• Today is: Thursday, April 18, 2024

အေအိုင်အိုဌာနချုပ် လိုင်ဇာက World Ozone Day အခမ်းအနားမြင်ကွင်း

ဓါတ်ပုံ – Kachinland News – Kachin Edition

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၆

ဒီကနေ့ စက်တင်ဘာ (၁၆)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိုဇုံလွှာ ကာကွယ်ထိန်းသိမ်းခြင်းနေ့ (World Ozone Day) အခမ်းအနားတရပ်ကို အေအိုင်အိုဌာနချုပ် လိုင်ဇာ (စင်ပရော့မဂျဲ)ခန်းမမှာ အခမ်းအနား ပြုလုပ်ခဲ့တဲ့ မြင်ကွင်းတွေ့ရတာပါ။

အဲဒီအခမ်းအနားမှာ  ကေအိုင်အို သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ဒုတာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော် တက်ရောက်မိန့်ခွန်းပြောကြားကာ ကေအိုင်အိုခေါင်းဆောင်များလည်း တက်ရောက်ပါဝင်ခဲ့တယ်လို့ သိရပါ တယ်။

ဒါ့အပြင်အခမ်းအနား အစီအစဉ်မှာတော့ အထူးဖိတ်ကြားထားတဲ့ ဧည်သည်တော် ဒေါက်တာ မင်းမြတ်အောင်က သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်းနှင့် ကမ္ဘာ့အိုဇုံလွှာ ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာတို့ကို တက်ရောက် အမြင်ဖွင့် ဟောပြောခဲ့တယ်လို့ သိရပါတယ်။  

အခမ်းအနား အစီအစဉ်အရ ပါဝင်တက်ရောက်ကြတဲ့ ကျောင်းသား၊သူ လူငယ်များနှင့် ရပ်မိရပ်ဖတို့ကြားမှာလည်း ကမ္ဘာ့အိုဇုံလွှာ ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာနှင့် စပ်လျဉ်းပြီး အပြန်အလှန်မေးမြန်းခြင်း၊ အသိအမြင် ဖလှယ်မျှဝေခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ World Ozone Day ဒီကနေ့ အခမ်းအနားမှာတော့ ကျောင်းသား၊သူ လူငယ်များနှင့် ရပ်မိရပ်ဖများ၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက် အဖွဲ့အစည်း၊ အေအိုင်အိုခေါင်းဆောင်များအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း (၆၀၀)ခန့် တက်ရောက်ခဲ့တာလို့ ကချင်သတင်းဌာနဖော်ပြချက်အရ သိရပါတယ်။