• Today is: Friday, April 19, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၆ – ၂၀၂၂

  • စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကယန်း အမျိုးသား ကာကွယ်ရေးတပ် (KNG) အပါ အဝင် ပျူစောထီးအဖွဲ့များ၊ ဆက်စပ် ပတ်သက်သူများကို ထိရောက်စွာ ဒဏ်ခတ် အရေးယူသွား မည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။ KNDF ၏ ထုတ်ပြန်ချက်တွင် မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) KNG သည် စစ်ကောင်စီ၏ စစ်ဆင်ရေး များတွင် ဦးဆောင်လမ်းပြမှုများ ပြုလုပ်နေကြောင်း ပါရှိသည်။ KNG ၏ ဦးဆောင်မှုဖြင့် ပျူစောထီး အဖွဲ့များကို စစ်ကောင်စီက လက်နက် တပ်ဆင်ပေးနေပြီး ပြည်သူနှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့ များကို တိုက်ခိုက်နေကြောင်း၊ KNG ၏ လုပ်ရပ်ကြောင့် စစ်ကောင်စီ၏ စစ်ဆင်ရေး လမ်းကြောင်း တ လျှောက်ရှိ ရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်နေရကြောင်း KNDF က ဆိုသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အပါအဝင် ၎င်းတို့၏ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF)တို့ ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲ(၂၉၈) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် BGF တပ်သား (၃၀၀)ကျော်သေခဲ့ကြောင်း (၂၀၉) ယောက် ဒဏ်ရာရရှိခဲ့ကြောင်း KNU က ယနေ့မတ်လ (၆) ရက်တွင် သတင်းထုတ်ပြန်ပါသည်။ ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ ၏ ကား (၃၅)စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း KNLA နှင့် KNDO တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၆)ဦး အသက်စွန့်ခဲ့ရပြီး (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်ရှိ ချွန်ကျူံးကျေးရွာက စိတ်ဝေဒရှင် ဦးရုန်းဟူ (U Rung Hu) ကို မတ်လ ၅ ရက်က စစ်ကောင်စီတပ်သားတွေက သေနတ်ဖြင့် ဦးခေါင်း နဲ့ရင်ဘတ်ကို ပစ်သတ်သွားကြောင်းသိရသည်။ ဒီနေ့ မတ် ၆ ရက်မနက်ပိုင်းတွ အမှိုက်ပုံးမှာ သေဆုံးနေသည်ကို ရွာသားများ တွေ့ရှိခဲ့သည်။ ဦးရုန်းဟူသည် စိတ်ဝေဒနာရှင်ဖြစ်တာကြောင့် စစ်ကောင်စီတပ်သားတွေရွာထဲဝင်လာတဲ့ချိန်မှာ မထွက်ပြေးပဲ အိမ်ထဲမှာကျန်ရစ်ခဲ့တာ လည်းဖြစ်ပါသည်။

 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှု များခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းမိသည့်အပြင် လက်နက်များလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်က ယနေ့ မတ်လ ၆ ရက်၊ ညနေပိုင်းတွင် ထုတ်ပြန်သည်။ ကျောက်ဆည်ကန်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်၊ DMO-Local PDF ၊ Loikaw PDF ၊ PDF Pekhon၊ KA ၊ KNDF နှင့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

  • တအာင်းတပ်မတော် (TNLA)က ရှမ်းမြောက် ကျောက်မဲမြို့နယ် ပိန္နဲကုန်း ကျေးရွာခံတွေဆီကနေ လမ်းခင်းဖို့ ကောက်ယူထားတဲ့ ငွေ(၆၅)သိန်းကို ဒီနေ့မှာ ဒေခံတွေဆီ ပြန်လည်ပေးအပ်လိုက်ပြီဖြစ် တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ဟူးစွန်-ပန်စံ လမ်းခင်းဖို့ဆိုပြီး ဒေသတွင်းရှိ တပ်ဖွဲ့က ပိန္နဲကုန်းကျေးရွာအုပ်စုထဲမှ ရွာခံတွေဆီကနေ ငွေ(၆၅)သိန်း ကောက်ယူခဲ့တာပဲ ဖြစ်ပါ တယ်။ ပိန္နဲကုန်းရွာမှ တာဝန်ရှိသူတစ်ဦးက “ဟုတ်တယ်။ ဒီနေ့ကျေးရွာမှာ ငွေ(၆၅)သိန်းကို သွားယူ လိုက်ပြီ။ အစက မယူတော့ဘူးလုပ်မလို့ TNLA က မရဘူး ပြန်ယူရမယ်ဆိုတော့ အဲဒီ ပိုက်ဆံကို ပြန်ယူလိုက်တယ်” လို့ ရွှေဖီမြေ သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • အဓိကက ရှင်းရှင်းပြောရရင်တော့ လက်နက်ခဲယမ်း အခက်အခဲ ရှိတာပေါ့နော်။ သူတို့နဲ့ ယှဉ်ရင် လက်နက်ခဲ ယမ်းမှာတော့ အင်မတန်မှ အားနည်းတယ် ပြောလို့ရတယ်။ အဲဒီမှာတော့ ကျနော်တို့ အခက်အခဲ ရှိတယ်။ နောက် တခုကတော့ ပြောက်ကျားတပ်ဖွဲ့ ၊ ဒေသခံ တပ်ဖွဲ့တွေလည်း အနည်းနဲ့ အများတော့ ဒီတိုက်ပွဲ အမိန့်ပေးမှု စနစ် အောက်မှာ နည်းနည်းတော့ အားနည်းချက်တော့ ရှိတာ ပေါ့။ အဲဒါက လွဲလို့ ကျန်တာကတော့ အိုကေပါတယ်။ ရှိသမျှ လက်နက်တွေရော တူမီးတွေရော စနစ်တကျ သုံးတတ်အောင် လုပ်ပြီးတော့ အတတ်နိုင်ဆုံး အဲဒီလိုနဲ့ တိုက်ပွဲ ဝင်နေတာပါ။ အပြည့်အစုံဖတ်ရန် https://bit.ly/3MoNnem

 

စစ်တပ်သည် နိုင်ငံ၏ အလယ်ဗဟိုဒေသများတွင် ပျံ့နှံ့နေသော ပုန်ကန်မှုကို အာရုံစိုက်နေရပြီး မနိုင်ဝန်ကို ထမ်းနေရချိန်တွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကောင်းဆုံး ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံဘက်ယိမ်းသော ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကို ပြတ်ပြတ်သားသား အသာစီးရနေပြီး အားအင်ချည့်နဲ့သွားစေရန် လုပ်ဆောင်နေသည်။ အပြည့်အစုံ ဖတ်ရန် https://bit.ly/3stiv4y

 

  • အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသား ပြည်သူများသည် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ယနေ့ မတ်လ ၆ ရက်နေ့တွင် ၃၉၂ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ကျေးရွာတစ်ရွာတွင် “ဘယ်နယ်ထိထိ ထားဝယ်နဲ့ငြိတာပဲ” ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ယနေ့ မတ်လ ၆ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

 

  • လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ယူကရိန်း ပြည်သူများနှင့် အတူ ရပ်တည်နေကြောင်း ပြသသည့် အနေဖြင့် We stand with Ukrain People, solidarity from Myanmar People စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဒီပဲယင်းတွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ယနေ့ မတ်လ ၆ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခြင်းကို ယနေ့ မတ် ၆ ရက်နေ့တွင် ပြုလုပ်ခဲ့ ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၆ ရက်နေ့တွင်တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၆၁ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ မတ်လ ၆ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ထိန်းချုပ်နယ်မြေ ဘူးသိုမြို့နယ်၊ ကလောဒေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဒေသခံကလေး (၂)ဦး အပါအဝင် (၇)ဦးသေဆုံးသွားကြောင်း KNU က ယနေ့ မတ်လ(၆)ရက်နေ့တွင် သတင်းထုတ် ပြန်လာသည်။ အဆိုပါ‌ ကျေးရွာအတွင်းသို့ မတ်လ(၅)ရက်၊ ညပိုင်းက လက်နက် ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ(၄)ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် တောင်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဖလမ်းဖက်မှ ဟားခါးမြို့အ၀င် ကားလမ်းမပေါ်တွင်တည်ရှိသည့် Hniarlawnthar ရွာကို စကစ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လို့ လူနေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး အမျိုးသမီး တစ်ဉီး လည်း ပုခုံးမှာ ဗုံးစံထိလို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ “ဒီမနက် ၁၀ နာရီခန့်မှာ Hakhathar, Nahau တောင်ကနေပြီးတော့ လက်နက်ကြီးနဲ့ Hniarlawnthar ဖက်ကို ပစ်တာ။ ရွာပါစတာအိမ်အပါအ၀င် နေအိမ် ၂ လုံးလောင်သွားတယ်။ အမျိုးသမီးတစ်ယောက်လည်း ပခုံးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်” လို့ ‌ ဒေသခံတစ်ဉီးက ပြောတဲ့အကြောင်း ဒေသအခြေစိုင် CNJ သတင်းဌာနတွင် ဖော်ပြထားပါတယ်။

 

  • ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်လအတွင်း တိုက်ပွဲ ကိုးကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅၇ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း ကန်ပက်လက် CDFက ယနေ့ ထုတ်ပြန်သည်။ ချင်း-မကွေး နယ်စပ်ရှိ ကန်ပက်လက်၊ ဆောမြို့နယ်တို့၌ ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေ အနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

  • ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်မှာ ပျောက်ဆုံးသွားတဲ့ ရှမ်းတောင် မိုင်းကိုင်မြို့နယ် တအာင်း အမျိုး သားပါတီ (TNP) ဥက္ကဌ မိုင်းနုမ်ဟန်ရဲ့ ရုပ်အလောင်းလို့ ယူဆရတဲ့ အလောင်းတစ်ခုကို မတ်လ ၃ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မက်ချိနုတ်ရွာခံတစ်ဦးက “ကျနော်က မိုင်းနုမ်ဟန် ပစ်သတ်ခံရတယ် ဆိုတဲ့ ကောလဟာလသတင်းတစ်ခု ကြားပြီးတော့ ရွာသားသုံးယောက်နဲ့ ဘုန်းကြီးတစ်ပါးကို အဲဒီ ရွာဘက်ကို သွားစုံစမ်းခိုင်းတယ်။ သွားရှာတော့ မိုင်းနုမ်ဟန် အလောင်းကို တစ်ကယ်တွေ့တယ်” လို့ ပြောပါတယ်။ မိုင်းနုမ်ဟန်ရဲ့ အလောင်းဖြစ်တယ်လို့ ရွာခံတွေကယုံကြည်ကြပေမယ့် ရုပ်အလောင်း က ပျက်စီးနေတာကြောင့် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မိုင်းနုမ်ဟန်တို့ မိသားစုကို သျှမ်းပြည် တပ်မတော် (RCSS/SSA)က ဖမ်းဆီးထား​ပြီး ၎င်းတို့ကို သေဒဏ်ပေးလိုက်တယ်လို့ ထွက်ပြေးလွတ် မြောက်လာတဲ့ RCSS ထဲက တအာင်းလူမျိုး တပ်သားတစ်ဦးက မက်ချိနုတ်ရွာခံတွေကို ပြောပြပြီး နောက် အဆိုပါ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားပါသည်။

 

  • ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ယနေ့၌ လူငယ် ၄ ဦးအား အကြမ်းဖက်စစ်တပ်နှင့် ရဲများမှ ထပ်မံဖမ်းဆီးသွားပြီး ၎င်းတို့အနက် ၂ ဦးကို ကားဖြင့်တိုက်၍ ဖမ်းဆီးသွားကြောင်း တောင်ကြီးမြို့အခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း သတင်းပေါက်ကြားမှု၊ ဒလန်များ၏ သတင်းပေးမှုကြောင့် ၃ ရက်အတွင်း တောင်ကြီးမြို့တွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများအနက် လူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း တောင်ကြီးမြို့အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့ဝင် တစ်ဦးက ပြောသည်ဟု မဲခေါင်သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (တီအိုချောင်း)အနီးတွင် မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့မှု ကြောင့် တဖက် မီဇိုရမ် ပြည်နယ် ဇိုးခေါထားကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေး ရှောင်၂၀၀၀ ကျော်ရှိသည်ဟုသိရသည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection