• Today is: Friday, April 26, 2024

မင်းတပ် မယ်လယ်ကုန်းရွာအနီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

ဓာတ်ပုံ – CDF Mindat

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၉

မင်းတပ် မယ်လယ်ကုန်းရွာအနီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်တပ် မင်းတပ် က သတင်းထုတ် ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ မယ်လယ်ကုန်းအနီး တိုက်ပွဲဘက်ကိုတော့ စစ်ကောင်စီရဲ့ ကျောက်ထု အမြှောက်တပ်က လက်နက်ကြီး ၄ ကြိမ်ထိ ပစ်ခတ်ကူခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီး ပစ်ခတ်မှု ရှိခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ် မင်းတပ် ဘက်က တစုံတရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ နားလည်ရပါတယ်။

ဒါ့အပြင် လှော်၀ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာခံ ဘုန်းကြီး (ဗုဒ္ဓဘာသာ)အပါအ၀င် ရွာသားများအားလုံးနီးပါးက အကြောင်းမဲ့ ဖမ်းဆီး ခံထားရတယ်လို့ နယ်မြေခံတပ်ရင်းမှူး သတင်းပေးမှုကို ပြည်သူ့ ကာကွယ်ရေး တပ် မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။