• Today is: Wednesday, April 17, 2024

ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုးပမ်းမှု

▪️ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး ကြိုးပမ်းမှု

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးသည် ယနေ့ကျမှ နေ့ချင်း ညချင်း ပေါ်လာသော နိုင်ငံရေး ကြွေးကြွော်သံတစ်ရပ်မဟုတ်ပါ။ ပြည်ထောင်စုတည်ဆောက်ရေးသည် ပြည်ထောင်စု စတင်ဖွဲ့စည်းသည့် အချိန်မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်တို့ မျှော်မှန်းခဲ့သော နိုင်ငံရေး ပန်းတိုင်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပင်လုံစာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုစနစ်တွင် အရေးကြီးဆုံးသော အခြေခံအချက်မှာ ပြည်နယ်များပင် ဖြစ်သည်။ ပြည်နယ်မရှိဘဲ ပြည်ထောင်စု မရှိနိုင်ပေ။ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ သီးခြားရေးဆွဲပြဌာန်းခြင်း မရှိ၍ ကလည်း “ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေးအာဏာ အပြည့်အဝရှိသော ပြည်နယ်များ” ဟု ခေါ်ဆို၍ မရနိုင်ပေ။ ထို့ကြောင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တိုင်းပြည်ကို ထူထောင်သွားမည်ဆိုပါက ပြည်နယ်များ သည် ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းပုံ များကို သီးခြားလွတ်လပ်စွာ ရေးဆွဲပြဌာန်းရန် လိုအပ်ပါသည်။ သို့ဖြစ်သော ကြောင့် အနာဂတ် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကြိုးပမ်းမှုသမိုင်းများကို အပတ်စဥ်လိုက် တင်ပြသွားမည်။

၁။ ၁၉၉၀ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ကြိုးပမ်းမှု

၂။ ၁၉၉၈ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ UNLD(LA) ကြိုးပမ်းမှု

၃။ ၂၀၀၁ “ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)”၊ UNLD(LA)နှင့် “အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု” (NDF) တို့၏ ကြိုးပမ်းမှု

၄။ ၂၀၂၀ NCAလမ်းကြောင်းဖြင့် ကြိုးပမ်းမှု စသည်တို့ကို တွေ့ရှိရသည်။

မူရင်း လဂွန်းအိမ် စာစဉ် မှ ရေးတင်ဆက်ထားသည်။

 

ဖက်ရယ် ဂျာနယ်

စက်တင် ၉ ရက် ၊ ၂၀၂၁