• Today is: Friday, March 29, 2024

စစ်ကောင်စီ ဗိုလ်ကြီးအပါအဝင် ၆ ဦးနှင့် လက်နက်များ ဖမ်းဆီးရမိတယ်လို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ဓာတ်ပုံ – Cobra Column

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၉

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ (၁၀၂) ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးရမိတယ်လို့ ကော်ဘရာစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်လာပါတယ်။

ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများကို ဂျီနီဗာကွန်ဗင်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းများနှင်အတူ၎င်းတို့သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းများဖြစ်တဲ့ MA-3 ၂ လက်၊ MA-1 ၁ လက်၊ MA-2 ၁ လက်၊ MA-4 ၁ လက်၊ MA-5 ၁ လက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဘောက်အဝိုင်း ၁ ချပ်၊ လက်ပစ်ဗုံး ၂ လုံး၊ BSA (1) စကုတ် ၁ ခု၊ ၅ ဒသမ ၅၆ ကပစ ကျည် ၆၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၀၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၀၀ လုံးနှင့် ရိက္ခာခြောက် ခေါက်ဆွဲအိတ် ၁၂ အိတ်တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။