• Today is: Friday, March 29, 2024

ထန်တလန်မြို့နယ် အပတ်စဉ်(၃) ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံ ရဲသင်တန်းကို အောင်မြင်စွာ လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီ

ဓါတ်ပုံ – ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးစီးကျင်းပတဲ့ အပတ်စဉ်(၃) ပြည်သူ့ရဲ တပ်ဖွဲ့ အခြေခံ ရဲလုပ်ငန်းသင်တန်းကို သင်တန်းသား (၅၆) ပါဝင်တက်ရောက်ခဲ့ပြီး စက်တင်ဘာလ (၅) ရက်မှ စက်တင်ဘာလ (၂၀)ရက်နေ့အထိ အောင်မြင်စွာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့တယ်လို့ သတင်းထုတ် ပြန်ပါတယ်။

ယခုသင်ကြားပေးတဲ့ အခြေခံ ရဲသင်တန်းမှာတော့ ရဲလုပ်ထုံးလုပ်နည်းဆိုင်ရာ၊ ဥပဒေလုပ်ထုံးလုပ်နည်းများ ၊ အမှုစစ်နည်းများ အပါအဝင် ကရာတေး (karate)တို့ကိုပါ လေ့ကျင့် သင်ကြားပေးခဲ့တာပါ။

သင်တန်းသင်ယူပြီးမြောက်တဲ့ သင်တန်းသားများကိုတော့ ထန်တလန်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ အဖြစ် အသိအမှတ်ပြု လက်မှတ်များကိုလည်း အသီးသီး ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။  

သင်တန်းပြီးမြောက်ထားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့များဟာ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စိုးမိုးနယ်မြေရှိ ကျေးရွာများမှာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်အတိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကို တရားဥပဒေနှင့်အညီလုပ်ငန်း ပြည်သူများအတွက် ရဲဝန်ဆောင်မှုပေးနိုင်ဖို့ တာဝန်အသီးသီး ထမ်းဆောင် သွားကြမှာ ဖြစ်ပါတယ်။