• Today is: Thursday, April 18, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၂၂ – ၂၀၂၂ ခုနှစ်

 

စစ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်မှ အကြမ်းဖက်ပစ်သတ်မှုကြောင့် ပြည်သူများ အသက်သေဆုံးမှုဦးရေ ယနေ့ မတ်လ (၂၂)ရက်နေ့ထိ ( ၁၆၉၇ )ဦးထိရှိပြီဖြစ်ပါတယ်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ ဦးရေမှာ ( ၁၂၈၇၅ )ဦးထိရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်းနေရသူ ( ၁၉၇၃)ဦးအထိရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိပါတယ်။

 

  • အင်တာနက်ဖြတ်တောက်ခံထားရမှု ၇ လ ကျော်လာပြီဖြစ်သည့်ဖားကန့်မြို့ တွင် မတ်လ ၂၂ ရက်နေ့ က ပြည်သူ ၄၀၀ ခန့် က KIA PDF NUG ထောက်ခံပွဲ ၊ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်နှင့် စစ်ကောင်စီကို အားပေးထောက်ခံသော ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ် Prak Sokhoon မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ပွဲ ပြုလုပ်ခဲကြသည်။ ဆန္ဒပြပြည်သူများက KIA PDF တိုက်ပွဲတိုင်း နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက်စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ ASEAN stand for Democracy ,not for dictator ၊We don’t need you Prak Sokhoon,You are not welcome to Myanmar ၊အင်တာနက်ဖြတ် တဲ့ မင်းအောင်လိုင်အဖွဲ့ အသေ ဆိုးနဲ့သေပါစေ ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦးတော် လှန်ရေး အရေး တော်ပုံ အောင်ကို အောင်ရမည် ဟု ကြွေးကြော်ချီ တက်ခဲ့ကြသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့မှ စစ်အာဏာရှင်ကို အလိုမရှိသည့် လူငယ်များက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံများဖြင့် ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် အိမ်တွင်း သပိတ်လုပ်ဆောင်ခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသား ပြည်သူများသည် ယနေ့မတ်လ ၂၂ ရက်တွင် ၄၀၈ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည် ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေးသံဃသမဂ္ဂသံဃာ​တော်များဦး​ဆောင်ကာ ​ကျောင်းသားပြည်သူဝန်းရံမှုဖြင့် မန္တ​လေးမြို့ လည်ခေါင်တစ်​နေရာတွင် ယနေ့ မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်အုပ်စုတို့နှင့် ဆွေးနွေးရန်လာရောက်သည့် အာဆီယံကိုယ်စားလှယ်”Prak Sokhaan” ၏ခရီးစဉ်အားကန့်ကွက် ရှုတ်ချ​ကြောင်း အာဏာရှင်စနစ်ဖြုတ်ချရေး ချီတက်သပိတ်မှောက်ကြပါသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့ တွင် “​သွေးမကွဲနဲ့ သွေးခွဲပြီးအုပ်ချုပ်တာ အာဏာရူးတွေရဲ့ဗျူဟာပဲ အတူတူရုန်းကန် အတူတူ တွန်းလှန်ကြ။ သံဃသမဂ္ဂ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ မတ်လ ၂၂ ရက်နေ့တွင် အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာရှိ ကျေးရွာတစ်ရွာတွင် မုံရွာပင်မသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ အရာတော်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ကျေးလက်သပိတ်ခေါင်းဆောင်များတို့ ပူးပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကျေးရွာလူထုနှင့်အတူ ချီတက်သပိတ်မှောက်ဆန္ဒထုတ်ဖော်ခြင်းကို ယနေ့ မတ် ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်းတွင် ၃၇၇ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ယနေ့ မတ်လ ၂၂ ရက်တွင် လှည့်လည် ချီတက်ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်း တောင်ဒေသ ပင်မ သပိတ်ကော်မတီ ဝင်များနှင့် ဒီပဲယင်းမြို့နယ် သပိတ်ဦးဆောင် ကော်မတီဝင် များပူးပေါင်းပြီး “အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်း ကြစို့” စာသားကို ကိုင်ဆောင်ပြီး ယနေ့ မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်း‌တိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းရွာ ပြည်သူများက စစ်အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြချီတက်ခြင်းကို မတ် ၂၂ ရက် တွင် ပြုလုပ်ခဲ့သည်။

 

  • နေပြည်တော်တွင် အကြမ်းဖက် ဖက်ဆစ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံ ကိုယ်စားလှယ် ပရတ်ဆွတ်ခွန်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ မတ်လ ၂၂ ရက်နေ့ တွင် မုံရွာ-အမြင့်လမ်း ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ “ASEAN Stand For Democracy Not For Dictator အာဆီယံ ဒီမိုကရေစီအတွက်ရပ်တည်ပါ။ အာဏာရှင်ကို ဆန့်ကျင်ပါ။” စာတန်း ကိုင်ဆောင်ကာ NUG သာ ပြည်သူ့အစိုးရဖြစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပခုက္ကူမြို့နယ်တွင် လူထုသပိတ် တိုက်ပွဲကော်မတီ ဦးဆောင်ကာ ယနေ့ မတ်လ ၂၂ ရက်နေ့တွင် “အာဆီယံ ဒီမိုကရေစီအတွက်ရပ်တည်ပါ”၊ “ဖက်ဆစ်စစ်တပ်အမြစ်ပြတ်”၊ “လုံးဝအုပ်ချုပ် ခွင့်မရ စေရ”နှင့် “ဖိလျှင်ချမယ် ထိရင်ကြွမယ်” ကြွေးကြော်သံများဖြင့် အာဆီယံကိုယ်စားလှယ် ခရီးစဉ် သည် ပြည်သူများ၏ အသံကို ဂရုမစိုက်သောကြောင့် ပရတ်ဆွတ်ခွန်ကို ကန့်ကွက် ရှုတ်ချကြောင်း ဆန္ဒ့ပြခဲ့သည်ဟု သိရသည်။

 

  • မိုးရွာသွန်းမှုကြောင့် စစ်ရှောင်တဲများပျက်စီးသွားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက် ခြမ်းရှိ သောင်းရင်းမြစ်အနီးမှ စစ်ရှောင်ပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်ရန် လိုအပ်နေ ကြောင်း သိရသည်။ ယခင်က မိုးကာဖြင့် တန်းလျားများ ဆောက်လုပ်ထားသော်လည်း မိုးရွာသွန်းမှု နှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ပျက်စီးသွားသည့်အတွက် တဲများကိုပြန်လည်ဆောက်လုပ်ရန် မိုးကာနှင့် အင်ဖက်များလိုအပ်နေခြင်းဖြစ်သည်ဟု စစ်ရှောင်ပြည်သူတစ်ဦးကသည်ဟု The 74 Media တွင်ဖော်ပြထားသည်ကိုရှိရသည်။

 

  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက် ကျားဖြူတပ်ခွဲ (၁)က ဆေးတပ်သား PDF ရဲဘော်၁ဦးဖြစ်သူ ကိုထက်လင်း (ခ) စစ်နိုင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲအတွင်း ကျဆုံးသွား ခဲ့တယ်လို့ ကျားဖြူ PDF တပ်ခွဲ (၁) ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

 

  • သျှမ်းပြည်အရှေ့ပိုင်း မိုင်းခုတ်မြို့နယ် မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ (၁) ကျေးရွာတွင် မီးကြွင်း မီးကျန်မှ တစ်ဆင့် နေအိမ် (၂၄) လုံး မီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၂၀) ရက် မနက် (၄) နာရီခန့် တွင် ဝက်အစာတည်ထားရင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွား ကြောင်း မိုင်းနင်းကျေးရွာခံ အမျိုးသား တစ်ဦးပြောတဲ့အကြောင်း သျှမ်းသံတော်ဆင့် တွင် ဖော်ပြ ထားသည်။ ဌာနဆိုင်ရာ တွက်ချက်မှုအရ ဆုံးရှုံးတန်ဖိုးက (၇၄) သိန်း လောက်ရှိကြောင်းသိရသည်။

 

  • ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မော်ခီးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း (၂၀၁) နှင့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မတ်လ ၂၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ် တစ်ဦး အပါ အဝင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ ကြောင်း သတင်းရရှိသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာလမ်းမကြီးပေါ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို PDF – Kalay က ယနေ့ မတ်လ ၂၂ ရက် ၇ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း PDF – Kalay သတင်းထုတ်ပြန်ချက်အရသိရသည်။

 

  • မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ကြောင်း အမေရိကန်၏ သတ်မှတ် ချက်သည် ICJ ၊ ICC အပါအဝင် နိုင်ငံတကာတရားရေးအဖွဲ့အစည်းများ၌ တရားမျှတမှုရှာဖွေရေး အတွက် များစွာအထောက်အပံ့ဖြစ်စေမည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)က ထုတ်ပြန်သည်။

 

  • ပူတာအိုမြို့နယ် တိုက်ပွဲကြောင့် ၂ လနီးပါး တောတွင်းတိမ်းရှောင်ခဲ့ရသော ဆွမ်ပီယန်နှင့် အင်စီးယန် ဒေသခံများသည် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့် ဘာသာရေးခေါင်းဆောင်များ၏ ကူညီမှုဖြင့် ယနေ့ ကျေးရွာအတွင်းသို့ ပြန်လာနေထိုင်ကြပြီဟု သိရသည်။ ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်ခန့် တွင် မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) နှင့် ကချင်ငြိမ်းချမ်းအကျိုး ဆောင်အဖွဲ့ (PCG)၊ ကချင် အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) တို့ဖြင့် ဖွဲ့စည်းထားသော ၁၇ ဦး ကော်မတီဝင်အဖွဲ့၏ ဦးဆောင်ကူညီမှုဖြင့် ပြန်လာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

 

  • စစ်တွေမြို့နယ်ရှိ ပြည်တော်သာ-ရေချမ်းပြင်မီးရထားလမ်းပိုင်းကို လာမည့်မတ်လ ၂၄ ရက်နေ့မှာ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်းခွဲ-စစ်တွေမှ အမည်မဖော်လိုသည့် အရာရှိတစ်ဦကပြောသည်ဟု DMG သတင်းဌာနတွင်ဖော်ပြထားသည်။

 

  • စစ်ကောင်စီတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့တဲ့ မိုင်းမင်းနောင် (၂၂ နှစ်) အတွက် “မိုင်းမင်းနောင် ဥပဒေ စာကြည့်တိုက် (Mai Min Naung Law Library)” ပြုလုပ်ပေး သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ လာမယ့်မတ်လ ၂၇ ရက် တစ်နှစ်ပြည့်နေ့မှာ ၎င်းတာဝန် ထမ်းဆောင်ခဲ့တဲ့ တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (TLA) က ဦးဆောင်ပြီး “မိုင်းမင်းနောင် ဥပဒေ စာကြည့်တိုက်”ကို ပြုလုပ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြ ထားပါတယ်။

 

  • ရခိုင်ပြည်နယ်သည် လက်ရှိတည်ငြိမ်သည့်အနေအထားတွင်ရှိနေသဖြင့် မြို့နယ်အချို့၌ ထုတ်ပြန် ထားသော ပုဒ်မ-၁၄၄(ညမထွက်ရအမိန့်)ကို ရုပ်သိမ်းသင့်ပြီဟု ဒေသခံများကပြောဆိုကြသည်။ ညမထွက်ရအမိန့်ရှိနေသဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တောတောင်ကိုအမှီပြုကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခက်အခဲ ဖြစ်ပေါ်စေပြီး ကုန်စည်စီးဆင်းမှုအပိုင်းတွင်လည်း နှောက်နှေးကြန့်ကြာမှုများရှိနေကြောင်း သိရသည်။

 

  • စစ်ရှောင်ပြည်သူများကို အကာအကွယ်ယူကာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှု ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ကြောင်း ဂန့်​ဂေါ PDF က ယနေ့ (မတ်လ ၂၂ ရက်) ထုတ်ပြန်သည်။ ဖြစ်စဥ်မှာ မတ်လ ၂၀ ရက် ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ တပ်နှင့် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်းရွာမှ ပျူစောထီးပူးပေါင်းအဖွဲ့သည် မြစ်သာမြစ် တစ်ဖက်ကမ်းရှိ စစ်ဘေးရှောင်များရှိရာနေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ထိုးစစ်ဆင် လာမှုကို ဒေသတွင်းပူးပေါင်းတော်လှန်ရေးအဖွဲ့များက ခုခံခဲ့ခြင်းဖြစ်သည်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection