• Today is: Friday, August 12, 2022

နွေဦးကျောင်းသား

နွေဦးကျောင်းသား

တော်လှန်ရေးကြီး အောင်မြင်ပြီးမှ

ခရီးဆက်လှမ်း ပညာလမ်းအား

ဖြတ်သန်းကာလေ အပြုံးတွေနှင့်

နွေဦးကျောင်းတွင် ပညာသင်ကြ

သခင်စိတ်ထား မောင်မယ်များရေ

စဉ်းစားဝေဖန် CDM ၌

မှန်ကန်စွာပင် ဆက်လက်ဝင်ကာ

ကျွန်ပညာအောက် မတက်ရောက်ဘဲ

လောက်ကောင်အဖြစ် မကျန်ရစ်အောင်

စစ်ကျွန်ပညာ တွန်းလှန်ကာဖြင့်

အာဏာရှင်တွေ တိုက်ဖျက်ချေစို့

နွေဦးကျောင်းသား မောင်မယ်များ။ ။

နွေဦးအာကာ