• Today is: Friday, April 19, 2024

နေ့စဉ်သတင်းအကျဉ်း

မေလ – ၁၇ – ၂၀၂၂ ခုနှစ်

  • ယနေ့မေလ (၁၇) ရက်နေ့အထိ စစ်အာဏာရှင်တော်လှန်ရေး လူထုလှုပ်ရှားမှုအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်သတ်မှုကြောင့် အသက်သေခဲ့ရသူ ( ၁၈၄၄ ) ဦးအထိရှိခဲ့ပြီး မတရား ဖမ်းဆီးခံရမှုကြောင့် အကျဉ်းကျခံနေရသူ ( ၁၃၇၁၃ )ဦးအထိ ရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

  • အကြမ်းဖက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး မဖြစ်နိုင်ဟု AA က ထုတ်ဖော်ပြော ဆိုသည်။ စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/ AA ​၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး တို့အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံနွေးဆွေးရန်မဖြစ်နိုင်ဟု ULA/AA​ ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News သတင်းဌာနကိုပြောဆိုထားကြောင်းဖောပြထားသည်။ “မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ တွေက မြေပြင်မှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို တောက်လျှောက် နှောင့်ယှက်နေတာတွေရှိ တယ်။ဆို​တော့ ဒီဟာတွေအားလုံးဟာ ဘာတစ်ခုမှ အကောင်းဖက်ကို ဦးတည်မနေဘူး။ တစ်ဖက် မှာလည်း သူတို့ငြိမ်းချမ်ရေး ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။ တစ်ဖက် မှာလည်း မြေပြင်မှာစစ်အင်အား တွေကို အလုံးအရင်း တိုးချဲ့ပြီး အချိန်မရွေးကျွန်တော်တို့ကို တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိ နေတယ်။ဒါကြောင့်ယုံကြည်လို့မရဘူးပေါ့။သူတို့ရဲ့ လုပ်ဆောင်မှုက သူတို့ရဲ့စိတ်နေသဘောထားကို ပြတယ်။ဒါကြောင့်မို့ ဒီလိုအနေအထားနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင် ဘူး”ဟု ဆိုသည်။

 

  • စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံသည့် နိုင်ငံရေးပါတီများကို ရန်သူအဖြစ်သတ်မှတ်လိုက်သည်ဟု KIO ၏ သတင်းဌာနတစ်ခုဖြစ်သည့် The Kachin Net က ရေးသားထားသည်။ ပြည်သူ့စစ်နှင့် နယ်ခြား စောင့်တပ်အပါအဝင် ရဲများသည် ပြည်သူလူထုဘက်က ရပ်တည်ခြင်းမရှိဘဲ စစ်ကောင်စီ တပ်ဆင်ပေးသည့်လက်နက်များဖြင့် ရှေ့တန်းများတွင် ပါဝင်နေသောကြောင့် ရန်သူဟု သတ်မှတ် ခြင်းဖြစ်သည်ဟု ကချင်လွတ်မြောက်ရေးတပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က The 74 Media  ကိုပြောသည်ဟု ဖော်ပြထားသည်။  “တရားဝင် ထုတ်ပြန် ကြေညာချက် လုပ်ထားတာတော့ မရှိပါဘူး။ စစ်ကောင်စီရဲ့ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းဆိုတော့ ကျွန်တော်တို့ ရန်သူဖြစ်သွားတာပေါ့” ဟုပြောသည်။

 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ မြို့မဈေးအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၉ ကြား ယနေ့ မေလ ၁၇ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း KNDF တပ်ရင်း ၁၉ က သတင်းထုတ်ပြန်သည်။ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဒီးမော့ဆို မြို့မရဲစခန်းမှ ကင်းပတ်လာ သော အဖွဲ့ဖြစ်ပြီး ကရင်နီတပ်ဖွဲ့က အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက်မရှိဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

 

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် လူငယ် ၃ ဦးကို မေလ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် ပေါက်တောပြင်စစ်ဆေးရေးဂိတ်ရှိ မြန်မာစစ်တပ်က ဖမ်းဆီးလိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၁၇ အရွယ် မောင်ညို ၊ အသက် ၁၅နှစ်အရွယ် မောင်အောင်မျိုးခန့် နှင့် အသက် ၁၈နှစ်အရွယ် မောင်နေထက်ဦး တို့ဖြစ်သည်။ “မနေ့က သူတို့ ဆိုင်ကယ်နဲ့ ပုဏ္ဏားကျွန်းကိုသွားတော့ လမ်းမှာအဖမ်းခံရတာ။ စစ်တပ်က ဖမ်းထားတာပါ။ အခုဘယ်မှာလဲဆိုတာ မသိရသေးဘူး”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။ ထိုသို့ အဆက်အသွယ်မရသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်းနေကြသည်။

 

  • ရှမ်းပြည်နယ်၊ မြောက်ပိုင်း တအာင်းဒေသအတွင်းဇွန်လပထမအပတ်မှစ၍ ကိုယ်ပိုင် ကျောင်း ပေါင်း ၅၀၀ နီးပါးကို ဖွင့်လှစ်သင်ကြားသွားရန်ရှိကြောင်း တအာင်းအမျိုး သားပညာရေး ကော်မတီ (TNEC) တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” ကျွန်မတို့အခုလုပ်နေတာက ပြည်သူတွေရဲ့ ကလေး တွေ၊ ကျောင်းတက်ရမယ့်အရွယ် ကျောင်းသား တိုင်းကျောင်းဝန်းထဲမှာပဲရှိနေရမယ်ဆိုတဲ့ ရည်ရွယ် ချက်တစ်ခုပဲရှိပါတယ်။ အခုကရွာပေါင်း ၅၀၀ မှာ တစ်ရွာမှာ တစ်ကျောင်းပေ့ါ။ ကျောင်းသားပေါင်း တစ်သောင်းကျော်ရှိမယ်။ ဇွန်လပထမအပတ် စဖွင့်ဖို့ အားလုံးစီစဉ်ပြီးပါပြီ “ဟု TNEC ၏ ဒုဥက္ကဌ ဒီဒီပိုးကျိန်က ပြောသည်။ ကိုဗစ်နိုင်တင်းန်နှင့် စစ်တပ်အာဏာသိမ်းမှုဖြစ်စဉ် ၂ နှစ်တာအတွင်း ကျောင်းနှင့်ဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူအများစုသည် လမ်းမှားပေါ်ရောက်ကုန်ကြသည့် ဖြစ်စဉ်တချို့လည်း ရှိနေသည့်အတွက် မိမိတို့ဒေသအတွင်း ကိုယ်ပိုင်ကျောင်းများဖွင့်လှစ်ဖို့ အဓိက ထားလုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ မေလ ၁၇ ရက်နေ့တွင် KIA PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးသပိတ် ပြုလုပ်ခဲ့ကြသည်။ ဖားကန့်မြို့သည် အင်တာနက်ဖြတ်တောက်ခံရသည်မှာ ကိုးလနီးပါးရှိပြီဖြစ်သည်။ ဆန္ဒပြ ပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA၊ PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ ဖမ်းဆီး ထားသော နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

 

  • လောင်းလုံးမြို့နယ်တွင် Dawei LGBT Community နှင့် လောင်းလုံးမြို့နယ် လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းကာ မေလ၁၇ရက်နေ့တွင် “ကြောက်စိတ်ကို ဖျောက် ခြောက်စိတ်တပ်ကာ စစ်ကောင်စီကို တော်လှန်မယ်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း၏ ရက်ပေါင်း ၄၆၄ ရက်မြောက်နေ့အဖြစ် ယနေ့ မေလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များက ယနေ့ မေလ ၁၇ ရက်နေ့ တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့ တွင် “တာတိုမှာအင့်အား တာလတ်မှာအဆုံးအဖြတ် တာဝေးမှာ စိတ်ဓာတ်နဲ့ အာဏာရှင်မုန်းတိုင်း ကို ကျော်ဖြတ်ကြ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ မေလ ၁၇ ရက်နေ့တွင် ၄၃၃ ရက်မြောက် သပိတ် စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။ သပိတ်စစ်ကြောင်းကို LGBT များမှ ဦးဆောင်ပူးပေါင်း ကာ ပြည်သူတွေနှင့်အတူ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် “ငါတို့အားလုံးသွေးမအေးဖက်ဆစ်တော်လှန်ရေး”ဆိုသည့်စာတန်းကိုင်ဆောင်ကာ မေလ ၁၇ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်းသိရသည်။ မုံရွာမြို့နယ် ကျေးလက် သပိတ်စစ်ကြောင်းသို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုသန်းကျော်ဦးမှ အကြမ်းဖက် စစ်ကောင်စီနှင့်သွားရောက်ပူးပေါင်းခဲ့ကြောင်း မုံရွာသပိတ်စစ်ကြောင်းက ထုတ်ပြန် ထားသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး ” Please! sanction MOGE ” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် ၅/အရာတော် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ မေလ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံစစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီကြောင်းတစ်ခု ယနေ့ နံနက် ၉ နာရီခွဲခန့်က ဖားကန့်မြို့ရှိ ဥရုရတနာကျောက်စိမ်းတောင်တံတားတွင် မိုင်းဆွဲတိုက်ခိုက် ခံရကြောင်း သိရသည်။ အင်အား ၃၀ နှင့် ၅၀ ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်များ ကို လိုက်လံစစ်ဆေး ပြီးအပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက် ဒဏ်ရာရရှိသူများရှိသည်ဟု ဒေသခံတစ်ဦးကသည်ဟု ဒေသအခြေစိုက်သတင်းဌာန The 74 Media တွင်ဖော်ပြထားသည်။ “တစ်အိမ်ပြီး တစ်အိမ် ဝင်စစ်သေးတယ် စစ်ပြီးတော့အပြန် တံတားထိပ်မှာ ကွဲတော့တာဘဲ။ တံတားနားမှာ ကင်းပုန်းနား မှာ ခွဲလိုက်တာ။ စစ်သားတွေတော့ ထိတာ အတိအကျ မသိရဘူး ထိတာတော့ ထိတယ်။ ထိလို့ သူတို့ဘက် က ရမ်းပစ်နေတာ” ဟုသူကပြောသည်။

 

  • ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့၊ သမိုင်းလမ်းဆုံတွင် စစ်တပ်က အသစ်ဆောက် လုပ်ထားသော လုံခြုံရေးဘန်ကာထဲသို့ ဗုံးပစ်သွင်းပြီး ပစ်ခတ်မှုများ လုပ် ဆောင်သဖြင့် ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ ရဲဘက်မှ သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ကျော်အချိန်တွင် ယင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရရှိကာ သေဆုံးမှုများရှိကြောင်း၊ မျက်မြင်တချို့ကမူ ရဲ ၄ ဦးဒဏ်ရာရရှိကြောင်း ပြောဆိုကြသည်။