• Today is: Friday, April 19, 2024

စစ်ခေါင်းဆောင် နဲ့ SSPP/SSA တို့ နေပြည်တော်မှာ တွေ့ဆုံ

ဓာတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ်၊ သြဂုတ် ၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့ဟာ ဒီကနေ့ သြဂုတ် ၄ ရက်နေ့က နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပွဲကို SSPP/SSA ဘက်က ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး စဝ်ခေးတိုင်း ဦးဆောင် တက်ရောက်ခဲ့တာ ဖြစ်ပြီး ဘာတွေ ဆွေးနွေးခဲ့လဲဆိုတာ လက်ရှိအချိန်ထိ နှစ်ဖက်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

SSPP/SSA ကိုယ်စားလှယ်တွေဟာ သြဂုတ် ၅ ရက်နေ့မှာလည်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ ထပ်မံ ဆွေးနွေးသွားဖို့ ရှိနေတာပါ။