• Today is: Monday, November 28, 2022

အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခအတွင်း ကရင်နီအရပ်သားပြည်သူများသေဆုံးသူ (၂၅၅) ဦးထိရှိပြီ

ဖက်ဒရယ်ဂျာနယ်၊ ဩဂုတ် ၁

၂၀၂၁ခုနှစ်၊ ဖေဖာဝါရီလ (၁)ရက်နေ့မှ ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့အထိ အာဏာသိမ်းမှုနှင့်ဆက်စပ်သည့် ပဋိပက္ခအတွင်း ကရင်နီအရပ်သားပြည်သူများသေဆုံးသူ(၂၅၅) ဦးထိရှိပြီဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) ဘက်က သတင်းထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ဘေးရှောင်ရင်း သေဆုံးသွားသူများကတော့ (၃၈) ဦးထိ ရှိလာပြီလို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PKPF Information Centre ဘက်က ထုတ်ပြန်ချက် စာရင်းအပြည့်အစုံ

👉 အရပ်သားပြည်သူ သတ်ဖြတ်ခံရသူ ( ၂၅၅ ) ဦး

👉 စစ်ရှောင်သေဆုံးသူ (၃၈)ဦး

👉 KNDF/PDF/KA ကျဆုံးသူ (၁၄၇) ဦး

👉 တိုက်ပွဲအကြိမ်အရေတွက် (၃၉၃) ကြိမ်

👉 လေကြောင်းတိုက်ခိုက်မှု (၁၅၇)ကြိမ်

👉 ဘာသာရေးအဆောက်အုံးပျက်စီးခံမှု (၂၃)လုံး

👉 ပျက်စီးသွားသည့်အိမ် (၁၁၃၃) လုံး

👉 စကစသေဆုံးသူ (၁၄၅၁) ဦး

👉 စကစယာဥ်တန်ပျက်စီးမှု (၅၄) စီး

👉 မတရားဖမ်းဆီးခံရသူ (၂၆၀) ဦး