• Today is: Saturday, April 20, 2024

မြဝတီဝေါလေ ကားလမ်းအနီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေ၊ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုများရှိ

ဓါတ်ပုံ – Cobra Column

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၇

မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ တောင်နီကျေးရွာအနီး တောင်ကုန်းတစ်ခု ပေါ်တွင် ကျူးကျော် အခြေပြုရန် ကြိုးစားလာတဲ့ စစ်တပ်နှင့် KNLA ပူးပေါင်း တပ်ဖွဲ့တို့အကြား ယမန်နေ့ မွန်းတည့်ချိန်ကစပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေတာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များ၏ ဗုံးကြဲဒရုန်းများ၊ လက်နက်ကြီးများ၊ လက်ဖြောင့် စစ်သည်များ၏ စွမ်းရည်ဖြင့် စစ်ကောင်စီ ဘက်မှ သေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း အရေအတွက် စီစစ်ဆဲ ဖြစ် တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ (၄၄၃)ကွပ်ကဲမှု၏ ခမရ(၁၀၄) ကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း နှင့် တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂)၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့၊ Federal Wings ဒရုန်းအဖွဲ့ တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အလားတူ တပ်မဟာ (၆) နယ်မြေ၊ တောင်နီကျေးရွာ အနီး တောင်ကုန်းတစ်ခု ပေါ်ရှိ စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၄)တပ်ဖွဲ့ဝင်တို့ စခန်းချထားတဲ့နေရာကို KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း၏ တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များဘက်က လက်ဖြောင့် စနိုက်ဘာ စစ်သည်များဟာ ယမန်နေ့ (စက်တင်ဘာ ၂၅) ရက်နေ့ နေ့လည် ပိုင်းက သွားရောက် ပစ်ခတ်ခဲ့ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့ပါ သေးတယ်။