• Today is: Thursday, April 18, 2024

တစ်ဖက်သတ်

– တစ်ဖက်သတ် –

မှားသည့်လုပ်ရပ် ချက်ချင်းသတ်

ကျန်သူအမှန်ဖြစ်သည်ဆို။

ဆင်းရဲသားတွေ အကုန်သတ်

ကျန်သူသူဌေးဖြစ်သည်ဆို။

အုံကြွဆူပူ သတ်သည့်မူ

ကျန်သူအေးချမ်းပါသည်ဆို။

ရောဂါဖြစ်မူ သတ်ပစ်လူ

‌ကျန်သူနေကောင်းကြသည်ဆို။

ထိုသို့ချမှတ် ဒေဝဒတ်

မသတ်ချန်ထားမိသောခါ။      ။

– နိုင်ယု ဝေ