• Today is: Sunday, June 26, 2022

KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ မွေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ သဝဏ်လွှာ ပေးပို့

                                                         ဖက်ဒရယ်ဂျာနယ် ( မေလ – ၂၇ )

KIO/KAI ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ယနေ့ကျရောက်သည့် (၇၅) နှစ်ပြည့် မွေးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ သဝဏ်လွှာ ပေးပို့ခဲ့သည်။

(၇၅) နှစ်ပြည့် မွေးနေ့ အချိန်အခါသမယတွင် ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်း၍ အဖဘုရားသခင် ပေးသနားတော်မူသော ဉာဏ်ပညာနှင့်အစွမ်း သတ္တိများဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အကျိုး အတွက် ဆထက်ထမ်းပိုး ဦးဆောင်ဦးရွက်ပြုနိုင်ပါစေကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

ဥက္ကဋ္ဌကြီး၏ ဦးဆောင်လမ်းညွန်မှုအောက်တွင် Kachin Independence Organization (KIO) နှင့်တကွ ကချင်ပြည်သူလူထု၏ ခိုင်မာပြတ်သားသော ရပ်တည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ မျှော်မှန်းတောင့်တနေသာ လုံခြုံငြိမ်းချမ်း၍ စည်ပင်ဝပြောသည့် နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းရရှိနိုင်ရေး ကြိုးပမ်းအားထုတ်နေမှုများကို များစွာပင် ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။