• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁ – ၂၀၂၂ ခုနှစ်

ယနေ့ မေလ (၁)ရက် မြန်မာပြည်အတွင်း ဒေသအသီးသီးမှ သတင်းအချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြခဲ့သည်။

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦးသေဆုံးပြီး ငါးဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ် ရေးတပ်(DMO Local PDF)က ယနေ့(မေ၁ရက်) ထုတ်ပြန်သည်။ DMO Local PDF တပ်ဖွဲ့ ဗျူဟာ(၁)တပ်ခွဲအချို့၊ အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းရှိ တပ်ခွဲ အချို့နှင့် KRU တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ (ဧပြီ ၃၀ရက်) နေ့လယ် ၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

 

  • ချင်းပြည်နယ်၊ မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများတွင် အစားအစာနှင့် ဆေးဝါးမလုံ လောက်မှုကြောင့် သေဆုံးခဲ့ရသူ ၅ ဦးအထိရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ မျာထံမှ သိရသည်။ သေဆုံးသူ ၅ ဦးတွင် ၈ လသားအရွယ် ကလေးငယ်မှာ ငှက်ဖျားပိုး ဦးနှောက်သို့ ဝင်ရောက်ကာ ဆုံးပါးခဲ့ရခြင်းဖြစ်ပြီး EPC ရုံးမှ CDM ဝန်ထမ်း ကလေးသုံးဦး၏ ဖခင်မှာလည်း အစာအိမ်ရောဂါဖြင့် ကွယ်လွန်ခဲ့ရကြောင်း ကျန် ၃ ဦးမှာလည်း အစားအစာ နှင့် ဆေးဝါး ပြည့်စုံလုံ လောက်မှုမရှိခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

  • ထင်ရှားသည့် ရှမ်းတိုင်းရင်းသားဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး၏ ဈာပနာအခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ၂၀၂၂ခုနှစ် မေလ(၂)ရက်နေ့ ညနေ(၅)နာရီတွင် ပြုလုပ်ပြီး ရှမ်းဓလေ့ ထုံးစံနှင့်အညီ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုများက အသိပေးထားရှိ သည်။ ဦးခွန်ထွန်းဦး သည် ၂၀၂၂ ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ၎င်း၏ နေအိမ်ဖြစ်သည့် ရန်ကုန်၊ မရမ်းကုန်မြို့နယ်၊ (၉)မိုင်၊ (၅)ရပ်ကွက်၊ အမှတ်(၂၆) ပြည်လမ်းရှိ နေအိမ်တွင် နေအိမ်စဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်ဟု သိရသည်။

 

  • အကြမ်းဖက်စစ်ကောင်စီက အာဏာလုယူမှုကြောင့် မြန်မာလူဦးရေရဲ့ ထက် ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၂၅ သန်းက ၂၀၂၂ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ နေထိုင်လာရတယ်လို့ ယာယီ သမ္မတ ဒူဝါလရှီးလက အလုပ် သမားနေ့မှာပြောကြားတဲ့ မိန်းခွန်းထဲ့ ထည့်သွင်းပြောကြားလိုက် တာပါ။ “ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်သမားသမဂ္ဂ အခွင့်အရေး တွေ၊ လူ့အခွင့်အရေးတွေ အများကြီး ထိခိုက်နေပါတယ်။ အလုပ် သ မား သမဂ္ဂအဖွဲ့ဝင်တွေ၊ ခေါင်းဆောင်တွေ အပါအဝင် အလုပ်သမား ၁ဒသမ၆ သန်း ဟာ အလုပ်အကိုင်တွေ ဆုံးရှုံးခဲ့ရ တယ်။ ဒါ့အပြင် နိုင်ငံရဲ့ စီးပွားရေးကို ပြန်ကြည့်မယ်ဆိုရင်လည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ (၁၈ဒသမ၄) ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ UNDP ကလည်း “COVID-19၊ အာဏာသိမ်းမှု အခြေအနေတွေကြောင့် လူပေါင်း ၁၂ သန်း အထိ ဆင်းရဲ တွင်းနက်စေနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး (၂၅) သန်းအထိဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ ဆင်းရဲ နွမ်းပါးမှု မျဉ်းအောက် နေထိုင် လာရနိုင်ပါ တယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာပါ။

 

  • အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် တစ်ဦးတစ်ယောက်တ်ဖွဲ့ကိုမျှ တာဝန်ပေး အပ်ထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ – NLD က ယနေ့၌ အသိပေးထုတ် ပြန်ထားသည်။ စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးကျင်းပ နိုင်းခြင်း မရှိသည့်ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၊ သို့မဟုတ် ၎င်းတို့ဖွဲ့စည်ပေး ထားသည့်အဖွဲ့ အစည်းများနှင့် ပါတီကိုယ်စားပြုတွေ့ဆုံဆွေးနွေးညှိနှိုင်းရန် တစ်ဦးတစ်ယောက်တ်ဖွဲ့ကိုမျှ တာဝန် ပေးအပ်ထားခြင်းမရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။

 

  • ကရင်နီပြည်နယ်တွင် ဧပြီလ နောက်ဆုံးတပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့ကြား ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၄ ဦး သေဆုံးကြောင်း၊ လွိုင်ကော်မြို့နယ် လောပိတ ရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ ၈ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်သည်။ ဒီးမောဆိုမြို့နယ်တွင် ဧပြီလ နောက်ဆုံးတပတ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင် နီပူးပေါင်းတပ်ဖွဲ့ကြား နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေပြီး ဒေါခမီးတိုက်ပွဲတွင် KNDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

 

  • ကရင်ပြည်နယ် ဘားအံမြို့ သံလွင်မြစ်အနောက်ခြမ်းရှိရွာ ၈ ရွာမှရွာသား ၁၀၀ကျော်ကို BGF တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်ဝင်ရောက်ဖမ်းဆီးသွားသည်ဟုဒေသခံများထံမှ သိရသည်။ သံလွင်မြစ်အနောက်ခြမ်းရှိ မြိုင်ရွာ ၊ ကုန်းတန်းကြီးရွာ ၊ ဝဲပျံချောင်းဝရွာ ၊ဘုရားဆိပ်ရွာ ၊ ဝဲပျံ ရွာ၊ပေပင်ဆိပ်ရွာ ၊ မိတ်ထီလာရွာနှင့် မီးဇိုင်း ရွာတို့အား ယနေ့ မေလ ၁ ရက် နံနက်၈ နာရီကျော်ခန့်တွင် အိမ်စီးကား ၆ စီးဖြင့်လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

 

  • ရှမ်းတောင် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု ကုန်ပေါင်းရွာနဲ့ ၃ မိုင်အကွာမှာ တည်ရှိတဲ့ လိမ္မော်ခြံတစ်ခြံမှာ ကလေးငယ်တစ်ဦး ဒီနေ့မှာ မိုင်းနင်းမိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် (၁၀)နှစ်အရွယ်သာ ရှိသေးတဲ့ မိုင်းအိုက်ပန်းပဲ ဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “သူတို့မိသားစု ငါးယောက်က ခြံမှာ အိပ်ကျတာ။ ဒီမနက် ကလေးက ခြံအပြင်ထွက်သွားတာ။ မိုင်းပေါက်တဲ့အသံကြားလို့ သွားကြည့်လိုက်တော့ ကလေးက သေနေပြီ” လို့ ပြောပါတယ်။

 

  • ဒီနေ့ကျရောက်တဲ့ မေ ၁ ရက်နေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ပြည်သူများက စစ်အာဏာရှင်တော်လှန်ရေးသပိတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ကျေးလက်ဒေသရှိပြည်သူလူထုများအားလုံးပေါင်းပြီး မေလ ၁ ရက်နေ့ နံနက်ပိုင်း “အနာဂတ်ဘဝတွေငြိမ်းချမ်းဖို့၊အာဏာရှင်ကိုတော်လှန်စို့” ခေါင်းစဥ်နှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးကိုအင်အားကောင်း ကောင်းနဲ့လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ကြ သည်။ ဒါ့အပြင် လောင်းလုံးမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာမှာလည်း ဒီနေ့ မေလ ၁ ရက်နေ့၊ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • အခက်အခဲ အတားအဆီးများကြားက ဆက်လက်တော်လှန်နေတဲ့ ကလေးမြို့လူထုသပိတ် “အဖိနှိပ်ခံ အလုပ်သမားဘဝမှလွှတ်မြောက်ဖို့ အာဏာရှင်ကိုအမြစ်ဖြုတ်စို့” စတဲ့ စာတန်းတွေ ကိုင်ဆွဲကာ၊ ကလေးမြို့ပင်မသပိတ်ဟာ လူအင်အားအများအပြားန့ စစ်အာဏာရှင်စနစ်ကို ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ဒီနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင် စနစ်ကို သပိတ်မှောက်နေတာ ရက်ပေါင်း ၄၄၈ ရက်ရှိခဲ့ပြီဖြစ်ပါတယ်။

 

  • ရန်ကုန်တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ဝင် သမဂ္ဂများနှင့် အလုံမြို့နယ် သပိတ်ကော်မတီ၊ ကြည့်မြင်တိုင်မြို့နယ် သပိတ်ကော်မတီ၊ Yangon’s Rebels Strike Committee (YRSC)တို့မှ ပူးပေါင်းကာ ယနေ့ မေလ ၁ ရက်နေ့တွင် “အလုပ်သမား သပိတ်ကို ဝန်းရံကြ ထောက်ခံကြ ဖိနှိပ်သူ အလုပ်ရှင် များအား ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ” စာတန်းကိုင် ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများ ရှိနေသည့် ရန်ကုန်တွင် “တပ်ပျက်နေပြီဟေ့” ဗီနိုင်းကို ကိုင်စွဲပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုပ်ပုံပါသည့် ဗီနိုင်း သပိတ်ချီတက်လာရာ လမ်းကြောင်းတွင် ကော်ဇော်နီတစ်ခုသဖွယ် ဖြန့်ခင်း နင်းချကာ ယနေ့ ၂၀၂၂ ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။  အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သတင်းထုတ်ပြန်ရေး၊ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး အစရှိသည့် ကိစ္စများတွင် အရေးနိမ့်နေရုံသာမက စစ်ရေးတွင်ပါ ဆိုးရွားစွာ အရေးနိမ့်လာသည်ကို မျက်မြင်တွေ့ နေကြရမည်ဖြစ်သည်။ မြန်မာပြည်အသာထား ၊ တပ်တွင်းမတည်ငြိမ်မှုများကိုပင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့သည့် ဖက်ဆစ်တပ်တစ်ခုလုံး ပျက်သုဉ်းရန် အချိန်နီးကပ်နေပြီဟူ၍ ထုတ်ဖော်ပြသခဲ့ကြ သည်။ ပြည်သူများအနေဖြင့်လည်း အဖက်ဖက်တွင် ယိုင်နဲ့ကျဆုံးနေသော စစ်ကောင်စီထံသို့ ရရှိနေ သည့်သွေးစွန်းငွေများအား ဖြတ်ချရန် လုပ်ဆောင်သည့်လှုပ်ရှားမှုများတွင် ပါဝင်ရန်ထပ်မံတိုက် တွန်းလိုက်ရသည်။ “ဟု ရန်ကုန်တော်လှန်ရေးအင်အားစု က အသိပေးပြောဆိုထားသည်။

 

  • ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် အထက (၃) မြောက်ဥက္ကလာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နှင့် အထက (၁) မြောက်ဥက္ကလာ ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်းကာ ယနေ့ မေလ ၁ ရက်နေ့တွင် “တောင်ပေါ် မြေပြန့်ညီညွှတ်ကြ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် “အဖိနှိပ်ခံ အလုပ်သမား ဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်ကြစို့” စာတန်းကိုင် ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” ဘန်ဒါကိုင်စွဲပြီး မေ ၁ ရက် မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတဲ့ မုံရွာအမြင့်လမ်း ပင်မသပိတ်စစ်ကြောင်းရဲ့ပုံရိပ်များကို ဖော်ပြလိုက်ပါတယ်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ရက်နေ့တွင် “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းဒေသ ၅/ လက်ပံတောင်းသပိတ် စစ်ကြောင်း ဟာ မေလ(၁)ရက်နေ့ ညနေပိုင်းက “အဖိနှိပ်ခံအလုပ်သမားဘ၀ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့”/ဆိုတဲ့စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေခင်းသပိတ်ပြု လုပ်ခဲ့ကြောင်းသိရပါတယ်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ရက်နေ့တွင် “အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့” စာတန်း ကိုင်ဆောင် ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ အလားတူ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်လည်း မေလ ၁ ရက်နေ့ စစ်အာဏာရှင် ချေမှုန်းရေး ပြည်သူများက ချီတက်ဆန္ဒပြကြသည်။

 

  • ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပခုက္ကူ လူထု တိုက်ပွဲကော်မတီ ဦးဆောင်ကာ ယနေ့ မေလ ၁ ရက်နေ့တွင် “ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်” စာတန်း ကိုင်ဆာင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ ကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၁ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်နေပြီး လေးကေဘုန်းကြီးကျောင်းနှင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းနေကြောင်း သတင်းရရှိသည်။

 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအ‌ခြေစိုက် အင်းလေးဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (P.D.F) အပတ်စဉ် (1) “ရဲဘော်များ၏ သစ္စာရေသောက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း IPDF မှ ယမန်နေ့က ပြည်သူများထံ အသိပေးထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် IPDF ၏ အပတ်စဉ် ၁ မှ ရဲဘော်များအားလုံး သစ္စာရေသောက်၍ သစ္စာဆိုခဲ့ကြသည့်အခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် ရက်အတိအကျဖြင့် မတင်ပြန်နိုင်ခဲ့ ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

  • ဘာသာစာပေတည်တံ့ရေးနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရေး ရည်ရွယ်ချက်ဖြင့် သက်လူမျိုးတို့၏ အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပထမဆုံးအကြိမ် ယနေ့ ကျင်းပ ခဲ့သည်ဟု သိရသည်။ အခမ်းအနားကို မောင်တောမြို့၊ မကျည်းကုန်းကျေးရွာတွင် ယနေ့ နံနက်က စတင်ကျင်းပ ပြုလုပ်ခဲ့ရာ ရခိုင်၊ သက်၊ ဗမာတိုင်းရင်းသားများ အပါအဝင် လူပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သက်လူငယ်တစ်ဦးဖြစ်သူ ကိုကျော်အေးသန်း က နိရဉ်စရာ သတင်း ဌာနသို့ပြောဆိုထားကြောင်း ဖော်ပြထားသည်။ ” လူမျိုးပေါင်းစုံတက်ရောက်ကြပါတယ်။ ဒီပွဲကို သက်လူမျိုးတွေရော တခြားလူမျိုးတွေပါ လာရောက်ကြတဲ့အတွက်ဝမ်းသာတယ်”ဟု ပြောသည်။
  • အမျိုးသားညီညွတ်​ရေးအစိုးရ ကာကွယ်​ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပြည်သူ့ ကာကွယ်ရေးတပ်မ​တော်(​နေပြည်​တော်)တိုက်ခိုက်​ရေး အထူးကွန်မန်ဒို သင်တန်း အပတ်စဥ် ၁/၂၀၂၂ သင်တန်း ဆင်းပွဲကို ယနေ့ မေလ ၁ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

  • CDF-Mindat တပ်ဖွဲ့၀င်များနေထိုင်သည့် တပ်စခန်းများဟာ မိုးသည်းထန်စွာရွာသွန်း၍ လေပြင် တိုက် ခိုက်မှုများကြောင့် ၂ ကြိမ်ပျက်စီးသွားကြောင်းသတင်းရရှိပါတယ်။ ” ဧပြီလ (၁၉)ရက်နေ့က ပထမတစ်ကြိမ်ရွာပြီး အကုန်ပျက်လို့ပြန်ပြင်ကြတယ်။ပြီးတော့ဧပြီလ(၂၉)ရက်နေ့ မှာထပ်ရွာပြီး အကုန်ပြန်ပျက်သွားတယ်။မိုးကနှစ်ခါလောက်ဘဲရွာသေးတာချက်ဖို့နေရာထမင်းစားဖို့နေရာအိပ်ဖို့နေရာမိုးလုံလေ လုံဘာမှမရှိတော့ဘူး။ဒါတောင်မိုးရာ သီ မရောက်သေးဘူး၊ ဒီပုံစံနဲ့ဆိုမိုးရာသီ ရောက်ရင်မလွယ်ဘူးလေ၊အသက်နဲ့ရင်းပြီးရှေ့တန်းသွားနေကြတဲ့ရဲ‌ဘော်တွေပြန်လာရင် နားစရာ နေ‌ရာကောင်းကောင်းမရှိဘူး။ ပျက်စီးသွားတဲ့မိုးကာတွေလည်းပြန်သုံးလို့မရတော့ဘူး အနည်းဆုံး တော့ သွပ်မိုးသွပ်ကာလေးနဲ့ပြန်ဆောက်လုပ်ဖို့ရည်ရွယ်ထားကြပါတယ်။တိုင်တွေအ တွက်ကတော့ ရဲဘော်လေးတွေ အားတဲ့ချိန် ပျဉ်ဆွဲနေကြပါတယ်၊တတ်နိုင်တဲ့ ဘက်ကပါ၀င်လှူဒါန်းပေးကြဖို့ လဲမေတ္တာရပ်ခံပါတယ် “ဟုဒေသခံတစ်ဦးမှပြောကြား သည်။ ပါ၀င်လှူဒါန်းလိုပါကဆက်သွယ်ရန် (+95 9777182971) (+95 9898786900)

 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပတ်စဉ် (၅) မှ သင်တန်းဆင်း ပွဲကို ဧပြီလ (၂၈)ရက်နေ့ နံနက် (၈) နာရီတွင်ပြုလုပ်ခဲ့ကြောင်းကို ဒီကနေ့ မေလ ၁ ရက်နေ့တွင် Palaw People’s Defence Forceကထုတ်ပြန်ကြေညာသည်။ အဆိုပါသင်တန်းဆင်းပွဲတွင်ဒု စစ်ကြောင်းမှူးမှ မိန့်ခွန်းပြောကြားပြီးနောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် မှ ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခဲ့ကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်၍အခမ်းအနားကို ရုတ်သိမ်း ခဲဲ့ကြောင်း Palaw People’s Defence Force ထံကသိရသည်။

 

  • မကွေးတိုင်း နတ်မောက်မြို့နယ် အိုင်မကြီးကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁ရက်နေ့ နံနက် ၅နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူ ၄ဦးကို ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ်ပြီး ရွာလမ်းမ အတိုင်းပြေးခိုင်း ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။ အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်းသို့ စစ်ကား ၁စီး လူအင်အား ၅ဝခန့်ဖြင့် ရောက်ရှိလာပြီး လယ်စောင့်တဲ ၁လုံးကို မီးရှို့ဖျက်ဆီးကာ လယ်စောင့်တဲ ပိုင်ရှင်နှင့် ကျေးရွာအတွင်းက ပြည်သူ ၃ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

  • ဒီကနေ့ မေ ၁ ရက်နေ့ မနက်ပိုင်းမှာ နားရက်မရှိပဲ အလုပ်ဆင်းနေရတဲ့ Rider တွေစုပေါင်းပြီး Food Panda ကုမ္ပဏီ အမှတ်တံဆိပ်တွေပေါ်မှာ အနက်ရောင် ကြပ်ခြေခတ် အမှတ်အသားတွေပြု့လုပ်ပြီး အလုပ်သမားအခွင့်အရေးအတွက် သပိတ်မှောက်တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုပြု့လုပ်ခဲ့ကြပါ တယ်။ Rider တွေအနေနဲ့ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် ကုမ္ပဏီဘက်ကို တောင်းဆိုထားတဲ့တောင်းဆိုချက် (၇)ချက်ကို ဆက်လက်တောင်းဆိုနေဆဲလို့လည်း ဆိုပါတယ်။ အခုလှုပ်ရှားမှုမှာ မြို့နယ်အသီးသီးက Riderတွေအားလုံး စုပေါင်းပါဝင် ကြတယ်လို့လည်း သိရပါ တယ်။ Rider တွေအနေနဲ့ ကုမ္ပဏီဘက်က အနိမ့်ဆုံး အော်ဒါကြေး (၆၇၀) ကျပ် ကို သတ်မှတ်ထား တဲ့ riderအဆင့်အလိုက် တိုးမြှင့်ပေးဖို့၊ ပို့ဆောင်ရသည့်ခရီးအကွာအဝေးကို တိုင်းတာရာမှာ Google Map ကို အသုံးပြုပေးဖို့ ၊ အသက်အာမခံအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့စတဲ့ချက်တွေကို တောင်းဆိုထားပါတယ်။

 

  • ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ရိလမ်းမဘေးတွင် ယနေ့ မေ ၁ရက်ညနေ ၂ နာရီခွဲလောက်က အရပ်သားလူငယ်တစ်ဦးက မိုင်းနင်းမိရာ ဘယ်ဘက်ခြေထောက်နဲ့ လက်ပြတ်သွားတယ်လို့ သတင်းရရှိပါတယ်။ အပြည့်စုံဖတ်ရန် >>>>>> https://bit.ly/3Ly27qw