးဆက်ပါက မြောင်ဇီးလူမျိုးတို့ နေထိုင်ရာ တရုတ် – မြန်မာ နယ်စပ်သို့ ရောက်တော့၏။ မြောင်ဇီးလူမျိုးတို့သည် သံလွင်မြစ်အရှေ့ဖက်ကမ်း၌ နေထိုင်ကြပြီးလျှင် သံလွင်မြစ် အနောက်ဖက်ကမ်းရှိ လူမျိုးတို့နှင့်မူ လုံးဝ အဆက်အသွယ် မရှိသလောက် ဖြစ်သည်ဟု သိရှိရ သည်။

မြောင်ဇီးတို့သည် အေးချမ်းစွာ နေထိုင်တတ် ကြပြီး လောဘနည်းကြ၏။ ငွေကြေးဓန ပိုင်ဆိုင်လို စိတ်ကင်းပြီး ၎င်းတို့၏စီးပွားရေးမှာ စားဝတ်နေရေး ဖူလှုံရေးကိုသာ ပဓာနပြုသော စီးပွားရေးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုအတွက်(၁) စိုက်ပျိုးရေး၊ (၂)မွေးမြူရေးနှင့်(၃)အလုပ်သမားအဖြစ် အခစားလုပ် ခြင်းတို့ကို ပြုလုပ်ကြသည်။ တောင်ပေါ်နေ တိုင်းရင်း သားများအတိုင်း စိုက်ပျိုးရေးကို ရွှေ့ပြောင်း တောင်ယာများတွင် လုပ်ကိုင်ကြသည်။ သီးနှံများမှာ တောင်ယာစပါး၊ ပြောင်း၊ ဆတ်ဆန်၊ ပိန်းဥ၊ မျောက်ဥ များ ဖြစ်၏။ အိမ်ခြံများတွင် မုံညင်း၊ မုံလာစသော ဟင်းသီးဟင်းရွက်များကို အိမ်တွင် စားသုံးရန် စိုက်ပျိုး ကြသည်။ တောင်ယာများမှာ တောင်စောင်း တောင် ကမ်းပါးများတွင် ရှိသဖြင့် ထွန်ယက်ရန် ကျွဲနွားများကို အသုံးမပြုနိုင်ဘဲ လူ့လုပ်အားနှင့်သာ တူးဆွစိုက်ပျိုးကြ ရ၏။ ဝမ်းစာဖူလှုံရုံအတွက်သာ စိုက်ပျိုးနိုင်ပြီး ရာသီ ဥတု မကောင်းသည့်အခါ ဝမ်းစာအတွက်ပင် မပြည့်စုံ ဘဲ ရှိတတ်သည်။ မြေဆီဩဇာကုန်သောအခါ တစ်နေရာ သို့ ပြောင်းရွှေ့ကြပြန်သည်။

အိမ်တွင် စားသုံးရန်နှင့်ရိုးရာဓလေ့ထုံးစံများအရ ပူဇော်ပွဲလုပ်ရန်အတွက် ကြက်၊ ဝက်၊ နွား၊ ကျွဲတို့ ကို အိမ်ခြံဝင်းအတွင်း မွေးမြူထားကြ၏။ ဈေးတွင် ရောင်းချရန်အတွက် မမွေးမြူကြပါ။ တောင်ယာ လုပ်ငန်းပြီး၍ အားလပ်သည့်အခါနှင့် တောင်ယာ လုပ်ငန်းသို့ မပါဝင်ရသောအိမ်သားက လေးလူကြီးတို့ သည် နေ့စားအလုပ်သမားများအဖြစ် ကျဘမ်းအလုပ် များ လုပ်ကြ၏။ လွတ်လပ်ရေးမတိုင်မီခေတ်များအချိန် က နယ်ခြားရှိ တရုတ်ဘိန်းကုန်သည်များက လားဝန် တင်များနှင့်အတူ လမ်းပြအဖြစ်လိုက် ပါရန် အခကြေး ငွေ ရက်ရောစွာပေးပြီး ငှားရမ်းလျှင် ရက်ရှည်လများ လိုက်ပါသွားတတ်ကြ၏။ လုပ်ခအတွက် ငွေကြေး ထက် ဆန်၊ ဆား၊ အဝတ်အစားတို့ကို ပေးခြင်းကို ပိုမိုလိုလားကြသည်။ အလုပ်သမားအဖြစ် ၎င်းတို့အား ငှားလျှင် ငှားသူသည် ၎င်းတို့အား ကျွေးမွေးမှုတာဝန် ယူရသည်။ ခရီးရှည်တွင် လိုက်ပါရလျှင် အပြန်ခရီး ၎င်းတို့စားသောက်ရန် ရိက္ခာတို့ကိုပါ ပေး၍ ငှါးရသည်။ ယခုအခါ လမ်းဖောက်ခြင်း၊ တောင်ယာတိုးချဲ့ခြင်း၊ ဆည်မြောင်းဖောက်ခြင်း စသော ပြည်နယ်တို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အခစားအဖြစ်လည်းကောင်း၊ စေတနာ့ဝန်ထမ်းအဖြစ်လည်းကောင်း ပါဝင်လုပ်အား ပေးလျက် ရှိကြသည်။ လူမှုရေးစနစ်တွင် မြောင်ဇီးတို့ သည် မိသားစုစိတ်ဓာတ်ရှိကြ၏။ အမျိုးအနွယ်စု (Clan) အလိုက် နေထိုင်လေ့ရှိပြီး အမျိုးအနွယ် မတိမ် ကောရန် ထိန်းသိမ်းကြသည်။ မြန်မာပြည်တွင်းရှိ မြောင်ဇီးအမျိုးအနွယ်များမှာ (၁)ကျန်၊ (၂)ရှုံ့၊ (၃)ယန့်၊ (၄)မား၊ (၅)ဝန့်၊ (၆)လီ၊ (၇)ထောင်နှင့် (၈)ဝူးတို့ ဖြစ်ကြ၏။ အမျိုးအနွယ်စိတ် ရှိကြသော် လည်း အခြားတိုင်းရင်းသားများနှင့် ရောနှောနေထိုင် လေ့လည်း ရှိကြသည်။ အရိုက်အရာခံခြင်းတွင် ယောကျာ်းဦးစားပေးသောစနစ်ကို ကျင့်သုံးသည်။ အမျိုးအနွယ်ဆက်ရာတွင်လည်း ယောကျာ်းမျိုးရိုး ဖက်သို့သာ ဆက်ရသည်။ သားကြီးသည် မိဖအရိုက် အရာခံရပြီး ၎င်းမရှိပါက တူ၊ ညီ၊ ဦးလေးစသည်တို့က ဆက်ခံရသည်။ အရိုက်အရာခံသူသည် ကောင်းမွေစံပြီး ဆိုးမွေလည်း ခံရသည်။ အမွေပေးရာတွင် မိဘသဘော ကျ ခွဲဝေနိုင်သည်။ အတူနေသားသမီးများသည် အမွေ ပိုရထိုက်သည်ဟု ယူဆကြသည်။ အမွေမခွဲမီ မိဘ သေဆုံးသော် ဆွေမျိုးသားချင်းတို့က အမွေခွဲဝေပေး သည်ကို နာခံကြသဖြင့် အမှုအခင်း မဖြစ်ပွားတတ်ချေ။ မိန်းကလေး အရွယ်ရောက်၍ လက်ထပ်လျှင် လင် ယောကျာ်းဖက်သို့ လိုက်ပါရသည်။

မြောင်ဇီးတို့သည် လူရာသွင်း အခမ်းအနားကို ၎င်းတို့၏ယဉ်ကျေးမှုစရိုက်အတိုင်း ပြုလုပ်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်မိန်းမသည် အိမ်တွင် ဖော်စပ်ထား သော ဆေးမီးတိုကို မှီဝဲပါသည်။ ကလေးမွေးလာသော အခါ မီးလှုံခြင်း မပြုပါ။ ကလေးရော မိခင်ပါ သန့်ရှင်း စွာ ရေချိုးပြီး အိပ်ရာသစ်သို့ ပြောင်းရွှေ့အိပ်ကြသည်။ မီးတွင်းတစ်လ၌ မီးနေသည်သည် ထမင်းပျော့နှင့် ကြက်ဥ၊ ကြက်သားများကို ငြုတ်ကောင်းနှင့်ပြုတ် ကာ မှီဝဲခြင်းဖြင့် အားသစ်မွေးယူပါ သည်။ မီးထွက် သောအခါ ဆေး ပေါင်းအိုးမှ အငွေ့နှင့် ချွေးအောင်း သည်။ ကင်ပွန်းတပ်အမည်ပေးခြင်း ကို ကလေး ၃ ရက်သားတွင် ပြုလုပ် သ ည်။ မိဘကြိုက်ရာ အမည်ပေး နိုင်၏။ ကင်ပွန်းတပ်ရာတွင် ကြက် တစ်ကောင်သတ်ပြီး ရိုးရာနတ်အား ပသရသည်။ နတ်တင်ကျကို မိခင်က စားရသည်။ သားယောကျာ်းကလေး ဆိုလျှင်    အမြတ်တနိုးထားကာ ကင်ပွန်းတပ်၏။ ဧည့်သည်များ ဖိတ်ခေါ်ကျွေးမွေးရာ ၎င်းတို့က ကလေးအတွက် ကြက်ဥ၊ ကြက်၊ အဝတ်အစားနှင့် ကစားစရာများကို လက်ဖွဲ့ ကြသည်။

ခေတ်ဟောင်း   အချိန်က မြောင်ဇီးကလေးများ သည် ၇-၈ နှစ်အရွယ်မှစပြီး    မိဘများနှင့် တောင်ယာနှင့် အိမ်တွင်းလုပ်ငန်း များတွင် ကူညီကြရင်း ကြီးပြင်း သွားကြ၏။ စာရေးစာဖတ် လုံးဝ မတတ်ကြချေ။ ယခုအခါ ကျေးရွာ များတွင် တိုးချဲ့ဖွင့်လှစ်လျက်ရှိသော မူလတန်းကျောင်း များ၌ အသုံးလုံးပညာရေးကို ဆည်းပူးကြရသဖြင့် မြောင်ဇီးလူငယ်များစွာတို့မှာ မြန်မာစကားနှင့် မြန်မာစာကို အတော်အတန် တတ်ကျွမ်းလျက် ရှိလေ ပြီ။ သို့သော် တောင်ယာလုပ်ချိန်တွင် မိဘများအား ကူညီရန် ကျောင်းမှ အခွင့်ယူသွားတတ်ကြ၏။ အသက် ၁၅-၁၆ နှစ်တွင် အပျိုလူပျိုဖော်ဝင်ကြပြီး ပိုးပန်း ကြလေသည်။ အပျိုမိဘများသည် သမီးပျို အုပ်ထိန်း ရေးတွင် လွန်စွာစည်းကမ်းကြီးသဖြင့် လူပျိုတို့ ပိုးပန်း ရာတွင် လွတ်လပ်မှုမရှိလှချေ။ တောင်ယာလုပ်ရင်း သော်လည်းကောင်း၊ တောတွင်း ထင်းခုတ်ရာတွင် လည်းကောင်း၊ ရိုးရာဓလေ့ပွဲများ၊ နတ်ပူဇော်ပွဲများ အချိန်တွင်သော်လည်းကောင်း လူပျိုလှည့်ကြသည်။ လူပျိုသည် တူရိယာပစ္စည်းကို တီးမှုတ်ခြင်းဖြင့်လည်းကောင်း၊ စောင်းချိတ်သောစကားပါသည့် အချစ်သီချင်းကို သီဆိုခြင်းဖြင့်လည်းကောင်း မိန်းမပိုးကြ၏။ မိန်း ကလေး မိဘများထံသို့ လူကြီးစုံရာနှင့်သို့မဟုတ် အောင်သွယ်မှတစ်ဆင့် စကားကမ်း၍ တောင်းရမ်း ရသည်။ သဘောတူက နေ့ကောင်းရွေးပြီး သတို့သား က နွားနှစ်ကောင်၊ ငွေသား ၈ဝိ နှင့် သတို့သမီးကို တင်တောင်းရသည်။ အပြည့်မပေးနိုင်သေးက လက် ထပ်ပြီးနောက် တဖြည်းဖြည်းပေးသွားနိုင်သည်။ တတ်နိုင်သူဆိုလျှင် ထို့ထက်ပို၍ တင်တောင်းတတ် သည်။ နွမ်းပါးသူဖြစ်လျှင် လူကြီးနှစ်ဦးကို ဖိတ်ခေါ် ကျွေးမွေးခြင်းဖြင့် အကြင်လင်မယားအရာ မြောက် သွားနိုင်သည်။ တတ်နိုင်သူများကား ရွာလုံးကျွတ် ဖိတ်ကျွေးပြီး အဝတ်အစားများကို လက်ဖွဲ့အဖြစ် ပေး ကြသည်။ အိမ်ထောင်ကျပြီး သားယောကျာ်းမွေးလျှင် လင်က နောက်မိန်းမယူခွင့်ရှိသည်။ နောက်မိန်းမကို မယားကြီးနှင့်အတူတူ ထားသည်။ သားယောကျာ်း မွေးပေးသောမိန်းမသည် မိန်းမကြီးနေရာရ၏။ သားယောကျာ်းသာ ဖခင်မျိုးရိုးကို ဆက်သူဖြစ်သည်ဟု ယုံကြည်ကြ၏။ လင်မယားကွာရှင်းရာတွင် ကွာလိုသူ သည် လက်လွတ်အိမ်မှ ဆင်းပေးရသည်။ သို့သော် အပြစ်ရှိသူမဟုတ်ပါက ထိုက်သင့်သောပစ္စည်းများ ယူသွားနိုင်ခွင့် ရှိပါသည်။ သားသမီးများမှာ လင်သာ ပိုင်သဖြင့် ၎င်းနှင့် ထားရစ်ရသည်။ လင်ကွာနှင့် မုဆိုးမ များ နောက်အိမ်ထောင်ပြုခွင့်ရှိကြ၏။

မြောင်ဇီးတို့သည် လူသေကို ကောင်းစွာ သင်္ဂြိုဟ် လေ့ရှိသည်။ မသာအိမ်တွင် နွား၊ ကျွဲတို့ကို သတ်ပြီး ဧည့်သည်များအား ဧည့်ခံကျွေးမွေးကြသည်။ အလောင်း ကို လူရွယ်များက ထမ်းယူပြီး သေသူ၏မိသားစု သင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုဟ်၏။ အိမ်ထောင်စုတိုင်း တွင် သီးခြားအိမ်ထောင်စုသင်္ချိုင်းပြုလုပ်ထားကြပြီး ၎င်းအစုမှ သေသူကို ယင်းသင်္ချိုင်း၌သာ စီတန်းမြှုပ်ရ သည်။ သေသူများအား ပူဇော်ပသသော သင်္ချိုင်းရှိခိုး ပွဲများ နှစ်စဉ်ကျင်းပလေ့ရှိသည်။ မြောင်ဇီးတို့၏ ယဉ်ကျေးမှုတွင် မူရင်းမွန်ဂိုလီယား ဩဇာစက်ရိပ်များ လွှမ်းနေ၏။ နှစ်ကူးပွဲ၊ လမင်းပူဇော်ပွဲ၊ ကောက်ညှင်း ထုပ်ပွဲ၊ သင်္ချိုင်းရှိခိုးပွဲများ ကျင်းပခြင်းနှင့် ဓလေ့ထုံးစံ အကများတွင် မွန်ဂိုလီယန်ဆန်ဆန် ဖြစ်သည်။ ယခု အခါ မြောင်ဇီးတို့သည် ပြည်နယ်ဖွံ့ဖြိုးမှုအစီအစဉ်အရ တည်ထောင်ပေးထားသော ရွာများတွင် အိုးအိမ် အတည်တကျ နေထိုင်ကာ စိုက်ပျိုးရေး၊ မွေးမြူရေးကို စနစ်တကျ လုပ်ကိုင်စ ပြုလာပေပြီ။ ကွမ်းလုံနယ်ခြား ခရိုင် ဟိုပန်မြို့အနီး စံပြကျေးရွာများမှာ ၎င်းတို့၏ ရွာများဖြစ်၏။ ပြည်နယ်များ ဖွံ့ဖြိုးရေးနှင့် ပြည် ထောင်စုကြီး ကြီးပွားတိုးတက်ရေးတွင် တိုင်းရင်းသား မြောင်ဇီးတို့သည်လည်း တစ်ဖက်တစ်လမ်း ပါဝင် ဆင်နွှဲလျက် ရှိကြလေသည်။

မြောင်ဇီးလူမျိုးတို့သည် အရပ်အမောင်း အသင့် အတင့်ရှိ၍ အသားလတ်သည် မြောင်ဇီးအမျိုးသမီးများ သည် ကျိုင်းတုံနယ်၊ ကော အမျိုးသမီးများနည်းတူ ဂါဝန် ကဲ့သို့သော အဝတ်တိုတို ဝတ်ကြသည်။ သို့သော် အနက်သာမဟုတ်ဘဲ အဖြူရောင်လည်း ဝတ်ကြသည်။ ဦးခေါင်းတွင် ကြီးသော ဗောင်းထုပ်များ ပေါင်းထားကြ သည်။ မြောင်ဇီးအမျိုးသားများကား ဘောင်းဘီအနက် ဝတ်၍ ဦးခေါင်းတွင် အဝတ်များဖြင့် ဗောင်းထုပ်ပေါင်း ထားလေသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ဒီမိုကရေစီအုပ်ချုပ်ရေးခေတ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ကြိုး ပမ်းလာခဲ့ရာ လွှတ်တော်ကဏ္ဍက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည့်နည်းတူ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရသစ်သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွင့်လှစ်နိုင်ခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနတို့ ပါဝင်သည့် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၆) ၏ သဘောတူ ခွင့်ပြုချက်အရ ဖွဲ့စည်းခဲ့ပါသည်။

မူဝါဒ

၁။         တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို အပြည့်အဝရရှိရေး

၂။         တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေး တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သော ပြည် ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ် အတူ တကွ လက်တွဲနေထိုင်ရေး

၃။         တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနု ပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုး သားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး

၄။         တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး

မျှော်မှန်းချက်

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ် ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်၊

ရည်မှန်းချက်တာဝန်

၁။         တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေး စသည့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးတက် ရှင်သန်စေရေး ဆောင်ရွက်ရန်၊

၂။         တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေပါ သတ်မှတ်ချက်များအတိုင်း အပြည့်အဝ ခံစားရရှိ စေရေး ဆောင်ရွက်ရန်၊

၃။         တိုင်းရင်းသားများ၏ စကား၊ စာပေ၊ သမိုင်း၊ အနု ပညာ၊ ယဉ်ကျေးမှု အမွေအနှစ် များနှင့် ရိုးရာဓလေ့ ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် ရန် နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊

၄။         တိုင်းရင်းသားများ၏ မူလဝိသေသလက္ခဏာများ မပျောက်ပျက်စေရေးအတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးဆောင်ရွက်ရန်၊

၅။         တိုင်းရင်းသားလူမျိုးများ၏ဒေသများတွင် ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရန်

ဖွဲ့စည်းပုံ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှာ-

  • တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီး ဌာနနှင့်
  • တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနတို့ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးများ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တိုင်းရင်း သား လူမျိုးရေးရာဝန်ကြီးများမှာ အောက်ပါအတိုင်း ဖြစ်သည်။

တိုင္းရင္းသား

Zawgyi

ရွမ္းျပည္နယ္အတြင္းေနထိုင္ေသာ လားဟူႏွင့္ ေျမာင္ဇီးလူမ်ိဳးမ်ားအေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတိုင္းရင္းသားေရးရာဝန္ႀကီးဌာန

ျမန္မာႏိုင္ငံသည္ တိုင္းရင္းသားလူမ်ိဳးမ်ားစြာ စုေပါင္းေနထိုင္ေသာ ႏိုင္ငံျဖစ္သည္။ ထို႔ေၾကာင့္ တိုင္းရင္းသားမ်ား၏ အခန္းက႑သည္ အလြန္ပင္ အေရးႀကီးသည္။ ယခုလို ေခတ္ေျပာင္း စနစ္ေျပာင္း ကူးေျပာင္းေရးကာလမွာ ႏိုင္ငံ၏ ႏိုင္ငံေရးသမိုင္းေၾကာင္းအရ ပိုလို႔ပင္ အေရးႀကီးပါသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေတာ္အဆင့္ ဖြဲ႕စည္းတည္ေဆာက္ ထားေသာ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန အေၾကာင္းႏွင့္ လားဟူႏွင့္ ေျမာင္ဇီး တိုင္းရင္းသားမ်ားအေၾကာင္းကို ဒီတစ္ပတ္ တိုင္းရင္းသားေရးရာက႑အတြက္ ရွာေဖြတင္ျပ လိုက္သည္။

လားဟူလူမ်ိဳး

လားဟူလူမ်ိဳးမ်ားသည္ တိဘက္ျမန္မာ ‘လိုလို’ဟူေသာ လူမ်ိဳးမွ ဆင္းသက္လာသည္။ ခရစ္ေတာ္ မေပၚမွီ ဘီစီ ၆၀ဝ ခန္႔အထိ တ႐ုတ္ႏိုင္ငံ အေနာက္ ေတာင္ပိုင္းတြင္ ေနထိုင္ခဲ့ၾကသည္။ လူဦးေရ မ်ားျပား လာသည္ႏွင့္အမွ် ေရၾကည္ရာ ျမက္ႏုရာသို႔ ေျပာင္းေရႊ႕ လာရာ မဲေခါင္ျမစ္၊ သံလြင္ျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာရာ တ႐ုတ္ျပည္ေတာင္ပိုင္း ရွမ္းျပည္နယ္၊ ယိုးဒယားႏိုင္ငံ၊ လာအိုႏိုင္ငံ နယ္စပ္ေဒသမ်ားသို႔ ေရာက္ရွိေနထိုင္ခဲ့ၾကသည္။ တ႐ုတ္ႏိုင္ငံ လန္ခ်န္း လားဟူျပည္နယ္တြင္ ၅ သိန္း၊ ျမန္မာႏိုင္ငံ ရွမ္းျပည္ နယ္တြင္ ၂ သိန္း၊ ယိုးဒယား၊ လာအို၊ ကေမၻာဒီးယားႏွင့္ ဗီယက္နမ္တို႔တြင္ ၁ သိန္း စုစုေပါင္း ၈ သိန္းခန္႔ ရွိပါ သည္။

လားဟူအႏြယ္ဝင္ လားဟူ န ႏွင့္ လားဟူ ရွိ ႏွစ္မ်ိဳးရွိသည္။ အမ်ိဳးကြဲေပါင္း ၂၀ ေက်ာ္ ရွိၿပီး က်ိဳင္းတံု ၿမိဳ႕တြင္ ၁၂ မ်ိဳး ေနထိုင္သည္ဟု သိရသည္။ လားဟူ အမ်ိဳးသားမ်ားသည္ ပိတ္အနက္ျဖင့္ ခ်ဳပ္ထားေသာ ေဘာင္းဘီ၊ အက်ႌႏွင့္ ေခါင္းေပါင္းရွည္ကို ဝတ္ဆင္ၾက သည္။ အမ်ိဳးသမီးမ်ားသည္ ေရွးယခင္က အက်ႌအရွည္ ႏွင့္ ေခါင္းေပါင္းအရွည္ ဝတ္ဆင္ေၾကာင္း သိရသည္။ ယခုအခါ အက်ႌခါးတို၊ လံုခ်ည္၊ ထမီမ်ားေျပာင္းလဲ ဝတ္ဆင္လာပါသည္။ ႐ိုးရာဝတ္စံုမ်ားကို မဂၤလာ ေဆာင္ပြဲ၊ ေကာက္သစ္စားပြဲႏွင့္ ႏွစ္သစ္ကူးပြဲစေသာ အခါႀကီးရက္ႀကီးမ်ားတြင္ ဝတ္ဆင္ၾကပါသည္။ အမ်ိဳး သမီးမ်ား၏ လက္ဝတ္တန္ဆာမွာ ေငြလက္ေကာက္၊ ေငြနားေတာင္း၊ ေငြလည္ဆြဲျပားတို႔ ျဖစ္ၿပီး အမ်ိဳးသား မ်ားမွာ လြယ္အိတ္၊ ဓား၊ ေဆးတံ၊ တူမီးေသနတ္တို႔ကို အၿမဲ ကိုင္ေဆာင္ေလ့ရွိသည္။ လားဟူ လူမ်ိဳးမ်ားသည္ နတ္၊ ဗုဒၶဘာသာ၊ ခရစ္ယာန္ဘာသာတို႔ကို ကိုးကြယ္ ၾကသည္။ လားဟူ လူမ်ိဳးတို႔၏ အႏွစ္သက္ဆံုး အလုပ္ မွာ ‘အမဲလိုက္ျခင္း’ ျဖစ္သည္ ။

လားဟူလူမ်ိဳးမ်ားသည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာေကာ္မွစ၍ က်ိဳင္းတံုနယ္ အေရွ႕ဖ်ားတိုင္ေအာင္ ခရီးလမ္းတစ္ေလွ်ာက္ ေက်းရြာမ်ားတြင္ ေနထိုင္ၾက၍ လိုလို အုပ္စုခြဲတြင္ ပါဝင္ၾကသည္။ လားဟူလူမ်ိဳးစု တို႔တြင္ လားဟူနႏွင့္ လားဟူရွီ ဟူ၍ ႏွစ္မ်ိဳးရွိၿပီးလွ်င္ ရွမ္းမ်ားကမူ ယင္းတို႔ကို မူဆိုးဟုေခၚၾကသည္။ ဤသို႔ ေခၚျခင္းကို လားဟူတို႔ကမႏွစ္သက္ၾကဘဲ ယင္းတို႔ အခ်င္းခ်င္းသည္ တစ္ဦးကိုတစ္ဦး လားဟူဟုသာေခၚ ၾကသည္။ ေရွးအခါက လားဟူတို႔သည္ သံလြင္ျမစ္ ေျမာက္ဖ်ား အရပ္ေဒသတြင္ ေနထိုင္ခဲ့ၾက၍ ယခုအခါ မိုင္းဆတ္၊ မိုင္းပန္ႏွင့္ က်ိဳင္းတံု အနီးတစ္ဝိုက္ ေက်းရြာ မ်ားသို႔ ေျပာင္းေရႊ႕ေရာက္ရွိလာၾကသည္။လားဟူမ်ား သည္ နတ္ကို လံုးလံုးလ်ားလ်ား ကိုးကြယ္သည္ဟူ၍ မရွိခဲ့ေခ်။ ေနာင္ပြင့္မည့္ဘုရားကို ေမွ်ာ္ေနၾကသူမ်ား ျဖစ္သည္ဟုေျပာဆိုၾကသည္။ အိမ္ဦးခန္းတြင္ ဘုရား စင္ကို နတ္စင္ကဲ့သို႔ ထားရွိၾကသည္။ ယင္းတို႔လူဦးေရ ၁၀ ပံု ၉ ပံုမွာ ဗုဒၶဝါဒီမ်ားျဖစ္ေသာ္လည္း ႐ုပ္ပြားေတာ္ မ်ားကိုထားၿပီး ထင္ထင္ရွားရွား ကိုးကြယ္ျခင္းမရွိၾက ေခ်။ အခ်ိဳ႕မွာ ခရစ္ယာန္ဝါဒီမ်ားျဖစ္ၾကသည္။လားဟူမ်ားသည္ လယ္ယာလုပ္ျခင္းထက္ ေတာင္ယာ ခုတ္ အလုပ္မ်ိဳးကိုသာ အားထား၍ လုပ္ကိုင္ၾကသည္။ ေတာင္ယာပဲခင္းမွ ေပၚဦး ေပၚဖ်ားျဖစ္သည့္ သစ္သီး ဝလံမ်ား၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ စပါး၊ ပဲ၊ ေျပာင္း မ်ားကို ေရွးဦးစြာ မိမိတို႔ သက္ဝင္ယံုၾကည္ေသာ အယူဝါဒအလိုက္ လွဴဒါန္းပူေဇာ္ၿပီးမွ စားသံုးၾကသည္။လားဟူမ်ားသည္လူတိုင္းလိုလို ဦးေခါင္းထိပ္တြင္ က်စ္ဆံၿမီးထားၾကရသည္။ ထိပ္လယ္တြင္ရွိေသာ ေဗြေနရာ၌ ဆံပင္ကို ရိတ္လိုက္လွ်င္ ဖ်ားနာၿပီး ေသတတ္ သည္ဟုအယူရွိၾကသည္။ လားဟူနသည္ ေယာက်ာ္း၊ မိန္းမႏွစ္ဦးစလံုးပင္ ရင္ဖံုးအက်ႌမ်ား ဝတ္ၾကသည္။ ရင္ကြဲအက်ႌမွာ ယခုေခတ္တြင္မွ ဝတ္ေသာအက်ႌျဖစ္ သည္။ ယင္းတို႔အဝတ္တြင္ အိမ္ေထာင္က်ၿပီးသူမ်ား အတြက္ ေရႊခ်ည္ထိုးရာ၌ အျပာႏွင့္အစိမ္းေရာင္ကိုသာ ထိုးရသည္။ လူပ်ိဳအပ်ိဳမ်ားအတြက္ အနီ၊ အျဖဴ၊ အဝါေရာင္မ်ားထည့္ရသည္။ လားဟူ မိန္းမသည္ အဝတ္ရွည္ဝတ္ရသည္။ ဤကဲ့သို႔ ဝတ္ဆင္ျခင္းမွာ လင္သားအားလည္းေကာင္း၊ လူႀကီးမိဘႏွင့္ ဂုဏ္သေရ ရွိ လူႀကီးလူေကာင္းမ်ားအားလည္းေကာင္း ႐ိုေသ သမႈျပဳသည္ဟု သေဘာထားၾကသည္။ လားဟူရွီမ်ား မွာ အက်ႌတိုဝတ္ဆင္သူမ်ား ျဖစ္ၾကေသာ္လည္း ယင္းလူမ်ိဳးမွ ဆင္းသက္လာခဲ့ေသာလူမ်ိဳးမ်ားမွာ အက်ႌရွည္ဝတ္ဆင္သူက မ်ားျပားေလသည္။

ေကာက္သစ္စားပြဲ

ေကာက္သစ္စားပြဲသည္ လားဟူအမ်ိဳးသားတို႔ အတြက္ အေရးပါေသာ ပြဲေတာ္တစ္ခုျဖစ္သည္။ လားဟူလူမ်ိဳးမွာ အေရးႀကီးေသာ ပြဲလမ္းႏွစ္ခုရွိသည္။

(၁)     ႏွစ္သစ္ကူးပြဲ (ဇန္နဝါရီ၊ ေဖေဖာ္ဝါရီတြင္ က်င္းပသည္။)

(၂)     ေကာက္သစ္စားပြဲ (စက္တင္ဘာအကုန္ ေအာက္တိုဘာအခ်ိန္တြင္ က်င္းပေလ့ရွိသည္။)

ေကာက္ႏွံမ်ား ရင့္မွည့္လာေသာအခ်ိန္မွာ ရပ္ရြာလူႀကီးမ်ားက ေကာက္သစ္စားပြဲ က်င္းပမည့္ ေန႔ရက္ကို သတ္မွတ္ၾကရ၏။ လားဟူလူမ်ိဳးတို႔၏ ျပကၡဒိန္ရက္ သတ္မွတ္မႈသည္ တ႐ုတ္လူမ်ိဳးမ်ားႏွင့္ ဆင္တူသည္။ တစ္ပတ္တြင္ ေန႔ရက္ ၁၂ ရက္ရွိၿပီး ရက္မ်ားကို ေခြး၊ ႏြား၊ ေျြမ စသည့္ တိရစၦာန္အမည္ မ်ားျဖင့္ သတ္မွတ္ထားပါသည္။ ထိုရက္မ်ားထဲမွ ယုန္ရက္၊ က်ားရက္ႏွင့္ နဂါးရက္မ်ားမွာ ေန႔ထူးေန႔ျမတ္ မ်ား ျဖစ္ေသာေၾကာင့္ ေရြးခ်ယ္ၾကျခင္း ျဖစ္သည္။ ထိုသို႔ ရက္သတ္မွတ္ၿပီးလွ်င္ ရပ္ရြာရွိ လမ္းမ်ားကို ေသခ်ာျပင္ဆင္ၿပီး တစ္ရြာလံုး သန္႔ရွင္းေရး လုပ္ၾက ရသည္။ ရြာသူရြာသားမ်ားက ေကာက္သစ္စားပြဲ အတြက္ စပါးကို ေသခ်ာရိတ္သိမ္းၿပီး ဆန္အျဖစ္ ေထာင္းၾကရသည္။ ေကာက္သစ္ႏွင့္အတူ ေတာင္ယာ တြင္ စိုက္ထားေသာ ေျပာင္းဖူး၊ င႐ုတ္၊ သခြား စသည့္ ဟင္းသီးဟင္းရြက္မ်ားႏွင့္ ဟင္းခပ္ အေမြးအႀကိဳင္မ်ား ကိုပါ ဆြတ္ခူးယူလာၾကရပါသည္။ ေကာက္သစ္စားပြဲ ေန႔မနက္တြင္ ခရစ္ယာန္ဘာသာ ကိုးကြယ္သူက ေတာင္ယာထြက္ ေကာက္သစ္ႏွင့္ သီးႏွံမ်ားႏွင့္ ဘုရားသခင္ကို ဆက္ကပ္ၾကပါသည္။ ဘုရားသခင္၏ ေက်းဇူးေတာ္ကို ခ်ီးမြမ္းၿပီး ဝတ္ျပဳ ဆုေတာင္းၾက ပါသည္။

နတ္ကိုးကြယ္သူမ်ားမွာ သူတို႔၏ ဘာသာေရး ေခါင္းေဆာင္ရွိၿပီး ေယာက်ာ္းအား သိုဗိုဟုေခၚၿပီး အမ်ိဳးသမီးကို သာလာမာဟုေခၚသည္။ ထြက္လာ ေသာ ဦးဦးဖ်ားဖ်ား ဆန္ျဖစ္ျဖစ္၊ တျခား အသီးအႏွံ ျဖစ္ျဖစ္ ဘုရားေက်ာင္းကဲ့သို႔ သီးသန္႔ပူေဇာ္သည့္ ေနရာ၌ သြားေရာက္ ပူေဇာ္ၾကပါသည္။ ထိုကဲ့သို႔ ပူေဇာ္ၿပီးေနာက္ ေကာက္သစ္စားပြဲကို က်င္းပေလ့ရွိပါ သည္။ ေကာက္သစ္စားပြဲကို အမ်ားအားျဖင့္ စုေပါင္း က်င္းပၾကသည္။ ရြာအလိုက္ က်င္းပၾကသည္လည္း ရွိသည္။ လားဟူမ်ားမွာ အခ်င္းခ်င္း နီးနီးနားနား ေနထိုင္ၾကသည္က မ်ားသည္။ ဟိုဖက္ရြာ၌ ေကာက္ သစ္စားပြဲရွိလွ်င္ ဒီဖက္ရြာမွလည္း သြားၾကသည္။ အလည့္က် ေခၚဖိတ္ၿပီး ဆင္ႏႊဲၾကသျဖင့္ ပြဲႀကီးမွာ စည္ကား၍ေနေပသည္။

ခ်က္ျပဳတ္သည့္ ေနရာမွာမူ ေဒသအလိုက္ ကြဲျပားမႈေလးမ်ား ရွိၾကသည္။ တခ်ိဳ႕က တစ္ရြာလံုး စုေပါင္းခ်က္ျပဳတ္ၾကသလို တခ်ိဳ႕ကေတာ့ မိမိတို႔ ေနအိမ္တြင္ ခ်က္ျပဳတ္ၿပီး ရြာလည္တစ္ေနရာ၌ စုေပါင္း စားေသာက္ၾကသည္။

ဖိတ္ၾကားထားေသာ ဧည့္သည္မ်ားအတြက္ ရြာ တြင္ စုေပါင္းၿပီး ခ်က္ထားတတ္ပါသည္။ ခ်က္ျပဳတ္ ထားသည့္ အစားအေသာက္မ်ား အားလံုး တစ္ေနရာ တြင္ စုေပါင္းထားၿပီး ဧည့္သည္မ်ားေရာ ရြာသူရြာသား မ်ားပါ အတူတူ လက္ဆံုစားၾကသည္။

လားဟူ႐ိုးရာအရ ေကာက္သစ္စားပြဲ ျပင္ဆင္ရာ ၌ ထမင္းႏွင့္ဟင္းကို လားဟူဘာသာျဖင့္ အာဖရွေခၚ သစ္ရြက္ရွည္ တစ္မ်ိဳးျဖင့္ ထုတ္ၿပီး ေပါင္းရပါသည္။ ထိုသို႔ ေပါင္းရာမွာလည္း အရြယ္တူ သစ္ရြက္ႏွစ္ရြက္ကို ၾကက္ေျခခတ္ထုတ္ၿပီး ႏွီးႏွင့္ခ်ည္ကာ ေပါင္းရပါသည္။ ဧည့္သည္မ်ားအား ထိုထမင္းေပါင္း ဟင္းေပါင္းမ်ားႏွင့္ ဧည့္ခံရသည္။ ေကာက္သစ္စားပြဲမွာ ႐ိုးရာအရဆိုလွ်င္ ပန္းကန္ခြက္ေယာက္မ်ား လံုးဝမသံုးရပါ။ ေကာက္သစ္ စားပြဲမွာ မလုပ္မျဖစ္သည့္ ႐ိုးရာတစ္ခုပါသည္။

မပါမျဖစ္သည့္ ႐ိုးရာတစ္ခုက ဟြန္ေတာင္ထီးဟု ေခၚေသာ ႐ိုးရာဟင္းျဖစ္သည္။ ထိုဟင္းသည္ အသား ကို ဟာၾကားဟုေခၚေသာ ဆီးျဖဴေခါက္၊ ဂ်ဴးျမစ္၊ နံနံပင္၊ ၾကက္သြန္ၿမိတ္စသည့္ ဟင္းခတ္ အေမြးအႀကိဳင္ မ်ားႏွင့္ ေရာ၍ ေတာက္ေတာက္စင္း ဖက္ႏွင့္ထုတ္ၿပီး ေပါင္းထားေသာ ဟင္းတစ္မ်ိဳးျဖစ္သည္။

ထို႐ိုးရာဟင္းအတြက္ တခ်ိဳ႕က ေကာက္သစ္ စားပြဲမတိုင္မီ အမဲလိုက္ၾကၿပီး ရလာေသာ အသားမ်ား ႏွင့္ ခ်က္ျပဳတ္တတ္ၾကေပသည္။ စားေသာက္ပြဲ ၿပီးေသာအခါ ဗံု၊ ေမာင္း၊ ဗူးပုေလြ စသည့္ ႐ိုးရာ တူရိယာမ်ားကို တီးမႈတ္ၿပီး ကပြဲ က်င္းပၾကပါသည္။

ေျမာင္ဇီးလူမ်ိဳး

ေျမာင္ဇီးတို႔သည္ ရွမ္းျပည္ေျမာက္ပိုင္း ကိုးကန္႔ နယ္၊ ဝနယ္ႏွင့္က်ိဳင္းတံုတစ္ဝိုက္တြင္ ေနထိုင္ၾကသည္။ ျမန္မာျပည္တြင္းသို႔ ေရွးအခါက ဝင္ေရာက္ခဲ့ေသာ လူမ်ိဳးႏြယ္ႀကီး(၃)စုအနက္ ေျမာင္ဇီးတို႔သည္ မြန္-ခမာအစုတြင္ ပါဝင္သည္ဟုပညာရွင္အမ်ားက ယူဆ ၾကသည္။ ေျမာင္ဇီးတို႔သည္ မိမိတို႔ကိုယ္ကို မံု (Mung) ဟုေခၚၾကသည္။ မံုဟူေသာစကားသည္ Mung ေမာင္ႏွင့္ေမာင္(ဝ္)၊ ေမာင္ဂြတ္ဟူေသာ စကားလံုးမ်ား ႏွင့္ ဆက္စပ္လ်က္ရွိ၏။ တစ္နည္းဆိုေသာ္ မြန္ဂို လီယားမ်ားဟု ေခၚျခင္းျဖစ္ၿပီး မိမိတို႔မွာမြန္ဂိုလီယား အမ်ိဳးအႏြယ္မ်ားဟုလည္း ေျပာၾကပါသည္။

ဝင္ေရာက္လာပံု

ေရွးရာစုေပါင္းမ်ားစြာကပင္ ေရၾကည္ရာ ျမက္ႏုရာသို႔ ေျပာင္းေရႊ႕ရင္း တ႐ုတ္ျပည္ ေကြက်င္း ေဒသသို႔ေရာက္လာေၾကာင္း၊ ထိုေနရာမွတစ္ဆင့္ ျမန္မာျပည္တြင္းသို႔ ဝင္ေရာက္လာၾကေၾကာင္းကို ၎တို႔က ေျပာျပၾက၏။

မူလဝင္ေရာက္လာေသာ ေျမာင္ဇီးအုပ္စုတြင္ ဦးေဆာင္သူအႀကီးအကဲ ၄ ဦးရွိရာ ၎င္းတို႔မွာ…

(၁)               ႐ုပ္ေစူဝါ = ေျမာင္ဇီးေစာ္ဘြားႀကီး

(၂)               ႐ုပ္လုပ္ရန္ = ေျမာင္ဇီးတိုက္သူႀကီး

(၃)               ႐ုပ္က်န္းစူး = ေျမာင္ဇီးစစ္ဗိုလ္ခ်ဳပ္

(၄)               ႐ုန္းပလ = ေျမာင္ဇီးစစ္ဗိုလ္ႀကီးတို႔ျဖစ္၏။

ျမန္မာျပည္တြင္း မူလအေျခစိုက္ေသာေနရာမွာ ကိုးကန္႔နယ္ တာေရႊထန္ႏွင့္ ၾကယ္ပါးအရပ္မ်ားျဖစ္ၿပီး ゞင္းေနရာမ်ားမွ ဟာမိုးႏိုက္ႏွင့္ကာမိန္းနယ္မ်ားသို႔ လည္းေကာင္း၊ ထိုမွတစ္ဆင့္ ကြမ္းလံုခ႐ိုင္ ဝနယ္မ်ား သို႔လည္းေကာင္း ျပန္႔ႏွံ႔ ေနထိုင္လာၾကျခင္း ျဖစ္သည္။ ဤကား ေျမာင္ဇီးတို႔ သားစဥ္ေျမးဆက္ ေျပာခဲ့ေသာ ပါးစပ္ရာဇဝင္မွတ္တမ္းအက်ဥ္းခ်ဳပ္ ျဖစ္သည္။ ျမန္မာ ျပည္တြင္း ေျမာင္ဇီးတို႔ အမ်ားဆံုးေနထိုင္ရာေဒသမ်ား ကား ကိုးကန္႔နယ္ရွိ တာေရႊထန္၊ က်ာတီေမာ္၊ ရဲညိဳပါး၊ ေပါဝးမန္႔ေလာ့၊ ဖာမာခ်န္း၊ ဆံုကန္၊ မာလီပါး၊ ႐ႈတ္ တင္ပါး၊ ကာမိန္းႏွင့္သိႏၷီတို႔ ျဖစ္၏။ ေျမာင္ဇီးလူမ်ိဳး တို႔ကို ဝနယ္အေရွ႕ပိုင္းေဒသႏွင့္ ကိုးကန္႔နယ္မ်ားတြင္ အမ်ားဆံုး ေတြ႕ရွိရၿပီးလွ်င္ ယူနန္နယ္ အေနာက္ဖ်ား ေဒသတိုင္ေအာင္ ပ်ံ႕ႏွံ႔ေနထိုင္လ်က္ရွိေၾကာင္း သိရွိရ သည္။ ယင္းတို႔၏ မူရင္းေဒသမွာ ကြမ္ဆီႏွင့္ ေကြေခ်ာင္ ျပည္နယ္တို႔ ျဖစ္၍၊ ထိုမွယူနန္နယ္သို႔ ေရာက္ရွိလာၿပီး လွ်င္ ျမန္မာႏိုင္ငံအတြင္းသို႔ တစ္ဖန္ ေရာက္ရွိလာေလ သည္။

ေျမာင္ဇီးစာ

ရွမ္းျပည္ေျမာက္ပိုင္း လား႐ိႈးမွ အေရွ႕ေတာင္ စူးစူးသို႔ မိုင္တစ္ရာခန္႔သြားလွ်င္ တန္ယမ္းသို႔ေရာက္၏။ တန္ယမ္းမွ တစ္ဖန္ လားျဖင့္ ခရီးဆက္လွ်င္ ဝနယ္၏ ၿမိဳ႕ေတာ္ျဖစ္ေသာ ဟိုပန္သို႔ ေရာက္၏။ ဟိုပန္မွ တစ္ဖန္ လားျဖင့္ ႏွစ္ညသံုးညအိပ္ ခရီးဆက္ပါက ေျမာင္ဇီးလူမ်ိဳးတို႔ ေနထိုင္ရာ တ႐ုတ္ – ျမန္မာ နယ္စပ္သို႔ ေရာက္ေတာ့၏။ ေျမာင္ဇီးလူမ်ိဳးတို႔သည္ သံလြင္ျမစ္အေရွ႕ဖက္ကမ္း၌ ေနထိုင္ၾကၿပီးလွ်င္ သံလြင္ျမစ္ အေနာက္ဖက္ကမ္းရွိ လူမ်ိဳးတို႔ႏွင့္မူ လံုးဝ အဆက္အသြယ္ မရွိသေလာက္ ျဖစ္သည္ဟု သိရွိရ သည္။

ေျမာင္ဇီးတို႔သည္ ေအးခ်မ္းစြာ ေနထိုင္တတ္ ၾကၿပီး ေလာဘနည္းၾက၏။ ေငြေၾကးဓန ပိုင္ဆိုင္လို စိတ္ကင္းၿပီး ၎တို႔၏စီးပြားေရးမွာ စားဝတ္ေနေရး ဖူလံႈေရးကိုသာ ပဓာနျပဳေသာ စီးပြားေရးျဖစ္သည္။ အသက္ေမြးဝမ္းေက်ာင္းမႈအတြက္(၁) စိုက္ပ်ိဳးေရး၊ (၂)ေမြးျမဴေရးႏွင့္(၃)အလုပ္သမားအျဖစ္ အခစားလုပ္ ျခင္းတို႔ကို ျပဳလုပ္ၾကသည္။ ေတာင္ေပၚေန တိုင္းရင္း သားမ်ားအတိုင္း စိုက္ပ်ိဳးေရးကို ေရႊ႕ေျပာင္း ေတာင္ယာမ်ားတြင္ လုပ္ကိုင္ၾကသည္။ သီးႏွံမ်ားမွာ ေတာင္ယာစပါး၊ ေျပာင္း၊ ဆတ္ဆန္၊ ပိန္းဥ၊ ေမ်ာက္ဥ မ်ား ျဖစ္၏။ အိမ္ၿခံမ်ားတြင္ မံုညင္း၊ မံုလာစေသာ ဟင္းသီးဟင္းရြက္မ်ားကို အိမ္တြင္ စားသံုးရန္ စိုက္ပ်ိဳး ၾကသည္။ ေတာင္ယာမ်ားမွာ ေတာင္ေစာင္း ေတာင္ ကမ္းပါးမ်ားတြင္ ရွိသျဖင့္ ထြန္ယက္ရန္ ကြ်ဲႏြားမ်ားကို အသံုးမျပဳႏိုင္ဘဲ လူ႔လုပ္အားႏွင့္သာ တူးဆြစိုက္ပ်ိဳးၾက ရ၏။ ဝမ္းစာဖူလံႈ႐ံုအတြက္သာ စိုက္ပ်ိဳးႏိုင္ၿပီး ရာသီ ဥတု မေကာင္းသည့္အခါ ဝမ္းစာအတြက္ပင္ မျပည့္စံု ဘဲ ရွိတတ္သည္။ ေျမဆီဩဇာကုန္ေသာအခါ တစ္ေနရာ သို႔ ေျပာင္းေရႊ႕ၾကျပန္သည္။

အိမ္တြင္ စားသံုးရန္ႏွင့္႐ိုးရာဓေလ့ထံုးစံမ်ားအရ ပူေဇာ္ပြဲလုပ္ရန္အတြက္ ၾကက္၊ ဝက္၊ ႏြား၊ ကြၽဲတို႔ ကို အိမ္ၿခံဝင္းအတြင္း ေမြးျမဴထားၾက၏။ ေဈးတြင္ ေရာင္းခ်ရန္အတြက္ မေမြးျမဴၾကပါ။ ေတာင္ယာ လုပ္ငန္းၿပီး၍ အားလပ္သည့္အခါႏွင့္ ေတာင္ယာ လုပ္ငန္းသို႔ မပါဝင္ရေသာအိမ္သားက ေလးလူႀကီးတို႔ သည္ ေန႔စားအလုပ္သမားမ်ားအျဖစ္ က်ဘမ္းအလုပ္ မ်ား လုပ္ၾက၏။ လြတ္လပ္ေရးမတိုင္မီေခတ္မ်ားအခ်ိန္ က နယ္ျခားရွိ တ႐ုတ္ဘိန္းကုန္သည္မ်ားက လားဝန္ တင္မ်ားႏွင့္အတူ လမ္းျပအျဖစ္လိုက္ ပါရန္ အခေၾကး ေငြ ရက္ေရာစြာေပးၿပီး ငွားရမ္းလွ်င္ ရက္ရွည္လမ်ား လိုက္ပါသြားတတ္ၾက၏။ လုပ္ခအတြက္ ေငြေၾကး ထက္ ဆန္၊ ဆား၊ အဝတ္အစားတို႔ကို ေပးျခင္းကို ပိုမိုလိုလားၾကသည္။ အလုပ္သမားအျဖစ္ ၎တို႔အား ငွားလွ်င္ ငွားသူသည္ ၎တို႔အား ေကြၽးေမြးမႈတာဝန္ ယူရသည္။ ခရီးရွည္တြင္ လိုက္ပါရလွ်င္ အျပန္ခရီး ၎တို႔စားေသာက္ရန္ ရိကၡာတို႔ကိုပါ ေပး၍ ငွါးရသည္။ ယခုအခါ လမ္းေဖာက္ျခင္း၊ ေတာင္ယာတိုးခ်ဲ႕ျခင္း၊ ဆည္ေျမာင္းေဖာက္ျခင္း စေသာ ျပည္နယ္တို႔၏ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား၌ အခစားအျဖစ္လည္းေကာင္း၊ ေစတနာ့ဝန္ထမ္းအျဖစ္လည္းေကာင္း ပါဝင္လုပ္အား ေပးလ်က္ ရွိၾကသည္။ လူမႈေရးစနစ္တြင္ ေျမာင္ဇီးတို႔ သည္ မိသားစုစိတ္ဓာတ္ရွိၾက၏။ အမ်ိဳးအႏြယ္စု (Clan) အလိုက္ ေနထိုင္ေလ့ရွိၿပီး အမ်ိဳးအႏြယ္ မတိမ္ ေကာရန္ ထိန္းသိမ္းၾကသည္။ ျမန္မာျပည္တြင္းရွိ ေျမာင္ဇီးအမ်ိဳးအႏြယ္မ်ားမွာ (၁)က်န္၊ (၂)ရံႈ႕၊ (၃)ယန္႔၊ (၄)မား၊ (၅)ဝန္႔၊ (၆)လီ၊ (၇)ေထာင္ႏွင့္ (၈)ဝူးတို႔ ျဖစ္ၾက၏။ အမ်ိဳးအႏြယ္စိတ္ ရွိၾကေသာ္ လည္း အျခားတိုင္းရင္းသားမ်ားႏွင့္ ေရာေႏွာေနထိုင္ ေလ့လည္း ရွိၾကသည္။ အ႐ိုက္အရာခံျခင္းတြင္ ေယာက်ာ္းဦးစားေပးေသာစနစ္ကို က်င့္သံုးသည္။ အမ်ိဳးအႏြယ္ဆက္ရာတြင္လည္း ေယာက်ာ္းမ်ိဳး႐ိုး ဖက္သို႔သာ ဆက္ရသည္။ သားႀကီးသည္ မိဖအ႐ိုက္ အရာခံရၿပီး ၎မရွိပါက တူ၊ ညီ၊ ဦးေလးစသည္တို႔က ဆက္ခံရသည္။ အ႐ိုက္အရာခံသူသည္ ေကာင္းေမြစံၿပီး ဆိုးေမြလည္း ခံရသည္။ အေမြေပးရာတြင္ မိဘသေဘာ က် ခြဲေဝႏိုင္သည္။ အတူေနသားသမီးမ်ားသည္ အေမြ ပိုရထိုက္သည္ဟု ယူဆၾကသည္။ အေမြမခြဲမီ မိဘ ေသဆံုးေသာ္ ေဆြမ်ိဳးသားခ်င္းတို႔က အေမြခြဲေဝေပး သည္ကို နာခံၾကသျဖင့္ အမႈအခင္း မျဖစ္ပြားတတ္ေခ်။ မိန္းကေလး အရြယ္ေရာက္၍ လက္ထပ္လွ်င္ လင္ ေယာက်ာ္းဖက္သို႔ လိုက္ပါရသည္။

ေျမာင္ဇီးတို႔သည္ လူရာသြင္း အခမ္းအနားကို ၎တို႔၏ယဥ္ေက်းမႈစ႐ိုက္အတိုင္း ျပဳလုပ္ေလ့ရွိသည္။ ကိုယ္ဝန္ေဆာင္မိန္းမသည္ အိမ္တြင္ ေဖာ္စပ္ထား ေသာ ေဆးမီးတိုကို မွီဝဲပါသည္။ ကေလးေမြးလာေသာ အခါ မီးလံႈျခင္း မျပဳပါ။ ကေလးေရာ မိခင္ပါ သန္႔ရွင္း စြာ ေရခ်ိဳးၿပီး အိပ္ရာသစ္သို႔ ေျပာင္းေရႊ႕အိပ္ၾကသည္။ မီးတြင္းတစ္လ၌ မီးေနသည္သည္ ထမင္းေပ်ာ့ႏွင့္ ၾကက္ဥ၊ ၾကက္သားမ်ားကို ျငဳတ္ေကာင္းႏွင့္ျပဳတ္ ကာ မွီဝဲျခင္းျဖင့္ အားသစ္ေမြးယူပါ သည္။ မီးထြက္ ေသာအခါ ေဆး ေပါင္းအိုးမွ အေငြ႕ႏွင့္ ေခြ်းေအာင္း သည္။ ကင္ပြန္းတပ္အမည္ေပးျခင္း ကို ကေလး ၃ ရက္သားတြင္ ျပဳလုပ္ သ ည္။ မိဘႀကိဳက္ရာ အမည္ေပး ႏိုင္၏။ ကင္ပြန္းတပ္ရာတြင္ ၾကက္ တစ္ေကာင္သတ္ၿပီး ႐ိုးရာနတ္အား ပသရသည္။ နတ္တင္က်ကို မိခင္က စားရသည္။ သားေယာက်ာ္းကေလး ဆိုလွ်င္    အျမတ္တႏိုးထားကာ ကင္ပြန္းတပ္၏။ ဧည့္သည္မ်ား ဖိတ္ေခၚေကြ်းေမြးရာ ၎တို႔က ကေလးအတြက္ ၾကက္ဥ၊ ၾကက္၊ အဝတ္အစားႏွင့္ ကစားစရာမ်ားကို လက္ဖြဲ႕ ၾကသည္။

ေခတ္ေဟာင္း   အခ်ိန္က ေျမာင္ဇီးကေလးမ်ား သည္ ၇-၈ ႏွစ္အရြယ္မွစၿပီး    မိဘမ်ားႏွင့္ ေတာင္ယာႏွင့္ အိမ္တြင္းလုပ္ငန္း မ်ားတြင္ ကူညီၾကရင္း ႀကီးျပင္း သြားၾက၏။ စာေရးစာဖတ္ လံုးဝ မတတ္ၾကေခ်။ ယခုအခါ ေက်းရြာ မ်ားတြင္ တိုးခ်ဲ႕ဖြင့္လွစ္လ်က္ရွိေသာ မူလတန္းေက်ာင္း မ်ား၌ အသံုးလံုးပညာေရးကို ဆည္းပူးၾကရသျဖင့္ ေျမာင္ဇီးလူငယ္မ်ားစြာတို႔မွာ ျမန္မာစကားႏွင့္ ျမန္မာစာကို အေတာ္အတန္ တတ္ကြ်မ္းလ်က္ ရွိေလ ၿပီ။ သို႔ေသာ္ ေတာင္ယာလုပ္ခ်ိန္တြင္ မိဘမ်ားအား ကူညီရန္ ေက်ာင္းမွ အခြင့္ယူသြားတတ္ၾက၏။ အသက္ ၁၅-၁၆ ႏွစ္တြင္ အပ်ိဳလူပ်ိဳေဖာ္ဝင္ၾကၿပီး ပိုးပန္း ၾကေလသည္။ အပ်ိဳမိဘမ်ားသည္ သမီးပ်ိဳ အုပ္ထိန္း ေရးတြင္ လြန္စြာစည္းကမ္းႀကီးသျဖင့္ လူပ်ိဳတို႔ ပိုးပန္း ရာတြင္ လြတ္လပ္မႈမရွိလွေခ်။ ေတာင္ယာလုပ္ရင္း ေသာ္လည္းေကာင္း၊ ေတာတြင္း ထင္းခုတ္ရာတြင္ လည္းေကာင္း၊ ႐ိုးရာဓေလ့ပြဲမ်ား၊ နတ္ပူေဇာ္ပြဲမ်ား အခ်ိန္တြင္ေသာ္လည္းေကာင္း လူပ်ိဳလွည့္ၾကသည္။ လူပ်ိဳသည္ တူရိယာပစၥည္းကို တီးမႈတ္ျခင္းျဖင့္လည္းေကာင္း၊ ေစာင္းခ်ိတ္ေသာစကားပါသည့္ အခ်စ္သီခ်င္းကို သီဆိုျခင္းျဖင့္လည္းေကာင္း မိန္းမပိုးၾက၏။ မိန္း ကေလး မိဘမ်ားထံသို႔ လူႀကီးစံုရာႏွင့္သို႔မဟုတ္ ေအာင္သြယ္မွတစ္ဆင့္ စကားကမ္း၍ ေတာင္းရမ္း ရသည္။ သေဘာတူက ေန႔ေကာင္းေရြးၿပီး သတို႔သား က ႏြားႏွစ္ေကာင္၊ ေငြသား ၈၀ိ ႏွင့္ သတို႔သမီးကို တင္ေတာင္းရသည္။ အျပည့္မေပးႏိုင္ေသးက လက္ ထပ္ၿပီးေနာက္ တျဖည္းျဖည္းေပးသြားႏိုင္သည္။ တတ္ႏိုင္သူဆိုလွ်င္ ထို႔ထက္ပို၍ တင္ေတာင္းတတ္ သည္။ ႏြမ္းပါးသူျဖစ္လွ်င္ လူႀကီးႏွစ္ဦးကို ဖိတ္ေခၚ ေကြ်းေမြးျခင္းျဖင့္ အၾကင္လင္မယားအရာ ေျမာက္ သြားႏိုင္သည္။ တတ္ႏိုင္သူမ်ားကား ရြာလံုးကြ်တ္ ဖိတ္ေကြ်းၿပီး အဝတ္အစားမ်ားကို လက္ဖြဲ႕အျဖစ္ ေပး ၾကသည္။ အိမ္ေထာင္က်ၿပီး သားေယာက်ာ္းေမြးလွ်င္ လင္က ေနာက္မိန္းမယူခြင့္ရွိသည္။ ေနာက္မိန္းမကို မယားႀကီးႏွင့္အတူတူ ထားသည္။ သားေယာက်ာ္း ေမြးေပးေသာမိန္းမသည္ မိန္းမႀကီးေနရာရ၏။ သားေယာက်ာ္းသာ ဖခင္မ်ိဳး႐ိုးကို ဆက္သူျဖစ္သည္ဟု ယံုၾကည္ၾက၏။ လင္မယားကြာရွင္းရာတြင္ ကြာလိုသူ သည္ လက္လြတ္အိမ္မွ ဆင္းေပးရသည္။ သို႔ေသာ္ အျပစ္ရွိသူမဟုတ္ပါက ထိုက္သင့္ေသာပစၥည္းမ်ား ယူသြားႏိုင္ခြင့္ ရွိပါသည္။ သားသမီးမ်ားမွာ လင္သာ ပိုင္သျဖင့္ ၎ႏွင့္ ထားရစ္ရသည္။ လင္ကြာႏွင့္ မုဆိုးမ မ်ား ေနာက္အိမ္ေထာင္ျပဳခြင့္ရွိၾက၏။

ေျမာင္ဇီးတို႔သည္ လူေသကို ေကာင္းစြာ သၿဂႋဳဟ္ ေလ့ရွိသည္။ မသာအိမ္တြင္ ႏြား၊ ကြ်ဲတို႔ကို သတ္ၿပီး ဧည့္သည္မ်ားအား ဧည့္ခံေကြ်းေမြးၾကသည္။ အေလာင္း ကို လူရြယ္မ်ားက ထမ္းယူၿပီး ေသသူ၏မိသားစု သခ်ႋဳင္းတြင္ ေျမျမႇဳပ္သၿဂႋဳဟ္၏။ အိမ္ေထာင္စုတိုင္း တြင္ သီးျခားအိမ္ေထာင္စုသခ်ႋဳင္းျပဳလုပ္ထားၾကၿပီး ၎အစုမွ ေသသူကို ယင္းသခ်ႋဳင္း၌သာ စီတန္းျမႇဳပ္ရ သည္။ ေသသူမ်ားအား ပူေဇာ္ပသေသာ သခ်ႋဳင္းရွိခိုး ပြဲမ်ား ႏွစ္စဥ္က်င္းပေလ့ရွိသည္။ ေျမာင္ဇီးတို႔၏ ယဥ္ေက်းမႈတြင္ မူရင္းမြန္ဂိုလီယား ဩဇာစက္ရိပ္မ်ား လႊမ္းေန၏။ ႏွစ္ကူးပြဲ၊ လမင္းပူေဇာ္ပြဲ၊ ေကာက္ညႇင္း ထုပ္ပြဲ၊ သခ်ႋဳင္းရွိခိုးပြဲမ်ား က်င္းပျခင္းႏွင့္ ဓေလ့ထံုးစံ အကမ်ားတြင္ မြန္ဂိုလီယန္ဆန္ဆန္ ျဖစ္သည္။ ယခု အခါ ေျမာင္ဇီးတို႔သည္ ျပည္နယ္ဖြံ႕ၿဖိဳးမႈအစီအစဥ္အရ တည္ေထာင္ေပးထားေသာ ရြာမ်ားတြင္ အိုးအိမ္ အတည္တက် ေနထိုင္ကာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးကို စနစ္တက် လုပ္ကိုင္စ ျပဳလာေပၿပီ။ ကြမ္းလံုနယ္ျခား ခ႐ိုင္ ဟိုပန္ၿမိဳ႕အနီး စံျပေက်းရြာမ်ားမွာ ၎တို႔၏ ရြာမ်ားျဖစ္၏။ ျပည္နယ္မ်ား ဖြံ႕ၿဖိဳးေရးႏွင့္ ျပည္ ေထာင္စုႀကီး ႀကီးပြားတိုးတက္ေရးတြင္ တိုင္းရင္းသား ေျမာင္ဇီးတို႔သည္လည္း တစ္ဖက္တစ္လမ္း ပါဝင္ ဆင္ႏႊဲလ်က္ ရွိၾကေလသည္။

ေျမာင္ဇီးလူမ်ိဳးတို႔သည္ အရပ္အေမာင္း အသင့္ အတင့္ရွိ၍ အသားလတ္သည္ ေျမာင္ဇီးအမ်ိဳးသမီးမ်ား သည္ က်ိဳင္းတံုနယ္၊ ေကာ အမ်ိဳးသမီးမ်ားနည္းတူ ဂါဝန္ ကဲ့သို႔ေသာ အဝတ္တိုတို ဝတ္ၾကသည္။ သို႔ေသာ္ အနက္သာမဟုတ္ဘဲ အျဖဴေရာင္လည္း ဝတ္ၾကသည္။ ဦးေခါင္းတြင္ ႀကီးေသာ ေဗာင္းထုပ္မ်ား ေပါင္းထားၾက သည္။ ေျမာင္ဇီးအမ်ိဳးသားမ်ားကား ေဘာင္းဘီအနက္ ဝတ္၍ ဦးေခါင္းတြင္ အဝတ္မ်ားျဖင့္ ေဗာင္းထုပ္ေပါင္း ထားေလသည္။

တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန

ဒီမိုကေရစီအုပ္ခ်ဳပ္ေရးေခတ္တြင္ တိုင္းရင္းသား စည္းလံုးညီၫြတ္ေရးကို အေကာင္အထည္ေဖာ္ ႀကိဳး ပမ္းလာခဲ့ရာ လႊတ္ေတာ္က႑က တိုင္းရင္းသားလူမ်ိဳး မ်ား၏ အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒကို ျပ႒ာန္းႏိုင္ခဲ့သည့္နည္းတူ ၂၀၁၆ ခုႏွစ္၊ မတ္လ ၃၀ ရက္ေန႔၌ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံ ေတာ္အစိုးရသစ္သည္ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာ ဝန္ႀကီးဌာနကို ဖြင့္လွစ္ႏိုင္ခဲ့သည္။ ျပည္ေထာင္စု ဝန္ႀကီး႐ံုး၊ တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈဦးစီး ဌာနႏွင့္ တိုင္းရင္းသားအခြင့္အေရးမ်ား ကာကြယ္ ေစာင့္ေရွာက္ေရးဦးစီးဌာနတို႔ ပါဝင္သည့္ တိုင္းရင္း သားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနကို ျပည္ေထာင္စု အစိုးရအဖြဲ႕အစည္းအေဝး အမွတ္စဥ္ (၆/၂၀၁၆) ၏ သေဘာတူ ခြင့္ျပဳခ်က္အရ ဖြဲ႕စည္းခဲ့ပါသည္။

မူဝါဒ

၁။       တိုင္းရင္းသားလူမ်ိဳးအားလံုး တန္းတူညီမွ်ေသာ ႏိုင္ငံသားအခြင့္အေရးမ်ားႏွင့္  ဖြဲ႕စည္းပံု အေျခခံ ဥပေဒပါ အခြင့္အေရးမ်ားကို အျပည့္အဝရရွိေရး

၂။       တိုင္းရင္းသားအခ်င္းခ်င္း စည္းလံုးညီၫြတ္ေရး၊ ခ်စ္ၾကည္ေလးစားေရးႏွင့္ ႐ိုင္းပင္း ကူညီေရး တိုးတက္ျဖစ္ထြန္းေရးႏွင့္ စစ္မွန္ေသာ ျပည္ ေထာင္စုစိတ္ဓာတ္ အေျခခံ၍ ထာဝစဥ္ အတူ တကြ လက္တြဲေနထိုင္ေရး

၃။       တိုင္းရင္းသားလူမ်ိဳးမ်ား၏ စကား၊ စာေပ၊ အႏု ပညာ၊ ယဥ္ေက်းမႈ၊ ႐ိုးရာဓေလ့ ထံုးတမ္း၊ အမ်ိဳး သားေရးလကၡဏာႏွင့္ သမိုင္းအေမြအႏွစ္တို႔ကို ထိန္းသိမ္း ေစာင့္ေရွာက္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ ေရး

၄။       တိုးတက္ဖြံ႕ၿဖိဳးမႈနည္းပါးေနသည့္ တိုင္းရင္းသား လူမ်ိဳးမ်ား၏ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ လမ္းပန္းဆက္သြယ္ေရး စသည္တို႔ပါဝင္ေသာ လူမႈစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး

ေမွ်ာ္မွန္းခ်က္

တိုင္းရင္းသားမ်ား၏ စာေပႏွင့္ယဥ္ေက်းမႈမ်ား ကို ထိန္းသိမ္းျမႇင့္တင္ျခင္း၊ အခြင့္အေရးမ်ားကို ကာကြယ္ေစာင့္ေရွာက္ျခင္းျဖင့္ ျပည္ေထာင္စုစိတ္ ဓာတ္ တိုးတက္ခိုင္မာေစၿပီး တိုင္းရင္းသားမ်ား၏ လူမႈစီးပြားဘဝ ျမင့္မားတိုးတက္ေစရန္၊

ရည္မွန္းခ်က္တာဝန္

၁။       တိုင္းရင္းသားအခ်င္းခ်င္း စည္းလံုးညီၫြတ္ေရး၊ ခ်စ္ၾကည္ေလးစားေရးႏွင့္ ႐ိုင္းပင္း ကူညီေရး စသည့္ ျပည္ေထာင္စုစိတ္ဓာတ္မ်ား တိုးတက္ ရွင္သန္ေစေရး ေဆာင္႐ြက္ရန္၊

၂။       တိုင္းရင္းသားမ်ား၏ အခြင့္အေရးကို ဥပေဒပါ သတ္မွတ္ခ်က္မ်ားအတိုင္း အျပည့္အဝ ခံစားရရွိ ေစေရး ေဆာင္႐ြက္ရန္၊

၃။       တိုင္းရင္းသားမ်ား၏ စကား၊ စာေပ၊ သမိုင္း၊ အႏု ပညာ၊ ယဥ္ေက်းမႈ အေမြအႏွစ္ မ်ားႏွင့္ ႐ိုးရာဓေလ့ ထံုးစံမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ ရန္ ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရန္၊

၄။       တိုင္းရင္းသားမ်ား၏ မူလဝိေသသလကၡဏာမ်ား မေပ်ာက္ပ်က္ေစေရးအတြက္ ပတ္ဝန္းက်င္ ေကာင္းမ်ား ဖန္တီးေဆာင္ရြက္ရန္၊

၅။       တိုင္းရင္းသားလူမ်ိဳးမ်ား၏ေဒသမ်ားတြင္ ပညာ ေရး၊ က်န္းမာေရး၊ စီးပြားေရးႏွင့္ လမ္းပန္း ဆက္သြယ္ေရး စသည့္ လူမႈစီးပြားဘဝမ်ား တိုးတက္ျမင့္မားေစေရး ေဆာင္႐ြက္ရန္

ဖြဲ႕စည္းပံု

တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာန လက္ေအာက္ရွိ ဦးစီးဌာနမ်ားမွာ-

  • တိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈ ဦးစီး ဌာနႏွင့္
  • တိုင္းရင္းသားအခြင့္အေရးမ်ား ကာကြယ္ ေစာင့္ေရွာက္ေရး ဦးစီးဌာနတို႔ျဖစ္သည္။

တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ တိုင္းရင္း သားလူမ်ိဳးမ်ားေရးရာဝန္ႀကီးမ်ား

တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ တိုင္းရင္း သား လူမ်ိဳးေရးရာဝန္ႀကီးမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္သည္။

တိုင္းရင္းသား