• Today is: Friday, March 29, 2024

ကန်ပက်လက်တွင် အရပ်သား ၃ ဦးကို စစ်ကောင်စီက ပစ်သတ်

ဓာတ်ပုံ- ဧရာဝတီ

September 28, 2021

 

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် ၃ မိုင်ခန့်အကွာ လေယာဉ်ကွင်းသစ်ဖောက်လုပ်ရန် မြေထိုးထားသည့် နေရာတွင် အရပ် သား ၃ ဦးကို စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါဒေသခံများမှာ တိုက်ပွဲများကြောင့် စက်တင် ဘာလ ၂၅ ရက်က ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် ဆောနယ်ဘက်ရှိ အညာကတင်း ကျေးရွာသို့ စစ်ရှောင် နေသူများ ဖြစ်ကြသည်။ ထိုစစ်ရှောင်စခန်းမှ ဒေသခံ ၉ ဦးသည် ကန်ပက်လက်ရှိ ရဲလောင်းပန်း ကျေးရွာဘက်သို့ ပစ္စည်းပြန် ယူရန် လာရောက်ကြစဉ် အထက်ပါနေရာ၌ စစ်တပ်နှင့် တွေ့ပြီးနောက် ၎င်းတို့ထဲမှ ၃ ဦးမှာ ပစ်သတ်ခံရကြောင်း၊ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ကျန်သူများကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

 

ကန်ပက်လက် CDF မှ ပြောရေးဆိုခွင့်ရှိသူတဦးက “အသတ်ခံရတာက အမျိုးသား ၃ ယောက်ပါ။ တယောက်က ကျော့တော် ရွာက။ နောက်တယောက်က ပန်းလောင်းရွာကပါ။ သူတို့ထဲမှာ ၂ ယောက်ကတော့ လူငယ်တွေ။ ကျန်တဲ့ တယောက်ကတော့ အ သက် ၆၀ ကျော်လောက်ရှိမယ်။ အသက်တော်တော်ကြီးနေပြီ။ သူတို့ စီးတဲ့ဆိုင်ကယ်ကို ချောက်ထဲကိုပစ်ချပြီးတော့မှ မီးရှို့ ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ ဒေသခံအရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့်နေရာမှာ ကန်ပက်လက်မြို့နယ် ကန့်သာ ရုံအုပ်စု ရဲလောင်းပန်းကျေးရွာနှင့်ကန်းလောင်းကျေးရွာအောက် (လေယာဉ်ကွင်းစတင်ဆောက်လုပ်သည့်နေရာ)တွင်ဖြစ်သည်။

 

” လေယာဉ်ကွင်းမှာ တပ်စွဲနေတာကိုသိတော့ ကျနော်တို့က ပြောက်ကျား ဝင်ပစ်တာပေါ့နော်။ ၂၅ ရက်နေ့မှာ တခါ။ ၂၆ ရက် နေ့မှာတခါ ၂ ခါ ဖြစ်ပါတယ်။ စစ်ကောင် စီ ဘက်က တိုက်ပွဲ ၂ ခုအတွင်းမှာ ၁၀ ယောက်လောက်တော့ ကျလိမ့်မယ်။ ကျနော်တို့က မောင်းပြန်နဲ့ အတွဲလိုက် ဝင်ဆွဲခဲ့တာပါ။ ကျနော်တို့ဘက်က လက်နက်ကြီး ကျည်ထိလို့ ၂ ယောက် ဒဏ်ရာရ တယ်” ဟု CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ ယခုအခါ ချင်းပြည်နယ် ကန်ပက်လက်ဒေသတွင် စစ်ရှောင်နေရသူဦးရေ ၂၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

#ဧရာ၀တီသတင်းဌာနထံမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။