• Today is: Thursday, April 18, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၈ – ၂၀၂၂ ခုနှစ်

  • အကြမ်းဖက် ရာဇဝတ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သည့် ငြိမ်း ချမ်း ရေးဆွေးနွေးပွဲ အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်၍ မတက်ဟု ABSDF က ယနေ့ ကြေညာ သည်။ မေလ ၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရန် ဖိတ်ကြားစာရရှိကြောင်း၊ သို့ရာ တွင် အားလုံးပါဝင်သည့် တန်းတူရည်တူ ဆွေးနွေးပွဲ မဟုတ်ကြောင်း၊ အားလုံးပါဝင်နိုင်သည့် အဓိပ္ပာယ်ပြည့်၀သည့် နိုင်ငံရေးဆွေးနွေးမှုများ ပေါ်ပေါက်ရန် လိုအပ်ကြောင်း ABSDF က ကြေညာ ချက်ထုတ်ပြန်သည်။  အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ခေါ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ KIO ၊ KNPP ၊ CNF ၊ ABSDF တို့က တက်ရောက်မဟုတ်ကြောင်း ထုတ်ပြန်ထား ပြီးဖြစ်သည်။

 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် ၄ ထုံခါအကျဉ်းစခန်းကို ယနေ့ မနက်ပိုင်းက တနင်္သာရီ ပြည်သူ့ ကာကွယ်ရေးတပ် (TDF) မှ ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။ ထုံခါအကျဉ်းစခန်း အား ပြည်သူ့ကာကွယ်ရေး တပ် မတော် (PDF) နှင့် မြိတ်ခရိုင်တပ်ရင်း (၂) ၏ တပ်ခွဲတခုမှ ဝင်ရောက် စီးနင်းခဲ့ရာ စစ်ကောင်စီတပ်နှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ ၁ ဦး သေဆုံးခဲ့ကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အတည်ပြုပြောကြားသည်။

 

  • ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့ တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် “ခြောက်တိုင်း မကြောက် ဒူးမထောက် ကလေးသူတွေ ရဲရဲတောက်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယနေ့ ရန်ကုန်မြို့တစ်နေရာတွင် “မင်း​အောင်လှိုင်တပ် ပျက်နေပြီ တို့ပြည်သူ​တွေပိုအားစိုက်စို့” ဘန်နာဖြင့်ပြုလုပ်ခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို PBYSC မှ ဦးဆောင်ပြု လုပ်ခဲ့ပြီး DPNS နှင့် YNS ရဲဘော်များသည်လည်း မြို့နယ်သပိတ်ကော်မတီများနှင့်အတူ လာရောက်ပူးပေါင်းပါဝင်ခဲ့ပါသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ယနေ့ မေလ ၈ ရက်နေ့တွင် “တော်လှန်ရေးကို မျက်ခြေမပြတ်စေနဲ့အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်ဟာ ငါတို့ပြည်သူရဲ့ ဘုံရန်သူပဲ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့ တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အရာတော်တွင် ၅/ အညာဒေသ ဖီးနစ်ငှက်များ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး “ပြာပုံပေါ်မှာ ပြည်သစ်တည်မယ်”၊ “ပြာပုံထဲက ဖီးနစ်ငှက်များ” စသည့် စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ၅/လက်ပံတောင်းသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် “နွေဦးအစ CDM က နွေဦးအသံသပိတ် နွေးဦးအသက် PDF တော်လှန်ရေး အဆုံးသတ် အတူချီတက်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး “နွေးဦးအစ CDM က နွေဦးအသံ သပိတ်မာန် နွေဦး အသက် PDF တော်လှန်ရေးအဆုံးသတ် အတူချီတက်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ် ကဗျာဆရာများ သမဂ္ဂ (ဗလကသ)နှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၈ ရက်နေ့တွင် “အဖိနှိပ်ခံတွေ တသားတည်း ညီရင် မီးဟုန်းဟုန်း တောက်စေ့မယ်၊ Freedom is non-negotiable” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • “လူထုအားဖြင့်သာ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်မည်” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၂၄ ရက်မြောက် အဖြစ် ယနေ့ မေလ ၈ ရက် နေ့တွင် ချီတက် ဆန္ဒ ပြကြသည်။ “လူထုအားဖြင့်သာ စစ်အာဏာရှင် စနစ်ကို ဖြိုချနိုင်မည်” ဆိုသည့် စာတန်းကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ကြကာ ကျဆုံးသွားသည့် အာဇာနည်များကို အလေး ပြုကြသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၈ ရက်နေ့တွင် “မြေပေါ် မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာ ရှင်တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ၊ ဘောင်ပင်ကွင်းကျေးရွာရှိ စစ်တပ်ပိုင် ရော် ဘာစက်ရုံကို PDF နှင့်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း၊ စစ်သားများထွက်ပြေး တိမ်းရှောင်သွားကြကြောင်း တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်မတော်TDF က သတင်းထုတ်ပြန်သည်။ စက်လက်နက် ပစ္စည်းညွှန်ကြားရေးရုံး ကက (ကြည်း)ပိုင် ရာဘာစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂)နှင့် ပူပေါင်းအဖွဲ့တို့ က ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ဝင်ရောက်စီးနင်းရာဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ထိုစက်ရုံကို ရှင်းလင်းပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

 

  • မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသား ညီ ညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆက်လက် ထိတွ့ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullahက ပြောဆိုသည်။ NUG ၊ NUCC အပါအဝင် မြန်မာ့နိုင်ငံရေး သက်ဆိုင်သူ အားလုံးနှင့်ထိတွေ့ဆက်ဆံရေးမူသည် အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ “မလေးရှား အနေနဲ့ ဘက်ရွေးနေတာမဟုတ်ဘူး။ ဘက်ရွေးလို့လည်း မလေးရှားအတွက် ဘာအကျိုးစီးပွားမှ မရှိဘူး။ ကျနော်တို့က အာဆီယံကို နေပြည် တော်နဲ့ မဆက်ဆံဖို့ ဟန့်တားနေတာမဟုတ်ပါဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာဟာ ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့လုပ်နေတာက အားလုံးနဲ့ထိတွေ့ ဆက်ဆံညှိနှိုင်းရေးပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောဆိုသည်။

 

  • သျှမ်းရှေ့ တာချီလိတ်မြို့ အခါစျေးထိပ်ရှိ လူနေစျေးဆိုင်ခန်းတွင်နေထိုင်သည့် လင်မယားသည် ယနေ့ (မေ ၈)ရက် နေ့လည် ၁၁နာရီခွဲ ဝန်းကျင်တွင် စကားများရန်ဖြစ်ရာမှ နေထိုင်ရာ တိုက်ခန်း အား မီးရှို့လိုက်ကြောင်းစုံစမ်းသိရသည်။ အဆိုပါ တိုက်ခန်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားသည် ၄င်း၏ အမျိုးသမီးနှင့် စကားများပြီးနောက် နေထိုင်ရာ အိပ်ခန်းအတွင်း ခြင်ထောင် အား မီးခြစ်ဖြင့် မီးရှို့ရာမှ စတင်လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရှိရသည်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံစစ်ဖြင့် တိုက်နေရာမှ ထိုးစစ်စတင်နိုင်ရေးအတွက် လက်နက် ကြီးဝယ်ယူနိုင်ရန် ပြည်သူလူထု၏ ထောက်ပံ့မှုအရေးတကြီးလိုအပ်နေသည်ဟု ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ်( KNDF)က တောင်းဆိုသည်။ ကရင်နီပြည်နယ်တွင် စစ်ကောင်စီအား အထိနာအောင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအနက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်( KNDF)က ယခင်ကနှင့်မတူသော တိုက်ခိုက်ရေးဗျူဟာ ကို အသုံးပြုရန် စိတ်အားထက်သန်နေပြီး လက်နက်ကြီးဝယ်ယူနိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။

 

  • စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းကျကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၈ ရက်နေ့ ညနေ ၄နာရီ ၅ဝ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်၌ ကျေးရွာအတွင်းရှိ လူငယ်၊ လူလတ်ပိုင်း များသည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်သူများသည် ထွက်ပြေးနိုင်ခြင်း မရှိဘဲ ပိတ်မိ နေကြောင်း သိရသည်။

 

  • ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးအသတ်ခံရတာနဲ့ ပတ်သက်ပြီး ဆရာဝန် တဦး အပါဝင် ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါ တယ်။ အုပ်ချုပ်ရေးမှူးနဲ့ဇနီး အသတ်ခံရပြီးနောက်ပိုင်း လူအများအပြားကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တချို့ကို ရက်ပိုင်း အကြာမှာပြန်လွှတ်ပေးခဲ့ပေမယ့် ဆရာဝန်အပါဝင် ပြည်သူ ၂၀ ကျော်ကို စွပ်စွဲပြီး ဆက်လက်ဖမ်းဆီးထားတာ လို့ ဒေသခံတွေက ပြောပါတယ်။

 

  • မကွေးတိုင်း၊ လောင်းရှည်နယ်မြေရဲစခန်းမှ (ဂန့်ဂေါမြို့တွင် ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေ သည့်) တပ်သား အောင်ကျော်လင်း (ကိုယ်ပိုင်အမှတ်- လ/ ၂၇၇၄၀၄) သည် အာဏာသိမ်း စစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်ပြီး လက်နက်အပြည့်အစုံနှင့်တကွ CDF-KKG ထံ အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ ရဲတပ်သား အောင်ကျော်လင်း သည် M22 မောင်းပြန် သေနတ်တစ်လက်၊ ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကို တပါတည်းယူဆောင်လာ သဖြင့် ထိုက်သင့်သည့် ဆုကြေးငွေများချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့သည်ဟု ဆိုသည်။

 

  • ရှမ်းနီလူငယ်တွေအတွက် ရှမ်းနီစာပေနဲ့ ယဉ်ကျေးမှုတွေကို သင်ကြားပေးခဲ့တဲ့ ရက်တိုသင်တန်း တစ်ခုကို ဗန်းမောက်မြို့နယ် မံအင်မကျည်းကုန်းကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပြီး မေလ (၆) ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ကနေ မေလ ၅ ရက်နေ့ အထိ (၁၅) ရက်တာသင်တန်းမှာ ရှမ်းနီစာပေ အရေးအဖတ်အပြော အပြင် ယဉ်ကျေးမှုဆိုင်ရာ အကတွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။​ သင်တန်းသူ/သင်တန်းသား ၅၀ နီးပါးကို ရှမ်းနီစာပေ တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကတွေကိုလည်း သင်ကြားပို့ချပေးခဲ့တယ်လို့ဆိုပါတယ်။