• Today is: Friday, August 12, 2022

အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီ နှင့် ရက္ခိုင်ပြည်သူ့အစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ အကြား တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဂျာနယ် ( မေလ ၁၆ ရက် )

 

 

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တို့အကြားတွင် ယနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ၂ နာရီကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

 

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

 

 

ထိုအတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။