• Today is: Saturday, April 20, 2024

အသုံးချနေကြသူများ

“အသုံးချနေကြသူများ”

အချို့တွေ

တော်လှန်ရေးကို အသုံးချ

လူပါးဝနေကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

အောက်ခြေလွတ်နေကြတယ်

အချို့တွေ

တော်လှန်ရေးကို အသုံးချ

စီးပွားရှာနေကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

ဆရာလုပ်နေကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

ဟန်ရေးပြနေကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

အာဏာပြချင်ကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

မာနပြိုင်နေကြတယ်။

အချို့တွေ

တော်လှန်ရေးကို အသုံးချ

ဂုဏ်ဆာပြနေကြတယ်။

အချို့တွေ

တော်လှန်ရေးမှာ ပါဝင်ကြ

တိုက်ပွဲဝင်နေရတယ်။

နိုင်ငံရေးမှာ၊ကိုယ်ကျိုးရှာဖို့

မပါစေနဲ့သူငယ်ချင်း။

နိုင်ငံရေးမှာ၊ရိုးသားပါမှ

ငါတို့ဖက်ဒရယ်ရလိမ့်တကား။  ။

ဧရာဝဏ်(မအူပင်)

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁