• Today is: Friday, April 23, 2021

CRPH/NLD ၏ ခ်ာတာအရ ႏိုင္ငံေတာ္ႏွင့္အစိုးရ ဖြဲ့စည္းတည္ေဆာက္ပုံေလ့လာျခင္း

Federal Journal
April06/ 2021

၆၊ ဧျပီ၊ ၂၀၂၁။ မၾကာေသးခင္က ထုတ္ျပန္ခဲ့ေသာ CRPH/NLD ၏ ပဋိညာဥ္ခ်ာတာထဲက အစိတ္အပိုင္း (၂)ခု ရွိရာ အပိုင္း(၂)ထဲက ႏိုင္ငံေတာ္ႏွင့္ အစိုးရ ဖြဲ႕စည္းတည္ေဆာက္ပုံ (Formation Structure of State and Government)အပိုင္းကို ေအာက္ပါအတိုင္း ေလ့လာပုံေဖာ္ၾကည့္ရပါမည္။ ပထမ အပိုင္းျဖစ္ေသာ ဖက္ဒရယ္ အေျခခံမူအပိုင္းကို ေနာက္ေနာင္တြင္ ျပန္လည္ သုံးသပ္ပါမည္။
အဖြဲ႕အစည္းတစ္ရပ္သည္ သူ႔ဖြဲ႕စည္းတည္ေဆာက္ပုံ (structure)ကို ၾကည့္ျခင္းအားျဖင့္ သူ႔စြမ္း ေဆာင္ရည္ ၆၀ ရာခိုင္ႏႈန္း ခန႔္မွန္းလို႔ရသည္ဟု ပညာရွင္မ်ားက ေျပာဆိုေလ့ရွိသည္။ ကစားသမား အမည္စာရင္း မထြက္ရွိေသး ေသာ္လည္း တည္ေဆာက္ပုံအရ ျဖစ္ႏိုင္ေျခ ၾကားျဖတ္အစိုးရ၏ အင္အား ႏွင့္ စြမ္းေဆာင္ရည္ကို ခန႔္မွန္းသုံးသပ္ၾကည့္ရေအာင္-

ႏိုင္ငံေတာ္ တည္ေဆာက္မႈ(Form of State)

သုံးသပ္ခ်က္

၁။ ခ႐ိုင္၊ ၿမိဳနယ္ႏွင့္ ရပ္/ေက်းအဆင့္အုခ်ဳပ္မႈကို ေဖာ္ျပထားျခင္း မရွိေပ။

၂။ အမ်ိဳးသား ညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ(NUCC)သည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း တစ္ခ်ိဳ႕ အပါအဝင္ Stakeholders မ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ပါဝင္လိမ့္မည္ဟု ယူဆထားသည့္ အတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ေအာက္မွာလား၊ အေပၚမွာလား၊ ေဘးမွာလား ဆိုသည္မွာ ရွင္းလင္းမႈ မရွိေသးေပ။ လုပ္ငန္းေဆာက္႐ြက္မႈအေပၚ မူတည္လိမ့္မည္။

၃။ လက္ရွိအခ်ိန္မွာ CRPH သည္ အုပ္ခ်ဳပ္ေရးေရာ၊ ဥပေဒျပဳေရးေရာ ေရးေထြးၿပီး ေဆာင္႐ြက္ေန သည့္အတြက္ လုပ္ပိုင္ခြင့္အာဏာ အေတာ္ေလးျမင့္မားသည္ကို ေတြ႕ရသည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ အမ်ိဳးသားညီၫြတ္ေရး အစိုးရ ေပါက္ေပါက္လာမည္ ျဖစ္ရာ CRPH အေနျဖင့္ မူလ တာဝန္ျဖစ္သည့္ ဥပေဒျပဳကဣတစ္ခုတည္းကို ေဆာက္႐ြက္ေတာ့မွာလား။ ထိုသို႔မဟုတ္လွ်င္ ဥပေဒျပဳႏွင့္ အုပ္ခ်ဳပ္ေရး အၾကား အာဏာလြန္ဆြဲမႈ သို႔မဟုတ္ ေရာေထြးမႈမ်ား ႀကဳံေတြ႕နိင္သည္။

အစိုးရဖြဲ႕စည္းတည္ေဆာက္ပုံ (Formation of Government)

သုံးသပ္ခ်က္

၁။ ခ်ာတာထဲမွာ ဝန္းႀကီခ်ဳပ္ဉီးေဆာင္အစိုးရစနစ္ (Parliamentary System) က်င့္သုံးမည္ဟု အတိအလင္း ေဖာ္ျပထားသည့္အတြက္ သမၼတႏွင့္ အတိုင္ပင္ခံပုဂိုလ္တို႔သည္ အရင္တုန္းကကဲ့သို႔ အာဏာသိပ္မရွိေတာ့ဘဲ ဉေသွ်ာင္ (Symbolic or figurehead) သက္သက္သာျဖစ္ၾကပါေတာ့မည္။ အစိုးရ တာဝန္အဝဝကို ဝန္ႀကီးခ်ဳပ္က ဉီးေဆာင္ရမွာ ျဖစ္ပါသည္။ လက္ရွိ ထိန္းသိမ္းမႈေအာက္မွာ ရွိေနၾကေသာ သမၼတႏွင့္ အတိုင္ပင္ခံတို႔ကို ဆက္လက္ၿပီး ရာထူးတည္ၿမဲေစလိုျခင္းျဖစ္ေသာ္လည္း၊ တစ္ဖက္မွာ ဖြဲ႕စည္းလာမည့္ ယွဥ္ၿပိဳင္အစိုးရသည္ ေန႔တဓူဝ ႏိုင္ငံေရးမွာ လမ္းၫြန္ဉီးေဆာင္မႈေပးႏိုင္သည့္ ပုဂိုလ္ျဖစ္ဖို႔လိုအပ္သည့္အတြက္ေၾကာင့္ ယခုလို ျပဳလုပ္ထားျခင္း ျဖစ္တန္ရာ၏။

၂။ သို႔ေသာ္၊ ပါလီမန္စနစ္၏ သေဘာသဘာဝအရ ေသာ္လည္းေကာင္း၊ ခ်ာတာ၏ တည္ေဆာက္မႈအရ ဝန္ႀကီးခ်ဳပ္ အေပၚမွာ NLD, CRPH, NUCC, သမၼတႏွင့္ အတိုင္ပင္ခံပုဂိုလ္စသည္ျဖင့္ အထပ္ထပ္ရွိေနေသာေၾကာင့္ ေသာ္လည္းေကာင္း၊ ျမင္ေတြ႕ရမည့္ ႏိုင္ငံေတာ္ ဝန္ႀကီးခ်ဳပ္အသစ္သည္ အာဏာလုပ္ပိုင္ခြင့္ မ်ားမ်ားစားစား ရွိလိမ့္မည္ မဟုတ္ေပ။ လူပုဂိုလ္ အရည္အခ်င္းေပၚမွာလည္း မူတီပါလိမ့္မည္။

၃။ ျပည္နယ္အဆင့္ အစိုးရကို ထုံးစံအတိုင္း ဗဟိုအစိုးရ(NUG)က NUCC ႏွင့္ ညႇိႏႈိင္း၍ ျပည္နယ္/တိုင္း အစိုးရကို ဖြဲ႕စည္းမည္ဟု ပါရွိပါသည္။ အမွန္မွာ လက္ရွိအခ်ိန္သည္ တိုင္းရင္းသားမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ယုံၾကည္မႈအျမင့္ဆုံး တည္ေဆာက္သည့္အခ်ိန္ျဖစ္သည့္အေလ်ာက္ ဖက္ဒရယ္စနစ္ကို လက္ေတြ႕က်င့္သုံးသည့္ အေနျဖင့္ ျပည္နယ္အဆင့္ အစိုးရႏွင့္ စုဖြဲ႕မႈမ်ားကို သက္ဆိုင္ရာ ျပည္နယ္က ေဆာင္႐ြက္ေစသင့္ပါသည္။ ဤအခ်က္ကို ျပန္လည္ သုံးသပ္သင့္သည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ လုပ္ငန္းတာဝန္မ်ား

သုံးသပ္ခ်က္

၁။ ဤေနရာမွာ လူထုစိတ္ဝင္စားမႈ အမ်ားဆုံးက Charter မွာ ျပဌာန္းထားသည့္ ‘ျပည္သူ႔ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး’ေအာက္က ‘အမ်ိဳးသားအဆင့္ ကာကြယ္ေရး အစီအမံ’အရ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္၊ သို႔မဟုတ္ ျပည္သူ႔တပ္မေတာ္တစ္ရပ္ မည္ကဲ့သို႔ဖြဲ႕စည္းမည္ ဆိုသည့္အခ်က္ျဖစ္ပါသည္။ ေျဗာင္ေျပာရလွ်င္ NUG အစိုးရအေနျဖင့္ ႏိုင္ငံေတာ္အဂ္ါရပ္ႏွင့္အညီ တပ္မေတာ္တစ္ရပ္ ဖြဲ႕စည္းႏိုင္မွ အလုပ္ျဖစ္မည္ဟု ယူဆပါသည္။

၂။ ႏိုင္ငံျခားေရးရာႏွင့္လည္းစပ္လွ်င္း၍ Rome Statute အပါအဝင္ ကုလသမဂၢ၏ ကမာၻလုံးဆိုင္ရာ စာခ်ဳပ္ႏွင့္ ကြန္ဗင္းရွင္းမ်ားအားလုံးကို လက္မွတ္ထိုးျခင္းျဖင့္ျဖစ္ေစ၊ အျခားနည္းလမ္းမ်ားျဖင့္ျဖစ္ေစ၊ ICC, ICJ, R2P စသည္တို႔ကို ျမန္မာႏိုင္ငံႏွင့္ စစ္ေကာင္စီအတြက္ အက်ိဳးသက္ေရာက္မႈရွိႏိုင္ေအာင္ ႀကိဳးပမ္းရမည္။

ဆလိုင္း က်ဲအိုဘိခ္ေထာင္

 

Unicode ၿဖင့္ဖတ္ရန္ –

CRPH/NLD ၏ ချာတာအရ နိုင်ငံတော်နှင့် အစိုးရဖွဲ့စည်းတည်ဆောက်ပုံလေ့လာခြင်း

မကြာသေးခင်က ထုတ်ပြန်ခဲ့သော CRPH/NLD ၏ ပဋိညာဉ်ချာတာထဲက အစိတ်အပိုင်း (၂)ခု ရှိရာ အပိုင်း(၂)ထဲက နိုင်ငံတော်နှင့် အစိုးရ ဖွဲ့စည်းတည်ဆောက်ပုံ (Formation Structure of State and Government)အပိုင်းကို အောက်ပါအတိုင်း လေ့လာပုံဖော်ကြည့်ရပါမည်။ ပထမ အပိုင်းဖြစ်သော ဖက်ဒရယ် အခြေခံမူအပိုင်းကို နောက်နောင်တွင် ပြန်လည် သုံးသပ်ပါမည်။
အဖွဲ့အစည်းတစ်ရပ်သည် သူ့ဖွဲ့စည်းတည်ဆောက်ပုံ (structure)ကို ကြည့်ခြင်းအားဖြင့် သူ့စွမ်း ဆောင်ရည် ၆၀ ရာခိုင်နှုန်း ခန့်မှန်းလို့ရသည်ဟု ပညာရှင်များက ပြောဆိုလေ့ရှိသည်။ ကစားသမား အမည်စာရင်း မထွက်ရှိသေး သော်လည်း တည်ဆောက်ပုံအရ ဖြစ်နိုင်ခြေ ကြားဖြတ်အစိုးရ၏ အင်အား နှင့် စွမ်းဆောင်ရည်ကို ခန့်မှန်းသုံးသပ်ကြည့်ရအောင်-

နိုင်ငံတော် တည်ဆောက်မှု(Form of State)

သုံးသပ်ချက်
၁။ ခရိုင်၊ မြိုနယ်နှင့် ရပ်/ကျေးအဆင့်အုချုပ်မှုကို ဖော်ပြထားခြင်း မရှိပေ။
၂။ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ချို့ အပါအဝင် Stakeholders များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လိမ့်မည်ဟု ယူဆထားသည့် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အောက်မှာလား၊ အပေါ်မှာလား၊ ဘေးမှာလား ဆိုသည်မှာ ရှင်းလင်းမှု မရှိသေးပေ။ လုပ်ငန်းဆောက်ရွက်မှုအပေါ် မူတည်လိမ့်မည်။
၃။ လက်ရှိအချိန်မှာ CRPH သည် အုပ်ချုပ်ရေးရော၊ ဥပဒေပြုရေးရော ရေးထွေးပြီး ဆောင်ရွက်နေ သည့်အတွက် လုပ်ပိုင်ခွင့်အာဏာ အတော်လေးမြင့်မားသည်ကို တွေ့ရသည်။ သို့သော် နောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေး အစိုးရ ပေါက်ပေါက်လာမည် ဖြစ်ရာ CRPH အနေဖြင့် မူလ တာဝန်ဖြစ်သည့် ဥပဒေပြုကဣတစ်ခုတည်းကို ဆောက်ရွက်တော့မှာလား။ ထိုသို့မဟုတ်လျှင် ဥပဒေပြုနှင့် အုပ်ချုပ်ရေး အကြား အာဏာလွန်ဆွဲမှု သို့မဟုတ် ရောထွေးမှုများ ကြုံတွေ့နိင်သည်။

အစိုးရဖွဲ့စည်းတည်ဆောက်ပုံ (Formation of Government)

သုံးသပ်ချက်

၁။ ချာတာထဲမှာ ဝန်းကြီချုပ်ဉီးဆောင်အစိုးရစနစ် (Parliamentary System) ကျင့်သုံးမည်ဟု အတိအလင်း ဖော်ပြထားသည့်အတွက် သမ္မတနှင့် အတိုင်ပင်ခံပုဂိုလ်တို့သည် အရင်တုန်းကကဲ့သို့ အာဏာသိပ်မရှိတော့ဘဲ ဉသျှောင် (Symbolic or figurehead) သက်သက်သာဖြစ်ကြပါတော့မည်။ အစိုးရ တာဝန်အဝဝကို ဝန်ကြီးချုပ်က ဉီးဆောင်ရမှာ ဖြစ်ပါသည်။ လက်ရှိ ထိန်းသိမ်းမှုအောက်မှာ ရှိနေကြသော သမ္မတနှင့် အတိုင်ပင်ခံတို့ကို ဆက်လက်ပြီး ရာထူးတည်မြဲစေလိုခြင်းဖြစ်သော်လည်း၊ တစ်ဖက်မှာ ဖွဲ့စည်းလာမည့် ယှဉ်ပြိုင်အစိုးရသည် နေ့တဓူဝ နိုင်ငံရေးမှာ လမ်းညွန်ဉီးဆောင်မှုပေးနိုင်သည့် ပုဂိုလ်ဖြစ်ဖို့လိုအပ်သည့်အတွက်ကြောင့် ယခုလို ပြုလုပ်ထားခြင်း ဖြစ်တန်ရာ၏။
၂။ သို့သော်၊ ပါလီမန်စနစ်၏ သဘောသဘာဝအရ သော်လည်းကောင်း၊ ချာတာ၏ တည်ဆောက်မှုအရ ဝန်ကြီးချုပ် အပေါ်မှာ NLD, CRPH, NUCC, သမ္မတနှင့် အတိုင်ပင်ခံပုဂိုလ်စသည်ဖြင့် အထပ်ထပ်ရှိနေသောကြောင့် သော်လည်းကောင်း၊ မြင်တွေ့ရမည့် နိုင်ငံတော် ဝန်ကြီးချုပ်အသစ်သည် အာဏာလုပ်ပိုင်ခွင့် များများစားစား ရှိလိမ့်မည် မဟုတ်ပေ။ လူပုဂိုလ် အရည်အချင်းပေါ်မှာလည်း မူတီပါလိမ့်မည်။
၃။ ပြည်နယ်အဆင့် အစိုးရကို ထုံးစံအတိုင်း ဗဟိုအစိုးရ(NUG)က NUCC နှင့် ညှိနှိုင်း၍ ပြည်နယ်/တိုင်း အစိုးရကို ဖွဲ့စည်းမည်ဟု ပါရှိပါသည်။ အမှန်မှာ လက်ရှိအချိန်သည် တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုအမြင့်ဆုံး တည်ဆောက်သည့်အချိန်ဖြစ်သည့်အလျောက် ဖက်ဒရယ်စနစ်ကို လက်တွေ့ကျင့်သုံးသည့် အနေဖြင့် ပြည်နယ်အဆင့် အစိုးရနှင့် စုဖွဲ့မှုများကို သက်ဆိုင်ရာ ပြည်နယ်က ဆောင်ရွက်စေသင့်ပါသည်။ ဤအချက်ကို ပြန်လည် သုံးသပ်သင့်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ

သုံးသပ်ချက်

၁။ ဤနေရာမှာ လူထုစိတ်ဝင်စားမှု အများဆုံးက Charter မှာ ပြဌာန်းထားသည့် ‘ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေး’အောက်က ‘အမျိုးသားအဆင့် ကာကွယ်ရေး အစီအမံ’အရ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၊ သို့မဟုတ် ပြည်သူ့တပ်မတော်တစ်ရပ် မည်ကဲ့သို့ဖွဲ့စည်းမည် ဆိုသည့်အချက်ဖြစ်ပါသည်။ ဗြောင်ပြောရလျှင် NUG အစိုးရအနေဖြင့် နိုင်ငံတော်အဂ်ါရပ်နှင့်အညီ တပ်မတော်တစ်ရပ် ဖွဲ့စည်းနိုင်မှ အလုပ်ဖြစ်မည်ဟု ယူဆပါသည်။

၂။ နိုင်ငံခြားရေးရာနှင့်လည်းစပ်လျှင်း၍ Rome Statute အပါအဝင် ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ စာချုပ်နှင့် ကွန်ဗင်းရှင်းများအားလုံးကို လက်မှတ်ထိုးခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ ICC, ICJ, R2P စသည်တို့ကို မြန်မာနိုင်ငံနှင့် စစ်ကောင်စီအတွက် အကျိုးသက်ရောက်မှုရှိနိုင်အောင် ကြိုးပမ်းရမည်။

ဆလိုင်း ကျဲအိုဘိခ်ထောင်