• Today is: Thursday, April 18, 2024

မဖြစ်နိုင်တာ ဘာမှ မရှိ

-မဖြစ်နိုင်တာ ဘာမှ မရှိ

စကြာဝဠာရဲ့ နံရံကို
လက်သီးနဲ့ ပစ်ထိုးလိုက်တယ်
ဝုန်း ဆိုတဲ့ အသံကြီးက
တိတ်ဆိတ်တဲ့ ညဥ့်လွှာကို ထိုးခွဲသွားတယ်

ဝမ်းထဲက ဆာဆာလောင်လောင်နဲ့
အသက်လု ပြေးလွားသံတွေ ကြားလိုက်ရတယ်

ခင်ဗျား ဘာတွေးနေလဲ
ဆောင်းကုန်စ စခဲ့တဲ့ မီးတောက်က
အခုထိ လောင်မြိုက်နေဆဲ
ဝမ်းမှာလွယ်ထား သန္ဓေသားနဲ့
မဖွားသေးတဲ့ ကိုယ်ဝန်သည် မကယ်နိုင်ခဲ့ဘူး

ကလေးငယ် ရှင်မဖြစ်သေးခင်
ချမ်းသာမပေးတဲ့ စရိုက်ဆိုး
ဘာကောင်းကျိုး ပေးလို့လဲ …
“ဝဋ်ကြွေး” လို့တော့ ခင်ဗျားတို့ မပြောကြနဲ့
အသဲနာလို့ပါဗျာ

ဘိုးဘွားပိုင် လယ်ယာတွေ မျိုးစေ့ မချနိုင်တဲ့ ဘဝတွေ အများကြီး
အရူးက စည်းတားတာကို ကြောက်ရင်
ခရီး မပေါက်နိုင်ဘူးဗျ
မီး … ရေနဲ့ မနိုင်ရင် သဲနဲ့ ပက်သင့် ပက်ရမယ်
တမတ်သား ရန်ကို
တကျပ်သား ဥာဏ်က ကြောက်ရမယ့် ခေတ်ကုန်ပြီ
ပဒိုင်းစေ့က ဖြစ်လာတဲ့ အပင်
ရှင်သန်ကြီးထွား လာတာကို
ဆေးဖက်ဝင်လည်း မသုံးဘူး

ပိန်းနဲပင် ဒူးရင်းပင် အထင်နဲ့ ရှင်သန်ခွင့် မရှိ
အမြစ်ကို နှုတ် ငုတ်ချန်မထားနဲ့
မနက်ဖြန်မှာ လက်ဆွဲ ပွေ့ဖက်ဖို့ အဆင်သင့်ရှိတယ် ။

-ဇွဲထက်ရှင်