• Today is: Saturday, April 20, 2024

မြဝတီ – ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီး မျိုးစုံပစ်ခတ် အသုံးပြုခဲ့ပြီး လေကြောင်းပစ်ကူ (၇) ကြိမ် အသုံးပြုခဲ့

ဓာတ်ပုံ- Cobra Column 

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၂၄

မြဝတီ – ဝေါ်လေ လမ်းမ‌၊ သုံးထပ်ကွေ့အနီး တိုက်ပွဲမှာ စစ်ကောင်စီက လက်နက်ကြီး မျိုးစုံပစ်ခတ် အသုံးပြုခဲ့ပြီး လေကြောင်းပစ်ကူ (၇)ကြိမ် အသုံးပြုခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းဘက်က သတင်း ထုတ်ပြန်ပါတယ်။

ယမန်နေ့ (ဩဂုတ် ၂၃)ရက်နေ့ မနက် (၉) နာရီခန့်မှစတင်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီ၏ တပ်မ(၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁) တို့အပြင်၊ လေ့ကေ့ကော်ဒေသရှိ ခမရ(၁၁၈)၊ ခမရ(၂) တို့သည် စစ်ကူ အဖြစ် လည်းကောင်း လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းများ၏ (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်များ၊ (၈၄)မမ ‌နှင့် MLRS အတွဲလိုက်ပစ် ဒုံးများဖြင့် တရစပ် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယမန်နေ့ တိုက်ပွဲအတွင်း မနက်(၁၀)နာရီခန့်မှာတော့ စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ Yak (130) အမျိုးအစား တိုက်လေယာဉ်လေးစီး၊ တောင်ငူ လေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီး စုစုပေါင်း (၅)ကြိမ် မြဝတီ-ဝေါ်လေ လမ်းမ အနီး တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို လာရောက် ပစ်ခတ် သွားတယ်လို့ ဆိုပါတယ်။

အလားတူ နေ့လည် (၃)နာရီ ဝန်းကျင်ခန့်မှာလည်း မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် (၂) စီး အသုံးပြုပြီး ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများအမြောက်အမြားအသုံးပြု၍ နောက်ထပ် လေကြောင်းဖြစ်(၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

အထိအခိုက် အကျအဆုံးများနေသည့် မြဝတီ-ဝေါ်လေ လမ်းမအနီး တိုက်ပွဲမှာတော့ စစ်ကောင်စီဟာ စစ်ရေးအရ စွမ်းဆောင်ရည် အားနည်းနေပြီဖြစ်ကြောင်း သက်သေပြနေသလို ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော နေရာများကို စစ်ကောင်စီဘက်က ကျူးကျော်ဝင်ရောက်လာနိုင်ဖို့ လက်နက် အင်အား ပေါင်းစုံဖြစ် အပြင်းအထန် ကြိုးစားလာနေသာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

တိုက်ပွဲ တစ်နေ့တာလုံး ဖြစ်ပွားခဲ့ပြီးနောက် ညနေ (၄) နာရီခန့်မှာတော့ ပြန်လည်ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။