• Today is: Friday, March 29, 2024

မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကို ပုံဖော်ခြင်းစာအုပ်အညွန်းကိန်းအရ AA နှင့် UWSA ကို အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အဖြစ်တွေ့ရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၈

BNI ( Burma News International) က ထုတ်ဝေတဲ့ မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ်(၂) အုပ်ထုတ်ဝေခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နံနက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

BNI က မိတ်ဆက်တဲ့ အဲဒီစာအုပ်နှစ်အုပ်မှာတော့ မြန်မာနိုင်ငံရဲ့ ၂၀၁၉-၂၀၂၀ လက်နက်ကိုင် ပဋိပက္ခ နှင့် ၂၀၂၁-၂၀၂၂ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ကောက်ယူ စုဆောင်းရရှိထားတဲ့ အချက်အလက်များကို ပြည့်ပြည့်စုံစုံ ကိန်းဂဏန်းအချက်အလက်များ၊ အညွှန်းများနှင့်အတူ ဖော်ပြထားတာပါ။

BNI ရဲ့ ထုတ်ဝေတဲ့ စာအုပ်ရဲ့ ထူးခြားမှုမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ အင်အားကို ဖော်ပြရာမှာ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူထားသော NCA လက်မှတ်ရေးထိုးထားသောအဖွဲ့များနှင့် NCA လက်မှတ်ရေးထိုးခြင်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့များ၍ Desk boards ၂ခုခွဲကာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ NCA လက်မှတ်ရေးထိုးခြင်း မရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ အထဲတွင် UWSA (၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ဟာ အင်အား ၃ သောင်းခန့်နှင့် အင်အားအများဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအဖြစ် ထိပ်ဆုံးစာရင်းရပ်တည်နေတာ တွေ့ရပါတယ်။

အလားတူ စစ်အစိုးရနှင့် လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားဟာ ၇၈. ၅၅ ရှိပြီး စစ်အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အင်အားမှာမူ ၂၁. ၄၅ သာရှိနေတာကို တွေ့ရပါတယ်။

BNI ( Burma News International) က ထုတ်ဝေတဲ့ မြန်မာငြိမ်းချမ်းလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ်(၂)အုပ်ကိုတော့ သက်ဆိုင်ရာ BNI အဖွဲ့ဝင် အဖွဲ့အစည်းများက​နေတဆင့် ဖြန့်ဝေသွားမှာ ဖြစ်သလို အွန်လိုင်း ပလက်ဖောင်းများကလည်း ဖတ်ရှုနိုင်ဖို့ စီစဉ်သွားမယ်လို့ သိရပါတယ်။