• Today is: Friday, August 12, 2022

KNLA နှင့် စစ်ကောင်စီတပ်တို့ တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ   ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

#Photo_KNU

ဖက်ဒရယ်ဂျာနယ် ( မတ်လ – ၂၁ – ၂၀၂၂ )

ကေအဲန်ယူ- ဒူးပလာယာခရိုင် ၊ နို့တကောမြို့နယ်တွင် ယနေ့ မနက် (၈း၄၇) မိနစ်အချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခုတ်ခွားတောင်ပေါ်အခြေစိုက် ခမရ (၄၃၂) တပ်ရင်းနှင့် KNLA တပ်မဟာ (၆)၊ တပ်ရင်း (၁၇) တပ်ခွဲ (၂)၊ တပ်ရင်း (၂၇)၊ တပ်ခွဲ (၃)တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ခမရ (၂၈၃)တပ်ရင်းနှင့် KNLA တပ်ရင်း (၁၇)တို့ သုံးတိုင်ကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

ထိုပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ (၂)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။ အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၄၃၂)တပ်ရင်းက စစ်ကြောင်း (၁)မှ ဒုရင်းမှူး မောင်မျိုးသူရအောင် ဦးဆောင်သောအဖွဲ့က အာရှလမ်းဆုံရှိ နို့တော်ပလာမှ KNU ဂိတ်တစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ရဲ့ထုတ်ပြန်ချက်အရသိရသည်။

အလားတူ မတ်လ (၁၉)ရက်နေ့ မနက် (၈)နာရီခွဲအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ် ခမရ (၄၃၂)တပ်ရင်းနှင့် KNLA တပ်မဟာ (၆) တပ်ရင်း (၁၇)တပ်တို့နှင့် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး   KNLA ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။