• Today is: Wednesday, September 28, 2022

စာအံသံများ တိတ်သွားပြီ

-စာအံသံများ တိတ်သွားပြီ

လက်ယက်ကုန်းရွာ ကျောင်းတော်သာတွင်

ပညာသင်ကြား ကလေးများတို့

ကြိုးစားရှာဖွေ စာသင်နေစဥ်

စစ်လေယာဥ်က ဝေဟင်မှသည်

ပစ်ကြခတ်ကြ သတ်ဖြတ်ကြ၍

သေရခဲ့ပေ ကလေးတွေပေါ့

ဘုန်းတေဇရယ် ကလေးငယ်နှင့်

သက်ရွယ်ငယ်သေး ပန်းကလေးများ 

ပေးဆပ်ခဲ့ကာ ကြွေခဲ့ရှာပေ

စာအံသံများ တိတ်သွားပြီ။

-နွေဦးအာကာ