• Today is: Sunday, September 27, 2020
ကျွန်တော်တို့အကြောင်း

Journal of Federalism ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်စနစ် ဖြစ်ပေါ်လာရေးအတွက် သက်ဆိုင်ရာ Stakeholders များ၊ ပြည်သူများကို တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးပတ်သက်သည့် ပေါ်လစီ၊ နည်းပညာပိုင်း ဆိုင်ရာ အထောက်အကူပြုနိုင်ရေး ဖြစ်ပါသည်။

လက်ရှိတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တွင် အခြေခြရုံးစိုက်ပြီး အောက်ပါ အစီအစဉ် နှစ်ခုကို အဓိကလုပ်ဆောင်လျက်ရှိပါသည် – -ဖက်ဒရယ် ဂျာနယ် ( journal of Federalism) ကို သုံးလတစ်ကြိမ် ဖြင့် ထုတ်ဝေပြီး ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ ဆောင်ပါးများ၊ case study များ၊ စာတမ်းများ၊ သမိုင်းဆိုင်ရာများ၊ သတင်းအချက်အလက်များနှင့် ကဗျာ၊ ကာတွန်းများ စသဖြင့် ကဏ္ဍာစုံ ပါဝင်ကာ ထုတ်ဝေလျက်ရှိပါသည်။

– MP Supporting Center- တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များကို အဓိက ဦးစားပေးလျက် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို ကွန်ပျူတာ စာစီစရိုက်ခြင်း၊ မိတ္တူကူးခြင်း၊ ပရင့်ထုတ်ခြင်း၊ သတင်းအချက်အလက်များ ရှာဖွယ်စုဆောင်းပေးခြင်းစသည့်တို့ကို တတ်နိုင်သလောက် အခကြေးငွေမယူဘဲ ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ အဖွဲ့၏ ဆောင်ပုဒ်မှာ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ဆီသို့  (Towards a Genuine Federal Democratic State in Myanmar ) ဖြစ်ပါသည်။

The People Behind the Federal Journal.

ဆလိုင်းကျဲအိုဘိခ်ထောင်

ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချယ်ရီဖောင်ဒေးရှင်း တည်ထောင်သူဖြစ်ပြီး ဖက်ဒရယ်ဂျာနယ်၏ အမှုဆောင်အယ်ဒီတာ ဖြစ်သည်။

အိုက်ထွန်းမင်း

အိုက်ထွန်းမင်းသည် ၂၀၁၈ ခုနှစ်မှ ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

အေစိုင်းကေ

အေစိုင်းကေ

အေစိုင်းကေ သည် ၂၀၂၀ ခုနှစ်မှ ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ပူးကျဲအိုမှုန်း

ပူးကျဲအိုမှုန်းသည် ဖက်ဒရယ်ဂျာနယ် ထုတ်ဝေသူဖြစ်ပြီး အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။