• Today is: Tuesday, March 19, 2024

စစ်ကောင်စီက ဖိတ်ခေါ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလုပ်ဖြစ်နိုင်မလား (စကားဝိုင်း အနှစ်ချုပ်)

စစ်ကောင်စီက ဖိတ်ခေါ်ကျင်းပနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလုပ်ဖြစ်နိုင်မလား (စကားဝိုင်း အနှစ်ချုပ်)

မြန်မာ့နိုင်ငံရေး သမိုင်းသင်ခန်းစာအရ စစ်တပ် (စစ်ကောင်စီ) ကို ကျနော်တို့အနေနဲ့ လုံးဝ မယုံကြည်တော့ပါဘူး။ ခနခဏအလိမ်ခံရတယ်။ ဒီတခါတော့ ကျနော်တို့က အလိမ်ခံသူအဖြစ် မရှိချင်တော့ဘူး။

ကျနော်တို့ ကိုယ့်လူမျိုး ထဲမှာ သော်လည်းကောင်း၊ တိုင်းရင်းသားတွေကြားထဲမှာ သော်လည်းကောင်း၊ မြန်မာပြည်သူ တစ်ရပ်လုံးရှေ့မှာ သော်လည်းကောင်း  ကျနော်တို့က ဒီတခါ တရားခံ မဖြစ်ချင်တော့ပါဘူး။ နောက်ပြီး လက်ရှိ ကျနော်တို့ ကြုံတွေ့ နေရတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာက ကျနော်တို့ EAO နဲ့ စစ်ကောင်စီနဲ့ နှစ်ဖွဲ့ထဲနဲ့ ဖြေရှင်းလို့ရမယ့် ပြဿနာ မဟုတ်တော့ဘူး။

တပြည်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီကြား ပြဿနာ အဲ့ဒါကတော့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း နွေဦးတော်လှန်ရေးစပြီး ပြည်သူလူထု အုံကြွမှု၊ ဆန္ဒပြတွေက ကျနော်တို့ရဲ့ သက်သေပဲ။

ဒီနေ့ ဒီကာလမှာ သူ(စစ်ခေါင်းဆောင်)က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို တဖွဖွပြောပြီးတော့ တခါတည်း ထိုင်မရ ထမရဖြစ်ပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေ မပါ ပါအောင်ခေါ်ပြီးရင်ခေါ်တယ်။ ဒါပေမဲ့ ကျနော်တို့ မသွားဘူး၊ ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး။

သူ (စစ်ခေါင်းဆောင်) အာဏာသိမ်းလိုက်တာနဲ့ ဒါတွေအကုန်လုံး ပျက်သွားပြီဆိုတာ တကမ္ဘာလုံးက သိပြီးသား ဖြစ်တယ်။ ဒီလိုလုပ်ပြီးတော့မှ သူ(စစ်ခေါင်းဆောင်)က ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်ခေါ်တယ်ဆိုတာ ကျနော်တို့က ဘယ်လိုမှ လက်ခံလို့လည်းမရဘူး၊ သွားလို့လည်း မရဘူး။

ဘာဖြစ်လို့ဆိုတော့ သူ(စစ်ခေါင်းဆောင်) ကိုယ်တိုင်ကိုယ်က တရားမဝင်တဲ့ သူဖြစ်သွားပြီ။ တရားမဝင်တဲ့ သူဖြစ်တဲ့အတွက် တရားမဝင်တဲ့ သူနဲ့ ဘာအကြောင်းနဲ့မှ ကျနော်တို့က သွားပြီး စကားပြော စရာမရှိဘူး။

သူ(စစ်ခေါင်းဆောင်)ကို စကားပြောသာနဲ့ ဘာနဲ့တူလည်းဆိုတော့ အဆိပ်ပြင်ကို ရေလောင်းပြီး တော့၊ ဒီလူမိုက်ကို စကားပြောသာနဲ့ ကိုယ်ကိုယ်တိုင်လည်း လူမိုက် ဖြစ်သွားပြီ။ သူ့ခများ(စစ်ခေါင်းဆောင်) ဒီအချိန်မှာ ဘယ်နေရာမှာမှ တိုးလို့မရတော့ဘူး

ပဒိုစောတောနီး
ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး – KNU

ကျနော်တို့ရဲ့ မူဝါဒကတော့ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောထားပြီးသားဖြစ်ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU)ကနေပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တလျှောက်လုံးမှာ ထဲထဲဝင်ဝင် နဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိ သလောက် စိတ်ကိုနင့်ပြီးတော့ ကြိုးစားလုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော် ဘက်က ကြည့်လိုက် လို့ရှိရင် အလေးထားတာသိပ်မရှိဘူး။ သူ (စစ်ခေါင်းဆောင်) ကိုယ်တိုင်လည်း တက်ရောက် တာသိပ်မရှိဘူး။ ငြိမ်ချမ်းရေးဖြစ်စဉ်တလျှောက်လုံးမှာလည်း ကပ်ပျက်ရပ်ပျက်လုပ်တာတွေလည်း တော်တော်များ တယ်။ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်။

အကောင်ထည်ဖော်မှုပိုင်းမှာဆိုရင် ကျနော်တို့ ရရှိခဲ့တဲ့ သဘောတူညီချက် တွေကိုလည်း တခုမှအကောင်အထည်မဖော်ဘဲနဲ့ ကိုးလူးကလန့်လုပ်တဲ့ဟာတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ် တခုလုံးကို လည်း ကန့်လန့်တိုက်တဲ့ဟာတွေအများကြီးရှိခဲ့တယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလိုမျိုး လုံးဝ မလုပ်ဖြစ်အောင် လိုက်ပြီးတော့ တားတာတွေ၊ ကန့်ကွက်တာတွေ၊ ကျနော်တို့ သဘောတူညီထားတဲ့ အပစ်အခတ်ရပ်ဆဲရေး နယ်မြေ ကျနော်တို့ နယ်မြေထဲမှာ တိုက်ရိုက်ကို ကားလမ်းဖောက်ချလာတယ်။ ဒါတွေက လုံးဝ မလုပ်သင့်တဲ့ဟာတွေဖြစ်တယ်။ ဆိုလိုတာက သူ (စစ်တပ်)က လုံးဝ မလေးစားဘူး၊ လုံးဝ မလိုက်နာဘူး ဆိုတာ ရှင်းနေတာပဲ။

သို့သော် ဒီနေ့ဒီကာလမှာ သူ(စစ်ခေါင်းဆောင်)က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို တဖွဖွပြောပြီးတော့ တခါထဲ ထိုင်မရ ထမရဖြစ်ပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေ မပါ ပါအောင်ခေါ်ပြီးရင်ခေါ်တယ်။ ဒါပေမဲ့ ကျနော်တို့ မသွားဘူး၊ မသွားဘူးဆိုပေမဲ့ သူ(စစ်ခေါင်းဆောင်)က ထပ်ခါထပ်ခါ နေမထိ ထိုင်မသာ ထပြီးတော့ ခေါ်ခေါ်နေတဲ့အကြောင်းရင်းကရှိတယ်။ ဘာလို့ဆိုရင် သူ(စစ်ခေါင်းဆောင်)က တရားဝင်မှုဆိုတာ လုံးဝ ပျက်သွားပြီ။

စစ်အာဏာသိမ်း လိုက်ပြီဆို ကတည်းက တရားဝင်မှုဆိုတာ လုံးဝ မရှိတော့ဘူး။ အဲ့ဒါကို လုပ်တဲ့သူက တကယ် အမှားကို ကျူးလွန်တဲ့သူ ဖြစ်တယ်။ သူ (စစ်ခေါင်းဆောင်) အဲ့လိုလုပ်လိုက်တာနဲ့ တခါတည်းကို တိုင်းပြည်မှာရှိတဲ့ အစိုးရတွေ၊ တိုင်းပြည်မှာရှိထားတဲ့ လွှတ်တော်၊ တရားစီရင်မှုတွေ၊ တိုင်းပြည်မှာရှိတဲ့ အခြေခံဥပဒေတွေကို လုံးဝ ဖျက်ဆီးပြစ်လိုက်တာပဲ။

ဒါကို သူ (စစ်ခေါင်းဆောင်) မသိတာမဟုတ်ဘူး သိတယ် သိရဲ့သားနဲ့ကိုလုပ်တာ၊ အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက မပျက်သလိုလို၊ ၂၀၀၈ က ရှိသေးသလိုလို၊ အာဏာမသိမ်းဘဲနဲ့ အာဏာထိန်းသလိုလို လျှောက်ပြောပြီးတော့ ဟိုလိုလိုဒီလိုလိုနဲ့ ရူးကြောင်ကြောင် မူးကြောင်ကြောင်နဲ့ လျှောက်လုပ်တဲ့ အနေအထားတွေ အများကြီးရှိတယ်။  ကျနော်တို့ ဘယ်လိုမှ လက်ခံလို့မရဘူး။

သူ (စစ်ခေါင်းဆောင်) အာဏာသိမ်းလိုက်တာနဲ့ ဒါတွေအကုန်လုံး ပျက်သွားပြီဆိုတာ တကမ္ဘာလုံးက သိပြီးသား ဖြစ်တယ်။ ဒီလိုလုပ်ပြီးတော့မှ သူ(စစ်ခေါင်းဆောင်)က ငြိမ်းချမ်းရေးဆွေးနွေးပွဲပြန်ခေါ်တယ်ဆိုတာ ကျနော်တို့က ဘယ်လိုမှ လက်ခံလို့လည်းမရဘူး၊ သွားလို့လည်း မရဘူး။ ဘာဖြစ်လို့ဆိုတော့ သူကိုယ်တိုင်ကိုယ်က တရားမဝင်တဲ့ သူဖြစ်သွားပြီ။

တရားမဝင်တဲ့ သူဖြစ်တဲ့အတွက် တရားမဝင်တဲ့ သူနဲ့ ဘာအကြောင်းနဲ့မှ ကျနော်တို့က သွားပြီး စကားပြောစရာမရှိဘူး။ သူ(စစ်ခေါင်းဆောင်)ကို စကားပြောသာနဲ့ ဘာနဲ့တူလည်းဆိုတော့ အဆိပ်ပြင်ကို ရေလောင်းပြီးတော့၊ ဒီလူမိုက်ကို စကားပြောသာနဲ့ ကိုယ်ကိုယ်တိုင်လည်း လူမိုက် ဖြစ်သွားပြီ။ သူ့(စစ်ခေါင်းဆောင်)ခများ ဒီအချိန်မှာ ဘယ်နေရာမှာမှ တိုးလို့မရတော့ဘူး။

တရားဝင်မှု မရှိလို့ အာဆီယံ မှာ သူ ထိုင်ခုံလည်းမရှိတော့ဘူး။ ကမ္ဘာ့ကုလသမဂ္ဂမှာ ထိုင်စရာနေရာလည်းမရှိတော့ဘူး။ ဒီလိုအနေအထားမှာ ကျနော်တို့က သွားတွေ့လို့ရှိရင် သူ့ကို ပံ့ပိုးသလို၊ အားပေးအားမြှောက်သလို၊ သူ (စစ်ခေါင်းဆောင်) နေရာ ရဖို့အတွက် ကျနော်တို့က ကူပေးသလို ဖြစ်မှာပေါ့။

ပြီးတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ သူ(စစ်ခေါင်းဆောင်) ခေါ်ပိုင်ခွင့်မရှိဘူး။ သူ့မှာ ခေါ်နိုင်တဲ့ အရည်အချင်း အရည်အသွေး လုံးဝ မရှိဘူး။ သူကိုတိုင် တရားမဝင်တဲ့ သူဖြစ်နေတဲ့အတွက် ကျနော်တို့ မသွားဘူး။ မသွားဘူး ဆိုတာက အဲ့ဒီအကြောင်းအရာတွေကို ကျနော်တို့က လုံးဝ လက်မခံဘူးဆိုတာရှင်းနေတယ်။ ဒါကြောင့်မို့လို့ သူ(စစ်ခေါင်းဆောင်) ဒီနေ့ဒီကာလ ၂၀၂၂ ခုနှစ်က စပြီးဆိုကြပါစို့။

ပြည်ထောင်စုနေ့ကို အခြေခံပြီးတော့ ငြိမ်းချမ်းရေး၊ ဘာညာဆိုပြီးတော့ ခေါ်တယ်။ အဲ့ကတည်းက ကျနော်တို့က ပြက်ပြက်သားသား ငြင်းဆို လိုက်တယ်။ အဲ့ဒါနဲ့တင်မပြီးဘူး ဆင့်ကမ်းဆင့်ကမ်းပြီးတော့ ဧပြီလ (၂၂)ရက်နေ့မှာကော ကျနော်တို့ မသွားတော့ နေ့မထိထိုင်မသာ ကဏာမငြိမ်ပြီးတော့ ထပ်ခေါ်ပြန်ရော သွားတဲ့ အဖွဲ့တွေကိုကြည့်လိုက်တဲ့အခါလည်း တခါမှ တိုက်ပွဲမဖြစ်တဲ့ လူတွေဖြစ်နေတယ်။

ဆိုတော့ ဒီငြိမ်းချမ်းရေးဆိုတာက ဘာငြိမ်းချမ်းရေးလေ၊ တိုက်ပွဲမဖြစ်ရင် ဘာငြိမ်းချမ်းရေးလိုသလားပေါ့။ ဒါပေ သူ(စစ်ခေါင်းဆောင်)အတွက်ကတော့ လိုအပ်တယ်ဗျ။ ဘာလို့လိုအပ်လဲ ဆိုတော့ သူ(စစ်ခေါင်းဆောင်) နေရာရရေးအတွက် အထူးသဖြင့် တရားဝင်မှုရရေးအတွက် ကျားကုတ်ကျားခဲနဲ့ သေရေးရှင်ရေးလို အရေးကြီးနေတဲ့အတွက်ဖြစ်တယ်။ ဒါပေမဲ့ သူမရပါဘူး။

ဘာလို့လဲဆိုတေ့ ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်ပတ်သက်တုန်းက ဘာလုပ်ခဲ့လည်းဆိုတော့ အဓိက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြင်ဘက်ကနေပြီးနေတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကိုဝင်တယ်။ တကယ့်ကို ကျနော်တို့ စိတ်ကိုနင့်ပြီးတော့ တကယ့်ကို လေးလေးစားစားနဲ့ လုပ်လာခဲ့တယ်။

ဒါပေမဲ့ သူ (စစ်ခေါင်းဆောင်) အဲ့ဒါကို လုံးဝ မလေးစားဘဲနဲ့ တခါတည်းဖျက်ဆီးလိုက်တဲ့အခါ ဒီနေ့ဒီကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘာနဲ့သွားမလဲ ဆိုတော့ ၂၀၀၈ ထဲမှာ ဝင်ပြီးတော့ လုပ်ရမယ်ဆိုကတည်းကိုက အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြီးကို ဘယ်လိုမှ ယုံကြည်ချက်မရှိဘူး။ သူ(စစ်ခေါင်းဆောင်) လုပ်တာလည်း ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူးဆိုတာကိုလည်း ကျနော် လေးလေးနက်နက် လုံးဝ ယုံကြည်တယ်။    

ဆလိုင်းထက်နီ
ပြောရေးဆိုခွင့်ရှိသူ၊ ချင်းအမျိုးသားတပ်ဦး – CNF

စစ်ကောင်စီကခေါ်တဲ့ ငြိမ်းချမ်းရေးကို ဘာလို့မတက်သာလဲဆိုတာ ကျနော်တို့ CNF ထဲ မဟုတ်ဘဲနဲ့ EAO နဲ့ စစ်တပ်က တလျှောက်လုံးခေါ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ အတွက်တော့ သာမာရိုးကျ ရိုးကြေနေပြီ။

ဘာမှ အဖြေမရှိတဲ့ ရလဒ်ကိုပဲ ကျနော်တို့ ကြုံတွေ့နေရတယ်။ အဲ့တော့ ကျနော်တို့ထက် ဝါရင့်တဲ့ KNU ၊ KIO တို့ က ပိုပြီးတော့ အတွေ့အကြုံရှိတယ်။ ဆိုတော့ မြန်မာ့နိုင်ငံရေး သမိုင်းသင်ခန်းစာအရ စစ်တပ် (စစ်ကောင်စီ) ကို ကျနော်တို့အနေနဲ့ လုံးဝ မယုံကြည်တော့ပါဘူး။ ခနခဏအလိမ်ခံရတယ်။

ဒီတခါတော့ ကျနော်တို့က အလိမ်ခံသူအဖြစ် မရှိချင်တော့ဘူး။ ကျနော်တို့ ကိုယ့်လူမျိုးထဲမှာသော်လည်းကောင်း၊ တိုင်းရင်းသားတွေကြားထဲမှာ သော်လည်းကောင်း၊ မြန်မာပြည်သူ တစ်ရပ်လုံးရှေ့မှာသော်လည်းကောင်း  ကျနော်တို့က ဒီတခါ တရားခံ မဖြစ်ချင်တော့ပါဘူး။ နောက်ပြီး လက်ရှိ ကျနော်တို့ ကြုံတွေ့နေရတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာက ကျနော်တို့ EAO နဲ့ စစ်ကောင်စီနဲ့ နှစ်ဖွဲ့ထဲနဲ့ ဖြေရှင်းလို့မယ့် ပြဿနာမဟုတ်တော့ဘူး။

တပြည်လုံးအတိုင်းအတာနဲ့ စစ်ကောင်စီကြား ပြဿနာ အဲ့ဒါကတော့ အာဏာသိမ်းပြီး တဲ့နောက်ပိုင်း နွေဦးတော်လှန်ရေးစပြီး ပြည်သူလူထု အုံကြွမှု၊ ဆန္ဒပြတွေက ကျနော်တို့ရဲ့ သက်သေပဲ။ ဆိုတော့ ဒီပြဿနာက ဘယ်လိုဖြေရှင်းမလဲဆိုတော့ မြန်မာ့နိုင်ငံရေးထဲမှာ စစ်တပ်လုံးဝ မပါတော့မှဘဲ၊ စစ်အာဏာစနစ်ကို ဖြုတ်ကျပြီးမှ ကိုယ်လိုချင်တဲ့ ငြိမ်းချမ်းရေးဆိုတာလဲ ဖြစ်လာပါလိမ့်မယ်။

အမှန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုတာ နိုင်ငံရေး လိုလားချက်၊ လိုအင်ဆန္ဒ ဘယ်လောက်ထိရရှိမလဲ၊ မရရှိမလဲ ဆွေးနွေးတာ၊ ကျနော်တို့ လိုချင် တာရရင်၊ ပြည်သူလူထုလိုချင်တာရရင် ငြိမ်းချမ်းရေးဆိုတာ သူ့အလိုလိုဖြစ်လာမဲ့ဟာဖြစ်တယ်။ အခု ကျနော်တို့ စဉ်းစားလိုက်ရင် စစ်ကောင်စီရဲ့ အခုနှစ် ဖေဖော်ဝါရီလ ပြောကြားချက်ထဲမှာ ပထမ စီးပွားရေးနလန်ထ အောင်ပြန်လုပ်မယ်။

နယ်မြေငြိမ်းချမ်းရေး လုပ်မယ်။ နောက်နှစ် ၂၀၂၃ ဩဂုတ် မှာ ရွေးကောက်ပွဲ ( Election ) ပြန်လုပ်မယ်။ ဒီ Election က PR စနစ်ဖြစ်မယ်။ ဒီ ၂၀၂၂ ခုနှစ်အတွင်း နယ်မြေစိုးမိုးရေးဆိုတာက တကယ်တော့ သူလိုချင်တာက ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ၊ ပြည်သူတွေရဲ့ လိုလားချက်တွေကို သိသိလျက်နဲ့ မျက်ကွယ်ပြုပြီးတော့ သူ(စစ်ခေါင်းဆောင်) ရေရှည် ရပ်တည်ရေး တနိုင်ငံတကာမှာ မျက်နသာ ရရှိရေး နိုင်ငံရေးထွက်ပေါက် ရာသက်ပန်မြန်မာ့နိုင်ငံရေးမှာ စစ်တပ် စိုးမိုးရေး အဲ့ဒါပဲ သူက ဦးတည်နေတာ၊ ဒါကတော့ အခုမှတော့မဟုတ်ပါဘူး၊ ဟိုအရင် တလျှောက်လုံးဒီလိုပဲ လုပ်လာခဲ့တာပါ။

ဒီနေ့ဒီအချိန်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ ပြည်သူလူထုတွေရော အခု ဂျန်နရေးရှင်း ဇီ Generation Z ဆိုတာကအစ မျက်စိပွင့်လာပြီ။ ပြည်သူလူထုတရပ်လုံးလည်း နိုးကြားလာပြီ။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို အားလုံးကသိလာပြီ။ ဆိုတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့က ပြည်သူဘက်က ရပ်တည်ပြီးတော့ ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲနေတာဖြစ်တယ်။

ဒီနွေဦးတော်လှန်ရေးကနေ ဖြစ်တည်လာတဲ့ ကျနော်တို့ မြင်တွေ့နေရတဲ့ နိုင်ငံရေးပြဿနာက တိုင်းရင်းသားနက်ကိုင်တွေနဲ့ မင်းအောင်လှိုင် ကြား ဖြေရှင်းလို့မယ့်ဟာ မဟုတ်ဘူး။ အခု ငြိမ်းချမ်းရေးခေါ်ထားတယ် ခေါ်ထားပြီးတော့မှ ဒီငြိမ်းချမ်းရေးကို သွားတွေ့ တဲ့ အဖွဲ့အစည်း တချို့က ညီနောင်တွေ အဲ့ဒီနေရာမှာ စစ်မျက်ဖြစ်ပွားတာမရှိပါဘူး။

ဘယ်နေရာတွေမှာ စစ်မျက် ပဋိပက္ခ ဖြစ်နေတယ်ဆိုတာကို အားလုံးအသိပဲ ဖြစ်ပါတယ်။ နောက်ဆုံး ကျနော်တို့ EAO ထဲ မဟုတ်ဘဲနဲ့ (ဥပမာ) ကျနော်တို့ အနောက်ဘက်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အဲဒီဒေသတွေမှာ စစ်ရေးက အင်မတန်မှ ကြီးကျယ် နေတယ်။

အဲ့ဒီဒေသက လူတွေနဲ့ရော ကျနော်တို့နဲ့ကော တွေ့လိုက်လို့ ငြိမ်းချမ်းမလား၊ ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတော့ အဲ့ဒီဒေသကို စစ်ဆင်ရေးတွေ ထိုးခဲ့ရင် သူ(စစ်ခေါင်းဆောင်) ခေါ်နေတဲ့ခါက လက်တွေ့ကျ သလား။

အဓိက ကတော့ သူ(စစ်ခေါင်းဆောင်)မှာ လုပ်ငန်းစဉ်အတိအကျချထားပါတယ်။ နောက်နှစ် Election လုပ်ဖို့အတွက် နယ်မြေစိုးမိုးမှုဆိုပြီးတော့ ဒေသခံကာကွယ်ရေးတပ်တွေကို ချယ်မုန်းဖို့ သူတို့ ခြေကုတ်ယူတဲ့ တခြားလက်နက်ကိုင်တွေကို ခေါက်ထားမယ်၊ ငြိမ်းချမ်းရေးအကြောင်းပြမယ်၊ ရေရှည်မှာ နယ်မြေစိုးမိုးရေး လုပ်မယ် အဲ့ဒါပါပဲ။ သူ့ရဲ့နိုင်ငံရေးထွက်ပေါက်အတွက်ပဲ။ ဘာစေတနာမှ မပါဘူး။

သူ(စစ်ခေါင်းဆောင်) လုပ်မဲ့ ရွေးကောက်ပွဲဟာ PR စနစ်ဖြစ်တယ်။ သူ့ရဲ့ PR စနစ်ကို လက်နက်သဖွယ်အသုံးပြုပြီး မြန်မာ့နိုင်ငံရေးမှာ စစ်တပ် အမြဲတမ်း ပါဝင်ရေး၊ မထွက်ခွါရေး အဲ့ဒါပါပဲ။ ပြီးတော့ မြန်မာနိုင်ငံ မြို့နယ်ပေါင်း (၃၆၀)အားလုံးနီးနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနေလို့ သူတို့ရဲ့ နယ်မြေဆိုးမိုးရေးမရှိဘူး။ ဆိုတော့ သူတို့ရဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာက လုံးဝ မဖြစ်နိုင်ဘူး။

ဒါကြောင့် သူ(စစ်ခေါင်းဆောင်)ရဲ့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတဲ့ လုပ်ငန်းစဉ်က ဘယ်လိုမှ အထမြောက်မှာမဟုတ်ပါဘူး။ အောင်မြင်မှာမဟုတ်ပါဘူး။ ကျနော်တို့ကလည်း သဋိဌာန် ချထားပြီးဖြစ်တယ်။ စစ်ကောင်စီကို ဖြုတ်ချရေး၊ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ ကျနော်အဲ့လိုပဲ ပြောချင်ပါတယ်။