• Today is: Thursday, April 25, 2024

ရခိုင်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ AA ပြော

ဓာတ်ပုံ – AA

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၁

အာဏာသိမ်း စစ်ကေင်စီရဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့် ခိုင်သုခက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ သြဂုတ် ၁၁ ရက်နေ့က ပြုလုပ်တဲ့ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ စတုတ္ထအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ခိုင်သုခက ပြောဆိုခဲ့တာပါ။

ခိုင်သုခက စစ်ကောင်စီတပ်အနေနဲ့ ရခိုင်ပြည်သူတွေအပေါ် ဆက်လက်ဖိနှိပ်နေမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲပြီး ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်းနဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကိုလည်း နည်းမျိုးစုံနဲ့ သွေးထိုးလှုံဆော်တာ၊ မူဆလင်လူမျိုးတွေကိုလည်း လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်တားဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော် ULA/AA ရဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစတဲ့ လုပ်ငန်းတွေကို ဝင်ရောက်နှောက်ယှက်တာအပြင် ULA/AA နဲ့ ဆက်စပ်တဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။စစ်ကောင်စီတပ်ရဲ့ ဖမ်ဆီးမှုတွေကြောင့် ရခိုင်ပြည်သူ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရက္ခိုင့်တပ်တော် AA ကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အချိန်မရွေး ထပ်မံ ဖြစ်ပွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့ မေလတုန်းက ရခိုင်ပြည်သူတွေကို အသိပေးထားတာ ဖြစ်ပါတယ်။